1
အပိုင္း(၁)
__________
#Zawgyi
"သူဘယ္မာလဲ?"
"အခန္းထဲမာပဲေနေနပါတယ္ သခင္"
"အျပင္မထြက္ဘူးေပါ့"
"ဟုတ္ကဲ့ မထြက္ပါဘူး သခင္"
အညိဳေရာင္အခန္းဆီကို မာန္အျပည့္နဲ႔သာ
သူေလ်ွာက္လွမ္းလာတယ္..။
တံခါးေခါက္ျခင္း ခြင့္ေတာင္းျခင္းအလ်ွင္းမရွိပဲ
သူ ဖြင့္ကာ ေျခခ်လိုက္ေတာ့..
"ဝွစ္"ကနဲျမည္ကာေလအလ်င္နဲ႔
သူနဲ႔တည့္တည့္ကိုပ်ံလာတယ့္
တလက္လက္ေငြေရာင္ဓားတို..
ေခါင္းကိုအနည္းငယ္ေစာင္းငဲ့လိုက္ၿပီး...
ေရွာင္္တိမ္းလိုက္သည္ ။
"နင္တို႔ကိုငါတံခါးေခါက္ၿပီးမွဝင္လို႔
ေျပာတယ္ေလ!"
ေဒါသသံတစ္ခ်ိဳ႕နဲ႔ဟစ္ေႂကြးလိုက္တယ့္သူက
သူ႔ရဲ႕မူပိုင္ပုဝါစရွည္နဲ႔ ေလသာေဆာင္နဲ႔
အခန္းတြင္းၾကားက တံခါးဝမာတြဲလြဲခိုလ်က္
ရွိေနသည္..ထိုသူက"ေမာင္"
"အိမ္ေစေတြမဟုတ္ပါဘူး Jeonပါ"
"ေအာ္ Jeonပဲ ခရီးကျပန္လာၿပီေပါ့"
ျပန္လာၿပီလားဆိုတယ့္ စကားစုေနာက္မာ
သူ႔ကိုမ်ားလြမ္းေနတာလားလို႔ေတာ့
ရူးရူးႏွမ္းႏွမ္းေတြးမိပါေသးသည္..
"Jeonကိုလြမ္းလားေမာင္"
လြင့္ေမ်ာေနသည့္ေမာင့္အနားထိသြားကာ
တစ္ခ်က္ေမးမိေတာ့ေလွာင္ရယ္သံစြက္ကာ
"မလြမ္းဘူး"
ေမာင္ကအဲ့လိုပါပဲ...
သူ႔ကိုဘယ္ေတာ့မွ ေႏြးေထြးစြာေျဖၾကား
ဆက္ဆံခဲ့ျခင္းမရွိပါ..
သူ႔မွမဟုတ္ပါဘူး မည္သူ႔မဆို။
"Jeonနဲ႔မနက္ျဖန္ပြဲကိုလိုက္ေပး ေမာင္"
"ေမာင္ကဘာရမာလဲ"
ေမာင္ကဒီတစ္ခုေတာ့သူ႔ကို
လိုက္ေလ်ာခဲ့သည္
အဲ့တာက သူ႔ကိုယ္သူ"ေမာင္"လို႔သံုးနႈန္းၿပီး
သူ႔(Jung)ကိုေတာ့Jeonလို႔ေခၚေဝၚေစျခင္း..။
ဒါကလည္း သူ(Jung)ကစိန္စီထားတယ့္
ေငြသားစစ္စစ္ဓားတစ္ေခ်ာင္းေပးခဲ့လို႔ပင္..
"ေမာင္ကဘာလိုခ်င္လဲ"
"Jeonကအကုန္ေပးႏုိင္တာပဲ
ေမာင္သေဘာက်ေလာက္မယ့္ဟာကိုေပးေလ"
"Jeon မခန္႔မွန္းတတ္ဘူး "
မည္မ်ွပင္ထက္ျမတ္ေနေစကာမူ
Jeonသည္ ေမာင့္ရဲ႕ စကားစုေတြကိုေတာ့
ခန္႔မွန္းရန္ သိပ္ကိုခဲယဥ္းသည္။
ေမာင္သည္အျပင္ဘက္ကိုၾကည့္ေနရင္း
သူ႔ကိုစိုက္ၾကည့္လာသည္။ထို႔ေနာက္ မူပိုင္
ခပ္ေထ့ေထ့ေလွာင္ၿပံဳးကိုသာ ဆင္ျမန္းရင္း
"ထားပါေတာ့..ဒီတစ္ေခါက္ေတာ့မေတာင္း
ေတာ့ပါဘူး Jeonအတြက္သိပ္ခက္ခဲသလိုပဲ"
သူ႔ကိုသနားလို႔အေလ်ာ့ေပးလိုက္သည္ဆိုသည့္
သေဘာေဆာင္သည္။
ဘဝမာ ေ႐ႊဘံုစံမင္းသား၊လိုခ်င္တာမွန္သမ်ွ
လက္ညိွဳးထိုးရႏုိင္ကာ၊စိတ္ႀကိဳက္အမိန္႔ေပး
ႏုိင္သူမို႔ မည္သူ႔ကိုမွသနားစိတ္မဝင္ဘူးခဲ့သလို
အခုလို တစ္ပါးသူက သနားမည္ဟု စိတ္ကူးပင္
မယဥ္ခဲ့။ေမာင္သည္ သိပ္ကိုဆန္းၾကယ္လြန္း
ခဲ့ပါသည္။
သူတစ္ခါမွမျဖစ္ေပၚဖူးတယ့္ခံစားခ်က္ေတြကို
ျဖစ္ေပၚေစခဲ့သလို၊မလုပ္ဖူးတယ့္ အရာေတြကို
လုပ္ေစခဲ့သည္။လူတိုင္းရဲ႕သခင္၊ဘုရင္၊အရွင္
အျဖစ္ေမာ္ဖူးေစခဲ့တယ့္Jeonသည္
ယခုေတာ့လည္း ေမာင္ရဲ႕ေစရာအရုပ္ကေလး
အတိုင္းပင္..ေသဆိုေသရွင္ဆိုရွင္ျဖစ္ခဲ့သည္။
ထိုအရာေတြကို ေမာင္ကေတာ့ ဂရုပင္မထားခဲ့။
လစ္လ်ွဴ ရႈျခင္းႏွင့္တြဲဖက္ၿပီးေမြးဖြားလာတယ့္
ေမာင္က တေလာကလံုးကိုလည္း ဂရုမစိုက္
ေအးစက္စက္ျဖင့္ ေလွာင္ရယ္လ်က္ရွိေနခဲ့သည္။
ေက်ာေပးထားတယ့္ေမာင့္ကို
ဖက္ခ်င္ပါေသာ္လည္း
လက္ေတြ႕မာ Jeonကိုယ္တိုင္ဟာ
ေက်ာေပးလ်က္သာအိပ္စက္လိုက္ေတာ့သည္။
သန္းေခါင္တိတိ//
အထပ္ျမင့္ ေလသာေဆာင္မွ လစ္ခႏွဲေပ်ာက္
ကြယ္သြားတယ့္ အျဖဴ ေရာင္အရိပ္ကေလး။
အတိအက်ဆိုရင္ျဖင့္ ပုဝါစျဖဴ ေလး။
ပန္းခင္းေတြၾကားကလေရာင္ေအာက္မာ
အရိပ္မ်ွသာျမင္လိုက္ရၾကသည္။တရိပ္ရိပ္
တိုးထြက္ရင္းဦးတည္ရာသည္ ခပ္လွမ္းလွမ္းက
ေက်ာက္ေဆာင္ႀကီးျဖစ္သည္။
သိပ္မျမင့္ေပမယ့္လည္း ျပဳတ္က်ရင္ေတာ့
အနည္းဆံုး လက္က်ိဳးေျခက်ိဳးျဖစ္ေစႏုိင္သည့္
အျမင့္ရွိသည္။လက္တို႔ျဖင့္တြယ္တက္ျခင္းမျပဳပဲ
ပုဝါစတို႔ကို တြယ္ခ်ိတ္ရင္းျဖင့္သာ။
အေႏွာင့္အယွက္ေတြသာမရွိခဲ့ရင္
တိမ္စိုင္ငယ္နဲ႔ႀကိဳးၾကာငယ္တို႔ဟာ
ယခုအခ်ိန္မာ လွပစြာကႀကိဳးဆင္ေနၾကအုန္း
မာဆိုတာ ယံုတယ္မလား။
တိမ္စိုင္ေတြကဘာလို႔ ေနာက္ဆံုးခ်ိန္မာ
လွမ္းဆုပ္ဖမ္းမဆြဲခဲ့တာလဲ....
တိမ္စိုင္ငယ္က ေကာင္းကင္ထက္မာသာ
ျဖစ္တည္ႏုိင္တယ့္ ျဖစ္တည္မႈတစ္ခုျဖစ္ေန
ခဲ့တာမို႔ ေနာက္ဆံုးခ်ိန္ထိ ရင္နာနာနဲ႔
ၾကည့္ေနခဲ့ရတာ။
လဝန္းႀကီးေဘးနားက လြင့္ေမ်ာေနတယ့္
တိမ္စိုင္ေတြကိုအေၾကာင္းမဲ့ေငးၾကည့္ေနပါ
ေသာ ေမာင္..ေအးခ်မ္းတယ့္ေလျပည္ ဆံႏြယ္
ထက္ ကလူက်ီစယ္ျပန္ေတာ့ ေလထုထဲမာ
ေဝ့ဝဲေနသည္။
လမင္းႀကီးကိုမုန္းတယ္~
ေကာင္းကင္ျပာကိုမုန္းတယ္~
ေနစက္ဝန္းကိုလည္းမုန္းတယ္~
ေလျပည္ေတြကိုလည္းမုန္းတယ္~
ႀကိဳးၾကာငယ္ေလး ခ်စ္ခဲ့တာဆိုလို႔
တိမ္စိုင္ေလးပဲရွိခဲ့တာပါ။
ဒါေပမယ့္ေနာက္ဆံုးအခ်ိန္ထိ တိမ္စိုင္ငယ္
ေလးကိုေျပာျပခြင့္မရခဲ့တာ..
သိပ္ေၾကကြဲစရာ..။
မနက္ သံုးနာရီကိုခ်ဥ္းနင္းဝင္ေရာက္လာေတာ့
ေလသာေဆာင္ဆီကို အရိပ္ကေလးျပန္
ေရာက္လာခဲ့တယ္။ပံုမွန္အတိုင္းပဲ
ေက်ာေပးကာလွဲခ်လိုက္သည္။
အိပ္ေမာက်ေနတယ့္ Jeonကေတာ့
ဘာမွမသိခဲ့ပါ။
ေကာင္းကင္ထက္ကတိမ္စိုင္ကို
ေျမျပင္ေပၚက ႀကိဳးၾကာငယ္က
ခ်စ္ခြင့္ရွိပါ့မလား။
မျမင္ႏုိင္တယ့္စည္းနဲ႔တံတိုင္းတို႔က
ကာရံထားခဲ့ပါသည္။
လြမ္းေမာမႈ၊ခ်စ္ျခင္းေမတၱာ၊နာက်င္မႈ ေတြ
ေဘးဖယ္ထား..လစ္လွဴ ရႈျခင္းနဲ႔စတင္ၾကမယ္
ေအးစက္ျခင္းနဲ႔ ေရွ႕ဆက္တိုးကာ
ေနာက္ဆံုးမွာတိတ္တဆိတ္ေလးသာ
ထြက္သြားမယ္။
သည့္အတြက္အျပစ္မဆိုဖို႔ပဲေျပာခ်င္ပါတယ္။
ေမ်ွာ္လင့္ခ်က္ေတြမထားပဲ ရွင္သန္ၾကည့္ၾက
မယ္ေလ။မျဖစ္ႏုိင္မွန္းသိရက္နဲ႔ေမ်ွာ္လင့္ေန
တယ့္ သူေတြက ဦးေႏွာက္မဲ့သူေတြရဲ႕
လုပ္ရပ္ပဲ။ဒါေၾကာင့္ မည္သူ႔အေပၚကိုမွ
ေမ်ွာ္လင့္ခ်က္မထားခဲ့ပါ။
ထိုအခ်က္သည္ သူ႔ဘဝအတြက္
ေခ်ာေမြ့ေသာလမ္းသြယ္တစ္ခုျဖစ္ခဲ့ေလသည္။
_________________
ဤတြင္အပိုင္း(၁)ၿပီး၏။
_________________
#Alexandrine Kim
#18112021
အပိုင်း(၁)
__________
#Unicode
"သူဘယ်မာလဲ?"
"အခန်းထဲမာပဲနေနေပါတယ် သခင်"
"အပြင်မထွက်ဘူးပေါ့"
"ဟုတ်ကဲ့ မထွက်ပါဘူး သခင်"
အညိုရောင်အခန်းဆီကို မာန်အပြည့်နဲ့သာ
သူလျှောက်လှမ်းလာတယ်..။
တံခါးခေါက်ခြင်း ခွင့်တောင်းခြင်းအလျှင်းမရှိပဲ
သူ ဖွင့်ကာ ခြေချလိုက်တော့..
"ဝှစ်"ကနဲမြည်ကာလေအလျင်နဲ့
သူနဲ့တည့်တည့်ကိုပျံလာတယ့်
တလက်လက်ငွေရောင်ဓားတို..
ခေါင်းကိုအနည်းငယ်စောင်းငဲ့လိုက်ပြီး...
ရှောင်တိမ်းလိုက်သည် ။
"နင်တို့ကိုငါတံခါးခေါက်ပြီးမှဝင်လို့
ပြောတယ်လေ!"
ဒေါသသံတစ်ချို့နဲ့ဟစ်ကြွေးလိုက်တယ့်သူက
သူ့ရဲ့မူပိုင်ပုဝါစရှည်နဲ့ လေသာဆောင်နဲ့
အခန်းတွင်းကြားက တံခါးဝမာတွဲလွဲခိုလျက်
ရှိနေသည်..ထိုသူက"မောင်"
"အိမ်စေတွေမဟုတ်ပါဘူး Jeonပါ"
"အော် Jeonပဲ ခရီးကပြန်လာပြီပေါ့"
ပြန်လာပြီလားဆိုတယ့် စကားစုနောက်မာ
သူ့ကိုများလွမ်းနေတာလားလို့တော့
ရူးရူးနှမ်းနှမ်းတွေးမိပါသေးသည်..
"Jeonကိုလွမ်းလားမောင်"
လွင့်မျောနေသည့်မောင့်အနားထိသွားကာ
တစ်ချက်မေးမိတော့လှောင်ရယ်သံစွက်ကာ
"မလွမ်းဘူး"
မောင်ကအဲ့လိုပါပဲ...
သူ့ကိုဘယ်တော့မှ နွေးထွေးစွာဖြေကြား
ဆက်ဆံခဲ့ခြင်းမရှိပါ..
သူ့မှမဟုတ်ပါဘူး မည်သူ့မဆို။
"Jeonနဲ့မနက်ဖြန်ပွဲကိုလိုက်ပေး မောင်"
"မောင်ကဘာရမာလဲ"
မောင်ကဒီတစ်ခုတော့သူ့ကို
လိုက်လျောခဲ့သည်
အဲ့တာက သူ့ကိုယ်သူ"မောင်"လို့သုံးနှုန်းပြီး
သူ့(Jung)ကိုတော့Jeonလို့ခေါ်ဝေါ်စေခြင်း..။
ဒါကလည်း သူ(Jung)ကစိန်စီထားတယ့်
ငွေသားစစ်စစ်ဓားတစ်ချောင်းပေးခဲ့လို့ပင်..
"မောင်ကဘာလိုချင်လဲ"
"Jeonကအကုန်ပေးနိုင်တာပဲ
မောင်သဘောကျလောက်မယ့်ဟာကိုပေးလေ"
"Jeon မခန့်မှန်းတတ်ဘူး "
မည်မျှပင်ထက်မြတ်နေစေကာမူ
Jeonသည် မောင့်ရဲ့ စကားစုတွေကိုတော့
ခန့်မှန်းရန် သိပ်ကိုခဲယဉ်းသည်။
မောင်သည်အပြင်ဘက်ကိုကြည့်နေရင်း
သူ့ကိုစိုက်ကြည့်လာသည်။ထို့နောက် မူပိုင်
ခပ်ထေ့ထေ့လှောင်ပြုံးကိုသာ ဆင်မြန်းရင်း
"ထားပါတော့..ဒီတစ်ခေါက်တော့မတောင်း
တော့ပါဘူး Jeonအတွက်သိပ်ခက်ခဲသလိုပဲ"
သူ့ကိုသနားလို့အလျော့ပေးလိုက်သည်ဆိုသည့်
သဘောဆောင်သည်။
ဘဝမာ ရွှေဘုံစံမင်းသား၊လိုချင်တာမှန်သမျှ
လက်ညှိုးထိုးရနိုင်ကာ၊စိတ်ကြိုက်အမိန့်ပေး
နိုင်သူမို့ မည်သူ့ကိုမှသနားစိတ်မဝင်ဘူးခဲ့သလို
အခုလို တစ်ပါးသူက သနားမည်ဟု စိတ်ကူးပင်
မယဉ်ခဲ့။မောင်သည် သိပ်ကိုဆန်းကြယ်လွန်း
ခဲ့ပါသည်။
သူတစ်ခါမှမဖြစ်ပေါ်ဖူးတယ့်ခံစားချက်တွေကို
ဖြစ်ပေါ်စေခဲ့သလို၊မလုပ်ဖူးတယ့် အရာတွေကို
လုပ်စေခဲ့သည်။လူတိုင်းရဲ့သခင်၊ဘုရင်၊အရှင်
အဖြစ်မော်ဖူးစေခဲ့တယ့်Jeonသည်
ယခုတော့လည်း မောင်ရဲ့စေရာအရုပ်ကလေး
အတိုင်းပင်..သေဆိုသေရှင်ဆိုရှင်ဖြစ်ခဲ့သည်။
ထိုအရာတွေကို မောင်ကတော့ ဂရုပင်မထားခဲ့။
လစ်လျှူ ရှုခြင်းနှင့်တွဲဖက်ပြီးမွေးဖွားလာတယ့်
မောင်က တလောကလုံးကိုလည်း ဂရုမစိုက်
အေးစက်စက်ဖြင့် လှောင်ရယ်လျက်ရှိနေခဲ့သည်။
ကျောပေးထားတယ့်မောင့်ကို
ဖက်ချင်ပါသော်လည်း
လက်တွေ့မာ Jeonကိုယ်တိုင်ဟာ
ကျောပေးလျက်သာအိပ်စက်လိုက်တော့သည်။
သန်းခေါင်တိတိ//
အထပ်မြင့် လေသာဆောင်မှ လစ်ခနှဲပျောက်
ကွယ်သွားတယ့် အဖြူ ရောင်အရိပ်ကလေး။
အတိအကျဆိုရင်ဖြင့် ပုဝါစဖြူ လေး။
ပန်းခင်းတွေကြားကလရောင်အောက်မာ
အရိပ်မျှသာမြင်လိုက်ရကြသည်။တရိပ်ရိပ်
တိုးထွက်ရင်းဦးတည်ရာသည် ခပ်လှမ်းလှမ်းက
ကျောက်ဆောင်ကြီးဖြစ်သည်။
သိပ်မမြင့်ပေမယ့်လည်း ပြုတ်ကျရင်တော့
အနည်းဆုံး လက်ကျိုးခြေကျိုးဖြစ်စေနိုင်သည့်
အမြင့်ရှိသည်။လက်တို့ဖြင့်တွယ်တက်ခြင်းမပြုပဲ
ပုဝါစတို့ကို တွယ်ချိတ်ရင်းဖြင့်သာ။
အနှောင့်အယှက်တွေသာမရှိခဲ့ရင်
တိမ်စိုင်ငယ်နဲ့ကြိုးကြာငယ်တို့ဟာ
ယခုအချိန်မာ လှပစွာကကြိုးဆင်နေကြအုန်း
မာဆိုတာ ယုံတယ်မလား။
တိမ်စိုင်တွေကဘာလို့ နောက်ဆုံးချိန်မာ
လှမ်းဆုပ်ဖမ်းမဆွဲခဲ့တာလဲ....
တိမ်စိုင်ငယ်က ကောင်းကင်ထက်မာသာ
ဖြစ်တည်နိုင်တယ့် ဖြစ်တည်မှုတစ်ခုဖြစ်နေ
ခဲ့တာမို့ နောက်ဆုံးချိန်ထိ ရင်နာနာနဲ့
ကြည့်နေခဲ့ရတာ။
လဝန်းကြီးဘေးနားက လွင့်မျောနေတယ့်
တိမ်စိုင်တွေကိုအကြောင်းမဲ့ငေးကြည့်နေပါ
သော မောင်..အေးချမ်းတယ့်လေပြည် ဆံနွယ်
ထက် ကလူကျီစယ်ပြန်တော့ လေထုထဲမာ
ဝေ့ဝဲနေသည်။
လမင်းကြီးကိုမုန်းတယ်~
ကောင်းကင်ပြာကိုမုန်းတယ်~
နေစက်ဝန်းကိုလည်းမုန်းတယ်~
လေပြည်တွေကိုလည်းမုန်းတယ်~
ကြိုးကြာငယ်လေး ချစ်ခဲ့တာဆိုလို့
တိမ်စိုင်လေးပဲရှိခဲ့တာပါ။
ဒါပေမယ့်နောက်ဆုံးအချိန်ထိ တိမ်စိုင်ငယ်
လေးကိုပြောပြခွင့်မရခဲ့တာ..
သိပ်ကြေကွဲစရာ..။
မနက် သုံးနာရီကိုချဉ်းနင်းဝင်ရောက်လာတော့
လေသာဆောင်ဆီကို အရိပ်ကလေးပြန်
ရောက်လာခဲ့တယ်။ပုံမှန်အတိုင်းပဲ
ကျောပေးကာလှဲချလိုက်သည်။
အိပ်မောကျနေတယ့် Jeonကတော့
ဘာမှမသိခဲ့ပါ။
ကောင်းကင်ထက်ကတိမ်စိုင်ကို
မြေပြင်ပေါ်က ကြိုးကြာငယ်က
ချစ်ခွင့်ရှိပါ့မလား။
မမြင်နိုင်တယ့်စည်းနဲ့တံတိုင်းတို့က
ကာရံထားခဲ့ပါသည်။
လွမ်းမောမှု၊ချစ်ခြင်းမေတ္တာ၊နာကျင်မှု တွေ
ဘေးဖယ်ထား..လစ်လှူ ရှုခြင်းနဲ့စတင်ကြမယ်
အေးစက်ခြင်းနဲ့ ရှေ့ဆက်တိုးကာ
နောက်ဆုံးမှာတိတ်တဆိတ်လေးသာ
ထွက်သွားမယ်။
သည့်အတွက်အပြစ်မဆိုဖို့ပဲပြောချင်ပါတယ်။
မျှော်လင့်ချက်တွေမထားပဲ ရှင်သန်ကြည့်ကြ
မယ်လေ။မဖြစ်နိုင်မှန်းသိရက်နဲ့မျှော်လင့်နေ
တယ့် သူတွေက ဦးနှောက်မဲ့သူတွေရဲ့
လုပ်ရပ်ပဲ။ဒါကြောင့် မည်သူ့အပေါ်ကိုမှ
မျှော်လင့်ချက်မထားခဲ့ပါ။
ထိုအချက်သည် သူ့ဘဝအတွက်
ချောမွေ့သောလမ်းသွယ်တစ်ခုဖြစ်ခဲ့လေသည်။
_________________
ဤတွင်အပိုင်း(၁)ပြီး၏။
_________________
#Alexandrine Kim
#18112021
Bạn đang đọc truyện trên: AzTruyen.Top