Part - 4

Unicode

ဆုပ်ကိုင်ထားတဲ့လက်တွေအားရုန်းထွက်လိုက်တဲ့ ဂျယ်ယွန်းလက်တွေဟာတုန်ရီနေသည်..။
ဒါကလဲ မျက်စိရှေ့မှထွက်သက်ဝင်သက်နွေးနွေးကြောင့်ပါဖြစ်ကောင်းဖြစ်နိုင်သည်..မျက်ဝန်းတွေကိုမှိတ်ချထားကာ အောက်နှုတ်ခမ်းကိုဖိကိုက်ထားရင်း ဒါနောက်ဆုံးတစ်ကြိမ်လို့တွေးကာ စိတ်ကိုလျော့ချလိုက်ပေမယ့် ဂျယ်ယွန်း မဝံ့မရဲဖြစ်နေဆဲပင်...။

ဒါကို ရိပ်မိပုံရတဲ့ရှေ့မှ ဟီဆွန်းဟာ သူ့လက်တွေကို ထပ်မံဆုပ်ကိုင်လာ၍ ပြန်လည်ရုန်းထွက်မိပြန်သည်...

" ငြိမ်ငြိမ်နေလေ ယွန်းရာ ခဏလေးပဲကို.."

" ကြောက်တယ်လို့.."

" ကိုယ့်ကို မယုံဘူးလား.."

" မယုံဘူး...ခင်ဗျားကြောင့် ...အခုထိအဲ့နားကနာသေးတယ် သွေးတောင်စို့နေတာကို.."

" ပြ ကိုယ့်ကို ပလာစတာကပ်ပေးမယ်.."

ဆံနွယ်တွေကိုဖယ်လိုက်တော့ ဖြူနုနုနဖူးပြင်ပေါ်တွင် သွေးအနည်းငယ်စို့နေသောဒဏ်ရာသေးသေးကိုမြင်လိုက်ရသည် ဆံပင်ညှပ်ပေးဖို့ပြောတော့လဲကိုယ်တိုင်ပင်...အငြိမ်မနေတာလဲကိုယ်တိုင်ပင်..
အငြိမ်တစက်မနေတဲ့ ဂျယ်ယွန်းက ကတ်ကြေးလာမှ ခေါင်းကိုလှုပ်လိုက်၍ ခပ်ချွန်ချွန်ကတ်ကြေးဖျားလေးက အရေပြားကိုအနည်းထိူးဖောက်ကာသွားရသည်....

ဒါကို ဆံပင်အညှပ်မခံတော့တဲ့ဂျယ်ယွန်းဟာ ရှေ့ဆံပင်တစ်ဝက်နဲ့သိပ်လိုက်တယ်များထင်မှတ်နေလားမသိပေ...

သို့ပေမယ့် ချစ်စရာတော့ကောင်းပါတယ်...ရှင်းဂျယ်ယွန်း ဘယ်လိုပုံစံလေးဖြစ်နေပါစေ အီဟီဆွန်းမျက်လုံးထဲတွင်ချစ်စရာအကောင်းဆုံးပင်...

ပလာစတာလေး ဒဏ်ရာပေါ်ကိုဖိကပ်ပေးလိူက်ရင်း ရှေ့ဆံပင်တွေကိုပြန်ချကာ ကတ်ကြေးကိုပြန်လည်ချိန်ရွယ်လိုက်သည်...

ဒီတခါတော့ မျက်လုံးတွေမှိတ်ချကာ ငြိမ်နိုင်သမျှငြိမ်ငြိမ်လေးနေတဲ့ ဂျယ်ယွန်းကြောင့် မြန်မြန်ဆန်ဆန်ပင် ညှပ်လို့ရခဲ့သည်...

အနားသတ်မညီတဲ့မျက်လုံးတွေကိုအုပ်ထားသော ရှေ့ဆံပင်တွေကိုဖယ်ရှားလိုက်ချိန်မှာ ဆံပင်အုပ်အုပ်လေးနဲ့ခေါင်းလုံးလေးလေးဟာ အသဲယားစရာအတိ...မျက်နှာလေးရှင်းရှင်းလင်းလင်းပေါ်လာကာ မျက်ဝန်းဝိုင်းဝိုင်းလေးက အခုမှ လွတ်လပ်စွာ တောက်ပလာသည်...

မျက်တောင်တွေတစ်ဖျတ်ဖျတ်ခတ်ရင်း ပြုံးကာစိုက်ကြည့်နေတဲ့ရှေ့ကခွေးပေါက်စလေးလိုကောင်လေးရဲ့ပါးကိုမနာအောင်ခပ်ဖွဖွဆွဲရင်း သိမ်းဆည်းစရာရှိတာကိုသိမ်းဆည်းပီးသည်အထိ မှန်ကိုလက်ကမချတမ်းကြည့်ကာ သဘောအကျကြီးကျနေတော့သည်..

" ထတော့...ဆိုင်ကိုပစ်ထားတော့မှာလား....ကိုယ်ရောက်လာထဲက ဆိုင်မဖွင့်တော့ဘယ်လိုလုပ်မလဲ ငပျင်းလေးရဲ့.."

ခါးကနေဆွဲထူကာသိုင်းဖက်ရင်းခေါ်လာခဲ့တဲ့ဆိုင်အောက်ထပ်ရောက်တဲ့ထိ ဖက်ထားတာအားမလွှတ်ပေးသလို ဂျယ်ယွန်းကလဲလွှတ်ပေးလို့ပြောမယ့် အစီအစဉ်မရှိပေ...။
ဒီတိုင်း တစ်ယောက်နားမှာတစ်ယောက်ရှိနေခြင်းကို နေသားကျနေသလိုမျိုး.....ပြီးပြည့်စုံနေသလိုမျိုး လုံခြုံနိုင်၍ ဒါဟာတခြားသောအတွေးတွေမပါဝင်ပဲ ဒီတိုင်းလေး နားခိုရာသက်သက်သာ...

မနက်ဖြန်ကျရင် မြို့ထဲက မင်္ဂလာပွဲတစ်ခုအတွက် ပန်းစည်းပြုလုပ်ပေးရမယ့် ဂျယ်ယွန်းက သူ့ရင်ခွင်ထဲက ရုန်းထွက်သွားကာ ပန်းစည်းအတွက်အာရုံတွေများသွားခဲ့ပေမယ့် ကိုယ့်အာရုံတွေကတော့ သူတစ်ယောက်တည်းစီမှာပဲ....။

" မမွှေးဘူးနော် ဒီပန်းတွေက.."

" အဲ့တာ ကာနေရှင်းလေ အနံ့မရှိဘူး အကိုရဲ့ ဒါပေမယ့် လှတော့လှတယ်နော်.. "

" မင်းလောက်မှမဟုတ်တာ ယွန်း.."

မျက်စောင်းနုနုနဲ့လှည့်ကြည့်ကာ ခေါင်းပြန်စိုက်ကာအလုပ်ပြန်လုပ်နေသောကောင်လေးကသိပ်ကို အပိုင်သိမ်းချင်စရာကောင်းသည်..

စိတ်ဝင်တစားနဲ့ အလုပ်အပေါ်တွင်အာရုံစိုက်နေသောထိုကောင်လေးအား သူ့ရင်ထဲကအစိုင်အခဲကို မည်သို့မည်ပုံပြောပြရမည်နည်း...။

ပန်းလေးတွေကိုသိပ်မြတ်နိုးတဲ့ကောင်ငယ်လေးဟာ ပန်းလေးတွေနီးပါးကြေမွလွယ်တာ ဟီဆွန်းအသိဆုံးပင်...

အခုချိန်ထိ အနားကနေထွက်မသွားပါဘူးလို့ တစ်ဖွဖွပြောနေခဲ့တဲ့ ဟီဆွန်းဟာ နောက်ရက်တွေမှာ အနားကနေပျောက်ကွယ်သွားမယ့်အခါမှာ ဒီကောင်လေးဟာ ခံနိုင်ရည်ရှိပါ့မလား...

သိပ်သနားစရာကောင်းတဲ့ဂျယ်ယွန်းက ငယ်ငယ်ထဲက မိဘနှစ်ပါးရဲ့စွန့်ပစ်ခြင်းခံခဲ့ရ၍ ဒီမြို့လေးမှာ အနည်ထိုင်ဖို့ကြိုးစားနေခဲ့ပြီးမှ ဟီဆွန်းကြောင့် ပြန်ကာအသက်ဝင်လာတဲ့ ပတ်ဝန်းကျင်တွင် တစ်ယောက်ထဲနေ့ရက်တွေကိုပြန်လည်ရင်ဆိုင်ဖို့ခက်ခဲရဦးမည်....

" ပြောစရာရှိလို့လား..."

ခေါင်းခါကိုအသာယာလေးခါလိုက်တော့ နှာခေါင်းလေးရှုံကာ ပြီးလုနီးပါးပန်းစည်းလေးအား သေချာပြင်ဆင်နေသည်..။

ဆိုင်ရှေ့ ငွေလက်ခံနေရာမှာထားရှိသော ပန်းလေးတစ်ပွင့်က ဟီဆွန်းနေ့တိုင်းလဲပေးနေသော ပထမဆုံးထိုကောင်လေးပေးဖူးခဲ့သော ချောကလက်ရနံ့သင်းသော ပန်းငယ်လေး...

အဓိပ္ပါယ်ကိုသိသော ဂျယ်ယွန်းက နေ့တိုင်းတစ်ပွင့်စီလက်ဆောင်ပေးပေမယ့် ထိုပန်းလေးအား လက်ထဲတွင် ပျက်ကြွေသွားတာထက် ပန်းအိုးလှလှလေးနဲ့ထိုက်တန်၍ အလှဆင်ထားခဲ့သည်...

" တခြားလူတွေထက် မင်းကိုပိုချစ်နိုင်တယ် " တဲ့

ဒါဟာ အိမ်ပြန်ရောက်ရင်တွေ့ကြုံရမယ့် မိဘသဘောတူထားသူအားရည်ညွန်းမှန်းသိ၍ ဟီဆွန်းသဘောကျခဲ့ရသည်...။

" ဘာဖြစ်နေတာလဲ အကို.."

ညရောက်တဲ့ထိသိသိသာသာငြိမ်သက်သွားတဲ့ ဟီဆွန်းအား ဂျယ်ယွန်းညနေထဲက ရိပ်မိပေမယ့် တစ်ခုခုဆိုဖွင့်ပြောလာမှာကိုယုံကြည်၍ မမေးသော်လည်း... ထင်တာထက်ပိုကာငြိမ်သက်နေတာကြောင့် မမေး၍မဖြစ်တော့ပေ...
အကိုက တည်တည်ငြိမ်ငြိမ်အနေအထားမျိုးပေမယ့် ထိုမျှလောက်တိတ်ဆိတ်နေတာကတော့ထူးဆန်းသည်...

" ယွန်း...ကိုယ့်ကိုမဖြေသေးဘူးနော်..."

" အဖြေစကားလိုသေးတယ်လို့ထင်လား အကို.."

" ကိုယ်ရှင်းလင်းအောင်သိချင်တယ်..ယွန်းဆီက စကားသံက ကိုယ့်ကိုအများကြီးပြောင်းလဲသွားစေမှာ..."

မျက်နှာချင်းဆိုင်ရပ်ကာ သူ့အားမော့ကြည့်နေသောကောင်လေးရဲ့ဆံနွယ်အုပ်အုပ်တွေထဲလက်ထိုးဖွရင်း မျက်ဝန်းချင်းဆုံစေကာမေးမြန်းမိတော့ နားမလည်နိုင်သလိုပြန်လည်ငေးမောကြည့်လာသည်...
သူ့လက်မောင်းတွေကိုဆုပ်ကိုင်လာတဲ့ ဂျယ်ယွန်းက ရင်ဘတ်တွင်မျက်နှာအပ်ရင်း တိုးဝှေ့လာသည်မှာ သခင်အားချွဲနွဲ့နေသော ချစ်စရာခွေးပေါက်စလေးနှယ်.....

ဒီလိုချစ်စရာကောင်းနေရင် ခက်လှချည်ရဲ့..

" ကျွန်တော်က Ethanကို ချစ်တာထက်ပိုတယ်....မြတ်နိုးတာ ကျွန်တော်ပန်းလေးတွေကိုမြတ်နိူးတာထက် အကို့ကိုပိုမြတ်နိုးလို့...ကျွန်တော့်အဖြေက.ချစ်တယ်ဆိုတာမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး..."

ဖြေတတ်လွန်းတဲ့ပန်းပွင့်ငယ်လေးဟာ သူ့ရင်ခွင်ထဲမြုက်သထက်မြုပ်အောင်တိုးဝင်လာကာ မျက်နှာလေးကိုဖွက်ကာထားသည်...။

ဒီလိုအခြေအနေမှာ ဟီဆွန်းဘယ်လောက်တောင် အသဲယားနေလိုက်မလဲ..
ဖွဖွလေးသိုင်းဖက်ရင်းကနေ အတင်းဖျစ်ညစ်ပစ်ချင်စိတ်ကို မနည်းချူပ်ထိန်းရင်း တိုးဝှေ့နေသောခေါင်းလုံးလုံးလေးကိုသာ ခပ်ဖွဖွပုတ်ပေးမိသည်...

" ဘာတွေဖြစ်ဖြစ် ကျွန်တော်က အကို့ကို ယုံကြည်ဖို့ကြိုးစားခဲ့ပြီးပြီမို့ ကျွန်တော့်ကို မနာကျင်စေရင်ကောင်းမယ်.."

ဆက်ပြောလာတဲ့စကားမှာ ဟီဆွန်းရင်တွေဗလောင်ဆူသွားရသည်..
တကယ်ဆို သူဟာ ဒီမြို့ရဲ့ဧည့်သည့်တစ်ယောက်
ဧည့်သည်ဆိုတာ အချိန်တန် ကိုယ်လာရာလမ်းကိုပြန်ကာ အိမ်ပြန်ကြရမှာထုံးစံပဲမဟုတ်ဘူးလား....။

" ကိုယ်ကြိုးစားကြည့်ပါမယ်..."

တိုးဖွဖွပြောလိုက်တဲ့စကားဟာ ကတိစကားမဟုတ်တာတော့ ဟီဆွန်းကိုယ်တိုင်အသိဆုံးပင်...

ကံကြမ္မာဆိုတာ လူတွေဖန်တီးလို့ရတဲ့အရာလို့တချိူ့လူတွေပြောသောစကားကိုကြားဖူးခဲ့တာမို့ ကျိန်းသေပေါက် ဖြစ်တည်လာမယ့် ကံကြမ္မာကိုရအောင်ပြောင်းလဲပစ်နိုင်ရမည်...

ခဏလေးတော့စောင့်ပေးပါ ကိုယ့်ရဲ့ယွန်းငယ်..

___________________________________

နေသာတဲ့ညနေခင်းမှာ လက်ချင်းယှက်ကာ ပန်းခင်းကြားထဲလမ်းလျှောက်ချင်တာက ဂျယ်ယွန်းရဲ့ဆန္ဒပါတဲ့လေ.....
မြို့လယ်ခေါင်မှာ တည်ရှိနေတဲ့တစ်ခုတည်းသော ပန်းခြံကြီးဟာ တစ်မြို့လုံးကလူတွေ အပန်းဖြေနားခိုရာ နေရာတစ်ခုလဲဖြစ်၍ ညနေခင်းချိန်တွေမှာ လူပိုများသည်..

ကလေးလူကြီးမျိူးစုံတို့ပျားပန်းခတ်သွားလာနေတဲ့ ပန်းခြံဝန်းကြီးထဲမှာ လက်ချင်းယှက်ကာ လျှောက်လှမ်းနေတဲ့ ဟီဆွန်းတို့နှစ်ယောက်လဲပါဝင်နေသည်....။

လမ်းလျှောက်ရင်း ပခုံးပေါ်ကိုခေါင်းမှီကာ ပျင်းတိပျင်းရွဲလျှောက်နေတဲ့ယွန်းက သူ့အပေါ်ကို ခိုမစီးရုံတမယ်ပဲ..ခန္ဓာကိုယ်တစ်ခုလုံးကိုမှီချကာ လမ်းကိုပင်တရွတ်ဆွဲလျှောက်နေသည်..။

" ယွန်း...ပြောတော့ ပန်းခြံထဲလမ်းလျှောက်ချင်တာပါဆို...."

" ပျင်းသွားပီ.....ကျောပိုးမလား...ဟင်...နော်..နော်လို့....."

ခပ်စိုက်စိုက်မျက်တောင်တွေခြံရံထားတဲ့မျက်ဝန်းတွေဟာ ဝိုင်းသထက်ဝိုင်းစက်ကာ ပုတ်ခတ်ပုတ်ခတ်မျက်တောင်တွေကြောင့်ပါ ခွေးပေါက်စလေးတွေအသနားခံနေတဲ့အတိုင်း....
ဂျယ်ယွန်းကမူးယစ်ဆေးဝါးလေးအတိုင်းပဲ...
သုံးလေ မဖြတ်နိုင်အောင်စွဲလေဖြစ်သလို...ဂျယ်ယွန်းရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကလဲ မြင်တွေ့နေရင်တောင် ထပ်ကြည့်နေချင်လောက်အောင်ကို ချစ်စရာကောင်းလွန်းသည်..။

ဟီဆွန်းရယ်ရင်း ခေါင်းခါကာပြကာ ကျော်ထွက်လာခဲ့သည်..

စိတ်ဆိုးသွားရင်လဲ ချစ်စရာကောင်းတာ ဟီဆွန်းအသိဆုံးပင်...ထို့ကြောင့် စိတ်ဆိုးရင်ချစ်စရာကောင်းသောခွေးပေါက်စလေးလိုချင်တာကို ငြင်းဆန်ရင်း ထွက်လာတော့ နောက်မှ ခပ်ပြင်းပြင်းခြေသံကိူကြားရသည်..

ဒီလောက် ချစ်စရာကောင်းအောင်လုပ်ပြပီးမှ အငြင်းခံလိုက်ရတော့ သေချာပေါက်ကို ဒေါသပုန်ထနေလောက်ပြီ...။

" မကောင်းတဲ့လူ.."

ခပ်ကျယ်ကျယ်အော်ပြောတဲ့ ဂျယ်ယွန်းအသံကိုမကြားချင်ယောင်ဆောင်ကာ ဆက်လျောက်တဲ့အခါမှာ ပြေးလိုက်လာသံနဲ့အတူ ရှပ်အကျႌခပ်ပါးပါးကို ဝတ်ဆင်ထားတဲ့ ဟီဆွန်းရဲ့ ပခုံးဟာလဲ ပူထူကာသွားရသည်..။

လူကြားထဲမှာမို့အသံမထွက်အောင် ထိန်းပေမယ့် ငုံခဲကာ ပေါက်ထွက်မတတ် ကိုက်ခံထားရဆဲပခုံးသားက အတော်ကိုနာသည်...

" ယွန်း....လွှတ်တော့ ကိုယ်နာနေပီနော်.."

လေသံမာမာနဲ့ အံကျိတ်ကာပြောသည့်တိုင်အောင် ထပ်မံနစ်ဝင်လာတဲ့သွားစွယ်တွေကြောင့် ဟီဆွန်းထအော်မိတော့မတတ်ပင်.. ဒီခွေးကောင်လေးဟာ ကိုက်တဲ့နေရာတော့ဆရာကြီးပင်...အချိန်မရွေးရသလိုကို ကိုက်ခဲတတ်တာ ဝါသနာဖြစ်လိမ့်မည်ထင်သည်...။

" ကျောပိုးလို့..."

ကိုက်ထားတာကိုလွှတ်လိုက်ပီးနောက် ရင်ဘတ်နဲ့ခေါင်းနဲ့ဖွဖွတိုက်ကာ ဂျစ်တိုက်နေတဲ့ အနှီလူသားငယ်ဟာ ဘာလို့များ ချွဲတတ်လွန်းနေရတာလဲ..
အရင်က စသိခဲ့တဲ့ရှင်းဂျယ်ယွန်းဟာ အနေအေးကာ သူတစ်ပါးကိုပြဿနာရှာဖို့ ဝန်လေးတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်သော်လည်း.. အခုရှင်းဂျယ်ယွန်းက သိပ်ဆိုးကာဂျစ်တိုက်လွန်းတဲ့ကောင်လေးတစ်ယောက်အဖြစ်ဆိုးနေသည်...

ပြောလိုက်ရင်လဲတစ်ခွန်းတည်းသာပြန်ပြောတတ်သည်..

" ခင်ဗျားမို့လို့ဆိုးချင်တာ Ethan "တဲ့ ...ကဲမခက်ပေဘူးလား..

စိတ်ကျေနပ်အောင်ကျောပိုးရင်း လျှောက်လာခဲ့ရက နေဝင်ခါနီး ကောင်းကင်ကြီးဟာ ပုစွန်ဆီရောင်ဖြန့်ကျက်ကာ အလှတိုးစေသည်...၊
ဒါကို ရှေးလူကြီးတွေက တိမ်တောက်သည်ဟုပြောကြသည် ဒါတင်လား အဲ့လိုအချိန်မှာ ရှိနေရင် ဘယ်သူဖြစ်ဖြစ်လှသွားတတ်သည်ဆိုသည့် ဆိုရိုးကြောင့် ကောင်လေးတစ်ယောက်ကိုကျောပိုးကာ ပန်းခင်းထဲလမ်းလျှောက်နေသော ကောင်လေးနှစ်ယောက်တို့မှာလဲ သိပ်ကိုလှပနေမှာလား...။

" ခင်ဗျားကိုချစ်တယ် Ethan.."

နားကိုခပ်ဖွဖွကိုက်ကာဆိုလာတဲ့စကားတွေဟာ ရင်တွေလှိုက်တုန်စေရသည်...ဘယ်လောက်တောင် ထိူစကားကိုပြောဖို့အားယူနေရသလဲ...ပြောပီးတာနဲ့ ဝင်သက်ထွက်သက်နွေးနွေးလေးဟာ လည်ဂုတ်တွင်ကျီစယ်ကာ မျက်နှာကိုအတင်းတိုးဝှေ့ကာနေသည်...။

ကျောပိုးထားသော ကိုယ်ငယ်အား အောက်ပြန်ချကာ သိပ်အရှက်သည်းနေသောမျက်နှာနုနုကို ဆွဲမော့စေတော့ ပုစွန်ဆီရောင်ကောင်းကင်အောက်မှာ ပန်းနုရောင်ကောင်လေးဟာ အကြည့်ချင်းမဆုံနိုင်ရှာပေ...။

" ဟို ပန်းတွေက လှတယ်နော် ကြည့်ကြည့်ပါလား..."

အကြည့်လွှဲကာ ဘေးတစ်ဖက်တစ်ချက်မှာ ပေါက်ရောက်နေသောရောင်စုံပန်းခင်းကြီးကိုကြည့်ကာ စကားလမ်းကြောင်းလွှဲသည်...

သိပ်လှတာပေါ့...ပန်းခင်းကြီးတော့မဟုတ်ဘူး မင်းကိုယ်တိုင်က ပန်းပွင့်လေးတွေထက်လှတဲ့အရာငယ်လေးဖြစ်နေတာတော့ မင်းမသိဘူးပေါ့....

ပန်းပွင့်တွေငေးမောကာ ပြုံးနေတဲ့ပုံရိပ်ငယ်အား ဖုန်းလေးထုတ်ကာ မှတ်တမ်းတင်တော့ စောင်ပေပေကြည့်လာသည်...ဂျယ်ယွန်းဟာ ဓာတ်ပုံရိုက်ရတာမျိုးကို သဘောကျတဲ့လူမဟုတ်ပေ...သို့သော်လည်း...ရှိသင့်သည်...

အခုချိန်မှာ မလိုအပ်ပေမယ့် အင်း....လိုအပ်လာနိုင်တဲ့အချိန်ကြရင် ပျော်ရွင်ရတဲ့အမှတ်တရလေးကို ရင်ဝယ်ပိုက်ထွေးခွင့်ရချင်သေးသည်...

ဘေးဘီကိုကြည့်ကာ ပန်းသူခိုးခဏတော့လုပ်လိုက်ပီးနောက် ဂျယ်ယွန်းနားကြားလေးထဲ အဆုပ်လိုက်ပွင့်နေသောပန်းလေးအား ပန်ဆင်ပေးလိုက်သည်...

" ဘာလုပ်တာလဲ ပန်းကြီးကို.."

" proposeလုပ်တာလေ.....ဒီပန်းကိုသိတယ်မလား..."

ဂျယ်ယွန်းက ဘာဆိုင်လို့လဲဆိူတဲ့ အမူအရာနှင့်တချက်ပြန်လှည့်ကြည့်ကာခေါင်းညိတ်ပြသည်..

" Hydrangea လေ.."

" အဓိပ္ပါယ်ကရော...."

" thank you for understanding...."

" ဒါပဲလေ....ကိုယ်ဘယ်သူဘယ်ဝါဆိုတာမျိုးထက် ကိုယ့်တစ်ယောက်ထဲယုံကြည်ပီးချစ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်တယ် ကောင်လေး..နောက်ကိုလဲ ကိုယ့်ကိုယုံကြည်ပေးနေနိုင်မလား...ကျိန်းသေပေါက် ယွန်းရဲ့ဆန္ဒအတိုင်း လက်ချိတ်ပီးဖာသာ့ရှေ့မှာကျိန်ဆိုရမယ့်လူဟာ ကိုယ်ပဲဖြစ်ရမယ်....အခုချိန်မှာ လက်စွပ်မစွတ်ပေးနိုင်သေးလို့ ဒီပန်းလေးကို အစားပန်ပေးထားတာ..."

" ခင်ဗျားရာ..."

မငိုဖူးဘူး...ဂျယ်ယွန်းဟာ စွန့်ပစ်ခံခဲ့ရသောအကြောင်းပြောရင်တောင် ငိုကြွေးခြင်းမရှိခဲ့ပေမယ့် အခုတော့ ရှိုက်ကာရှိုက်ကာငိုရင်း ရင်ခွင်ဆီတိုးဝင်လာသည်.....
ခေါင်းလေးကိုသာသာပုတ်ပေးရင်း ချော့မြူပီးတဲ့နောက် ကတိစကားတွေဟာ အစစ်အမှန်ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်လေးအနည်းငယ်ဝင်လာပေမယ့် စိတ်ထဲက ထုတ်ပစ်လိုက်သည်...

ယွန်းဆိုတဲ့ ပန်းပွင့်ငယ်လေးဟာ ဟီဆွန်းဆိုတဲ့ဥယျာဉ်ထဲမှာပဲရှင်သန်ရမယ့်ပန်းပွင့်ငယ်...
ပိုင်ဆိုင်ဖို့လောဘကြီးကြီးထားပီးပီမို့ ပန်းပွင့်ငယ်ဟာ ကိုယ့်အပိုင်ပဲဖြစ်နေပေးပါ....။














Zawgyi




" ​ကြောက်​တယ်​လို့.."

" ကိုယ့်​ကို မယုံဘူးလား.."



အငြိမ်​တစက်​မ​နေတဲ့ ဂျယ်​ယွန်းက ကတ်​​ကြေးလာမှ ​ခေါင်းကိုလှုပ်​လိုက်​၍ ခပ်​ချွန်​ချွန်​ကတ်​​ကြေးဖျား​လေးက အ​ရေပြားကိုအနည်းထိုး​ဖောက်​ကာသွားရသည်​....



ပလာစတာ​လေး ဒဏ်​ရာ​ပေါ်ကိုဖိကပ်​​ပေးလိုက်​ရင်း ​ရှေ့ဆံပင်​​တွေကိုပြန်​ချကာ ကတ်​​ကြေးကိုပြန်​လည်​ချိန်​ရွယ်​လိုက်​သည်​...















" ​ပြောစရာရှိလို့လား..."






" ဘာဖြစ်​​နေတာလဲ အကို.."







" ကျွန်​​တော်​က Ethanကို ချစ်​တာထက်​ပိုတယ်​....မြတ်​နိုးတာ ကျွန်​​တော်​ပန်း​လေး​တွေကိုမြတ်​နိုးတာထက်​ အကို့ကိုပိုမြတ်​နိုးလို့...ကျွန်​​တော့်​အ​ဖြေက.ချစ်​တယ်​ဆိုတာမျိုး ဘယ်​​တော့မှဖြစ်​လာမှာမဟုတ်​ဘူး..."







ကံကြမ္မာဆိုတာ လူ​တွေဖန်​တီးလို့ရတဲ့အရာလို့တချို့လူ​တွေ​ပြော​သောစကားကိုကြားဖူးခဲ့တာမို့ ကျိန်း​သေ​ပေါက်​ ဖြစ်​တည်​လာမယ့်​ ကံကြမ္မာကိုရ​အောင်​​ပြောင်းလဲပစ်​နိုင်​ရမည်​...


___________________________________

နေသာတဲ့ည​နေခင်းမှာ လက်​ချင်းယှက်​ကာ ပန်းခင်းကြားထဲလမ်း​လျှောက်​ချင်​တာက ဂျယ်​ယွန်းရဲ့ဆန္ဒာပါတဲ့​လေ.....

က​လေးလူကြီးမျိုးစုံတို့ပျားပန်းခတ်​သွားလာ​နေတဲ့ ပန်းခြံဝန်းကြီးထဲမှာ လက်​ချင်းယှက်​ကာ ​လျှောက်​လှမ်း​နေတဲ့ ဟီဆွန်းတို့နှစ်​​ယောက်​လဲပါဝင်​​နေသည်​....။






စိတ်​ဆိုးသွားရင်​လဲ ချစ်​စရာ​ကောင်းတာ ဟီဆွန်းအသိဆုံးပင်​...ထို့​ကြောင့်​ စိတ်​ဆိုးရင်​ချစ်​စရာ​ကောင်း​သော​ခွေး​ပေါက်​စ​လေးလိုချင်​တာကို ငြင်းဆန်​ရင်း ထွက်​လာ​တော့ ​နောက်​မှ ခပ်​ပြင်းပြင်း​ခြေသံကိုကြားရသည်​..


" မ​ကောင်းတဲ့လူ.."

ခပ်​ကျယ်​ကျယ်​​အော်​​ပြောတဲ့ ဂျယ်​ယွန်းအသံကိုမကြားချင်​​ယောင်​​ဆောင်​ကာ ဆက်​​လျောက်​တဲ့အခါမှာ ​ပြေးလိုက်​လာသံနဲ့အတူ ရှပ်​အင်္ကျီခပ်​ပါးပါးကို ၀တ်​ဆင်​ထားတဲ့ ဟီဆွန်းရဲ့ ပခုံးဟာလဲ ပူထူကာသွားရသည်​..။




" ​ကျောပိုးလို့..."






နားကိုခပ်​ဖွဖွကိုက်​ကာဆိုလာတဲ့စကား​တွေဟာ ရင်​​တွေလှိုက်​တုန်​​စေရသည်​...ဘယ်​​လောက်​​တောင်​ ထိုစကားကို​ပြောဖို့အားယူ​နေရသလဲ...​ပြောပီးတာနဲ့ ၀င်​သက်​ထွက်​သက်​​နွေး​နွေး​လေးဟာ လည်​ဂုတ်​တွင်​ကျီစယ်​ကာ မျက်​နှာကိုအတင်းတိုး​ဝှေ့ကာ​နေသည်​...။










ဂျယ်​ယွန်းက ဘာဆိုင်​လို့လဲဆိုတဲ့ အမူအရာနှင့်​တချက်​ပြန်​လှည့်​ကြည့်​ကာ​ခေါင်းညိတ်​ပြသည်​..

" Hydrengea​လေ.."

" အဓိပ္ပါယ်​က​ရော...."



" ခင်​ဗျားရာ..."



Bạn đang đọc truyện trên: AzTruyen.Top