💔Part1💔
"ယောင်း!!!!!!!!!!"
ကြိုမြင်နေလို့......ဒီလိုအဖြစ်အပျက်တစ်ခု
ဖြစ်တော့မှာကိုသိနေလို့....အစွမ်းကုန်ကာကွယ်
ဖို့အတွက် ပြေးလာခဲ့ပေမယ့် သိပ်ချစ်ရသော
ယောင်းနှလုံးသားတည့်တည့်ကိုမြှားတစ်စင်းက
စိုက်ဝင်နေပြီ......။
မြေပြင်ပေါ်ခွေခနဲလဲကျသွားသောပုံရိပ်လေး
ဆီသွေးရူးသွေးတန်းပြေးသွားကာ
ပွေ့လိုက်ချိန်တွင်ယောင်း တစ်ကိုယ်လုံး
အေးစက်နေခဲ့သည်။
"JEonလေ.....Jeonပါ....
ဘာမှမဖြစ်ဘူးနော်....အဆင်ပြေသွားမှာ
သမားတော်ဆီ ခေါ်သွားပေးမယ်..."
ယောင်း သည် နီရဲနေသောမျက်အိမ်တွေ...
ကျလုဆဲဆဲမျက်ရည်တွေနဲ့ဝေဒနာကို
ပြင်းထန်စွာခံစားနေရရင်းသူ့ကို
ရင်ကွဲနာကျသွားစေနိုင်သောအကြည့်တွေဖြင့်
ကြည့်နေကာ သွေးတွေပေကျံနေသော
လက်ချောင်းရှည်ရှည်လေးတွေဖြင့်
ပါးကို ထိကိုင်လာသည်။
"တောင်းပန်ပါတယ် Jeon......."
"မလိုဘူး တောင်းပန်ဖို့မလိုဘူး
ကိုယ်ချီသွားမယ်....ဘာမှမဖြစ်တော့ဘူး
မင်းကို သူ တို့ ဘာမှမလုပ်တော့ပါဘူး..."
ယောင်းမျက်လုံးလှလှလေးတွေသည်
သူ့ဆီကလွှဲကာတခြားနေရာတခုသို့
ဦးတည်ချက်ပြောင်းသွားသည်။
ယောင်း လှမ်းကြည့်နေရာသို့
ပိုးပိုးပေါက်ပေါက်မျက်ရည်တွေကျနေတဲ့ကြားက
ကြည့်မိတော့..မြင်းပေါ်က ဒီနိုင်ငံ ရဲ့ ဘုရင်......။
အမြဲတမ်း ရွှေရောင်ဝတ်ရုံရှည်ကြီးကို
ခမ်းနားစွာဝတ်ထားတတ်ပြီး
အနက်ရောင်ဆံပင်ရှည်တွေကို ဘုရင်ပီပီ
တိပနေအောင် ချည်နှောင်ထားတတ်ပေမယ့်
ခုညတော့....ဆံပင်ရှည်တွေကိုကြိုးတခုနဲ့
တဝက်ယူကာခပ်လျှော့လျှော့စည်းနှောင်
ထားပြီး ညဝတ်ရုံနှင့် အရောင်နည်းနည်းမှိန်နေသလို။
သို့သော် မျက်အိမ်ကျဉ်းကျဉ်းတို့ကအထူး
စူးရဲစွာပြတ်ရှလွန်းနေခဲ့ပါသည်.....။
ယောင်းသည်....သူ့ကိုပါးစပ်ကထုတ်ဟ
မပြောနိုင်တော့၍မျက်လုံးတွေနှင့်
နှလုံးသားတည့်တည့်ကမြှားသည်
မြင်းပေါ်က ဘုရင်မင်းမြတ်ရဲ့....
လက်ချက်ပါလို့ သူ့ကိုတိုင်တည်နေသည်။
ဘာကြောင့်လဲ.....?
ဘာကြောင့်များဒီလောက်တောင်ရက်စက်ရဲရသလဲ..။
သူလှမ်းကြည့်သော်အခါဘာခံစားချက်မှမရှိသော
အေးစက်တောင့်တင်းနေသောမျက်နှာနှင့်
ပြန်ကြည့်နေသည်...။
ယောင်းသည်...အသက်ရှုဖို့ခက်လာချေပြီ.....။
ကျဆင်းလာသောမျက်ရည်ပေါက်ကြီးငယ်တို့
သည် ပန်းပုရုပ်ကလေးထုထားသလို
လှသော ယောင်း မျက်နှာ လှလှလေးပေါ်သို့
အစုလိုက်အပြုံလိုက်စီးဆင်းနေသည်။
သူချစ်မြတ်နိုးလွန်းရသူ....သိပ်ဖြူစင်လွန်းတဲ့သူ...
မြင်မြင်ချင်းမှာ...စိတ်ဝိဉာဉ်တစ်ခုလုံး
အလုံးစုံပျော်ဝင်သွားအောင်ဆွဲဆောင်နိုင်ခဲ့သောသူ။
သိပ်ပြီးပြည့်စုံလွန်းတဲ့ချစ်ရသူလေးရဲ့
နောက်ဆုံးအချိန်ဟာ ဒီလောက်တောင်ပဲ
ရုပ်ဆိုးအကျည်းတန်ရလား......။
ကိုယ်ချစ်ရသူ တစ်ယောက်လုံး ကိုယ့်မျက်စိရှေ့
အသက်မရှူနိုင်တော့သောဖြစ်ရပ်ထက်
ပိုဆိုးတဲ့အဖြစ်အပျက်မျိုးမရှိတော့..........။
တင်းကျပ်စွာပွေ့ဖက်ထားရင်းသည်းထန်စွာ
အော်ငိုနေမိသည်....။
ဖက်ထားသောလက်ကလေးတွေတဖြည်းဖြည်း
ပြေလျှော့လာသည်.....။
"ယောင်း.....!!!ယောင်း.....!!!!"
ပြာယောင်ယောင်နူတ်ခမ်းတွေသည်တစ်ချက်နှစ်ချက်
မဲ့သွားပြီးတဲ့နောက် သွေးရဲရဲတွေကြား
နစ်နေသော အရုပ်ကလေးသည် ငြိမ်သက်သွားခဲ့ပြီ။
"ယောင်း.....!!"
Jeonသည်ခေါ်၍မရနိုင်တော့သော
မျက်တောင်အရှည်ကြီးတွေကိုကြည့်ကာ
စကားသံလေးတိုးဖွဖွလေးသာထွက်လာနိုင်တော့သည်။
"ဒီလိုမျိုး....တော့ မထားခဲ့နဲ့လေကွာ....."
မျက်ရည်တွေထပ်မကျနိုင်တော့....။ယောင်းကို
ရင်ခွင်ထဲမှမြေပြင်ပေါ်သို့ခပ်ဖွဖွလေးချထားလိုက်ကာ
ကိုယ်ရံတော်တစ်စုနှင့် ထင်တိုင်းကြဲတတ်သော
ဘုရင်ဆိုသော....လူဆီသို့လျှောက်သွားလိုက်သည်။
ဒီနိုင်ငံရဲ့ အလှဆုံး ယောကျ်ား....
ဒီနိုင်ငံရဲ့ ဘုရင်အဖြစ်ထိုက်ဆုံးဘုရင်.....
ယောကျ်ား မိန်းမ မြင်တာနဲ့မူးဝေသွားလောက်တဲ့
အထိ ဆန်းကြယ်သော ညို့ငင်အားများနှင့်
လူသား....
အိမ်ရှေ့စံဘဝထဲက....အိမ်နီးချင်းနိုင်ငံတွေအထိ
ဩဇာညောင်းလှသဖြင့် ဂုဏ်သတင်းအရာ
သိပ်မွှေးပျံ့လွန်းခဲ့သူ......။
ဒါပေမယ့်.......ရူးနေသည်။
Jeonသည်မျက်ရည်တွေကိုအကြမ်းပတမ်း
သုတ်ကာမြင်းပေါ်က ဘုရင်ရှိရာသို့
တောက်လောင်နေသောမျက်ဝန်းများနှင့်
ပြင်းထန်စွာစိုက်ကြည့်ရင်း ကိုင်နေကြဓားကို
ကျစ်ကျစ်ပါအောင်ဆုပ်ကာလျှောက်လာနေသည်။
အနီးနားသို့ရောက်လာသောအခါ.....
အံကြိတ်ထားရခြင်းကြောင့်မေးရိုးတွေ
တင်းနေလျှက် မြင်းပေါ်တွင်
ထိုင်နေသော ဘုရင် အား လက်ကောက်ဝတ်
မှဆောင့်ဆွဲကာဆွဲချတော့ ဓားအလက်သုံးဆယ်
လောက်လည်ပင်းနားသို့လာထောက်သည်။
"ဖယ်ပေးလိုက်...."
ကိုယ်ရံတော်တစ်စုသည်မဖယ်ချင်ဖယ်ချင်ဖြင့်
ဓားတွေသိမ်းလိုက်သည်။
"အပြုအမူတွေကမလေးမစားနဲ့ Jeon...."
"မင်း....လုပ်ရက်လိုက်တာ......"
"နန်းတော်ထဲမှာ အမှုထမ်းနေတဲ့
အမှုထမ်းတစ်ယောက်က ဘုရင်မသိအောင်
တိတ်တဆိတ်နန်းတွင်းက ထွက်ပြေးဖို့လုပ်ရင်
သေဒဏ်ပဲလေ......ရက်စက်တယ်လို့မခေါ်ပါဘူး
ဘုရင် လုပ်ရမယ့် အလုပ် ဘုရင်လုပ်တာ...."
ဒီထက်ပိုမုန်းစရာကောင်းတဲ့မျက်နှာမျိုးမရှိ။
ဒီထက်ပို နုံ့နုံ့ဆင်းပစ်ချင်တဲ့မျက်နှာမျိုးမရှိ။
လရောင်ထိန်ထိန်အောက်အကြွင်းမဲ့
အမုန်းပင်တွေကို အဆမတန်ကြီးထွားလာစေပါသည်။
Jeonသည် လက်ဖဝါးမှာပေကျံနေသော
သွေးများကိုဘုရင့်မျက်နှာလှလှလေးအပေါ်
သုတ်လမ်းလိုက်သည်။
ဖူးကြွနေသောမျက်နှာလေးနှင့်သွေးရဲရဲများ
သည်လုံးဝမလိုက်ဖက်ခဲ့သော်လည်းဘုရင်က
အံကြိတ်နေကာဘာမှမပြောခဲ့...။
လသည်ထိန်ထိန်သာနေကာ
လမ်းပေါ်တွင်အသက်မဲ့သွားသောလူသားလေး၏
ဆံပင်လေးတွေသည်လေတိုက်တိုငိး
လွှင့်လွှင့်သွားသည်။
မြှားဒဏ်ရာကထွက်ကျလာသောသွေးများ
သည်ထိုနေရာပတ်လည်အိုင်ထွန်းနေပြီ။
တစ်ချက်ပြန်ကြည့်မိရင်....တစ်ခါနင့်ဝင်သွား
စေသော ပုံရိပ်လေး....။
ရင်ကွဲနာကျတယ်ဆိုတာဒါမျိုးကိုပြောတာ
နေလိမ့်မည်...။
မျက်စိရှေ့က ဘုရင် ကိုပြန်ကြည့်မိသော်အခါ
မျက်လုံးစူးရှရှတွေနဲ့ပင်တစ်ကိုယ်လုံးကိုမီးနဲ့ရှို့ချလိုက်သလိုအပူတပြင်းတောက်လောက်လာသည်။
JEonသည် ဘုရင့်မျက်လုံးတွေထဲသို့
စေ့စေ့ကြည့်ပြီးတဲ့နောက်
ထိုညက ထိုစကားကိုဆိုခဲ့သည်......။
ထိုညက ထိုကျိန်စာကိုတိုက်ခဲ့သည်....။
သွေးများနှင့်ရင်းပြီး ဆုကြီးကြီးတောင်းခဲ့ပါသည်...။
"ငါကျိန်စာတိုက်တယ်.......
မင်းကို ငါဒီဘဝတင်မကဘူး
နောက်ဘဝအဆက်ဆက်မှာလည်း
အမုန်းကြီးမုန်းနိုင်ပါစေ.......
မင်းမျက်နှာကိုမြင်ရုံနဲ့ မကောင်းသော
စိတ်ခံစားမှုတွေကိုပဲဖြစ်တည်စေပြီး
မင်းကိုငါအမြဲတမ်းစိတ်ဆင်းရဲမှုတွေကိုသာ
ပေးနိုင်တဲ့သူဖြစ်ပါစေ............
ငါဆုတောင်းတယ်...ငါတို့ရဲ့သွေးကြွေးတွေ
အတွက် အကြွေးဆပ်ရမယ့်ရေစက်ဆိုး
တွေနဲ့အတူတူ သံသရာတလျှောက်လုံး
ငါ့ဆီကိုပဲမင်းတည့်တည့်
ပြန်လာပီး ငါ့ကိုဝဋ်ကြွေးဆပ်ရပါစေ......"
"ငါနဲ့ပဲသံသရာတစ်ခွင်လုံးပြန်ဆုံစည်းပြီး
ငါ့အရုပ်လို ဘဝမျိုးကိုပဲ အထပ်ထပ်ကြုံရပါစေ...
ဒီဘဝမှာမင်းကဘုရင်မလို့အနိုင်ရခဲ့ပေမယ့်
နောက်ဘဝဆက်တိုင်းမှာ ငါကမင်းရဲ့ဘုရင်
ပဲဖြစ်ရပါစေ...."
"မင်းကိုငါသတ်ပစ်လိုက်လို့ရပေမယ့်....
မသတ်တော့ဘူး......
လူဖြစ်လာပြီး လူတစ်ယောက်မှာရှိသင့်တဲ့
လူ့နှလုံးသားပါမလာတဲ့အတွက်.....
မင်းက သေ လည်း....ဘာမှမထူးဘူး
တမလွန်မှာ ဆက်ပြီး ထောင်လွှားနေအုန်းမှာ...."
ဘုရင့်မျက်နှာ သည် ပိုတည်တင်းသွားခဲ့သည်။
လက်သီးတွေမသိမသာဆုပ်သွားကာ
မုန်းမုန်းတီးတီးပြောနေသော မျက်စိရှေ့ကလူ
ကိုစိုက်ကြည့်နေရင်း အသက်ရှုသံတွေ
ပြင်းထန်နေသည်။
"စော်ကားနေလိုက်တာ....."
"ဒါနောက်ဆုံး စော်ကားခြင်းပါပဲ.....
နောက်ထပ် ငါ့ဆီက ဘယ်လိုစော်ကားခြင်း
မျိုးကိုမှမင်းမရနိုင်တော့ဘူး......
နန်းသက်ရှည်ပါစေ....အရှင်မင်းကြီး......"
Jeon ၏ဓားရှည်သည် လက်ခနဲဖြစ်ကာ
ကိုယ်တိုင်ပဲ ထွက်သွားတဲ့သူနောက်
လိုက်သွားခဲ့သည်။
ကိုယ့်ရင်ဘက်ကိုယ်ဓားနဲ့ထိုးချလိုက်ခြင်း။
Jeonရင်ဝမှာစိုက်နေသောဓားကို ဘုရင်က
မျက်စံသေများဖြင့်ကြည့်နေသည်။
သတ်သေသွားခဲ့တာလား....။
တဆက်ဆက်တုန်ရီနေတဲ့ကြားက
မုန်းတီးလွန်းစွာ မျက်ထောင့်နီနီများဖြင့်စိုက်
ကြည့်နေသော Jeonသည်
ကြာကြာမနေနိုင် မြေပြင်ပေါ်သို့
ပြိုလဲကျသွားခဲ့သည်။
ဘုရင်သည် မြေပြင်ပေါ်ကသွေးရဲရဲတွေကြား
လွန့်လူးနေသောJeonကို ကြည့်ကာ
တဖြည်းဖြည်းဖြူဖျော့လာသည်။
နောက်သို့တလှမ်းဆုတ်သွားကာ
မျက်စံသေများဖြင့်မယုံကြည်နိုင်စွာ
လှမ်းကြည့်နေဆဲ.....။
"မွှန်ထွန်လွန်းတဲ့ ကောင်........"
မြင်းပေါ်ပြန်တက်လိုက်ကာဒုန်းစိုင်း
ဦးတည်ရာမဲ့ပြေးထွက်သွားသည်။
မြင်းခွါတစ်ချက်သည်...နှလုံးခုန်သံတစ်ချက်
ဖြစ်နေပြီး....မြင်းခွါသံတွေများလာတဲ့အခါ
နှလုံးသည် တဆက်ဆက်ခုန်လာပြီး
မျက်လုံးတွေပွင့်သွားကာ အိမ်မက်ဆိုးမှ
လန့်နိုးသွားတော့သည်။
စူးအောင့်လွန်းလှသောရင်ဘက်ကိုဖိကိုင်ကာ
မသိစိတ်၏အိမ်မက်ကိုဆက်ပြီးလက်မခံနိုင်
သောအတိုင်းတာကြောင့်သူလက်ရှိဘဝကို
ပြန်ရောက်လာသည်...။
ချွေးတွေရွှဲနေကာ နှလုံးခုန်သံတွေသည်
ညသန်းခေါင်အချိန်ကြီးတွင်
အကျယ်ကြီးကြားနေရတဲ့အထိ
ပြင်းထန်လှပါသည်။
ဒီအိမ်မက်မက်တိုင်းဒေါသထွက်ရသည်..။
ဆယ်နှစ်သားထဲက တစ်စတစ်စမြင်ရလာတဲ့
အိမ်မက်တွေသည် တစ်ခါတရံကျရှည်လျှားသည်
တစ်ခါတရံကျ ဇာတ်ကွက်တခုလိုခပ်တိုတိုနှင့်
သူနှိုးသွားတတ်သည်...။
ထပ်ခါထပ်ခါမြင်မက်နေရတော့
စိတ်ကုန်လာပါသည်.....။
ခုအသက်၂၀အရွယ်အထိ ဒီအိမ်မက်တွေကို
မက်ခဲ့တာ ဆယ်နှစ်ရှိနေခဲ့ပြီ။
လန့်နိုးလာရင် ငိုချင်သည်...
တစ်ခါတရံကျ ဒေါသတွေထွက်သည်....
တစ်ခါတရံ ကျဘာတွေကို မကျေနပ်နေမှန်းမသိ
အလိုမကျ......။
အိမ်မက်ဆိုးသည် သူ့ကိုနှောက်ယှက်နေတာ
နှစ်ဆွေးနေတာကြောင့် ညတိုင်း
မမြင်မက်ဖို့ဆုတောင်းရသည်အထိ...။
ပူလောင်သော အတ္တစွဲကိုယ်စီတွေသည်
အိမ်မက်ပုံရိပ်ယောင်တွေဆိုပေမယ့်
နှလုံးသားထဲအထိဝင်ရောက်နေရာယူတာ
ကြောင့် အိမ်မက်ဆိုသော်ငြား
နိုးလာတိုင်းပင်ပန်းရလွန်းပါသည်...။
ရင်ဘက်ကိုဖိထားကာ ထထိုင်
ပြီး ဝတ်ထားသောအကျီကို
ချွေးတွေကြောင့် ချွတ်ကာအပေါ်ပိုင်း
ဗလာဖြစ်သွားသည်။
Hotelခန်းပြတင်းပေါက်ဘက်
ထွက်ကာဆေးလိပ်တစ်လိပ်မီးညှိလိုက်သည်။
အိပ်ရာပေါ်တွင် မိန်းကလေးတစ်ယောက်
ကောက်ကြောင်းလှလှလေးနှင့်အိပ်မောကျနေဆဲ...။
လက်မောင်းရင်းမှလက်ချောင်းတွေအထိ
စီးဆင်းလာသောပုံစံမျိုးစုံတက်တူးတွေနဲ့
တောင့်တင်းလှသောခန္ဓာကိုယ်သည်
အခန်းမီးရောင်မှိန်မှိန်တွင် ခန့်ခန့်ထည်ထည်။
နူတ်ခမ်းပါးလေးနှစ်ခုကြားဆေးလိပ်ကို
ခပ်လျော့လျော့ကိုက်ထားပြီးစီးကရက်ငွေ့ကို
ရှိုက်သွင်းကာ ပြန်ထုတ်နေပုံသည်....
ဘယ်အရွယ်ထဲကဆေးလိပ်သောက်တတ်ခဲ့လဲ
ခန့်မှန်းကြည့်စရာမလို သိပ်ပုံကျသေသပ်လှသည်။
ဆေးလိပ်တစ်လိပ်ကုန်လို့ စိတ်နည်းနည်း
ငြိမ်သွားရင်တော့ပြန်အိပ်လိုက်မည်။
ဒါသည် ငယ်ငယ်တုန်းကပြသနာတစ်ခုပေမယ့်
ခုတော့ ပြသနာမဟုတ်တော့...။
အိမ်မက်သည်ဘယ်လောက်ဆိုးဆိုး
ပြန်အိပ်လို့ရသည်...။
"ကိုကို.....အိပ်မပျော်ဘူးလား....."
ဆေးလိပ်တစ်လိပ်ကုန်ခါနီး တွင်ခါးကိုနောက်မှ
သိုင်းဖက်လာကာ ခပ်အီအီပြောလာသော
အသံလေးကြားရတာကြောင့်
ကောင်မလေးနှိုးလာပြီဖြစ်သည်။
ဒီညက ခါးကိုဖက်ခဲ့တဲ့လက်ကလေးတွေနဲ့
မနေ့ညက Clubမှာ ရင်ဘက်ပေါ်
ဖြတ်သန်းသွားသောလက်ကလေးတွေသည်
မတူ....။
လက်သည်းနီရောင်လေးတွေကတော့
အားလုံးလှကြပါသည်...။
လက်သည်းနီရောင် တစ်မျိုးပီးတစ်မျိုးနဲ့
နေ့တိုင်း ကစားလွန်းလို့ နာမည်ကြားရုံနဲ့
နှာခေါင်းရှုံ့ကြပြီး...တစ်ချက်မျှစိုက်ကြည့်ပေးလိုက်
ရင်လည်း ယောကျ်ား မိန်းမမရွေး
ရင်ခွင်ထဲ ခုန်ပေါက်ဝင်လာပြန်သည်...။
ဘယ်လိုနားလည်ရခက်တဲ့လူတွေလဲ......။
ဒါပေမယ့်လည်း ဘဝကတော့ ရနိုင်သမျှ
တော့ခပ်ပေါ့ပေါ့ပဲဖြတ်သန်းရမည်...။
လုပ်ချင်တာလုပ် စားချင်တာစား
သောက်ချင်တာသောက် အိပ်ချင်သလိုအိပ်
သုံးချင်သလိုသုံး ဖြုန်းချင်သလောက်ဖြုန်း
ယောကျ်ားမို့ လှတပတ မိန်းကလေးတွေ
အကုန်လုံးကိုကြိုက်သည်....။
တနေ့တစ်ယောက် ဒါမှမဟုတ် မနက်တစ်ယောက်
ညတစ်ယောက်လား...ရည်းစားတွေလား
အဖြေရပီးတာလား လက်မခံသေးတာလား
ပြတ်ဆဲသွားပြီလား အကုန်လိုက်မမှတ်မိနိုင်တော့။
နှလုံးသားအတွက် Assistent Manager
တစ်ယောက်လောက်တော့လိုနေပြီဟုထင်ပါသည်။
"အိမ်မက်ဆိုးတွေမက်လို့...Babeအိပ်ခေါက်ပျက်
သွားပြီထင်တယ်...."
"ကိုကိုသနားပါတယ်...
အရမ်းကြောက်ဖို့ကောင်းလို့လားဟင်..."
"နည်းနည်းပါ....."
"Babeဖက်ထားပေးမယ်လေ..လာပါပြန်အိပ်ကြမယ်.."
ကောင်မလေးလှလှလေးတွေကဖက်ထားပေးပြိီး
အိပ်လို့လည်းရုန်းလို့ရတဲ့အိမ်မက်မျိုး
မဟုတ်တာကြောင့်ငြင်းလိုက်ရသည်။
အိပ်ရာပေါ်ပြန်တက်ကာကိုယ့်အတွေးတွေနဲ့
ကိုယ်ပဲဆက်အိပ်ဖို့ကြိုးစားလိုက်ရသည်။
မအိပ်ခင် မြင်ယောင်မိပြန်တဲ့ အိမ်မက်ထဲက
မြင်းပေါ်က မျက်ဝန်းစူးစူးတွေ...
သွေးတောထဲနစ်နေသော လူတစ်ယောက်......
အားလုံးသည် လွန်ခဲ့တဲ့နှစ်ရာချီကဘုရင်အုပ်ချုပ်သော
ကာလကပုံစံတွေဖြစ်သည်။
ဘာကြောင့်နှစ်ချီကာစွဲစွဲလန်းလန်း
ညတိုင်းလိုလိုနှိပ်စက်ရသလဲ။
အထူးသဖြင့်မြင်းပေါ်က ဘုရင်ဖြစ်ဟန်တူ
သော လူ၏ မျက်လုံးတွေ.....
တွေးမိတိုင်း ပြန်မြင်ယောင်တိုင်း
ရင်ဘက်တွေထဲကထိုးအောင့်ကာ
ခဏတဖြုတ်သေသေသွားရသလို....။
အိမ်မက်သည် ထိုမျက်လုံးတွေကို
မြင်လိုက်ရတိုင်း...အကြောက်လွန်ကာ
လန့်နိုးသွားတတ်တာများသည်......။
သိပ် ခြောက်ခြားဖို့ကောင်းတဲ့အကြည့်
သိပ်မုန်းစရာကောင်းတဲ့ဗီလိန်အဆန်ဆုံး
မျက်လုံး...။
ဘာအကြောင်းရယ်..ဇာတ်ရည်မလည်
ဝိုးတိုးဝါးတားအိမ်မက်သော်ငြား....
သေချာတာတစ်ခုက
မျက်အိမ်ကျဉ်းကျဉ်းတွေကို မုန်းနေမိတယ်ဆိုတာပဲ....။
ဆယ်နှစ်လုံးလုံးသူ့ကိုအိပ်မရအောင်
နှိပ်စက်ခဲ့တာတွေလည်းပါတာပေါ့.လေ.....။
......
သူ့ရဲ့ဘဝသည် သိပ်ထူးထူးဆန်းဆန်းတော့
လည်းမဟုတ်ခဲ့ပါ....
သိသာထင်ရှားတာတစ်ခုပြရမည်ဆိုလျှင်
အဖေဖြစ်သူသည် ကျိကျိတက်ချမ်းသာကြွယ်ဝကာ
သူကတော့ ဇာတ်လမ်းရုပ်ရှင်တွေထဲက
ထင်တိုင်းကြဲ ခပ်ဆိုးဆိုးသူဌေးသားလေးပေါ့...။
ဒီလောက်ပါပဲ သိပ်ရိုးရှင်းပါသည်။
ဘယ်လောက်ချမ်းသာနေလဲတော့
ဒယ်ဒီ့ကို မမေးဖူး....
စိတ်လည်းသိပ်မဝင်စားမိ...။
ဒါပေမယ့်
သူ အိမ်သုံးလုံး လက်ညိုးထိုးရောင်းစားကာ
ကောင်မလေးနဲ့ ကမ္ဘာပတ်ပြီးပြန်လာတော့
နည်းနည်းပါးပါး နားပူမယ်ထင်ပေမယ့်
ဒယ်ဒီက သိတောင်သိရဲ့လားမသိ..။
မသိတော့လည်းနားအေးပါးအေးရှိတာပေါ့လေ...။
အနက်ရောင်T Shirtကို ဂျင်းဘောင်းဘီ
တစ်ထည်ဖြင့်ခပ်ရိုးရိုးတွဲဝတ်ထားကာ
အရောင်တောက်နေသောဆွဲကြိုးတစ်ခု
ကိုဆွဲထားသည်....။
ခရမ်းရင့်ရောင်မျက်မှန်ကိုခပ်စိုက်စိုက်လေး
တပ်ထားပုံက မျက်ခုံးနားတွင်အလှဆင်ထား
သော အရာလေးနှစ်ခုကို ဖုံးသွားမှာစိုး၍ထင်ပါသည်။
အနက်ရောင်ဆံပင်တိုတိုများကို
သေသပ်နေအောင် ပုံချထားကာ
မျက်ခုံးတန်းလှလှတွေ.ကဒီနေ့အတွက်SpecialMenu
လို လိုတာထက်ပို ထင်ပေါ်နေသည်...။
အရောင်စုံမျက်လုံးတွေဟု
နူတ်ခမ်းနီမလေးတွေ သတ်မှတ်ထားသော
တဖျက်ဖျက်လက်နေသော မျက်ဝန်းအစုံသည်
မျက်မှန်အောက်တွင် ဒီမနက်ခင်းတော့
လန်းလန်းဆန်းဆန်းအရောင်တောက်နေသည်။
တစ်ချက်မျှညွှတ်ကိုင်းသွားလျှင်
အားလုံး မိန်းမောသွားရသော နူတ်ခမ်းတွေက
ပြုံးယဲ့ယဲ့လေး....။
အိပ်ရာထဲကကောင်မလေး၏ပုခုံးသေးသေး
လေးကို တက်တူးအပြည့်နှင့်လက်မောင်း
တွေက အပိုင်နိုင်ဆုံးပွေ့ဖက်ကာ
Hotel Checkoutလုပ်ရန်ထွက်လာသည်။
မျက်မှန်ခရမ်းရင့်ရောင်ကိုစမတ်ကျနေအောင်
ပြန်ပြန်ပြင်နေသောလက်ချောင်းတွေက
လက်စွပ်ပုံစံမျိုးစုံကအစ
လက်ကောက်ဝတ်က တွဲလီတွဲလောင်း
Accessories မျိုးစုံအထိ....
ရှုပ်ယှက်ခတ်နေတယ်လို့ထင်မြင်ရပေမယ့်လည်း
သူမလို့သာမို့ သေချာပေါက်မိုက်ရဲနေသည်။
JeonJungkook ဆိုတဲ့ ယောကျ်ားမလို့....
ဘယ်အရာမျိုးတွေပဲ ခန္ဓာကိုယ်ပေါ်
စီရင်လိုက်ပါစေ......ပြီးပြည့်စုံခြင်း
အတိသို့ရောက်ခဲ့ပါသည်။
Respect ion တွင် BlackCardထုတ်ပေးလိုက်
သော်လည်း ကဒ်သည်အလုပ်မလုပ််ခဲ့...။
ကွက်ခနဲပျက်သွားသောမျက်နှာကိုပြန်ထိန်းကာ
နောက်ထပ်ကဒ်တစ်ကဒ်ကိုထုတ်ပေးလိုက်သည်။
"Don't Worry Babe...."
ကောင်မလေး၏ဆံပင်ဖျားနားလေးကို
ရွှတ်ခနဲနမ်းကာ ပြုံးပြုံးလေးဆိုသည်။
အားလုံးပီးသွားသေည်အခါHotelမှ
ထွက်လာပြီး ကောင်မလေးကို
အိမ်ပြန်ပို့ပီးတဲ့နောက် နောက်ထပ်
စရင်းဇယားတွေ၏ ဖုန်းတွေ Msgတွေ
သူငယ်ချင်းတစ်အုပ်၏ ဘယ်မှာလဲ ဘယ်မှာလဲ
မေးခွန်းတွေကိုမဖြေနိုင်သေးဘဲ
BlackCardကိစ္စ ဒယ်ဒီ့ကို အရင်ဖုန်းဆက်ရမည်...။
ဒယ်ဒီနဲ့ဖုန်းမပြောဖြစ်တာ သုံးလလား
လေးလလား ငါးလလား...
အိမ်မပြန်ဖြစ်တာ ခြောက်လလောက်များရှိနေမလား။
သုံးဖို့ဖြုန်းဖို့အဆင်မပြေရင်တော့မဖြစ်ပါ....။
ဒါသည်သူ့ဘဝမို့....ငွေသည်အသက်တမျှ
အရေးကြီးပါသည်...။
သိပ်အာရုံနောက်လာရရင်တော့လည်း
တွေ့ရာမြင်ရာ လက်ညိုးထိုးရောင်းရုံပေါ့...။
"Hello ဒယ်ဒီ Jungkook ပါ....."
"နောက်ဆုံးတော့ ဖုန်းဆက်ပီးပေါ့ သားလိမ္မာလေး.."
"ဟုတ်ကဲ့....ကျွန်တော့်ကဒ်ကိုဘာတွေလုပ်ထားတာလဲ
မနက်က Hotelမှာ ကောင်မလေးနဲ့ကျွန်တော်
ဘယ်လောက်ဂွမ်းသွားရသလဲသိလား ဒယ်ဒီ
မဆိုးနဲ့လေဗျာ..."
"Hotel မှာရည်းစားတွေနဲ့ ဘယ်အသက်အရွယ်
အထိအိပ်နေမှာလဲ JeonJungkook..."
အနက်ရောင်လက်နေသောပြိုင်ကားလှလှ
လေးကိုမှီကာမြို့ပြင်တစ်နေရာတွင်
ဆေးလိပ်ဖွာရင်းဖုန်းပြောနေရင်းမှ
ခွီခနဲထရီမိသည်...။
"ဒယ်ဒီ ဗျာ.....ဒဲ့ကြီး...."
"ငါအကောင်းပြောနေတာ....
မင်းကဒ်တွေကိုငါအကုန်ပိတ်မှာ
မပိတ်စေချင်ရင် ဒီည အိမ်မှာ
Family Dinnerရှိတယ်...ပြန်လာခဲ့..."
"Family Dinnerတဲ့လား
ဘယ်သူရယ် ဘယ်သူရယ်က မိသားစု
ဆန်နေလို့ ညစာအတူတူစားရမှာလဲ..
တဆိတ် ဒယ်ဒီ...အလုပ်လုပ်လွန်ပီး
အာရုံကြောတွေအားနည်းကုန်တာလား...."
"ပြန်လာခဲ့...အမွေကိစ္စပါပြောမယ်
ငါမသေခင်ထဲက အမွေလိုချင်တဲ့မင်းက
လက်လွှတ်မှာတော့မဟုတ်လောက်ပါဘူးနော်..."
"အမွေပေးဖို့လား Wow......
စောစောက မပြောဘူး...
မိထွေးသေးသေးလေးရော အတူတူစားမှာပေါ့...."
"သူလည်းမိသားစုပဲ မင်းအမေနေရာရောက်နေပီ..
အတူတူပဲစားရမယ်..."
Jeon..နူတ်ခမ်းတွေတွန့်ကွေးသွားကာ
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
မေမေကြည့်ရင်လည်းကြည့်နေမှာပေါ့..။
မိထွေးလေးနဲ့ အသက်နှစ်နှစ်လောက်သာကွာသော
သားဖြစ်သူရဲ့ ဘဝဆိုးလေးကို....။
"ပြန်လာခဲ့မယ်...ဒယ်ဒီ...
ဒယ်ဒီ့ကို ကျွန်တော် လွမ်းတယ်..."
"ဒုက္ခမပေးရတာကြာလို့မလား...
မင်းကိုမွေးမိတာ..ငါ့ဘဝမှာနောင်တအရဆုံးပဲ
ပြိုင်ဆိုင်ရှားလွန်းတယ် JeonJungkook.."
"ကျေးဇူးပါ....အသိအမှတ်ပြုပေးလို့..
ဒါပဲ ဒယ်ဒီ...ညကျတွေ့မယ်..."
ဖုန်းချလိုက်ကာ PowerOffလိုက်သည်။
အာရုံက တစ်ခါနောက်ရရင်ရပီ..
နောက်တစ်ခါထပ်နောက်ရလို့မဖြစ်...
ဖုန်းကိုကားထဲပစ်ထည့်ကာအဝေးပြေးလမ်းမကြီး
ကိုသာငေးစိုက်နေလိုက်သည်။
..............
အိမ်တော်ကြီးသည်..မေမေကိုယ်တိုင်
ဒီဇိုင်းဆွဲကာတည်ဆောက်ခဲ့သည်ဟု
ကြားဖူးခဲ့သည်..။
မေမေ့စိတ်ကူးစိတ်သန်းတွေမို့လားမသိမြင်တိုင်း
အနုစိတ်သိပ်လှခဲ့ပါသည်။
ညခုနှနာရီလောက်တွင်...အိမ်တော်တွင်းသို့
ကားမောင်းဝင်လာတော့ အစောင့်တွေက
လန့်လန့်ဖျန့်ဖျန့်...။
အလှဆင်ထားသောပန်းအိုးတွေအားလုံး
တိုက်ချသွားပြန်တာကြောင့်
သခင်မလေးသိရင်သောင်းကျန်းအုန်းမည်။
ရှောင်မောင်းဖို့ဘယ်တုန်းကမှစိတ်ကူးမရှိခဲ့သူ
သခင်လေးJeonသည် ဘယ်မျက်နှာမှ
မထောက်တတ်ပါ...။
ခြံအဝကနေ အိမ်ကြီးဆီရောက်ဖို့ကိုတောင်
အချိန်နည်းနည်းပေးရသောခြံကြီးသည်
အလွန်ကျယ်ကာ သိပ်လှသော အလှဆင်မှု
များဖြင့် နန်းတော်ကြီးလိုသိပ်ခန်းနားနေမြဲ..။
ကားရပ်ကာခဏစောင့်လိုက်တော့
ခြံထဲကအလုပ်သမားတစ်ယောက်က
ကားတံခါးလာဖွင့်ပေးသည်။
ကားထဲကထွက်လိုက်ကာ အိမ်ဝတွင်
အပြေးအလွှားလာစောင့်နေကြသော
အိမ်အကူကောင်မလေးတွေသည်
ခေါင်းတွေငုံ့ထားကာ မသိရင်
အဖမ်းခံထားရသောတရားခံတွေလို။
ပြင်းပြင်းထန်ထန်ရုပ်ပုံတွေ....
စာတန်းတွေပါသောစျေးကြီးကြီး
TShirtတစ်ထည်နှင့်Jeonသည်
သူအိမ်ပြန်လာတိုင်း စိတ်မချမ်းသာစရာ
ကြိုဆိုမှုတွေကိုတချက်ကြည့်ပြီးနောက်
အိမ်ထဲဝင်သွားလိုက်သည်။
"အိမ်ရှေ့မှာ လာစောင့်နေတဲ့သူတွေက
အိမ်အကူတွေလား...
ဒုက္ခသည်တွေလား...အဒေါ်ကြီး...
စိတ်ရှုပ်ထွေးစေတယ်...
နောက်တစ်ခါ ကျွန်တော်အိမ်ပြန်လာရင်
အိမ်ပေါက်ဝကနေ ကြို ကျက်သရေမရှိနေတဲ့
ပုံစံမျိုးတွေကိုမမြင်ချင်ဘူး...."
"ကောင်မလေးတွေက သခင်လေးကို
ကြောက်နေကြလို့ထင်ပါတယ်
နောက်မဖြစ်စေရပါဘူး...."
"နောက်ဖြစ်ရင်လည်း.....
အဒေါ်ကြီးပါ ထွက်....."
ကားသော့ကိုစားပွဲပေါ်ပစ်တင်ကာ
ဧည့်ခန်းကဆိုဖာပေါ်တွင်ထိုင်နေလိုက်သည်။
အိမ်ပြန်လာလို့လည်းချစ်ချစ်ခင်ခင်
နူတ်ဆက်ရမဲ့သူတစ်ယောက်မှမရှိတာ
ကြောင့် မရောက်လာသေးသော
ဒယ်ဒီ့ကိုသာစောင့်နေလိုက်သည်။
ဧည့်ခန်းထဲကစျေးကြီးလွန်းသောအသုံးအဆောင်
အသစ်တွေကိုလိုက်ကြည့်မိသည်။
သစ်လွင်သောအရောင်နုနုလေးတွေ.....
တစ်ချိန်ကတော့ အရောင်ရင့်ရင့်များဖြင့်
ခမ်းခမ်းနားနားရှိခဲ့ဖူးပါသည်။
မေမေ က အရောင်ရင့်ရင့်များကိုသာ
ရွေးချယ်တတ်သူဖြစ်တာကြောင့်
နူတ်ခမ်းနီရဲရဲများတောင်နောက်ဆုံးနေ့အထိပျက်မသွား။
ခုများကျ ကျွန်တော့်ထက်အသက်နှစ်နှစ်
လောက်သာကြီးပြီး ရုပ်ပိုင်းဆိုင်ရာကတော့
ကျွန်တော့်ထက်ပင်ငယ်သလို ၂၂အရွယ်မိန်းကလေး
တစ်ယောက်ကို အဖေ လက်ထပ်ထားတာ
ကြောင့် ထိုမိန်းကလေးအကြိုက်...
အရောင်နုနုလေးတွေတစ်အိမ်လုံးဝေဝေဆာဆာ။
တစ်ချိန်က မေမေ့အလှဓာတ်ပုံအကြီးကြီးနေရာ
တွင် တန်ဖိုးကြီးပန်းချီကားတစ်ချပ်အစားထိုး
ချိတ်ဆွဲထားသည်။ တစ်ခုချင်းစီသေသေချာချာ
လိုက်ကြည့်မိပါသည်.....။
အမေဆောက်ခဲ့သောအိမ်..
အမေ့အငွေ့အသက်တွေအပြည့်နဲ့...ရပ်ဝန်းတွင်
မျက်နှာပြောင်စွာ လုပ်ချင်ရာတွေလုပ်ထားခြင်း
သည်အိမ်ပြန်လာတိုင်းကြုံရသော
ရုပ်ဆိုးခြင်းတစ်ခု.....။
စိတ်တိုလာတာနှင့် ပီကေတစ်ခုဖောက်ကာ
ဝါးနေလိုက်သည်။
ပီကေဝါးပီး ပေစောင်စောင်လိုက်ကြည့်ရသည့်
အရသာကလည်းတမျိုးကောင်းသည်မလား။
ဒီနေ့အတွက် ပြစ်မှတ်သည် အမေ့ဓာတ်ပုံနေရာ
တွင်အစားထိုးနေသောအဖိုးတန်ပန်းချီကား
ကြီးဖြစ်နေတာကြောင့် ဆိုဖာမှထကာထိုပန်းချီကား
နေရာသို့လျှောက်သွားလိုက်သည်။
"JeonJungKook..!!!နင်ဘာလုပ်မလို့လဲ....!!!"
ရပ်ပဲကြည့်ရသေးသည် အပေါ်ထပ်မှ
အူယားဖားရားပြေးဆင်းလာသော
မိထွေးငယ်ငယ်လေးသည် လှလှလေး...။
အသားရောင်ဂါဝန်လှလှလေးဝတ်ထားကာ
ဒီညFamily Dinner အတွက်ဖြစ်ပါလိမ့်မည်။
လူတွေကခက်တော့လည်းခက်ပါသည်။
မိထွေးငယ်ငယ် လေးက အသက်၄၀ကျော်
သူ့အဖေ မကြိုက်တော့မှာစိုး၍
ပစ်သွားမှာစိုး၍ အချိန်တန်ပူပန်နေကာ
၂၄နာရီပတ်လုံးအလှပြင်ထားတတ်သည်။
တကယ်ဆို ဒယ်ဒီက ကြောက်နေရမှာမဟုတ်လား။
သော့ချက်သည်ငွေဖြစ်နေသည်။
ဒယ်ဒီ့ကို မကြိုက်တောင် ဒယ်ဒီ့စည်းစိမ်တွေကို
ကြိုက်၍ ရွံစရာကောင်းစွာ အဖေလောက်ကြီး
ယူပြီး ဘဝကို အောက်တန်းကျကျဖြတ်သန်းနေတဲ့
မိန်းမလှလေး။
မြင်တိုင်းမေးမေးရိုက်ချင်စရာ
ပုံစံလေးသည်ခုလည်းမျက်ခွက်ပြောင်စွာ
ပြေးဆင်းလာသည်။
"ငါ့ပစ္စည်းတွေကို လာမထိနဲ့နော်.....
အိမ်ပြန်လာတယ်ဆိုလည်း ကိုယ့်အကန့်နဲ့ကိုယ်နေ..."
ထွီ!!!!
အနားအထိပြေးလာကာ ရောင်စုံခြယ်သထား
သောမျက်နှာဖြင့် အိမ်ကြီးရှင်အထာဖမ်းတော့
ပါးစပ်ထဲကပီကေသည် ပန်းချီကားပေါ်
သွားကပ်သည်။
"နင်.......လူပါးဝပြန်ပြီ....!!!!"
ထုံးစံပါပဲ...မိထွေးလေးသည်စိတ်လှုပ်ရှား
လွယ်သူမို့ ထုချင်ရိုက်ချင်စိတ်တွေများကာ
ပြေးရိုက်လာတော့ တွန်းလွှတ်လိုက်ရသည်။
ကြမ်းပြင်ပေါ်ရုပ်ပျက်ဆင်းပျက်
ပြုတ်ကျတော့ အိမ်အကူတွေက
အပြေးလာထူပေးကြသည်။
"အဲ့ပန်းချီကားဘယ်လောက်တန်လဲနင်သိလား
အရိုင်းအစိုင်းကောင်ရဲ့.!!!!"
ထူပေးသောလက်တွေကြားကတွန်းထိုး
ထွက်လာကာထပ်အော်လာပြန်သည်။
ပီကေနောက်တစ်ခုပါးစပ်ထည့်ကာ
ဝါးပီးတဲ့နောက်....
"ဒါဆို တန်ကြေးသေချာသိတဲ့နင့်မျက်နှာကို
ထပ်ထွေးထုတ်ကြည့်မယ်လေ....
ဘယ်လိုလဲ....."
"JungKook!!!!"
ပွဲကောင်းနေပြီဆိုဒယ်ဒီရောက်လာပြီ။
မိထွေးလေးသည် ဘီလူးစီးသလိုမျက်လုံး
တွေမှ ချက်ချင်းအင်အားချိနဲ့လျှက်
ဒယ်ဒီဆီသို့ပြေးသွားသည်။
"ငါမင်းကို...ပြသနာရှာဖို့အိမ်ပြန်လာခိုင်းတာ
မဟုတ်ဘူးနော်....ညစာပြင်ကြ
ထမင်းစားမယ်...."
"ဟုတ်ကဲ့ သခင်ကြီး..."
ဒုတိယပီကေထပ်ထွေးစရာနေရာမရှိ..။
ထမင်းက စားရတော့မည်။
မတတ်နိုင်...စားပွဲပေါ်အလှတင်ထားသော
အရောင်နုနု အလှနာရီလေးပေါ်ပဲထွေးထုတ်လိုက်သည်။
အဆင်ပြေသွားပြီ....။
ခေါင်းရင်းခုံတွင်အဖေထိုင်ပြီး..
ဒုတိယနေရာတွင်သူထိုင်နေသည်။
တစ်ဖက်ကခုံကိုအလွတ်ထားရပြီး
နောက်တစ်ခုံကျော်တွင်မိထွေးလေးထိုင်နေသည်။
ဟင်းတွေသည်အရသာသိပ်ရှိကာ
စားချင်စဖွယ်ကြီးပင်....။
Jeon သည် သေသေချာချာထည့်စားကာ
ပန်းကန်ထဲတွင်ဟင်းတွေအပြည့်...။
"မင်း ကိုငါ အိမ်ထောင်ချပေးမလို့...Jungkook.."
စားနေရင်းနင်သွားတာကြောင့်ဖန်ခွက်ကိုယူကာ
မိထွေးလေးရှေ့သို့ ချပေးလိုက်သည်။
တင်တင်စီးစီး ခိုင်းစေပုံကို ဒယ်ဒီမကြိုက်ပေမယ့်
ဘာမှမပြော..။ဆောင့်ဆောင့်အောင့်အောင့်ထည့်
ပေးသောရေကိုသောက်လိုက်သည်။
"အမွေပေးမှာဆို ပြောတော့...လိမ်ပြန်တာလား..."
"ဆက်စပ်နေတယ်...."
"ငါ့သူငယ်ချင်းရဲ့သား.တစ်ယောက်ရှိတယ်
....."Hotel ပိုင်ရှင်ကောင်လေးလေ..
အဲ့တာမင်းနဲ့ပေးစားမလို့..."
"မနက်က ကျွန်တော်သွားနားတဲ့Hotelပဲ......
တိုက်ဆိုင်ချက်....အဲ့Hotelအရမ်းService
ကောင်းတယ်ဒယ်ဒီ...အစားအသောက်တွေက..."
"JungKook....ငါပြောတာကိုသေချာနားထောင်..."
"စေတနာနဲ့လည်းပြောပြရသေးတယ်..."
"ငါအဲ့ဒီကောင်လေးကို သဘောကျတယ်..
မင်းနဲ့သင့်တော်တယ်လို့လည်းငါထင်လို့..
သူ့အဖေနဲ့လည်းအားလုံးပြောဆိုပီးပီ
အဆင်ပြေတယ်....မင်းယူလိုက်..."
"လွယ်လိုက်တာ....အဲ့လောက်ကြီးလွယ်နေတော့
လည်းနေတောင်မနေတတ်တော့ဘူး...."
"နာမည်က ParkJimin..သူ့ကိုငါစီးပွါးရေး
လောကမှာသတိထားမိနေတာကြာပီ
သိပ်ခြေလှမ်းသွက်တယ် ထက်မြက်ပီး
ခေါင်းသိပ်ကောင်းတယ်..
မင်းလိုအရူးတော့မဟုတ်ဘူးပေါ့...
သူ့အဖေကို အရင်က ကမ်းလှမ်းကြည့်ပေမယ့်
ငယ်သေးတာရယ်ကြောင့်အဆင်မပြေခဲ့တာ"
"ငါကံကောင်းတယ်ပဲဆိုရမလား
သူ့အဖေလောင်းကစားဝိုင်းတွေမှာ
အကြီးအကျယ်ရှုံးပြီး ကောင်လေးက
Hotelတောင်အပ်ရတော့မယ့်ပုံစံပဲ
ပြောရရင်စီးပွါးပျက်ပီပေါ့ကွာ....
မင်းသိပါတယ် ငါက ငွေရှိဖို့မလိုဘူး
အရည်အချင်းအစစ်ကိုပဲလိုတော့
မင်းကိုကောင်းကောင်းလည်းထိန်းနိုင်ပြီး
သူ့ကိုသာ ငါပိုင်ရင် ငါ့အလုပ်တွေအတွက်
အကျိုးအမြတ်ကနည်းမှာမဟုတ်ဘူး...
ဒီလိုဖြစ်တယ်ဆိုတာလည်း သူညံ့ဖျင်းလို့လုံးဝမဟုတ်တာ
ငါသိတယ် လောင်းကစားသမားတွေ
ဦးနှောက်မဲ့ရင် ဘယ်လောက်ထိန်းထိန်း
ဘာတတ်နိုင်မှာလဲ...."
"အမျိုးမှန်အဖိုးတန် သွေးနိုင်သလောက်
တောက်မဲ့ ကျောက်တပွင့်မို့..
ငါလက်မလွှတ်ချင်ဘူး...JungKook..."
"ခိုင်းစားချင်တာပေါ့...စကားတွေလှအောင်
မပြောနေနဲ့..."
"မင်းအတွက်လည်းသူကအသင့်တော်ဆုံးလို့
ငါမြင်လို့ပါ.....မင်းရဲ့အရှိန်ကိုထိန်းဖို့
လူလိုနေပြီ..ဒီတိုင်းလွှတ်ထားရင်
ဘဝကပျက်တော့မှာ...အဲ့တော့ သူတို့လိုအပ်တဲ့
ငွေကြေးကိုငါကူညီပြီး သား ကိုတောင်းလိုက်တဲ့
သဘောပဲ..."
"ဝယ်လိုက်တာပေါ့....အဲ့တာလည်း
ဟိုဘက်ကကောင်က လက်ခံတာပဲလား
ငွေရရင် ပီးရော ဘာဖြစ်ဖြစ် ဘယ်သူနဲ့
ပေါင်းရပေါင်းရအဲ့လိုလား..."
"သူများသားသမီးတွေက မိဘတစ်ခွန်းဆို
တစ်ခွန်းလေ ...မင်းလိုမျိုးမှမဟုတ်တာ
မိဘဒုက္ခရောက်မယ့်လမ်းဘယ်ရွေးပါ့မလဲ..."
"အထည်ကြီးပျက်ကလေးနဲ့အိမ်ထောင်ပြုရမယ်ပေါ့လေ"
"ကံကြမ္မာကြောင့်ပါ..သူကသိပ်တန်ဖိုးရှိတဲ့
လူငယ်တစ်ယောက်ဆိုတာငါမြင်ရုံနဲ့သိတယ်.."
"ဒယ်ဒီတအားကြိုက်နေတာ..
ဒီသမီးလောက်လေးကိုမယူဘဲ
အဲ့အဖိုးတန်လေးကိုပဲ ယူလိုက်ပါလား...
တစ်ချက်ခုတ် အပိုင်းတစ်ရာလောက်တောင်
ပြတ်တယ်..."
"JeonJungkook!!!!! မင်းမရိုင်းနဲ့...
ငါအဖေတစ်ယောက်အနေနဲ့သင့်တော်တာကို
ချပြတာ...တကယ်ဆိုParkJiminလို
ဖြစ်တည်မှုက မင်းနဲ့မြူမှုန်တစ်မှုန်တောင်
မတန်ဘူး မင်းလိုပျက်ဆီးနေတဲ့ကောင်
နာမည်ပျက်ပေါင်းသောင်းခြောက်ထောင်နဲ့
ကောင်ကို ဟိုဘက်ကလက်ခံတာကိုကျေးဇူတင်...."
"ကျေးဇူးတင်ပါတယ်ဗျာ....."
"မင်းအမွေလိုချင်ရင် သူ့ကိုယူ
လက်ထပ်တဲ့နေ့ ငါအားလုံးလွှဲပေးမယ်...
တစ်ခုမကျန်..."
အမွေတွေဘာကြောင့်ငမ်းငမ်းတက်မက်ရသလဲ
ဆိုရင် အမေ့ပစ္စည်းတွေ ကိုဘေးက မိထွေးလေးနဲ့
အမျိုးအဆွေတွေ ကလေးတွေမွေးလာရင်လည်း
ခွဲဝေမပေးနိုင်တာကြောင့် သူသည်တရားဝင်
မယားနှင့်မွေးထားသောတရားဝင်သားတစ်ယောက်
မို့အကုန်ရယူချင်ပါသည်။
"အကျပ်လာကိုင်နေတယ် ဟာသပဲ...."
"JungKookငါမင်းကိုတည်ငြိမ်စေချင်ပီ...
ဆိုးမိုက်နေ့တွေတော်လောက်ပီ
ငါလွန်ခဲ့တယ်ဆိူလည်းငါမင်းကိုတောင်းပန်ပါတယ်..."
"အမှားတွေကို တောင်းပန်ပါတယ်ဆိုတဲ့
စကားနဲ့ချေဖျက်လို့ရတယ်ပေါ့...
ဒါဆို ကျွန်တော်ကပြန်တောင်းပန်မယ်
လက်မထပ်နိုင်ဘူး...
ကျွန်တော့်အိမ်ထောင်ရေးကျတော်စီစဉ်မယ်
ကျွန်တော့်ဘဝကိုကျွန်တော်စီရင်မယ်...
ဒယ်ဒီ ဆရာလာမလုပ်နဲ့..."
" မင်းသူ့ကိုတွေ့ကြည့်လိုက်ရင်တော့
စိတ်ပြောင်းနိုင်ပါတယ်..
တစ်ခါလောက်တော့ တွေ့ကြည့်ပါ
မကြိုက်ဘူးဆိုရင် ငါရှေ့မတိုးပါဘူး..."
"ကျွန်တော် လက်ထပ်ခြင်းကို အယုံအကြည်မရှိဘူး
ဒယ်ဒီ..ကျွန်တော့်အိမ်ထောင်ဖက်က
ငွေ ကြောင့် ကျွန်တော့်ကိုလက်ထပ်ယူတယ်
ဆိုတာက သိပ်စိတ်ပျက်ဖို့ကောင်းတယ်လေ...
ကူညီချင်ရင်ဒီတိုင်းကူညီလိုက်ပါ
သနားပါတယ်..."
"အလကားကူညီစရာလား
ငါစီးပွါးရေးသမား..ငါ့အကျိုးအမြတ်ကိုပဲ
ငါကြည့်မယ်..."
"ကျွန်တော် ပြန်လိုက်ပါအုန်းမယ် ဗျာ...."
"ငါစကားပြောနေတာ မပီးသေးဘူး ပြန်ထိုင်စမ်း..."
"အရေမရ အဖတ်မရတွေပြောတာကို
နားမထောင်ချင်တော့ဘူး...
မအားတော့ဘူး သွားရတော့မယ်...."
ထမင်းစားဝိုင်းမှထကာ ယူစရာရှိတာတွေ
ကောက်ယူပီးတဲ့နောက် ပြန်ရန်စဉ်းစားလိုက်သည်။
ဆက်နေလျှင်မဟုတ်တာတွေကြီးနားထောင်နေ
ရအုန်းမှာဖြစ်တာကြောင့်အာရုံသိပ်အနောက်
မခံနိုင်.ပါ။
ကားပေါ်တက်ကာ အကြမ်းပတမ်းမောင်းထွက်
နိုင်ဖို့အရှိန်ယူပြီးတဲ့နောက်ပြန်ထွက်တဲ့အခါလည်း
မြင်သမျှအားလုံးတိုက်ချသွားပြန်သည်။
အိမ်ထောင်ပြုခြင်းတဲ့........။
ပေါက်ကရလေးဆယ်တွေ......။
တတိယမြောက်ပီကေကိုဝါးကာ
ကားတံခါးမှန်ချလျှက် ထွေးထုတ်လိုက်သည်။
"ယောင်း!!!!!!!!!!"
ယောင်းနှလုံးသားတည့်တည့်ကိုမြှားတစင်းက
စိုက်ဝင်နေပြီ......။
ပွေ့လိုက်ချိန်တွင်ယောင်း တကိုယ်လုံး
အေးစက်နေခဲ့သည်။
"JEonလေ.....Jeonပါ....
ပါးကို ထိကိုင်လာသည်။
"တောင်းပန်ပါတယ် Jeon......."
ဘာကြောင့်လဲ.....?
ပြန်ကြည့်နေသည်...။
အော်ငိုနေမိသည်....။
ပြေလျှော့လာသည်.....။
"ယောင်း.....!!!ယောင်း.....!!!!"
"ယောင်း.....!!"
ဒီနိုင်ငံရဲ့ အလှဆုံး ယောက်ျား....
ယောက်ျား မိန်းမ မြင်တာနဲ့မူးဝေသွားလောက်တဲ့
လူသား....
ဒါပေမယ့်.......ရူးနေသည်။
"ဖယ်ပေးလိုက်...."
ဓားတွေသိမ်းလိုက်သည်။
"မင်း....လုပ်ရက်လိုက်တာ......"
သုတ်လမ်းလိုက်သည်။
လသည်ထိန်ထိန်သာနေကာ
လွှင့်လွှင့်သွားသည်။
တချက်ပြန်ကြည့်မိရင်....တခါနင့်ဝင်သွား
စေသော ပုံရိပ်လေး....။
နေလိမ့်မည်...။
မျက်လုံးစူးရှရှတွေနဲ့ပင်တကိုယ်လုံးကိုမီးနဲ့ရှို့ချလိုက်သလိုအပူတပြင်းတောက်လောက်လာသည်။
"ငါကျိန်စာတိုက်တယ်.......
"ငါနဲ့ပဲသံသရာတခွင်လုံးပြန်ဆုံစည်းပြီး
ပဲဖြစ်ရပါစေ...."
မသတ်တော့ဘူး......
ပြင်းထန်နေသည်။
"စော်ကားနေလိုက်တာ....."
လိုက်သွားခဲ့သည်။
သတ်သေသွားခဲ့တာလား....။
ကြည့်နေသော Jeonသည်
ပြိုလဲကျသွားခဲ့သည်။
လှမ်းကြည့်နေဆဲ.....။
မြင်းခွါတချက်သည်...နှလုံးခုန်သံတချက်
လန့်နိုးသွားတော့သည်။
ပြန်ရောက်လာသည်...။
ပြင်းထန်လှပါသည်။
ဆယ်နှစ်သားထဲက တစတစမြင်ရလာတဲ့
အိမ်မက်တွေသည် တခါတရံကျရှည်လျှားသည်
တခါတရံကျ ဇာတ်ကွက်တခုလိုခပ်တိုတိုနှင့်
သူနှိုးသွားတတ်သည်...။
စိတ်ကုန်လာပါသည်.....။
တခါတရံကျ ဒေါသတွေထွက်သည်....
တခါတရံ ကျဘာတွေကို မကျေနပ်နေမှန်းမသိ
အလိုမကျ......။
ဗလာဖြစ်သွားသည်။
ထွက်ကာဆေးလိပ်တလိပ်မီးညှိလိုက်သည်။
အိပ်ယာပေါ်တွင် မိန်းကလေးတစ်ယောက်
ဆေးလိပ်တလိပ်ကုန်လို့ စိတ်နည်းနည်း
ပြန်အိပ်လို့ရသည်...။
ဆေးလိပ်တလိပ်ကုန်ခါနီး တွင်ခါးကိုနောက်မှ
မတူ....။
အားလုံးလှကြပါသည်...။
လက်သည်းနီရောင် တမျိုးပီးတမျိုးနဲ့
ရင်လည်း ယောက်ျား မိန်းမမရွေး
ယောက်ျားမို့ လှတပတ မိန်းကလေးတွေ
တနေ့တယောက် ဒါမှမဟုတ် မနက်တယောက်
ညတယောက်လား...ရည်းစားတွေလား
သွားပြီထင်တယ်...."
"ကိုကိုသနားပါတယ်...
"နည်းနည်းပါ....."
ကောင်မလေးလှလှလေးတွေကဖက်ထားပေးပြီး
အိပ်ယာပေါ်ပြန်တက်ကာကိုယ့်အတွေးတွေနဲ့
ကာလကပုံစံတွေဖြစ်သည်။
သော လူ၏ မျက်လုံးတွေ.....
အိမ်မက်သည် ထ်ုမျက်လုံးတွေကို
မျက်လုံး...။
သေချာတာတစ်ခုက
......
လည်းမဟုတ်ခဲ့ပါ....
ဒယ်ဒီ့ကို မမေးဖူး....
ဒါပေမယ့်
ဒယ်ဒီ့က သိတောင်သိရဲ့လားမသိ..။
တထည်ဖြင့်ခပ်ရိုးရိုးတွဲဝတ်ထားကာ
ကိုဆွဲထားသည်....။
တချက်မျှညွှတ်ကိုင်းသွားလျှင်
ပြုံးယဲ့ယဲ့လေး....။
အိပ်ယာထဲကကောင်မလေး၏ပုခုံးသေးသေး
JeonJungkook ဆိုတဲ့ ယောက်ျားမလို့....
သော်လည်း ကဒ်သည်အလုပ်မလုပ်ခဲ့...။
"Don't Worry Babe...."
သူငယ်ချင်းတအုပ်၏ ဘယ်မှာလဲ ဘယ်မှာလဲ
လေးလလား ငါးလလား...
အရေးကြီးပါသည်...။
"ဟုတ်ကဲ့....ကျတော့်ကဒ်ကိုဘာတွေလုပ်ထားတာလဲ
မနက်က Hotelမှာ ကောင်မလေးနဲ့ကျတော်
မဆိုးနဲ့လေဗျာ..."
လေးကိုမှီကာမြို့ပြင်တနေရာတွင်
ခွီခနဲထရီမိသည်...။
"ဒယ်ဒီ ဗျာ.....ဒဲ့ကြီး...."
"ငါအကောင်းပြောနေတာ....
"Family Dinnerတဲ့လား
"အမွေပေးဖို့လား Wow......
စောစောက မပြောဘူး...
အတူတူပဲစားရမယ်..."
"ပြန်လာခဲ့မယ်...ဒယ်ဒီ...
ဒယ်ဒီ့ကို ကျတော် လွမ်းတယ်..."
ဒါပဲ ဒယ်ဒီ...ညကျတွေ့မယ်..."
..............
ကြားဖူးခဲ့သည်..။
လန့်လန့်ဖျန့်ဖျန့်...။
မထောက်တတ်ပါ...။
စာတန်းတွေပါသောဈေးကြီးကြီး
TShirtတထည်နှင့်Jeonသည်
အိမ်အကူတွေလား...
စိတ်ရှုပ်ထွေးစေတယ်...
နောက်တစ်ခါ ကျတော်အိမ်ပြန်လာရင်
နောက်မဖြစ်စေရပါဘူး...."
"နောက်ဖြစ်ရင်လည်း.....
အဒေါ်ကြီးပါ ထွက်....."
ဧည့်ခန်းထဲကဈေးကြီးလွန်းသောအသုံးအဆောင်
ခုများကျ ကျတော့်ထက်အသက်နှစ်နှစ်
ကျတော့်ထက်ပင်ငယ်သလို ၂၂အရွယ်မိန်းကလေး
အရောင်နုနုလေးတွေတအိမ်လုံးဝေဝေဆာဆာ။
တွင် တန်ဖိုးကြီးပန်းချီကားတချပ်အစားထိုး
ချိတ်ဆွဲထားသည်။ တခုချင်းစီသေသေချာချာ
လိုက်ကြည့်မိပါသည်.....။
အမေဆောက်ခဲ့သောအိမ်..
ရုပ်ဆိုးခြင်းတစ်ခု.....။
စိတ်တိုလာတာနှင့် ပီကေတခုဖောက်ကာ
ဝါးနေလိုက်သည်။
မိန်းမလှလေး။
ပြေးဆင်းလာသည်။
ထွီ!!!!
သွားကပ်သည်။
"နင်.......လူပါးဝပြန်ပြီ....!!!!"
အပြေးလာထူပေးကြသည်။
ဝါးပီးတဲ့နောက်....
ဘယ်လိုလဲ....."
"JungKook!!!!"
ထမင်းစားမယ်...."
"ဟုတ်ကဲ့ သခင်ကြီး..."
ထမင်းက စားရတော့မည်။
အဆင်ပြေသွားပြီ....။
တဖက်ကခုံကိုအလွတ်ထားရပြီး
နောက်တခုံကျော်တွင်မိထွေးလေးထိုင်နေသည်။
စားချင်စဖွယ်ကြီးပင်....။
"ဆက်စပ်နေတယ်...."
"မနက်က ကျတော်သွားနားတဲ့Hotelပဲ......
ခေါင်းသိပ်ကောင်းတယ်..
ဘာတတ်နိုင်မှာလဲ...."
မပြောနေနဲ့..."
သဘောပဲ..."
"ဒယ်ဒီတအားကြိုက်နေတာ..
တချက်ခုတ် အပိုင်းတစ်ရာလောက်တောင်
ပြတ်တယ်..."
ဖြစ်တည်မှုက မင်းနဲ့မြူမှုန်တမှုန်တောင်
"ကျေးဇူးတင်ပါတယ်ဗျာ....."
တခုမကျန်..."
ငါလွန်ခဲ့တယ်ဆိုလည်းငါမင်းကိုတောင်းပန်ပါတယ်..."
ဒါဆို ကျတော်ကပြန်တောင်းပန်မယ်
လက်မထပ်နိုင်ဘူး...
ကျတော့်အိမ်ထောင်ရေးကျတော်စီစဉ်မယ်
ကျတော့်ဘဝကိုကျတော်စီရင်မယ်...
ဒယ်ဒီ ဆရာလာမလုပ်နဲ့..."
"ကျတော် လက်ထပ်ခြင်းကို အယုံအကြည်မရှိဘူး
ဒယ်ဒီ..ကျတော့်အိမ်ထောင်ဖက်က
ငွေ ကြောင့် ကျတော့်ကိုလက်ထပ်ယူတယ်
သနားပါတယ်..."
"အလကားကူညီစရာလား
ငါကြည့်မယ်..."
"ကျတော် ပြန်လိုက်ပါအုန်းမယ် ဗျာ...."
မခံနိုင်.ပါ။
ပေါက်ကရလေးဆယ်တွေ......။
Bạn đang đọc truyện trên: AzTruyen.Top