8

အပိုင္း(၈)
_________

ယေန႔သည္ လူစည္ကားလွသည္..
အေၾကာင္းမွာ ႏုိင္ငံ့ရတနာအကမယ္ေလး
"ဆြင္" လက္ထပ္ပြဲ က်င္းပမည့္ေန႔ျဖစ္ေသာ
ေၾကာင့္ ပင္။

အမ်ားၿကီးဖိတ္ေခၚထားျခင္းမဟုတ္ေပမယ့္
သူ႔အလိုလိုကို တဖြဲဖြဲေရာက္လာၾကတယ့္
သူေတြကမနည္း...။

ဂုဏ္ျပဳသံေတြ...ခ်ီးက်ဴ းထာပနာျပဳတယ့္
အသံေတြ...အို...စံုလင္ေနတာပါပဲ...။

သို႔ေပမယ့္ လက္ထပ္ပြဲအၿပီး အဖ်က္မုန္တိုင္း
က အစပ်ိဳးခဲ့ေလသလား...။
"ဆြင္"ရဲ႕ အဖြားနဲ႔ အေဒၚမွာ အိမ္ၾကမ္းျပင္ေပၚ
မွာ ေသဆံုးေနခဲ့သည္။

အေၾကာင္းအရင္းေတြရဲ႕အစကိုၾကည့္လိုက္မယ္
ဆိုရင္ ဆြင္ လက္ထပ္လိုက္ျခင္းကို
မေက်နပ္တယ့္ ေယာက်ာ္းတစ္ေယာက္က
ဝင္ေရာက္လုပ္ႀကံသြားျခင္းျဖစ္သည္။

ထိုသူ႔ကို ျပင္းျပင္းထန္ထန္အေရးယူခဲ့ၿပီး
ေသဒဏ္ေပးခဲ့သည္။
ဆြင္ကေတာ့ သူ႔ အကမယ္တစ္ေယာက္
ျဖစ္ေနျခင္းကို သိပ္စိတ္နာခဲ့သည္။

"ငါသာ အခုလို အကမယ္တစ္ေယာက္
မဟုတ္ခဲ့ရင္ဒါေတြ ျဖစ္လာမွာမဟုတ္ဘူး
ဘာဘားနဲ႔ အန္တီ့ကို ငါဘယ္လိုလုပ္
ခြင့္လႊတ္မႈေတာင္းခံရမလဲ မာတီ.."

"ဆြင္ရယ္ မင္းေၾကာင့္မဟုတ္ခဲ့ရပါဘူး.."

"ငါဒီေနရာမွာဆက္မေနႏုိင္ေတာ့ဘူး
ငါတို႔ တျခားေျပာင္းၾကရေအာင္ မာတီ.."

"မင္း သေဘာပါပဲ ဆြင္..ကိုယ္တို႔
ဟီဆယ္ရိုဘက္ကို ေျပာင္းၾကမယ္.."

ဟီဆယ္ရိုရဲ႕ နယ္စပ္ၿမိဳ႕ကို အၿပီးေျပာင္းေ႐ြ႕
ျဖစ္ခဲ့ၾကသည္။

ကိုယ္ပိုင္ သစ္သားႏွစ္ထပ္အိမ္ေလး
ေဆာက္ၿပီးေနၾကသည္။
သူတို႔ရဲ႕အိမ္ေလးရဲ႕အေနာက္ဘက္တြင္
ႀကီးမားက်ယ္ျပန္႔လွတယ့္ ဘလူးဘယ္ရီ
ခင္းႀကီးမ်ား ရွိသည္။

သစ္ပင္ေလးေတြနဲ႔ စိမ္းလန္းစိုျပည္ေနတယ့္
ဆြင္တို႔အိမ္ေလးဟာ ခ်စ္စဖြယ္အတိ...

ထိုခ်စ္စဖြယ္အိမ္ေလးအား ထပ္မံ၍
မြမ္းမံလိုက္တယ့္ ဆည္းလည္းတစ္ဦး...

ဆြင္နဲ႔မာတီရဲ႕ ပထမဦးဆံုး သားဦးေလး...
"နယ္ရာဂရူး"

သားေလးသည္ ရုပ္ရည္အရ ဆြင္နဲ႔သိပ္တူ
သည္..။ခႏၶာကိုယ္အခ်ိဳးအစားကေတာ့
ဖခင္ မာတီကဲ့သို႔ အခ်ိဳးက်က်လွပသည္။
သို႔ေပမယ့္ စိတ္ဓာတ္....
ႏူးညံ့ေပမယ့္ တစ္ခါတစ္ေလေပၚထြက္လာ
တတ္တယ့္ စိတ္ခံစားခ်က္တစ္မ်ဳိးကို
ဆြင္ သတိထားမိသည္။

ေနာက္ေတာ့ ဆြင္ ေတြးမိခဲ့သည္က..

"ဘာလို႔ ကာရယ့္ စိတ္ဓာတ္မ်ိဳး နယ္ရာ႕မွာ
ရွိေနရတာလဲ.."ဟူ၍ပင္။

နယ္ရာေလး ခုနစ္ႏွစ္အ႐ြယ္မွာပဲ...
ဆြင္သည္ အႁမႊာေမာင္ႏွမႏွစ္ေယာက္ကို
ထပ္မံေမြးဖြားခဲ့ျပန္သည္။

အယ္သာရန္ႏွင့္ ကာစီရန္ဟူေသာ
အႁမႊာႏွစ္ေယာက္သည္ တစ္မိနစ္သာ
ျခားနားသည္။

ဘယ္လိုေတာင္ သိပ္ကိုေပ်ာ္႐ြင္ဖို႔ေကာင္းတဲ့
မိသားစုေလးလဲ...။
ဒီလို မိသားစုေလးကို တစ္စစီဖ်က္ဆီးခဲ့ပစ္
သည့္ မုန္တိုင္းတစ္ခုကလည္း အစပ်ိဳးေနခဲ့
သည္..။

*****************

"ငါ ဒီကိစၥကို ေမာင့္ကို ဘယ္လိုေျပာရမလဲ.."

သူကသာ ကမာၻပ်က္ေနေပမယ့္ ေမာင္က
ေတာ့ ဂရုထားမွာ မဟုတ္ေလာက္ဘူး
ထင္ပါသည္..။

"ေမာင္....Jeonေျပာစ-"

ေမာင္ သည္ တစ္စံုတစ္ခုကို အာရံုစိုက္စြာ
ဆြဲသားေနသည္..။

"ေမာင္...?"

"Jeon!Jeonကို ေမာင္ျပစရာရွိတယ္"
စိတ္အားထက္သန္ေနပံုေပၚတယ့္ ေမာင္က
စာ႐ြက္ျဖဴ ျဖဴ ႀကီးကို ကိုင္ကာ သူ႔ဆီအေျပး
လာသည္...။

"ေမာင့္ကို တစ္ခုေလာက္လုပ္ေပးစမ္းပါ.."

"ဘာ လုပ္ေပးရမလဲ ေမာင္.."

"ဒီမွာ..."
စာ႐ြက္ျဖဴ ျဖဴ ထက္မွာ လွပစြာ ေရးျခယ္ထား
သည့္ မီးဆိုင္းႀကီး တစ္ခု...
အသက္ဝင္လြန္းတာေၾကာင့္ ေခတၲပင္
ေငးေမာမိသည္။

"ဒီ ပံုစံအတိုင္း လုပ္ေပး.."

"ဘယ္ေနရာမွာ..."

"အခု Jeonရဲ႕မီးဆိုင္းႀကီး ရွိတယ့္ေနရာမွာ"

"တစ္ပတ္အတြင္း ၿပီးေအာင္လုပ္ေပးမယ္
ေမာင္..."

စိတ္ေပ်ာ္ေနပံုရတယ့္ေမာင္က သီခ်င္းေလး
ပင္ ညည္းကာ ဝရံတာဘက္ထြက္သြားေလ
သည္။

Jeonတစ္ေယာက္ သူ႔အလုပ္သမားမ်ားကို
စတင္ၫႊန္ၾကားေနေလသည္။

မၾကာခင္မွာ..တစ္စံုတစ္ခု..ျဖစ္လာေတာ့မည္။

*****************
Jeon.......

ငါတိတ္တဆိတ္ထြက္သြားဖို႔ကို ငါဒီဇာတ္လမ္း
စကတည္းက ငါေမ်ွာ္လင့္ခဲ့တယ္...

ဒါေပမယ့္ ငါမလုပ္ႏုိင္ေတာ့ဘူး ထင္ပါတယ္..

ေအာ္...Jeon..မင္းေတာင္ မၾကာခင္မွာ
"ဟာခါရီ"ႏုိင္ငံကို ဦးေဆာင္ေတာ့မွာပဲ...
ၾကင္ယာေတာ္တစ္ပါးနဲ႔အတူေပါ့...

မၾကာခင္မွာ ေၾကညာေတာ့မယ့္
လက္ဆက္ပြဲဟာ သိပ္ကို ၿခိမ့္ၿခိမ့္သဲေနမယ္
ဆိုတာ ငါသိတယ္...

ငါ့ကို မင္းေျပာျပဖို႔ မႀကိဳးစားပါနဲ႔...
မင္းႏႈတ္ကေန ေျပာလာမွာကို ငါမလိုလားဘူး..
မင္း ရင္အကြဲခံၿပီး ေျပာလာမွာကို ငါမလိုခ်င္ဘူး
Jeon....

ထြက္သြားရမယ့္သူေတြက ဘယ္ေသာအခါမွ
ႏႈတ္ဆက္ဖို႔ ဝန္မေလးဘူး...
ငါလည္း အဲ့လိုပဲ...JEON..

အစကတည္းက သတ္မွတ္ထားၿပီး ကံၾကမၼာ
ကို ငါမလြန္ဆန္ဘူး...
ဘာလို႔ဆို ငါက မွားယြင္းေနတယ့္သူ
မို႔လိုပါပဲ....။

....................

"ေမာင္..!ဘာ..ဘာလုပ္ေနတာလဲ.."

ပန္ခ်ီကားတို႔ ထားသည့္ ျပခန္းထဲက
သိပ္မျမင့္သည့္ မ်က္ႏွာၾကက္ထက္တြင္
တြဲလြဲခိုေနသည့္ ေမာင့္ကို Jeon
အလန္႔တၾကားေမးလိုက္သည္..။

တိတ္ေနဆိတ္ျခင္းေၾကာင့္ အသံတို႔က
ျပတ္သားစြာ...။

Jeon....ေလွကားေတြကေန
ေမာင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည့္
အေပၚထပ္ကို တက္လိုက္သည္။

ၾကားမွာ အကြာအေဝးေတြ ျခားေနေပမယ့္
ေမာင့္မ်က္ႏွာကို ရွင္းရွင္းလင္းလင္း
ျမင္ရသည္။

"ေမာင္ အဲ့မွာ ခ်ိတ္ေနတာ သိပ္အႏၲရာယ္မ်ား
တယ္ေနာ္..မေတာ္လို႔ ေမာင့္ ပုဝါေတြ
ျပတ္က်သြားရင္ ဘယ္လိုလုပ္မလဲ..!"

စိတ္ပူမႈေၾကာင့္ သူ ေမာင့္ကိုေအာ္မိလိုက္
သည္...။သို႔ေသာ္ ေမာင္က ရယ္သြမ္းကာ

"Jeonသိလား...ေမာင္ေျပာျပမယ္...
ပုဝါစေတြဆိုတာ သူတို႔ရဲ႕ သခင္ကိုယ္တိုင္
ကျဖတ္ခ်မွာသာ ျပတ္က်ေလ့ရွိတယ္...
သူတို႔ကို မစြန္႔ပစ္မခ်င္း သူတို႔က
ၿမဲၿမံေနလိမ့္မယ္ JEON.."

"ဒါေပမယ့္-"

"shuuu..."
ေျခေထာက္ေလးတစ္ဖက္ကို တြဲလြဲခ်ထား
ကာ လႊဲေနတယ့္ ေမာင္က လက္ညဳွိးေလးနဲ႔
ႏႈတ္ခမ္းေပၚတင္ျပကာ တားျမစ္သည္။

ဆန္းျပားတယ့္ ေမာင့္ပံုစံေၾကာင့္
သူၾကည့္မဝ...။

"Jeon..ေမာင့္ မ်က္ႏွာကို ေသခ်ာျမင္ရ
တယ္မလား...ဒီေလာက္အကြာအေဝး
ဆို ရေနတာပဲ...ဟားး..."

ေမာင့္ စကားေတြ သူနားမလည္...

"ေမာင္...."

"ေျပာ.."

"ေမာင့္ ပုဝါစေတြ ဘယ္ႏွစ္ထည္ရွိလဲ...
အခုဒီေနရာမွာေပါ့.."

"Jeon...ပုဝါစေတြဆိုတာ ေမာင့္ရဲ႕ဘဝ,
ေမာင့္ရဲ႕အေတာင္ပံေတြမို႔ ေမာင္ျဖစ္တည္
ေနသ၍သူတို႔က ေမာင့္ဆီမွာရွိေနမွာ
ဘယ္ႏွစ္ထည္လဲလို႔ေျပာလို႔မရေအာင္
ေမာင္လိုအပ္သေလာက္ သူတို႔ရွိေနလိမ့္
မယ္..ပံုစံသဏၭာန္အမ်ိဳးမ်ိဳးနဲ႔ေပါ့.."

"အဲ့တာက-"

"သခင္.."

ဝင္လာတယ့္ လူယံုက သူ႔အေပၚတည့္တည့္က
Jiminကို မျမင္ပါ..။

"မင္းသမီး Tiana ေရာက္လာပါၿပီ..."

"ေရာက္လာၿပီလား...?"

"ဟုတ္ကဲ့.. လက္ဆက္ပြဲကို က်င္းပဖို႔
ေန႔ကိုလည္း ေၾကညာလိုက္ပါေတာ့မယ္.."

Jeon,ရင္ထိတ္စြာ ေမာင့္ကိုၾကည့္လိုက္တယ္။

တလက္လက္ေတာက္ပေနတယ့္ ေမာင့္
မ်က္ဝန္းေတြက ေပ်ာ္႐ႊင္ေနတာလား...?

"ငါလာမယ္..."

"ဟုတ္ကဲ့ သခင္.."

Jeonထြက္သြားသည္ႏွင့္ တၿပိဳင္နက္
က်ဆင္းလာသည့္ အရည္လဲ့ေလး...။

******************
ဤတြင္အပိုင္း(၈)ၿပီး၏။
******************
By Alexandrine[6122021]

အပိုင်း(၈)
_________

ယနေ့သည် လူစည်ကားလှသည်..
အကြောင်းမှာ နိုင်ငံ့ရတနာအကမယ်လေး
"ဆွင်" လက်ထပ်ပွဲ ကျင်းပမည့်နေ့ဖြစ်သော
ကြောင့် ပင်။

အများကြီးဖိတ်ခေါ်ထားခြင်းမဟုတ်ပေမယ့်
သူ့အလိုလိုကို တဖွဲဖွဲရောက်လာကြတယ့်
သူတွေကမနည်း...။

ဂုဏ်ပြုသံတွေ...ချီးကျူးထာပနာပြုတယ့်
အသံတွေ...အို...စုံလင်နေတာပါပဲ...။

သို့ပေမယ့် လက်ထပ်ပွဲအပြီး အဖျက်မုန်တိုင်း
က အစပျိုးခဲ့လေသလား...။
"ဆွင်"ရဲ့ အဖွားနဲ့ အဒေါ်မှာ အိမ်ကြမ်းပြင်ပေါ်
မှာ သေဆုံးနေခဲ့သည်။

အကြောင်းအရင်းတွေရဲ့အစကိုကြည့်လိုက်မယ်
ဆိုရင် ဆွင် လက်ထပ်လိုက်ခြင်းကို
မကျေနပ်တယ့် ယောက်ျားတစ်ယောက်က
ဝင်ရောက်လုပ်ကြံသွားခြင်းဖြစ်သည်။

ထိုသူ့ကို ပြင်းပြင်းထန်ထန်အရေးယူခဲ့ပြီး
သေဒဏ်ပေးခဲ့သည်။
ဆွင်ကတော့ သူ့ အကမယ်တစ်ယောက်
ဖြစ်နေခြင်းကို သိပ်စိတ်နာခဲ့သည်။

"ငါသာ အခုလို အကမယ်တစ်ယောက်
မဟုတ်ခဲ့ရင်ဒါတွေ ဖြစ်လာမှာမဟုတ်ဘူး
ဘာဘားနဲ့ အန်တီ့ကို ငါဘယ်လိုလုပ်
ခွင့်လွှတ်မှုတောင်းခံရမလဲ မာတီ.."

"ဆွင်ရယ် မင်းကြောင့်မဟုတ်ခဲ့ရပါဘူး.."

"ငါဒီနေရာမှာဆက်မနေနိုင်တော့ဘူး
ငါတို့ တခြားပြောင်းကြရအောင် မာတီ.."

"မင်း သဘောပါပဲ ဆွင်..ကိုယ်တို့
ဟီဆယ်ရိုဘက်ကို ပြောင်းကြမယ်.."

ဟီဆယ်ရိုရဲ့ နယ်စပ်မြို့ကို အပြီးပြောင်းရွေ့
ဖြစ်ခဲ့ကြသည်။

ကိုယ်ပိုင် သစ်သားနှစ်ထပ်အိမ်လေး
ဆောက်ပြီးနေကြသည်။
သူတို့ရဲ့အိမ်လေးရဲ့အနောက်ဘက်တွင်
ကြီးမားကျယ်ပြန့်လှတယ့် ဘလူးဘယ်ရီ
ခင်းကြီးများ ရှိသည်။

သစ်ပင်လေးတွေနဲ့ စိမ်းလန်းစိုပြည်နေတယ့်
ဆွင်တို့အိမ်လေးဟာ ချစ်စဖွယ်အတိ...

ထိုချစ်စဖွယ်အိမ်လေးအား ထပ်မံ၍
မွမ်းမံလိုက်တယ့် ဆည်းလည်းတစ်ဦး...

ဆွင်နဲ့မာတီရဲ့ ပထမဦးဆုံး သားဦးလေး...
"နယ်ရာဂရူး"

သားလေးသည် ရုပ်ရည်အရ ဆွင်နဲ့သိပ်တူ
သည်..။ခန္ဓာကိုယ်အချိုးအစားကတော့
ဖခင် မာတီကဲ့သို့ အချိုးကျကျလှပသည်။
သို့ပေမယ့် စိတ်ဓာတ်....
နူးညံ့ပေမယ့် တစ်ခါတစ်လေပေါ်ထွက်လာ
တတ်တယ့် စိတ်ခံစားချက်တစ်မျိုးကို
ဆွင် သတိထားမိသည်။

နောက်တော့ ဆွင် တွေးမိခဲ့သည်က..

"ဘာလို့ ကာရယ့် စိတ်ဓာတ်မျိုး နယ်ရာ့မှာ
ရှိနေရတာလဲ.."ဟူ၍ပင်။

နယ်ရာလေး ခုနစ်နှစ်အရွယ်မှာပဲ...
ဆွင်သည် အမြွှာမောင်နှမနှစ်ယောက်ကို
ထပ်မံမွေးဖွားခဲ့ပြန်သည်။

အယ်သာရန်နှင့် ကာစီရန်ဟူသော
အမြွှာနှစ်ယောက်သည် တစ်မိနစ်သာ
ခြားနားသည်။

ဘယ်လိုတောင် သိပ်ကိုပျော်ရွင်ဖို့ကောင်းတဲ့
မိသားစုလေးလဲ...။
ဒီလို မိသားစုလေးကို တစ်စစီဖျက်ဆီးခဲ့ပစ်
သည့် မုန်တိုင်းတစ်ခုကလည်း အစပျိုးနေခဲ့
သည်..။

*****************

"ငါ ဒီကိစ္စကို မောင့်ကို ဘယ်လိုပြောရမလဲ.."

သူကသာ ကမာ္ဘပျက်နေပေမယ့် မောင်က
တော့ ဂရုထားမှာ မဟုတ်လောက်ဘူး
ထင်ပါသည်..။

"မောင်....Jeonပြောစ-"

မောင် သည် တစ်စုံတစ်ခုကို အာရုံစိုက်စွာ
ဆွဲသားနေသည်..။

"မောင်...?"

"Jeon!Jeonကို မောင်ပြစရာရှိတယ်"
စိတ်အားထက်သန်နေပုံပေါ်တယ့် မောင်က
စာရွက်ဖြူ ဖြူ ကြီးကို ကိုင်ကာ သူ့ဆီအပြေး
လာသည်...။

"မောင့်ကို တစ်ခုလောက်လုပ်ပေးစမ်းပါ.."

"ဘာ လုပ်ပေးရမလဲ မောင်.."

"ဒီမှာ..."
စာရွက်ဖြူ ဖြူ ထက်မှာ လှပစွာ ရေးခြယ်ထား
သည့် မီးဆိုင်းကြီး တစ်ခု...
အသက်ဝင်လွန်းတာကြောင့် ခေတ္တပင်
ငေးမောမိသည်။

"ဒီ ပုံစံအတိုင်း လုပ်ပေး.."

"ဘယ်နေရာမှာ..."

"အခု Jeonရဲ့မီးဆိုင်းကြီး ရှိတယ့်နေရာမှာ"

"တစ်ပတ်အတွင်း ပြီးအောင်လုပ်ပေးမယ်
မောင်..."

စိတ်ပျော်နေပုံရတယ့်မောင်က သီချင်းလေး
ပင် ညည်းကာ ဝရံတာဘက်ထွက်သွားလေ
သည်။

Jeonတစ်ယောက် သူ့အလုပ်သမားများကို
စတင်ညွှန်ကြားနေလေသည်။

မကြာခင်မှာ..တစ်စုံတစ်ခု..ဖြစ်လာတော့မည်။

*****************
Jeon.......

ငါတိတ်တဆိတ်ထွက်သွားဖို့ကို ငါဒီဇာတ်လမ်း
စကတည်းက ငါမျှော်လင့်ခဲ့တယ်...

ဒါပေမယ့် ငါမလုပ်နိုင်တော့ဘူး ထင်ပါတယ်..

အော်...Jeon..မင်းတောင် မကြာခင်မှာ
"ဟာခါရီ"နိုင်ငံကို ဦးဆောင်တော့မှာပဲ...
ကြင်ယာတော်တစ်ပါးနဲ့အတူပေါ့...

မကြာခင်မှာ ကြေညာတော့မယ့်
လက်ဆက်ပွဲဟာ သိပ်ကို ခြိမ့်ခြိမ့်သဲနေမယ်
ဆိုတာ ငါသိတယ်...

ငါ့ကို မင်းပြောပြဖို့ မကြိုးစားပါနဲ့...
မင်းနှုတ်ကနေ ပြောလာမှာကို ငါမလိုလားဘူး..
မင်း ရင်အကွဲခံပြီး ပြောလာမှာကို ငါမလိုချင်ဘူး
Jeon....

ထွက်သွားရမယ့်သူတွေက ဘယ်သောအခါမှ
နှုတ်ဆက်ဖို့ ဝန်မလေးဘူး...
ငါလည်း အဲ့လိုပဲ...JEON..

အစကတည်းက သတ်မှတ်ထားပြီး ကံကြမ္မာ
ကို ငါမလွန်ဆန်ဘူး...
ဘာလို့ဆို ငါက မှားယွင်းနေတယ့်သူ
မို့လိုပါပဲ....။

....................

"မောင်..!ဘာ..ဘာလုပ်နေတာလဲ.."

ပန်ချီကားတို့ ထားသည့် ပြခန်းထဲက
သိပ်မမြင့်သည့် မျက်နှာကြက်ထက်တွင်
တွဲလွဲခိုနေသည့် မောင့်ကို Jeon
အလန့်တကြားမေးလိုက်သည်..။

တိတ်နေဆိတ်ခြင်းကြောင့် အသံတို့က
ပြတ်သားစွာ...။

Jeon....လှေကားတွေကနေ
မောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေသည့်
အပေါ်ထပ်ကို တက်လိုက်သည်။

ကြားမှာ အကွာအဝေးတွေ ခြားနေပေမယ့်
မောင့်မျက်နှာကို ရှင်းရှင်းလင်းလင်း
မြင်ရသည်။

"မောင် အဲ့မှာ ချိတ်နေတာ သိပ်အန္တရာယ်များ
တယ်နော်..မတော်လို့ မောင့် ပုဝါတွေ
ပြတ်ကျသွားရင် ဘယ်လိုလုပ်မလဲ..!"

စိတ်ပူမှုကြောင့် သူ မောင့်ကိုအော်မိလိုက်
သည်...။သို့သော် မောင်က ရယ်သွမ်းကာ

"Jeonသိလား...မောင်ပြောပြမယ်...
ပုဝါစတွေဆိုတာ သူတို့ရဲ့ သခင်ကိုယ်တိုင်
ကဖြတ်ချမှာသာ ပြတ်ကျလေ့ရှိတယ်...
သူတို့ကို မစွန့်ပစ်မချင်း သူတို့က
မြဲမြံနေလိမ့်မယ် JEON.."

"ဒါပေမယ့်-"

"shuuu..."
ခြေထောက်လေးတစ်ဖက်ကို တွဲလွဲချထား
ကာ လွှဲနေတယ့် မောင်က လက်ညှိုးလေးနဲ့
နှုတ်ခမ်းပေါ်တင်ပြကာ တားမြစ်သည်။

ဆန်းပြားတယ့် မောင့်ပုံစံကြောင့်
သူကြည့်မဝ...။

"Jeon..မောင့် မျက်နှာကို သေချာမြင်ရ
တယ်မလား...ဒီလောက်အကွာအဝေး
ဆို ရနေတာပဲ...ဟား..."

မောင့် စကားတွေ သူနားမလည်...

"မောင်...."

"ပြော.."

"မောင့် ပုဝါစတွေ ဘယ်နှစ်ထည်ရှိလဲ...
အခုဒီနေရာမှာပေါ့.."

"Jeon...ပုဝါစတွေဆိုတာ မောင့်ရဲ့ဘဝ,
မောင့်ရဲ့အတောင်ပံတွေမို့ မောင်ဖြစ်တည်
နေသ၍သူတို့က မောင့်ဆီမှာရှိနေမှာ
ဘယ်နှစ်ထည်လဲလို့ပြောလို့မရအောင်
မောင်လိုအပ်သလောက် သူတို့ရှိနေလိမ့်
မယ်..ပုံစံသဏ္ဌာန်အမျိုးမျိုးနဲ့ပေါ့.."

"အဲ့တာက-"

"သခင်.."

ဝင်လာတယ့် လူယုံက သူ့အပေါ်တည့်တည့်က
Jiminကို မမြင်ပါ..။

"မင်းသမီး Tiana ရောက်လာပါပြီ..."

"ရောက်လာပြီလား...?"

"ဟုတ်ကဲ့.. လက်ဆက်ပွဲကို ကျင်းပဖို့
နေ့ကိုလည်း ကြေညာလိုက်ပါတော့မယ်.."

Jeon,ရင်ထိတ်စွာ မောင့်ကိုကြည့်လိုက်တယ်။

တလက်လက်တောက်ပနေတယ့် မောင့်
မျက်ဝန်းတွေက ပျော်ရွှင်နေတာလား...?

"ငါလာမယ်..."

"ဟုတ်ကဲ့ သခင်.."

Jeonထွက်သွားသည်နှင့် တပြိုင်နက်
ကျဆင်းလာသည့် အရည်လဲ့လေး...။

******************
ဤတွင်အပိုင်း(၈)ပြီး၏။
******************
By Alexandrine[6122021]

Bạn đang đọc truyện trên: AzTruyen.Top