Part - 2

အချိန်တွေက ကုစားသွားမှာပါတဲ့ ...

အရမ်းချစ်တဲ့လူတစ်ယောက်ကို မုန်းနိုင်ဖို့ အချိန်တစ်ခုတော့လိုတယ်တဲ့.......

မဖြစ်နိုင်ဘူးထင်တယ်....

ချစ်ရတဲ့သူမျက်နှာတွေ့ရင်.... မုန်းတီးခြင်းတွေပျောက်သွားမှာ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရော့ Jun "

မျက်နှာရှေ့နားကျော်ကာ ဘေးက Junဆီရောက်သွားတဲ့ စတော်ဘယ်ရီဘူးလေး....

Jenoရဲ့စေတနာ ကောင်းမှုတွေ

ဒီနေ့နဲ့ဆိုJenoအခန်းထဲရောက်တာ တစ်ပတ်တိတိပြည့်ပြီ။
ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မိသည့်အချိန်က မရှိသလောက် နည်းပါသည်။
Junကိုယ်တိုင်ကလည်း သူ့ကိုအလိုလိုက်လွန်းတဲ့ Jenoကို တစ်ပတ်ဆိုသည့်အချိန်နှင့်မတူအောင် ရင်းနှီးသည်....

နှစ်ယောက်သားစကားပြောတဲ့အချိန်တွေဆို....ကျွန်တော်ဘာလုပ်လဲ.....
ဒီအတိုင်း စာအုပ်က အဖော်ပါဘဲ..

မထူးဆန်းတော့ပါဘူး....

တိတ်ဆိတ်ရင်းနေခဲ့ရတဲ့ရက်တွေလတွေက နည်းတာမှမဟုတ်တာ....

"Jaeminnie....... chocolatemilkသောက်"

"ကျေးဇူးဘဲ Jun"

ပိုက်နဲ့ဖောက်ကာသောက်ချရင်း ဘာရယ်မဟုတ် Junကိုကြည့်မိသည်......
Junက စကားများသည် ကျွန်တော်ကိုယ်တိုင်လည်းများပေမယ့် Junကိုတော့မမှီ......

Junကိုကြည့်ရင်း သတိရသွားမိသည်က စာကြည့်တိုက်.... မှတ်စရာတွေရှိသေးသည်
လွယ်အိတ်ကိုကောက်ယူရင်း Junကိုတော့မမေးဖြစ်....
တစ်ယောက်တည်းဘဝက မကြာခင်ပြန်ဖြစ်လောက်သည်

တစ်ယောက်တည်းနေတတ်အောင်ကြိုးစား Na Jaemin

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွယ်အိတ်ယူရင်းထွက်သွားတဲ့ ကျောပြင်ငယ်ကိုကြည့်ရင်း ကောင်လေးတစ်ယောက်ကပြုံးလိုက်သလို...... တစ်ယောက်ကလည်း သက်ပြင်းရှည်ကြီးချခဲ့မိပေမယ့် သတိထားမိခဲ့မည်မထင်.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းပိတ်ရက် မနက်စောစောရဲ့ သာယာမှုကိုဖျက်စီးလိုက်တဲ့ ဖုန်းသံကြောင့် Na Jaemin ကျိန်ဆဲလိုက်သည်..... သမ္မတဖြစ်နေရင်တောင်... အိပ်ချိန်ကိုနှောင့်ယှက်ရင် ဆဲမိမှာကျိန်းသေ.....

"ပြောJun....အိပ်ရေးမဝဘူးနော်"

"အင်းပါ.... ငါနဲ့ အပြင်လိုက်ပေးပါလား Jaeminnie... ခဏဘဲလေ"

Junခေါ်ရင်နှစ်ခါမငြင်းတတ်သည့်အကျင့်က တကယ်အသုံးမကျ ခေါင်းကခါလိုက်ပေမယ့် နှုတ်ဖျားက...

"အင်း....တစ်နာရီအတွင်းလာခဲ့မယ်...စောင့်နေ"

ရေချိုးခန်းထဲဝင်ကာ ပြင်ဆင်ပြီး လမ်းနှစ်လမ်းဘဲခြားတဲ့ Junအိမ်ကို လမ်းလျှောက်ထွက်လာခဲ့သည်....
Junပါပါးက Jaeminကိုမြင်တော့ ပြုံးပြရင်း အိမ်ထဲခေါ်သည်... Junတို့အိမ်ရဲ့အရိပ်အာဝါသထဲရောက်တိုင်း သိမ်ငယ်မိတာ အကြိမ်ကြိမ်.....

အဆင့်အတန်းရှိမိသားစုပီသလွန်းတဲ့Junတို့မိသားစုရဲ့ နေထိုင်မှုက သာမန်အိမ်က ကျွန်တော်တို့နှင့်တော့ ကွာခြားသည်

ထို့ကြောင့်Junနဲ့ခင်လာတဲ့လေးနှစ်လုံး Junတို့အိမ်ကို ရောက်တဲ့အခေါက်အရေအတွက်က လက်ချိုးရေ၍ပင်ရသည်....
Junကသာကျွန်တော်တို့အိမ်ကိုအမြဲလိုလိုလာကာ ကျွန်တော့်အိပ်ခန်းထဲထိ ဝင်အိပ်ဖူးပေမယ့် Junအိပ်ခန်းကဘယ်မှာလဲဆိုတာတော့ ကျွန်တော်တကယ်မသိ....

ဒါတွေကို Junကအားမရတာ.... သူနဲ့ပတ်သက်ရင် အရာရာကို စိတ်ဝင်စားမှုအားနည်းလွန်းသည်တဲ့....

Hoodieအပြာနုနုကိုနို့နှစ်ရောင်ဘောင်းဘီဒူးအုပ်နှင့်ပြေးဆင်းလာတဲ့ Junက မူကြိုကျောင်းသားအလား....

"မင်းကမူကြိုကလေးလား Jun"

"တော်စမ်းNa Jaemin.....ငါကအရပ်မရှည်ပေမယ့် လက်သံပြောင်တယ်နော်....လာ....ပါပါးရေ သွားပြီနော်"

Jaeminအင်္ကျီလက်မောင်းကိုဆွဲခေါ်သွား၍ ဆွဲခေါ်ရာနောက်ပါသွားရသည်.....
Huang Injun၏ အနိုင်ကျင့်မှုဆိုတာ ဒါမျိုးပင်......

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်း စိတ်ချမ်းသာဖို့က အဓိကဘဲလေ......

....................................................................

Zawgyi


မဖြစ်နိုင်ဘူးထင်တယ်....


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရော့ Jun "





မထူးဆန်းတော့ပါဘူး....



"ကျေးဇူးဘဲ Jun"




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~















....................................................................

Bạn đang đọc truyện trên: AzTruyen.Top