Notice!!
#Zawgyi
လက်အောက်တွင်ရှိသည်။)
ချက်သည် သေဒဏ်ဖြစ်သည်။သွေးသား
ဖြစ်သည်)
အမည်မှဲ့တွင်ခဲ့သည်။အေးချမ်းမျှတသော
သော နိုင်ငံဖြစ်သည်။)
အယူအစွဲပြင်းထန်သည်။လူတို့လက်ခံမလွယ်
နိုင်သော အယူအဆများ ကျင့်သုံးသည်။)
လာသည်။
သည်ဟု ယုံကြည်ကြသည်။
ဖြစ်သည်။
အုပ်စိုးနေသူဖြစ်သည်။
၎င်းနိုင်ငံသည်
ကာရယ်သည် ဝီလ်ဆင်အား
ဖြစ်ပေသည်။
တွင် ၄င်းသည် အသက် ၂၃နှစ်ခန့်သာ
ရှိသေးသည်။ထိုအချိန်တွင်းပင်..
"ဟာခါရီ"နိုင်ငံတွင်
ထွန်းကားခဲ့လေသည်။သူမ၏အမည်မှာ
ဖြစ်သည်။
ရှင်းပြလိုပါသည်။
လည်း ခေါ်ဆိုကြသည်။မိမိတို့၏ကိုယ်ပိုင်
အရှိဆုံးဖြစ်ကြသည်။ယောကျာ်းမိန်းမ
အချိန်များဖြစ်သည်။"ဟေနယ်ရီ"နိုင်ငံသည်
တွင် ရပ်တည်ထားသည်။အကြောင်းအရင်း
******************
တာ သိပ်မြန်တာပဲ.."
ကြိုးစားမှာပါ.."
စမ်းပါ သား..."
"ဖြစ်စေရပါမယ်.."
ကို ထုတ်ပြပြီး...
"ဒီပုံထဲက သူမ ကို သိလား.."
သူမ သည် ကခုန်ခြင်း....
အင်း...ပုဝါစတွေနဲ့ပေါ့...။
သတိရမိပြန်ပြီ....။
ခဲ့တာ.."
"သူမက...?"
အကပညာရှင်..ဆွင်..တဲ့.."
"ဆွင်.."
သူမက"ဆွင်"။
_________________
#AlexandrineKim
#1122021
[ဤအပိုင်းတွင်ပါဝင်သော နာမည်များနှင့်
နိုင်ငံများသည် စာရေးသူ၏ဖန်တီးမှုသက်သက်
သာဖြစ်သည်။အပြင်လောကနှင့် မသက်ဆိုင်ပါ]
[ဒီအပိုင်းအရေးကြီးပါတယ်ရှင့်..ဂရုစိုက်
ဖတ်ကြပါ..နောက်ကြောင်းပြန်တယ့်အခါ
ရောကုန်ကြမှာစိုးလို့😌🙌]
#Zawgyi
လွန်ခဲ့သည့်ရာစုနှစ်အချို့က
"Hawn""ဟောန်း"အင်ပါယာအတွင်းဝယ်
နိုင်ငံအသီးသီးတို့တည်ရှိကြသည်။
အင်ပါယာရဲ့နာမည်စာလုံးဖြစ်သည့်
"H"ကိုအစွဲပြုကာ နိုင်ငံတို့သည်
"H"တို့ဖြင့်စသည့်အမည်များကိုမှည့်တွင်ခဲ့ကြ
သည်။အင်ယာပါအတွင်းကအင်အားကြီးနိုင်ငံ
ခြောက်နိုင်ငံနှင့် အုပ်ချုပ်သူတို့ မည်သို့အုပ်စိုး
ကြောင်းအနည်းငယ်ကိုစာဖတ်သူတို့သိစေရန်
အလို့ငှာဖော်ပြလိုက်ပါသည်။
"ဟာခါရီ"-မြို့တော်ဝန်Jeonတို့မျိုးရိုး။
(အင်ပါယာအတွင်းအကြီးဆုံးနဲ့အင်အား
ကောင်းကာ ဘက်စုံတော်သည့်နိုင်ငံဖြစ်သည်။
အင်ပါယာတစ်ဝက်လောက်က"ဟာခါရီ"
လက်အောက်တွင်ရှိသည်။)
"ဟေနယ်ရီ"-မြို့တော်ဝန်Bron(ဘရွန်း)မျိုးရိုး။
(အလှအပ၊အဝတ်အထည်၊ရိုးရာအကစသော
ပြောင်မြောက်သည့်အနုပညာရှင်များဖြစ်တည်
ရာနိုင်ငံဖြစ်သည်။ထိုနည်းလမ်းများကို လက်
ဆင့်ကမ်းမျှဝေကြရင်းဖြင့် သတင်းမွှေးလှသည်)
"ဟဲဇေးလ်ဆွင်"-ဗိုလ်ချုပ် Caralမျိုးရိုး(လက်ရှိ)
(စစ်ရေးအရမ်းပြင်းထန်သည်။ပျော့ညံ့သူ
များကိုရှုံ့ချသည်။အပြစ်တိုမှန်သမျှ၏စီရင်
ချက်သည် သေဒဏ်ဖြစ်သည်။သွေးသား
ရင်းပင်ဖြစ်ကလင့်စားသေဒဏ်ဖြစ်သည်။
အမိန့်ဖီဆန်ခြင်းသည်အကြီးမာဆုံပြစ်မှုပင်။)
"ဟေဝလာန်"-ဘုရင်Sedail(စီဒေးလ်)။
(အင်ပါယာအတွင်းသက်ဦးဆံပိုင်ဘုရင်စနစ်ကို
ကျင့်သုံးသောတစ်ခုတည်းသောနိုင်ငံလည်း
ဖြစ်သည်)
"ဟီဆယ်ရို"-သူရဲကောင်းဖြစ်ခဲ့ဖူးသည့်
မြို့စားဟီဆယ်ရိုရဲ့မျိုးရိုး။
(နယ်မြေအသေးစားလေးကနေ သိမ်းပိုက်
လာရာ နိုင်ငံဖြစ်လာသည့်အထိစွမ်းဆောင်
ပေးခဲ့သော မြို့စားအား ဂုဏ်ပြုသည့်အနေဖြင့်
အမည်မှဲ့တွင်ခဲ့သည်။အေးချမ်းမျှတသော
နိုင်ငံတစ်ခုဖြစ်ပြီးစိုက်ပျိုးသီးနှံများအဓိကတင်ပို့
သော နိုင်ငံဖြစ်သည်။)
"ဟန်ဇီ"-ဘုန်းတော်ကြီး "မန်တီစီယာ"နှင့်
၎င်း၏လက်အောက်ခံဘုန်းတော်ကြီးများ။
(ဘုန်းတော်ကြီးတို့အုပ်ချုပ်ပြီး ဘာသာရေးနဲ့
အယူအစွဲပြင်းထန်သည်။လူတို့လက်ခံမလွယ်
နိုင်သော အယူအဆများ ကျင့့်သုံးသည်။)
"ဟောန်း"အင်ပါယာသည် ရာစုနှစ်တိုင်လာ
သည်နှင့်အမျှ အင်အားကြီးကာ ကျယ်ပြန့်
လာသည်။
"Jeon"တို့သည် သိပ်ထက်မြက်ပြီး
စစ်ရေးဗျူ ဟာများကျွမ်းကျင်ကြသည်။
အင်ပါယာအပြင်ဘက်ရှိ နိုင်ငံတို့နှင့်ပင်
မဟာမိတ်ဖွဲ့ဆိုထားကြသည်။လူအများ
သည် "Jeon"တို့သည်သာ ဟောန်း
အင်ပါယာရဲ့ အုပ်ချုပ်သူအစစ်အမှန်ဖြစ်
သည်ဟု ယုံကြည်ကြသည်။
ထိုထင်မြင်ချက်ကြောင့် Jeonတို့ကို
မျက်မုန်းကျိုးနေသူသည် ဗိုလ်ချုပ် ကာရယ်
ဖြစ်သည်။
ဗိုလ်ချုပ်ကာရယ်သည် ယခုလက်ရှိ
တတိယမြောက်အင်အားကြီးနိုင်ငံကို
အုပ်စိုးနေသူဖြစ်သည်။
၎င်းနိုင်ငံသည်
အရင် ဗိုလ်ချုပ် ဝီလ်ဆင်လက်ထက်က
မတရားဖိနှိပ်ခြင်းကာလက်ဝါးကြီးအုပ်
ခြင်းကိုခံခဲ့ရသဖြင့်
လက်အောက်ငယ်တပ်သားဖြစ်သည့်
ကာရယ်သည် ဝီလ်ဆင်အား
မည်သူမှမသိအောင်လုပ်ကြံကာ
ဗိုလ်ချုပ်ကာရယ်အမည်ခံလျက်
အုပ်ချုပ်သူအဖြစ်ဆက်ခံကာ
နိုင်ငံအားတိုးတက်အောင် ကြိုးစားခဲ့သည်။
ငယ်ရွယ်သလောက်ထက်မြက်ပြီး
ကြင်နာတတ်သည့်ခေါင်းဆောင်ကြောင့်
ပြည်သူတို့သည် များစွာပျော်ရွှင်ခဲ့ကြရသည်။
သို့သော်လည်းကြာရှည်မခံခဲ့ပါ။
ဝီလ်ဆင်၏အကြွင်းအကျန်ကိုက်ကြသော
လူတို့သည် ဝီလ်ဆင်၏သေဆုံးမှုအား
ကာရယ်လုပ်ကြံမှုဟု ဖော်ကာ
ပုန်ကန်မှုတွေစတင်ခဲ့သည့်အချိန်မှစ၍
ဗိုလ်ချုပ်ကာရယ်သည် ရက်စက်သည့်
ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ရသည်။
နိုင်ငံတွင်းအပြစ်ဒဏ်အား
မည်သည့်ပြစ်မှုမဆို...သေဒဏ်ပင်။
သွေးသားပင်ဖြစ်စေကာမူ သေဒဏ်သာ
ဖြစ်ပေသည်။
ကာရယ်သည် ထိုကဲ့သို့ အာဏာရကာ
ရက်စက်သည်ဟု နာမည်ကျော်ကြားနေချိန်
တွင် ၎င်းသည် အသက် ၂၃နှစ်ခန့်သာ
ရှိသေးသည်။ထိုအချိန်တွင်းပင်..
"ဟာခါရီ"နိုင်ငံတွင်
မြို့တော်ဝန်Jeon Nathanသည်
(Jung'sGrandfather) နိုင်ငံအုပ်စိုးသူ
နေရာကို ဆက်ခံပြီးကစ အချိန်ပင်ဖြစ်သည်။
အချိန်ငါးနှစ်ခန့်ကြာညောင်းချိန်မာတော့
ဗိုလ်ချုပ်ကာရယ်သည် သမီးရတနာတစ်ဦး
ထွန်းကားခဲ့လေသည်။သူမ၏အမည်မှာ
"ဆွင်ဆွေလာန်"ဖြစ်ပေသည်။
သူမ၏အမေသည် သိပ်ကိုလှပသည့်
အမျိုးသမီးတစ်ဦးဖြစ်သည်။သူမ၏အမေသည်
အနုပညာသည်များဖြစ်တည်ရာ"ဟေနယ်ရီ"
နိုင်ငံမှ ကိုယ်ပိုင်ရိုးရာအက ဖျော်ဖြေသူ
ဖြစ်သည်။
ဟေနယ်ရီ နိုင်ငံအကြောင်းကိုအနည်းငယ်
ရှင်းပြလိုပါသည်။
မြေပြန့်ဒေသ အလယ်ဗဟိုတွင်ရှိသော
Jeonတို့နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်ကာ
လူဦးရေထူထပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
"ဟေနယ်ရီ"နိုင်ငံကို အနုပညာနိုင်ငံဟု
လည်း ခေါ်ဆိုကြသည်။မိမိတို့၏ကိုယ်ပိုင်
ဓလေ့မှလွဲ၍ ကျန်သည့် အဝတ်အထည်ဒီဇိုင်း၊
အလှအပ၊အဖျော်အဖြေ၊ကကွက်များ
စသည့်တို့အကုန်လုံးသည် ဟေနယ်ရီနိုင်ငံ
ကနေပေါ်ပေါက်လာခဲ့သောအရာများဖြစ်
သည်။ဟေနယ်ရီနိုင်ငံသည် "ကိုယ်ပိုင်"
ဆိုသည့် စကားလုံးကို လက်ကိုင်စွဲထားသည်။
ကိုယ်ပိုင်အကကိုဖန်တီးနိုင်ပြီးထိုအကသည်
မိမိတို့မျိုးရိုး၏ရိုးရာအကအဖြစ်လည်း
ထိန်းသိမ်းခွင့်ရှိသည်။ရိုးရာအကဖြစ်သွားပါက
ထိုအကအား မည်သူမှသင်ကြားခွင့်မရှိပေ။
သွေးသားတို့မှလွဲ၍ဖြစ်သည်။
"ဟေနယ်ရီ"နိုင်ငံတွင်အကဖန်တီးရှင်
ကချေသည်များသည် သြဇာအာဏာ
အရှိဆုံးဖြစ်ကြသည်။ယောက်ျားမိန်းမ
မရွေးလည်း ဖန်တီးနိုင်ကြသည်။
ဖန်တီးရှင်သည် မိမိ၏လှပသောကကွက်
တွေအား ပရိတ်သတ်တွေရှေ့ထုတ်ပြနိုင်ချိန်
ူသည် "ဟေနယ်ရီ"နိုင်ငံ၏ အထင်ကရ
အချိန်များဖြစ်သည်။"ဟေနယ်ရီ"နိုင်ငံသည်
စည်းလုံးသည်၊နူးညံ့ခြင်းကိုလက်ကိုင်ထား
သည်၊အနုပညာသည်များကြောင့်လည်း
နိုင်ငံသည် ဒုတိယအင်အားကြီးနိုင်ငံ
တွင် ရပ်တည်ထားသည်။အကြောင်းအရင်း
သည်ငွေကြေးကြောင့်ပင်။နိုင်ငံခြားဝင်ငွေ
အများအပြားရရှိသော "ဟေနယ်ရီ"နိုင်ငံ
ူသည် အေးချမ်းစွာတည်ရှိပြီး စစ်မက်ဖြစ်ပွား
ခြင်းအလျှင်းမရှိခဲ့သေးပါ။
******************
"သားလေး..မကြာခင် သားတောင် ဟာခါရီ
ကို အုပ်ချုပ်ရတော့မယ်နော် အချိန်တွေကုန်
တာ သိပ်မြန်တာပဲ.."
"အဖေ စိတ်မပျက်စေရအောင် ကျွန်တော်
ကြိုးစားမှာပါ.."
"Jeonတို့က သိပ်တော်ကြောင်း ပြလိုက်
စမ်းပါ သား..."
"ဖြစ်စေရပါမယ်.."
"မင်းကို အဖေတစ်ခုပြမလို့..."
ဆေးသားတွေ ပျက်နေတယ့် ဓာတ်ပုံတစ်ပုံ
ကို ထုတ်ပြပြီး...
"ဒီပုံထဲက သူမ ကို သိလား.."
ဆေးတွေပျက်နေပေမယ့် မြင်နေရတယ့်
အပိုင်းစတွေကို စုပေါင်းကြည့်လျှင်
သူမ သည် ကခုန်ခြင်း....
အင်း...ပုဝါစတွေနဲ့ပေါ့...။
တစ်စုံတစ်ယောက်ကိုတောင် မရည်ရွယ်ပဲ
သတိရမိပြန်ပြီ....။
"သူမကိုလေ မင်းအမေက သိပ်သဘောကျ
ခဲ့တာ.."
"သူမက...?"
"သူမက ဟေနယ်ရီက အလှပဆုံး
အကပညာရှင်..ဆွင်..တဲ့.."
"ဆွင်.."
သူမက"ဆွင်"။
_________________
A/N:ဟေနယ်ရီနိုင်ငံကအကမယ်/ကချေသည်
ဆိုတာကွာ အခုခေါတ် IDOLတွေလိုမျိုးကို
ပြောတာ ဟိုလို ကချေသည်မဟုတ်ဘူး
သူတို့က အဆင့်အရမ်းမြင့်ပြီးသြဇာအာဏာ
ရှိတယ့် လူမျိုးတွေကိုဆိုလိုတာ။
#AlexandrineKim
#1122021
Bạn đang đọc truyện trên: AzTruyen.Top