🤍Ending🤍(Part2)
"အထည်ကြီးပျက်လေးနဲ့လက်ထပ်ရမှာပေါ့လေ...."
ခပ်ထေ့ထေ့နဲ့မောင်က အဲ့ဒီတုန်းကမထီတထီ.....။
တကယ်တမ်း
အထည်ကြီးပျက်သွားခဲ့တာကမောင့်နှလုံးသား.....။
အမှန်တရားသည် မဟုတ်ဘူးငြင်း၍မရနိုင်..။
မောင်ရေ JeonJimin လေးကိုဘယ်ကစချစ်သလဲ
မေး ခြေဖဝါးရဲရဲလေးတွေကလို့ဖြေပြလိမ့်မည်....။
မောင့်ရင်ခွင်အကျယ်ကြီးက JeonJimin နမ်းဖို့
JeonJimin မှီဖို့...JeonJimin ကန်ပစ်လိုက်ဖို့....။
ဒူးထောက်ထားရုံမဟုတ်ဘူး...ခေါင်းငုံ့ရိုကျိုးပြီးကို
ဘဝအဆုံးအထိချစ်ပစ်ခဲ့တာ....။
အနိုင်ယူလို့မရတာမဟုတ်ဘူး...
အကြောင်းပြချက်မဲ့ကို
ပျော်ပျော်ကြီးဝပ်တွားနေချင်တာ
၂၁ရာစု ရဲ့မောင့်ဧကရာဇ်လေး
အမိန့်မှန်သမျှ တစ်ချက်မှမလွဲ
နာခံပစ်လိုက်အုန်းမှာ....။
မောင့်ကိုန်ိုင်လိုက်စမ်းပါအုန်းအချစ်
ငယ်လေးရယ်.....။
(JeonJungkook)
.................။
"သူ့တစ်ကိုယ်လုံးမှာမက်လောက်စရာတစ်နေရာ
တောင်မရှိဘူး...ဘာတန်ဖိုးမှမရှိတဲ့ကောင်
အမှိုက်ကောင်..."
ချိုးချိုးနှိမ်နှိမ်ကို အားမနာစတမ်းလက်ညိုးထိုးခဲ့
သူက မောက်မောက်မာမာ.....။
ဝိုင်းစက်နေသောမျက်လုံးလေးတွေနဲ့များ
ခေါင်းတိုးချွဲလိုက်ရင်ခုများတော့မက်မောတာထက်
ပင်လွန်ပါသော အတ္တများစွာဖြင့်
မောင့် ကို သေသေချာချာကို ချည်နှောင်ခဲ့...။
မောင့်ကိုတန်ဖိုးမဲ့ကြောင့် ကြမ်းတမ်းစွာ
စွပ်စွဲခဲ့ပြီး...မောင့်ဘဝကိုတန်ဖိုးရှိစွာ
အဓိပ္ပာယ်ရှိစွာဖြတ်သန်းနိုင်ဖို့ သိပ်ကြိုးစားပေးခဲ့တာ
လည်းစွပ်စွဲခဲ့သူပါပဲ....။
ရီချင်ပေမယ့် မရီရဲခဲ့ကြပါဘူး.....
လက်စောင်းရော မျက်စောင်းပါထက်ကာ
မောင်က လွဲပြီး တစ်လောကလုံးအပေါ်အလိုမလိုက်
တတ်တဲ့နားလည်မပေးတတ်တဲ့
မီးတောင်လေးက တို့တွေမလေးမစားသွား
လုပ်လို့မရတဲ့ထဲမှာပါတယ်....။
MD Parkက စာမျက်နှာထောင်ပေါင်းများစွာနဲ့လူ..။
မောင်ကလေ....လို့အစချီရုံနဲ့ParkJimin က
ဖြစ်စေသတည်း....။
ParkJimin ရဲ့ ရင်ခွင်သေးသေးက
မောင် မြတ်နိုးဖို့ မောင်အားကိုးဖို့
မောင်ချွဲနွဲ့ဖို့......
အနိုင်မရတာမဟုတ်ဘူး......ကိုယ်တိုင်ကိုက
အရှုံးတွေပေးချင်နေခဲ့တာ...
အနိုင်ရချင်ယောင်ဆောင်ပြီး...ဘဝအဆုံးအထိ
ယောကျ်ားငယ်ငယ်လေးအပေါ်အရာအားလုံးမှာ
ရှုံးပစ်ပေးအုန်းမှာ.....။
ကိုယ့်ကို ဆိုးလိုက်စမ်းပါအုန်း....အချစ်ရဆုံးမောင်ရယ်...။
(ParkJimin...)
..................................။
"MD ရုံးဆင်းပြီလားဗျ...."
Company ရှေ့ မောင်လာကြိုနေပြီဖြစ်တာကြောင့်
MD ကခြေလှမ်းမနှေးမမြန်လေးလျှောက်လာ
တုန်း အလုပ်ခန့်ထားတာမကြာသေးသော
ဌာနတစ်ခု၏ခေါင်းဆောင်က အလုပ်ဆင်းချိန်တွေ
တူနေတာကြောင့်ပြေးလာနူတ်ဆက်သည်။
"အင်း....ဆင်းပြီ..."
အသက်အရွယ်လည်းသိပ်မကွာ အလုပ်မှာ
အရေးပါအရာရောက်သောလူကြီးလူကောင်းတစ်
ယောက်မို့ MD Parkက အလိုက်အထိုက်
မျက်နှာထားဖြင့် ပြန်တုံ့ပြန်သည်။
"Reportတွေ တင်ပေးအုန်းနော်
မေ့နေမှာစိုးလို့...ခရစ်စမတ်အားလပ်ရက်တွေလည်း
ရှိတော့ မရောက်ခင် လက်စသတ်စရာရှိတာကို
ကိုယ် လက်စသတ်ချင်တယ်...."
"ဟုတ်ကဲ့....ကျွန်တော်မနက်ဖြန်တင်ပေးပါ့မယ်..."
"ကျေးဇူးပဲ....ကြိုးစားပေးပါအုန်း..."
MD Park အပြုံးမမည်သောအပြုံးလေးတစ်ချက်
ဖြင့်ပုခုံးကို ပုတ်ကာရှေ့ဆက်ထွက်သွားသည်။
ခေါင်းဆောင်သည် ကြောင်အလျက်။
အိမ်ထောင်ရှိတာလည်းသိသလို..။
ကလေးပေါက်စလေးတစ်ယောက်ပါရှိတာလည်း
သိပါသည်။ဒါပေမယ့် ဒါပေမယ့်တွေရဲ့နောက်မှာ
MD ရှားပါးစွာ သဘောကောင်းသွားတိုင်း
သူတင်မက Company တစ်ခုလုံး ကျောက်ရုပ်ကြီး
တွေလို အေးစက်ကျန်ခဲ့ရမြဲ....။
အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင်ကို
အလွန်အကျွံလှပလွန်းသော ဆိုင်သူလေးဟာ
ခြောက်နှစ်မက အနှစ်ခြောက်ဆယ်အထိလည်း
ကြွရွ ခမ်းနားနေဆဲပဲ.....။
Jimin Company ရှေ့သို့ရောက်တော့ ခွီခနဲမရီမိအောင်
မျက်နှာကိုမနည်းထိန်းလိုက်ရသည်။
အနက်ရောင်ပြိုင်ကားကိုမှီကာလက်ပိုက်ရပ်နေသော
မောင်သည် နေကာမျက်မှန်အနက်ရောင်ဖြင့်
ပီကေခပ်မှန်မှန်ဝါးလျက် စတိုင်တကျ ။
မောင်က စတိုင်ကျတာကတော့ဟိုအရင်တုန်းထဲက
မို့သိပ်မဆန်းလှပေမယ့် မောင့်ဘေးတွင်
မောင့်အတိုင်း ပီကေ ဝါးလျှက် မျက်မှန်တပ်ထားသော
အကောင်ပေါက်လေးက ဘာလေးလဲ...။
သူကလည်းကားကိုမှီနေကာ ကျောင်းဝတ်စုံနဲ့အတူ
မျက်နှာထားသည် မောင့်အတိုင်းပဲ...။
"Daddy ပါးပါးဘေးက လူက ဘာလဲ
စကားတွေတအားလိုက်ပြောနေတယ်..."
လျှော့ချစ်နေရသော ဘဝမှာ အရင်စိတ်နဲ့သာ
ဆိုJeonJimin ကိုချီပြေးလိုက်ပြီးပြီ။
ဒါပေမယ့်လည်း အချိန်တစ်ခုအထိဖြတ်သန်းပြီးပြီမို့
မောင်သည် ထိန်းတတ်နေပါပြီ။
သဘာဝကျကျ စိတ်ကိုအေးအေးထားပြီးပဲ
လိလိမ္မာမ္မာရင့်ကျက်ပေးရအုန်းမှာပဲ...။
အငြိုငြင်လေးတစ်ခုတောင်မောင်မခံစားနိုင်ပါ။
ခြောက်နှစ်လုံးလုံး ခက်ခဲလွန်းသော်လည်း
ကြိုးကြိုးစားစား စနစ်တကျလေး ဆိုင်သူလေးကို
မောင်ချစ်ပေးခဲ့ရှာသည်။
"ဝန်ထမ်းထင်ပါတယ်ကွာ.....
အလုပ်ရှင်ဆိုတော့လည်းတစ်ခါတစ်လေ
ဝန်ထမ်းတွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံရတာတွေရှိမှာပေါ့.."
Kooသည် မောင့်ကို မကျေမနပ်မော့ကြည့်ကာ
နှုတ်ခမ်းပါးလေးကစူထွက်လာသည်။
"Daddy ကို Koo သိပ်အားမရဘူး....."
မောင်က ပြုံးသွားကာ Kooကိုကောက်ချီ
လိုက်သည်။
"မင်း ပါးပါးကို Daddy ကြောက်ရတယ်ကွ....."
"Why? Daddy Why?"
"အရမ်းအရမ်း...ချစ်လ်ို့ပေါ့......"
သားအဖနှစ်ယောက် အချေအတင်လေးဖြစ်နေတုန်း
ဆိုင်သူလေးရောက်လာပြီမို့ခေတ္ထတော့ငြိမ်သက်
လိုက်ရသည်။
"ဘယ်လိုဖြစ်လို့မျက်မှန်အမဲကြီးတွေနဲ့လည်း
လူတွေရီအောင်...."
ဆိုင်သူလေးကနှစ်ယောက်လုံး၏ပါးလေးတွေကို
ဆွဲပြီး အသဲယားစွာဆိုသည်။
"ဒါမောင့်ပုံစံပဲလေ ဒီကောင်သေးသေးလေးက
လိုက်ခိုးနေတာ...."
"Daddy လည်း Koo အတုခိုးတာပဲဟာ...."
"ငါနည်းနည်းပဲ ခိုးတာ မင်းကခေါင်းစခြေဆုံးပဲ
ပြန်ပေး ငါ့ပီကေ...."
"ကလေးကို ပီကေမကျွေးပါနဲ့
ဗိုက်ထဲမြိုချမိမှာစိုးလို့လို့ပြောလည်းမရဘူး
မောင်က..စားပြနေတော့ Kooကိုဘယ်လိုတားရမလဲ"
"ပီကေလေးတောင် ကွာ....."
"မရဘူး...မောင် ဖြတ်လိုက်တော့ အဲ့ပီကေကို..."
"Daddy ပီကေ နိုး...."
မောင့် နှုတ်ခမ်းတွေကို လက်ဖောင်းဖောင်းလေး
ဖြင့်ပိတ်ကာ ကြိတ်ပျော်နေသောယုန်လေးလိုလို
ကြက်ပေါက်လေးလိုလို ဘာကောင်လေးမှန်း
မသိသောအကောင်လေးသည် ဖျစ်ညှစ်လိုက်ချင်စရာ
အတိ။
"မင်း လည်း ထွေးထုတ် အပြစ်ကနှစ်ယောက်
လုံးမှာရှိတာ...."
မောင်က ခွီခနဲရီမိသွားသည်။
Kooပါးစပ်ကပီကေကိုဆိုင်သူလေးကထုတ်ကာအမှိုက်ပုံးထဲသွားပစ်လိုက်သည်။
"ပါးပါး Daddy မထွေးထုတ်သေးဘူး....."
ပူညံပူညံပါပဲ...။
မောင်နဲ့ ဆိုင်သူလေးက လုံးဝဆန့်ကျင်ဘက်
ထိုဆန့်ကျင်ဘက်နှစ်ယောက်ကိုRemixလုပ်ထား
သော Kooရောက်လာတဲ့အခါ ဘယ်ကစရှင်းရမှန်း
တောင်မသိတော့......။
မောင်က ကားမောင်းကာ Kooကိုဆိုင်သူလေးက
ပေါင်ပေါ်တင်လျှက်ကျောင်းအတွေ့အကြုံလေး
တွေမေးကာ ရီလိုက်မောလိုက်ညနေလေးများသည်
အဓိပ္ပာယ်တွေအပြည့်ဖြင့်.....။
"အားးးး ပင်ပန်းလိုက်တာ အလုပ်တွေလုပ်ရတာလည်း
တစ်ရက်မှမနားရဘူး....."
အိမ်ပြန်ရောက်သည်နှင့်အိပ်ရာပေါ်ပစ်လှဲကာ
မောင်ငြီးငြူတော့ အကောင်သေးသေးလေးက
မောင့်အပေါ်ခွထိုင်ကာ တစ်တစ်တူးနေကြပြန်ပြီ။
"ဘီယာသောက်တာ အဲ့လောက်ပင်ပန်းရလို့လား
သိပ်ငြီးပြမနေနဲ့...."
မောင်သည် အလွန်အံ့ဩသွားကာဆိုင်သူ
လေးကို အမြန်အဆန်လှမ်းကြည့်တော့
ရေချိုးဖို့ပြင်ဆင်နေသည်။
"Jimin .....အဲ့တာကလေ....."
"အလုပ်တွေပါးသလိုရှိလို့ မပြောတော့ဘူး
အပျော်အပါးကိုလျှော့နိုင်သလောက်လျှော့မောင်
အသက်ကမငယ်တော့ဘူး...."
"ဟ်ိုကောင်!!!.!"
မောင်သည် Romကို ဖုန်းခေါ်ကာချက်ချင်းပင်
အော်ဆဲချင်သည်။သောက်တလွဲကောင်။
"ပါးပါး အပြစ်မပေးဘူးလား...Daddyကို.."
"မပေးတော့ဘူး ရေချိုးတော့မယ်..."
"အဲ့တာဆို Koo ပဲပေးလိုက်တော့မယ်..."
Kooသည် လက်သေးသေးလေးဖြင့်
မောင့်တကိုယ်လုံးကို ကလိထိုးကာစနောက်တော့
အော်ဟစ်ရသည်ကမောင်...။
"ဟေ့ကောင် ယားတယ် .....!!!!"
"ရပ်စမ်း!!!!"
အိပ်ရာတစ်ခုလုံးတွန့်ကြေစွာ နောက်ပြောင်နေကြပြီး
မောင့်အော်သံရီသံတွေရယ် ကလေးပေါက်စလေး
၏ချစ်စရာရီသံလေးတွေသည် Jimin ကို
ပြုံးသွားစေသည်။
"JeonJimin မင်းဟာလေးကို လာခေါ်ပါတော့!!!!"
"အေး မရပ်ဘူးနော် ငါပြန်လုပ်ရင် မငိုနဲ့....
အသဲပြဲနဲ့ မင်းပါးပါးကိုသွားတိုင်ရင်
ငါကလှောင်ပီနော် ဆရာကြီး...."
"မကြောက်ဘူး မကြောက်ဘူး..."
"အေး ကြိုက်တယ် ဒါမျိုး...."
မောင်သည် အားရပါးရစနောက်နှိပ်စက်ရ၍
ပျော်နေသော အကောင်လေးကို
လက်မောင်းကြားထဲညှပ်ကာအခန်းပြတင်းပေါက်
ဆီခေါ်လာခဲ့သည်။
"ပါးပါးရေ....Daddy Kooကို ပြတင်းပေါက်ကနေ
လွှင့်ပစ်တော့မယ်....ပါးပါး....!!!!"
ရေချိုးခန်းထဲ ဇိမ်ရှိရှိ ရေကောင်းကောင်းချိုးဖို့က
ဘယ်တော့မှဖြစ်နိုင်မလဲမသိ...။
ကလေးမရှိခင်တုန်းက နှင်းဆီပန်းတွေနဲ့
လွင့်ခဲ့သမျှ ခုများတော့ ရေဖြောင့်ဖြောင့်ချိုးရရင်ကို
ကံအလွန်ကောင်းနေပြီ။
စိတ်အလွန်ကုန်ခမ်းကာရေချ်ိုးခန်းတံခါးဖွင့်လျှက်
ဆပ်ပြာမြှုပ်တန်းလန်းနဲ့ပဲအော်ရပြန်သည်။
"မောင်!!!!! မစ စမ်းနဲ့!!
ငါရေဖြောင့်ဖြောင့်လေးချိုးပါရစေ..."
"Koo တို့ပါချိုးမယ်......Daddyပါးပါးဆီသွား..!!"
"တိတ်စမ်း....နှစ်ယောက်လုံး လူခွဲ..တော့
အသံတစ်ချက်ကြားရင် ပါးပါးမချစ်တော့ဘဲ
နေလိုက်မှာနော်..."
Kooသည် မောင့်လက်ထဲက ချက်ချင်းရုန်းကန်
ထွက်ကာ စာကြည့်စားပွဲဆီပြေးကာသွားထိုင်သည်။
မောင်သည်လည်း အိပ်ရာပေါ်ထိုင်သွားသည်။
တပုံစံထဲ.....။မချစ်တော့မှကြောက်ကြသော
မျက်လုံးဝိုင်းဝ်ုင်းလေးတွေသည်တပုံစံထဲ...။
စိတ်မကောင်းပေမယ့် ဒီိလိုမှမလုပ်ရင်
တစ်အိမ်လုံး ပွစိတက်တဲ့အထိ သောင်းကျန်းကြတော့
မှာမို့ မီးကိုရေနှင့်ဖြန်းချလိုက်ရသည်။
"ပါးပါး အအေးပက်မယ်လေ....."
ချက်ချင်းကပ်ဖားသွားသော အကောင်လေးသည်
ရိုရိုကျိုးကျိုး...။
ကလီကမာ က မွေးသော ပလီပလာ လေး။
ရေချိုးခန်းတံခါးဂျိန်းကနဲပိတ်သွားတဲ့အခါ
မောင်က အိပ်ရာပေါ်လှဲလျှက် ရန်စလာပြန်သည်။
"စာကျက်ရတော့မယ့် တချို့တချို့တွေအတွက်
တော့စိတ်မကောင်း ...."
"Koo ကြီးလာရင် နိုင်ငံခြားမှာတက္ကသိုလ်
အကောင်းကြီးသွားတက်မှာမလို့
စာကျက်ရတာက စိတ်မကောင်းစရာမဟုတ်ဘူးDaddy"
ခြောက်နှစ်သားလေးရဲ့ တိကျတဲ့မျှော်လင့်ချက်တွေ
အိမ်မက်တွေ...။ဘယ်သူလမ်းပြထားတာမလို့လဲ။
လုံးဝPerfect ။
Koo လူကြီးစကားတွေပြောရင် JeonJimin ပဲ။
JeonJiminလိုမာနမျိုးနဲ့JeonJungkook လို
ခပ်ပေပေ ဒီဇိုင်းဟာ တကယ့်လန်ဂျနရီ...။
အချစ်ရဲ့အစကို Jimin ဆီကသင်ယူခဲ့ရတယ်ဆိုရင်
အဆုံးက သားပဲ.....။
မောင်က ဘာမှထပ်မပြောတော့ဘဲစာအုပ်ဖွင့်ကာ
ချစ်စရာခဲတံလေးကိုင်ကာစာလုပ်တော့မည့်
မောင့် ကိုယ်ပွါးလေးကို အိပ်ရာပေါ်မှငေးကြည့်နေသည်။
သိပ်ချစ်တာပဲ......။အနှီးထုပ်လေးနဲ့စတွေ့ရထဲက
မေတ္တာသည် အသွေးအသားငယ်လေးဘယ်အရွယ်
ရောက်ရောက်ချစ်မဝနိုင်သေး။
စိတ်ချမ်းသာခဲ့ရတာ သား ဘဝထဲကိုရောက်လာထဲက။
Jimin က မောင့်ဘဝအတွက်အကောင်းဆုံး
နတ်ဘုရားတွေကပေးခဲ့သောလက်ဆောင်ဆို
Koo က လက်ဆောင်ကိုချည်ထားတဲ့ကြိုးကလေး...။
ကလေးတစ်ယောက်အဖေဖြစ်ပြီးထဲက
စိတ်နှလုံးသားထဲ Kooကို မောင့်စိတ်ထဲ
မိဘ ရ သိပ်ကံကောင်းစေချင်ခဲ့သည်။
ဒါသည်ဆိုင်သူလေးကျောင်းပိတ်ရက်တွေ
မှာသင်ကြားပေးခဲ့သော ကိုယ်ချင်းစာတရား။
မိသားစုတစ်ခု၏အံလွဲခြင်းတွေကိုမောင်ရူးနေအောင်
လှိမ့်ပိန့်ခံခဲ့ရတာမို့ မောင်ကKooကို
မိဘနဲ့ပတ်သတ်ပြီး မကောင်းသောခံစားချက်လေး
တစ်ခုတောင်မသက်ရောက်အောင်ကြိုးစားနေပေးခဲ့သည်။
မောင့် ဘဝ ၏ လွဲချော်ခြင်းတွေသည် အုပ်ထိန်းသူတွေ
မှားယွင်းခဲ့တာကြောင့်မို့ သားအလှည့်ကျ ဒါမျိုး
မဖြစ်စေရဘူးဆိုသော အလှဆုံးမေတ္တာဖြင့်
မောင်ဟာ သားမျက်လုံးထဲ ချစ်ချင်စရာ
အားကိုးချင်စရာ အဖေ လည်းဖြစ်ခဲ့သည်။
အစကတော့ Jimin ကိုကြောက်ရလို့အလုပ်လုပ်ရ
ပေမယ့်လည်း Koo က နိုင်ငံခြားတက္ကသိုလ်
ကောင်းကောင်းမှာပညာသွားမှာဟု ခဏခဏ
ဆိုတတ်ခြင်းကြောင့် မောင် ပ်ိုက်ဆံတွေရှာချင်လာခဲ့သည်။ငွေရှာဖူးမှငွေတန်ဖိုးကိုနားလည်လာသော
မောင်သည် အသုံးအဖြုန်းတွေလည်းစနစ်တကျ
ဖြစ်ခဲ့သည်။
Jimin ရဲ့ ဥာဏ်ကောင်းမှုတွေကြား
မောင်နဲ့တပုံစံထဲဘဝထဲရောက်ရှိလာသော်လည်း
မောင် အစစ်ကိုတောင် ခေါက်ရိုးချိူးပေးနိုင်တာ
Kooကတော့ ခြောက်နှစ်သားထဲက လောကဘောင်တွေ
စည်းကမ်းတွေ လူတွေကြားနေထိုင်တတ်မှုတွေမှာ
လုံးဝအံဝင်ခွင်ကျ.....။
ဒီဖခင်နှစ်ယောက်၏ဒီကလေးလေးရဲ့
ကံကောင်းခြင်းတွေဟာ
ဘယ်တော့မှအဆုံးသတ်လိမ့်မည်မဟုတ်.....။
"မောင်ရေချိုးတော့ Koo ကအေးတယ် ပါးပါး
ပြီးရင် ခြေလက်ဆေးပေးမယ်နော်..."
ရေချိူးခန်းထဲကထွက်လာသောဆိုင်သူလေး
သည်အိပ်ရာခင်းတွေကိုမောင် လှဲနေသော်လည်း
ဖြန့်နိုင်သလောက်ဆွဲဖြန့်ကာအကျီလဲဖို့ပြင်ဆင်သည်။
မောင်သည် ချက်ချင်းရေချိုးခန်းထဲဝင်သွားခဲ့သည်။
"Koo Daddy ပြန်ထွက်လာရင် UncleJoon
ရဲ့ စာအုပ်လေးဖတ်ရအောင် ..."
"ဟုတ်ကဲ့ ပါးပါး...."
December ရဲ့အအေးဓာတ်လေး ဆောင်းလေလေး
တွေနဲ့အတူ အခန်းထဲကတော့ အပူငွေ့လေးတွေ
လွှတ်ထားတာမို့ နွေးနွေးထွေးထွေး..။
မောင် ရေချိုးပြီးလို့ထွက်လာတဲ့
အချိန်ဆိုင်သူလေးက ဖြူစွတ်နေသော
သိုးမွှေးဆွယ်တာလေးဝတ်ထားတာကိုမြင်လိုက်ရတာကြောင့်မောင်ကချစ်သွားပြန်သည်။
"နှင်းလုံးလေးကျနေတာပဲ မောင့်အချစ်လေးရယ်...
အသဲယားလို့သေတော့မှာပဲ....."
"မောင် ရောဆင်တူဝတ်ချင်လား ဒါကCoupleလေ
ကိုယ်ဝယ်ထားတာ မောင့်ကိုပြပီးပီမှတ်လို့..."
"ဝတ်မယ် ဝတ်မယ် ပေးပေး...."
ဆိုင်သူလေးသည် ဗီရိုထဲက ဆိုဒ်အကြီးအဖြူရောင်
စွယ်တာလေးကိုထုတ်ကာမောင့်ကိုဝတ်ပေးနေသည်။
"အင်း....အတော်ပဲ....မောင်နဲ့ပိုလိုက်တယ်
ကြည့်ကောင်းလိုက်တာ..."
မောင့်ပါးလေးတစ်ဖက်ကိုခြေဖျားလေးထောက်ရွှတ်ခနဲ
နမ်းကာ ဆောင်းရာသီအသားတွေခြောက်မှာ
စိုး၍ Creamတချို့ယူကာ မောင့်မျက်နှာပေါ်
တင်ပေးလိုက်သည်။
ဆိုင်သူလေးက တစ်ခါတစ်ရံတော့မောင့်ကို
ချစ်နေရချိန်တွင်ပတ်ဝန်းကျင်အနေအထားကို
မေ့မေ့သွားတတ်သည်။
မောင့်မျက်နှာပေါ်Creamလေးကိုပြုံးပြုံးလေး
လိမ်းပေးနေတုန်း အကျီစလေးလာဆွဲတာ
ကြောင့်ငုံ့ကြည့်လိုက်တော့ မျက်လုံးဝိုင်းကြီးတွေ
နဲ့ယုန်ပေါက်စကလေး...။
"ပါးပါးခြေလက်ဆေးပေးမှာဆို....Kooလည်း
နှင်းလုံးလေးဖြစ်ချင်တယ်လေ..."
"ပါးပါးအသဲနှလုံးလေးကို မေ့သွားတယ်...."
Jimin ကသူ့ကိုယ်သူလည်းသိပ်ရီချင်ပါသည်။
အသဲနှလုံးကြီးကို ချစ်နေရရင် အကန့်တွေ
လွတ်လွတ်သွားတတ်တာမို့။
Kooကို ကောက်ချီကာ နမ်းလိုက်ပြီးနောက်
အသေးဆုံးဆွယ်တာ အဖြူလေးကိုထပ်ထုတ်လိုက်သည်။
"ပါးပါးက Family Set ဝယ်ထားတာ.....
တို့ကလေးလေးကို မေ့ပါ့မလား...."
"ခုနပြောတော့ Coupleဆိုလို့ Kooက
UncleJin ကို Msgပ်ု့ပြီး တိုင်ထားလိုက်ပြီ...."
"မင်း....တအားနော် Koo... JinHyungငါ့ကို
အော်ရင် ဘယ်လိုအော်လဲသိရက်နဲ့..."
"Sorry Daddy....."
"အတိုင်အတော တအားထူတာပဲ...."
"မောင်နဲ့တူတာလေ...."
ဆွယ်တာအဖြူလေးတွေဆင်တူဝတ်ကာ
အိပ်ရာဖြူဖြူလေးထဲKooကိုအလည်မှာ
ထားပြီးDecember ၏အအေးညတွေကိုမိသားစုလေး
ကဒီလိုလေးဖြတ်သန်းကြသည်။
Nam joon Hyungက စာရေးဆရာတစ်ယောက်
ဖြစ်လာသည်။အစထဲကစာတိုပေစလေးတွေ
လိုက်ရေးတတ်သူမို့ လမင်းလေး၏တစ်နေ့တာကို
ဖွဲ့နွဲ့ကဗျာရေးထားသော
"ကျွန်တော့်လမင်းငယ်..." ဆိုတဲ့ကဗျာစာအုပ်လေး
သည်တော်တော်ကိုအောင်မြင်ခဲ့ကာနောက်ပိုင်း
ဘဝဒဿနတွေဘာတွေပါထပ်ထုတ်ပြီး
Hyung တို့သည်လည်းအညိုရောင်အိမ်ဟောင်းလေး
ထဲက December လည် ချစ်ခြင်းမေတ္တာတွေဖြင့်
နွေးထွေးနေမှာသေချာပါသည်။
ဆိုင်သူလေး သဘာဝလေး၏ဒဿန
စာအုပ်လေးကို ကလေးကလား
သားအဖကို တည်ငြိမ်စေဖို့ ဖတ်ပြရန်ပြင်သည်။
ငြိမ်ငြိမ်လေးနားထောင်နေကြသည်။
"ကျွန်တော်တို့တွေဟာပြဿနာတွေအကုန်လုံးကို
မဖြေရှင်းနိုင်ဘူးဆိုတာဝန်မခံချင်ပေမယ့်လည်း
ဝန်ခံရမယ်တစ်ခါတစ်လေကျရင်ကိုယ့်ကိုကိုယ်
တောင့်ခံထားဖို့ရာကအရမ်းများလွန်းနေသလိုပဲ
ဒါပေမယ့်အရမ်းပင်ပန်းလာတဲ့အခါကျွန်တော်က
မင်းလိုပဲကျွန်တော့်ကိုချစ်တဲ့သူတွေနဲ့ကျွန်တော်က
ချစ်ရတဲ့သူတွေရဲ့မျက်နှာကိုမြင်ယောင်လိုက်တယ်။
စိတ်ဆင်းရဲစရာတွေကဖြစ်မှာပဲ။အဲ့တာကိုပြောင်းလဲ
လို့ရခြင်းမှရမယ်....။ကျဆုံးသွားလည်းရပါတယ်။
လွဲချော်သွားလည်းအဆင်ပြေပါတယ်။
မြေပြင်မှာဘာပဲရှိနေရှိနေကျွန်တော်တို့သန်မာစွာ
နဲ့အတူတူဖြတ်သန်းနိုင်ဖို့မျှော်လင့်ပါတယ်"
(RM)
"သိပ်အဓိပ္ပာယ်ရှိတာပဲ...Kooငယ်လေး
နားလည်ရဲ့လား ပါးပါးရှင်းပြရမလား..."
"အိမ်စာတွေအရမ်းများလို့ပင်ပန်းရင်
Daddy နဲ့ ပါးပါး မျက်နှာကို မြင်ယောင်ရမှာမလား"
"ဟုတ်တာပေါ့...တော်လိုက်တာ ပါးပါးအချစ်ဆုံးလေးက
ဒီဘက်က အချစ်ဆုံးကြီးကရော...."
"မောင်!!!!!"
ကလေးလေးကတောင် စိတ်ဝင်တစားနားထောင်
ပေးနေတာ မောင်ကငိုက်နေပြီ။
မောင်သည် ဒီလိုစာပေတွေနဲ့မတည့်...။
အိပ်ဆေးတိုက်လိုက်သလိုပဲ...။
ဖုန်းသုံးရင်တော့တစ်ခါတစ်ရံမိုးလင်းတတ်တဲ့သူ။
နှစ်ချက်လောက်ရိုက်လိုက်တဲ့အခါနိုးထလာပြီး
အိပ်ချင်ပြေဖုန်းသုံးရန် အကြံဥာဏ်ပေးလာသည်။
Koo သည်ပါးပါး ကစာကြီးပေကြီးတွေဖတ်ပြတယ်
ဆိုလည်းအားပေးတတ်ကာ Daddy အင်တာနက်က
ပေါက်ကရတွေရီစရာတွေပြလည်းအားပေးတတ်ပါသည်။
မောင်သည် Kooရောဆိုင်သူလေးကိုပါ
ရင်ခွင်ထဲသိမ်းကျုံးထည့်ဖက်ထားကာ
IGက Follow ထားသောလူပေါင်းစုံ
၏ပုံများ ကို ကြည့်ကာရီလိုက်မောလိုက်။
ဆိုင်သူလေးနှင့်Kooသည်လည်းငြိမ်ငြိမ်လေး
ကြည့်နေရပြန်သည်။
တစ်ယောက်တလှည့်အဖေနှစ်ယောက်၏
စရိုက်တွေကြား Kooဟာ ပျော်ပျော်ရွှင်ရွှင်။
Notificationထဲမောင့်လက်တွေရောက်သွားတော့
မျက်မှောင်တွေချက်ချင်းကျုံ့သွားတော့သည်။
အလောတကြီး ဆိုင်သူလေးပုံအောက်မန့်ထားသော
Comment ကိုတွေ့တဲ့အခါ မောင့်မျက်နှာတစ်ခုလုံး
နီရဲတောက်သွားပြီး အော်ချလိုက်သောအသံသည်
ဟိန်းခနဲ...။
Kooပင်လန့်သွားကာ ဆိုင်သူလေးရင်ခွင်ထဲ
စွေ့ခနဲဝင်သွားသည်။
"JeonJimin!!!!!!!"
.....................။
December 25......။မနက်ခင်း......။
"ဗျာ!!!! ဘယ်လို....."
"ဟုတ်တယ် Rom ညကရန်အကြီးအကျယ်ဖြစ်ပြီး
မိုးလင်းတာနဲ့ကျွန်းကိုထွက်သွားကြတယ်"
"ကျွန်တော့်ကိုခရစ်စမတ်အိမ်မှာပါတီလုပ်မယ်
လို့ပြောထားလို့လာတာ...ဂျေကလုပ်ပြန်ပြီကွာ..."
"သူတို့ရန်မဖြစ်ကြတာကြာပါပြီ Koo Koo
ပြောသွားတာတော့ ဖုန်းထဲကတစ်ခုခုကိုတွေ့ပြီး
ထအော်ကြတာတဲ့..."
Rom၏မျက်နှာသည်ချက်ချင်းပျက်ယွင်းသွားကာ
တွေးဆဆဖြင့်။
"ဟူးးး ကျွန်တော့်ကြောင့်ဖြစ်လိမ့်မယ်
ဂျေ့ကို အလုပ်ကခိုးထွက်ခိုင်းပြီး Barမှာ
သွားသောက်ကြတာ ပြီးတော့ မူးပြီး
ဓာတ်ပုံတွေပွထနေအောင်တင်မိတယ်
အမူးပြေမှ သတိရတော့ချက်ချင်းဖျက်လိုက်ပေမယ့်
MD တွေ့သွားတယ်ထင်တယ်...."
"နောက်မလုပ်ပါနဲ့Rom..အကိုလေးက
သိပ်တင်းကျပ်တာ သူတို့ကတောက်ကဆ
ဖြစ်ရင် ဦးလေးတို့လည်းနေစရာမရှိဘူး
သခင်လေးကို အလုပ်မှာမရှိနေတာမျိုးကို
ဘယ်လောက်သောင်းကျန်းခဲ့ဖူးလဲသိရက်နဲ့...."
"ဒါပေမယ့် ဂျေနဲ့ကျွန်တော် အတူတူရှိလာတာ
မွေးလာထဲကလေ...သူငယ်ချင်းတွေလေ
MD တစ်ခါတစ်လေတော့ ဖြေလျှော့ပေးရမှာပေါ့..."
"အကိုလေး က အသက်ကြီးလာလေပိုဆိုးလာလေပါပဲ.."
"Koo ပါ ပါသွားတာပေါ့..."
"ထားခဲ့မလား...သူတို့အသက်အညှာလေးကို"
"ကြည့်ရတာ MD Parkကိုဟိုတုန်းကလို
ကျွန်းခေါ်ပြီး ပြန်ချော့နေရတယ်ထင်တယ်
"ဟုတ်လောက်မယ်....."
Rom သည် အိမ်ထဲဝင်ကာဆိုဖာပေါ်ထိုင်လိုက်ပြီး
ဘာလုပ်သင့်လဲစဉ်းစားနေသည်။
IGက ပုံလေးတစ်ပုံဆိုပေမယ့် Shock ဘယ်လောက်
ကြီးနိုင်လဲသူ့ထက်ဘယ်သူမှပိုမသိနိုင်။
MDက ကျန်တာသာ နူးညံ့ပေမယ့် အလုပ်နှင့်ပတ်သတ်
လျှင်လက်ပါခြေပါတတ်သည်။
ခုလောက်ဆို ဂျေတစ်ယောက် စိစိညက်ညက်ကျေနေ
လောက်ပြီ။
Romသည် ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ကာ
Msgတချို့ရိုက်နေသည်။
"မောင့်ကို ကိုယ်ရှင်းပြနေတာ ထပ်ခါထပ်ခါဖြစ်
နေပြီ...နာမည်ကလည်းမကြားဖူး
ပုံလည်းတင်မထား ဘာမှန်းလည်းမသိတဲ့
Accက ရေးတာ ကိုယ်ဘယ်လိုလုပ်ပေးရမှာလဲ.....
ညက လည်းတညလုံးချော့မော့နေပြီးပြီ
ခရစ်စမတ်ကို ဒီမှာနေချင်တယ်လို့ပြောထားဖူးလို့လည်း
မအားတဲ့ကြားက စိတ်ကျေနပ်အောင်မိုးလင်းတာနဲ့
လိုက်ပို့ပေးပြီးပြီ....တော်သင့်ပြီနော်..."
"ဘာလို့တော်ရမှာလဲ....အဲ့ကောင်ဘယ်သူလဲမသိမချင်း
မတော်နိုင်ဘူး..."
Hotelခန်းထဲတွင် မောင်သည် ပင်လယ်ဘက်လှည့်ကာ
ထိုင်ပြီးအော်ဟစ်ဆူညံနေသည်။
"မောင် Accပါဖျက်ပစ်လိုက်ပီးပီလေဘယ်လိုအစ
သွားရှာရမလဲ မောင့်သူငယ်ချင်းတွေထဲက
စနောက်တာမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့..."
"မင်းနာမည်ကိုရေးပြီးစဖို့မပြောနဲ့ မောင့်ရှေ့မှာ
ဘယ်ကောင်မှပါးစပ်ကထုတ်မခေါ်ရဲအောင်
လုပ်ထားတာ..."
"ဒါဆိုလည်း ကိုယ့်ကျောင်းတုန်းက
Classmateတွေဖြစ်ရင်လည်းဖြစ်နေမှာပေါ့
မဟုတ်လည်း မောင်အကုန်ဖျက်ပြီးပြီပဲဟာ..."
"Jeon Jimin....မောင်တကယ်စိတ်တိုနေတာနော်
မောင် လျှော့ချစ်ခဲ့တာတွေက ရိုးသားတဲ့
ဆက်ဆံရေးတွေအပေါ်မှာ ထိန်းခဲ့တာ
Accတစ်ခုလုံးမှာတစ်ပုံထဲရှိတဲ့မင်းပုံအောက်
ဝင် လက်ကမြင်းရဲတာ မောင့်ကိုစိန်ခေါ်တာပဲ"
"စိန်ခေါ်တော့ရော ဘာဖြစ်လဲ
ဘယ်သူဖြစ်ဖြစ် ဘာအရေးကြီးလို့လဲ
ဒီအသက်အရွယ်တွေ ရောက်နေပြီ
ကလေးတောင် ခြောက်နှစ်သားဖြစ်နေပြီ
မောင် ဘာဖြစ်နေတာလဲ...!!!"
Koo ကိုပေါင်ပေါ်တင်ကာ ခပ်ဝေးဝေးက
မောင့်ကိုလှမ်းအော်တော့မောင်က
စူးခနဲကြည့်လာသည်။
"အချိန်တွေကြာလာလို့ အသက်တွေကြီးလာလို့
မင်းအပေါ်ထားတဲ့ မောင့်ရဲ့သဲသဲလှုပ်
မြတ်နိုးခြင်းတွေက တစ်မှုန်တစတောင်
လျှော့သွားမှာမဟုတ်ဘူး..
လျှော့ထားခဲ့တာ ဒါကိုမင်းလည်းသိသလို
မောင်လည်းသိတယ် ခြောက်နှစ်လုံး
တွန့်တိုမှု စိတ်မချမှု သဝန်တိုမှုတွေကို
မောင်မနိုင်မနင်းထိန်းခဲ့တာ မောင်မင်းနဲ့ပတ်သတ်
ရင်ထာဝရမရင့်ကျက်နိုင်ဘူး....
ခေါက်သိမ်းထားတာပဲရှိတာ ပျောက်ကုန်တာမျိုး
မဟုတ်ဘူး..."
"အရင်ပုံစံတွေလာမလုပ်နဲ့မောင်....."
"ပုံတင်ရင် မင်းလက်ငါးချောင်းဆိုတာတောင်
လက်သန်းလေးကို ပါအောင်မတင်ဘူး
ကြည့်ကြမှာစိုးလို့မင်းမျက်နှာဆိုတာဝေးလာဝေး
Profile တောင်Kooပါလို့မောင်ခွင့်ပြုထားတာ
မောင်ဒီလောက်တွန့်တွန့်တိုတိုကို
မျက်နှာတောင်မပါတဲ့နောက်ခိုင်းပုံမှာ လာလုပ်ရဲတာ
အသဲက နှစ်ခုတောင်....အသားတွေတောင်တုန်တယ်"
Koo သည် ရန်ဖြစ်နေမှန်းသိ၍ငြိမ်ငြိမ်လေးထိုင်နေကာ
DaddyJeon သည် အားမရစရာမဟုတ်ဘူးဆိုတာ
ကွက်ကွက်ကွင်းကွင်းမြင်လာသည်။
Daddy က ဆရာကြီးပဲ။
ပါးပါးလက်သန်းလေးကိုငုံ့ကြည့်တော့
Daddy မပြချင်စရာ ပဲ....။
ပါးပါးလက်သန်းလေးကိုဆွဲကာအကျီထဲထည့်ဖွက်လိုက်
သည်။
Jimin သည်ရှေ့ကဥစ္စာခြောက်နှင့်ရင်ခွင်ထဲက
ထပ်တိုးလေးကြောင့် ပိုလေသွားသည်။
ဒီပေါက်စကတမျိုး...။
"အဲ့တော့မောင် ဘာဖြစ်ချင်လဲ....
ပြောလိုက်...."
"မောင့် ကို အနိုင်မကျင့်နဲ့နော် JeonJimin...."
"I Miss You မကလို့ အဲ့ထက်အဆတစ်ရာပိုတာ
ရေးရေး မောင်ကိုယ့်အပေါ်လေးစားမှုနဲ့
ယုံကြည်မှုရှိရင် ကိစ္စပြတ်နေပြီ...."
"မင်း ကိုဘာမယုံစရာရှိလဲ ရေးတဲ့ကောင်ကို
ထိုးချင်နေတာပါဆိုမှ....မောင့်နေရာမှာ
မင်းဆိုရင်လည်း သည်းခံမှာလား ပြော....."
သည်းမခံပါ...။မောင့်Accတွေရဲ့Password
တွေအားလုံးအလွတ်ရနေတာကအသက်ပါလေ။
မောင့်ပုံအောက် I Miss You သာရေးကြည့်
စိတ်လိုက်မာန်ပါBlockတာတွေAccဖျက်ပစ်တာ
တွေမလုပ်။ရေဆုံးမြေဆုံးလိုက် ဖြဲပစ်ဖို့များသည်။
ပြဿနာသည်ရှင်း၍မလွယ်တော့ပါ။
Kooကိုအိပ်ရာပေါ်ခဏလေးထားခဲ့ကာ
ထိုင်နေသောမောင့်ဆီလျှောက်သွားခဲ့သည်။
"ခရစ်စမတ်လေ...မောင်ရာ...
တကမ္ဘာလုံးပျော်ရွှင်နေတာ ကိုယ့်ကိုမောင်က
ဒီလိုပုံစံနဲ့ဖြတ်သန်းစေချင်တာလားပြောပါအုန်း
စိတ်ချမ်းသာအောင်ထားပါမယ်ဆို...
ကတိတွေကဖျက်ချင်ပြီလား...."
"ဘယ်သူဆိုတာ မသိရမချင်း မအေးချမ်းနိုင်ဘူး
မင်းကိုလည်းစိတ်မချတော့ဘူး
အနှောက်အယှက်ပေးချင်တဲ့သူတွေဖြစ်နေမှာလည်း
စိုးတယ်...မင်းကတော့ Comment စာလေးတစ်ကြောင်း
ပျက်သွားပြီဘာမှမဟုတ်တော့ဘူးဆိုပေမယ့်
မောင် ဘယ်အထိတွေအထိတွေးပြီးပြီလဲသိလား.."
လက်ဖျားတွေတုန်နေတုန်း....။၂၅နှစ်ကျော်၂၆
နှစ်အမျိုးသားကြီးက အရင်လိုတုန်ခိုက်နေတုန်း။
သူအများကြီးထိန်းခဲ့လျှော့ခဲ့တာတွေရဲ့အရှိန်တွေက
မျက်လုံးတွေထဲသိသိသာသာ။
"ကိုယ်က ကလေးလား မောင်ရယ်...."
"လျှော့မချစ်နိုင်တော့ဘူး...ပင်ပန်းနေပြီ...
အပြည့်အဝချစ်ခွင့်ကိုပြန်ပေးပါတော့"
တောင်းဆိုနေပုံကဒုက္ခသည်ကြီးလို...။
သေချာကြည့်မိရင်မောင့်မျက်လုံးတွေရဲနေပြီ။
စိတ်ကျေနပ်ရင်ပြီးရောမောင့်ပါးနှစ်ဖက်ကို
ဆွဲဖျစ်ကာ
"ချစ်ပါ ချစ်ပါ....မောင်ချစ်ချင်သလောက်
ချစ်တော့နော် ....လျှော့ချစ်ပါလို့ပြောတာလည်း
ငြိုငြင်ခဲ့လို့မဟုတ်ပါဘူး....ကိုယ့်ထက်
မောင် ပင်ပန်းနေမှာကိုစိုးခဲ့လို့ပါ.....
နှလုံးသားကြီးရယ်...ခု ချစ်ချင်သလောက်ချစ်တော့
ရပီ...သည်းခံပေးမယ် JeonJimin အများကြီး
အချစ်ခံပေးမယ် ဟုတ်ပီလား..."
"နှလုံးသားကြီးက မောင့်ကို ပြောတာလား..."
သူComment ကိစ္စကိုမေ့သွားပြီ။
ကလေးတွေလိုပဲ ကစားစရာလေးပြမြူစွယ်
လိုက်ရင် အပြေးအလွှားရောက်လာသလိုမျိုး။
Koo တောင်ဒီလောက်အာရုံလွှဲဖို့မလွယ်။
ကိုယ့်ကို ပြန်ပြန် လွှဲနေလို့ သတိထားနေရသည်။
"ဒီတက်တူးတွေနဲ့ခပ်မိုက်မိုက်နှလုံးသားကြီးကို
ပြောတာပါ စိတ်ကောက်မနေပါနဲ့တော့မောင်ရယ်နော်..."
မောင်ကပြုံးချင်နေပါသည်။ဒါပေမယ့်မပြုံးဘဲ
ထိန်းထားသော အင်တင်တင်ရုပ်ကြီးဖြင့်
"တော်ပီ တော်ပီ နောက်တစ်ခါအင်တာနက်ပေါ်
မောင့်ဟာ မောင့်ဟာ လို့တက်မကြွားတော့ဘူး
မင်းဆံပင်တစ်ချောင်းတောင်မပြတော့ဘူး"
"အိုကေအိုကေ မောင့်သဘော...
ခုတော့တော်လိုက်တော့နော်....လိမ္မာတယ်မလား"
"တော်ရမှာကို စိတ်ထဲ ........."
တီ.....။
မောင်သည်ဘယ်လိုချော့ချော့စိတ်မလျှော့နိုင်။
အီလည်လည်လုပ်နေတုန်းဝင်လာသောMsgကြောင့်
ဖုန်းကိုယူကြည့်လိုက်သည်။
Rom....။ဂျေ တရားခံကငါပါကွာ....
ငါတောင်းပန်ပါတယ်...
အိမ်တော်ထိန်းကြီးပြောပြလို့မင်းတို့ရန်ဖြစ်တဲ့
အကြောင်းကိုသိခဲ့ပါပြီ။ငါမူးပြီးလျှောက်လုပ်မိတာပါ။
ငါ့ကိုစိတ်မဆိုးပါနဲ့...။
Rom ဘာကိုတောင်းပန်သလဲJimin သိပါသည်။
ဒါပေမယ့်စိတ်မကောင်းပါ...။
ဒီပြဿနာကဒီလိုမှမရှင်းရင်ပြီးမှမဟုတ်။
"အော်....တရားခံက မောင့်အချစ်တော်
ကြီးကို FakeAcc ဆိုထဲက ထင်တော့ထင်
လိုက်ပေမယ့် စွပ်စွဲတယ်ဖြစ်မှာစိုးလို့.....
အိမ်တော်ထိန်းကြီးလည်းညကကြားမှာပဲ
ပြောပြလိုက်လို့ မောင့်ကိုလာတောင်းပန်နေတာ
IMiss You ရဲ့တရားခံက Romကို...."
ကံဆိုးစွာ မောင်တို့ အဖွဲ့မှာအဲ့လိုအကျင့်တချို့
ရှိခဲ့သည်။FakeAccပေါင်းများစွာဖြင့်
ငယ်ရွယ်စဉ်က လိုက်ပွေရှုပ်ခဲ့ကြခြင်းတွေ...။
မောင်သည် ဘာမှမစဉ်းစားခဲ့။
ထူပူနေသောအရှိန်ရယ် အဖြူကိုဆိုင်သူလေးက
အမဲလုပ်ရင်တောင် မောင်ကချက်ချင်းမဲလိုက်
သူမို့ မောင့်နားထဲ မောင့်ယောကျ်ားစကားကသာ
အမှန်တရား။
"ဒီကောင်ကတော့....!!!!!!"
Msgပို့ပြီးပြီးချင်း တန်းဝင်လာသောဖုန်း
ကြောင့်Rom လိပ်ပြာလွင့်မတတ်။
မကိုင်လို့လည်းမဖြစ်။
"Hello..."
"ထမင်းဝအောင်စားထား ငါပြန်လာရင်
မင်းအသေပဲ ....!!!!"
"မူးလို့ပါဆို...ဂျေရာ.....ငါမူးရင်
ပေါက်ကရတွေကြီးပဲလုပ်တာမင်းသိသားနဲ့..."
"မသိဘူး!!!!အသေပဲ ပြေး..ကြိုက်တဲ့နိုင်ငံကို
အန္တာတိကတိုက်ကရေခဲကြားထဲပုန်းတောင်
ကလော်ထုတ်ပြီး မင်းကိုအမှုန့်ချေပြမယ်!!!"
"ဒါလေးလုပ်မိတာ အဲ့လောက်အပြစ်ကြီးသွားလား"
"အသဲပုံတောင် တပ်လိုက်သေးတယ်.....
မင်းကများ..."
ကပ်ပရှင်တိုင်းကိုအသဲလေးတွေနဲ့နုရွတတ်သူ
မို့Romကအသဲအမြဲသုံးလေ့ရှိသည်။
"အသဲတပ်မှပိုပြည့်စုံမယ်ထင်လို့ပါ...."
"F..!!!!"
အော်ဆဲသောဂျေကြောင့်တနေ့နေ့တစ်ချိိန်ချိိန်တော့
သူတို့နှစ်ယောက်နိုင်ရမယ့်အကွက်မျိုးလေးလို
ချင်ခဲ့သည်။သူကြီးပဲဘဝတစ်လျှောက်လုံးခံလာရတာ။
မောင့်ဆီကိုဖုန်းကိုဆွဲယူကာဆိုင်သူလေးက
ချပစ်လိုက်သည်။
"တော်ပီလေ...ဆဲဖို့မှမလိုတာ
တောင်းပန်ပီးပီပဲကို....သူအရမ်းစိတ်မကောင်း
ဖြစ်နေမှာ...မောင်Rom ကိုမခင်မင်တာလည်း
မဟုတ်ဘဲ သူငယ်ချင်းအချင်းချင်းစတာကို..."
"မင်း နာမည်တပ် စစရာလား.....ကွ!!!!"
မတတ်နိုင်။Romကိုအသုံးချလိုက်ရသည်။
ဘယ်သူဝင်ရေးမှန်းလည်းသိမှမသိတာ။
တစ်ချိန်အသဲပုံလေးတွေနဲ့လှမ်းလှမ်းစတတ်သော
အပြာရောင်အငွေ့အသက်တွေကိုပြေးမြင်မိပေမယ့်
MinYoongi ပုံထဲမှာ ယောင်းက လူကြီးလူကောင်း
တစ်ယောက်ဖြစ်နေပြီ။
ဒီလောက်ကလေးဆန်တာမျိုးလုပ်မှာမဟုတ်။
Romကိုအကျ်ုးအကြောင်းကြိုပွင့်ပွင့်လင်းလင်းပြောပြကာအစားဝန်ခံပေးရန် အနိုင်ကျင့်ရမည်။
စိတ်တော့မကောင်း....။မောင်ကတွေ့တာနဲ့
ပြဿနာရှာမှာအသေအချာပဲလေ။
"မောင်စိတ်ရှင်းသွားပြီမလား..
ကမ်းခြေဆင်းပြီး လမ်းလျှောက်ရအောင်
December လလေးရဲ့ရာသီဥတုကသိပ်သာယာတာပဲ.."
"Rom မလို့ပေါ့ တခြားကောင်ဆိုအသေပဲ..
Rom သောက်တလွဲကောင်လည်းတွေ့မယ်...."
"ထားလိုက်ပါတော့ စိတ်ညစ်လ်ိုက်တာတွေ
မောင်တို့ အပေါင်းအသင်းတွေဇာတ်ရှုပ်တာ
ကြားထဲက အော်ငိုချင်လာပြီ...."
မီးတောင်လေးမျက်နှာမဲ့ခနဲဖြစ်သွားတော့
မောင် လန့်သွားသည်။
ချက်ချင်းပြာယာသွားလျှက် ကမ်းခြေချက်ချင်း
ဆင်းရန် အမြန်ဆုံးပြင်ဆင်တော့သည်။
ငိုချဖို့မပြောနဲ့....မျက်နှာကလေးမဲ့ကျသွား
ရင်တောင် မောင့်ကမ္ဘာပြိုရတယ်....။
Jeon Jimin ကိုပေးခဲ့တဲ့မောင့်ကတိတိုင်းက
ခိုင်မာစွာထာဝရတည်တံ့လျှက်။
ထုံးစံအတိုင်း ကျွန်းကိုရောက်ရင်အဝါရောင်လေး
တွေဝတ်ရတာကိုသဘောကျတတ်သော
JeonFamily လေးသည် သုံးယောက်လုံး
အဝါရောင်တောက်တောက်ဆင်တူအကျီလေးများဖြင့်။
ဆိုင်သူလေးမျက်နှာပျက်သွားတော့မောင်
တစ်ယောက်ဘာမှမစဉ်းစားနိုင်။
မောင်ကပဲ ပြန်ချော့မော့ကာကမ်းခြေသို့
ခခယယခေါ်ခဲ့ရတော့သည်။
ကောင်းကင်ကြီးကပြာလွင်နေကာ
ပင်လယ်ကြီးသည်လည်းအပြိုင်အဆ်ိုင်ထည်ဝါနေလျက်။
အဝါရောင်ပိစိလေး၏လက်တစ်ဖက်စီကို
မောင်နဲ့ဆိုင်သူလေးကဖွဖွလေးဆွဲကာကမ်းခြေတွင်
ပြေးလွှားနေကြသည်။
"Koo Koo ချော်လဲမယ်....အဲ့လောက်မပြေးရဘူးလေ"
တခစ်ခစ်ရီသံလေးတွေနဲ့Kooသည်ကလေးမို့
အရာအားလုံးအသစ်အဆန်း...။ခြေဖဝါးသေးသေး
လေးတွေနှင့်သဲတွေပေါ်ပျော်မဆုံးနိုင်။
"ပါးပါး Koo ကိုဖမ်း......."
"Koo ကို ဖမ်းမယ့် ပါးပါးကို Daddyကအရင်ဖမ်း
လိုက်ပြီ...."
မောင်သည် ဆိုင်သူလေး၏ခါးသေးသေးကို
ဆွဲဖက်ထားကာ Kooကိုစတော့ခါးလေးထောက်သွားသည်။
"အဲ့တာကြောင့် ခုန ခုန ငိုရတာ..."
"ငါဘယ်မှာငိုလို့လဲဟေ့ကောင်!!!!"
"ပါးပါး မချော့ရင် Daddy ငိုမှာKooသိတယ်..."
"ဒီဟာသေးသေးလေး...လာစမ်း...."
မောင်ပြေးလိုက်တော့ ကမ်းခြေတစ်လျှောက်
ချစ်စရာရီသံလေးတွေနဲ့ပြေးတော့သည်။
မိသွားတဲ့အခါကောက်ချီပြီးပုခုံးပေါ်တင်လိုက်တော့
မောင့်ဆံပင်တွေဖွပစ်လိုက်ကာ မောင့်မျက်မှန်ကို
ချွတ်ပြီး မတော်တရော်ကိုမရရအောင်တပ်နေတဲ့သူ။
မောင်က ဆိုင်သူလေး၏လက်ကလေးတစ်ဖက်
ကိုဆုပ်ကိုင်လိုက်ကာ အလင်းလက်ဆုံးအပြုံးလေး
တစ်ခုဖန်တီးလိုက်သည်။
"ပထမဆုံးတစ်ခေါက်လာတုန်းကရန်ဖြစ်ခဲ့တဲ့
အချိိန်တွေကိုလွမ်းတယ် ဒုတိယအကြိမ်တုန်းက
တစ်ညလုံးကိုလည်းလွမ်းတယ်..."
"Koo နဲ့....ဘာတွေပြောနေတာလဲ..."
"တော်ပါသေးရဲ့ ကမ်းခြေမှာမင်းပြေးလွှားနေမဲ့
မိသားစုလေးက မောင်တို့ဖြစ်နေလို့...
ခုမှပဲစိတ်ဒုန်းဒုန်းချနိုင်တယ် မောင်ဒါကို
သိပ်ပူပန်နေခဲ့တာ...."
ဆေးရုံမှာစွဲခဲ့သောအစွဲသည်မောင်မမှတ်မိပေမယ့်
မောင့်နှလုံးသားထဲမှာတော့သိပ်အစွဲကြီးခဲ့တဲ့ပုံ။
ဒီကျွန်းမှာ ဒီလိုလေးရှိသွားမှမောင်အဆင်သေချာ
ပြေသွားပုံပေါက်ပါသည်။
"ပါးပါး ချီအုန်း....."
"ပါးပါး ပင်ပန်းမယ်မဖြစ်ဘူး
Daddy ပဲချီမယ် ....."
Koo ပိုကပ်ချင်တာက ဆိုင်သူလေးမို့
မသွားရတဲ့အခါမောင့်ပုခုံးပေါ်ခွထိုင်လျှက်
မအီမလည်..။
"Daddy ပုခုံးတွေ ရယ်Daddyရင်ခွင်ရယ်ကပါးပါးနဲ့Koo
အတွက်အလုံခြုံဆုံးပဲ
ပါးပါးတို့ မိသားစုမှာ အင်အားအကြီးဆုံးမို့
Koo က အားကိုးရမယ်လေ..."
"အားကိုးပါတယ် ဒါပေမယ့် ပါးပါးကိုလည်း
ကိုင်ထားချင်တယ်.."
"ဒါဆို ပါးပါးလက်ကိုဆွဲထား...."
"ကျေးဇူး ပါးပါး...."
တစ်ပုံစံထဲလက်ဖဝါးကြီးကြီးနှင့်
သေးသေးလေးနှစ်ခုသည်ဖွဖွလေး
လှမ်းဆုပ်ကိုင်ထားကြသည်။
မောင့်ထက်ပိုချစ်တာမှန်ခဲ့ရင်ဆိုသောဆုတောင်း
မှားခဲ့ပုံရသည်။သားက မောင့်မျက်နှာ
မောင့်ပုံစံတစ်ဝက် မမြင်ရသောနောက်တစ်ဝက်တွင်
ParkJimin နှင့်ခွဲမရသောအမူအကျင့်များလည်း
ရှိနေသည်။
ဘုရားသခင်က သူတို့တစ်ယောက်ကိုတစ်ယောက်
ဘယ်သူကမှပိုချစ်နိုင်တယ်ဆိုတာမဖြစ်နိုင်၍
သာတူညီမျှဖန်ဆင်းပေးခဲ့တာ....။
Kooကဆင်းလမ်းလျှောက်ပြန်တော့
မောင်တို့တစ်ယောက်ခါးလေးတစ်ယောက်
သိုင်းဖက်ကာ အချစ်စတင်ရာ နယ်မြေတွင်
ရီလိုက်မောလိုက်...။Kooကတော့ကလေးပီပီ
ပြေးလိုက်ဆော့လိုက်နှင့်...။
"ပျော်လား......"
"မပျော်ဘူး...."
"ကောင်းတယ်....."
ဟိုတုန်းက ပုံရိပ်လေးတွေ ခြေရာလေးတွေ
ရန်ပွဲတွေ နေမကောင်းလို့ပြုစုခဲ့ပုံတွေ
ကျောက်ဆောင်အောက်မချစ်ကြဘဲ
နမ်းခဲ့ကြသောပုံရိပ်တွေသည်တရစ်ချင်း..။
"တကယ်တော့......အဲ့တုန်းကလည်းပျော်နေခဲ့ပါတယ်
မောင့်...ကို မောင့် ကို မပြောရဲခဲ့လို့ပါ..."
မျက်ရည်လေးတွေဝဲနေတဲ့ကြားအလှဆုံး
ပြုံးကာပြောနေသောဆိုင်သူလေးကိုမောင်က
လည်းမျက်ရည်တွေဖြင့်ကြည့်နေသည်။
"မောင့် အသက် မောင့်ဘဝလေး....."
ပြိုဆင်းလာတော့မည့်မျက်ရည်လေးတွေကိူ
မောင်ကသုတ်ပေးကာ ရင်ခွင်ထဲဖွဖွလေး
ထည့်ဖက်ထားလိုက်သည်။
"Joon ကြည့်ကြည့် ကလေးနဲ့ပင်လယ်ကို
ခရီးထွက်တယ် ကလေးပင်လယ်ထဲမျောသွား
ရင်တောင်သိမယ့်ဟာတွေမဟုတ်ဘူး
Koo Koo ဖုန်းမချနဲ့နော် Uncle အစအဆုံးကြည့်မယ်"
Daddy Jeonရဲ့ဖုန်းကိုအပိုင်သိမ်းထား
တတ်သောKooဟာ အဖေတွေကိုမကျေနပ်လာလျှင်
တလောကလုံးကိုပတ်တိုင်တတ်သည်။
Hoseokieပင်မလွတ်....။
"Hyungကလည်း မပြောကောင်းမဆိုကောင်း..."
"Koo Kooကို Uncle တို့လာခေါ်ရမလား..."
"ရတယ်Uncle Jin Koo ချစ်သူရရင်
Daddy တို့လို ဖက်ဖို့ ကြည့်နေတာ..."
"တွေ့လား အတုမြင်အတတ်သင်.....
ငါပြောတာ အဲ့တာ ဟိုကောင်Jeon JungKook.."
"Koo က ချစ်သူထားဖို့ အဝေးကြီးကို
ပညာရေးကသာ အဓိကပါ
Uncle Joonပြောတာနားထောင်နော်
ချစ်သူအကြောင်းက၁၈ပြည့်ပြီးမှ
စဉ်းစားရမယ်....."
"ကြိုစဉ်းစားထားလိုက်တာ ၁၈နှစ်ကျရင်
စဉ်းစားစရာမလိုတော့ဘူးလေ..."
"JeonJungKook အစစ် ရေမရောဘူး
ငါသွေးတက်တာအဲ့တာမျိုးJoon...."
"Daddy နဲ့တူတယ်ပြောတိုင်းစိတ်မညစ်ခဲ့ဖူးဘူး
ပါးပါးကပြောတယ် DaddyJeonက
JeonFamilyမှာ အင်အားအကြီးဆုံးပဲတဲ့..."
"ဒါက ParkJimin...လေသံ.....Joon...
ကြားလား...."
လမင်းလေးသည် အသဲတယားယားနှုတ်ခမ်းလေး
တထော်ထော်ဖြင့် ခြောက်နှစ်သားနှင့်အပြိုင်
စကားနိုင်လုနေဆဲ။
"Uncle Jin က သွေးတိုးနေတာတောင်
အရမ်းချောတာပဲ...."
"ဟုတ်လား....."
ချက်ချင်းမျက်နှာအနေအထားပြောင်းလဲသွားသော
လမင်းလေး၏ပုခုံးဖျားလေးကိုJoonက
ပါးချိုင့်နက်တွေပေါ်
သည်အထိပြုံးကာမထိတထိနမ်းလိုက်သည်။
စာအုပ်ဆိုင်ရှေ့စားပွဲလေးချကာခရစ်စမတ်ပါတီလေး
နှစ်ယောက်အတူတူကျင်းပနေခြင်းဖြစ်သည်။
"ခရီးကပြန်လာရင် Uncle တို့ဆီလာခဲ့
ချောကလက်ကိတ်လုပ်ကျွေးမယ်..."
"ကျေးဇူးပါ ခင်ဗျ Daddyတို့ဖက်ပြီးလို့
Kooဆီလာနေပြီ ဒါပဲနော်UncleJin..."
"ချစ်တယ် Sweety Kooလေး...."
"Love You Too Uncle....."
Daddy လက်ဖဝါးကြီးကြီးတွေရယ်
ပါးပါးလက်ဖဝါးသေးသေးလေးရယ်ကို
ပြန်ဆွဲကိုင်ရင်း သိပ်လှလွန်းသောနေရာ
December 25လိုသိပ်လှပလွန်းသော နေ့လေးမှာ
နှုတ်ခမ်းအောက်တွင့်မှဲ့သေးသေးလေးနှင့်
လက်ချောင်းဖောင်းဖောင်းလေးတွေပိုင်ဆိုင်သော
ကလေးငယ်လေးဟာ အကောင်းဆုံးသော
အနွေးထွေးဆုံးသော မေတ္တာတရားတွေကိုအပြိုင်
အဆိုင်အလျှံအပယ်ရရှိနေခဲ့သည်။
တနေကုန် လျှောက်လည်ခဲ့ကြ အရသာရှိတာတွေ
ဝယ်စားခဲ့ကြပြီး နေဝင်တဲ့အခါ အခန်းဆီပြန်လာ
တော့Koo ဟာ မောင့်လက်ထဲအိပ်ပင်ပျော်နေပြီ။
"တအားဆော့တာပဲ...မောင်တစ်ခါထဲသိပ်လိုက်
တော့မယ်Jimin...."
"အင်း...ကိုယ်လည်းညောင်းနေပြီ
Coffeeဖြစ်ဖြစ်တစ်ခုခုစီစဉ်ပေးပါအုန်း
ရာသီဥတုက ညဘက်ရောက်လာတာ့အေးလာတယ်..."
"Cream မပါတဲ့မုန့်လေးတွေရောစားအုန်းမလား..."
"စေတနာပိုသာရင်ရော မောင့်သဘောပေါ့..."
"မင်းကို မောင်ချစ်လိုက်တာ..."
"သားကို သိပ် ပြီးရင် Coffeeဖျော် ကိုယ်
မလှုပ်ချင်တော့လို့ဆိုဖာမှာစောင့်နေမယ်...."
"အင်း....."
မောင်က Kooကို သေချာနွေးနွေးထွေးထွေးအိပ်စက်
လို့ရရန်ပြင်ဆင်ပေးနေသည်။
Koo နဖူးလေးကိုငုံ့နမ်းကာချစ်ခြင်းမေတ္တာနဲ့
မောင့်မျက်လုံးတွေကလုံးဝဖခင်တစ်ယောက်။
ပြီးတော့ Coffeeနှစ်ခွက်ဖျော်သည်။
သကြားဘယ်နှဇွန်း ကော်ဖီမှုန့်ဘယ်နှဇွန်း အတိအကျ။
ထို့နောက် ဆင်တူခွက်လေးနှစ်ခွက်ကိုသယ်လာကာ
အစအဆုံးမရှိပင်လယ်ကြီးကိုမြင်ရသော
မှန်ချပ်တွေနားက ဆိုဖာကြီးကြီးတွင်ထိုင်နေသော
ဆိုင်သူလေးဆီသွားလိုက်သည်။
နှင်းတွေအခဲလိုက်ကျလာတာကြောင့်ဖွေးဖွေးလှုပ်
လျှက် ဆိုင်သူလေးကစောင်အပိုင်းလေးကို
ခြုံထားကာငြိမ်ငြိမ်လေး...။
"Coffeeရပီ....Jimin...."
"ကျေးဇူးပဲ မောင်....."
မောင်ကဆိုင်သူလေးဘေးနားဝင်ထိုင်တော့
ဆိုင်သူလေးက စောင်လေးကိုမောင့်ကိုပါလုံအောင်
ခြုံပေးလာသည်။
"အေးလာတယ်...မောင့်နှာခေါင်းဖျားလေးနီရဲလာပီ
သိပ်သိသာတာပဲ...."
"အေးမှန်းသိရင် ဖက်ထားပေးမှပေါ့ နှလုံးသားလေးရဲ့"
Jimin ကပြုံးကာမောင့်ပုခုံးတွေပေါ်ခေါင်းလေး
မှီလာသည်။
"ပျော်ရွှင်စရာခရစ်စမတ်ပါမောင်....
ကိုယ့်အနား သိပ်ဆိုးတဲ့ကောင်လေး
ပြီးတော့ သိပ်နားလည်းရခက်တဲ့လူတစ်ယောက်
ပြီးတော့ သိပ်ချစ်တတ်လွန်းတဲ့အိမ်ထောင်ဖက်
တာဝန်အကျေဆုံးသောသား Daddy အဖြစ်ဒီနေ့အထိ
ရှိနေပေးခဲ့တာ ကျေးဇူးအများကြီးတင်ပါတယ်...."
"မောင် တို့အသက်တွေကြီးလာလို့....
Koo လည်း အတောင်စုံအချိန်ရောက်လာရင်
မင်းနဲ့မောင်ဒီကျွန်းမှာပဲ ဘဝရဲ့ဆည်းဆာအချိန်တွေကို
ဖြတ်သန်းရအောင် Jimin....."
"မောင် ဒီနေရာသိပ်သဘောကျတာပဲလား..."
"ဒီနေရာကိုသဘောကျတဲ့မင်းကိုအရမ်းချစ်လ်ို့ပါ"
ဆိုင်သူလေးကမောင့်နှုတ်ခမ်းတွေကိုအသဲယား
စဖွယ်ထိရုံလေးထိကာပြန်ခွါသွားခဲ့သည်။
"ကလေးတစ်ယောက်ရသွားလို့လား
ထိရုံလေးနမ်းတာ ဒီယောကျ်ားကိုရိုးနေပြီလား
Jeon Jimin...."
"နောက် ဘဝ ထောင်များစွာအထိတောင်
ကိုယ့်နှလုံးသားက မောင့်ဆို ထာဝရဆန်းကြယ်
နေအုန်းမှာ...ရိုးစရာလားမောင်ရယ်...
နမ်းလို့တောင်မဝတဲ့ နှုတ်ခမ်းပါးလေးတွေကို..."
"မောင့် ကို မရိုးသွားနဲ့နော် အချစ်ငယ်လေး
မောင့်ကို နေ့တိုင်းမှာပိုပြီးပိုပြီးချစ်ပေးပါ
မောင် မင်းခိုင်းတာမှန်သမျှအားလုံးလုပ်ပေးမှာ..."
"ခုလောလောဆယ်ခြေဖျားတွေအေးလိုက်တာ...."
မောင်က စောင်နဲ့ထွေးထားသော ခြေဖဝါးလေး
တွေကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ပေးလာသည်။
"အားမနာတော့ဘူးနော်ကိုယ့်ယောကျ်ားပဲဆိုတော့..."
"မင်းဘယ်တုန်းကများအားနာခဲ့ဖူးလို့လဲ..."
ကန်လာသောခြေဖဝါးလေးနှစ်ဖက်ကို
မောင်က ရင်ဘက်နေရာတွေကပ်ထားကာ
ပြုံးယဲ့ယဲ့...။
"မင်းကိုချစ်မချစ်တောင်မသေချာသေးတဲ့
ဟိုးအစပိုင်းအချိန်တွေထဲက သေသေချာချာ
စချစ်မိတာ မောင့်ရဲ့ခြေဖဝါးရဲရဲလေးတွေ...."
"ချစ်စရာနေရာအဲ့လောက်ရှားလား..."
"နောက်တစ်နေရာလေးကျန်သေးတယ်...."
"ဘယ်နေရာလဲ....."
မောင်သည် ဆိုင်သူလေးမျက်နှာဆီရုတ်တရက်
တိုးကပ်လာပြီးနောက်ဖူးကြွနေသောနှုတ်ခမ်း
လေးတစ်စုံကိုအရှိန်အဟုန်ဖြင့်စုပ်ယူသွားခဲ့သည်။
မောင့်ပေါင်ပေါ်အနီးကပ်ဆုံးတက်ထိုင်လိုက်ကာ
မောင်က ဆိုင်သူလေး၏ခါးတွေကိုခပ်တင်းတင်း
ပွေ့ဖက်ထားသည်။ဆိုင်သူလေး၏လက်တွေက
မောင့်ပါးတွေပေါ်မှာ....။
"ခဏ မောင် Playlistလေးတစ်ခုခပ်တိုးတိုး
ဖွင့်ထားအုန်းမယ်
Koo နိုးခဲ့ရင် အသံတွေကြားမှာစိုးလို့...."
Troye Sivan ရဲ့ Angel Baby......။
မောင် ဆိုင်သူလေးကို အလုံးစုံရည်ညွှန်းခံစား
၍နားထောင်သောတစ်ပုဒ်ထဲသောသီချင်း....။
နှင်းတွေသည်ပိုပိုကျလာကာ ကြည်နူးစရာ
သီချင်းသံတိုးတိုးသည်အခန်းလေးထဲအပြည့်..။
မောင် စီးကရက်လိုနှုတ်ခမ်းဖူးဖူးတွေကို
အရူးအမူးနမ်းနေသည်။
BlackCoffeeလို နှုတ်ခမ်းပါးတွေကိုလည်းဆိုင်သူ
လေးကအရူးအမူး....။
Coffee ခွက်နှစ်ခွက်သည်တဖြည်းဖြည်းနွေးလာကာ
အေးစက်သွားတဲ့အထိ.....။
Angel Baby သည်လည်းအခေါက်ပေါင်းများစွာ...။
ဘယ်တော့မှရိုးအီမသွားခဲ့သောတစ်ယောက်
တပြန်အထိအတွေ့တွေသည်ဘယ်သူပိုမသာခဲ့။
မောင်ဘာကိုကြိုက်သလဲမီးတောင်လေးအလွတ်ရနေသလို မီးတောင်လေး ဘာကိုကြိုက်သလဲဆိုတာ
လည်းမောင်အသိဆုံး....။
သူတို့ဆိုးတူကောင်းဘက်နှစ်တွေအများကြီးဖြတ်သန်း
လာခဲ့ပြီးတာကို...။
အအေးဆုံး ခရစ်စမတ်ညမှာ ပူလောင်စွာ
မိနစ်တွေအကြာကြီး တိတ်တိတ်လေးနမ်းနေရခြင်း
သည်ရင်ခုန်မှုတော့အပြည့်အဝရပါသည်။
"ပါးပါး.....ဒယ်...ဒီ....ပါး....."
Koo အသံကြားလိုက်သည်နှင့်နှုတ်ခမ်းတွေ
ချက်ချင်းခွါလိုက်ကာနှစ်ယောက်လုံးအိပ်ရာဆီ
ပြေးရတော့သည်။
ကလေးမရှိခဲ့တုန်းကဘဝမျိုးမဟုတ်တဲ့အတွက်
အရင်လိုတော့ နှစ်ယောက်စလုံးမဆိုးနိုင်တော့။
ကလေးအဖေတွေက ကလေးအဖေတွေ
ပြန်ဖြစ်ကာ ခရစ်စမတ်အနမ်းတစ်ဖြတ်ကို
ဒီလောက်နဲ့ လက်လျှော့လိုက်ရသည်။
ကလေးတစ်ဖက်နဲ့ဘဝတွေသည်ဖြောင့်ဖြောင့်ချစ်
ဖို့ပင်မလွယ်ပါလေ.....။
အိပ်ရာပေါ်ငုတ်တုတ်လေးထိုင်နေသော
Kooသည်ဆံပင်လေးတွေထိုးထိုးထောင်ထောင်။
ဒါလည်းမောင့်အတိုင်း။
"Koo တစ်ယောက်ထဲအိပ်ရတာအေးတယ်
Daddy တို့ Kissတာကို စောင့်ပေးနေပေမယ့်
စိတ်မရှည်တော့ဘူး..."
"ဘယ်ထဲကနိုးနေတာလဲ မင်းလုပ်ပြန်ပြီ...."
"ပါးပါးနဲ့Daddyက ကလေးလေးမွေးထားပြီး
နှစ်ယောက်ထဲပဲခိုးခိုးKissနေတာ များပြီ.."
"ဒါကတော့ Kissရမယ့်သူရှိလို့ပေါ့ကွာ..."
"မောင်!!!ကလေးကို...."
"လာ Koo ပါးပါးတို့အိပ်ကြမယ်...
မချမ်းအောင် Daddyကဖက်ထားပေးလိမ့်မယ်
ညအိပ်မီးလေးလျှော့လိုက်ပြီ....
မောင် လှဲတော့...လေ..."
"တကယ်ကြီးအိပ်ရတော့မှာလား...."
"အိပ်ဆိုအိပ်လိုက် ကလေးက
အိပ်ရေးမဝရင်အဆင်မပြေဘူး
ခု အိပ်..."
JeonJiminတုန်းကလည်းခံစားချက်တွေ
မျောလာပြီဆို ဖျက်လိုဖျက်ဆီး..။
ဒီအကောင်လေးလည်းဒီအတိုင်း....။
ဘယ်အချိန်အထိများ ဘယ်အသက်အရွယ်အထိများ
ဒီပြဿနာတက်နေအုန်းမယ်မသိ...။
မတတ်နိုင်အားလုံးသည်းခံလိုက်ကာသားအဖ
သေးသေးလေးနှစ်ယောက်ကိုမောင်ဖက်ထားကာ
အိပ်ဖို့ရန်ပဲရှိတော့သည်။
"နောက်တစ်ခါ ဒီကိုလာရင် ဒီအရှုပ်ကို
JinHyungတို့လက်ထဲပဲအပ်ခဲ့တော့မယ်..."
"မောင် အိပ်ခါနီး ရန်ဖြစ်ချင်နေတာလား...."
"မဖြစ်ချင်ပါဘူးဗျာ....အိပ်ပါ့မယ် အိပ်လိုက်ပါပြီ..."
မောင်သည် ပိုင်ဆိုင်မှုလေးနှစ်ခုကိုတစ်ယောက်
ယောက်လာလုသွားမှာစိုးရိမ်သောပုံစံမျိုး
ဖြင့် နှစ်ယောက်လုံးကိုရသလောက်ဖက်ကာညတိုင်း
အိပ်တတ်သည်။စောင်သေချာခြုံပေးကာ
နှစ်ယောက်လုံးကိုပွေ့ဖက်ထားလိုက်ရသော
အချိန်တွေတိုင်းသည် မောင့်ဘဝအဓိပ္ပာယ်ပဲ...။
မကြာပါပင်လယ်အသံတွေရယ် ဖွေးဖွေးလှုပ်နေသော
နှင်းတွေရယ်....December ညလေးမှာ
JEon Familyလေးဟာ နွေးနွေးထွေးထွေးအိပ်မော
ကျသွားလျှက်.....။
ဘယ်လောက်ဆိုးဝါးတဲ့ဖြစ်ရပ်တွေပဲကြုံခဲ့
ကျိန်စာတွေဆုတောင်းတွေစွဲလန်းခြင်းတွေကြား
လမ်းတွေပျောက် သွေးချင်းချင်းရဲခဲ့ကြလည်း
ဘဝကိုယ်စီမှာ အဓိပ္ပာယ်ရှိစွာဖြတ်သန်းနေရတဲ့
လူတွေအဖြစ်လက်ရှိတွင် သူ့နေရာသူကဏ္ဍလေးနဲ့သူ။
တက်တူးဆိုင်က Hoseokieလည်း
Customer တွေနဲ့ စည်းကားနေသည်။
လန်ဒန်မြို့က အိမ်ကလေးထဲလည်းခရစ်စမတ်ညတွင်
ရီမောသံလေးတွေဆူဆူညံညံဖြင့်....။
ဘယ်လောက်ရင့်ကျက်နေပြီ
ပြောပြောကျောင်းတော်ကရန်စတွေရှိသလို
ဂျေ့ကို မြင်ရင် မတိုက်ခိုက်ရမနေနိုင်သော
ယောင်းသည် သူ့စနောက်ခဲ့သော စာကြောင့်
ဂျေ လျှော့မချစ်ရတော့ဘူးဆိုတာများပြန်ကြားရင်
လွဲပြန်ပြီဟု ဆောင်းခိုဝက်ဝံလေး က
နှုတ်ခမ်းလေးတွေဆူသွားအုန်းမှာမြင်ယောင်နေသည်။
သဘာဝလေးနှင့်လမင်းလေးကတော့
စာအုပ်ဆိုင်မီးရောင်မှိန်မှိန်လေးအောက်
သဘာဝလေးဖတ်ပြသောခရစ်စမတ်ကဗျာလေး
တွေကိုလမင်းလေးကပြုံးပြုံးလေးနားထောင်
နေသည်။
ဘဝတွေသည် တစ်ယောက်ချင်းစီမှာလှခဲ့ကြတာ
မျိုးမဟုတ်....။
တစ်ယောက်တမျိုးစီးနာကျင်စရာ
ကြေကွဲစရာတွေနဲ့ အတိတ်တွေမှာ ဆိုးခဲ့ကြသော
လူတွေကြီးပါပဲ...။
ဒါပေမယ့် ဘဝတစ်ခုမှာအရေးကြီးဆုံးက
လက်ရှိအချိန်မို့ အားလုံး Dramaကင်းကင်းပါပဲ။
Drama Kingတစ်ယောက်တော့ရှိနေသည်။
"Daddy က Kissရမယ့်ပါးပါးရှိလို့
လာကပ်ကြွားသွားသေးတယ်...
ငါ့မှာလည်းရှိတာပဲကို ပါးပါးအော်မှာစိုးလို့သာ
လျှိုထားရတာ နောက်တစ်ခါDaddy
အကြွားထူရင် Koo အရွယ်ရောက်တာနဲ့
မျက်လုံးပြာပြာတွေနဲ့ RomHyungကို
နမ်းမှာလို့ ပြန်ပြောပစ်မယ်......"
Koo အနှီးထုတ်လေးကိုစကိုင်ခဲ့တဲ့သူ။
အဖေတွေလက်ထဲမရောက်ခင်
Kooစတင်ထိတွေ့ခဲ့ရသော မျက်လုံးပြာပြာတွေ..။
"Daddy နဲ့ပါးပါး အနိုင်ကျင့်တဲ့ရန်ကနေ
၁၇နှစ်ပြည့်တာနဲ့ Rom Hyungကိုကာကွယ်ပေးမယ်
Daddy ကိုလည်းပြန်ပြောမယ် ပါးပါးကိုလည်း
ပြန်ပြောမှာပဲ....
RomHyung က Koo ဟာ......"
မောင်ပေါက်စလေးသည် ခြောက်နှစ်သားထဲက
ငါစွဲစွဲနေကာ ကိုယ့်ကိုကိုယ်Fighting ဟု
အားပေးပြီးနောက် Daddy Jeonရင်ခွင်ကြီးထဲ
ချမ်း၍တိုးဝင်သွားခဲ့တော့သည်။
ဖေဖေနှစ်ယောက်သာကလေးလေး၏
အတွေးတွေများသိခဲ့ရင်ကမ္ဘာတုန်သွားမှာ
သေချာပါသည်။
Koo ကတော့....ဘာကိုမှဂရုစိုက်ပြလိမ့်မည်မဟုတ်။
ပိုထက်စောင်းနိုင်သော နှလုံးသားမျိုးဖြင့်
မောင်နှင့်ဆိုင်သူလေးကို အကြိမ်ကြိမ်အံ့အားသင့်
စေနိုင်သော အောင်အောင်မြင်မြင်လူတစ်ယောက်
သေချာပေါက်ဖြစ်လာပါလိမ့်မည်....။
Angel Baby သီချင်းလေးမရပ်သေး......။
ပြီးပါပြီ။
ကိုယ့်ချစ်သူအပေါ်ခမ်းနားလှပသောအချစ်မျိုးတွေ
နဲ့ ချစ်နိုင်ကြပါစေ....။ပြန်လည်လည်းအချစ်ခံရပါစေ....။
ThankU ❤️
"အထည္ႀကီးပ်က္ေလးနဲ႔လက္ထပ္ရမွာေပါ့ေလ...."
ခပ္ေထ့ေထ့နဲ႔ေမာင္က အဲ့ဒီတုန္းကမထီတထီ.....။
တကယ္တမ္း
အထည္ႀကီးပ်က္သြားခဲ့တာကေမာင့္ႏွလုံးသား.....။
အမွန္တရားသည္ မဟုတ္ဘူးျငင္း၍မရနိုင္..။
ေမာင္ေရ JeonJimin ေလးကိုဘယ္ကစခ်စ္သလဲ
ေမး ေျခဖဝါးရဲရဲေလးေတြကလို႔ေျဖျပလိမ့္မည္....။
ေမာင့္ရင္ခြင္အက်ယ္ႀကီးက JeonJimin နမ္းဖို႔
JeonJimin မွီဖို႔...JeonJimin ကန္ပစ္လိုက္ဖို႔....။
ဒူးေထာက္ထား႐ုံမဟုတ္ဘူး...ေခါင္းငုံ႔ရိုက်ိဳးၿပီးကို
ဘဝအဆုံးအထိခ်စ္ပစ္ခဲ့တာ....။
အနိုင္ယူလို႔မရတာမဟုတ္ဘူး...
အေၾကာင္းျပခ်က္မဲ့ကို
ေပ်ာ္ေပ်ာ္ႀကီးဝပ္တြားေနခ်င္တာ
၂၁ရာစု ရဲ့ေမာင့္ဧကရာဇ္ေလး
အမိန့္မွန္သမၽွ တစ္ခ်က္မွမလြဲ
နာခံပစ္လိုက္အုန္းမွာ....။
ေမာင့္ကိုန္ိုင္လိုက္စမ္းပါအုန္းအခ်စ္
ငယ္ေလးရယ္.....။
(JeonJungkook)
.................။
"သူ႔တစ္ကိုယ္လုံးမွာမက္ေလာက္စရာတစ္ေနရာ
ေတာင္မရွိဘူး...ဘာတန္ဖိုးမွမရွိတဲ့ေကာင္
အမွိုက္ေကာင္..."
ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ကို အားမနာစတမ္းလက္ညိဳးထိုးခဲ့
သူက ေမာက္ေမာက္မာမာ.....။
ဝိုင္းစက္ေနေသာမ်က္လုံးေလးေတြနဲ႔မ်ား
ေခါင္းတိုးခၽြဲလိုက္ရင္ခုမ်ားေတာ့မက္ေမာတာထက္
ပင္လြန္ပါေသာ အတၱမ်ားစြာျဖင့္
ေမာင့္ ကို ေသေသခ်ာခ်ာကို ခ်ည္ေႏွာင္ခဲ့...။
ေမာင့္ကိုတန္ဖိုးမဲ့ေၾကာင့္ ၾကမ္းတမ္းစြာ
စြပ္စြဲခဲ့ၿပီး...ေမာင့္ဘဝကိုတန္ဖိုးရွိစြာ
အဓိပၸာယ္ရွိစြာျဖတ္သန္းနိုင္ဖို႔ သိပ္ႀကိဳးစားေပးခဲ့တာ
လည္းစြပ္စြဲခဲ့သူပါပဲ....။
ရီခ်င္ေပမယ့္ မရီရဲခဲ့ၾကပါဘူး.....
လက္ေစာင္းေရာ မ်က္ေစာင္းပါထက္ကာ
ေမာင္က လြဲၿပီး တစ္ေလာကလုံးအေပၚအလိုမလိုက္
တတ္တဲ့နားလည္မေပးတတ္တဲ့
မီးေတာင္ေလးက တို႔ေတြမေလးမစားသြား
လုပ္လို႔မရတဲ့ထဲမွာပါတယ္....။
MD Parkက စာမ်က္ႏွာေထာင္ေပါင္းမ်ားစြာနဲ႔လူ..။
ေမာင္ကေလ....လို႔အစခ်ီ႐ုံနဲ႔ParkJimin က
ျဖစ္ေစသတည္း....။
ParkJimin ရဲ့ ရင္ခြင္ေသးေသးက
ေမာင္ ျမတ္နိုးဖို႔ ေမာင္အားကိုးဖို႔
ေမာင္ခၽြဲႏြဲ႕ဖို႔......
အနိုင္မရတာမဟုတ္ဘူး......ကိုယ္တိုင္ကိုက
အရွုံးေတြေပးခ်င္ေနခဲ့တာ...
အနိုင္ရခ်င္ေယာင္ေဆာင္ၿပီး...ဘဝအဆုံးအထိ
ေယာက်္ားငယ္ငယ္ေလးအေပၚအရာအားလုံးမွာ
ရွုံးပစ္ေပးအုန္းမွာ.....။
ကိုယ့္ကို ဆိုးလိုက္စမ္းပါအုန္း....အခ်စ္ရဆုံးေမာင္ရယ္...။
(ParkJimin...)
..................................။
"MD ႐ုံးဆင္းၿပီလားဗ်...."
Company ေရွ႕ ေမာင္လာႀကိဳေနၿပီျဖစ္တာေၾကာင့္
MD ကေျခလွမ္းမေႏွးမျမန္ေလးေလၽွာက္လာ
တုန္း အလုပ္ခန့္ထားတာမၾကာေသးေသာ
ဌာနတစ္ခု၏ေခါင္းေဆာင္က အလုပ္ဆင္းခ်ိန္ေတြ
တူေနတာေၾကာင့္ေျပးလာႏူတ္ဆက္သည္။
"အင္း....ဆင္းၿပီ..."
အသက္အရြယ္လည္းသိပ္မကြာ အလုပ္မွာ
အေရးပါအရာေရာက္ေသာလူႀကီးလူေကာင္းတစ္
ေယာက္မို႔ MD Parkက အလိုက္အထိုက္
မ်က္ႏွာထားျဖင့္ ျပန္တုံ႔ျပန္သည္။
"Reportေတြ တင္ေပးအုန္းေနာ္
ေမ့ေနမွာစိုးလို႔...ခရစ္စမတ္အားလပ္ရက္ေတြလည္း
ရွိေတာ့ မေရာက္ခင္ လက္စသတ္စရာရွိတာကို
ကိုယ္ လက္စသတ္ခ်င္တယ္...."
"ဟုတ္ကဲ့....ကၽြန္ေတာ္မနက္ျဖန္တင္ေပးပါ့မယ္..."
"ေက်းဇူးပဲ....ႀကိဳးစားေပးပါအုန္း..."
MD Park အျပဳံးမမည္ေသာအျပဳံးေလးတစ္ခ်က္
ျဖင့္ပုခုံးကို ပုတ္ကာေရွ႕ဆက္ထြက္သြားသည္။
ေခါင္းေဆာင္သည္ ေၾကာင္အလ်က္။
အိမ္ေထာင္ရွိတာလည္းသိသလို..။
ကေလးေပါက္စေလးတစ္ေယာက္ပါရွိတာလည္း
သိပါသည္။ဒါေပမယ့္ ဒါေပမယ့္ေတြရဲ့ေနာက္မွာ
MD ရွားပါးစြာ သေဘာေကာင္းသြားတိုင္း
သူတင္မက Company တစ္ခုလုံး ေက်ာက္႐ုပ္ႀကီး
ေတြလို ေအးစက္က်န္ခဲ့ရျမဲ....။
အသက္အရြယ္နဲ႔မလိုက္ဖက္ေလာက္ေအာင္ကို
အလြန္အကၽြံလွပလြန္းေသာ ဆိုင္သူေလးဟာ
ေျခာက္ႏွစ္မက အႏွစ္ေျခာက္ဆယ္အထိလည္း
ႂကြရြ ခမ္းနားေနဆဲပဲ.....။
Jimin Company ေရွ႕သို႔ေရာက္ေတာ့ ခြီခနဲမရီမိေအာင္
မ်က္ႏွာကိုမနည္းထိန္းလိုက္ရသည္။
အနက္ေရာင္ၿပိဳင္ကားကိုမွီကာလက္ပိုက္ရပ္ေနေသာ
ေမာင္သည္ ေနကာမ်က္မွန္အနက္ေရာင္ျဖင့္
ပီေကခပ္မွန္မွန္ဝါးလ်က္ စတိုင္တက် ။
ေမာင္က စတိုင္က်တာကေတာ့ဟိုအရင္တုန္းထဲက
မို႔သိပ္မဆန္းလွေပမယ့္ ေမာင့္ေဘးတြင္
ေမာင့္အတိုင္း ပီေက ဝါးလၽွက္ မ်က္မွန္တပ္ထားေသာ
အေကာင္ေပါက္ေလးက ဘာေလးလဲ...။
သူကလည္းကားကိုမွီေနကာ ေက်ာင္းဝတ္စုံနဲ႔အတူ
မ်က္ႏွာထားသည္ ေမာင့္အတိုင္းပဲ...။
"Daddy ပါးပါးေဘးက လူက ဘာလဲ
စကားေတြတအားလိုက္ေျပာေနတယ္..."
ေလၽွာ့ခ်စ္ေနရေသာ ဘဝမွာ အရင္စိတ္နဲ႔သာ
ဆိုJeonJimin ကိုခ်ီေျပးလိုက္ၿပီးၿပီ။
ဒါေပမယ့္လည္း အခ်ိန္တစ္ခုအထိျဖတ္သန္းၿပီးၿပီမို႔
ေမာင္သည္ ထိန္းတတ္ေနပါၿပီ။
သဘာဝက်က် စိတ္ကိုေအးေအးထားၿပီးပဲ
လိလိမၼာမၼာရင့္က်က္ေပးရအုန္းမွာပဲ...။
အၿငိဳျငင္ေလးတစ္ခုေတာင္ေမာင္မခံစားနိုင္ပါ။
ေျခာက္ႏွစ္လုံးလုံး ခက္ခဲလြန္းေသာ္လည္း
ႀကိဳးႀကိဳးစားစား စနစ္တက်ေလး ဆိုင္သူေလးကို
ေမာင္ခ်စ္ေပးခဲ့ရွာသည္။
"ဝန္ထမ္းထင္ပါတယ္ကြာ.....
အလုပ္ရွင္ဆိုေတာ့လည္းတစ္ခါတစ္ေလ
ဝန္ထမ္းေတြနဲ႔ရင္းရင္းႏွီးႏွီးဆက္ဆံရတာေတြရွိမွာေပါ့.."
Kooသည္ ေမာင့္ကို မေက်မနပ္ေမာ့ၾကည့္ကာ
ႏွုတ္ခမ္းပါးေလးကစူထြက္လာသည္။
"Daddy ကို Koo သိပ္အားမရဘူး....."
ေမာင္က ျပဳံးသြားကာ Kooကိုေကာက္ခ်ီ
လိုက္သည္။
"မင္း ပါးပါးကို Daddy ေၾကာက္ရတယ္ကြ....."
"Why? Daddy Why?"
"အရမ္းအရမ္း...ခ်စ္လ္ို႔ေပါ့......"
သားအဖႏွစ္ေယာက္ အေခ်အတင္ေလးျဖစ္ေနတုန္း
ဆိုင္သူေလးေရာက္လာၿပီမို႔ေခတၳေတာ့ၿငိမ္သက္
လိုက္ရသည္။
"ဘယ္လိုျဖစ္လို႔မ်က္မွန္အမဲႀကီးေတြနဲ႔လည္း
လူေတြရီေအာင္...."
ဆိုင္သူေလးကႏွစ္ေယာက္လုံး၏ပါးေလးေတြကို
ဆြဲၿပီး အသဲယားစြာဆိုသည္။
"ဒါေမာင့္ပုံစံပဲေလ ဒီေကာင္ေသးေသးေလးက
လိုက္ခိုးေနတာ...."
"Daddy လည္း Koo အတုခိုးတာပဲဟာ...."
"ငါနည္းနည္းပဲ ခိုးတာ မင္းကေခါင္းစေျခဆုံးပဲ
ျပန္ေပး ငါ့ပီေက...."
"ကေလးကို ပီေကမေကၽြးပါနဲ႔
ဗိုက္ထဲၿမိဳခ်မိမွာစိုးလို႔လို႔ေျပာလည္းမရဘူး
ေမာင္က..စားျပေနေတာ့ Kooကိုဘယ္လိုတားရမလဲ"
"ပီေကေလးေတာင္ ကြာ....."
"မရဘူး...ေမာင္ ျဖတ္လိုက္ေတာ့ အဲ့ပီေကကို..."
"Daddy ပီေက နိုး...."
ေမာင့္ ႏွုတ္ခမ္းေတြကို လက္ေဖာင္းေဖာင္းေလး
ျဖင့္ပိတ္ကာ ႀကိတ္ေပ်ာ္ေနေသာယုန္ေလးလိုလို
ၾကက္ေပါက္ေလးလိုလို ဘာေကာင္ေလးမွန္း
မသိေသာအေကာင္ေလးသည္ ဖ်စ္ညႇစ္လိုက္ခ်င္စရာ
အတိ။
"မင္း လည္း ေထြးထုတ္ အျပစ္ကႏွစ္ေယာက္
လုံးမွာရွိတာ...."
ေမာင္က ခြီခနဲရီမိသြားသည္။
Kooပါးစပ္ကပီေကကိုဆိုင္သူေလးကထုတ္ကာအမွိုက္ပုံးထဲသြားပစ္လိုက္သည္။
"ပါးပါး Daddy မေထြးထုတ္ေသးဘူး....."
ပူညံပူညံပါပဲ...။
ေမာင္နဲ႔ ဆိုင္သူေလးက လုံးဝဆန့္က်င္ဘက္
ထိုဆန့္က်င္ဘက္ႏွစ္ေယာက္ကိုRemixလုပ္ထား
ေသာ Kooေရာက္လာတဲ့အခါ ဘယ္ကစရွင္းရမွန္း
ေတာင္မသိေတာ့......။
ေမာင္က ကားေမာင္းကာ Kooကိုဆိုင္သူေလးက
ေပါင္ေပၚတင္လၽွက္ေက်ာင္းအေတြ႕အၾကဳံေလး
ေတြေမးကာ ရီလိုက္ေမာလိုက္ညေနေလးမ်ားသည္
အဓိပၸာယ္ေတြအျပည့္ျဖင့္.....။
"အားးးး ပင္ပန္းလိုက္တာ အလုပ္ေတြလုပ္ရတာလည္း
တစ္ရက္မွမနားရဘူး....."
အိမ္ျပန္ေရာက္သည္ႏွင့္အိပ္ရာေပၚပစ္လွဲကာ
ေမာင္ၿငီးျငဴေတာ့ အေကာင္ေသးေသးေလးက
ေမာင့္အေပၚခြထိုင္ကာ တစ္တစ္တူးေနၾကျပန္ၿပီ။
"ဘီယာေသာက္တာ အဲ့ေလာက္ပင္ပန္းရလို႔လား
သိပ္ၿငီးျပမေနနဲ႔...."
ေမာင္သည္ အလြန္အံ့ဩသြားကာဆိုင္သူ
ေလးကို အျမန္အဆန္လွမ္းၾကည့္ေတာ့
ေရခ်ိဳးဖို႔ျပင္ဆင္ေနသည္။
"Jimin .....အဲ့တာကေလ....."
"အလုပ္ေတြပါးသလိုရွိလို႔ မေျပာေတာ့ဘူး
အေပ်ာ္အပါးကိုေလၽွာ့နိုင္သေလာက္ေလၽွာ့ေမာင္
အသက္ကမငယ္ေတာ့ဘူး...."
"ဟ္ိုေကာင္!!!.!"
ေမာင္သည္ Romကို ဖုန္းေခၚကာခ်က္ခ်င္းပင္
ေအာ္ဆဲခ်င္သည္။ေသာက္တလြဲေကာင္။
"ပါးပါး အျပစ္မေပးဘူးလား...Daddyကို.."
"မေပးေတာ့ဘူး ေရခ်ိဳးေတာ့မယ္..."
"အဲ့တာဆို Koo ပဲေပးလိုက္ေတာ့မယ္..."
Kooသည္ လက္ေသးေသးေလးျဖင့္
ေမာင့္တကိုယ္လုံးကို ကလိထိုးကာစေနာက္ေတာ့
ေအာ္ဟစ္ရသည္ကေမာင္...။
"ေဟ့ေကာင္ ယားတယ္ .....!!!!"
"ရပ္စမ္း!!!!"
အိပ္ရာတစ္ခုလုံးတြန့္ေၾကစြာ ေနာက္ေျပာင္ေနၾကၿပီး
ေမာင့္ေအာ္သံရီသံေတြရယ္ ကေလးေပါက္စေလး
၏ခ်စ္စရာရီသံေလးေတြသည္ Jimin ကို
ျပဳံးသြားေစသည္။
"JeonJimin မင္းဟာေလးကို လာေခၚပါေတာ့!!!!"
"ေအး မရပ္ဘူးေနာ္ ငါျပန္လုပ္ရင္ မငိုနဲ႔....
အသဲျပဲနဲ႔ မင္းပါးပါးကိုသြားတိုင္ရင္
ငါကေလွာင္ပီေနာ္ ဆရာႀကီး...."
"မေၾကာက္ဘူး မေၾကာက္ဘူး..."
"ေအး ႀကိဳက္တယ္ ဒါမ်ိဳး...."
ေမာင္သည္ အားရပါးရစေနာက္ႏွိပ္စက္ရ၍
ေပ်ာ္ေနေသာ အေကာင္ေလးကို
လက္ေမာင္းၾကားထဲညႇပ္ကာအခန္းျပတင္းေပါက္
ဆီေခၚလာခဲ့သည္။
"ပါးပါးေရ....Daddy Kooကို ျပတင္းေပါက္ကေန
လႊင့္ပစ္ေတာ့မယ္....ပါးပါး....!!!!"
ေရခ်ိဳးခန္းထဲ ဇိမ္ရွိရွိ ေရေကာင္းေကာင္းခ်ိဳးဖို႔က
ဘယ္ေတာ့မွျဖစ္နိုင္မလဲမသိ...။
ကေလးမရွိခင္တုန္းက ႏွင္းဆီပန္းေတြနဲ႔
လြင့္ခဲ့သမၽွ ခုမ်ားေတာ့ ေရေျဖာင့္ေျဖာင့္ခ်ိဳးရရင္ကို
ကံအလြန္ေကာင္းေနၿပီ။
စိတ္အလြန္ကုန္ခမ္းကာေရခ်္ိုးခန္းတံခါးဖြင့္လၽွက္
ဆပ္ျပာျမႇုပ္တန္းလန္းနဲ႔ပဲေအာ္ရျပန္သည္။
"ေမာင္!!!!! မစ စမ္းနဲ႔!!
ငါေရေျဖာင့္ေျဖာင့္ေလးခ်ိဳးပါရေစ..."
"Koo တို႔ပါခ်ိဳးမယ္......Daddyပါးပါးဆီသြား..!!"
"တိတ္စမ္း....ႏွစ္ေယာက္လုံး လူခြဲ..ေတာ့
အသံတစ္ခ်က္ၾကားရင္ ပါးပါးမခ်စ္ေတာ့ဘဲ
ေနလိုက္မွာေနာ္..."
Kooသည္ ေမာင့္လက္ထဲက ခ်က္ခ်င္း႐ုန္းကန္
ထြက္ကာ စာၾကည့္စားပြဲဆီေျပးကာသြားထိုင္သည္။
ေမာင္သည္လည္း အိပ္ရာေပၚထိုင္သြားသည္။
တပုံစံထဲ.....။မခ်စ္ေတာ့မွေၾကာက္ၾကေသာ
မ်က္လုံးဝိုင္းဝ္ုင္းေလးေတြသည္တပုံစံထဲ...။
စိတ္မေကာင္းေပမယ့္ ဒီိလိုမွမလုပ္ရင္
တစ္အိမ္လုံး ပြစိတက္တဲ့အထိ ေသာင္းက်န္းၾကေတာ့
မွာမို႔ မီးကိုေရႏွင့္ျဖန္းခ်လိုက္ရသည္။
"ပါးပါး အေအးပက္မယ္ေလ....."
ခ်က္ခ်င္းကပ္ဖားသြားေသာ အေကာင္ေလးသည္
ရိုရိုက်ိဳးက်ိဳး...။
ကလီကမာ က ေမြးေသာ ပလီပလာ ေလး။
ေရခ်ိဳးခန္းတံခါးဂ်ိန္းကနဲပိတ္သြားတဲ့အခါ
ေမာင္က အိပ္ရာေပၚလွဲလၽွက္ ရန္စလာျပန္သည္။
"စာက်က္ရေတာ့မယ့္ တခ်ိဳ႕တခ်ိဳ႕ေတြအတြက္
ေတာ့စိတ္မေကာင္း ...."
"Koo ႀကီးလာရင္ နိုင္ငံျခားမွာတကၠသိုလ္
အေကာင္းႀကီးသြားတက္မွာမလို႔
စာက်က္ရတာက စိတ္မေကာင္းစရာမဟုတ္ဘူးDaddy"
ေျခာက္ႏွစ္သားေလးရဲ့ တိက်တဲ့ေမၽွာ္လင့္ခ်က္ေတြ
အိမ္မက္ေတြ...။ဘယ္သူလမ္းျပထားတာမလို႔လဲ။
လုံးဝPerfect ။
Koo လူႀကီးစကားေတြေျပာရင္ JeonJimin ပဲ။
JeonJiminလိုမာနမ်ိဳးနဲ႔JeonJungkook လို
ခပ္ေပေပ ဒီဇိုင္းဟာ တကယ့္လန္ဂ်နရီ...။
အခ်စ္ရဲ့အစကို Jimin ဆီကသင္ယူခဲ့ရတယ္ဆိုရင္
အဆုံးက သားပဲ.....။
ေမာင္က ဘာမွထပ္မေျပာေတာ့ဘဲစာအုပ္ဖြင့္ကာ
ခ်စ္စရာခဲတံေလးကိုင္ကာစာလုပ္ေတာ့မည့္
ေမာင့္ ကိုယ္ပြါးေလးကို အိပ္ရာေပၚမွေငးၾကည့္ေနသည္။
သိပ္ခ်စ္တာပဲ......။အႏွီးထုပ္ေလးနဲ႔စေတြ႕ရထဲက
ေမတၱာသည္ အေသြးအသားငယ္ေလးဘယ္အရြယ္
ေရာက္ေရာက္ခ်စ္မဝနိုင္ေသး။
စိတ္ခ်မ္းသာခဲ့ရတာ သား ဘဝထဲကိုေရာက္လာထဲက။
Jimin က ေမာင့္ဘဝအတြက္အေကာင္းဆုံး
နတ္ဘုရားေတြကေပးခဲ့ေသာလက္ေဆာင္ဆို
Koo က လက္ေဆာင္ကိုခ်ည္ထားတဲ့ႀကိဳးကေလး...။
ကေလးတစ္ေယာက္အေဖျဖစ္ၿပီးထဲက
စိတ္ႏွလုံးသားထဲ Kooကို ေမာင့္စိတ္ထဲ
မိဘ ရ သိပ္ကံေကာင္းေစခ်င္ခဲ့သည္။
ဒါသည္ဆိုင္သူေလးေက်ာင္းပိတ္ရက္ေတြ
မွာသင္ၾကားေပးခဲ့ေသာ ကိုယ္ခ်င္းစာတရား။
မိသားစုတစ္ခု၏အံလြဲျခင္းေတြကိုေမာင္႐ူးေနေအာင္
လွိမ့္ပိန့္ခံခဲ့ရတာမို႔ ေမာင္ကKooကို
မိဘနဲ႔ပတ္သတ္ၿပီး မေကာင္းေသာခံစားခ်က္ေလး
တစ္ခုေတာင္မသက္ေရာက္ေအာင္ႀကိဳးစားေနေပးခဲ့သည္။
ေမာင့္ ဘဝ ၏ လြဲေခ်ာ္ျခင္းေတြသည္ အုပ္ထိန္းသူေတြ
မွားယြင္းခဲ့တာေၾကာင့္မို႔ သားအလွည့္က် ဒါမ်ိဳး
မျဖစ္ေစရဘူးဆိုေသာ အလွဆုံးေမတၱာျဖင့္
ေမာင္ဟာ သားမ်က္လုံးထဲ ခ်စ္ခ်င္စရာ
အားကိုးခ်င္စရာ အေဖ လည္းျဖစ္ခဲ့သည္။
အစကေတာ့ Jimin ကိုေၾကာက္ရလို႔အလုပ္လုပ္ရ
ေပမယ့္လည္း Koo က နိုင္ငံျခားတကၠသိုလ္
ေကာင္းေကာင္းမွာပညာသြားမွာဟု ခဏခဏ
ဆိုတတ္ျခင္းေၾကာင့္ ေမာင္ ပ္ိုက္ဆံေတြရွာခ်င္လာခဲ့သည္။ေငြရွာဖူးမွေငြတန္ဖိုးကိုနားလည္လာေသာ
ေမာင္သည္ အသုံးအျဖဳန္းေတြလည္းစနစ္တက်
ျဖစ္ခဲ့သည္။
Jimin ရဲ့ ဥာဏ္ေကာင္းမွုေတြၾကား
ေမာင္နဲ႔တပုံစံထဲဘဝထဲေရာက္ရွိလာေသာ္လည္း
ေမာင္ အစစ္ကိုေတာင္ ေခါက္ရိုးခ်ိဴးေပးနိုင္တာ
Kooကေတာ့ ေျခာက္ႏွစ္သားထဲက ေလာကေဘာင္ေတြ
စည္းကမ္းေတြ လူေတြၾကားေနထိုင္တတ္မွုေတြမွာ
လုံးဝအံဝင္ခြင္က်.....။
ဒီဖခင္ႏွစ္ေယာက္၏ဒီကေလးေလးရဲ့
ကံေကာင္းျခင္းေတြဟာ
ဘယ္ေတာ့မွအဆုံးသတ္လိမ့္မည္မဟုတ္.....။
"ေမာင္ေရခ်ိဳးေတာ့ Koo ကေအးတယ္ ပါးပါး
ၿပီးရင္ ေျခလက္ေဆးေပးမယ္ေနာ္..."
ေရခ်ိဴးခန္းထဲကထြက္လာေသာဆိုင္သူေလး
သည္အိပ္ရာခင္းေတြကိုေမာင္ လွဲေနေသာ္လည္း
ျဖန့္နိုင္သေလာက္ဆြဲျဖန့္ကာအက်ီလဲဖို႔ျပင္ဆင္သည္။
ေမာင္သည္ ခ်က္ခ်င္းေရခ်ိဳးခန္းထဲဝင္သြားခဲ့သည္။
"Koo Daddy ျပန္ထြက္လာရင္ UncleJoon
ရဲ့ စာအုပ္ေလးဖတ္ရေအာင္ ..."
"ဟုတ္ကဲ့ ပါးပါး...."
December ရဲ့အေအးဓာတ္ေလး ေဆာင္းေလေလး
ေတြနဲ႔အတူ အခန္းထဲကေတာ့ အပူေငြ႕ေလးေတြ
လႊတ္ထားတာမို႔ ေႏြးေႏြးေထြးေထြး..။
ေမာင္ ေရခ်ိဳးၿပီးလို႔ထြက္လာတဲ့
အခ်ိန္ဆိုင္သူေလးက ျဖဴစြတ္ေနေသာ
သိုးေမႊးဆြယ္တာေလးဝတ္ထားတာကိုျမင္လိုက္ရတာေၾကာင့္ေမာင္ကခ်စ္သြားျပန္သည္။
"ႏွင္းလုံးေလးက်ေနတာပဲ ေမာင့္အခ်စ္ေလးရယ္...
အသဲယားလို႔ေသေတာ့မွာပဲ....."
"ေမာင္ ေရာဆင္တူဝတ္ခ်င္လား ဒါကCoupleေလ
ကိုယ္ဝယ္ထားတာ ေမာင့္ကိုျပပီးပီမွတ္လို႔..."
"ဝတ္မယ္ ဝတ္မယ္ ေပးေပး...."
ဆိုင္သူေလးသည္ ဗီရိုထဲက ဆိုဒ္အႀကီးအျဖဴေရာင္
စြယ္တာေလးကိုထုတ္ကာေမာင့္ကိုဝတ္ေပးေနသည္။
"အင္း....အေတာ္ပဲ....ေမာင္နဲ႔ပိုလိုက္တယ္
ၾကည့္ေကာင္းလိုက္တာ..."
ေမာင့္ပါးေလးတစ္ဖက္ကိုေျခဖ်ားေလးေထာက္ရႊတ္ခနဲ
နမ္းကာ ေဆာင္းရာသီအသားေတြေျခာက္မွာ
စိုး၍ Creamတခ်ိဳ႕ယူကာ ေမာင့္မ်က္ႏွာေပၚ
တင္ေပးလိုက္သည္။
ဆိုင္သူေလးက တစ္ခါတစ္ရံေတာ့ေမာင့္ကို
ခ်စ္ေနရခ်ိန္တြင္ပတ္ဝန္းက်င္အေနအထားကို
ေမ့ေမ့သြားတတ္သည္။
ေမာင့္မ်က္ႏွာေပၚCreamေလးကိုျပဳံးျပဳံးေလး
လိမ္းေပးေနတုန္း အက်ီစေလးလာဆြဲတာ
ေၾကာင့္ငုံ႔ၾကည့္လိုက္ေတာ့ မ်က္လုံးဝိုင္းႀကီးေတြ
နဲ႔ယုန္ေပါက္စကေလး...။
"ပါးပါးေျခလက္ေဆးေပးမွာဆို....Kooလည္း
ႏွင္းလုံးေလးျဖစ္ခ်င္တယ္ေလ..."
"ပါးပါးအသဲႏွလုံးေလးကို ေမ့သြားတယ္...."
Jimin ကသူ႔ကိုယ္သူလည္းသိပ္ရီခ်င္ပါသည္။
အသဲႏွလုံးႀကီးကို ခ်စ္ေနရရင္ အကန့္ေတြ
လြတ္လြတ္သြားတတ္တာမို႔။
Kooကို ေကာက္ခ်ီကာ နမ္းလိုက္ၿပီးေနာက္
အေသးဆုံးဆြယ္တာ အျဖဴေလးကိုထပ္ထုတ္လိုက္သည္။
"ပါးပါးက Family Set ဝယ္ထားတာ.....
တို႔ကေလးေလးကို ေမ့ပါ့မလား...."
"ခုနေျပာေတာ့ Coupleဆိုလို႔ Kooက
UncleJin ကို Msgပ္ု႔ၿပီး တိုင္ထားလိုက္ၿပီ...."
"မင္း....တအားေနာ္ Koo... JinHyungငါ့ကို
ေအာ္ရင္ ဘယ္လိုေအာ္လဲသိရက္နဲ႔..."
"Sorry Daddy....."
"အတိုင္အေတာ တအားထူတာပဲ...."
"ေမာင္နဲ႔တူတာေလ...."
ဆြယ္တာအျဖဴေလးေတြဆင္တူဝတ္ကာ
အိပ္ရာျဖဴျဖဴေလးထဲKooကိုအလည္မွာ
ထားၿပီးDecember ၏အေအးညေတြကိုမိသားစုေလး
ကဒီလိုေလးျဖတ္သန္းၾကသည္။
Nam joon Hyungက စာေရးဆရာတစ္ေယာက္
ျဖစ္လာသည္။အစထဲကစာတိုေပစေလးေတြ
လိုက္ေရးတတ္သူမို႔ လမင္းေလး၏တစ္ေန႔တာကို
ဖြဲ႕ႏြဲ႕ကဗ်ာေရးထားေသာ
"ကၽြန္ေတာ့္လမင္းငယ္..." ဆိုတဲ့ကဗ်ာစာအုပ္ေလး
သည္ေတာ္ေတာ္ကိုေအာင္ျမင္ခဲ့ကာေနာက္ပိုင္း
ဘဝဒႆနေတြဘာေတြပါထပ္ထုတ္ၿပီး
Hyung တို႔သည္လည္းအညိဳေရာင္အိမ္ေဟာင္းေလး
ထဲက December လည္ ခ်စ္ျခင္းေမတၱာေတြျဖင့္
ေႏြးေထြးေနမွာေသခ်ာပါသည္။
ဆိုင္သူေလး သဘာဝေလး၏ဒႆန
စာအုပ္ေလးကို ကေလးကလား
သားအဖကို တည္ၿငိမ္ေစဖို႔ ဖတ္ျပရန္ျပင္သည္။
ၿငိမ္ၿငိမ္ေလးနားေထာင္ေနၾကသည္။
"ကၽြန္ေတာ္တို႔ေတြဟာျပႆနာေတြအကုန္လုံးကို
မေျဖရွင္းနိုင္ဘူးဆိုတာဝန္မခံခ်င္ေပမယ့္လည္း
ဝန္ခံရမယ္တစ္ခါတစ္ေလက်ရင္ကိုယ့္ကိုကိုယ္
ေတာင့္ခံထားဖို႔ရာကအရမ္းမ်ားလြန္းေနသလိုပဲ
ဒါေပမယ့္အရမ္းပင္ပန္းလာတဲ့အခါကၽြန္ေတာ္က
မင္းလိုပဲကၽြန္ေတာ့္ကိုခ်စ္တဲ့သူေတြနဲ႔ကၽြန္ေတာ္က
ခ်စ္ရတဲ့သူေတြရဲ့မ်က္ႏွာကိုျမင္ေယာင္လိုက္တယ္။
စိတ္ဆင္းရဲစရာေတြကျဖစ္မွာပဲ။အဲ့တာကိုေျပာင္းလဲ
လို႔ရျခင္းမွရမယ္....။က်ဆုံးသြားလည္းရပါတယ္။
လြဲေခ်ာ္သြားလည္းအဆင္ေျပပါတယ္။
ေျမျပင္မွာဘာပဲရွိေနရွိေနကၽြန္ေတာ္တို႔သန္မာစြာ
နဲ႔အတူတူျဖတ္သန္းနိုင္ဖို႔ေမၽွာ္လင့္ပါတယ္"
(RM)
"သိပ္အဓိပၸာယ္ရွိတာပဲ...Kooငယ္ေလး
နားလည္ရဲ့လား ပါးပါးရွင္းျပရမလား..."
"အိမ္စာေတြအရမ္းမ်ားလို႔ပင္ပန္းရင္
Daddy နဲ႔ ပါးပါး မ်က္ႏွာကို ျမင္ေယာင္ရမွာမလား"
"ဟုတ္တာေပါ့...ေတာ္လိုက္တာ ပါးပါးအခ်စ္ဆုံးေလးက
ဒီဘက္က အခ်စ္ဆုံးႀကီးကေရာ...."
"ေမာင္!!!!!"
ကေလးေလးကေတာင္ စိတ္ဝင္တစားနားေထာင္
ေပးေနတာ ေမာင္ကငိုက္ေနၿပီ။
ေမာင္သည္ ဒီလိုစာေပေတြနဲ႔မတည့္...။
အိပ္ေဆးတိုက္လိုက္သလိုပဲ...။
ဖုန္းသုံးရင္ေတာ့တစ္ခါတစ္ရံမိုးလင္းတတ္တဲ့သူ။
ႏွစ္ခ်က္ေလာက္ရိုက္လိုက္တဲ့အခါနိုးထလာၿပီး
အိပ္ခ်င္ေျပဖုန္းသုံးရန္ အႀကံဥာဏ္ေပးလာသည္။
Koo သည္ပါးပါး ကစာႀကီးေပႀကီးေတြဖတ္ျပတယ္
ဆိုလည္းအားေပးတတ္ကာ Daddy အင္တာနက္က
ေပါက္ကရေတြရီစရာေတြျပလည္းအားေပးတတ္ပါသည္။
ေမာင္သည္ Kooေရာဆိုင္သူေလးကိုပါ
ရင္ခြင္ထဲသိမ္းက်ဳံးထည့္ဖက္ထားကာ
IGက Follow ထားေသာလူေပါင္းစုံ
၏ပုံမ်ား ကို ၾကည့္ကာရီလိုက္ေမာလိုက္။
ဆိုင္သူေလးႏွင့္Kooသည္လည္းၿငိမ္ၿငိမ္ေလး
ၾကည့္ေနရျပန္သည္။
တစ္ေယာက္တလွည့္အေဖႏွစ္ေယာက္၏
စရိုက္ေတြၾကား Kooဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္။
Notificationထဲေမာင့္လက္ေတြေရာက္သြားေတာ့
မ်က္ေမွာင္ေတြခ်က္ခ်င္းက်ဳံ႕သြားေတာ့သည္။
အေလာတႀကီး ဆိုင္သူေလးပုံေအာက္မန့္ထားေသာ
Comment ကိုေတြ႕တဲ့အခါ ေမာင့္မ်က္ႏွာတစ္ခုလုံး
နီရဲေတာက္သြားၿပီး ေအာ္ခ်လိုက္ေသာအသံသည္
ဟိန္းခနဲ...။
Kooပင္လန့္သြားကာ ဆိုင္သူေလးရင္ခြင္ထဲ
ေစြ႕ခနဲဝင္သြားသည္။
"JeonJimin!!!!!!!"
.....................။
December 25......။မနက္ခင္း......။
"ဗ်ာ!!!! ဘယ္လို....."
"ဟုတ္တယ္ Rom ညကရန္အႀကီးအက်ယ္ျဖစ္ၿပီး
မိုးလင္းတာနဲ႔ကၽြန္းကိုထြက္သြားၾကတယ္"
"ကၽြန္ေတာ့္ကိုခရစ္စမတ္အိမ္မွာပါတီလုပ္မယ္
လို႔ေျပာထားလို႔လာတာ...ေဂ်ကလုပ္ျပန္ၿပီကြာ..."
"သူတို႔ရန္မျဖစ္ၾကတာၾကာပါၿပီ Koo Koo
ေျပာသြားတာေတာ့ ဖုန္းထဲကတစ္ခုခုကိုေတြ႕ၿပီး
ထေအာ္ၾကတာတဲ့..."
Rom၏မ်က္ႏွာသည္ခ်က္ခ်င္းပ်က္ယြင္းသြားကာ
ေတြးဆဆျဖင့္။
"ဟူးးး ကၽြန္ေတာ့္ေၾကာင့္ျဖစ္လိမ့္မယ္
ေဂ့်ကို အလုပ္ကခိုးထြက္ခိုင္းၿပီး Barမွာ
သြားေသာက္ၾကတာ ၿပီးေတာ့ မူးၿပီး
ဓာတ္ပုံေတြပြထေနေအာင္တင္မိတယ္
အမူးေျပမွ သတိရေတာ့ခ်က္ခ်င္းဖ်က္လိုက္ေပမယ့္
MD ေတြ႕သြားတယ္ထင္တယ္...."
"ေနာက္မလုပ္ပါနဲ႔Rom..အကိုေလးက
သိပ္တင္းက်ပ္တာ သူတို႔ကေတာက္ကဆ
ျဖစ္ရင္ ဦးေလးတို႔လည္းေနစရာမရွိဘူး
သခင္ေလးကို အလုပ္မွာမရွိေနတာမ်ိဳးကို
ဘယ္ေလာက္ေသာင္းက်န္းခဲ့ဖူးလဲသိရက္နဲ႔...."
"ဒါေပမယ့္ ေဂ်နဲ႔ကၽြန္ေတာ္ အတူတူရွိလာတာ
ေမြးလာထဲကေလ...သူငယ္ခ်င္းေတြေလ
MD တစ္ခါတစ္ေလေတာ့ ေျဖေလၽွာ့ေပးရမွာေပါ့..."
"အကိုေလး က အသက္ႀကီးလာေလပိုဆိုးလာေလပါပဲ.."
"Koo ပါ ပါသြားတာေပါ့..."
"ထားခဲ့မလား...သူတို႔အသက္အညႇာေလးကို"
"ၾကည့္ရတာ MD Parkကိုဟိုတုန္းကလို
ကၽြန္းေခၚၿပီး ျပန္ေခ်ာ့ေနရတယ္ထင္တယ္
"ဟုတ္ေလာက္မယ္....."
Rom သည္ အိမ္ထဲဝင္ကာဆိုဖာေပၚထိုင္လိုက္ၿပီး
ဘာလုပ္သင့္လဲစဥ္းစားေနသည္။
IGက ပုံေလးတစ္ပုံဆိုေပမယ့္ Shock ဘယ္ေလာက္
ႀကီးနိုင္လဲသူ႔ထက္ဘယ္သူမွပိုမသိနိုင္။
MDက က်န္တာသာ ႏူးညံ့ေပမယ့္ အလုပ္ႏွင့္ပတ္သတ္
လၽွင္လက္ပါေျခပါတတ္သည္။
ခုေလာက္ဆို ေဂ်တစ္ေယာက္ စိစိညက္ညက္ေက်ေန
ေလာက္ၿပီ။
Romသည္ ေဘာင္းဘီအိတ္ထဲကဖုန္းထုတ္ကာ
Msgတခ်ိဳ႕ရိုက္ေနသည္။
"ေမာင့္ကို ကိုယ္ရွင္းျပေနတာ ထပ္ခါထပ္ခါျဖစ္
ေနၿပီ...နာမည္ကလည္းမၾကားဖူး
ပုံလည္းတင္မထား ဘာမွန္းလည္းမသိတဲ့
Accက ေရးတာ ကိုယ္ဘယ္လိုလုပ္ေပးရမွာလဲ.....
ညက လည္းတညလုံးေခ်ာ့ေမာ့ေနၿပီးၿပီ
ခရစ္စမတ္ကို ဒီမွာေနခ်င္တယ္လို႔ေျပာထားဖူးလို႔လည္း
မအားတဲ့ၾကားက စိတ္ေက်နပ္ေအာင္မိုးလင္းတာနဲ႔
လိုက္ပို႔ေပးၿပီးၿပီ....ေတာ္သင့္ၿပီေနာ္..."
"ဘာလို႔ေတာ္ရမွာလဲ....အဲ့ေကာင္ဘယ္သူလဲမသိမခ်င္း
မေတာ္နိုင္ဘူး..."
Hotelခန္းထဲတြင္ ေမာင္သည္ ပင္လယ္ဘက္လွည့္ကာ
ထိုင္ၿပီးေအာ္ဟစ္ဆူညံေနသည္။
"ေမာင္ Accပါဖ်က္ပစ္လိုက္ပီးပီေလဘယ္လိုအစ
သြားရွာရမလဲ ေမာင့္သူငယ္ခ်င္းေတြထဲက
စေနာက္တာမ်ိဳးလည္းျဖစ္ခ်င္ျဖစ္မွာေပါ့..."
"မင္းနာမည္ကိုေရးၿပီးစဖို႔မေျပာနဲ႔ ေမာင့္ေရွ႕မွာ
ဘယ္ေကာင္မွပါးစပ္ကထုတ္မေခၚရဲေအာင္
လုပ္ထားတာ..."
"ဒါဆိုလည္း ကိုယ့္ေက်ာင္းတုန္းက
Classmateေတြျဖစ္ရင္လည္းျဖစ္ေနမွာေပါ့
မဟုတ္လည္း ေမာင္အကုန္ဖ်က္ၿပီးၿပီပဲဟာ..."
"Jeon Jimin....ေမာင္တကယ္စိတ္တိုေနတာေနာ္
ေမာင္ ေလၽွာ့ခ်စ္ခဲ့တာေတြက ရိုးသားတဲ့
ဆက္ဆံေရးေတြအေပၚမွာ ထိန္းခဲ့တာ
Accတစ္ခုလုံးမွာတစ္ပုံထဲရွိတဲ့မင္းပုံေအာက္
ဝင္ လက္ကျမင္းရဲတာ ေမာင့္ကိုစိန္ေခၚတာပဲ"
"စိန္ေခၚေတာ့ေရာ ဘာျဖစ္လဲ
ဘယ္သူျဖစ္ျဖစ္ ဘာအေရးႀကီးလို႔လဲ
ဒီအသက္အရြယ္ေတြ ေရာက္ေနၿပီ
ကေလးေတာင္ ေျခာက္ႏွစ္သားျဖစ္ေနၿပီ
ေမာင္ ဘာျဖစ္ေနတာလဲ...!!!"
Koo ကိုေပါင္ေပၚတင္ကာ ခပ္ေဝးေဝးက
ေမာင့္ကိုလွမ္းေအာ္ေတာ့ေမာင္က
စူးခနဲၾကည့္လာသည္။
"အခ်ိန္ေတြၾကာလာလို႔ အသက္ေတြႀကီးလာလို႔
မင္းအေပၚထားတဲ့ ေမာင့္ရဲ့သဲသဲလွုပ္
ျမတ္နိုးျခင္းေတြက တစ္မွုန္တစေတာင္
ေလၽွာ့သြားမွာမဟုတ္ဘူး..
ေလၽွာ့ထားခဲ့တာ ဒါကိုမင္းလည္းသိသလို
ေမာင္လည္းသိတယ္ ေျခာက္ႏွစ္လုံး
တြန့္တိုမွု စိတ္မခ်မွု သဝန္တိုမွုေတြကို
ေမာင္မနိုင္မနင္းထိန္းခဲ့တာ ေမာင္မင္းနဲ႔ပတ္သတ္
ရင္ထာဝရမရင့္က်က္နိုင္ဘူး....
ေခါက္သိမ္းထားတာပဲရွိတာ ေပ်ာက္ကုန္တာမ်ိဳး
မဟုတ္ဘူး..."
"အရင္ပုံစံေတြလာမလုပ္နဲ႔ေမာင္....."
"ပုံတင္ရင္ မင္းလက္ငါးေခ်ာင္းဆိုတာေတာင္
လက္သန္းေလးကို ပါေအာင္မတင္ဘူး
ၾကည့္ၾကမွာစိုးလို႔မင္းမ်က္ႏွာဆိုတာေဝးလာေဝး
Profile ေတာင္Kooပါလို႔ေမာင္ခြင့္ျပဳထားတာ
ေမာင္ဒီေလာက္တြန့္တြန့္တိုတိုကို
မ်က္ႏွာေတာင္မပါတဲ့ေနာက္ခိုင္းပုံမွာ လာလုပ္ရဲတာ
အသဲက ႏွစ္ခုေတာင္....အသားေတြေတာင္တုန္တယ္"
Koo သည္ ရန္ျဖစ္ေနမွန္းသိ၍ၿငိမ္ၿငိမ္ေလးထိုင္ေနကာ
DaddyJeon သည္ အားမရစရာမဟုတ္ဘူးဆိုတာ
ကြက္ကြက္ကြင္းကြင္းျမင္လာသည္။
Daddy က ဆရာႀကီးပဲ။
ပါးပါးလက္သန္းေလးကိုငုံ႔ၾကည့္ေတာ့
Daddy မျပခ်င္စရာ ပဲ....။
ပါးပါးလက္သန္းေလးကိုဆြဲကာအက်ီထဲထည့္ဖြက္လိုက္
သည္။
Jimin သည္ေရွ႕ကဥစၥာေျခာက္ႏွင့္ရင္ခြင္ထဲက
ထပ္တိုးေလးေၾကာင့္ ပိုေလသြားသည္။
ဒီေပါက္စကတမ်ိဳး...။
"အဲ့ေတာ့ေမာင္ ဘာျဖစ္ခ်င္လဲ....
ေျပာလိုက္...."
"ေမာင့္ ကို အနိုင္မက်င့္နဲ႔ေနာ္ JeonJimin...."
"I Miss You မကလို႔ အဲ့ထက္အဆတစ္ရာပိုတာ
ေရးေရး ေမာင္ကိုယ့္အေပၚေလးစားမွုနဲ႔
ယုံၾကည္မွုရွိရင္ ကိစၥျပတ္ေနၿပီ...."
"မင္း ကိုဘာမယုံစရာရွိလဲ ေရးတဲ့ေကာင္ကို
ထိုးခ်င္ေနတာပါဆိုမွ....ေမာင့္ေနရာမွာ
မင္းဆိုရင္လည္း သည္းခံမွာလား ေျပာ....."
သည္းမခံပါ...။ေမာင့္Accေတြရဲ့Password
ေတြအားလုံးအလြတ္ရေနတာကအသက္ပါေလ။
ေမာင့္ပုံေအာက္ I Miss You သာေရးၾကည့္
စိတ္လိုက္မာန္ပါBlockတာေတြAccဖ်က္ပစ္တာ
ေတြမလုပ္။ေရဆုံးေျမဆုံးလိုက္ ျဖဲပစ္ဖို႔မ်ားသည္။
ျပႆနာသည္ရွင္း၍မလြယ္ေတာ့ပါ။
Kooကိုအိပ္ရာေပၚခဏေလးထားခဲ့ကာ
ထိုင္ေနေသာေမာင့္ဆီေလၽွာက္သြားခဲ့သည္။
"ခရစ္စမတ္ေလ...ေမာင္ရာ...
တကမၻာလုံးေပ်ာ္ရႊင္ေနတာ ကိုယ့္ကိုေမာင္က
ဒီလိုပုံစံနဲ႔ျဖတ္သန္းေစခ်င္တာလားေျပာပါအုန္း
စိတ္ခ်မ္းသာေအာင္ထားပါမယ္ဆို...
ကတိေတြကဖ်က္ခ်င္ၿပီလား...."
"ဘယ္သူဆိုတာ မသိရမခ်င္း မေအးခ်မ္းနိုင္ဘူး
မင္းကိုလည္းစိတ္မခ်ေတာ့ဘူး
အေႏွာက္အယွက္ေပးခ်င္တဲ့သူေတြျဖစ္ေနမွာလည္း
စိုးတယ္...မင္းကေတာ့ Comment စာေလးတစ္ေၾကာင္း
ပ်က္သြားၿပီဘာမွမဟုတ္ေတာ့ဘူးဆိုေပမယ့္
ေမာင္ ဘယ္အထိေတြအထိေတြးၿပီးၿပီလဲသိလား.."
လက္ဖ်ားေတြတုန္ေနတုန္း....။၂၅ႏွစ္ေက်ာ္၂၆
ႏွစ္အမ်ိဳးသားႀကီးက အရင္လိုတုန္ခိုက္ေနတုန္း။
သူအမ်ားႀကီးထိန္းခဲ့ေလၽွာ့ခဲ့တာေတြရဲ့အရွိန္ေတြက
မ်က္လုံးေတြထဲသိသိသာသာ။
"ကိုယ္က ကေလးလား ေမာင္ရယ္...."
"ေလၽွာ့မခ်စ္နိုင္ေတာ့ဘူး...ပင္ပန္းေနၿပီ...
အျပည့္အဝခ်စ္ခြင့္ကိုျပန္ေပးပါေတာ့"
ေတာင္းဆိုေနပုံကဒုကၡသည္ႀကီးလို...။
ေသခ်ာၾကည့္မိရင္ေမာင့္မ်က္လုံးေတြရဲေနၿပီ။
စိတ္ေက်နပ္ရင္ၿပီးေရာေမာင့္ပါးႏွစ္ဖက္ကို
ဆြဲဖ်စ္ကာ
"ခ်စ္ပါ ခ်စ္ပါ....ေမာင္ခ်စ္ခ်င္သေလာက္
ခ်စ္ေတာ့ေနာ္ ....ေလၽွာ့ခ်စ္ပါလို႔ေျပာတာလည္း
ၿငိဳျငင္ခဲ့လို႔မဟုတ္ပါဘူး....ကိုယ့္ထက္
ေမာင္ ပင္ပန္းေနမွာကိုစိုးခဲ့လို႔ပါ.....
ႏွလုံးသားႀကီးရယ္...ခု ခ်စ္ခ်င္သေလာက္ခ်စ္ေတာ့
ရပီ...သည္းခံေပးမယ္ JeonJimin အမ်ားႀကီး
အခ်စ္ခံေပးမယ္ ဟုတ္ပီလား..."
"ႏွလုံးသားႀကီးက ေမာင့္ကို ေျပာတာလား..."
သူComment ကိစၥကိုေမ့သြားၿပီ။
ကေလးေတြလိုပဲ ကစားစရာေလးျပျမဴစြယ္
လိုက္ရင္ အေျပးအလႊားေရာက္လာသလိုမ်ိဳး။
Koo ေတာင္ဒီေလာက္အာ႐ုံလႊဲဖို႔မလြယ္။
ကိုယ့္ကို ျပန္ျပန္ လႊဲေနလို႔ သတိထားေနရသည္။
"ဒီတက္တူးေတြနဲ႔ခပ္မိုက္မိုက္ႏွလုံးသားႀကီးကို
ေျပာတာပါ စိတ္ေကာက္မေနပါနဲ႔ေတာ့ေမာင္ရယ္ေနာ္..."
ေမာင္ကျပဳံးခ်င္ေနပါသည္။ဒါေပမယ့္မျပဳံးဘဲ
ထိန္းထားေသာ အင္တင္တင္႐ုပ္ႀကီးျဖင့္
"ေတာ္ပီ ေတာ္ပီ ေနာက္တစ္ခါအင္တာနက္ေပၚ
ေမာင့္ဟာ ေမာင့္ဟာ လို႔တက္မႂကြားေတာ့ဘူး
မင္းဆံပင္တစ္ေခ်ာင္းေတာင္မျပေတာ့ဘူး"
"အိုေကအိုေက ေမာင့္သေဘာ...
ခုေတာ့ေတာ္လိုက္ေတာ့ေနာ္....လိမၼာတယ္မလား"
"ေတာ္ရမွာကို စိတ္ထဲ ........."
တီ.....။
ေမာင္သည္ဘယ္လိုေခ်ာ့ေခ်ာ့စိတ္မေလၽွာ့နိုင္။
အီလည္လည္လုပ္ေနတုန္းဝင္လာေသာMsgေၾကာင့္
ဖုန္းကိုယူၾကည့္လိုက္သည္။
Rom....။ေဂ် တရားခံကငါပါကြာ....
ငါေတာင္းပန္ပါတယ္...
အိမ္ေတာ္ထိန္းႀကီးေျပာျပလို႔မင္းတို႔ရန္ျဖစ္တဲ့
အေၾကာင္းကိုသိခဲ့ပါၿပီ။ငါမူးၿပီးေလၽွာက္လုပ္မိတာပါ။
ငါ့ကိုစိတ္မဆိုးပါနဲ႔...။
Rom ဘာကိုေတာင္းပန္သလဲJimin သိပါသည္။
ဒါေပမယ့္စိတ္မေကာင္းပါ...။
ဒီျပႆနာကဒီလိုမွမရွင္းရင္ၿပီးမွမဟုတ္။
"ေအာ္....တရားခံက ေမာင့္အခ်စ္ေတာ္
ႀကီးကို FakeAcc ဆိုထဲက ထင္ေတာ့ထင္
လိုက္ေပမယ့္ စြပ္စြဲတယ္ျဖစ္မွာစိုးလို႔.....
အိမ္ေတာ္ထိန္းႀကီးလည္းညကၾကားမွာပဲ
ေျပာျပလိုက္လို႔ ေမာင့္ကိုလာေတာင္းပန္ေနတာ
IMiss You ရဲ့တရားခံက Romကို...."
ကံဆိုးစြာ ေမာင္တို႔ အဖြဲ႕မွာအဲ့လိုအက်င့္တခ်ိဳ႕
ရွိခဲ့သည္။FakeAccေပါင္းမ်ားစြာျဖင့္
ငယ္ရြယ္စဥ္က လိုက္ေပြရွုပ္ခဲ့ၾကျခင္းေတြ...။
ေမာင္သည္ ဘာမွမစဥ္းစားခဲ့။
ထူပူေနေသာအရွိန္ရယ္ အျဖဴကိုဆိုင္သူေလးက
အမဲလုပ္ရင္ေတာင္ ေမာင္ကခ်က္ခ်င္းမဲလိုက္
သူမို႔ ေမာင့္နားထဲ ေမာင့္ေယာက်္ားစကားကသာ
အမွန္တရား။
"ဒီေကာင္ကေတာ့....!!!!!!"
Msgပို႔ၿပီးၿပီးခ်င္း တန္းဝင္လာေသာဖုန္း
ေၾကာင့္Rom လိပ္ျပာလြင့္မတတ္။
မကိုင္လို႔လည္းမျဖစ္။
"Hello..."
"ထမင္းဝေအာင္စားထား ငါျပန္လာရင္
မင္းအေသပဲ ....!!!!"
"မူးလို႔ပါဆို...ေဂ်ရာ.....ငါမူးရင္
ေပါက္ကရေတြႀကီးပဲလုပ္တာမင္းသိသားနဲ႔..."
"မသိဘူး!!!!အေသပဲ ေျပး..ႀကိဳက္တဲ့နိုင္ငံကို
အႏၲာတိကတိုက္ကေရခဲၾကားထဲပုန္းေတာင္
ကေလာ္ထုတ္ၿပီး မင္းကိုအမွုန့္ေခ်ျပမယ္!!!"
"ဒါေလးလုပ္မိတာ အဲ့ေလာက္အျပစ္ႀကီးသြားလား"
"အသဲပုံေတာင္ တပ္လိုက္ေသးတယ္.....
မင္းကမ်ား..."
ကပ္ပရွင္တိုင္းကိုအသဲေလးေတြနဲ႔ႏုရြတတ္သူ
မို႔Romကအသဲအျမဲသုံးေလ့ရွိသည္။
"အသဲတပ္မွပိုျပည့္စုံမယ္ထင္လို႔ပါ...."
"F..!!!!"
ေအာ္ဆဲေသာေဂ်ေၾကာင့္တေန႔ေန႔တစ္ခ်ိိန္ခ်ိိန္ေတာ့
သူတို႔ႏွစ္ေယာက္နိုင္ရမယ့္အကြက္မ်ိဳးေလးလို
ခ်င္ခဲ့သည္။သူႀကီးပဲဘဝတစ္ေလၽွာက္လုံးခံလာရတာ။
ေမာင့္ဆီကိုဖုန္းကိုဆြဲယူကာဆိုင္သူေလးက
ခ်ပစ္လိုက္သည္။
"ေတာ္ပီေလ...ဆဲဖို႔မွမလိုတာ
ေတာင္းပန္ပီးပီပဲကို....သူအရမ္းစိတ္မေကာင္း
ျဖစ္ေနမွာ...ေမာင္Rom ကိုမခင္မင္တာလည္း
မဟုတ္ဘဲ သူငယ္ခ်င္းအခ်င္းခ်င္းစတာကို..."
"မင္း နာမည္တပ္ စစရာလား.....ကြ!!!!"
မတတ္နိုင္။Romကိုအသုံးခ်လိုက္ရသည္။
ဘယ္သူဝင္ေရးမွန္းလည္းသိမွမသိတာ။
တစ္ခ်ိန္အသဲပုံေလးေတြနဲ႔လွမ္းလွမ္းစတတ္ေသာ
အျပာေရာင္အေငြ႕အသက္ေတြကိုေျပးျမင္မိေပမယ့္
MinYoongi ပုံထဲမွာ ေယာင္းက လူႀကီးလူေကာင္း
တစ္ေယာက္ျဖစ္ေနၿပီ။
ဒီေလာက္ကေလးဆန္တာမ်ိဳးလုပ္မွာမဟုတ္။
Romကိုအက်္ုးအေၾကာင္းႀကိဳပြင့္ပြင့္လင္းလင္းေျပာျပကာအစားဝန္ခံေပးရန္ အနိုင္က်င့္ရမည္။
စိတ္ေတာ့မေကာင္း....။ေမာင္ကေတြ႕တာနဲ႔
ျပႆနာရွာမွာအေသအခ်ာပဲေလ။
"ေမာင္စိတ္ရွင္းသြားၿပီမလား..
ကမ္းေျခဆင္းၿပီး လမ္းေလၽွာက္ရေအာင္
December လေလးရဲ့ရာသီဥတုကသိပ္သာယာတာပဲ.."
"Rom မလို႔ေပါ့ တျခားေကာင္ဆိုအေသပဲ..
Rom ေသာက္တလြဲေကာင္လည္းေတြ႕မယ္...."
"ထားလိုက္ပါေတာ့ စိတ္ညစ္လ္ိုက္တာေတြ
ေမာင္တို႔ အေပါင္းအသင္းေတြဇာတ္ရွုပ္တာ
ၾကားထဲက ေအာ္ငိုခ်င္လာၿပီ...."
မီးေတာင္ေလးမ်က္ႏွာမဲ့ခနဲျဖစ္သြားေတာ့
ေမာင္ လန့္သြားသည္။
ခ်က္ခ်င္းျပာယာသြားလၽွက္ ကမ္းေျခခ်က္ခ်င္း
ဆင္းရန္ အျမန္ဆုံးျပင္ဆင္ေတာ့သည္။
ငိုခ်ဖို႔မေျပာနဲ႔....မ်က္ႏွာကေလးမဲ့က်သြား
ရင္ေတာင္ ေမာင့္ကမၻာၿပိဳရတယ္....။
Jeon Jimin ကိုေပးခဲ့တဲ့ေမာင့္ကတိတိုင္းက
ခိုင္မာစြာထာဝရတည္တံ့လၽွက္။
ထုံးစံအတိုင္း ကၽြန္းကိုေရာက္ရင္အဝါေရာင္ေလး
ေတြဝတ္ရတာကိုသေဘာက်တတ္ေသာ
JeonFamily ေလးသည္ သုံးေယာက္လုံး
အဝါေရာင္ေတာက္ေတာက္ဆင္တူအက်ီေလးမ်ားျဖင့္။
ဆိုင္သူေလးမ်က္ႏွာပ်က္သြားေတာ့ေမာင္
တစ္ေယာက္ဘာမွမစဥ္းစားနိုင္။
ေမာင္ကပဲ ျပန္ေခ်ာ့ေမာ့ကာကမ္းေျခသို႔
ခခယယေခၚခဲ့ရေတာ့သည္။
ေကာင္းကင္ႀကီးကျပာလြင္ေနကာ
ပင္လယ္ႀကီးသည္လည္းအၿပိဳင္အဆ္ိုင္ထည္ဝါေနလ်က္။
အဝါေရာင္ပိစိေလး၏လက္တစ္ဖက္စီကို
ေမာင္နဲ႔ဆိုင္သူေလးကဖြဖြေလးဆြဲကာကမ္းေျခတြင္
ေျပးလႊားေနၾကသည္။
"Koo Koo ေခ်ာ္လဲမယ္....အဲ့ေလာက္မေျပးရဘူးေလ"
တခစ္ခစ္ရီသံေလးေတြနဲ႔Kooသည္ကေလးမို႔
အရာအားလုံးအသစ္အဆန္း...။ေျခဖဝါးေသးေသး
ေလးေတြႏွင့္သဲေတြေပၚေပ်ာ္မဆုံးနိုင္။
"ပါးပါး Koo ကိုဖမ္း......."
"Koo ကို ဖမ္းမယ့္ ပါးပါးကို Daddyကအရင္ဖမ္း
လိုက္ၿပီ...."
ေမာင္သည္ ဆိုင္သူေလး၏ခါးေသးေသးကို
ဆြဲဖက္ထားကာ Kooကိုစေတာ့ခါးေလးေထာက္သြားသည္။
"အဲ့တာေၾကာင့္ ခုန ခုန ငိုရတာ..."
"ငါဘယ္မွာငိုလို႔လဲေဟ့ေကာင္!!!!"
"ပါးပါး မေခ်ာ့ရင္ Daddy ငိုမွာKooသိတယ္..."
"ဒီဟာေသးေသးေလး...လာစမ္း...."
ေမာင္ေျပးလိုက္ေတာ့ ကမ္းေျခတစ္ေလၽွာက္
ခ်စ္စရာရီသံေလးေတြနဲ႔ေျပးေတာ့သည္။
မိသြားတဲ့အခါေကာက္ခ်ီၿပီးပုခုံးေပၚတင္လိုက္ေတာ့
ေမာင့္ဆံပင္ေတြဖြပစ္လိုက္ကာ ေမာင့္မ်က္မွန္ကို
ခၽြတ္ၿပီး မေတာ္တေရာ္ကိုမရရေအာင္တပ္ေနတဲ့သူ။
ေမာင္က ဆိုင္သူေလး၏လက္ကေလးတစ္ဖက္
ကိုဆုပ္ကိုင္လိုက္ကာ အလင္းလက္ဆုံးအျပဳံးေလး
တစ္ခုဖန္တီးလိုက္သည္။
"ပထမဆုံးတစ္ေခါက္လာတုန္းကရန္ျဖစ္ခဲ့တဲ့
အခ်ိိန္ေတြကိုလြမ္းတယ္ ဒုတိယအႀကိမ္တုန္းက
တစ္ညလုံးကိုလည္းလြမ္းတယ္..."
"Koo နဲ႔....ဘာေတြေျပာေနတာလဲ..."
"ေတာ္ပါေသးရဲ့ ကမ္းေျခမွာမင္းေျပးလႊားေနမဲ့
မိသားစုေလးက ေမာင္တို႔ျဖစ္ေနလို႔...
ခုမွပဲစိတ္ဒုန္းဒုန္းခ်နိုင္တယ္ ေမာင္ဒါကို
သိပ္ပူပန္ေနခဲ့တာ...."
ေဆး႐ုံမွာစြဲခဲ့ေသာအစြဲသည္ေမာင္မမွတ္မိေပမယ့္
ေမာင့္ႏွလုံးသားထဲမွာေတာ့သိပ္အစြဲႀကီးခဲ့တဲ့ပုံ။
ဒီကၽြန္းမွာ ဒီလိုေလးရွိသြားမွေမာင္အဆင္ေသခ်ာ
ေျပသြားပုံေပါက္ပါသည္။
"ပါးပါး ခ်ီအုန္း....."
"ပါးပါး ပင္ပန္းမယ္မျဖစ္ဘူး
Daddy ပဲခ်ီမယ္ ....."
Koo ပိုကပ္ခ်င္တာက ဆိုင္သူေလးမို႔
မသြားရတဲ့အခါေမာင့္ပုခုံးေပၚခြထိုင္လၽွက္
မအီမလည္..။
"Daddy ပုခုံးေတြ ရယ္Daddyရင္ခြင္ရယ္ကပါးပါးနဲ႔Koo
အတြက္အလုံျခဳံဆုံးပဲ
ပါးပါးတို႔ မိသားစုမွာ အင္အားအႀကီးဆုံးမို႔
Koo က အားကိုးရမယ္ေလ..."
"အားကိုးပါတယ္ ဒါေပမယ့္ ပါးပါးကိုလည္း
ကိုင္ထားခ်င္တယ္.."
"ဒါဆို ပါးပါးလက္ကိုဆြဲထား...."
"ေက်းဇူး ပါးပါး...."
တစ္ပုံစံထဲလက္ဖဝါးႀကီးႀကီးႏွင့္
ေသးေသးေလးႏွစ္ခုသည္ဖြဖြေလး
လွမ္းဆုပ္ကိုင္ထားၾကသည္။
ေမာင့္ထက္ပိုခ်စ္တာမွန္ခဲ့ရင္ဆိုေသာဆုေတာင္း
မွားခဲ့ပုံရသည္။သားက ေမာင့္မ်က္ႏွာ
ေမာင့္ပုံစံတစ္ဝက္ မျမင္ရေသာေနာက္တစ္ဝက္တြင္
ParkJimin ႏွင့္ခြဲမရေသာအမူအက်င့္မ်ားလည္း
ရွိေနသည္။
ဘုရားသခင္က သူတို႔တစ္ေယာက္ကိုတစ္ေယာက္
ဘယ္သူကမွပိုခ်စ္နိုင္တယ္ဆိုတာမျဖစ္နိုင္၍
သာတူညီမၽွဖန္ဆင္းေပးခဲ့တာ....။
Kooကဆင္းလမ္းေလၽွာက္ျပန္ေတာ့
ေမာင္တို႔တစ္ေယာက္ခါးေလးတစ္ေယာက္
သိုင္းဖက္ကာ အခ်စ္စတင္ရာ နယ္ေျမတြင္
ရီလိုက္ေမာလိုက္...။Kooကေတာ့ကေလးပီပီ
ေျပးလိုက္ေဆာ့လိုက္ႏွင့္...။
"ေပ်ာ္လား......"
"မေပ်ာ္ဘူး...."
"ေကာင္းတယ္....."
ဟိုတုန္းက ပုံရိပ္ေလးေတြ ေျခရာေလးေတြ
ရန္ပြဲေတြ ေနမေကာင္းလို႔ျပဳစုခဲ့ပုံေတြ
ေက်ာက္ေဆာင္ေအာက္မခ်စ္ၾကဘဲ
နမ္းခဲ့ၾကေသာပုံရိပ္ေတြသည္တရစ္ခ်င္း..။
"တကယ္ေတာ့......အဲ့တုန္းကလည္းေပ်ာ္ေနခဲ့ပါတယ္
ေမာင့္...ကို ေမာင့္ ကို မေျပာရဲခဲ့လို႔ပါ..."
မ်က္ရည္ေလးေတြဝဲေနတဲ့ၾကားအလွဆုံး
ျပဳံးကာေျပာေနေသာဆိုင္သူေလးကိုေမာင္က
လည္းမ်က္ရည္ေတြျဖင့္ၾကည့္ေနသည္။
"ေမာင့္ အသက္ ေမာင့္ဘဝေလး....."
ၿပိဳဆင္းလာေတာ့မည့္မ်က္ရည္ေလးေတြကိူ
ေမာင္ကသုတ္ေပးကာ ရင္ခြင္ထဲဖြဖြေလး
ထည့္ဖက္ထားလိုက္သည္။
"Joon ၾကည့္ၾကည့္ ကေလးနဲ႔ပင္လယ္ကို
ခရီးထြက္တယ္ ကေလးပင္လယ္ထဲေမ်ာသြား
ရင္ေတာင္သိမယ့္ဟာေတြမဟုတ္ဘူး
Koo Koo ဖုန္းမခ်နဲ႔ေနာ္ Uncle အစအဆုံးၾကည့္မယ္"
Daddy Jeonရဲ့ဖုန္းကိုအပိုင္သိမ္းထား
တတ္ေသာKooဟာ အေဖေတြကိုမေက်နပ္လာလၽွင္
တေလာကလုံးကိုပတ္တိုင္တတ္သည္။
Hoseokieပင္မလြတ္....။
"Hyungကလည္း မေျပာေကာင္းမဆိုေကာင္း..."
"Koo Kooကို Uncle တို႔လာေခၚရမလား..."
"ရတယ္Uncle Jin Koo ခ်စ္သူရရင္
Daddy တို႔လို ဖက္ဖို႔ ၾကည့္ေနတာ..."
"ေတြ႕လား အတုျမင္အတတ္သင္.....
ငါေျပာတာ အဲ့တာ ဟိုေကာင္Jeon JungKook.."
"Koo က ခ်စ္သူထားဖို႔ အေဝးႀကီးကို
ပညာေရးကသာ အဓိကပါ
Uncle Joonေျပာတာနားေထာင္ေနာ္
ခ်စ္သူအေၾကာင္းက၁၈ျပည့္ၿပီးမွ
စဥ္းစားရမယ္....."
"ႀကိဳစဥ္းစားထားလိုက္တာ ၁၈ႏွစ္က်ရင္
စဥ္းစားစရာမလိုေတာ့ဘူးေလ..."
"JeonJungKook အစစ္ ေရမေရာဘူး
ငါေသြးတက္တာအဲ့တာမ်ိဳးJoon...."
"Daddy နဲ႔တူတယ္ေျပာတိုင္းစိတ္မညစ္ခဲ့ဖူးဘူး
ပါးပါးကေျပာတယ္ DaddyJeonက
JeonFamilyမွာ အင္အားအႀကီးဆုံးပဲတဲ့..."
"ဒါက ParkJimin...ေလသံ.....Joon...
ၾကားလား...."
လမင္းေလးသည္ အသဲတယားယားႏွုတ္ခမ္းေလး
တေထာ္ေထာ္ျဖင့္ ေျခာက္ႏွစ္သားႏွင့္အၿပိဳင္
စကားနိုင္လုေနဆဲ။
"Uncle Jin က ေသြးတိုးေနတာေတာင္
အရမ္းေခ်ာတာပဲ...."
"ဟုတ္လား....."
ခ်က္ခ်င္းမ်က္ႏွာအေနအထားေျပာင္းလဲသြားေသာ
လမင္းေလး၏ပုခုံးဖ်ားေလးကိုJoonက
ပါးခ်ိဳင့္နက္ေတြေပၚ
သည္အထိျပဳံးကာမထိတထိနမ္းလိုက္သည္။
စာအုပ္ဆိုင္ေရွ႕စားပြဲေလးခ်ကာခရစ္စမတ္ပါတီေလး
ႏွစ္ေယာက္အတူတူက်င္းပေနျခင္းျဖစ္သည္။
"ခရီးကျပန္လာရင္ Uncle တို႔ဆီလာခဲ့
ေခ်ာကလက္ကိတ္လုပ္ေကၽြးမယ္..."
"ေက်းဇူးပါ ခင္ဗ် Daddyတို႔ဖက္ၿပီးလို႔
Kooဆီလာေနၿပီ ဒါပဲေနာ္UncleJin..."
"ခ်စ္တယ္ Sweety Kooေလး...."
"Love You Too Uncle....."
Daddy လက္ဖဝါးႀကီးႀကီးေတြရယ္
ပါးပါးလက္ဖဝါးေသးေသးေလးရယ္ကို
ျပန္ဆြဲကိုင္ရင္း သိပ္လွလြန္းေသာေနရာ
December 25လိုသိပ္လွပလြန္းေသာ ေန႔ေလးမွာ
ႏွုတ္ခမ္းေအာက္တြင့္မွဲ႕ေသးေသးေလးႏွင့္
လက္ေခ်ာင္းေဖာင္းေဖာင္းေလးေတြပိုင္ဆိုင္ေသာ
ကေလးငယ္ေလးဟာ အေကာင္းဆုံးေသာ
အေႏြးေထြးဆုံးေသာ ေမတၱာတရားေတြကိုအၿပိဳင္
အဆိုင္အလၽွံအပယ္ရရွိေနခဲ့သည္။
တေနကုန္ ေလၽွာက္လည္ခဲ့ၾက အရသာရွိတာေတြ
ဝယ္စားခဲ့ၾကၿပီး ေနဝင္တဲ့အခါ အခန္းဆီျပန္လာ
ေတာ့Koo ဟာ ေမာင့္လက္ထဲအိပ္ပင္ေပ်ာ္ေနၿပီ။
"တအားေဆာ့တာပဲ...ေမာင္တစ္ခါထဲသိပ္လိုက္
ေတာ့မယ္Jimin...."
"အင္း...ကိုယ္လည္းေညာင္းေနၿပီ
Coffeeျဖစ္ျဖစ္တစ္ခုခုစီစဥ္ေပးပါအုန္း
ရာသီဥတုက ညဘက္ေရာက္လာတာ့ေအးလာတယ္..."
"Cream မပါတဲ့မုန့္ေလးေတြေရာစားအုန္းမလား..."
"ေစတနာပိုသာရင္ေရာ ေမာင့္သေဘာေပါ့..."
"မင္းကို ေမာင္ခ်စ္လိုက္တာ..."
"သားကို သိပ္ ၿပီးရင္ Coffeeေဖ်ာ္ ကိုယ္
မလွုပ္ခ်င္ေတာ့လို႔ဆိုဖာမွာေစာင့္ေနမယ္...."
"အင္း....."
ေမာင္က Kooကို ေသခ်ာေႏြးေႏြးေထြးေထြးအိပ္စက္
လို႔ရရန္ျပင္ဆင္ေပးေနသည္။
Koo နဖူးေလးကိုငုံ႔နမ္းကာခ်စ္ျခင္းေမတၱာနဲ႔
ေမာင့္မ်က္လုံးေတြကလုံးဝဖခင္တစ္ေယာက္။
ၿပီးေတာ့ Coffeeႏွစ္ခြက္ေဖ်ာ္သည္။
သၾကားဘယ္ႏွဇြန္း ေကာ္ဖီမွုန့္ဘယ္ႏွဇြန္း အတိအက်။
ထို႔ေနာက္ ဆင္တူခြက္ေလးႏွစ္ခြက္ကိုသယ္လာကာ
အစအဆုံးမရွိပင္လယ္ႀကီးကိုျမင္ရေသာ
မွန္ခ်ပ္ေတြနားက ဆိုဖာႀကီးႀကီးတြင္ထိုင္ေနေသာ
ဆိုင္သူေလးဆီသြားလိုက္သည္။
ႏွင္းေတြအခဲလိုက္က်လာတာေၾကာင့္ေဖြးေဖြးလွုပ္
လၽွက္ ဆိုင္သူေလးကေစာင္အပိုင္းေလးကို
ျခဳံထားကာၿငိမ္ၿငိမ္ေလး...။
"Coffeeရပီ....Jimin...."
"ေက်းဇူးပဲ ေမာင္....."
ေမာင္ကဆိုင္သူေလးေဘးနားဝင္ထိုင္ေတာ့
ဆိုင္သူေလးက ေစာင္ေလးကိုေမာင့္ကိုပါလုံေအာင္
ျခဳံေပးလာသည္။
"ေအးလာတယ္...ေမာင့္ႏွာေခါင္းဖ်ားေလးနီရဲလာပီ
သိပ္သိသာတာပဲ...."
"ေအးမွန္းသိရင္ ဖက္ထားေပးမွေပါ့ ႏွလုံးသားေလးရဲ့"
Jimin ကျပဳံးကာေမာင့္ပုခုံးေတြေပၚေခါင္းေလး
မွီလာသည္။
"ေပ်ာ္ရႊင္စရာခရစ္စမတ္ပါေမာင္....
ကိုယ့္အနား သိပ္ဆိုးတဲ့ေကာင္ေလး
ၿပီးေတာ့ သိပ္နားလည္းရခက္တဲ့လူတစ္ေယာက္
ၿပီးေတာ့ သိပ္ခ်စ္တတ္လြန္းတဲ့အိမ္ေထာင္ဖက္
တာဝန္အေက်ဆုံးေသာသား Daddy အျဖစ္ဒီေန႔အထိ
ရွိေနေပးခဲ့တာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္...."
"ေမာင္ တို႔အသက္ေတြႀကီးလာလို႔....
Koo လည္း အေတာင္စုံအခ်ိန္ေရာက္လာရင္
မင္းနဲ႔ေမာင္ဒီကၽြန္းမွာပဲ ဘဝရဲ့ဆည္းဆာအခ်ိန္ေတြကို
ျဖတ္သန္းရေအာင္ Jimin....."
"ေမာင္ ဒီေနရာသိပ္သေဘာက်တာပဲလား..."
"ဒီေနရာကိုသေဘာက်တဲ့မင္းကိုအရမ္းခ်စ္လ္ို႔ပါ"
ဆိုင္သူေလးကေမာင့္ႏွုတ္ခမ္းေတြကိုအသဲယား
စဖြယ္ထိ႐ုံေလးထိကာျပန္ခြါသြားခဲ့သည္။
"ကေလးတစ္ေယာက္ရသြားလို႔လား
ထိ႐ုံေလးနမ္းတာ ဒီေယာက်္ားကိုရိုးေနၿပီလား
Jeon Jimin...."
"ေနာက္ ဘဝ ေထာင္မ်ားစြာအထိေတာင္
ကိုယ့္ႏွလုံးသားက ေမာင့္ဆို ထာဝရဆန္းၾကယ္
ေနအုန္းမွာ...ရိုးစရာလားေမာင္ရယ္...
နမ္းလို႔ေတာင္မဝတဲ့ ႏွုတ္ခမ္းပါးေလးေတြကို..."
"ေမာင့္ ကို မရိုးသြားနဲ႔ေနာ္ အခ်စ္ငယ္ေလး
ေမာင့္ကို ေန႔တိုင္းမွာပိုၿပီးပိုၿပီးခ်စ္ေပးပါ
ေမာင္ မင္းခိုင္းတာမွန္သမၽွအားလုံးလုပ္ေပးမွာ..."
"ခုေလာေလာဆယ္ေျခဖ်ားေတြေအးလိုက္တာ...."
ေမာင္က ေစာင္နဲ႔ေထြးထားေသာ ေျခဖဝါးေလး
ေတြကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကိုင္ေပးလာသည္။
"အားမနာေတာ့ဘူးေနာ္ကိုယ့္ေယာက်္ားပဲဆိုေတာ့..."
"မင္းဘယ္တုန္းကမ်ားအားနာခဲ့ဖူးလို႔လဲ..."
ကန္လာေသာေျခဖဝါးေလးႏွစ္ဖက္ကို
ေမာင္က ရင္ဘက္ေနရာေတြကပ္ထားကာ
ျပဳံးယဲ့ယဲ့...။
"မင္းကိုခ်စ္မခ်စ္ေတာင္မေသခ်ာေသးတဲ့
ဟိုးအစပိုင္းအခ်ိန္ေတြထဲက ေသေသခ်ာခ်ာ
စခ်စ္မိတာ ေမာင့္ရဲ့ေျခဖဝါးရဲရဲေလးေတြ...."
"ခ်စ္စရာေနရာအဲ့ေလာက္ရွားလား..."
"ေနာက္တစ္ေနရာေလးက်န္ေသးတယ္...."
"ဘယ္ေနရာလဲ....."
ေမာင္သည္ ဆိုင္သူေလးမ်က္ႏွာဆီ႐ုတ္တရက္
တိုးကပ္လာၿပီးေနာက္ဖူးႂကြေနေသာႏွုတ္ခမ္း
ေလးတစ္စုံကိုအရွိန္အဟုန္ျဖင့္စုပ္ယူသြားခဲ့သည္။
ေမာင့္ေပါင္ေပၚအနီးကပ္ဆုံးတက္ထိုင္လိုက္ကာ
ေမာင္က ဆိုင္သူေလး၏ခါးေတြကိုခပ္တင္းတင္း
ေပြ႕ဖက္ထားသည္။ဆိုင္သူေလး၏လက္ေတြက
ေမာင့္ပါးေတြေပၚမွာ....။
"ခဏ ေမာင္ Playlistေလးတစ္ခုခပ္တိုးတိုး
ဖြင့္ထားအုန္းမယ္
Koo နိုးခဲ့ရင္ အသံေတြၾကားမွာစိုးလို႔...."
Troye Sivan ရဲ့ Angel Baby......။
ေမာင္ ဆိုင္သူေလးကို အလုံးစုံရည္ညႊန္းခံစား
၍နားေထာင္ေသာတစ္ပုဒ္ထဲေသာသီခ်င္း....။
ႏွင္းေတြသည္ပိုပိုက်လာကာ ၾကည္ႏူးစရာ
သီခ်င္းသံတိုးတိုးသည္အခန္းေလးထဲအျပည့္..။
ေမာင္ စီးကရက္လိုႏွုတ္ခမ္းဖူးဖူးေတြကို
အ႐ူးအမူးနမ္းေနသည္။
BlackCoffeeလို ႏွုတ္ခမ္းပါးေတြကိုလည္းဆိုင္သူ
ေလးကအ႐ူးအမူး....။
Coffee ခြက္ႏွစ္ခြက္သည္တျဖည္းျဖည္းေႏြးလာကာ
ေအးစက္သြားတဲ့အထိ.....။
Angel Baby သည္လည္းအေခါက္ေပါင္းမ်ားစြာ...။
ဘယ္ေတာ့မွရိုးအီမသြားခဲ့ေသာတစ္ေယာက္
တျပန္အထိအေတြ႕ေတြသည္ဘယ္သူပိုမသာခဲ့။
ေမာင္ဘာကိုႀကိဳက္သလဲမီးေတာင္ေလးအလြတ္ရေနသလို မီးေတာင္ေလး ဘာကိုႀကိဳက္သလဲဆိုတာ
လည္းေမာင္အသိဆုံး....။
သူတို႔ဆိုးတူေကာင္းဘက္ႏွစ္ေတြအမ်ားႀကီးျဖတ္သန္း
လာခဲ့ၿပီးတာကို...။
အေအးဆုံး ခရစ္စမတ္ညမွာ ပူေလာင္စြာ
မိနစ္ေတြအၾကာႀကီး တိတ္တိတ္ေလးနမ္းေနရျခင္း
သည္ရင္ခုန္မွုေတာ့အျပည့္အဝရပါသည္။
"ပါးပါး.....ဒယ္...ဒီ....ပါး....."
Koo အသံၾကားလိုက္သည္ႏွင့္ႏွုတ္ခမ္းေတြ
ခ်က္ခ်င္းခြါလိုက္ကာႏွစ္ေယာက္လုံးအိပ္ရာဆီ
ေျပးရေတာ့သည္။
ကေလးမရွိခဲ့တုန္းကဘဝမ်ိဳးမဟုတ္တဲ့အတြက္
အရင္လိုေတာ့ ႏွစ္ေယာက္စလုံးမဆိုးနိုင္ေတာ့။
ကေလးအေဖေတြက ကေလးအေဖေတြ
ျပန္ျဖစ္ကာ ခရစ္စမတ္အနမ္းတစ္ျဖတ္ကို
ဒီေလာက္နဲ႔ လက္ေလၽွာ့လိုက္ရသည္။
ကေလးတစ္ဖက္နဲ႔ဘဝေတြသည္ေျဖာင့္ေျဖာင့္ခ်စ္
ဖို႔ပင္မလြယ္ပါေလ.....။
အိပ္ရာေပၚငုတ္တုတ္ေလးထိုင္ေနေသာ
Kooသည္ဆံပင္ေလးေတြထိုးထိုးေထာင္ေထာင္။
ဒါလည္းေမာင့္အတိုင္း။
"Koo တစ္ေယာက္ထဲအိပ္ရတာေအးတယ္
Daddy တို႔ Kissတာကို ေစာင့္ေပးေနေပမယ့္
စိတ္မရွည္ေတာ့ဘူး..."
"ဘယ္ထဲကနိုးေနတာလဲ မင္းလုပ္ျပန္ၿပီ...."
"ပါးပါးနဲ႔Daddyက ကေလးေလးေမြးထားၿပီး
ႏွစ္ေယာက္ထဲပဲခိုးခိုးKissေနတာ မ်ားၿပီ.."
"ဒါကေတာ့ Kissရမယ့္သူရွိလို႔ေပါ့ကြာ..."
"ေမာင္!!!ကေလးကို...."
"လာ Koo ပါးပါးတို႔အိပ္ၾကမယ္...
မခ်မ္းေအာင္ Daddyကဖက္ထားေပးလိမ့္မယ္
ညအိပ္မီးေလးေလၽွာ့လိုက္ၿပီ....
ေမာင္ လွဲေတာ့...ေလ..."
"တကယ္ႀကီးအိပ္ရေတာ့မွာလား...."
"အိပ္ဆိုအိပ္လိုက္ ကေလးက
အိပ္ေရးမဝရင္အဆင္မေျပဘူး
ခု အိပ္..."
JeonJiminတုန္းကလည္းခံစားခ်က္ေတြ
ေမ်ာလာၿပီဆို ဖ်က္လိုဖ်က္ဆီး..။
ဒီအေကာင္ေလးလည္းဒီအတိုင္း....။
ဘယ္အခ်ိန္အထိမ်ား ဘယ္အသက္အရြယ္အထိမ်ား
ဒီျပႆနာတက္ေနအုန္းမယ္မသိ...။
မတတ္နိုင္အားလုံးသည္းခံလိုက္ကာသားအဖ
ေသးေသးေလးႏွစ္ေယာက္ကိုေမာင္ဖက္ထားကာ
အိပ္ဖို႔ရန္ပဲရွိေတာ့သည္။
"ေနာက္တစ္ခါ ဒီကိုလာရင္ ဒီအရွုပ္ကို
JinHyungတို႔လက္ထဲပဲအပ္ခဲ့ေတာ့မယ္..."
"ေမာင္ အိပ္ခါနီး ရန္ျဖစ္ခ်င္ေနတာလား...."
"မျဖစ္ခ်င္ပါဘူးဗ်ာ....အိပ္ပါ့မယ္ အိပ္လိုက္ပါၿပီ..."
ေမာင္သည္ ပိုင္ဆိုင္မွုေလးႏွစ္ခုကိုတစ္ေယာက္
ေယာက္လာလုသြားမွာစိုးရိမ္ေသာပုံစံမ်ိဳး
ျဖင့္ ႏွစ္ေယာက္လုံးကိုရသေလာက္ဖက္ကာညတိုင္း
အိပ္တတ္သည္။ေစာင္ေသခ်ာျခဳံေပးကာ
ႏွစ္ေယာက္လုံးကိုေပြ႕ဖက္ထားလိုက္ရေသာ
အခ်ိန္ေတြတိုင္းသည္ ေမာင့္ဘဝအဓိပၸာယ္ပဲ...။
မၾကာပါပင္လယ္အသံေတြရယ္ ေဖြးေဖြးလွုပ္ေနေသာ
ႏွင္းေတြရယ္....December ညေလးမွာ
JEon Familyေလးဟာ ေႏြးေႏြးေထြးေထြးအိပ္ေမာ
က်သြားလၽွက္.....။
ဘယ္ေလာက္ဆိုးဝါးတဲ့ျဖစ္ရပ္ေတြပဲၾကဳံခဲ့
က်ိန္စာေတြဆုေတာင္းေတြစြဲလန္းျခင္းေတြၾကား
လမ္းေတြေပ်ာက္ ေသြးခ်င္းခ်င္းရဲခဲ့ၾကလည္း
ဘဝကိုယ္စီမွာ အဓိပၸာယ္ရွိစြာျဖတ္သန္းေနရတဲ့
လူေတြအျဖစ္လက္ရွိတြင္ သူ႔ေနရာသူက႑ေလးနဲ႔သူ။
တက္တူးဆိုင္က Hoseokieလည္း
Customer ေတြနဲ႔ စည္းကားေနသည္။
လန္ဒန္ၿမိဳ႕က အိမ္ကေလးထဲလည္းခရစ္စမတ္ညတြင္
ရီေမာသံေလးေတြဆူဆူညံညံျဖင့္....။
ဘယ္ေလာက္ရင့္က်က္ေနၿပီ
ေျပာေျပာေက်ာင္းေတာ္ကရန္စေတြရွိသလို
ေဂ့်ကို ျမင္ရင္ မတိုက္ခိုက္ရမေနနိုင္ေသာ
ေယာင္းသည္ သူ႔စေနာက္ခဲ့ေသာ စာေၾကာင့္
ေဂ် ေလၽွာ့မခ်စ္ရေတာ့ဘူးဆိုတာမ်ားျပန္ၾကားရင္
လြဲျပန္ၿပီဟု ေဆာင္းခိုဝက္ဝံေလး က
ႏွုတ္ခမ္းေလးေတြဆူသြားအုန္းမွာျမင္ေယာင္ေနသည္။
သဘာဝေလးႏွင့္လမင္းေလးကေတာ့
စာအုပ္ဆိုင္မီးေရာင္မွိန္မွိန္ေလးေအာက္
သဘာဝေလးဖတ္ျပေသာခရစ္စမတ္ကဗ်ာေလး
ေတြကိုလမင္းေလးကျပဳံးျပဳံးေလးနားေထာင္
ေနသည္။
ဘဝေတြသည္ တစ္ေယာက္ခ်င္းစီမွာလွခဲ့ၾကတာ
မ်ိဳးမဟုတ္....။
တစ္ေယာက္တမ်ိဳးစီးနာက်င္စရာ
ေၾကကြဲစရာေတြနဲ႔ အတိတ္ေတြမွာ ဆိုးခဲ့ၾကေသာ
လူေတြႀကီးပါပဲ...။
ဒါေပမယ့္ ဘဝတစ္ခုမွာအေရးႀကီးဆုံးက
လက္ရွိအခ်ိန္မို႔ အားလုံး Dramaကင္းကင္းပါပဲ။
Drama Kingတစ္ေယာက္ေတာ့ရွိေနသည္။
"Daddy က Kissရမယ့္ပါးပါးရွိလို႔
လာကပ္ႂကြားသြားေသးတယ္...
ငါ့မွာလည္းရွိတာပဲကို ပါးပါးေအာ္မွာစိုးလို႔သာ
လၽွိုထားရတာ ေနာက္တစ္ခါDaddy
အႂကြားထူရင္ Koo အရြယ္ေရာက္တာနဲ႔
မ်က္လုံးျပာျပာေတြနဲ႔ RomHyungကို
နမ္းမွာလို႔ ျပန္ေျပာပစ္မယ္......"
Koo အႏွီးထုတ္ေလးကိုစကိုင္ခဲ့တဲ့သူ။
အေဖေတြလက္ထဲမေရာက္ခင္
Kooစတင္ထိေတြ႕ခဲ့ရေသာ မ်က္လုံးျပာျပာေတြ..။
"Daddy နဲ႔ပါးပါး အနိုင္က်င့္တဲ့ရန္ကေန
၁၇ႏွစ္ျပည့္တာနဲ႔ Rom Hyungကိုကာကြယ္ေပးမယ္
Daddy ကိုလည္းျပန္ေျပာမယ္ ပါးပါးကိုလည္း
ျပန္ေျပာမွာပဲ....
RomHyung က Koo ဟာ......"
ေမာင္ေပါက္စေလးသည္ ေျခာက္ႏွစ္သားထဲက
ငါစြဲစြဲေနကာ ကိုယ့္ကိုကိုယ္Fighting ဟု
အားေပးၿပီးေနာက္ Daddy Jeonရင္ခြင္ႀကီးထဲ
ခ်မ္း၍တိုးဝင္သြားခဲ့ေတာ့သည္။
ေဖေဖႏွစ္ေယာက္သာကေလးေလး၏
အေတြးေတြမ်ားသိခဲ့ရင္ကမၻာတုန္သြားမွာ
ေသခ်ာပါသည္။
Koo ကေတာ့....ဘာကိုမွဂ႐ုစိုက္ျပလိမ့္မည္မဟုတ္။
ပိုထက္ေစာင္းနိုင္ေသာ ႏွလုံးသားမ်ိဳးျဖင့္
ေမာင္ႏွင့္ဆိုင္သူေလးကို အႀကိမ္ႀကိမ္အံ့အားသင့္
ေစနိုင္ေသာ ေအာင္ေအာင္ျမင္ျမင္လူတစ္ေယာက္
ေသခ်ာေပါက္ျဖစ္လာပါလိမ့္မည္....။
Angel Baby သီခ်င္းေလးမရပ္ေသး......။
ၿပီးပါၿပီ။
ကိုယ့္ခ်စ္သူအေပၚခမ္းနားလွပေသာအခ်စ္မ်ိဳးေတြ
နဲ႔ ခ်စ္နိုင္ၾကပါေစ....။ျပန္လည္လည္းအခ်စ္ခံရပါေစ....။
ThankU ❤️
Bạn đang đọc truyện trên: AzTruyen.Top