Chapter 3

ကားပေါ်မှာလည်းBoMinလေးကJaeHyunပေါင်ပေါ်မှာပဲထိုင်ကာလိုက်လာသည်။JaeHyunနှာခေါင်းလေးကိုတို့လိုက်ပါးလေးကိုတို့လိုက်နှင့်သဘောကျနေသည်။

"ဦးဦး"

"ဟင်"

"ဦးဦးနာမည်က..."

"JaeHyun....Lee JaeHyun"

"ဝိုး....သားသားတို့နဲ့မျိုးရိုးနာမည်တူတာပဲသားသားကတော့ဦးဦးလို့ပဲခေါ်မယ်နော်"

"ရပါတယ်ဘယ်လိုခေါ်ခေါ်"
......................

မိနစ်နှစ်ဆယ်လောက်ကားမောင်းပြီးသွားတော့အုတ်တံတိုင်းအမြင့်ကြီးနဲ့ကာထားတဲ့ခြံတံခါးကိုရောက်သည်။ခြံတံခါးကိုကျော်လိုက်တော့နန်းတော်ကြီးပမာခမ်းနားထည်ဝါလှတဲ့အိမ်ကြီးကိုတွေ့လိုက်ရသည်မို့JaeHyunတစ်ယောက်မျက်လုံးပင်ပြူးသွားလေသည်။

အိမ်ကနှစ်ထပ်ပဲရှိပေမဲ့တစ်ထပ်နဲ့တစ်ထပ်ကမြင်ရရုံနဲ့ပင်အကျယ်ကြီးမှန်းခန့်မှန်းနိုင်လေသည်။အဖြူရောင်ဆေးသုတ်ထားသည့်အိမ်တော်ကြီး၏ဘေးပတ်ပတ်လည်တွင်အပင်ကြီးများလည်းရှိသလို..အပွင့်ရောင်စုံဖူးပွင့်နေကြတဲ့ပန်းပင်ငယ်လေးတွေလည်းရှိတာမလို့ကြည့်ရတာစိတ်ကိုအေးချမ်းစေသည်။

အိမ်ရှေ့မှာကားကိုအရင်ရပ်လိုက်တော့ကားတံခါးကိုလာဖွင့်ပေးကြတဲ့လူတွေ။JaeHyunလည်းBoMinလေးကိုချီလိုက်ပင်အိမ်ထဲဝင်လိုက်တော့အိမ်တွင်းအပြင်အဆင်များကြောင့်JaeHyunထပ်ပြီးမှင်သက်သွားရပြန်သည်။

"ကဲ...သားသားလေးဆင်းမယ်။တစ်လမ်းလုံးချီထားရတာဦးဦးညောင်းရောပေါ့"

JuYeonမှပြောလိုက်တော့စကားနားထောင်သည့်BoMinလေးကJaeHyunပေါ်မှဆင်းလိုက်သည်။ပြီးတော့JaeHyunလက်ကိုဆွဲပြီး

"ဦးဦး...သားသားနဲ့ဆော့မယ်"

"BoMinလေး....တော်ပြီလေခုပဲကစားကွင်းမှာဆော့လာတာကို"

JuYeonမှထပ်ပြောလိုက်တော့နှုတ်ခမ်းလေးဆူကာ...

"ဟွန့်....ဒါဆိုသားသားဗိုက်ဆာတယ်"

"အဲ့တာဆိုသွားဦးဦးEricနဲ့တူတူမုန့်သွားစား"

BoMinလေးကိုEricကခေါ်သွားတော့JuYeonလည်းJaeHyunကိုဧည့်ခန်းကိုခေါ်ကာကျေးဇူးတင်စကားကိုသေချာပြောရတော့သည်။

"ကျွန်တော်ထပ်ပြီးကျေးဇူးတင်ပါရစေ"

"မလိုပါဘူး"

"သားလေးကကျွန်တော့်အတွက်တော့တစ်ကယ့်ကိုအရေးပါတဲ့သူလေးပါ"

"ဟုတ်ကဲ့....ကျွန်တော်လည်းအဲ့တာကိုခံစားမိပါတယ်"

"ဒါနဲ့...ဒီကတစ်ယောက်နာမည်က.."

"Lee JaeHyunပါ"

"အော်...ကားပေါ်မှာတုန်းကသေချာမကြားလိုက်လို့လေ...ကျွန်တော့်နာမည်ကLee JuYeonပါ"

"ဟုတ်ကဲ့"

"ဒါနဲ့တစ်ခုခုသောက်ဦးမလား...အအေးပဲဖြစ်ဖြစ်"

"ရပါတယ်မလိုပါဘူး..."

ထိုစဥ်.....

"Ring...Ring...."

"ဟယ်လို....အင်းChanHee yahငါကလေးလေးအိမ်ကိုပါလိုက်ပို့ပေးနေလို့..လာပြီနော်"

JaeHyunဖုန်းချပြီးသွားတော့

"မအားဘူးထင်တယ်ကျွန်တော်တောင်းပန်ပါတယ်ဒီအတွက်လည်းအားနာမိပါတယ်..ဒါကြောင့်ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လေ"

"ဟုတ်ရပါတယ်...ကျွန်တော်ကိုယ့်ဟာကိုယ်ပဲပြန်လိုက်ပါ့မယ်"

"မဟုတ်တာ...BoMinလေးကြောင့်အားနာမိနေတာမလို့ကျွန်တော်ပဲပြန်လိုက်ပို့ပေးပါ့မယ်"

JaeHyunလည်းငြင်းမရတဲ့အဆုံးလက်ခံလိုက်သည်။

"JaeHyun shi အရှေ့မှာပဲထိုင်လေ"

"အာ...ဟုတ်ကဲ့"

"ဒါနဲ့JaeHyun shiကသားလေးကိုဘယ်လိုတွေ့တာလဲ"

"ကျွန်တော်အလုပ်လုပ်တဲ့ကော်ဖီဆိုင်ရှေ့နားလေးမှာထိုင်ငိုနေလို့ကျွန်တော်လည်းသွားကြည့်လိုက်တော့တွေ့တာ"

"အော်.....ကျွန်တော်တစ်ကယ်စိုးရိမ်သွားတာပျောက်ပြီထင်ပြီး​တော်သေးတာပေါ့JaeHyun shiနဲ့တွေ့လို့သာပဲ"

"ဟုတ်တယ်ကျွန်​တော်လည်းအဲ့တာကိုတွေးနေတာ...ဒါနဲ့BoMinလေးကတော်တော်ချစ်ဖို့ကောင်းတာပဲနော်.....ကလေးတိုင်းကချစ်ဖို့ကောင်းတာမှန်ပေမဲ့BoMinကျတော့တစ်မျိုးလေး"

"ဒါကတော့ကျွန်​တော်နဲ့တူလို့ဖြစ်ပါလိမ့်မယ်"

JuYeonက စလိုက်တော့JaeHyunပြုံးမိသွားသည်။ဒါကိုမြင်လိုက်တော့JuYeonဘယ်ဘက်ရင်အုံတစ်နေရာမှဒုတ်ခနဲ့ဖြစ်သွားလေသည်။

JuYeon's pov - ဘာလဲဟ....ငါ့ရင်ဘတ်ထဲကဘာလို့ဒုတ်ဆိုပြီးဖြစ်သွားတာလဲ

JuYeonနည်းနည်းနေရခက်လာတာနဲ့airconဖွင့်ဖို့လက်လှမ်းလိုက်သည်။လှမ်းလိုက်တော့လက်ကခလုတ်ဆီမရောက်ဘဲဘေးကJaeHyunရဲ့လက်ဆီရောက်သွားသည်။

ခနလေးတော့ခနလေးထိသွား​ပေမဲ့JuYeonရင်ဘက်ရဲ့ဘယ်ဘက်နေရာကထပ်ပြီးဒုတ်ခနဲဖြစ်သွားတာကိုတော့JuYeonထပ်ခံစားမိပါသေးသည်။

"Sorryနော်...ကျွန်တော်Airconဖွင့်မလို့ကို"

"အာ...ဟုတ်ကဲ့ရပါတယ်"

JuYeonလည်းJaeHyunနေရခက်နေမှာစိုးတာနဲ့စကားဆက်မပြောဖြစ်ကြ။ကော်ဖီဆိုင်ရှေ့ရောက်တော့JuYeonပါလိုက်ဆင်းကူကာဆိုင်ပိုင်ရှင်ကိုအကျိူးအကြောင်းပြောပြလိုက်သည်။

ပြန်ရောက်တော့ChanHeeတို့ကမေးသဖြင့်JaeHyunမှာအကြောင်းစုံပြောပြလိုက်သည်။

Time skip.......

ညရောက်တော့JuYeonထုံးစံအတိုင်းအလုပ်လုပ်နေသည်။desktop screenကိုအကြာကြီးကြည့်နေရသည်မို့မျက်လုံးအနားပေးရန်ခနရပ်ကာမျက်လုံးများကိုမှိတ်လိုက်သည်။

မျက်လုံးလည်းမှိတ်လိုက်တော့သူ့ကိုပြုံးပြနေသည့်ကောင်လေးတစ်ယောက်။ပြောရမယ်ဆိုရင်ဒီနေ့မှသူ့ကိုလတ်လတ်ဆတ်ဆတ်ပြုံးပြခဲ့သည့်ကောင်လေး။

အခြားသူတွေလိုသွားကြီးဖြီးနေတာမျိုးလည်းမဟုတ်။မပွင့်တစ်ပွင့်ရှက်ပြုံးပြုံးတာလည်းမဟုတ်။ဒီအတိုင်းလေးမခို့တစ်ရို့ပြုံးတယ်ခေါ်မလား။

ထိုကဲ့သို့လှပသည့်အပြုံးမျိုးကိုထိုကောင်လေးထံတွင်မှသာမြင်ဖူးသည်။JuYeonတွေးနေရင်းနှင့်ပင်သူပါပြုံးမိပြန်သည်။ပြီးတော့စိတ်ထဲတွင်ပေါ်လာသည့်အတွေးတစ်ခု။

JuYeon's pov - အဲ့အပြုံးပိုင်ရှင်ကိုသိမ်းပိုက်ချင်လိုက်တာ
.............................

JaeHyunညဘက်အိမ်ပြန်ရောက်တော့ဆေးရုံကNurseဆီဖုန်းလှမ်းဆက်ရသေးသည်။အမေဖြစ်သူရဲ့အခြေအနေကိုမေးမလို့ပေါ့။

အမေသက်သာတဲ့အကြောင်းပုံမှန်အတိုင်းပဲရှိနေတယ်ဆိုတဲ့အကြောင်းလည်းကြားတော့မှစိတ်သက်သာရာရသွားသည်။JaeHyunရဲ့အမေကနှလုံးရောဂါရှိ၍ဆေးရုံတင်ထားရခြင်းဖြစ်သည်။

JaeHyunတို့ဘဝလေးကအစပိုင်းကတော့သာယာပါရဲ့။ဒါပေမဲ့....JaeHyunရဲ့အဖေဖြစ်သူကလောင်းကစားလုပ်ပြီးအကြွေးတွေယူ။ပြန်မဆပ်နိုင်တော့JaeHyunရဲ့အမေဒုက္ခရောက်ခဲ့ရသည်။

သားဖြစ်သူJaeHyunမှာလည်းစာတော်ရဲ့သားနဲ့တက္ကသိုလ်ဆက်မတက်ဖြစ်ခဲ့ပေ။စကောလားရှစ်လျှောက်လို့ရပေမဲ့JaeHyunကသူ့အမေမှာနှလုံးရောဂါရှိတာကိုသိသွားတော့သူဘယ်နေနိုင်မလဲ။

အမေ့ကိုဆေးရုံတင်ပြီးသူကပဲစားဝတ်နေရေးအတွက်ရှာဖွေရသည်။JaeHyunတို့အဖေကတော့ထွက်ပြေးသွားပြီးခုချိန်ထိလည်းပြန်မပေါ်လာ။သေလားရှင်လားတောင်မသိ။

အကြွေးတွေကနည်းနည်းများပေမဲ့ဆပ်ရင်းဆပ်ရင်းနဲ့ကုန်သလောက်နီးပါးတော့ဖြစ်နေပါပြီ။JaeHyunအကြွေးဆပ်နိုင်ဖို့အတွက်အလုပ်တော်တော်များများလုပ်ဖူးသည်။ဒီCafeဆိုင်ကwaiterအလုပ်ကတော့JaeHyunအတွက်လစာအကောင်းဆုံးနဲ့အနွေးထွေးဆုံးဖြစ်သည်။

သူငယ်ချင်းဟူ၍တစ်ထူးတစ်လည်မရှိခဲ့သောJaeHyunမှာဆိုင်တွင်အလုပ်တူတူရတဲ့YoungHoon,ChangMin,SunWoo,ChanHee,Kevinနဲ့Jacobတို့ကသူ့အပေါ်ကိုကောင်းပေးကြသည်။

ဆိုင်ပိုင်ရှင်SangYeonကလည်းဝန်ထမ်းများကိုမိသားစုသဖွယ်ဆက်ဆံပေးတာမလို့ဒီအလုပ်ကတော်တော်ပင်အဆင်ပြေသည်။သူ့ဘဝအကြောင်းကိုလည်းအကုန်လုံးကသိတော့ကူညီပေးကြပါသည်။

အကြွေးတွေကုန်သလောက်နီးပါးဆပ်နိုင်တာSangYeonကျေးဇူးလည်းမကင်းပေ။သူကလစာကြိုထုတ်ပေးကာပိုက်ဆံဆပ်ရလွယ်ကူအောင်လုပ်ပေးခဲ့သည်။ဒီအတွက်လည်းJaeHyunကျေးဇူးတင်မဆုံးပါ။

ဒီနေ့လည်းပင်ပန်းလာသည်မို့ရေမိုးချိုးထမင်းစားပြီးအိပ်ရန်ပြင်လိုက်သည်။အိပ်ဦးမှပဲလေ။သူမနက်ဖြန်အလုပ်သွားရဦးမယ်မလား။
..........................

"Daddy.....ဟိုဦးဦးချောချောကော"

"မနေ့ညနေကပဲပြန်သွားပြီလေသားရဲ့"

"ဟင့်..ဒီမှာပဲအိပ်ခိုင်းလိုက်တာမဟုတ်ဘူးသားသားကတူတူဆော့ချင်လို့ပါဆို"

"အော်...ဘယ်ရမလဲသားရဲ့သူလည်းသူ့အိမ်သူပြန်မှာပေါ့"

"ဒါနဲ့သားသားကဘာလို့အဲ့ဦးဦးကိုဒီလောက်တောင်ခင်နေရတာလဲ"

"ဦးဦးကချောတယ်လေလှလည်းလှတယ်ပြီးတော့.....သားသားကိုလည်းကူညီပေးတယ်ပြီးတော့...Daddyသိလားဦးဦးနားကလေမွှေးမွှေးလေးရတယ်"

"ဘာကိုမွှေးမွှေးလေးရတာလဲ"

"အနံ့မွှေးမွှေးလေးကိုပြောတာ"

မနက်စာစားနေတုန်းBoMinလေးကJaeHyunကိုမေးသဖြင့်JuYeonမျက်လုံးထဲထိုအပြုံးလေးကိုပြန်မြင်ယောင်လာသေးသည်။

BoMinလေးကိုEricနဲ့မူကြိုပို့ပေးပြီးCompanyကိုလာလိုက်သည်။လာနေရင်းလည်းလမ်းတစ်လျှောက်လုံးမနေ့ကအပြုံးလေးကိုဖျောက်မရသေးပေ။

JuYeon's pov - ဘယ်လိုကောင်လေးမို့ငါ့ကိုဒီလိုပြုစားနိုင်ရတာလဲ

ချစ်သူရယ်လို့လည်းမထားဖူးခဲ့။အလုပ်တွေနဲ့သာကျင်လည်ခဲ့ရသူမို့ရင်ခုန်ခြင်းတောင်ဘာမှန်းမသိ။ခုတော့အပြုံးလေးတစ်ခုကြောင့်ရင်ခုန်တတ်လာတယ်တဲ့လား။

ဒါပေမဲ့သူကအဖိုအရှိုက်တွေမိတ်ကပ်တွေဆံနွယ်ရှည်ရှည်...အတိုအပြတ်တွေဝတ်ထားတဲ့မိန်းကလေးမဟုတ်။

သဘာဝအတိုင်းလေးလှနေတဲ့နှာတံစင်းစင်းအညိုရောင်ဆံနွယ်အိအိလေးနဲ့မပါးမထူတဲ့နှုတ်ခမ်းတစ်စုံပြီးတော့အဲ့နှုတ်ခမ်းလှလှလေးကနေပဲဘယ်သူနဲ့မှမတူအောင်လှပတဲ့အပြုံးမျိုးကိုပြုံးနိုင်တဲ့သူ။

ထိုလူဟာယောကျ်ားလေးတစ်ယောက်။လှရက်လွန်းပါပေတယ်။ပြုစားနိုင်လွန်းပါပေတယ်။တည်ငြိမ်လွန်းလှပါတယ်ဆိုတဲ့Lee JuYeonရဲ့နှလုံးသားကိုအချိန်ခနလေးအတွင်းမှာဖမ်းစားနိုင်ခဲ့ပါတယ်။

JuYeon's pov - နောက်ထပ်အဲ့အပြုံးလေးကိုထပ်မြင်ရမှပဲဖြေသာတော့မယ်ထင်ပါတယ်JaeHyunရယ်........
____________________________________

Thanks for reading🌸

Bạn đang đọc truyện trên: AzTruyen.Top