Part - 3

Unicode

ပါးစပ်ထဲကိုဝင်လာတဲ့ မက်ဂျုကိုအရသာခံကာသောက်ရင်း ချထားတဲ့ခြေထောက်တွေကိုခုံပေါ်ကို တင်ကာဒူးကိုပိုက်လိုက်သည်...။
မိုးရွာထားတဲ့ကောင်းကင်ကြီးသာ ကြယ်ရောင်မစုံသော်လည်း ဟိုတစဒီတစလင်းနေတတ်တဲ့ ကြယ်လေးတွေကိုမော့ကြည့်ကာ မက်ဂျုကိုနောက်တငုံသောက်လိုက်ပီးချိန်မှာ နှုတ်ခမ်းနားကိုရောက်လာသော အသားကင်တစ်ဖတ်...

မက်ဂျူကြောင့်ရီဝေေ၀ဖြစ်နေသောဟီဆွန်းမှာ ပတ်ဝန်းကျင်အားခဏမျှမေ့လျော့ကာသွားသည်...
ပြောရရင် ဒီတနေကုန်မှာ ဟီဆွန်းအိမ်ခန်းငယ်ကိုမပြန်ဖြစ်သေးပေ...
ညရောက်သည်အထိ...ဟုတ်တယ် ညရောက်တဲ့ထိကို ဟီဆွန်းပြန်ဖို့စိတ်ကူးမရသေးပေ...

မိုးရေထဲဆော့ထား၍ အေးစက်နေတဲ့ခန္ဓာကိုယ်အားရေချိုးချပီးနောက် ညနေစာသွားဝယ်ဖို့ဆိုင်စောင့်နေပေးပါလို့တောင်းဆိုလာတဲ့ကောင်ငယ်လေးကြောင့် ညနေစောင်းတဲ့ထိ သောင်တင်နေခဲ့သည်..။

ပြန်လာတော့လဲ ဘီးခွင်နေတဲ့စက်ဘီးကသာ အပြန်လမ်းအတွက်စီးကြိုနေသည်...။

အပြစ်လုပ်ထားသော်လည်း..ရှိသမျှသွားတွေညီနေအောင်စိကာ ရယ်ပြလာတဲ့ အနှီကောင်လေးကို အပြစ်တင်ဖို့တစ်စုံတစ်ရာရှာမတွေ့ခင်မှာပဲ ရပါတယ်လို့ခွင့်လွှတ်ပေးလိူက်မိသည်...။

စက်ဘီးနဲ့တောင် နာရီဝက်နီးပါးနင်းရတဲ့နေရာကို လမ်းလျှောက်ဖို့ဆိုတာ မိုးရွာထားစ ညမှောင်မှောင်မှာ ကိုယ်နဲ့မရင်းနှီးတဲ့ လမ်းကိုလျောက်ဖို့ဆိုတာ ဟီဆွန်းအတွက် အနည်းငယ်တော့အကျပ်ရိုက်ရသည်...
အချိန်အားဖြင့်လဲ ညနေစောင်းကာ မိုးရွာထား၍လဲအတော်မှောင်နေပီမို့ ရပ်ကာတွေဝေနေသောသူ့အား ကောင်လေးက သတိထားမိပုံရသည်...

သူအဆင်ပြေမယ်ဆိုရင် ဒီညအိပ်လို့ရပါတယ်ဆိုတဲ့စကားကိုမဝံ့မရဲလေးဆိုလာသည်...

အဲ့ဒီလိုနဲ့သောင်တင်နေခဲ့ရသည့်ဟီဆွန်းဟာ ပန်းဆိုင်လေးရဲ့အပေါ်ထပ်ဆီမှာ ညစာစားရင်းအိပ်ဖို့အကြောင်းဖန်ခဲ့သည်..။

" အကို မက်ဂျူထပ်ယူဦးမလား..."

စက်ဘီးကိုအကြောင်းပြုကာ အားနာနေပုံရတဲ့ကောင်လေးဟာ လိုလေသေးမရှိအောင် ညစာစားချိန်မှာဂရုစိုက်သည်...ကိုယ်တိုင်ချက်ပြုတ်ရင်း ယခုလဲအသားကင်နေရင်းမှ လှမ်းကာမေးလာပြန်သည်...

ခေါင်းခါပြရင်းသာငြင်းလိုက်သည်...ထပ်သောက်နိုင်သေးသော်လည်း သူများနေရာမှာ မူးရူးနေ၍တော့မသင့်တော်နိုင်ပါ..

" ကောင်လေး....မင်းနာမည်ဘယ်သူဆိုတာ  ကိုယ့်ကိုမပြောရသေးဘူးနော်..."

" သူများကိုနာမည်ပြောစရာလား အကိုရဲ့..."

" မင်းက ကလေးလေးမို့လို့လား...အေးပေါ့ ချာတိတ်အရွယ်လေးပဲကို.."

" အကိုကျွန်တော့်ကိုချာတိတ်လို့မခေါ်နဲ့ ကျွန်တော်ကလေးမဟုတ်တော့ဘူး......အသက်23ပြည့်တော့မှာ.."

အသက်20ကျော်ပါလို့ နှုတ်ခမ်းတွေချွန်ဝိုင်းသည်အထိ ကတ်ကတ်လန်ရန်ပြန်တွေ့ပါသောကောင်လေးဟာ ရီဝေေ၀သူ့မျက်လုံးတွေထဲမှာ သိပ်ကိုအသဲယားစရာကောင်းသည်...။

နာမည်မေးနေတာကို မဖြေပဲ ခပ်ဂျစ်ဂျစ်လေးလုပ်နေပါသောကောင်လေးဟာ သူ့ရဲ့သည်းခံနိုင်စွမ်းမှာ အမြင့်ဆုံးရှိသောလူဖြစ်သည်..

ဟီဆွန်းရဲ့သိချင်နေမှုအား အသားကင်နေရင်းနဲ့လျှာထုတ်ကာပြောင်ပြလာသည်....အသဲယားမှုဟာအတိုင်းအတာတစ်ခုထက်ကျော်လွန်သွားတာမို့ နေရာကထကာ ထိုကောင်လေးရှေ့တွင် ရပ်လိုက်သည်..ထိုအခါမျက်ဝန်းဝိုင်းတွေဟာ မငြိမ်သက်စွာ မျက်ဆံတွေက တောင်မြောက်ပြေးနေသည်..။

" ကိုယ့်ကိုနာမည်မပြောရင်တော့ မင်းကိုချာတိတ်ပဲခေါ်မှာ.."

" ဂျယ်ယွန်း...ရှင်းဂျယ်ယွန်း...ရပီလား..."

" မင်းကဘာလို့ချစ်စရာကောင်းလွန်းနေရတာလဲ ဂျယ်ယွန်း.."

မက်ဂျူနှစ်ဘူးနဲ့မူးချင်ဟန်ဆောင်ကာ နှာဘူးထရတာလဲလွယ်တဲ့အလုပ်တစ်ခုတော့မဟုတ်ပါချေ...ကြောင်အနေဆဲကောင်လေးဟာ သူ့စကားတွေအားနားလည်နိုင်ဖို့မနည်းကိုကြိုးစားနေရဟန်ရှိသည်..

ချစ်စရာကောင်းလွန်းတယ်ဆိုတာ အမှန်တရားဖြစ်သော်လည်း ဒီဂျယ်ယွန်းလေးကတော့ရှက်ကာခေါင်းပင်ပေါ်မလာတဲ့အထိကို နားရွက်တွေရဲရဲနီတဲ့အထိရှက်နေခဲ့သည်..
မိုးရွာထားစအအေးရှိန်ရှိပေမယ့် ထိုကောင်လေးနဖူးထက်မှာတော့ချွေးစတွေကပင်ကပ်ငြိနေသည် ဒါဟာမီးအပူရှိန်ကြောင့်လား သူ့ရဲ့အနှောင့်အသွားမလွတ်သောစကားကြောင့်လားတော့ ဂျယ်ယွန်းကိုယ်တိုင်ပင်သိလိမ့်မည်..

" အချစ်မှာယောကျ်ားလေးမိန်းကလေး သတ်မှတ်ချက်မျိုးထားလားဂျယ်ယွန်း..."

သူ့အမေးစကားကို ချက်ချင်းမဖြေသေးတဲ့ဂျယ်ယွန်းဟာ စဉ်းစားသလိုလေးလုပ်နေရာမှ မက်ဂျုတွေမော့ချကာ

" မလိုဘူးထင်တယ်...ဘာလို့ဆို ချစ်ခြင်းကပဲအရေးကြီးတာလေ...ကျန်တာတွေနဲ့မှမဆိုင်ပဲ...ဒါကို သဘာဝလွန်ပါလို့သတ်မှတ်ထားတဲ့လောကကြီးကိုတခါတလေတော့လဲအံ့သြတယ်... "

" ဒါဆို လက်ခံတယ်ပေါ့...."

" ဘာကိုလဲ.."

" ကိုယ့်ကို..."

တဖန်မျက်ဝန်းတွေဝိုင်းစက်သွားကာ နားရွက်ဖျားတွေရဲသွားပြန်တဲ့ဂျယ်ယွန်းဟာ ရုတ်တရက် မက်ဂျူဘူးကို အကုန်ကိုမော့ချတော့သည်..နှူတ်ခမ်းထောင့်ကမက်ဂျုတွေကျဆင်းသည်အထိ မော့သောက်ကာ သူ့စကားကိုမသိချင်ယောင်ဆောင်ပစ်နေသည်...။

" ဟိတ်လူ....ခင်ဗျားမလွန်ဘူးလား..."

" မလွန်ပါဘူး...ဒါက ကိုယ်ပွင့်ပွင့်လင်းလင်းဝန်ခံတာလေ...."

" ကျွန်တော်တို့ဆုံတာ ဒီနေ့နဲ့မှ နှစ်ခါပဲရှိသေးတယ်နော်....အဲ့တာကို အခုလိုတွေပြောနေတဲ့ ခင်ဗျားကို ဘယ်လိုယုံရမလဲ...နောက်ပီး ကျွန်တော့အကြောင်းကိုရောသိလို့လား...."

" သိစရာမလိုဘူး ကိုယ်က မင်းကိုသဘောကျတာလေ မင်းအကြောင်းတွေမှမဟုတ်တာ..."

" ကျွန်တော်က လူဆိုးဆိုရင်ရော.."

ထိုစကားဟာ ဟီဆွန်းကြားဖူးသမျှဟာသတွေထဲမှာ အရယ်ရဆုံးသောဟာသဖြစ်မယ်ထင်သည်...တခြားလူပြောရင်တောင် ယုံကောင်းယုံနိုင်လိမ့်မည်...သိူ့သော်.သူ့ရှေ့က ခွေးပေါက်စလေးလိုမျက်နှာပိုင်ရှင်ဟာ သူဟာလူဆိုးပါတဲ့...ခန္ဓာကိုယ်အရကြည့်ရင်တောင် သိပ်ကြောက်စရာကောင်းနေတယ်ပေါ့......

မနေနိုင်နဲ့အဆုံးမှာ ပြုမူလိုက်မိသည်က နှာခေါင်းထိပ်လေးအား လက်ညိုးနဲ့လက်ခလယ်ဖြင့်ဆွဲညှစ်ကာ စလိုက်မိသည်...

ထိုအခါနှာထိပ်လေးကအားပါသွား၍ထင် ရဲကာသွားသည်...

ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်နေပါစေ သိပ်ကိုချစ်စရာကောင်းနေတာကတော့ ဂျယ်ယွန်းအတွက် ပုံမှန်အနေအထားဖြစ်မည်ထင်သည်..

" အကို့အကြောင်းရောသိချင်လား.."

" အင်း..."

ခေါင်းညိတ်ကာအာလေးလျှာလေးဖြစ်နေတဲ့ကောင်လေးဟာ အူရိုင်းလေး..
မက်ဂျူတစ်ဘူးနဲ့မူးနေပြီထင်သည်..။

" ဒါဆို အကိုက အိမ်ကပေးစားတဲ့လူနဲ့မယူချင်လို့ထွက်ပြေးလာတာပေါ့.."

" အင်း.....အဲ့လိုဆိုတာထက် ခဏလောက်ကိုယ့်စိတ်ကိုအနားပေးချင်လို့လဲပါတယ်...ပြောရရင်ပုံစံခွက်ထဲမှာ ကိုယ်မနေနိုင်တော့လို့...."

ထိုအခါ အမူးသမားလေးကတွေးတွေးဆဆခေါင်းညိတ်ကာထပ်သောက်ဖို့လက်ရွယ်လိုက်၍ ဟီဆွန်းဟန့်တားရသည်..တစ်ဘူးနဲ့တောင် ဘာမှမဟုတ်တာကို မူးချင်နေတာ ထပ်သောက်ရင် နေရာမှာတင်အိပ်ပျော်သွားလောက်သည်...
ထို့ကြောင့်လက်ထဲက ဘူးကိုဆွဲလုကာ ကိုယ်တိုင်တရှိန်ထိုးမော့ချလိုက်သည်...

" ကျွန်တော့်အိမ်မှာလာပီး ကျွန်တော့်ကိုအနိုင်ကျင့်နေတာလား..."

" ဟောဗျာ...ခင်ဗျားလေးမူးနေလို့ ထပ်မသောက်စေချင်တာလေ..."

" အေးပေါ့...အဖေအမေရောရှိပီး ကုမ္ပဏီက ဒါရိုက်တာကြီးဆိုတော့လဲ ပါဝါတွေအာဏာတွေနဲ့လာအနိုင်ကျင့်နေတာပေါ့..မကောင်းတဲ့လူ...."

ရုတ်တရက်အခြေအနေက ဟီဆွန်းမှာကြောင်ရပ်ကြည့်နေမိသလို ဂျယ်ယွန်းမှာလဲ ဗလုံးဗထွေးပြောကာ မျက်ရည်ဘူးသီးလုံးလောက်နှင့်အော်ငိုနေချေပြီ....။

ထိုနေ့ညက မူးရင်ငိုတတ်တဲ့ကောင်လေးဟာအထီးကျန်ဆန်ပီးသနားစရာကောင်းတဲ့ကောင်လေးအဖြစ်သိရှိခဲ့ရသည်....








_______________________




" ယွန်း....ခေါက်ဆွဲခြောက်ထုတ်တွေကဘယ်မှာတုံး ကိုယ်မတွေ့ဘူးဖြစ်နေတယ်...."

သူတို့နှစ်ယောက်တွေ့ဆုံခဲ့တာ အခုဆို တစ်လနီးပါးပင်ပြည့်တော့မည်.....
ရေရာတဲ့ဆက်ဆံရေးမျိုးမရှိပေမယ့် သူကယွန်းကိုသဘောကျတဲ့လူတစ်ယောက်အနေနဲ့ရှိသလို ယွန်းကလဲ သဘောကျ၏ မကျ၏ မပြောပဲ ဒီတိုင်းလေး....မိတ်ဆွေလို့လဲသတ်မှတ်နိုင်သလို တွဲနေတယ်လို့လဲမမည်တဲ့ အီစီကလီအခြေအနေတစ်ခုမှာ တည်ရှိနေခဲ့ကြသည်...

အီစီကလီခေါင်းစဉ်တပ်ရတာ တမျိူးတမည်ဖြစ်နေမလားမသိပေမယ့် တကယ်တမ်းမှာလဲ သူတို့ဟာ ဒီအခြေအနေမှာရှိနေသည်...။

" အပေါ်မှာလေ ခဏလေး လာခဲ့မယ်...."

ရေနွေးအရင်တည်နေရာက အနားသို့ရောက်လာကာ အပေါ်ဘက်ဗီဒိုပုလေးအား လက်ဆန်းတန်းလိုက်ပေမယ့် ခြေဖျားလေးထောက်လိုက်ရတာ မြင်လိုက်ရ၍ ပြုံးလိုက်ရင်း ဗီဒိုတံခါးကိုဆွဲဖွင့်ကာ နဖူးနဲ့ဆောင့်မည်ဆိုး၍ နဖူးလေးပေါ်ကိုပါလက်အုပ်ကာဆွဲဖွင့်လိုက်သည်...သိူ့သော်လည်း..

" ဟားဟား....ဆောင့်မိမယ်ထင်နေတာ အလွတ်ကြီး..."

တကယ်တမ်းမှာ တံခါးရဲ့အစွန်းဟာ ဂျယ်ယွန်းခေါင်းထက်ပင် မြင့်နေသေး၍ ဟီဆွန်းတကယ်ပင် အူတက်သွားရသည်..။
ဒရမ်မာတွေထဲကလို နဖူးစွန်းလေးကိုလက်လေးနဲ့အုပ်ကာဖြေးဖြေးချင်း ဖွင့်ပေးသော်လည်း ဘယ်လိုမှအခြေအနေကမတူညီစွာ တလွဲသာထွက်လာသည်...။
ရင်ဘတ်နားကခေါင်းလုံးလုံးလေးကတော့ မော့ကြည့်ကာ ဒေါခွီးသွားပြီမို့ ခြေထောက်ကိုဆောင့်ကာနင်းရင်း တွန်းဖယ်ကာထွက်သွားသည်..

ခြေထောက်ထော့နင်းထော့နင်းဖြင့်အော်ရယ်ကာကျန်ခဲ့ရတာတော့ကိုယ်သာ....

စားသောက်ပီးတဲ့အချိန်ထိ စကားတစ်ခွန်းမှမပြောတဲ့ဂျယ်ယွန်းကသူ့အား အတည်ပင်စိတ်ကောက်နေပုံရသည်..။
ပုံမှန်လိုတစ်ယောက်ထဲဆိုမသိသာသော်လည်း သူနဲ့ယှဉ်လိုက်ရင် သေးကွေးသွားတတ်တဲ့ဂျယ်ယွန်းဟာ အရပ်ရှည်တဲ့သူ့အားပြဿနာရှာတတ်သည်

ဘာလို့ အရပ်ကရှည်နေရတာလဲကတမျိုး  ဘာတွေစားလို့လဲမေးကာခေါက်ဆွဲပြုတ်တူတူလိုက်စားတာတဖုံ.... တခါတရံ မထင်ရင်မထင်သလို အရပ်ရှည်နေတာခြေထောက်တွေကြောင့်ဆိုကာဖြတ်ကန်တတ်သေးတယ်...

Crushတွေဟာ သူ့ကိုသဘောကျတယ်ဆိုတာသိလိုက်တာနဲ့ ယခုလိုပဲအနိုင်ကျင့်တတ်သလားတော့ ဟီဆွန်းမသိပေမယ့် ကိုယ်တိုင်တော့ကြုံနေရသည်...။

ဆိုင်တံခါးကို Closeဘက်လှည့်ကာ အပေါ်ပြန်တက်လာတဲ့ဂျယ်ယွန်းက သူ့ကိုမြင်တာနဲ့ နှာခေါင်းလေးရှုံ့ကာဘေးနားကနေကျော်ကာထွက်သွားသည်....
ပြတင်းပေါက်နားသွားရပ်ရင်း မိုးသားကင်းစင်နေတဲ့ကောင်းကင်ကိုမော့ကြည့်ကာ အလိုမကျစွာဆူပုတ်နေပြန်သည်..

" ကိုယ်က ဒီတိုင်းစတာကို ခွေးပေါက်စလေးက စိတ်ကောက်သွားတာကိုး.."

" ဒီအရပ်ကိုပဲထိခိုက်နေတာ မဆိုးပဲနေမလား...သူရှည်တိုင်း..."

လှည့်မကြည့်တဲ့ ကောင်ငယ်လေးနောက်ပါးဆီမှာရပ်ကာ ခါးကိုလက်တွေနဲ့ရစ်တွယ်ကာသိုင်းဖက်ရင်း ပခုံးပေါ်ကိုမေးတင်ကာ ဆံနွယ်ဖျားတွေကိုနမ်းရှိုက်သည်အထိ ငြိမ်သက်နေသေးသည်..။
ဒါဆိုထင်သလောက်အခြေအနေမဆိုးနိုင်လောက်တာကိုဟီဆွန်းသိသည်..

" စိတ်မဆိုးပါနဲ့ ကိုယ်စတယ်ဆိုတာ ယွန်းငယ်ကိုချစ်လို့လေ..."

" ကြက်သီးထစရာတွေမပြောပါနဲ့လား...."

" ကိုယ့်ကို ယွန်းတကယ်မချစ်တာလားဟင်.."

" ကျွန်တော်ဘက်က ပြန်ဖြေဖို့ မရဲဘူး Ethan....ကျွန်တော့်လိုမိဘမဲ့တစ်ယောက်ကို ခင်ဗျားအသိုင်းအဝိုင်းက ကြည်ဖြူနိုင်မယ်လို့ကျွန်တော်မထင်ဘူး..."

Ethanဆိုတဲ့ အမည်နာမဟာ ဂျယ်ယွန်းစိတ်မကြည်လင်ချိန်မှာသာခေါ်တတ်တဲ့အမည်နာမဖြစ်၍ ခါးကလက်တွေကို ဖြေလျေ့ာကာ မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်သည်...။
ဟီဆွန်းသိသည်....ဂျယ်ယွန်းကသူ့ကိုယုံကြည်ဖို့မဝံ့မရဲဖြစ်နေခဲ့တာကို..

တခြားကလာတဲ့ လူတစ်ယောက်ဖြစ်သည့်အပြင် အိမ်ကသဘောတူပီးသားရှိတဲ့လူတစ်ယောက်ကို ဂျယ်ယွန်းမယုံနိုင်တာ အပြစ်လို့တော့ဆို၍မရပေ...။

" ကိုယ့်ကိုပဲယုံကြည်ပေးလို့မရဘူးလား ...ကိုယ်ဆိုတဲ့ Lee Heeseungကိုပဲလေ...Ethan Leeဆိုတဲ့လူကိုတောင် မေ့ပစ်ထားပီး ယွန်းမျက်စိရှေ့က ကိုယ့်ကိုပဲယုံကြည်ပေးပါလား.."

" ကျွန်တော်...ကျွန်တော့်ကိုအချိန်ပေးပါဦး ..."

ဆုပ်ကိုင်ထားတဲ့လက်တွေကြားကနေရုန်းထွက်ကာထွက်သွားတဲ့ကောင်လေးကို ဟီဆွန်းလိုက်တားနိုင်ရန်မစွမ်းသာ...

တကယ်ပဲ သူတို့နှစ်ယောက်ဟာ ဒီလိုအခြေအနေနဲ့ပဲ ပြီးဆုံးသွားရတော့မှာလား....။

" ပြန်ရင် ဆိုင်တံခါးကိုသေချာပြန်ပိတ်ခဲ့နော်...နေဦး...ဒါကစောစောက ကျွန်တော့်ကိုစလို့.."

တရစပ်မှာကာ ထွက်လာတဲ့စကားသံအဆုံးမှာ ဟီဆွန်းရဲ့အားခနဲအော်သံပါအခန်းငယ်အတွင်းပျံ့လွင့်သွားသည်...။
လက်မှာ သွားရာအကွင်းလိုက်ကအခန့်သား...သွေးမစို့ရုံတမယ်နစ်ဝင်နေတဲ့သွားချွန်ချွန်ရဲ့အရာတွေက ခွေးလေးတစ်ကောင်စိတ်ကောက်ကာကိုက်၍ ရလိုက်တာဖြစ်၍ ဟီဆွန်းနာကျင်ရမယ့်အစားရယ်လိုက်တော့မျက်စောင်းခဲကာ ကြည့်လာသည်...။

ရပ်နေဆဲကိုယ်ငယ်အား ပခုံးကနေခပ်ဖွဖွသိုင်းဖက်ကာ ပါးလေးတစ်ဖက်ကိုနှာခေါင်းနစ်နေအောင်နမ်းရှိုက်ပီးတဲ့နောက် မြန်မြန်ပဲပြေးထွက်လာခဲ့သည့်နောက်မှာ.အသံတစ်ခုကပါကပ်ပါလာ၍ နောက်ကိုလှည့်ကြည့်ချိန်မှာတော့ ခုံနဲ့ထိကာကျိူးကြေသွားပြီဖြစ်တဲ့ နာရီလေးဟာ ကြမ်းပြင်ထက်တွင်တစစီ...။

အဲ့လိုပဲခွေးပေါက်လေးတွေစိတ်တိုရင်သိပ်ကြောက်စရာကောင်းတာ...

__________________________________















Zawgyi


မက်​ဂျူ​ကြောင့်​ရီ​ဝေ​ဝေဖြစ်​​နေ​သောဟီဆွန်းမှာ ပတ်​၀န်းကျင်​အားခဏမျှ​မေ့​လျော့ကာသွားသည်​...



အပြစ်​လုပ်​ထား​သော်​လည်း..ရှိသမျှသွား​တွေညီ​နေ​အောင်​စိကာ ရယ်​ပြလာတဲ့ အနှီ​ကောင်​​လေးကို အပြစ်​တင်​ဖို့တစ်​စုံတစ်​ရာရှာမ​တွေ့ခင်​မှာပဲ ရပါတယ်​လို့ခွင့်​လွှတ်​​ပေးလိုက်​မိသည်​...။











အသက်​20​ကျော်​ပါလို့ နှုတ်​ခမ်း​တွေချွန်​၀ိုင်းသည်​အထိ ကတ်​ကတ်​လန်​ရန်​ပြန်​​တွေ့ပါ​သော​ကောင်​​လေးဟာ ရီ​ဝေ​ဝေသူ့မျက်​လုံး​တွေထဲမှာ သိပ်​ကိုအသဲယားစရာ​ကောင်းသည်​...။








" အချစ်​မှာ​ယောက်ျား​လေးမိန်းက​လေး သတ်​မှတ်​ချက်​မျိုးထားလားဂျယ်​ယွန်း..."



" ဒါဆို လက်​ခံတယ်​​ပေါ့...."

" ဘာကိုလဲ.."

" ကိုယ့်​ကို..."







ထိုစကားဟာ ဟီဆွန်းကြားဖူးသမျှဟာသ​တွေထဲမှာ အရယ်​ရဆုံး​သောဟာသဖြစ်​မယ်​ထင်​သည်​...တခြားလူ​ပြောရင်​​တောင်​ ယုံ​ကောင်းယုံနိုင်​လိမ့်​မည်​...သို့​သော်​.သူ့​ရှေ့က ​ခွေး​ပေါက်​စ​လေးလိုမျက်​နှာပိုင်​ရှင်​ဟာ သူဟာလူဆိုးပါတဲ့...ခန္ဓာကိုယ်​အရကြည့်​ရင်​​တောင်​ သိပ်​​ကြောက်​စရာ​ကောင်း​နေတယ်​​ပေါ့......





" အင်း..."

















_______________________






အီစီကလီ​ခေါင်းစဉ်​တပ်​ရတာ တမျိုးတမည်​ဖြစ်​​နေမလားမသိ​ပေမယ့်​ တကယ်​တမ်းမှာလဲ သူတို့ဟာ ဒီအ​ခြေအ​နေမှာရှိ​နေသည်​...။


ရေ​နွေးအရင်​တည်​​နေရာက အနားသို့​ရောက်​လာကာ အ​ပေါ်ဘက်​ဗီဒိုပု​လေးအား လက်​ဆန်းတန်းလိုက်​​ပေမယ့်​ ​ခြေဖျား​လေး​ထောက်​လိုက်​ရတာ မြင်​လိုက်​ရ၍ ပြုံးလိုက်​ရင်း ဗီဒိုတံခါးကိုဆွဲဖွင့်​ကာ နဖူးနဲ့​ဆောင့်​မည်​ဆိုး၍ နဖူး​လေး​ပေါ်ကိုပါလက်​အုပ်​ကာဆွဲဖွင့်​လိုက်​သည်​...သို့​သော်​လည်း..















Ethanဆိုတဲ့ အမည်​နာမဟာ ဂျယ်​ယွန်းစိတ်​မကြည်​လင်​ချိန်​မှာသာ​ခေါ်တတ်​တဲ့အမည်​နာမဖြစ်​၍ ခါးကလက်​​တွေကို ​ဖြေ​လျော့ကာ မျက်​နှာချင်းဆိုင်​ဆွဲလှည့်​လိုက်​သည်​...။








ရပ်​​နေဆဲကိုယ်​ငယ်​အား ပခုံးက​နေခပ်​ဖွဖွသိုင်းဖက်​ကာ ပါး​လေးတစ်​ဖက်​ကိုနှာ​ခေါင်းနစ်​​နေ​အောင်​နမ်းရှိုက်​ပီးတဲ့​နောက်​ မြန်​မြန်​ပဲ​ပြေးထွက်​လာခဲ့သည့်​​နောက်​မှာ.အသံတစ်​ခုကပါကပ်​ပါလာ၍ ​နောက်​ကိုလှည့်​ကြည့်​ချိန်​မှာ​တော့ ခုံနဲ့ထိကာကျိုး​ကြေသွားပြီဖြစ်​တဲ့ နာရီ​လေးဟာ ကြမ်းပြင်​ထက်​တွင်​တစစီ...။




_______________________________

Bạn đang đọc truyện trên: AzTruyen.Top