Part - 3

Unicode

မျက်ဝန်းတွေကိုဖြေးဖြေးချင်းဖွင့်ကာကြည့်လိုက်တော့ ဝိုးတိုးဝါးတားမျက်ဝန်းထဲကိုဝင်လာတာက ဆေးရုံမျက်နှာကျက်...။
နှုတ်ခမ်းကိုအနည်းငယ်လှုပ်ကာအသံပြုချင်ပေမဲ့ ခြောက်ကပ်နေတဲ့လည်ချောင်းတဲ့နှုတ်ခမ်းက ရေဘယ်လောက်ဆာနေကြောင်းပြနေသယောင်...။

ခေါင်းကိုဟိုလှည့်ဒီလှည့်နှင့် အခန်းထဲကိုဝေ့၀ဲကာရှာတော့ ကုတင်ခြေရင်းနားမှာထိုင်ကာငိုက်နေတဲ့ asahi hyungကိုတွေ့ရသည်...။
အလင်းရောင်အနည်းငယ်ရတဲ့ဒီအခန်းထဲမှာ အပြင်ကပတ်ဝန်းကျင်ကနေ့လားညလားပင်သူမသိ...
လက်ရှိသူသိတာ ရေသောက်ရဖို့ပင်...။

" hyung...."

ခြောက်အပ်အပ်နဲ့ထွက်လာတဲ့အသံနဲ့အတူလည်ပင်းကစူးခနဲ...။
ကံကောင်းတာပဲလား အသံကြားပုံရတဲ့ hyungက ခေါင်းထောင်ကာကြည့်ရင်း ဝမ်းသာအားရကုတင်နားပြေးလာသည်...။

" ရေ...ရေနည်းနည်းလောက်..."

နှုတ်ခမ်းထက်ဆီ ဂွမ်းစလေးနဲ့စွတ်ကာလာတင်ပေးတဲ့ရေစက်တွေကိုအငမ်းမရလျှာဖျားနဲ့သပ်ရင်းသောက်မှ အနည်းငယ်တော့အဆင်ပြေသွားသည်....။
ကုတင်ကိုကျောမှီကာထိုင်ရင်းအခြေအနေတွေကို recallပြန်ခေါ်နိုင်ဖို့ကြိုးစားရသည်....၊

သုံးနှစ်ခွဲ......

ဂျပန်ကိုပြန်ရောက်နေတာသုံးနှစ်ခွဲပီ....
စရောက်ပီးနောက်ရက်ထဲက ကားအက်စီးဒင့်ကြောင့် ဆေးရုံမှာလဲလျောင်းနေရတဲ့အချိန်က သုံးနှစ်ခွဲတောင် ယုံချင်စရာမကောင်းဘူးပဲ

ငယ်ရော....ငယ်အဆင်ပြေနေရဲ့လား...
သိပ်ကိုအစွဲအလမ်းကြီးတဲ့ငယ်က သူ့ကိုမေ့ပျောက်ဖို့ ခုချိန်ထိကြိုးစားနေရဆဲလို့ yoshi hyungပြောတော့ ရင်ထဲမှာလှုပ်ခတ်သွားရသည်...။
ငယ်ကသူ့ကိုတော်တော်ချစ်တာပဲ...။

Company projectတခုအတွက်နေ့မအားညမအားကြိုးစားနေခဲ့တဲ့သူ့ကိုယ်သူအပြစ်တင်မိခဲ့တယ်...
သို့ပေမဲ့ ဒီကိစ္စပီးရင် ငယ်နဲ့တူတူနေဖို့အချိန်တွေအများကြီးရသွားပီလေ.....။
တစ်ပတ်ဆိုတဲ့အချိန်နဲ့တော့ ငယ်ဘာမှမဖြစ်လောက်ပါဘူးလို့တွေးပေမဲ့သူ့အတွေးတွေနဲ့ငယ့်စိတ်က တစ်ထပ်တည်းကျမနေဘူး...။

မွေးနေ့မှန်းသတိရပေမဲ့ စနောက်ချင်စိတ်တစ်ခုတည်းနဲ့ မသိချင်ယောင်ဆောင်ပီး ငယ်လိုချင်တဲ့အရာတွေကို တခြားလူတွေကိုမွေးနေ့လက်ဆောင်အဖြစ်ကိုယ်တိုင်ဝယ်ပီးပေးခိုင်းခဲ့တယ်...။
ညကျရင် 12နာရီထိုးဖို့မိနစ်အပိုင်းအလိုမှာ ကိတ်ခွဲပီး စပရိုက်ဖြစ်စေဖို့ ရည်ရွယ်ထားပေမဲ့ ည9:30မှာ လမ်းခွဲခံလိုက်ရတယ်...

ငယ့်ကိုစိတ်မကျဉ်းကျပ်စေချင်ဘူး...
သူ့ကြောင့်ဆိုကာ လိုက်ညှိနှိုင်းရတာမျိုးတွေမဖြစ်ချင်ဘူး...
ထို့ကြောင့် ငယ့်စိတ်လေးအနည်းငယ်လွတ်လပ်ဖို့ခေါင်းညိတ်ဖြစ်ခဲ့တယ်...။

ဒါတွေကငယ်မသိသေးတဲ့အမှန်တရားပဲ..
ငယ်ကလိမ်မာတယ်...သူမရှိတဲ့အချိန်မှာတောင် စကားတခွန်းကြောင့် ကော်ဖီဆိုင်လေးဖွင့်ပီးအလုပ်ကိုကြိုးစားနေတယ်တဲ့...။

ပြေးတွေ့ချင်စိတ်တွေကိုပြန်လည်မကျန်းမာသေးတဲ့ခန္ဓာကိုယ်က အခွင့်အရေးမပေး...၊
ပြန်လည်ဖွံ့ဖြိုးရေးအတွက် လေ့ကျင့်ခန်းပေါင်းစုံကိုစိန်ခေါ်ကာလုပ်ရင်း နောက်ဆုံးတော့ဒီနေ့ကိုရောက်လာခဲ့သည်..။

ငယ်မေ့တော့မသွားလောက်ပါဘူးနော်.....
အသက် 20ပြည့်မွေးနေ့မှာ လက်ထပ်ခွင့်တောင်းမယ်လို့ပြောခဲ့ဖူးသည့်စကားကို...

ဆိုင်ထဲကိုဖြေးဖြေးဝင်လာတဲ့ကောင်ငယ်လေးက အရင်ကထက်ပိုပီးပြောင်းလဲသွားသယောင်...
တည်ငြိမ်သွားတယ်ဆိုရမလား.....
ပြုံးရင်တောင် ရင့်ရင့်ကျက်ကျက်လေး....
နူးညံ့မှုတွေနဲ့ငယ်က ဘယ်ချိန်ကြည့်ကြည့် နတ်သားလေးတပါးနှယ်
ချစ်တယ်....အရာရာအားလုံးထက်ပြောမပြတတ်အောင်....

" ကိုယ့်ကိုလက်ထပ်နိုင်မလား ငယ်..."

မျက်မှောင်လေးကြုံ့ရင်း အလိုမကျအံကိုကျိတ်ကာ သူ့ကိုတွန်းတိုက်သွားတဲ့ကောင်ငယ်လေးရဲ့နောက်ကို အကြမ်းပတမ်းပြေးလိုက်လာခဲ့သည်...။
ကျိုးနေခဲ့တဲ့ခြေထောက်တွေကကောင်းနေတာကြာပီပဲ...ဂရုစိုက်စရာမလိုဘူး...။

" ငယ်...ငယ်..."

ခြေလှမ်းကျဲတိူ့နဲ့ပြေးလိုက်ရင်း လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ကာ ကိုယ်ငယ်ကိုဆွဲယူထွေးပွေ့လိုက်သည်...။
ဟန်ဆောင်နေတာတော်သင့်ပီလေ...ငယ်...

" လွှတ်....ခင်ဗျားကိုမမြင်ချင်ဘူး..."

" ငယ်....ကိုယ့်ကိုမုန်းနေတာကိုယ်သိတယ်..ဒါပေမဲ့...ကိုယ်ကငယ့်ကိုချစ်နေသေးတယ်..."

" အရူးလိုတွေပြောမနေနဲ့  Haruto..."

" ကိုယ်အရူးလိုတွေဖြစ်နေရင်တောင် ချစ်တယ်ဆိုတဲ့စကားကတော့ မင်းအတွက်အမြဲမှန်ကန်နေတဲ့စကားပဲငယ်.."

" ခင်ဗျားကတကယ်အတ္တတွေကြီးတာပဲ..."

" မင်းကိုပိုင်ဆိုင်ချင်တဲ့အတ္တလေ."

" လွန်ခဲ့တဲ့လေးနှစ်ထဲက အဲ့အတ္တကိုထားသင့်ခဲ့တာ..အခုမရတော့ဘူး....အချိန်တွေလွန်ကုန်ပီ.."

" ကိုယ်တောင်းပန်ပါတယ်..ငယ်..."

စိတ်ဆိုးရင်းအော်နေရင်းတောင် လမ်းမထက်မှာဒူးထောက်တောင်းပန်တော့မတတ် ကိုကိုက ရုပ်ရှင်မင်းသားလုပ်စားလို့ရသည် ..။
ကိုကိုပြန်လာပီးတောင်းပန်ရင် happy endingလို့တွေးခဲ့ပေမဲ့ လက်တွေ့မှာ လက်ခံဖို့မရဲ...။
အလိမ်အညာတွေလို့ ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်နေရင်း ထပ်ထပ်ခါခါငြင်းပစ်မိသည်....၊

" ဒါကိုကြည့်ငယ်..."

ဖုန်းကိုမျက်နှာရှေ့လာပြပီး ဖုန်းထဲမှာထွက်ပေါ်လာတဲ့အသံတွေကြောင့် အနည်းငယ်တော့ အာရုံစိုက်လိုက်မိသည်...။

ဒါက ကိုကိုနဲ့အစ်မရယ်ဂျီတို့ရဲ့မျက်နှာတွေ...။
မင်္ဂလာပွဲတစ်ခုဖြစ်ပုံရတဲ့ videoထဲမှာ ကိုကိုက သတို့သားနေရာမှာလား.....။

ခန်းမထဲဆီပြောင်းသွားတဲ့ကင်မရာမြင်ကွင်းကြောင့် အထဲမှာထပ်မံကာမြင်လိုက်ရတာက လျောက်လှမ်းထိပ်မှာလူတစ်ယောက်...
သတို့သားပေါ့.......ဟုတ်သားပဲ ကိုကို့မှာ ပန်းတွေမှမပါတာ...။

" ဒါက ရယ်ဂျီရဲ့မင်္ဂလာဆောင် ငယ်....ငယ်နဲ့ကိုကိုလမ်းခွဲပီးနောက်ရက်မှာ သူတို့မင်္ဂလာဆောင်ခဲ့ကြတယ်....ကိုကိုသိတာပေါ့ ငယ်ကကိုကိုနဲ့ရယ်ဂျီကိုအထင်လွဲခဲ့တာ နောက်...ကိုကိုကမချစ်ဘူးလို့ထင်နေတာ..."

လူကြီးတစ်ယောက်လိုလေသံအေးအေးနဲ့ဆိုလာတဲ့ကိုကိုက ခေါင်းကဆံနွယ်တွေဖွကာ ပြုံးပြုံးလေးပြောသည်...။
လွမ်းနေခဲ့တာသေလောက်အောင်ပေါ့...ခေါင်းကိုခပ်ဖွဖွပုတ်ပေးမဲ့ကိုကို့ကိုအလိုရှိနေခဲ့တာ....

" အချိန်တွေကနှောင်းခဲ့ပီးပီ.....ခင်ဗျားကိုကျွန်တော်အလွယ်တကူမယုံကြည်နိူင်ဘူး..."

" စောင့်ပါ့မယ်...ငယ်..ငယ်အဆင်ပြေတဲ့အချိန်ထိ ကိုယ်စောင့်မယ်.."

ဒီစကားကိုတော့ ယုံကြည်ကြည့်ချင်တယ် ....နောက်ဆုံးပဲကိုကို...အမှတ်မရှိပဲယုံဖို့ကြိုးစားမှာ....။

Zawgyi



" hyung...."


" ​ရေ...​ရေနည်းနည်း​လောက်​..."


သုံးနှစ်​ခွဲ......












" ငယ်​...ငယ်​..."

ခြေလှမ်းကျဲတို့နဲ့​ပြေးလိုက်​ရင်း လက်​​ကောက်​၀တ်​က​နေ ဆုပ်​ကိုင်​ကာ ကိုယ်​ငယ်​ကိုဆွဲယူ​ထွေး​ပွေ့လိုက်​သည်​...။










" ဒါကိုကြည့်​ငယ်​..."






" အချိန်​​တွေက​နှောင်းခဲ့ပီးပီ.....ခင်​ဗျားကိုကျွန်​​တော်​အလွယ်​တကူမယုံကြည်​နိုင်​ဘူး..."



Bạn đang đọc truyện trên: AzTruyen.Top