Part - 39
Unicode
" ဖြေးဖြေးလျောက်နော်Ren...အရမ်းနာရင်မလျောက်နဲ့တော့.."
လမ်းလျောက်ဖို့ဘေးကကူညီပေးနေတဲ့Jaeminကခြေလှမ်းသုံးလှမ်းမပြည့်သေးဘူးနားခိုင်းလိုက်...အအေးတွေအတင်းတိုက်လိုက်နဲ့....
ဒီကြားထဲခြေထောက်နာနေတော့မှာပဲဆိုပီးမျက်စိမျက်နှာပျက်နဲ့...
မာမားတောင်နားညီးတဲ့ဒဏ်မခံနိုင်၍အိမ်ထဲဝင်သွားပီ..
ကာယကံရှင်ကျွန်တော်ကတော့မတတ်သာပါပဲ..အောင့်အီးနေရတာပဲ...
တလကျော်လို့ကျောက်ပတ်တီးဖြည်ပီးတာပဲသုံးလေးရက်ရှိပီ..
ခြေထောက်ကလဲအရိုးအက်တဲ့ခြေထောက်ကဒဏ်လို့ဖြစ်၍လှမ်းလိုက်ရင် အောင့်ကာနာကျင်ရုံ..
ဒါကိုမသိရင် အောက်ပိုင်းသေလို့ပဲလမ်းလျောက်ဖို့အတင်းကြိုးစားနေရသလိုလို...
" သားရေ...Jaeminအမေဖုန်းဆက်တယ်...ခဏနေရင်ဖိတ်စာတွေယူပီးလာခဲ့မယ်တဲ့..."
အချိန်တွေအဲ့လောက်တောင်ကြာသွားပီလား...။
အေးလေ...ဒီခြေထောက်ဒဏ်ရာနဲ့တွက်ရင်တောင်တလကျော်နေပီ..
" လှလှလေးရွေးနော်Jun...မင်းစိတ်ကြိုက်.."
" စိတ်ချ...ငါ့စိတ်ကြိုက်ပဲရွေးမှာ..ဒါနဲ့ငါတို့မင်္ဂလာဝတ်စုံသွားကြည့်မှာဒီနေ့မဟုတ်လား.."
" Renလမ်းလျောက်လို့ဖြစ်ရဲ့လား.."
" ငါ့ကိုဒုက္ခိတထင်နေတာလားJaeminie..ခုန်ပြရမလား..."
" အမယ်လေး...မခုန်ပါနဲ့...တော်ကြာထပ်ကျိုးနေဦးမယ်.."
" အဲ့တာဆို မင်းအမေလာမှသွားမလား.."
" ဟင့်အင်း...ငါတို့ပဲသွားရအောင်..မိဘတွေသူတို့ဘာသာသွားပါစေ..."
" အဲ့တာဆို..ငါအကျႌသွားလဲဦးမယ်..ခဏစောင့်.."
ငါတောင်မင်္ဂလာဆောင်ရတော့မယ်....
အချိန်တွေကုန်တာမြန်တယ်မထင်ဘူးလား...Jeno..
" ဒီအရောင်လေးဆိုရင်ရော Jaeminie.."
နုဖပ်နေတဲ့ပန်းနုရောင်မင်္ဂလာဝတ်စုံလေးကိုကြည့်ကာခေါင်းညိတ်ပြလိုက်သည်...
" ကိုယ်တို့အဖြူရောင်ပဲဝတ်ရအောင်Nana...မင်းကအဖြူရောင်နဲ့ဆိုသိပ်လိုက်တာ...နတ်သားလေးပေါ့..."
အခုတော့Renစိတ်ကြိုက်ပန်းနုရောင်လေးပဲငါရွေးလိုက်ပီNono...
မင်းလာကြည့်သင့်တယ်နော်...။
မင်းအတွက်တန်ဖိုးမဲ့တဲ့ငါက တစုံတယောက်အတွက်တန်ဖိုးကြီးနေတာ...
" Jaemin...Jaeminie..."
" ဟင်..ဟင်..."
လက်မောင်းကိုလာရောက်ထိခတ်မှမတ်တပ်ရပ်ရင်းအတွေးလွန်နေမှန်းသဘောပေါက်တော့သည်...
" Jaeminieလဲဝတ်ကြည့်ပါဦး....ရော့..တူတူဝတ်ရအောင်..."
Renလက်ထဲကဝတ်စုံကိုယူကာအဝတ်လဲခန်းထဲဝင်လာခဲ့သည်...
" ဝိုး...Jaeminie..အရမ်းမိုက်တယ်.."
" Ren..ငါတို့အဖြူပဲဝတ်ရအောင်.."
" ဘာလို့လဲမသိဘူးရှင့်...ဒီအကိုနှစ်ယောက်နဲ့ပန်းရောင်နဲ့ကအရမ်းလိုက်ဖက်နေတာရှင့်.."
ဝန်ထမ်းကောင်မလေးရဲ့စကားကြောင့်Jaeminခေါင်းကိုသာဖြေးဖြေးလေးလေးခါပြဖြစ်သည်...
မင်းဝတ်ချင်တယ်ဆိုတဲ့အဖြူရောင်နဲ့မင်းရှေ့မှာလှမ်းလျောက်ပြမယ်Jeno...
" အဖြူနဲ့လဲလိုက်တာပဲJaemin...နတ်သားလေးလိုပဲ.."
အင်း...Nonoပြောဖူးတယ်...
" မင်းရောပဲလေRen.."
" မင်းသဘောကျတယ်မဟုတ်လား...."
" အင်း.."
" အဲ့တာဆို..ဒါပဲယူကြမယ်.."
အရင်ကသူ့အပေါ်ဆိုးနေကြRenjunက အခုတော့ အရာရာအလိုလိုက်ပေးတဲ့သူတယောက်ဖြစ်နေပြီ။.
ကြာတော့အားနာလာသားRen..။
" ဖိတ်စာအရောင်ကရော..ဘာရောင်ယူမှာလဲJaeminie.."
" ကိုယ်တို့အပြာရောင်လေးပဲလုပ်မယ်နော်Nana ... မျက်စိအေးပီးလှလဲလှတယ်လေ..."
အင်း...အပြာရောင်ပဲ...
" အပြာနဲ့လုပ်မလားRen...မျက်စိအေးပီးလှလဲလှတယ်လေ.."
" ကောင်းသားပဲ...ငါလဲကြိုက်တယ်..."
Nonoလဲကြိုက်တယ်...။
Lee Jenoမင်းအရိပ်ကနေရာတိုင်းစိုးမိုးနေတာနော်..
မင်းမလိုချင်လို့ထားခဲ့တာတောင်...ငါ့မင်္ဂလာပွဲအတွက်..မင်းစိတ်ကြိုက်အရာတွေပဲငါချယ်မှုန်းနေတာ...
မင်းကတကယ်ကိုငါ့အရိပ်ပဲ...
❤
" Yeol..."
ကားပေါ်ကဆင်းလာတဲ့chanyeolကို အောက်ရောက်တဲ့ထိပင်မစောင့်နိုင်..Sehunအလျင်အမြန်ပင်ပြေးဖက်လိုက်သည်...
ဝမ်းသာရတဲ့သတင်းကိုဦးဆုံးသိသင့်တယ်လေYeol..
" ဘာတွေဝမ်းသာစရာရှိနေလဲHun..ပြုံးနေတာပဲ.."
" သားအတွက်..ကျောက်ကပ်လှူလို့ရတယ်တဲ့Yeol...ကျွန်တော်လှူလို့ရတယ်တဲ့.."
" တကယ်လား......jenoသိရင်လဲဝမ်းသာသွားမှာ.."
" ဟုတ်တယ်...ဒါပေမဲ့သားကိုမပြောရသေးဘူး...Yeolကိုပြောပြချင်လွန်းလို့...အရင်ထွက်လာတာ.."
" ကိုယ်ကဦးစားပေးလား.."
" အကောင်းပြောရင်ဖောက်မလာနဲ့ဦးလေးကြီး..အသက်လဲ ပြန်ကြည့်ဦး....နှာထဖို့ပဲမစဉ်းစားနေနဲ့..
" အချစ်မှာအသက်အရွယ်ဆိုတာကိန်းဂဏန်းပဲ...ပီးတော့ကိုယ်ကနုပျိုနေတုံးပဲနော်..အလတ်ကြီးရှိသေးတယ်.."
" တော်ပါ...အဲ့တာဝမ်းသာစရာမို့လို့လာပြောပြတာ....ဆေးရုံပြန်ရမယ်...သားကအခုတလော..တော်တော်ဖြစ်နေတာ..."
" ကိုယ်လိုက်ပို့ပေးမယ်.."
ကုတင်ပေါ်မှာလှဲနေတဲ့သားကအဓိပ္ပါယ်မဲ့စွာTVကိုငေးကြည့်နေသည်..
TVမှာပြနေတာကလဲတိုက်ဆိုင်တာလားပဲ...Dramaထဲမှာမင်္ဂလာဆောင်ဇာတ်ဝင်ခန်း...
" Jeno.."
" လေးလေး...."
" နေကောင်းလားလို့မေးလို့မရတော့..သက်သာရဲ့လား.."
" စိတ်ပေါ့သွားလို့လားမသိဘူး....နေလို့ကောင်းလာတယ်."
သွေးမရှိသလိုဖြူရော်နေတဲ့မျက်နှာနဲ့ပြောတာနေလို့ကောင်းလာတယ်တဲ့လား...။
Chanyeolကိုယ်တိုင်ပင်မျက်ရည်ဝဲရတဲ့အနေအထားကိုJaeminသာမြင်တွေ့ခဲ့ရင်..။
" ဒယ်ဒီ..ဖုန်းလာနေတယ်.."
" သားဖုန်း...Jaeminဆီက.."
ရုတ်တရက်သားမျက်လုံးတွေကအရောင်လက်သွားရသည်..
နာမည်လေးပြောရုံနဲ့အဲ့လောက်ပျော်လား...သား...
"။ မင်းဘယ်မှာလဲJeno...ငါ..ငါနဲ့Renရဲ့မင်္ဂလာဖိတ်စာလာဖိတ်မလို့.."
" အိမ်မှာရှိတယ်Nana....လာခဲ့ပေါ့.."
" ကောင်းပီလေ..စောင့်နေ.."
ဖုန်းချပီးတဲ့နောက်Jeno..Sehunကိုလှမ်းကြည့်လိုက်သည်...
လမ်းလျောက်ရင်တောင်15မိနစ်လောက်ပဲကြာတဲ့Nanaကအိမ်ကနေသူ့ဆီလာတော့မှာ...
" ဒယ်ဒီအိမ်ခဏပြန်ရအောင်...နော်...လိုက်ပို့ပါ..ခဏလေးပဲ..."
" ဘာလို့လဲ.."
" လုပ်ပါဒယ်ဒီ....သွားရအောင်..."
အခန်းထဲကပြေးထွက်သွားတဲ့နောက်ကိုအတင်းပြေးလိုက်ကာ သားအလိုကျအိမ်ကိုဒုန်းစိုင်းကာမောင်းရသည်....
အိမ်ရောက်ပြန်တော့လဲအတင်းအဝတ်အစားတွေလဲကာဧည့်ခန်းမှာခြေချိတ်ထိုင်နေတဲ့သားကိုနားမလည်နိုင် ..
သို့ပေမဲ့....မိနစ်အနည်းငယ်အကြာမှာတော့သူသဘောပေါက်သွာူရသည်...
" ဟောဒီမှာဖိတ်စာJeno..လာဖြစ်အောင်လာပါ..."
" စိတ်ချNana...ကိုယ်ရောက်အောင်လာမှာ..Junငါလာခဲ့မယ်နော်.."
" အင်းပါ....မင်းလာခဲ့ပေးဖို့ငါမျော်နေမယ်Jeno.."
"မပူနဲ့Ren...သူရောက်အောင်လာလိမ့်မယ်....."
" ပြောချင်တာဒါပဲမဟုတ်လား...မင်းတို့ပြန်လို့ရပီထင်တယ်...."
" ပြန်မှာပါ...မင်းနှင်စရာမလိုဘူး...အန်ကယ်...ပြန်ခွင့်ပြုပါဦး.."
Jaeminတို့ကားလေးထွက်သွားတာအတန်ကြာသည့်တိုင်...မလှုပ်မယှက်နဲ့ထိုင်နေတဲ့သားကဖိတ်စာကိုတွေတွေငေးရင်းမျက်ရည်တွေကျနေပြန်သည်...
" သား..."
" ကျွန်တော်မှန်တယ်မဟုတ်လား....ကျွန်တော်တော်တယ်လို့ပြောပေးပါလား ဒယ်ဒီ.."
" ဒါပေါ့...ဒယ်ဒီ့သားကဆုံးဖြတ်ချက်တိုင်းမှန်နေတာ....တော်လိုက်တာ...ဒယ်ဒီ့သားက.."
ပခုံးကနေဖက်ထားလိုက်တော့သားကပြန်လည်ဖက်ထားရင်းကျိတ်ငိုနေသည်...
သားမျက်ရည်တွေနဲ့အပြိုင်...သူ့မျက်ရည်တွေလဲမစဲရပါ..။
" သား.."
ခပ်တိုးတိုးခေါ်ရင်းသားပခုံးတွေကိုကိုင်လှုပ်ကာလှုပ်နှိုးလိုက်သည်...
သားကအိပ်ပျော်သွားပြန်ပီပဲ...ဒီလောက်အိပ်နေခဲ့ရင်...နောက်ကိုအကြာကြီးမအိပ်ရဘူးနော်သား..လွန်ခဲ့တဲ့လေးနှစ်ကလိုပေါ့...
❤
ဒတ်ရှ်ဘုတ်ကိုအကြောင်းပြချက်မရှိပဲလက်သီးနဲ့ထုချပစ်တဲ့Jaeminကိုကြောင်ငေးရင်းသဘောပေါက်မိပြန်သည်
စိတ်အေးလက်အေးအပြုံးမျိုးနဲ့Jenoကိုဒေါသထွက်နေမှာပေါ့....။
" စိတ်တိုနေတာလားJaeminie..."
" ဟင့်အင်း...မွန်းကျပ်နေတာRen..."
" ငါနောက်မဆုတ်ပေးနိုင်ဘူးနော်Jaemin.."
" ငါဘာလို့မင်းကိုလက်ထက်မှာလဲဆိုတာမမေးဖူးဘူးနော်Ren..."
" ငါမသိချင်ဘူး....ဟင့်အင်း...သိစရာမလိုဘူး.....မင်းကိုဖမ်းဆုပ်နိုင်မဲ့အခွင့်အရေးကို ဘာမဟုတ်တဲ့စကားတွေနဲ့ငါတွန့်ဆုတ်မနေချင်ဘူး.."
" Ren....ကျွန်တော်တောင်းပန်ပါတယ်."
" လာပြန်ပီလား.."
" အကျင့်ပါနေလို့.....အဲ့တာဆိုအိမ်ပဲပြန်မလား...ဒါမှမဟုတ်..တခုခုသွားစားဦးမလား..."
" ရင်နဲနဲပြည့်နေတယ်...မစားချင်ဘူးဘာမှ...."
" အင်း...ငါလဲမစားချင်ဘူး...အဲ့တာဆိုအိမ်ပဲပြန်မယ်..."
ရင်ပြည့်နေတာကအစားအသောက်တွေကြောင့်မဟုတ်ဘူးJaemin...
အတွေးတွေနဲ့စကားလုံးတွေပြည့်နေရတာ....
သိသိရက်နဲ့ပါဝင်ပီးလိမ်နေရတဲ့ငါ့ကိုမင်းသိရင်ဘယ်လိုများပြောမလဲJaeminie..
" Jun..."
Jenoကတအံ့တသြနဲ့ခေါ်သလိုသူကိုယ်တိုင်လဲအံ့သြမိသည်..
Jaeminပါးစပ်ကကိုယ်တိုင်ပြောခဲ့တာ...Jenoက သူ့အကိုအိမ်မှာဆိုတာ...အခုမျက်စိရှေ့မှာမြင်နေရတာကလဲJenoအစစ်ပဲ...
" Junကဘယ်လိုလုပ်..."
" ငါမေးရမှာJeno....မင်းကမှဘာလို့ဆေးရုံရောက်နေရတာလဲ...Jaeminပြောတော့ မင်းအကိုအိမ်သွားတာဆို.."
" ငါ...ငါဘာမှမဖြစ်ဘူး..."
" အဖြေလွဲနေတယ်Jeno...ငါ့မေးခွန်းကအဲ့လိုဖြေခိုင်းတာမဟုတ်ဘူး...မင်းမေးသလိုပဲJunကဘယ်လိုလုပ်ဆေးရုံရောက်နေတာလဲ...
ငါကားနဲ့တိုက်ခံရတာ...အဲ့တာကြောင့်ဆေးရုံရောက်နေတာ...မင်းကရော.....ဘာလို့လဲ.."
" Nanaကြောင့်နဲ့မင်းထိခိုက်တယ်လို့တော့မပြောပါနဲ့နော်Jun."
" ဟုတ်တယ်Jeno....Jaeminကြောင့်..."
Jenoကအကြောင်းပြချက်မရှိပါပဲဟက်ဟက်ပက်ပက်ထရယ်ပြန်သည်..
အမှန်ဆိုသူစိုးရိမ်သွားရမှာလေ။
" Nanaရော...ဘာမှမထိခိုက်မိဘူးမဟုတ်လား..."
" နည်းနည်းပါးပါးတော့ပွန်းပဲ့သွားတာပေါ့......ငါမေးနေတာမဖြေရသေးဘူးနော်Jeno.."
" ငါ့မှာဖြေစရာမရှိဘူးJun...".
" သား.....အထဲပြန်ဝင်ရအောင်..အေးတယ်...."
အချိန်ကိုက်ရောက်လာတဲ့JenoအဖေကိုလဲRenjunဂရုမစိုက်အား...
သူသိချင်တာ...Jenoဘာလို့Jaeminကိုညာရတာလဲ...
" ငါမေးနေတာဖြေလို့ပြောနေတယ်Jeno..."
" သားသူငယ်ချင်းလား...အန်ကယ်ကJenoအဖေပါ..."
" ဟုတ်တယ် အန်ကယ်...jenoသူငယ်ချင်းပါ...သူဘာလို့ဆေးရုံတက်နေရတာလဲအန်ကယ်..."
" သားက..."
" ဒယ်ဒီ.......ခဏလေး..ဒယ်ဒီJunကိုကျွန်တော်ပဲဖြေလိုက်ပါ့မယ်.."
" Jun...jun...Haung Renjun...?.."
" ဟုတ်တယ်..ဒယ်ဒီ..ပီးရင်ကျွန်တော်ဝင်ခဲ့ပါ့မယ်....ခဏလေးပဲအချိန်ပေးပါ...."
သားအဖနှစ်ယောက်ဘာတွေပြောနေလဲRenjunနားမလည်..
ဘာတွေကိုကြီးကြီးမားမားလိမ်လည်နေတာလဲJeno...
" သားကကျောက်ကပ်မကောင်းဘူးJun....မင်းသိခဲ့မှာပါ...လွန်ခဲ့တဲ့လေးနှစ်ကလဲ...Jaeminအတွက်ကျောက်ကပ်ပေးရင်း သား comaဝင်ခဲ့ဖူးတယ်..."
" Jenoကလေ......Coma....ကျွန်တော်..ကျွန်တော်မသိခဲ့ဘူး...အန်ကယ်..."
Jenoကအဲ့လောက်တောင်ပေးဆပ်ခဲ့တာလား...။
" ဟုတ်တယ်..Jun...သားကအဲ့ဒဏ်တွေကြောင့်ပဲ...အခုကျန်နေသေးတဲ့ကျောက်ကပ်တခြမ်းက အစကကောင်းနေခဲ့ပေမဲ့အခုဆေးဒဏ်တွေကြောင့်ပျက်စီးနေပီ.....အစားထိုးဖို့လိုတယ်...အစားမထိုးရင်သားကသက်တမ်းစေ့နေနိုင်တော့မှာမဟုတ်ဘူး...ဒါပေမဲ့...အစားထိုးနိုင်ခဲ့လဲ....."
တိမ်ဝင်သွားတဲ့Jenoအဖေရဲ့စကားသံကိုစူးစိုက်ကာနားထောင်ရင်းJenoကိုတချက်ကြည့်တော့...သူတို့စကားဝိုင်းနဲ့ဝေးကွာနေသလိုငေးချင်ငေးနေပြန်သည်...
"Jenoကမေ့ဆေးနဲ့မတည့်ဘူး...ပထမတခါကလဲ..မေ့ဆေးကြောင့်ရှော့ခ်ရပီးcomaဝင်တဲ့ထိဖြစ်ခဲ့တာ...အခုတခါဆိုရင်တော့...ဘယ်သူမှအာမမခံနိုင်ဘူး......"
" ဒါဆိုJenoက..."
" ခွဲစိတ်ရင်းနဲ့လဲဆုံးပါးသွားနိုင်တယ်Jun...."
ဒါတွေမသိခဲ့ပဲ..ငါ့အတွက်ပဲကြည့်နေခဲ့တာJeno......
" Nanaကိုလက်ထပ်လိုက်ပါJun...."
" ဘာလို့လဲ...Jaeminကမင်းအတွက်ပဲဖြစ်သင့်တာလေ...မင်းအသက်နဲ့ရင်းပီးကြိုးစားပမ်းစားကယ်ထားခဲ့တဲ့Jaeminကို ငါ့လက်ထဲကိုဘာအတွက်ထည့်မှာလဲjeno..."
" မင်းနဲ့မှစိတ်ချနိုင်မှာjun.."
" Jaeminကအရုပ်မဟုတ်ဘူးနော်...မင်းမလိုချင်လို့တခြားတယောက်ပါသွားနိုင်အရုပ်ကလေးမဟုတ်ဘူး...မင်းကိုသေမတတ်ချစ်တဲ့နှလုံးသားရှိတဲ့လူ.."
" ငါဘာလုပ်ရမှာလဲ....ငါသေသွားရင်တောင်နေ့တိုင်းပူဆွေးနေမဲ့Nanaကိုမင်းကြည့်နေချင်တာလား...မင်းဘေးမှာမင်းကိုဂရုစိုက်ရင်းမေ့မေ့ပျောက်ပျောက်နဲ့ပျော်ရွင်နေမဲ့Nanaကိုပဲမြင်ချင်တာလား..."
" ဒါဆိုငါကရော....မင်းတို့အတွက်မင်္ဂလာပွဲတောင်ဖျက်ပေးမဲ့ကောင်ပါ..."
" တောင်းပန်ပါတယ်..Jun...ကူညီပါ...မင်းကူညီမှဖြစ်မှာပါ....ငါဒီလိုတောင်းပန်ရင်ရော..."
ခုံမှရုတ်တရက်ထကာမြေပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်တဲ့Jenoကြောင့်ရောယောင်ကာမြေပြင်ပေါ်ထိုင်ချမိသည်...
လုံးဝအရှုံးပေးတော့မှာလားJeno...
" ကောင်းပြီ....ငါ,jaeminieကိုလက်ထပ်မယ်.."
" ကျေးဇူးတင်ပါတယ်Jun.....ငါ့အကြောင်းတွေNanaမသိပါစေနဲ့.."
" အင်း...ငါပြန်မပြောပါဘူး....ဒါပေမဲ့Jeno...ဒါကတရားမယ်ထင်လား...."
" မျှတပါတယ်Jun.."
" ဟင့်အင်း....မင်းစိတ်တိုင်းကျရေးဆွဲထားတဲ့ဇာတ်လမ်းမှာ မင်းပဲနာကျင်ရတာမဟူတ်ဘူး..ငါတို့ပါနာကျင်နေရတာ...အဲ့တာမမျှတဘူးJeno...."
" Nanaနဲ့လက်ထပ်ပီးရင်ပျော်အောင်နေကြနော်Jun..."
" အရူးကောင်..."
" အခန်းပြန်လိုက်ပို့ပေးမယ်Jun....ထ..."
ဇောနဲ့မြေပြင်ပေါ်တရှိန်ထိုးဆင်းပီးမှကျောက်ပတ်တီးတန်ခိုးနဲ့တော်တော်နဲ့ထမရ..
" ငါစိတ်ချမယ်Jun..."
" အကုန်လုံးပီးမှစိတ်ချ...ကြိုပီးစိတ်ချပီးမသေသွားနဲ့ဦး.."
" မင်းတို့မင်္ဂလာဆောင်ကိုငါလာရဦးမှာလေ.Jun...ငါဘာမှမဖြစ်သေးပါဘူး......"
အရာရာအကုန်လုံးစိတ်ချနိုင်မှငါမျက်ကွယ်ပြုမှာပါNana...
Junလက်ကိုရဲရဲသာတွဲထားပေးပါ...
Zawgyi
" အဲ့တာဆို..ငါအင်္ကျီသွားလဲဦးမယ်​..ခဏ​စောင့်​.."
" Jaemin...Jaeminie..."
" ဟင်​..ဟင်​..."
အင်း...Nono​ပြောဖူးတယ်​...
" မင်း​ရောပဲ​လေRen.."
" အင်း.."
" အဲ့တာဆို..ဒါပဲယူကြမယ်​.."
အင်း...အပြာ​ရောင်​ပဲ...
Nonoလဲကြိုက်​တယ်​...။
❤
" Yeol..."
" ကိုယ်​ကဦးစား​ပေးလား.."
" Jeno.."
" ​လေး​လေး...."
" ဒယ်​ဒီ..ဖုန်းလာ​နေတယ်​.."
" သားဖုန်း...Jaeminဆီက.."
" ​ကောင်းပီ​လေ..​စောင့်​​နေ.."
" ဘာလို့လဲ.."
" သား..."
" သား.."
❤
" လာပြန်​ပီလား.."
" Jun..."
" Junကဘယ်​လိုလုပ်​..."
" ငါ...ငါဘာမှမဖြစ်​ဘူး..."
" သားက..."
" Jun...jun...Haung Renjun...?.."
" ဒါဆိုJenoက..."
" မျှတပါတယ်​Jun.."
" အရူး​ကောင်​..."
" ငါစိ​တ်​ချမယ်​Jun..."
Bạn đang đọc truyện trên: AzTruyen.Top