Chapter 16

"ဟယ်လိုEric.....အလုပ်တွေမင်းအရင်ကြည့်ကြပ်လုပ်ထားလိုက်ဦးနော်ငါဝင်စရာနေရာတစ်ခုရှိသေးလို့"

"ဟုတ်ကဲ့Hyung"

JuYeonအလုပ်မသွားခင်နေရာတစ်ခုသို့အရင်ဝင်လိုက်သည်။ထိုနေရာကတစ်ခြားနေရာတော့မဟုတ်။လက်ဝတ်ရတနာရောင်းသည့်ဆိုင်ပင်ဖြစ်သည်။

သူJaeHyunကိုလက်ထပ်ခွင့်တောင်းတော့မည်။သူများတွေအမြင်မှာမြန်လွန်းတယ်ဟုထင်ချင်လည်းထင်ပါစေ။သူမစောင့်ချင်တော့။သူနဲ့Jaeကချစ်သူတွေဆိုပေမဲ့သူ JaeHyunကိုအပြီးပိုင်ဆိုင်ချင်သည်။သူဒီဆုံးဖြတ်ချက်ကိုမနေ့ညနေJaeHyunသူ့ပေါ်မှာမှီပြီးအိပ်နေကတည်းကချလိုက်သည်။

ဒါဟာလည်းချစ်ရတဲ့စိတ်ကြောင့်ဖြစ်လာသည့်လောဘပင်။သူJaeရဲ့လက်လေးကိုကိုင်မိတိုင်းစိတ်နဲ့မှန်းလာခဲ့တဲ့Jaeရဲ့လက်အတိုင်းလေးကိုလည်းသူစိတ်ထဲပြန်တွေးနေမိသည်။

ဆိုင်ရှေ့အရောက်ကားရပ်ပြီးတော့ဆိုင်ထဲကိုဝင်လိုက်သည်။ဝင်လည်းဝင်လိုက်တော့စျေးဝယ်သူတွေနဲ့ဆိုင်ဝန်ထမ်းကောင်မလေးတွေကသူ့ကိုအံ့သြစွာလှည့်ကြည့်ကြသည်။

ပြီးတော့မှဆိုင်ဝန်ထမ်းကောင်မလေးတစ်ယောက်ကအနားရောက်လာပြီးJuYeonကို

"CEO Leeရှင့် ဘာများအလိုရှိပါလဲ"

"လက်စွပ်ဒီဇိုင်းမှာချင်လို့လာကြည့်တာပါ"

"ဟုတ်ကဲ့ဒီဘက်ကိုကြွပါ"

JuYeonလည်းဆိုင်ဝန်ထမ်းကောင်မလေးပြသည့်ဘက်ကိုလာလိုက်ပြီးလက်စွပ်တွေအစီအရီထားထားတဲ့ကောင်တာကိုရောက်သွားသည်။

"ဟုတ်ကဲ့ဒီမှာကျွန်မတို့ဆိုင်ရဲ့လက်စွပ်ဒီဇိုင်းတွေအကုန်ရှိပါတယ်နောက်ဆုံးပေါ်ဒီဇိုင်းတွေလည်းရှိပါတယ်"

JuYeonလည်းဝန်ထမ်းမလေးပြတဲ့ဒီဇိုင်းတွေကြည့်လိုက်တော့တစ်ခုမှစိတ်တိုင်းမကျသေးချေ။

ဒါကိုသတိထားမိတဲ့ဆိုင်ဝန်ထမ်းမလေးက

"ဟို..သဘောကျတာမတွေ့သေးလို့လားရှင့်လိုချင်တဲ့ဒီဇိုင်းကိုပြောကြည့်လို့လဲရပါတယ်ရှင့်"

"အင်း...ဟိုဟာ...ရိုးရိုးလေးနဲ့ကိုလှလှလေးအဲ့လိုပုံလေးလိုချင်တယ်စိန်ပွင့်သေးသေးလေးပဲဖြစ်ဖြစ်ပါရင်ပိုကောင်းတယ်"

"ဟုတ်ကဲ့ဒါဆိုဒီတစ်ခုလေးဆိုရင်ကော"

"အင်း....ဒါပေမဲ့စိန်ကိုတစ်လုံးထဲမထည့်ပဲနဲ့ဒီဖက်တစ်ခုမှာပြသလိုမျိုးလေးထည့်ပေးလို့ရမလား"

"ဟုတ်ကဲ့အဲ့လိုလည်းရပါတယ်....ဒါနဲ့ဘယ်သူ့အတွက်လဲဆိုတာသိခွင့်ရမလားရှင့်"

"ကျွန်တော့်ချစ်သူကိုလက်ထပ်ခွင့်တောင်းချင်လို့ပါ"

"အော်....ဟုတ်ကဲ့ဒီလိုဒီဇိုင်းလေးဆိုချစ်သူကလည်းကြိုက်လောက်မှာပါ"

JuYeonမှာအကြံတစ်ခုပေါ်လာသောကြောင့်ဝန်ထမ်းကောင်မလေးကိုမေးလိုက်သည်။

"ဟိုတစ်ခုလောက်အကြံတောင်းလို့ရမလား"

"ရပါတယ်ရှင့်"

"ကျွန်တော်လက်ထပ်ခွင့်တောင်းချင်ပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးဖြစ်နေတာ"

"အော်သိပြီအင်း.....သူ့ရဲ့special dayလေးမှာပဲဖြစ်ဖြစ်တောင်းရင်ကောမွေးနေ့မှာပဲဖြစ်ဖြစ်အမှတ်တစ်ရဖြစ်သွားအောင်ပေါ့"

JuYeonလည်းထိုကောင်မလေးပြောတာကိုခေါင်းငြိမ့်ပြကာစဥ်းစားနေလိုက်သည်။JaeHyunရဲ့မွေးနေ့ကလည်းနောက်လကျရင်ရောက်ပြီဆိုတော့သူလည်းအဲ့တော့မှပဲတောင်းရန်ဆုံးဖြတ်လိုက်သည်။

"လက်စွပ်ရဖို့ဘယ်လောက်ကြာဦးမလဲ"

"နောက်သုံးပတ်လောက်နေရင်ရပါပြီ"

"အင်းဒါဆိုအကိုက်ပဲသူ့မွေးနေ့ကလည်းနောက်လမှဆိုတော့"

"ဒါဆိုဒီမှာဖောင်တစ်ချက်ဖြည့်ပေးခဲ့ပါနော်"

"ဟုတ်ကဲ့အော်...ဒါနဲ့လက်စွပ်မှာနာမည်ထည့်ချင်သေးတယ်"

"ဟုတ်ကဲ့ရပါတယ်ဒီဖောင်မှာထည့်ပေးခဲ့လိုက်ပါsizeလည်းတစ်ခါတည်းရေးပေးပါရှင့်"

"Sizeကတစ်ကွင်းကိုဒီမှာရေးထားတဲ့အတိုင်းလုပ်ပြီးနောက်တစ်ကွင်းကိုတော့ဒီထက်သေးတဲ့တစ်sizeလုပ်ပေးပါ"

"ဟုတ်ကဲ့ပါရရင်ဖုန်းဆက်လိုက်ပါ့မယ်အခုလိုမျိုးကျွန်မတို့ဆီကမှာယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချစ်ရသူနဲ့လည်းပျော်ရွှင်ရပါစေလို့ဆုတောင်းပေးပါတယ်ရှင့်"

"ဟုတ်ကဲ့ပါ"

JuYeonလည်းလက်စွပ်မှာပြီးတော့Companyကိုလာလိုက်သည်။စိတ်ထဲမှာလည်းအနည်းငယ်တော့စိုးရိမ်မိသား။သူရွေးတဲ့လက်စွပ်ကိုJaeHyunမှသဘောကျပါ့မလားဆိုတဲ့စိတ်ကလေးကြောင့်ဖြစ်သည်။ပြီးတော့သူ့ကိုတွဲတာတောင်မကြာသေးဘဲခုလိုလက်ထပ်ခွင့်တောင်းတယ်ဆိုပြီးငြင်းခံရမှာလည်းကြောက်သေးသည်။
....................

ညနေအိမ်ပြန်ရောက်တော့

"Daddy!!!"

BoMinလေးနဲ့JaeHyunကလာကြိုသည်။BoMinကတော့ထုံးစံအတိုင်းJuYeonပေါ်ကိုတက်ပြီးဖက်ထားသည်။

"မောင်အိတ်ကဒီကိုပေးလေ"

"အင်းJae"

"မောင်ဗိုက်ဆာနေပြီလား"

"အင်းဆာတော့ဆာနေတယ်"

"ဒါဆိုခနနော်ဟင်းတွေသွားနွှေးလိုက်ဦးမယ်"

မီးဖိုချောင်ထဲကိုအပြေးလေးဝင်သွားတဲ့JaeHyunကိုကြည့်ပြီးJuYeonပြုံးမိသည်။

"DaddyကAppaကိုအရမ်းချစ်တာပဲနော်"

BoMinလေးဆီကပြောလာသည့်စကားကြောင့်JuYeonတောင်အံ့သြမိသည်။

"သားကဘယ်လိုသိလဲ"

"AppaကDaddyကိုဆိုအမြဲတမ်းလိုက်ကြည့်နေတာကြည့်ရင်လည်းဘယ်လိုမှန်းမသိဘူးတစ်မျိုးလေး။ဦးဦးEricပြောပြတာအဲ့တာချစ်လို့အဲ့လို့ဖြစ်တာတဲ့"

"ဟုတ်တာပေါ့သားရဲ့"

"သားသားကတော့DaddyကိုကောAppaကိုကောဦးဦးEricကိုကောအရမ်းချစ်တာနော်"

"သိပါပြီစကားတတ်လေးရယ်"
..................

ဒီလိုနဲ့နေလာထိုင်လာရင်းJaeHyunရဲ့မွေးနေ့ရက်ကိုတောင်ရောက်ရှိလာသည်။JaeHyunကတော့JuYeonသူ့မွေးနေ့ကိုမသိသေးဘူးဟုထင်ထားသောကြောင့်မနက်ခင်းရောက်တာနှင့်ပြောဖို့စောင့်နေသည်။

"မောင်...ထရအောင်လေ"

"အင်းထပြီ"

ဟုဆိုကာထသွားသောJuYeonကြောင့်JaeHyunအနည်းငယ်တော့ကြောင်သွားသည်။အရင်တုန်းကဆိုနေ့တိုင်းမနက်တိုင်းနိုးပြီဆိုကတည်းကသူ့ပါးကိုပဲဖြစ်ဖြစ်နှာခေါင်းကိုပဲဖြစ်ဖြစ်နှဖူးကိုပဲဖြစ်ဖြစ်နမ်းပြီးမှထတတ်သည်။အခုတော့ထပြီဟုပြောကာတန်းပြီးရေချိုးခန်းထဲဝင်သွားသည်။

မွေးနေ့ရဲ့မနက်ခင်းကိုစိတ်ကောက်ခြင်းနဲ့မစတင်ချင်တော့JaeHyunလည်းဘာမှထပ်စဥ်းစားမနေတော့ဘဲJuYeonအတွက်suitထုတ်ပေးကာမနက်စာပြင်ကူရန်အောက်ထပ်သို့သွားလိုက်သည်။

မနက်စာစားတော့လည်းထူးထူးဆန်းဆန်းJuYeonမှစကားမပြောသောကြောင့်JaeHyunမှာပြောဖို့တန့်နေသည်။အခြေအနေကိုသိနှင့်နေပြီးသားEricကတော့ရယ်ချင်စိတ်ကိုမနည်းထိန်းကာမနက်စာကိုပဲသွတ်နေလိုက်သည်။

မနက်စာလည်းစားပြီးသွားတော့JaeHyunပြောရန်စကားစလိုက်သည်။

"မောင်...ဒီနေ့ကလေ......"

"အော်..Jaeပြောဖို့မေ့နေလို့မောင်ဒီနေ့အိမ်ပြန်နောက်ကျမယ်နော်"

JaeHyunစကားမပြောခင်JuYeonမှဖြတ်ပြောလိုက်သည်။

"ဘာလို့လဲ"

"မောင်သူငယ်ချင်းတစ်ယောက်ရဲ့ပွဲတစ်ခုသွားဖို့ရှိလို့အဲ့မှာပဲညစာပါတစ်ခါတည်းစားမှာမလို့Jaeကမောင့်ကိုမစောင့်နေတော့နဲ့နော်Bominလေးနဲ့ပဲစားလိုက်"

"အင်းပါ....."

JaeHyunစိတ်မကောင်းဖြစ်သွားသည်။မွေးနေ့လေးမှာJuYeonနဲ့တူတူညစာစားချင်ပါတယ်ဆို။

JaeHyun's pov - တစ်ကယ်ပေါ့။ငါ့မွေးနေ့မှာကိုလေ

သိသိသာသာမျက်နှာလေးညိုးကျသွားတဲ့JaeHyunကိုကြည့်ပြီးJuYeonအသည်းယားနေမိသည်။သူကsupriseအကြီးကြီးတိုက်မှာဆိုတော့ဒီလောက်တော့သူလုပ်လိုက်မိသည်။ဒါကြောင့်နိုးတုန်းကတောင်နမ်းနေကျပါးလေးကိုမနမ်းခဲ့ရ၍သူမနေတတ်။

JuYeon's pov - Jaeတစ်ခါမှမရဖူးတဲ့မွေးနေ့လက်ဆောင်မျိုးမောင်ကပေးမှာမလို့ပါJaeရယ်

JuYeonကား ခြံထဲကထွက်သွားတာလေးကိုကြည့်ပြီးJaeHyunဝမ်းနည်းနေမိသည်။သူမှကြိုမပြောပြခဲ့မိတာ။ညစာလေးတောင်အတူတူမစားရတော့ဘူး။

"ဟူး......."

JaeHyunသက်ပြင်းတစ်ချက်ချလိုက်ကာအိမ်ထဲကိုလေးကန်စွာပင်ဝင်သွားလိုက်သည်။
..............

"Eric...အကုန်စီစဥ်ပြီးပြီလား"

"အင်း...ဒါပေမဲ့ပန်းကအဖြူမရဘူးတဲ့Hyung"

"ဘာ!!!"

"ငါတစ်ခါတည်းပြောခဲ့တာလေ"

"အဲ့တာကဟုတ်ပေမဲ့သူတို့က......"

ပြောနေရင်းတန်းလန်းဝုန်းခနဲရုံးခန်းထဲကထသွားကာကားပါကင်ဆီကိုသွားလိုက်သည့်JuYeonကြောင့်Ericလည်းခပ်မြန်မြန်သာလိုက်ခဲ့လိုက်သည်။

ဆိုင်ကိုအမြန်မောင်းလိုက်ပြီးဟိုလည်းရောက်တော့.....

"CEO Leeရှင့်ဘာများအလိုရှိသေးလို့​ပါလဲရှင့်"

"ပန်းကဘာကိစ္စနဲ့အဖြူမရရတာလဲ"

"ဟိုအဲ့တာက.....ကျွန်မတို့......."

"မင်းတို့အကုန်လုံးနားထောင်!!"

ဒေါသသံနှင့်မအော်ရုံတစ်မယ်ပြောလိုက်သည့်JuYeonကြောင့်ဆိုင်ထဲရှိဝန်ထမ်းတွေအကုန်ကြောက်သွားပြီးခေါင်းတောင်မဖော်ရဲကြတော့ပေ။

"သစ်ခွကော...နှင်းဆီကော...အကုန်အဖြူရအောင်လုပ်ထား!!ရှာမရရင်ဟိုတောဘက်ထိသွားရှာ!!!"

"ဟုတ်...ဟုတ်ကဲ့ပါရှင့်ကျွန်မတို့အမြန်ဆုံးလုပ်ပေးပါ့မယ်"

"အေး....အမြန်လုပ်လိုက်ရလို့ဆိုပြီးမသေမသပ်ပုံထွက်လာကြည့်...ငါ့အကြောင်းသိသွားမယ်"

"ဟုတ်ကဲ့ပါရှင့်အတတ်နိုင်ဆုံးလှအောင်ပြင်ပေးပါ့မယ်"

JuYeonပြောပြီးထွက်လာလိုက်သည်။ဝန်ထမ်းတွေကတော့အသက်တောင်ရဲရဲမရှူရဲကြတော့ချေ။Ericမှာလည်းဘာမှဝင်မပြောရဲ။JuYeonအကြောင်းသူအသိဆုံးပဲမလား။

ဆိုင်ကနေထွက်လာပြီးနောက်ထပ်ဆိုင်လေးတစ်ဆိုင်ကိုJuYeonထပ်ဝင်လိုက်သည်။ထိုဆိုင်ကားအခြားဆိုင်တော့မဟုတ်။သူလက်စွပ်မှာထားသည့်ဆိုင်ပင်ဖြစ်သည်။

"ကျွန်တော်မှာထားတဲ့လက်စွပ်တစ်စုံရပြီလားလာကြည့်တာပါ"

"ဟုတ်ကဲ့ရပါပြီရှင့်...ဒီမှာပါလက်စွပ်က"

ဝန်ထမ်းကောင်မလေးထုတ်ပြသည့်လက်စွပ်လေးကိုကြည့်ပြီးJuYeonမှာပီတိဖြစ်ရပြန်သည်။Jaeရဲ့လက်လေးနဲ့ဆိုသိပ်လိုက်မှာပဲဟူသောစိတ်ကလေးဖြင့်။

"ဘယ်လိုပုံနဲ့ထုပ်ပေးရမလဲရှင့်"

"ရိုးရိုးလေးကိုမှအဖြူရောင်ဘူးလေး"

"ဟုတ်ကဲ့သိပါပြီရှင့်"

____________________________________

Thanks for reading🌸



Bạn đang đọc truyện trên: AzTruyen.Top