Part - 1

Unicode

တချွင်ချွင်မွှေနေတဲ့ကော်ဖီခွက်ဆီမှဇွန်းသံကိုကျယ်သထက်ကျယ်အောင်မွှေရင်း ကုတင်ထက်ဆီကိုအကြည့်တချို့နဲ့စိုက်ငေးမိသည်...။
အရာရာပီးပြည့်စုံတဲ့လူသားက ပတ်ဝန်းကျင်အရာအားလုံးကိုမေ့လျော့နေဟန်....။
မျက်မှန်ဝိုင်းကိုတပ်ကာ laptopကိုစူးစိုက်ကာကြည့်နေတဲ့ လူသားက နောက်တပတ် Projectအတွက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ငြိမ်သက်စွာအလုပ်လုပ်နေသည်...

" ကိုကို..."

ခုံပေါ်မှာဖျော်ပေးထားတဲ့ ကော်ဖီခွက်က ရေခဲရေနီးပါးအေးစက်နေလောက်အောင်ကြာမြင့်သွားတဲ့အချိန်မှာ ပထမဆုံးတိတ်ဆိတ်ခြင်းကိုထိုးခွင်းလိုက်တဲ့စကားသံကိုအစပြုဖြစ်သည်...

ထိုအခါတချောက်ချောက်နှင့်စာရိုက်နေတဲ့ Laptop keyboardပေါ်ကကိုကို့လက်တွေက တိခနဲရပ်သွားသည်...။

" မနက်ဖြန်ဘာနေ့လဲသိလား..."

" သောကြာလေ ဘာလို့လဲ.."

နှုတ်ခမ်းထောင့်တွေကွေးသွားအောင်ခနဲ့သလိုရယ်လိုက်မိ၍ မျက်မှောင်ကြုတ်ကာကြည့်ရင်းကိုလဲခံလိုက်ရသေးသည်...။
သို့တိုင်အောင် စိတ်ဝင်စားမှုမရှိပဲ ပြန်ကာခေါင်းစိုက်သွားတဲ့လူသားက လွန်ခဲ့တဲ့ခြောက်လခန့်က သူကိုယ်တိူင်ဖွင့်ပြောထားရတဲ့ချစ်ရသူပါပဲ...။

" တွဲရအောင် " ဆိုတဲ့တုံးတိစကားတခွန်းကိုမလွန်ဆန်နိုင်ခဲ့တဲ့ထိတုံးလွန်းခဲ့တယ်...

အာစေးမိသလို ခေါင်းညိတ်ပြခဲ့တဲ့ ကိုယ့်ကိုယ်ကို ခုချိန်မှာအပြစ်တင်နေလဲမထူးပါဘူး...။

သက်ပြင်းကိုခပ်ဖွဖွချရင်း ကော်ဖီခွက်ကိုယူကာ နောက်ဖေးခန်းဆီဝင်လာခဲ့သည်...။
အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်ရင်း ရေကို အဆုံးထိဖွင့်ချလိုက်သည်...။
ရေသံကျယ်ကျယ်က အသံတိတ်ကျိတ်ရှိုက်သံကိုဖုံးပေးနိုင်လောက်တယ်လို့အပြည့်အဝယုံကြည်ထားသည်မို့...။

ကော်ဖီခွက်ထဲက ဆပ်ပြာမြုပ်တွေကိုရေနဲ့ဆေးချရင်း မျက်ရည်စတချို့ကို ပွတ်သုတ်လိုက်သည်...။ ဒါက ထူးမှမထူးဆန်းပဲ...

" ကျစ်...."

စုတ်တချက်သပ်ရင်း ကြမ်းပြင်ပေါ်က ဖန်ကွဲစတချို့ကိုကြည့်လိုက်သည်...။
လက်ခဏပြန်ဆေးနေချိန်မှာ တံတောင်ဆစ်နဲ့တိုက်ချလိုက်၍ ကော်ဖီခွက်လေးက ကြမ်းပြင်ပေါ်မှာ တစစီ...။

ခေါင်းအနည်းငယ်ကျိန်းသွားရသည်...ဒါက ကိုကို့ခွက်....
ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့သက်ပြင်းကိုချရင်း ကော်ဖီခွက်တွေကိုသတိထားကိုင်ရင်းကြားက ရုပ်ရှင်ဆန်တာပါပဲ...ရှသွားသေးသည်....။

" လုပ်လိုက်ရင် အမြဲပရမ်းပတာနဲ့ 16နှစ်က မငယ်တော့ဘူးနော်...အရာရာမှာ ကလေးလိုလုပ်မနေနဲ့တော့..."

ပလာစတာကိုကပ်ရင်း ပြောလာတဲ့စကားက နာနေသေးလားလို့မေးရမှာထက် မြှားနဲ့စိုက်နေသလိုပိုနာကျင်အောင်လုပ်ရက်လွန်းသည်..။
ကိုကိုက တကယ်ကိုနှုတ်ခမ်းလှလှလေးနဲ့လူသတ်နိုင်တယ်...။

" အင်း...ရယ်ဂျီပြော..."

ကိုကိုပီးအောင်မကပ်ပေးဖြစ်ခဲ့တဲ့ပလာစတာကို လက်နဲ့အသေအချာဖိကပ်ရင်း ဖုန်းဖြေသံမှာပါလာတဲ့နာမည်ကြောင့် အနည်းငယ်ကိုယ်လေးအနားတိုးရင်း နားစွင့်မိသည်...။.
ရယ်ဂျီဆိုတာ ကိုကို့ငယ်သူငယ်ချင်း....နောက်တမျိုးဆိုရင် ရည်းစားဟောင်း....၊

" အိပ်တော့ ငယ်...ကိုကိုအလုပ်လုပ်ရဦးမှာ.."

ဖုန်းပြောနေရင်းလှမ်းပြောတာကိုခေါင်းညိတ်ပြလိူက်သည်...။
ကိုကို့စကားတခွန်းဆို တခွန်းပဲနားထောင်တတ်တာ နားလည်နိုင်ရင်သိပ်ကောင်းမယ်....။

ဒါနဲ့ကိုကို.....ကိုကိုမသိတဲ့မနက်ဖြန်က ကျွန်တော့်မွေးနေ့ ...

❤

ပင်ပန်းတယ်....။

ကိုကိုကဘယ်လိုလူမျိူးဆိုတာသိရက်နဲ့ ဇွတ်မှိတ်နေရတာ ပင်ပန်းတယ်...

" Happy Birthday Junghwannie..."

Yoshi hyungပေးလာတဲ့.အရုပ်setက လိုချင်လွန်းလို့ ကိုကို့ကိုပူဆာခဲ့ဖူးတဲ့ဟာပဲ...။
နောက်မှဆိုတဲ့စကားကို သုံးလကြာအောင်ယုံလိုက်တာပဲ...။

ကိုကိုတော်တယ်....ယုံလွယ်အောင်လုပ်နိူင်တယ်...

" ဟိူကောင် လာမကြိုဘူးလား.. ဒီနေ့ မင်းမွေးနေ့ကိုမသိလို့လား.."

ကိုကို့သူငယ်ချင်း Jeongwooက သူ့ညီကိုလာကြိုရင်းမေးတော့ခေါင်းပဲခါပြလိုက်သည်...။
သတိမရတဲ့လူတယောက်က ဘယ်နည်းနဲ့မှ သတိရစရာအကြောင်းမရှိ....။
နောက်ပီး ကိုကိုကအလုပ်ကြိုးစားတတ်တာသိနေတာပဲ...

တော်တယ်...အနာဂတ်အတွက် ကိုကိုက အလုပ်တွေပိုကြိုးစားနေရမှာ....

လွယ်အိတ်ကြိုးကိုကိုင်ရင်း ကားမှတ်တိုင်ဆီကိုခပ်ဖြေးဖြေးခြေလှမ်းတွေနဲ့လျှောက်လာခဲ့တယ်....
မွေးနေ့ဆိုတဲ့တစ်နေ့တာက ကျောင်းမှာပဲဘာရယ်မဟုတ်ပဲအချိန်ကုန်ခဲ့ပြီ...။

မျှော်လင့်ချက်မထားဘူးဆိုညာတာပဲ...အိမ်ပြန်ရောက်ရင် ကိုကိုက အံ့အားသင့်သွားမယ့်တခုခုတော့ လုပ်ပေးမှာပါ....။

" မင်းရူးသွားပီပဲ So junghwan..."

လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း မျက်စိရှေ့ကကားတန်းရှည်ကြားမှ ကိုကို့ကားကိူမြင်လိုက်ရသည်...။
ဒါက ပျော်စရာပဲ....မဟုတ်ဘူး....ဒါက ဝမ်းနည်းစရာ...။

ကားမောင်းနေတဲ့ကိုကိုက ပုံမှန်ပေမဲ့ ပုံမှန်မဟုတ်တာ ဘေးကရယ်ဂျီ...။
ဘာလို့ကားပေါ်မှာပါလာရတာလဲ.....
ရယ်မောမပြတ်စကားပြောနေတဲ့ကိုကိုက ညစဉ်ညတိုင်း အလုပ်ပင်ပန်းလို့ ငြီးငြူနေတဲ့ကိုကိုမှဟုတ်ရဲ့လား...။

အိမ်ကိုအရင်ရောက်အောင်ပြန်ရင်း အဝတ်အစားတွေကို အိတ်ထဲထည့်ကာ ကျောင်းစာအုပ်တွေပါသိမ်းဆည်းရင်း ဧည့်ခန်းဆီမှာထိုင်ရင်းအသင့်စောင့်ကြိုလိုက်သည်...။

လေချွန်သံတဝီဝီနဲ့ အိမ်ထဲဝင်လာတဲ့ကိုကိုက စိတ်လက်တွေတအားပေါ့ပါးနေပုံရသည်...။
အခန်းဆီဝင်သွားကာ ပြန်ထွက်လာတော့ ရေချိုးထားပုံရတဲ့ဆံပင်တွေက ရေသီးတချိူ့ခိုကာ မျက်နှာပေါ်ခပ်ဝဲ၀ဲ..။
ကပိုကရိုဆံပင်တွေကြားမှာတောင် မျက်နှာနုနုက ပိုးသားလေးလိုနူးညံ့စွာထင်းနေသည်..။

ဒီမျက်နှာလှလှလေးက သူ့အတွက်အကြီးမားဆုံးအဓိကအားနည်းချက်...။

Laptopတခါထဲယူလာပုံက အပြင်မှာ အလုပ်လုပ်တော့မယ်ပေါ့...
နောက်ကိုဝင်လာရင်း ကောဖီတခွက်ဖျော်ရင်း ရှေ့ကိုချပေးလိုက်သည်...

" ဒါနောက်ဆုံးကော်ဖီ ကိုကို.."

" ဘာကိုပြောတာလဲ ငယ်..."

" ကျွန်တော်တို့လမ်းခွဲရအောင်..."

ထို့နောက် အဓိပ္ပါယ်ဖတ်မရတဲ့မျက်ဝန်းတွေနဲ့ငေးငိုင်စွာလှည့်ကြည့်လာသည်...။
လက်ကိုတင်းတင်းဆုပ်ထားတဲ့ကိုကိုက တစုံတရာကိုပြောဖို့ကြိုးစားနေတာလား.....ဒါမှမဟုတ် ပေါက်ကွဲပစ်ဖို့အရှိန်ယူနေတာလား...
သေချာမသဲကွဲပေမဲ့ နောက်ဆုံးထွက်လာတဲ့စကားသံကြောင့် တင်းထားသမျှစိတ်တွေပျောက်ပျက်ကုန်ရသည်...။

" ငယ့်သဘောပါ...."

အရာရာမှာအလိုလိုက်ပေးတတ်ခဲ့တဲ့ကိုကို့ပါးစပ်ကနေ ဒီစကားကိုအကြိမ်တရာကမကကြားခဲ့ရတုံးကပျော်ခဲ့ပေမဲ့ ခုချိန်မှာတော့အသက်ရှူကျပ်ရလောက်တဲ့ထိနာကျင်ရသည်...။
တကယ်ဆို ဘာလို့လမ်းခွဲပေးရမှာလဲဆိုပီး ထသောင်းကျန်းတာပဲဖြစ်ဖြစ် မထားခဲ့ပါနဲ့လို့ တောင်းပန်တာပဲဖြစ်ဖြစ်လုပ်သင့်သည်...။

သို့ပေမဲ့ သိပ်ချစ်ရတဲ့ကိုကိုကတော့ အဓိပ္ပါယ်မရှိတဲ့မျက်ဝန်းတွေနဲ့သာ လမ်းခွဲစကားကိုလက်ခံလိုက်ပါသည်...

Haruto....ခင်ဗျားကတကယ်ကျွန်တော့်ကိုမချစ်ခဲ့ဘူးပဲ...

Zawgyi

တခြၽင္​ခြၽင္​​ေမႊ​ေနတဲ့​ေကာ္​ဖီခြက္​ဆီမွဇြန္​းသံကိုက်ယ္​သထက္​က်ယ္​​ေအာင္​​ေမႊရင္​း ကုတင္​ထက္​ဆီကိုအၾကည္​့တခ်ိဳ႕နဲ႔စိုက္​​ေငးမိသည္​...။
အရာရာပီးျပည္​့စံုတဲ့လူသားက ပတ္​၀န္​းက်င္​အရာအားလံုးကို​ေမ့​ေလ်ာ့​ေနဟန္​....။
မ်က္​မွန္​၀ိုင္​းကိုတပ္​ကာ laptopကိုစူးစိုက္​ကာၾကည္​့​ေနတဲ့ လူသားက ​ေနာက္​တပတ္​ Projectအတြက္​ဆိုတဲ့​ေခါင္​းစဥ္​​ေအာက္​မွာ ၿငိမ္​သက္​စြာအလုပ္​လုပ္​​ေနသည္​...

" ကိုကို..."

​ခံု​ေပၚမွာ​ေဖ်ာ​္​​ေပးထားတဲ့ ​ေကာ္​ဖီခြက္​က ​ေရခဲ​ေရနီးပါး​ေအးစက္​​ေန​ေလာက္​​ေအာင္​ၾကာျမင္​့သြားတဲ့အခ်ိန္​မွာ ပထမဆံုးတိတ္​ဆိတ္​ျခင္​းကိုထိုးခြင္​းလိုက္​တဲ့စကားသံကိုအစျပဳျဖစ္​သည္​...

ထိုအခါတ​ေခ်ာက္​​ေခ်ာက္​ႏွင္​့စာ႐ိုက္​​ေနတဲ့ Laptop keyboard​ေပၚကကိုကို႔လက္​​ေတြက တိခနဲရပ္​သြားသည္​...။

" မနက္​ျဖန္​ဘာ​ေန႔လဲသိလား..."

" ​ေသာၾကာ​ေလ ဘာလို႔လဲ.."

ႏႈတ္​ခမ္​း​ေထာင္​့​ေတြ​ေကြးသြား​ေအာင္​ခနဲ႔သလိုရယ္​လိုက္​မိ၍ မ်က္​​ေမွာင္​ၾကဳတ္​ကာၾကည္​့ရင္​းကိုလဲခံလိုက္​ရ​ေသးသည္​...။
သို႔တိုင္​​ေအာင္​ စိတ္​၀င္​စားမႈမ႐ွိပဲ ျပန္​ကာ​ေခါင္​းစိုက္​သြားတဲ့လူသားက လြန္​ခဲ့တဲ့​ေျခာက္​လခန္​႔က သူကိုယ္​တိူင္​ဖြင္​့​ေျပာထားရတဲ့ခ်စ္​ရသူပါပဲ...။

" တြဲရ​ေအာင္​ " ဆိုတဲ့တံုးတိစကားတခြန္​းကိုမလြန္​ဆန္​ႏိုင္​ခဲ့တဲ့ထိတံုးလြန္​းခဲ့တယ္​...

အာ​ေစးမိသလို ​ေခါင္​းညိတ္​ျပခဲ့တဲ့ ကိုယ္​့ကိုယ္​ကို ခုခ်ိန္​မွာအျပစ္​တင္​​ေနလဲမထူးပါဘူး...။

သက္​ျပင္​းကိုခပ္​ဖြဖြခ်ရင္​း ​ေကာ္​ဖီခြက္​ကိုယူကာ ​ေနာက္​​ေဖးခန္​းဆီ၀င္​လာခဲ့သည္​...။
​ေအာက္​ႏႈတ္​ခမ္​းကိုခပ္​ဖြဖြဖိကိုက္​ရင္​း ​ေရကို အဆံုးထိဖြင္​့ခ်လိုက္​သည္​...။
​ေရသံက်ယ္​က်ယ္​က အသံတိတ္​က်ိတ္​႐ိႈက္​သံကိုဖံုး​ေပးႏိုင္​​ေလာက္​တယ္​လို႔အျပည္​့အ၀ယံုၾကည္​ထားသည္​မို႔...။

​ေကာ္​ဖီခြက္​ထဲက ဆပ္​ျပာျမဳပ္​​ေတြကို​ေရနဲ႔​ေဆးခ်ရင္​း မ်က္​ရည္​စတခ်ိဳ႕ကို ပြတ္​သုတ္​လိုက္​သည္​...။ ဒါက ထူးမွမထူးဆန္​းပဲ...

" က်စ္​...."

စုတ္​တခ်က္​သပ္​ရင္​း ၾကမ္​းျပင္​​ေပၚက ဖန္​ကြဲစတခ်ိဳ႕ကိုၾကည္​့လိုက္​သည္​...။
လက္​ခဏျပန္​​ေဆး​ေနခ်ိန္​မွာ တံ​ေတာင္​ဆစ္​နဲ႔တိုက္​ခ်လိုက္​၍ ​ေကာ္​ဖီခြက္​​ေလးက ၾကမ္​းျပင္​​ေပၚမွာ တစစီ...။

​ေခါင္​းအနည္​းငယ္​က်ိန္​းသြားရသည္​...ဒါက ကိုကို႔ခြက္​....
ဘယ္​ႏွႀကိမ္​​ေျမာက္​မွန္​းမသိတဲ့သက္​ျပင္​းကိုခ်ရင္​း ​ေကာ္​ဖီခြက္​​ေတြကိုသတိထားကိုင္​ရင္​းၾကားက ႐ုပ္​႐ွင္​ဆန္​တာပါပဲ...႐ွသြား​ေသးသည္​....။

" လုပ္​လိုက္​ရင္​ အျမဲပရမ္​းပတာနဲ႔ 16ႏွစ္​က မငယ္​​ေတာ့ဘူး​ေနာ္​...အရာရာမွာ က​ေလးလိုလုပ္​မ​ေနနဲ႔​ေတာ့..."

ပလာစတာကိုကပ္​ရင္​း ​ေျပာလာတဲ့စကားက နာ​ေန​ေသးလားလို႔​ေမးရမွာထက္​ ျမႇားနဲ႔စိုက္​​ေနသလိုပိုနာက်င္​​ေအာင္​လုပ္​ရက္​လြန္​းသည္​..။
ကိုကိုက တကယ္​ကိုႏႈတ္​ခမ္​းလွလွ​ေလးနဲ႔လူသတ္​ႏိုင္​တယ္​...။

" အင္​း...ရယ္​ဂ်ီ​ေျပာ..."

ကိုကိုပီး​ေအာင္​မကပ္​​ေပးျဖစ္​ခဲ့တဲ့ပလာစတာကို လက္​နဲ႔အ​ေသအခ်ာဖိကပ္​ရင္​း ဖုန္​း​ေျဖသံမွာပါလာတဲ့နာမည္​​ေၾကာင္​့ အနည္​းငယ္​ကိုယ္​​ေလးအနားတိုးရင္​း နားစြင္​့မိသည္​...။.
ရယ္​ဂ်ီဆိုတာ ကိုကို႔ငယ္​သူငယ္​ခ်င္​း....​ေနာက္​တမ်ိဳးဆိုရင္​ ရည္​းစား​ေဟာင္​း....၊

" အိပ္​​ေတာ့ ငယ္​...ကိုကိုအလုပ္​လုပ္​ရဦးမွာ.."

ဖုန္​း​ေျပာ​ေနရင္​းလွမ္​း​ေျပာတာကို​ေခါင္​းညိတ္​ျပလိူက္​သည္​...။
ကိုကို႔စကားတခြန္​းဆို တခြန္​းပဲနား​ေထာင္​တတ္​တာ နားလည္​ႏိုင္​ရင္​သိပ္​​ေကာင္​းမယ္​....။

ဒါနဲ႔ကိုကို.....ကိုကိုမသိတဲ့မနက္​ျဖန္​က ကြၽန္​​ေတာ္​့​ေမြး​ေန႔ ...

❤

ပင္​ပန္​းတယ္​....။

ကိုကိုကဘယ္​လိုလူမ်ိဴးဆိုတာသိရက္​နဲ႔ ဇြတ္​မိွတ္​​ေနရတာ ပင္​ပန္​းတယ္​...

" Happy Birthday Junghwannie..."

Yoshi hyung​ေပးလာတဲ့.အ႐ုပ္​setက လိုခ်င္​လြန္​းလို႔ ကိုကို႔ကိုပူဆာခဲ့ဖူးတဲ့ဟာပဲ...။
​ေနာက္​မွဆိုတဲ့စကားကို သံုးလၾကာ​ေအာင္​ယံုလိုက္​တာပဲ...။

ကိုကို​ေတာ္​တယ္​....ယံုလြယ္​​ေအာင္​လုပ္​ႏိူင္​တယ္​...

" ဟိူ​ေကာင္​ လာမႀကိဳဘူးလား.. ဒီ​ေန႔ မင္​း​ေမြး​ေန႔ကိုမသိလို႔လား.."

ကိုကို႔သူငယ္​ခ်င္​း Jeongwooက သူ႔ညီကိုလာႀကိဳရင္​း​ေမး​ေတာ့​ေခါင္​းပဲခါျပလိုက္​သည္​...။
သတိမရတဲ့လူတ​ေယာက္​က ဘယ္​နည္​းနဲ႔မွ သတိရစရာအ​ေၾကာင္​းမ႐ွိ....။
​ေနာက္​ပီး ကိုကိုကအလုပ္​ႀကိဳးစားတတ္​တာသိ​ေနတာပဲ...

​ေတာ္​တယ္​...အနာဂတ္​အတြက္​ ကိုကိုက အလုပ္​​ေတြပိုႀကိဳးစား​ေနရမွာ....

လြယ္​အိတ္​ႀကိဳးကိုကိုင္​ရင္​း ကားမွတ္​တိုင္​ဆီကိုခပ္​​ေျဖး​ေျဖး​ေျခလွမ္​း​ေတြနဲ႔​ေလ်ွာက္​လာခဲ့တယ္​....
​ေမြး​ေန႔ဆိုတဲ့တစ္​​ေန႔တာက ​ေက်ာင္​းမွာပဲဘာရယ္​မဟုတ္​ပဲအခ်ိန္​ကုန္​ခဲ့ၿပီ...။

​ေမ်ွာ္​လင္​့ခ်က္​မထားဘူးဆိုညာတာပဲ...အိမ္​ျပန္​​ေရာက္​ရင္​ ကိုကိုက အံ့အားသင္​့သြားမယ္​့တခုခု​ေတာ့ လုပ္​​ေပးမွာပါ....။

" မင္​း႐ူးသြားပီပဲ So junghwan..."

လက္​သီးကိုက်စ္​က်စ္​ဆုပ္​ရင္​း မ်က္​စိ​ေ႐ွ႕ကကားတန္​း႐ွည္​ၾကားမွ ကိုကို႔ကားကိူျမင္​လိုက္​ရသည္​...။
ဒါက ​ေပ်ာ္​စရာပဲ....မဟုတ္​ဘူး....ဒါက ၀မ္​းနည္​းစရာ...။

ကား​ေမာင္​း​ေနတဲ့ကိုကိုက ပံုမွန္​​ေပမဲ့ ပံုမွန္​မဟုတ္​တာ ​ေဘးကရယ္​ဂ်ီ...။
ဘာလို႔ကား​ေပၚမွာပါလာရတာလဲ.....
ရယ္​​ေမာမျပတ္​စကား​ေျပာ​ေနတဲ့ကိုကိုက ညစဥ္​ညတိုင္​း အလုပ္​ပင္​ပန္​းလို႔ ၿငီးျငဴ​ေနတဲ့ကိုကိုမွဟုတ္​ရဲ႕လား...။

အိမ္​ကိုအရင္​​ေရာက္​​ေအာင္​ျပန္​ရင္​း အ၀တ္​အစား​ေတြကို အိတ္​ထဲထည္​့ကာ ​ေက်ာင္​းစာအုပ္​​ေတြပါသိမ္​းဆည္​းရင္​း ဧည္​့ခန္​းဆီမွာထိုင္​ရင္​းအသင္​့​ေစာင္​့ႀကိဳလိုက္​သည္​...။

​ေလခြၽန္​သံတ၀ီ၀ီနဲ႔ အိမ္​ထဲ၀င္​လာတဲ့ကိုကိုက စိတ္​လက္​​ေတြတအား​ေပါ့ပါး​ေနပံုရသည္​...။
အခန္​းဆီ၀င္​သြားကာ ျပန္​ထြက္​လာ​ေတာ့ ​ေရခ်ိဳးထားပံုရတဲ့ဆံပင္​​ေတြက ​ေရသီးတခ်ိဴ႕ခိုကာ မ်က္​ႏွာ​ေပၚခပ္​၀ဲ၀ဲ..။
ကပိုက႐ိုဆံပင္​​ေတြၾကားမွာ​ေတာင္​ မ်က္​ႏွာႏုႏုက ပိုးသား​ေလးလိုႏူးညံ့စြာထင္​း​ေနသည္​..။

ဒီမ်က္​ႏွာလွလွ​ေလးက သူ႔အတြက္​အႀကီးမားဆံုးအဓိကအားနည္​းခ်က္​...။

Laptopတခါထဲယူလာပံုက အျပင္​မွာ အလုပ္​လုပ္​​ေတာ့မယ္​​ေပါ့...
​ေနာက္​ကို၀င္​လာရင္​း ​ေကာဖီတခြက္​​ေဖ်ာ္​ရင္​း ​ေ႐ွ႕ကိုခ်​ေပးလုိက္​သည္​...

" ဒါ​ေနာက္​ဆံုး​ေကာ္​ဖီ ကိုကို.."

" ဘာကို​ေျပာတာလဲ ငယ္​..."

" ကြၽန္​​ေတာ္​တို႔လမ္​းခြဲရ​ေအာင္​..."

ထို႔​ေနာက္​ အဓိပၸါယ္​ဖတ္​မရတဲ့မ်က္​၀န္​း​ေတြနဲ႔​ေငးငိုင္​စြာလွည္​့ၾကည္​့လာသည္​...။
လက္​ကိုတင္​းတင္​းဆုပ္​ထားတ့ဲကိုကိုက တစံုတရာကို​ေျပာဖို႔ႀကိဳးစား​ေနတာလား.....ဒါမွမဟုတ္​ ​ေပါက္​ကြဲပစ္​ဖို႔အ႐ွိန္​ယူ​ေနတာလား...
​ေသခ်ာမသဲကြဲ​ေပမဲ့ ​ေနာက္​ဆံုးထြက္​လာတဲ့စကားသံ​ေၾကာင္​့ တင္​းထားသမ်ွစိတ္​​ေတြ​ေပ်ာက္​ပ်က္​ကုန္​ရသည္​...။

" ငယ္​့သ​ေဘာပါ...."

အရာရာမွာအလိုလိုက္​​ေပးတတ္​ခဲ့တဲ့ကိုကို႔ပါးစပ္​က​ေန ဒီစကားကိုအႀကိမ္​တရာကမကၾကားခဲ့ရတံုးက​ေပ်ာ္​ခဲ့​ေပမ့ဲ ခုခ်ိန္​မွာ​ေတာ့အသက္​႐ွဴက်ပ္​ရ​ေလာက္​တဲ့ထိနာက်င္​ရသည္​...။
တကယ္​ဆို ဘာလို႔လမ္​းခြဲ​ေပးရမွာလဲဆိုပီး ထ​ေသာင္​းက်န္​းတာပဲျဖစ္​ျဖစ္​ မထားခဲ့ပါနဲ႔လို႔ ​ေတာင္​းပန္​တာပဲျဖစ္​ျဖစ္​လုပ္​သင္​့သည္​...။

သို႔​ေပမဲ့ သိပ္​ခ်စ္​ရတဲ့ကိုကိုက​ေတာ့ အဓိပၸါယ္​မ႐ွိတဲ့မ်က္​၀န္​း​ေတြနဲ႔သာ လမ္​းခြဲစကားကိုလက္​ခံလိုက္​ပါသည္​...

Haruto....ခင္​ဗ်ားကတကယ္​ကြၽန္​​ေတာ္​့ကိုမခ်စ္​ခဲ့ဘူးပဲ...





Bạn đang đọc truyện trên: AzTruyen.Top