2
အပိုင်း(၂)
__________
#Zawgyi
နိုင်ငံတစ်နိုင်ငံ..။
နိုင်ငံရှိလူများသည်
အရက်စက်ဆုံးဖြစ်သည်...။
မြို့တော်ဝန်Jeonကို
ဆက်ဆံသည်..
အောင် အပြစ်ပေးသည်..။
သတင်းမွှေးပျံ့လှသည်။
ဝမ်းနည်းနေကြရသည်..။
မြို့တော်ဝန်Jeonသည်
____________________________
သည်..။
စကားသံဖြစ်သည်။
နော် မောင်.."
ဆိုလိုက်သည်..။
"မလိုဘူး"
အကျီင်္ကြယ်သီးတွေကိုဖြုတ်နေရင်းမှလှည့်
ကြည့်သည်..။
ပြသည်..။
လိုက်တယ်..။
"ဒါ..ဒါ..ဒါက"
သည်..။
နူးညံ့လိုက်တာ"
"မောင်ကြိုက်တယ်မလား"
"အင်း မောင် သဘောကျတယ်"
နွေးထွေးစေခဲ့ပါတယ်..။
"Jeon"
"ဟင်?"
သိမ်းထားပေးစမ်းပါ.."
မောင်ပြောပြခဲ့မယ်"
လား...?"
မလုပ်ပါနဲ့...မောင်ရယ်..။
စနစ်တကျသိမ်းနေတယ်..။
"Jeonရေသွားချိုးတော့"
ကျောခိုင်းခဲ့တယ်။
တာကို Jeonမသိခဲ့ပါ...။
အိမ်စေတစ်ယောက်အား..
"သူ ဘယ်သွားတာလဲ"
သခင်.."
"အင်း"
ထည့်စိမ်ထားသလိုပင်..။
ကာJeonသခင်လေးအတွက်
မောင်ကတော့ အလွယ်တကူ
ဝင်ထွက်လို့ရလေသည်..။
ဝင်လိုက်တော့
နီရဲသွားခဲ့လေသလား?
နည်းနည်းလေးမှမလှုပ်..။
အပျိုလေးလိုပင်..။
ဆန်းကြယ်လိုက်တာ..။
"Jeon ဘာလိုချင်လို့လဲ"
ချင်လို့"
Jeonမမြင်ခဲ့ပါ..။
ကြိုးကြာငယ်ဟာလည်း
_________________
ဤတွင် အပိုင်း(၂)ပြီး၏။
_________________
#Alexandrine Kim
#21112021
အိုင် နိ့ ဖိဘတ် ⊙︿⊙
ပလိစ် ဂစ် မီ ಥ_ಥ
အပိုင်း(၂)
__________
#Unicode
မြို့နယ်(၁၀၀)ပေါင်းလျှင် တစ်ပြည်နယ်(ခရိုင်)။
ပြည်နယ်ပေါင်း(၁၀)ခုလျှင် တိုင်းတစ်တိုင်း။
တိုင်းပေါင်း(၁၂)တိုင်းဖြင့်ဖွဲ့စည်းထားသော
နိုင်ငံတစ်နိုင်ငံ..။
ထိုနိုင်ငံတွင်အာဏာရှင်အုပ်ချုပ်သူသည်
မြို့တော်ဝန်များသာဖြစ်သည်..။
မြို့တော်ဝန်မျိုးရိုးတွင် အကြီးမားဆုံးမျိုးရိုးမှာ
"Jeon"မျိုးရိုးသာဖြစ်သည်..။
မြို့တော်ဝန်တွေ ရက်စက်စွာ
အာဏာကြီးစိုးမှုပြင်းထန်လာတယ့်အခါမှာ
နိုင်ငံရှိလူများသည်
ကြောက်ရွံ့ရိုသေကြရသည်။
ယခု အုပ်စိုးနေသော Jeonတို့မျိုးရိုးမှာ
အရက်စက်ဆုံးဖြစ်သည်...။
ရက်စက်သလောက်ထက်မြတ်သည်..။
နိုင်ငံသည် တခဏချင်းမှာ တိုးတက်ပြောင်းလဲ
ဲသွားမှုများသည် သက်သေပင်..။
ထိုကြောင့်ပြည်သူပြည်သားတိုင်းက
မြို့တော်ဝန်Jeonကို
ချစ်ကြောက်ရိုသေကြသည်။
အပြစ်မလုပ်လျှင် မြို့တော်ဝန်သည်
လက်အောက်ငယ်သားများကို ကောင်းမွန်စွာ
ဆက်ဆံသည်..
သို့ပေမယ့် အပြစ်လုပ်မိလျှင်တော့ ထိုက်တန်
အောင် အပြစ်ပေးသည်..။
ကျောသားရင်သားမခွဲခြားတာကြောင့်..
မြို့တော်ဝန်မာ တခြားနိုင်ငံများကြားထဲတွင်
သတင်းမွှေးပျံ့လှသည်။
လက်ရှိတွင်တော့ မြို့တော်ဝန်Jeonသည်
နာမကျန်းဖြစ်နေ၍ ပြည်သူပြည်သားအားလုံး
ဝမ်းနည်းနေကြရသည်..။
နောက်မကြာမီလအတွင်းတွင်လည်း
မြို့တော်ဝန်Jeonသည်
သူ၏တစ်ဦးတည်းသောမျိုးဆက်
ဖြစ်သည့် သားJeon JungKookအား
အရိုက်အရာလွှဲပေးတော့မည်ဖြစ်သည်..။
မြို့တော်ဝန်ထက်ပင်ထက်မြက်မည်ဟု
ခန့်မှန်းမိကြသဖြင့် ပြည်သူများမှာဝမ်းနည်း
သည့်ကြားမှပီတိဖြစ်နေရပြန်သည်..။
____________________________
"...ပွဲကစိတ်ညစ်စရာကောင်းလိုက်တာ"
သူ့ကိုဖိတ်ထားတယ့်ဝန်ကြီးသမီးတစ်ယောက်
ရဲ့မွေးနေပွဲကို မောင်နှင့်အတူတက်ရောက်ခဲ့
သည်..။
ပွဲရောက်သည်ကတည်းကငြိမ်သက်နေသော
မောင်သည် ယခုစံအိမ်ပြန်ရောက်မှ
ပထမဆုံးထွက်ပေါ်လာသော
စကားသံဖြစ်သည်။
"စိတ်ညစ်စရာကောင်းတယ့်ပွဲကို Jeonနဲ့တူတူ
လိုက်တက်ပေးတယ့် အရမ်းကျေးဇူးတင်တယ်
နော် မောင်.."
ပါးကိုခပ်ဖွဖွနမ်းလိုက်ကာ သူကျေးဇူးတင်စကား
ဆိုလိုက်သည်..။
"မလိုဘူး"
"ဒါပေမယ့် Jeonကတော့ ကျေးဇူးတင်တယ်
အဲ့တာကြောင့် လက်ဆောင်လေးပါပေးမလို့"
မောင်သည် ဝတ်ထားတယ့် အတွန့်ပါတယ့်
အင်္ကျီကြယ်သီးတွေကိုဖြုတ်နေရင်းမှလှည့်
ကြည့်သည်..။
ထို့နောက် ဘာလဲဆိုသောသဘောနဲ့မျက်ခုံးပင့်
ပြသည်..။
ဖြူ စွတ်နေတယ့် ကတ္တီပါသားဘူးလေးကိုပေး
လိုက်တယ်..။
မောင်ကဖွင့်ကြည့်လိုက်တော့...
"ဒါ..ဒါ..ဒါက"
နှင်းပွင့်တွေလိုမျိုးဖြူ စွတ်ပြီး အိစက်နေတယ့်
ပါးလှပ်လှပ်ပုဝါစရှည်တစ်ခု...။
အထဲကိုမြင်ရသည့်ပါးလှပ်လှပ် ပုဝါစပေါ်တွင်
ငွေရောင်အမှုန့်များနဲ့စီးကွင့်ကဲ့သို့
စိန်ပွင့်များက ညကောင်းကင်ယံက
ကြယ်တာရာတွေကဲ့သို့ပင်။
ပုဝါစရဲ့အဆုံးသတ်အနားကို စိန်အစစ်များဖြင့်
စီကာ လှလှလေးကွပ်ထားသည်။
ပုဝါစရဲ့အောက်ခြေနားတွင်တော့
ငွေချည်မျှင်ဖြင့် ကြိုးကြာငှက်
ပုံသဏ္ဌာန်ကိုဖော်ထားသည်..။
သူ မောင်ရဲ့မျက်ဝန်းထဲက လက်ခနဲဖြစ်သွား
တယ့် ပျော်ရွှင်မှုလေးတွေကို အံ့သြစရာကောင်း
လောက်အောင်ကိုမြင်လိုက်ရသည်..။
ရုတ်တရက်လှစ်ခနဲကော့တတ်သွားတယ့်
မောင့်နှုတ်ခမ်းပါးများ..။မောင်ပြုံးနေခဲ့တာ..
မြင်နေကျလှောင်ပြုံးများမဟုတ်ဘဲ
နှစ်နှစ်ခြိုက်ခြိုက်ကို မောင်ပြုံးနေခဲ့တာ...။
သတိလက်လွတ်ပြုံးနေခဲ့တယ့် မောင်ကို
သူသည်လည်းသတိလက်လွတ်ငေးမောနေခဲ့
သည်..။
"ဒါ ဘာ အသားနဲ့ လုပ်ထားတာလဲ..
နူးညံ့လိုက်တာ"
"အဲ့လိုသိပ်ကိုရှားတယ့်အသားပဲမောင်
Jeonတို့နိုင်ငံကဟာမဟုတ်ဘူး
နည်းနည်းဝေးတယ့်နိုင်ငံကပညာရှင်
တစ်ယောက်ကိုJeonလုပ်ခိုင်းထားတာ"
မောင်ကခေါင်းတငြိမ့်ငြိမ့်ဖြင့်..
"ဒါသိပ်ကိုလှပြီး ပြောက်မြောက်တယ့်
အနုပညာကို ဖော်ကျူးထားတာပဲ..."
ပုဝါစကိုခပ်ဖွဖွလးတို့ထိရင်းမောင်ဆိုလာသည်
"မောင်ကြိုက်တယ်မလား"
"အင်း မောင် သဘောကျတယ်"
တခါမှမကြားခဲ့ရတယ့် မောင့်ဆီကစကားစု
လေးတစ်ခုက သူ့ရင်ကိုအတိုင်းဆမဲ့
နွေးထွေးစေခဲ့ပါတယ်..။
"Jeon"
ပထမဆုံးပဲ..မောင့်ဘက်နေနူးနူးညံ့ညံ့စခေါ်တာ
"ဟင်?"
"တစ်ချိန်ကြရင်ပေါ့Jeonရာ မောင်မရှိတော့
ရင်ဒီပုဝါစကိုJeonကမောင့်အမှတ်နဲ့
သိမ်းထားပေးစမ်းပါ.."
"မောင်..!ဘာလို့မောင်ကမရှိရမာလဲ..
Jeonကမောင့်ကိုမရှိရတော့အဖြစ်ကို
လက်သင့်ခံမယ်ထင်နေလား"
"တစ်နေ့ကျရင် မောင် Jeonကို
မောင့်ရဲ့လျှို့ဝှက်ချက်လှလှလေးတစ်ခုကို
မောင်ပြောပြခဲ့မယ်"
"မောင် ဘာလို့ အဲ့လိုတွေပြောနေရတာလဲ,
မောင် Jeonကိုထားသွားဖို့ ကြံစည်နေတာ
လား...?"
မလုပ်ပါနဲ့...မောင်ရယ်..။
မောင် ပြန်မဖြေပါ..သူပေးတယ့်ပုဝါစလေးကို
ဘူးလေးထဲသေချာပြန်ထည့်ပြီး ဗီရိုလေးထဲမာ
စနစ်တကျသိမ်းနေတယ်..။
"Jeonရေသွားချိုးတော့"
ဝမ်းနည်းနေတယ့်စိတ်အစုံနဲ့ရေချိုးခန်းထဲကို
ကျောခိုင်းခဲ့တယ်။
တစ်စတစ်စကျယ်လောင်လာတယ့်ရေကျသံ
တွေကြား Jeonဟာငိုနေခဲ့တယ်..။
မကြားနိုင်တယ့်ရှိက်သံတွေဟာ ညံစီလို့..။
Jeonကိုယ်တိုင်မကြားခဲ့တယ့် ရှိက်သံတစ်ချို့
ဟာလည်း တစ်ချိန်တည်းမာပဲဖြစ်တည်နေခဲ့
တာကို Jeonမသိခဲ့ပါ...။
သူရေချိုးပြီးတော့ မောင်ရှိမနေခဲ့...
အိမ်စေတစ်ယောက်အား..
"သူ ဘယ်သွားတာလဲ"
"ချယ်ရီလရောင်ဆီကိုသွားတာတွေ့ပါတယ်
သခင်.."
"အင်း"
ချယ်ရီလရောင်ဆိုတာ ရေပူစမ်းကန်တစ်ခု
ဖြစ်သည်..။ထိုရေပူစမ်းထဲရှိရေများသည်
လရောင်စမ်းမြစ်မှဆေးဖက်ဝင်ရေများဖြစ်သည်။
ထိုမြစ်သည် လပြည့်ညဆိုလျှင် ရေများသည်
တဝင်းဝင်းတောက်ပလာကာ ရတနာတွေ
ထည့်စိမ်ထားသလိုပင်..။
ထိုညပြီးနောက်မနက်ထိုရေကိုသောက်သုံးပါက
ကြာရှည်စွဲကပ်နေသည့်ရောဂါတွေပင်
ပျောက်သည်ဟု ဒဏ္ဏာရီရှိခဲ့သည်..။
ထို့ကြောင့် ထိုမြစ်ကနေ စံအိမ်စီကို ရေသွယ်
ကာJeonသခင်လေးအတွက်
ရေပူစမ်းကန်ပြုလုပ်ထားပေးသည်..။
ထိုကန်သည် ကန့်သတ်နယ်မြေဖြစ်ကလင့်စား
မောင်ကတော့ အလွယ်တကူ
ဝင်ထွက်လို့ရလေသည်..။
လိုက်ကာစလေးကိုအသာလှပ်ပြီး
ဝင်လိုက်တော့
ပန်းပွင့်လေးတွေစိမ်ထားတယ့် ရေပူစမ်းကန်
လေးထဲမာ ငြိမ်သက်နေတယ့် မောင်..။
ဖြူ အုအုအသားအရည်လေးက ရေစက်လေး
တွေကြောင့် တလက်လက်တောက်ပနေသည်။
ကြည်လင်နေတယ့်ရေနဲ့ပန်းပွင့်လေးတွေရဲ့
အောက်မာ မက်မောဖွယ်ရာ အသားစိုင်တွေရှိ
သည်..။ထိုကမှအောက်ကိုအနည်းငယ်
ကြည့်မိတော့သူ့မျက်နှာအနည်းငယ်များ
နီရဲသွားခဲ့လေသလား?
အောက်ပိုင်းဘာမှမပါတယ့် မောင်..
သူကြည့်နေမှန်းသိရက်နဲ့တောင်
နည်းနည်းလေးမှမလှုပ်..။
သူကတော့ ရင်တွေခုန်ပြီးရှက်သွေးဖြာနေတာ
အပျိုလေးလိုပင်..။
မောင်သည် သူ့ဘဝမာမဖြစ်ဖူးတယ့်ခံစားချက်
တွေကို တကယ်ပေးစွမ်းနိုင်တယ့်လူသားပင်..။
သူကတော့ရေချိုးပြီးပြီမို့ ကန်ဘေးကနေသာ
မောင့် မျက်နှာကိုငေးမောနေလိုက်သည်..။
မိန်းမပျိုလေးတွေကို သူတစ်ချက်စိုက်ကြည့်ရုံမျှ
ဖြင့်ပင် ကြွေဆင်းနိုင်အောင်စွမ်းဆောင်နိုင်ပေ
မယ့် မောင့်ကိုတော့ မရနိုင်ပါ.မောင်ကတန်ပြန်
အကြည့်ပို့လိုက်ရုံဖြင့်ကြွေဆင်းသွားရတာကသူ
ဆန်းကြယ်လိုက်တာ..။
"Jeon ဘာလိုချင်လို့လဲ"
"ဘာရယ် မဟုတ်ပါဘူး ဒီတိုင်းမောင့်ကို ကြည့်
ချင်လို့"
မျက်ခွံတွေကိုပိတ်ချလိုက်တယ့်မောင်..။
နူးညံ့လှပလိုက်တာ..နတ်သားလေးတစ်ပါး
သူ့ရှေ့ရောက်နေသလိုပဲ..။
ရေစက်တွေတွဲလွဲခိုနေတာကြောင့်
မသိသာလိုက်တယ့်မျက်ရည်တစ်စက်ကို
Jeonမမြင်ခဲ့ပါ..။
တိမ်စိုင်တွေပဲငိုကြွေးခဲ့ခြင်းမဟုတ်..
မြေပြင်ထက်သက်ဆင်းသွားသည့်
ကြိုးကြာငယ်ဟာလည်း
မျက်ရည်စတို့ကိုသွန်ချခဲ့ပါသည်။
_________________
ဤတွင် အပိုင်း(၂)ပြီး၏။
_________________
#Alexandrine Kim
#21112021
အိုင် နိ့ ဖိဘတ် ⊙︿⊙
ပလိစ် ဂစ် မီ ಥ_ಥ
Bạn đang đọc truyện trên: AzTruyen.Top