-3-
(Unicode) ❤
ဒီနေ့သည်ခါတိုင်းနေ့တွေနှင့်မတူစွာတက်ကြွနေသော
ကျွန်တော်စိတ်နဲ့အတူ suitsအပြည့်ဝတ်ထားသော
ဝမ်ရီပေါ်တစ်ယောက်မှန်ရှေ့တွင်ရပ်ကြည့်နေသည်
မှာကြာလှပြီဖြစ်၏။ကိုယ်ကပဲစောစောထမိလို့လား?
မန်နေဂျာကပဲနောက်ကျနေလား?မပြောတတ်ပေ။
သေချာတာကတော့ခုထိမန်နေဂျာလာမခေါ်သေး
တာကိုပင်။ခါတိုင်းဆို Driverရှိပေမယ့် စိတ်မချရတဲ့
အပြင်လူတွေအတွက်နဲ့မိမိနှင့်မိမိကုမ္ပဏီ၏မသိသင့်
သောကိစ္စတွေပေါက်ကြားမည်ကိုမလိုလားသဖြင့်
ကျင်းဇီရွှမ်းကိုသာDriverသော်လည်းကောင်း၊မန်နေဂျာသော်လည်းကောင်း။
"သခင်လေးဝမ်....မန်နေဂျာရောက်နေပါပြီ.."
မိမိ၏အိမ်ဖော်အဒေါ်ကြီး၏သတိပေးသံအဆုံးကျွန်တော် သောက်လက်စကော်ဖီခွက်ကိုချလိုက်ရင်း
အပြင်သာထွက်လာခဲ့၏။
အိမ်မှာဆိုလျှင်မိမိသည်ဘုရင်ဖြစ်၏။
အဖေမရှိတော့သည့်နောက်ပိုင်းကုမ္ပဏီသည်လည်းမိမိ
အပိုင်ဖြစ်သလိုခံ့ငြားလှသောအိမ်သည်လည်းဝမ်ရီပေါ်
အပိုင်သာ။အသင့်အတင့်ရှိလှသော အိမ်ဖော်တွေသည်
လည်း ဝမ်ရီပေါ်ကို သခင်လေးဝမ် ဟုပင်ခေါ်ကြ၏။
ဝမ်ရီပေါ်ဆိုသည်မှာနာမည်တစ်ခုသာသာဖြစ်ပြီး
တစိမ်းလူတွေကသာခေါ်လေ့ရှိ၍ ဝမ်မားမားကစ
သားလေးဝမ်ဟုပဲခေါ်၏။
ကားပေါ်ရောက်သည်နှင့်ကျင်းဇီရွှမ်းက စက်မနှိုးသေး
ဘဲ Filesတစ်တွဲကိုရီပေါ်ထံလှမ်းပေး၏။
"ဒါက လျန်ဟောင်ကအလုပ်ထွက်တော့မယ်ဆိုတဲ့
တင်ပြချက်တစ်ခု ။"
"အလုပ်ထွက်မယ်?..ဟက်!ဘာလဲဟ...ငါ့ကိုကိုယ်တိုင်
လာပြောသင့်တယ်မဟူတ်လား?..."
"ကျွန်တော်လည်းမသိဘူးသူဌေး သူကဒါကိုတောင်
မနေ့ညမှကျွန်တော့်အိမ်ကိုလာပေးပြီး အကူအညီတောင်းသွားတာ...ပြီးတော့ စာချုပ်ချုပ်ထားတဲ့ (၁၀)နှစ်
သက်တမ်းကလည်းပြည့်သွားပြီဆိုတော့။"
မနက်စောစောသက်ပြင်းတစ်ခုကိုချလိုက်ရင်း
ကုမ္ပဏီကိုရောက်လာတဲ့ဝမ်ရီပေါ်သည်စိတ်မကြည်နေ
ပါလေ။
လျန်ဟောင်သည်လှပပြေပြစ်သောအမျိုးသမီးတစ်ဦး
ဖြစ်၏။သူမသည်ကုမ္ပဏီတွင်လာဒ်ကောင်ဆိုလည်း
မမှားပေ။ကုမ္ပဏီ၏ဝင်ငွေ ၃၀%သည်သူမဆီမှဖြစ်၏။
ဒါ့ပြင် ဝမ်မားမားကလည်းသဘောခွေလျှက်ပင်ရှိသည်
မို့အခြေအနေကဆင်ခြေလျှောပင်။
ယနေ့မှဘာဖြစ်တာလည်းမသိ။
××××××××××
့"ဒါဘာလဲ?လျန်ဟောင်?.. "
"ကျွန်မ....ဒီအလုပ်ကနေနားချင်တယ်...."
"ဘာလို့လဲ?...ဘာအဆင်မပြေလို့လဲ?.."
ဝမ်ရီပေါ်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသောသူမက
ခေါင်းကိုအောက်ငုံ့ထားလျှက်လှုပ်ရှားနေသောသူမ၏
လက်နှစ်ဘက်ကိုကြည့်နေ၏။
"သူဌေး.....ကျွန်မသူဌေးတို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့တာ
(၁၀)နှစ်တောင်ရှိသွားပြီ။ဒီတစ်လျှောက် ဆန္ဒကိုဦးစား
ပေးပါရစေ။"
"ဘာကိုပြောချင်တာလဲ?.."
ဒီတစ်ခါတော့လျန်ဟောင်သည်ရီပေါ်၏မျက်နှာကို
တာ့်တည့်ကြည်လျှက်မျက်ရည်ကြည်တို့သည်ရစ်ဝိုင်း
လာ၏။
"သူဌေး....ကျွန်မရဲ့ဘဝမှာပျော်စရာဆိုတာမရှိခဲ့ဘူး။
ဒီ scheduleနဲ့အချိန်ပြည့်အလုပ်ရှုပ်နေခဲ့တာ။
သွားချင်တာတွေ၊နေချင်တဲ့နေရာတွေ၊စားချင်တာတွေ
ကျွန်မဒါတွေကိုဦးစားမပေးနိုင်ခဲ့ဘူး...."
ဝမ်ရီပေါ်၏ခေါင်းသည်ငိုက်စိုက်ကျကာနှာပြင်းပြင်း
မှုတ်လိုက်၏။သူမပြောတာလည်းမှန်သည်။
နာမည်ကျော်လာသည်နှင့်အမျှ အရာရာတိုင်းကသတိ
နဲ့နေရသလို၊အကန့်အသတ်တွေနဲ့ရှိလာတယ်။
လူဖြစ်ပေမယ့်၊ပိုက်ဆံရှိပေမယ့် သူတို့ရဲ့ဘဝလေးတွေ
ဟာ လှောင်အိမ်ထဲကငှက်လိုပဲ....
"ရီပေါ်....ဒီတစ်ခါတော့မမပြောတာနားထောင်ပေးပါ။
"
အသက်(၃၀)အရွယ်ရှိသောသူအသည်သူ့ကိုယ်သူ
'မမ'လို့ပြောသည်မှာမထူးဆန်း။
သို့သော်နာမည်ကိုတပ်ခေါ်သောကြောင့် သူမမှာ
တကယ်ကိုတောင်းဆိုမှန်းသိသာနေ၏။
"မမ...ဝမ်မားမားနဲ့တိုင်ပင်ပြီးပြီ။ရီပေါ်ရှိမှမမရဲ့သာမာန်
လူနေမှုဘဝလေးကိုဖန်တီးပေးနိုင်မှာ။ပြီးတော့.......
ဝမ်မားမားကလည်း မမတို့ကို.....လက်ထပ်ခိုင်းစေချင်ပြီတဲ့..."
တဖြေးဖြေးတိမ်ဝင်ပြီးခေါင်းငိုက်ကာပြောလာတဲ့
သူမရဲ့စကားကြောင့် ရီပေါ်မတ်တပ်ထရပ်မိပြီး
မပြင်ဆင်ထားရသေးတဲ့သတင်းမို့ အဆမတန်အံ့သြမိ
လာ၏။
"မဖြစ်နိုင်တာ!....."
"ဘာလို့မဖြစ်နိုင်ရမှာလဲ။ရီပေါ်..."
"မားကဘယ်တုန်းကမှမပြောသေးဘူး..."
"မင်း......အံ့သြနေမယ်ဆိုတာ မမနားလည်တယ်.....
ဒီသာမာန်ဘဝကိုရွေးချယ်တာ မမ မှန်တယ်။
အလုပ်ကိုဖြတ်ပြီး ဒီလမ်းရွေးချယ်တာဟာ မမ မင်းနဲ့
အတူတူနေချင်လို့ပဲ..."
ဝမ်ရီပေါ်မတ်တပ်ထရပ်တော့ သူမလည်းထကာ
ဝမ်ရီပေါ်၏လက်မောင်းကိုကိုင်ကာ အတင်းပြောလာ
၏။ မမ ဟုဆိုသော်လည်းအရပ်ကရီပေါ်နှင့်ရွယ်တူ
လောက်ပင်။ဘာပဲဖြစ်ဖြစ်မာ်ဒယ်တစ်ယောက်ဆို
တာဒီလောက်တော့အရပ်ရှည်သင့်သည်မဟုတ်လား။
"မမ မင်းကိုချစ်တယ်...ဘယ်လောက်စောင့်ရစောင့်ရ
စောင့်နိုင်တယ်....ဒါ့ကြောင့် မင်းသေချာစဉ်းစားပေးပါ
ဦး..."
ထို့နောက်သူမရီပေါ်၏ တွယ်တာဖွယ်ကောင်းသော
ခါးကိုလက်ဖြင့်သိုင်းဖက်ကာ ရီပေါ်၏ရင်အုံကြားပါး
အပ်လျှက် ဆက်ပြော၏။
"ဝမ်မားမားက.....မမကိုပြောပြီးပြီ။သူအနှေးနဲ့အမြန်
စီစဉ်မှာပဲ။...မင်းကိုအတင်းအကျပ်မလုပ်ချင်လို့ မမ
ပြောတာပါ။"
ရီပေါ်၏မျက်လုံးနားလာလာကပ်တွယ်နေသောသူမ
၏ဆံသားတွေကိုတောင်ဖယ်ချိန်မရှိလိုက်ဘဲ
ရီပေါ်အလွန်ကိုကြောင်ငမ်းနေမိတော့၏။
သူ့မှာစောင့်စရာလူရှိသေးတယ်။
သူကတိပေးထားခဲ့တာ။
သူ့ကိုကတိတည်ခိုင်းခဲ့တာ။
သူအရမ်းချစ်ခဲ့တာ။
ပြီးတော့......
ရီပေါ်ထိုသို့တွေးတောနေချိန်ရုံးခန်းတံခါးမှာရုတ်တရပ်
ပွင့်သွားပြီးလူတစ်ယောက်သည်ရီပေါ်၏မျက်စိနှင့်
အကြည့်ချင်းဆုံမိချိန်ဝယ်။
ပြီးတော့..........
ဘာမှန်းမသိတဲ့ခံစားချက်နဲ့မသေချာသေးတဲ့
ဆုံးဖြတ်ချက်တစ်ခုကို လူတစ်ယောက်ဆီကနေသိရဦး
မယ်။
××××××××××××
ရှောင်ကျန်သည်ဒီနေ့အစောကြီးထ၏။
သူဒီနေ့ (၆)နာရီမှာအလုပ်စလုပ်ရမည်မို့ပင်။
DEBTလိုမျိုးဖြစ်သည်မို့ စိတ်လှုပ်ရှားမိသည်မှာ
အခါခါပင်။
မှန်ရှေ့တွင် Stylesအမျိုးမျိုး ကိုထုတ်ရင်း တခ်ခ်ရယ်ကာ
သူ့ဘာသာသဘောကျနေမိ၏။
နာရီကြည့်မိတော့(၆)နာရီပင်ကျော်နေပြီဖြစ်၏။
သူ့အားဘာမှအကြောင်းလာမကြားသော
မန်နေဂျာအသစ်ကြောင့် အူကြောင်ကြားနိုင်စွာ
အခန်းထဲမှတစ်ယောက်တည်းထွက်လာမိ၏။
နောက်ကျမှာလည်းစိုးတာကြောင့် ရူံးခန်းသို့
တစွတ်ထိုးပြေးသွားမိ၏။
လက်ထဲက Laptopကြီးကိုလည်းမမေ့ပါလေ။
သူဒီအချိန်မှာသိတဲ့နေရာမှာ ရီပေါ်၏ရုံးခန်းမို့
ဒီနေရာကိုပဲလာခဲ့၏။
ရုံးခန်းရှေ့ရောက်သောအခါအခန်းတွင်းမှ စကားသံတွေ
ကြားရသည်မို့ရှောင်ကျန်ကိုယ့်နှဖူးကိုယ်ပြန်ရိုက်မိ၏။
တကယ်နောက်ကျနေပြီထင်၏။
အခန်းတံခါးကိုသူနှစ်ကြိမ်ခေါက်၏။
သို့သော်ပြန်လာမထူးသဖြင့်ခဏစောင့်နေသေး၏။
"အို့...မန်နေဂျာကျင်း....မန်နေဂျာကျင်း။"
အဝေးတွင်မြင်ရသောရှောင်ကျန်က
ကျင်းဇီရွှမ်းကိုလက်ပြကာအသံ
ပေးလျှက် လှမ်းခေါ်လိုက်ရင်း သူ့ဆီပါပြေးလာ၏။
ကျင်းဇီရွှမ်းသည် မိမိထံပြေးလာသော ရှောင်ကျန်ကို
ကြည့်ရင်းခပ်ပြုံးပြုံးဖြင့်ခေါင်းယမ်းကာ တဖြေးဖြေး
သာလျှောက်လာ၏။
ဘေးကလူတွေကတော့ ဘယ်ဟာကမန်နေဂျာ
ဘယ်သူက မော်ဒယ်မှန်းမသိတော့ပါလေ။
ကျင်းဇီရွှမ်းရှေ့အရောက် ရှောင်ကျန်သည်ကျင်းဇီးရွမ်း
၏လက်ကိုတွဲကာ အခန်းရှေ့ခေါ်သွား၏။
"ကျွန်တော်နောက်ကျပြီထင်တယ်။မန်နေဂျာကျင်း..
ကျွန်တော့်ကိုကူညီပါဦး..."
"အထဲမှာဘယ်သူတွေရှိလဲ?.."
"မသိဘူး...စကားသံတွေတော့ကြားနေရတယ်..."
"အော်...ဝင်လို့ရပါတယ်...မင်းလည်းဒီကမော်ဒယ်တစ်ဦး
ပဲကိုလိုအပ်တာတွေရှိရင် သူဌေးကိုပြောလေ...
ကြောက်မနေနဲ့..."
ကျင်းဇီရွှမ်း၏အချိုပွဲတွေကိုစားပြီးအားရှိသွားတဲ့ရှောင်
ကျန်တစ်ယောက်တံခါးကိုလက်တစ်ဖက်ကဆွဲဖွင့်ပြီး
တစ်ဖက်ကကျင်းဇီရွှမ်း၏လက်ကိုကိုင်ကာဝင်သွား
လိုက်၏။
"သူ......ဌေး....
အစကတော့အသံကျယ်ကျယ်နဲ့ခေါ်ပြီးနှုတ်ဆက်ဖို့ပြင်
ပေမယ့်မထင်ထားတဲ့အခြေအနေတစ်ခုကြောင့်
ရှောင်ကျန်အသံကိုတိမ်ဝင်ကာ အခြေအနေကိုအကဲခတ်
နေမိ၏။
ရှောင်ကျန်အားကျရသလို သူအရမ်းသဘောကျတဲ့
လျန်ဟောင်ကိုမြင်လိုက်ရတဲ့အချိန်မှာ ဝမ်းသာပေမယ့််
ရီပေါ်ကိုဖက်တွယ်ထားတာကြောင့် နည်းနည်းတော့
မနာလိုဖြစ်တာပေါ့။
သူ့ရဲ့ Idolကြီးကို..😭
ရီပေါ်သည်အလျင်တကြီးဝင်လာတဲ့ ရှောင်ကျန်နဲ့
ကျင်းဇီရွှမ်းကြောင့်မေ့ငေါ့ပြရင်း
"ဘာလဲ?.."
ရီပေါ်သည်သူကိုဖက်ထားတဲ့
သူမလက်တွေကိုခက်ပြင်းပြင်းဆွဲဖယ်လိုက်ကာ
ဘောင်းဘီအိပ်ထောင်ထဲသာလက်ထည့်ထားလိုက်၏။
ဒါကိုလျန်ဟောင်ဆိုသောအမျိုးသမီးမှာတော့
အံ့သြမျက်ရည်များဖြင့်ရီပေါ်ကိုကြည့်လျှက်
"ရီပေါ်...မမ စောင့်နေမယ်...ဟင့်...မမ မနက်ဖြန်ကစ
ဒီကုမ္ပဏီနဲ့ဘာမှမသတ်ဆိုင်တော့ဘူးလို့ ခံယူလိုက်ပြီ
နော်။ဒါတွေအားလုံးက မမ မင်းကိုချစ်လို့ပါ..."
ဒါကလူအများရှေ့မှာဝန်ခံပြီး Publicချပြလိုက်တာပဲ
မဟုတ်လား?...သူမ၏အတင့်ရဲသောစကားသံကြောင့်
ရှောင်ကျန်နှင့်ကျင်းဇီရွှမ်းတို့မှာတော့မျက်နှာလွဲှပြီး
မဆိုင်သလိုနေနေရ၏။
သူမကရီပေါ်ကိုနောက်ဆုံးတစ်ခေါက်ဖက်ပြီး
အပြင်ထွက်သွား၏။သူမအပြင်ထွက်သွားတာနဲ့
ရီပေါ်သည်သူ့၏အပေါ် suitကိုချွတ်လိုက်ပြီး
အမှိုက်ပုံးထဲတစ်ခါတည်းထည့်လိုက်၏။
ရွံတယ်....သူ့အကျီ်ပေါ်တစ်ခြားသူရဲ့မျက်ရည်တွေရှိနေ
တာလောက်ရွံစရာကောင်းတာမရှိဘူး။
"မင်းတို့ကဘာလဲ?...ဘာပြောမလို့လဲ?.."
လေသံကအနည်းငယ်တင်းမာနေတာကြောင့်
ရှောင်ကျန်လည်းဘေးရှိသောမန်နေဂျာကျင်းကို
သူ့ရှေ့ဆွဲခေါ်လိုက်ရင်းအနောက်မှာသာပုန်းနေ၏။
အခြေအနေကိုသဘောပေါက်ဟန်ရှိသောကျင်းဇီရွှမ်း
သည်အနည်းငယ်ဟန်ပျက်သွားပေမယ့်အတတ်နိုင်ဆုံး
စကားဖာလိုက်၏။
"အာ....ကျွန်တော်တို့....အာ...သူဌေး.ဒီနေ့ ရှောင်ကျန်ကို
(၆)နာရီကျရင်shootingရှိတယ်လို့ပြောထားတယ်လေ
အဲ့တာကြောင့်....သူရောက်နေတာပါ..."
"မင်းကရော?..."
"အာ....ကျွန်တော်က....သူခေါ်..
သို့ပေမယ့်စကားမဆက်လိုက်ခင်ဇီရွှမ်း၏အကျီ်သည်
တင်းတင်းဆွဲခံလိုက်ရသော စကားပြန်ပြင်လိုက်ရ၏။
"ကျွန်တော်လည်း...အယ်..ရှောင်ကျန်နဲ့အတူတူ..
Shootingသွားမလို့ပါ...သူဌေးကိုနေရာလာမေးတာ"
ရီပေါ်သည်အမဲရောင်အကျီ်လက်ရှည်ကိုခေါက်တင်
လိုက်ပြီးလည်းပင်းနားကကြယ်သီးနှစ်လုံးကိုဖြုတ်၍
မိမိရှေ့တွင်ပိတ်နေသောကောင်လေးနှစ်
ယောက်ကိုကျော်ကာအပြင်ကိုထွက်သွား၏။
ရှောင်ကျန်တို့လည်းဘာလုပ်ရမှန်းမသိဘဲ
ရီပေါ်နောက်သာလိုက်သွားရလေတော့သည်။
...............................-TBC-......................................
Hi update 😂
(Zawgyi) ❤
အပြင်သာထွက်လာခဲ့၏။
သားလေးဝမ်ဟုပဲခေါ်၏။
တင်ပြချက်တစ်ခု ။"
ပါလေ။
××××××××××
့"ဒါဘာလဲ?လျန်ဟောင်?.. "
ပေးပါရစေ။"
"ဘာကိုပြောချင်တာလဲ?.."
တည့်တည့်ကြည့်လျက်မျက်ရည်ကြည်တို့သည်ရစ်ဝိုင်း
လာ၏။
"
အသက်(၃၀)အရွယ်ရှိသောသူမသည်သူ့ကိုယ်သူ
လာ၏။
"မဖြစ်နိုင်တာ!....."
အတူတူနေချင်လို့ပဲ..."
လောက်ပင်။ဘာပဲဖြစ်ဖြစ်မ်ာဒယ်တစ်ယောက်ဆို
ဦး..."
အပ်လျှက် ဆက်ပြော၏။
ပြောတာပါ။"
သူကတိပေးထားခဲ့တာ။
သူအရမ်းချစ်ခဲ့တာ။
ပြီးတော့......
ပြီးတော့..........
မယ်။
××××××××××××
အခါခါပင်။
သူ့ဘာသာသဘောကျနေမိ၏။
ဒီနေရာကိုပဲလာခဲ့၏။
သာလျှောက်လာ၏။
"အထဲမှာဘယ်သူတွေရှိလဲ?.."
ကြောက်မနေနဲ့..."
လိုက်၏။
"သူ......ဌေး....
နေမိ၏။
မနာလိုဖြစ်တာပေါ့။
သူ့ရဲ့ Idolကြီးကို..😭
"ဘာလဲ?.."
ရှောင်ကျန်နှင့်ကျင်းဇီရွှမ်းတို့မှာတော့မျက်နှာလွှဲပြီး
မဆိုင်သလိုနေနေရ၏။
စကားဖာလိုက်၏။
"မင်းကရော?..."
"အာ....ကျွန်တော်က....သူခေါ်..
...............................-TBC-......................................
Hi update 😂
Bạn đang đọc truyện trên: AzTruyen.Top