🤍Ending🤍(Part1)
ဆုတောင်းကောင်းခြင်း ဆုတောင်းတတ်ခြင်းတွေကြောင့်
ဇာတ်အိမ်တစ်ခုလုံးမှာနာမည်အကြီးဆုံး
ထက်ထက်မြက်မြက်ဆိုင်သူလေးသည်
အထင်ကရသော ကိုယ်ပွါးငယ်လေးဖြစ်တည်နိုင်ပြီ
အောင်မြင်နိုင်ပြီဟု သိလိုက်ရတဲ့အချိန်မှာ
ချစ်စရာကောင်းသောအတ္တလေးဟုဆိုနိုင်မလား
ဆုတစ်ခုတောင်းခဲ့ပါသည်။
မောင် တောင်းဆိုခဲ့စဉ်က
"မင်းနဲ့ချွတ်စွတ်များတူလာရင်ရော...ဆိုတဲ့
မဲဆွယ်မှုလေးကိုလည်းစိတ်အလွန်စွဲခဲ့သည်။
ချွတ်စွတ်သာတူကြည့် မောင်သည်ထားစရာမရှိအောင်
အသေအလဲချစ်ပြအုန်းမှာမလွဲ....။
ဒါကိုလည်းလိုချင်ခဲ့သည်။
မောင့်ကိုပဲဘဝတစ်လျှောက်လုံးအလိုလိုက်
အကြိုက်ဆောင်ခဲ့တာကြောင့်မီးတောင်လေးက
ဒီတစ်ခုလေးကျ ကိုယ့်ဘက်ကိုယ်ပိုသာစွာတွေးလိုက်
သည်။
ကလေးလေးက်ို သူ့အတိုင်းလေး လိလိမ္မာမ္မာ
ရိုရိုကျ်ိုးကျိုးဖြစ်စေချင်ခဲ့သည်။
မောင့် ကိုမချစ်၍မဟုတ်...။
မောင့်တစ်ယောက်၏ဒုက္ခနဲ့တင်တစ်ခါတစ်ရံ
လောကကိုစိတ်ကုန်ကုန်နေတတ်လို့သားသည်
ခေါင်းစခြေဆုံး သူ့လိုမျိုးလေးပဲဖြစ်လာကာ
စိတ်ပိုင်းဆိုင်ရာကအစနူးညံ့သိမ်မွေ့ပြီး
ယဉ်ကျေးလှသော ကလေးလေးပဲဖြစ်စေချင်ခဲ့တာ
လူလိမ္မာMD Park၏ လောဘသေးသေးလေး..။
အတိအကျကြီးဖြစ်ကိုဖြစ်ရမယ်လို့မဟုတ်ပေမယ့်
လည်း ဖြစ်တော့ဖြစ်ချင်ခဲ့တာမို့ကံကြမ္မာကို
ထပ်စမ်းသပ်ခဲ့တဲ့သူ။
လိမ္မာလွန်းသော တော်လွန်းသော သိပ်ထက်မြက်လွန်း
သောလူမျိုးမို့သူဒီလိုလေး သားသမီးကိုဖြစ်စေချင်
တာအမှားတစ်ခုတော့မဟုတ်ခဲ့ပါ။
ဆုတောင်းကောင်းခြင်း ဆုတောင်းတတ်လွန်းခြင်း
အရည်အချင်းကိုဆိုင်သူလေးက
ဒီနေရာမှာကောင်းကောင်းအသုံးချခဲ့သည်။
ဒီဘဝမှာတော့ သူဒီတစ်ခုလေးသာဆုတောင်းခဲ့တာပါ။
...မောင်ချစ်တာထက် ကျွန်တော်ကမောင့်ကို
ပိုသာချစ်တာများမှန်ခဲ့ရင်...သားဟာ.ParkJimin
အသေးစားလေး အဖြစ် လောကကြီးထဲကို
ရောက်လာပါစေ.....။
MDသည် လုံးဝတိတ်တိတ်လေးကြိတ်ဆုတောင်းခဲ့သည်။
မောင်ကတော့ ဘယ်သူဘယ်ဝါနဲ့တူချင်ပါတယ်
သိပ်အာရုံမရှိခဲ့ပေမယ့် MD Parkကဒုတိယမြောက်
ဖြစ်လာနိုင်သောဒုက္ခကောင်ပေါက်စလေးကို
မထိန်းချင်လွန်း၍ ကြိုကာကွယ်ထားကာအလောတကြီး
စိတ်နှစ်တောင်းခဲ့တဲ့ဆုတစ်ခု.....။
သေသေချာချာကိုပြည့်ဝခဲ့ပါသည်။
...........။
6 Years Later........။
အမုန်းတွေ အချစ်တွေ စွဲလန်းခြင်းတွေ ပေးဆပ်ခြင်းတွေ
အရူးအမူးသောဖြစ်ရပ်တွေ နှလုံးသားကွဲကြေစရာ
ဖြစ်ရပ်တွေအားလုံးချူပ်ငြိမ်းသွားခဲ့ပြီး
ခြောက်ခုမြောက် ဆောင်းရာသီပေါ့.....။
JEonစံအ်ိမ်တော်ကြီးသည် December လ၏
မနက်စောစောတွင်အေးချမ်းသာယာစွာ...။
အိမ်တော်ထိန်းကြီးသည် ခြံဝန်းထဲ ကျန်းမာရေး
အရလမ်းလျှောက်နေကာ နှင်းမှုံလေးတွေဖြင့်
မနက်ခင်းလေးသည် အလွန်လှပနေလျက်ရှိသည်။
"မောင် ရေ.......ထတော့....၇:၀၀ရှိနေပြီ
ဒီနေ့ အရေးကြီး ကိစ္စရှိတယ်ဆို...."
အိပ်ခန်းထဲကို နာရီပတ်ရင်း ဝင်လာသော
MD Park၏ အသံသည် တစ်အိမ်လုံး
ကြားရသည်အထိကျယ်လောင်စွာ....။
"မောင်.....!!!!!"
"ဗျာ......"
ဗျာ သည် မောင်အစစ်ထံမှမဟုတ်..။
MD Park၏မျက်နှာသည် ချက်ချင်းတင်းမာသွား
ကာ အိပ်ရာဆီကိုခြေသံပြင်းပြင်းဖြင့်လျှောက်
သွားတော့ မောင်အစစ်ရင်ခွင်ထဲတွင်
ပြုံးဖြဲဖြဲဖြင့်သူ့ကိုကြည့်နေသော အကောင်သေးသေးလေး။
"မင်း လာခဲ့....စမ်း..."
"မလာချင်ဘူး...."
"Koo!!!!"
"ဗျာ လို့ ထူးတာ ဘာဖြစ်လ်ို့လဲ
Daddy အစား ထူးပေးတာကို...."
MD သည် အိပ်မောကျနေသောမောင့်ရင်ခွင်ထဲက
အကောင်သေးသေးလေးကို ဆွဲထုတ်တော့
ပါလာသည်။
ထိုအကောင်လေးသည် ကြီးမားဝိုင်းစက်သော
မျက်လုံးလေးတွေနဲ့ ပျော့ပျောင်းလွန်းသော
အနက်ရောင်ဆံပင်အုပ်အုပ်လေးတွေပိုင်ဆိုင်သည်။
ခပ်ဖွေးဖွေးအသားအရည်လေးနဲ့အတူ
နှုတ်ခမ်းအောက်ကမှဲ့လေးတစ်ခုနှင့်
ပြုံးရီလိုက်တိုင်းပေါ်ထွက်လာသောရှေ့သွားလေး
နှစ်ချောင်းသည်သိသိသာသာလေးကြီးနေသေးသည်။
၂၁ရာစုကျမှ တက်တက်စင်အောင်လွဲခဲ့သော
ဆုတောင်းမှားခြင်းအကြောင်းပြန်မပြောချင်တော့။
ဆုတောင်းတွေတစ်လျှောက်လုံးကောင်းခဲ့တာ
ဒီတစ်ခုကျမှ အဖက်ဆယ်၍မရခဲ့....။
ခင်ဗျားတို့ကြိတ်ရီနေမှာကိုသေချာသိသည်။
MD Park၏ Imageကိုတော့အပျက်မခံ။
မောင့်ကို မိတ္ထူဆိုင်သွားပြီး
Scanဖတ်ချလိုက်သလိုထွက်လာသော
မောင့်ရဲ့..Copyကောင်လေး...။
ချွတ်စွတ်ပဲ.....။ဘယ်နေရာမှလွဲတာမရှိ....။
ဒါလေးကိုမြင်တိုင်း MDက သွေးအမြဲတမ်း
တက်သည်။
ဝိုင်းစက်သောမျက်လုံးလေးတွေဖြင့်
ထိုးထိုးထောင်ထောင်ဆံပင်လေးတွေနဲ့အတူ
မောင့် ကိုချုံ့ကြည့်နေရသလိုပဲ။
အပြုအမူ အပြောအဆို အားလုံးအားလုံး
တစ်ခုမှမလွဲ.....။
"ပါးပါး ဘာပြောထားလဲ....
Kooရေ ခေါ်လို့မှ ဗျာ လို့ထူးရမှာလေ...
နောက်တစ်ခါဆို တင်ပါးက်ိုလှန်ပြီးငါရိုက်မှာနော်..."
"ပါးပါး...က သိပ်ခွဲခြားတာပဲ..."
"တိတ်စမ်း...မျက်နှာသစ်တော့
ကျောင်းသွားရမယ်...."
ရေချိုးခန်းထဲ သွားတိုက်ဆေးထည့်ပေးခဲ့ကာ
MD က အပြင်ပြန်ထွက်လာသည်။
ဒီအရွယ်မှာ တချို့ကလေးတွေကတော့ အစအဆုံး
လိုက်ဂရုစိုက်ပေးဖို့လိုအပ်ပေမယ့်MD Parkရဲ့
သားပင်မို့ ချထားသောစည်းစနစ်တွေကြား
Koo ဆိုသော ရင်နှစ်သဲချာလေးဟာ
သူ့တာဝန်သူ ခြောက်နှစ်သားထဲက သေသေချာချာ
ယူတတ်နေခဲ့ပြီ။
"မောင်....ထတော့ လ်ို့.....၇နာရီကျော်နေပြီ...."
"အင်း......."
"ကိုယ်က ပိုင်ရှင်ဖြစ်ပြီး ကိုယ်တိုင်ကနောက်
ကျနေရင် လက်အောက်ငယ်သားတွေက
ဘယ်လေးစားပါ့မလဲ...ကိုယ်ဒါကိုဘယ်နှနှစ်အထိ
ပြောနေရအုန်းမှာလဲ မောင်....."
ဆောင်းမနက်ခင်းတွေကအိပ်ရာထရတာသိပ်ခက်
လွန်းပါသည်။မထချင်ပါ...။
ဘာလို့များ ဒါတွေကိုလုပ်မယ်လို့အာမခံမိလည်း
မပြောတတ်။JeonJimin တစ်သွေးတစ်သံတစ်မိန့်
ဘဝသည် တစ်ခါတစ်လေတော့ အော်ငိုလိုက်ချင်စရာ
ကောင်းပါ၏။
ခေါင်းအုံးထဲအိပ်ရာနှိုးနေသောအသံကိုမကြားရအောင်
တိုးဝင်ကာမှေးလို့ရသမျှဆက်မှေးနေချိန်မှေး၍လည်း
မရပါ မနက်ချိန်ခါတေးသံသာများသည်ပေါ်ထွက်လာ
တော့သည်။
"Koo !!!! Daddy ခေါင်းလိမ်းဆီတွေယူမလိမ်းရ
ဘူးလို့ ပါးပါးပြောထားတယ်လေ
ကလေးက အနံ့ပြင်းတာတွေမသုံးရဘူး
မှန်တင်ခုံပေါ်က ခုဆင်းခဲ့စမ်း!!!!"
"Koo မှ ကလေးနံ့မကြိုက်တာ....ပါးပါးနမ်းချင်
အောင် Daddy လိုအနံ့ရဖို့လိုတယ်...."
MDသည် ရုံးသွားရန်ပြင်ဆင်နေရင်းမှ
မှန်ထဲဝင်မတတ် သူ့အဖေနဲ့တပုံစံထဲအလှကြိုက်လွန်း
သော မှန်တင်ခုံပေါ်အထိတက်ကာအလှပြင်တတ်သောမောင့်Copyလေးကိုချီကာ
ကျောင်းဝတ်စုံလဲရန်စီစဉ်နေရပြန်သည်။
"ပါးပါးက ဒါကိုမလုပ်နဲ့ဆိုရင် သားက
လုံးဝဆင်ခြင်ရမယ်...ပါးပါးကမသင့်တော်လို့
ပြောတာ..."
"ပါးပါး ကလည်း နည်းနည်းလေး လိမ်းကြည့်ချင်တာ
Daddy ကျ နေ့တိုင်း လိမ်းရပြီး...."
ပါးနှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့
လာကိုင်ကာ ချွဲပြပုံသည်လည်း အိပ်ရာပေါ်က
လူအတိုင်း...။ဒါပေမယ့်လက်ကလေးတွေကတော့
ParkJimin ရဲ့လက်ကလေးတွေ။
"Koo မင်း ဘာလို့ ပြောမကောင်းဆိုမကောင်း
ဖြစ်ရတာလဲ....ငါဆုံးမရတာမောသေတော့မယ်
မင်း Daddyလို လိုက်လုပ်ချင်လို့မရဘူး
သူက လူကြီး...."
"Daddy က သူလူကြီးမဟုတ်ဘူးတဲ့
သူလည်း ကလေးပဲတဲ့...."
"အားးး....ရူးတော့မှာပဲ....!!!!"
"ပါးပါးက ကလေးလေးမွေးထားပြီး
တစ်ခါမှစိတ်မရှည်ဘူး....ဆူနေတာကြီးပဲ..."
"ဘာဖြစ်လဲ....မလိမ္မာရင်ဆူမှာပဲ...
ကျောင်းဝတ်စုံလဲ....Necktie ကိုသေချာချည်
ပါးပါး မနေ့ကသင်ပေးထားသလို..."
"Koo မသိတော့ဘူး...."
"မင်း လား မသိတော့မှာ
လဲ လိုက်တော့ ခုချက်ချင်း!!!!"
MD Park၏ဟိန်းခနဲသောအော်သံမှာ
စူပုတ်ပုတ်ဖြင့်အကောင်ပေါက်လေးက
ကျောင်းဝတ်စုံလဲနေသည်။
လဲပေးစရာမလို....စနစ်တကျ Necktie
လေးကအစသေချာစည်းနှောင်တတ်အောင်
MDက ပုံစံချထားသည်။
တစ်ခေါက်ပြောရုံနဲ့သိသည်။နားလည်လွယ်သည်။
ဖြတ်ထိုးဥာဏ်အလွန်ကောင်းကာ
တော်ရုံ ကလေးပေမယ့်ကလေးမဆန်တတ်သော
Kooဟာ မောင့်အငွေ့အသက်တွေကြီးပဲတော့
မဟုတ်ခဲ့....။
"ဆူညံနေတာပဲ အိပ်ရေးမဝရတဲ့ကြားထဲ...."
ဘယ်လိုမှဆက်အိပ်၍မရ...။
တစ်ခွန်းမခံသော အကောင်ပေါက်လေးနဲ့
ခံပြောရင် ဒေါသထွက်သော MD၏
အဆုံးမဲ့ ရန်ပွဲတွေသည်အိမ်ကြီးထဲမျက်နှာချင်းဆိုင်တာ
နှင့်စတွေ့ကြပြီ။
Kooစကားစပြောတတ်ထဲက ဒီဒဏ်ကိုမောင်အချိန်တိုင်း
ခံခဲ့ရသည်။
သဘက်တစ်ခုယူကာ ရေချိူးခန်းထဲဝင်တော့
"မောင် ၁၅မိနစ်ပဲနော်!!!!"
"ဟုတ် ဟုတ် ဟုတ်ကဲ့!!!!!"
ခရစ်စမတ်နားနီး၍အပြင်ပတ်ဝန်းကျင်းရာသီဥတု
သည်သိပ်အေးချမ်းသော်ငြား မောင်တို့မိသားစု
သုံးယောက်ကတော့ ဘယ်သော်အခါမှမအေးချမ်းခဲ့ပါ။
"ပါးပါး....စာအုပ်လေးတွေစစ်ပေးပါအုန်း..."
အလုပ်စားပွဲပေါ်ကLaptop နှင့် ipadကိုပိတ်ကာ
အိတ်ထဲထည့်နေချိန် ကျောပိုးလေးထိုးပေးလာ
တာကြောင့် လုပ်လက်စကိုခဏထားကာ
မူလတန်းကျောင်းသားလေး၏စာအုပ်လေးတွေကို
စစ်ပေးရသည်။ပေါင်ပေါ်ကုတ်ကတ်တက်လာကာ
Kooက ဖွဖွလေးဖက်ကာ ရွှတ်ခနဲနမ်းတော့
MD က ပြုံးသည်။
"ချစ်စရာ ပါးပါးကလေးလေး....."
MD၏အပြောင်းအလဲမြန်လွန်းသော
အခြေအနေများသည်လည်းသိပ်အဆန်းတော့မဟုတ်။
"ပါးပါး ကို အရမ်းချစ်တယ်...."
"ချစ်ရင် လိမ္မာ.....မလိမ္မာရင်ပါးပါးကမချစ်ဘူး..."
မျက်လုံးရွဲကြီးတွေဖြင့် ခြောက်နှစ်သားထဲက
ရင်ကိုထိအောင်ကြည့်တတ်သည်။
သူ့အဖေအတိုင်း...မချစ်ဘူးပြောရင်ငယ်သွားသော
မျက်နှာလေးသည် သိပ်သိပ်ချစ်စရာ။
ချစ်တာများလေ....ရူးမတတ်ကိုဒါလေးကို
အသဲတယားယားချစ်ရတာ....။
"စတာ စတာ...Kooငယ်လေးက ပါးပါးအသက်..."
"စ စရာ မဟုတ်ဘူးလေ ပါးပါးရာ...."
"..နမ်းချင်လာပြီ
မွှေးနေတာပဲ ပါးပါးKoo လေးက...."
တရွှတ်ရွှတ်နမ်းပေးတော့ကလေးပီပီချက်ချင်း
စိတ်ကျေနပ်သွားသည်။
တပုံစံထဲတွေ ပါပဲ....။
အဲ့ဒီလို တပုံစံထဲတွေ မထိိန်းချင်လွန်းလို့
သစ္စာတွေဘာတွေပါသွားဆိုမိတာတန်းခနဲရောက်ချ
ခဲ့ရော...။
ဒါပေမယ့်လည်း ဆိုင်သူလေး မချစ်ဘူးလားမေး
စိတ်ဆိုးပါလိမ့်မည်။
မောင့်အသေးစားလေးကို ထားစရာနေရာပင်မရှိ။
လူအမြင်ကပ်ရလောက်တဲ့အထိMD Parkက
သဲသဲလှုပ်ရယ်။
"မောင်ပြီးပြီ Jimin....."
"အင်း လာ ပြီ...."
Kooကိုချော့မော့နမ်းနေရင်းမှ ခုံပေါ်ခဏလေး
ထိုင်ခိုင်းခဲ့ကာ မောင့်ဆံပင်တွေကိုသုတ်ပေးပြီး
စိတ်တိုင်းကျအဝတ်အစားတစ်စုံထုတ်ကာ
ဆိုင်သူလေးက လဲပေးနေသည်။
"Daddy ....."
"ဗျာ....."
"Koo ကျ ကျောင်းဝတ်စုံကိုယ့်ဟာကိုယ်ဝတ်ရတယ်..."
"Koo ကို ကိုယ့်အားကိုယ်ကိုးတတ်အောင်
ပါးပါးကသင်ပေးတာလေ ပါးပါးငယ်ငယ်ကလည်း
အဲ့လိုပဲ...."
"Daddy ကိုလည်း သင်ပေးလိုက်လေ
ပါးပါး က ခွဲခြားလွန်းတယ်..."
"Koo ကို အရမ်း အတိအကျပုံစံတွေမချပါနဲ့
Jimin ရယ်....ကလေးလေးပဲရှိသေးတာလေ...."
"ဒီလောက် ကိုယ်ဖိ တာတောင် မောင့်သား
အကြောင်းမောင်သိနေတာပဲ...ကိုယ့်ကိုဆို
တစ်ခွန်းမခံဘူး...."
"ဘယ်သူ့ကို ခံလို့လဲ.....ဆိုးပါစေကွာ...."
"မဆိုးရပါဘူး....တစ်ကန့်စီပဲ ဘောင်လွတ်စည်းလွတ်
ကိုယ့်ကလေးကို မပျိုးထောင်နိုင်ဘူး
ကစားချိန် စားချိန် စာသင်ရမဲ့အချိန်
မိဘတွေအပေါ်ချွဲရမယ့်အချိန် လေးစားမှုရှိရမယ့်
အချိန် စနစ်တကျဖြစ်နေရမယ်....."
"မောင့် လို ဖြစ် လာမှာစိုးလို့လား...."
မောင်ကပြုံးယဲ့ယဲ့ဖြင့်ပြောနေပေမယ့်
မချိပြုံးတွေမှန်းမီးတောင်လေးကသေချာသိတာပေါ့။
ဒုက္ခကောင်လေးကမိုက်ခဲ့တဲ့အတိတ်တွေအတွက်
အမြဲမလုံမလဲ...။
မောင်က Gentleman တစ်ယောက်လိုတော့
ခြောက်နှစ်ကျော်အချိန်ကာလမှာမပြောင်းလဲသွားခဲ့ပါ။
၂၅နှစ်နောက်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်လာ
ပေမယ့် မောင်ဟာ အရင်လို မိုက်တိမိုက်ကန်း
ကလေးတစ်ယောက်အဖေပါပဲ...။
ဆိုင်သူလေးက မောင့်ရဲ့တန်းစီနေသာနားပေါက်တွေထဲ
နားကပ်လှလှလေးတွေတပ်ပေးရင်းမှရပ်သွားသည်။
"မောင် က ဘာဖြစ်နေခဲ့လို့လဲ...
မောင် ဘာမှမဖြစ်ခဲ့ပါဘူး...မတွေးပါနဲ့အဲ့လိုတွေ
ကိုယ့်စေတနာက မောင်ဟာ သားကိုအကောင်းဆုံး
ပြုစုပျိုးထောင်နိုင်ခဲ့တဲ့အဖေကောင်းတစ်ယောက်
လို့ အများကိုသိစေချင်တာ....ပါ..."
"ချစ်တယ်....မောင့်အပိုင်လေး...."
"အသက်ကြီးလာလေလေ မောင်ကအသဲငယ်
လာလေလေပဲ..နော်...."
"ပါးပါး Koo ကျောင်းနောက်ကျတော့မယ်...."
ခုံပေါ်တွင်မေးလေးထောက်က အဖေနှစ်ယောက်
ကိုစိတ်ပျက်လက်ပျက်ကြည့်နေသောJeonအိမ်တော်ကြီး၏အသဲနှလုံးလေးဆီ မောင်ကသွားကာ
ကောက်ချီလိုက်သည်။
"ပြီးပါပြီဗျာ....ဆင်းကြမယ်...."
မောင်က Kooကိုချီကာ ထွက်သွားသည်နှင့်
ဆိုင်သူလေးကလိုအပ်သည်များယူကာ
မနက်စာစားရန်အောက်ထပ်သို့ဆင်းခဲ့သည်။
"မနက်က ပါးပါးက မောင်လ်ို့ခေါ်တာ
Koo အစားထူးလိုက်တာ အမာန်ခံရတယ်Daddy..."
Kooက မောင့်နားနားလေးကိုလက်သေးသေးလေး
တွေနဲ့ကွယ်လျှက်ကပ်ကာအတင်းစပြောလာသည်။
"မင်း ပါးပါးမကြိုက်တာတွေဆို လုပ်သာလုပ်
Daddy ရှိတယ်...."
"Koo အိမ်စာတွေလည်းမပီးသေးဘူး...."
"လုပ်မနေနဲ့...."
"လုပ်တော့လုပ်ရမယ် Daddy
Kooကပထမပဲရချင်တာ ညကနည်းနည်းပျင်းသွားလို့..."
ParkJiminရဲ့အရာရာ Perfect ပဲဆိုတဲ့မျက်လုံး
တွေ...။မောင့်လိုဝိုင်းစက်နေပေမယ့် အရှိန်အဝါကျ
မောင့်အရှိန်အဝါတွေမဟုတ်။
သားက သိပ်ဆန်းကြယ်ခဲ့တယ်။
အောက်ထပ်ကိုဆင်းလာခဲ့ကြပြီးမနက်စာစားရန်
ထိုင်ခုံတွေဆီမှာနေရာအသီးသီးယူခဲ့ကြသည်။
Kooဟာ မောင့်ပေါင်ပေါ်မှာနေရာတကျထိုင်နေပြီး
ဆိုင်သူလေးကတော့ဖုန်းကြည့်နေရင်း
စားစရာတွေလာချပေးခြင်းကိုစောင့်နေသည်။
မောင်က နို့ခွက်လေးကိုKooသောက်နိုင်
လောက်တဲ့အနေအထားအထိမှုတ်ပေးနေကာ
မုန့်ကလေးတွေပါသေချာရွေးပေးနေသည်။
"ဒါလေး စားမလား...."
ရင်ခွင်ထဲက ခေါင်းခါပြတော့ မောင်ကနောက်တစ်ခု
ကိုထပ်ရွေးပေးသည်။
"ဒါလေးရော...Daddy ခွံ့ကျွေးမယ်လေ..."
"မောင် အဲ့တာ အချိုများလွန်းတယ်...
တခြားဟာကျွေး..."
သူဖုန်းကြည့်နေတာလေ...။ဘယ်မျက်လုံးနဲ့
လှမ်းစပ်စုလို့သိသွားရပြန်သလဲ...။
မောင်က မုန့်လေးကို ပစ်ချကာ
နောက်တစ်ခုဆီချက်ချင်းရောက်သွားသည်။
"Daddy ယောကျ်ားကြောက်....."
ရင်ခွင်ထဲကပေါက်စလေးကလှောင်ပြောင်ကာ
တခွိခွိရီတော့မောင်လည်းလိုက်ရီသည်။
"ရှက်စရာကြီးနော် ...."
"တအားရီရင် ပါးပါးဆူမှာစိုးလို့...ပိစိလေးပဲရီမယ်"
"ထိန်းထား...အုန်း...လွတ်လွတ်လပ်လပ်ကျမှ
အတူတူရီမယ်..."
"Koo...တခုခုကိုရွေးပြီးစားတော့လေ
Daddy ကိုဂျီကျမနေနဲ့..."
နှစ်ယောက်လုံးတိတ်ကျသွားသောအခြေအနေတွင်
မုန့်နှင့်နွားနို့ကို အစက်တစ်စက်မှကျမသွား
အောင် သပ်သပ်ရပ်ရပ်စားပြသွားသော
ကလေးငယ်လေးသည် သိပ်ချစ်စရာကောင်းလွန်းသည်။
အိမ်တော်ထိန်းကြီးသည်လမ်းလျှောက်ရာမှပြန်ဝင်
လာပြီးတဲ့နောက်မနက်စာစားနေသောမြင်ကွင်း
လေးတွေကိုမြင်တဲ့အခါ အေးချမ်းစွာပြုံးလိုက်မိသည်။
အဓိက ကသခင်လေး.....။
ကျန်ခဲ့သော အတိတ်တွေတုန်းက ဒီကလေးလေး
ဟာ မိဘနှစ်ပါးအတူမနက်စာအတူတူတစ်ခါမှ
မစားခဲ့ရဖူးဘူး....။
မိသားစုတစ်ခုရဲ့နွေးထွေးမှုတွေအကြောင်းဒီကလေး
ဘာမှမခံစားခဲ့ရဘူး။နေတတ်သလိုနေခဲ့ရသော
သခင်လေးရဲ့ ကလေးဘဝဟာ သိပ်ကြေကွဲစရာ
ကောင်းခဲ့တယ်...။
ကျေးဇူးတင်ရမှာကအကိုလေး.....။
ဖန်တီးပေးထားတတ်လိုက်တာ....
သခင်လေး ဘဝကို ပြီးပြည့်စုံအောင် ကြိုးစားပေးထား
တတ်လိုက်တာ...။
သူ့ကို ကြည့်လိုက်ရင်တော့ ခပ်တင်းတင်းပါပဲ..။
အေးရာအေးကြောင်း စီးပွါးရေးအကွက်အကွင်း
တွေရှာနေပြီး မနက်စာစားနေသည်။
" Jimin..."
"အင်း......"
"ဖုန်းမသုံးနဲ့လေ....အတူတူစားရအောင်...."
အတွင်းရေးမှူးကို တစ်ခုပြီးတစ်ခုခိုင်းနေသော
Conversation ကိုချက်ချင်းရပ်လိုက်ကာ
MDက ဖုန်း Screenကိုပိတ်ပြီး စားဖို့ပြင်သည်။
မောင်က Coffeeတွေကိုသေချာမွှေပေးကာ
စားဖို့မုန့်တွေကို ဆိုင်သူလေးဘက်ကိုတိုးပေးသည်။
အဆင်သင့်သုတ်ရန်တစ်ရှူးလေးချပေးပြီး
ပါးလေးကို လှမ်းဖျစ်တော့ လက်ကိုရိုက်ချတော့သည်။
"သား နဲ့......"
"မမြင်ပါဘူး Kooကနို့သောက်နေတာ...
မရှက်ပါနဲ့ ပါးပါး...."
"မြင်လို့ပြောနေတာမဟုတ်ဘူးလား....."
နို့ခွက်လေး ချကာစပ်ဖြီးဖြီးလေးလုပ်ပြတော့
နှုတ်ခမ်းပါးလေးတွေမှာပေနေသော
နို့တွေကို ဆိုင်သူလေးက သုတ်ပေးသည်။
"မောင်ရော....."
Coffeeတွေနဲ့နှုတ်ခမ်းပါးတွေကလည်းအားကျမခံ။
တစ်ယောက်ကိုယ်တစ်ယောက်အရှုံးမပေးခဲ့ကြ။
မောင့်ကို သုတ်ပေးလိုက်တော့ မောင်က
သိပ်ချစ်စရာကောင်းအောင်ပြုံးကာ
ရင်ခွင်ထဲ အကောင်လေးကလည်းပြုံးဖြဲဖြဲ...။
"Daddy Koo အတုခိုးတယ်...."
"Credit ပေးတယ် Daddy Jeon လေးရာ..."
မောင်က အနက်ရောင်ဆံပင်ပျော့ပျော့လေးထဲ
တိုးဝှေ့နမ်းတော့ Koo ရဲ့ တခစ်ခစ်ရီမောသံလေး
သည်အိမ်ကြီးအနှံ့ပျံ့နှံ့လျှက်....။
ခြောက်နှစ်တာအချိန်ကာလတွင်အရာအားလုံး
ပြောင်းလဲသွားခဲ့ပါပြီ.....။
ဘယ်သူထင်မှာလဲ အမြဲတမ်းအော်ဟစ်ရိုက်ပုတ်သံ
တွေ ငိုကြွေးသံတွေ အမိန့်ပေးသံတွေ
ဆူဆူပူပူ အိမ်တော်ကြီးဟာ ချစ်စရာကလေးလေး
တစ်ယောက်၏ ရီသံလေးတွေဖုံးလွှမ်းသွားလိမ့်မယ်လို့။
အပြင်မှာ နှင်းတွေဖွေးဖွေးလှုပ်ကျနေပြီး
ထမင်းစားခန်းလှလှလေးထဲ အလွန်နွေးထွေး
သောမိသားစုလေးတစ်ခုလည်းရှိခဲ့သည်။
..................။
ပြိုင်ကားအနက်ရောင်တောက်တောက်ရပ်လာသည်
နှင့်လုပ်ငန်းခွင်တစ်ခုလုံးရုတ်ရုတ်သဲသဲ....။
ခေါင်းစခြေဆုံးအနက်ရောင်တွေကြီးဆင်မြန်းထား
သောမောင်သည် မျက်နှာထားခပ်တင်းတင်း...။
ပိုင်ရှင်ဆိုသော်ငြားSuitအပြည့်နဲ့ဘယ်တော့မှ
ရောက်မလာတတ်။မောင်သည်နောက်ဆုံးပေါ်
စျေးကြီးသော လန်းလန်းဆန်းဆန်းဒီဇိုင်းတွေဖြင့်သာ
မိမိုက်ခဲ့သည်။
ဟုတ်ပါသည်။မောင်အလုပ်သွားနေရခြင်း....။
ကျောင်းပြီးသွားတဲ့အခါ ဆိုင်သူလေး၏
အဖိအဖော့ အချော့အမြူဒဏ်ကိုမခံစားန်ိုင်...။
ငါးမိနစ်မျှ အနိမ့်ဆုံးသောအသံလေးနှင့်
အရည်လဲ့သော မျက်လုံးတွေဖြင့်ကြည့်လိုက်တဲ့အခါ
မောင် ရှိသမျှ Showroom တွေ ကားနဲ့ပတ်သတ်သမျှ
တွေကို အကုန်တာဝန်ယူကာ ရက်ရက်စက်စက်ကို
အလုပ်လုပ်ခဲ့ရတော့သည်။
ကျောင်းလိုပါပဲ....လုပ်ချင်လွန်းလို့မဟုတ်ခဲ့တော့
စစချင်းမှာ ထွက်ပြေးချင်စိတ်တွေဖြစ်ကာ
ငြီးငွေ့ခဲ့သည်။အချိိန်တစ်ခုပေးကာချော့တစ်ခါ
ခြောက်တစ်လှည့် ဆိုင်သူလေးရဲ့အကွက်ချမှုတွေကြား
မောင်သည်လက်ရှိမှာတော့ ကားလောကတွင်
ဘယ်သူမှ သိပ်မထိပါးရဲသော ပညာရှင်ဖြစ်လာသည်။
မောင်က ငွေရှာတာထက် Ideaပိုင်းကို
ပိုသွားခဲ့ကာ စက်ပစ္စည်းတွေအပေါ်နားလည်လွယ်
လွန်းသော မောင့် ပါရမီကိုလည်းထုတ်ဖော်နိုင်ခဲ့သည်။
မောင်က ဘဝမှာ ဘယ်ကိုမှသေချာမလုပ်နိုင်ဘူး
သူဟာ သိပ်အသုံးမကျခဲ့ဘူး ဒီလိုပဲဘဝကပြီး
သွားလိမ့်မည်ဟုပေါ့ပေါ့တန်တန်တွေးခဲ့ဖူးသည်။
မိဘရဲ့ အားပေးမှု လမ်းပြမှု သားသမီးရဲ့ပါရမီနဲ့
ဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေအပေါ်မောင့်မိဘနှစ်ပါးလုံး
စိတ်ဝင်စားမှုအလွန်နည်းပါးခဲ့ပြီး ကိုယ့်အတ္တတွေသာ
ကိုယ်ရှေ့တန်းတင်ခဲ့တာတွေကြောင့်မောင်ဟာ
အဆင်မပြေသောငယ်ဘဝတွင်ရန်ပွဲတွေကိုသာ
ကြည့်ရှောင်ခဲ့ရပြီးသူ့ကိုယ်သူ ဘာဖြစ်ချင်မှန်းလည်းမသိ
ကောင်းသောလုပ်ရပ်တွေအပေါ်လည်းသူ့ကိုယ်သူ
သိပ်ယုံကြည်မှုနည်းခဲ့သည်။
"မင်းကလူဆိုး လူမိုက် မိုက်ရိုင်းတယ် ဆိုတဲ့စွပ်စွဲ
ချက်တွေအပေါ်မှာ လေလွင့်ပစ်ခဲ့တဲ့ဘဝဟာ
အိမ်မက်မသိ ဝါသနာမသိ ပါရမီမသိ
ဘာမှမသိခဲ့.... ။
ပထမဆုံးသော အလုပ်ခွင်တွင် မောင့်Ideaနဲ့
ကွက်ကျော်မြင်တတ်ခြင်း ဖြတ်ထိုးဥာဏ်ကောင်း
ခြင်းတွေမှာ အကြီးကြီးအမြတ်အစွန်းရခဲ့တဲ့အခါ
မောင်ဟာ မယုံကြည်နိုင်ခဲ့။
ချစ်တတ်လာပြီဟုJinHyungပြောခဲ့တုန်းကအံ့ဩခဲ့သလိုပဲ...။အလုပ်ကအောင်မြင်သွားတဲ့အခါ
သူဟာ လောကကြီးမှာ အသုံးဝင်တဲ့နေရာ
အသုံးကျတဲ့နေရာရှိလာပြီပဲဆိုတဲ့ခံစားချက်သည်
ဘာနဲ့မှမလဲနိုင်.....။
ဆိုင်သူလေးကိုကျစ်ကျစ်ပါအောင်ဖက်ပြီး
မောင်ငိုခဲ့ပါသည်။အဲ့ဒီလိုနဲ့ပဲ မောင်ဟာ
စနစ်ကျတဲ့ဘဝတစ်ခုကို အဓိပ္ပာယ်ရှိရှိ
အောင်မြင်တဲ့ နည်းပညာသမားတစ်ယောက်အဖြစ်
စမတ်တကျဖြတ်သန်းခဲ့သည်။
လက်ရှိတွင် မောင်ဟာ လုပ်ငန်းခွင်မှာ
နေသားကျနေကာ ၂၅နှစ်စွန်းစွန်း
အမျိုးသားတစ်ယောက်အဖြစ်လုံးဝရင့်ကျက်နေပါပြီ။
အသက်၂၀ကခဲနဲ့ထုခဲ့သောShowroom တွင်
ကွန်ပျူတာတစ်လုံးဖြင့်စီမံခန့်ခွဲနေပုံသည်
တမျိုးတော့ရီစရာကောင်းပေမယ့်
မောင်က လုံးဝလူကောင်းလေးဖြစ်နေတာကြောင့်
မရီရက်တော့....။
အဓိကကတော့ ဆိုင်သူလေးကိုချစ်ခဲ့တဲ့မောင့်အချစ်
တွေပါပဲ....။ကတိပေးပြီးထဲမျက်နှာတစ်ချက်
ပျက်မသွားအောင် ရိုကျိုးမြတ်နိုးပေးခဲ့သော
မောင်ဟာ အရှိန်အဟုန်ပြင်းလှသောအချစ်တွေ
နှလုံးသားထဲအပြည့်အဝရှိနေဆဲ....။
ဒါပေမယ့်လည်းမောင်သည်အသက်အရွယ်တစ်ခု
လည်းရောက်လာတာရယ် ဆိုင်သူလေး၏
အနေအထိုင်တတ်မှုတွေရယ်နှင့်ဥစ္စာတော့သိပ်
မခြောက်ရတော့...။
မောင် အေးချမ်းနေပြီဟုဆို၍ရပါသည်။
မောင် အများကြီးရင့်ကျက်သွားတော့လည်း
နည်းနည်းလေးတော့ပျင်းရိဖွယ်ရာ...။
အနက်ရောင်နေကာမျက်မှန်ဖြင့် ကားသော့လှည့်ကာ
ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်လျှက်
ပီကေတစ်ခုဝါးကာမောင် ဝင်လာသည့်ပုံက
ပေစောင်းစောင်းပါပဲ...။
"စာရင်းတွေ အကုန်လာပို့ သေချာမှန်တယ်ဆိုတာစစ်ပြီး
ယုံကြည်မှလာ မှားရင် လစ်...."
"မဟုတ်ဘူးလေ မနေ့ကမှ အစ်ကိုခိုင်းထားတာ
ဒီနေ့ လက်စသတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ...."
"ငါပြီးတယ်လေ....နင်တို့နဲ့တိုက်ချင်တာ
ငါတောင်ပြီးတာ နင်တို့ကဘာကိစ္စနဲ့များ
မပြီးရတာလဲ...အလုပ်ထွက်ချင်ရင်လည်းပြော
ငါအရမ်းစိတ်ရှည်တဲ့ကောင်ထဲမပါဘူး..."
"အမြဲတမ်းပဲ....အဲ့တာနဲ့ခြိမ်းခြောက်နေတာပဲ
ကြိုးစားလုပ်နေရက်သားနဲ့...."
မောင့် အတွင်းရေးမှူးကောင်မလေးသည်
နေ့တိုင်းလိုလိုငိုရတတ်သည်။
မငိုရသောရက်တစ်ရက်တောင်မရှိခဲ့...။
"ပီကေ စား ....စာရင်းလာပို့ ငါလည်း
MD Parkကို ပြရမှာ ငါကနင်တို့ထက်တောင်
ပိုကြောက်ဖို့ကောင်းသေးတယ်..."
"ဒါကတော့ အစ်ကိုက ယောကျ်ားလေ...
အဆင်ပြေအောင်ပြောရင်ရတာပဲ
ဒီနေ့ကတော့ ဘယ်လိုမှမပြီးနိုင်ဘူး...."
"မပြီး ပြီးအောင် လုပ်....ထမင်းမစားနဲ့
ရေမသောက်နဲ့...ငါနင့်ကိုလစာပေးထားတာ..."
ပီကေတစ်ခုပစ်ပေးလိုက်ကာမောင်က
အလုပ်လုပ်ဖို့ ပြသထားသောကားတွေဆီ
လျှောက်သွားသည်။
အတွင်းရေးမှူးမလေးသည်အမြဲတမ်းလိုလို
ဒီဒုက္ခကိုခံစားနေကျမို့အလုပ်စားပွဲပြေးကာ
မပြီးပြီးအောင်လက်စသတ်ရတော့မည်။
ကားတွေကိုလှည့်ပတ်ကြည့်ပြီးတဲ့နောက်
မောင်သည်လည်း ရုံးခန်းထဲဝင်သွားကာ
ကွန်ပျူတာဖွင့်အလုပ်စလုပ်ရသည်။
မောင်က ခြေတံရှည်တွေကိုစားပွဲပေါ်
တင်ပြီးအလုပ်လုပ်တတ်ကာ တစ်ခါတစ်ရံ
ပီကေဝါးတတ်သည်။
တစ်ခါတစ်ရံစီးကရက်ဖွာနေတတ်သည်။
အာရုံစိုက်အလုပ်လုပ်နေသောမောင့်ပုံစံသည်
ကြုံခဲ့ရသမျှသောမောင့်အမူအယာတွေထဲ
စွဲဆောင်မှုအရှိဆုံးဖြစ်လိမ့်မည်။
Laptop ပေါ်တတောက်တောက်သွားနေသော
မောင့်လက်ချောင်းသွယ်သွယ်လေးတွေ...
Shirt အကျီဝတ်လာတတ်သောနေ့တွေဆို
စိတ်အိုက်၍ ကြယ်သီးတချိူ့ဖြုတ်ကာ
အလုပ်ကြိုးစားပုံက အလှပြနေသလိုပါပဲ....။
မျက်လုံးလေးတွေလှန်ကာစဉ်းစားနေပုံတွေ
အကြံကောင်းတွေစဉ်းစားမိတဲ့အခါ
နှုတ်ခမ်းလေးတွန့်ရုံပြုံးသွားပုံတွေ....
အများကြီး အာရုံစိုက်နေချိိန် စူးရှနေသော
မောင့်မျက်လုံးလှလှတွေသည်
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်လာပြီ
ဆိုတာသေချာသော လက္ခဏာတွေပါပဲ...။
📩ဂျေ ခရစ်စမတ် ဘာPlan ရှိလဲ...."
📩မရှိဘူး အလုပ်တွေပဲရှိတယ် ငါမင်းတို့နဲ့
လာမကဲနိုင်ဘူး
📩မင်းကလည်း...ငါလည်းမရှိပါဘူး
ငါ့အိမ်မှာဖြစ်ဖြစ် မင်းအိမ်ပဲဖြစ်ဖြစ်ပါတီလုပ်ရအောင်..."
📩လုပ်ရင်တော့ ငါ့အိမ်မှာပဲလုပ်မယ်..."
📩အေး ခုအလုပ်မှာလား...ခဏထွက်ခဲ့ကွာ...."
📩ညနေ Kooကိုကျောင်းကြိုရပြီး Jimin ကိုပါ
သွားကြိုရအုန်းမှာ အားမနေဘူး..."
📩ငါတို့လူစုံနေတယ် ဂျေရ...
📩အလုပ်တွေများတယ် ဒါပဲထပ်မပို့နဲ့....
Romသည် ဖုန်းကိုပစ်ချကာ တစ်ခါတစ်လေ
စုံကြရသော ဘဝကိုယ်စီနဲ့သူငယ်ချင်းတွေကို
ခေါင်းခါပြလိုက်သည်။မကြာပါဖုန်းဝင်လာသည်။
ဂျေ့ ဆီက မို့ မြန်မြန်ကိုင်လိုက်ရသည်။
"ဘယ်မှာလဲ နေရာပြော...."
"မင်းပြောတော့မလာဘူးဆို"
"ငါ့Accကိုငါတစ်ယောက်ထဲသုံးရတယ်ထင်လို့လား...."
"F....MD Parkက ကြမ်းလိုက်တာကွာ
ရီချင်တာသေတော့မယ်...."
အလုံးစုံ မောင်က ရေရာသေချာသွားသလား
ဆိုတော့လည်း သူငယ်ချင်းတွေစုံနေတယ်ဟေ့
လို့ကြားလိုက်တာနဲ့ မောင်မနေနိုင်။
ဆိုင်သူလေးနဲ့မဆုံခင်ဘဝက်ုRomတို့နဲ့သာဖြတ်သန်း
ခဲ့တာကြောင့် ဘော်ဒါသံကြားရင်မရပါ။
ဘယ်အသက်ရောက်ရောက်မောင်ဟာ
အပေါင်းအသင်းတွေအပေါ်သံယောဇဉ်ထုထည်ကြီးခဲ့မြဲ။
"မင်းတို့ဆီ ခဏလာပြီး Kooကိုကျောင်းအမှီသွား
ကြို ပြီးရင် သူ့ကိုသွားကြိုနိုင်ရင်ရပြီ...
မင်းပါးစပ်လုံဖို့ပဲ Rom...."
"စိတ်ချစမ်း...လာလိုက် အဲ့အလုပ်တွေမင်းမလုပ်လည်း
ဆယ်သက်စားမကုန်ဘူး...."
"ငါ့သား အတွက်ကွ.....လုပ်နေတာ...."
မောင်သည် လုပ်လက်စအလုပ်ကိုမြန်မြန်လက်စ
သတ်ကာ နောက်တစ်ခုကိုထပ်မကိုင်တော့။
စိတ်မပါရင် ဘာမှခေါင်းထဲကမထွက်တာကြောင့်
ကားသော့ယူကာ အပြင်ပြန်ထွက်သွားခဲ့သည်။
လိမ္မာနေပါသည် ဟုဘယ်လိုမှဆွဲယူရေး၍
မရခဲ့သောမောင်ပါလေ......။
..................။
ညနေရုံးဆင်းခါနီးအချိန်တွင် လူလည်းပင်ပန်းနေပြီ
ဖြစ်တာကြောင့် အလုပ်ကိုလက်စသတ်လိုက်ကာ
MD Parkက IG ထဲ ခဏဝင်ကြည့်နေသည်။
Social သိပ်မသုံးတတ်ပေမယ့် တစ်ခါတစ်လေတော့
စိတ်ထွက်ပေါက်လေးအဖြစ် မိနစ်နည်းနည်းတော့
ဟိုကြည့်ဒီကြည့်ဖြင့် အပန်းဖြေတတ်သည်။
ခိုးထွက်အမှတ်တရ......။
Rom၏ Sefileတစ်ပုံသည်တင်ထားတာ
၄၅မိနစ်လောက်တော့ကြာနေပြီ။
ဘယ်သူက ခိုးထွက်တာလဲလို့စပ်စုလိုက်တော့
ဘီယာခွက်တစ်ခွက်ဖြင့် အစွမ်းကုန်ရီမောနေသော
လူဆိုးကောင်.....။
"မောင်ဟာလေ....."
MD က နှုတ်ခမ်းလေးတွေညွှတ်ကိုင်းစွာ
ပြုံးပြီး သူငယ်ချင်းတွေနဲ့ပတ်သတ်လျှင်
သူ့ကိုသိပ်မကြောက်တတ်သော ဒီအဆိုးအပေ
ယောကျ်ားလေး၏ ရီမောနေသောပုံရိပ်လေး
ကိုငေးစိုက်ကြည့်နေသည်။
ဒီအပြုံး နဲ့...ဒီရီမောဟန်လေးတွေ.....
ကမ္ဘာပျက်မတတ် အသက်ထွက်မတတ်
ဆိုးပေခဲ့အုန်း...ခွင့်လွှတ်ခြင်းတွေမှာ
မောင့် ရီသံလေးတွေ မောင့်အပြုံးလေးတွေက
ထိပ်ဆုံးက.....။
ဘဝအဆက်ဆက်မြတ်နိုးခဲ့ရတာ....။
မောင် များ ပြုံးပြလိုက်ရင်...
ParkJimin ဘဝ က သိပ်စိုပြေသွားတယ်...။
လှိုက်မောနေအောင် တက်မက်ရပါသော
မောင့်ရဲ့ ရီသံချိုချိုလေးတွေရယ်.....။
ကြည့်ရတာ လာကြိုဖို့နောက်ကျတော့မယ်ထင်ပါရဲ့။
တစ်ခါတစ်လေ ဆုံကြတာကိုနားလည်တာမို့
လှမ်းမာန်မဲမနေတော့။
နေပါစေတော့လေ။
နောက်Postတစ်ခုထပ်ရွှေ့လိုက်တဲ့အချိန်တွင်
Jimin ၏ အပြုံးလေးတွေရပ်တန့်သွားခဲ့သည်။
"ဟင်!! ဒါ..MinYoongi.....မလား..."
အံ့အံ့ဩဩလေးဖြစ်သွားကာဆိုင်သူလေးက
လှုပ်လှုပ်ရွရွလေးလည်းဖြစ်သွားသည်။
နှုတ်မှတိုးတိုးလေးရေရွတ်ကာဓာတ်ပုံလေးကို
စိတ်ဝင်တစားကြည့်လိုက်သည်။
Jimin သည်Social သုံးရတာမကြိုက်။
ကျန်ခဲ့တဲ့နှစ်တွေတုန်းကဆို လုံးဝကိုနားထားခဲ့သည်။
စီးပွါးရေးကိုသာ စိတ်နှစ်ခဲ့ပြီး ခုအိမ်ထောင်ရေး
စီးပွါးရေး လူမှုရေးအဖက်ဖက်က တည်ငြိမ်မှ
ဒီဘက်တွေကိုပြန်လှည့်နိုင်ခဲ့ခြင်း။
ဒါလည်းတစ်ခါတလေမှကြည့်ဖြစ်သည်။
မောင်ယူသုံးသော အချိန်တွေကပိုများခဲ့သည်။
MinYoongiသည်လည်းသူ့လိုပဲဖြစ်ပါလိမ့်မည်။
MinYoongi Accသည် သူ့Accထဲရှိသေးလို့ရှိသေး
မှန်းတောင်မသိ ။
နှစ်တွေအကြာကြီးမှ မမျှော်လင့်စွာမြင်ရလာသော
ဓာတ်ပုံကြောင့် ဆိုင်သူလေးက ရင်ထဲတမျိုးလေး။
MinYoongiသည်TaeHyung ၏
နှုတ်ခမ်းတွေကို လန်ဒန်တံတားပေါ်မှာ
နမ်းနေသောဓာတ်ပုံလေး..။
10 Years Anniversary တဲ့.....။
ကျန်ခဲ့သော ခြောက်နှစ်တာတုန်းကဖြစ်ရပ်တွေသည်
ခေါင်းထဲတန်းစီဝင်လာကာ TaeHyungကို
လည်း တစ်ခါလေးပွေ့ဖက်ပေးပြီးထဲကလုံးဝကို
မမြင်တွေ့ခဲ့ရတော့။
တွေ့ချင်မြင်ချင်လို့ရှာဖွေကြည့်ရမယ့်ဆက်ဆံရေးတွေ
သိပ်ပြီးမနွယ်သင့်တော့သောကြိုးတွေ
မိတ်ဆွေတွေလည်းမဟုတ်ခဲ့တာကြောင့်
သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် သပ်သပ်စီနှစ်တွေ
ရက်တွေအများကြီး ဖြတ်သန်းခဲ့ပြီးမှ ရုတ်တရက်
ဓာတ်ပုံလေးတစ်ပုံကိုတော့ ဆိုင်သူလေးက ပစ်ပစ်ခါခါတော့ကျော်ခွသွားမယ့်သူမဟုတ်ပါ။
တစ်ခါတစ်လေတော့လည်း ယောင်းကိုသတိရမိတဲ့
အချိန်လေးတွေရှိခဲ့ပါသည်။
စိတ်ရင်းအမှန်နဲ့ဝန်ခံခြင်းတစ်ခု...။
ခမ်းနားလွန်းသော မေတ္တာတစ်ခုကိုဘယ်နှလုံးသားက
လွယ်လွယ်မေ့ပစ်နိုင်ပါ့မလဲ....။
ဆိုင်သူလေးစိတ်ဝိဥာဉ်ရဲ့တထောင့်တနေရာလေးတွင်
တော့ "ယောင်းပါဗျာ..."ဆိုတဲ့အဆိုးအသွမ်းလေးကို
တစ်ခါတစ်ရံတော့ အပြာရောင်ဆံပင်လေးတွေနဲ့
လူငယ်လေးတွေတွေ့တာမျိုးဆို ဖျက်ခနဲခေါင်းထဲ
ဝင်ဝင်လာတတ်တာ လက်ရှိအချိန်တွေအထိပဲ။
ခုတော့ခြောက်နှစ်ဆိုသောအချိိန်တွင်
ယောင်းဆံပင်လေးတွေမပြာလွင်တော့....။
အသက်အရွယ်ကြောင့်ယောင်းကလူကြီးဆန်ဆန်
အညိုရောင်ခပ်ပွပွဆံပင် အညိုရောင်LongCoat
လေးနဲ့.....။
မျက်လုံးလေးတွေသည် ငယ်ရွယ်တုန်းကလို
တောက်ပမနေဘဲ အလွန်တည်ငြိမ်နေသော
အမျိုးသားတစ်ယောက်၏အငွေ့အသက်တွေအပြည့်။
မောင်နဲ့ရန်ဖြစ်ခဲ့စဉ်က မောင့်ထက်အင်အားနည်းသော
ခန္ဓာကိုယ်မျိုးမဟုတ်တော့ဘဲ TaeHyung လူကြီး
ဖြစ်လာပြီပဲ....။
ပွေ့ဖက်မှုလေးတစ်ခုထဲသာတောင်းတခဲ့သော
မေတ္တာဖြူဖြူလေးဟာ အချစ်ခံနေရသော
ဘဝမှာ ဘယ်လောက်အေးချမ်းနေလဲ
ခန့်မှန်းနေစရာမလို.....။
လူဆိုးလေးတွေ လိမ္မာရင် လူလိမ္မာတွေမမှီတော့။
ဘဝလေးအလွန်အေးချမ်းနေရမှန်း
မျက်လုံးလေးတွေကိုကြည့်ရုံဖြင့်သိနိုင်နေခဲ့သည်။
ဓာတ်ပုံကိုသေချာလေးကြည့်မိနေကာ
လက်သည်ipad.Screen ပေါ် လှုပ်စိလှုပ်စိ။
Heartလေးပေးလိုက်ရင်ကောင်းမလား။
ခြောက်နှစ်တောင်ကြာသွားပြီပဲ။MinYoongi နဲ့က
မိတ်ဆွေဟောင်းတွေပဲကို
သူတို့Anniversary လေးကိုအသိအမှတ်ပြုတယ်ပေါ့။
မကောင်းပါဘူးလေ...။ဘာမှအဆက်အစပ်မရှိတော့
တာအကောင်းဆုံးပါ။ဒီလိုလေးနေတာအားလုံး
အတွက်အဆင်ပြေတယ်။
Heartနားလေးရစ်သီရစ်သီလုပ်နေကာ
သဘောကျစွာ ပြုံးယဲ့ယဲ့လေးဖြင့်ကြည့်နေရင်းမှ
ရုတ်တရက်ဝင်လာသောဖုန်းRingtone သံကြောင့်လန့်သွားကာလက်ချောင်းတွေသည်ipad screen
ပေါ်ယောင်းယမ်းထိမိသွားခဲ့သည်။
Heart ကိုသွားနှိပ်မိတာကြောင့်ဆိုင်သူလေး
သည်မျက်လုံးတွေပြူးသွားကာရုတ်တရက်
ဘယ်လိုပြန်နူတ်ရမလဲ မသိခဲ့...။
မကျွမ်းကျင်တာကိုပြပါဆို ဒီအပိုင်းတွေမှာပဲ။
ဖုန်းကိုကိုင်လိုက်တော့မောင်Company
ရှေ့ရောက်နေပြီဖြစ်ကြောင်းလှမ်းဆက်ခြင်း။
ချက်ချင်းထူပူသွားပြီးခဏအကြာယောက်ယက်ခတ်
သွားခဲ့သည်။
Heart လေးကိုနောက်တစ်ခါထပ်ထိလိုက်တော့ကံကောင်းတယ်ဟုဆိုရမလားပျောက်သွားသည်။
သက်ပြင်းကြီးကြီးတစ်ခုချလိုက်ကာ
တော်ပါသေးရဲ့ဟု စိတ်ထဲတွေးပြီးနောက်ipadကိုပိတ်
လိုက်ကာလာကြိုနေသောမောင့်ဆီပြေးရတော့သည်။
ဟင်.............။
ညနေက လူကြီးနဲ့ Anniversary ကိုလျှောက်လည်ပြီး
ပင်ပန်းနေတာကြောင့်အိပ်ရာထဲတွင်ခြေလေးဆင်းကာ
Phသုံးလျှက်နားနေသောTaeHyung သည်ခေါင်းအုံးတွေကိုမှီထားရာမှချက်ချင်းထထိုင်မိသည်။
လူကြီးAccထဲဝင် Anniversary အမှတ်တရပုံလေး
တင်ထားခြင်းတွင် တက်လာသောNotification
လေးတစ်ခု...။
p-j-m koo တဲ့......။Internet ပေါ်တစ်ချိန်လုံး
ရှိနေတာမို့တစ်ဖက်ကအမြန်ဖျောက်ဖျက်ပေမယ့်လည်း
တွေ့ဖြစ်အောင်တွေ့လိုက်ရသောNotiလေး..။
ဆိုင်သူလေးထူပူနေချိန်တွင်TaeHyung တွေ့ပြီးလိုက်ပီ။
လူကြီးAccကမှိုတက်နေတာမို့ တစ်ယောက်ယောက်
လှုပ်ရှားလိုက်ရင်ထင်ခနဲလင်းခနဲ...။
TaeHyungမျက်လုံးလေးတွေဝိုင်းသွားသည်။
လူကြီးဆန်သွားပြီဖြစ်သောအငွေ့အသက်လေးတွေမှာ
ငယ်ငယ်တုန်းကလိုတော့ဂယောက်ဂယက်မဟုတ်။
Ph Screen လေးကို ပြူးကြည့်နေသည်။
PJM ဆိုတာနှစ်ယောက်မရှိနိုင်။
အိပ်ရာပေါ်စနစ်တကျလေးထိုင်လိုက်ကာ
Profile လေးထဲ ဝင်ကြည့်ရမလား
မကြည့်ရမလားစဉ်းစားနေသည်။
TaeHyung သည်ဘယ်တော့မှ သခင့်ကို
မရှာဖွေခဲ့ပါ။ စိတ်ပြတ်ပါ့မယ်ဆိုတော့ကတိကို
လုံးဝတည်ခဲ့ကာ အေးအေးချမ်းချမ်းပဲနေခဲ့သည်။
လူကြီးအပေါ် ထပ်မလုပ်သင့်တော့သော
တဖက်စောင်းနင်းနိုင်မှုတွေကို ထယ်သေချာနားလည်
ခဲ့ကာJimin နာမည်ကိုလုံးဝတောင်ထုတ်မပြောခဲ့။
မရှိခဲ့သောလူလို မသိခဲ့သောလူလို
ထယ်က အလွန်ပြတ်သားခဲ့ပါသည်။
နှစ်တွေကြာမှ မမျှော်လင့်စွာ ပေါ်လာတော့လည်း
စပ်စုချင်စိတ်လေးကပေါ်လာပြန်သည်။
အနည်တွေထိုင်ကာ အတည်တကျတွေလည်း
ဖြစ်နေပြီမို့ အရင်လို ပူပူလောင်လောင်ကြီးလည်း
မဟုတ်တော့။ဘာတွေများပြောင်းလဲနေသလဲဆိုတာ
တစ်ချက်လေးကြည့်လိုက်ချင်ရုံ။
Profile ကဓာတ်ပုံလေးကိုစတွေ့တဲ့အခါ
ထယ့်ရဲ့လေးထောင့်ဆန်
သောအပြုံးလေးတွေဖြစ်တည်လာသည်။
ကလေးလေးကိုချီထားသော သခင်သည်
အစွမ်းကုန်ရီမောနေကာ ကလေးလေးသည်လည်း
အပြိုင်ရီမောနေလျက်။
"Seok ပြောတဲ့ သူတို့အောင်မြင်ခဲ့တဲ့ကလေးလေး
ထင်တယ် ချစ်စရာလေး....အသဲယားလိုက်တာ..."
ကလေးသိပ်ချစ်တတ်သောထယ်သည်Profile
ကပုံလေးကိုကြည့်ကာသဘောကျမဆုံး။
ကျွန်တော်တို့ဘဝတွေမှာ တစ်လမ်းစီမို့
မဖြစ်နိုင်ဆုံးမို့ အပြီးအပိုင်သော့ခပ်သိမ်းလိုက်ရသော
သက်ရှိတစ်ယောက်တော့ရှိတတ်ကြသည်။
သခင်ဟာထယ်လုံးဝပိတ်သိမ်းခဲ့ပြီးသောအခန်းငယ်
တစ်ခု။
ခြောက်နှစ်မျှကြာသွားပီမို့
အရာအားလုံးနေသားတကျဖြစ်နေပါပြီ။
ဒါပေမယ့်တော်ရုံမေတ္တာတွေမဟုတ်ခဲ့တော့လည်း
ထယ်က ကလေးလေးချီကာ ဘဝကို
အေးချမ်းစွာပျော်ရွှင်စွာ ဖြတ်သန်းနေသော
သခင့်ပုံ ကိုမိနစ်တော်တော်ကြာကြည့်နေမိခဲ့သည်။
"ကလေးလေးကJimin နဲ့တပုံစံထဲပဲ..
နည်းနည်းတော့ခိုးကြည့်မယ် မနေနိုင်ဘူး....."
တစ်လောကလုံးက မောင့်ကိုယ်ပွါးငယ်ဆိုသော
ငြား ကောင်းကင်ပြာလေးကတော့
သားဟာ တသမတ် Jimin လို့ပဲမြင်နေခဲ့သည်။
ထယ်သည် ကလေးလေးကို
အသဲယားလွန်း၍Accထဲဓာတ်ပုံလေးတွေ
ထပ်ကြည့်ရန် သွားလိုက်ချိန်တွင်မျက်မှောင်
တွေကျုံ့သွားသည်။
p-j-m Koo Accလေ......။
စမြင်လိုက်ရတာ JeonJungkookမျက်နှာကြီး။
ဒုတိယသည်လည်း သူပဲ...။
ထယ်သည် စိတ်ပေါက်ပေါက်ဖြင့်အစအဆုံး
ဆွဲကြည့်လိုက်တဲ့အခါ ကလေးပုံလည်းမရှိ
Jimin သည်အစွန်အဖျားလေးတောင်မမြင်ရပါ။
JeonJungkook ပိုင်ဆိုင်မှု...။
JeonJungkook အပိုင်...။
JeonJungkook ဟာ....။
အလားတူပိုင်ဆိုင်ခြင်းပြစာတွေနဲ့ Jimin
တစ်Accလုံးသည် Jiminလက်ဖျားတွေ
ဆံပင်စလေးတွေသာပါပီးသူ့မျက်နှာတွေကြီး။
တည်ငြိမ်ရင့်ကျက်နေသော TaeHyung ၏
မျက်နှာသည် ရန်သူတော်ကိုမြင်သည်နှင့်
အရင်TaeHyung ဆီကိုချက်ချင်းကူးပြောင်းသွားသည်။
မရဘူး...ဘဝအချိုးအကွေ့တွေမှာကိုယ့်လူနဲ့ကိုယ်
ဘယ်လိုလိမ္မာဘယ်လိုရင့်ကျက်ပါစေ
KimTaeHyung နဲ့JeonJungkook ထိပ်တိုက်ပြန်တွေ့ပြီ
ဆို အသက်၂၀စွန်းစွန်း လူဆိုးကောင်လေးတွေပဲ..။
ဒါသည်ထာဝရမပြောင်းလဲပါ။
"ဒီကောင်......ခုထိ ငါ့ကိုသွေးတက်စေတုန်းပဲ....
ဘာမှမပြောင်းလဲသေးဘူးပဲ
ကြည့်လို့်မရလိုက်တာကွာ....."
ပွစိပွစိဆဲကာ လိုက်ကြည့်ပြီး ရှားရှားပါးပါး
Jimin နောက်ခိုင်းကာ ဟင်းချက်နေတယ်ထင်ရ
သောပုံတစ်ပုံတော့တွေ့ခဲ့ရသည်။
ငါ့လိုညစာချက်ကျွေးမယ့်သူရှိကြပြီလား။
"ကပ်ပရှင်ကိုက ကလေးလေးကြည့်ချင်လို့
ဝင်မိတာ...ဒီကောင်စိတ်ပျက်စရာ...
တော်ပီ တော်ပီ...."
ကျော်သွားပြီးမှ ထယ်က ထယ်ပါပဲ.....။
အကျင့်ဆိုးလေးကတော့ဖျောက်မရ..။
တအားကိုကြည့််မရလွန်းအားကြီး၍
လူမသိသူမသိ ကပ်တိုးသုံးလေ့ရှိသော
Fake Accတစ်ခုဖြင့် Jimin ပုံအောက်
Comment တစ်ခုဝင်ရေးဖြစ်အောင်ရေးလိုက်သည်။
ဒီကောင့်ကိုဆိုဒုက္ခမပေးရရင်ကိုတကယ်မနေနိုင်တာ။
အသက်ဘယ်လောက်ကြီးလာကြီးလာ
အဲ့လို အမြင်ကပ်စရာ တံဆိပ်တွေအရမ်းကပ်တိုင်း
ရှို့လိုက်ရမှ...။
ဒီလူဆိုးလေးသည်လည်း ဆွဲယူရေး၍မရခဲ့။
Jimin❤️.......I Miss You...❤️
"အဲ့လောက်တောင်ငါ့ဟာ လုပ်ချင်တာ
အသက်၂၅နောက်ပိုင်းဖြစ်သွားလို့ အရာအားလုံးအပေါ်
လူကြီးဆန်ဆန်ကြည့်လာတတ်ပေမယ့်
JeonJungkook ရေ မင်းတစ်ယောက်ကတော့
ချွင်းချက်ပဲ လောင်စမ်း ဘယ်သူ့Accမှန်းမသိ
ဘယ်သူရေးမှန်းမသိ....ဆက်ဆက်ခါနေမဲ့ပုံကို
လန်ဒန်ကနေ လှမ်းတွေးပြီး အားရနေမယ်....
ငါ့ဟာ ငါ့ဟာ ဘာငါ့ဟာလဲ....."
ထယ်ယောင်းသည် ရှားရှားပါးပါးမျက်နှာမြင်ရ
သောProfile လေးကိုနောက်ဆုံးကြည့်ပြီးချစ်စရာကောင်းစွာပြုံးလိုက်ကာဖုန်းScreen ကိုပိတ်လိုက်ပြီး
အိပ်ရာပေါ်မှပြေးဆင်းသွားသည်။
" လူကြီး ထယ် ဗိုက်ဆာတယ်....."
လူကြီးက စတော်ဘယ်ရီတွေကိုသေသေချာချာ
လှီးနေကာ TaeHyung အသံကြားသည်နှင့်
လှည့်ကြည့်ကာပြုံးပြလာသည်။
လူကြီးပြုံးပြလိုက်တိုင်း သိပ်ချစ်စရာကောင်း
တာကြောင့် လူကြီးပါးလေးကိုရွှတ်ခနဲနမ်းလိုက်ကာ
စတော်ဘယ်ရီလေးတစ်စိတ်ကိုပါးစပ်ထဲပစ်ထည့်
လိုက်သည်။
"ဘာတွေမဟုတ်တာလုပ်လာပြန်ပြီလဲ
မျက်နှာလေးက မှိုရနေတယ်..."
"လူကြီး Accလေး ယူပြီး Kissနေတဲ့ပုံလေး
တင်ရုံပါပဲ....."
"မင်းတစ်ခုခု လုပ်ထားတယ်ဆိုတာ
လူကြီးသိနေတယ်နော်...."
"မလုပ်ပါဘူးဆိုဗျာ...ထယ် ကလေးမဆန်တော့ပါဘူး..."
ခက်တာပါပဲ...ဆယ်နှစ်ကျော်အတူတူနေပြီးတော့
လူကြီးကအလွတ်ရတာထက်ပင်လွန်နေပြီ။
လှပလွန်းတဲ့ ချည်နှောင်ခြင်းတွေ.....။
ခိုင်မြဲလွန်းတဲ့သံယောဇဉ်တွေ....။
အချစ်ထက် လွန်တဲ့ အမှတ်တရတွေ...။
လူကြီးနဲ့ကျွန်တော်ရဲ့ Relationship က
အချစ်နဲ့ချည်နှောင်ခဲ့တာပါလို့ ပြော၍မရခဲ့..
သေချာပေါက် သံယောဇဉ်တွေအမှတ်တရတွေ
နဲ့သာချည်နှောင်ခဲ့သောဘဝနှစ်ခုပါ....။
ဒါပေမယ့် ကျွန်တော်တို့အများကြီးဖြတ်သန်းခဲ့ပြီးတဲ့
နောက်ပစ္စုပန်မှာတော့ ကျွန်တော့်ဘဝမှာ
အရေးကြီးဆုံး အရေးပါဆုံး
တန်ဖိုးအရှိဆုံး နဲ့ အချစ်ရဆုံးကတော့
MinYoongiကလွဲ ဘယ်သူ့မှမရှိတော့.....။
"မလုပ်ရင်လည်းပြီးတာပဲ...ဖျော်ရည်ဖျော်မလို့
ဒီတိုင်းတွေမစားနေနဲ့လေ....."
"ဒါဆို..ပြန်ယူ...လေ...."
ထယ်က နှုတ်ခမ်းဖျားနားလေးတေ့ကာကိုက်ထားသော
စတော်ဘယ်ရီလေးတစ်စိတ်ကိုMinYoongi နှုတ်ခမ်း
နားသို့နှုတ်ခမ်းလေးနဲ့ပြန်ပို့သည်။
လူကြီးလည်း သိပ်တုံးတုံးအအမှမဟုတ်ဘဲ...။
ချစ်စရာကောင်းစွာတိုးကပ်လာသောအသဲပုံနှုတ်ခမ်းလေးရော..စတော်ဘယ်ရီလေးကိုပါအကုန်စားပစ်လိုက်
ဖို့ အတွေးသည်လင်းခနဲလက်ခနဲ.....။
ကောင်းကင်ပြာလေး၏နှုတ်ခမ်းလေးတွေအား
စတော်ဘယ်ရီလေးနဲ့ရောချကာ လူကြီးက
ခစားလိုက်တော့ ထိုနှုတ်ခမ်းလေးတွေကလည်း
သွက်လက်စွာပြန်တုံ့ပြန်လာသည်။
ရှက်ကြောက်ခြင်း အထာကိုင်ခြင်းတွေကို
ဘယ်သက္ကရာဇ်မှာသွားပြန်ရှာရမှန်းမသိ။
လူကြီးက ပြုံးပြလည်းချစ်ပစ်လိုက်ချင်စရာ
နမ်းပြလည်းချစ်ပစ်လိုက်ချင်စရာ
KimTaeHyung ဟာ တနေ့တခြား
MinYoongi ရဲ့ ချစ်ချင်စရာအဖြာဖြာကိုထပ်တိုး
တွေ့ရှိကာ ချစ်၍ပင်မဝနိုင်တော့....။
ခင်ဗျားတို့ကို ကျွန်တော်သေချာတဲ့ကတိတစ်ခု
ပေးနိုင်ပါတယ်....။
ကျွန်တော့် လူကြီးကို ဘဝအဆုံးအထိ
သံယောဇဉ်နဲ့အချစ်တွေပေါင်းစပ်ထားတဲ့
အကြင်နာတွေနဲ့ ၁၀နှစ်စ နောက်အနှစ်၁၀၀ ၁၀၀၀
အထိ သဲသဲလှုပ်ချစ်သွားပေးပါ့မယ်လို့....။
"ဘယ်လောက်နမ်းနမ်း မဝခဲ့တဲ့နှုတ်ခမ်းလေး...
စတော်ဘယ်ရီတွေလ်ိုပဲ ချိုလိုက် ချဉ်လိုက်နဲ့...."
"Coca-Colaလို လူကြီးနှုတ်ခမ်းတွေကလည်း
ထယ့် Favorite ပဲ.....အရမ်းကြိုက်...."
ကျွန်တော် အများကြီးတည်ဆောက်ပြီးတဲ့နောက်
နောက်ဆုံးတော့ ထယ့်မျက်လုံးတွေ နှလုံးသားတွေ
ထဲကျွန်တော် လုံးဝပျော်ဝင်ခဲ့နေတာနှစ်တချို့တော့ရှိ
နေပြီ။
လူတစ်ယောက်ကကိုယ့်ကိုတကယ်ချစ်သလား
မချစ်သလားဆိုတာ သိရဖို့က ဘာမှစမ်းသပ်စရာ
မလိုနှလုံးသားထဲကအလိုလိုသိရတာမို့
အရူးအမူးလိုချင်ခဲ့တဲ့ ထယ့်ချစ်ခြင်းမေတ္တာတွေကို
လူဆိုးလေး ရဲ့ မျက်လုံးလှလှလေးတွေကနေ
ဆယ်နှစ်အထိ ခရီးပေါက်ခဲ့ပြီးနောက်တော့
ကျွန်တော် MinYoongi အောင်မြင်စွာရရှိခဲ့ပါသည်။
သိပ်တော့မကြွားချင်....။
အချစ်ခံနေရ၍မအားလပ်....။
ပြောရင်ဆိုရင်းပဲ ထယ်က ဒုတိယအကြိမ်
အနမ်းတွေပြန်စတင်ကာ စတော်ဘယ်ရီဖျော်ရည်
မဖျော်ဖြစ်တော့။
Anniversary Dayမို့
ကျွန်တော်တို့နှစ်ယောက် စတော်ဘယ်ရီလို
ချိူချိုချဉ်ချဉ်အချစ်ကမ္ဘာထဲပဲတန်းတန်းမတ်မတ်
တိုးဝင်သွားခဲ့ကြသည်။
နှစ်ကြာလို့သူများတွေကသွေးအေးလာတာ
MinYoongi ကတော့ ကြာလေ လွင့်လာလေ
ဝိုင်ပုလင်းတစ်ခုလ်ိုပဲ......။
နှစ်ကြာလေ....ကောင်းကင်ပြာလေးနဲ့တိမ်တိုက်လေးက
သွေးတွေပူလေပဲ.......။
စတော်ဘယ်ရီကောင်လေးနဲ့ ကမ္ဘာအဆုံးအထိပဲ....။
IGက Comment ကိုတော့တစ်ယောက်သောသူက
ဖတ်ဖြစ်လိုက်ဖို့များပါသည်။
.......................................။
ဆုေတာင္းေကာင္းျခင္း ဆုေတာင္းတတ္ျခင္းေတြေၾကာင့္
ဇာတ္အိမ္တစ္ခုလုံးမွာနာမည္အႀကီးဆုံး
ထက္ထက္ျမက္ျမက္ဆိုင္သူေလးသည္
အထင္ကရေသာ ကိုယ္ပြါးငယ္ေလးျဖစ္တည္နိုင္ၿပီ
ေအာင္ျမင္နိုင္ၿပီဟု သိလိုက္ရတဲ့အခ်ိန္မွာ
ခ်စ္စရာေကာင္းေသာအတၱေလးဟုဆိုနိုင္မလား
ဆုတစ္ခုေတာင္းခဲ့ပါသည္။
ေမာင္ ေတာင္းဆိုခဲ့စဥ္က
"မင္းနဲ႔ခၽြတ္စြတ္မ်ားတူလာရင္ေရာ...ဆိုတဲ့
မဲဆြယ္မွုေလးကိုလည္းစိတ္အလြန္စြဲခဲ့သည္။
ခၽြတ္စြတ္သာတူၾကည့္ ေမာင္သည္ထားစရာမရွိေအာင္
အေသအလဲခ်စ္ျပအုန္းမွာမလြဲ....။
ဒါကိုလည္းလိုခ်င္ခဲ့သည္။
ေမာင့္ကိုပဲဘဝတစ္ေလၽွာက္လုံးအလိုလိုက္
အႀကိဳက္ေဆာင္ခဲ့တာေၾကာင့္မီးေတာင္ေလးက
ဒီတစ္ခုေလးက် ကိုယ့္ဘက္ကိုယ္ပိုသာစြာေတြးလိုက္
သည္။
ကေလးေလးက္ို သူ႔အတိုင္းေလး လိလိမၼာမၼာ
ရိုရိုက်္ိုးက်ိဳးျဖစ္ေစခ်င္ခဲ့သည္။
ေမာင့္ ကိုမခ်စ္၍မဟုတ္...။
ေမာင့္တစ္ေယာက္၏ဒုကၡနဲ႔တင္တစ္ခါတစ္ရံ
ေလာကကိုစိတ္ကုန္ကုန္ေနတတ္လို႔သားသည္
ေခါင္းစေျခဆုံး သူ႔လိုမ်ိဳးေလးပဲျဖစ္လာကာ
စိတ္ပိုင္းဆိုင္ရာကအစႏူးညံ့သိမ္ေမြ႕ၿပီး
ယဥ္ေက်းလွေသာ ကေလးေလးပဲျဖစ္ေစခ်င္ခဲ့တာ
လူလိမၼာMD Park၏ ေလာဘေသးေသးေလး..။
အတိအက်ႀကီးျဖစ္ကိုျဖစ္ရမယ္လို႔မဟုတ္ေပမယ့္
လည္း ျဖစ္ေတာ့ျဖစ္ခ်င္ခဲ့တာမို႔ကံၾကမၼာကို
ထပ္စမ္းသပ္ခဲ့တဲ့သူ။
လိမၼာလြန္းေသာ ေတာ္လြန္းေသာ သိပ္ထက္ျမက္လြန္း
ေသာလူမ်ိဳးမို႔သူဒီလိုေလး သားသမီးကိုျဖစ္ေစခ်င္
တာအမွားတစ္ခုေတာ့မဟုတ္ခဲ့ပါ။
ဆုေတာင္းေကာင္းျခင္း ဆုေတာင္းတတ္လြန္းျခင္း
အရည္အခ်င္းကိုဆိုင္သူေလးက
ဒီေနရာမွာေကာင္းေကာင္းအသုံးခ်ခဲ့သည္။
ဒီဘဝမွာေတာ့ သူဒီတစ္ခုေလးသာဆုေတာင္းခဲ့တာပါ။
...ေမာင္ခ်စ္တာထက္ ကၽြန္ေတာ္ကေမာင့္ကို
ပိုသာခ်စ္တာမ်ားမွန္ခဲ့ရင္...သားဟာ.ParkJimin
အေသးစားေလး အျဖစ္ ေလာကႀကီးထဲကို
ေရာက္လာပါေစ.....။
MDသည္ လုံးဝတိတ္တိတ္ေလးႀကိတ္ဆုေတာင္းခဲ့သည္။
ေမာင္ကေတာ့ ဘယ္သူဘယ္ဝါနဲ႔တူခ်င္ပါတယ္
သိပ္အာ႐ုံမရွိခဲ့ေပမယ့္ MD Parkကဒုတိယေျမာက္
ျဖစ္လာနိုင္ေသာဒုကၡေကာင္ေပါက္စေလးကို
မထိန္းခ်င္လြန္း၍ ႀကိဳကာကြယ္ထားကာအေလာတႀကီး
စိတ္ႏွစ္ေတာင္းခဲ့တဲ့ဆုတစ္ခု.....။
ေသေသခ်ာခ်ာကိုျပည့္ဝခဲ့ပါသည္။
...........။
6 Years Later........။
အမုန္းေတြ အခ်စ္ေတြ စြဲလန္းျခင္းေတြ ေပးဆပ္ျခင္းေတြ
အ႐ူးအမူးေသာျဖစ္ရပ္ေတြ ႏွလုံးသားကြဲေၾကစရာ
ျဖစ္ရပ္ေတြအားလုံးခ်ဴပ္ၿငိမ္းသြားခဲ့ၿပီး
ေျခာက္ခုေျမာက္ ေဆာင္းရာသီေပါ့.....။
JEonစံအ္ိမ္ေတာ္ႀကီးသည္ December လ၏
မနက္ေစာေစာတြင္ေအးခ်မ္းသာယာစြာ...။
အိမ္ေတာ္ထိန္းႀကီးသည္ ၿခံဝန္းထဲ က်န္းမာေရး
အရလမ္းေလၽွာက္ေနကာ ႏွင္းမွုံေလးေတြျဖင့္
မနက္ခင္းေလးသည္ အလြန္လွပေနလ်က္ရွိသည္။
"ေမာင္ ေရ.......ထေတာ့....၇:၀၀ရွိေနၿပီ
ဒီေန႔ အေရးႀကီး ကိစၥရွိတယ္ဆို...."
အိပ္ခန္းထဲကို နာရီပတ္ရင္း ဝင္လာေသာ
MD Park၏ အသံသည္ တစ္အိမ္လုံး
ၾကားရသည္အထိက်ယ္ေလာင္စြာ....။
"ေမာင္.....!!!!!"
"ဗ်ာ......"
ဗ်ာ သည္ ေမာင္အစစ္ထံမွမဟုတ္..။
MD Park၏မ်က္ႏွာသည္ ခ်က္ခ်င္းတင္းမာသြား
ကာ အိပ္ရာဆီကိုေျခသံျပင္းျပင္းျဖင့္ေလၽွာက္
သြားေတာ့ ေမာင္အစစ္ရင္ခြင္ထဲတြင္
ျပဳံးျဖဲျဖဲျဖင့္သူ႔ကိုၾကည့္ေနေသာ အေကာင္ေသးေသးေလး။
"မင္း လာခဲ့....စမ္း..."
"မလာခ်င္ဘူး...."
"Koo!!!!"
"ဗ်ာ လို႔ ထူးတာ ဘာျဖစ္လ္ို႔လဲ
Daddy အစား ထူးေပးတာကို...."
MD သည္ အိပ္ေမာက်ေနေသာေမာင့္ရင္ခြင္ထဲက
အေကာင္ေသးေသးေလးကို ဆြဲထုတ္ေတာ့
ပါလာသည္။
ထိုအေကာင္ေလးသည္ ႀကီးမားဝိုင္းစက္ေသာ
မ်က္လုံးေလးေတြနဲ႔ ေပ်ာ့ေပ်ာင္းလြန္းေသာ
အနက္ေရာင္ဆံပင္အုပ္အုပ္ေလးေတြပိုင္ဆိုင္သည္။
ခပ္ေဖြးေဖြးအသားအရည္ေလးနဲ႔အတူ
ႏွုတ္ခမ္းေအာက္ကမွဲ႕ေလးတစ္ခုႏွင့္
ျပဳံးရီလိုက္တိုင္းေပၚထြက္လာေသာေရွ႕သြားေလး
ႏွစ္ေခ်ာင္းသည္သိသိသာသာေလးႀကီးေနေသးသည္။
၂၁ရာစုက်မွ တက္တက္စင္ေအာင္လြဲခဲ့ေသာ
ဆုေတာင္းမွားျခင္းအေၾကာင္းျပန္မေျပာခ်င္ေတာ့။
ဆုေတာင္းေတြတစ္ေလၽွာက္လုံးေကာင္းခဲ့တာ
ဒီတစ္ခုက်မွ အဖက္ဆယ္၍မရခဲ့....။
ခင္ဗ်ားတို႔ႀကိတ္ရီေနမွာကိုေသခ်ာသိသည္။
MD Park၏ Imageကိုေတာ့အပ်က္မခံ။
ေမာင့္ကို မိတၳဴဆိုင္သြားၿပီး
Scanဖတ္ခ်လိုက္သလိုထြက္လာေသာ
ေမာင့္ရဲ့..Copyေကာင္ေလး...။
ခၽြတ္စြတ္ပဲ.....။ဘယ္ေနရာမွလြဲတာမရွိ....။
ဒါေလးကိုျမင္တိုင္း MDက ေသြးအျမဲတမ္း
တက္သည္။
ဝိုင္းစက္ေသာမ်က္လုံးေလးေတြျဖင့္
ထိုးထိုးေထာင္ေထာင္ဆံပင္ေလးေတြနဲ႔အတူ
ေမာင့္ ကိုခ်ဳံ႕ၾကည့္ေနရသလိုပဲ။
အျပဳအမူ အေျပာအဆို အားလုံးအားလုံး
တစ္ခုမွမလြဲ.....။
"ပါးပါး ဘာေျပာထားလဲ....
Kooေရ ေခၚလို႔မွ ဗ်ာ လို႔ထူးရမွာေလ...
ေနာက္တစ္ခါဆို တင္ပါးက္ိုလွန္ၿပီးငါရိုက္မွာေနာ္..."
"ပါးပါး...က သိပ္ခြဲျခားတာပဲ..."
"တိတ္စမ္း...မ်က္ႏွာသစ္ေတာ့
ေက်ာင္းသြားရမယ္...."
ေရခ်ိဳးခန္းထဲ သြားတိုက္ေဆးထည့္ေပးခဲ့ကာ
MD က အျပင္ျပန္ထြက္လာသည္။
ဒီအရြယ္မွာ တခ်ိဳ႕ကေလးေတြကေတာ့ အစအဆုံး
လိုက္ဂ႐ုစိုက္ေပးဖို႔လိုအပ္ေပမယ့္MD Parkရဲ့
သားပင္မို႔ ခ်ထားေသာစည္းစနစ္ေတြၾကား
Koo ဆိုေသာ ရင္ႏွစ္သဲခ်ာေလးဟာ
သူ႔တာဝန္သူ ေျခာက္ႏွစ္သားထဲက ေသေသခ်ာခ်ာ
ယူတတ္ေနခဲ့ၿပီ။
"ေမာင္....ထေတာ့ လ္ို႔.....၇နာရီေက်ာ္ေနၿပီ...."
"အင္း......."
"ကိုယ္က ပိုင္ရွင္ျဖစ္ၿပီး ကိုယ္တိုင္ကေနာက္
က်ေနရင္ လက္ေအာက္ငယ္သားေတြက
ဘယ္ေလးစားပါ့မလဲ...ကိုယ္ဒါကိုဘယ္ႏွႏွစ္အထိ
ေျပာေနရအုန္းမွာလဲ ေမာင္....."
ေဆာင္းမနက္ခင္းေတြကအိပ္ရာထရတာသိပ္ခက္
လြန္းပါသည္။မထခ်င္ပါ...။
ဘာလို႔မ်ား ဒါေတြကိုလုပ္မယ္လို႔အာမခံမိလည္း
မေျပာတတ္။JeonJimin တစ္ေသြးတစ္သံတစ္မိန့္
ဘဝသည္ တစ္ခါတစ္ေလေတာ့ ေအာ္ငိုလိုက္ခ်င္စရာ
ေကာင္းပါ၏။
ေခါင္းအုံးထဲအိပ္ရာႏွိုးေနေသာအသံကိုမၾကားရေအာင္
တိုးဝင္ကာေမွးလို႔ရသမၽွဆက္ေမွးေနခ်ိန္ေမွး၍လည္း
မရပါ မနက္ခ်ိန္ခါေတးသံသာမ်ားသည္ေပၚထြက္လာ
ေတာ့သည္။
"Koo !!!! Daddy ေခါင္းလိမ္းဆီေတြယူမလိမ္းရ
ဘူးလို႔ ပါးပါးေျပာထားတယ္ေလ
ကေလးက အနံ႔ျပင္းတာေတြမသုံးရဘူး
မွန္တင္ခုံေပၚက ခုဆင္းခဲ့စမ္း!!!!"
"Koo မွ ကေလးနံ႔မႀကိဳက္တာ....ပါးပါးနမ္းခ်င္
ေအာင္ Daddy လိုအနံ႔ရဖို႔လိုတယ္...."
MDသည္ ႐ုံးသြားရန္ျပင္ဆင္ေနရင္းမွ
မွန္ထဲဝင္မတတ္ သူ႔အေဖနဲ႔တပုံစံထဲအလွႀကိဳက္လြန္း
ေသာ မွန္တင္ခုံေပၚအထိတက္ကာအလွျပင္တတ္ေသာေမာင့္Copyေလးကိုခ်ီကာ
ေက်ာင္းဝတ္စုံလဲရန္စီစဥ္ေနရျပန္သည္။
"ပါးပါးက ဒါကိုမလုပ္နဲ႔ဆိုရင္ သားက
လုံးဝဆင္ျခင္ရမယ္...ပါးပါးကမသင့္ေတာ္လို႔
ေျပာတာ..."
"ပါးပါး ကလည္း နည္းနည္းေလး လိမ္းၾကည့္ခ်င္တာ
Daddy က် ေန႔တိုင္း လိမ္းရၿပီး...."
ပါးႏွစ္ဖက္ကို လက္ေသးေသးေလးေတြနဲ႔
လာကိုင္ကာ ခၽြဲျပပုံသည္လည္း အိပ္ရာေပၚက
လူအတိုင္း...။ဒါေပမယ့္လက္ကေလးေတြကေတာ့
ParkJimin ရဲ့လက္ကေလးေတြ။
"Koo မင္း ဘာလို႔ ေျပာမေကာင္းဆိုမေကာင္း
ျဖစ္ရတာလဲ....ငါဆုံးမရတာေမာေသေတာ့မယ္
မင္း Daddyလို လိုက္လုပ္ခ်င္လို႔မရဘူး
သူက လူႀကီး...."
"Daddy က သူလူႀကီးမဟုတ္ဘူးတဲ့
သူလည္း ကေလးပဲတဲ့...."
"အားးး....႐ူးေတာ့မွာပဲ....!!!!"
"ပါးပါးက ကေလးေလးေမြးထားၿပီး
တစ္ခါမွစိတ္မရွည္ဘူး....ဆူေနတာႀကီးပဲ..."
"ဘာျဖစ္လဲ....မလိမၼာရင္ဆူမွာပဲ...
ေက်ာင္းဝတ္စုံလဲ....Necktie ကိုေသခ်ာခ်ည္
ပါးပါး မေန႔ကသင္ေပးထားသလို..."
"Koo မသိေတာ့ဘူး...."
"မင္း လား မသိေတာ့မွာ
လဲ လိုက္ေတာ့ ခုခ်က္ခ်င္း!!!!"
MD Park၏ဟိန္းခနဲေသာေအာ္သံမွာ
စူပုတ္ပုတ္ျဖင့္အေကာင္ေပါက္ေလးက
ေက်ာင္းဝတ္စုံလဲေနသည္။
လဲေပးစရာမလို....စနစ္တက် Necktie
ေလးကအစေသခ်ာစည္းေႏွာင္တတ္ေအာင္
MDက ပုံစံခ်ထားသည္။
တစ္ေခါက္ေျပာ႐ုံနဲ႔သိသည္။နားလည္လြယ္သည္။
ျဖတ္ထိုးဥာဏ္အလြန္ေကာင္းကာ
ေတာ္႐ုံ ကေလးေပမယ့္ကေလးမဆန္တတ္ေသာ
Kooဟာ ေမာင့္အေငြ႕အသက္ေတြႀကီးပဲေတာ့
မဟုတ္ခဲ့....။
"ဆူညံေနတာပဲ အိပ္ေရးမဝရတဲ့ၾကားထဲ...."
ဘယ္လိုမွဆက္အိပ္၍မရ...။
တစ္ခြန္းမခံေသာ အေကာင္ေပါက္ေလးနဲ႔
ခံေျပာရင္ ေဒါသထြက္ေသာ MD၏
အဆုံးမဲ့ ရန္ပြဲေတြသည္အိမ္ႀကီးထဲမ်က္ႏွာခ်င္းဆိုင္တာ
ႏွင့္စေတြ႕ၾကၿပီ။
Kooစကားစေျပာတတ္ထဲက ဒီဒဏ္ကိုေမာင္အခ်ိန္တိုင္း
ခံခဲ့ရသည္။
သဘက္တစ္ခုယူကာ ေရခ်ိဴးခန္းထဲဝင္ေတာ့
"ေမာင္ ၁၅မိနစ္ပဲေနာ္!!!!"
"ဟုတ္ ဟုတ္ ဟုတ္ကဲ့!!!!!"
ခရစ္စမတ္နားနီး၍အျပင္ပတ္ဝန္းက်င္းရာသီဥတု
သည္သိပ္ေအးခ်မ္းေသာ္ျငား ေမာင္တို႔မိသားစု
သုံးေယာက္ကေတာ့ ဘယ္ေသာ္အခါမွမေအးခ်မ္းခဲ့ပါ။
"ပါးပါး....စာအုပ္ေလးေတြစစ္ေပးပါအုန္း..."
အလုပ္စားပြဲေပၚကLaptop ႏွင့္ ipadကိုပိတ္ကာ
အိတ္ထဲထည့္ေနခ်ိန္ ေက်ာပိုးေလးထိုးေပးလာ
တာေၾကာင့္ လုပ္လက္စကိုခဏထားကာ
မူလတန္းေက်ာင္းသားေလး၏စာအုပ္ေလးေတြကို
စစ္ေပးရသည္။ေပါင္ေပၚကုတ္ကတ္တက္လာကာ
Kooက ဖြဖြေလးဖက္ကာ ရႊတ္ခနဲနမ္းေတာ့
MD က ျပဳံးသည္။
"ခ်စ္စရာ ပါးပါးကေလးေလး....."
MD၏အေျပာင္းအလဲျမန္လြန္းေသာ
အေျခအေနမ်ားသည္လည္းသိပ္အဆန္းေတာ့မဟုတ္။
"ပါးပါး ကို အရမ္းခ်စ္တယ္...."
"ခ်စ္ရင္ လိမၼာ.....မလိမၼာရင္ပါးပါးကမခ်စ္ဘူး..."
မ်က္လုံးရြဲႀကီးေတြျဖင့္ ေျခာက္ႏွစ္သားထဲက
ရင္ကိုထိေအာင္ၾကည့္တတ္သည္။
သူ႔အေဖအတိုင္း...မခ်စ္ဘူးေျပာရင္ငယ္သြားေသာ
မ်က္ႏွာေလးသည္ သိပ္သိပ္ခ်စ္စရာ။
ခ်စ္တာမ်ားေလ....႐ူးမတတ္ကိုဒါေလးကို
အသဲတယားယားခ်စ္ရတာ....။
"စတာ စတာ...Kooငယ္ေလးက ပါးပါးအသက္..."
"စ စရာ မဟုတ္ဘူးေလ ပါးပါးရာ...."
"..နမ္းခ်င္လာၿပီ
ေမႊးေနတာပဲ ပါးပါးKoo ေလးက...."
တရႊတ္ရႊတ္နမ္းေပးေတာ့ကေလးပီပီခ်က္ခ်င္း
စိတ္ေက်နပ္သြားသည္။
တပုံစံထဲေတြ ပါပဲ....။
အဲ့ဒီလို တပုံစံထဲေတြ မထိိန္းခ်င္လြန္းလို႔
သစၥာေတြဘာေတြပါသြားဆိုမိတာတန္းခနဲေရာက္ခ်
ခဲ့ေရာ...။
ဒါေပမယ့္လည္း ဆိုင္သူေလး မခ်စ္ဘူးလားေမး
စိတ္ဆိုးပါလိမ့္မည္။
ေမာင့္အေသးစားေလးကို ထားစရာေနရာပင္မရွိ။
လူအျမင္ကပ္ရေလာက္တဲ့အထိMD Parkက
သဲသဲလွုပ္ရယ္။
"ေမာင္ၿပီးၿပီ Jimin....."
"အင္း လာ ၿပီ...."
Kooကိုေခ်ာ့ေမာ့နမ္းေနရင္းမွ ခုံေပၚခဏေလး
ထိုင္ခိုင္းခဲ့ကာ ေမာင့္ဆံပင္ေတြကိုသုတ္ေပးၿပီး
စိတ္တိုင္းက်အဝတ္အစားတစ္စုံထုတ္ကာ
ဆိုင္သူေလးက လဲေပးေနသည္။
"Daddy ....."
"ဗ်ာ....."
"Koo က် ေက်ာင္းဝတ္စုံကိုယ့္ဟာကိုယ္ဝတ္ရတယ္..."
"Koo ကို ကိုယ့္အားကိုယ္ကိုးတတ္ေအာင္
ပါးပါးကသင္ေပးတာေလ ပါးပါးငယ္ငယ္ကလည္း
အဲ့လိုပဲ...."
"Daddy ကိုလည္း သင္ေပးလိုက္ေလ
ပါးပါး က ခြဲျခားလြန္းတယ္..."
"Koo ကို အရမ္း အတိအက်ပုံစံေတြမခ်ပါနဲ႔
Jimin ရယ္....ကေလးေလးပဲရွိေသးတာေလ...."
"ဒီေလာက္ ကိုယ္ဖိ တာေတာင္ ေမာင့္သား
အေၾကာင္းေမာင္သိေနတာပဲ...ကိုယ့္ကိုဆို
တစ္ခြန္းမခံဘူး...."
"ဘယ္သူ႔ကို ခံလို႔လဲ.....ဆိုးပါေစကြာ...."
"မဆိုးရပါဘူး....တစ္ကန့္စီပဲ ေဘာင္လြတ္စည္းလြတ္
ကိုယ့္ကေလးကို မပ်ိဳးေထာင္နိုင္ဘူး
ကစားခ်ိန္ စားခ်ိန္ စာသင္ရမဲ့အခ်ိန္
မိဘေတြအေပၚခၽြဲရမယ့္အခ်ိန္ ေလးစားမွုရွိရမယ့္
အခ်ိန္ စနစ္တက်ျဖစ္ေနရမယ္....."
"ေမာင့္ လို ျဖစ္ လာမွာစိုးလို႔လား...."
ေမာင္ကျပဳံးယဲ့ယဲ့ျဖင့္ေျပာေနေပမယ့္
မခ်ိျပဳံးေတြမွန္းမီးေတာင္ေလးကေသခ်ာသိတာေပါ့။
ဒုကၡေကာင္ေလးကမိုက္ခဲ့တဲ့အတိတ္ေတြအတြက္
အျမဲမလုံမလဲ...။
ေမာင္က Gentleman တစ္ေယာက္လိုေတာ့
ေျခာက္ႏွစ္ေက်ာ္အခ်ိန္ကာလမွာမေျပာင္းလဲသြားခဲ့ပါ။
၂၅ႏွစ္ေနာက္ပိုင္း အမ်ိဳးသားတစ္ေယာက္ျဖစ္လာ
ေပမယ့္ ေမာင္ဟာ အရင္လို မိုက္တိမိုက္ကန္း
ကေလးတစ္ေယာက္အေဖပါပဲ...။
ဆိုင္သူေလးက ေမာင့္ရဲ့တန္းစီေနသာနားေပါက္ေတြထဲ
နားကပ္လွလွေလးေတြတပ္ေပးရင္းမွရပ္သြားသည္။
"ေမာင္ က ဘာျဖစ္ေနခဲ့လို႔လဲ...
ေမာင္ ဘာမွမျဖစ္ခဲ့ပါဘူး...မေတြးပါနဲ႔အဲ့လိုေတြ
ကိုယ့္ေစတနာက ေမာင္ဟာ သားကိုအေကာင္းဆုံး
ျပဳစုပ်ိဳးေထာင္နိုင္ခဲ့တဲ့အေဖေကာင္းတစ္ေယာက္
လို႔ အမ်ားကိုသိေစခ်င္တာ....ပါ..."
"ခ်စ္တယ္....ေမာင့္အပိုင္ေလး...."
"အသက္ႀကီးလာေလေလ ေမာင္ကအသဲငယ္
လာေလေလပဲ..ေနာ္...."
"ပါးပါး Koo ေက်ာင္းေနာက္က်ေတာ့မယ္...."
ခုံေပၚတြင္ေမးေလးေထာက္က အေဖႏွစ္ေယာက္
ကိုစိတ္ပ်က္လက္ပ်က္ၾကည့္ေနေသာJeonအိမ္ေတာ္ႀကီး၏အသဲႏွလုံးေလးဆီ ေမာင္ကသြားကာ
ေကာက္ခ်ီလိုက္သည္။
"ၿပီးပါၿပီဗ်ာ....ဆင္းၾကမယ္...."
ေမာင္က Kooကိုခ်ီကာ ထြက္သြားသည္ႏွင့္
ဆိုင္သူေလးကလိုအပ္သည္မ်ားယူကာ
မနက္စာစားရန္ေအာက္ထပ္သို႔ဆင္းခဲ့သည္။
"မနက္က ပါးပါးက ေမာင္လ္ို႔ေခၚတာ
Koo အစားထူးလိုက္တာ အမာန္ခံရတယ္Daddy..."
Kooက ေမာင့္နားနားေလးကိုလက္ေသးေသးေလး
ေတြနဲ႔ကြယ္လၽွက္ကပ္ကာအတင္းစေျပာလာသည္။
"မင္း ပါးပါးမႀကိဳက္တာေတြဆို လုပ္သာလုပ္
Daddy ရွိတယ္...."
"Koo အိမ္စာေတြလည္းမပီးေသးဘူး...."
"လုပ္မေနနဲ႔...."
"လုပ္ေတာ့လုပ္ရမယ္ Daddy
Kooကပထမပဲရခ်င္တာ ညကနည္းနည္းပ်င္းသြားလို႔..."
ParkJiminရဲ့အရာရာ Perfect ပဲဆိုတဲ့မ်က္လုံး
ေတြ...။ေမာင့္လိုဝိုင္းစက္ေနေပမယ့္ အရွိန္အဝါက်
ေမာင့္အရွိန္အဝါေတြမဟုတ္။
သားက သိပ္ဆန္းၾကယ္ခဲ့တယ္။
ေအာက္ထပ္ကိုဆင္းလာခဲ့ၾကၿပီးမနက္စာစားရန္
ထိုင္ခုံေတြဆီမွာေနရာအသီးသီးယူခဲ့ၾကသည္။
Kooဟာ ေမာင့္ေပါင္ေပၚမွာေနရာတက်ထိုင္ေနၿပီး
ဆိုင္သူေလးကေတာ့ဖုန္းၾကည့္ေနရင္း
စားစရာေတြလာခ်ေပးျခင္းကိုေစာင့္ေနသည္။
ေမာင္က နို႔ခြက္ေလးကိုKooေသာက္နိုင္
ေလာက္တဲ့အေနအထားအထိမွုတ္ေပးေနကာ
မုန့္ကေလးေတြပါေသခ်ာေရြးေပးေနသည္။
"ဒါေလး စားမလား...."
ရင္ခြင္ထဲက ေခါင္းခါျပေတာ့ ေမာင္ကေနာက္တစ္ခု
ကိုထပ္ေရြးေပးသည္။
"ဒါေလးေရာ...Daddy ခြံ႕ေကၽြးမယ္ေလ..."
"ေမာင္ အဲ့တာ အခ်ိဳမ်ားလြန္းတယ္...
တျခားဟာေကၽြး..."
သူဖုန္းၾကည့္ေနတာေလ...။ဘယ္မ်က္လုံးနဲ႔
လွမ္းစပ္စုလို႔သိသြားရျပန္သလဲ...။
ေမာင္က မုန့္ေလးကို ပစ္ခ်ကာ
ေနာက္တစ္ခုဆီခ်က္ခ်င္းေရာက္သြားသည္။
"Daddy ေယာက်္ားေၾကာက္....."
ရင္ခြင္ထဲကေပါက္စေလးကေလွာင္ေျပာင္ကာ
တခြိခြိရီေတာ့ေမာင္လည္းလိုက္ရီသည္။
"ရွက္စရာႀကီးေနာ္ ...."
"တအားရီရင္ ပါးပါးဆူမွာစိုးလို႔...ပိစိေလးပဲရီမယ္"
"ထိန္းထား...အုန္း...လြတ္လြတ္လပ္လပ္က်မွ
အတူတူရီမယ္..."
"Koo...တခုခုကိုေရြးၿပီးစားေတာ့ေလ
Daddy ကိုဂ်ီက်မေနနဲ႔..."
ႏွစ္ေယာက္လုံးတိတ္က်သြားေသာအေျခအေနတြင္
မုန့္ႏွင့္ႏြားနို႔ကို အစက္တစ္စက္မွက်မသြား
ေအာင္ သပ္သပ္ရပ္ရပ္စားျပသြားေသာ
ကေလးငယ္ေလးသည္ သိပ္ခ်စ္စရာေကာင္းလြန္းသည္။
အိမ္ေတာ္ထိန္းႀကီးသည္လမ္းေလၽွာက္ရာမွျပန္ဝင္
လာၿပီးတဲ့ေနာက္မနက္စာစားေနေသာျမင္ကြင္း
ေလးေတြကိုျမင္တဲ့အခါ ေအးခ်မ္းစြာျပဳံးလိုက္မိသည္။
အဓိက ကသခင္ေလး.....။
က်န္ခဲ့ေသာ အတိတ္ေတြတုန္းက ဒီကေလးေလး
ဟာ မိဘႏွစ္ပါးအတူမနက္စာအတူတူတစ္ခါမွ
မစားခဲ့ရဖူးဘူး....။
မိသားစုတစ္ခုရဲ့ေႏြးေထြးမွုေတြအေၾကာင္းဒီကေလး
ဘာမွမခံစားခဲ့ရဘူး။ေနတတ္သလိုေနခဲ့ရေသာ
သခင္ေလးရဲ့ ကေလးဘဝဟာ သိပ္ေၾကကြဲစရာ
ေကာင္းခဲ့တယ္...။
ေက်းဇူးတင္ရမွာကအကိုေလး.....။
ဖန္တီးေပးထားတတ္လိုက္တာ....
သခင္ေလး ဘဝကို ၿပီးျပည့္စုံေအာင္ ႀကိဳးစားေပးထား
တတ္လိုက္တာ...။
သူ႔ကို ၾကည့္လိုက္ရင္ေတာ့ ခပ္တင္းတင္းပါပဲ..။
ေအးရာေအးေၾကာင္း စီးပြါးေရးအကြက္အကြင္း
ေတြရွာေနၿပီး မနက္စာစားေနသည္။
" Jimin..."
"အင္း......"
"ဖုန္းမသုံးနဲ႔ေလ....အတူတူစားရေအာင္...."
အတြင္းေရးမွူးကို တစ္ခုၿပီးတစ္ခုခိုင္းေနေသာ
Conversation ကိုခ်က္ခ်င္းရပ္လိုက္ကာ
MDက ဖုန္း Screenကိုပိတ္ၿပီး စားဖို႔ျပင္သည္။
ေမာင္က Coffeeေတြကိုေသခ်ာေမႊေပးကာ
စားဖို႔မုန့္ေတြကို ဆိုင္သူေလးဘက္ကိုတိုးေပးသည္။
အဆင္သင့္သုတ္ရန္တစ္ရွူးေလးခ်ေပးၿပီး
ပါးေလးကို လွမ္းဖ်စ္ေတာ့ လက္ကိုရိုက္ခ်ေတာ့သည္။
"သား နဲ႔......"
"မျမင္ပါဘူး Kooကနို႔ေသာက္ေနတာ...
မရွက္ပါနဲ႔ ပါးပါး...."
"ျမင္လို႔ေျပာေနတာမဟုတ္ဘူးလား....."
နို႔ခြက္ေလး ခ်ကာစပ္ၿဖီးၿဖီးေလးလုပ္ျပေတာ့
ႏွုတ္ခမ္းပါးေလးေတြမွာေပေနေသာ
နို႔ေတြကို ဆိုင္သူေလးက သုတ္ေပးသည္။
"ေမာင္ေရာ....."
Coffeeေတြနဲ႔ႏွုတ္ခမ္းပါးေတြကလည္းအားက်မခံ။
တစ္ေယာက္ကိုယ္တစ္ေယာက္အရွုံးမေပးခဲ့ၾက။
ေမာင့္ကို သုတ္ေပးလိုက္ေတာ့ ေမာင္က
သိပ္ခ်စ္စရာေကာင္းေအာင္ျပဳံးကာ
ရင္ခြင္ထဲ အေကာင္ေလးကလည္းျပဳံးျဖဲျဖဲ...။
"Daddy Koo အတုခိုးတယ္...."
"Credit ေပးတယ္ Daddy Jeon ေလးရာ..."
ေမာင္က အနက္ေရာင္ဆံပင္ေပ်ာ့ေပ်ာ့ေလးထဲ
တိုးေဝွ႕နမ္းေတာ့ Koo ရဲ့ တခစ္ခစ္ရီေမာသံေလး
သည္အိမ္ႀကီးအႏွံ့ပ်ံ႕ႏွံ့လၽွက္....။
ေျခာက္ႏွစ္တာအခ်ိန္ကာလတြင္အရာအားလုံး
ေျပာင္းလဲသြားခဲ့ပါၿပီ.....။
ဘယ္သူထင္မွာလဲ အျမဲတမ္းေအာ္ဟစ္ရိုက္ပုတ္သံ
ေတြ ငိုေႂကြးသံေတြ အမိန့္ေပးသံေတြ
ဆူဆူပူပူ အိမ္ေတာ္ႀကီးဟာ ခ်စ္စရာကေလးေလး
တစ္ေယာက္၏ ရီသံေလးေတြဖုံးလႊမ္းသြားလိမ့္မယ္လို႔။
အျပင္မွာ ႏွင္းေတြေဖြးေဖြးလွုပ္က်ေနၿပီး
ထမင္းစားခန္းလွလွေလးထဲ အလြန္ေႏြးေထြး
ေသာမိသားစုေလးတစ္ခုလည္းရွိခဲ့သည္။
..................။
ၿပိဳင္ကားအနက္ေရာင္ေတာက္ေတာက္ရပ္လာသည္
ႏွင့္လုပ္ငန္းခြင္တစ္ခုလုံး႐ုတ္႐ုတ္သဲသဲ....။
ေခါင္းစေျခဆုံးအနက္ေရာင္ေတြႀကီးဆင္ျမန္းထား
ေသာေမာင္သည္ မ်က္ႏွာထားခပ္တင္းတင္း...။
ပိုင္ရွင္ဆိုေသာ္ျငားSuitအျပည့္နဲ႔ဘယ္ေတာ့မွ
ေရာက္မလာတတ္။ေမာင္သည္ေနာက္ဆုံးေပၚ
ေစ်းႀကီးေသာ လန္းလန္းဆန္းဆန္းဒီဇိုင္းေတြျဖင့္သာ
မိမိုက္ခဲ့သည္။
ဟုတ္ပါသည္။ေမာင္အလုပ္သြားေနရျခင္း....။
ေက်ာင္းၿပီးသြားတဲ့အခါ ဆိုင္သူေလး၏
အဖိအေဖာ့ အေခ်ာ့အျမဴဒဏ္ကိုမခံစားန္ိုင္...။
ငါးမိနစ္မၽွ အနိမ့္ဆုံးေသာအသံေလးႏွင့္
အရည္လဲ့ေသာ မ်က္လုံးေတြျဖင့္ၾကည့္လိုက္တဲ့အခါ
ေမာင္ ရွိသမၽွ Showroom ေတြ ကားနဲ႔ပတ္သတ္သမၽွ
ေတြကို အကုန္တာဝန္ယူကာ ရက္ရက္စက္စက္ကို
အလုပ္လုပ္ခဲ့ရေတာ့သည္။
ေက်ာင္းလိုပါပဲ....လုပ္ခ်င္လြန္းလို႔မဟုတ္ခဲ့ေတာ့
စစခ်င္းမွာ ထြက္ေျပးခ်င္စိတ္ေတြျဖစ္ကာ
ၿငီးေငြ႕ခဲ့သည္။အခ်ိိန္တစ္ခုေပးကာေခ်ာ့တစ္ခါ
ေျခာက္တစ္လွည့္ ဆိုင္သူေလးရဲ့အကြက္ခ်မွုေတြၾကား
ေမာင္သည္လက္ရွိမွာေတာ့ ကားေလာကတြင္
ဘယ္သူမွ သိပ္မထိပါးရဲေသာ ပညာရွင္ျဖစ္လာသည္။
ေမာင္က ေငြရွာတာထက္ Ideaပိုင္းကို
ပိုသြားခဲ့ကာ စက္ပစၥည္းေတြအေပၚနားလည္လြယ္
လြန္းေသာ ေမာင့္ ပါရမီကိုလည္းထုတ္ေဖာ္နိုင္ခဲ့သည္။
ေမာင္က ဘဝမွာ ဘယ္ကိုမွေသခ်ာမလုပ္နိုင္ဘူး
သူဟာ သိပ္အသုံးမက်ခဲ့ဘူး ဒီလိုပဲဘဝကၿပီး
သြားလိမ့္မည္ဟုေပါ့ေပါ့တန္တန္ေတြးခဲ့ဖူးသည္။
မိဘရဲ့ အားေပးမွု လမ္းျပမွု သားသမီးရဲ့ပါရမီနဲ႔
ျဖစ္ခ်င္ခဲ့တဲ့အိမ္မက္ေတြအေပၚေမာင့္မိဘႏွစ္ပါးလုံး
စိတ္ဝင္စားမွုအလြန္နည္းပါးခဲ့ၿပီး ကိုယ့္အတၱေတြသာ
ကိုယ္ေရွ႕တန္းတင္ခဲ့တာေတြေၾကာင့္ေမာင္ဟာ
အဆင္မေျပေသာငယ္ဘဝတြင္ရန္ပြဲေတြကိုသာ
ၾကည့္ေရွာင္ခဲ့ရၿပီးသူ႔ကိုယ္သူ ဘာျဖစ္ခ်င္မွန္းလည္းမသိ
ေကာင္းေသာလုပ္ရပ္ေတြအေပၚလည္းသူ႔ကိုယ္သူ
သိပ္ယုံၾကည္မွုနည္းခဲ့သည္။
"မင္းကလူဆိုး လူမိုက္ မိုက္ရိုင္းတယ္ ဆိုတဲ့စြပ္စြဲ
ခ်က္ေတြအေပၚမွာ ေလလြင့္ပစ္ခဲ့တဲ့ဘဝဟာ
အိမ္မက္မသိ ဝါသနာမသိ ပါရမီမသိ
ဘာမွမသိခဲ့.... ။
ပထမဆုံးေသာ အလုပ္ခြင္တြင္ ေမာင့္Ideaနဲ႔
ကြက္ေက်ာ္ျမင္တတ္ျခင္း ျဖတ္ထိုးဥာဏ္ေကာင္း
ျခင္းေတြမွာ အႀကီးႀကီးအျမတ္အစြန္းရခဲ့တဲ့အခါ
ေမာင္ဟာ မယုံၾကည္နိုင္ခဲ့။
ခ်စ္တတ္လာၿပီဟုJinHyungေျပာခဲ့တုန္းကအံ့ဩခဲ့သလိုပဲ...။အလုပ္ကေအာင္ျမင္သြားတဲ့အခါ
သူဟာ ေလာကႀကီးမွာ အသုံးဝင္တဲ့ေနရာ
အသုံးက်တဲ့ေနရာရွိလာၿပီပဲဆိုတဲ့ခံစားခ်က္သည္
ဘာနဲ႔မွမလဲနိုင္.....။
ဆိုင္သူေလးကိုက်စ္က်စ္ပါေအာင္ဖက္ၿပီး
ေမာင္ငိုခဲ့ပါသည္။အဲ့ဒီလိုနဲ႔ပဲ ေမာင္ဟာ
စနစ္က်တဲ့ဘဝတစ္ခုကို အဓိပၸာယ္ရွိရွိ
ေအာင္ျမင္တဲ့ နည္းပညာသမားတစ္ေယာက္အျဖစ္
စမတ္တက်ျဖတ္သန္းခဲ့သည္။
လက္ရွိတြင္ ေမာင္ဟာ လုပ္ငန္းခြင္မွာ
ေနသားက်ေနကာ ၂၅ႏွစ္စြန္းစြန္း
အမ်ိဳးသားတစ္ေယာက္အျဖစ္လုံးဝရင့္က်က္ေနပါၿပီ။
အသက္၂၀ကခဲနဲ႔ထုခဲ့ေသာShowroom တြင္
ကြန္ပ်ဴတာတစ္လုံးျဖင့္စီမံခန့္ခြဲေနပုံသည္
တမ်ိဳးေတာ့ရီစရာေကာင္းေပမယ့္
ေမာင္က လုံးဝလူေကာင္းေလးျဖစ္ေနတာေၾကာင့္
မရီရက္ေတာ့....။
အဓိကကေတာ့ ဆိုင္သူေလးကိုခ်စ္ခဲ့တဲ့ေမာင့္အခ်စ္
ေတြပါပဲ....။ကတိေပးၿပီးထဲမ်က္ႏွာတစ္ခ်က္
ပ်က္မသြားေအာင္ ရိုက်ိဳးျမတ္နိုးေပးခဲ့ေသာ
ေမာင္ဟာ အရွိန္အဟုန္ျပင္းလွေသာအခ်စ္ေတြ
ႏွလုံးသားထဲအျပည့္အဝရွိေနဆဲ....။
ဒါေပမယ့္လည္းေမာင္သည္အသက္အရြယ္တစ္ခု
လည္းေရာက္လာတာရယ္ ဆိုင္သူေလး၏
အေနအထိုင္တတ္မွုေတြရယ္ႏွင့္ဥစၥာေတာ့သိပ္
မေျခာက္ရေတာ့...။
ေမာင္ ေအးခ်မ္းေနၿပီဟုဆို၍ရပါသည္။
ေမာင္ အမ်ားႀကီးရင့္က်က္သြားေတာ့လည္း
နည္းနည္းေလးေတာ့ပ်င္းရိဖြယ္ရာ...။
အနက္ေရာင္ေနကာမ်က္မွန္ျဖင့္ ကားေသာ့လွည့္ကာ
ေဘာင္းဘီအိတ္ထဲလက္တစ္ဖက္ထည့္လၽွက္
ပီေကတစ္ခုဝါးကာေမာင္ ဝင္လာသည့္ပုံက
ေပေစာင္းေစာင္းပါပဲ...။
"စာရင္းေတြ အကုန္လာပို႔ ေသခ်ာမွန္တယ္ဆိုတာစစ္ၿပီး
ယုံၾကည္မွလာ မွားရင္ လစ္...."
"မဟုတ္ဘူးေလ မေန႔ကမွ အစ္ကိုခိုင္းထားတာ
ဒီေန႔ လက္စသတ္ဖို႔ဆိုတာမျဖစ္နိုင္ဘူးေလ...."
"ငါၿပီးတယ္ေလ....နင္တို႔နဲ႔တိုက္ခ်င္တာ
ငါေတာင္ၿပီးတာ နင္တို႔ကဘာကိစၥနဲ႔မ်ား
မၿပီးရတာလဲ...အလုပ္ထြက္ခ်င္ရင္လည္းေျပာ
ငါအရမ္းစိတ္ရွည္တဲ့ေကာင္ထဲမပါဘူး..."
"အျမဲတမ္းပဲ....အဲ့တာနဲ႔ၿခိမ္းေျခာက္ေနတာပဲ
ႀကိဳးစားလုပ္ေနရက္သားနဲ႔...."
ေမာင့္ အတြင္းေရးမွူးေကာင္မေလးသည္
ေန႔တိုင္းလိုလိုငိုရတတ္သည္။
မငိုရေသာရက္တစ္ရက္ေတာင္မရွိခဲ့...။
"ပီေက စား ....စာရင္းလာပို႔ ငါလည္း
MD Parkကို ျပရမွာ ငါကနင္တို႔ထက္ေတာင္
ပိုေၾကာက္ဖို႔ေကာင္းေသးတယ္..."
"ဒါကေတာ့ အစ္ကိုက ေယာက်္ားေလ...
အဆင္ေျပေအာင္ေျပာရင္ရတာပဲ
ဒီေန႔ကေတာ့ ဘယ္လိုမွမၿပီးနိုင္ဘူး...."
"မၿပီး ၿပီးေအာင္ လုပ္....ထမင္းမစားနဲ႔
ေရမေသာက္နဲ႔...ငါနင့္ကိုလစာေပးထားတာ..."
ပီေကတစ္ခုပစ္ေပးလိုက္ကာေမာင္က
အလုပ္လုပ္ဖို႔ ျပသထားေသာကားေတြဆီ
ေလၽွာက္သြားသည္။
အတြင္းေရးမွူးမေလးသည္အျမဲတမ္းလိုလို
ဒီဒုကၡကိုခံစားေနက်မို႔အလုပ္စားပြဲေျပးကာ
မၿပီးၿပီးေအာင္လက္စသတ္ရေတာ့မည္။
ကားေတြကိုလွည့္ပတ္ၾကည့္ၿပီးတဲ့ေနာက္
ေမာင္သည္လည္း ႐ုံးခန္းထဲဝင္သြားကာ
ကြန္ပ်ဴတာဖြင့္အလုပ္စလုပ္ရသည္။
ေမာင္က ေျခတံရွည္ေတြကိုစားပြဲေပၚ
တင္ၿပီးအလုပ္လုပ္တတ္ကာ တစ္ခါတစ္ရံ
ပီေကဝါးတတ္သည္။
တစ္ခါတစ္ရံစီးကရက္ဖြာေနတတ္သည္။
အာ႐ုံစိုက္အလုပ္လုပ္ေနေသာေမာင့္ပုံစံသည္
ၾကဳံခဲ့ရသမၽွေသာေမာင့္အမူအယာေတြထဲ
စြဲေဆာင္မွုအရွိဆုံးျဖစ္လိမ့္မည္။
Laptop ေပၚတေတာက္ေတာက္သြားေနေသာ
ေမာင့္လက္ေခ်ာင္းသြယ္သြယ္ေလးေတြ...
Shirt အက်ီဝတ္လာတတ္ေသာေန႔ေတြဆို
စိတ္အိုက္၍ ၾကယ္သီးတခ်ိဴ႕ျဖဳတ္ကာ
အလုပ္ႀကိဳးစားပုံက အလွျပေနသလိုပါပဲ....။
မ်က္လုံးေလးေတြလွန္ကာစဥ္းစားေနပုံေတြ
အႀကံေကာင္းေတြစဥ္းစားမိတဲ့အခါ
ႏွုတ္ခမ္းေလးတြန့္႐ုံျပဳံးသြားပုံေတြ....
အမ်ားႀကီး အာ႐ုံစိုက္ေနခ်ိိန္ စူးရွေနေသာ
ေမာင့္မ်က္လုံးလွလွေတြသည္
သက္လတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ျဖစ္လာၿပီ
ဆိုတာေသခ်ာေသာ လကၡဏာေတြပါပဲ...။
📩ေဂ် ခရစ္စမတ္ ဘာPlan ရွိလဲ...."
📩မရွိဘူး အလုပ္ေတြပဲရွိတယ္ ငါမင္းတို႔နဲ႔
လာမကဲနိုင္ဘူး
📩မင္းကလည္း...ငါလည္းမရွိပါဘူး
ငါ့အိမ္မွာျဖစ္ျဖစ္ မင္းအိမ္ပဲျဖစ္ျဖစ္ပါတီလုပ္ရေအာင္..."
📩လုပ္ရင္ေတာ့ ငါ့အိမ္မွာပဲလုပ္မယ္..."
📩ေအး ခုအလုပ္မွာလား...ခဏထြက္ခဲ့ကြာ...."
📩ညေန Kooကိုေက်ာင္းႀကိဳရၿပီး Jimin ကိုပါ
သြားႀကိဳရအုန္းမွာ အားမေနဘူး..."
📩ငါတို႔လူစုံေနတယ္ ေဂ်ရ...
📩အလုပ္ေတြမ်ားတယ္ ဒါပဲထပ္မပို႔နဲ႔....
Romသည္ ဖုန္းကိုပစ္ခ်ကာ တစ္ခါတစ္ေလ
စုံၾကရေသာ ဘဝကိုယ္စီနဲ႔သူငယ္ခ်င္းေတြကို
ေခါင္းခါျပလိုက္သည္။မၾကာပါဖုန္းဝင္လာသည္။
ေဂ့် ဆီက မို႔ ျမန္ျမန္ကိုင္လိုက္ရသည္။
"ဘယ္မွာလဲ ေနရာေျပာ...."
"မင္းေျပာေတာ့မလာဘူးဆို"
"ငါ့Accကိုငါတစ္ေယာက္ထဲသုံးရတယ္ထင္လို႔လား...."
"F....MD Parkက ၾကမ္းလိုက္တာကြာ
ရီခ်င္တာေသေတာ့မယ္...."
အလုံးစုံ ေမာင္က ေရရာေသခ်ာသြားသလား
ဆိုေတာ့လည္း သူငယ္ခ်င္းေတြစုံေနတယ္ေဟ့
လို႔ၾကားလိုက္တာနဲ႔ ေမာင္မေနနိုင္။
ဆိုင္သူေလးနဲ႔မဆုံခင္ဘဝက္ုRomတို႔နဲ႔သာျဖတ္သန္း
ခဲ့တာေၾကာင့္ ေဘာ္ဒါသံၾကားရင္မရပါ။
ဘယ္အသက္ေရာက္ေရာက္ေမာင္ဟာ
အေပါင္းအသင္းေတြအေပၚသံေယာဇဥ္ထုထည္ႀကီးခဲ့ျမဲ။
"မင္းတို႔ဆီ ခဏလာၿပီး Kooကိုေက်ာင္းအမွီသြား
ႀကိဳ ၿပီးရင္ သူ႔ကိုသြားႀကိဳနိုင္ရင္ရၿပီ...
မင္းပါးစပ္လုံဖို႔ပဲ Rom...."
"စိတ္ခ်စမ္း...လာလိုက္ အဲ့အလုပ္ေတြမင္းမလုပ္လည္း
ဆယ္သက္စားမကုန္ဘူး...."
"ငါ့သား အတြက္ကြ.....လုပ္ေနတာ...."
ေမာင္သည္ လုပ္လက္စအလုပ္ကိုျမန္ျမန္လက္စ
သတ္ကာ ေနာက္တစ္ခုကိုထပ္မကိုင္ေတာ့။
စိတ္မပါရင္ ဘာမွေခါင္းထဲကမထြက္တာေၾကာင့္
ကားေသာ့ယူကာ အျပင္ျပန္ထြက္သြားခဲ့သည္။
လိမၼာေနပါသည္ ဟုဘယ္လိုမွဆြဲယူေရး၍
မရခဲ့ေသာေမာင္ပါေလ......။
..................။
ညေန႐ုံးဆင္းခါနီးအခ်ိန္တြင္ လူလည္းပင္ပန္းေနၿပီ
ျဖစ္တာေၾကာင့္ အလုပ္ကိုလက္စသတ္လိုက္ကာ
MD Parkက IG ထဲ ခဏဝင္ၾကည့္ေနသည္။
Social သိပ္မသုံးတတ္ေပမယ့္ တစ္ခါတစ္ေလေတာ့
စိတ္ထြက္ေပါက္ေလးအျဖစ္ မိနစ္နည္းနည္းေတာ့
ဟိုၾကည့္ဒီၾကည့္ျဖင့္ အပန္းေျဖတတ္သည္။
ခိုးထြက္အမွတ္တရ......။
Rom၏ Sefileတစ္ပုံသည္တင္ထားတာ
၄၅မိနစ္ေလာက္ေတာ့ၾကာေနၿပီ။
ဘယ္သူက ခိုးထြက္တာလဲလို႔စပ္စုလိုက္ေတာ့
ဘီယာခြက္တစ္ခြက္ျဖင့္ အစြမ္းကုန္ရီေမာေနေသာ
လူဆိုးေကာင္.....။
"ေမာင္ဟာေလ....."
MD က ႏွုတ္ခမ္းေလးေတြညႊတ္ကိုင္းစြာ
ျပဳံးၿပီး သူငယ္ခ်င္းေတြနဲ႔ပတ္သတ္လၽွင္
သူ႔ကိုသိပ္မေၾကာက္တတ္ေသာ ဒီအဆိုးအေပ
ေယာက်္ားေလး၏ ရီေမာေနေသာပုံရိပ္ေလး
ကိုေငးစိုက္ၾကည့္ေနသည္။
ဒီအျပဳံး နဲ႔...ဒီရီေမာဟန္ေလးေတြ.....
ကမၻာပ်က္မတတ္ အသက္ထြက္မတတ္
ဆိုးေပခဲ့အုန္း...ခြင့္လႊတ္ျခင္းေတြမွာ
ေမာင့္ ရီသံေလးေတြ ေမာင့္အျပဳံးေလးေတြက
ထိပ္ဆုံးက.....။
ဘဝအဆက္ဆက္ျမတ္နိုးခဲ့ရတာ....။
ေမာင္ မ်ား ျပဳံးျပလိုက္ရင္...
ParkJimin ဘဝ က သိပ္စိုေျပသြားတယ္...။
လွိုက္ေမာေနေအာင္ တက္မက္ရပါေသာ
ေမာင့္ရဲ့ ရီသံခ်ိဳခ်ိဳေလးေတြရယ္.....။
ၾကည့္ရတာ လာႀကိဳဖို႔ေနာက္က်ေတာ့မယ္ထင္ပါရဲ့။
တစ္ခါတစ္ေလ ဆုံၾကတာကိုနားလည္တာမို႔
လွမ္းမာန္မဲမေနေတာ့။
ေနပါေစေတာ့ေလ။
ေနာက္Postတစ္ခုထပ္ေရႊ႕လိုက္တဲ့အခ်ိန္တြင္
Jimin ၏ အျပဳံးေလးေတြရပ္တန့္သြားခဲ့သည္။
"ဟင္!! ဒါ..MinYoongi.....မလား..."
အံ့အံ့ဩဩေလးျဖစ္သြားကာဆိုင္သူေလးက
လွုပ္လွုပ္ရြရြေလးလည္းျဖစ္သြားသည္။
ႏွုတ္မွတိုးတိုးေလးေရရြတ္ကာဓာတ္ပုံေလးကို
စိတ္ဝင္တစားၾကည့္လိုက္သည္။
Jimin သည္Social သုံးရတာမႀကိဳက္။
က်န္ခဲ့တဲ့ႏွစ္ေတြတုန္းကဆို လုံးဝကိုနားထားခဲ့သည္။
စီးပြါးေရးကိုသာ စိတ္ႏွစ္ခဲ့ၿပီး ခုအိမ္ေထာင္ေရး
စီးပြါးေရး လူမွုေရးအဖက္ဖက္က တည္ၿငိမ္မွ
ဒီဘက္ေတြကိုျပန္လွည့္နိုင္ခဲ့ျခင္း။
ဒါလည္းတစ္ခါတေလမွၾကည့္ျဖစ္သည္။
ေမာင္ယူသုံးေသာ အခ်ိန္ေတြကပိုမ်ားခဲ့သည္။
MinYoongiသည္လည္းသူ႔လိုပဲျဖစ္ပါလိမ့္မည္။
MinYoongi Accသည္ သူ႔Accထဲရွိေသးလို႔ရွိေသး
မွန္းေတာင္မသိ ။
ႏွစ္ေတြအၾကာႀကီးမွ မေမၽွာ္လင့္စြာျမင္ရလာေသာ
ဓာတ္ပုံေၾကာင့္ ဆိုင္သူေလးက ရင္ထဲတမ်ိဳးေလး။
MinYoongiသည္TaeHyung ၏
ႏွုတ္ခမ္းေတြကို လန္ဒန္တံတားေပၚမွာ
နမ္းေနေသာဓာတ္ပုံေလး..။
10 Years Anniversary တဲ့.....။
က်န္ခဲ့ေသာ ေျခာက္ႏွစ္တာတုန္းကျဖစ္ရပ္ေတြသည္
ေခါင္းထဲတန္းစီဝင္လာကာ TaeHyungကို
လည္း တစ္ခါေလးေပြ႕ဖက္ေပးၿပီးထဲကလုံးဝကို
မျမင္ေတြ႕ခဲ့ရေတာ့။
ေတြ႕ခ်င္ျမင္ခ်င္လို႔ရွာေဖြၾကည့္ရမယ့္ဆက္ဆံေရးေတြ
သိပ္ၿပီးမႏြယ္သင့္ေတာ့ေသာႀကိဳးေတြ
မိတ္ေဆြေတြလည္းမဟုတ္ခဲ့တာေၾကာင့္
သူ႔ဘဝနဲ႔သူ ကိုယ့္ဘဝနဲ႔ကိုယ္ သပ္သပ္စီႏွစ္ေတြ
ရက္ေတြအမ်ားႀကီး ျဖတ္သန္းခဲ့ၿပီးမွ ႐ုတ္တရက္
ဓာတ္ပုံေလးတစ္ပုံကိုေတာ့ ဆိုင္သူေလးက ပစ္ပစ္ခါခါေတာ့ေက်ာ္ခြသြားမယ့္သူမဟုတ္ပါ။
တစ္ခါတစ္ေလေတာ့လည္း ေယာင္းကိုသတိရမိတဲ့
အခ်ိန္ေလးေတြရွိခဲ့ပါသည္။
စိတ္ရင္းအမွန္နဲ႔ဝန္ခံျခင္းတစ္ခု...။
ခမ္းနားလြန္းေသာ ေမတၱာတစ္ခုကိုဘယ္ႏွလုံးသားက
လြယ္လြယ္ေမ့ပစ္နိုင္ပါ့မလဲ....။
ဆိုင္သူေလးစိတ္ဝိဥာဥ္ရဲ့တေထာင့္တေနရာေလးတြင္
ေတာ့ "ေယာင္းပါဗ်ာ..."ဆိုတဲ့အဆိုးအသြမ္းေလးကို
တစ္ခါတစ္ရံေတာ့ အျပာေရာင္ဆံပင္ေလးေတြနဲ႔
လူငယ္ေလးေတြေတြ႕တာမ်ိဳးဆို ဖ်က္ခနဲေခါင္းထဲ
ဝင္ဝင္လာတတ္တာ လက္ရွိအခ်ိန္ေတြအထိပဲ။
ခုေတာ့ေျခာက္ႏွစ္ဆိုေသာအခ်ိိန္တြင္
ေယာင္းဆံပင္ေလးေတြမျပာလြင္ေတာ့....။
အသက္အရြယ္ေၾကာင့္ေယာင္းကလူႀကီးဆန္ဆန္
အညိဳေရာင္ခပ္ပြပြဆံပင္ အညိဳေရာင္LongCoat
ေလးနဲ႔.....။
မ်က္လုံးေလးေတြသည္ ငယ္ရြယ္တုန္းကလို
ေတာက္ပမေနဘဲ အလြန္တည္ၿငိမ္ေနေသာ
အမ်ိဳးသားတစ္ေယာက္၏အေငြ႕အသက္ေတြအျပည့္။
ေမာင္နဲ႔ရန္ျဖစ္ခဲ့စဥ္က ေမာင့္ထက္အင္အားနည္းေသာ
ခႏၶာကိုယ္မ်ိဳးမဟုတ္ေတာ့ဘဲ TaeHyung လူႀကီး
ျဖစ္လာၿပီပဲ....။
ေပြ႕ဖက္မွုေလးတစ္ခုထဲသာေတာင္းတခဲ့ေသာ
ေမတၱာျဖဴျဖဴေလးဟာ အခ်စ္ခံေနရေသာ
ဘဝမွာ ဘယ္ေလာက္ေအးခ်မ္းေနလဲ
ခန့္မွန္းေနစရာမလို.....။
လူဆိုးေလးေတြ လိမၼာရင္ လူလိမၼာေတြမမွီေတာ့။
ဘဝေလးအလြန္ေအးခ်မ္းေနရမွန္း
မ်က္လုံးေလးေတြကိုၾကည့္႐ုံျဖင့္သိနိုင္ေနခဲ့သည္။
ဓာတ္ပုံကိုေသခ်ာေလးၾကည့္မိေနကာ
လက္သည္ipad.Screen ေပၚ လွုပ္စိလွုပ္စိ။
Heartေလးေပးလိုက္ရင္ေကာင္းမလား။
ေျခာက္ႏွစ္ေတာင္ၾကာသြားၿပီပဲ။MinYoongi နဲ႔က
မိတ္ေဆြေဟာင္းေတြပဲကို
သူတို႔Anniversary ေလးကိုအသိအမွတ္ျပဳတယ္ေပါ့။
မေကာင္းပါဘူးေလ...။ဘာမွအဆက္အစပ္မရွိေတာ့
တာအေကာင္းဆုံးပါ။ဒီလိုေလးေနတာအားလုံး
အတြက္အဆင္ေျပတယ္။
Heartနားေလးရစ္သီရစ္သီလုပ္ေနကာ
သေဘာက်စြာ ျပဳံးယဲ့ယဲ့ေလးျဖင့္ၾကည့္ေနရင္းမွ
႐ုတ္တရက္ဝင္လာေသာဖုန္းRingtone သံေၾကာင့္လန့္သြားကာလက္ေခ်ာင္းေတြသည္ipad screen
ေပၚေယာင္းယမ္းထိမိသြားခဲ့သည္။
Heart ကိုသြားႏွိပ္မိတာေၾကာင့္ဆိုင္သူေလး
သည္မ်က္လုံးေတြျပဴးသြားကာ႐ုတ္တရက္
ဘယ္လိုျပန္ႏူတ္ရမလဲ မသိခဲ့...။
မကၽြမ္းက်င္တာကိုျပပါဆို ဒီအပိုင္းေတြမွာပဲ။
ဖုန္းကိုကိုင္လိုက္ေတာ့ေမာင္Company
ေရွ႕ေရာက္ေနၿပီျဖစ္ေၾကာင္းလွမ္းဆက္ျခင္း။
ခ်က္ခ်င္းထူပူသြားၿပီးခဏအၾကာေယာက္ယက္ခတ္
သြားခဲ့သည္။
Heart ေလးကိုေနာက္တစ္ခါထပ္ထိလိုက္ေတာ့ကံေကာင္းတယ္ဟုဆိုရမလားေပ်ာက္သြားသည္။
သက္ျပင္းႀကီးႀကီးတစ္ခုခ်လိုက္ကာ
ေတာ္ပါေသးရဲ့ဟု စိတ္ထဲေတြးၿပီးေနာက္ipadကိုပိတ္
လိုက္ကာလာႀကိဳေနေသာေမာင့္ဆီေျပးရေတာ့သည္။
ဟင္.............။
ညေနက လူႀကီးနဲ႔ Anniversary ကိုေလၽွာက္လည္ၿပီး
ပင္ပန္းေနတာေၾကာင့္အိပ္ရာထဲတြင္ေျခေလးဆင္းကာ
Phသုံးလၽွက္နားေနေသာTaeHyung သည္ေခါင္းအုံးေတြကိုမွီထားရာမွခ်က္ခ်င္းထထိုင္မိသည္။
လူႀကီးAccထဲဝင္ Anniversary အမွတ္တရပုံေလး
တင္ထားျခင္းတြင္ တက္လာေသာNotification
ေလးတစ္ခု...။
p-j-m koo တဲ့......။Internet ေပၚတစ္ခ်ိန္လုံး
ရွိေနတာမို႔တစ္ဖက္ကအျမန္ေဖ်ာက္ဖ်က္ေပမယ့္လည္း
ေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ရေသာNotiေလး..။
ဆိုင္သူေလးထူပူေနခ်ိန္တြင္TaeHyung ေတြ႕ၿပီးလိုက္ပီ။
လူႀကီးAccကမွိုတက္ေနတာမို႔ တစ္ေယာက္ေယာက္
လွုပ္ရွားလိုက္ရင္ထင္ခနဲလင္းခနဲ...။
TaeHyungမ်က္လုံးေလးေတြဝိုင္းသြားသည္။
လူႀကီးဆန္သြားၿပီျဖစ္ေသာအေငြ႕အသက္ေလးေတြမွာ
ငယ္ငယ္တုန္းကလိုေတာ့ဂေယာက္ဂယက္မဟုတ္။
Ph Screen ေလးကို ျပဴးၾကည့္ေနသည္။
PJM ဆိုတာႏွစ္ေယာက္မရွိနိုင္။
အိပ္ရာေပၚစနစ္တက်ေလးထိုင္လိုက္ကာ
Profile ေလးထဲ ဝင္ၾကည့္ရမလား
မၾကည့္ရမလားစဥ္းစားေနသည္။
TaeHyung သည္ဘယ္ေတာ့မွ သခင့္ကို
မရွာေဖြခဲ့ပါ။ စိတ္ျပတ္ပါ့မယ္ဆိုေတာ့ကတိကို
လုံးဝတည္ခဲ့ကာ ေအးေအးခ်မ္းခ်မ္းပဲေနခဲ့သည္။
လူႀကီးအေပၚ ထပ္မလုပ္သင့္ေတာ့ေသာ
တဖက္ေစာင္းနင္းနိုင္မွုေတြကို ထယ္ေသခ်ာနားလည္
ခဲ့ကာJimin နာမည္ကိုလုံးဝေတာင္ထုတ္မေျပာခဲ့။
မရွိခဲ့ေသာလူလို မသိခဲ့ေသာလူလို
ထယ္က အလြန္ျပတ္သားခဲ့ပါသည္။
ႏွစ္ေတြၾကာမွ မေမၽွာ္လင့္စြာ ေပၚလာေတာ့လည္း
စပ္စုခ်င္စိတ္ေလးကေပၚလာျပန္သည္။
အနည္ေတြထိုင္ကာ အတည္တက်ေတြလည္း
ျဖစ္ေနၿပီမို႔ အရင္လို ပူပူေလာင္ေလာင္ႀကီးလည္း
မဟုတ္ေတာ့။ဘာေတြမ်ားေျပာင္းလဲေနသလဲဆိုတာ
တစ္ခ်က္ေလးၾကည့္လိုက္ခ်င္႐ုံ။
Profile ကဓာတ္ပုံေလးကိုစေတြ႕တဲ့အခါ
ထယ့္ရဲ့ေလးေထာင့္ဆန္
ေသာအျပဳံးေလးေတြျဖစ္တည္လာသည္။
ကေလးေလးကိုခ်ီထားေသာ သခင္သည္
အစြမ္းကုန္ရီေမာေနကာ ကေလးေလးသည္လည္း
အၿပိဳင္ရီေမာေနလ်က္။
"Seok ေျပာတဲ့ သူတို႔ေအာင္ျမင္ခဲ့တဲ့ကေလးေလး
ထင္တယ္ ခ်စ္စရာေလး....အသဲယားလိုက္တာ..."
ကေလးသိပ္ခ်စ္တတ္ေသာထယ္သည္Profile
ကပုံေလးကိုၾကည့္ကာသေဘာက်မဆုံး။
ကၽြန္ေတာ္တို႔ဘဝေတြမွာ တစ္လမ္းစီမို႔
မျဖစ္နိုင္ဆုံးမို႔ အၿပီးအပိုင္ေသာ့ခပ္သိမ္းလိုက္ရေသာ
သက္ရွိတစ္ေယာက္ေတာ့ရွိတတ္ၾကသည္။
သခင္ဟာထယ္လုံးဝပိတ္သိမ္းခဲ့ၿပီးေသာအခန္းငယ္
တစ္ခု။
ေျခာက္ႏွစ္မၽွၾကာသြားပီမို႔
အရာအားလုံးေနသားတက်ျဖစ္ေနပါၿပီ။
ဒါေပမယ့္ေတာ္႐ုံေမတၱာေတြမဟုတ္ခဲ့ေတာ့လည္း
ထယ္က ကေလးေလးခ်ီကာ ဘဝကို
ေအးခ်မ္းစြာေပ်ာ္ရႊင္စြာ ျဖတ္သန္းေနေသာ
သခင့္ပုံ ကိုမိနစ္ေတာ္ေတာ္ၾကာၾကည့္ေနမိခဲ့သည္။
"ကေလးေလးကJimin နဲ႔တပုံစံထဲပဲ..
နည္းနည္းေတာ့ခိုးၾကည့္မယ္ မေနနိုင္ဘူး....."
တစ္ေလာကလုံးက ေမာင့္ကိုယ္ပြါးငယ္ဆိုေသာ
ျငား ေကာင္းကင္ျပာေလးကေတာ့
သားဟာ တသမတ္ Jimin လို႔ပဲျမင္ေနခဲ့သည္။
ထယ္သည္ ကေလးေလးကို
အသဲယားလြန္း၍Accထဲဓာတ္ပုံေလးေတြ
ထပ္ၾကည့္ရန္ သြားလိုက္ခ်ိန္တြင္မ်က္ေမွာင္
ေတြက်ဳံ႕သြားသည္။
p-j-m Koo Accေလ......။
စျမင္လိုက္ရတာ JeonJungkookမ်က္ႏွာႀကီး။
ဒုတိယသည္လည္း သူပဲ...။
ထယ္သည္ စိတ္ေပါက္ေပါက္ျဖင့္အစအဆုံး
ဆြဲၾကည့္လိုက္တဲ့အခါ ကေလးပုံလည္းမရွိ
Jimin သည္အစြန္အဖ်ားေလးေတာင္မျမင္ရပါ။
JeonJungkook ပိုင္ဆိုင္မွု...။
JeonJungkook အပိုင္...။
JeonJungkook ဟာ....။
အလားတူပိုင္ဆိုင္ျခင္းျပစာေတြနဲ႔ Jimin
တစ္Accလုံးသည္ Jiminလက္ဖ်ားေတြ
ဆံပင္စေလးေတြသာပါပီးသူ႔မ်က္ႏွာေတြႀကီး။
တည္ၿငိမ္ရင့္က်က္ေနေသာ TaeHyung ၏
မ်က္ႏွာသည္ ရန္သူေတာ္ကိုျမင္သည္ႏွင့္
အရင္TaeHyung ဆီကိုခ်က္ခ်င္းကူးေျပာင္းသြားသည္။
မရဘူး...ဘဝအခ်ိဳးအေကြ႕ေတြမွာကိုယ့္လူနဲ႔ကိုယ္
ဘယ္လိုလိမၼာဘယ္လိုရင့္က်က္ပါေစ
KimTaeHyung နဲ႔JeonJungkook ထိပ္တိုက္ျပန္ေတြ႕ၿပီ
ဆို အသက္၂၀စြန္းစြန္း လူဆိုးေကာင္ေလးေတြပဲ..။
ဒါသည္ထာဝရမေျပာင္းလဲပါ။
"ဒီေကာင္......ခုထိ ငါ့ကိုေသြးတက္ေစတုန္းပဲ....
ဘာမွမေျပာင္းလဲေသးဘူးပဲ
ၾကည့္လို႔္မရလိုက္တာကြာ....."
ပြစိပြစိဆဲကာ လိုက္ၾကည့္ၿပီး ရွားရွားပါးပါး
Jimin ေနာက္ခိုင္းကာ ဟင္းခ်က္ေနတယ္ထင္ရ
ေသာပုံတစ္ပုံေတာ့ေတြ႕ခဲ့ရသည္။
ငါ့လိုညစာခ်က္ေကၽြးမယ့္သူရွိၾကၿပီလား။
"ကပ္ပရွင္ကိုက ကေလးေလးၾကည့္ခ်င္လို႔
ဝင္မိတာ...ဒီေကာင္စိတ္ပ်က္စရာ...
ေတာ္ပီ ေတာ္ပီ...."
ေက်ာ္သြားၿပီးမွ ထယ္က ထယ္ပါပဲ.....။
အက်င့္ဆိုးေလးကေတာ့ေဖ်ာက္မရ..။
တအားကိုၾကည့္္မရလြန္းအားႀကီး၍
လူမသိသူမသိ ကပ္တိုးသုံးေလ့ရွိေသာ
Fake Accတစ္ခုျဖင့္ Jimin ပုံေအာက္
Comment တစ္ခုဝင္ေရးျဖစ္ေအာင္ေရးလိုက္သည္။
ဒီေကာင့္ကိုဆိုဒုကၡမေပးရရင္ကိုတကယ္မေနနိုင္တာ။
အသက္ဘယ္ေလာက္ႀကီးလာႀကီးလာ
အဲ့လို အျမင္ကပ္စရာ တံဆိပ္ေတြအရမ္းကပ္တိုင္း
ရွို႔လိုက္ရမွ...။
ဒီလူဆိုးေလးသည္လည္း ဆြဲယူေရး၍မရခဲ့။
Jimin❤️.......I Miss You...❤️
"အဲ့ေလာက္ေတာင္ငါ့ဟာ လုပ္ခ်င္တာ
အသက္၂၅ေနာက္ပိုင္းျဖစ္သြားလို႔ အရာအားလုံးအေပၚ
လူႀကီးဆန္ဆန္ၾကည့္လာတတ္ေပမယ့္
JeonJungkook ေရ မင္းတစ္ေယာက္ကေတာ့
ခၽြင္းခ်က္ပဲ ေလာင္စမ္း ဘယ္သူ႔Accမွန္းမသိ
ဘယ္သူေရးမွန္းမသိ....ဆက္ဆက္ခါေနမဲ့ပုံကို
လန္ဒန္ကေန လွမ္းေတြးၿပီး အားရေနမယ္....
ငါ့ဟာ ငါ့ဟာ ဘာငါ့ဟာလဲ....."
ထယ္ေယာင္းသည္ ရွားရွားပါးပါးမ်က္ႏွာျမင္ရ
ေသာProfile ေလးကိုေနာက္ဆုံးၾကည့္ၿပီးခ်စ္စရာေကာင္းစြာျပဳံးလိုက္ကာဖုန္းScreen ကိုပိတ္လိုက္ၿပီး
အိပ္ရာေပၚမွေျပးဆင္းသြားသည္။
" လူႀကီး ထယ္ ဗိုက္ဆာတယ္....."
လူႀကီးက စေတာ္ဘယ္ရီေတြကိုေသေသခ်ာခ်ာ
လွီးေနကာ TaeHyung အသံၾကားသည္ႏွင့္
လွည့္ၾကည့္ကာျပဳံးျပလာသည္။
လူႀကီးျပဳံးျပလိုက္တိုင္း သိပ္ခ်စ္စရာေကာင္း
တာေၾကာင့္ လူႀကီးပါးေလးကိုရႊတ္ခနဲနမ္းလိုက္ကာ
စေတာ္ဘယ္ရီေလးတစ္စိတ္ကိုပါးစပ္ထဲပစ္ထည့္
လိုက္သည္။
"ဘာေတြမဟုတ္တာလုပ္လာျပန္ၿပီလဲ
မ်က္ႏွာေလးက မွိုရေနတယ္..."
"လူႀကီး Accေလး ယူၿပီး Kissေနတဲ့ပုံေလး
တင္႐ုံပါပဲ....."
"မင္းတစ္ခုခု လုပ္ထားတယ္ဆိုတာ
လူႀကီးသိေနတယ္ေနာ္...."
"မလုပ္ပါဘူးဆိုဗ်ာ...ထယ္ ကေလးမဆန္ေတာ့ပါဘူး..."
ခက္တာပါပဲ...ဆယ္ႏွစ္ေက်ာ္အတူတူေနၿပီးေတာ့
လူႀကီးကအလြတ္ရတာထက္ပင္လြန္ေနၿပီ။
လွပလြန္းတဲ့ ခ်ည္ေႏွာင္ျခင္းေတြ.....။
ခိုင္ျမဲလြန္းတဲ့သံေယာဇဥ္ေတြ....။
အခ်စ္ထက္ လြန္တဲ့ အမွတ္တရေတြ...။
လူႀကီးနဲ႔ကၽြန္ေတာ္ရဲ့ Relationship က
အခ်စ္နဲ႔ခ်ည္ေႏွာင္ခဲ့တာပါလို႔ ေျပာ၍မရခဲ့..
ေသခ်ာေပါက္ သံေယာဇဥ္ေတြအမွတ္တရေတြ
နဲ႔သာခ်ည္ေႏွာင္ခဲ့ေသာဘဝႏွစ္ခုပါ....။
ဒါေပမယ့္ ကၽြန္ေတာ္တို႔အမ်ားႀကီးျဖတ္သန္းခဲ့ၿပီးတဲ့
ေနာက္ပစၥဳပန္မွာေတာ့ ကၽြန္ေတာ့္ဘဝမွာ
အေရးႀကီးဆုံး အေရးပါဆုံး
တန္ဖိုးအရွိဆုံး နဲ႔ အခ်စ္ရဆုံးကေတာ့
MinYoongiကလြဲ ဘယ္သူ႔မွမရွိေတာ့.....။
"မလုပ္ရင္လည္းၿပီးတာပဲ...ေဖ်ာ္ရည္ေဖ်ာ္မလို႔
ဒီတိုင္းေတြမစားေနနဲ႔ေလ....."
"ဒါဆို..ျပန္ယူ...ေလ...."
ထယ္က ႏွုတ္ခမ္းဖ်ားနားေလးေတ့ကာကိုက္ထားေသာ
စေတာ္ဘယ္ရီေလးတစ္စိတ္ကိုMinYoongi ႏွုတ္ခမ္း
နားသို႔ႏွုတ္ခမ္းေလးနဲ႔ျပန္ပို႔သည္။
လူႀကီးလည္း သိပ္တုံးတုံးအအမွမဟုတ္ဘဲ...။
ခ်စ္စရာေကာင္းစြာတိုးကပ္လာေသာအသဲပုံႏွုတ္ခမ္းေလးေရာ..စေတာ္ဘယ္ရီေလးကိုပါအကုန္စားပစ္လိုက္
ဖို႔ အေတြးသည္လင္းခနဲလက္ခနဲ.....။
ေကာင္းကင္ျပာေလး၏ႏွုတ္ခမ္းေလးေတြအား
စေတာ္ဘယ္ရီေလးနဲ႔ေရာခ်ကာ လူႀကီးက
ခစားလိုက္ေတာ့ ထိုႏွုတ္ခမ္းေလးေတြကလည္း
သြက္လက္စြာျပန္တုံ႔ျပန္လာသည္။
ရွက္ေၾကာက္ျခင္း အထာကိုင္ျခင္းေတြကို
ဘယ္သကၠရာဇ္မွာသြားျပန္ရွာရမွန္းမသိ။
လူႀကီးက ျပဳံးျပလည္းခ်စ္ပစ္လိုက္ခ်င္စရာ
နမ္းျပလည္းခ်စ္ပစ္လိုက္ခ်င္စရာ
KimTaeHyung ဟာ တေန႔တျခား
MinYoongi ရဲ့ ခ်စ္ခ်င္စရာအျဖာျဖာကိုထပ္တိုး
ေတြ႕ရွိကာ ခ်စ္၍ပင္မဝနိုင္ေတာ့....။
ခင္ဗ်ားတို႔ကို ကၽြန္ေတာ္ေသခ်ာတဲ့ကတိတစ္ခု
ေပးနိုင္ပါတယ္....။
ကၽြန္ေတာ့္ လူႀကီးကို ဘဝအဆုံးအထိ
သံေယာဇဥ္နဲ႔အခ်စ္ေတြေပါင္းစပ္ထားတဲ့
အၾကင္နာေတြနဲ႔ ၁၀ႏွစ္စ ေနာက္အႏွစ္၁၀၀ ၁၀၀၀
အထိ သဲသဲလွုပ္ခ်စ္သြားေပးပါ့မယ္လို႔....။
"ဘယ္ေလာက္နမ္းနမ္း မဝခဲ့တဲ့ႏွုတ္ခမ္းေလး...
စေတာ္ဘယ္ရီေတြလ္ိုပဲ ခ်ိဳလိုက္ ခ်ဥ္လိုက္နဲ႔...."
"Coca-Colaလို လူႀကီးႏွုတ္ခမ္းေတြကလည္း
ထယ့္ Favorite ပဲ.....အရမ္းႀကိဳက္...."
ကၽြန္ေတာ္ အမ်ားႀကီးတည္ေဆာက္ၿပီးတဲ့ေနာက္
ေနာက္ဆုံးေတာ့ ထယ့္မ်က္လုံးေတြ ႏွလုံးသားေတြ
ထဲကၽြန္ေတာ္ လုံးဝေပ်ာ္ဝင္ခဲ့ေနတာႏွစ္တခ်ိဳ႕ေတာ့ရွိ
ေနၿပီ။
လူတစ္ေယာက္ကကိုယ့္ကိုတကယ္ခ်စ္သလား
မခ်စ္သလားဆိုတာ သိရဖို႔က ဘာမွစမ္းသပ္စရာ
မလိုႏွလုံးသားထဲကအလိုလိုသိရတာမို႔
အ႐ူးအမူးလိုခ်င္ခဲ့တဲ့ ထယ့္ခ်စ္ျခင္းေမတၱာေတြကို
လူဆိုးေလး ရဲ့ မ်က္လုံးလွလွေလးေတြကေန
ဆယ္ႏွစ္အထိ ခရီးေပါက္ခဲ့ၿပီးေနာက္ေတာ့
ကၽြန္ေတာ္ MinYoongi ေအာင္ျမင္စြာရရွိခဲ့ပါသည္။
သိပ္ေတာ့မႂကြားခ်င္....။
အခ်စ္ခံေနရ၍မအားလပ္....။
ေျပာရင္ဆိုရင္းပဲ ထယ္က ဒုတိယအႀကိမ္
အနမ္းေတြျပန္စတင္ကာ စေတာ္ဘယ္ရီေဖ်ာ္ရည္
မေဖ်ာ္ျဖစ္ေတာ့။
Anniversary Dayမို႔
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ စေတာ္ဘယ္ရီလို
ခ်ိဴခ်ိဳခ်ဥ္ခ်ဥ္အခ်စ္ကမၻာထဲပဲတန္းတန္းမတ္မတ္
တိုးဝင္သြားခဲ့ၾကသည္။
ႏွစ္ၾကာလို႔သူမ်ားေတြကေသြးေအးလာတာ
MinYoongi ကေတာ့ ၾကာေလ လြင့္လာေလ
ဝိုင္ပုလင္းတစ္ခုလ္ိုပဲ......။
ႏွစ္ၾကာေလ....ေကာင္းကင္ျပာေလးနဲ႔တိမ္တိုက္ေလးက
ေသြးေတြပူေလပဲ.......။
စေတာ္ဘယ္ရီေကာင္ေလးနဲ႔ ကမၻာအဆုံးအထိပဲ....။
IGက Comment ကိုေတာ့တစ္ေယာက္ေသာသူက
ဖတ္ျဖစ္လိုက္ဖို႔မ်ားပါသည္။
.......................................။
Bạn đang đọc truyện trên: AzTruyen.Top