Part - 4

Unicode

ရေစိုနေတဲ့ခေါင်းကိုသုတ်ကာဖျော်ထားတဲ့ကော်ဖီပူပူကိုတစ်ငုံယူသောက်ရင်း ရှုပ်ပွနေတဲ့စာအုပ်တွေကိုလိုက်လံထပ်ကာနေရင်း အခန်းတံခါးဖွင့်သံကြောင့်Yoshiလှည့်ကြည့်မိသည်...
လက်ထဲမှာဆေးသေတ္တာဘူးနဲ့တစ်လှမ်းချင်းဝင်လာတဲ့Junkyuကခုံမှာဝင်ထိုင်ရင်း ဆေးသေတ္တာကိုမေးငေါ့ပြသည်...
ထို့နောက် တံတောင်ဆစ်ထိရှည်တဲ့အကျႌလက်ကိုခပ်ဖြေးဖြေးဆွဲလှန်ပြတော့ တံတောင်ဆစ်အကျော်နားလေးမှာ ပွန်းပဲ့နေတဲ့ဒဏ်ရာကထင်းလင်းစွာပေါ်လာသည်....။

" ဟင်...ဘယ်လိုဖြစ်တာလဲ..."

အနားရောက်သွားပီး လက်ကိုယူကာကြည့်ရင်းမေးတော့ ငိုမဲ့မဲ့မျက်နှာလုပ်ကာပြသည်...Yoshiရယ်ရင်းJunkyuဆံပင်တွေကိုဖွကာပစ်ရင်းခုံကိုဆွဲကာဘေးနားဝင်ထိုင်လိုက်သည်....။

" အ...နာတယ် ဖြေးဖြေးသက်သာလုပ်စမ်းပါကွာ.."

ပစ်လဲကျတုံးကလမ်းမနဲ့ခြစ်မိခဲ့တဲ့တံတောင်ဆစ်က ပြဲထွက်သွားတာမှန်းပြန်ရောက်လို့ရေချိူးခါနီးမှသိပုံရသည်...။
တအားနက်တာမဟုတ်သည်တိုင်အောင် အရေခွံတွေစုတ်ပြတ်ကာသွားတာမို့ အတော်ကိုနာရှာမည်....

" ရလား...စပ်လား..."

ဒဏ်ရာကိုလေနဲ့ခပ်ဖွဖွမှုတ်ပေးရင်း မေးတော့မချိုမချဉ်ရုပ်လုပ်ကာခေါင်းညိတ်ပြသည်....။

" ရပီ...ရေချိုးရင်သတိထားဦး စပ်လိမ့်မယ်..."

" ငါသိပါတယ် အဲ့လောက်တော့ "

" သိရင်ပီးတာပဲ ပီးမှ Yoshiရေ ငါ့လက်ဘာညာဆိုရင် ရိုက်ထုတ်မှာ..."

" မင်းကပါရိုက်ထုတ်ရင်ငါဘယ်လိုလုပ်ရမလဲYoshi..."

Yoshiစနောက်ကာပြောလိုက်ပေမဲ့ ခပ်တည်တည်ပြန်မေးလာတာကြောင့် ပျာပျာသလဲပြန်ရှင်းရသည်....။
အခုလိုချိန်မှာ အထိမခံနိုင်အောင်ဖြစ်နေတဲ့Junkyuကိုသူအပြစ်မတင်ရက်....
စနောက်ရင်တောင်သတိထားသင့်သည့်အနေအထားကို သူ့ကိုယ်သူသာအပြစ်တင်မိသည်....။

" ငါကစတာပါ.....ဘာမှမဖြစ်ဘူး...မင်းပီးရင်ဆင်းလာခဲ့လေ ထမင်းစားမယ် ငါလဲရေချိုးဦးမယ်..."

" အင်း...ငါအခန်းရှင်းပီးရင်လာခဲ့မယ်..."

ခပ်လေးလေးထွက်သွားတဲ့ခြေလှမ်းတွေကိုလိုက်လံငေးမောရင်း သက်ပြင်းကိုခပ်ဖွဖွချမိသည်...
Junkyuဆိုတဲ့ဒီကောင်လေးပျော်ရွှင်နိုင်ဖို့ဘယ်လိုများလုပ်ပေးရမလဲ....

❤

" ဟိုနေ့က ငတိမဟုတ်လား...."

ဖတ်လက်စစာအုပ်ကိုဆွဲယူကာယူထားရင်းမျက်စပစ်တဲ့နေရာကိုလှမ်းကြည့်မိတော့ Junkyuပြောတဲ့ကောင်လေးကိုတွေ့ရသည်...
ပီးခဲ့တဲ့နေ့က Junkyuစက်ဘီးနဲ့ဝင်တိုက်မိတဲ့ကောင်လေးအမှန်ပဲ.....

" ငါတို့ကျောင်းကတဲ့လား.....တခါမှမမြင်ဖူးပါဘူး..."

" မင်းကအတန်းတက်လို့လား...ငါ့စာအုပ်ပြန်ပေးဦး.."

" မပေးဘူး...ငါနဲ့ရှိတဲ့အချိန်မှာ ဘာစာအုပ်မှမဖတ်နဲ့ ငါကလွဲပီးဘယ်မှအာရုံမရောက်နဲ့ "

" ကဲပါ သခင်လေးရယ် မရစ်ပါနဲ့ စာအုပ်ပေး.."

" မပေးပါဘူးဆိုနေ....မင်းစားသောက်တာကိုအရင်ပီးအောင်လုပ်...ဘာမှန်းမသိဘူး အားနေစာအုပ်ထဲပဲခေါင်းစိုက်နေတယ်...."

Yoshiဘာမှဆက်မပြောပဲရယ်တော့ ကျေနပ်ပုံမရပဲမျက်လုံးကိုစွေကာကြည့်သေးသည်...
Kim junkyuကဘာလို့များကလေးဆန်နေလဲလို့တွေးမိတာလဲခဏခဏပါပဲ....
လပိုင်းလေးပိုငယ်တာကို ကလေးဆိုးကြီးလိုအရာရာဂျစ်တိုက်နေတတ်တဲ့Junkyuကိုသူဘယ်တုန်းကမှစိတ်မဆိုးသလိုစိတ်လဲမပျက်ခဲ့ဘူး...။

" ငါအပြင်သွားဦးမယ် ညနေမှလာကြိုမယ် ..."

" တစ်နေ့တစ်လေလောက် အတန်းတက်ပါဦးလား"

" မင်းရှိတာကို ငါကတက်စရာလား...သွားပီ..ညနေမှာလာကြိုမယ်..."

ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့Junkyuကိုတားလို့လဲရမှာမဟုတ်ပဲ အမြဲတားချင်မိသည်...
ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့တစ်ယောက်ယောက်နဲ့သွားတွေ့တယ်ဆိုတာကို ဘယ်သူမှမမေးလဲကြည့်တာနဲ့သိနိုင်သည်....။
တကယ်တော့ Junkyuဒီလိုတွေ ကောင်မလေးတွေတွဲနေတာကို သူဘယ်တုန်းကမှကြိုက်ခဲ့သည်မဟုတ်...
သို့တိုင်အောင် ပါးစပ်ကနေတစ်ခွန်းမှထုတ်မပြောသလို တားလဲမတားမိ...
မင်းစိတ်ချမ်းသာရင်ပီးတာပဲလို့ပြောရင်းသာပီးဆုံးခဲ့တာများသည်...

" ဟို....Hyung.."

ရုတ်တရက်အတွေးထဲနစ်နေသည်မို့...ခေါ်သံကြောင့်တုန်ပင်သွားရသည်...
လှည့်ကြည့်တော့ ဟိုတစ်နေ့ကကောင်လေး.....
စာအုပ်လေးတွေပိုက်ကာ ဘေးမှာကုပ်ကုပ်လေးရပ်နေသည်...

" ဘာကိစ္စလဲမသိဘူး..."
ု
" ဟို...စာကြည့်တိုက်....အဲ့တာဘယ်လိုသွားရလဲလို့..."

Yoshiအကဲခတ်မိသလောက် လေယူလေသိမ်းကကိုရီးယားအစစ်ဘယ်နည်းနဲ့မှမဖြစ်နိုင်....သူများအကြောင်းစိတ်ဝင်စားမှုနည်းသည့်တိုင် ဒီကောင်လေးက.အသစ်ပြောင်းလာတာမှန်းကြည့်တာနဲ့သိသည်.....

" Hyungလဲသွားမလို့....အတူတူလိုက်ခဲ့လေ..."

စာအုပ်တွေကောက်သိမ်းရင်းဖတ်လက်စစာအုပ်ကိုကြည့်မှ Junkyuယူသွားမှန်းသိလိုက်သည်....
ဖတ်တာလဲမဟုတ်ပဲသူများစာဖတ်ရင်နှောက်ယှက်တတ်တဲ့အကျင့်ဆိုးလေးကိုလဲ ဘယ်လိုဖျောက်ပေးရမလဲမသိ.....

" ကျွန်တော့နာမည် Mashihoပါ..."

" ထင်သားပဲ ဟိုနေ့ကနာမည်တွေ့လိုက်ပေမဲ့သူငယ်ချင်းတစ်ယောက်ယောက်ဟာထင်တာ...Hyungက Kenemoto Yoshinori "

" ဝါး..ဂျပန်ပဲလား...တွေ့ရတာဝမ်းသာလိုက်တာ..."

ရှေ့သွားဖြူဖြူဖွေးဖွေးလေးတွေပေါ်အောင်ရယ်ရင်းပြောလာတဲ့ကောင်ငယ်လေးကြောင့်သူပါပြုံးမိသည်....။
သူတစ်ပါးနိုင်ငံမှာ လူမျိုးတူတစ်ယောက်နဲ့တွေ့တာ ဘယ်လောက်အားတက်သွားလိုက်မလဲ....။
ကိုယ်တိုင်ကျတော့ရော......??
မလိုခဲ့ဘူး....ဘေးနားမှာ အချိန်ပြည့်ရှိနေတတ်တဲ့Junkyuကြောင့် ဘယ်သူ့ကိုမှအပေါင်းအသင်းမလုပ်ဖြစ်တဲ့ထိJunkyuတစ်မျက်နှာပဲ....။
ငယ်ငယ်ကပေါ့....ခုချိန်မှာတော့ လေလိုမျိူးပဲလွင့်နေတဲ့ ဒီအပေအတေလေးကအနားမှာမရှိတာအတော်ကိုကြာနေပြီ...

" ကြိုက်တဲ့စာအုပ်ကိုရွေးနှင့်နော် Hyungဟိုးဘက်ထောင့်မှာရှိမယ်..."

ခေါင်းလေးညိတ်ကာနေတဲ့ကောင်လေးကိုထားခဲ့ကာ ထိုင်နေကြဝိုင်းမှာထိုင်လိုက်သည်....။
လွယ်အိတ်ထဲကစာအုပ်တွေထုတ်ကာဘောပင်တစ်ချောင်းနဲ့စာလေ့လာခြင်းကိုစတင်လိုက်သည်....။

" Yoshi..."

ကျောပိုးအိတ်ကိုဝုန်းခနဲပစ်ချကာ ဘေးနားလာဝင်ထိုင်ရင်းခေါ်သံကြောင့်အလန့်တကြားပါးစပ်ကိုထပိတ်ရသည်...

" ရှူး..ဒါစာကြည့်တိုက်နော် နှစ်ယောက်လုံးမောင်းထုတ်ခံနေရမယ်.."

ခပ်ကျိတ်ကျိတ်သတိပေးစကားဆိုရင်းနေရာမှာပြန်ထိုင်ရင်းစိုက်ကာကြည့်လိူက်သည်....။

" မင်းဒီမှာရှိမှာသိလို့လာတာ...."

" ထွက်သွားတာမကြာသေးပဲနဲ့ပြန်လာလို့.."

" ဟိုမာနကြီးတဲ့ဟာမပေါ့....အလကားပါ...လေကြီးလေကျယ်နဲ့မလို့ဖြတ်လာတာ..."

Yoshiစုတ်တချက်သပ်လိုက်မိသည်....။
ပြတ်လာပြန်ပီပေါ့...တစ်ယောက်....

" ပြန်ချင်ပြန်လေ ငါစာလုပ်ဦးမှာ ငါ့ဘာသာပြန်လိုက်မယ်..."

" ရတယ်...လုပ်...ငါစောင့်မယ်..."

ဒါကလဲJunkyuရဲ့အကျင့်တစ်ခုလိုပဲ..ကိုယ်တိုင်သာစာမလုပ်ပေမဲ့ ဘေးကနေမညည်းမညူထိုင်စောင့်ပေးတတ်ပြန်သည်....။
ယခုလဲခေါင်းပေါ်ခေါင်းတင်ကာ ရေးနေတဲ့စာတွေကိုငေးကာနေသည်...နားလည်လားမေးရင်သူတစ်လုံးမှသိမည်လဲမဟုတ်....

" မင်းကချောသားပဲ..."

ရုတ်တရက်ထွက်လာတဲ့စကားသံက ရေးလက်စစာလုံးတွေကိုရှေ့မဆက်အောင် လက်တွေကိုရပ်တန့်စေသည်....။
အရင်းမရှိအဖျားမရှိ ထွက်လာတဲ့စကားကြောင့် သူပြုံးမိသည်...

" ငါ့ကိုကြည့်နေတာလား...."

" အင်း....ငယ်ငယ်ကချစ်ဖို့ကောင်းတာ....ဒါပေမဲ့ အခုကချောတယ်Yoshi...."

" မင်းကိုမှီပါ့မလား.....တိုးတိုး...သူများတွေကြည့်ကုန်ပီ အသံဆူလို့..."

ဘာရယ်မဟုတ်သိသိသာသာတုန်နေတဲ့လက်ကိုခုံအောက်ကပေါင်ပေါ်ခဏတင်ရင်း စာအုပ်ကိုစိုက်ကြည့်ကာနေမိသည်...။
Kim junkyuကို ကြွေကျတာ ဒီလိုပြောတတ်တာလေးတွေကြောင့်လဲပါမည်ထင်သည်.....

" ငါကော်ဖီသွားဝယ်ခဲ့မယ် ခဏစောင့်..."

ခပ်ကြာကြာထိုင်ရတာ ပျင်းရိပုံရသည်...အကြောင်းပြချက်ကော်ဖီဝယ်ဖို့ပေမဲ့မသောက်ရဖို့များသည်...။
ကော်ဖီကကျောင်းထဲကကော်ဖီဖြစ်ရင်တောင် ဘယ်ကောင်မလေးနဲ့လျောက်ပတ်နေဦးမလဲမသိ၍ကော်ဖီလဲမမျှော်ချင်တော့.....။

အချိန်ခဏကြာတဲ့အခိုက်မှာဖုန်းကတုန်ခါလာသည်....
သေချာတာကတစ်ခုကဖုန်းခေါ်စရာကJunkyuပဲရှိသည်...

" အင်း...ပြော..."

" Yoshi...ဒီကိုခဏလာဦး....မြန်မြန်...မြန်မြန်လာ.."

ခပ်တုန်တုန်အသံရဲ့နောက်မှာ ဘာကိုမှမမြင်မိတော့ ခပ်သုတ်သုတ်စာကြည့်တိုက်ထဲကပြေးထွက်လာခဲ့သည်......။
ဘာတွေများဖြစ်ပြန်တာလဲJunkyuရာ.....

သူပြောရာကော်ဖီဆိုင်ထဲရောက်တော့မျက်လုံးကိုဝေ့၀ဲကာကြည့်တော့ စားပွဲမှာအေးအေးဆေးဆေးဖုန်းထိုင်သုံးနေတဲ့သJunkyuကိုတွေ့လိုက်ရသည်....။

" Junkyuဘာဖြစ်လို့လဲ..."

အနားရောက်တော့ ထိုင်နေတဲ့ကိုယ်ကိုလှည့်ပတ်ကာကြည့်ရင်းအမောတကောမေးတော့ ခွက်ထိုးခွက်လန်နှင့်တဟားဟားကိုထရယ်သည်....။
ဒီရယ်သံကိုကြားတာနဲ့Yoshiသဘောပေါက်သည်....။

" ဘာမှမဖြစ်ဘူး အကောင်းကြီး....မင်းလဲခံရပြန်ပီ...."

" မနောက်စမ်းပါနဲ့....ငါဘယ်လောက်စိတ်ပူလဲမင်းသိလား...."

" အဲ့လိုမှမခေါ်ရင်မင်းကစာကြည့်တိုက်မှာကျောက်ချနေမှာလေ.."

" တကယ်ပဲ...ငါစာလုပ်စရာရှိတယ်Junkyuရ....ငါတကယ်စိတ်ဆိုးတယ်..."

အပီးအပြတ်ဖြတ်ဖို့စဉ်းစားထားတဲ့စာက ညနေအိမ်ပြန်ရောက်ရင်ထပ်လုပ်ရတော့မည်ကိုတွေးရင်းဒေါသထွက်ကာစိတ်ဆိုးသည်မဟူတ်ပေမဲ့အနည်းငယ်တော့ စိတ်ဆိုးသည်....

" Yoshiကလဲ..."

လက်မောင်းကိုခပ်ဖွဖွကိုင်ကာလှုပ်ရမ်းရင်းမျက်နှာချိုသွေးကာနေတဲ့Junkyuကတကယ်ကိုခွေးပေါက်စလေးအတိုင်း....
တစ်ခါတစ်ရံ Junkyuကိုတစ်သက်လုံးအပိုင်သိမ်းထားချင်စိတ်ပင်ပေါက်သည်...
သို့တိုင်အောင်ပြောမကောင်းတဲ့အခါဆိုရင်တော့ အနားကနေကန်ထုတ်ချင်သည်...
ယခုတော့ မချိုမချဉ်မျက်နှာကိုကြည့်ရင်းပြုံးလိုက်မိတာပါပဲ....

ဒီလိုပါပဲ Junkyuကသာအမြဲပြုံးနေအောင်စွမ်းဆောင်နိုင်တဲ့တစ်ဦးတည်းသောလူသား....
တစ်ဦးတည်းသော...........
သူငယ်ချင်းပါပဲ

Zawgyi

​ေရစို​ေနတဲ့​ေခါင္​းကိုသုတ္​ကာ​ေဖ်ာ္​ထားတဲ့​ေကာ္​ဖီပူပူကိုတစ္​ငံုယူ​ေသာက္​ရင္​း ႐ႈပ္​ပြ​ေနတဲ့စာအုပ္​​ေတြကိုလိုက္​လံထပ္​ကာ​ေနရင္​း အခန္​းတံခါးဖြင္​့သံ​ေၾကာင္​့Yoshiလွည္​့ၾကည္​့မိသည္​...
လက္​ထဲမွာ​ေဆး​ေသတၱာဘူးနဲ႔တစ္​လွမ္​းခ်င္​း၀င္​လာတဲ့Junkyuကခံုမွာ၀င္​ထိုင္​ရင္​း ​ေဆး​ေသတၱာကို​ေမး​ေငါ့ျပသည္​...
ထို႔​ေနာက္​ တံ​ေတာင္​ဆစ္​ထိ႐ွည္​တဲ့အက်ႌလက္​ကိုခပ္​​ေျဖး​ေျဖးဆြဲလွန္​ျပ​ေတာ့ တံ​ေတာင္​ဆစ္​အ​ေက်ာ္​နား​ေလးမွာ ပြန္​းပဲ့​ေနတဲ့ဒဏ္​ရာကထင္​းလင္​းစြာ​ေပၚလာသည္​....။

" ဟင္​...ဘယ္​လိုျဖစ္​တာလဲ..."

အနား​ေရာက္​သြားပီး လက္​ကိုယူကာၾကည္​့ရင္​း​ေမး​ေတာ့ ငိုမဲ့မဲ့မ်က္​ႏွာလုပ္​ကာျပသည္​...Yoshiရယ္​ရင္​းJunkyuဆံပင္​​ေတြကိုဖြကာပစ္​ရင္​းခံုကိုဆြဲကာ​ေဘးနား၀င္​ထိုင္​လိုက္​သည္​....။

" အ...နာတယ္​ ​ေျဖး​ေျဖးသက္​သာလုပ္​စမ္​းပါကြာ.."

ပစ္​လဲက်တံုးကလမ္​းမနဲ႔ျခစ္​မိခဲ့တဲ့တံ​ေတာင္​ဆစ္​က ျပဲထြက္​သြားတာမွန္​းျပန္​​ေရာက္​လို႔​ေရခ်ိဴးခါနီးမွသိပံုရသည္​...။
တအားနက္​တာမဟုတ္​သည္​တိုင္​​ေအာင္​ အ​ေရခြံ​ေတြစုတ္​ျပတ္​ကာသြားတာမို႔ အ​ေတာ္​ကိုနာ႐ွာမည္​....

" ရလား...စပ္​လား..."

ဒဏ္​ရာကို​ေလနဲ႔ခပ္​ဖြဖြမႈတ္​​ေပးရင္​း ​ေမး​ေတာ့မခ်ိဳမခ်ဥ္​႐ုပ္​လုပ္​ကာ​ေခါင္​းညိတ္​ျပသည္​....။

" ရပီ...​ေရခ်ိဳးရင္​သတိထားဦး စပ္​လိမ္​့မယ္​..."

" ငါသိပါတယ္​ အဲ့​ေလာက္​​ေတာ့ "

" သိရင္​ပီးတာပဲ ပီးမွ Yoshi​ေရ ငါ့လက္​ဘာညာဆိုရင္​ ႐ိုက္​ထုတ္​မွာ..."

" မင္​းကပါ႐ိုက္​ထုတ္​ရင္​ငါဘယ္​လိုလုပ္​ရမလဲYoshi..."

Yoshiစ​ေနာက္​ကာ​ေျပာလိုက္​​ေပမဲ့ ခပ္​တည္​တည္​ျပန္​​ေမးလာတာ​ေၾကာင္​့ ပ်ာပ်ာသလဲျပန္​႐ွင္​းရသည္​....။
အခုလိုခ်ိန္​မွာ အထိမခံႏိုင္​​ေအာင္​ျဖစ္​​ေနတဲ့Junkyuကိုသူအျပစ္​မတင္​ရက္​....
စ​ေနာက္​ရင္​​ေတာင္​သတိထားသင္​့သည္​့အ​ေနအထားကို သူ႔ကိုယ္​သူသာအျပစ္​တင္​မိသည္​....။

" ငါကစတာပါ.....ဘာမွမျဖစ္​ဘူး...မင္​းပီးရင္​ဆင္​းလာခဲ့​ေလ ထမင္​းစားမယ္​ ငါလဲ​ေရခ်ိဳးဦးမယ္​..."

" အင္​း...ငါအခန္​း႐ွင္​းပီးရင္​လာခဲ့မယ္​..."

ခပ္​​ေလး​ေလးထြက္​သြားတဲ့​ေျခလွမ္​း​ေတြကိုလိုက္​လံ​ေငး​ေမာရင္​း သက္​ျပင္​းကိုခပ္​ဖြဖြခ်မိသည္​...
Junkyuဆိုတဲ့ဒီ​ေကာင္​​ေလး​ေပ်ာ္​ရႊင္​ႏိုင္​ဖို႔ဘယ္​လိုမ်ားလုပ္​​ေပးရမလဲ....

❤

" ဟို​ေန႔က ငတိမဟုတ္​လား...."

ဖတ္​လက္​စစာအုပ္​ကိုဆြဲယူကာယူထားရင္​းမ်က္​စပစ္​တဲ့​ေနရာကိုလွမ္​းၾကည္​့မိ​ေတာ့ Junkyu​ေျပာတဲ့​ေကာင္​​ေလးကို​ေတြ႔ရသည္​...
ပီးခဲ့တဲ့​ေန႔က Junkyuစက္​ဘီးနဲ႔၀င္​တိုက္​မိတဲ့​ေကာင္​​ေလးအမွန္​ပဲ.....

" ငါတို႔​ေက်ာင္​းကတဲ့လား.....တခါမွမျမင္​ဖူးပါဘူး..."

" မင္​းကအတန္​းတက္​လို႔လား...ငါ့စာအုပ္​ျပန္​​ေပးဦး.."

" မ​ေပးဘူး...ငါနဲ႔႐ွိတဲ့အခ်ိန္​မွာ ဘာစာအုပ္​မွမဖတ္​နဲ႔ ငါကလြဲပီးဘယ္​မွအာရံုမ​ေရာက္​နဲ႔ "

" ကဲပါ သခင္​​ေလးရယ္​ မရစ္​ပါနဲ႔ စာအုပ္​​ေပး.."

" မ​ေပးပါဘူးဆို​ေန....မင္​းစား​ေသာက္​တာကိုအရင္​ပီး​ေအာင္​လုပ္​...ဘာမွန္​းမသိဘူး အား​ေနစာအုပ္​ထဲပဲ​ေခါင္​းစိုက္​​ေနတယ္​...."

Yoshiဘာမွဆက္​မ​ေျပာပဲရယ္​​ေတာ့ ​ေက်နပ္​ပံုမရပဲမ်က္​လံုးကို​ေစြကာၾကည္​့​ေသးသည္​...
Kim junkyuကဘာလို႔မ်ားက​ေလးဆန္​​ေနလဲလို႔​ေတြးမိတာလဲခဏခဏပါပဲ....
လပိုင္​း​ေလးပိုငယ္​တာကို က​ေလးဆိုးႀကီးလိုအရာရာဂ်စ္​တိုက္​​ေနတတ္​တဲ့Junkyuကိုသူဘယ္​တုန္​းကမွစိတ္​မဆိုးသလိုစိတ္​လဲမပ်က္​ခဲ့ဘူး...။

" ငါအျပင္​သြားဦးမယ္​ ည​ေနမွလာႀကိဳမယ္​ ..."

" တစ္​​ေန႔တစ္​​ေလ​ေလာက္​ အတန္​းတက္​ပါဦးလား"

" မင္​း႐ွိတာကို ငါကတက္​စရာလား...သြားပီ..ည​ေနမွာလာႀကိဳမယ္​..."

​ေျပာ​ေျပာဆိုဆိုနဲ႔ထြက္​သြားတဲ့Junkyuကိုတားလို႔လဲရမွာမဟုတ္​ပဲ အျမဲတားခ်င္​မိသည္​...
ဘယ္​ႏွစ္​​ေယာက္​​ေျမာက္​မွန္​းမသိတဲ့တစ္​​ေယာက္​​ေယာက္နဲ႔သြားေတြ႔တယ္ဆိုတာကို ဘယ္​သူမွမ​ေမးလဲၾကည္​့တာနဲ႔သိႏိုင္​သည္​....။
တကယ္​​ေတာ့ Junkyuဒီလို​ေတြ ​ေကာင္​မ​ေလး​ေတြတြဲ​ေနတာကို သူဘယ္​တုန္​းကမွႀကိဳက္​ခဲ့သည္​မဟုတ္​...
သို႔တိုင္​​ေအာင္​ ပါးစပ္​က​ေနတစ္​ခြန္​းမွထုတ္​မ​ေျပာသလို တားလဲမတားမိ...
မင္​းစိတ္​ခ်မ္​းသာရင္​ပီးတာပဲလို႔​ေျပာရင္​းသာပီးဆံုးခဲ့တာမ်ားသည္​...

" ဟုိ....Hyung.."

႐ုတ္​တရက္​အ​ေတြးထဲနစ္​​ေနသည္​မို႔...​ေခၚသံ​ေၾကာင္​့တုန္​ပင္​သြားရသည္​...
လွည္​့ၾကည္​့​ေတာ့ ဟိုတစ္​​ေန႔က​ေကာင္​​ေလး.....
စာအုပ္​​ေလး​ေတြပိုက္​ကာ ​ေဘးမွာကုပ္​ကုပ္​​ေလးရပ္​​ေနသည္​...

" ဘာကိစၥလဲမသိဘူး..."
ု
" ဟို...စာၾကည္​့တိုက္​....အဲ့တာဘယ္​လိုသြားရလဲလို႔..."

Yoshiအကဲခတ္​မိသ​ေလာက္​ ​ေလယူ​ေလသိမ္​းကကိုရီးယားအစစ္​ဘယ္​နည္​းနဲ႔မွမျဖစ္​ႏိုင္​....သူမ်ားအ​ေၾကာင္​းစိတ္​၀င္​စားမႈနည္​းသည္​့တိုင္​ ဒီ​ေကာင္​​ေလးက.အသစ္​​ေျပာင္​းလာတာမွန္​းၾကည့္​တာနဲ႔သိသည္​.....

" Hyungလဲသြားမလို႔....အတူတူလိုက္​ခဲ့​ေလ..."

စာအုပ္​​ေတြ​ေကာက္​သိမ္​းရင္​းဖတ္​လက္​စစာအုပ္​ကိုၾကည္​့မွ Junkyuယူသြားမွန္​းသိလိုက္​သည္​....
ဖတ္​တာလဲမဟုတ္​ပဲသူမ်ားစာဖတ္​ရင္​​ေႏွာက္​ယွက္​တတ္​တဲ့အက်င္​့ဆိုး​ေလးကိုလဲ ဘယ္​လို​ေဖ်ာက္​​ေပးရမလဲမသိ.....

" ကြၽန္​​ေတာ့နာမည္​ Mashihoပါ..."

" ထင္​သားပဲ ဟို​ေန႔ကနာမည္​​ေတြ႔လိုက္​​ေပမဲ့သူငယ္​ခ်င္​းတစ္​​ေယာက္​​ေယာက္​ဟာထင္​တာ...Hyungက Kenemoto Yoshinori "

" ၀ါး..ဂ်ပန္​ပဲလား...​ေတြ႔ရတာ၀မ္​းသာလိုက္​တာ..."

​ေ႐ွ႕သြားျဖဴျဖဴ​ေဖြး​ေဖြး​ေလး​ေတြ​ေပၚ​ေအာင္​ရယ္​ရင္​း​ေျပာလာတဲ့​ေကာင္​ငယ္​​ေလး​ေၾကာင္​့သူပါျပံဳးမိသည္​....။
သူတစ္​ပါးႏိုင္​ငံမွာ လူမ်ိဳးတူတစ္​​ေယာက္​နဲ႔​ေတြ႔တာ ဘယ္​​ေလာက္​အားတက္​သြားလိုက္​မလဲ....။
ကိုယ္​တိုင္​က်​ေတာ့​ေရာ......??
မလိုခဲ့ဘူး....​ေဘးနားမွာ အခ်ိန္​ျပည္​့႐ွိ​ေနတတ္​တဲ့Junkyu​ေၾကာင္​့ ဘယ္​သူ႔ကိုမွအ​ေပါင္​းအသင္​းမလုပ္​ျဖစ္​တ့ဲထိJunkyuတစ္​မ်က္​ႏွာပဲ....။
ငယ္​ငယ္​က​ေပါ့....ခုခ်ိန္​မွာ​ေတာ့ ​ေလလိုမ်ိဴးပဲလြင္​့​ေနတဲ့ ဒီအ​ေပအ​ေတ​ေလးကအနားမွာမ႐ွိတာအ​ေတာ္​ကိုၾကာ​ေနၿပီ...

" ႀကိဳက္​တဲ့စာအုပ္​ကို​ေရြးႏွင္​့​ေနာ္​ Hyungဟိုးဘက္​​ေထာင္​့မွာ႐ွိမယ္​..."

​ေခါင္​း​ေလးညိတ္​ကာ​ေနတဲ့​ေကာင္​​ေလးကိုထားခဲ့ကာ ထိုင္​​ေနၾက၀ိုင္​းမွာထိုင္​လိုက္​သည္​....။
လြယ္​အိတ္​ထဲကစာအုပ္​​ေတြထုတ္​ကာ​ေဘာပင္​တစ္​​ေခ်ာင္​းနဲ႔စာ​ေလ့လာျခင္​းကိုစတင္​လိုက္​သည္​....။

" Yoshi..."

​ေက်ာပိုးအိတ္​ကို၀ုန္​းခနဲပစ္​ခ်ကာ ​ေဘးနားလာ၀င္​ထိုင္​ရင္​း​ေခၚသံ​ေၾကာင္​့အလန္​႔တၾကားပါးစပ္​ကိုထပိတ္​ရသည္​...

" ႐ွဴး..ဒါစာၾကည္​့တိုက္​​ေနာ္​ ႏွစ္​​ေယာက္​လံုး​ေမာင္​းထုတ္​ခံ​ေနရမယ္​.."

ခပ္​က်ိတ္​က်ိတ္​သတိ​ေပးစကားဆိုရင္​း​ေနရာမွာျပန္​ထိုင္​ရင္​းစိုက္​ကာၾကည္​့လိူက္​သည္​....။

" မင္​းဒီမွာ႐ွိမွာသိလို႔လာတာ...."

" ထြက္​သြားတာမၾကာ​ေသးပဲနဲ႔ျပန္​လာလို႔.."

" ဟိုမာနႀကီးတဲ့ဟာမ​ေပါ့....အလကားပါ...​ေလႀကီး​ေလက်ယ္​နဲ႔မလို႔ျဖတ္​လာတာ..."

Yoshiစုတ္​တခ်က္​သပ္​လိုက္​မိသည္​....။
ျပတ္​လာျပန္​ပီ​ေပါ့...တစ္​​ေယာက္​....

" ျပန္​ခ်င္​ျပန္​​ေလ ငါစာလုပ္​ဦးမွာ ငါ့ဘာသာျပန္​လိုက္​မယ္​..."

" ရတယ္​...လုပ္​...ငါ​ေစာင္​့မယ္​...​"

ဒါကလဲJunkyu​ရဲ႕အက်င္​့တစ္​ခုလိုပဲ..ကိုယ္​တိုင္​သာစာမလုပ္​​ေပမဲ့ ​ေဘးက​ေနမညည္​းမညဴထိုင္​​ေစာင္​့​ေပးတတ္​ျပန္​သည္​....။
ယခုလဲ​ခံု​ေပၚ​ေခါင္​းတင္​ကာ ​ေရး​ေနတဲ့စာ​ေတြကို​ေငးကာ​ေနသည္​...နားလည္​လား​ေမးရင္​သူတစ္​လံုးမွသိမည္​လဲမဟုတ္​....

" မင္​းက​ေခ်ာသားပဲ..."

႐ုတ္​တရက္​ထြက္​လာတဲ့စကားသံက ​ေရးလက္​စစာလံုး​ေတြကို​ေ႐ွ႕မဆက္​​ေအာင္​ လက္​​ေတြကိုရပ္​တန္​႔​ေစသည္​....။
အရင္​းမ႐ွိအဖ်ားမ႐ွိ ထြက္​လာတဲ့စကား​ေၾကာင္​့ သူျပံဳးမိသည္​...

" ငါ့ကိုၾကည္​့​ေနတာလား...."

" အင္​း....ငယ္​ငယ္​ကခ်စ္​ဖို႔​ေကာင္​းတာ....ဒါ​ေပမဲ့ အခုက​ေခ်ာတယ္​Yoshi...."

" မင္​းကိုမွီပါ့မလား.....တိုးတိုး...သူမ်ား​ေတြၾကည္​့ကုန္​ပီ အသံဆူလို႔..."

ဘာရယ္​မဟုတ္​သိသိသာသာတုန္​​ေနတဲ့လက္​ကိုခံု​ေအာက္​က​ေပါင္​​ေပၚခဏတင္​ရင္​း စာအုပ္​ကိုစိုက္​ၾကည္​့ကာ​ေနမိသည္​...။
Kim junkyuကို ​ေႂကြက်တာ ဒီလို​ေျပာတတ္​တာ​ေလး​ေတြ​ေၾကာင္​့လဲပါမည္​ထင္​သည္​.....

" ငါ​ေကာ္​ဖီသြား၀ယ္​ခဲ့မယ္​ ခဏ​ေစာင္​့..."

ခပ္​ၾကာၾကာထိုင္​ရတာ ပ်င္​းရိပံုရသည္​...အ​ေၾကာင္​းျပခ်က္​​ေကာ္​ဖီ၀ယ္​ဖို႔​ေပမဲ့မ​ေသာက္​ရဖို႔မ်ားသည္​...။
​ေကာ္​ဖီက​ေက်ာင္​းထဲက​ေကာ္​ဖီျဖစ္​ရင္​​ေတာင္​ ဘယ္​​ေကာင္​မ​ေလးနဲ႔​ေလ်ာက္​ပတ္​​ေနဦးမလဲမသိ၍​ေကာ္​ဖီလဲမ​ေမ်ွာ္​ခ်င္​​ေတာ့.....။

အခ်ိန္​ခဏၾကာတဲ့အခိုက္​မွာဖုန္​းကတုန္​ခါလာသည္​....
​ေသခ်ာတာကတစ္​ခုကဖုန္​း​ေခၚစရာကJunkyuပဲ႐ွိသည္​...

" အင္​း...​ေျပာ..."

" Yoshi...ဒီကိုခဏလာဦး....ျမန္​ျမန္​...ျမန္​ျမန္​လာ.."

ခပ္​တုန္​တုန္​အသံရဲ႕​ေနာက္​မွာ ဘာကိုမွမျမင္​မိ​ေတာ့ ခပ္​သုတ္​သုတ္​စာၾကည္​့တိုက္​ထဲက​ေျပးထြက္​လာခဲ့သည္​......။
ဘာ​ေတြမ်ားျဖစ္​ျပန္​တာလဲJunkyuရာ.....

သူ​ေျပာရာ​ေကာ္​ဖီဆိုင္​ထဲ​ေရာက္​​ေတာ့မ်က္​လံုးကို​ေ၀့၀ဲကာၾကည္​့​ေတာ့ စားပြဲမွာ​ေအး​ေအး​ေဆး​ေဆးဖုန္​းထိုင္​သံုး​ေနတဲ့သJunkyuကို​ေတြ႔လိုက္​ရသည္​....။

" Junkyuဘာျဖစ္​လို႔လဲ..."

အနား​ေရာက္​​ေတာ့ ထိုင္​​ေနတဲ့ကိုယ္​ကိုလွည္​့ပတ္​ကာၾကည္​့ရင္​းအ​ေမာတ​ေကာ​ေမး​ေတာ့ ခြက္​ထိုးခြက္​လန္​ႏွင္​့တဟားဟားကိုထရယ္​သည္​....။
ဒီရယ္​သံကိုၾကားတာနဲ႔Yoshiသ​ေဘာ​ေပါက္​သည္​....။

" ဘာမွမျဖစ္​ဘူး အ​ေကာင္​းႀကီး....မင္​းလဲခံရျပန္​ပီ...."

" မ​ေနာက္​စမ္​းပါနဲ႔....ငါဘယ္​​ေလာက္​စိတ္​ပူလဲမင္​းသိလား...."

" အဲ့လိုမွမ​ေခၚရင္​မင္​းကစာၾကည္​့တိုက္​မွာ​ေက်ာက္​ခ်​ေနမွာ​ေလ.."

" တကယ္​ပဲ...ငါစာလုပ္​စရာ႐ွိတယ္​Junkyuရ....ငါတကယ္​စိတ္​ဆိုးတယ္​..."

အပီးအျပတ္​ျဖတ္​ဖို႔စဥ္​းစားထားတဲ့စာက ည​ေနအိမ္​ျပန္​​ေရာက္​ရင္​ထပ္​လုပ္​ရ​ေတာ့မည္​ကို​ေတြးရင္​း​ေဒါသထြက္​ကာစိတ္​ဆိုးသည္​မဟူတ္​​ေပမဲ့အနည္​းငယ္​​ေတာ့ စိတ္​ဆိုးသည္​....

" Yoshiကလဲ..."

လက္​​ေမာင္​းကိုခပ္​ဖြဖြကိုင္​ကာလႈပ္​ရမ္​းရင္​းမ်က္​ႏွာခ်ိဳ​ေသြးကာ​ေနတဲ့Junkyuကတကယ္​ကို​ေခြး​ေပါက္​စ​ေလးအတိုင္​း....
တစ္​ခါတစ္​ရံ Junkyuကိုတစ္​သက္​လံုးအပိုင္​သိမ္​းထားခ်င္​စိတ္​ပင္​​ေပါက္​သည္​...
သို႔တိုင္​​ေအာင္​​ေျပာမ​ေကာင္​းတဲ့အခါဆိုရင္​​ေတာ့ အနားက​ေနကန္​ထုတ္​ခ်င္​သည္​...
ယခု​ေတာ့ မခ်ိဳမခ်ဥ္​မ်က္​ႏွာကိုၾကည္​့ရင္​းျပံဳးလိုက္​မိတာပါပဲ....

ဒီလိုပါပဲ Junkyuကသာအျမဲျပံဳး​ေန​ေအာင္​စြမ္​း​ေဆာင္​ႏိုင္​တ့ဲတစ္​ဦးတည္​း​ေသာလူသား....
တစ္​ဦးတည္​း​ေသာ...........
သူငယ္​ခ်င္​းပါပဲ

Bạn đang đọc truyện trên: AzTruyen.Top