Extra
Unicode
တဖွဲဖွဲနဲ့နှင်းတွေကနေရောင်တောင်မပျောက်သေးခင်မှာကျဆင်းနေတာပတ်ဝန်းကျင်တခုလုံးဖြူလွနေပြန်သည်..
လမ်းမထက်မှာနှင်းဖွေးဖွေးဆီကိုအကြည့်တွေပို့ရင်းစိတ်ထဲကြည်နူးနေမိသည်..
ပထမဆုံးနှင်းလဲမဟုတ်ပါပဲ....နှင်းကျရင်ကိုအလိုလိုပျော်နေတာ..
အဲ့လိုပါပဲ...သူ့အပျော်တွေကိုကြာရှည်မခံအောင်လုပ်တဲ့အလိုက်ကမ်းဆိုးမသိလွန်းတဲ့ခြေထောက်ကြောင့်ခြေဆောင့်လိုက်မိသည်..
အေးလာရင်ခြေထောက်ကကိုက်လာတတ်သည်...
အခုလဲတဆစ်ဆစ်နဲ့.....ထုံကာကိုက်တတ်လာတာမို့ဘေးကခုံကိုအားပြုကာလက်ထောက်ရင်းထိုင်လိုက်ရသည်...
" Ren...အေးနေတာကိုဘာလို့အပြင်မှာထိုင်နေတာလဲ...တော်ကြာခြေထောက်ကိုက်ဦးမယ်..."
" အကြားအမြင်ဟောစားပါလားJaeminnie...အခုပဲခြေထောက်ကိုက်လာလို့ထိုင်နေတာ..."
Jaeminလက်ထဲကHot chocolateခွက်ကိုလှမ်းယူရင်းသောက်ချလိုက်တော့အနည်းငယ်တော့နွေးသွားသည်..
" ငါတို့ဆိုင်နာမည်ပြောင်းသင့်ပီမဟုတ်လား..."
R&J²ဆိုတဲ့ဆိုင်နာမည်လေးကိုလှမ်းကြည့်ရင်းJaeminခေါင်းခါပြသည်..
အမှတ်တရတွေကိုအတိတ်ကနေ ပစ္စုန်ပ္ပန်ထိသယ်ချင်နေပုံရသည်...
" ငါ Jenoကိုအားနာတယ်..."
" အားနာစရာမှမလိုတာ......"
" ဘာတွေအားနာစရာမလိုတာလဲ...မင်းတို့နှစ်ယောက်ဘာတွေပြောနေကြတာလဲ..."
ကားပေါ်ကဆင်းလိုက်ထဲကHaechanလက်ထဲကပြေးဆင်းလာတဲ့MinhyungလေးကRenjunပေါ်တရှိန်ထိုးပြေးလို့တက်သည်..
Renjunအလိုက်သင့်လေးပြန်ချီရင်းပေါင်ပေါ်ခေါ်တင်တော့Jaeminကမျက်စောင်းထိုးသည်...
" လေးလေးNanaကဘာဖြစ်လို့လဲ..ဒီနေ့သားသားဘာမှမပြောဘူးနော်..."
" ငါကဘာပြောလို့လဲ..."
" ကဲ...တော်ပါJaeminnieရယ်....မင်းကလဲ ကလေးနဲ့တွေ့တာနဲ့သတ်ကြမယ်ဆိုတာပဲ..."
Mark hyungကတော့ ကားပါကင်ထိုးကာ ခပ်အေးအေးပင်လှမ်းလျောက်လာသည်...
ငါးနှစ်ဆိုတဲ့အချိန်တွေကလူတွေကိုအများကြီးပြောင်းလဲလာစေသည်..
Haechanနဲ့Mark hyungကကျောင်းပီးလို့လက်ထပ်လိုက်ကြသည်...
နောက်..Minhyungလေးကိုမွေးစားကြသည်...
မွေးစားတုံးကလသားအရွယ်ကလေးလေးကအခုတော့ နှစ်နှစ်ကျော်လို့လမ်းလျောက်တတ်ကာစကားတွေပင်ဖောင်ဖွဲ့နိုင်သည်..
ဆိုင်ကိုလာတိုင်းလဲJaeminနဲ့ရန်ဖြစ်ရစမြဲ..
Jaeminပါးစပ်ထဲကိုစတော်ဘယ်ရီသီးအတင်းသွားထည့်ပီးတဲ့နောက်ထဲကNa Jaeminနဲ့Lee Minhyungတို့ကရန်သူတွေ..။
" Ren ...ဆိုင်ခဏစောင့်ပေးဦး..."
".အင်း..ကားဖြေးဖြေးမောင်းနော်...လမ်းတွေကနှင်းကြောင့်ချော်ချင်နေတာ..."
" မင်းရဲ့ကားယူသွားမှာနော်Ren...ပီးတော့..မင်း...ငါတို့ဆိုင်ကမုန့်တွေကိုအလကားမစားနဲ့နော်...မင်းအဖေကိုပိုက်ဆံရှင်းခိုင်း..ကြားလား.."
" ဘယ်တုန်းကမပေးလို့လဲ...ပါပါးပြောပါဦး..."
Minhyungလေးအပြောကြောင့်Renjunခေါင်းညိတ်ပြရင်းjaeminကိုလှမ်းဆူပြလိုက်သည်..
ပါပါးခေါ်ပီးကပ်ချွဲတတ်တဲ့ဒီကလေးကRenjunအသည်းကျော်...
Jaeminကတော့ကလေးနဲ့ရန်ဖြစ်ရင်းကားမောင်းကာထွက်သွားလေပြီ။..
" ပျော်နေပုံပဲJun..."
" အင်း.....ငါစိတ်တွေတည်ငြိမ်လာသလိုခံစားရတယ်Haechan...အချိန်တွေကအရာရာကိုပြောင်းလဲနိုင်တယ်ဆိုတာမှန်တယ်နော်..ငါတောင်သိပ်ပီးရင့်ကျက်လာသလိုခံစားရတယ်.."
" မင်းသိပ်တော်ပါတယ်Junရယ်....."
" မင်းကလိပ်ပဲမင်းသူငယ်ချင်းတွေဘက်ပဲလိုက်မှာပေါ့..."
" ငါဆွဲထိုးမှာနော်...မင်းကငါ့သူငယ်ချင်းမဟုတ်ဘူးလား..."
" ဘယ်သူငယ်ချင်းကသူများမင်္ဂလာဆောင်ငိုမှာလဲအရူးရဲ့..."
" ကဲ..တော်ကြတော့...ကလေးတွေလဲမဟုတ်ပဲ စနောက်ရင်းရန်ဖြစ်ကြဦးမယ်....ခုချိန်ထိကိုတွေ့တာနဲ့သတ်နေကြတာပဲ..ဟိုတယောက်က ကလေးနဲ့သတ်တယ်...မင်းတို့ကလဲသတ်နေကြပြန်ပီ...."
Mark hyungရဲ့စကားကြောင့်တကယ်ရန်မဖြစ်ပါပဲစကားနိုင်လုတဲ့နှစ်ယောက်ထရယ်လိုက်ရပါသည်..
Minhyungလေးကတော့တခိခိနှင့်ရယ်ကာနေသည်..
ရယ်စားနေရင်းသဘောကျနေတာဆိုပိုမှန်လိမ့်မည်..
❤
ကျောင်းထဲကိုတရိပ်ရိပ်နဲ့မောင်းလာတဲ့ကားလေးကိုအဆောင်ရှေ့ထိုးရပ်ရင်း ကားပေါ်ကဆင်းလိုက်သည်..
တချို့သောဆရာတွေဆရာမတွေကိုမျက်မှန်းတန်းနေသည်မို့ပြုံးပြနှုတ်ဆက်ရင်းကားကိုမှီကာရပ်စောင့်ဖြစ်သည်..
" Hyung...Jaemin Hyung.."
Chenleရဲ့အသံစူးစူးလေးကနားထဲစီခနဲ...
Jaemin ပြန်လည်ကာပြုံးပြရင်းကားတံခါးဖွင့်ပေးလိုက်သည်..
" ဒီနေ့စောသားပဲHyung.."
" ဟုတ်တယ်...ဆိုင်မှာHaechanတို့ရောက်နေလို့စောထွက်လာတာ..ဒါနဲ့Jisungရော..."
" လာလိမ့်မယ်...သူစာမေးစရာရှိလို့ဆိုလား...ခဏပဲကြာမယ်တဲ့စောင့်ပေးပါတဲ့..."
" ရတယ်Hyungစောင့်ပေးမယ်..."
Jaeminရပ်ကာစောင့်ရင်း...အချိန်တခုဆီအတွေးကရောက်မိပြန်သည်..
ကျောင်းတူတူတက်ခဲ့ရတဲ့အချိန်တွေကပျော်စရာကောင်းခဲ့တယ်..
အထင်လွဲမှုတွေနဲ့ပေမဲ့အတူတူဆိုတဲ့ခံစားချက်ကဘာနဲ့မှမလဲနိုင်အောက်ကြည်နူးစရာကောင်းသည်..
" သတို့သားHuang Renjun...သတို့သားNa Jaeminကို ထာဝရပေါင်းသင်းနိုင်ပါသလား.."
မေးခွန်းကိုပြန်ဖြေဖို့နှုတ်ဆိတ်နေတဲ့Renကိုလက်ကလေးနဲ့အသာထိရင်းသတိပေးပေမဲ့မော့ကြည့်လာတဲ့Renမျက်ဝန်းတွေကမျက်ရည်တွေအပြည့်...
" မပေါင်းသင်းနိုင်ပါဘူး....ကျွန်တော်..ဒီလက်ထပ်ပွဲကိုလဲလက်မခံနိုင်ပါဘူး...."
" Ren..."
" အချိန်မရှိဘူး Jaeminnie...လာ..."
လက်ကိုဆွဲကာပြေးထွက်လာတဲ့Renနောက်ကိုပြေးလိုက်ရင်းမေးခွန်းတွေတရစပ်ထွက်လဲRenဆီကဖြေသံမကြားရပဲအဆက်မပြတ်ပြေးနေဆဲ...။
နောက်ကအော်ဟစ်ဆူညံသံတွေကြားရပေမဲ့လှည့်မကြည့်အားပဲရှေ့ကိုသာတရှိန်ထိုးပြေးလွားနေသည်...
ဘုရားကျောင်းပေါက်ဝကနေ...တွေ့ရာတက္ကစီတစီးအမြန်ဌားကာ..မောင်းခိုင်းသည်ကဆေးရုံ...
" Ren....ဒါဘာလုပ်နေတာလဲ..."
" ပိုင်ရှင်ဆီပြန်အပ်မှာJaemin...."
" မင်းရူးနေလား....ငါကအရုပ်မဟုတ်ဘူးနော်..မင်းတို့လက်ထဲအပြောင်းအရွေ့လုပ်ခံနေရအောင်..."
" ငါဂရုမစိုက်ဘူး....Jenoသေသေရှင်ရှင်....သူ့အနားမှာမင်းရှိနေပေးမှရမယ်...ဒါကမှအမှန်တရားပဲJaemin..."
" ငါတို့မိဘတွေကို.."
" ငါမသိချင်ဘူး......I doလို့ဖြေရမယ့်ငါ့ပါးစပ်ကနေမင်းကိုပိုင်ဆိုင်ဖို့တွေဝေနေတယ်...ငါမတရားသလိုခံစားရတယ်...ဟုတ်တယ်..ဒါကမတရားတာပဲ....အဲ့တော့...အကုန်လုံးတရားမျှတအောင်ငါလုပ်နေတာ.."
" Renရာ..."
" အချစ်ဆိုတာ...ပြန်ချစ်လာမှအချစ်မဟုတ်ဘူးမှန်းငါနားလည်သွားပီJaemin...Jenoနဲ့ဆိုမင်းပျော်ရွင်ရမှာ..အဲ့တော့..အခုဆေးရုံသွားပီး မင်းသေချာဖမ်းဆုပ်လိုက်ပါ...မင်းကြောင့်နဲ့သူလက်မလျော့သွားအောင်..."
" မင်းရဲ့စိတ်ရင်းလားRen.."
" အင်း......ငါ့သူငယ်ချင်းတွေအတွက်....Jaeminnie..မင်းကငါ့ရဲ့အချစ်ရဆုံးသူငယ်ချင်းပါပဲ..."
အားနာပေမဲ့ဟန်မဆောင်နိုင်စွာပြုံးပြဖြစ်သည်...
ငါမင်းဆီကိုလာနေပီNono...
မင်းကိုဖမ်းဆုပ်နိင်ဖို့တခုတည်းသောကောက်ရိုးမျှင်ကငါပဲမဟုတ်လား..
မင်းကသေချာဆုပ်ကိုင်နိုင်ရမယ်Nono...
"Jaemin....Jun...ဘယ်လိုရောက်လာတာလဲ..."
Jenoအမေကအံ့သြမှုတွေနဲ့တုန်လှုပ်စွာမေးလာသည်..
" ကျွန်တော်တို့ပါတူတူစောင့်နေပေးမယ်အန်တီ...Jenoအတွက်ပေါ့"
" မင်းတို့မင်္ဂလာပွဲ.."
" ပိုင်ရှင်မှန်မဟုတ်တဲ့ပွဲကပျော်စရာကောင်းပါ့မလားအန်တီ...ဒါJenoအတွက်လဲမမျှတဘူးလေ....အခု..Jenoဆီကိုကျွန်တော်ကိုယ်တိုင်..Nanaကိုလာပို့ပေးတာ...."
Renရဲ့စကားတွေကJenoအမေကိုမျက်ရည်ကျစေသည်အထိလှုပ်ခတ်နိုင်သည်...
ငါလဲမင်းကိုလှုက်ခတ်နိုင်ဖိူ့ကြိုးစားနေလို့...ကျိန်းသေပြန်လာပေးJeno....
Operationခန်းရှေ့မှာနာရီအတော်ကြာအောင်ထိုင်ပီးတဲ့နောက်မှာ ဆရာဝန်တွေထွက်လာတာမြင်၍ဝမ်းသာအားရအပြေးသွားမိသည်..
နားမထောင်ရဲသလို..သိချင်လွန်း၍ရူးထွက်တော့မတတ်...
" အဆင်ပြေပြေနဲ့ပီးသွားပေမဲ့သတိရဖို့တော့စောင့်ကြည့်ရပါဦးမယ်..ခွဲစိတ်ရင်း နှလုံးရပ်သွားသေးလို့အန္တရယ်အရမ်းများခဲ့ရပါတယ်..တောင်းပန်ပါတယ်...အခုတော့...စောင့်ကြည့်ခန်းမှာပဲထားလို့ရမှာပါ.အလှူရှင်လဲအဆင်ပြေပါတယ်.......ခွင့်ပြုပါဦး.."
Jenoလက်တွေကိုဆုပ်ကိုင်ကာရေပတ်ဝတ်လေးနဲ့ခပ်ဖြေးဖြေးပွတ်သုတ်ရင်းမျက်နှာလေးကိုငေးမိသည်...
ဆေးပိုက်တွေပေါင်းစုံကြားမှာလှဲအိပ်နေတာဘယ်လောက်ကြာပီလဲNono...
မင်းနဲ့ဒီလိုခပ်ဖျော့ဖျော့ပုံကလိုက်မယ်ထင်နေလား...။
နှစ်နှစ်ရှိပြီနော်Nono....
အရင်ကလဲလေးနှစ်တောင်ငါစောင့်ခဲ့ပြီးပြီ..
အခုလဲငါထပ်စောင့်ရဦးမှာလား....
သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေတဲ့နွေရာသီတွေနွေဦးတွေ...နှင်းတွေဖွေးနေတဲ့ဆောင်းရာသီတွေဆောင်းဦးတွေ...တစ်ရာသီပီးတစ်ရာသီကုန်ဆုံးနေပီ..
Jenoနိုးမလာသေးတာတခုပဲ..။
" Nana..."
ခေါင်းမှောက်အိပ်နေရာကနားထဲကြားရတဲ့တိုးဖျော့ဖျော့အသံလေးကအိမ်မက်များလား...
မသေချာ...ဒါNonoအသံ...
" Nono..Nonoသတိရပီလား..."
လက်တွေကိုဆုပ်ကိုင်ကာအတင်းမေးတော့ယဲ့ယဲ့လေးပြုံးလာတဲ့Jeno...
တရှိန်ထိုးလိမ့်ဆင်းလာတဲ့မျက်ရည်တွေကိုပွတ်သုတ်ကာ ကုတင်ခေါင်းရင်းကဘဲလ်ကိုနှိပ်ကာဆရာဝန်တွေကိုလှမ်းခေါ်ရသည်..
" Nana....."
ခပ်ကျယ်ကျယ်ခေါ်သံကြောင့်အတွေးတွေလွန်နေရာကဆတ်ခနဲ...
လှမ်းကြည့်တော့ပြေးလာနေတဲ့Jeno...
အနားရောက်တာနဲ့တကိုယ်လုံးကိုသိမ်းကြုံးဖက်ပစ်တဲ့Jenoကြောင့်အလိုက်သင့်လေးပြန်ဖက်ရင်း...
" အေးနေတာကို..အနွေးထည်ကအပါးလေးလားNono.."
" မင်းကိုဖက်လိုက်တော့အရမ်းမအေးတော့ဘူးNana..."
Jenoကလေ....တကယ်ကိုချုပ်တတ်တာပါ...
" အဟမ်း...ဘေးကလူတွေကိုအားနာပါဦး..."
ကားထဲဘယ်ချိန်ရောက်နေမှန်းမသိတဲ့Jisungကလှမ်းအော်မှဖက်ထားရာကခွာကာရယ်မိသည်...
အလိုက်ကမ်းဆိုးတကယ်ကိုမသိတဲ့နှစ်ကောင်ပါ...
" jaemin...သားကjaeminမဟုတ်လား..."
ကားထဲကိုမျက်စောင်းလှည့်ထိုးဆဲသူ့ကိုနာမည်ခေါ်ကာရောက်လာတာက ပါမောက္ခDonghae...
ခေါင်းညိတ်ကာပြုံးပြရင်း..
" ဟုတ်.....ဆရာ.."
" မတွေ့တာတောင်ကြာပီ...ကျောင်းကိုကိစ္စရှိလို့လား.."
" ဟုတ်...ကျွန်တော့်ညီတွေကိုလာကြိုပေးတာ...ဒါကျွန်တော့်ညီဆရာ..Jenoတဲ့..ပထမနှစ်က..."
" အော်..ကဲ..ဆရာလဲသွားဦးမယ်.."
" ဟုတ်ကဲ့..ဆရာ..."
" ဟိတ်..ပထမနှစ်ကညီလေး..ကားပေါ်တက်လေကွာ...အိမ်ပြန်ဖို့နောက်ကျနေပီ.."
ကားပေါ်ကChenleရဲ့ခပ်စစအသံကြောင့်Jaeminကိုလှမ်းကြည့်ကာလည်ပင်းကိုသိုင်းချုပ်လိုက်သည်..
" ပြန်ပြောပါဥးီ...ဘယ်သူကညီလေးလဲ...Nana.."
" ဟုတ်တယ်လေ....အခုရှိသမျှထဲမင်းအငယ်ဆုံးပဲပထမနှစ်လေးရဲ့..Chenleနဲ့Jisungတောင် တတိယနှစ်ဖြစ်နေပီ.."
" မင်းတို့ထက်တော့အသက်ကြီးတယ်လေ.."
" ဒါကျောင်းမှာလေ....အဲ့တော့မင်းအငယ်ဆုံးပဲNono..ဟုတ်တယ်မလားChenle.."
" ဒါပေါ့...ညီလေးရဲ့..လာလာ...ကိုကိုကြီးတို့အိမ်ပြန်ကြမယ်..."
ထပ်ပြောနေလဲ သူမနိုင်မှန်းသိတဲ့Jenoရယ်ရင်းသာကားထဲဝင်ထိုင်သည်...
ငါးနှစ်လုံးcomaထပ်ဖြစ်ခဲ့တဲ့သူကနိုးလာလဲပထမနှစ်ကမတက်..
" Chenle...အဲ့တာ..ငါ့မုန့်လို့ပြောနေတယ်..ပြန်ပေး.."
" ငါဗိုက်ဆာလို့လေ.."
" မင်းကလေရှာနေတဲ့ပိုက်ဆံတွေမှမထောက်..သူများမုန့်တွေပဲယူစားနေတယ်..."
" Park Jisung ....မင်းငါ့ကိုမုန့်တောင်မသထာတာ..ငါ့ကိုတကယ်ရောချစ်ရဲ့လား..."
" ချစ်တာကချစ်တာ...မုန့်ကမုန့်လေ....ဘာဆိုင်လို့လဲ.."
နောက်ခန်းကကျွတ်စီကျွတ်စီနဲ့နှစ်ယောက်ကြောင့်Jenoပါရယ်သည်.
တွဲလာတာသုံးနှစ်ရှိပီ...ခုထိမုန့်နဲ့ပတ်သတ်ရင်ရန်သူတွေအတိုင်း...
Jaeminသုံးနှစ်လုံးမတွေးတတ်ခဲ့တာက..သူတို့ဘယ်လိုများတွဲဖြစ်သွားလဲ...
တကယ်ပါ..ကလေးစိတ်သာသာနှစ်ယောက်က..တွေ့တိုင်းသတ်မြဲက..အရမ်းချစ်လှပါချည်ရဲ့ဖြစ်သွားရတာ..
" Nana...ကိုယ်တို့လဲလက်ထပ်ရအောင်..."
" ရုတ်တရက်ကြီး ......"
" ရုတ်တရက်မဟုတ်ဘူး....ကိုယ်အမြဲစဉ်းစားနေခဲ့ပီးမှပြောတာ..ကိုယ်တို့လက်ထပ်ရအောင်နော်..."
" လေးလေးနဲ့တိုင်ပင်ရဦးမယ်..."
" ဘာလို့တိုင်ပင်မှာလဲ..."
" ငါ့မှာကဆိုင်ကရတဲ့ပိုက်ဆံပဲရှိတာလေNono...ဒါတောင်သုံးယောက်ခွဲယူရတာ...မင်းလို..ဒယ်ဒီမုန့်ဖိုးဆိုပီးလက်ဖြန့်တောင်းရတဲ့သူဌေးသားလေးမဟုတ်ဘူး...ငါကအမွေပြတ်ကောင်လေ..."
ဟုတ်ပါတယ်...
လက်ထပ်ပွဲကထွက်ပြေးတဲ့နေ့ထဲက Jaeminအမေကအမွေပြတ်ကြော်ငြာခဲ့ပီးသား...
လေးလေးကောင်းမှုနဲ့သာ ခုလိုနေနိုင်သေးတာ...
" ကိုယ်ကတသက်လုံးတာဝန်ယူသွားမှာကိုဘာတွေပူပန်နေတာလဲNanaရဲ့."
ကားမောင်းနေတဲ့လက်ပေါ်မှီတွယ်ကာခေါင်းစောင်းလာ၍Jaeminသတိပေးရသည် ...
သတိရပီးနောက်ပိုင်းထဲကJenoကလူစားထိုးခံရလားမှတ်ရအောင် သူ့နားကပ်လွန်းသည်...
စကားပြောရင်သာကိုယ်ကလေ....စိတ်ကအသက်နှစ်ဆယ်ကမတက်သေးတာအမှန်...
" ကားလမ်းပိတ်လို့လားJaeminnie..နောက်ကျတယ်နော်.."
" မဟုတ်ဘူး...Nonoနောက်ကျနေလို့..."
Renjunဆီကနေjenoပေါ်ပြေးတက်သွားတဲ့Minhyungကြောင့် မသိမသာလက်မောင်းကိုဆုပ်ကိုင်ကာပခုံးပေါ်ခေါင်းမှီဖြစ်သည်...
ကလေးနဲ့တောင်မနာလိုဘူးNono...
" လေးလေးJaemin..သားသားလက်ကိုခေါင်းကြီးနဲ့မဖိနဲ့လေ.."
" မဖိစေချင်ရင်ဆင်းလေ..ငါ့ချစ်သူငါမှီတာဘာဖြစ်လဲ.."
" ကဲ....Nana..ကလေးကိုမစနဲ့လေ..."
" မင်းကငါ့ကိုအော်တာလား...."
ကားပေါ်ကကလေးနှစ်ယောက်ကို ကလေးသာသာလို့ပြောတဲ့Jaeminက Jenoကိုဤသို့စိတ်ကောက်နေပြန်ပါသည်...
" သားသားရေ..appaတို့ပြန်ကြမယ်..မဟုတ်ရင်မင်းလေးလေးတို့ထသတ်ကြတော့မှာ..လာ...."
Haechanတို့ကားလေးထွက်သွားမှJenoလက်မောင်းကိုသိပ်မနာအောင်ဆွဲဆိတ်လိုက်သည်
စိတ်ကောက်တာအချက်ပြတဲ့သဘောဖြစ်ရဲ့လား...။
" ချော့မယ်ကောက်မယ်ဆိုလဲပြန်ကြတော့...ငါ့ရှေ့မှာတော့လာဖြစ်ပြမနေနဲ့...ဟိုနှစ်ကောင်...Chenleတို့..မင်းတို့လဲပြန်...ဆိုင်ကငါတယောက်ထဲထိုင်လဲရတယ်..."
" လူပျိူကြီးကအတွဲတွေကိုမျက်စိနောက်မှာပေါ့..."
" Zhong Chenle..."
" ငါတို့ကပြန်မှာRen...ဒီနေ့အရမ်းအေးနေတော့ အပြင်မှာအရမ်းကြာရင်Nonoအအေးမိမှာဆိုးလို့..."
" ကိုယ်အဲ့လောက်လဲမပျော့ပါဘူးကွာ..အရမ်းမစိုးရိမ်နေနဲ့..."
" ငါပြောတယ်နော် ပြန်လို့...ကားလဲ..ညကျငါယူပီးပြန်ပို့ပေးမယ်..ငါ့ကားသာယူသုံးကြ..."
" အဲ့တာဆိုပြန်တော့မယ်Ren..လာNono.."
Jenoလက်ကိုတွဲကာဆိုင်ထဲကလှမ်းထွက်သွားတဲ့Jaeminကတကယ်ပျော်နေပေးတာ..။
ကျေနပ်ပါတယ်လေ....။
❤
" Nono..အေးတယ်လေ...ဒါလေးခြုံထား..."
New year nightမို့လမ်းမထက်စည်ကားနေတဲ့လူတွေကိုဝရန်တာကနေငေးကြည့်နေတဲ့Nonoကိုယ်ပေါ်ကိုစောင်ပါးလေးလွှမ်းခြုံပေးတော့ လက်ကနေဆွဲချလိုက်၍Jenoပေါင်ပေါ်ကိုတန်းတန်းမတ်မတ်..။
ဘေးတစောင်းပြန်ပြင်ထိုင်ရင်းလည်ပင်းမှာလက်တွေကိုချိတ်ဆွဲကာNonoနဖူးကိုနမ်းလိုက်သည်..
" လေးလေးကဒီညတကယ်အိမ်ပြန်မလာဘူးလား.."
" အင်း....ဒီညမင်းတို့အိမ်မှာအိပ်မှာNono..မင်းဒယ်ဒီနဲ့နှစ်ယောက်သားမူးကောင်းနေကြမှာ..."
" အမှန်တော့..ကိုယ်တို့တွေသူငယ်ချင်းတွေနဲ့စုပီးပျော်ပါးနေရမှာ.."
" ငါနဲ့နှစ်ယောက်ထဲနေရတာမပျော်ဘူးလားNono..."
" ပျော်တာပေါ့..ကိုယ်ပြောတာကမဆုံတာကြာပီလေ...အခုလိုညမျိုးမှာနှစ်သစ်ကိုသူငယ်ချင်းတွေအများကြီးနဲ့ကြိုသင့်တယ်လို့.."
" ငါကတော့မင်းရှိရင်လုံလောက်တယ်Nono.."
နဖူးချင်းတိုက်ကာနှာဖျားချင်းပွတ်၍ပြောတော့Nonoကပြုံးသည်..
ဒီအချိန်တွေကတကယ်ကိုမထင်ထားခဲ့တဲ့အခြေအနေတွေ...။
ဘယ်သူသိနိုင်မှာလဲ...နှစ်ကြိမ်တိုင်တိုင်ကွဲကွာခဲ့လဲအဆုံးသတ်မှာပြန်လည်ပေါင်းသင်းနိုင်တာ...။
အချစ်စစ်ရဲ့လမ်းခရီးကတော့မဖြောင့်ဖြူးနိုင်တာသဘာဝပါပဲ....
ခဏလောက်သည်းခံနိုင်ရင် တစ်ဘဝလုံးအတွက်စိတ်ချမ်းသာစေရမှာ...
" ကိုယ့်လက်ပေါ်မှာအိပ်..."
ခေါင်းအုံးတလုံးကိုဆွဲဖယ်ကာလက်ကိုအစားထိုးပေး၍ဝင်လှဲစေသည့်Nonoကိုတင်းနေအောင်ဖက်ကာဝင်လှဲလိုက်သည်...
ညဆယ့်နှစ်နာရီကလဲမထိုးနိုင်သေးပါ..။
တနေကုန်ပင်ပန်းနေခဲ့သည်မို့အခုအိပ်ချင်နေပြီ။..
" အိပ်ချင်ရင်အိပ်လိုက်Nana..ကိုယ်ဖက်ထားပေးမယ်.."
" အင်း.....နွေးနေတာပဲNono..."
ရင်ခွင်ကျယ်ဆီမျက်နှာအပ်ကာJenoရင်ခုန်သံကိုနားဆင်ရင်းပျော်ရွင်စရာနှစ်သစ်ကူးညကိုကုန်ဆုံးရတာလဲဘုရားပေးတဲ့ဆုလာဘ်တခုပါပဲ...ငါသိမ်းထားလိုက်ပြီNono...။
ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့Nanaနဖူးလေးကိုခပ်ဖွဖွနမ်းရှိုက်ရင်းပတ်ဝန်းကျင်တခုလုံးဆီကပြိုင်တူအော်သံကြောင့် နားလေးတွေကိုပိတ်ပေးလိုက်သည်..
ချစ်ရတဲ့သူလေးအိပ်ရေးမပျက်စေချင်ပါ...။
" Happy New Year Nana...နောက်နှစ်တွေမှာပါကိုယ့်ရဲ့အရိပ်လေးအဖြစ်အမြဲရှိနေပေးပါ..."
❤
ပတ်ဝန်းကျင်တခုလုံးလဲပြန်တိတ်ဆိတ်သွားပီ။
အရမ်းချစ်တဲ့ချစ်သူနှစ်ယောက်ရဲ့အခန်းလေးကလဲစကားသံတွေအစားအိပ်စက်ခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ဟောက်သံပိစိလေးတွေသာထွက်ပေါ်နေပြီ။..
Haechanတို့အိမ်ကပြန်လာပီးကားပြန်လဲပေးတာ...
လူမရှိ၍အပေါ်ထပ်အခန်းတံခါးကိုဖွင့်မဲ့လက်လေးကJenoသံကြောင့်ရပ်တန့်ကာRenjunခပ်အေးအေးလေးပြုံးမိသည်...
လာပြန်လဲပေးတဲ့ကားသော့ကိုဧည့်ခန်းထဲမှာထားကာအိမ်ပြင်ကိုထွက်လာခဲ့သည်...
မျက်ရည်စက်တွေကအေးလွန်း၍ရဲနေတဲ့သူ့ပါးပြင်ကိူနွေးထွေးစေသည်..
တကယ်ပျော်ရွင်နေပေးတာပဲJaeminnie.......
ငါလက်လွှတ်ပေးခဲ့တာမှန်တယ်နော်...ငါမှန်တယ်......
မင်းချစ်လာမဲ့နည်းလမ်းကိုငါကြိုးစားရှာဖွေခဲ့ပါသေးတယ်....
မင်းငါ့ကိုဆက်ချစ်နေပေးမဲ့နည်းလမ်းကစွန့်လွှတ်ဖို့ပဲ....
စွန့်လွှတ်ခဲ့လို့မင်းကချစ်နေပေးသေးတာ...
အခုတော့...ရှာဖွေစရာမလိုတော့ဘူးJaeminnie...
ငါချစ်နေရတာနဲ့တင်လုံလောက်နေပီလေ....
💚
ခင်ဗျားတို့ဘဝမှာလူတယောက်ကိုဘယ်လောက်ထိချစ်ခဲ့ဖူးလဲ...?
ကျွန်တော်ကတော့ဘဝမှာတခြားလူတယောက်ကိုထပ်မချစ်နိုင်တော့တဲ့ထိ ချစ်ခဲ့ဖူးတယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်ကြီးပီးသွားပါပီ...
ဖော့ချသွားတာမဟုတ်ပေမဲ့....အမှန်ဆိုExtraတောင်မရှိပါဘူး..
နောက်ပီးလာမေးကြတာလေး...Jenoကဖတ်နေကြလိုခပ်ဆိုးဆိုးပုံစံလေးမဟုတ်ပဲ mama boyလေးဖြစ်ပီးနည်းနည်းပျော့သလိုခံစားရတယ်တဲ့..sorryပါ..
Jaenoတွေအဖတ်များပီးJenoကိုအဲ့ပုံလေးပဲပြေးပြေးမြင်နေမိလို့ပါ😂
Zawgyi
" ငါ Jenoကိုအားနာတယ်​..."
" အားနာစရာမှမလိုတာ......"
" ငါကဘာ​ပြောလို့လဲ..."
" ​ပျော်​​နေပုံပဲJun..."
❤
" Hyung...Jaemin Hyung.."
" ဒီ​နေ့​စောသားပဲHyung.."
" Ren..."
" Ren....ဒါဘာလုပ်​​နေတာလဲ..."
" ငါတို့မိဘ​တွေကို.."
" Renရာ..."
" မင်းတို့မင်္ဂလာပွဲ.."
ငါလဲမင်းကိုလှုက်​ခတ်​နိုင်​ဖို့ကြိုးစား​နေလို့...ကျိန်း​သေပြန်​လာ​ပေးJeno....
" Nana..."
မ​သေချာ...ဒါNonoအသံ...
" Nono..Nonoသတိရပီလား..."
" Nana....."
" ဟုတ်​.....ဆရာ.."
" ဟုတ်​ကဲ့..ဆရာ..."
" ပြန်​​ပြောပါဦး...ဘယ်​သူကညီ​လေးလဲ...Nana.."
" ငါဗိုက်​ဆာလို့​လေ.."
" ရုတ်​တရက်​ကြီး ......"
" ဘာလို့တိုင်​ပင်​မှာလဲ..."
ဟုတ်​ပါတယ်​...
" လူပျိုကြီးကအတွဲ​တွေကိုမျက်​စိ​နောက်​မှာ​ပေါ့..."
" Zhong Chenle..."
ကျေနပ်​ပါတယ်​​လေ....။
❤
" အင်း.....​နွေး​နေတာပဲNono..."
❤
မျက်​ရည်​စက်​​တွေက​အေးလွန်း၍ရဲ​နေတဲ့သူ့ပါးပြင်​ကို​နွေး​ထွေး​စေသည်​..
💚
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်​ကြီးပီးသွားပါပီ...
Bạn đang đọc truyện trên: AzTruyen.Top