Chapter 2
ဒီနေ့ကပိတ်ရက်....သားလေးBoMinကိုကစားကွင်းလိုက်ပို့ဖို့စီစဥ်ပေးထားသည်မလို့သားလေးရယ်Ericရယ်နဲ့တူတူထွက်လာလိုက်ကြသည်။
Bodyguardတွေကတော့နောက်ကားနှစ်စီးနဲ့သက်သက်စီလိုက်လာကြသည်။JuYeonကသူတစ်ယောက်တည်းဆိုဘာမှမဖြစ်ပေမဲ့သားလေးနဲ့Ericပါရင်တော့Bodyguardများနှင့်လာတတ်သည်။
သူကျင်လည်နေတဲ့လောက ကထင်သလောက်မရိုးရှင်းဘူးကို။ဒီလောက်တော့သူကြိုတင်ကာကွယ်ရမည်လေ။ကစားကွင်းရှေ့ရောက်သည်နှင့်BoMinလေးမှာခုန်ဆွဆွလုပ်ကာကားပေါ်မှဆင်းသွားသည်။
အဝါရောင်အစင်းအကွက်ဘောင်းဘီလေးနှင့်JuYeonရဲ့သားလေးBoMinဟာလူတစ်ကာရဲ့ပါးစပ်ဖျားမှာချစ်ဖို့ကောင်းလိုက်တာဟုမထွက်ရမနေနိုင်လောက်အောင်ကိုချစ်ဖို့ကောင်းလွန်းနေသည်။

(ဒါကတော့Bominလေးပေါ့နော်)
အဖေဖြစ်သူနှင့်ဦးလေးဖြစ်သူမှာလည်းကားပေါ်ကဆင်းသည်နှင့်လူတိုင်းရဲ့အကြည့်ကိုဖမ်းစားနိုင်လောက်အောင်ကိုချောမောလွန်းနေကြသည်။ဒါကိုလည်းအရှိန်အဝါလို့ပဲခေါ်မလား။အနက်ရောင်ကိုအပေါ်အောက်ဝမ်းဆက်ဝတ်ဆင်ထားကြတဲ့သူတို့နှစ်ယောက်ကအရောင်အသွေးစုံလင်စွာဝတ်ဆင်လာကြတဲ့ကစားကွင်းကလူတွေနဲ့လားလားမျှမဆိုင်။
ညီအကိုနှစ်ယောက်တည်းသီးသန့်ကိုချောနေကြသည်မလို့လူတိုင်းကမကြည့်ဘဲမနေနိုင်ကြ။

( ညီအကိုနှစ်ယောက်ရဲ့ချောမောနေမှုကြီးပါ။ဘယ်ဘက်ကJuYeon...ညာဘက်ကEricပါ)
ဝင်ပေါက်ကိုရောက်သည်နှင့်အကုန်လုံးကဘေးကိုနည်းနည်းစီတိုးလိုက်ကြသည်။ဒါဟာလည်းLee JuYeonရဲ့အရှိန်အဝါကြောင့်ပင်။Bodyguardနှစ်ယောက်ကိုပဲအထဲခေါ်ပြီးEricရယ်သားလေးရယ်နဲ့အတူဝင်လာလိုက်သည်။သားလေးကတော့အထဲရောက်တာနှင့်ခုန်ပေါက်ပြီးပြေးလွှားဆော့ကစားနေသည်။
JuYeonနဲ့Ericကတော့BoMinလေးကိုလိုက်ကြည့်ပေးနေသည်။ဘာအပြစ်မှမရှိတဲ့ရိုးသားတဲ့ကလေးကိုဘာကြောင့်များကံကြမ္မာကရက်စက်ပါလိမ့်။ဒါပေမဲ့လည်းJuYeonကြောင့်ရက်စက်သည်ဟုတော့ပြောမရ။မိဘအရင်းတွေမရှိတော့ပေမဲ့သားအရင်းသဖွယ်ချစ်ပေးတဲ့ဦးလေးကြောင့်BoMinလေးဘဝဟာပျော်ရွှင်စရာလည်းကောင်းနေပြန်တယ်။
သူတို့နှစ်ယောက်BoMinဆော့တာကိုစောင့်နေတုန်းကောင်မလေးတစ်ယောက်ကသူတို့အနားမှာရစ်သီရစ်သီလာလုပ်နေသည်။ပြီးတော့ဖုန်းကိုထုတ်ပြီးသူတို့နားကိုလာကာဓာတ်ပုံရိုက်မယ်လုပ်တော့JuYeonတစ်ချက်ပင်စူးစူးဝါးဝါးကြည့်လိုက်သည်။
ထိုကောင်မလေးမှာလည်းJuYeonကိုမြင်သွားတော့လန့်ပြီးသူ့ဖုန်းလေးကိုပြန်သိမ်းကာထွက်သွားလေသည်။Lee JuYeonဆိုလျှင်ပါးစပ်ကပြောနေစရာမလိုအောင်ကိုဖြစ်နေမှကြိုက်သည့်သူမို့ကြည့်ရုံသာကြည့်လိုက်သည်။
အကြည့်တစ်ချက်နဲ့တင်ထွက်သွားသည်မို့တော်သေးသည်။မဟုတ်ရင်ကစားကွင်းထဲမှာလာပြီးဝရုန်းသုန်းကားကဖြစ်ဦးမည်လေ။
"Daddy"
"သားလေးဆော့လို့ဝပြီလား"
"ဟုတ်ကဲ့"
"သားသားမုန့်စားချင်တယ်"
"ဘာစားချင်လို့တုန်းသားက"
BoMinလေးကဘာစားရမလဲစဥ်းစားနေတုန်းEricမှBoMinကိုကြည့်ပြီးပါးစပ်လေးလှုပ်ရုံပြောလိုက်သည်။
"ပီဇာ...ပီဇာ..လို့ပြော"
ဒါကိုသတိထားမိတဲ့JuYeonက"
"Ericငါကသားစားချင်တာကိုမေးတာနော်မင်းစားချင်တာကိုမေးနေတာမဟုတ်ဘူး"
"ဟီး...ဟီး"
"Daddyသားသားလည်းပီဇာပဲစားတော့မယ်"
"ဒါဆိုlet's go"
Ericကတော့ဝတ်ထားသည်နှင့်မလိုက်မဖက်ပီဇာစားရတော့မည်ဆိုသောကြောင့်BoMinလက်ကိုဆွဲကာခုန်ပေါက်ပြီးထွက်သွားလေသည်။
JuYeonကတော့ထိုကလေးနှစ်ယောက်ကိုကြည့်ပြီးမနိုင်ဘူးဆိုသည့်အနေဖြင့်ခေါင်းခါလျက်။
ကားနားရောက်တော့JuYeonမှ...
"သားသားခနလေးနော်Daddy toiletသွားလိုက်ဦးမယ်"
"Hyungကျွန်တော်လည်းလိုက်မယ်"
"အင်း...ဒါဆိုမင်းတို့တွေBoMinလေးကိုသေချာကြည့်ထား"
JuYeonလည်းBodyguardတွေကိုမှာပြီးEricနဲ့toiletကိုသွားလိုက်သည်။
BoMinလေးကတော့ကားနားမှာစောင့်နေရင်းလမ်းရဲ့တစ်ဖက်မှာအာတာပူစီသည်ကိုတွေ့လိုက်တာမို့အာတာပူစီကြီုက်တဲ့BoMinလေးကဘာမပြောညာမပြောနှင့်သွားလိုက်လေသည်။
ထားခဲ့သည့်Body guardတွေကလည်းသတိမထားမိလိုက်ချေ။BoMinလေးကတော့လမ်းကူးရင်းနဲ့တစ်ဖက်ကိုရောက်သွားပေမဲ့အာတာပူစီသည်ကတော့ထိုနားမှာမရှိတော့။
BoMinလည်းလိုက်ရင်းနဲ့သူမမှတ်မိသည့်နေရာသို့ရောက်သွားလေသည်။လူကြီးတွေအတွက်ဆိုရင်တော့လမ်းထောင့်ချိုးလေးပေမဲ့5နှစ်သားBoMinလေးအတွက်ကတော့လမ်းပျောက်သွားရှာပြီ။
လမ်းထောင့်နားလေးမှာထိုင်ချလိုက်ပြီးDaddyနဲ့ဦးလေးEricကို တ ကာငိုနေတော့သည်။
ထိုစဥ်BoMinလေးရှေ့သို့ရောက်လာသည့်လူတစ်ယောက်......
"ကလေးလေးဘာလို့ငိုနေတာလဲ"
"ဟင်"
JaeHyunအမှိုက်လာလွှင့်ရင်းနဲ့ကလေးငိုသံကြားတာမလို့လာကြည့်လိုက်တော့ထင်သည့်အတိုင်းကလေးလေးတစ်ယောက်။
ကြည့်ရတာလမ်းပျောက်သွားတဲ့ပုံပဲဟုတွေးကာကလေးရှေ့တွင်ထိုင်ချလိုက်သည်။
တစ်ဖက်မှာတော့.....
JuYeonနဲ့Eric toiletကပြန်လာတော့BoMinကိုခေါ်လိုက်သည်။
"သားသားရေ...."
"သားကော"
"ဗျာ...စောနကဒီနားမှာပဲရှိနေတုန်း....."
"ဘာ!!!!!"
JuYeonဒေါသကြီးစွာအော်မိလိုက်သည်။
"ဟျောင့်.....မင်းပြောချင်တာBoMinလေးပျောက်သွားတာလား ဟင်"
JuYeonထိုလူရဲ့ကော်လံစကိုဆွဲပြီးမေးလိုက်သည်မို့ထိုလူမှာကြောက်၍တုန်နေသည်။
"Hyungစိတ်ထိန်းဦး....BoMinလေးကိုအရင်ရှာရမယ်လေ"
ထိုအခါမှသာJuYeonထိုလူကိုလွှတ်ပေးလိုက်ပြီး.....
"မင်းတို့တွေဟိုဘက်အခြမ်းကိုလူဖြန့်ပြီးရှာ....ငါနဲ့Ericကဒီဖက်မှာရှာမယ်...အေး....မတွေ့လို့ကတော့မင်းတို့အသေပဲဆိုတာမှတ်ထားနော်"
JuYeonကလွယ်လွယ်နဲ့စိတ်တိုတတ်သူတော့မဟုတ်ပေမဲ့တစ်ကယ်တမ်းဒေါသထွက်လျှင်နတ်ဆိုးပမာကြောက်ဖို့ကောင်းလှသည်။
.............
"သားသားလေး....."
"ဒီကဦးဦးချောချော...သားသားကိုDaddyဆီပြန်ပို့ပေးပါလားဟင်"
"သားသားလမ်းပျောက်သွားလို့လား"
"ဟုတ်ကဲ့"
"သားသားနာမည်က..."
"Lee BoMinပါ"
"အော်...BoMinလေးလာပါဦး....ဦးဦးဆီ"
JaeHyunမှာကြောက်နေရှာတဲ့BoMinလေးကိုချီလိုက်တော့အလိုက်သင့်လေးကလေးကပါလာသည်။
ဘယ်လောက်တောင်ကြောက်နေသည်မသိတုန်တောင်တုန်နေရှာသည်။ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးလေးကိုမြင်တော့JaeHyunချစ်လည်းချစ်သနားလည်းသနားမိသည်။
ထို့ကြောင့်ကလေးရဲ့ကျောကုန်းလေးကိုအသာလေးပုတ်ပေးတော့မှငိုတာရပ်သွားသည်။အဲ့တော့မှပဲJaeHyunကလေးကိုမေးရတော့သည်။
"သားသားDaddyနာမည်က"
"Lee JuYeonပါ"
JaeHyun's pov - Lee JuYeon?ငါကြားဖူးနေသလိုပဲထားပါကလေးကပိုအရေးကြီးတယ်
"သားသားဘယ်နားကနေလမ်းပျောက်တာလဲမှတ်မိလား"
"ဟို....သားသားDaddyနဲ့ဦးဦးEricကိုကားနားမှာစောင့်နေတာ....သားသားကအာတာပူစီသည်တွေ့တော့လိုက်ရင်းနဲ့မပြန်တတ်တော့တာ"
"အော်....ဟုတ်ပါပြီဦးဦး သားသားDaddyဆီလိုက်ပို့ပေးမယ်နော်"
"ဟုတ်ကဲ့ဗျ"
BoMinလေးကအဲ့တော့မှပဲပြန်ပြုံးပြလာတော့သည်။
JaeHyun's pov - ကစားကွင်းလာရင်းနဲ့ကားနားမှာစောင့်နေတာဆိုတော့.....
JaeHyunလည်းသူတွေးမိသလောက်ကစားကွင်းရှေ့ကားတွေရပ်တဲ့နေရာကိုBoMinလေးကိုချီလျက်ပင်သွားလိုက်သည်။
မလာခင်လည်းဆိုင်ရှေ့ကိုထွက်လာတဲ့ChanHeeကိုအကျိုးအကြောင်းရှင်းပြခဲ့သည်။
JuYeonတို့နှံ့နေအောင်ရှာပေမဲ့BoMinလေးကိုမတွေ့တာမို့စိုးရိမ်စိတ်တို့ကပိုမိုပြင်းထန်လာသည်။
"Hyung...ကျွန်တော်တို့ရဲစခန်းကိုတိုင်လိုက်ကြမလား"
"အေး..."
JuYeonဖုန်းထုတ်နေတုန်းမှာပဲ....
"Daddy!!!....ဦးဦးချောချောဟိုမှာသားသားDaddy"
JaeHyunလည်းBoMinလေးပြတဲ့ဘက်ကိုသွားလိုက်တော့ကားနားမှာရပ်နေကြတဲ့လူနှစ်ယောက်နဲ့လူတစ်စု။
"Daddy!!"
"သားသား"
JuYeon BoMinကိုတွေ့တော့စိုးရိမ်စိတ်တွေလျော့ကျသွားသည်။
BoMinလေးကတစ်ခုထူးခြားသည်မှာJuYeonကိုတွေ့ပင်မဲ့JaeHyunပေါ်ကနေတော့မဆင်းပါ။
"ပျောက်သွားပြီထင်နေတာသားသားကို"
"ဟင့်အင်းမပျောက်ပါဘူးDaddyရဲ့ဒီကဦးဦးချောချောကသားသားကိုလိုက်ပို့ပေးတာ"
ထိုအခါမှJuYeonလည်းJaeHyunကိုကြည့်ပြီး...
"ကျွန်တော်တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ"
"ရပါတယ်.....ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"
JaeHyunလည်းJuYeonလက်ထဲကိုBoMinလေးကိုထည့်ပေးမယ်အလုပ်BoMinကမဆင်းဘဲ...
"ဦးဦးချောချော..မသွားပါနဲ့လား...သားသားကိုအိမ်ထိလိုက်ပို့ပေးပါလား"
"သားသားကလည်းဦးဦးကအလုပ်ရှိသေးတယ်လေ"
"ခနပဲလေနော်...."
JuYeonရောEricကောအနည်းငယ်အံ့သြမိပါသည်။သူစိမ်းဆိုရင်မျက်နှာတောင်အကြည့်မခံတဲ့BoMinလေးကအခုတော့ဒီကောင်လေးကိုအိမ်ထိပါခေါ်နေလေသည်။ဒါဟာလည်းသူကြောက်နေတုန်းအနားမှာရှိပေးတဲ့သူဖြစ်လို့ထင်ပါရဲ့။
"သာသားကလည်းအဲ့လိုမဆိုးရဘူးလေနော်ဒီကဦးဦးကအလုပ်ရှိတယ်တဲ့"
JuYeonကBoMinလေးကိုလှမ်းချီမယ်လုပ်တော့BoMinမှာJaeHyunကိုပိုလို့ပင်ဖက်တွယ်ကာငိုသံလေးနှင့်ပြောလာတော့သည်။
"ဟင့်အင်း...သားသားအိမ်ထိပဲလိုက်ပို့ပေးလေနော်...လိုက်ခဲ့နော်....နော်လို့"
တစ်နော် နော် နဲ့ချစ်ဖို့ကောင်းစွာချွဲပြီးပြောနေသောBoMinလေးကိုကြည့်ပြီးအကုန်လုံးပြုံးမိကြသည်။အဲ့တော့JuYeonကပဲ......
"ဒါဆိုလည်းခနလောက်တော့လိုက်ခဲ့ပေးလို့ရမလားဗျ...ကျွန်တော်ကိုယ်တိုင်ပြန်ပို့ပေးပါ့မယ်"
JaeHyunလည်းBoMinလေးကိုသနားသည်မို့.....
"ဟုတ်ကဲ့ကျွန်တော်လိုက်ခဲ့ပါ့မယ်"
"ရေး....."
______________________________
Thanks for reading🌸
Bạn đang đọc truyện trên: AzTruyen.Top