5

အပိုင္း(၅)
_________

မနက္ခင္းေဝလီေဝလင္းအခ်ိန္တြင္
Jeonစံအိမ္ေတာ္၏ေအာက္ထပ္ရွိ
အိမ္ေစမ်ားသည္ အလုပ္လုပ္ေနရင္းျဖင့္
သတင္းတစ္ပုဒ္အားတီးတိုးေျပာေနၾကသည္။

"အဲ့တာ သူအက်င့္မေကာင္းလို႔ျဖစ္တာပဲ"

"ဟုတ္ပါ့ ရုပ္နဲ႔မွမလိုက္ အတြင္းမွာေလာက္
တက္ေနတာ အဲ့တာေၾကာင့္ ျဖစ္တာေတာင္
နည္းေသးတယ္လို႔ေျပာရမာပဲ"

"အင္းဟုတ္တယ္ သူ႔အျပစ္သူသိလို႔ေနမွာေပါ့"

"ေကာင္မေလးေတြစကားမမ်ားေနၾကနဲ႔
အလုပ္လုပ္ၾက"
အိမ္ေတာ္ထိန္းအေဒၚႀကီးရဲ႕ အသံက်ယ္က်ယ္
ေၾကာင့္ တီးတိုးသံမ်ားတိတ္က်သြားကာ
တာဝန္အသီးသီးလုပ္ေဆာင္ရန္ ထြက္သြား
ၾကသည္။

"အိမ္ေတာ္ထိန္းႀကီး"

"အကိုေလး ဂ်ီမင္း အေစာႀကီးႏုိးေနတာပဲ"

"ဟုတ္တယ္ အေဒၚႀကီး ဒါနဲ႔ခုနက
အိမ္ေစေကာင္မေလးေတြဘာေျပာေနၾကတာလဲ"

"ဟုတ္သားပဲ အကုိေလးကမသိေသးဘူးပဲ
လြန္ခဲ့တယ့္ တစ္ပတ္ကဆံုးသြားတယ့္
ဝန္ႀကီးခ်ဳပ္အိုင္စတန္ရဲ႕သမီး ေမသီရာေလ"

"အင္း.."

"သူမက ၿမိဳ႕ေတာ္ရဲ႕အျမင့္ဆံုး ေမ်ွာ္စင္ကေန
ဆြဲႀကိဳးခ် သတ္ေသသြားတယ္ အကိုေလးရဲ႕"

"ေအာ္ သတ္ေသသြားတယ္"

"ဟုတ္တယ္ အဲ့ေကာင္မေလးလည္း
သူ႔အေဖစိတ္ေၾကာင့္ပဲထင္ပါတယ္"

"ဟုတ္ေလာက္မာပါ အေဒၚႀကီးလည္း
လုပ္စရာရွိတာလုပ္ေတာ့ေလ"

"ဟုတ္အကိုေလး မနက္စာျပင္ၿပီးၿပီေနာ္"

"ရတယ္ ရတယ္"

ေကာ္ဖီခြက္ေလးျဖည္းျဖည္းခ်င္းေမႊရင္း
မဲ့ၿပံဳးေလးက ခပ္ေရးေရးေပၚလာသည္။
စ်ာပနႏွစ္ခုဆက္တိုက္ျဖစ္သြားတာ
စိတ္မေကာင္းဘူး..ဒါေပမယ့္လည္း
ၿမိဳ႕ေတာ္မွာအညစ္အေၾကးေတြ
ကင္းစင္သြားတာေပါ့။သိပ္မၾကာခင္
Jeonတစ္ေယာက္ေရးႀကီးသုတ္ျပာျဖင့္
စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ကိုင္ကာဆင္းလာသည္။
သူကေတာ့ ခပ္ၿပံဳးၿပံဳးျဖင့္သာ။

"အိမ္ေတာ္ထိန္းႀကီး ကြၽန္ေတာ့္ကို
ေကာ္ဖီတစ္ခြက္ေလာက္ေဖ်ာ္ေပးပါ
ျမန္ျမန္ေလး.."

အိမ္ေတာ္ထိန္းႀကီးကိုလက္ကာျပၿပီး
ေမာင္ ထသြားသည္။Jeonကေတာ့မသိေသး
စာ႐ြက္ျဖဴ ျဖဴ မ်ားေပၚသာအာရံုေရာက္ေနသည္။
ခ်ေပးလိုက္တယ့္ေကာ္ဖီကို လွမ္းယူၿပီး
တစ္ငံုငံုလိုက္ေတာ့..

"ဝါး..အိမ္ေတာ္ထိန္းႀကီးလက္ရာတိုးတက္လာ
ၿပီပဲ..ကြၽန္ေတာ္အႀကိဳက္-"
ခ်ီးက်ဴ းရင္းနဲ႔ေမာ့ၾကည့္လိုက္ေတာ့
ငံု႔မိုးၾကည့္ေနေသာ ေမာင္။

"အဲ့တာ ေမာင္ေဖ်ာ္တာJeonရဲ႕"
Jeonရဲ႕ဖီးသင္ထားတယ့္ ဆံသားတို႔ကို
ဖိကာပြတ္ရင္းဆိုလာသည္။
ေၾကာင္အေနသူ Jeonသည္
မ်က္လံုးေလးေတြဝိုင္းလ်က္။

"ေမာင္..ေမာင္ ေဖ်ာ္တာ?"

"ဟုတ္တယ္ Jeon"
ေမာင္ ႐ႊင္လန္းေနပံုရသည္။
ေမာင္ေပ်ာ္ေနရင္ သူလည္းေပ်ာ္ပါသည္။
ျမန္ဆန္ေနတယ့္ႏွလံုးခုန္သံတို႔ကို ထိန္းခ်ဳပ္
ကာ Jeonၿပံဳးျပလိုက္သည္။

"Jeonအႀကိဳက္နဲ႔ကြက္တိပဲ..အရင္တုန္းက
အိမ္ေတာ္ထိန္းၿကီးေဖ်ာ္ရင္ တစ္ေခါက္က
အနည္းဆံုးျပန္ျပင္ခိုင္းရတယ္ "

"ေမာင္ ေဖ်ာ္လိုက္တာ အဆင္ေျပတယ္ၾကား
ရေတာ့ ဝမ္းသာပါတယ္"

ဒီလိုနဲ႔ပဲ ေပ်ာ္စရာေကာင္းတယ္ဟုမဆိုႏုိင္ပါ
ေသာ အနည္းငယ္ၾကည္ႏူးစရာေကာင္းသည့္
မနက္စာစားဝိုင္းေလးသည္ ၿပီးဆံုးခဲ့သည္။
Jeonကေျပာသြားသည္ သူေနာက္က်မည္တဲ့
ေမသီရာကိစၥရယ္ သူမမိသားစုရဲ႕လုပ္ရပ္
အခ်ိဳ႕ေၾကာင့္ရယ္လို႔ေတာ့ ေျပာသည္။
သူကေခါင္းၿငိမ့္ျပရံုကလြဲၿပီး ဘာလုပ္ရမည္
လည္း။

ေလခြၽန္ရင္းျဖင့္အေပၚထပ္ကိုတက္လာခဲ့သည္။
ကုတင္ေပၚျပန္လွဲခ်ရင္း တစ္ေယာက္ေသာသူ
ရဲ႕အေငြ႕အသက္တို႔ကို ခံစားမိသည္။
မ်က္ႏွာၾကက္ကိုၾကည့္ေနရင္း အတိတ္တို႔ဆီ
တစ္ခ်က္ လြင့္ေမ်ာမိေတာ့...

ဂ်ီမင္းရဲ႕ဘဝက ထင္သေလာက္မရိုးရွင္းခဲ့ပါ။

မိဘႏွစ္ပါးႏွင့္သားသမီးသံုးေယာက္ရွိေသာ
မိသားစုတြင္ သူသည္အႀကီးဆံုးျဖစ္သည္။
ညီငယ္ႏွင့္ညီမငယ္သည္ သူ႔ဘဝအတြက္
အရာရာပင္။ဒါေပမယ့္..ဒါေပမယ့္ ကံၾကမၼာ
သည္ လွပစြာလွည့္စားၿပီး ရက္စက္စြာ
ေခ်ဖ်က္ခဲ့သည္။ရစ္သိုင္းထားတယ့္ပုဝါစ
ေတြထဲကမွ လည္ပင္းဆီက ပုဝါေလးကို
ဆြဲယူလုိက္ေတာ့...

M T B  & ️ S S L
        N R Gru
E T R  &  K S R

ကႏုတ္ပန္းအလွေလးေတြနဲ႔ ပံုေဖာ္ထားတယ့္
စာလံုးေလးေတြ။အေမအခ်ိန္ကုန္ခံ
ပံုေဖာ္ထားတာမို႔ သိပ္ကိုတန္ဖိုးထားပါသည္။
ဗီဒိုႀကီးဆီထလာၿပီး ဘူးတစ္ဘူးထုတ္လာသည္။ဘူးထဲတြင္ မီးကြၽမ္းခံထားရပံုေပၚတယ့္
ပုဝါစႏွစ္ခုရွိသည္။ထိုပုဝါစေလးေတြတြင္လည္း
စာလံုးေလးေတြကရွိေနသည္။သို႔ေပမယ့္
မီးဒဏ္ေၾကာင့္ သိပ္မေပၚေတာ့ပါ။ပ်က္ေနတယ့္
ေနရာမာပ်က္ေနၾကသည္။
ေတာက္ကနဲက်လာတယ့္မ်က္ရည္ေတြက
ပုဝါစေတြေပၚအစီအရီလိမ့္ဆင္းလာသည္။

သူ႔အတိတ္ေတြဟာ မလွပခဲ့....

"ကိုကို!!အယ္သာတို႔ကိုကယ္ပါအုန္း"
တရိပ္ရိပ္ေတာက္ေလာင္ေနတယ့္ မီးေတာက္
ေတြၾကားက ေအာ္သံေတြ။

"သားႀကီး!!လြတ္ေအာင္ေျပး..!!"
ေနာက္ဆံုးၾကားခဲ့ရတယ့္အေမ့ေအာ္သံ။

သူ႔အက်ီၤေလးနဲ႔လည္ပင္းမာပုဝါစေလးမာ
နီရင့္ရင့္ေသြးတို႔စြန္းထင္ေနသည္။
ေသြးတို႔စီးက်ရာေနရာသည္ ရင္ဘတ္ဆီက
ထိုးစိုက္ထားေသာ ဓားဆီမွျဖစ္သည္။
ဗိုက္အားအရွိန္ျပင္းျပင္းကန္ခ်က္ကိုခံယူၿပီး
ေနာက္ အေနာက္ဖက္ကေခ်ာက္ကမ္းပါး
အတြင္းသို႔ သူျပဳတ္က်သြားခဲ့ရာမွ
သူ႔ဘဝအဆံုးသတ္ခဲ့ၿပီ။

_______________
ဤတြင္အပိုင္း(၅)ၿပီး၏။
_______________
#Alexandrine Kim
#29112021

    အပိုင်း(၅)
_________

မနက်ခင်းဝေလီဝေလင်းအချိန်တွင်
Jeonစံအိမ်တော်၏အောက်ထပ်ရှိ
အိမ်စေများသည် အလုပ်လုပ်နေရင်းဖြင့်
သတင်းတစ်ပုဒ်အားတီးတိုးပြောနေကြသည်။

"အဲ့တာ သူအကျင့်မကောင်းလို့ဖြစ်တာပဲ"

"ဟုတ်ပါ့ ရုပ်နဲ့မှမလိုက် အတွင်းမှာလောက်
တက်နေတာ အဲ့တာကြောင့် ဖြစ်တာတောင်
နည်းသေးတယ်လို့ပြောရမာပဲ"

"အင်းဟုတ်တယ် သူ့အပြစ်သူသိလို့နေမှာပေါ့"

"ကောင်မလေးတွေစကားမများနေကြနဲ့
အလုပ်လုပ်ကြ"
အိမ်တော်ထိန်းအဒေါ်ကြီးရဲ့ အသံကျယ်ကျယ်
ကြောင့် တီးတိုးသံများတိတ်ကျသွားကာ
တာဝန်အသီးသီးလုပ်ဆောင်ရန် ထွက်သွား
ကြသည်။

"အိမ်တော်ထိန်းကြီး"

"အကိုလေး ဂျီမင်း အစောကြီးနိုးနေတာပဲ"

"ဟုတ်တယ် အဒေါ်ကြီး ဒါနဲ့ခုနက
အိမ်စေကောင်မလေးတွေဘာပြောနေကြတာလဲ"

"ဟုတ်သားပဲ အကိုလေးကမသိသေးဘူးပဲ
လွန်ခဲ့တယ့် တစ်ပတ်ကဆုံးသွားတယ့်
ဝန်ကြီးချုပ်အိုင်စတန်ရဲ့သမီး မေသီရာလေ"

"အင်း.."

"သူမက မြို့တော်ရဲ့အမြင့်ဆုံး မျှော်စင်ကနေ
ဆွဲကြိုးချ သတ်သေသွားတယ် အကိုလေးရဲ့"

"အော် သတ်သေသွားတယ်"

"ဟုတ်တယ် အဲ့ကောင်မလေးလည်း
သူ့အဖေစိတ်ကြောင့်ပဲထင်ပါတယ်"

"ဟုတ်လောက်မာပါ အဒေါ်ကြီးလည်း
လုပ်စရာရှိတာလုပ်တော့လေ"

"ဟုတ်အကိုလေး မနက်စာပြင်ပြီးပြီနော်"

"ရတယ် ရတယ်"

ကော်ဖီခွက်လေးဖြည်းဖြည်းချင်းမွှေရင်း
မဲ့ပြုံးလေးက ခပ်ရေးရေးပေါ်လာသည်။
ဈာပနနှစ်ခုဆက်တိုက်ဖြစ်သွားတာ
စိတ်မကောင်းဘူး..ဒါပေမယ့်လည်း
မြို့တော်မှာအညစ်အကြေးတွေ
ကင်းစင်သွားတာပေါ့။သိပ်မကြာခင်
Jeonတစ်ယောက်ရေးကြီးသုတ်ပြာဖြင့်
စာရွက်စာတမ်းတစ်ချို့ကိုင်ကာဆင်းလာသည်။
သူကတော့ ခပ်ပြုံးပြုံးဖြင့်သာ။

"အိမ်တော်ထိန်းကြီး ကျွန်တော့်ကို
ကော်ဖီတစ်ခွက်လောက်ဖျော်ပေးပါ
မြန်မြန်လေး.."

အိမ်တော်ထိန်းကြီးကိုလက်ကာပြပြီး
မောင် ထသွားသည်။Jeonကတော့မသိသေး
စာရွက်ဖြူ ဖြူ များပေါ်သာအာရုံရောက်နေသည်။
ချပေးလိုက်တယ့်ကော်ဖီကို လှမ်းယူပြီး
တစ်ငုံငုံလိုက်တော့..

"ဝါး..အိမ်တော်ထိန်းကြီးလက်ရာတိုးတက်လာ
ပြီပဲ..ကျွန်တော်အကြိုက်-"
ချီးကျူးရင်းနဲ့မော့ကြည့်လိုက်တော့
ငုံ့မိုးကြည့်နေသော မောင်။

"အဲ့တာ မောင်ဖျော်တာJeonရဲ့"
Jeonရဲ့ဖီးသင်ထားတယ့် ဆံသားတို့ကို
ဖိကာပွတ်ရင်းဆိုလာသည်။
ကြောင်အနေသူ Jeonသည်
မျက်လုံးလေးတွေဝိုင်းလျက်။

"မောင်..မောင် ဖျော်တာ?"

"ဟုတ်တယ် Jeon"
မောင် ရွှင်လန်းနေပုံရသည်။
မောင်ပျော်နေရင် သူလည်းပျော်ပါသည်။
မြန်ဆန်နေတယ့်နှလုံးခုန်သံတို့ကို ထိန်းချုပ်
ကာ Jeonပြုံးပြလိုက်သည်။

"Jeonအကြိုက်နဲ့ကွက်တိပဲ..အရင်တုန်းက
အိမ်တော်ထိန်းကြီးဖျော်ရင် တစ်ခေါက်က
အနည်းဆုံးပြန်ပြင်ခိုင်းရတယ် "

"မောင် ဖျော်လိုက်တာ အဆင်ပြေတယ်ကြား
ရတော့ ဝမ်းသာပါတယ်"

ဒီလိုနဲ့ပဲ ပျော်စရာကောင်းတယ်ဟုမဆိုနိုင်ပါ
သော အနည်းငယ်ကြည်နူးစရာကောင်းသည့်
မနက်စာစားဝိုင်းလေးသည် ပြီးဆုံးခဲ့သည်။
Jeonကပြောသွားသည် သူနောက်ကျမည်တဲ့
မေသီရာကိစ္စရယ် သူမမိသားစုရဲ့လုပ်ရပ်
အချို့ကြောင့်ရယ်လို့တော့ ပြောသည်။
သူကခေါင်းငြိမ့်ပြရုံကလွဲပြီး ဘာလုပ်ရမည်
လည်း။

လေချွန်ရင်းဖြင့်အပေါ်ထပ်ကိုတက်လာခဲ့သည်။
ကုတင်ပေါ်ပြန်လှဲချရင်း တစ်ယောက်သောသူ
ရဲ့အငွေ့အသက်တို့ကို ခံစားမိသည်။
မျက်နှာကြက်ကိုကြည့်နေရင်း အတိတ်တို့ဆီ
တစ်ချက် လွင့်မျောမိတော့...

ဂျီမင်းရဲ့ဘဝက ထင်သလောက်မရိုးရှင်းခဲ့ပါ။

မိဘနှစ်ပါးနှင့်သားသမီးသုံးယောက်ရှိသော
မိသားစုတွင် သူသည်အကြီးဆုံးဖြစ်သည်။
ညီငယ်နှင့်ညီမငယ်သည် သူ့ဘဝအတွက်
အရာရာပင်။ဒါပေမယ့်..ဒါပေမယ့် ကံကြမ္မာ
သည် လှပစွာလှည့်စားပြီး ရက်စက်စွာ
ချေဖျက်ခဲ့သည်။ရစ်သိုင်းထားတယ့်ပုဝါစ
တွေထဲကမှ လည်ပင်းဆီက ပုဝါလေးကို
ဆွဲယူလိုက်တော့...

M T B  & ️ S S L
        N R Gru
E T R  &  K S R

ကနုတ်ပန်းအလှလေးတွေနဲ့ ပုံဖော်ထားတယ့်
စာလုံးလေးတွေ။အမေအချိန်ကုန်ခံ
ပုံဖော်ထားတာမို့ သိပ်ကိုတန်ဖိုးထားပါသည်။
ဗီဒိုကြီးဆီထလာပြီး ဘူးတစ်ဘူးထုတ်လာသည်။ဘူးထဲတွင် မီးကျွမ်းခံထားရပုံပေါ်တယ့်
ပုဝါစနှစ်ခုရှိသည်။ထိုပုဝါစလေးတွေတွင်လည်း
စာလုံးလေးတွေကရှိနေသည်။သို့ပေမယ့်
မီးဒဏ်ကြောင့် သိပ်မပေါ်တော့ပါ။ပျက်နေတယ့်
နေရာမာပျက်နေကြသည်။
တောက်ကနဲကျလာတယ့်မျက်ရည်တွေက
ပုဝါစတွေပေါ်အစီအရီလိမ့်ဆင်းလာသည်။

သူ့အတိတ်တွေဟာ မလှပခဲ့....

"ကိုကို!!အယ်သာတို့ကိုကယ်ပါအုန်း"
တရိပ်ရိပ်တောက်လောင်နေတယ့် မီးတောက်
တွေကြားက အော်သံတွေ။

"သားကြီး!!လွတ်အောင်ပြေး..!!"
နောက်ဆုံးကြားခဲ့ရတယ့်အမေ့အော်သံ။

သူ့အင်္ကျီလေးနဲ့လည်ပင်းမာပုဝါစလေးမာ
နီရင့်ရင့်သွေးတို့စွန်းထင်နေသည်။
သွေးတို့စီးကျရာနေရာသည် ရင်ဘတ်ဆီက
ထိုးစိုက်ထားသော ဓားဆီမှဖြစ်သည်။
ဗိုက်အားအရှိန်ပြင်းပြင်းကန်ချက်ကိုခံယူပြီး
နောက် အနောက်ဖက်ကချောက်ကမ်းပါး
အတွင်းသို့ သူပြုတ်ကျသွားခဲ့ရာမှ
သူ့ဘဝအဆုံးသတ်ခဲ့ပြီ။

_______________
ဤတွင်အပိုင်း(၅)ပြီး၏။
_______________
#Alexandrine Kim
#29112021

Bạn đang đọc truyện trên: AzTruyen.Top