Part - 40

Unicode

" ခဏလေး Jaeminie...ငါဖိနပ်ဝတ်ပီးရင်ပီးပီ.."

" ဖြေးဖြေးလုပ်လဲရတယ်Ge..."

ထူးထူးဆန်းဆန်းကြားလိုက်ရတဲ့Chenleအသံကြောင့်တအံ့တသြနဲ့လှည့်ကြည့်လိုက်သည်.....

" Chenle..."

" Ge ..."

သိုင်းဖက်လိုက်တဲ့Chenleကိုပြန်လည်ဖက်ရင်း..

" အခုမှပဲတွေ့ရတော့တယ်.."

" လွမ်းနေတာ.....ကျွန်တော့်ကိုမလွမ်းဘူးလားGe..."

" ဘယ်လိုမေးလိုက်တာလဲ...လွမ်းတာပေါ့..."

" Ge..ကျွန်တော်တို့ Debut songနားထောင်ဖူးလား.."

" Chewing Gum.."

" Geသိတယ်..အဲ့တာဆိုကျွန်တော်ချောလား...MVထဲမှာ.."

" ကလေးရုပ်နဲ့.."

" Ge....ကျွန်တော်လူကြီးဖြစ်နေပါပီနော်...Geထက်တနှစ်လေးငယ်တာ ကလေးလိုဆက်ဆံမနေပါနဲ့...

" နေပါဦး...အခုကဘယ်လိုရောက်လာတာလဲ..."

" နှစ်ကုန်ပိတ်ရက်အတွက်အားလပ်ရက်လေ....အဲ့တာကြောင့် ပြန်လာတာ...ပီးတော့...Geကိုပြောစရာရှိလို့..လာ..သွားမယ်.."

" အခုက Jaeminieနဲ့အပြင်သွားဖို့လုပ်ထားတာ.."

" Jaemin Hyungက ကျွန်တော့အတွက်သက်သက်ချိန်းပေးတာ.."

" Jaeminကလေ.....ကဲ...ထားပါတော့...အဲ့တာဆိုသွားမယ်...Hyungမုန့်ဝယ်ကျွေးမယ်..."

" အိုခေ...သွားမယ်.."

Maskတပ်ထားလဲChenleကိုမှတ်မိကြပုံရသည်...
အထက်တန်းကျောင်းသူတချို့ကကွက်ကြည့်ကွက်ကြည့်နဲ့မို့ Renjunသူ့ခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ကိုဖြုတ်ကာchenleခေါင်းပေါ်ကိုပြောင်းကာဆောင်းပေးလိုက်သည်...

" Geဘာစားမလဲ..."

" ဘာမှမစားချင်ဘူး ...မင်းခေါ်လို့လိုက်လာတာ..."

" အဲ့တာဆိုပြောစရာရှိတာကိုဒီမှာပဲပြောလိုက်ရမလားGe.."

" ဘာပြောမှာလဲ.."

" Geကိုချစ်တယ်..."

Renjunမျက်ဝန်းတွေပြူးကာဝိုင်းစက်သွားသည်...
ဒီကလေးက ဒီလိုစကားပြောဖို့ဘယ်ကသတ္တိတွေရလာတာလဲ..

" Chenle..."

" Geအဖြေပေးစရာမလိုဘူး....Geကိုချစ်တာလေးကိုပြောပြချင်ရုံပဲ...ကျန်တာမလိုဘူးGe..ဘာလို့လဲဆိုတော့ Geကျွန်တော့်ကိုမချစ်တာသိနေလို့ပဲ.."

" Geကမင်းကိုချစ်နေခဲ့ရင်လဲ...ခုလိုချိန်မှာမင်းမပြောသင့်ဘူး.."

" Geရဲ့မင်္ဂလာပွဲကြောင့်လား.."

" မဟုတ်ဘူး...မင်းကIdolတယောက်နော်....မင်းရဲ့ Imageထိခိုက်ထိလိမ့်မယ်..."

" Idolလဲလူပဲလေ...မချစ်ရဘူးလား.."

" ချစ်လို့ရတာပေါ့..ဒါပေမဲ့...အဲ့တာသဘာဝတရားကိုဆန့်ကျင်တာမျိုးမဖြစ်သင့်ဘူး...မင်းရောငါရောနှစ်ယောက်လုံးကယောကျာ်းလေးတွေနော်.."

" Na Jaeminလဲယောကျာ်းလေးပဲလေGe.."

" မတူဘူး...ငါတို့ကသာမာန်လူတွေ..."

" ကျွန်တော်သိပါတယ်....ဒါပေမဲ့အချစ်ကလုပ်ယူလို့မရဘူးလေGe.ဘယ်လိုလုပ်မလဲ..."

" Geကိုမချစ်ပါနဲ့..."

" ကျွန်တော်ပြောပီးသားလေ....Geကိုဖွင့်ပြောချင်ရုံပဲလို့..ကျန်တာမလိုချင်ဘူး.......အခုGeသိသွားပီလေ..ကျွန်တော်ချစ်တာကို.."

" အဲ့တော့..မင်းဘာဆက်လုပ်မှာလဲ..."

" ပျော်စရာလေးတခုလောက်ဖန်တီးကြမယ်လေ..."

" Chenle.."

ဦးထုပ်ရောMaskပါဆွဲဖြုတ်ပီးတဲ့နောက် သူ့မျက်နှာပေါ်ကိုMaskအုပ်ပေးကာဦးထုပ်ပြန်ဆောင်းပေးသည်..
ထို့နောက်လက်ကိုကျစ်နေအောင်ဆုပ်ကာ...

" ပြေးဖို့အဆင်သင့်ပဲလားGe.."

" ဟေ...အေးအေး.."

ဘာရယ်မသိရောယောင်ပီးခေါင်းညိတ်ကာတူတူပြေးလိုက်ခဲ့သည်..
မပြေး၍လဲတယောက်ကစကာ Zhong Chenleလို့အော်လိုက်တဲ့ချိန်မှာ နဂိုထဲကကွက်ကြည့်ကွက်ကြည့်နဲ့ကောင်မလေးတွေကပြုံအုံလာတော့သည်...
ခြေထောက်ကိုသုတ်ခြေမတင်ရင်အရိုးတခြားအသားတခြားဖြစ်နေမလားမသိ...

Chenleကအဲ့လိုပဲ..တခါတလေသူလုပ်ချင်ရာလုပ်တာ..
အရူးလို့ပြောလိုက်ရင်လဲပြန်အော်ခံရဦးမယ်..

" မောသွားပီလားGe..."

ဟောဟဲစိုက်နေတဲ့လူကိုမြင်ရက်နဲ့မောသွားပီလားမေးတဲ့Chenleကတော့ဇက်ပိုးလေးပွတ်လိုက်ရပီ။
လက်သံကတော့ဘယ်ချိန်ဖြစ်ဖြစ်ပြောင်ပီးသားပဲ..Huang Renjun..

" ဘာအရူးထတာလဲ....ကြားထဲကငါကအသက်ထွက်တော့မယ်..."

" Geစိတ်ညစ်နေမှန်းသိလို့ပျော်အောင်လုပ်ပေးတာကို...တန်ပါတယ်..သမခံထိသွားတာပဲ.."

" အဲ့လိုတွေမလုပ်နဲ့...မင်းအန္တရယ်များတယ်..Managerမပါဘာမပါနဲ့..."

" အခုဘာမှမှမဖြစ်တာGeရဲ့...လာပါ..ပြေးလိုက်ရတာဗိုက်ဆာတယ်..မုန့်တခုခုစားရအောင်.."

" စားသောက်ဆိုင်ထဲတော့ဝင်မရဘူးထင်တယ်နော်.."

" ရှေ့နားမှာmini martရှိတယ်..အဲ့မှာတခုခုဝယ်တာပေါ့..."

Renjunခေါင်းညိတ်ရင်းမသယ်ချင်တဲ့ခြေထောက်တွေကိုသယ်ကာနောက်ကလိုက်ရသည်...
စိတ်ညစ်ပြေတာကနောက် အသက်ထွက်တာက အရင်ဖြစ်တော့မယ်...

" ငါအရင်ယူထားတာနော်..."

ရေတဘူးဝယ်ပီးသောက်မယ်ကြံရုံရှိသေးတယ်..စီခနဲထွက်လာတဲ့အသံကြောင့်ကမန်းကတမ်းပြေးကြည့်တော့မုန့်တထုပ်နဲ့ထသတ်မတတ်ဖြစ်နေကြတဲ့Chenleနဲ့ကောင်လေးတယောက်....

" ငါလဲယူတာပဲလေ..မင်းလက်ကနောက်မှလာယူတာကို..."

လုနေတာကအထူးအဆန်းကျနေတာပဲ...အသားညှပ်ပေါင်မုန့်ထုပ်ကိုကလေးတွေလုသလိုကိုလုနေကြတာ...
Renjunလက်ပိုက်ကာကြည့်ရင်းလွှတ်ထားလိုက်သည်..

" မင်းလက်ကိုလွှတ်လိုက်....."

" Chenleတဲ့...ဘယ်သူ့ကိုမှအလျော့မပေးဘူး.."

" Park jisungဆိုတဲ့ငါ့ကိုအလျော့ပေးရမယ်...မင်းလက်ကိုဖယ်လိုက်...."

" ငါအရင်ယူတာလို့ပြောနေတယ်..."

" မင်းလက်ကနည်းနည်းလေးကိုင်ထားတာ..ငါပဲယူရမှာဖယ်လိုက်.."

" ကဲ...တော်ကြတော့...ညီလေး..မင်းလဲတော် Chenleမင်းလဲတော်တော့...နှစ်ယောက်လုံးလက်ကိုလွှတ်လိုက်...လုပ်လေ.."

မကျေနပ်ပေမဲ့အကြီးကပြောတော့နှစ်ယောက်သားနားထောင်သား..
Renjunပြုံးရင်းမုန့်ထုပ်ကိုဆွဲလုလိုက်သည် .
နောက် Cashierမှာသွားရှင်းတဲ့ထိုကလေးနှစ်ကောင်ကငေးရင်းလိုက်ကြည့်ဆဲ...
ဖောက်ကာစားချိန်မှာတော့....နှစ်ယောက်သားရဲ့အော်ဟစ်သံတွေထွက်လာသည်...
Zhong Chenleက Idolမဟုတ်ပါဘူး....သေချာတယ်...ကျပ်မပြည့်တဲ့ကောင်လေးပဲဖြစ်နေမှာ....

💙

❤

အိပ်ရာထက်လှဲလျောင်းရင်းကြားလိုက်ရတဲ့ဖုန်းသံကြောင့်လှမ်းယူကြည့်ကာမကိုင်ဖို့ဆုံးဖြတ်လိုက်သည်...
သို့ပေမဲ့ထပ်မံကာမြည်ဟီးလာတဲ့ဖုန်းသံကိုလျစ်လျူရှူဖို့မဖြစ်နိုင်၍လှမ်းယူကာကိုင်လိုက်သည်..

" ဟုတ်ကဲ့.."

" Jaemin..မင်းအမေမူးလဲလို့...အဲ့တာလှမ်းအကြောင်းကြားပေးတာ..."

" ommaကအခုဘယ်မှာလဲ...ဘယ်လိုဖြစ်ရတာလဲ.."

" ဆေးရုံမှာ...သွေးအရမ်းတက်သွားလို့လို့ပြောတယ်..အခုတော့သက်သာနေပါပီ....ဒါပေမဲ့မင်းသိအောင်အကြောင်းကြားပေးတာ.."

" ကျွန်တော်အခုလာခဲ့မယ်.."

လေးလေးကိုဖုန်းဆက်ကာသူအရင်ထွက်လာခဲ့သည်..
ဘယ်လိုပဲစိတ်ဆိုးနေလဲ အမေကတော့အမေပဲလေ...

" ရှင်..ကလေးကိုဘာလို့ခေါ်ရတာလဲ..စိတ်ပူမှာဆိုးလို့မပြောခိုင်းတာကို.."

သူ့ယောကျာ်းကိူအပြစ်တင်နေတဲ့ommaက သူဖြစ်စေချင်သလိုဖြစ်နေတော့ အရာရာမှာချိုသာနေသည်..

" သွေးတက်စာတွေအရမ်းမစားနဲ့Omma...ommaကအဆီအစိမ့်ပဲသိပ်ကြိုက်တာ...နောက်မစားနဲ့တော့.."

" အင်းပါ...Sorryသား...မင်္ဂလာပွဲကြောင့်ပင်ပန်းနေမှာကို..အခုလိုလာပေးရတာ..."

" မပင်ပန်းပါဘူး...ကျွန်တော်အဆင်ပြေတယ်...ommaသာနေကောင်းအောင်နေ...သဘက်ခါပဲလက်ထပ်ရမဲ့ရက်ရောက်တော့မယ်....ommaကနေမကောင်းရင်ဘယ်ဖြစ်မလဲ..."

" ဟုတ်တယ်Noona..Noonaဖြစ်စေချင်တဲ့မင်္ဂလာပွဲကို..လက်လွတ်ခံမလို့လား..ဒေါသတွေလဲလျော့..တော်ကြာဦးနှောက်သွေးကြောပါပြတ်လိမ့်မယ် ..."

အခန်းထဲဝင်ဝင်ချင်း ဆောက်နဲ့ထွင်းချလိုက်တဲ့လေးလေးကြောင့်Jaeminအသံတိတ်ကျိတ်ရယ်ရသည်..
လေးလေးကမထင်ရင်မထင်သလိုပြောချတာ...

" သားတို့တူရီးပြန်တော့..ommaလဲညနေလောက်ဆိုဆင်းလို့ရပါပီ..အိမ်မှာအေးအေးဆေးဆေးပြန်နားကြ..."

" ဟုတ်...အဲ့တာဆိုသားတို့ပြန်မယ်နော်..."

လေးလေးလက်ကိုတွဲရင်းငယ်ငယ်ကလိုမှီကာပျင်းတိပျင်းရွဲလျောက်တော့လေးလေးကရယ်သည်..
အမှန်ဆို...လက်ထပ်ဖို့စောနေသေးတဲ့အရွယ်နော်...

" လေးလေး..ကုမ္ပဏီပဲပြန်သွားမှာလား..."

" အင်း..သွားရမယ်..meetingရှိတယ်..Hunကလဲဆေးရုံပဲစောင့်နေရတော့ ကုမ္ပဏီကိစ္စ လေးလေးပဲလုပ်ပေးနေရတာ.."

" ဆေးရုံစောင့်တယ်...ဘယ်သူဘာဖြစ်လို့လဲလေးလေး.."

Chanyeolတိုင်နဲ့ခေါင်းနဲ့သာပစ်ဆောင့်ချင်သည်..
သတိလက်လွတ်နဲ့ပြောလိုက်ပီးမှဘယ်ကဘယ်လိုအစရှာရမလဲမသိ..

" ဟို..."

" Yeol...ဒီနေ့လာတာစောလှချည်လား...သားကဆေးစစ်ထားလို့ပင်ပန်းပီးအိပ်တောင်ပျော်နေပီ.."

" အန်ကယ်.....Jenoဘာဖြစ်လို့လဲ..."

Chanyeolခန္ဓာကိုယ်နဲ့ကွယ်နေတဲ့Jaeminကိုမမြင်မိပဲတောက်လျောက်ရေရွတ်ပီးမှJaeminကိုမြင်မိသည်...

" jaeminက...ဘယ်လို.."

" noonaမူးလဲတယ်ဆိုလို့လာကြည့်တာ..Hun.."

" အန်ကယ်...လေးလေးရော....စောစောကပြောတာဘာလဲ...ဆေးစစ်တယ်...ဘာလို့ဆေးစစ်ရတာလဲ....Jenoဘာဖြစ်လို့လဲ..."

" Jenoမဟုတ်ဘူး....အန်ကယ်....အန်ကယ်နေမကောင်းလို့.."

" အန်ကယ်ကနေမကောင်းဘူးဆို..အန်ကယ့်ကိုယ်ကိုဆေးရုံပြန်စောင့်ပေးနေတာလား..လေးလေးပြောတယ်..အန်ကယ်ဆေးရုံစောင့်နေရတယ်တဲ့.."

" Chanyeol...ခင်ဗျား..."

" ကိုယ်သတိလက်လွတ်ပြောခဲ့မိတာ...စောစောHunလို့ပေါ့.."

" ဘာတွေလဲ....မှန်မှန်ပြောကြနော်...Jenoဘယ်မှာလဲ...ဘယ်မှာလဲလို့..."

Jaeminအသံကျယ်ကျယ်နဲ့အော်ကာမျက်ဝန်းနီနီတွေနဲ့စိုက်ကြည့်နေတာမို့Sehunမငြင်းချင်တော့သလိုChanyeolကိုယ်တိုင်ကလဲဖွင့်ပြောစေချင်ဟန်။

" Nono..."

ကုတင်ပေါ်မှာငြိမ်သက်စွာအိပ်ပျော်နေတဲ့Jenoက...ကျွန်တော့်ရဲ့Nonoအစစ်တဲ့လား...
မှိတ်ယှက်ထားတဲ့မျက်တောင်ဖျားအောက်ကမျက်ကွင်းညိုညိုတွေ..
ဖြူရော်နေတဲ့နှုတ်ခမ်းတွေ.....ရှုပ်ယှက်ခတ်နေတဲ့ဆေးပိုက်တွေကြားထဲမှာလှဲလျောင်းနေတာJenoတဲ့လား...။

" သားက Jaeminကိုမသိစေချင်ဘူး...သူ့ကိုမေ့ပီးRenjunနဲ့ပျော်ရွင်နေနိုင်ဖို့ပဲသူလိုလားတာ.."

" သူရူးနေတာအန်ကယ်....ကျွန်တော်ဘယ်လောက်ချစ်လဲသူသိရက်နဲ့.....Renကိုဘယ်လိုလက်ထပ်ရမလဲ....အခုကျွန်တော်သိသွားပီလေ...ဘယ်လိုစိတ်နဲ့လက်ထပ်ပွဲထဲဝင်ရမှာလဲ.."

" အန်ကယ်တောင်းဆိုနေတာပါ..Jaemin....Jaeminသိသွားတယ်ဆိုတာသာ သားသိရင်...သူခွဲစိတ်မှာမဟုတ်တော့ဘူး...သားကမင်းကိုစိတ်ချချင်နေတာ......."

" အဲ့တာမတရားဘူးအန်ကယ် ...ကျွန်တော်ဘယ်လောက်နာကျင်ရမလဲသိရက်နဲ့ ကျွန်တော့်ဘက်ကိုသူမကြည့်ပေးတာ....."

" အန်ကယ်နားလည်ပါတယ်...ဒါပေမဲ့..jaeminကသားကိုဒီတိုင်းထွက်သွားစေချင်တာလား....ရှင်ကွဲကွဲရတာထက်သေကွဲကွဲရတာပိုခံစားရတယ်နော်....Jenoအတွက်က သားရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်သွားပီ.."

အန်ကယ်Sehunရဲ့စကားတွေကဖခင်တယောက်ရဲ့အတ္တတွေကြောင့်.. မလိုလားမှန်းသူသိလဲမမှန်တာတခုမှပါမနေ..။

" ခဏလောက်အနားကိုသွားလို့ရမလားအန်ကယ်..."

" သားနိုးသွားလိမ့်မယ်.."

" ခွင့်ပြုလိုက်ပါHun...ခဏလေးပဲဟာ...Nanaလေးလဲဝမ်းနည်းနေမှာပေါ့..."

Jenoလက်တွေကိုဆုပ်ကိုင်ဖို့အခွင့်မရှိ၍အုပ်မိုး၍သာကိုင်ရင်းအသံတိတ်မျက်ရည်ကျမိသည်..
နောက်ဆုံးအချိန်ထိငါ့အတွက်ပဲလားNono...
မင်းအတွက်ဆိုပီးအတ္တကြီးကြီးဘာလို့မဆုံးဖြတ်ရတာလဲ...

ဒါပေမဲ့Nono...
ငါပြောခဲ့ဖူးတယ်နော်...
မင်းချစ်တာထက်ငါပိုချစ်တယ်လို့...

သိသိရက်နဲ့ကျောခိုင်းရတာဘယ်လောက်ခက်ခဲတဲ့ကိစ္စလဲမင်းသိမှာပါ...
အဲ့ဒီခက်ခဲတဲ့ကိစ္စကိုမင်းအတွက်ငါဆုံးဖြတ်လိုက်ပီ...
ခဏစွန့်လွှတ်ပေးမယ်Nono...ခဏပဲ...
မင်းအတွက်ငါ့နှလုံးသားကိုခဏစတေးပေးမယ်....
ပီးရင်တော့...မင်းကပုံမှန်အတိုင်းနေရာပြန်ယူပေးရမယ်နော်...

ငါချစ်တယ်Nono...

မင်းကိုသိပ်ချစ်တာ.......အဲ့တာကိုတော့ယုံပေးပါ...

Zawgyi




" Chenle..."

" Ge ..."


" အခုမှပဲ​တွေ့ရ​တော့တယ်​.."




" Chewing Gum.."


" က​လေးရုပ်​နဲ့.."







" အို​ခေ...သွားမယ်​.."


" Geဘာစားမလဲ..."



" ဘာ​ပြောမှာလဲ.."

" Geကိုချစ်​တယ်​..."


" Chenle..."










" Geကိုမချစ်​ပါနဲ့..."




" Chenle.."



" ​ဟေ...​အေး​အေး.."



" ​မောသွားပီလားGe..."









" ငါအရင်​ယူထားတာ​နော်​..."











💙

❤


" ဟုတ်​ကဲ့.."







သူ့​ယောကျာ်းကိုအပြစ်​တင်​​နေတဲ့ommaက သူဖြစ်​​စေချင်​သလိုဖြစ်​​နေ​တော့ အရာရာမှာချိုသာ​နေသည်​..



" မပင်​ပန်းပါဘူး...ကျွန်​​တော်​အဆင်​​ပြေတယ်​...ommaသာ​နေ​ကောင်း​အောင်​​နေ...သဘက်​ခါပဲလက်​ထပ်​ရမဲ့ရက်ေ​ရာက်​​တော့မယ်​....ommaက​နေမ​ကောင်းရင်​ဘယ်​ဖြစ်​မလဲ..."










" ဟို..."




" jaeminက...ဘယ်​လို.."





" Chanyeol...ခင်​ဗျား..."




" Nono..."









" သားနိုးသွားလိမ့်​မယ်​.."



ဒါ​ပေမဲ့Nono...
ငါ​ပြောခဲ့ဖူးတယ်​​နော်​...


ငါချစ်​တယ်​Nono...


Bạn đang đọc truyện trên: AzTruyen.Top