Part - 34

Unicode

Jaeminသက်ပြင်းကိုလေးကန်စွာချရင်းJenoအိမ်ကနေလှည့်ထွက်ခဲ့သည်...
ဒီရက်ပိုင်းJenoကသိသိသာသာကိုရှောင်နေတာ......

ဖုန်းဆက်လဲမကိုင်သည်ကများသည်..

လူကိုယ်တိုင်လာတွေ့တော့လဲ..ကုမ္ပဏီလိုက်သွားလို့..သူငယ်ချင်းတွေနဲ့သွားတွေလို့ စတဲ့စတဲ့မရေရာတဲ့အကြောင်းပြချက်တွေကြားရသည်..

Ommaရဲ့စကားတွေကိုJenoစိတ်ဆိုးသွားတာများလား...။

စိတ်မပြတ်ပါပဲအိမ်ကိုလှည့်ကြည့်ချိန်မှာတော့Jenoအခန်းရဲ့လှုပ်ခတ်သွားတဲ့ပြတငးပေါက်လိုက်ကာစနောက်မှအရိပ်က Jenoမှန်းတပ်အပ်သိသည်..

ဘာလို့လဲ...

ဘာကြောင့်များအိမ်မှာရှိနေတဲ့Jenoကသူ့ကိုညာနေရတာလဲ....

ညာတဲ့လူတွေကိုအမုန်းဆုံးပဲလို့ငါပြောထားဖူးတယ်နော်Jeno...

" ဘာသောက်မလဲJaeminie..."

".Renအဆင်ပြေတာလုပ်ပါ.."

အမြဲပြုံးနေတတ်တဲ့မျက်နှာလေးကသိသိသာသာညိုး၍ရောက်လာချိန်မှာတော့Renjunမနေနိုင်တော့..
ဘာကိစ္စများလဲ..

" ပြောလို့ရပီလားJaemin...ဘာလို့လဲ.."

" ကျွန်တော်ပြောပြရင်Renအပေါ်မှာမတရားသလိုဖြစ်နေမှာ....."

" Jenoနဲ့ပတ်သတ်ပီးပြောမှာလား..."

Jaeminခေါင်းညိတ်ပြ၍ဝဲခနဲလှိုက်တက်လာတဲ့မျက်ရည်စတွေကိုခပ်သိမ်းရင်းသူပြုံးလိုက်သည်...
Jaeminအတွက်သူ့ရင်ခွင်ကအချိန်ပြည့်ဖွင့်ထားပီးသားလေ..

" Nonoကရှောင်နေတယ်Ren..."

" ဘာလို့လဲ.."

" ကျွန်တော်မသိဘူးRen..အိမ်မှာရှိရက်နဲ့ကျွန်တော့ကိုထပ်မတွေ့တာ...."

" Jenoကအဲ့လိုလုပ်မဲ့လူစားမျိုးမဟူတ်ပါဘူး...သူ့မှာအကြောင်းတခုခုရှိလိူ့နေမှာပါ..."

".Renကအဲ့လိုထင်တာလား.."

မျော်လင့်ချက်လေးနဲ့စိုက်ကြည့်လာတဲ့Jaeminလက်တွေကိုဆုပ်ကိုင်ကာ..

" Jenoကိုအရမ်းချစ်တယ်မလား..."

" အင်း.."..

" အဲ့တာဆိုယုံကြည်ပေးလေ...ချစ်တဲ့သူကိုယုံကြည်ရတယ်Jaemin....Jenoကဘာကြောင့်မှသစ္စာဖောက်မဲ့သူမဟုတ်ဘူးJaemin...ငါယုံတယ်..ဘေးလူဖြစ်တဲ့ငါတောင်ယုံတာမင်းကပိုယုံကြည်ပေးသင့်တယ်လေ.."

" Ren.."

" အမှန်ဆို...မင်းလာမပြောသင့်ဘူးJaemin...ငါရင်နာနာနဲ့ခွဲထုတ်ပေးလိုက်ရတဲ့နှလုံးသားတခြားလူဆီမှာလဲပျော်ရွင်မနေရင် ပြန်လုမိလိမ့်မယ်"

" တောင်းပန်ပါတယ်Ren....ကျွန်တော်Renကိုဒုက္ခတွေပဲပေးနေမိတယ်.."

" မလိုပါဘူး..Jaemin....ငါကမင်းအတွက်အမြဲတမ်းရှိနေမဲ့သူပဲ..."

အမြဲတမ်းအသင့်အနေအထားနဲ့မင်းဘေးမှာလေးနှစ်လုံးရှိနေခဲ့ပြီးပြီလေ..
နောက်နှစ်ပတ်ဆိုတဲ့အချိန်ကမကြာတော့ပါဘူးJaemin..

အတ္တပဲပြောပြောငါကမင်းနဲ့ပတ်သတ်သမျှအရာအားလုံးကိုအတ္တကြီးနေတာ....

မင်းအချစ်ကိုမပိုင်ဆိုင်ရသေးလဲအချိန်ကြာလာရင်ချစ်လာလိမ့်မယ်လို့ငါယုံနေတယ်...

ခုချိန်မှာမင်းကိုစိတ်ဆင်းရဲစေတာLee Jenoဖြစ်နေရင်ငါလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး....
ငါကိုယ်တိုင်မြတ်နိုးတန်ဖိုးထားရတဲ့ပန်းတပွင့်ကိုအသင့်ယူပီး နင်းချေပစ်မဲ့အဖြစ်မျိူးတော့ငါအဖြစ်မခံနိုင်ဘူး...

ငါ့ရဲ့မြတ်နိုးမှုလေးကငါ့လက်ထဲမှာငါ့ဘဝထဲမှာပဲပျော်ရွင်နေရမှာ....

" Chenleကိုမတွေ့ပါလားRen..."

" Debutဖို့ကိစ္စတွေကြောင့်အိမ်ပြန်မလာတာတောင်ကြာပီJaemin..."

" ကျွန်တော့ရဲ့Renကအနီးမှုန်ပဲ....."

" လူဆိုတာအလွယ်တကူရနေတဲ့အရာကိုမမြင်တတ်ကြတာသဘာဝပဲလေ....ခက်ခဲမဲ့အရာကိုသာခက်ခက်ခဲခဲလိုချင်ပီးတန်ဖိုးထားချင်ကြတာ.."

" ခက်ခဲတဲ့အရာကအလွယ်တကူမရသလို..ပင်ပန်းမှုတွေပဲပြန်ရလာရင်ဘယ်လိုလုပ်မလဲ..."

" မဖြစ်ဖြစ်အောင်ယူမယ်လို့ပြောရင်လိမ်ရာကျမှာပေမဲ့အလွယ်တကူတော့လက်လျော့ဖို့မဖြစ်နိုင်ဘူးလေ.."

အမည်နာမတွေတခြားအရာတွေမပါလဲပြောလိုက်တဲ့စကားအတိမ်အနက်တိုင်းကိုနားလည်ကြသည်...
အနီးမှုန်လိုပဲဆိုတဲ့စကားကမင်းနဲ့နှိုင်းယှဉ်ခဲ့တာလေJaeminie...
အခုငါကတဖတ်သတ်ဆိုတဲ့ရာထူးတိုးသွားတော့ နှိုင်းယှဉ်ခံရတာငါဖြစ်နေပီပေါ့...

" ကျွန်တော်ပြန်ဦးမယ်Ren...."

" လိုက်ပို့ပေးမယ်..."

" ရတယ်Ren....ကျွန်တော့်ဘာသာ.."

" ငါကမင်းသူငယ်ချင်းအဆင့်တောင်ရှိမနေဘူးလား..."

နာကျင်စွာရေရွတ်မှုရဲ့အဆုံးမှာJaeminဖြေးလေးစွာခေါင်းညိတ်ပြလာသည်..

" ကျွန်တော်နင်းမယ်Ren..."

နောက်ပါးမှတိုးရင်းကျောပြင်ဆီမျက်နှာအပ်ကာဖက်တွယ်မှုကင်းကွာနေခဲ့၍လွမ်းဆွတ်နေရတဲ့ကိုယ်သင်းနံ့လေးကိုခိုးရင်းရူရှိုက်မိသည်...

ကိုယ်သင်းနံ့ကအစငါ့ကိုရူးအောင်ပြုစားနေတာJaemin..
ငါရူးဖို့ 1%လောက်ပဲလိုတော့တာ...

❤

ကုတင်ပေါ်လှဲရင်းကနေမထိထိုင်မသာနဲ့အခြေအနေကဆိုးရွားလွန်းသည်..
လက်ကဆေးထိုးအပ်တွေကိုတစပ်ထဲဆွဲဖြုတ်ပစ်ကာအနွေးထည်ထပ်ဝတ်ရင်းအောက်ထပ်ကိုပြေးဆင်းလာခဲ့သည်..
အောက်ထပ်မှာသတင်းစာဖတ်နေတဲ့ဒယ်ဒီကိုမြင်တော့အချိန်မဆွဲပဲအနားသွားကာ..

" ဒယ်ဒီ...Jaeminဆီလိုက်ပို့ပေးပါလား.."

" သား..."

" လုပ်ပါ ဒယ်ဒီ Nana...Nanaစိတ်မကောင်းဖြစ်သွားမှာ..."

" ဒယ်ဒီလိုက်မပို့ပေးဘူး သား...သားနားနေသင့်တယ်...နောက်မှNanaကိုဒယ်ဒီခေါ်ပေးမယ်..မဟုတ်ရင် အခုဒယ်ဒီဖွင့်ပြောလိုက်ရမလား..."

" ပြောလိုက်ပေါ့...ဒယ်ဒီအခုတကယ်လိုက်မပို့ဘူးနော်..ရတယ်.."

ပြေးထွက်သွားတဲ့သားကိုSehunမတားလိုက်နိုင်ခဲ့...
ရုတ်တရက်မို့ကြောင်အနေတာပဲလဲပါမည်...
နေမကောင်းနေတဲ့သားကတခုခုဆိုအရမ်းစိတ်ဆတ်လာတာ..
အလိုမကျတာတွေအများသား....

သတင်းစာကိုဘေးချပီး သားနောက်ကိုအမြန်ပြေးလိုက်ရသည်...

" ကျေးဇူးပဲRen..."

" အင်း......စိတ်ညစ်စရာတွေမတွေးနဲ့တော့....ညနေစာစားပီးဂိမ်းလေးဘာလေးဆော့ပီးအိပ်လိုက်နော်.."

" အင်းပါ...Renလဲဂရုစိုက်ပြန်နော်..."

" အ..."

မျက်လုံးကိုဖိကိုင်ကာအော်လိုက်တဲ့Renကြောင့်အိမ်ထဲလှမ်းမဲ့ခြေလှမ်းတွေရပ်တန့်ကာRenပခုံးကိုလှုပ်ခတ်ရင်းအတင်းမေးလိုက်သည်..

" မျက်လုံးထဲအကောင်လားမသိဘူး..ဝင်သွားတာ...စပ်တယ်..."

မျက်လုံးကိုဖိပွတ်ကာခုန်ဆွခုန်ဆွနဲ့Renကိုပခုံးကိုဖိကိုင်ရင်း ပွတ်နေတဲ့လက်တွေကိုဖယ်ရှားကာပိတ်ယှက်ထားတဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်သည်...
မပွင့်ပါပဲမျက်ရည်တွေစီးကျနေတဲ့မျက်လုံးလေးကိုမျက်ရည်တွေသုတ်ကာလေနဲ့အသာမှုတ်ပေးတော့ Renလက်တွေကအားကိုးတကြီးပြန်လည်ဆုပ်ကိုင်လာသည်...

" အဆင်ပြေလားRen.."

" နာနေသေးတယ်...."

" လက်နဲ့ထပ်မပွတ်နဲ့Ren..ကျွန်တော့်ကိုပြ.."

ပါးပြင်ကိုထိန်းကိုင်ကာလက်တဖက်နဲ့မျက်ခွံအားပင့်ရင်းမျက်လုံးထဲကိုကြည့်တော့နီရဲနေတာကလွဲပီးဘာမှတော့မတွေ့ရ...
လေနဲ့ခပ်ဖြေးဖြေးမှုတ်ပေးတော့အနည်းငယ်တော့ငြိမ်သွားသည်...
အိမ်ထဲမှာရေခဲလေးနဲ့တော့အုပ်ပေးရင်ကောင်းမလား။

" Na Jaemin..."

ခေါ်သံကျယ်ကျယ်ကစူးခနဲမို့လူကလဲတုန်ခနဲ..
သူတင်မဟုတ်..Renပါလန့်လို့သွားသည်...

" Nono..."

" သိပ်ကြည်နူးနေတာလား...."

" မဟုတ်ဘူး..Nono..Renက.."

" အေး...Renက Ren...Ren..Ren...သိပ်ကိုခေါ်လို့ကောင်းနေတာလား.....ငါနဲ့မတွေ့တဲ့ရက်ပိုင်းလေးကအဲ့လောက်တောင်အဆင်ပြေနေတာလား..အေးပေါ့...မင်္ဂလာရက်တောင်သတ်မှတ်တော့မဲ့လူတွေပဲ.."

" Jeno..."

" Nono....အခုဘာတွေပြောနေတာလဲမင်းသိရဲ့လား...."

" သိတာပေါ့..အရမ်းကိုပျော်ရွင်ဖွယ်ဖက်တွယ်နေတဲ့သူငယ်ချင်းနှစ်ယောက်ကိုငါတွေ့နေရတာလေ.."

" တိတ်လိုက်တော့Jeno...."

" ငါပြောနေတာမင်းမဟုတ်ဘူးJun...မင်းနဲ့မဆိုင်ဘူး...အာ..မေ့လို့...မင်းရဲ့မတရားလုထားရတဲ့ဘဝကြင်ဖော်လောင်းပဲ.."

" မင်းစကားတွေကိုရပ်လိုက်စမ်းJeno...Renကိုမင်းပြောတာတွေလွန်နေပီ...ဟုတ်တယ်..ဘဝကြင်ဖော်လောင်း..ဘာဖြစ်လဲ...မင်းဆီကလုယူတာမဟုတ်ပဲ...သူ့ကိုပိုင်ဆိုင်ခွင့်ပေးထားတာ....အဲ့တာဘာဖြစ်လဲ......ငါ့ကိုကြည့်စမ်းJeno.."

ဒေါသတွေနဲ့စိုက်ကြည့်နေတဲ့Jenoပခုံးကိုလှုပ်ကိုင်ရင်းမျက်ဝန်းတွေကိုစိုက်ကြည့်လိုက်သည်...

" မင်းအခုငါ့ကိုသံသယတွေဝင်နေတာလား...မင်းငါ့ကိုမယုံတာလား.."

" ငါတွေ့နေရတဲ့မြင်ကွင်းကယုံချင်စရာလားJaemin.."

" ငါတို့ဘာလုပ်နေတာလဲ...ငါ့တို့ဘာလုပ်လဲမင်းမြင်တာပဲ....ငါနဲ့Renကရိုးသားတယ်...မရိုးသားတာ မင်း.......ငါ့ကိုလိမ်ညာနေတာ.."

Jaeminစကားကသူ့အရှိုက်ကိုထိခတ်စေသည်..
လိမ်ညာနေတာတဲ့လား...။

" ကိုယ်မင်းကိုမညာဖူးဘူးNana.."

" အိမ်မှာရှိနေရက်နဲ့ငါ့ကိုမတွေ့ချင်လို့ညာနေတဲ့မင်းက ဘာကိုမညာဖူးတာလဲ......မင်းသာငါ့အပေါ်မှာလုပ်ရက်နေတာ...အရူးတယောက်လိုအခေါက်ခေါက်အခါခါလာရှာနေတဲ့ငါ့ကိုအိမ်ပေါ်ထပ်ကနေကြည့်နေရတာအရမ်းပျော်နေတာလား...."

" မင်းစကားကိုမလွှဲပစ်နဲ့.."

" ငါ့ကိုမအော်နဲ့...အော်စရာမလိုဘူး...ငါဘာအပြစ်မှမလုပ်ထားသလို..မင်းလိုလူလိမ်ဆီကအအော်ခံစရာအကြောင်းမရှိဘူး.."

" မင်းJaeminကိူယုံသင့်တယ်မဟုတ်လား...ငါ့ကိုမယုံရင်တောင်Jaeminကိုတော့မင်းယုံသင့်တယ်လေ...Jaeminမင်းကိုဘယ်လောက်ချစ်လဲ.."

." မင်းပါးစပ်ကိုပိတ်ထားလို့ပြောနေတယ်နော်Renjun.."

" Renကိုလဲအော်စရာမလိုဘူး....မင်းကဘာမို့လို့Renကိုအော်နေရတာလဲ....မင်းပြန်တော့Jeno.....ငါမင်းကိုဒီထပ်စိတ်မပျက်ခင်.."

" Nana.."

အတင်းဖက်တွယ်လာတဲ့လက်တွေကိုဆွဲဖြုတ်ကာရင်ဘတ်ကိုရိုက်ပုတ်လဲဖက်ထားတဲ့အားကလျော့မသွား...
ကျစ်နေတဲ့လက်တွေကြားထဲမှာညပ်နေတဲ့သူကမျက်နှာအနှံ့လဲနေရာစုံအောင်အနမ်းခံနေရပြီးပြီ။

" မင်းတောင်Renjunနဲ့နမ်းခဲ့သေးတာ...ကိုယ်ကဘာလို့နမ်းခွင့်မရှိရမှာလဲNana.."

" ဖယ်စမ်း Lee jeno..."

အားကုန်သုံးကာဆောင့်ရုန်းရင်းလွတ်ထွက်သွားတာနဲ့ဒေါသအလျောက်ပြုမူလိုက်မိတာက Jenoမေးရိုးဆီထိမိတဲ့လက်သီးတချက်...။

" သား...."

ထိုးရပ်လာတဲ့ကားပေါ်ကဆင်းလာတဲ့အန်ကယ်Sehunကိုမြင်လိုက်မှကိုယ်ရှိန်ကိုသပ်လိုက်သည် ....
လဲနေတဲ့Jenoကိုထူနေတဲ့Sehunကိုလဲကျောခိုင်းကာ Renကိုစက်ဘီးပြန်ထောင်ပေးရင်းနှုတ်ဆက်လိုက်သည်..

သူတို့ပြဿနာထဲ Renကဒီထက်ပိုကာမပါသင့်တော့။

" ဘယ်လိုဖြစ်ကြတာလဲJaemin.."

" အန်ကယ့်သားကိုမေးကြည့်တာအကောင်းဆုံးဖြစ်လိမ့်မယ်..ကျွန်တော့်သိက္ခာတွေအချစ်တွေကိုစော်ကားတာ လက်သီးတချက်နဲ့တင်မလုံလောက်ဘူး အန်ကယ်.."

" အေးအေးဆေးဆေးဖြေရှင်းကြမှပေါ့သားတို့ရယ်..."

" အန်ကယ်လဲသူ့ကိုခေါ်ပီးပြန်ပါတော့...ကျွန်တော်သူ့မျက်နှာကိုထပ်မတွေ့ချင်တော့လို့..."

" အန်ကယ်ကြားထဲကပဲတောင်းပန်ပါတယ်....သားကနေမကောင်းလို့ပါ...နေမကောင်းတော့စိတ်ဆတ်နေတာကြောင့်သားနဲ့စကားများကြတာနေမှာပါ..."

" မလိုဘူး...အန်ကယ် ..ကျွန်တော်လိုချင်တာသူ့ဆီကယုံကြည်မှုပဲ..သူကျွန်တော့်ကိုမယုံကြည်ဘူးအန်ကယ်...ကဲ..ပြန်ပါတော့..."

အိမ်တံခါးဆောင့်ပိတ်ရင်းကျောခိုင်းချလိုက်သည်...
ထိုးလိုက်တဲ့အားကဘယ်လောက်များလဲသူ့ကိုယ်သူသိသည်..
အန်ကယ်sehunလက်ထဲကJenoကသတိမရှိတော့မှန်းမြင်လိုက်ရတာမို့အတော်ပင်သွေးပျက်သွားရသည်...

ဒါပေမဲ့.....

မင်းလွန်ခဲ့တာJeno...

ငါ့အချစ်တွေကိုသဝန်တိုတဲ့ခေါင်းစဉ်အောက်မှာနင်းချေပစ်လိုက်တာ...

ဒီတခါတော့ခွင့်လွှတ်ဖို့ပြန်စဉ်းစားရတော့မယ်Jeno.....

Zawgyi






ဘာလို့လဲ...



" ဘာ​သောက်​မလဲJaeminie..."

".Renအဆင်​​ပြေတာလုပ်​ပါ.."

ဘာကိစ္စများလဲ..





" Nonoက​ရှောင်​​နေတယ်​Ren..."

" ဘာလို့လဲ.."


" Jenoကအဲ့လိုလုပ်​မဲ့လူစားမျိုးမဟူတ်​ပါဘူး...သူ့မှာအ​ကြောင်းတခုခုရှိလို့​နေမှာပါ..."

".Renကအဲ့လိုထင်​တာလား.."



" အင်း.."..


" Ren.."







ငါကိုယ်​တိုင်​မြတ်​နိုးတန်​ဖိုးထားရတဲ့ပန်းတပွင့်​ကိုအသင့်​ယူပီး နင်း​ချေပစ်​မဲ့အဖြစ်​မျိုး​တော့ငါအဖြစ်​မခံနိုင်​ဘူး...










" လိုက်​ပို့​ပေးမယ်​..."




" ကျွန်​​တော်​နင်းမယ်​Ren..."



❤



" သား..."






" ​ကျေးဇူးပဲRen..."



" အ..."




" အဆင်​​ပြေလားRen.."

" နာ​နေ​သေးတယ်​...."



" Na Jaemin..."


" Nono..."

" သိပ်​ကြည်​နူး​နေတာလား...."

" မဟုတ်​ဘူး..Nono..Renက.."


" Jeno..."



" တိတ်​လိုက်​​တော့Jeno...."







လိမ်​ညာ​နေတာတဲ့လား...။





" မင်းJaeminကိုယုံသင့်​တယ်​မဟုတ်​လား...ငါ့ကိုမယုံရင်​​တောင်​Jaeminကို​တော့မင်းယုံသင့်​တယ်​​လေ...Jaeminမင်းကိုဘယ်​​လောက်​ချစ်​လဲ.."



" Nana.."



" ဖယ်​စမ်း Lee jeno..."


" သား...."









Uncel  sehunလက်​ထဲကJenoကသတိမရှိ​တော့မှန်းမြင်​လိုက်​ရတာမို့အ​တော်​ပင်​​သွေးပျက်​သွားရသည်​...

ဒါ​ပေမဲ့.....

မင်းလွန်​ခဲ့တာJeno...



Bạn đang đọc truyện trên: AzTruyen.Top