Part - 11
Unicode
အတွေးတွေကပြန်လည်ရုန်းထွက်လိုက်တော့အေးစိမ့်နေသည့်ခန္ဓာကိုယ်ကြောင့်ရေပန်းအောက်ကထကာရေချိုးခန်းအပြင်ကိုထွက်လာခဲ့သည်...
ရေစိုနေတဲ့ခန္ဓာကိုယ်ကိုတဘက်နဲ့သုတ်ရင်း
ခါးကဒဏ်ရာကိုကိုင်ရင်းအောင့်သက်သက်ရယ်မိပြန်သည်..
ကျောက်ကပ်အစားထိုးနိုင်ခဲ့၍သာအသက်ရှင်နေနိုင်ခဲ့တာ....
လမ်းဆုံနားကအဖြတ် တည့်တည့်ကြီးဝင်တိုးလာတဲ့ကုန်တင်ကားကိုရှောင်လိုက်နိုင်ပေမဲ့ စက်ဘီးပေါ်ကပြုတ်ကျခဲ့သည့်သူက ကွေ့လာတဲ့ကားနဲ့ထပ်မံတိုက်မိခဲ့ပြန်သည်..
Jenoကတော့တော်သေးသည်ဆိုရမလား..
စက်ဘီးရောလူပါလမ်းဘေးကခြုံတွေဆီကျသွား၍အထိမနာ...
သို့ပေမဲ့သတိရလာတဲ့အချိန်မှာJenoရှိမနေခဲ့ဘူး...
သွေးစက်လက်နဲ့သူ့ကိုလူနာတင်ကားနဲ့ဆေးရုံပို့ပေးခဲ့သည်ကလွဲပီး နောက်နေ့မနက်မှာတင် LAကို ထွက်သွားခဲ့သည်...
မေးခဲ့ဖူးသည်လေ...
အမေနဲ့ချစ်သူဘယ်သူ့ကိုရွေးချယ်မလဲလို့..
Nono...ရက်စက်လွန်းတယ်..
သေကောင်ပေါင်းလဲဖြစ်နေတဲ့ချစ်သူကိုတောင်ထားပစ်နိုင်ခဲ့တာ...
မင်းချစ်တယ်ဆိုတာအလကားပဲ...
ယုံကြည်မှုနဲ့ငါ့အချစ်တွေအကုန်အစော်ကားခံရတာ Nono....
ငါမင်းကိုနာကြည်းတယ်...
မုန်းချင်တယ်....မုန်းဖို့တော့ငါ့နှလုံးသားကလေးနှစ်ကြာလဲလက်မခံနိုင်သေးဘူး....
ငါ့ကိုယ်ငါမုန်းရင် မင်းကိုပါမုန်းနိုင်မယ်ထင်တယ်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မျက်စိရှေ့မှာမြင်နေရတဲ့လေယာဉ်လက်မှတ်တွေကိုကြည့်ကာ Jenoဆွဲဖြဲချင်မိသည်..
အကြောင်းပြချက်မရှိပဲLAပြန်သွားရမည်ဆိုတာကတော့...
" မလိုက်လို့မရဘူး...သားငယ်...သားကိုတယောကထဲဘယ်လိုထားခဲ့ရမလဲ..."
" ကျွန်တော်မလိုက်ချင်ဘူး....တကယ်ပြောနေတာ....ပီးရင် ဘယ်ချိန်ပြန်လာရမလဲမသိပဲနဲ့....ommaချုပ်နှောင်မှုတွေစလာမှာ..."
" Jeno....မင်းဘယ်တုန်းကommaကိုပြန်ပြောဖူးလို့လဲ....."
" ဟို...တောင်းပန်..."
" တောင်းပန်တယ်...တောင်းပန်တာတွေတော်တော့ Jen....လွန်ခဲ့တဲ့လေးနှစ်ကလဲတောင်းပန်ခဲ့လို့ ငါနောင်တတွေရခဲ့ရပီးပီ.....
အ့တာကို Na Jaeminနားမှာထားခဲ့ဖို့ ငါစိတ်ချမယ်ထင်လား..."
" မလိုက်ဘူး.....ကျွန်တော်Ommaစကားကိုနားထောင်ပေးခဲ့ပဲ....ဒီတခါတော့နားမထောင်နိုင်ဘူး..."
" Lee jeno....မင်းငါ့ကိုဆန့်ကျင်ရဲတယ်ပေါ့..."
ဆန့်ကျင်ပါရစေ....
ဒီတခါတော့ထပ်ပီးNanaအနားကမထွက်သွားချင်တော့ဘူးomma...
သူငယ်ချင်းတယောက်အနေနဲ့ဆိုရင်တောင် ကျေကျေနပ်နပ်နဲ့ နေနိုင်ပါတယ်..
ရှေ့မှာချထားတဲ့လက်မှတ်ကိုဆွဲဖြဲချလိုက်သည်...
Ommaအကြည့်တွေက ဒေါသရောင်တွေတဟုန်းဟုန်း..
ဒါလဲJenoမဖြုံ...
ဒီနေ့မှကြောက်ရွံ့စိတ်ကဘယ်ရောက်နေလဲမှန်းမသိ...
" မင်းကငါ့ကိုစိန်ခေါ်တယ်ပေါ့ Lee Jeno....ကောင်းပီလေ...."
လက်ကိုဆောင့်ဆွဲကာအခန်းဆီခေါ်သွားတဲ့ommaနောက်တရွတ်ဆွဲကာပါသွားရသည်...
ကုတင်ပေါ်ကိုတွန်းပစ်ခဲ့ကာ အခန်းပြင်လှည့်ထွက်သွားတာမြင်မှဘာလုပ်မှန်းသဘောပေါက်တော့သည်...
" omma...ကျွန်တော်ကလေးမဟုတ်တော့ဘူး....အခုလိုတွေလုပ်မနေပါနဲ့တော့....တံခါးဖွင့်ပေး....."
အော်နေလဲအချည်းနှီးပဲသိပေမဲ့မကျေနပ်စိတ်နဲ့အော်နေမိဆဲ....
ငယ်ငယ်တုန်းကလိုအပြစ်ပေးနည်းမှန်ပေမဲ့...
အသက်ကြီးလာတဲ့ယောကျာ်းလေးတယောက်ကို ဒီလိုအပြစ်ပေးနည်းကမှန်မည်လား....
" ပါးစပ်ပိတ်ထားစမ်း.....မင်းဆီက ငါနဲ့လိုက်မယ်ဆိုတဲ့အသံမကြားရမချင်း အခန်းတံခါးဖွင့်ပေးမယ်မထင်နဲ့........."
" omma..."
" တောင်းပန်တဲ့လေသံတွေတော်တော့ မင်းသေချာစဉ်းစား....Na jaeminအသက်လား...မင်းအသက်လား....."
Jenoတချက်ငြိမ်သွားသည်...
ဒီစကားကအကြောင်းမဲ့ပြောစရာမရှိ...
Ommaဘာတွေဖြစ်ခဲ့ပြန်ပီလဲ...
တံခါးကိုထုနေတဲ့အသံတွေတိတ်ဆိတ်သွားမှသူမ သက်ပြင်းကိုခိုးချလိုက်မိ၏..
ပါးပြင်ပေါ်ကမျက်ရည်စက်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်..
အနည်းဆုံးတော့သားအတွက်သူမပျော့ညံ့လို့မဖြစ်...
Na Jaeminတို့အိမ်နဲ့ရေစက်ဆိုးကိုဖြတ်ပစ်ရမည်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခုံပေါ်မှောက်အိပ်နေတဲ့Jaeminကိုသူကြည့်နေတာတော်တော်ကြာနေပြီ။..
အိပ်နေတာမဟုတ်ပါပဲ....အလိုမကျမှုတွေနဲ့မျက်နှာလေးကြောင့် သူပါသက်ပြင်းတွေအကြိမ်ကြိမ်ချနေမိသည်...
စတွေ့ထဲကတိတ်ဆိတ်နေတဲ့Jaeminက ကျွန်တော်နဲ့တွေ့မှ ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်လာခဲ့တာ...
ဒီရက်ပိုင်းဘာလို့များငြိမ်သက်နေရတာလဲ..
" ဒီကောင်ကျောင်းမလာပြန်ဘူးလား...လေးရက်တောင်ရှိနေပီ...."
နောက်ဘက်ကHaechanအသံကြောင့်လှည့်ကြည့်တော့Jenoကျောင်းမလာပြန်..
ဒါကြောင့်လား.....
မယုံချင်၍စွတ်မှိတ်ကာ ငြင်းကန်တွေးနေမိလဲ Jaeminရဲ့မျက်နှာနွမ်းနေမှုက Jenoကြောင့်လား..?
" Jaeminie...."
" ဟင်......ပြောလေ Jun..."
" ဘာတွေတွေးနေတာလဲ...ငါသိလို့ရမလား..."    
" ငါ......ငါမသိဘူး Jun...ခေါင်းထဲမှာရှုပ်နေတယ်....ဘာတွေဖြစ်နေမှန်းငါ့ကိုယ်ငါမသိဘူး...."
ပခုံးကိုမှီရင်းပြောလာတဲ့Jaeminကိုပြန်ဖက်ကာ ခိုးနမ်းနေကြဆံနွယ်ပျော့လေးတွေကိုခိုးနမ်းမိသည်..
" ဘာလို့လဲJaemin......မင်းကိုဘယ်သူကစိတ်ညစ်အောင်လုပ်လဲပြော....ငါရှိတယ်လေ...."
" Jenoအမေနဲ့ရင်းနှီးလားJun..."
ထင်သားပဲ Jaemin...
" အရမ်းမရင်းနှီးပေမဲ့ ငါ့ကိုတော့ချစ်တဲ့ပုံပေါ်တယ်....သူ့သားကိုငါ့ကိုကြည့်ပေးပါတဲ့....."
" Jenoအမေကလေ.........ကောင်းပါတယ်...Jun....မင်းကJenoနဲ့ဆို ပိုပီးပျော်နေရတာ..ငါနဲ့ဆို မင်းပဲအလိုလိုက်နေရတာ..."
" မင်းပြောတာက ငါကJenoကိုပိုခင်တယ်ပေါ့......"
" အ့လိုပြောတာမဟုတ်ပါဘူး....ဘယ်လိုဖြစ်ဖြစ် Jenoနဲ့ဆိုမင်းအမြဲပြုံးနေရတာလေ..."
မင်းနဲ့ဆိုပိုပြုံးဖြစ်တယ်Jaemin..
မင်းအပြုံးကိုမြင်ရင်ငါပိုပီးပြုံးဖြစ်တယ်..
မသိဘူးမဟုတ်လား.....
" အ့တာနဲ့မင်းစိတ်ညစ်တာနဲ့ကဆိုင်နေလား..."
" အာ...မဆိုင်ပါဘူး...ဒီတိုင်းမေးကြည့်တာ.....ခဏအိပ်ဦးမယ်Jun....ပခုံးဌား...."
" အင်း..."
မင်းဘာတွေတွေးနေတာလဲငါမသိပေမဲ့..
တခြားလူတွေနဲ့ပြုံးရယ်နေတာက မင်းသဝန်များတိုနေမလားလို့...
မင်းမသိပါဘူး.
မင်းပြုံးရင်ငါလိုက်ပြုံးတယ်..
မင်းငိုနေရင်ငါပါဝမ်းနည်းတယ်..
မင်းဖျားနာနေရင် ငါကိုယ့်ငါအပြစ်တင်တယ်..
ငါကမင်းအတွက်အရိပ်လိုဖြစ်ချင်နေတာ...
အင်း...
လူတွေကပြောတယ်..
အချစ်မှာမျက်စိမရှိဘူးတဲ့...
ကျွန်တော့်အတွက်တော့အချစ်ကအနီးမှုန်ပဲ..
အနားမှာရှိနေတဲ့ကျွန်တော့်ကိုမမြင်တဲ့အချစ်က မျက်မှန်လိုနေတဲ့အနီးမှုန်တယောက်ပဲ..
Zawgyi
Part - 11
မေးခဲ့ဖူးသည်လေ...
Nono...ရက်စက်လွန်းတယ်..
ငါမင်းကိုနာကြည်းတယ်...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဟို...တောင်းပန်..."
ဆန့်ကျင်ပါရစေ....
ဒါလဲJenoမဖြုံ...
" omma..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါကြောင့်လား.....
" Jaeminie...."
" ဟင်......ပြောလေ Jun..."
ထင်သားပဲ Jaemin...
မသိဘူးမဟုတ်လား.....
" အင်း..."
မင်းမသိပါဘူး.
အင်း...
လူတွေကပြောတယ်..
Bạn đang đọc truyện trên: AzTruyen.Top