Part - 1

Unicode

နားထဲတွင်ကြားနေရတဲ့သီချင်းလေးကိုခပ်တိုးတိုးလိုက်လံကာငြီးငြူဆဲမှာ မျက်ဝန်းထောင့်တွေမှာရိပ်ခနဲကျန်ရစ်ခဲ့ကြသောပန်းဝါဝါတွေ ...
သာယာသောပတ်ဝန်းကျင်နဲ့လိုက်ဖက်လွန်းသောလမ်းမကြီးကပြန့်ပြူးစွာတည်ရှိနေသလို ထိုလမ်းမကြီးထက်မှ ကားအသွားအလာကလဲ များပြားလွန်းလှသည်...။

သက်ပြင်းချသံခပ်ပြင်းပြင်းချလိုက်မိတဲ့အခါ.နှစ်ယောက်ထိုင်ခုံရဲ့ဘေးမှအမျိုးသမီးကြီးတစ်ဦး၏ အကြည့်တွေကိုခံလိုက်ရသည် ငယ်ရွယ်တဲ့ယောကျာ်းပျိူတစ်ယောက်ရဲ့သက်ပြင်းသံဟာထိုမျှထူးဆန်းလွန်းလို့လား.....
စိတ်ရှုပ်စရာတွေဟာလူတိုင်းတွင်ကြုံတွေ့ရတတ်သောအရာတစ်ခုဖြစ်၍ ကိုယ်တိုင်သည်လဲ လူတွေထဲက လူတစ်ယောက်မို့စိတ်ရှုပ်မှုဒဏ်ကိုမခံနိုင်လွန်းတဲ့အဆုံးမှ လွတ်မြောက်ခြင်းကိုရွေးချယ်လာခဲ့တယ်..

ကားပေါ်မှတီးတိုးလူတစ်စုရဲ့စကားသံတွေနဲ့အတူ ကျောပိုးအိတ်ကတစ်ခုတည်းသော ခရီးဆောင်အိတ်ဖြစ်၍ ကောက်လွယ်ကာ ရပ်နားလိုက်တဲ့ကားပေါ်ကနေဆင်းရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကာငေးကြည့်လိုက်သည် စိမ်းစိုလှတဲ့တောင်တန်းကြီးကိုတစ်ဆုံးငေးရင်း ပတ်ဝန်းကျင်ရဲ့ စိမ်းစိမ်းစိုစိုအပင်တန်းကြီးကိုပါ ငေးမောကာ အသက်ကိုပြင်းပြင်းရှိုက်ရူလိုက်တော့ လတ်ဆတ်တဲ့လေတွေက နှာခေါင်းထဲတိုးဝင်လာသည်...

အတန်ကြာအောင် ညစ်ညူးနေတဲ့စိတ်တွေဟာတိတ်ခတ်လာသောလေပြေကြားမှာ မျောလွင့်ကာပါသွားသလိုခံစားရမိတဲ့နောက်မှာ ကျဉ်းကျပ်သောစိတ်တွေကို လွတ်ချပစ်လိုက်သည်....
အမှားလားအမှန်လားလို့ လွန်ဆွဲနေခဲ့သော လွန်ခဲ့တဲ့ခြောက်နာရီကျော်လောက်က ဆုံးဖြတ်ချက်က ခုချိန်မှာမှန်ကန်ကြောင်း ထင်ရှားလာသည်....

ကျောပိုးအိတ်ကို ကြိုးတစ်ဖက်ဖြုတ်ကာလွယ်ရင်း flannelအကွက်လေးကို ဂျင်းpantနဲ့သာတွဲကာ ဝတ်ဆင်ထားတဲ့ကိုယ်ဟာ လက်ရှိအချိန်မှာ Ethan Leeအဖြစ်မဟုတ်ပဲ Lee Heeseungအဖြစ်သာရှင်သန်ဖို့ရွေးချယ်မိတယ် ခတ္တဆိုတဲ့အခိုက်အတန့်လေးကိုမေ့ရင်းပေါ့..

ရှင်းလင်းလွန်းသောပတ်ဝန်းကျင်တွင် ငှါးစရာဘာဆိုဘာမှမရှိ၍ လမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ လွန်ခဲ့တဲ့နှစ်မိနစ်လောက်က သာယာလွန်းတယ်လို့ ဟီဆွန်းတွေးမိခဲ့တဲ့ရာသီဥတု ရုတ်ချည်းမှောင်ကျကာ အကြောင်းကြားခြင်းမရှိသောမိုးရေစက်တွေက အရှိန်ပြင်းစွာရွာကျလာခဲ့သည်...

ပါလာတဲ့ခေါက်ထီးလေးအားအလျင်အမြန်ထုတ်ကာ ကိုယ်ပေါ်သက်နှင်းနေသောမိုးစက်တွေအားကာကွယ်ရန်ဆုံးဖြတ်ပါသော်လည်း...အမြဲတစေ ကံဆိုးခြင်းတွေနဲ့သာရင်ဆိုင်ရသော ကိုယ့်အတွက် ဒီတစ်ကြိမ်မှာလဲ ကံဆိုးခဲ့ပြန်တယ် ကျပ်နေတဲ့ထီးရိုးဟာ ယောကျာ်းအားနဲ့ဆွဲထုတ်တာကိုပင် မာနထားလေသလားမှတ်ရအောင် တင်းခံနေဆဲ..တဖြည်းဖြည်းနဲ့သည်းလာတဲ့မိုးစက်တွေကြားမှာ မကြာခင်ကြွက်စုတ်နီးပါးဖြစ်လာရတော့မယ့်အရေးကိုမြင်ယောင်၍ စောစောကအာရုံမှအမှတ်မထင်ဖြစ်ခဲ့သော တစ်ဖက်ကားလမ်းခြမ်းက အိမ်ပုံစံအရာငယ်ကိုလှမ်းမျှော်ကာ ခပ်သုတ်သုတ်လေးပြေးထွက်လာခဲ့သည်...။

ဆိုင်တစ်ဆိုင်ဖြစ်ပုံရတဲ့ ထိုအရိပ်အောက်တွင်ဝင်ခိုနားရင်း ကိုယ်ပေါ်တွင်တင်ကျန်သောမိုးစက်တွေအား သပ်ချကာ ခေါင်းတွေကို ခါပစ်လိုက်သည်..။
သည်းကြီးမည်းကြီးနဲ့ရွာချနေသောမိုးရေတွေဟာ ကံဆိုးမသွားရာမိုးလိုက်ရွာဆိုသလို အရှုံးတွေနဲ့လူသားအား အဘယ်ကြောင့် ထပ်မံကာငြိုးနေရသလဲ တကယ်ပင်နားမလည်နိုင်တော့ပါ...

အို...မိုးရယ်တိတ်ပါတော့ကွယ်...

တိုးတိုးရေရွတ်တဲ့နှုတ်ဖျားကစကားသံလေးဟာမိုးခြိမ်းသံတွေကြားမှပျောက်ရှသွားရပြန်သည်..ဘုရားသခင်ဟာ ကိုယ့်ရဲ့ဆုတောင်းတွေကိုတော့ အကြိမ်ကြိမ်အခါခါလျစ်လျူရှုပစ်နိုင်လွန်းသည်....

ခြေထောက်တွေထိလာစင်သောမိုးရေတွေကြောင့်.နောက်ကိုအဆုတ်မှာ တိုက်မိလိုက်တဲ့တံခါးလက်ကိုင်ကြောင့် ရောက်နေရာနေရာကို စူးစမ်းဖို့ လှည့်ကြည့်မိတဲ့အခိုက်မှာ ဒါဟာသိပ်လှတဲ့ ပန်းပွင့်တွေများပြားစွာရှိသော ပန်းဆိုင်လေးတစ်ဆိုင်ဖြစ်နေခဲ့သည်...။

ဆိုင်တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါမှာချလွင်ဆိုတဲ့မြည်သံလေးပါကပ်ပါလာသည်...ဆိုင်အတွင်းသို့ခြေချမိသည်နှင့်..များလှစွာသောပန်းရနံ့တွေက နှာခေါင်းထဲသို့အလုအယက်တိုးဝှေ့ကာဝင်ရောက်လာသော်လည်း ....ထူးဆန်းစွာအာရုံခံစားမိတဲ့ရနံ့က ချောကလက်ရနံ့...

ဟီဆွန်းအရမ်းသဘောကျသော ချောကလက်ရနံ့နှင့်ပန်းပွင့်တွေအား ပန်းစည်းသဖွယ်ပြုလုပ်ကာ စားပွဲထက်တွင်တင်ထားသည်ကိုတွေ့လိုက်မိတာကြောင့် သဘောကျတဲ့စိတ်ကိုရှေ့တန်းတင်ကာ ထိုပန်းစည်းလေးကိုကောက်ယူနမ်းရှိုက်မိသည်...

" chocolate cosmos "

မျက်ဝန်းတွေမှိတ်ချရာက ပန်းရနံ့ကိုခံစားနေသော ကိုယ့်ရဲ့နောက်မှ လေသံအေးအေးနဲ့အတူ.အနားကိုတစ်စုံတစ်ယောက်ရောက်လာမှန်းသိ၍ ပန်းစည်းကိုချကာ သူခိုးလူမိသလိုအရှက်ပြေ လည်ဂုတ်အားပွတ်ရင်း လှည့်ကာကြည့်လိုက်မိတဲ့အချိန်မှာ အရိပ်ငယ်လေးဟာ အနားကထွက်ခွာကာ နှင်းဆီပန်းဖြူဖြူတွေအား စည်းနှောင်နေသည်...။

ခေါင်းစခြေအဆုံးအဖြူရောင်လွှမ်းထားတဲ့ အနှီအဖြူရိပ်ငယ်ဟာ ရပ်နေသောဟီဆွန်းအား ပန်းနာမည်လေးပြောရုံကလွဲ ကျန်တာကိုဂရုစိုက်ပုံမရပဲ လုပ်စရာရှိသောအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေသည်...။

ဘာရယ်မဟုတ်သော်လည်း ဂရုမစိုက်ခြင်းတွေနဲ့သာကြုံလာရတဲ့ကိုယ်က အနှီအဖြူရိပ်လေးရဲ့ဂရုမစိုက်မှုကိုမနှစ်မြို့မိ....မျက်မှောင်ကြုတ်ကာ ငေးကြည့်နေတဲ့ကိုယ့်အား သတိထားမိသလိုဖြစ်လာတဲ့အချိန်မှာ ဖြတ်ခနဲမော့ကာကြည့်လာသည်..

မျက်ဝန်းဝိုင်းတွေနဲ့လူသားငယ်ဟာသိပ်ကိုရိုးရှင်းသော မျက်နှာပိုင်ရှင်ငယ်ဖြစ်ကြောင်း ရှင်းလင်းစွာမြင်လိုက်ရတဲ့မျက်နှာလေးက သက်သေခံနေသည်....အနားသတ်မညီတဲ့ဆံနွယ်တွေဟာမျက်လုံးအုပ်မတတ်ဖြစ်သော်လည်း စူးရှရှမျက်ဝန်းဝိုင်းတွေရဲ့အကြည့်တွေကိုတော့ ဖုံးအုပ်ရန်မစွမ်းသာ..

" ဘာပန်းများအလိုရှိပါလဲ.."

ထပ်မံကာကြားလိုက်ရတဲ့အသံအေးအေးက ရင်တစ်ခုလုံးဗြောင်းဆန်သွားစေသည်..ထူးဆန်းလွန်းသည်မဟုတ်ပါလား..ငယ်ငယ်က ကျောင်းသားအများရှေ့စာမေးခံရသလိုမျိုး လိမ်လည်ထားပီးမလုံသလိုခံစားချက်မျိုး...ရင်တုန်စရာကောင်းတဲ့အခြေအနေမျိုးမှာဖြစ်တတ်တဲ့ အနေအထားမျိုးက ဟီဆွန်းရင်ဘတ်ထဲတွင်ဗြောင်းဆန်ကာထွက်ပေါ်လာသည်...။

ရုတ်ချည်းအေးစက်သွားတဲ့လက်ဖျားတွေဟာ ပတ်ဝန်းကျင်ရဲ့မိုးရှိန်ကြောင့်ဟု ခေါင်းစဉ်တပ်ကာ စောစောကပန်းစည်းအားလက်ညိုးထိုးကာပြလိုက်သည်...။တကယ်တော့ ပန်းဝယ်ရန်စိတ်ကူးမရှိခဲ့တာကိုတော့ဟီဆွန်းတစ်ယောက်သာသိလိမ့်မည်....

" အဲ့တာလေးက ရောင်းဖို့မဟုတ်ပါဘူး...အကိုလိုချင်ရင်တော့ တစ်ပွင့်လောက်ဖြစ်ဖြစ်ပေးနိုင်ပါတယ်..."

အနားကိုတိုးကပ်လာတာနဲ့အမျှ လေအဝှေ့မှာလွင့်သွားတတ်တဲ့ဆံနွယ်တွေကြောင့် နားသယ်စပ်က သွေးကြောစိမ်းဖန့်ဖန့်လေးတွေပါမြင်နေရတဲ့အခြေအနေမှာ ယောကျာ်းလေးတစ်ယောက်ဟာထိုမျှ လှနိုင်လားဆိုတဲ့ အတွေးလေးဝင်လာခဲ့သည်...။
ပန်းစည်းထဲက ပန်းတစ်ပွင့်ကိုယူကာကမ်းပေးလာတဲ့လူသားငယ်ကြောင့် ပန်းရဲ့အဓိပ္ပါယ်ကိုတွေးမိချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကြားမှ ကံကောင်းခြင်းတွေယူဆောင်ပေးလာမယ့် နတ်သားလေးများလားလို့ ခပ်ကြောင်ကြောင်အတွေးတစ်စနဲ့အတူ ပြုံးလိုက်မိသည်..

" ဘယ်လောက်ကျလဲမသိဘူး..."

" ယူသွားပါ....အကို့ကိုလက်ဆောင်ပေးတယ်လို့ပဲသဘောထားလိုက်ပါ.."

အကိုဆိုတဲ့နာမ်စားကို နူးညံ့စွာခေါ်ဆိုလာတဲ့လူသားဟာ သူ့အပြင်ဘယ်သူတွေကိုများထိုသို့ခေါ်ဆိုနေမလဲလို့တွေးမိတဲ့အခါ မဆီမဆိုင်မနာလိုဖြစ်ရသည်...။

တကယ်ပဲရင်းနှီးမှုတစုံတရာပင်မရှိတဲ့ သူတို့ကြားမှာ ခဏလေးနှင့်အတွေးတွေစုံအောင် အနှီလူသားငယ်က လုပ်ဆောင်နိုင်သည်....

ထီးရိုးကိုဆိုင်အတွင်းမှာရအောင်ဖွင့်ရင်းမိုးမစဲသေးတဲ့ လမ်းမကြီးထက်ကိုပန်းလေးတစ်ပွင့်ကိုင်ကာထွက်လာခဲ့သည်...။

ဤသည်ကား အစပျိုးရာ ပန်းပွင့်ပုံပြင်၏ နိဒါန်းပေတည်း...

-EANA-



Zawgyi

နားထဲတြင္​ၾကား​ေနရတ့ဲသီခ်င္​း​ေလးကိုခပ္​တိုးတိုးလိုက္​လံကာၿငီးျငဴဆဲမွာ မ်က္​၀န္​း​ေထာင္​့​ေတြမွာရိပ္​ခနဲက်န္​ရစ္​ခဲ့ၾက​ေသာပန္​း၀ါ၀ါ​ေတြ ...
သာယာ​ေသာပတ္​၀န္​းက်င္​နဲ႔လိုက္​ဖက္​လြန္​း​ေသာလမ္​းမႀကီးကျပန္​႔ျပဴးစြာတည္​႐ွိ​ေနသလို ထိုလမ္​းမႀကီးထက္​မွ ကားအသြားအလာကလဲ မ်ားျပားလြန္​းလွသည္​...။

သက္​ျပင္​းခ်သံခပ္​ျပင္​းျပင္​းခ်လိုက္​မိတ့ဲအခါ.ႏွစ္​​ေယာက္​ထိုင္​ခံုရဲ႕​ေဘးမွအမ်ိဳးသမီးႀကီးတစ္​ဦး၏ အၾကည္​့​ေတြကိုခံလိုက္​ရသည္​ ငယ္​ရြယ္​တဲ့​ေယာက်ာ္​းပ်ိဴတစ္​​ေယာက္​ရဲ႕သက္​ျပင္​းသံဟာထိုမ်ွထူးဆန္​းလြန္​းလို႔လား.....
စိတ္​႐ႈပ္​စရာ​ေတြဟာလူတိုင္​းတြင္​ၾကံဳ​ေတြ႔ရတတ္​​ေသာအရာတစ္​ခုျဖစ္​၍ ကိုယ္​တိုင္​သည္​လဲ လူ​ေတြထဲက လူတစ္​​ေယာက္​မို႔စိတ္​႐ႈပ္​မႈဒဏ္​ကိုမခံႏိုင္​လြန္​းတ့ဲအဆံုးမွ လြတ္​​ေျမာက္​ျခင္​းကို​ေရြးခ်ယ္​လာခဲ့တယ္​..

ကား​ေပၚမွတီးတိုးလူတစ္​စုရဲ႕စကားသံ​ေတြနဲ႔အတူ ​ေက်ာပိုးအိတ္​ကတစ္​ခုတည္​း​ေသာ ခရီး​ေဆာင္​အိတ္​ျဖစ္​၍ ​ေကာက္​လြယ္​ကာ ရပ္​နားလိုက္​တဲ့ကား​ေပၚက​ေနဆင္​းရင္း ပတ္​၀န္​းက်င္​ကို လွည္​့ပတ္​ကာ​ေငးၾကည္​့လိုက္​သည္​ စိမ္​းစိုလွတ့ဲ​ေတာင္​တန္​းႀကီးကိုတစ္​ဆံုး​ေငးရင္​း ပတ္​၀န္​းက်င္​ရဲ႕ စိမ္​းစိမ္​းစိုစိုအပင္​တန္​းႀကီးကိုပါ ​ေငး​ေမာကာ အသက္​ကိုျပင္​းျပင္​း႐ိႈက္​႐ူလိုက္​​ေတာ့ လတ္​ဆတ္​တဲ့​ေလ​ေတြက ႏွာ​ေခါင္​းထဲတိုး၀င္​လာသည္​...

အတန္​ၾကာ​ေအာင္​ ညစ္​ညဴး​ေနတဲ့စိတ္​​ေတြဟာတိတ္​ခတ္​လာ​ေသာ​ေလ​ေျပၾကားမွာ ​ေမ်ာလြင္​့ကာပါသြားသလိုခံစားရမိတဲ့​ေနာက္​မွာ က်ဥ္​းက်ပ္​​ေသာစိတ္​​ေတြကို လြတ္​ခ်ပစ္​လိုက္​သည္​....
အမွားလားအမွန္​လားလို႔ လြန္​ဆြဲ​ေနခဲ့​ေသာ လြန္​ခဲ့တဲ့​ေျခာက္​နာရီ​ေက်ာ္​​ေလာက္​က ဆံုးျဖတ္​ခ်က္​က ခုခ်ိန္​မွာမွန္​ကန္​​ေၾကာင္​း ထင္​႐ွားလာသည္​....

​ေက်ာပိုးအိတ္​ကို ႀကိဳးတစ္​ဖက္​ျဖဳတ္​ကာလြယ္​ရင္​း flannelအကြက္​​ေလးကို ဂ်င္​းpantနဲ႔သာတြဲကာ ၀တ္​ဆင္​ထားတဲ့ကိုယ္​ဟာ လက္​႐ွိအခ်ိန္​မွာ Ethan Leeအျဖစ္​မဟုတ္​ပဲ Lee Heeseungအျဖစ္​သာ႐ွင္​သန္​ဖို႔​ေရြးခ်ယ္​မိတယ္​ ခတၱဆိုတဲ့အခိုက္​အတန္​႔​ေလးကုိ​ေမ့ရင္​း​ေပါ့..

႐ွင္​းလင္​းလြန္​း​ေသာပတ္​၀န္​းက်င္​တြင္​ ငွါးစရာဘာဆိုဘာမွမ႐ွိ၍ လမ္​း​ေလ်ွာက္​ဖို႔ဆံုးျဖတ္​လိုက္​ခ်ိန္​မွာ လြန္​ခဲ့တဲ့ႏွစ္​မိနစ္​​ေလာက္​က သာယာလြန္​းတယ္​လို႔ ဟီဆြန္​း​ေတြးမိခဲ့တဲ့ရာသီဥတု ႐ုတ္​ခ်ည္​း​ေမွာင္​က်ကာ အ​ေၾကာင္​းၾကားျခင္​းမ႐ွိ​ေသာမိုး​ေရစက္​​ေတြက အ႐ွိန္​ျပင္​းစြာရြာက်လာခဲ့သည္​...

ပါလာတဲ့​ေခါက္​ထီး​ေလးအားအလ်င္​အျမန္​ထုတ္​ကာ ကိုယ္​​ေပၚသက္​ႏွင္​း​ေန​ေသာမိုးစက္​​ေတြအားကာကြယ္​ရန္​ဆံုးျဖတ္​ပါ​ေသာ္​လည္​း...အျမဲတ​ေစ ကံဆိုးျခင္​း​ေတြနဲ႔သာရင္​ဆိုင္​ရ​ေသာ ကိုယ္​့အတြက္​ ဒီတစ္​ႀကိမ္​မွာလဲ ကံဆိုးခဲ့ျပန္​တယ္​ က်ပ္​​ေနတဲ့ထီး႐ိုးဟာ ​ေယာက်ာ္​းအားနဲ႔ဆြဲထုတ္​တာကိုပင္​ မာနထား​ေလသလားမွတ္​ရ​ေအာင္​ တင္​းခံ​ေနဆဲ..တျဖည္​းျဖည္​းနဲ႔သည္​းလာတဲ့မိုးစက္​​ေတြၾကားမွာ မၾကာခင္​ႂကြက္​စုတ္​နီးပါးျဖစ္​လာရ​ေတာ့မယ္​့အ​ေရးကိုျမင္​​ေယာင္​၍ ​ေစာ​ေစာကအာရံုမွအမွတ္​မထင္​ျဖစ္​ခဲ့​ေသာ တစ္​ဖက္​ကားလမ္​းျခမ္​းက အိမ္​ပံုစံအရာငယ္​ကိုလွမ္​း​ေမ်ွာ္​ကာ ခပ္​သုတ္​သုတ္​​ေလး​ေျပးထြက္​လာခဲ့သည္​...။

ဆိုင္​တစ္​ဆိုင္​ျဖစ္​ပံုရတဲ့ ထိုအရိပ္​​ေအာက္​တြင္​၀င္​ခိုနားရင္​း ကိုယ္​​ေပၚတြင္​တင္​က်န္​​ေသာမိုးစက္​​ေတြအား သပ္​ခ်ကာ ​ေခါင္​း​ေတြကို ခါပစ္​လိုက္​သည္​..။
သည္​းႀကီးမည္​းႀကီးနဲ႔ရြာခ်​ေန​ေသာမိုး​ေရ​ေတြဟာ ကံဆိုးမသြားရာမိုးလိုက္​ရြာဆိုသလို အ႐ွံုး​ေတြနဲ႔လူသားအား အဘယ္​​ေၾကာင္​့ ထပ္​မံကာၿငိဳး​ေနရသလဲ တကယ္​ပင္​နားမလည္​ႏိုင္​​ေတာ့ပါ...

အို...မိုးရယ္​တိတ္​ပါ​ေတာ့ကြယ္​...

တိုးတိုး​ေရရြတ္​တဲ့ႏႈတ္​ဖ်ားကစကားသံ​ေလးဟာမိုးၿခိမ္​းသံ​ေတြၾကားမွ​ေပ်ာက္​႐ွသြားရျပန္​သည္​..ဘုရားသခင္​ဟာ ကိုယ္​့ရဲ႕ဆု​ေတာင္​း​ေတြကို​ေတာ့ အႀကိမ္​ႀကိမ္​အခါခါလ်စ္​လ်ဴ႐ႈပစ္​ႏိုင္​လြန္​းသည္​....

​ေျခ​ေထာက္​​ေတြထိလာစင္​​ေသာမိုး​ေရ​ေတြ​ေၾကာင္​့.​ေနာက္​ကိုအဆုတ္​မွာ တိုက္​မိလိုက္​တဲ့တံခါးလက္​ကိုင္​​ေၾကာင္​့ ​ေရာက္​​ေနရာ​ေနရာကို စူးစမ္​းဖို႔ လွည္​့ၾကည္​့မိတဲ့အခိုက္​မွာ ဒါဟာသိပ္​လွတဲ့ ပန္​းပြင္​့​ေတြမ်ားျပားစြာ႐ွိ​ေသာ ပန္​းဆိုင္​​ေလးတစ္​ဆိုင္​ျဖစ္​​ေနခဲ့သည္​...။

ဆိုင္​တံခါးကိုတြန္​းဖြင္​့လိုက္​တဲ့အခါမွာခ်လြင္​ဆိုတဲ့ျမည္​သံ​ေလးပါကပ္​ပါလာသည္​...ဆိုင္​အတြင္​းသို႔​ေျခခ်မိသည္​ႏွင္​့..မ်ားလွစြာ​ေသာပန္​းရနံ႔​ေတြက ႏွာ​ေခါင္​းထဲသို႔အလုအယက္​တိုး​ေ၀ွ့ကာ၀င္​​ေရာက္​လာ​ေသာ္​လည္​း ....ထူးဆန္​းစြာအာရံုခံစားမိတဲ့ရနံ႔က ​ေခ်ာကလက္​ရနံ႔...

ဟီဆြန္​းအရမ္​းသ​ေဘာက်​ေသာ ​ေခ်ာကလက္​ရနံ႔ႏွင္​့ပန္​းပြင္​့​ေတြအား ပန္​းစည္​းသဖြယ္​ျပဳလုပ္​ကာ စားပြဲထက္​တြင္​တင္​ထားသည္​ကို​ေတြ႔လိုက္​မိတာ​ေၾကာင္​့ သ​ေဘာက်တဲ့စိတ္​ကို​ေ႐ွ႕တန္​းတင္​ကာ ထိုပန္​းစည္​း​ေလးကို​ေကာက္​ယူနမ္​း႐ိႈက္​မိသည္​...


" chocolate cosmos "

မ်က္​၀န္​း​ေတြမိွတ္​ခ်ရာက ပန္​းရနံ႔ကိုခံစား​ေန​ေသာ ကိုယ္​့ရဲ႕​ေနာက္​မွ ​ေလသံ​ေအး​ေအးနဲ႔အတူ.အနားကိုတစ္​စံုတစ္​​ေယာက္​​ေရာက္​လာမွန္​းသိ၍ ပန္​းစည္​းကိုခ်ကာ သူခိုးလူမိသလိုအ႐ွက္​​ေျပ လည္​ဂုတ္​အားပြတ္​ရင္​း လွည္​့ကာၾကည္​့လိုက္​မိတဲ့အခ်ိန္​မွာ အရိပ္​ငယ္​​ေလးဟာ အနားကထြက္​ခြာကာ ႏွင္​းဆီပန္​းျဖဴျဖဴ​ေတြအား စည္​း​ေႏွာင္​​ေနသည္​...။

​ေခါင္​းစ​ေျခအဆံုးအျဖဴ​ေရာင္​လႊမ္​းထားတဲ့ အႏွီအျဖဴရိပ္​ငယ္​ဟာ ရပ္​​ေန​ေသာဟီဆြန္​းအား ပန္​းနာမည္​​ေလး​ေျပာရံုကလြဲ က်န္​တာကိုဂ႐ုစိုက္​ပံုမရပဲ လုပ္​စရာ႐ွိ​ေသာအလုပ္​ကိုသာ ဆက္​လက္​လုပ္​​ေဆာင္​​ေနသည္​...။

ဘာရယ္​မဟုတ္​​ေသာ္​လည္​း ဂ႐ုမစိုက္​ျခင္​း​ေတြနဲ႔သာၾကံဳလာရတဲ့ကိုယ္​က အႏွီအျဖဴရိပ္​​ေလးရဲ႕ဂ႐ုမစိုက္​မႈကိုမႏွစ္​ၿမိဳ႕မိ....မ်က္​​ေမွာင္​ၾကဳတ္​ကာ ​ေငးၾကည္​့​ေနတဲ့ကိုယ္​့အား သတိထားမိသလိုျဖစ္​လာတဲ့အခ်ိန္​မွာ ျဖတ္​ခနဲ​ေမာ့ကာၾကည္​့လာသည္​..

မ်က္​၀န္​း၀ိုင္​း​ေတြနဲ႔လူသားငယ္​ဟာသိပ္​ကို႐ိုး႐ွင္​း​ေသာ မ်က္​ႏွာပိုင္​႐ွင္​ငယ္​ျဖစ္​​ေၾကာင္​း ႐ွင္​းလင္​းစြာျမင္​လိုက္​ရတဲ့မ်က္​ႏွာ​ေလးက သက္​​ေသခံ​ေနသည္​....အနားသတ္​မညီတဲ့ဆံႏြယ္​​ေတြဟာမ်က္​လံုးအုပ္​မတတ္​ျဖစ္​​ေသာ္​လည္​း စူး႐ွ႐ွမ်က္​၀န္​း၀ိုင္​း​ေတြရဲ႕အၾကည္​့​ေတြကို​ေတာ့ ဖံုးအုပ္​ရန္​မစြမ္​းသာ..

" ဘာပန္​းမ်ားအလို႐ွိပါလဲ.."

ထပ္​မံကာၾကားလိုက္​ရတဲ့အသံ​ေအး​ေအးက ရင္​တစ္​ခုလံုး​ေျဗာင္​းဆန္​သြား​ေစသည္​..ထူးဆန္​းလြန္​းသည္​မဟုတ္​ပါလား..ငယ္​ငယ္​က ​ေက်ာင္​းသားအမ်ား​ေ႐ွ႕စာ​ေမးခံရသလိုမ်ိဳး လိမ္​လည္​ထားပီးမလံုသလိုခံစားခ်က္​မ်ိဳး...ရင္​တုန္​စရာ​ေကာင္​းတဲ့အ​ေျခအ​ေနမ်ိဳးမွာျဖစ္​တတ္​တဲ့ အ​ေနအထားမ်ိဳးက ဟီဆြန္​းရင္​ဘတ္​ထဲတြင္​​ေျဗာင္​းဆန္​ကာထြက္​​ေပၚလာသည္​...။

႐ုတ္​ခ်ည္​း​ေအးစက္​သြားတဲ့လက္​ဖ်ား​ေတြဟာ ပတ္​၀န္​းက်င္​ရဲ႕မိုး႐ွိန္​​ေၾကာင္​့ဟု ​ေခါင္​းစဥ္​တပ္​ကာ ​ေစာ​ေစာကပန္​းစည္​းအားလက္​ညိဳးထိုးကာျပလိုက္​သည္​...။တကယ္​​ေတာ့ ပန္​း၀ယ္​ရန္​စိတ္​ကူးမ႐ွိခဲ့တာကို​ေတာ့ဟီဆြန္​းတစ္​​ေယာက္​သာသိလိမ္​့မည္​....

" အဲ့တာ​ေလးက ​ေရာင္​းဖို႔မဟုတ္​ပါဘူး...အကိုလိုခ်င္​ရင္​​ေတာ့ တစ္​ပြင္​့​ေလာက္​ျဖစ္​ျဖစ္​​ေပးႏိုင္​ပါတယ္​..."

အနားကိုတိုးကပ္​လာတာနဲ႔အမ်ွ ​ေလအ​ေ၀ွ့မွာလြင္​့သြားတတ္​တဲ့ဆံႏြယ္​​ေတြ​ေၾကာင္​့ နားသယ္​စပ္​က ​ေသြး​ေၾကာစိမ္​းဖန္​႔ဖန္​႔​ေလး​ေတြပါျမင္​​ေနရတဲ့အ​ေျခအ​ေနမွာ ​ေယာက်ာ္​း​ေလးတစ္​​ေယာက္​ဟာထိုမ်ွ လွႏိုင္​လားဆိုတဲ့ အ​ေတြး​ေလး၀င္​လာခဲ့သည္​...။
ပန္​းစည္​းထဲက ပန္​းတစ္​ပြင္​့ကိုယူကာကမ္​း​ေပးလာတဲ့လူသားငယ္​​ေၾကာင္​့ ပန္​းရဲ႕အဓိပၸါယ္​ကို​ေတြးမိခ်ိန္​မွာ ၾကံဳ​ေတြ႔​ေနရတဲ့ အခက္​အခဲၾကားမွ ကံ​ေကာင္​းျခင္​း​ေတြယူ​ေဆာင္​​ေပးလာမယ္​့ နတ္​သား​ေလးမ်ားလားလို႔ ခပ္​​ေၾကာင္​​ေၾကာင္​အ​ေတြးတစ္​စနဲ႔အတူ ျပံဳးလိုက္​မိသည္​..

" ဘယ္​​ေလာက္​က်လဲမသိဘူး..."

" ယူသြားပါ....အကို႔ကိုလက္​​ေဆာင္​​ေပးတယ္​လို႔ပဲသ​ေဘာထားလိုက္​ပါ.."

အကိုဆိုတဲ့နာမ္​စားကို ႏူးညံ့စြာ​ေခၚဆိုလာတဲ့လူသားဟာ သူ႔အျပင္​ဘယ္​သူ​ေတြကိုမ်ားထိုသို႔​ေခၚဆို​ေနမလဲလို႔​ေတြးမိတဲ့အခါ မဆီမဆိုင္​မနာလိုျဖစ္​ရသည္​...။

တကယ္​ပဲရင္​းႏွီးမႈတစံုတရာပင္​မ႐ွိတဲ့ သူတို႔ၾကားမွာ ခဏ​ေလးႏွင္​့အ​ေတြး​ေတြစံု​ေအာင္​ အႏွီလူသားငယ္​က လုပ္​​ေဆာင္​ႏိုင္​သည္​....

ထီး႐ိုးကိုဆိုင္​အတြင္​းမွာရ​ေအာင္​ဖြင္​့ရင္​းမိုးမစဲ​ေသးတ့ဲ လမ္​းမႀကီးထက္​ကိုပန္​း​ေလးတစ္​ပြင္​့ကိုင္​ကာထြက္​လာခဲ့သည္​...။

ဤသည္​ကား အစပ်ိဳးရာ ပန္​းပြင္​့ပံုျပင္​၏ နိဒါန္​း​ေပတည္​း...

Bạn đang đọc truyện trên: AzTruyen.Top