4
Unicode
အိမ်ပြန်ရောက်တော့ ဟင်းနံ့သင်းသင်းလေး
ရသည် ။
" Jimin ! "
ဟင်းချက်နေတဲ့ Jiminက လှည့်ကြည့်
လာသည် ။
" ရေချိုးပြီး ဆင်းခဲ့...ကိုယ်ချက်ထားတယ်
စားကြမယ် "
ကြောင်အစွာ အိပ်ခန်းထဲကို ဝင်လာတော့
ယခင်ထက် ပိုပြီး သန့်ရှင်းသပ်ရပ်နေတဲ့
အခန်း ။
" ဝိုးး "
" Jimin! ကျွန်တော့်အခန်းကို သန့်ရှင်းရေး
လုပ်ထားတာလား "
" တစ်အိမ်လုံးပါပဲ "
အိပ်ခန်းကို သေချာကြည့်မိတော့
သူမမြင်ဖူးတဲ့ အထုတ်တချို့ရောက်နေ
သည် ။
" ဘာတွေတုန်း..ဒါငါ့ဟာတွေမှ
မဟုတ်တာ "
" Jimin! ခြေရင်းက အထုတ်တွေက
Jiminဟာလား "
" ဟုတ်တယ်..ကိုယ် မင်းနဲ့လာနေမို့
Jeon ! "
* ဘုတ် ! *
ကိုင်ထားတဲ့ အထုတ်တွေကို လွှတ်ချ
လိုက်မိသည် ။ သေချာအောင် မီးဖိုချောင်
ထဲဝင်ပြီး ထပ်မေးလိုက်သည် ။
" Jimin ဘာပြောလိုက်တာ ? "
" မင်းနဲ့ လာနေမလို့လေ "
" ! "
" ဘာဖြစ်တာလဲ ရုပ်က ပြူးတဲပြဲတဲနဲ့
ရေလည်း မချိုးရသေးဘူး..ညစ်ပတ်တယ်
သွား သွား "
JungKookရေသာချိုးနေတာ Jimin
ဘာလုပ်နေတယ်ဆိုတာ နားမလည်သေး။
" ဘာလုပ်ဖို့ လာနေတာလဲ..သူ့မှာ အိမ်
မရှိဘူးလား "
" Jeon! မစားနဲ့အုန်း..ကိုယ်ရေမြန်မြန်
ချိုးလိုက်မယ်..ခဏစောင့် တူတူစားမယ် "
ဟင်းတွေက အမျိုးစုံသည် ။ ဒီလောက်
ဟင်းမယ်တွေ ဘယ်က ဝယ်ခြမ်းခဲ့လဲမသိ ။
သူ့ဆီမှာ ဒီလောက်မရှိတာတော့သိသည် ။
ဆယ်မိနစ်လောက်ကြာတော့ Jimin
ပြန်လာသည် ။
" စားကြမယ် ! "
Jiminက သူ့ကို ထမင်းနဲ့ဟင်းတွေ
သေချာထည့်ပေးနေသည် ။ မိဘတွေ
မရှိတော့ကတည်းက ဒီလိုဂရုစိုက်တာ
Jiminတစ်ယောက်တည်း ။
" ကြောင်ကြည့်မနေနဲ့ စားတော့ "
" Jimin "
" ပြော "
" Jiminမှာ အိမ်မရှိဘူးလား "
" အဟွတ် !! "
ဘေးက ရေခွက် ယူကာ အမြန်သောက်
လိုက်ရတဲ့ Jimin ။ ပြီးတော့ သူ့ကို
ပြူးကြည့်လာသည် ။
ဘာလဲ..အဲ့အကြည့်က..။ တကယ်ပဲ
Jiminက အိမ်ခြေရာမဲ့လား ။
" ကိုယ့်ပုံစံက အဲ့လိုဖြစ်နေလို့လား "
" အင်း "
JungKookတို့ " အင်း " ချလိုက်တာ
Jiminမှာ စိတ်ပျက်လက်ပျက် ။
စိတ်ထဲမှာလည်းတွေးမိလိုက်တာ
" ငါ့ပုံစံက အဲ့လောက်တောင် စုတ်ပြတ်
နေပြီလား " ဟူ၍ ။
" ကိုယ့်မှာ အိမ်ရှိပါတယ်..တစ်ယောက်တည်း
မနေချင်လို့..မင်းအိမ်လေးက နွေးထွေး
တယ်..ကိုယ့်ကိုလည်း အိပ်ပျော်စေတယ် "
" ဒီလောက် ခြောက်ကပ်နေတာကို
နွေးထွေးတယ်လို့ Jiminက ခံစားမိတာလား"
" မင်းရှိနေတယ်လေ Jeon..မင်းက
ကိုယ့်ကို နွေးထွေးစေတယ်..ပျော်ရွှင်စေတယ်
..အကြောင်းအရင်းက မင်းပဲ "
" ဘာလို့ အခုလိုမျိုး ပြောနေတာလဲ Jimin"
" ဘာဖြစ်လို့လဲ..ကိုယ် ခံစားရတဲ့အတိုင်း
ပြောနေတာလေ "
" အဲ့ဒါက- ဘာမှမဟုတ်တော့ဘူး "
JungKookက ထမင်းကိုသာ ဆက်စားရင်း
ထမင်းဝိုင်းက တိတ်ဆိတ်သွားသည် ။
၃လအတွင်းမှာ သူ တစ်ရက်မပျက်
သွားသွား ငေးခဲ့ရသူ ။ ကိုယ့်ကိုတောင်
သဘောကျတာလား ချစ်နေတာလား
မသဲကွဲ ။ Jiminကို ငေးနေရရင်
အရာရာကို မေ့ထားနိုင်သည် ။
ပိုင်ဆိုင်တာတွေ ဘာတွေ မစဥ်းစားချင် ။
ဒီတိုင်းလေးပဲ ငေးနေချင်တာ ။
ခက်တာက ကံကြမ္မာက အဲ့ဒါကို မကြိုက်ဘူး
ထင်ပါ့ ။ အခုတော့ သိပ်နားလည်ရခက်နေသည်။
" မနေ့ကလို ထိုင်ရအောင် "
ပန်းကန်ဆေးနေတဲ့ JungKookကို
လှမ်းပြောလိုက်သည့် Jimin ။
" ကျွန်တော် စာလုပ်ရမယ် Jimin "
" အင်း-အင်းပါ "
စာရွက်တွေသာ လှန်နေပေမဲ့ စိတ်မပါ ။
အပြင်ကို ချောင်းကြည့်မိတော့ Jiminဟာ
မနေ့က စောင်အဝါလေးကို လွှားထားရင်း
ဖတ်နေကျ စာအုပ်ကြီးကို ဖတ်နေသည်။
ဘောပင်ကို လှမ်းကိုင်တော့ တုန်ယင်နေတဲ့
လက်ချောင်းများ ။ တစ်ပေါက်ချင်းကျဆင်း
လာတဲ့ မျက်ရည်တွေက စာမျက််နှာတွေပေါ်က
သင်္ချာပုစ္ဆာတွေဆီ ။
Jimin ဖြေရှင်းမရတဲ့ ပုစ္ဆာလား
မဖြေရှင်းလိုတဲ့ ပုစ္ဆာလား ။ ဘယ်နက္ခတ်တွေနဲ့
ယှဥ်ပြီး မွေးဖွားလာလို့ သူ့ကို
ဒီလောက်လွှမ်းမိုးနိုင်တာလား ။
ဝုန်းခနဲ သူစာအုပ်ကို ပိတ်ချလိုက်သည် ။
နောက်တော့ စာတွေအကုန်ကျောခိုင်းခဲ့ရင်း
အိမ်ရှေ့ကွပ်ပျစ်ဆီကို သွားလိုက်တော့သည်။
" Jimin "
" အော Jeon...စာလုပ်နေတယ် ထင်လို့ "
" စိတ်လည်း မပါပါဘူး Jiminရာ "
" အဲ့ဒါဆို လာလေ "
သူ Jiminဘေးကို ဝင်ထိုင်လိုက်တာနဲ့
Jiminက စောင်ကို သူခြေထောက်တွေ
ပေါ်မှာပါ ခြုံပေးသည် ။
" ခြေထောက်အေးမယ် "
" ကျေးဇူး "
" အိမ်ရှင်ကို ဂရုစိုက်ရမယ်လေ ဟဟ "
" Jiminက ပျော်တတ်လိုက်တာ "
" ဘဝမှာ ကိုယ်တစ်ယောက်ပဲကျန်တော့မှာ
ပျော်တတ်ရမှာပေါ့ "
" ကျွန်တော်လည်း တစ်ယောက်တည်းပဲ "
" အခုမတူတော့ဘူး..ကိုယ်တို့ အတူတူ
ရှိတယ်လေ Jeon "
" ဟုတ်သားပဲ "
Jungkook ဘာမှမဆိုတော့ပဲ Jimin
ပခုံးပေါ်ကို မှီချလိုက်သည် ။ Jimin
နှုတ်ခမ်းတွေ တွန့်ကွေးသွားသည် ။
" Heart Nebula "
" အသည်းနှလုံးပုံသဏ္ဌာန်ရှိတဲ့ ကြယ်ငွေ့တန်း"
" အချစ်ကို ကိုယ်စားပြုတယ် တဲ့ "
" ဒဏ္ဍာရီအရ အချစ်စစ်ကိုလိုချင်ရင်
သူ့ဆီမှာ တောင်းပါတဲ့ "
" သူက မပေးရင်ရော "
" ကြယ်တွေက မရက်စက်တတ်ပါဘူး
Jeonရာ "
" ဘယ်လိုလုပ်သိလဲ "
" ကိုယ်က ကြယ်တွေနဲ့ ဆက်စပ်နေသလိုမျိုး
သူတို့ကို နားလည်နေတာ "
" အင်း..Jiminက ကမ္ဘာမြေပေါ်က
သက်ရှိUrsa Majorပဲ "
" Jeonသိလား..ကြယ်လေးတွေကလေ
သူတို့ စောင့်မျှော်နေတဲ့လူက သူတို့ကို
မျှော်ကြည့်ပြီဆိုရင် ပိုပြီးတော့ လင်းလက်
တောက်ပတတ်တယ်တဲ့ "
ကျွန်တော်မျက်ဝန်းတွေလိုပေါ့ ။
Jiminက ကျွန်တော် စောင့်မျှော်နေတဲ့သူ ။
Jiminကို မြင်ရင် ကျွန်တော်မျက်ဝန်း
တင်မကဘူး ရင်ထဲက နှလုံးသားကပါ
အရှိန်အဟုန်ပြင်းပြင်း တောက်ပလာ
တတ်တာ ။
ရက်ပေါင်း ၉၀ ဆိုတာ ဘာကဘာဆိုတာ
ခွဲခြားဖို့ လုံလောက်တယ်ဆိုပေမဲ့
မသိချင်ယောင်ဆောင်ထားမိတာ
ကိုယ့်ကိုကိုယ်သိတယ် ။
ချစ်တယ်ဆိုတာ မလွယ်ကူဘူး Jimin ။
Jiminမှာလည်း သဘောကျနေတဲ့သူ
ရှိတဲ့အချိန်မှာ ကျွန်တော်ဟာ တိုးဝင်ဖို့
မရဲတော့ဘူး Jimin ။ ဆက်ပဲ ငေးပါရစေ။
ပခုံးက စွတ်စိုမှုကြောင့် Jimin စကားတို့
ခေတ္တရပ်တန့်သွားသည် ။
" ငိုနေတာလား Jeon "
" အဖေနဲ့အမေကို သတိရလို့ "
" သူတို့ ကောင်းကောင်းရှိနေပါတယ်..
တွေးပြီး ဝမ်းနည်းမနေရဘူးလေ "
" သူတို့ကောင်းကောင်းရှိနေမှန်း
Jiminက ဘယ်လိုသိတာလဲ "
" တစ်စုံတစ်ယောက် သေဆုံးသွားရင်
သူ့ဝိညာဥ်က ကြယ်တစ်ပွင့် ဖြစ်လာတယ်"
" မင်း မိဘတွေလည်း မင်းကို
ကောင်းကင်ကနေ အမြဲစောင့်ရှောက်
နေပါတယ်..မော့ကြည့်လိုက်ပါ "
ညကောင်းကင်ဟာ နက်ပြာရောင်
ကတ္တီပါသားမှာ စိန်စီထားသလို ။
" ကျွန်တော် ယုံပါတယ် "
" ကိုယ့်မေမေလည်း တစ်နေရာမှာ
လင်းလက်နေမှာပါ "
" Jimin "
" ပြော "
" မနေ့က လက်နာသေးလား "
" နည်းနည်းတော့ နာသေးတာပေါ့..
ဒါပေမဲ့ ကိစ္စမရှိပါဘူး "
JungKookက မနေ့က သူကိုက်လိုက်မိတဲ့
Jimin လက်ညှိုးလေးကို မှီထားလျက်နဲ့ပဲ
ဆွဲယူလိုက်သည် ။ ပြီးတော့ လက်သီးဆုပ်
လေးထဲထည့်ထားသည် ။
" အဲ့တာ ဘာလုပ်တာလဲ "
" ငယ်ငယ်တုန်းက ကျွန်တော်ဒဏ်ရာရတိုင်း
အမေလုပ်ပေးနေကျ..တကယ်သက်သာ
တယ် "
" ကြယ်တွေဆိုတာ မျှော်လင့်ချက်တွေပဲ..
အဲ့ဒါကြောင့် ကြယ်တစ်လုံးကြွေရင်
ကိုယ့်မျှော်လင့်ချက်တစ်ခုကို ဆုတောင်းရင်
ပြည့်တယ် "
" ကျွန်တော် တောင်းခဲ့ဖူးတယ်..အမေနဲ့
အဖေ ပြန်လာဖို့ "
" လောကနိယာမဆိုတာကိုတော့ ဆန့်ကျင်လို့
မရဘူး Jeon "
" Jimin နားလည်လို့လား အဲ့ခံစားချက်ကို "
" ကိုယ့်ဘဝမှာ အမေပဲရှိခဲ့တာ..အဖေက
ကိုယ့်ကို မရှိသလို သဘောထားထားတာ
အခုထိပဲ Jeon..အမေ လောက ကနေ
ထွက်သွားတဲ့အချိန်မှာ ကိုယ့်မှာ
ကယောင်ခြောက်ချားဖြစ်ခဲ့တယ်..
ဘဝဟာ အဓိပ္ပာယ်မရှိတော့သလိုပဲ..."
" ညလုံးပေါက် ကြယ်တွေရှေ့ ဒူးထောက်ပြီး
အမေ့ကို ပြန်ခေါ်ပေးဖို့ တောင်းဆိုခဲ့တယ် "
" ဒါပေမဲ့ တချို့အရာတွေက ပြောင်းလဲလို့မှ
မရတာ Jeon "
Jiminဟာ နာကျင်မှုကို မမှုတော့သလိုမျိုး
တည်တည်ငြိမ်ငြိမ်ပဲ ပြောလာခဲ့သည် ။
" အနည်းဆုံးတော့ မင်းမှာ ကိုယ်ရှိသလို..
ကိုယ့်မှာလည်း မင်းရှိတယ်လေ Jeon "
" ကျွန်တော်တို့ အခင်ဆုံး သူငယ်ချင်းတွေ
လုပ်ကြမလား "
" မလုပ်ဘူး ! "
မလုပ်နိုင်ပါ ။ အဲ့လို ဇုန်တွေထဲထည့်ပြီး
အကန့်မခံနိုင်ပါ ။
" ကိုယ်ပြောချင်တာ ဒီလိုလေးပဲ
ကောင်းပါတယ် "
" ဘာခေါင်းစဥ်နဲ့လဲ ကျွန်တော်တို့က "
" ခေါင်းစဥ် မထားရအောင်..ကန့်သတ်ချက်
တွေ မရှိတာပဲ ကောင်းတယ်.."
ခေါင်းစဥ်ရှိရင် ကန့်သတ်ချက်ရှိတယ် ။
အနီးစပ်ဆုံးဆိုတော့ သူငယ်ချင်းပေါ့ ။
မဖြစ်နိုင်ပါဘူး ။ ခါးသီးလိုက်တာ ။
ထားပါတော့ ဒီတိုင်းလေးပဲ မျောနေလိုက်
အုန်းမယ် ။ အတားအဆီးတွေ မရှိလာရင်
ကောင်းမယ် ။
ကြယ်ကြွေလာသည် ။
သူ ဆုတောင်းလိုက်သည် ။
" Jiminနဲ့ အနီးဆုံးလူ ဖြစ်ရပါစေ "
//////
Zawgyi
အိမ္ျပန္ေရာက္ေတာ့ ဟင္းနံ႔သင္းသင္းေလး
ရသည္ ။
" Jimin ! "
ဟင္းခ်က္ေနတဲ့ Jiminက လွည့္ၾကည့္
လာသည္ ။
" ေရခ်ိဳးၿပီး ဆင္းခဲ့...ကိုယ္ခ်က္ထားတယ္
စားၾကမယ္ "
ေၾကာင္အစြာ အိပ္ခန္းထဲကို ဝင္လာေတာ့
ယခင္ထက္ ပိုၿပီး သန္႔႐ွင္းသပ္ရပ္ေနတဲ့
အခန္း ။
" ဝိုးး "
" Jimin! ကြၽန္ေတာ္႕အခန္းကို သန္႔႐ွင္းေရး
လုပ္ထားတာလား "
" တစ္အိမ္လုံးပါပဲ "
အိပ္ခန္းကို ေသခ်ာၾကည့္မိေတာ့
သူမျမင္ဖူးတဲ့ အထုတ္တခ်ိဳ႕ေရာက္ေန
သည္ ။
" ဘာေတြတုန္း..ဒါငါ့ဟာေတြမွ
မဟုတ္တာ "
" Jimin! ေျခရင္းက အထုတ္ေတြက
Jiminဟာလား "
" ဟုတ္တယ္..ကိုယ္ မင္းနဲ႔လာေနမို႔
Jeon ! "
* ဘုတ္ ! *
ကိုင္ထားတဲ့ အထုတ္ေတြကို လႊတ္ခ်
လိုက္မိသည္ ။ ေသခ်ာေအာင္ မီးဖိုေခ်ာင္
ထဲဝင္ၿပီး ထပ္ေမးလိုက္သည္ ။
" Jimin ဘာေျပာလိုက္တာ ? "
" မင္းနဲ႔ လာေနမလို႔ေလ "
" ! "
" ဘာျဖစ္တာလဲ ႐ုပ္က ျပဴးတဲၿပဲတဲနဲ႔
ေရလည္း မခ်ိဳးရေသးဘူး..ညစ္ပတ္တယ္
သြား သြား "
JungKookေရသာခ်ိဳးေနတာ Jimin
ဘာလုပ္ေနတယ္ဆိုတာ နားမလည္ေသး။
" ဘာလုပ္ဖို႔ လာေနတာလဲ..သူ႕မွာ အိမ္
မ႐ွိဘူးလား "
" Jeon! မစားနဲ႔အုန္း..ကိုယ္ေရျမန္ျမန္
ခ်ိဳးလိုက္မယ္..ခဏေစာင့္ တူတူစားမယ္ "
ဟင္းေတြက အမ်ိဳးစုံသည္ ။ ဒီေလာက္
ဟင္းမယ္ေတြ ဘယ္က ဝယ္ျခမ္းခဲ့လဲမသိ ။
သူ႕ဆီမွာ ဒီေလာက္မ႐ွိတာေတာ့သိသည္ ။
ဆယ္မိနစ္ေလာက္ၾကာေတာ့ Jimin
ျပန္လာသည္ ။
" စားၾကမယ္ ! "
Jiminက သူ႕ကို ထမင္းနဲ႔ဟင္းေတြ
ေသခ်ာထည့္ေပးေနသည္ ။ မိဘေတြ
မ႐ွိေတာ့ကတည္းက ဒီလိုဂ႐ုစိုက္တာ
Jiminတစ္ေယာက္တည္း ။
" ေၾကာင္ၾကည့္မေနနဲ႔ စားေတာ့ "
" Jimin "
" ေျပာ "
" Jiminမွာ အိမ္မ႐ွိဘူးလား "
" အဟြတ္ !! "
ေဘးက ေရခြက္ ယူကာ အျမန္ေသာက္
လိုက္ရတဲ့ Jimin ။ ၿပီးေတာ့ သူ႕ကို
ျပဴးၾကည့္လာသည္ ။
ဘာလဲ..အဲ့အၾကည့္က..။ တကယ္ပဲ
Jiminက အိမ္ေျခရာမဲ့လား ။
" ကိုယ့္ပုံစံက အဲ့လိုျဖစ္ေနလို႔လား "
" အင္း "
JungKookတို႔ " အင္း " ခ်လိုက္တာ
Jiminမွာ စိတ္ပ်က္လက္ပ်က္ ။
စိတ္ထဲမွာလည္းေတြးမိလိုက္တာ
" ငါ့ပုံစံက အဲ့ေလာက္ေတာင္ စုတ္ျပတ္
ေနၿပီလား " ဟူ၍ ။
" ကိုယ့္မွာ အိမ္႐ွိပါတယ္..တစ္ေယာက္တည္း
မေနခ်င္လို႔..မင္းအိမ္ေလးက ေႏြးေထြး
တယ္..ကိုယ့္ကိုလည္း အိပ္ေပ်ာ္ေစတယ္ "
" ဒီေလာက္ ေျခာက္ကပ္ေနတာကို
ေႏြးေထြးတယ္လို႔ Jiminက ခံစားမိတာလား"
" မင္း႐ွိေနတယ္ေလ Jeon..မင္းက
ကိုယ့္ကို ေႏြးေထြးေစတယ္..ေပ်ာ္႐ႊင္ေစတယ္
..အေၾကာင္းအရင္းက မင္းပဲ "
" ဘာလို႔ အခုလိုမ်ိဳး ေျပာေနတာလဲ Jimin"
" ဘာျဖစ္လို႔လဲ..ကိုယ္ ခံစားရတဲ့အတိုင္း
ေျပာေနတာေလ "
" အဲ့ဒါက- ဘာမွမဟုတ္ေတာ့ဘူး "
JungKookက ထမင္းကိုသာ ဆက္စားရင္း
ထမင္းဝိုင္းက တိတ္ဆိတ္သြားသည္ ။
၃လအတြင္းမွာ သူ တစ္ရက္မပ်က္
သြားသြား ေငးခဲ့ရသူ ။ ကိုယ့္ကိုေတာင္
သေဘာက်တာလား ခ်စ္ေနတာလား
မသဲကြဲ ။ Jiminကို ေငးေနရရင္
အရာရာကို ေမ့ထားႏိုင္သည္ ။
ပိုင္ဆိုင္တာေတြ ဘာေတြ မစဥ္းစားခ်င္ ။
ဒီတိုင္းေလးပဲ ေငးေနခ်င္တာ ။
ခက္တာက ကံၾကမၼာက အဲ့ဒါကို မႀကိဳက္ဘူး
ထင္ပါ့ ။ အခုေတာ့ သိပ္နားလည္ရခက္ေနသည္။
" မေန႔ကလို ထိုင္ရေအာင္ "
ပန္းကန္ေဆးေနတဲ့ JungKookကို
လွမ္းေျပာလိုက္သည့္ Jimin ။
" ကြၽန္ေတာ္ စာလုပ္ရမယ္ Jimin "
" အင္း-အင္းပါ "
စာ႐ြက္ေတြသာ လွန္ေနေပမဲ့ စိတ္မပါ ။
အျပင္ကို ေခ်ာင္းၾကည့္မိေတာ့ Jiminဟာ
မေန႔က ေစာင္အဝါေလးကို လႊားထားရင္း
ဖတ္ေနက် စာအုပ္ႀကီးကို ဖတ္ေနသည္။
ေဘာပင္ကို လွမ္းကိုင္ေတာ့ တုန္ယင္ေနတဲ့
လက္ေခ်ာင္းမ်ား ။ တစ္ေပါက္ခ်င္းက်ဆင္း
လာတဲ့ မ်က္ရည္ေတြက စာမ်က္္ႏွာေတြေပၚက
သခ်ၤာပုစၧာေတြဆီ ။
Jimin ေျဖ႐ွင္းမရတဲ့ ပုစၧာလား
မေျဖ႐ွင္းလိုတဲ့ ပုစၧာလား ။ ဘယ္နကၡတ္ေတြနဲ႔
ယွဥ္ၿပီး ေမြးဖြားလာလို႔ သူ႕ကို
ဒီေလာက္လႊမ္းမိုးႏိုင္တာလား ။
ဝုန္းခနဲ သူစာအုပ္ကို ပိတ္ခ်လိုက္သည္ ။
ေနာက္ေတာ့ စာေတြအကုန္ေက်ာခိုင္းခဲ့ရင္း
အိမ္ေ႐ွ႕ကြပ္ပ်စ္ဆီကို သြားလိုက္ေတာ့သည္။
" Jimin "
" ေအာ Jeon...စာလုပ္ေနတယ္ ထင္လို႔ "
" စိတ္လည္း မပါပါဘူး Jiminရာ "
" အဲ့ဒါဆို လာေလ "
သူ Jiminေဘးကို ဝင္ထိုင္လိုက္တာနဲ႔
Jiminက ေစာင္ကို သူေျခေထာက္ေတြ
ေပၚမွာပါ ျခဳံေပးသည္ ။
" ေျခေထာက္ေအးမယ္ "
" ေက်းဇူး "
" အိမ္႐ွင္ကို ဂ႐ုစိုက္ရမယ္ေလ ဟဟ "
" Jiminက ေပ်ာ္တတ္လိုက္တာ "
" ဘဝမွာ ကိုယ္တစ္ေယာက္ပဲက်န္ေတာ့မွာ
ေပ်ာ္တတ္ရမွာေပါ့ "
" ကြၽန္ေတာ္လည္း တစ္ေယာက္တည္းပဲ "
" အခုမတူေတာ့ဘူး..ကိုယ္တို႔ အတူတူ
႐ွိတယ္ေလ Jeon "
" ဟုတ္သားပဲ "
Jungkook ဘာမွမဆိုေတာ့ပဲ Jimin
ပခုံးေပၚကို မွီခ်လိုက္သည္ ။ Jimin
ႏႈတ္ခမ္းေတြ တြန္႔ေကြးသြားသည္ ။
" Heart Nebula "
" အသည္းႏွလုံးပုံသဏၭာန္႐ွိတဲ့ ၾကယ္ေငြ႕တန္း "
" အခ်စ္ကို ကိုယ္စားျပဳတယ္ တဲ့ "
" ဒ႑ာရီအရ အခ်စ္စစ္ကိုလိုခ်င္ရင္
သူ႕ဆီမွာ ေတာင္းပါတဲ့ "
" သူက မေပးရင္ေရာ "
" ၾကယ္ေတြက မရက္စက္တတ္ပါဘူး
Jeonရာ "
" ဘယ္လိုလုပ္သိလဲ "
" ကိုယ္က ၾကယ္ေတြနဲ႔ ဆက္စပ္ေနသလိုမ်ိဳး
သူတို႔ကို နားလည္ေနတာ "
" အင္း..Jiminက ကမ႓ာေျမေပၚက
သက္႐ွိUrsa Majorပဲ "
" Jeonသိလား..ၾကယ္ေလးေတြကေလ
သူတို႔ ေစာင့္ေမွ်ာ္ေနတဲ့လူက သူတို႔ကို
ေမွ်ာ္ၾကည့္ၿပီဆိုရင္ ပိုၿပီးေတာ့ လင္းလက္
ေတာက္ပတတ္တယ္တဲ့ "
ကြၽန္ေတာ္မ်က္ဝန္းေတြလိုေပါ့ ။
Jiminက ကြၽန္ေတာ္ ေစာင့္ေမွ်ာ္ေနတဲ့သူ ။
Jiminကို ျမင္ရင္ ကြၽန္ေတာ္မ်က္ဝန္း
တင္မကဘူး ရင္ထဲက ႏွလုံးသားကပါ
အ႐ွိန္အဟုန္ျပင္းျပင္း ေတာက္ပလာ
တတ္တာ ။
ရက္ေပါင္း ၉၀ ဆိုတာ ဘာကဘာဆိုတာ
ခြဲျခားဖို႔ လုံေလာက္တယ္ဆိုေပမဲ့
မသိခ်င္ေယာင္ေဆာင္ထားမိတာ
ကိုယ့္ကိုကိုယ္သိတယ္ ။
ခ်စ္တယ္ဆိုတာ မလြယ္ကူဘူး Jimin ။
Jiminမွာလည္း သေဘာက်ေနတဲ့သူ
႐ွိတဲ့အခ်ိန္မွာ ကြၽန္ေတာ္ဟာ တိုးဝင္ဖို႔
မရဲေတာ့ဘူး Jimin ။ ဆက္ပဲ ေငးပါရေစ။
ပခုံးက စြတ္စိုမႈေၾကာင့္ Jimin စကားတို႔
ေခတၱရပ္တန္႔သြားသည္ ။
" ငိုေနတာလား Jeon "
" အေဖနဲ႔အေမကို သတိရလို႔ "
" သူတို႔ ေကာင္းေကာင္း႐ွိေနပါတယ္..
ေတြးၿပီး ဝမ္းနည္းမေနရဘူးေလ "
" သူတို႔ေကာင္းေကာင္း႐ွိေနမွန္း
Jiminက ဘယ္လိုသိတာလဲ "
" တစ္စုံတစ္ေယာက္ ေသဆုံးသြားရင္
သူ႕ဝိညာဥ္က ၾကယ္တစ္ပြင့္ ျဖစ္လာတယ္"
" မင္း မိဘေတြလည္း မင္းကို
ေကာင္းကင္ကေန အၿမဲေစာင့္ေ႐ွာက္
ေနပါတယ္..ေမာ့ၾကည့္လိုက္ပါ "
ညေကာင္းကင္ဟာ နက္ျပာေရာင္
ကတၱီပါသားမွာ စိန္စီထားသလို ။
" ကြၽန္ေတာ္ ယုံပါတယ္ "
" ကိုယ့္ေမေမလည္း တစ္ေနရာမွာ
လင္းလက္ေနမွာပါ "
" Jimin "
" ေျပာ "
" မေန႔က လက္နာေသးလား "
" နည္းနည္းေတာ့ နာေသးတာေပါ့..
ဒါေပမဲ့ ကိစၥမ႐ွိပါဘူး "
JungKookက မေန႔က သူကိုက္လိုက္မိတဲ့
Jimin လက္ညိႇဳးေလးကို မွီထားလ်က္နဲ႔ပဲ
ဆြဲယူလိုက္သည္ ။ ၿပီးေတာ့ လက္သီးဆုပ္
ေလးထဲထည့္ထားသည္ ။
" အဲ့တာ ဘာလုပ္တာလဲ "
" ငယ္ငယ္တုန္းက ကြၽန္ေတာ္ဒဏ္ရာရတိုင္း
အေမလုပ္ေပးေနက်..တကယ္သက္သာ
တယ္ "
" ၾကယ္ေတြဆိုတာ ေမွ်ာ္လင့္ခ်က္ေတြပဲ..
အဲ့ဒါေၾကာင့္ ၾကယ္တစ္လုံးေႂကြရင္
ကိုယ့္ေမွ်ာ္လင့္ခ်က္တစ္ခုကို ဆုေတာင္းရင္
ျပည့္တယ္ "
" ကြၽန္ေတာ္ ေတာင္းခဲ့ဖူးတယ္..အေမနဲ႔
အေဖ ျပန္လာဖို႔ "
" ေလာကနိယာမဆိုတာကိုေတာ့ ဆန္႔က်င္လို႔
မရဘူး Jeon "
" Jimin နားလည္လို႔လား အဲ့ခံစားခ်က္ကို "
" ကိုယ့္ဘဝမွာ အေမပဲ႐ွိခဲ့တာ..အေဖက
ကိုယ့္ကို မ႐ွိသလို သေဘာထားထားတာ
အခုထိပဲ Jeon..အေမ ေလာက ကေန
ထြက္သြားတဲ့အခ်ိန္မွာ ကိုယ့္မွာ
ကေယာင္ေျခာက္ခ်ားျဖစ္ခဲ့တယ္..
ဘဝဟာ အဓိပၸာယ္မ႐ွိေတာ့သလိုပဲ..."
" ညလုံးေပါက္ ၾကယ္ေတြေ႐ွ႕ ဒူးေထာက္ၿပီး
အေမ့ကို ျပန္ေခၚေပးဖို႔ ေတာင္းဆိုခဲ့တယ္ "
" ဒါေပမဲ့ တခ်ိဳ႕အရာေတြက ေျပာင္းလဲလို႔မွ
မရတာ Jeon "
Jiminဟာ နာက်င္မႈကို မမႈေတာ့သလိုမ်ိဳး
တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလာခဲ့သည္ ။
" အနည္းဆုံးေတာ့ မင္းမွာ ကိုယ္႐ွိသလို..
ကိုယ့္မွာလည္း မင္း႐ွိတယ္ေလ Jeon "
" ကြၽန္ေတာ္တို႔ အခင္ဆုံး သူငယ္ခ်င္းေတြ
လုပ္ၾကမလား "
" မလုပ္ဘူး ! "
မလုပ္ႏိုင္ပါ ။ အဲ့လို ဇုန္ေတြထဲထည့္ၿပီး
အကန္႔မခံႏိုင္ပါ ။
" ကိုယ္ေျပာခ်င္တာ ဒီလိုေလးပဲ
ေကာင္းပါတယ္ "
" ဘာေခါင္းစဥ္နဲ႔လဲ ကြၽန္ေတာ္တို႔က "
" ေခါင္းစဥ္ မထားရေအာင္..ကန္႔သတ္ခ်က္
ေတြ မ႐ွိတာပဲ ေကာင္းတယ္.."
ေခါင္းစဥ္႐ွိရင္ ကန္႔သတ္ခ်က္႐ွိတယ္ ။
အနီးစပ္ဆုံးဆိုေတာ့ သူငယ္ခ်င္းေပါ့ ။
မျဖစ္ႏိုင္ပါဘူး ။ ခါးသီးလိုက္တာ ။
ထားပါေတာ့ ဒီတိုင္းေလးပဲ ေမ်ာေနလိုက္
အုန္းမယ္ ။ အတားအဆီးေတြ မ႐ွိလာရင္
ေကာင္းမယ္ ။
ၾကယ္ေႂကြလာသည္ ။
သူ ဆုေတာင္းလိုက္သည္ ။
" Jiminနဲ႔ အနီးဆုံးလူ ျဖစ္ရပါေစ "
//////
Bạn đang đọc truyện trên: AzTruyen.Top