Chapter 15

( ဒီအပိုင်းမှာတစ်ခြားအဖွဲ့ကcameoတစ်ယောက်ပါမယ်နော်အားလုံးလည်းသိကြမှာပါသူ့ကို )

1 month later........

"မောင်...အလုပ်သွားတော့မှာလား"

"အင်းJae"

"အော်...မောင်ရယ်necktieကိုဘယ်လိုစီးထားတာလဲမစီးတတ်တာလဲမဟုတ်ပဲနဲ့သေချာပြန်ပြင်လိုက်ဦး"

"Jaeပြင်ပေးလေ"

JaeHyunငြင်းမရမှာသိတာမလို့JuYeonနားသွားပြီးnecktieလေးကိုပြန်ပြင်ပေးလိုက်သည်။

"ကဲ...ရပြီ"

"မသွားခင်လေးမောင့်ကိုအားဆေးလေးမပေးချင်ဘူးလား"

"ဘာအားဆေးလဲ Vitamine လားခနနော်သွားယူပေးမယ်"

"ဟာ....Jaeကလဲအဲ့တာတွေပြောနေတာမဟုတ်ဘူးလေကွာ....ဒီအားဆေးလေးကိုပြောတာ"

ပြောရင်းဆိုရင်းJaeနှုတ်ခမ်းလေးကိုလက်နဲ့အသာတို့လိုက်သည်။ထုံးစံအတိုင်းJaeHyunလည်းရှက်သွားပြီးမျက်နှာလေးပန်းရောင်သမ်းလာသည်။

ပြီးတော့မျက်လုံးလေးကိုအသာလေးမှိတ်ပြီးခေါင်းလေးမော့လိုက်တော့JuYeonလည်းတုံ့ဆိုင်းမနေတော့ဘဲJaeHyunနှုတ်ခမ်းလေးကိုအသာလေးနမ်းလိုက်သည်။

ထိုစဥ်လှေကားကနေဆင်းလာကြတဲ့BoMinနဲ့Ericကမြင်သွားတော့..

"အာ.....Hyungတို့ကလည်းဒီမှာBoMinလေးရှိနေတာကို"

EricမှာBoMinလေးရဲ့မျက်လုံးကိုအမြန်လှမ်းပိတ်ရင်းနဲ့ပြောလိုက်သည်။

နှစ်ယောက်သားအဲ့တော့မှလန့်သွားပြီးခွာလိုက်သည်။JuYeonလည်းအရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း....

"ဒါဆိုJae...မောင်သွားတော့မယ်BoMinလေးတာ့တာ"

"ဟုတ်ကဲ့Daddy"

"ဒါဆိုလာBoMinလေးလည်းကျောင်းသွားရမယ်"

JaeHyun Ericနဲ့အတူBoMinလေးကိုကျောင်းပို့ပေးပြီးအိမ်ကိုပြန်လာလိုက်သည်။သူအလုပ်သွားစရာလည်းမလိုတော့။အကြောင်းမှာJuYeonကJaeHyunအလုပ်လုပ်နေရင်စိတ်မချဘူးဟုဆိုလာသောကြောင့်အလုပ်ထွက်ကာအိမ်မှာပဲနေတော့သည်။အိမ်အလုပ်လေးဘာလေးလည်းလုပ်ရင်းပေါ့။

အခုလည်းအိမ်ကအိမ်အကူအန်တီကြီးနဲ့မီးဖိုချောင်ထဲမှာလုပ်ကူပေးနေသည်။လုပ်ကူပေးနေရင်းနဲ့သူတစ်ခုခုကိုသတိရသွားသည်။

"အန်တီပန်ကိတ်လုပ်ဖို့ချောကလက်ဝယ်ပြီးပြီးလား"

"အယ်....ဟုတ်ပါ့အစ်ကိုလေးရေအဲ့တာမေ့နေတာ"

"ဒါဆိုကျွန်တော်သွားဝယ်လိုက်ဦးမယ်ညနေကျရင်BoMinနဲ့Ericကချောကလက်ပန်ကိတ်စားချင်တယ်ပြောလို့"

"အန်တီသွားဝယ်လိုက်မယ်လေ"

"ရပါတယ်ကျွန်တော်လည်းMallမှာဝယ်စရာရှိသေးလို့"

"အော်...အေးအေးဒါဆိုလည်းကောင်းပါပြီကွယ်"

JaeHyunလည်းပေါ့ပေါ့ပါးပါးအဝတ်အစားတစ်စုံကောက်လဲကာMallကိုထွက်လာလိုက်သည်။

Mallကိုရောက်တော့ဝယ်စရာရှိတာတွေဝယ်ရင်းပန်ကိတ်အတွက်ချောကလက်ဘူးရောင်းတဲ့အတန်းကိုသွားလိုက်သည်။ဒါပေမဲ့ချောကလက်ဘူးတွေကသူမမှီတဲ့နေရာကိုရောက်နေတော့JaeHyunတစ်ယောက်အခက်တွေ့နေသည်။

သူလည်းခြေဖျားလေးထောက်ပြီးမမှီမကန်းနဲ့လှမ်းယူနေတုန်းသူ့ထက်အရပ်ရှည်သည့်တစ်စုံတစ်ယောက်မှချောကလက်ဘူးလေးကိုလှမ်းယူပေးလိုက်သည်။

သူလည်းကျေးဇူးတင်ဖို့လှည့်ကြည့်လိုက်တော့

"ကျေးဇူးပါ"

"​အော်....JaeHyun!"

"NamJoon Hyung"

"တစ်ကယ်JaeHyunဖြစ်နေတာပဲ"

"NamJoon Hyungကဘယ်တုန်းကပြန်ရောက်တာလဲ"

"သိပ်မကြာသေးပါဘူး...ရော့ဒီမှာ"

JaeHyunလည်းNamJoonပေးတဲ့ချောကလက်ဘူးလေးကိုလှမ်းယူလိုက်သည်။

"ကျေးဇူးနော်Hyung"

"ဒါနဲ့Hyungတို့မတွေ့တာလဲကြာပြီဆိုတော့cafeပဲဖြစ်ဖြစ်သောက်ကြမလားJaeHyunအချိန်ရရင်ပေါ့"

"ရတာပေါ့Hyungရဲ့"

ဒီလိုနဲ့JaeHyunနဲ့NamJoonလည်းMallကCafeလေးတစ်ခုမှာထိုင်ရင်းအရင်ကအကြောင်းလေးတွေပြန်ပြောဖြစ်နေကြသည်။

NamJoonကအရင်တုန်းကJaeHyunရဲ့အိမ်နီးနားချင်းဖြစ်ခဲ့သလိုJaeHyunနဲ့လည်းရင်းနှီးခဲ့သည်။ဒါပေမဲ့JaeHyunအထက်တန်းလောက်မှာNamJoonကNewYorkကိုကျောင်းပြောင်းသွားပြီးကတည်းကသူတို့နှစ်ယောက်အဆက်အသွယ်ပြတ်သွားကြသည်။အခုမှပြန်လာတွေ့ကြခြင်းသာဖြစ်သည်။

"ဒါနဲ့JaeHyun Ommaကော"

"လွန်ခဲ့တဲ့နှစ်လလောက်ကမှဆုံးသွားတာပါ"

"​အော်...Sorryနော်Hyungမသိခဲ့ဘူး"

"ရပါတယ်Hyungရဲ့....ဒါနဲ့Hyungကောဒီကိုပြန်လာတာအလုပ်ကြောင့်လား"

"အင်းHyungဒီမှာပဲအလုပ်လုပ်မလို့"

"Hyungအိမ်ထောင်ကောကျပြီလား"

"ကျသွားပြီ"

"ဟယ်....တစ်ကယ်လားဘယ်သူနဲ့လဲ"

"ဘယ်သူရှိရမလဲSeokJinနဲ့ပေါ့"

"​အော်....ကောင်းလိုက်တာHyungကကိုယ့်ရဲ့crushကြီးနဲ့ရသွားတယ်ဆိုတော့"

NamJoonကတော့ပါးချိုင့်တွေထင်းနေအောင်ပြုံးနေသည်။

"ဒါနဲ့JaeHyunကော...အိမ်ထောင်ကျပြီလား"

"ကျွန်တော်ကအိမ်ထောင်တော့မကျသေးဘူးဒါပေမဲ့ချစ်သူတော့ရှိတယ်"

"ဟုတ်လားဘယ်သူနဲ့လဲ"

"Hyungသိမလားတော့မသိဘူးLee JuYeonလေ"

"Lee JuYeon?...အော်...သိပြီJJ companyရဲ့CEOမလား"

"ဟုတ်တယ်"

"ဝါး.....မိုက်လိုက်တာ...ငါတို့JaeHyunလေးတောင်ကလေးလေးမဟုတ်တော့ဘူးပဲ"

NamJoonမှာတော့သဘောရိုးလေးနဲ့ပြောပြီးJaeHyunခေါင်းလေးကိုလှမ်းဖွလိုက်ပေမဲ့မလှမ်းမကမ်းကနေမြင်သွားတဲ့ပိုင်ရှင်ကတော့မကျေမချမ်းတွေဖြစ်တော့တာပေါ့။
.............

JuYeonဒီနေ့Ericနဲ့သူဆောက်ပေးထားတဲ့Mallကိုတစ်ချက်လာစစ်ရင်းcafeတစ်ခုမှာJaeHyunကိုတွေ့သွားသည်။လူတစ်ယောက်နဲ့စကားပြောနေတာမြင်ပေမဲ့ထိုလူကိုJuYeonသိပ်သဘောမကျချင်။

JaeHyunကိုစကားပြောနေတာရိုးရိုးတန်းတန်းမပြောဘူး။ငါးခူးပြုံးသလိုလိုဘာလိုလိုနဲ့ပြောနေတာ။သူကြည့်နေလို့ပင်မဆုံးသေးJaeHyunရဲ့ခေါင်းကိုလှမ်းဖွလိုက်တာမြင်တော့LeeJuYeonတို့ဘယ်ရတော့မလဲ။

JuYeon's pov - ဟက်...ငါပိုင်တာကိုများလာပြီးတော့။

JuYeonလည်းတုံ့ဆိုင်းခြင်းမရှိဘဲJaeHyunတို့ထိုင်နေသည့်ဝိုင်းကိုချက်ချင်းသွားလိုက်သည်။

"Jae!"

"မောင်...ဘယ်လိုရောက်လာတာလဲ"

"Jaeကိုလာခေါ်တာ"

"ဟင်...နေပါဦးဒီမှာHyungနဲ့စကားပြောနေရင်းတန်းလန်းကြီးကို"

ထိုအခါသဘောပေါက်တဲ့NamJoonမှ

"ရပါတယ်JaeHyunရဲ့လိုက်သွားလိုက်ပါ"

"ထသွားမယ်"

JaeHyunလည်းJuYeonခေါ်ရာနောက်အမြန်လိုက်သွားပြီးမသွားခင်လည်းNamJoonကိုအားနာသည့်အနေနှင့်ပြုံးပြကာထွက်လာလိုက်သည်။

JuYeonကတော့NamJoonကိုဘုကြည့်တစ်ချက်ကြည့်ခဲ့ပြီးJaeHyunလက်ကိုဆွဲကာခေါ်လာလိုက်သည်။

Ericကတော့အခြေအနေကိုသဘောပေါက်သည့်အတွက်JuYeonကိုကားသော့ပေးပြီးသူကJaeHyunဝယ်လာတဲ့အထုပ်တွေကိုကျန်တဲ့သူတွေနဲ့သယ်လာလိုက်သည်။

JuYeonကတော့စကားကိုတစ်ခွန်းမှမပြောဘဲJaeHyunကိုကားထဲထည့်ကာမောင်းလာလိုက်သည်။

JaeHyunကတော့စကားလည်းတစ်ခွန်းမှမပြောဘဲရုပ်တည်ကြီးနဲ့သူ့ကိုဆွဲခေါ်လာတဲ့JuYeonကိုလန့်နေမိသည်။

သူများဘာအမှားလုပ်မိလည်းလို့တွေးရင်းပေါ့။ဒါပေမဲ့သူကNamJoonနဲ့ထိုင်ပြီးစကားလေးပြောမိတာပဲရှိတာကို။

"မောင်ဒါဘယ်ကိုမောင်းနေတာလဲ"

"Companyကို"

JaeHyunအနည်းငယ်တော့အံ့သြမိသည်။သူတစ်ခါမှJuYeon Companyကိုမရောက်ဖူးဘူးကို။

Companyရှေ့လည်းရောက်ရောJuYeonကတစ်ဖန်JaeHyunလက်ကိုဆွဲကာCompanyထဲကိုဝင်လိုက်သည်။ဝင်လည်းဝင်ရောဝန်ထမ်းတွေကအထူးအဆန်းအနေနဲ့ကြည့်နေကြတာပေါ့။

"လုပ်စရာအလုပ်မရှိကြဘူးလား!!!"

JuYeonမှ​​ေအာ်လိုက်တော့အကုန်လုံးခေါင်းတွေငုံ့သွားကြပြီးကိုယ့်အလုပ်ကိုလုပ်သွားကြသည်။

သူ့ရုံးခန်းထဲလည်းရောက်တော့JaeHyunကိုလှည့်ကြည့်ကာ

"ထိုင်လေ"

JaeHyunလည်းဘုမသိဘမသိနဲ့ဆိုဖာပေါ်လေးမှာထိုင်ချလိုက်သည်။JuYeonကတော့သူ့အလုပ်စားပွဲမှာသွားထိုင်လိုက်ပြီးအလုပ်လုပ်နေသည်။

JaeHyunစိတ်ထဲလည်းဘဝင်မကျပါ။အခုလိုမျိူးJuYeonကသူ့ကိုစကားလည်းမပြောဒီအတိုင်းကြီးပဲနေနေတော့သူလည်းမနေတတ်တေ့ာတာနဲ့JuYeonအလုပ်စားပွဲနားလေးကိုထသွားလိုက်သည်။

"မောင်...Jaeကိုစိတ်ဆိုး​နေတာလားJaeမောင့်ကိုမပြောဘဲအပြင်ထွက်မိလို့လား"

JuYeonကJaeHyunကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ပေါင်ကိုပုတ်ပြကာ

"ဒီမှာလာထိုင်"

JaeHyunလန့်သွားပြီး....

"မောင်ကလည်းဒါကအလုပ်ခွင်လေ"

"ထိုင်ပါဘယ်သူမှမရှိဘူးဒါမောင့်ရုံးခန်း"

အဲ့တော့JaeHyunလည်းမရဲတစ်ရဲလေးနဲ့JuYeonပေါင်ပေါ်မျက်နှာချင်းဆိုင်ခွထိုင်လိုက်သည်။JuYeonလည်းအလိုက်သင့်လေးJaeHyunခါးကိုဖက်လိုက်သည်။

"ဒါနဲ့မောင်Jaeမေးတာမဖြေသေးဘူးနော်"

"မောင်စိတ်မဆိုးပါဘူးJaeကို"

"ဒါဆိုဘာလို့စောနတုန်းကရုပ်ကတည်နေတာလဲစကားလည်းမပြောဘူး"

"မောင်ကJaeကိုစိတ်ဆိုးတာမဟုတ်ပါဘူးဟိုလူနဲ့အတူရှိနေတာမကြိုက်လို့ပါ"

"NamJoon Hyungကဘာဖြစ်လို့လဲမောင်ရဲ့"

"သူကJaeကိုစကားပြောတာဘယ်လိုဖြစ်နေမှန်းမသိဘူးခေါင်းကိုကိုင်လိုက်နဲ့ဘာနဲ့မောင်မကြိုက်ပါဘူး"

"အောဟော...လက်စသတ်တော့မောင်ကJဝင်နေတာကိုး....NamJoon hyungမှာခင်ပွန်းရှိတယ်မောင်ရဲ့သူကJaeနဲ့အရင်တုန်းကအိမ်နီးနားချင်းမလို့ခုမှတွေ့လို့စကားခနပြောနေတာပါ"

"အင်းပါ....အာ....ပြီးတော့နောက်တစ်ခုရှိသေးတယ်။Jaeမှာဘောင်းဘီအရှည်မရှိတော့ဘူးလား"

"ရှိတယ်လေ"

"အဲ့တာကိုဘာလို့ဒီလိုဘောင်းဘီတိုတိုလေးဝတ်ထားတာလဲ"

( ဒါလေးကဘောင်းဘီတိုလေးနဲ့JaeHyunပါမျက်လုံးထဲမြင်အောင်လို့😄 )

"အဲ့လောက်ကြီးလည်းမတိုပါဘူးမောင်ရဲ့ဒူးခေါင်းလောက်ပဲရှိတာကို"

"မရပါဘူးကွာ....ဘယ်လောက်ပဲတိုတိုJaeကိုတစ်ခြားသူတွေကကြည့်ကြတာပဲလေမောင်မကြိုက်ဘူး။Jaeခြေထောက်ကိုကြည့်ရင်တောင်မောင်တစ်ယောက်ပဲကြည့်မှာ"

"မောင်ကလောဘကြီးလိုက်တာ"

"Jaeနဲ့ပတ်သက်လာရင်မောင်ကနည်းနည်းမှအထိခိုက်မခံနိုင်လို့ပါကွာ"

JuYeonရဲ့စကားတွေမှာJaeHyunကျဆုံးရပြန်သည်။

"အင်းပါမောင်မကြိုက်ရင်နောက်မဝတ်တော့ပါဘူးအိမ်မှာပဲဝတ်တော့မယ်နော်"

JuYeonလည်းJaeHyunရဲ့ခါးလေးကိုပိုလို့ပင်တိုးဖက်လိုက်သည်။JaeHyunကလည်းJuYeonပခုံးပေါ်လေးကိုမှီကာနေနေလိုက်သည်။ပခုံးပေါ်မှီထားတယ်ဆိုပေမဲ့သူ့နားကJuYeonရဲ့ရင်ခုန်သံကိုအတိုင်းသားကြားနေရသည်။JaeHyunလည်းခေါင်းကိုအောက်နည်းနည်းလျှောကာJuYeonရဲ့ရင်ခုန်သံကိုနားထောင်နေသည်။

"မောင့်ရင်ခုန်သံကနားထောင်လို့ကောင်းလိုက်တာ"

"အဲ့တာJaeကြောင့်ခုန်နေတာပဲလေ"

"အင်း...အဲ့တာကြောင့်ပိုနားထောင်လို့ကောင်းတာနေမှာ"

JaeHyunမှာJuYeonရဲ့ရင်ခုန်သံလေးကိုနားထောင်ရင်းနဲ့မျက်လုံးလေးများကိုမှိတ်လိုက်သည်။ချစ်ရသူရဲ့ရင်ခွင်မှာချစ်ရသူရဲ့ကိုယ်သင်းနံ့လေးကိုရှူရှိက်ရင်းသူ့ကြောင့်ခုန်နေပါတယ်ဆိုတဲ့ရင်ခုန်သံလေးကိုသံစဥ်အဖြစ်နားထောင်ပြီးအိပ်ပျော်သွားပါတော့သည်။

JuYeonကလည်းသူ့ရင်ခွင်ထဲမှာတင်အိပ်ပျော်သွားတဲ့ကောင်လေးကိုကြည့်ပြီးကြည်နူးရပြန်သည်။JaeHyunရဲ့ခေါင်းလေးကိုတစ်ချက်နမ်းလိုက်ပြီးဖက်လျက်ပင်အလုပ်လုပ်နေလိုက်သည်။
_________________________________

တတ်နိုင်သလောက်roပေးထားပါတယ်နော်နောက်လည်းဆက်roပါ့မယ်😁

Thanks for reading🌸

Bạn đang đọc truyện trên: AzTruyen.Top