3
[Zawgyi]
Matchmaking Alternative (1.3)
ထိတ်လန့်သွားတယ်....
=__=
↖(^ω^)↗
ဇီယွမ်!! "
ပညာတတ်... !!!!!
Fei Long "
ရှောင်းရီ !! "
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
ထိတ်လန့်သွားတယ်....
နိုနိုရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းနေတယ်၊ ခုချိန်ထိ သူမ ငြင်းခုန်ချင်နေတုန်းပဲ ၊ " ကျွန်မမလာခင်ထိ ရှင်ဘာလို့ ဓါတ်လှေကားကို မပိတ်တာလည်း "
ဒီစကားကိုကြားလိုက်တာနဲ့ ရှောင်းရီက လှည့်ကြည့်လာပြီး " ဘယ်သူက ကျွန်မကိုစောင့်ပါအုန်းဆိုပြီး ဓါတ်လှကားတံခါးနားထိ အော်နေတာလည်း " နိုနို မည်သို့ပြန်ဖြေရမလဲဆိုတာကို လုံးဝစဉ်းစားမရတော့ပဲ ရှောင်းရီကိုသာ ကြည့်နေလိုက်တယ် ။ ကြည့်ရတာ သူမ ဓါတ်လှေကားကို စောင့်ပါအုန်းလို့ တကယ်ကြီးပြောခဲ့တာပဲ ။
သူမခေါင်းပေါ်မှာ ???? တွေနဲ့ပြည့်သွားတယ် ၊ အရမ်းကို စိတ်ရှုပ်ထွေးနေတယ်
ရှောင်းရီက နောက်ပြန်လှည့်မကြည့်တော့ပဲ သူ့ရဲ့ ရုံးခန်းထဲကို တည့်တည့်မတ်မတ်သွားလိုက်တယ်၊ သူမ သူဠေးရဲ့ နောက်ကျောကိုကြည့်ရင်း ခနတာငေးမောနေရာမှ သတိပြန်ဝင်လာပြီး " ahh.... ငါနောက်ကျနေပြီ " သူမ ရိုးရိုး ဓါတ်လှေကားစီကို ပြေးသွားလိုက်တယ် ။
နိုနိုက အတိအကျကိုတွေးနေတယ် ၊ Blind date ကိစ္စနဲ့ ဓါတ်လှေကားအတူစီးမိတဲ့ ကိစ္စနှစ်ခု ဖြစ်ပြီးတဲ့နောက်မှာတော့ သူမသူဠေးက သေချာပေါက် သူမကို အလုပ်ထုတ်ပစ်တော့မှာပဲ။ ရလဒ်အနေနဲ့ တနင်္လာနေ့မှာလည်း ဘာလှုပ်ရှားမှုမှမရှိဘူး သူမသူဠေးက အရမ်းကိုအလုပ်များနေတာပဲ၊ အစည်းအဝေးပေါင်းများစွားကိုလည်း တက်နေရတယ် ။ အင်္ဂါနေ့မှာလည်း ဘာလှုပ်ရှားမှမှမရှိဘူး ၊ Fei long (Fat Dragon) production အဖွဲ့ရဲ့ project list အတွက် သူဠေးတို့က စျေးကွက်ထဲထိုးဖောက်ဝင်ရောက်ဖို့ရာအတွက် အကြံညဏ်ကောင်းတွေထွက်လာဖို့ရာ ဆွေးနွေးတိုင်ပင်နေကြတယ်လို့ ကြားခဲ့ရတယ်။ ဗုဒ္ဓဟူးနေ့မှာလည်း ဘာလှုပ်ရှားမှုမှမရှိခဲ့ဘူး ။ ဒီလိုပဲ ကြာသပတေးနေ့နဲ့ သောကြာနေ့မှာလည်း ငြိမ်းချမ်းနေခဲ့တယ်။ အဲ့နောက်မှာတော့ နိုနိုက စတင်ပြီး တွေးတောလာခဲ့တယ် ....
သေချာပေါက်ကို သူမသူဠေးက သူမတွေးနေသလိုမျိုးတွေ တွေးမိမှာမဟုတ်ဖူး၊ အတိအကျပဲ သူမသူဠေးက သူမလို့ အစမ်းခန့်ဝန်ထမ်းပေါက်စလေးကို ဘယ်လိုလုပ် စိတ်ထဲထားနေမှာလည်း ၊ သူမသူဠေးက သူမလုပ်ခဲ့တဲ့ အမှားတွေကို သေချာပေါက် မေ့သွားလောက်ပြီ ။
တစ်ဖက်မှာ နိုနိုက စိတ်လှုပ်ရှားနေသော်လည်း အခြားတစ်ဖက်မှာတော့ ထူးထူးဆန်းဆန်းတွေးနေမိတယ် ။ သူမ နည်းနည်းတော့ စိတ်ပျက်သွားမိတယ် ။ ယေဘုယအားဖြင့် ဝတ္ထုတွေထဲမှာဆိုရင် ဒီလိုမျိုးမဟုတ်ဘူး.... ကောင်လေးနဲ့ ကောင်မလေးက လုပ်ငန်းခွင်ထဲမှာ မတော်တဆ ပြသနာလေးတွေကနေ တွေ့ဆုံကြတယ် ၊ မတော်တဆအမှားလေးတွေကနေ ကောင်လေးက ကောင်မလေးကို ချစ်စရာကောင်းတယ်လို့ တွေးမိသွားကြတာလေ....
နိုနိုက မှန်ထဲက သူမပုံသူမကြည့်ရင်း ဖျစ်ညှစ်ပြီးပြုံးလိုက်တယ် ။ တကယ်တော့ သူမရဲ့ ရုပ်ရည်က သာမာန်ပါပဲ၊ သူမရဲ့မျက်နှာက လုံးဝန်းနေတဲ့ ပန်းသီးလိုပဲ ၊ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ပါးချိုင့်လေးတွေရှိတယ် ။
အားလုံးခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ နိုနိုရဲ့ မျက်နှာလေးက အရုပ်ကလေးလိုပဲ အလွန်ကိုမှ ချစ်စရာကောင်းတယ် ။ သူမရဲ့ ပါးဖောင်းဖောင်းလေးတွေက မြင်သူတိုင်းကို လာဆိတ်လှဲ့ပါလို့ ခေါ်နေသလိုပဲ ၊ ဗာဒံစေ့ပုံစံ မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ အရမ်းလည်း မပိန် အရမ်းလည်းမဝတဲ့ body လေးရှိတယ် ။ သို့ပေမယ့် နိုနိုရဲ့ပုံစံလေးက နုနယ်တဲ့ ကျောင်းသူလေးတစ်ယောက်ပုံ ပေါက်နေဆဲပဲ ။ ဒါကြောင့် တစ်ခြားလှပတဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက နိုနိုက ချစ်စရာကောင်းတယ်လို့မဆိုနိုင်ပါ။
=__=
သေချာတာပေါ့ ၊ သူမရဲ့ အကျိုးကြောင်းဆီလျော်တဲ့ သူဠေးက ရင့်ကျက်ပြီး sexy ကျတဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာ။
သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးအတွက် ၃စက္ကန့်လောက် ဝမ်းနည်းသွားတယ် ၊ သူမသူဠေးကို တွေးနေတာတွေကို ရပ်လိုက်ပြီး အလုပ်ခွင်ထဲကိုပြန်သွားလိုက်တယ် ။ တကယ်တန်းတော့ သူမသူဠေး သူမကို မမှတ်မိတာလည်း ကောင်းတာပဲ ။ သူမရဲ့ အိမ်ထောင်ရှိတယ်ဆိုတဲ့ လိမ်လည်မှုကြီးကို မထုတ်ဖော်ခံတော့ဘူး။ သူမအတွက် မျှော်လင့်ချက်ရှိသေးတယ် ။ နိုနိုရဲ့ သွေတွေတစ်ဖန်ဆူပွက်လာတယ် ။
တကယ်တော့ ဝန်ထမ်းအသစ်တစ်ယောက်အနေနဲ့ နိုနိုရဲ့ အလုပ်က ( company၏ ထုံးတန်းအစဉ်အလာ၊ project နှင့် လုပ်ငန်းလည်ပတ်မှုတွေကို ရင်းနှီးလာဖို့ရာက ) အရမ်းရိုးရှင်းတယ် ၊ အခြား company တွေရဲ့ အစမ်းခန့်ကာလကတော့ အရမ်းကိုပျင်းစရာကောင်းတယ် ။ Owl Wing မှာကတော့ အလုက်နဲ့ ရင်းနှီးဖို့ရာက game ဆော့နေဖို့ပဲ။
↖(^ω^)↗
နိုနိုရဲ့ နေ့ရက်တိုင်းက အလုပ်တာဝန် အချိန်ဇယားအတိုင်း လည်ပတ်နေတယ် ၊ company က ထုတ်ထားတဲ့ game ဒါမှမဟုတ်ရင် တစ်ခြား game တွေကို ကစားပြီးတဲ့နောက် design ဆွဲထားတဲ့ game ရဲ့ တည်ဆောက်ပုံနှင့် ဇာတ်ကောင်တွေအကြောင်းကို သူမရဲ့ အတွေးအမြင်တွေကို အစီရင်ခံစာရေးပြီးတင်ပြရမှာဖြစ်တယ် ။ သောကြာနေရောက်တဲ့ အချိန်မှာတော့ " Fired " game ကစားတာပြီးစုံသွားခဲ့ပြီ သူမရဲ့ အစီရင်ခံစားကိုလည်း ကြီးကြပ်ရေးမှူးထံကို mail ကနေ တင်ပြလိုက်တယ် ။ မကြာခင်မှာပဲ result ထွက်ရှိလာခဲ့တယ် ။
Reply : (6.23) : " The Doomed Game အပေါ် ခွဲခြမ်းစိတ်ဖြာခြင်းအကြောင်း "
" မင်းမှာ နက်ရှိုင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှု နှင့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ် ၊ မင်းက ငါမျှော်လင့်ထားတာထက်ကို ပိုပြီးတော့ လုပ်ဆောင်နိုင်ခဲ့တယ် " ၊ The Doomed Man game က company ရဲ့ တီထွင်မှုအသစ်ဖြစ်တယ် ။ အဲ့ဒီ game က ဂရပ်ဖစ် နှင့် တိုက်ခိုက်ရေး system ကို အလေးပေးထားတာဖြစ်တယ် ။ မင်းထောက်ပြလိုက်တဲ့ အချက်လေးတစ်ချက်ကတော့ တော်တော်ကိုမှအန္တရာယ်များတယ် ဒါပေမယ့်လည်း စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အကြံပေးချက်တွေကတော့ အတော်လေးကို ထိုးထွင်းသိမြင်မှုကောင်းလွန်းတယ် ။ "
ဇီယွမ်!! "
ဤတုန့်ပြန်မှုကို မြင်လိုက်တာနဲ့ နိုနိုက အရမ်းကိုမြောက်တက်သွားတယ် တကယ်လို့ သူမမှာသာ အမှီးရှိရင် သူမရဲ့အမှီးက မိုးပေါ်ကိုထောင်တက်နေမှာအသေချာပဲ 🤣 ။ company ရဲ့ အဓိကလူကြီးတွေနှင့် စကားကို တစ်ခွန်းကနေ နှစ်ခွန်းထက်ပိုမပြောတဲ့ မျက်နှာတည်တဲ့ဆရာတွေရဲ့ ချီးကြူးတာကိုခံရတဲ့အတွက် နိုနိုရဲ့ ပါးပြင်လေးတွေဟာ အနည်းငယ်နီရဲနေတယ် (အရမ်းပျော်ပြီး ရှက်နေတာ🤣) ။ တကယ်တန်းလည်း သူမကိုယ်သူမ ထက်မြက်တယ်လို့ မြင်မိတယ် ။
company ကို စရောက်တဲ့နေ့ကထဲက သူမစဉ်းစားနေခဲ့တယ် ဘာလို့ အမျိုးသမီး အစီစဉ်ရေးဆွဲသူမရှိရတာလဲ?? ၊ တကယ်တန်းပြောရရင် game ဆော့တာက အမျိုးသမီးတွေရဲ့ စိတ်ကူးစိတ်သန်းတွေ အကြံညဏ်တွေကလည်း company အတွက် အထောက်အပံ့တော့ ဖြစ်စေမှာပါပဲ ၊ အမျိုးသမီး စီစဉ်ရေးဆွဲသူတစ်ယောက်ရှိတာကတော့ ပုံမှန်ပဲဖြစ်သင့်တယ် ။
သူ့ကိုယ်သူ အရင် အစီစဉ်ရေးဆွဲသူ အမျိုးသမီးဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး သူတို့တွေက သူမထက်ပိုတော်လာ???? မသေချာပေမယ့် နိုနိုက စဉ်းစားရင်းနဲ့ ယှဉ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ။
သူမအဖေပြောခဲ့သလိုပဲ အစီစဉ်ရေးဆွဲတဲ့ ဠာနမှာ အမျိုးသမီးဝန်ထမ်းမရှိသော်လည်းပဲ ယခုချိန်ထိ အမျိုးသမီးဝန်ထမ်း မခေါ်ယူဘူးလို့ တရားဝင် ထုတ်ပြန်မထားသောကြောင့် ယခုချိန်ထိ အမျိုးသမီး ဝန်ထမ်းတွေကို အလိုရှိနေတုန်းပဲ ။
နိုနိုစတင်ပြီး စဉ်းစားကြည့်လိုက်တယ် ၊ သူမမှာ အဲ့ဒီ ယောက်ျားတွေထက် ဘယ်နေရာမှာအားသာချက်ရှိနေတာလည်း ။ နိုနိုရဲ့ စဉ်းစားတွေးခေါ်မှုတွေက အမျိုးသမီး game ကစားသူတွေအတွက် ထည့်သွင်းစဉ်းစားပေးနိုင်တာကြောင့်လား ။
The Doomed Man game ရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ရွှေလျားမှုပိုင်းမှာ အလွန်မိုက်ပေမယ့် မိန်းမနှင့် ယောက်ျားကြား စိတ်ခံစားမှုဆိုင်ရာ အပြန်လှန်ဆက်သွယ်မှုတွေကတော့ အနည်းငယ်မျှသာရှိတယ် ။ သူမရဲ့ စိတ်ကူးတွေနဲ့ အကြံညဏ်များစွာကို အဆိုပြုခဲ့ပေမယ့် သူမရဲ့ ကြီးကြပ်ရေးမှုးထံကနေတော့ ချီးကြူးမှုကိုတော့ မမျှော်လင့်ထားခဲ့ဘူး။
email တစ်စောက် ထပ်ဝင်လာချိန်မှာတော့ နိုနိုဟာပျော်ရွှင်သွားတယ် ။ email ကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ မယုံနိုင်လောက်အောင် အံ့သြသွားတယ် Fei Long team ရဲ့ producer ကလည်း သူမကို reply ပြန်ထားခဲ့တယ် ။ company ရဲ့ စည်းကမ်းချက်တွေအရ သက်ဆိုင်ရာပုဂ္ဂိုလ်များထံသို့ email တစ်စောင်စီပို့ပေးရမှာဖြစ်တယ် ။ သူမ တစ်ခါမှမမျှော်လင့်ထားခဲ့ဘူး Fei Long team ရဲ့ producer စီကနေလည်း အကြောင်းပြန်စာ email တစ်စောင်ရရှိလိမ့်မယ်လို့ပေါ့ ။
Reply : (6.23) : " The Doomed Game အပေါ် ခွဲခြမ်းစိတ်ဖြာခြင်းအကြောင်း "
" The Doomed Man က Fei Long team ရဲ့ project ဖြစ်တယ် ၊ ရှုနိုနိုရဲ့ အကြံပြုချက်တွေကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ကို အမှန်တကယ် စဉ်းစားသင့်တယ် ။ အရင်က ကျွန်တော်တို့က အမျိုးသား game ကစားသူတွေရဲ့ အမြင်ကိုပဲထည့်စဉ်းစားခဲ့ကြပြီး အမျိုးသမီး game ကစားသူတွေရဲ့ အမြင် နှင့် အမျိုးသမီးနဲ့ အမျိုးသားကြားက စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်တွေကိုတော့ ကိုတော့ မစဉ်းစားခဲ့မိဘူး ။ "
ပညာတတ်... !!!!!
Fei Long "
နိုနိုက နေ့တစ်ဝက်လောက်ထိ screen ကို ငေးကြည့်နေပြီး ဤအရာက အမှန်ဟုတ်မဟုတ် email ကို အထပ်ထပ်အခါခါ ဖတ်နေမိတယ် ။ သူမက အထက်လူကြီး၂ ဦးရဲ့ ချီးကြူးမှုကိုရခဲ့ပြီး Fei long team ရဲ့ ထုတ်လုပ်သူကလည်း " ပညာတတ်" ဆိုတဲ့ စကားလုံးကိုလည်း သုံးသွားခဲ့တယ် ။
နိုနိုရဲ့ပါးလေးတွေက ပန်းရောင်သန်းနေပြီး အရမ်းကိုပျော်ရွှင်နေတယ် ။ ထုတ်လုပ်သူ ၂ယောက်စီကနေ ထောက်ခံချက်ရထားတဲ့အတွက် မကြာမှီ သူမက တရားဝင် ဝန်ထမ်းတစ်ယောက် ဖြစ်သင့်တယ်မလား???၊ ၂လ မပြည့်မှီအချိန်အတွင်းမှာကို ဖြစ်လာမယ်လို့ထင်တယ် .....
စိတ်ခံစားချက် အရမ်းကောင်းနေတဲ့အချိန်မှာပဲ mailbox ကနေ နောက်ထက် email တစ်စောင်ထပ်ဝင်လာခဲ့တယ် ၊ သူမရဲ့ မျက်လုံးကိုမှိတ်ပြီး မည်သူမည်ဝါဖြစ်တယ်ဆိုတာကို စိတ်ထိန်းပြီး email ကို နှိပ်လိုက်တယ် ။
Reply : (6.23) : " The Doomed Game အပေါ် ခွဲခြမ်းစိတ်ဖြာခြင်းအကြောင်း "
" The Doomed Man PC game က သာမာန် ကစားသမားတွေကို ပစ်မှတ်ထားပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက် ချောမွေးဖို့လိုတယ် ၊ တီထွင်သူတစ်ဦးအနေနှင့် ပထမဆုံး ... game ကို မတီထွင်မှီ မူလအရာဝတ္ထုတွေကိုပဲ အခြေခံဖို့လိုအပ်တယ် ၊ game တစ်ခုကို တီထွင်တော့မယ်ဆိုရင် အခြေခံသဘောတရားတွေကို လေးစားရမယ် ။
The Doomed Man gane ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ တိုက်ခိုက်ရေးနှင့် နောက်ခံ background တွေ၊ ဇာတ်လမ်းရေးနေတဲ့အချိန်အတွင်းမှာ အပေါ်ကအတိုင်း အသေးစိတ်ရွှေးရမှာ ဖြစ်တယ် ။ ရှုနိုနိုက အစီစဉ်ရေးဆွဲသူဖြစ်တယ် သူမက ဇာတ်ကြောင်းကိုသာစဉ်းစားသည် ၊ အခြေခံသဘောတရားတွေကို မလေးစားပဲ ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဇီယွမ်သည် နည်းပြတစ်ဦးအနေဖြင့် ဤအခြေခံထုန်လုပ်မှုအသိပညာကို ရှင်းရှင်းလင်းလင်းမသင်ကြားပေးပါ။ Fei Long သည် game ထုတ်လုပ်သူဖြစ်သော်လည်း အကြံပြုချက်အနည်းအတွက်နှင့် အခြေခံသဘောတရားများကို စွန့်ပာ်ခြင်းကြောင့် ပညာမဲ့သည်ဟု ယူဆသည် ။
ထို့ကြောင့် စနေနေမှစ၍ ရှုနိုနိုသည် ပြန်လည်လေ့ကျင့်ရေး သင်တန်းများကို အကောင်အထည်ဖော်ရန် ဇီယွမ်ကို နည်းပြအဖြစ်၊ Fei Long စီမံခန့်ခွဲရေးအဖွဲ့၏ လေ့လာသူအဖြစ် ဆောင်ရွက်ရမည် "
ရှောင်းရီ !! "
နောက်ဆုံးမှာတော့ နိုနိုက အရမ်းအသုံးမကျတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပြီ
စီမံခန့်ခွဲမှု ရာပေါင်းများစွာကို ပြုလုပ်နေတဲ့ သူဠေးရှောင်းရီက သူမအား ဆူပူရန်အတွက်နှင့် အခြားသူများကိုပါ အပစ်ပြောပြီး email ပြန်လာခဲ့တယ် ။ ဒါဟာ သူမအတွက် သူ့ကိုမုန့်ဖို့ လုံးလောက်သွားပြီ ......
စာလုံးပေါင်းအမှားလေးတွေပါခဲ့လို့ရှိရင် ခွင့်လွှတ်ပေးကြပါအုန်း 😻
Bạn đang đọc truyện trên: AzTruyen.Top