Part - 33
Unicode
Coatအကျႌကိုကောက်စွပ်လိုက်ပီးတဲ့နောက်Sehunရဲ့အလုပ်သွားရန်ပြင်ဆင်ခြင်းပီးမြောက်သွားလေပြီ။
Laptopကိုဒီတိုင်းပိုက်ကာအောက်ထပ်ဆင်းလာရင်းထမင်းစာစခန်းဆီဦးတည်လိုက်သည်..
လက်ကနာရီကိုကြည့်တော့မနက်၈နာရီပင်ထိုးပြီ။..
သားကခုချိန်ထိမနိုးသေးတာများလား။
" ကိုကို...ကော်ဖီဖျော်လိုက်ရတော့မလား..."
" အင်း....ဖျော်လိုက်တော့ညီမလေး...ဒါနဲ့..သားနိုးနေပီလား..."
" မသိဘူး..ကိုကို...ညီမလေးနိုးထဲကတော့သားကိုမတွေ့ဘူး...ဘာလို့လဲ...သားကကိုကိုနဲ့လိုက်မလို့လား..."
" ဟုတ်တယ်...ကိုကိုကနားနားနေနေအိမ်မှာပဲနေဆိုတာကို...လိုက်ကြည့်ချင်လို့ပါတဲ့..."
" ကိုကိုနဲ့သားအခုလိုအဆင်ပြေနေတာမြင်ရတာညီမလေးတကယ်ပျော်တယ်သိလား..."
" ကိုကိုလဲမယုံနိုင်ဘူး....သားကခါးခါးသီးသီးဖြစ်နေမယ်ထင်တာ.."
" သားကလိမ်မာတဲ့ကလေးပါ...အဲ့တာဆို ကိုကိုသားကိုသွားနှိုးလေ...ညီမလေးမနက်စာပြင်ထားလိုက်မယ်...တခါထဲDoyoungလေးကိုပါနှိုးခဲ့ဦးကိုကို..."
Sehunခေါင်းညိတ်ရင်းလှေကားထစ်တွေကိုဖြတ်ကျော်ကာအပေါ်ထပ်ဆီလှမ်းလျောက်လာခဲ့သည်...
Doyoungအခန်းကိုဝင်ကာနှိုးပီးမျက်နှာချင်းဆိုင်ကသားအခန်းထဲဝင်ခဲ့သည်...
ကုမ္ပဏီလိုက်ချင်လို့မရမကပူဆာထားတဲ့သားကခုချိန်ထိစောင်ပုံထဲမြုပ်ကာအိပ်ကောင်းနေဆဲ...
ပြတင်းပေါက်ကနေတဆင့်အခန်းတွင်းဝင်ရောက်နေတဲ့နေရောင်ကမျက်နှာပေါ်ထိုးကျနေတာတောင်သားကအအိပ်မပျက်...
Sehunခပ်သောသောရယ်ရင်းသားကုတင်ဘေးကိုလှမ်းကာကုတင်ဘေးမှာဝင်ထိုင်ရင်း..သားမျက်နှာနုနုပေါ်ထိုးကျဆဲနေရောင်ကိုကွယ်လိုက်သည်....
နဖူးပေါ်မှာဖရိုဖရဲနဲ့ဝဲကျနေတဲ့ဆံနွယ်တွေကိုသပ်လိုက်တဲ့အချိန်မှာတော့သားနဖူးထက်ဆီကနွေးခနဲအပူချိန်တခုကိုခံစားလိုက်ရသည်...
သေချာအောင်သားလက်တွေကိုဆုပ်ကိုင်ကြည့်တော့ သားကအမှန်တကယ်ပင်..ကိုယ်တွေပူနေတာပဲ...
" သား.....Jeno...ထပါဦး...သား..."
ပခုံးကိုခပ်ဖွဖွကိုင်လှုပ်နှိုးလဲသားဆီကတုန့်ပြန်မှုတစုံတရာမလာခဲ့။..
" ညီမလေးရေ......သားDoyoungရေ...လာဦး...ဒီမှာသားနေမကောင်းဘူး..."
အသံမြှင့်အော်ရင်းသားလက်တွေကိုဆုပ်ကိုင်ကာပါးနှင့်ကပ်လိုက်သည်...
သားရဲ့အဖျားတွေဒယ်ဒီဆီကူးရင်ကူးပါစေ...
သားကတော့နေပြန်ကောင်းပေးပါ....
" ရိုးရိုးအအေးမိတာပါ..လေးလေး...အရမ်းစိတ်မပူပါနဲ့..."
" ရိုးရိုးအအေးမိတာဆို သားကဘာလို့နှိုးလို့မရတာလဲ...အဖျားလဲအရမ်းမရှိပဲနဲ့.."
" jenoအိပ်နေတာ.....အဖျားရှိန်ရော...လူ..ဒါမှမဟုတ်စိတ်ပင်ပန်းလို့လဲသွားတာ...လေးလေးကိုမတုန့်ပြန်တာလဲ..တုန့်ပြန်ဖို့အားမရှိလို့ပါ.....စိတ်မပူပါနဲ့.....အိပ်ပါစေ..နိုးရင်အဆင်ပြေမှာပါ..."
သားနားမှာပြန်ထိုင်ချရင်းမနက်စာတွေကုမ္ပဏီတွေအာရုံမရတော့...
မျက်စိရှေ့မှာသားအခုလိုဖြစ်တာပထမဆုံးမို့လို့ခြေမကိုင်မိလက်မကိုင်မိ...
လွန်ခဲ့တဲ့လေးနှစ်ကအသိမရှိတဲ့သားကိုထိုင်ကြည့်နေရတဲ့အိမ်မက်ဆိုးကြီးကခုချိန်ထိခြောက်လှန့်ဆဲ....
ဒယ်ဒီအပြစ်တွေပါ....
ဒယ်ဒီသာပစ်မထားခဲ့ရင်...
ဒယ်ဒီသာသေချာစောင့်ရှောက်ပေးနိုင်ခဲ့ရင်..သားအခုလိုတွေခံစားနေရမှာမဟုတ်ဘူး...
ဒါတောင်အဖေအဖြစ်အသိအမှတ်ပြုပေးခဲ့တဲ့သားကိုအားနာသည်....
ကလေးအသက်နှစ်ဆယ်အရွယ်ရောက်မှပေါ်လာပီးအဖြစ်သည်းပြနေတဲ့သူကလူရယ်စရာတော့ကောင်းနေပေလိမ့်မည်...
ထားပစ်ခဲ့တဲ့အမှားတခုလွန်ခဲ့တဲ့နှစ်တွေထဲကသားနားမလာအောင်စည်းသဖွယ်ခြားနေခဲ့တာ..။
" ကိုကို...အောက်မှာChanyeolရောက်နေတယ်.."
" ကိုကိုသားနားမှာပဲနေချင်တယ်ညီမလေး.."
" ခဏတော့ဆင်းတွေ့လိုက်ပါကိုကို..သားကလဲအိပ်နေတာပဲ..ညီမလေးကြည့်ထားပေးမယ်..."
" သေချာဂရုစိုက်လိုက်ပါဦး.."
သားကိုညီမလေးလက်ထဲအပ်ရင်းဆင်းလာခဲ့တော့ဧည့်ခန်းဆီမှာထိုင်နေတဲ့Yeolကိုတွေ့ရသည်..
" Jenoရော..Hun.."
" ဘာလို့လဲYeol.."
" Nanaလေးနေမကောင်းလို့...အဲ့တာJenoကိုလာခေါ်ပေးတာ..."
" သားလဲနေမကောင်းဘူးYeol..."
" ဟုတ်လား...ဒီကလေးနှစ်ယောက်ကတော့လေ...တယောက်နေမကောင်းရင်နောက်တယောက်ကလိုက်ဖြစ်လိုက်ရမှ...ဘယ်လိုရေစက်မျိူးလဲမသိဘူး...Jenoအဆင်ပြေရဲ့လား..ဘယ်လိုနေသေးလဲ.."
" အခုတော့အိပ်နေတယ်...ကျွန်တော်တို့လဲဒီမနက်မှသိတာ.....ရိုးရိုးဖျ၊ားတာပါ..စိတ်ပူစရာတော့မလိုပါဘူး...ဒါနဲ့Yeol...ကျွန်တော်ဒီနေ့ကုမ္ပဏီမလာတော့ဘူး....သားနားမှာပဲနေမလို့..."
စကားသံဆုံးတော့Chanyeolကပြုံးသည်..
Sehunနားမလည်သလိုကြည့်ရင်း...
" ဘာလို့ရယ်တာလဲ..."
" Hunတောင်တော်တော်ရင့်ကျက်နေပီပဲ...ပီးတော့ဖခင်ကောင်းတယောက်တောင်ဖြစ်လာပီ..."
" ကျွန်တော့်ကိုဖခင်ကောင်းလို့ခေါ်ထိုက်သေးပါဘူးYeol...အနှစ်နှစ်ဆယ်လုံးသားတယောက်ကိုပစ်ထားခဲ့တဲ့ကျွန်တော်ကဖခင်ကောင်းဘယ်ဟုတ်မလဲ...."
" ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့..Hunငယ်.."
" အပြစ်တင်တာမဟုတ်ပါဘူး....ထားပါ....သားနိုးလာရင်jaeminဆီလာပို့ပေးပါ့မယ်..jaeminကိုလဲသတင်းမေးတယ်လို့ပြောပေးပါ..."
" ကောင်းပါပီ..အဲ့တာဆို..ကိုယ်ပြန်တော့မယ်..."
💙
" ဒယ်ဒီ..."
ပြတင်းပေါက်ကိုမျက်နှာမူကာကုတင်ကိုကျောခိုင်းရပ်နေလဲခေါ်သံကိုတော့သူကြားသည်..
" နိုးပီလားJeno.....နေရအဆင်ပြေလား...ဘယ်နားနာနေသေးလဲ..."
သားကခပ်အေးအေးပြုံးကာငုတ်တုတ်ထိုင်ဖို့ကြိုးစားရင်းခေါင်းခါပြသည်...
" ဒယ်ဒီ..."
" အင်း..."
" ဒယ်ဒီ..လေးလေးကိုစွန့်လွှတ်ဖို့စဉ်းစားတုန်းကဘယ်လိုခံစားရလဲ..."
" ဘာလို့မေးတာလဲသား..."
" ဖြေပေးပါလားဒယ်ဒီ..."
ကုတင်ဘေးတင်ပလွှဲဝင်ထိုင်ရင်းသားလက်တွေကိုဆုပ်ကိုင်ကာမျက်နှာချင်းဆိုင်စေလိုက်သည်...
သားမျက်ဝန်းတွေကဝမ်းနည်းရိပ်တွေနဲ့ပါလား။
" စွန့်လွှတ်ခဲ့တာမဟုတ်ဘူးသား.....မစွန့်လွှတ်နိုင်လို့ရွေးချယ်ခဲ့တာ.....ဒယ်ဒီကYeolနောက်ကိုလိုက်ရင်ရခဲ့တယ်...ဒါပေမဲ့ ဒယ်ဒီမှာ ညီမလေးနှစ်ယောက်ရှိသေးတယ်လေ....ဒယ်ဒီမထားခဲ့နိုင်ဘူး...အဲ့တော့...ဒယ်ဒီရွေးချယ်ခဲ့ရတယ်...ဒယ်ဒီရွေးချယ်မှုက...ညီမလေးနှစ်ယောက်ဖြစ်နေခဲ့လို့Yeolကိုဆုံးရှုံးခဲ့ရတယ်.....
ဆုံးရှုံးရတဲ့ခံစားချက်က တကယ်ခံစားရတယ်...
သတိတွေရလိုက် ငိုလိုက်...နောင်တတွေရလိုက်နဲ့....ဒီလိုပါပဲ...အချိန်ကြာလာတော့လဲအရာရာကပုံမှန်အတိုင်းလေးပဲကျန်ခဲ့တာ...အချိန်တွေကကုစားသွားလိမ့်မယ်ဆိုတဲ့စကားအတိုင်းပေါ့..."
သားကခပ်တွေတွေငေးရင်းပြုံးသည်...
နားလည်ရခက်တဲ့သားအပြုံးတွေကိုသူမဖတ်တတ်ပေမဲ့သားအရမ်းပင်ပန်းနေဟန်ရှိသည်..
" Nanaကိုစွန့်လွှတ်ဖို့ရွေးချယ်လိုက်ရင်ရောဒယ်ဒီ..."
" သားကဘာလို့စွန့်လွှတ်မှာလဲ.....သားနဲ့Jaeminက ပျော်ပျော်ရွင်ရွင်နဲ့နေထိုင်သွားရမှာလေ.."
" ယုံကြည်ချက်မရှိတော့ဘူးဒယ်ဒီ...ကျွန်တော့်ပုံစံကNanaကိုကာကွယ်ပေးနိုင်ထင်လား..."
" အချိန်မတန်ခင်လက်မလျော့ရဘူးသား..."
" NanaကJunနဲ့လက်ထပ်ရတော့မှာ..."
" Huang Renjun?"
" ဟုတ်တယ်ဒယ်ဒီ.....NanaကိုJunနဲ့ဆိုစိတ်ချနိူင်မယ်ထင်တယ်.."
" သား......"
အံကိုကျိတ်ရင်းဝဲနေတဲ့မျက်ရည်တွေမကျဖို့အားတင်းလဲ...သားရှေ့မှာအရှက်မဲ့စွာမျက်ရည်တွေကျဆင်းလာရသည်...
" Jaeminနေမကောင်းဘူးတဲ့သား....မနက်က ...Yeolလာခေါ်သွားတယ်..."
အခုပဲစွန့်လွှတ်တော့မယ်လို့ပြောတဲ့သားက သူ့စကားကြောင့်ထိတ်ထိတ်ပြာပြာနဲ့ကုတင်ပေါ်ကပြေးဆင်း၍မနည်းလိုက်တားရသည်...
လမ်းလျောက်ဖို့တောင်အားမပါတဲ့သားက Na Jaeminအတွက်ပြေးလွှားနေပြန်ပီ။..
" Nana..."
ဖျော်လာတဲ့ကော်ဖီခွက်ကိုနီးစပ်ရာတင်ရင်းတံခါးဝကJenoဆီအပြေးလေးရောက်သွားရသည်...
ချွေးသံတရွဲရွဲနဲ့Jenoကစိုးရိမ်ပူပန်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ကာ...
" နေမကောင်းဘူးဆိုNana..."
" အင်း...ခေါင်းကိုက်နေလို့ပါ......."
" တော်သေးတာပေါ့...ကိုယ်ကအရမ်းနေမကောင်းဖြစ်နေမှာဆိုးတာ.."
"မနေ့ကရေစိုထားတဲ့အရှိန်နဲ့မို့လို့ကိုယ်လက်ကိုက်ခဲနေရုံပဲအဲ့တာကြောင့်..အခုဒီလိုပြေးလာတာလား....Nono...ချွေးတွေလဲရွဲနေတာပဲ...."
" ကိုယ်စိတ်ပူသွားတာ..."
" ကိုယ့်ကိုကိုယ်ပဲစိတ်ပူJeno.......ဘာလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်တာလဲ.မင်းအခုပုံကပစ်လဲတော့မယ့်အတိုင်းပဲ..."
.".လေးလေးရော..."
" စကားလမ်းကြောင်းမလွှဲနဲ့...ငါဆူနေတာကိုနားထောင်...."
Jenoရယ်ရင်းပခုံးကနေကိုင်ကာရင်ခွင်ထဲဆွဲသွင်းသည်..
ဆူနေတာဆိုတဲ့Jaeminကတော့စကားလုံးတွေက စကားသံတောင်မဖြစ်လိုက်ပဲပျောက်ရှသွားသည်...
" Renနဲ့မင်္ဂလာပွဲကိုငြင်းလိုက်တယ်Nono..."
" မင်းကဘယ်သူ့သဘောနဲ့ငြင်းတာလဲNa Jaemin.."
ရုတ်တရက်တံခါးဝကအသံကြောင့်Nonoလက်ကိုဆွဲကာရှေ့ကကာရပ်လိုက်သည်......
မီးဝင်းဝင်းတောက်မတတ်စိုက်ကြည့်နေတဲ့ommaမျက်လုံးတွေကိုပြန်စိုက်ကြည့်ကာ..
" ကျွန်တော်Renကိုမချစ်ဘူး...ကျွန်တော်ချစ်တာ Jenoတယောက်ထဲ.အဲ့တော့Renကိုလဲလက်မထပ်နိုင်ဘူး..."
" မင်းကအားကိုးနဲ့ခံပြောနေတယ်ပေါ့....Na Jaemin......ဖြစ်ချင်တာကိုရအောင်လုပ်ရမှာပဲ..."
" ခင်ဗျားအတ္တတွေသိပ်ကြီးတာပဲ.....မောင်တယောက်နဲ့တင်တော်ပီပေါ့...အခုတော့ သားအထိပါခင်ဗျားအတ္တကြီးနေတုန်းလား.."
မင်းommaအကြောင်းကောင်းကောင်းသိပါတယ်
" ဒယ်ဒီ..."
Sehunလက်ကာပြရင်း...
" ကလေးတွေမှာဘာအပြစ်ရှိလို့လဲ....ခင်ဗျားသားအသက်နှစ်ဆယ်ရှိပီ...မူကြိုကလေးလိုမျိုးနေရာတကာဝင်စွတ်ဖက်နေစရာမလိုဘူး...."
" ဟား...Oh Sehunက.သားအတွက်သိပ်တတ်နေပါလား....နောက်ဆုံးကျရင်မင်းရဲ့သားလဲမင်းလိုပဲဇာတ်သိမ်းရမှာပဲ..ဒီမှာOh Sehun...ဘယ်နေ့သေမလဲမသိတဲ့လူနဲ့ငါသားကိုမပေးစားနိူင်ဘူး....."
" ခင်ဗျားပါးစပ်ကိုပိတ်ထားစမ်း....သား.......Jaeminကိုတော့အန်ကယ်အားနာပါတယ်...လူကြီးလူကောင်းမပီသတဲ့လူတွေနဲ့အန်ပြန်မယ်ကယ်စကားဆက်မပြောချင်ဘူး...."
" ငါကလဲရှည်ရှည်ဝေးဝေးမပြောချင်ဘူး....မင်းတိုု့ကြည့်နေလိုက်...နောက်နှစ်ပတ်အတွင်းမင်္ဂလာဖိတ်စာပို့ပေးလိုက်မယ်...ကြွလို့ရပါပီ...."
ထွက်သွားတဲ့ကားလေးကိုမျက်စိတဆုံးလိုက်ကြည့်ရင်း နှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ခဲထားမိသည်....
သေချာတာတခုကတော့Renjunကိုဘယ်တော့မှလက်မထပ်ဘူး....
.......................................................................
အိုက်ယား🥺 Double updateနော် ဒီနေ့
Viewer‌ေတွရော voteတွေပါမရှိတော့ဘူး🤧မကောင်းတော့ဘူးလားဟင်ဖတ်လို့
Zawgyi
Coatအင်္ကျီကိုကောက်စွပ်လိုက်ပီးတဲ့နောက်Sehunရဲ့အလုပ်သွားရန်ပြင်ဆင်ခြင်းပီးမြောက်သွားလေပြီ။
Laptopကိုဒီတိုင်းပိုက်ကာအောက်ထပ်ဆင်းလာရင်းထမင်းစားခန်းဆီဦးတည်လိုက်သည်..
ကုမ္ပဏီလိုက်ချင်လို့မရမကပူဆာထားတဲ့ခုချိန်ထိစောင်ပုံထဲမြုပ်ကာအိပ်ကောင်းနေဆဲ...
" သား.....Jeno...ထပါဦး...သား..."
သားရဲ့အဖျားတွေဒယ်ဒီဆီကူးရင်ကူပါစေ...
ဒယ်ဒီအပြစ်တွေပါ....
" Jenoရော..Hun.."
" ဘာလို့လဲYeol.."
" ဟုတ်လား...ဒီကလေးနှစ်ယောက်ကတော့လေ...တယောက်နေမကောင်းရင်နောက်တယောက်ကလိုက်ဖြစ်လိုက်ရမှ...ဘယ်လိုရေစက်မျိုးလဲမသိဘူး...Jenoအဆင်ပြေရဲ့လား..ဘယ်လိုနေသေးလဲ.."
" ဘာလို့ရယ်တာလဲ..."
💙
" ဒယ်ဒီ..."
" ဒယ်ဒီ..."
" အင်း..."
" ဘာလို့မေးတာလဲသား..."
" ဖြေပေးပါလားဒယ်ဒီ..."
" Huang Renjun?"
" ဟုတ်တယ်ဒယ်ဒီ.....NanaကိုJunနဲ့ဆိုစိတ်ချနိုင်မယ်ထင်တယ်.."
" သား......"
" Nana..."
" နေမကောင်းဘူးဆိုNana..."
" ကိုယ်စိတ်ပူသွားတာ..."
.".လေးလေးရော..."
" ဒယ်ဒီ..."
Sehunလက်ကာပြရင်း...
" ဟား...Oh Sehunက.သားအတွက်သိပ်တတ်နေပါလား....နောက်ဆုံးကျရင်မင်းရဲ့သားလဲမင်းလိုပဲဇာတ်သိမ်းရမှာပဲ..ဒီမှာOh Sehun...ဘယ်နေ့သေမလဲမသိတဲ့လူနဲ့ငါသားကိုမပေးစားနိုင်ဘူး....."
" ငါကလဲရှည်ရှည်ဝေးဝေးမပြောချင်ဘူး....မင်းတို့ကြည့်နေလိုက်...နောက်နှစ်ပတ်အတွင်းမင်္ဂလာဖိတ်စာပို့ပေးလိုက်မယ်...ကြွလို့ရပါပီ...."
.......................................................................
Viewer‌တွေရော voteတွေပါမရှိတော့ဘူး🤧မကောင်းတော့ဘူးလားဟင်ဖတ်လို့
Bạn đang đọc truyện trên: AzTruyen.Top