Outro
***********
"ဇာတ်လမ်းကတော့....
ကမ္ဘာမြေကြီးဖြစ်တည်ပြီး လူသားတွေရှိနေ
တစ်နေ့...
ဖြစ်လာခဲ့သည်..။
ပျံသန်း၍လာခြင်း...
သိရှိသွားသောအခါ...
ခဲ့ကြပြီ...။
ပေးခဲ့တယ်....
ချပစ်လိုက်တော့သည်။
တာကို ကြည့်နေခဲ့ရသည်....
သာကြည့်နေခဲ့တယ်....
သွားခြင်းကြောင့်လား....
ကိုယ်တိုင်သာသိမည်..။
တို့ ဖော်ကျူးခဲ့သည်...
တွေပါရှိသည်..။
အတောင်ကျိုးကာ..
[ဒီပုံပြင်တိုလေးဟာ စာရေးသူရဲ့စိတ်ကူးဖြင့်
ဖန်တီးထားတယ့် ပုံပြင်သက်သက်သာဖြစ်ပါ
တယ်..မောင်နဲ့ဂျွန် ရဲ့ဇာတ်လမ်းလေးကို
လှလှလေးပြန်တင်စားထားတာမျိုးလေးပါ..]
***********
"ကြိုးကြာနဲ့တိမ်စိုင်ငယ်လေးတို့ရဲ့ကြေကွဲ
ဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်.."
"ဇာတ်လမ်းကတော့....
ကမာ္ဘမြေကြီးဖြစ်တည်ပြီး လူသားတွေရှိနေ
ကတည်းက ကောင်းကင်,နေမင်း,ကြယ်,
လမင်းနဲ့ တိမ်စိုင်ငယ်လေးတို့ဟာ တစ်နေရာ
တည်းမှာပဲ တသတ်မတ်ထဲရှိခဲ့ကြတယ်..။
ဖြစ်တည်မှုအားလုံးက တိမ်စိုင်ငယ်လေးကို
သိပ်ချစ်ခဲ့ပြီး အတ္တကြီးခဲ့ကြတယ်...
တိမ်စိုင်ငယ်လေးရဲ့စိတ်ထဲဝယ် သူတို့ရဲ့
ဖြစ်တည်မှုကိုသာရှိနေရမည်ဟု သူတို့ယူဆ
ကာ အတ္တဆန်ဆန်သာပြုမူခဲ့ကြတယ်..။
တိမ်စိုင်ငယ်လေးဟာ ဘာမှမသိရှာ..
သူတို့ရဲ့ပုံစံခွက်ထဲပဲ...နေရသည်။
တစ်နေ့...
တိမ်စိုင်ငယ်လေးအား ထူးခြားသော
ခံစားချက်တို့ဖြစ်ပေါ်စေခဲ့သည့် အကြောင်း
ဖြစ်လာခဲ့သည်..။
အဖြူ ရောင်ကြိုးကြာငယ်..ဝေဟင်ထက်မှာ
ပျံသန်း၍လာခြင်း...
တိမ်စိုင်ငယ်ထက်၌ နားခိုကာ ရှိသည်။
လှပတယ့်အတောင်ပံလေးတို့ကိုဖွင့်ချကာ
လှလှပပလေးတွေ ကကြိုးဆင်တယ့်
ကြိုးကြာဖြူ လေးကို တိမ်စိုင်ငယ်လေးဟာ
စွဲလမ်းခဲ့သည်...တစ်ချက်တစ်ချက်လှုပ်ခါလိုက်
လျှင် ကြွေကျလာသည့် အဖြူ ရောင်ငှက်မွေးတို့
ကို တယုတယ တိတ်တိတ်လေးခိုးသိမ်ရ
လောက်သည်အထိ စွဲလမ်းခဲ့သည်။
တိမ်စိုင်ငယ်လေးရဲ့ စွဲလမ်းမှုနဲ့အညီ
ကြိုးကြာလေးဟာလည်း တိမ်စိုင်ထက်ကနေ
ဘယ်ဆီကိုမှ မပျံသန်းခဲ့...။
သူတို့ပျော်ရွှင်ခဲ့ကြသည်...
ကြိုးကြာလေးဟာလည်းလှလှပပ ကခုန်နေခဲ့
ူသလို...တိမ်စိုင်ငယ်လေးဟာလည်း မြတ်မြတ်
နိုးနိုး ကြည့်နေခဲ့သည်..။
သို့ပေမယ့်...အတ္တကြီးသူတို့ ထိုအကြောင်းကို
သိရှိသွားသောအခါ...
သူတို့သည် တိမ်စိုင်ငယ်လေးနဲ့ကြိုးကြာလေး
ကိုခွဲပစ်ဖို့ ကြံစည်ခဲ့ပြီ..။
သူတို့သည် ရက်စက်မှုတွေကို စတင်ကိုးကွယ်
ခဲ့ကြပြီ...။
လေပြင်းတို့ကိုအကူအညီတောင်းကာ
ကောင်းကင်ယံထက် မုန်တိုင်းထန်စေခဲ့တယ်..
တလျှပ်လျှပ်တောက်ပနေတယ့် လျှပ်စီးကြောင်း
တွေက ကြောက်မက်ဖွယ်ရာအတိ..။
တိမ်စိုင်ငယ်လေးဟာ ကြိုးကြာလေးကို
တင်းကြပ်စွာထွေးပွေ့ထားခြင်းဖြင့် ကာကွယ်
ပေးခဲ့တယ်....
သို့ပေမယ့် လေပြင်းတိုက ပို၍အားကြီး
သောအခါ..အနိုင်ရရှိသူသည် လေပြင်းသာ။
တဖြည်းဖြည်းလွင့်စင်လာတယ့် တိမ်စိုင်ငယ်
လေးရဲ့နောက်ကိုလိုက်ရန် ကြိုးကြာငယ်ဟာ
အတောင်ပံတို့ကိုဖြန့်ကျက်လိုက်ချိန်...
အားပြင်းလှတယ့် လျှပ်စီးကြောင်းက
အတောင်ပံတို့ကို ရက်စက်စွာ ဖြတ်တောက်
ချပစ်လိုက်တော့သည်။
ပြင်ဆင်ချိန်တောင်မရခဲ့ပဲ ကြိုးကြာငယ်လေး
ဟာ ပြုတ်ကျသွားခဲ့ရသည်..
တိမ်စိုင်ငယ်လေးဟာလည်း ဖမ်းဆုပ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်း တိမ်စိုင်တွေဆိုတာ
ဝေဟင်ထက်၌သာ တည်ရှိသည်မို့ မြေပြင်
ထက်သို့ ဆင်းသက်၍တောင် မရရှိနိုင်ခဲ့ပါ။
ရင်နာနာနဲ့ပဲ ကြိုးကြာငယ်လေးပြုတ်ကြသွား
တာကို ကြည့်နေခဲ့ရသည်....
နောင်ဘဝများကျရင် ယခုကဲ့သို့ မတူညီတဲ့
ဖြစ်တည်မှုတွေမှာ မဖြစ်တည်ရပါစေနဲ့..။
ဒါ ဟာ တိမ်စိုင်ငယ်လေးရဲ့ဆုတောင်းတစ်ခု။
ကြိုးကြာငယ်လေးဟာ မြေပြင်သို့ ထိသည်
အထိ သူ့အထက်က တိမ်စိုင်ငယ်လေးကို
သာကြည့်နေခဲ့တယ်....
ကြိုးကြာငယ်လေး ငိုကြွေးခဲ့သည်...
တန်ဖိုးထားရတယ့် အတောင်ပံတွေ ပြတ်ကျ
သွားခြင်းကြောင့်လား....
နာကျင်မှုတို့ကြောင့်လား....
တိမ်စိုင်ငယ်လေးနဲ့ ဝေးကွာသွားခြင်းကြောင့်
လား.....အဖြေသည် ကြိုးကြာငယ်လေး
ကိုယ်တိုင်သာသိမည်..။
တိမ်စိုင်ငယ်လေးသည်..အသက်မဲ့သွားသည့်
ကြိုးကြာငယ်လေးကိုကြည့်ကာ ဝမ်းနည်းခြင်း
တို့ ဖော်ကျူးခဲ့သည်...
ရွာကျလာတယ့် မိုးရေစက်တစ်စက်ချင်းစီ
တိုင်းမှာ တိမ်စိုင်ငယ်လေးရဲ့ နာကျင်ခြင်း
တွေပါရှိသည်..။
ထိုနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
တိမ်စိုင်တွေ ဘာလို့ဦးတည်ရာမဲ့ရွေ့လျားလဲ?
ချစ်ရသူကြိုးကြာငယ်လေးကို တစ်နေရာရာမှာ
များ ပြန်လည်ကာတွေ့ဆုံနိုင်မလားဆိုသည့်
အတွေးတို့ကြောင့် လေနှင်ရာကို
အဆုံးမဲ့ ရွေ့လျားနေခဲ့ခြင်းဖြစ်သည်။
"ဒါဆိုရင် ဇာတ်သိမ်းမှာ ဖွင့်ဆိုချင်တယ်...
ဝေဟင်ထက်က ကြိုးကြာငယ်..
အတောင်ကျိုးကာ..
ကမ္ဘာမြေပြင်ပေါ်သို့ သက်ဆင်းတော့...
တိမ်စိုင်တွေငိုကြွေးလေခဲ့ပြီ...။ဟူ၍ပင်"
BY ALEXANDRINE KIM<18122021>
Bạn đang đọc truyện trên: AzTruyen.Top