Part - 20
Unicode
Part - 20
မုန်တိုင်းမလာခင် လေပြေကျော့တတ်တယ်တဲ့...
မဟုတ်ဘူးထင်တယ်....
ငါတို့အချစ်လမ်းကအမြဲမုန်တိုင်းထန်နေတာ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူနာပြုဆရာမဆေးထည့်ပေးနေတဲ့လက်ကတချက်တချက်နာကျင်သွား၍ ကျွန်တော်မျက်နှာကရှုံမဲ့နေတာကျိန်းသေမှာ...
အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်းအံကိုကျိတ်ထားရသည်....
" ရပါပီ....အိမ်ပြန်ရောက်ရင်ဆေးကိုဂရုစိုက်ထည့်ပေးပါ....ဆေးလဲသောက်နော်.."
ဆရာမလေးရဲ့စကားကိုခေါင်းညိတ်ပြရင်းဘေးကုတင်ဆီအကြည့်ပို့မိပြန်သည်...
နဖူးမှာပလာစတာနဲ့ကုတင်ပေါ်တင်ပလွှဲထိုင်နေတဲ့Jenoကလှမ်းပြုံးပြသည်...
မင်းရဲ့ဒဏ်ရာတွေက ခုချိန်ထိငါ့အတွက်အားနည်းချက်ပဲ...
မင်းသိလား....
မင်းတခုခုဖြစ်ရင် ငါ့ကိုယ်ငါအရမ်းမုန်းတာ...
" Lee Jenoနဲ့ မပတ်သတ်နဲ့ကောင်လေး..."
ထုံကျဉ်ကိုက်ခဲနေတဲ့ခေါင်းကိုအားယူထောင်မတ်ကာ ရှေ့မှလူရဲ့စကားတွေကိုနားလည်အောင်ကြိုးစားရသည်..
သတိရထဲကခုံမှာနောက်ပြန်ကြိုးတုပ်ခံရကာ ယခုပြောလာတဲ့စကားက...သည်လိုလား...
" မင်းလဲ Na Jaeminနဲ့မပတ်သတ်ရင်ကောင်းလိမ့်မယ်..."
ကိုယ့်ကိုမဟုတ်ပဲဘေးကိုရည်ညွန်းကာပြော၍ တယောက်ထဲမဟုတ်မှန်းသတိရမိသည်..
Nono...
" ခင်ဗျားတို့ကဘာတွေလဲ ဘာလို့ကျွန်တော်တို့ကိုဖမ်းထားရတာလဲ...ပိုက်ဆံလိုချင်တာလား..."
ကျွန်တော့်အော်မေး၍ Jenoရှေ့မှာမတ်တပ်ရပ်နေတဲ့လူကကျွန်တော်ရှိရာကိုလျောက်လာသည်..
" မဟုတ်ဘူး....ငါတို့လိုချင်တာ...မင်းက ဟောဒီLee Jenoနဲ့မပတ်သတ်ဖို့..."
" ဘာ..."
" ဒီကောင်လေးဦးနှောက်မကောင်းဘူးထင်တယ်.....မင်းနဲ့Lee Jenoနဲ့ထပ်ပီးမပတ်သတ်ဖို့ ခုလိုအေးအေးဆေးဆေးခေါ်သတိပေးတာ...ဆက်ပီးပတ်သတ်နေမယ်ဆိုရင်....ငါတို့ကဘာလုပ်မလဲဆိုတာမင်းတို့သိလိမ့်မယ်..."
ကျွန်တော်ခေါင်းကိုသာတွင်တွင်ခါမိသည်...
ဒီလူတွေကဘာတွေမို့လို့ ကျွန်တော့်ကိုအမိန့်တွေဆန်နေရတာလဲ..
" ခင်ဗျားတို့ပြောတာကိုဘာကိစ္စနားထောင်ရမှာလဲ.."
" Nana..."
ဟန့်တားတဲ့Jenoကိုတချက်ကြည့်ကာစကားပြန်ဆက်ဖြစ်သည်..
" ငါဘာသာ Jenoနဲ့ပတ်သတ်လဲဘာဖြစ်လဲ..ငါ့ချစ်သူနဲ့ငါပတ်သတ်တာ....ဘာဖြစ်လဲ..."
" ဒီကောင်..."
မြောက်တက်လာတဲ့လက်တဖက်ကြောင့်မျက်လုံးကိုစုံမှိတ်ချလိုက်သည်...
အချိန်အတန်ကြာသည်အထိနာကျင်မှုမရှိ၍မျက်လူံးဖွင့်ကြည့်တော့ ထိုလူကဒေါသနဲ့ကြည့်လို့နေသည်...
" စိတ်ထိန်းကွ....ကလေးတွေကအနုအရွလေးတွေ လက်မပါနဲ့....တခုခုဆိုငါတို့အမှုပတ်မှာ.."
တစုံတယောက်ခိုင်းတာသေချာသွားသည်မို့Jenoကိုလှမ်းကြဘ့်မိသည်..
Jenoမျက်နှာမှာလဲအဖြေကိုသိနေသလို...အားနာတဲ့ပုံစံကအထင်းသား...
မင်းအမေက အတ္တကြီးနေသေးတာပဲ.. Nono....
" Na jaemin Shii...ပြန်လို့ရပါပီ.."
ထပ်မံကာကြားလိုက်ရတဲ့သူနာပြုအသံကအတွေးတွေကိုပြန်လည်နိုးလာစေသည်..
ခေါင်းညိတ်ပြရင်းဘေးကလွယ်အိတ်ကိုကောက်ယူကာလွယ်လိုက်၍ Jenoကိုလဲမကြည့်ဖြစ်ပဲ ဆေးရုံထဲကတလှမ်းချင်းထွက်လာခဲ့သည်....
" Na jaemin..."
မျက်စိရှေ့မှာပိတ်ရပ်ကာခေါ်လိုက်တာ Jenoအမေဟုတ်စ...
" ကျွန်တော်တို့ကပြောစရာမရှိဘူးထင်တယ် အန်တီ.."
" မင်းလဲထိခိုက်မိတယ်ဆို..."
" အင်း...တချို့လူကြီးတွေရဲ့ရမ်းကားမှူကြောင့်ကျွန်တော်ထိခိုက်ခဲ့ရပါတယ်...."
" မင်းက အရင်လိုယဉ်ကျေးမှုမရှိတုံးပဲ..."
" ကျွန်တော်ကယဉ်ကျေးမှုပဲမရှိတာ....အန်တီလို အသဲမရှိတဲ့လူမဟုတ်ဘူး....."
" ငါ အသဲမာလဲအဲ့တာ သားအတွက်ပဲ "
" လေးစားပါတယ်အန်တီ....အသက်နှစ်ဆယ်ကျော်သားက အမေစကားတခွန်းကလွဲပီးနားမထောင်တတ်အောင်သင်ပေးနိုင်တာ...."
" အေး အဲ့လိုနားထောင်တတ်တဲ့သားက မင်းအတွက်ဆို လူဆိုးပဲ Na Jaemin......"
အခြေအတင်စကားဝိုင်းကတစတစပိုမိုကာပြင်းထန်မလာပေမဲ့ အေးစစ်တိုက်နေသယောင်...
" Omma..."
သူ့အမေဘေးနားသွားရပ်တဲ့Jenoကိုမဲ့ပြုံးနဲ့တချက်ကြည့်ကာ ခေါင်းငုံ့နှုတ်ဆက်ရင်းထွက်လာခဲ့သည်..
လေနှင်ရာမဟုတ်ပေမဲ့ အိမ်ပြန်ဖို့စိတ်မပါအောင်စိတ်တွေလေနေသည်မို့ ခြေဦးတည့်ရာသာလျောက်လာခဲ့သည်...
မင်းနဲ့ငါကပေါင်းစပ်ဖို့ဖြစ်နိုင်ပါဦးမလားJeno...
" မပတ်သတ်ပါနဲ့တော့ သားရယ်.."
" ကျွန်တော်Nanaကိုချစ်တာ အဲ့လောက်အပြစ်ကြီးလား omma..."
" သားချစ်တာအပြစ်မဟုတ်ဘူး......ဒါပေမဲ့ သားထိခိုက်ရင်တော့ အဲ့တာNa Jaeminအပြစ်ပဲ...အကြောင်းတစုံတရာမသိပဲ...Ommaကိုအထင်လွဲတာ....အသက်နဲ့ရင်းပီကယ်ထားရတဲ့မင်းကိုစိတ်ဒုက္ခပေးနေတာ.....အဲ့တာတွေက...သူ့အပြစ်တွေပဲ သား..."
သား နဖူးက ဒဏ်ရာက သူမရင်ကိုဓားနဲ့ခွဲတာထက်နာကျင်ရသည်...
သားအရင်းနဲ့မခြားစောင့်ရှောက်ခဲ့ရတဲ့ သားက သူမဘ၀ပဲ.....
သားကိုမျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တယ်...
သားမျက်နှာညိုးမှာတောင်မခံနိုင်....
သို့ပေမဲ့......
သူမတို့လူကြီးတွေကြားထဲကပြဿနာက သားတို့ကလေးနှစ်ယောက်အတွက် စိတ်ဒဏ်ရာတွေပဲဖြစ်နေမလား...
မြေစာပင်ဖြစ်ရတဲ့ကလေးနှစ်ယောက်က အရွယ်နဲ့မလိုက်အောင်ခံစားခဲ့ရပြီးပြီ။...
အဖြစ်မှန်တွေကိုဖွင့်ပြောချိန်တန်ပြီလား ကိုကို......။
❤
" ဆရာ....လေယာဉ်လက်မှတ်ရပါပီ......မနက်ဖြန်ညနေလေယာဉ်နဲ့ပါ..."
သောက်လက်စဝိုင်ခွက်ကိုဘေးချရင်းအံကိုကြိတ်လိုက်၍ ထင်ရှားတဲ့မေးရိုးက မီးရောင်ဝါကျင့်ကျင့်အောက်မှာထင်းခနဲ...
၀ိုင်အနည်းငယ်တင်ကျန်နေတဲ့ နှုတ်ခမ်းပါးကိုခပ်ရေးရေးပြုံးယောင်သမ်းရင်း အဝေးဆီကိုအကြည့်ထားပြန်သည်....
" ကျွန်တော် ခင်ဗျားဆီပြန်လာပီ Yeol..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိုက်ယား 😂
နောက်ထပ် OTPပါပါလာပီ
ရေးနေရင်းဇာတ်လမ်းကတော်တော်ရှည်လာမှန်းလဲသိတယ်..ပထမကတော့ ပေါ့ပေါ့ပါးပါးပဲရေးမယ်လုပ်ထားပေမဲ့ စဉ်းစားထားတဲ့ဟာလေးလဲရှိတော့ Dramaတွေဆန်ချင်လာတာနဲ့ နှစ်ခုပေါင်းရေးလိုက်မိရော😁😂
Zawgyi
မဟုတ်​ဘူးထင်​တယ်​....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းသိလား....
Nono...
" ဘာ..."
" Nana..."
" ဒီ​ကောင်​..."
" Na jaemin..."
" Omma..."
လေနှင်​ရာမဟုတ်​​ပေမဲ့ အိမ်​ပြန်​ဖို့်​စိတ်​မပါ​အောင်​စိတ်​​တွေ​လေ​နေသည်​မို့ ​ခြေဦးတည့်​ရာသာ​လျောက်​လာခဲ့သည်​...
သို့​ပေမဲ့......
❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိုက်​ယား 😂
နောက်​ထပ်​ OTPပါပါလာပီ
Bạn đang đọc truyện trên: AzTruyen.Top