Part - 6

Unicode

" Yoshinori....."

စာထိုင်လုပ်ကာခုံပေါ်မှာမှေးခနဲခေါင်းတင်ကာအိပ်ပျော်သွားချိန်မှာ နားထဲကိုစီခနဲတိုးဝင်လာတဲ့အသံစူးစူးကြောင့်မျက်လုံးအပြူးသားနဲ့ပုံမှန်ဖြစ်အောင်ပင်မစောင့်အား...ေ၀ဝါးနေတဲ့မျက်လုံးတွေကိုလက်နဲ့ပွတ်ကာ အသံလာရာအောက်ထပ်ကိုကမန်းကတမ်းပြေးဆင်းလာခဲ့ရသည်....။

ထင်သည့်အတိုင်းအခြေအနေကောင်းဟန်မရှိတဲ့အန်ကယ်ကြီးရဲ့ဇနီးအသစ်က မျက်နှာထားတင်းတင်းနဲ့မတ်တပ်ရပ်ကာနေသည်....။

" ဟုတ်....အန်တီလေး.."

" မင်းကိုကားရေဆေးထားလို့ပြောတာ ဘာလို့မလုပ်ထားတာလဲ...ကြည့်စမ်း ငါအခုသွားခါနီးလာခါနီးမှညစ်ပတ်နေတဲ့ကားကိုမောင်းသွားရမှာလား.."

" ဟို...ကျွန်တော်စာလုပ်နေရင်းမေ့သွားလို့ပါ....အခု..အခုဆေးလိုက်မယ်လေ..."

"မလိုဘူး....အခုချိန်မှဆေးတော့ငါကဘယ်ချိန်သွားမလဲ..."

" ဒါဆို...ဟို...ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲ..."

" အဟင်း....နောက်ဆိုငါခိုင်းရင်ချက်ချင်းထလုပ်တတ်တဲ့အကျင့်ရှိအောင် မှတ်လောက်အောင်အပြစ်ပေးရမယ်.."

" ဘယ်....လို..."

" မင်းကိုဒီလကျောင်းလခနှုတ်မယ်...."

" ဟို.အဲ့လိုတော့ မလုပ်ပါနဲ့.."

" မလုပ်စေချင်ရင် မင်းအဖေလစာလျော့မယ် စဉ်းစားလေ.."

ဒီကိစ္စကိုအဖေ့ကိုပေးသိ၍မဖြစ်....သိလဲမသိစေချင်...
တအားစိတ်မကောင်းဖြစ်သွားနိုင်သလို..Junkyuပါသိရင်လဲ လွယ်မယ်မထင်...ပြဿနာကိုအစရှာပေးသလိုဖြစ်နေနိုင်သည်...။

" ဟုတ်...ကျွန်တော့်ကျောင်းလခပဲလျော့လိုက်ပါ....နောက်ကိုမဖြစ်စေရပါဘူး..."

" အေး သွားတော့..."

လေးလံသွားတဲ့စိတ်တွေနဲ့အားမပါစွာအပေါ်ထပ်ကိုပြန်လှမ်းလာပေမဲ့ အတွေးထဲမှာတော့ အချိန်ပိုင်း....
အချိန်ပိုင်းအလုပ်တခုရဖို့သာတွေးလိုက်မိသည်....။
သို့ပေမဲ့လိုအပ်တိုင်းလှမ်းခေါ်တတ်တဲ့Junkyuကြောင့် အနားမှာမရှိနေရင် ပြန်လည်အဖြေပေးစရာစကားလုံးလဲမရှိ....။

" Yoshiရေ....Yoshi..."

တဝုန်းဝုန်းနဲ့ပြေးတက်လာတဲ့ခြေသံနဲ့အတူ ခေါ်သံကပါကပ်ပါလာကာ အခန်းတံခါးဖွင့်ကာဝင်လာတဲ့Junkyuကြောင့်ပြုံးရင်းခေါင်းညိတ်ပြလိုက်သည်...

" ငါ ကောင်မလေးအသစ်ရသွားပီ..."

စိတ်ညစ်နေတဲ့လူကိုပိုပီးစိတ်ညစ်စေပါလား သခင်လေးရေ....။
ကောင်မလေးတွေတယောက်ပီးတယောက်ရနေတာကို ဝမ်းသာအားရလက်ခံပေးပီးပြုံးပျော်ပေးနေရမှာလားလို့မေးချင်ပေမဲ့ တံတွေးတွေသာမြိုချရင်းခေါင်းညိတ်လိုက်ရသည်....
ဘာကြောင့်ရယ်မသိပေမဲ့ Junkyuပါးစပ်ကနေ အဲ့လိုအကြောင်းအရာတွေပြောတိုင်း ဘယ်တုန်းကမှသူစိတ်သက်သာမနေခဲ့ဖူး....။

" မင်းသိလောက်မှာပါ....စီနီယာနှစ်က MinAလေ .."

Yoshiကောင်းကောင်းသိသည်....။
.အဲ့ဒီစီနီယာအမက တအားချောကာပေါ်ပြူလာဖြစ်သည်...။
သူနဲ့ရင်းနှီးပေမဲ့Junkyuနဲ့ကတော့ရင်းနှီးပုံမပေါ်ခဲ့ပေမဲ့ အခုတော့တွဲနေတဲ့ရည်းစားဖြစ်နေရပီ...။
တော်တော်များများက ဒီစီနီယာအမက Yoshiကိုသဘောကျနေတယ်လို့တထစ်ချကိုယုံကြည်ထားခဲ့ကြပေမဲ့အံ့သြစရာတော့ကောင်းသည်....
အခုတော့ Yoshinoriကိုသဘောကျခဲ့ဖူးတဲ့Junkyuရည်းစားဖြစ်နေသည်...

" ဘာဖြစ်နေတာလဲ..."

" ဘာမှမဖြစ်ဘူး ဒီတိုင်း..."

" အဲ့စီနီယာကိုမင်းသဘောကျနေတာလား..."

ကိုယ့်ဘာသာကျောင်းလခကိစ္စကိုခေါင်းစားနေ၍မှိုင်နေတာကို သူတွဲနေတဲ့ရည်းစားကိုသဘောကျနေ၍လို့ထင်နေပြန်သည်...။
တကယ်ပဲလိုရာတွေဆွဲတွေးနေပြန်ပါပီ...။

" ငါဘယ်သူ့ကိုမှသဘောမကျဘူး....အဲ့စီနီယာမှမဟုတ်ဘူး တခြားဘယ်သူ့ကိုမှငါသဘောမကျဘူး..."

" တကယ်လား..."

" တကယ်...."

" စောစောကပြောရင်ပီးတာကို.....ပီးရော အဲ့တာဆိုငါသွားပီ...."

" မိုးချုပ်ခါနီးပီ ဘယ်ကိုထပ်သွားမလို့လဲ.."

" ဟိုဟိုဒီဒီပေါ့.....တော်ကြာ အိမ်ကစုံတွဲနဲ့တိုးနေဦးမယ် ငါသွားပီ.."

လက်ပြကာထွက်သွားတဲ့Junkyuနောက်ကိုလိုက်ဖို့စိတ်ကူးမိပေမဲ့တကယ်တမ်းကျတော့မလိုက်ဖြစ်ခဲ့....။
ဒီအချိန်လျောက်သွားရင် ညကျ ညဥ့်နက်ဦးမည်.....။
တားချင်ပေမဲ့ဘယ်တုန်းကမှတားဖို့မပြောခဲ့တဲ့သူ့ကိုယ်သူလဲအပြစ်တင်မိတာအကြိမ်ကြိမ်အခါခါ....။

တနေ့နေ့တော့ မင်းရဲ့အကျင့်တွေကိုပြင်ပေးတဲ့သူက ငါဖြစ်ချင်တယ်Junkyu...."

❤

" Shitttt!!!!! ဘယ်လိုအရိုင်းအစိုင်းက ကားကိုလူလိုမမောင်းရတာလဲ..."

ညမှောင်မှောင်လမ်းမှာ မဆင်မခြင်မောင်းတဲ့ကားတွေရှိတတ်၍ ကြိုရှောင်ပေမဲ့ ဒီကားကတော့ လူကိုပွတ်ဆွဲမိသွားတာတောင် အရေးအဖက်မလုပ်ပဲဆက်ကာမောင်းထွက်သွားသည်...။
နာကျင်သွား၍ပါးစပ်က အမျိူးစုံကျိန်ဆဲလိုက်မိသည်...။.
ကိုရီးယားရောက်မှ Mashihoတို့ ခဏခဏကိုကျိန်ဆဲနေမိသည်...။
ပြန့်ကြဲနေတဲ့ စာအုပ်တွေကိုလိုက်လံကာကောက်ရင်းစိတ်ထဲကလဲအခဲမကျေနိုင်...။
ဟိုနေ့ကလို စက်ဘီးနဲ့တိုက်မိတဲ့အရိုင်းအစိုင်းအကိုလဲဒီတိုင်းပဲ...
နည်းနည်းလေးမှမတောင်းပန်တဲ့အပြင် သူကပင်ရန်လုပ်သေးသည်...။

" ဟေ့ကောင်လေး.....မင်းအဆင်ပြေလား..."

ရုတ်တရက်ကားမီးရောင်စူးစူးကြောင့်လက်နဲ့ကာရင်း ကားပေါ်မှလှမ်းအော်တဲ့လူကိုအားယူကာကြည့်တော့ အရိုင်းအစိုင်းအကိုပါပဲ...
အခုတင်သူ့အကြောင်းတွေးနေတာကို ချက်ချင်းရှေ့ကိုရောက်ချလာသည်....။
ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲ....။

" ပြေတယ်...."

တုံးတိတိဖြေကာကျန်နေသေးတဲ့စာအုပ်ကိုလှမ်းကောက်ရင်းထရပ်လိူက်သည်...။
ဒါကို ကားမထွက်သေးပဲ ရပ်နေတဲ့ထိုလူကြောင့်မျက်မှောင်ကြုံ့ကာမေးငေါ့ပြလိုက်သည်...။
ဘာလဲဆိုတဲ့သဘောမျိုးနဲ့မေးတော့ ပခုံးတွန့်ပြသည်...။

" မင်းဘယ်ကိုသွားမှာလဲ...ဝေးတယ်ဆိုငါနဲ့လိုက်ခဲ့လေ..."

" ရတယ်...ဒါနဲ့ Yoshi hyungရော.."

" ခေါ်နေတာ ငါလေ...Yoshi မှမဟုတ်တာ..."

" ခင်ဗျားနာမည်ကိုမှမသိတာ..."

" ငါတို့ကျောင်းမှာတက်ပီး ငါ့နာမည်မသိတဲ့လူလဲရှိသေးတာပဲ...ဟိုနေ့ကမင်းပဲနာမည်ခေါ်သွားတယ်လေ.."

" မမှတ်မိဘူး....ဘယ်လိုတောင်ဘဝင်ရူးလဲ..."

Junkyuတချက်ပြုံးလိုက်သည်....ဒီကောင်လေးကတကယ်ကိုအကြောတင်းလေးပဲ.....။ တွေ့ဖူးနေကြနဲ့မကွဲပြားပေမဲ့ ထူးဆန်းတယ်...။မကြားတကြားနဲ့ပြောသေးသည် ဘဝင်ရူးတဲ့လား...။
ပုံမှန်သာKim Junkyuကိုဒီလိုဆက်ဆံရင်လှည့်ကြည့်ဖြစ်မှာမဟုတ်ပေမဲ့ ဒီကောင်လေးကိုတော့ လမ်းမှောင်မှောင်မှာမထားခဲ့ချင်တာကပို၍သာနေတာကြောင့်စိတ်ရှည်လက်ရှည်စောင့်ခေါ်မိပြန်သည်...။

" Kim Junkyu "

" နာမည်လဲမသိချင်သလို လိုက်လဲမလိုက်ချင်လို့ ခွင့်ပြုပါဦး..."

ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့ဒီကောင်လေးက ဒေါသအိုးလေးဖြစ်ပုံရသည်..။
ရုတ်တရက်စနောက်ချင်ကဝင်လာ၍ ကားကိုဖြေးဖြေးချင်းလှိမ့်ကာဘေးကကပ်လိုက်ခဲ့သည်...။
လိုက်လာတာကိုသိ၍ထင် ခြေလှမ်းတွေကိုသုတ်ခြေတင်ကာ မပြေးရုံတမယ်ကိုလျောက်နေသည်....။

" ဘာလို့လိုက်နေတာလဲ..."

" မှောင်နေလို့မင်းကိုခေါ်တာ မင်းကမှမလိုက်တာ အဲ့တာကြောင့်မီးလိုက်ထိုးနေတာ..."

" မလိုဘူးလို့ပြောပီးပီလေ....ဘာလို့ခုလိုုကြီးလုပ်နေတာလဲ.."

" မင်းမလိုပေမဲ့ ကိုယ်ကလိုတယ်လေ...အဲ့တာကြောင့်လိုက်ပို့ပေးတာ..."

" နှာဘူး..."

ပုံမှန်ဆိုဒီလိုစကားလုံးမျိုးတွေနဲ့ flirtခံရတိုင်း ဘယ်သူမဆိုအနည်းငယ်တော့အိုးတိုးအန်းတန်းဖြစ်ကြပေမဲ့ အနှီကောင်လေးကတော့ ကျိန်ဆဲသွားပြန်သည်...။
ဘဝင်ရူး....နှာဘူး.....မိနစ်အနည်းငယ်နဲ့ နှစ်ခါတိတိကျိန်ဆဲခံလိုက်ရပေမဲ့Kim junkyuတို့ပြုံးပြုံးကြီးသာ...။
ဒါကဘယ်လိုသဘောတရားနဲ့သည်းခံနိုင်နေလဲမသိပေမဲ့...ဒါကိုကျေနပ်နေမိသည်လဲဖြစ်နိုင်သည်....။

ဖုန်းသံကြောင့်တဖက်လှည့်ကာဖုန်းယူနေတုံး လှစ်ခနဲပြေးသွားတဲ့ကောင်လေးနောက်ကိုကားအမြန်မောင်းရင်းကပ်လိုက်မိပြန်သည်...
သို့ပေမဲ့ဒီတခါတော့နောက်ကနေမလိုက်နေတော့ ဘေးကကျော်တက်ကာအရှိန်ပြင်းပြင်းနဲ့ကပ်မောင်းလာခဲ့သည်....။
နောက်ကနေမည်သို့မည်ပုံကျိန်ဆဲနေဦးမလဲမသိပေမဲ့စနောက်ရတာကိုပဲပျော်မိသည်...။

မဆိုးဘူး...နောက်တခါပျင်းရင်း ဒီဂျပန်ကောင်လေးကိုစနောက်ဖြစ်အောင်စနောက်ဦးမယ်....

မကိုင်တဲ့ဖုန်းလေးကိုကြည့်ရင်း သက်ပြင်းမောတွေနဲ့ကောင်လေးတစ်ယောက်လဲရှိနေပြန်သေးရဲ့...။







Zawgyi

" Yoshinori....."

စာထိုင္​လုပ္​ကာခံု​ေပၚမွာ​ေမွးခနဲ​ေခါင္​းတင္​ကာအိပ္​​ေပ်ာ္​သြားခ်ိန္​မွာ နားထဲကိုစီခနဲတိုး၀င္​လာတဲ့အသံစူးစူး​ေၾကာင္​့မ်က္​လံုးအျပဴးသားနဲ႔ပံုမွန္​ျဖစ္​​ေအာင္​ပင္​မ​ေစာင္​့အား...​ေ၀၀ါး​ေနတဲ့မ်က္​လံုး​ေတြက္​ိုလက္​နဲ႔ပြတ္​ကာ အသံလာရာ​ေအာက္​ထပ္​ကိုကမန္​းကတမ္​း​ေျပးဆင္​းလာခဲ့ရသည္​....။

ထင္​သည္​့အတိုင္​းအ​ေျခအ​ေန​ေကာင္​းဟန္​မ႐ွိတဲ့အန္​ကယ္​ႀကီးရဲ႕ဇနီးအသစ္​​က မ်က္​ႏွာထားတင္​းတင္​းနဲ႔မတ္​တပ္​ရပ္​ကာ​ေနသည္​....။

" ဟုတ္​....အန္​တီ​ေလး.."

" မင္​းကိုကား​ေရ​ေဆးထားလို႔​ေျပာတာ ဘာလို႔မလုပ္​ထားတာလဲ...ၾကည္​့စမ္​း ငါအခုသြားခါနီးလာခါနီးမွညစ္​ပတ္​​ေနတဲ့ကားကို​ေမာင္​းသြားရမွာလား.."

" ဟို...ကြၽန္​​ေတာ္​စာလုပ္​​ေနရင္​း​ေမ့သြားလို႔ပါ....အခု..အခု​ေဆးလိုက္​မယ္​​​ေလ..."

"မလိုဘူး....အခုခ်ိန္​မွ​ေဆး​ေတာ့ငါကဘယ္​ခ်ိန္​သြားမလဲ..."

" ဒါဆို...ဟို...ကြၽန္​​ေတာ္​ဘယ္​လိုလုပ္​​ေပးရမလဲ..."

" အဟင္​း....​ေနာက္​ဆိုငါခိုင္​းရင္​ခ်က္​ခ်င္​းထလုပ္​တတ္​တဲ့အက်င္​့႐ွိ​ေအာင္​ မွတ္​​ေလာက္​​ေအာင္​အျပစ္​​ေပးရမယ္​.."

" ဘယ္​....လို..."

" မင္​းကိုဒီလ​ေက်ာင္​းလခႏႈတ္​မယ္​...."

" ဟို.အဲ့လို​ေတာ့ မလုပ္​ပါနဲ႔.."

" မလုပ္​​ေစခ်င္​ရင္​ မင္​းအ​ေဖလစာ​ေလ်ာ့မယ္​ စဥ္​းစား​ေလ.."

ဒီကိစၥကိုအ​ေဖ့ကို​ေပးသိ၍မျဖစ္​....သိလဲမသိ​ေစခ်င္​...
တအားစိတ္​မ​ေကာင္​းျဖစ္​သြားႏိုင္​သလို..Junkyuပါသိရင္​လဲ လြယ္​မယ္​မထင္​...ျပႆနာကိုအစ႐ွာ​ေပးသလိုျဖစ္​​ေနႏိုင္​သည္​...။

" ဟုတ္​...ကြၽန္​​ေတာ္​့​ေက်ာင္​းလခပဲ​ေလ်ာ့လိုက္​ပါ....​ေနာက္​ကိုမျဖစ္​​ေစရပါဘူး..."

" ​ေအး သြား​ေတာ့..."

​ေလးလံသြားတဲ့စိတ္​​ေတြနဲ႔အားမပါစြာအ​ေပၚထပ္​ကိုျပန္​လွမ္​းလာ​ေပမဲ့ အ​ေတြးထဲမွာ​ေတာ့ အခ်ိန္​ပိုင္​း....
အခ်ိန္​ပိုင္​းအလုပ္​တခုရဖို႔သာ​ေတြးလိုက္​မိသည္​....။
သို႔​ေပမဲ့လိုအပ္​တိုင္​းလွမ္​း​ေခၚတတ္​တဲ့Junkyu​ေၾကာင္​့ အနားမွာမ႐ွိ​ေနရင္​ ျပန္​လည္​အ​ေျဖ​ေပးစရာစကားလံုးလဲမ႐ွိ....။

" Yoshi​ေရ....Yoshi..."

တ၀ုန္​း၀ုန္​းနဲ႔​ေျပးတက္​လာတဲ့​ေျခသံနဲ႔အတူ ​ေခၚသံကပါကပ္​ပါလာကာ အခန္​းတံခါးဖြင္​့ကာ၀င္​လာတဲ့Junkyu​ေၾကာင္​့ျပံဳးရင္​း​​ေ​ခါင္​းညိတ္​ျပလိုက္​သည္​...

" ငါ ​ေကာင္​မ​ေလးအသစ္​ရသြားပီ..."

စိတ္​ညစ္​​ေနတဲ့လူကိုပိုပီးစိတ္​ညစ္​​ေစပါလား သခင္​​ေလး​ေရ....။
​ေကာင္​မ​ေလး​ေတြတ​ေယာက္​ပီးတ​ေယာက္​ရ​ေနတာကို ၀မ္​းသာအားရလက္​ခံ​ေပးပီးျပံဳး​ေပ်ာ္​​ေပး​ေနရမွာလားလို႔​ေမးခ်င္​​ေပမဲ့ တံ​ေတြး​ေတြသာၿမိဳခ်ရင္​း​ေခါင္​းညိတ္လိုက္​​​ရသည္​....
ဘာ​ေၾကာင္​့ရယ္​မသိ​ေပမဲ့ Junkyuပါးစပ္​က​ေန အဲ့လိုအ​ေၾကာင္​းအရာ​ေတြ​ေျပာတိုင္​း ဘယ္​တုန္​းကမွသူစိတ္​သက္​သာမ​ေနခဲ့ဖူး....။

" မင္​းသိ​ေလာက္​မွာပါ....စီနီယာႏွစ္​က MinA​ေလ .."

Yoshi​ေကာင္​း​ေကာင္​းသိသည္​....။
.အဲ့ဒီစီနီယာအမက တအား​ေခ်ာကာ​ေပၚျပဴလာျဖစ္​သည္​...။
သူနဲ႔ရင္​းႏွီး​ေပမဲ့Junkyuနဲ႔က​ေတာ့ရင္​းႏွီးပံုမ​ေပၚခဲ့​ေပမဲ့ အခု​ေတာ့တြဲ​ေနတဲ့ရည္​းစားျဖစ္​​ေနရပီ...။
​ေတာ္​​ေတာ္​မ်ားမ်ားက ဒီစီနီယာအမက Yoshiကိုသ​ေဘာက်​ေနတယ္​လို႔တထစ္​ခ်ကိုယံုၾကည္​ထားခဲ့ၾက​ေပမဲ့အံ့ျသစရာ​ေတာ့​ေကာင္​းသည္​....
အခု​ေတာ့ Yoshinoriကိုသ​ေဘာက်ခဲ့ဖူးတဲ့Junkyuရည္​းစားျဖစ္​​ေနသည္​...

" ဘာျဖစ္​​ေနတာလဲ..."

" ဘာမွမျဖစ္​ဘူး ဒီတိုင္​း..."

" အဲ့စီနီယာကိုမင္​းသ​ေဘာက်​ေနတာလား..."

ကိုယ္​့ဘာသာ​ေက်ာင္​းလခကိစၥကို​ေခါင္​းစား​ေန၍မိႈင္​​ေနတာကို သူတြဲ​ေနတဲ့ရည္​းစားကိုသ​ေဘာက်​ေန၍လို႔ထင္​​ေနျပန္​သည္​...။
တကယ္​ပဲလိုရာ​ေတြဆြဲ​ေတြး​ေနျပန္​ပါပီ...။

" ငါဘယ္​သူ႔ကိုမွသ​ေဘာမက်ဘူး....အဲ့စီနီယာမွမဟုတ္​ဘူး တျခားဘယ္​သူ႔ကိုမွငါသ​ေဘာမက်ဘူး..."

" တကယ္​လား..."

" တကယ္​...."

" ​ေစာ​ေစာက​ေျပာရင္​ပီးတာကို.....ပီး​ေရာ အဲ့တာဆိုငါသြားပီ...."

" မိုးခ်ဳပ္​​ခါနီးပီ ဘယ္​ကိုထပ္​သြားမလို႔လဲ.."

" ဟိုဟိုဒီဒီ​ေပါ့.....​ေတာ္​ၾကာ အိမ္​ကစံုတြဲနဲ႔တိုး​ေနဦးမယ္​ ငါသြားပီ.."

လက္​ျပကာထြက္​သြားတဲ့Junkyu​ေနာက္​ကိုလိုက္​ဖို႔စိတ္​ကူးမိ​ေပမဲ့တကယ္​တမ္​းက်​ေတာ့မလိုက္​ျဖစ္​ခဲ့....။
ဒီအခ်ိန္​​ေလ်ာက္​သြားရင္​ ညက် ညဥ္​့နက္​ဦးမည္​.....။
တားခ်င္​​ေပမဲ့ဘယ္​တုန္​းကမွတားဖို႔မ​ေျပာခဲ့တဲ့သူ႔ကိုယ္​သူလဲအျပစ္​တင္​မိတာအႀကိမ္​ႀကိမ္​အခါခါ....။

တ​ေန႔​ေန႔​ေတာ့ မင္​းရဲ႕အက်င္​့​ေတြကိုျပင္​​ေပးတဲ့သူက ငါျဖစ္​ခ်င္​တယ္​Junkyu...."

❤

" Shitttt!!!!! ဘယ္​လိုအ႐ိုင္​းအစိုင္​းက ကားကိုလူလိုမ​ေမာင္​းရတာလဲ..."

ည​ေမွာင္​​ေမွာင္​လမ္​းမွာ မဆင္​မျခင္​​ေမာင္​းတဲ့ကား​ေတြ႐ွိတတ္​၍ ႀကိဳ​ေ႐ွာင္​​ေပမဲ့ ဒီကားက​ေတာ့ လူကိုပြတ္​ဆြဲမိသြားတာ​ေတာင္​ အ​ေရးအဖက္​မလုပ္​ပဲဆက္​ကာ​ေမာင္​းထြက္​သြားသည္​...။
နာက်င္​သြား၍ပါးစပ္​က အမ်ိဴးစံုက်ိန္​ဆဲလိုက္​မိသည္​...။.
ကိုရီးယား​ေရာက္​မွ Mashihoတို႔ ခဏခဏကိုက်ိန္​ဆဲ​ေနမိသည္​...။
ျပန္​႔ၾကဲ​ေနတဲ့ စာအုပ္​​ေတြကိုလိုက္​လံကာ​ေကာက္​ရင္​းစိတ္​ထဲကလဲအခဲမ​ေက်ႏိုင္​...။
ဟို​ေန႔ကလို စက္​ဘီးနဲ႔တိုက္​မိတဲ့အ႐ိုင္​းအစိုင္​းအကိုလဲဒီတိုင္​းပဲ...
နည္​းနည္​း​ေလးမွမ​ေတာင္​းပန္​တဲ့အျပင္​ သူကပင္​ရန္​လုပ္​​ေသးသည္​...။

" ​ေဟ့​ေကာင္​​ေလး.....မင္​းအဆင္​​ေျပလား..."

႐ုတ္​တရက္​ကားမီး​ေရာင္​စူးစူး​ေၾကာင္​့လက္​နဲ႔ကာရင္​း ကား​ေပၚမွလွမ္​း​ေအာ္​တဲ့လူကိုအားယူကာၾကည္​့​ေတာ့ အ႐ိုင္​းအစိုင္​းအကိုပါပဲ...
အခုတင္​သူ႔အ​ေၾကာင္​း​ေတြး​ေနတာကို ခ်က္​ခ်င္​း​ေ႐ွ႕ကို​ေရာက္​ခ်လာသည္​....။
ဘယ္​လို​ေတာင္​တိုက္​ဆိုင္​မႈႀကီးလဲ....။

"​ ​ေျပတယ္​...."

တံုးတိတိ​ေျဖကာက်န္​​ေန​ေသးတဲ့စာအုပ္​ကိုလွမ္​း​ေကာက္​ရင္​းထရပ္​လိူက္​သည္​...။
ဒါကို ကားမထြက္​​ေသးပဲ ရပ္​​ေနတဲ့ထိုလူ​ေၾကာင္​့မ်က္​​ေမွာင္​ၾကံဳ႕ကာ​ေမး​ေငါ့ျပလိုက္​သည္​...။
ဘာလဲဆိုတဲ့သ​ေဘာမ်ိဳးနဲ႔​ေမး​ေတာ့ ပခံုးတြန္​႔ျပသည္​...။

" မင္​းဘယ္​ကိုသြားမွာလဲ...​ေ၀းတယ္​ဆိုငါနဲ႔လိုက္​ခဲ့​ေလ..."

" ရတယ္​...ဒါနဲ႔ Yoshi hyung​ေရာ.."

" ​ေခၚ​ေနတာ ငါ​ေလ...Yoshi မွမဟုတ္​တာ..."

" ခင္​ဗ်ားနာမည္​ကိုမွမသိတာ..."

" ငါတို႔​ေက်ာင္​းမွာတက္​ပီး ငါ့နာမည္​မသိတဲ့လူလဲ႐ွိ​ေသးတာပဲ...ဟို​ေန႔ကမင္​းပဲနာမည္​​ေခၚသြားတယ္​​ေလ.."

" မမွတ္​မိဘူး....ဘယ္​လို​ေတာင္​ဘ၀င္​႐ူးလဲ..."

Junkyuတခ်က္​ျပံဳးလိုက္​သည္​....ဒီ​ေကာင္​​ေလးကတကယ္​ကိုအ​ေၾကာတင္​း​ေလးပဲ.....။ ​ေတြ႔ဖူး​ေနၾကနဲ႔မကြဲျပား​ေပမဲ့ ထူးဆန္​းတယ္​...။မၾကားတၾကားနဲ႔​ေျပာ​ေသးသည္​ ဘ၀င္​႐ူးတဲ့လား...။
ပံုမွန္​သာKim Junkyuကိုဒီလိုဆက္​ဆံရင္​လွည္​့ၾကည္​့ျဖစ္​မွာမဟုတ္​​ေပမဲ့ ဒီ​ေကာင္​​ေလးကို​ေတာ့ လမ္​း​ေမွာင္​​ေမွာင္​မွာမထားခဲ့ခ်င္​တာကပို၍သာ​ေနတာ​ေၾကာင္​့စိတ္​႐ွည္​လက္​႐ွည္​​ေစာင္​့​ေခၚမိျပန္​သည္​...။

" Kim Junkyu "

" နာမည္​လဲမသိခ်င္​သလို လိုက္​လဲမလိုက္​ခ်င္​လို႔ ခြင္​့ျပဳပါဦး..."

​ေဘာက္​ဆတ္​ဆတ္​နဲ ့ထြက္​သြားတဲ့ဒီ​ေကာင္​​ေလးက ​ေဒါသအိုး​ေလးျဖစ္​ပံုရသည္​..။
႐ုတ္​တရက္​စ​ေနာက္​ခ်င္​က၀င္​လာ၍ ကားကို​ေျဖး​ေျဖးခ်င္​းလွိမ္​့ကာ​ေဘးကကပ္​လိုက္​ခဲ့သည္​...။
လိုက္​လာတာကိုသိ၍ထင္​ ​ေျခလွမ္​း​ေတြကိုသုတ္​​ေျခတင္​ကာ မ​ေျပးရံုတမယ္​ကို​ေလ်ာက္​​ေနသည္​....။

" ဘာလို႔လိုက္​​ေနတာလဲ..."

" ​ေမွာင္​​ေနလို႔မင္​းကို​ေခၚတာ မင္​းကမွမလိုက္​တာ အဲ့တာ​ေၾကာင္​့မီးလိုက္​ထိုး​ေနတာ..."

" မလိုဘူးလို႔​ေျပာပီးပီ​ေလ....ဘာလို႔ခုလိုုႀကီးလုပ္​​ေနတာလဲ.."

" မင္​းမလို​ေပမဲ့ ကိုယ္​ကလိုတယ္​​ေလ...အဲ့တာ​ေၾကာင္​့လိုက္​ပို႔​ေပးတာ..."

" ႏွာဘူး..."

ပံုမွန္​ဆိုဒီလိုစကားလံုးမ်ိဳး​ေတြနဲ႔ flirtခံရတိုင္​း ဘယ္​သူမဆိုအနည္​းငယ္​​ေတာ့အိုးတိုးအန္​းတန္​းျဖစ္​ၾက​ေပမဲ့ အႏွီ​ေကာင္​​ေလးက​ေတာ့ က်ိန္​ဆဲသြားျပန္​သည္​...။
ဘ၀င္​႐ူး....ႏွာဘူး.....မိနစ္​အနည္​းငယ္​နဲ႔ ႏွစ္​ခါတိတိက်ိန္​ဆဲခံလိုက္​ရ​ေပမဲ့Kim junkyuတို႔ျပံဳးျပံဳးႀကီးသာ...။
ဒါကဘယ္​လိုသ​ေဘာတရားနဲ႔သည္​းခံႏိုင္​​ေနလဲမသိ​ေပမဲ့...ဒါကို​ေက်နပ္​​ေနမိသည္​လဲျဖစ္​ႏိုင္​သည္​....။

ဖုန္​းသံ​ေၾကာင္​့တဖက္​လွည္​့ကာဖုန္​းယူ​ေနတံုး လွစ္​ခနဲ​ေျပးသြားတဲ့​ေကာင္​​ေလး​ေနာက္​ကိုကားအျမန္​​ေမာင္​းရင္​းကပ္​လိုက္​မိျပန္​သည္​...
သို႔​ေပမဲ့ဒီတခါ​ေတာ့​ေနာက္​က​ေနမလိုက္​​ေန​ေတာ့ ​ေဘးက​ေက်ာ္​တက္​ကာအ႐ွိန္​ျပင္​းျပင္​းနဲ႔ကပ္​​ေမာင္​းလာခဲ့သည္​....။
​ေနာက္​က​ေနမည္​သို႔မည္​ပံုက်ိန္​ဆဲ​ေနဦးမလဲမသိ​ေပမဲ့စ​ေနာက္​ရတာကိုပဲ​ေပ်ာ္​မိသည္​...။

မဆိုးဘူး...​ေနာက္​တခါပ်င္​းရင္​း ဒီဂ်ပန္​​ေကာင္​​ေလးကိုစ​ေနာက္​ျဖစ္​​ေအာင္​စ​ေနာက္​ဦးမယ္​....

မကိုင္​တဲ့ဖုန္​း​ေလးကိုၾကည္​့ရင္​း သက္​ျပင္​း​ေမာ​ေတြနဲ႔​ေကာင္​​ေလးတစ္​​ေယာက္​လဲ႐ွိ​ေနျပန္​​ေသးရဲ႕...။





Bạn đang đọc truyện trên: AzTruyen.Top