-19-

(Zawgyi)

ေန့လည္ပိုင္းေလာက္ေရာက္ေတာ့ ေရွာင္းက်န့္တို့
ုျမိဳ့ထဲျပန္ေရာက္၏။ဝမ္ရိေပၚက ေရွာင္းက်န့္ကို
အိမ္တိုင္ရာေရာက္ အေရာက္လိုက္ပို့ရင္း လက္ေဆာင္
ပစၥည္းေတြကိုပါ ေရွာင္အေမလက္ထဲကိုတစ္ခါတည္း
အပ္ျပီးမွျပန္သြား၏။

ေရွာင္အေမမွာေတာ့ ဝမ္ရိေပၚ လိုသူေဌးသားေလးကို
ျကည့္မဝရွုမဝျဖင့္ ေန့လည္စာစားရန္အျကံေပးေသာ္
လည္း ဝမ္ရိေပၚ မွာ အလုပ္ေတြတန္းစီေနျပီမို့
အားနာနာနွင့္ပင္ျငင္းဆန္လိုက္ရ၏။

ဝမ္ရိေပၚ ျပန္သြားေတာ့ ေရွာင္အေမမွာ
လက္ေဆာင္ထုပ္မ်ားကိုတစ္ခုခ်င္းစီထုတ္ျကည့္ေတာ့
ေဒသအစားအစာအခ်ိဳ့နွင့္ အသီးအနွံအခ်ိဳ့ကိုေတြ့ရ၏။
ျပီးေနာက္ ေရွာင္းက်န့္၏အက်ီၤနွင့္ အက်ီၤအသစ္မ်ား။

"သားေလး...အက်ီၤေတြကလွလိုက္တာ။ဒါေတြအားလံုး
သားကို ဝမ္ရိေပၚ ဆိုတဲ့ေကာင္ေလးကဝယ္ေပးတာ
လား?..."

"ဟုတ္...ဟုတ္တယ္အေမ..."

"သေဘာေကာင္းလိုက္တာကြယ္။ အဲ့တာေျကာင့္
မို့လည္း ဒီေလာက္ျကည့္ေကာင္းေနတာ။...
အားနာစရာေတြေတာ့ျဖစ္ကုန္ျပီ။ အေမဆီမွာ
ေန့လည္စာစားသြားလို့ေျပာတာလည္း စားမသြားဘူး။.."

မိခင္ျဖစ္သူဟာအဝတ္ေတြကိုျဖန့္ေနရင္းမွ
စိတ္မေကာင္းလာသလိုျဖင့္ အဝတ္ေတြကိုျပန္
ေခါက္ေန၏။

ေရွာင္းက်န့္မွာလည္း ပစၥည္းေတြခ်ရင္းကေန
မိခင္၏ ပုခံုးကိုကိုင္ကာ

"အေမ...သူကသားရဲ့သူေဌး။ ဒီအသက္ဒီအရြယ္နဲ့
သူ့မွာခက္ခက္ခဲခဲ ကုမၸဏီမွာဦးစီးေနရတာ။
ျပီးေတာ့ သားေတာင္ တစ္ပတ္ေက်ာ္ေက်ာ္ထိ
အေမနဲ့မွမေတြ့နိုင္တာ မအားလို့ေလ။ သူဆို...
ကုမၸဏီတစ္ခုလံုးကိုအုပ္ခ်ဳပ္ေနရတာ......
သူလည္းပင္ပန္းေနရွာမွာပဲ...."

ဂရုဏာရိ္ပ္သန္းေနတဲ့ သားငယ္ရဲ့ မ်က္လံုးေတြကို
အကဲခတ္မိတဲ့မိခင္ဟာ တစ္ခ်က္ျပံဳးျပရင္း

"ဒါဆိုလည္း ေနာက္ေန့မွ အတူတူစားဖို့ေခၚျကတာေပါ့...."

"အင္း...သားေျပာလိုက္မယ္..."

ထိုမွမိခင္ျဖစ္သူက ဟင္းရြက္ေတြနွင့္ ေဒသအစား
အစာဗူးေတြကို ေရခဲေသတၱာအေသးေလးထဲထည့္
ျပီး သားငယ္အတြက္ ဟင္းတစ္ခ်ိဳ့ျပင္ရေတာ့၏။

ေရွာင္းက်န့္ လည္းရုတ္တရပ္ ဝမ္ရိေပၚ ဆိုတဲ့ေကာင္ေလး ကိုအမွတ္မထင္ စိုးရိမ္မိျပန္သည္။

အလုပ္ကိုဖိလုပ္တတ္တဲ့ေကာင္ေလး
သူ့ေျကာင့္မ်ားဘယ္ေလာက္ေတာင္ အလုပ္ကို
မတရားလုပ္ေနမိမလဲ။

       -----------------------------------------

ဝမ္ရိေပၚကေတာ့ မိမိ၏ ထိုင္ခံုကိုဖင္ပူေအာင္
ထိုင္ရသည့္အတိုင္းအတာအထိ အလုပ္ကိုအဆက္မျပတ္ လုပ္ေနရင္း လြတ္သြားေသာ စာရင္းဇယားမ်ား
ကိုျပန္လည္စီစစ္ေနရ၏။

မိမိမရွိခဲ့ေသာ (၂)ရက္နွင့္ေန့တစ္ဝက္နီးပါးကို
မန္ေနဂ်ာက်င္းဇီရြွမ္းကပဲ တာဝန္ယူကာထပ္တိုးထပ္
ေလ်ာ့ျခင္းမရွိ။ report စာမ်ားကိုလည္း ဝမ္ရိေပၚ
ကုိယ္တိုင္ ဆံုးျဖတ္နိုင္ရန္အတြက္ ဇယားအတိုင္း
ထားရွိ၏။ သူသည္စိတ္ခ်ရေသာ အတြင္းေရးမွဴ းတစ္
ေယာက္ကဲ့သို့ပင္။

ယခုေတာ့ နွစ္ရက္နီးပါးေလာက္မေတြ့လိုက္ရတဲ့
ခ်စ္သူေကာင္မေလးကိုေခ်ာ့ဖို့အလုပ္ခြင့္တိုင္သည္
ဟူ၍ေတာင္ ျကားမိပါေသး၏။
လူပ်ိဳ ဘဝကက်ြတ္ေတာ့မည္ထင္ပါ့။

ကုမၸဏီေရာက္ခ်ိန္သည္လည္း ေန့လည္ခင္းေပမို့
ယခုဆို ညေနေတာင္ေစာင္းလာ၏။

ဝမ္ရိေပၚ laptop ေပၚကမိမိလက္ကိုခဏဖယ္ရင္း
ဇတ္ေျကာကိုအသာေျဖကာ ေညာင္းညာမွုကို
ေျဖေလ်ာ့လိုက္၏။

ေနမင္းျကီးက အေနာက္ဘက္သို့ဦးတည္ကာ
ဝင္သြားခ်ိန္တြင္ ပုစြန္ဆီေရာင္ေကာင္ကင္ျကီးနွင့္
တိမ္တိုက္မ်ားကိုျမင္ေတြ့နိုင္၏။

ညေနခင္း၏အလွသည္ လူကိုေငးေဆြးေစ၏။

တစ္စံုတစ္ရာကိုလြမ္းသည္ဟူေသာ ခံစားခ်က္ကို
ေပးစြမ္းနိုင္၏။

ဒါသည္ကား လူ့ရဲ့လြမ္းစိတ္ကိုသက္ေသျပ၏။

ေနဝင္ခ်ိန္မွာ ေနမင္းျကီးဟာ ကမာၻေျမေလာကကို
ေက်ာခိုင္းလို့သြားေခ်ျပီ။ မနက္ျဖန္တစ္ဖန္နိုးထ
လာမည္ကိုသိေသာ္ျငားလည္း က်ြန္ေတာ္ နွေျမာ
လြမ္းဆြတ္ကာ ေငးေနမိ၏။

က်ြန္ေတာ္ ဖြင့္ေျပာခဲ့တဲ့ စကားေတြအတြက္ေနာင္တ
ရသလိုခံစားလာမိျပန္တယ္။ဘာလို့မ်ားလဲ?

"ဝမ္ရိေပၚ....ငါ့ေကာင္ေလး."

ဝမ္ရိေပၚ စဥ္းစားလို့မျပတ္ခင္ ေရွာင္ပို္င္ ဆိုတဲ့ သူမ
ရံုးခန္းထဲဝင္လာျပီး ေရွ့တည့္တည့္ခံုမွာ
လာထိုင္၏။

အဝတ္အစားက မဝတ္တတ္လိုက္ပံုက
ရင္ဟိုက္ ေပါင္းျပတ္နဲ့။  ထိုဝတ္ဆင္မွုက သူမရဲ့
ငယ္ရြယ္တဲ့အလွတရားကိုဖံုးအုပ္ထားျပီး
ရင့္ျကတ္ျပီး ဂုဏ္ရွိန္ေသာ မိန္းမပ်ိဳတစ္ဦးအသြင္ကို
ေဆာင္က်ဥ္းေပး၏။

"ဘာကိစၥရွိလို့လဲ?..."

"အားလပ္ရက္ေတြေကာင္းေကာင္းမွအသံုးခ်ခဲ့ရဲ့
လား?..."

သူမ ကအထက္စီးဆန္ဆန္ျဖင့္ သိသိရက္ေမးလာ
ေသာေျကာင့္ ရိေပၚ မ်က္နွာလြွဲလိုက္ရင္း laptop
ထဲက စာရင္းကိုသာအာရံုစိုက္လိုက္၏။

"မေျဖခ်င္ဘူးလား?...ရတယ္ေလ...တကယ္ေတာ့
ငါလာတာက အဲ့ကိစၥကိုေဆြးေႏြးဖို့မဟုတ္ဘူး။
သိတယ္မဟုတ္လားငါကအဲ့လိုမိန္းမမဟုတ္ဘူး
ဆိုတာ...."

တစ္ေတာက္ေတာက္ ျမည္ေနဆဲစာရိုက္ခ်က္ေတြဟာ
ရပ္တန့္မသြားပဲ ရိေပၚရဲ့ အာရံုဟာလည္း သူမဆီကို
မေရာက္ေအာင္ တမင္လြွဲထား၏။

သိ့ေသာ္ ျကက္ေသြးေရာင္ျခယ္သထားတဲ့
လက္သည္းရွည္ရွည္လက္ပိုင္ရွင္ဟာ
ရိေပၚရဲ့ ေမွးကိုကိုင္ကာ ညွင္သာစြာေမာ့ေစ၏။

အာရံုမစိုက္ခ်င္ေသာ္လည္း ရိေပၚရဲ့ ေမးဖ်ားေလးဟာ
သူမ ၏လက္၏ေခၚေဆာင္ရာေနာက္ ဒီဇိုင္းမတ္မတ္
ပါသြား၏။

"ငါနင့္ကိုဘာကတိေပးခဲ့လဲ?...နင္ကေရာ ငါ့ကို
ဘာျပန္ေျပာခဲ့လဲ..."

"ေရွာင္ပိုင္....."

က်ြန္ေတာ္ မျငင္းရက္နိုင္စြာ သူမရဲ့မ်က္လံုးေတြကို
စိုက္ျကည့္မိခဲ့၏။

အားနည္းခ်က္ကိုတည့္တည့္ထိသြားသည္ပဲ။
မ်က္နွာကိုခြဲစိတ္ေပမယ့္ မ်က္လံုးကိုေတာ့
နဂိုအတိုင္းထားခဲ့သည္ထင္ပါ့။

သူမရဲ့မ်က္လံုးေတြဟာ အရင္အတိုင္းပဲ....
ခ်စ္စရာေကာင္းေနတုန္းပဲ။
မ်က္အိမ္အတြင္းထဲက က်ြန္ေတာ့္ပံုစံကိုျမင္လိုက္ရ
ေတာ့ က်ြန္ေတာ္တို့နွစ္ေယာက္ ငယ္ငယ္က
မ်က္ေတာင္မခတ္ေျကး ကစားခဲ့တာေတာင္
ပိတ္ကားခ်ပ္လို အစီအရီျပန္ေပၚလာပါလား။
ျပန္ေတြးမိတိုင္းလည္း က်ြန္ေတာ္ ပဲအရံွုးနဲ့ပါလား။

လူတိုင္းဟာ အခ်စ္ဦးကိုမေမ့မရနိုင္ျကဘူး။
အဲ့အခ်စ္ဦးေတြဟာ က်ြန္ေတာ္တို့ အေတြးထဲကို
တစ္နည္းမဟုတ္ တစ္နည္းနဲ့ေတာ့ ဝင္ေရာက္လာေလ့ရွိတယ္။

က်ြန္ေတာ့္ရဲ့ အခ်စ္ဦးဟာ သူမ။
သို့ေသာ္ က်ြန္ေတာ္တို့ မခ်စ္ခဲ့ျကဘူး။

"ငါဒီနွစ္ေတြမွာ အလုပ္မ်ားခဲ့တယ္။ အဲ့တာေျကာင့္
အဲ့ကိစၥ ေတြကိုေမ့ကုန္ျပီ။..."

"တကယ္ျကီးလား...။ အဲ့တာဆိုလည္းငါကပဲ
ေျပာျပရေတာ့မွာေပါ့..."

သူမက အသင့္ယူလာတဲ့ ဖိုင္တစ္ခုကို
ရိေပၚရဲ့ စားပြဲေပၚ ပစ္ခ်လိုက္ကာ

"အဲ့မယ္...ငါ့ရဲ့ကုိယ္ေရးရာဇဝင္...ငါနင့္ဆီမွာ
အလုပ္ဝင္မလို့...."

"အလုပ္ဝင္မယ္...."

ဝမ္ရိေပၚ အရမ္းအံ့ျသမိ၏။
တကယ္ပဲ သူမ....က်ြန္ေတာ့္ကို မလိမ္ခဲ့တာလား။
သူမရဲ့မိသားစုေနာက္ခံနဲ့ဆို ေနာက္(5)နွစ္ေလာက္ျကာ
ရင္ ဝမ္ရိေပၚ လိုကုမၸဏီေတာင္ဦးစီးနိုင္မည္ျဖစ္၏။
သို့ေသာ္ သူမက ပိုက္ဆံမလိုပဲနွင့္ အလုပ္ဝင္မည္
ဆိုသည္မွာ မည္သည့္သေဘာနည္း။

"ဒါက ကေလးကစားစရာမဟုတ္ဘူး...."

ဝမ္ရိေပၚ ကမ်က္နွာထားတင္းတင္းနွင့္ေျပာလိုက္ေတာ့
သူမကလည္း ဝမ္ရိေပၚ မ်က္နွာနားကပ္ကာ

"ငါ့ထက္ (၂) ခြဲငယ္တဲ့ေမာင္ေလးတစ္ေယာက္က
ကုမၸဏီကိုဦးစီးေနခ်ိန္မွာ ငါကဒီအတိုင္းအေလလိုက္
ေနရဦးမွာလား....ဒါထက္....နင္လည္း လက္ခံခဲ့တယ္
မဟုတ္လား...'ငါေစာင့္ေနမယ္' ဆိုျပီး....."

"ဒါ ေနာက္စရာမဟုတ္ဘူး။...."

ဝမ္ရိေပၚ လက္မေလ်ာ့ပဲ သူမ ကိုအလုပ္မေလ်ွာက္
ရန္တိုက္တြန္း၏။

"ဝမ္ရိေပၚရာ.....ကေလးအကြက္ေတြနဲ့။
ဒီမွာ....နင္နဲ့ခင္ခဲ့တုန္းက နင္ကေပ်ာ္ေပ်ာ္ေနတတ္တဲ့
ေကာင္ေလးပါ။ငါ့ေတြ့ရင္ က်ဲက်ဲနဲ့ ေပ်ာ္ေနတတ္တဲ့
ေကာင္ေလး...အခုကဘာျဖစ္တာလဲ...နင္ခ်စ္တဲ့
က်ဲ််က်ဲ ကနင့္လက္ေအာက္မွာအလုပ္လုပ္မလို့ေလ
မရဘူးလား...."

က်ြန္ေတာ္ရဲ့အခ်စ္ေတြကို သူမ မျမင္ခဲ့ဘူး။
က်ြန္ေတာ္ သူ့အေပၚထားတဲ့ ေမတၱာတရားေတြဟာ
အရမ္းမ်ားျပားျပီး နွေျမာစရာေကာင္းတယ္။
သူမ က်ြန္ေတာ့္အေပၚကိုသာမာန္ထက္ဂရုစိုက္မွု
ေတြေပးခဲ့တယ္။ ဒါေပမယ့္ က်ြန္ေတာ္ ဖြင့္ေျပာေတာ့
သူမ မျငင္းခဲ့ေပမယ့္ လက္မခံခဲ့ဘူး။

ဒါေတြကက်ြန္ေတာ္ကပဲ ျမန္ဆန္လြန္းခဲ့တာလား။
သူမက်ြန္ေတာ့္ကိုနွွစ္ေတြအမ်ားျကီးေစာင့္ခိုင္းတယ္။
သူမရဲ့အခ်စ္ကိုက်ြန္ေတာ္ လက္ခံရရွိဖို့ ေစာင့္ေမ်ွာ္ခဲ့တဲ့
ညေတြ။
သူမကိုရူးသြပ္ခဲ့ဖူးတဲ့အခ်ိန္ေတြကိုျပန္လွည့္ျကည့္မိ
လိုက္ရင္ က်ြန္ေတာ္ ကုိယ့္ကိုကုိယ္ ေလွာင္ရယ္ျပံဳးတယ္။

'မင္းဟာ အရူးပဲ' ဆိုတဲ့ အျပစ္တင္စကားတစ္ခြန္းတည္း။

က်ြန္ေတာ္ ေျကာက္ရြံ့မိတယ္။

"Ok ေလ....တိတ္ဆိတ္ေနမွေတာ့ လက္ခံတယ္လို့သေဘာ ထားလိုက္မယ္။...ဒီမွာ တကယ္ေတာ့ေလ
ဖိုင္ေတာင္မလိုဘူးမဟုတ္လား ငါ့အေျကာင္းနင္လည္း
သိေနတာပဲ...လက္မွတ္ထိုးထားလိုက္ မနက္ျဖန္
ဒီကေမာ္ဒယ္မေလး အလုပ္လာဆင္းမယ္။.."

သူမေျပာခ်င္တာေျပာျပီးသည္ေနာက္ တစ္ခ်ိဳ့တည္း
ထြက္သြားတာ တံခါးမပိတ္မွီဆက္ျကား၌
ဝမ္ရိေပၚ မျကားခ်င္ဆံုးစကားကိုေျပာသြားလိုက္ေသး၏။

"နာမည္ရွိတဲ့ ကုမၸဏီတစ္ခုက ဘာမဟုတ္တဲ့
ဆက္ဆံေရးတစ္ခုတည္းအတြက္နဲ့ နာမည္အပ်က္
မခံနဲ့ေနာ္ ဝမ္ရိေပၚ။ နင့္ခံစားခ်က္ေတြက မိန္းမတစ္
ေယာက္ဆီမွာပဲရွိရမယ္။ အဲ့မိန္းမကလည္း  ငါပဲ.."

ထိုစကားဟာ တံခါးမပိတ္မွီေျပာလိုက္တဲ့စကား။

က်ြန္ေတာ္ မေက်နပ္စြာ မ်က္ခံုးေမြွးကိုျကဳတ္လိုက္ရင္း
ေမွာင္လာတဲ့ ေန့မကူးည အခ်ိန္ကိုျပန္ေငးရင္း

"က်န့္ေကာ....က်ြန္ေတာ္ အရမ္းျမန္သြားလား...
က်ြန္ေတာ့္ ခံစားခ်က္ေတြကို ေကာ မွေကာင္းေကာင္း
ျမင္ရဲ့လား...."

                   ---------------------------------

ေရွာင္းက်န္္ မိမိရဲ့အခန္းငယ္ကိုစနစ္တက်ျပန္ရွင္း
ရင္း ဘယ္အခ်ိန္ကတည္းက ထိုးထည့္ထားမွန္းမသိေသာစာအုပ္ေလး တစ္အုပ္ဟာ ေဂ်ာင္ျကားထဲမွထြက္က်
လာ၏။

"ဟင္?..."

စာအုပ္မွာ ေသးငယ္ျပီး ေတာ္ေတာ္ကို ႏြမ္းေဟာင္းေန၏။ ျခစားရာေလးေတြမွာလည္း ဟိုတစ္ကြက္ဒီတစ္
ကြက္ျဖင့္ အခ်ိန္ျကာလွေျကာင္းသိသာ၏။

စာအုပ္အဖံုးမွာလည္း ဖရိုဖရဲျဖင့္ ျပဲေနျပီျဖစ္၏။
ေရွာင္းက်န့္ ထိုစာအုပ္ေလးကို တစ္ရြက္လွန္ျကည့္ေတာ့

"ေရွာင္ေရွာင္းက်န့္ ရဲ့ ဒ႑ာရီစာအုပ္"

ဟူ၍ေတြ့ရျပီးေနာက္ ျပံဳးလိုက္ရင္း စာအုပ္ကို
စားပြဲေပၚခဏတင္ထားကာ သန့္ရွင္းေရးျပီးေအာင္
လုပ္၏။

ခဏအျကာေတာ့မိမိအခန္းေလးဟာ ဖံုကင္းစင္သြား
ျပီး အဝတ္အစားနွင့္ ပစၥည္းေတြဟာလည္း စနစ္တက်
ျပန္ျဖစ္သြား၏။ ေခ်ြးနံ့ေရာ ဖုန္နံ့ပါ ေရာပြန္းေနတဲ့
မိမိခႏၶာကုိယ္ေျကာင့္ နွာေခါင္းရွု့ရင္း ေရခ်ိဳးဖို့အသင့္္
ျပင္လိုက္၏။

ဝမ္ရိေပၚဝယ္ေပးထားတဲ့ ယုန္ပံုစံညဝတ္စံုေလးဟာ
အရမ္းေႏြးျပီး ဝတ္လို့ေကာင္းတာေျကာင့္
ေရခ်ိးအျပီးထိုဝတ္စံုေလးကို ဝတ္ကာ စားပြဲေပၚက
စာအုပ္ကို ယူလိုက္၏။

အိပ္ရာေပၚကို ပက္လက္လန္လဲခ်လိုက္ျပီး
မိမိ၏ ငယ္စဥ္ဘဝက အရူးထျပီး ေရးထားခဲ့ေသာ
ဒ႑ာရီသာအုပ္ကိုတစ္ရြက္ခ်င္းစီလွန္ကာ ဖတ္ျကည့္္
လိုက္၏။

ဘယ္အသက္အရြယ္တုန္းက ေရးထားမွန္းမသိတဲ့
ဒီစာသားေလးေတြဟာ မေက်နပ္ခ်က္ေပါင္းစံုနွင့္
လက္ေရးမွာလည္းမနဲဖတ္ရသည့္အျပင္ ျခစားထား
ေသးသည့္အတြက္။

" နိေဟာင္ က်ြန္ေတာ္က ေရွာင္ေရွာင္းက်န့္
ဒီေန့ က်ြန္ေတာ္ ဒ႑ာရီစာအုပ္မွာစေရးမွာပါ။"

(တရုတ္ကေလးအသံျဖင့္ဖတ္ရန္😂❤)

ေရွာင္းက်န့္ဖတ္ေနရင္းမွ တစ္ခ်က္တစ္ခ်က္သေဘာက်
စြာရယ္လိုက္ျပီး ကေလးဘဝက ခ်စ္စရာေကာင္းေနမွု
ေတြကို ေတြးမိေန၏။

စာမ်က္နွာတစ္ရြက္ျပီးတစ္ရြက္ဖတ္ေနရင္းမွ

*က်န့္က်န့္ ကျကီးလာရင္ မိန္းမေခ်ာေလးနဲ့လက္ထပ္မွာ....*

မိမိေရးထားေသာ စာသားေလးကိုဖတ္ရင္း

"ဘယ္လိုလုပ္မလဲ က်န့္အေသးေလး ေရွာင္းက်န့္ကို
ဝမ္ရိေပၚ ဆိုတဲ့ေကာင္ေလးကျကိုက္လို့တဲ့..."

မိမိ ဘာသာ စကားေတြေျပာရင္း ေရွာင္းက်န့္
ဝမ္ရိေပၚ ကိုသတိရမိျပန္သည္။

"ဝမ္ရိေပၚ ဒီအခ်ိန္အိပ္ေနေလာက္ပါျပီ..."

စာအုပ္ေလးကိုခ်လိုက္ရင္း မိမိ  ph ကိုျကည့္လိုက္ေတာ့ missed call နွင့္ Message တစ္ေစာင္မွမေတြ့
ရပဲ ရွင္းလင္းေန၏။

"မအားလို့မ်ားလား....ငါဖုန္းဆက္လိုက္ရင္ သူအလုပ္
ပ်က္သြားမွာေပါ့...."

သူ့ကိုနားေစခ်င္တဲ့အေတြးေလးတစ္ခုေျကာင့္
အေနွာက္အယွက္မေပးခ်င္သျဖင့္ ph ကိုပိတ္ကာ
ေခါင္းအံုးနွင့္ေခါင္း ခ်လိုက္ေတာ့ ခရီးပန္းတာနွင့္
ညနက္တာေရာပြန္းကာ တစ္ခ်ိဳးတည္းအိပ္ေပ်ာ္သြား၏။

ညနက္သည္နွင့္ ပတ္ဝန္းက်င္ဟာလည္း
အလိုက္အထိုက္တိတ္ဆိတ္လာ၏။
ဝမ္ရိေပၚတို့ ကုမၸဏီကလူေတြဟာလည္း
မနက္ျဖန္အတြက္အားသစ္ယူရန္ ရံုးဆင္းကာ
အိပ္ေနေတာ့မည္ျဖစ္၏။

အခ်ိန္အားျဖင့္ (၁၂) နာရီ ။
ဝမ္ရိေပၚ ရဲ့အလုပ္ကိုလက္စသတ္ကာ အိပ္ဖို့ရန္
အခ်ိန္ေရာက္လာခဲ့၏။ သို့ေသာ္ ေရွာင္ပိုင္ ေပးသြားတဲ့
စာဖိုင္ ဟာသူ့ကိုအေတြးထဲထိဆြဲေခၚသြားေစ၏။
အခ်ိန္တစ္ခုထိ ထိုစာဖိုင္ကိုေငးျကည့္ေနရင္းမွ
Ph ကိုလွမ္းယူလိုက္ကာ

*ေရွာင္းက်န့္* ဆိုတဲ့ contact တစ္ခုကိုနွိပ္ကာ
စာပို့လိုက္၏။

-က်န့္ေကာ....အိပ္ျပီလား?....-

စာမျပန္သည့္အျပင္ seenပါမျပသည့္အတြက္
ေရွာင္းက်န့္ အိပ္သြားေျကာင္းသိသာ၏။

ထို့ေျကာင့္ ဝမ္ရိေပၚလည္း စာမပို့ေတာ့ပဲ
မိမိ၏ ရံုးခန္းေနာက္က သူ၏လ်ိဳ့ဝွက္အခန္းေလး
ထဲဝင္ကာ ေရပင္မခ်ိဳးနိုင္ေတာ့ပဲ အိပ္စက္လိုက္ေတာ့၏။

ပင္ပန္းသည္မွာ ေျပာစရာပင္မလိုေလာက္ေအာင္။

အိပ္စက္ျခင္းဟာ လူတိုင္းအတြက္ ေပ်ာ္ရြွင္စရာ။
မည္သူမွ အိပ္စက္ျခင္းကိုမျငီးေငြ့ျကေပ။
ညအခ်ိန္ကလူတိုင္းကို ေအးခ်မ္းေစနိုင္၏။

လေရာင္ရဲ့အရိပ္ ျကယ္ေရာင္ေတြရဲ့ေတာက္ပမွု။
လင္းလက္ေနဆဲျဖစ္ေနတဲ့ ညရဲ့မီးေရာင္မ်ား။
ဒါေတြကိုေက်ာခိုင္းျပီး ေမွးစက္ရေပမယ့္
အိပ္မက္ဆိုတဲ့ အေတြးပံုျပင္ေလးေတြဟာလည္း
က်ြန္ေတာ္တို့ကို ေပ်ာ္ရြွင္မွုေပးနိုင္ေသး၏။

            ××××××××××TBC×××××××××××

Late update...
ျကယ္မွမေပးျကတာ ဝြန္းးးး
ခုထိေရွ့ကအပိုင္းေတြ  200 ေတာင္မျပည့္ေသးဘူး😞

ေစ်းဗန္း😒 (Catch you) 😞
မဖတ္ရင္ေတာင္ vote ေလးေပးသြားပါဦး😭😭

(Unicode)

နေ့လည်ပိုင်းလောက်ရောက်တော့ ရှောင်းကျန့်တို့
ုမြို့ထဲပြန်ရောက်၏။ဝမ်ရိပေါ်က ရှောင်းကျန့်ကို
အိမ်တိုင်ရာရောက် အရောက်လိုက်ပို့ရင်း လက်ဆောင်
ပစ္စည်းတွေကိုပါ ရှောင်အမေလက်ထဲကိုတစ်ခါတည်း
အပ်ပြီးမှပြန်သွား၏။

ရှောင်အမေမှာတော့ ဝမ်ရိပေါ် လိုသူဌေးသားလေးကို
ကြည့်မဝရှုမဝဖြင့် နေ့လည်စာစားရန်အကြံပေးသော်
လည်း ဝမ်ရိပေါ် မှာ အလုပ်တွေတန်းစီနေပြီမို့
အားနာနာနှင့်ပင်ငြင်းဆန်လိုက်ရ၏။

ဝမ်ရိပေါ် ပြန်သွားတော့ ရှောင်အမေမှာ
လက်ဆောင်ထုပ်များကိုတစ်ခုချင်းစီထုတ်ကြည့်တော့
ဒေသအစားအစာအချို့နှင့် အသီးအနှံအချို့ကိုတွေ့ရ၏။
ပြီးနောက် ရှောင်းကျန့်၏အကျီၤနှင့် အကျီၤအသစ်များ။

"သားလေး...အကျီၤတွေကလှလိုက်တာ။ဒါတွေအားလုံး
သားကို ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးကဝယ်ပေးတာ
လား?..."

"ဟုတ်...ဟုတ်တယ်အမေ..."

"သဘောကောင်းလိုက်တာကွယ်။ အဲ့တာကြောင့်
မို့လည်း ဒီလောက်ကြည့်ကောင်းနေတာ။...
အားနာစရာတွေတော့ဖြစ်ကုန်ပြီ။ အမေဆီမှာ
နေ့လည်စာစားသွားလို့ပြောတာလည်း စားမသွားဘူး။.."

မိခင်ဖြစ်သူဟာအဝတ်တွေကိုဖြန့်နေရင်းမှ
စိတ်မကောင်းလာသလိုဖြင့် အဝတ်တွေကိုပြန်
ခေါက်နေ၏။

ရှောင်းကျန့်မှာလည်း ပစ္စည်းတွေချရင်းကနေ
မိခင်၏ ပုခုံးကိုကိုင်ကာ

"အမေ...သူကသားရဲ့သူဌေး။ ဒီအသက်ဒီအရွယ်နဲ့
သူ့မှာခက်ခက်ခဲခဲ ကုမ္ပဏီမှာဦးစီးနေရတာ။
ပြီးတော့ သားတောင် တစ်ပတ်ကျော်ကျော်ထိ
အမေနဲ့မှမတွေ့နိုင်တာ မအားလို့လေ။ သူဆို...
ကုမ္ပဏီတစ်ခုလုံးကိုအုပ်ချုပ်နေရတာ......
သူလည်းပင်ပန်းနေရှာမှာပဲ...."

ဂရုဏာရိပ်သန်းနေတဲ့ သားငယ်ရဲ့ မျက်လုံးတွေကို
အကဲခတ်မိတဲ့မိခင်ဟာ တစ်ချက်ပြုံးပြရင်း

"ဒါဆိုလည်း နောက်နေ့မှ အတူတူစားဖို့ခေါ်ကြတာပေါ့...."

"အင်း...သားပြောလိုက်မယ်..."

ထိုမှမိခင်ဖြစ်သူက ဟင်းရွက်တွေနှင့် ဒေသအစား
အစာဗူးတွေကို ရေခဲသေတ္တာအသေးလေးထဲထည့်
ပြီး သားငယ်အတွက် ဟင်းတစ်ချို့ပြင်ရတော့၏။

ရှောင်းကျန့် လည်းရုတ်တရပ် ဝမ်ရိပေါ် ဆိုတဲ့ကောင်လေး ကိုအမှတ်မထင် စိုးရိမ်မိပြန်သည်။

အလုပ်ကိုဖိလုပ်တတ်တဲ့ကောင်လေး
သူ့ကြောင့်များဘယ်လောက်တောင် အလုပ်ကို
မတရားလုပ်နေမိမလဲ။

       -----------------------------------------

ဝမ်ရိပေါ်ကတော့ မိမိ၏ ထိုင်ခုံကိုဖင်ပူအောင်
ထိုင်ရသည့်အတိုင်းအတာအထိ အလုပ်ကိုအဆက်မပြတ် လုပ်နေရင်း လွတ်သွားသော စာရင်းဇယားများ
ကိုပြန်လည်စီစစ်နေရ၏။

မိမိမရှိခဲ့သော (၂)ရက်နှင့်နေ့တစ်ဝက်နီးပါးကို
မန်နေဂျာကျင်းဇီရွှမ်းကပဲ တာဝန်ယူကာထပ်တိုးထပ်
လျော့ခြင်းမရှိ။ report စာများကိုလည်း ဝမ်ရိပေါ်
ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန်အတွက် ဇယားအတိုင်း
ထားရှိ၏။ သူသည်စိတ်ချရသော အတွင်းရေးမှူ းတစ်
ယောက်ကဲ့သို့ပင်။

ယခုတော့ နှစ်ရက်နီးပါးလောက်မတွေ့လိုက်ရတဲ့
ချစ်သူကောင်မလေးကိုချော့ဖို့အလုပ်ခွင့်တိုင်သည်
ဟူ၍တောင် ကြားမိပါသေး၏။
လူပျို ဘဝကကျွတ်တော့မည်ထင်ပါ့။

ကုမ္ပဏီရောက်ချိန်သည်လည်း နေ့လည်ခင်းပေမို့
ယခုဆို ညနေတောင်စောင်းလာ၏။

ဝမ်ရိပေါ် laptop ပေါ်ကမိမိလက်ကိုခဏဖယ်ရင်း
ဇတ်ကြောကိုအသာဖြေကာ ညောင်းညာမှုကို
ဖြေလျော့လိုက်၏။

နေမင်းကြီးက အနောက်ဘက်သို့ဦးတည်ကာ
ဝင်သွားချိန်တွင် ပုစွန်ဆီရောင်ကောင်ကင်ကြီးနှင့်
တိမ်တိုက်များကိုမြင်တွေ့နိုင်၏။

ညနေခင်း၏အလှသည် လူကိုငေးဆွေးစေ၏။

တစ်စုံတစ်ရာကိုလွမ်းသည်ဟူသော ခံစားချက်ကို
ပေးစွမ်းနိုင်၏။

ဒါသည်ကား လူ့ရဲ့လွမ်းစိတ်ကိုသက်သေပြ၏။

နေဝင်ချိန်မှာ နေမင်းကြီးဟာ ကမ္ဘာမြေလောကကို
ကျောခိုင်းလို့သွားချေပြီ။ မနက်ဖြန်တစ်ဖန်နိုးထ
လာမည်ကိုသိသော်ငြားလည်း ကျွန်တော် နှမြော
လွမ်းဆွတ်ကာ ငေးနေမိ၏။

ကျွန်တော် ဖွင့်ပြောခဲ့တဲ့ စကားတွေအတွက်နောင်တ
ရသလိုခံစားလာမိပြန်တယ်။ဘာလို့များလဲ?

"ဝမ်ရိပေါ်....ငါ့ကောင်လေး."

ဝမ်ရိပေါ် စဉ်းစားလို့မပြတ်ခင် ရှောင်ပိုင် ဆိုတဲ့ သူမ
ရုံးခန်းထဲဝင်လာပြီး ရှေ့တည့်တည့်ခုံမှာ
လာထိုင်၏။

အဝတ်အစားက မဝတ်တတ်လိုက်ပုံက
ရင်ဟိုက် ပေါင်းပြတ်နဲ့။  ထိုဝတ်ဆင်မှုက သူမရဲ့
ငယ်ရွယ်တဲ့အလှတရားကိုဖုံးအုပ်ထားပြီး
ရင့်ကြတ်ပြီး ဂုဏ်ရှိန်သော မိန်းမပျိုတစ်ဦးအသွင်ကို
ဆောင်ကျဉ်းပေး၏။

"ဘာကိစ္စရှိလို့လဲ?..."

"အားလပ်ရက်တွေကောင်းကောင်းမှအသုံးချခဲ့ရဲ့
လား?..."

သူမ ကအထက်စီးဆန်ဆန်ဖြင့် သိသိရက်မေးလာ
သောကြောင့် ရိပေါ် မျက်နှာလွှဲလိုက်ရင်း laptop
ထဲက စာရင်းကိုသာအာရုံစိုက်လိုက်၏။

"မဖြေချင်ဘူးလား?...ရတယ်လေ...တကယ်တော့
ငါလာတာက အဲ့ကိစ္စကိုဆွေးနွေးဖို့မဟုတ်ဘူး။
သိတယ်မဟုတ်လားငါကအဲ့လိုမိန်းမမဟုတ်ဘူး
ဆိုတာ...."

တစ်တောက်တောက် မြည်နေဆဲစာရိုက်ချက်တွေဟာ
ရပ်တန့်မသွားပဲ ရိပေါ်ရဲ့ အာရုံဟာလည်း သူမဆီကို
မရောက်အောင် တမင်လွှဲထား၏။

သိ့သော် ကြက်သွေးရောင်ခြယ်သထားတဲ့
လက်သည်းရှည်ရှည်လက်ပိုင်ရှင်ဟာ
ရိပေါ်ရဲ့ မှေးကိုကိုင်ကာ ညှင်သာစွာမော့စေ၏။

အာရုံမစိုက်ချင်သော်လည်း ရိပေါ်ရဲ့ မေးဖျားလေးဟာ
သူမ ၏လက်၏ခေါ်ဆောင်ရာနောက် ဒီဇိုင်းမတ်မတ်
ပါသွား၏။

"ငါနင့်ကိုဘာကတိပေးခဲ့လဲ?...နင်ကရော ငါ့ကို
ဘာပြန်ပြောခဲ့လဲ..."

"ရှောင်ပိုင်....."

ကျွန်တော် မငြင်းရက်နိုင်စွာ သူမရဲ့မျက်လုံးတွေကို
စိုက်ကြည့်မိခဲ့၏။

အားနည်းချက်ကိုတည့်တည့်ထိသွားသည်ပဲ။
မျက်နှာကိုခွဲစိတ်ပေမယ့် မျက်လုံးကိုတော့
နဂိုအတိုင်းထားခဲ့သည်ထင်ပါ့။

သူမရဲ့မျက်လုံးတွေဟာ အရင်အတိုင်းပဲ....
ချစ်စရာကောင်းနေတုန်းပဲ။
မျက်အိမ်အတွင်းထဲက ကျွန်တော့်ပုံစံကိုမြင်လိုက်ရ
တော့ ကျွန်တော်တို့နှစ်ယောက် ငယ်ငယ်က
မျက်တောင်မခတ်ကြေး ကစားခဲ့တာတောင်
ပိတ်ကားချပ်လို အစီအရီပြန်ပေါ်လာပါလား။
ပြန်တွေးမိတိုင်းလည်း ကျွန်တော် ပဲအရံှုးနဲ့ပါလား။

လူတိုင်းဟာ အချစ်ဦးကိုမမေ့မရနိုင်ကြဘူး။
အဲ့အချစ်ဦးတွေဟာ ကျွန်တော်တို့ အတွေးထဲကို
တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဝင်ရောက်လာလေ့ရှိတယ်။

ကျွန်တော့်ရဲ့ အချစ်ဦးဟာ သူမ။
သို့သော် ကျွန်တော်တို့ မချစ်ခဲ့ကြဘူး။

"ငါဒီနှစ်တွေမှာ အလုပ်များခဲ့တယ်။ အဲ့တာကြောင့်
အဲ့ကိစ္စ တွေကိုမေ့ကုန်ပြီ။..."

"တကယ်ကြီးလား...။ အဲ့တာဆိုလည်းငါကပဲ
ပြောပြရတော့မှာပေါ့..."

သူမက အသင့်ယူလာတဲ့ ဖိုင်တစ်ခုကို
ရိပေါ်ရဲ့ စားပွဲပေါ် ပစ်ချလိုက်ကာ

"အဲ့မယ်...ငါ့ရဲ့ကိုယ်ရေးရာဇဝင်...ငါနင့်ဆီမှာ
အလုပ်ဝင်မလို့...."

"အလုပ်ဝင်မယ်...."

ဝမ်ရိပေါ် အရမ်းအံ့သြမိ၏။
တကယ်ပဲ သူမ....ကျွန်တော့်ကို မလိမ်ခဲ့တာလား။
သူမရဲ့မိသားစုနောက်ခံနဲ့ဆို နောက်(5)နှစ်လောက်ကြာ
ရင် ဝမ်ရိပေါ် လိုကုမ္ပဏီတောင်ဦးစီးနိုင်မည်ဖြစ်၏။
သို့သော် သူမက ပိုက်ဆံမလိုပဲနှင့် အလုပ်ဝင်မည်
ဆိုသည်မှာ မည်သည့်သဘောနည်း။

"ဒါက ကလေးကစားစရာမဟုတ်ဘူး...."

ဝမ်ရိပေါ် ကမျက်နှာထားတင်းတင်းနှင့်ပြောလိုက်တော့
သူမကလည်း ဝမ်ရိပေါ် မျက်နှာနားကပ်ကာ

"ငါ့ထက် (၂) ခွဲငယ်တဲ့မောင်လေးတစ်ယောက်က
ကုမ္ပဏီကိုဦးစီးနေချိန်မှာ ငါကဒီအတိုင်းအလေလိုက်
နေရဦးမှာလား....ဒါထက်....နင်လည်း လက်ခံခဲ့တယ်
မဟုတ်လား...'ငါစောင့်နေမယ်' ဆိုပြီး....."

"ဒါ နောက်စရာမဟုတ်ဘူး။...."

ဝမ်ရိပေါ် လက်မလျော့ပဲ သူမ ကိုအလုပ်မလျှောက်
ရန်တိုက်တွန်း၏။

"ဝမ်ရိပေါ်ရာ.....ကလေးအကွက်တွေနဲ့။
ဒီမှာ....နင်နဲ့ခင်ခဲ့တုန်းက နင်ကပျော်ပျော်နေတတ်တဲ့
ကောင်လေးပါ။ငါ့တွေ့ရင် ကျဲကျဲနဲ့ ပျော်နေတတ်တဲ့
ကောင်လေး...အခုကဘာဖြစ်တာလဲ...နင်ချစ်တဲ့
ကျဲျျကျဲ ကနင့်လက်အောက်မှာအလုပ်လုပ်မလို့လေ
မရဘူးလား...."

ကျွန်တော်ရဲ့အချစ်တွေကို သူမ မမြင်ခဲ့ဘူး။
ကျွန်တော် သူ့အပေါ်ထားတဲ့ မေတ္တာတရားတွေဟာ
အရမ်းများပြားပြီး နှမြောစရာကောင်းတယ်။
သူမ ကျွန်တော့်အပေါ်ကိုသာမာန်ထက်ဂရုစိုက်မှု
တွေပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဖွင့်ပြောတော့
သူမ မငြင်းခဲ့ပေမယ့် လက်မခံခဲ့ဘူး။

ဒါတွေကကျွန်တော်ကပဲ မြန်ဆန်လွန်းခဲ့တာလား။
သူမကျွန်တော့်ကိုနှှစ်တွေအများကြီးစောင့်ခိုင်းတယ်။
သူမရဲ့အချစ်ကိုကျွန်တော် လက်ခံရရှိဖို့ စောင့်မျှော်ခဲ့တဲ့
ညတွေ။
သူမကိုရူးသွပ်ခဲ့ဖူးတဲ့အချိန်တွေကိုပြန်လှည့်ကြည့်မိ
လိုက်ရင် ကျွန်တော် ကိုယ့်ကိုကိုယ် လှောင်ရယ်ပြုံးတယ်။

'မင်းဟာ အရူးပဲ' ဆိုတဲ့ အပြစ်တင်စကားတစ်ခွန်းတည်း။

ကျွန်တော် ကြောက်ရွံ့မိတယ်။

"Ok လေ....တိတ်ဆိတ်နေမှတော့ လက်ခံတယ်လို့သဘော ထားလိုက်မယ်။...ဒီမှာ တကယ်တော့လေ
ဖိုင်တောင်မလိုဘူးမဟုတ်လား ငါ့အကြောင်းနင်လည်း
သိနေတာပဲ...လက်မှတ်ထိုးထားလိုက် မနက်ဖြန်
ဒီကမော်ဒယ်မလေး အလုပ်လာဆင်းမယ်။.."

သူမပြောချင်တာပြောပြီးသည်နောက် တစ်ချို့တည်း
ထွက်သွားတာ တံခါးမပိတ်မှီဆက်ကြား၌
ဝမ်ရိပေါ် မကြားချင်ဆုံးစကားကိုပြောသွားလိုက်သေး၏။

"နာမည်ရှိတဲ့ ကုမ္ပဏီတစ်ခုက ဘာမဟုတ်တဲ့
ဆက်ဆံရေးတစ်ခုတည်းအတွက်နဲ့ နာမည်အပျက်
မခံနဲ့နော် ဝမ်ရိပေါ်။ နင့်ခံစားချက်တွေက မိန်းမတစ်
ယောက်ဆီမှာပဲရှိရမယ်။ အဲ့မိန်းမကလည်း  ငါပဲ.."

ထိုစကားဟာ တံခါးမပိတ်မှီပြောလိုက်တဲ့စကား။

ကျွန်တော် မကျေနပ်စွာ မျက်ခုံးမွှေးကိုကြုတ်လိုက်ရင်း
မှောင်လာတဲ့ နေ့မကူးည အချိန်ကိုပြန်ငေးရင်း

"ကျန့်ကော....ကျွန်တော် အရမ်းမြန်သွားလား...
ကျွန်တော့် ခံစားချက်တွေကို ကော မှကောင်းကောင်း
မြင်ရဲ့လား...."

                   ---------------------------------

ရှောင်းကျန် မိမိရဲ့အခန်းငယ်ကိုစနစ်တကျပြန်ရှင်း
ရင်း ဘယ်အချိန်ကတည်းက ထိုးထည့်ထားမှန်းမသိသောစာအုပ်လေး တစ်အုပ်ဟာ ဂျောင်ကြားထဲမှထွက်ကျ
လာ၏။

"ဟင်?..."

စာအုပ်မှာ သေးငယ်ပြီး တော်တော်ကို နွမ်းဟောင်းနေ၏။ ခြစားရာလေးတွေမှာလည်း ဟိုတစ်ကွက်ဒီတစ်
ကွက်ဖြင့် အချိန်ကြာလှကြောင်းသိသာ၏။

စာအုပ်အဖုံးမှာလည်း ဖရိုဖရဲဖြင့် ပြဲနေပြီဖြစ်၏။
ရှောင်းကျန့် ထိုစာအုပ်လေးကို တစ်ရွက်လှန်ကြည့်တော့

"ရှောင်ရှောင်းကျန့် ရဲ့ ဒဏ္ဍာရီစာအုပ်"

ဟူ၍တွေ့ရပြီးနောက် ပြုံးလိုက်ရင်း စာအုပ်ကို
စားပွဲပေါ်ခဏတင်ထားကာ သန့်ရှင်းရေးပြီးအောင်
လုပ်၏။

ခဏအကြာတော့မိမိအခန်းလေးဟာ ဖုံကင်းစင်သွား
ပြီး အဝတ်အစားနှင့် ပစ္စည်းတွေဟာလည်း စနစ်တကျ
ပြန်ဖြစ်သွား၏။ ချွေးနံ့ရော ဖုန်နံ့ပါ ရောပွန်းနေတဲ့
မိမိခန္ဓာကိုယ်ကြောင့် နှာခေါင်းရှု့ရင်း ရေချိုးဖို့အသင့််
ပြင်လိုက်၏။

ဝမ်ရိပေါ်ဝယ်ပေးထားတဲ့ ယုန်ပုံစံညဝတ်စုံလေးဟာ
အရမ်းနွေးပြီး ဝတ်လို့ကောင်းတာကြောင့်
ရေချိးအပြီးထိုဝတ်စုံလေးကို ဝတ်ကာ စားပွဲပေါ်က
စာအုပ်ကို ယူလိုက်၏။

အိပ်ရာပေါ်ကို ပက်လက်လန်လဲချလိုက်ပြီး
မိမိ၏ ငယ်စဉ်ဘဝက အရူးထပြီး ရေးထားခဲ့သော
ဒဏ္ဍာရီသာအုပ်ကိုတစ်ရွက်ချင်းစီလှန်ကာ ဖတ်ကြည့််
လိုက်၏။

ဘယ်အသက်အရွယ်တုန်းက ရေးထားမှန်းမသိတဲ့
ဒီစာသားလေးတွေဟာ မကျေနပ်ချက်ပေါင်းစုံနှင့်
လက်ရေးမှာလည်းမနဲဖတ်ရသည့်အပြင် ခြစားထား
သေးသည့်အတွက်။

" နိဟောင် ကျွန်တော်က ရှောင်ရှောင်းကျန့်
ဒီနေ့ ကျွန်တော် ဒဏ္ဍာရီစာအုပ်မှာစရေးမှာပါ။"

(တရုတ်ကလေးအသံဖြင့်ဖတ်ရန်😂❤)

ရှောင်းကျန့်ဖတ်နေရင်းမှ တစ်ချက်တစ်ချက်သဘောကျ
စွာရယ်လိုက်ပြီး ကလေးဘဝက ချစ်စရာကောင်းနေမှု
တွေကို တွေးမိနေ၏။

စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်ဖတ်နေရင်းမှ

*ကျန့်ကျန့် ကကြီးလာရင် မိန်းမချောလေးနဲ့လက်ထပ်မှာ....*

မိမိရေးထားသော စာသားလေးကိုဖတ်ရင်း

"ဘယ်လိုလုပ်မလဲ ကျန့်အသေးလေး ရှောင်းကျန့်ကို
ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးကကြိုက်လို့တဲ့..."

မိမိ ဘာသာ စကားတွေပြောရင်း ရှောင်းကျန့်
ဝမ်ရိပေါ် ကိုသတိရမိပြန်သည်။

"ဝမ်ရိပေါ် ဒီအချိန်အိပ်နေလောက်ပါပြီ..."

စာအုပ်လေးကိုချလိုက်ရင်း မိမိ  ph ကိုကြည့်လိုက်တော့ missed call နှင့် Message တစ်စောင်မှမတွေ့
ရပဲ ရှင်းလင်းနေ၏။

"မအားလို့များလား....ငါဖုန်းဆက်လိုက်ရင် သူအလုပ်
ပျက်သွားမှာပေါ့...."

သူ့ကိုနားစေချင်တဲ့အတွေးလေးတစ်ခုကြောင့်
အနှောက်အယှက်မပေးချင်သဖြင့် ph ကိုပိတ်ကာ
ခေါင်းအုံးနှင့်ခေါင်း ချလိုက်တော့ ခရီးပန်းတာနှင့်
ညနက်တာရောပွန်းကာ တစ်ချိုးတည်းအိပ်ပျော်သွား၏။

ညနက်သည်နှင့် ပတ်ဝန်းကျင်ဟာလည်း
အလိုက်အထိုက်တိတ်ဆိတ်လာ၏။
ဝမ်ရိပေါ်တို့ ကုမ္ပဏီကလူတွေဟာလည်း
မနက်ဖြန်အတွက်အားသစ်ယူရန် ရုံးဆင်းကာ
အိပ်နေတော့မည်ဖြစ်၏။

အချိန်အားဖြင့် (၁၂) နာရီ ။
ဝမ်ရိပေါ် ရဲ့အလုပ်ကိုလက်စသတ်ကာ အိပ်ဖို့ရန်
အချိန်ရောက်လာခဲ့၏။ သို့သော် ရှောင်ပိုင် ပေးသွားတဲ့
စာဖိုင် ဟာသူ့ကိုအတွေးထဲထိဆွဲခေါ်သွားစေ၏။
အချိန်တစ်ခုထိ ထိုစာဖိုင်ကိုငေးကြည့်နေရင်းမှ
Ph ကိုလှမ်းယူလိုက်ကာ

*ရှောင်းကျန့်* ဆိုတဲ့ contact တစ်ခုကိုနှိပ်ကာ
စာပို့လိုက်၏။

-ကျန့်ကော....အိပ်ပြီလား?....-

စာမပြန်သည့်အပြင် seenပါမပြသည့်အတွက်
ရှောင်းကျန့် အိပ်သွားကြောင်းသိသာ၏။

ထို့ကြောင့် ဝမ်ရိပေါ်လည်း စာမပို့တော့ပဲ
မိမိ၏ ရုံးခန်းနောက်က သူ၏လျို့ဝှက်အခန်းလေး
ထဲဝင်ကာ ရေပင်မချိုးနိုင်တော့ပဲ အိပ်စက်လိုက်တော့၏။

ပင်ပန်းသည်မှာ ပြောစရာပင်မလိုလောက်အောင်။

အိပ်စက်ခြင်းဟာ လူတိုင်းအတွက် ပျော်ရွှင်စရာ။
မည်သူမှ အိပ်စက်ခြင်းကိုမငြီးငွေ့ကြပေ။
ညအချိန်ကလူတိုင်းကို အေးချမ်းစေနိုင်၏။

လရောင်ရဲ့အရိပ် ကြယ်ရောင်တွေရဲ့တောက်ပမှု။
လင်းလက်နေဆဲဖြစ်နေတဲ့ ညရဲ့မီးရောင်များ။
ဒါတွေကိုကျောခိုင်းပြီး မှေးစက်ရပေမယ့်
အိပ်မက်ဆိုတဲ့ အတွေးပုံပြင်လေးတွေဟာလည်း
ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်သေး၏။

            ××××××××××TBC×××××××××××

Late update...
ကြယ်မှမပေးကြတာ ဝွန်းးးး
ခုထိရှေ့ကအပိုင်းတွေ  200 တောင်မပြည့်သေးဘူး😞

ဈေးဗန်း😒 (Catch you) 😞
မဖတ်ရင်တောင် vote လေးပေးသွားပါဦး😭😭




















Bạn đang đọc truyện trên: AzTruyen.Top