3

အပိုင်း(၃)
___________

#Zawgyi

ရှိမနေပြန်...
လျော့ချသွားစေလိုသည်...



ကျ မောင်နိုးလာခဲ့သည်..
ခဲ့သည်..

ပင့်ကူလေးတစ်ကောင်ကဲ့သို့ပင်..

အား ရှာဖွေနေဟန်..

ပါသနည်း..

ဝင်လာခဲ့သည်..


နေတာ.."

"hmm?"

ကြိုက်လို့.."


"..."


"ဟမ်!!?"



"ဘာလို့လဲဟင်??"
သူသိချင်သည်..။

"hmm..ဒီလိုပါပဲ.."

"Jeonကိုလွမ်းလို့လား..?"




ရောက်နေမှန်းပင် မသိ..။

အတူတကွစီးဝင်လျက်..


စုဝေးခဲ့သည်..။

.........

လစ်ဟာလျက်...

ထိုသူ ဘယ်ရောက်နေတာလဲ?

သူသိပ်မတွေးတော့ဘဲ..
ဝင်ခဲ့လိုက်တော့တယ်..။

သူတွေးမိသည်က..

တာလဲ" ဟူ၍။


ထိုသူသည်....
မိန်းမလှလေး"မေသီရာ"။

နှုတ်ဆက်နေသည်..
သူကဘာလုပ်နေလဲ..?
ထဲသွားနေသည်ပေါ့..။




သေးလဲ"


"အင်း အင်း ရပြီ.."

ဝင်တိုက်မိသည်...

"ဟဲ့နင်မမြင်ဘူးလား"

"အင်း "

"ဘာ!!"




"အော်...ငါနင့်ကိုသိပြီ ..
လိုလိုကောင်ပဲ.."

အမူအရာတစ်ခုမှမရှိ..
သာ ကြည့်နေသည်..။





ယောကျာ်းပျက်ကဘယ်လောက်များမြို့တော်ဝန်

မိန်းမလှလေး.."

အံ့သြလျက်..။

မိန်းမလှမေသီရာပင်..။

နသော ကော်ဖီခွက်ဖြင့် လှမ်းပက်လိုက်တော့
ည်..။





စူးစိုက်ကြည့်နေသည်..။
မေသီရာ.."..။


________________
ဤတွင်အပိုင်း(၃)ပြီး၏။
________________
#Alexandrine Kim
#

24112021

အပိုင်း(၃)
___________

#Zawgyi

အခန်းထဲကိုပြန်ရောက်တော့ အရင်လိုမောင်
ရှိမနေပြန်...
သူရှိခဲ့ရတယ့်စိတ်ညစ်စရာကောင်းလှအောင်
မွန်းကြပ်လှတယ့် စကားဝိုင်းကြောင့်
သူစိတ်တွေပြေပျောက်အောင်
လေသာဆောင်ဆီလာလိုက်တော့တယ်...
လေနုအေးလေးကိုခံစားရင်း ပင်ပန်းတာတွေ
လျော့ချသွားစေလိုသည်...
ထိန်သာနေပါတယ့် လဝန်းကြီးအား ငေးမောနေ
ရင်း သတိထားမိသွားသည့်ပတ်ဝန်းကျင်...

စံအိမ်တော်ကြီးရဲ့ အိမ်ရှေ့ဘေးနားမာ
ဆောက်ထားတယ့် အလှမျှော်စင်တစ်ခုရှိသည်

ကန့်သတ်နယ်မြေဆိုပေမယ့်..
မျှော်စင်ဘောင်တန်းတွေမာ
တွဲလွဲကျနေတယ့်ပုဝါစရှည်တွေနဲ့မောင်..။
ပုဝါစရှည်တွေကြားထဲမာရစ်သိုင်းကာ
ပုခတ်တွေထဲမာရှိတယ့်ပုံစံမျိုးလို
တွဲလွဲခိုနေသည်။

အရင်လိုခြေထောက်တစ်ဖက်မချထားဘဲ
နှစ်ဖက်လုံးပုဝါစတွေနဲ့ရစ်ပတ်ထားတာက
မောင်အိပ်မောကျနေသည်ကိုဆိုလိုသည်..
မျှော်စင်နဲ့သူအခုရှိနေတယ့်
လေသာဆောင်နဲ့ကတည့်တန်းပင်မို့
သူငေးနေလိုက်သည်...
လေတိုက်လျှင်တချက်တချက်
လွင့်လူသွားသည့်
ပုဝါစတွေနဲ့ငွေမှင်ရောင်ဆံနွယ်တွေ..
ဖြာကျနေတယ့်လရောင်နဲ့ပနံ့သင်းစွာ...

အချိန်တွေကုန်လွန်လာရင်းသန်းခေါင်အချိန်
ကျ မောင်နိုးလာခဲ့သည်..
ပုဝါစတွေကိုကျွမ်းကျင်စွာကိုင်တွယ်ရင်း..
သုံးထပ်တိုက်အမြင့်နည်းပါးရှိတယ့် မျှော်စင်ရဲ့
ထိပ်ဆုံးဘောင်တန်းတွေကနေဆင်းသက်လာ
ခဲ့သည်..

မောင်သည်ထိုကဲ့သို့အချိန်များတွင်
ပင့်ကူလေးတစ်ကောင်ကဲ့သိုု့ပင်..

ဘေးဘီဝဲယာကိုကြည့်ရှုနေပုံကတစ်စုံတစ်ခု
အား ရှာဖွေနေဟန်..
သက်ပြင်းလေးတွေချလိုက်လေသလားတော့
မသိ..အနည်းငယ်စိတ်ရှုပ်သွားတယ့်
သဏ္ဌာန်နဲ့စံအိမ်တော်ထဲကိုပြန်ဝင်လာသည်

ဘယ်အရာတွေကများမောင့်ကိုစိတ်ညစ်စေ
ပါသနည်း..

"ချောက်"ကနဲတံခါးဖွင့်သံနဲ့အတူ မောင်
ဝင်လာခဲ့သည်..

"အော်...Jeonကပြန်တောင်ရောက်နေပြီပဲ
မောင်က မရောက်သေးဘူးထင်နေတာ"

"Jeonကရောက်တာကြာပြီ..မောင့်ကိုကြည့်
နေတာ.."

"hmm?"

"မျှော်စင်မာရှိနေတယ့်ပုံစံကို Jeonတကယ်
ကြိုက်လို့.."

"အော်..အမှန်တိုင်းပြောရရင်တော့.."

"..."

"မောင်ကJeonကိုစောင့်နေတာ.."

"ဟမ်!!?"
နေလာခဲ့တယ့် သုံးနှစ်သက်တမ်းတလျှောက်
မာကြားလိုက်ရတယ့် အံဖွယ်စကားတစ်ခွန်း..။

"မောင် ဘာ ဘာ ပြောလိုက်တယ်?"

"အော် မောင် Jeonကိုစောင့်နေတာလို့"

"ဘာလို့လဲဟင်??"
အကြောင်းပြချက်ကတော့ သေချာပေါက်ရှိလိမ့်
မည်..ကောင်းသည်ဖြစ်ဖြစ်ဆိုးသည်ဖြစ်ဖြစ်
သူသိချင်သည်..။

"hmm..ဒီလိုပါပဲ.."

"Jeonကိုလွမ်းလို့လား..?"

"လွမ်းတယ်ရယ်တော့မဟုတ်ပါဘူး Jeonရှိ
နေကျအချိန်မရှိတော့ နေရတာတမျိုးပေါ့ကွာ
သိတယ်မလား ရှိနေကျပစ္စည်းတစ်ခုမရှိနေရင်
ဟာတာတာကြီးဖြစ်နေသလိုပေါ့.."

ရှိနေကျပစ္စည်း?သူကပစ္စည်းတစ်ခုပေါ့..
ပစ္စည်းတစ်ခုလိုပဲပေါ့...။

"မောင် အိပ်တော့မယ် Jeon"

သူပြန်မဖြေမိပါ..သူစိတ်တွေသည် ဘယ်ဆီ
ရောက်နေမှန်းပင် မသိ..။

ချယ်ရီလရောင်ဆီသို့ရောက်လာခဲ့ရင်း..
ဝမ်းနည်းစွာ မျက်ရည်တို့ကိုလွှတ်ချမိသည်..
ကန်ထဲကရေတွေနဲ့အတူ မျက်ရည်တွေဟာ
အတူတကွစီးဝင်လျက်..
ပန်းပွင့်တွေမာလည်း မျက်ရည်စတို့လား
ရေစက်တို့လားမသဲကွဲသည့် ရေမှုန်များ..

ချစ်မိရင်ရှုံးတယ်ဆိုတာအမှန်ပဲ..
ဘယ်လောက်ပဲပိုင်ဆိုင်တယ်ဆိုအုန်းတော့
ချစ်ရသူကမှပြန်မချစ်ရင် အလိုလိုရှုံးနေပြီးသား

မျက်နှာတစ်ခုလုံးကိုရေအောက်သို့ပို့ချလိုက်ရင်း
ပူဖောင်းလေးတွေက အထက်သို့ဆန်တက်လာ
ရင်း..မျက်တောင်ရှည်တို့မှိတ်ချလိုက်ပြီ..။
ပန်းပွင့်ဖတ်တစ်ချို့ဟာလည်း သူ့အနားကို
စုဝေးခဲ့သည်..။
ရှိုက်ငိုသံတွေပြည့်နှက်ခဲ့တယ့် ကန်ဟာလည်း
အခုတော့ ငြိမ်သက်ခြင်းအတိပြီးလျက်..။

.........

သူနိုးလာတော့ အစောကြီးရှိသေးပုံရသည်..
ဘေးနားကရှိနေကျနေရာလေးဟာ
လစ်ဟာလျက်...

ထိုသူ ဘယ်ရောက်နေတာလဲ?

အော်..သူကိစ္စနဲ့သူရှိနေမာပေါ့..
ထိုသူကအလုပ်သိပ်များတယ့် နိုင်ငံကိုအုပ်ချုပ်
ရတော့မယ့်မြို့တော်ဝန်ပဲမဟုတ်ဘား..။
သူသိပ်မတွေးတော့ဘဲ..
ကိုယ်လက်သန့်စင်ရန်သာ ရေချိုးခန်းထဲ
ဝင်ခဲ့လိုက်တော့တယ်..။

လှေကားထစ်ပေါင်းရာချီကိုသူဆင်းလာရင်း..
သူတွေးမိသည်က..

"ဘာလို့အဲ့လောက်အမြင့်ကြီးဆောက်ထားရ
တာလဲ" ဟူ၍။

ပထမထပ်နှင့်အောက်ထပ်ကိုပင်ဆက်သွယ်
ထားသည်လှေကားသည်အမြင့်ကြီးဖြစ်သည်။
ဝေ့သွယ်ကာ ပြုလုပ်ထားခြင်းသည်
အမြင်ကတော့တင့်တယ်လျက်ရှိသည်။
သို့ပေမယ့်ဆင်းရတက်ရတာကတော့
အတော့်ကိုပျင်းစရာပင်..။

အောက်ထပ်ကိုရောက်လာတော့ စံအိမ်အဝက
အရိပ်တစ်ခုကိုသူမြင်လိုက်သည်..
အရိပ်သည်ပီပြင်လာသည်နှင့်အမျှ
ထိုသူသည်....
မိန်းမလှလေး"မေသီရာ"။

ကောက်ကြောင်းတွေကိုအလှပဆုံးဖော်ကာ
စံအိမ်တော်အတွင်းဝင်ရောက်လာသည်..
အိမ်စေတွေကတော့ အရိုအသေပြုလျက်
နှုတ်ဆက်နေသည်..
သူကဘာလုပ်နေလဲ..?
ဘာလုပ်ရမလဲ..မနက်စာစားဖို့ထမင်းစားခန်း
ထဲသွားနေသည်ပေါ့..။

အိမ်စေတစ်ယောက်ကိုခေါ်ပြီး..

"နင့်တို့ သခင် ဘယ်ရောက်နေလဲ"

"မနက်ထဲကအောက်ကိုမဆင်းလာသေးပါဘူး"

"မဆင်းလာသေးဘူးလား သူညကဘယ်သွား
သေးလဲ"

ခေတ္တစဉ်းစားဟန်ပြုပြီးမှ..
"ချယ်ရီလရောင်ကန်ဘက်ကိုသွားတယ်"

"အင်း အင်း ရပြီ.."

တစ်ခုခုများဖြစ်သလားလို့တွေးမိပြီးခုံက
ထတော့စောနက မိန်းမလှလေးမေသီရာနဲ့
ဝင်တိုက်မိသည်...

"ဟဲ့နင်မမြင်ဘူးလား"

"အင်း "

"ဘာ!!"

"မမြင်လိုက်လို့တိုက်မိတာပေါ့ဟ မြင်ရင်
မင်းကို အလကားတောင်ဝင်မတိုက်ဘူး"

"လူးပါးဝတာကျန်း နင်ကဘာကောင်လဲ.!!"

"ငါလား..?ငါက ပတ်ခ်ဂျီမင်းလေ.."

"အော်...ငါနင့်ကိုသိပြီ ..
နင်ကမြို့တော်ဝန်လောင်းနားမာ
ကပ်စားရပ်စားလုပ်နေတယ့် ကချေသည်
လိုလိုကောင်ပဲ.."

စကားလုံးများကပြင်းထန်နေသောလည်း
ဂျီမင်း၏မျက်နှာမာ
စိတ်ဆိုးခြင်းဒေါသထွက်ခြင်း
အမူအရာတစ်ခုမှမရှိ..
အေးတိအေးစက်မျက်ဝန်းများနဲ့
မျက်နှာသေဖြင့်သာ ကြည့်နေသည်..။

"အင်းဟုတ်တယ် အဲ့တာဘာဖြစ်လို့လဲ"

"ဟက်!တော်တော်မျက်နှာပြောင်
တိုက်တာပဲနင်မရှက်ဘူးလား
သူများစီမှာချူ စားနေတာ"

"ဟိုကတောင်ငါ့ကိုဘာမှမပြောတာ
ငါကဘာကိုရှက်ရမာလဲ
မိန်းမလှလေးရဲ့"

ပေါ့ပျက်ပျက်စကားလုံးများက
မိန်းမလှလေးမေသီရာရဲ့
ဒေါသကိုစွပေးနေသည့်အလား.။

"တောက်!!ကြည့်ကြသေးတာပေါ့ နင့်လို
ယောက်ျားပျက်ကဘယ်လောက်များ
မြို့တော်ဝန်နား
ကပ်တွယ်နေနိုင်အုန်းမလဲလို့.."

"အင်း အင်း အေးဆေးကြည့်နေလိုက်တော့
ငါအခုလုပ်စရာရှိသေးလို့ ဖယ်ပေးအုန်းနော်
မိန်းမလှလေး.."

ပုံမှန်အတိုင်းသာပြန်တုန့်ပြန်သွားတယ့်
ဂျီမင်းကို အိမ်စေတွေရော မေသီရာရော
အံ့သြလျက်..။

မာနထိခိုက်အောင်ပြောဆိုပေမယ့် အခုတော့
အဖက်လုပ်ခြင်းမခံရဘဲ
အရှက်ကွဲသွားသည်က
မိန်းမလှမေသီရာပင်..။

မျက်နှာတို့နီမြန်လာပြီး..
စားပွဲပေါ်က ပူလောင်နေသော ကော်ဖီခွက်ဖြင့်
လှမ်းပက်လိုက်တော့သည်..။

ကျောပေးကာထွက်သွားနေပြီဖြစ်တယ့်ဂျီမင်းရဲ့
ကျောပြင်တစ်ခုလုံးကိုစိုရွှဲသွားသည်..။

အညိုရောင်ကော်ဖီတွေက အပြာနုရောင်
အကျီလေးနဲ့ပုဝါစရှည်တွေအပေါ်က
အလှတွေကိုဖျက်ဆီးနေသလိုပင်
ပူလောင်သွားတယ့်ကျောပြင်ကိုပင်
လစ်လျှူ ရှုကာ သွားရာကိုသာ
ဆက်လျှောက်သွားတယ့်ဂျီမင်း..။

ကော်ဖီခွက်အားစားပွဲပေါ်ကိုဆောင့်ချလိုက်ပြီး..

"တော်တော်အရေထူတယ့်ကောင် တောက်!!"
ဂျီမင်းကိုဝင်တိုက်ကာ လှေကားထစ်တွေပေါ်
ဆောင့်အောင့်ကာတက်သွားလေသည်..။

ထိုတက်သွားတယ့်ကျောပြင်ကို ဂျီမင်း
စူးစိုက်ကြည့်နေသည်..။
တိုးတိုးလေးရေရွတ်လိုက်တယ့်စကားသံကို
ကာယကံရှင်မှလွဲပြီး မည်သူမှမကြားလိုက်..။
"အခုနာကျင်မှုအတွက်မင်းပြန်ပေးဆပ်ရမယ်
မေသီရာ.."..။

နာကျင်နေကြောင်းထုတ်မပြခဲ့ပေမယ့်လည်း
ကြိုးကြာငယ်သည်လည်းနာကျင်ခဲ့ရပါသည်။

________________
ဤတွင်အပိုင်း(၃)ပြီး၏။
________________
#Alexandrine Kim
#24112021

Bạn đang đọc truyện trên: AzTruyen.Top