💔5💔

ငြင်းဆန်ခွင့်မရှိတဲ့ ဘဝအစီအစဉ်ကျနနေမှုတွေမှာ..
ကိုယ့်ဘဝနဲ့ကိုယ်တသီးတသန့်
ခေါင်းမော့ရင်ကော့အသက်ရှင်ရပ်တည်ချင်ခဲ့
ပေမယ့်လည်းကံကြမ္မာရေးဆွဲသူကို ကျတော်
လွန်ဆန်လို့မရခဲ့ဘူး....။

ချည်ပြီးတုတ်ပြီး...ကြိုးတွေနဲ့ကျတော်ဘယ်လောက်
ခေါင်းကြောမာမာ..လွန်ဆန်လို့မရခဲ့ဘူး...။
ဖရိုဖရဲသွေးစို့နေတဲ့နူတ်ခမ်း
တွေနဲ့ခေါင်းညိတ်ခဲ့ပြီးတဲ့နောက်တွင်
လက်ထပ်ပွဲဟာဖြစ်ပြီပေါ့....။

ParkJimin ဟာ မတရားချူပ်နမ်းခံရရုံနဲ့
ချက်ချင်းကြောက်လန့်လက်ခံခဲ့ရတာပေါ့လို့
ကိုယ့်စိတ်ဝိဉာဉ်ကကိုယ့်ကိုပြန်လှောင်ပြောင်တဲ့အခါ
ကျတော်ချက်ချင်းမတုံ့ပြန်နိုင်ခဲ့။

ပြန်တွေးကြည့်မိတိုင်း အနမ်းခံရသော
အပိုင်းအခြားမိနစ်တွေသည်...
ကျတော်မျက်လုံးတွေကိုမတည်မငြိမ်ဖြစ်စေတဲ့အထိ။
ဒေါသမဟုတ်ပါ...ကျတော်သေသေချာချာသိတယ်။
ကျတော်ဒေါသထွက်နေခဲ့တာမဟုတ်ဘူး...။
ကျတော့်စိတ်စွမ်းအင်တွေကုန်ခမ်းသွားတဲ့အထိ
ပြိုလဲကျသွားခဲ့တာ....
ဘာတွေများဖြစ်သွားရတာလဲ....။
စဉ်းစားကြည့်မိတိုင်းခေါင်းထဲရှုပ်ယှက်ခတ်သွားတာက
လွဲရင်ဘာအဖြေမှမရခဲ့ပါ...။

လိုချင်တာဖြစ်ချင်တာဖြစ်သွားကြ၍
အဖေတို့သည်ကျေနပ်သွားကာ
လက်ထပ်ပွဲကို ပြင်ဆင်တော့သည်။

အဆိုးထဲကအကောင်းကတော့ ဥက္ကဌJeon
သည်Company မှာဆက်ဦးစီးခိုင်းကာ
ကျတော့်ဘဝသည်အခြေအနေမပျက်ခဲ့။
သူ့အလုပ်တွေလည်းအကူအညီလိုရင်
လာကူဖို့တောင်းဆိုကာကျတော်အဆင်ပြေအောင်
ညှိနှိုင်းပေးသည်။

လက်ထပ်ပီးကြရင်တော့ကျတော်ထင်ပါသည်
သေချာပေါက်Jeon Groupမှာပဲအလုပ်လုပ်ပေးရလိမ့်
မည်...။

သူ့သားကဆိုးလို့
သူ့သားက အလုပ်တွေအပေါ်ဘယ်တော့မှ
စိတ်ဝင်စားမှုရှိမှာမဟုတ်လို့
သူ့သားဆိုးကို ထိန်းကြောင်းပေးဖို့
တော်သူမို့ တတ်သူမို့ လိမ္မာသူမို့တရားပြပေးရန်
JEonဥက္ကဌကတောင်းဆိုသည်။

သူသေသွားရင်ဒီပစ္စည်းဥစ္စာတွေကို
ဟိုအရူးက မစီမံနိုင်မှန်း အကုန်ပြောင်မှာမှန်း
ကြိုသိ၍ ထိန်းကြောင်းစီစစ်ရန် ပိုတိုးတက်စေရန်
ဦးနှောက်ဖောက်စားရန်လစာမလို
အလုပ်သမားငှါးလိုက်တဲ့သဘော....။

သူနေ့တိုင်းရဲစခန်းတကာလိုက်ငွေထုတ်ပိုက်
ရှင်းနေမယ့်နေရာတွင် ParkJiminက
အစားဝင်ကာ အမှိုက်ကောင်ရဲ့
ကောင်းမွေဆိုးမွေဒဏ်အားလုံးခံပေါ့လေ....။

အဖေကလည်းအရာရာပြန်လည်လည်ပတ်ကာ
အမေကလည်းထူထူထောင်ထောင်ဖြစ်နေပြီမို့
လိမ္မာတော့မည်ဟုရီစရာပြောပါသည်။

လူတိုင်းကသူ့ဟာသူအဆင်ပြေနေကြပါသည်။

လက်ထပ်ပွဲသည်ရီစရာတော့ကောင်းပါသည်
ကျတော်လုံးဝနားမထောင်ဘဲ
အလုပ်တွေထဲပဲခေါင်းစိုက်နေလိုက်သည်။
အဖေနဲ့ ဥက္ကဌJeonကတော့ ဘာဘာညာညာ
လိုက်စီစဉ်နေသည်။
လိုလိုချင်ချင် အဆင်ပြေပြေ ညှိနှိုင်းလို့ရ၍
လုပ်မည့်ပွဲလည်းမဟုတ်တာကြောင့်
အချိန်တန်ရောက်လာရင်ဝင်ပါလိုက်မည်။

Jeon JungKookကိုတော့တွေ့ဆုံပွဲပီးထဲက
မတွေ့ရတော့...။
သူကကိုယ့်ထက်ပိုစွာစိတ်မဝင်စားနေကြောင်း
သိသာပါသည်။
စိတ်ဒုက္ခပေးချင်ရုံသက်သက်ပေါ့ပေါ့တန်တန်
သဘောထားတဲ့သူမလို့ အိမ်ပင်ပြန်မလာကြောင်း
သူ့အဖေရဲ့တခါတလေ ညီးညူသံများကိုကြားရသည်။

Computer ပေါ်ကစရင်းဇယားများကို
ကြည့်ကာ စိတ်ရှုပ်ထွေးမှုတွေ
ခံပြင်းမှုတွေ...မဖြစ်ချင်တာတွေကြီးဖြစ်လာရခြင်း
တွေကိုခဏလေးခေါက်သိမ်းပြီး
အလုပ်ထဲအာရုံစိုက်လိုက်မည်။

မတတ်နိုင်ဘူးလေ...ဖြစ်ချင်ရာတွေဖြစ်ပါစေတော့ပေါ့။
ကျတော် ကံတရားကို ဘယ်လောက်
မကျေနပ်ပါစေအုန်း....ကံတရားက ကံတရားပါပဲ။
ဘာမှလုပ်လို့မရဘူး.လေ။...။

.........

"Jung kook!!!!မင်းဘယ်မှာလဲ."

"ဘာလုပ်မလို့လဲ..ဒယ်ဒီ ကျတော်မအားဘူး..."

တကယ်မအားနေပါ..။ဘယ်ဘက်ရင်ဘက်မှာ
ထိုးမဲ့တက်တူးအသစ်သည်စနေပြီ...။

"မင်းလက်ထပ်ပွဲအတွက်ဘာမှမစဉ်းစား
တော့ဘူးလား ငါကကြီးလုပ်နေရတယ်
ယူမှာမင်းလေ နည်းနည်းပါးပါး
ဂရုလေးစိုက်အုန်းမှပေါ့ကွ...!!"

"ကျတော်ကြိုက်လို့ယူတာမှမဟုတ်တာ
ဒယ်ဒီယူခိုင်းလို့ အမွေရမှာမလို့
ယူတာလေ...Why? ကျတော်တက်တူးထိုးနေတယ်
ဒယ်ဒီ ဖုန်းထပ်မခေါ်နဲ့..."

"ဟေ့ကောင်...မင်းကိုငါကြိုက်မှယူလို့
ပြောတာပဲ မင်းတချက်တောင်မငြင်းဘဲ
တန်းလက်ခံတာမဟုတ်ဘူးလား"

"ကြိုက်လို့မဟုတ်ဘူး ကြည့်မရလို့"

"JeonJungkookအိမ်ထောင်ရေးက
ကစားစရာမဟုတ်ဘူးနော်...
ကြည့်မရတာနဲ့ မကျေနပ်တာနဲ့
လွယ်လွယ်လေးဆုံးဖြတ်လ်ို့မရဘူး
လက်ထပ်ပီးပီဆိုတာနဲ့ တစ်သက်လုံးအတူတူ
နေရတော့မှာပါ....မင်းလူလိုတွေးစမ်းပါ..."

"ဘယ်လို ဘယ်လို...ဒါဘယ်လိုဟာသကြီးလဲ
အိမ်ထောင်ရေးကကစားစရာ
မဟုတ်ဘူးတဲ့လား ဒယ်ဒီ...
ဒါဆို မာမီ ဘာလို့သေခဲ့ရတာလဲ...
လက်ထပ်ခြင်းက တစ်သက်လုံးအတူတူ
နေသွားရခြင်းဆို မာမီကဘာလို့မရှိတော့တာလဲ
ဒယ်ဒီမွေးထားတဲ့ တစ်ဦးထဲသော
သားလေးက ဒယ်ဒီလို တပုံစံထဲဖြစ်လာတာ
ဝမ်းတောင်သာရမှာ.လေ...
လေမကြီးနဲ့ဒယ်ဒီ မတန်တာတွေမပြောနဲ့.."

"မင်းအမေက အတ္တကြီးလို့သေတာ JungKook
ငါသတ်တာမဟုတ်ဘူး....
ငါ့အိမ်ထောင်ရေးကဒီလိုဖြစ်ခဲ့လို့
မင်းအိမ်ထောင်ရေးကိုကောင်းစေချင်တာ
မင်းကငါနဲ့မတူဘူးမင်းအမေနဲ့တပုံစံထဲမို့
ငါပူပင်တယ်...Jiminက ငါ့အမြင်ထဲမှာ
မင်းနဲ့အသင့်တော်ဆုံးမို့ပါ..."

"အတ္တကြီးရုံနဲ့မသေနိုင်ပါဘူးဗျာ..!!"

"ထားစမ်း အဲ့ကိစ္စတွေ အတိတ်ကအတိတ်ပဲ
ငါ့ကို လာလာရောမချနဲ့...."

"အဲ့တာဆို လာလာမဆက်သွယ်နဲ့လေ
ဒီမှာအလုပ်တွေရှုပ်နေတယ်
မင်္ဂလာဆောင်မဲ့နေ့ပြန်လာရင်ပီးရောမလား...."

"လက်ထပ်လက်စွပ်တော့ကိုယ်တိုင်ရွေးသင့်တယ်ကွ"

ဒယ်ဒီလက်မှတ်ထိုးကာအားလုံးသူ့နာမည်နဲ့လွှဲ
ပေးလိုက်ပြီးရင်နာရီတောင်မခြား
ကွာရှင်းပြီး ladyလှလှလေးနဲ့ကမ္ဘာပတ်မှာမလို့
လက်ထပ်လက်စွပ်ဆိုတာသည်နည်းနည်းရီစရာ
ကောင်းနေပါသည်။

"မရွေးသင့်ပါဘူး....ဝတ်မှာလည်းမဟုတ်တော့
ထည့်မနေနဲ့...."

"JeonJungkook!!!!"

"ဒယ်ဒီကလေ အမြဲလောင်နေတာပဲ..."

"Jimin ကလည်းခေါ်လို့လုံးဝမရဘူး
လက်ထပ်ပွဲကိစ္စဆိုတာနဲ့ရှောင်နေတော့တာပဲ
မင်းထက်တောင်အကြောတင်းနေတယ်....
အလုပ်တွေကြီးလုပ်နေတာ ဘာမှကို
နားမထောင်ဘူး....."

Jeonသည် ရင်ဘက်ပေါ်ကျလာတော့မည့်
တက်တူးအပ်ကို ခဏတားလိုက်ကာ
ဒယ်ဒီစကားကြောင့်စိတ်ထဲတင်းခနဲ။

သူကစင်ပေါ်ကလူမို့နေချင်သလို
ဂရုမစိုက်ဘဲနေနေပေမယ့် ParkJimin က
တော့အဖေဖြစ်သူကိုကြောက်ရ
ဒယ်ဒီကျေးဇူးတရားတွေကိုကြောက်ရ
နဲ့ မို့တယောက်ထဲ စီစဉ်နေမည်ဟုထင်နေခဲ့တာ။

သူကစားစရာလိုဘောင်မသွင်းသောလက်ထပ်ပွဲကို
ParkJimin ကတော့ တဖက်မှာ
လုပ်စရာရှိတာကိုသေးသေးကုတ်ကုတ်
လုပ်နေမယ်လို့ထင်ခဲ့ပေမယ့် အပြိုင်အဆိုင်ကို
သူကလည်း နားမထောင်ဘူးတဲ့...။

"သူကဘာမှလုပ်မနေဘူးလား...."

"ဘာမှမလုပ်ဘူး....ခေါ်ရမှာတောင်
ရှိန်တယ်...မင်းကလည်းပျောက်နေတော့
ငါကသူ့ကိုနားထောင်ပါလို့ပြောရမှာ
မဟုတ်သေးဘူးလေ....
သူ့ရုံးခန်းထဲကနေ ထွက်တောင်မလာဘူး...
မင်းလိုအရိုင်းအစိုင်းကိုယူတာတောင်
ကျေးဇူးတင်ရမယ် စျေးဝယ်ထွက်ဖို့ကတော့
သူလည်း ရှောင်ဖယ်ချင်မှာပဲ
အဲ့တာကြောင့်ပြောတယ် နည်းနည်းအချိုးပြေပါလို့...
မင်းက ယူမယ်ပြောပီးထဲက ပေါ်မလာတော့တာ
ဘယ်လိုမလေးစားမှုမျိုးလဲကွာ..."

မလုပ်ချင်ဘူးတဲ့လား....။
Jeonသည်နူတ်ခမ်းတွေတွန့်ရုံလေး
ပြုံးသွားခဲ့သည်။

ကိုယ်နဲ့တွဲရဖို့နံပါတ်စဉ်နဲ့တောင်စောင့်ဆိုင်း
နေရသောယောကျ်ားမိန်းမတွေ
ဝိုင်းနေသောဘဝမှ တွဲသွားတွဲလာ
လုပ်ဖို့ကို မတန်သလို ပညာသားပါပါ
ရှောင်ဖယ်ခံရသောဘဝသို့ရောက်နေတာပေါ့လေ။

သူရှောင်ကိုယ်ရှောင်ဖြစ်နေတာကိုမသိ...
စိတ်ကူးထဲတော့ သူက တင်စီးစွာ
ယူမယ်ပြောပြီး Ladyလေးနဲ့ငြိမ့်နေ
ParkJimin ကတော့သနားစရာတစ်ယောက်ထဲ
စိတ်တထင့်ထင့်နဲ့စီစဉ်နေမှာပဲလို့...။

ဘယ်ရမလဲ...မလုပ်ချင်ဘူးဆို
လုပ်ကိုလုပ်ရမယ်....။

"သူကခုဘယ်မှာလဲ....."

"သူ့ရုံးခန်းမှာပေါ့ ..."

ဖုန်းချလိုက်ကာ ချွတ်ထားသောShirt အကျီကို
ကောက်ဝတ်ပြီး..နောက်နေ့မှဆက်ထိုးရန်
ပြောကာယူစရာရှိတာယူလိုက်သည်။

ငါ့ထက်တောင်ထပ်စောင်းပြီး
အကြောတင်းနေတဲ့ကောင်...။
မသွားချင်တဲ့နေရာတွေ မလုပ်ချင်တဲ့အလုပ်
တွေကို လုပ်ကိုလုပ်ရမယ်...။
JeonGroupရဲ့ဆက်ခံသူနဲ့လက်ထပ်ရမယ့်
ကိစ္စကိုများ ရုံးခန်းတံခါးပိတ်အလုပ်လုပ်နေရဲ
သေးတယ်.။

သူက ကိုယ်ကြိုးဆွဲရာကရမယ့်အရုပ်ကလေး။
ပိုက်ဆံတွေပုံပေးပြီးရင်းထားရတာ
ဒီလိုမျိုးတော့ အပြိုင်အဆိုင်
အားပြိုင်လို့ဘယ်ဖြစ်ပါ့...။
ဦး ကိုရအောင်ချိုးထားမှတော်ရာကျမည်။
ဟိုနေ့က နှိပ်စက်တာ နည်းသေးလို့ထင်ပါသည်။

ParkJimin အဲ့လိုတွေလုပ်လေမြန်မြန်
မင်္ဂလာဆောင်ပြီးမြန်မြန်အနီးကပ်နှိပ်စက်
ချင်လာလေပဲ...။
ဘယ်လိုမုန်းမှန်းမသိ....။

အလိုအလျှောက်ဖြစ်ပေါ်လာတဲ့
မြန်မြန်ဆန်ဆန်လက်ထပ်ယူပြီး
ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးချူပ်ကိုင်ချင်စိတ်တွေ။

မျက်နှာကိုသိပ်မကြည့်ချင်ပေမယ့်
ParkJimin ဆိုတဲ့နာမည်ကြားတာနဲ့
မကြည့်ချင်နေသောမျက်နှာကိုပဲ
ချက်ချင်းသွားကြည့်ကာဒုက္ခပေးလိုက်
ချင်တာတွေ....။

တွေ့ဆုံပွဲပီးထဲက ထိုမျက်နှာကိုခဏခဏပြန်
မြင်နေရသည်...။
ဖဲရိုက်ရင် ဖဲရှုံးသည်...
ကားပြိုင်လည်းရှုံးသည်....
မောက်မောက်မာမာမျက်နှာကို
မုန်းမုန်းတီးတီးတွေးကြည့်မိတိုင်း
ဘာတစ်ခုမှအဆင်မပြေတော့....

နူတ်ခမ်းထူထူတွေကိုကိုက်ချအနိုင်ကျင့်ပြီး
ခေါင်းညိတ်ခိုင်းပြီးတဲ့နောက်မှာ
နူတ်ခမ်းထူထူကောင်မလေးတွေကို
ရွေးတွဲကာ နမ်းကြည့်မိသည်...။

".ဘာလဲ...မုန်းတဲ့နူတ်ခမ်းတွေက
ပိုနမ်းလို့ကောင်းနေတာလား...."

ဆေးလိပ်တချက်ဖွာကာ သဘာဝမကျတာကြီး
ကိုတွေးခဲ့ရသေးသည်။
နူတ်ခမ်းထူထူတွေအတူတူဆိုပေမယ့်
ကောင်းကျိုးမပေးက အိပ်ပျော်နေသည်။
ယောင်ယမ်းပီးတောင်လှုပ်ရှားမလာ။

"ဂျေ...မင်းအမျိုးမျိုးတွေမလုပ်နဲ့လေကွာ
ဒီမှာအားလုံးပြင်ဆင်ပီးနေပီကို...
ထိုးလိုက်ကွာ..."

"စိတ်မပါတော့ဘူး....Hoseok
လုပ်စရာရှိလို့..."

"အရေးကြီးလို့လား...မကြီးရင်မသွားနဲ့ကွာ..."

"လုံးဝမကြီးပါဘူး..အလကားကိစ္စပါ
ဒါပေမယ့် သွားကိုသွားလိုက်ရမှ
စိတ်ထဲနေလို့ရမှာ...လစ်ပီ..."

"ဂျေ!!!!"

Jeonသည် မှန်မှာတစ်ချက်ခြေဆုံးခေါင်းဆုံး
တချက်စစ်ဆေးလိုက်သည်။
ဝတ်ထားသောပေါင်ရင်းအထိပြဲနေသော
ဂျင်းဘောင်းဘီရယ် Leatherအကျီကောင်းကောင်း
တထည်ရယ်...Leather အကျီအောက်က
Shirtကတော့ ကြယ်သီးနှစ်လုံးလောက်သာ
တပ်ထားသည်။အစအဆုံးတပ်နေရမှာစိတ်မရှည်လို့။
နေကာမျက်မှန်အနက်ရောင်ကိုတပ်လိုက်ကာ
ဆံပင်တွေတချို့ကိုသပ်တင်လိုက်သည်။

"သွားပြီ...နောက်ရက်ပြန်လာခဲ့မယ်..."

ကားသော့ကိုလှည့်ကာ Jeonသည်
လေတစ်ချက်ချွန်ပြီးထွက်သွားသည်။

တံခါးဝအရောက်တွင်Jeonကအထွက်
လူတစ်ယောက်ကဝင်လာသည်။

အ..!

အဝင်အထွက်တွင်...ထိုလူရဲ့အိတ်တွင်အလှ
တပ်ထားသောတွဲလီတွဲလောင်းသော့ချိတ်တခု
နှင့်Jeonလက်ကAccessories တခုသွားငြိကာ
နာသွားသူကJeonဖြစ်သည်။

"Oh...Sorry.!!!"

ချက်ချင်းဆိုသလိုထိုလူကAccessories
နှစ်ခုချိတ်ဆက်နေခြင်းကိုခပ်မြန်မြန်
ဖြုတ်နေသည်။
သွယ်လွန်းသောလက်တွေသည်
အထူးလှနေ၍မျက်နှာကိုကြည့်လိုက်တော့
Maskတခုတပ်ထားကာဆံပင်တွေအုပ်စိုင်းနေ၍
ဘာမှမမြင်ရ...။

ပြုတ်သွားသောအခါခါးတချက်
ညွတ်ကာတောင်းပန်သလို
အမူအယာတချက်လုပ်သွားပြီး
တက်တူးခန်းထဲသို့ဝင်သွားသည်။
JEonလည်းတံခါးဖွင့်ကာကားဆီသို့
ဆက်လျှောက်သွားလိုက်သည်။

.............

"Hoseok..."

Jungkook ကြောင့်စိတ်တိုကာတက်တူးစက်
ကိုသိမ်းမည့်ဆဲဆဲဆိုင်ထဲဝင်လာသော
အရိပ်နဲ့အသံကြောင့်Customer ထင်၍
ကြိုဆိုဖို့ကြည့်လိုက်ချိန်တွင်မထင်မှတ်သောသူ...။

"TaeHyung.!!!!!!"

"မင်း တကယ် TaeHyung လား....???

တက်တူးစက်ကိုပစ်ချကာမြန်မြန်လေး
လျှောက်သွားပြီးအနီးကပ်ကြည့်လိုက်ချိန်တွင်
တကယ်ပင်KimTaeHyung ဖြစ်နေသည်။
Hoseokသည်ရုတ်တရက်မို့အံ့ဩမှင်သက်
နေပေမယ့် TaeHyungကတော့ပုံမှန်ပဲ ပြုံးပြကာ
မိနစ်တွေအတော်ကြာပွေ့ဖက်နူတ်ဆက်ခဲ့သည်။

"ငါက မင်းကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူး
လို့ထင်နေတာ..TaeHyung"

အစိမ်းရင်ရောင်ပွင့်ခတ်လေးတွေပါသော
Shirt အပေါ်မှာအညိုရောင်Coatကို
ခြုံရုံခြုံထားပြီးအညိုရင့်ရောင်
ဘောင်းဘီတထည်နှင့်တွဲဝတ်ထားတဲ့သူ...။
အဖြူစွတ်စွတ်ဖိနပ်တရံနှင့်လွယ်ထားသော
အိတ်သည် မနေ့တနေ့ကမှ ကမ္ဘာကျော်
Brandတခုကထုတ်လိုက်သောLimited Editonတခု။

အစိမ်းလိုလိုအပြာပြာလိုလိုဆံပင်တွေ
ဝဲခါနေကာ Maskကိုချွတ်လိုက်ပြီး
ပွေ့ဖက်နူတ်ဆက်ခြင်းကိုရပ်ကာ
ခုံပေါ်တွင် ခြေတံရှည်တွေကို
စမတ်တကျနေရာချလျှက်ထိုင်လိုက်သည်။

Maskချွတ်လိုက်သောအခါပေါ်လာသော
မျက်နှာသည်...Hoseok ငေးခနဲ..။

အချိုးကျလှသော အချောမောဆုံးအစိတ်အပိုင်း
တွေကိုအချိန်ယူစစ်ထုတ်ကာ KimTaeHyung
မျက်နှာပေါ်တွင်တခုချင်းနေရာချထားသလား
ထင်မှတ်ရအောင် ချောမောလွန်းသည်။
ထွက်သွားတုန်းက၁၈နှစ်အရွယ်အရွယ်ရောက်ခါစ
လေးမို့ဒီလောက်ကြည့်မကောင်းသေး။

"မင်းအရမ်းကြည့်ကောင်းလာတာပဲ....
ခွဲစိတ်ထားတာလား..."

"ငါ့မျက်နှာမျိုးက ခွဲစိတ်ယူရင်တောင်
မရမယ့်မျက်နှာမျိုးပါ....စွပ်စွပ်စွဲစွဲ..."

"မသိဘူးလေ..မင်းဂျာမနီသွားတုန်းက
ကလေးလိုလို ဘာလိုလို..."

"ခုအရွယ်ရောက်လာပြီလေ..."

Hoseok သည်အံ့ဩတကြီးပြူးပြဲ
ကြည့်ကာ ခေါင်းတညိတိညိတ်နှင့်
ရေဗူးတဗူးပစ်ပေးလိုက်သည်။

"အပီးပြန်လာတာလား"

"မပြောတတ်ဘူး ဂျာမနီမှာနေရတာ
ပျင်းလာလို့ တစုံတခုကငါ့ကို
ဆိုးလ်ကိုပြန်ခေါ်နေသလိုပဲ
အဲ့တာကြောင့်ပြန်လာတာ ပျင်းလာရင်
နောက်တစ်နိုင်ငံပေါ့ကွာ....ဘဝက
ပျော်ရွှင်သာယာတဲ့နေရာရှာကြံနေရမှာပဲ...."

Hoseok သည်..ခေါင်းတချက်ကုတ်ကာ
ကွဲသွားတာနှစ်တော်တော်ကြာပီဖြစ်သော
အိမ်နီးနားချင်းသူငယ်ချင်းကိုအရင်လိုပဲ
နားမလည်သလိုကြည့်နေလိုက်ရသည်။

TaeHyung နာမည်အပြည့်ကKimTaeHyung ။
'ငယ်ငယ်လေးထဲက
ထူးထူးဆန်းဆန်းတွေပြော
ထူးထူးဆန်းဆန်းတွေပဲလုပ်ကာ
TaeHyung နဲ့ မျက်လုံးချင်းဆုံမိသူတိုင်း
ကြောက်စရာကောင်းတယ်ဟုသတ်မှတ်ခြင်း
ခံရတဲ့သူ...။

ငယ်ငယ်ကဆို သူလာဆော့ရင်တောင်
နှင်ထုတ်ခဲ့ကြဖူးသည်။
အနိုင်ယူအငြင်းသန်တာမျိုးမဟုတ်ပေမယ့်
သူလိုချင်တာကို ဥာဏ်သုံးကာ
ပြုံးပြုံးလေးတဖက်လှည့်နဲ့ယူပြတတ်တဲ့သူ။
အဲ့ဒဏ်တွေကို ကလေးဘဝကဘယ်သူမှ
မခံနိုင်ခဲ့ကြ။

ခုလည်းပိုချောမောကာ ငေးယူရသော
ရုပ်ရည်မျိုးကိုပိုင်ဆိုင်နေပေမယ့်
မျက်လုံးတွေနဲ့ စကားတွေကတော့
မပြောင်းလဲ....။
ဟိုတုန်းကလိုပဲ....။

"တိုက်ခန်းကောင်းကောင်းတခုတော့
ဝယ်ထားပီးပီ...မင်းဆိုင်ပိတ်ရက်
တွေလာလည်အုန်း..မင်းဆိုင်ကို
စုံစမ်းရတာ အချိန်တွေပေးလိုက်ရတယ်...."

"မင်းအလုပ်ကဘာလုပ်နေလဲ TaeHyung.."

"ဒီဇိုင်နာ...လုပ်နေတယ်...
စိတ်ပါမှပါ မပါရင်အိပ်နေတာ...
ငါကအရမ်းအလုပ်မလုပ်ဘူး....
သက်သက်သာသာပဲနေတယ်..."

"ယုံပါတယ်..."

"ပြန်လာလာချင်း သူငယ်ချင်းက
မင်းပဲရှိလို့မင်းဆီပြေးလာတာ...
ငါနောက်ဆို မကြာခဏမင်းဆိုင်ကိုလာမယ်
တက်တူးပညာလည်းလေ့လာချင်လို့..."

"လာပါ...စိတ်ဝင်စားရင်ငါ
သင်ပေးပါ့မယ်..."

"ကျေးဇူး...."

မတွေ့ရတာကြာလှပြီဖြစ်ကာသူ့မှာတအံ့တဩ
ဖြစ်နေသော်လည်းTaeHyung ကတော့
အေးစက်စက်နှင့်တဆိုင်လုံးကိုလှည့်ပတ်
ကြည့်နေသည်။
ပြန်တွေ့ရလို့စိတ်လှုပ်ရှားဝမ်းနည်းဝမ်းသာမှု
လည်းမရှိ..။
အရင်ကလိုပါပဲ..
စက်ရုပ်လိုကောင်....။

စကားအနည်းငယ်ဟိုအကြောင်းဒီအကြောင်း
ပြောပီးတော့ ဆိုင်တစ်ဆိုင်မှာ
နေ့လည်စာသွားစားဖို့စီစဉ်လိုက်ကြသည်။
ပြန်တွေ့ခြင်းအမှတ်တရနည်းနည်းပါးပါးလည်း
သောက်ရင်းနဲ့ပေါ့..။

"Hoseok...ခုနငါဝင်လာတုန်းက
ထွက်သွားတာ မင်းCustomer လား...."

"အင်းဟုတ်တယ်လေ...ဘာဖြစ်လို့လဲ"

"မိုက်လို့......."

TaeHyung သည်ပြုံးရုံဆိုတယ်လေး
ပြုံးကာပြောသည်။
Hoseok လည်းအရေးမကြီးသောစကားမျိုး
ဖြစ်တာမို့ TaeHyung အကြောင်းလည်းသိတာမို့
ခေါင်းညိတ်ပြကာနေ့လည်စားစာဖို့
စားသောက်ဆိုင်ကိုထွက်လာလိုက်သည်။

နီးနီးနားနားဆိုင်တစ်ဆိုင်ကိုလမ်းလျှောက်သွား
ခဲ့ကြရင်းစကားတွေထပ်ပြောနေကြဆဲ..။

အိမ်မက်တွေကတောင်းဆိုလာသော
နေရာသို့ခြေပြန်ချပြီးပြီ....

ငိုသံတွေကိုဘယ်မှာရှာရမှာလဲ.........။

.............

"MD နဲ့တွေ့ချင်ရင်...ကြိုချိန်းဆိုထားမှ
တွေ့လို့ရပါမယ်ရှင်....."

Jeonသည်ဘေးနားတွင်တောက်လျှောက်
လိုက်ကာနားပူနားဆာလုပ်နေသော
ဝန်ထမ်းမိန်းကလေးကိုစိတ်ရှုပ်လာသည်။
ဒါပေမယ့်စကားအဖက်လုပ်ပြန်ပြောနေဖို့
မလိုတာကြောင့်မကြားသလိုပဲ
ဟိုလူရှိမဲ့နေရာသို့လျှောက်လာလိုက်သည်။

Company တခုလုံးကParkJimin
ရဲ့ဝန်ထမ်းတွေသည် ချောမောခန့်ညားသော
ယောကျ်ားမျိုးကိုမမြင်ဖူးဘူးထင်ပါသည်
ပြူးတူးကြောင်တောင်များဖြင့်
သူ့ကိုဝိုင်းကြည့်နေကြသည်။

"ဘယ်သူလဲ...အဲ့တာ..ရှုပ်ယှက်ခတ်နေတာပဲ..."

"မသိဘူး MDနဲ့တွေ့ချင်လို့တဲ့.."

"ဟဲ့ ငါတို့MDက ဒီလိုပုံစံမျိုးနဲ့ သိမှာတဲ့လား
MD ဒါမျိုးအရမ်းမျက်မုန်းကျိုးတာကို..."

"တော်တော် တော့ ချောတယ်နော်
ပေစောင်စောင်ဆိုပေမယ့် မိုက်တယ်.."

"နင်က တမျိုး...."

တီးတိုးပြောဆိုသံများနဲ့အတူ
နေကာမျက်မှန်အနက်ရောင်နှင့်
လူဆိုးလေးသည် ဘောင်းဘီအိတ်ထဲ
လက်ထည့်ရင်းခပ်တည်တည်ပဲ
လှမ်းလျှောက်လာနေသည်။

"တံခါးဖွင့်....."

"ဟို အစ်ကို...MDကို အရင်အကြောင်းကြား
ပီးတော့မှ..."

"နင်လူစကားနားမလည်ဘူးလား...."

Jeonသည်မျက်မှန်ချွတ်ကာစူးခနဲကြည့်
လိုက်တော့ကောင်မလေးသည်တုန်ခနဲ..။
ဘာမှဆက်မပြောရဲတော့ဘဲတံခါးကို
ခပ်ဟဟဖွင့်သည်။
ဒါတောင်လူဝင်လို့ရအောင်မဖွင့်သေး။

"MD ဟို...."

စိတ်ရှည်မှုကိုစမ်းသပ်နေသည်။တံခါးကို
အဆုံးအထိဆောင့်ဖွင့်လိုက်ကာထိုမိန်းကလေး
ကိုတွန်းတိုက်ပြီးအထဲသို့ဝင်သွားလိုက်သည်။

စားပွဲတွင်ထိုင်ကာအတွင်းရေးမှူး
ဖြစ်ဟန်တူသောလူတစ်ယောက်နဲ့
အလုပ်လုပ်နေသောParkJimin သည်
တံခါးဖွင့်သံကြောင့်Laptop ကြည့်နေရာမှ
သူ့ကိုမော့ကြည့်လာသည်။

"ဝင်လာချင်ရင် တံခါးအရင်ခေါက်မှပေါ့....."

ParkJimin သည်ခုံမှာထိုင်ကာLaptop
ကိုကြည့်နေပြီး အတွင်းရေးမှူးလို
လူသည်မတ်တပ်ရပ်ကာအပေါ်မှ
အုပ်မိုးပြီးLaptop ကိုပြိုင်တူကြည့်နေသည်။
အလုပ်လုပ်ကြပုံကအဆန်းပါလေ။

"ဖွင့်ခိုင်းတယ် ခင်ဗျားခန့်ထားတဲ့
ကျပ်မပြည့်ဝန်ထမ်းတွေက
အရစ်ရှည်နေလို့...."

မျက်နှာသည်ကွက်ခနဲပျက်သွားသည်...။

"ဘာကိစ္စရှိလို့ ငါ့ရုံးခန်းအထိလာတာလဲ..
ငါအလုပ်လုပ်နေတယ် မအားဘူး
စကားပြောစရာရှိရင် သက်သက်ချိန်းလိုက်..."

"မင်္ဂလာဆောင်အတွက် လက်စွပ်ကြည့်ဖို့
ခင်ဗျားကို လာခေါ်တာ..."

ရူးနေလား...။မျက်နှာကိုတစက်မှမမြင်ချင်
လို့အဲ့လိုဇယားတွေကပ်လာမှာစိုးလို့
ရှောင်လို့ရသမျှအလုပ်အကြောင်းပြ
ရှောင်တိမ်းနေတာ..။
သူလည်းစိတ်မဝင်စားလို့ပျောက်ဆုံးနေပြီးမှ
ဘာစိတ်ရူးထပြီးရောက်လာတာလဲ။
ဘာကိစ္စ ဒီသရုပ်ပျက်နဲ့ အတူတူတွဲပြီး
အပြင်ထွက်ရမှာလဲ...။
မဖြစ်နိုင်လိုက်တာ......။

"ငါမသွားချင်ဘူး...
ငါတစ်ယောက်ယောက်ကို
သွားယူဖို့ခိုင်းလိုက်မယ်
အဓိက က လက်စွပ်ရဖို့ပဲမလား
မင်းအဖေကို လည်းပြောပေးလိုက်မယ်
ပြန်လို့ရပီ...."

Shirtအကျီအဖြူစွတ်စွတ်ကိုတံတောင်တစ်
နားအထိခေါက်တင်ထားပြီးဝတ်ထားတဲ့သူ။
ဟိတ်ကြီးဟန်ကြီးပုံစံမျိုးတော့ဒီနေ့သိပ်မမြင်ရပေမယ့်
ဟိတ်ဟန်မကြီးပဲ ဘာတွေကထည်ဝါတောက်ပ
နေမှန်းမသိ...။
အနက်ရောင်ဆံပင်တချောင်းသည်နဖူးပေါ်
ကျနေကာကျန်ဆံပင်တွေကိုတော့
သပ်ရပ်စွာလှန်တင်ထားသည်။
Mouseကိုင်ကာရွှေ့နေသောလက်ဖြူဖြူ
ပေါ်တွင်သွေးကြောတွေကစိမ်းမြနေလျှက်။
သူရုတ်တရက်ရောက်လာခြင်းကို
အံ့ဩနေပေမယ့် အံ့ဩဟန်လုံးဝမပြဘဲ
ပြောစရာရှိတာပြောပြီးLabtopကို
ပြန်ကြည့်ကာ အပေါ်ကအုပ်မိုးနေသော
လူကိုစကားပြောနေပုံသည်ရင်တွေထဲတနုံ့နုံ။

မြင်တာနဲ့တန်းပြီးမုန်းစရာကောင်းတဲ့လူပါ။

Jeon သည် ဝုန်းဝုန်းဒိုင်းဒိုင်းထလုပ်ဖို့
အာရုံတွေကိုခေတ္တမစုနိုင်ခဲ့။
Shirt အကျီအဖြူရောင်နှင့်
သူ့ကိုအဖက်လုပ်မနေသော
လူကို စိုက်ကြည့်နေသည်။

ပူနွေးလာသောသွေးတွေ...
အေးစက်သွားသောသွေးတွေ
ခေါင်းကနေခြေထောက်ဝရုန်းသုန်းကား
လည်ပတ်နေကြပြီး မျက်လုံးတွေသည်
ခွါပစ်လို့မရခဲ့။

ခွါသင့်နေပြီဆိုပေမယ့်....
မခွါတော့ရောဘယ်သူ့ကိုဂရုစိုက်ရမှာလဲ။

နှလုံးသားသည် အတိုင်းအဆမဲ့လှုပ်ရှားလာပြန်သည်။
လှုပ်ရှားသလောက်လည်းတဖက်က
နာကျင်လွန်းတာကြောင့်ဆေးလိပ်ဗူးကို
အကျီအိတ်ထဲမှနှိုက်ယူနေရသည်။

ကြည့်ရုံနဲ့တောင်အရမ်းပူပြင်းလွန်းလိုက်သည့်
ParkJimin....။

"အတူတူသွားယူချင်တာ...မလိုက်လို့မရဘူး
ကျတော်သွားချင်နေတယ်..."

ဆေးလိပ်ကိုမီးညှိကာတချက်လောက်ဖွာ
လိုက်မှတည်ငြိမ်သလိုလိုရှိလာပြီး
လူနဲ့စိတ်ကပြန်ကပ်သည်။
ဆက်ကန့်လန့်တိုက်ရတော့မယ်ပေါ့။

ဆိုဖာပေါ်တွင်ထိုင်ကာခြေထောက်ကိုစားပွဲ
ပေါ်ပစ်တင်တော့ အလုပ်ကြိုးစားနေသူ
နှစ်ယောက်လုံး မကျေမချမ်းမျက်လုံးများဖြင့်
ပြိုင်တူကြည့်လာသည်။Jeonသည်
စီးကရက်ပြာကို မှန်စားပွဲပေါ်တချက်တောက်ချ
လိုက်ကာ

"စကားကိုလာမလွန်ဆန်နဲ့နော်
အကြွေးမဆပ်နိုင်ဘဲ
ခင်ဗျားအဲ့ဒီနေရာမှာ မထိုင်နိုင်တော့အောင်
ခုချက်ချင်းလုပ်လို့ရတယ်..."

"JeonJungkook!!!မင်းငါ့ဝန်ထမ်းရှေ့မှာ..!!"

"နောက်ဆိုကျတော့်ကိုသိထားကြရတော့မှာပဲ
ဟာ..လာခဲ့ အပြင်သွားမယ်..."

"မသွားဘူး မင်းနဲ့ကိုမသွားချင်လို့
ငါဘာမှနားမထောင်ဘဲအေးအေးနေနေတာ
အဖေတို့အားလုံးပီးအောင်စီစဉ်ပေးလိမ့်မယ်
ငါတို့အဆင်ပြေနေတာမဟုတ်ဘူးလေကွာ
ဘာတွေလာအရူးထနေတာလဲ..."

"အတူတူမသွားချင်ဘူး
ဘာမှနားမထောင်ချင်ဘူးလို့ပြောနေလို့ကို
ပိုသွားချင် ပိုလုပ်ချင်နေတာ
ခုချက်ချင်းထ...သွားမယ်.."

"ငါအလုပ်လုပ်နေတယ်..ပြန်တော့
မသွားနိုင်ဘူး..နောက်တစ်ခါ
ငါ့ရုံးခန်းကို စည်းမဲ့ကမ်းမဲ့
ကလေကချေပုံနဲ့ဝင်မလာနဲ့...."

Jeonသည်ဆေးလိပ်ကိုမှန်စားပွဲပေါ်သို့
ထိုးချေသတ်လိုက်သည်။

Jimin သည်စိတ်ရှုပ်ထွေးလာတာမို့
လည်ပင်းနားအထိတပ်ထားသော
Shirt အကျီကြယ်သီးနှစ်လုံးလောက်ကို
ဖြုတ်လိုက်ကာ သက်ပြင်းတချက်ချလိုက်သည်။

Jeonသည်ဆေးလိပ်မီးသပ်ပြီး
သူ့ကိုစော်ကားနေသောလူကို
ခုံပေါ်မှဆွဲချကာအခန်းထဲမှဆွဲထုတ်ဖို့
စိတ်ကူးဖြင့်ထမည့်ဆဲဆဲ ရှုပ်ရှုပ်ထွေးထွေး
မျက်နှာလေးနှင့် Shirtအကျီကြယ်သီးတွေအား
ဖြုတ်နေသောပုံစံသည် ဆိုဖာပေါ်ပြန်ထိုင်သွားရသည်။

လက်ချောင်းဖြူဖြူလေးတွေနှင့်ကြယ်သီး
တလုံးစီပြုတ်သွားတိုင်းပေါ်လာသော
အတွင်းသားဖြူဖြူလေးများသည်
ဝင်းလဲ့နေသည်။ဆွဲကြိုးမျှင်မျှင်လေးဆွဲထားကာ
အရောင်လေးကတလဲ့လဲ့။

ယောကျ်ားတစ်ယောက်စိတ်ရှုပ်ထွေးကာShirtအကျီ
ကြယ်သီးချွတ်နေပုံသည်ဘာများထူးဆန်းလို့
လှုပ်ရှားမယ့်လှုံ့ဆော်မှုတွေရပ်ကုန်ပြန်တာလဲ။

ထပ်ပီးမဖြုတ်စေချင်သောစိတ်သည်
အလုအယက်တိုးဝင်လာသည်။
အပေါ်ကအတွင်းရေးမှူး
ကောင်ကိုတစ်ချက်ကြည့်လိုက်သည်။
သူကခပ်ဝေးဝေးပေမယ့်ထိုကောင်ကအနီးဆုံး
မှာကြည့်နေရမှာမလား။
ဖျက်ခနဲကြည့်မိတော့မျက်လုံးတွေသည်
ParkJimin ရဲ့လွတ်နေသောရင်ဘက်တွေမှာ
မရှိLabtopမှာပဲရှိနေလို့ အဆင်ပြေသလို..။

ဒါပေမယ့်ကြာကြာအဆင်မပြေခဲ့
ParkJimin ရဲ့တချက်လှုပ်ရှားမှုတွင်
ထိုကောင်၏မျက်လုံးသည်တန်းတန်းမတ်မတ်
အကျီလွတ်ရာရင်ဘက်တွေဆီသို့
ရောက်သွားခဲ့သည်။
ယောကျ်ားကယောကျ်ားပဲမို့ မသိမသာ
ရောသိသိသာသာပါ အပေါ်စီးမှ
ကြည့်နေတော့သည်။

ParkJimin ကတော့ Laptop ပေါ်တွင်
အာရုံတဝက် မပြန်နိုင်သေးဘူးလားဆိုတဲ့
အကြည့်တွေနဲ့သူ့ကိုလှမ်းလှမ်းကြည့်နေပြီး
မကျေမနပ်ပုံစံ...။

တမိနစ်ဝက်ထက်ကျော်သွားသော
ထိုကောင်၏ ခိုးကြောင်ခိုးဝှက်
Laptop မှာမရှိနေသောမျက်လုံးတွေကို
ဆက်သည်းမခံနိုင်တော့....။

ရုတ်တရက်ထိုင်နေရာမှထကာ
အလုပ်လုပ်နေရာစားပွဲသို့လျှောက်လာပြီး
အတွင်းရေးမှူးကောင်ကို အခန်းထောင့်ရောက်
သည်အထိတွန်းလွှတ်ပစ်လိုက်သည်။

ဘာလို့လုပ်တာလဲဟုမေးရင်
လုပ်ချင်လို့လုပ်တာဟုပဲဖြေမည်။
တခြားမရှိ...။
မရှိဘူးဘဲထားရမည်။

"မင်းဘာလုပ်တာလဲ....!!!!!ရူးသွားတာလား..."

သူ့လူထိတာနှင့်အလန့်လွန်ကာမတ်တပ်တွေ
ပါထရပ်ပြီး အံ့အားသင့်နေသော
ParkJimin သည်မျက်နှာတစ်ခုလုံးနီရဲတက်လာသည်။

အခန်းထောင့်တွင်နံရံနဲ့ဆောင့်မိကာ
လုံးဝပြန်မထနိုင်တော့သောအတွင်းရေးမှူး
ကောင်ဆီပြေးထူရန်ပြင်ဆင်ချိန်တွင်
သွေးကြောစိမ်းမြမြတွေရှိသောလက်ကောက်ဝတ်
တွေကိုအားအကုန်သုံးကာဆွဲဆောင့်ခေါ်လိုက်သည်။

"အ.!!!နာတယ်.....လွှတ်စမ်း..."

"ငါသွားမယ်ဆို သွားမယ်ပေါ့...
ဘာလို့ငါ့ကိုဆန့်ကျင်ချင်တာလဲ...!!!"

"မလိုက်နိုင်ဘူး မင်းလိုကောင်နဲ့ကို
အတူတူမသွားချင်တာလို့ငါပြောပီးပီပဲ
ငါ့ဝန်ထမ်းကို မင်းက ကိုယ်ထိလက်ရောက်
လုပ်သေးတယ်...အရိုင်းအစိုင်းကောင်...ထွက်သွား!!!"

"ဝန်ထမ်းမကဘူး ခန့်ထားတဲ့ကောင်ကိုပါ
ကိုယ်ထိလက်ရောက်လုပ်ချင်နေတယ်ဆိုရင်ရော.."

ဖြောင်း.....။

လည်ထွက်သွားသောမျက်နှာသည်
ပူခနဲ...။ဒုတိယအကြိမ်ကတော့
သိပ်တောင်မနာတော့သလို....။

"မမိုက်ရိုင်းနဲ့ JeonJungkook!!!"

"မိုက်ရိုင်းတော့ဘာဖြစ်လဲ....လာခဲ့...
ခုချက်ချင်း အပြင်သွားမယ်...."

"မသွားဘူး....!!!"

"ငါလာလို့ပြောနေတယ်နော် ParkJimin!!!!"

ဆောင့်ဆွဲလာသောလက်တွေကိုအတင်း
ရုန်းကန်ကာတွန်းကန်မိသည်။
မသွားချင်ဘူးဆို မသွားချင်ဘူးပဲ...။
သေအောင်ရိုက်ခေါ်လည်းသူလိုက်မှာမဟုတ်။

JeonJungkook ရဲ့၏အားသန်မှုသည်
အတိုင်းအဆမဲ့ပါသည် လက်တစ်ချောင်း
ပင်ကျွတ်မသွား..။ကြံရာမရတဲ့အဆုံး
လက်ကောက်ဝတ်ကိုနာအောင်အတင်းဖျစ်ညစ်
ကိုင်ထားသောသူ့လက်တွေကိုကိုက်ချလိုက်သည်။

သွေးထွက်သွားအောင်ကိုကိုက်ချလိုက်တာ
ကြောင့်နာသွားကာရုတ်တရက်သူ့ကိုတွန်းပစ်လိုက်
ခြင်းတွင်အရှိန်ပါတာကြောင့်ကြမ်းပြင်ပေါ်
ပစ်စလက်ခတ်ပြုတ်ကျသွားခဲ့သည်။

တွန်းလွှတ်ဖို့မရည်ရွယ်ထားပေမယ့်လည်း
လက်ခုံပေါ်ကသွားရာအကွင်းလိုက်သည်
အသဲခိုက်မတတ်နာတာကြောင့်သတိလက်လွတ်
ဖြစ်သွားကာတွန်းလိုက်မှုတွင်
ကြမ်းပြင်ပေါ်ခွေခနဲလဲသွားတဲ့သူ။

ညာဘက်လက်နှင့်ထောက်ကျတာမို့
ထိုလက်တဖက်ကိုကိုင်ကာ
ရှုံ့မဲ့နေသည်။
သူလည်းနာသွားကြောင့်ဒေါသထွက်ကာ
လဲသွားသောသူကိုအကြမ်ပတမ်းပြန်ဆွဲထူ
တော့ ပျော့ခွေနေပြီ။

"နောက်တစ်ခါ ထပ်ကိုက်အုန်းမလား....
ငါ့လက်ကိုကြည့်စမ်း...."

နီရဲနေသောမျက်လုံးများဖြင့်လှန်ကြည့်လာသည်။
မျက်ရည်မကျနေပါ။အဲ့ဒီမျက်ရည်မကျဘဲ
နီရဲတောက်နေသောမျက်အိမ်တွေသည်
သူသွေးတွေကိုအမြဲပွက်ပွက်ဆူစေပါသည်။

"ကြည့်ပြန်ပြီလား...ငါ့ကို...."

လွှဲမသွားသောမျက်လုံးတွေ....
နာကျင်သွားသောညာဘက်လက်၏
တုန်ရီနေမှု....
အံကြိတ်သံသည်သူကြားလာရတဲ့အထိ
မျက်နှာကိုချက်ချင်းလွှဲလိုက်ကာ
ကောက်ချီလိုက်သည်။

"လက်စွပ်သွားကြည့်မယ်..."

သွားမယ် မသွားဘူးဘာမှမပြောတော့ဘဲ
အသက်ရှုသံတွေသာပြင်းထန်နေတဲ့သူ...။
ချီပြီးမှ လှစ်ဟာနေသောရင်ဘက်တွေ
ကိုထပ်မြင်လိုက်ရတာကြောင့်
စားပွဲပေါ်သို့တင်လိုက်ကာ ကြယ်သီးတွေ
အားလုံးကိုတလုံးမကျန်ပြန်တပ်ပေးလိုက်သည်။

" နောက်တစ်ခါဖြုတ်ရင်သတ်ပစ်မယ်...."

Jeonသည်လက်ညိုးတချောင်းဖြင့်
မျက်နှာတည့်တည့်ကိုထိုးကာ
သေသေချာချာသတိပေးပြီးနောက်
ပွေ့ချီကာတံခါးကိုကန်ဖွင့်ပြီး
ရုံးခန်းအပြင်သို့ထွက်သွားခဲ့သည်။
လမ်းမလျှောက်နိုင်တော့တာသိတာမို့
ချီလာတာအမြန်ဆုံးရောက်မဲ့နည်းလမ်း
ဖြစ်လိမ့်မည်။

တစ်ရုံးလုံးသည် မေးရိုးပြုတ်မတတ်
လိုက်ကြည့်နေကာမေးလည်းမမေးရဲ။
သူတို့တုန်အောင်ကြောက်ရသော
MDသည်လူဆိုးလိုလူ၏လက်ထဲတွင်
ပျော့ခွေကျနေလျက်....။

Jeon သည် အေးစက်စက်မျက်နှာမျိုးနှင့်
Company ပိုင်ရှင်ကို ချီကာထွက်လာလိုက်သည်။

လက်ထပ်ခြင်းဆီသို့မရောက်သေး....။
လက်ထပ်ပွဲအတွက်စီစဉ်ခြင်းများတွင်
တောင် အခြေအနေတွေသည်
မလှပခဲ့ပါ....။

တွဲသွားတွဲလာမလုပ်ချင်ခဲ့၍
အလိမ္မာလေးနဲ့ရှောင်ဖယ်နေခါမှ
လူဆိုးကောင်သည် လက်စွပ်ရွေးရာရတနာဆိုင်အထိ
ချီသွားဖို့ပြင်ဆင်ခဲ့တာကြောင့်
ကားထဲတွင် တပွဲတလမ်းစမ်းခဲ့ရသေးသည်။

နောက်ဆုံးစိတ်ရှုပ်လွန်း အနာကနာလွန်း၍
ငိုချတော့မှ ပြုံးယဲ့ယဲ့ဖြင့်သူ့ကိုကားထဲ
ထားခဲ့ကာ လက်စွပ်ကိုသွားယူခဲ့တဲ့သူ....။

JeonJungkook ကသူငိုကြွေးရင်
သိပ်ပျော်ကာ....
မုန်းစရာကောင်းစွာ ပြုံးနေတတ်သည်...။

ဘဝမှာ သူ့ကိုဒီလောက်ကြီးတဖက်သတ်
မုန်းနိုင်လွန်းမယ့်လူသားတစ်ယောက်
ပေါ်လာလိမ့်မည်ဟု အိမ်မက်တောင်မက်ဖူး။
သူကပေါင်းသင်းရကျပ်ပေမယ့်
ဒီလောက်ခါးခါးသီးသီးရည်ရွယ်ချက်ရှိရှိ
ငြိုးနေဖို့အထိတော့လည်းမလိုဘူးထင်ပါသည်။

အဖေ့ကို သာ စိတ်ထဲအပြစ်တွေပြောကာ
နာနေသောလက်တဖက်ကိုကိုင်ထားခဲ့သည်။

အရိုင်းအစိုင်းကောင်မျက်နှာကိုတော့
တချက်မှမကြည့်ဖြစ်တော့......။

စီးကရက်နံ့တွေကားထဲမွှန်ထွန်လာပြန်သည်။

မုန်းလိုက်တာ.....။

ျငင္းဆန္ခြင့္မရွိတဲ့ ဘဝအစီအစဥ္က်နေနမွုေတြမွာ..
ကိုယ့္ဘဝနဲ႔ကိုယ္တသီးတသန့္
ေခါင္းေမာ့ရင္ေကာ့အသက္ရွင္ရပ္တည္ခ်င္ခဲ့
ေပမယ့္လည္းကံၾကမၼာေရးဆြဲသူကို က်ေတာ္
လြန္ဆန္လို႔မရခဲ့ဘူး....။

ခ်ည္ၿပီးတုတ္ၿပီး...ႀကိဳးေတြနဲ႔က်ေတာ္ဘယ္ေလာက္
ေခါင္းေၾကာမာမာ..လြန္ဆန္လို႔မရခဲ့ဘူး...။
ဖရိုဖရဲေသြးစို႔ေနတဲ့ႏူတ္ခမ္း
ေတြနဲ႔ေခါင္းညိတ္ခဲ့ၿပီးတဲ့ေနာက္တြင္
လက္ထပ္ပြဲဟာျဖစ္ၿပီေပါ့....။

ParkJimin ဟာ မတရားခ်ဴပ္နမ္းခံရ႐ုံနဲ႔
ခ်က္ခ်င္းေၾကာက္လန့္လက္ခံခဲ့ရတာေပါ့လို႔
ကိုယ့္စိတ္ဝိဉာဥ္ကကိုယ့္ကိုျပန္ေလွာင္ေျပာင္တဲ့အခါ
က်ေတာ္ခ်က္ခ်င္းမတုံ႔ျပန္နိုင္ခဲ့။

ျပန္ေတြးၾကည့္မိတိုင္း အနမ္းခံရေသာ
အပိုင္းအျခားမိနစ္ေတြသည္...
က်ေတာ္မ်က္လုံးေတြကိုမတည္မၿငိမ္ျဖစ္ေစတဲ့အထိ။
ေဒါသမဟုတ္ပါ...က်ေတာ္ေသေသခ်ာခ်ာသိတယ္။
က်ေတာ္ေဒါသထြက္ေနခဲ့တာမဟုတ္ဘူး...။
က်ေတာ့္စိတ္စြမ္းအင္ေတြကုန္ခမ္းသြားတဲ့အထိ
ၿပိဳလဲက်သြားခဲ့တာ....
ဘာေတြမ်ားျဖစ္သြားရတာလဲ....။
စဥ္းစားၾကည့္မိတိုင္းေခါင္းထဲရွုပ္ယွက္ခတ္သြားတာက
လြဲရင္ဘာအေျဖမွမရခဲ့ပါ...။

လိုခ်င္တာျဖစ္ခ်င္တာျဖစ္သြားၾက၍
အေဖတို႔သည္ေက်နပ္သြားကာ
လက္ထပ္ပြဲကို ျပင္ဆင္ေတာ့သည္။

အဆိုးထဲကအေကာင္းကေတာ့ ဥကၠဌJeon
သည္Company မွာဆက္ဦးစီးခိုင္းကာ
က်ေတာ့္ဘဝသည္အေျခအေနမပ်က္ခဲ့။
သူ႔အလုပ္ေတြလည္းအကူအညီလိုရင္
လာကူဖို႔ေတာင္းဆိုကာက်ေတာ္အဆင္ေျပေအာင္
ညႇိႏွိုင္းေပးသည္။

လက္ထပ္ပီးၾကရင္ေတာ့က်ေတာ္ထင္ပါသည္
ေသခ်ာေပါက္Jeon Groupမွာပဲအလုပ္လုပ္ေပးရလိမ့္
မည္...။

သူ႔သားကဆိုးလို႔
သူ႔သားက အလုပ္ေတြအေပၚဘယ္ေတာ့မွ
စိတ္ဝင္စားမွုရွိမွာမဟုတ္လို႔
သူ႔သားဆိုးကို ထိန္းေၾကာင္းေပးဖို႔
ေတာ္သူမို႔ တတ္သူမို႔ လိမၼာသူမို႔တရားျပေပးရန္
JEonဥကၠဌကေတာင္းဆိုသည္။

သူေသသြားရင္ဒီပစၥည္းဥစၥာေတြကို
ဟိုအ႐ူးက မစီမံနိုင္မွန္း အကုန္ေျပာင္မွာမွန္း
ႀကိဳသိ၍ ထိန္းေၾကာင္းစီစစ္ရန္ ပိုတိုးတက္ေစရန္
ဦးေႏွာက္ေဖာက္စားရန္လစာမလို
အလုပ္သမားငွါးလိုက္တဲ့သေဘာ....။

သူေန႔တိုင္းရဲစခန္းတကာလိုက္ေငြထုတ္ပိုက္
ရွင္းေနမယ့္ေနရာတြင္ ParkJiminက
အစားဝင္ကာ အမွိုက္ေကာင္ရဲ့
ေကာင္းေမြဆိုးေမြဒဏ္အားလုံးခံေပါ့ေလ....။

အေဖကလည္းအရာရာျပန္လည္လည္ပတ္ကာ
အေမကလည္းထူထူေထာင္ေထာင္ျဖစ္ေနၿပီမို႔
လိမၼာေတာ့မည္ဟုရီစရာေျပာပါသည္။

လူတိုင္းကသူ႔ဟာသူအဆင္ေျပေနၾကပါသည္။

လက္ထပ္ပြဲသည္ရီစရာေတာ့ေကာင္းပါသည္
က်ေတာ္လုံးဝနားမေထာင္ဘဲ
အလုပ္ေတြထဲပဲေခါင္းစိုက္ေနလိုက္သည္။
အေဖနဲ႔ ဥကၠဌJeonကေတာ့ ဘာဘာညာညာ
လိုက္စီစဥ္ေနသည္။
လိုလိုခ်င္ခ်င္ အဆင္ေျပေၿပ ညႇိႏွိုင္းလို႔ရ၍
လုပ္မည့္ပြဲလည္းမဟုတ္တာေၾကာင့္
အခ်ိန္တန္ေရာက္လာရင္ဝင္ပါလိုက္မည္။

Jeon JungKookကိုေတာ့ေတြ႕ဆုံပြဲပီးထဲက
မေတြ႕ရေတာ့...။
သူကကိုယ့္ထက္ပိုစြာစိတ္မဝင္စားေနေၾကာင္း
သိသာပါသည္။
စိတ္ဒုကၡေပးခ်င္႐ုံသက္သက္ေပါ့ေပါ့တန္တန္
သေဘာထားတဲ့သူမလို႔ အိမ္ပင္ျပန္မလာေၾကာင္း
သူ႔အေဖရဲ့တခါတေလ ညီးညဴသံမ်ားကိုၾကားရသည္။

Computer ေပၚကစရင္းဇယားမ်ားကို
ၾကည့္ကာ စိတ္ရွုပ္ေထြးမွုေတြ
ခံျပင္းမွုေတြ...မျဖစ္ခ်င္တာေတြႀကီးျဖစ္လာရျခင္း
ေတြကိုခဏေလးေခါက္သိမ္းၿပီး
အလုပ္ထဲအာ႐ုံစိုက္လိုက္မည္။

မတတ္နိုင္ဘူးေလ...ျဖစ္ခ်င္ရာေတြျဖစ္ပါေစေတာ့ေပါ့။
က်ေတာ္ ကံတရားကို ဘယ္ေလာက္
မေက်နပ္ပါေစအုန္း....ကံတရားက ကံတရားပါပဲ။
ဘာမွလုပ္လို႔မရဘူး.ေလ။...။

.........

"Jung kook!!!!မင္းဘယ္မွာလဲ."

"ဘာလုပ္မလို႔လဲ..ဒယ္ဒီ က်ေတာ္မအားဘူး..."

တကယ္မအားေနပါ..။ဘယ္ဘက္ရင္ဘက္မွာ
ထိုးမဲ့တက္တူးအသစ္သည္စေနၿပီ...။

"မင္းလက္ထပ္ပြဲအတြက္ဘာမွမစဥ္းစား
ေတာ့ဘူးလား ငါကႀကီးလုပ္ေနရတယ္
ယူမွာမင္းေလ နည္းနည္းပါးပါး
ဂ႐ုေလးစိုက္အုန္းမွေပါ့ကြ...!!"

"က်ေတာ္ႀကိဳက္လို႔ယူတာမွမဟုတ္တာ
ဒယ္ဒီယူခိုင္းလို႔ အေမြရမွာမလို႔
ယူတာေလ...Why? က်ေတာ္တက္တူးထိုးေနတယ္
ဒယ္ဒီ ဖုန္းထပ္မေခၚနဲ႔..."

"ေဟ့ေကာင္...မင္းကိုငါႀကိဳက္မွယူလို႔
ေျပာတာပဲ မင္းတခ်က္ေတာင္မျငင္းဘဲ
တန္းလက္ခံတာမဟုတ္ဘူးလား"

"ႀကိဳက္လို႔မဟုတ္ဘူး ၾကည့္မရလို႔"

"JeonJungkookအိမ္ေထာင္ေရးက
ကစားစရာမဟုတ္ဘူးေနာ္...
ၾကည့္မရတာနဲ႔ မေက်နပ္တာနဲ႔
လြယ္လြယ္ေလးဆုံးျဖတ္လ္ို႔မရဘူး
လက္ထပ္ပီးပီဆိုတာနဲ႔ တစ္သက္လုံးအတူတူ
ေနရေတာ့မွာပါ....မင္းလူလိုေတြးစမ္းပါ..."

"ဘယ္လို ဘယ္လို...ဒါဘယ္လိုဟာသႀကီးလဲ
အိမ္ေထာင္ေရးကကစားစရာ
မဟုတ္ဘူးတဲ့လား ဒယ္ဒီ...
ဒါဆို မာမီ ဘာလို႔ေသခဲ့ရတာလဲ...
လက္ထပ္ျခင္းက တစ္သက္လုံးအတူတူ
ေနသြားရျခင္းဆို မာမီကဘာလို႔မရွိေတာ့တာလဲ
ဒယ္ဒီေမြးထားတဲ့ တစ္ဦးထဲေသာ
သားေလးက ဒယ္ဒီလို တပုံစံထဲျဖစ္လာတာ
ဝမ္းေတာင္သာရမွာ.ေလ...
ေလမႀကီးနဲ႔ဒယ္ဒီ မတန္တာေတြမေျပာနဲ႔.."

"မင္းအေမက အတၱႀကီးလို႔ေသတာ JungKook
ငါသတ္တာမဟုတ္ဘူး....
ငါ့အိမ္ေထာင္ေရးကဒီလိုျဖစ္ခဲ့လို႔
မင္းအိမ္ေထာင္ေရးကိုေကာင္းေစခ်င္တာ
မင္းကငါနဲ႔မတူဘူးမင္းအေမနဲ႔တပုံစံထဲမို႔
ငါပူပင္တယ္...Jiminက ငါ့အျမင္ထဲမွာ
မင္းနဲ႔အသင့္ေတာ္ဆုံးမို႔ပါ..."

"အတၱႀကီး႐ုံနဲ႔မေသနိုင္ပါဘူးဗ်ာ..!!"

"ထားစမ္း အဲ့ကိစၥေတြ အတိတ္ကအတိတ္ပဲ
ငါ့ကို လာလာေရာမခ်နဲ႔...."

"အဲ့တာဆို လာလာမဆက္သြယ္နဲ႔ေလ
ဒီမွာအလုပ္ေတြရွုပ္ေနတယ္
မဂၤလာေဆာင္မဲ့ေန႔ျပန္လာရင္ပီးေရာမလား...."

"လက္ထပ္လက္စြပ္ေတာ့ကိုယ္တိုင္ေရြးသင့္တယ္ကြ"

ဒယ္ဒီလက္မွတ္ထိုးကာအားလုံးသူ႔နာမည္နဲ႔လႊဲ
ေပးလိုက္ၿပီးရင္နာရီေတာင္မျခား
ကြာရွင္းၿပီး ladyလွလွေလးနဲ႔ကမၻာပတ္မွာမလို႔
လက္ထပ္လက္စြပ္ဆိုတာသည္နည္းနည္းရီစရာ
ေကာင္းေနပါသည္။

"မေရြးသင့္ပါဘူး....ဝတ္မွာလည္းမဟုတ္ေတာ့
ထည့္မေနနဲ႔...."

"JeonJungkook!!!!"

"ဒယ္ဒီကေလ အျမဲေလာင္ေနတာပဲ..."

"Jimin ကလည္းေခၚလို႔လုံးဝမရဘူး
လက္ထပ္ပြဲကိစၥဆိုတာနဲ႔ေရွာင္ေနေတာ့တာပဲ
မင္းထက္ေတာင္အေၾကာတင္းေနတယ္....
အလုပ္ေတြႀကီးလုပ္ေနတာ ဘာမွကို
နားမေထာင္ဘူး....."

Jeonသည္ ရင္ဘက္ေပၚက်လာေတာ့မည့္
တက္တူးအပ္ကို ခဏတားလိုက္ကာ
ဒယ္ဒီစကားေၾကာင့္စိတ္ထဲတင္းခနဲ။

သူကစင္ေပၚကလူမို႔ေနခ်င္သလို
ဂ႐ုမစိုက္ဘဲေနေနေပမယ့္ ParkJimin က
ေတာ့အေဖျဖစ္သူကိုေၾကာက္ရ
ဒယ္ဒီေက်းဇူးတရားေတြကိုေၾကာက္ရ
နဲ႔ မို႔တေယာက္ထဲ စီစဥ္ေနမည္ဟုထင္ေနခဲ့တာ။

သူကစားစရာလိုေဘာင္မသြင္းေသာလက္ထပ္ပြဲကို
ParkJimin ကေတာ့ တဖက္မွာ
လုပ္စရာရွိတာကိုေသးေသးကုတ္ကုတ္
လုပ္ေနမယ္လို႔ထင္ခဲ့ေပမယ့္ အၿပိဳင္အဆိုင္ကို
သူကလည္း နားမေထာင္ဘူးတဲ့...။

"သူကဘာမွလုပ္မေနဘူးလား...."

"ဘာမွမလုပ္ဘူး....ေခၚရမွာေတာင္
ရွိန္တယ္...မင္းကလည္းေပ်ာက္ေနေတာ့
ငါကသူ႔ကိုနားေထာင္ပါလို႔ေျပာရမွာ
မဟုတ္ေသးဘူးေလ....
သူ႔႐ုံးခန္းထဲကေန ထြက္ေတာင္မလာဘူး...
မင္းလိုအရိုင္းအစိုင္းကိုယူတာေတာင္
ေက်းဇူးတင္ရမယ္ ေစ်းဝယ္ထြက္ဖို႔ကေတာ့
သူလည္း ေရွာင္ဖယ္ခ်င္မွာပဲ
အဲ့တာေၾကာင့္ေျပာတယ္ နည္းနည္းအခ်ိဳးေျပပါလို႔...
မင္းက ယူမယ္ေျပာပီးထဲက ေပၚမလာေတာ့တာ
ဘယ္လိုမေလးစားမွုမ်ိဳးလဲကြာ..."

မလုပ္ခ်င္ဘူးတဲ့လား....။
Jeonသည္ႏူတ္ခမ္းေတြတြန့္႐ုံေလး
ျပဳံးသြားခဲ့သည္။

ကိုယ္နဲ႔တြဲရဖို႔နံပါတ္စဥ္နဲ႔ေတာင္ေစာင့္ဆိုင္း
ေနရေသာေယာက်္ားမိန္းမေတြ
ဝိုင္းေနေသာဘဝမွ တြဲသြားတြဲလာ
လုပ္ဖို႔ကို မတန္သလို ပညာသားပါပါ
ေရွာင္ဖယ္ခံရေသာဘဝသို႔ေရာက္ေနတာေပါ့ေလ။

သူေရွာင္ကိုယ္ေရွာင္ျဖစ္ေနတာကိုမသိ...
စိတ္ကူးထဲေတာ့ သူက တင္စီးစြာ
ယူမယ္ေျပာၿပီး Ladyေလးနဲ႔ၿငိမ့္ေန
ParkJimin ကေတာ့သနားစရာတစ္ေယာက္ထဲ
စိတ္တထင့္ထင့္နဲ႔စီစဥ္ေနမွာပဲလို႔...။

ဘယ္ရမလဲ...မလုပ္ခ်င္ဘူးဆို
လုပ္ကိုလုပ္ရမယ္....။

"သူကခုဘယ္မွာလဲ....."

"သူ႔႐ုံးခန္းမွာေပါ့ ..."

ဖုန္းခ်လိုက္ကာ ခၽြတ္ထားေသာShirt အက်ီကို
ေကာက္ဝတ္ၿပီး..ေနာက္ေန႔မွဆက္ထိုးရန္
ေျပာကာယူစရာရွိတာယူလိုက္သည္။

ငါ့ထက္ေတာင္ထပ္ေစာင္းၿပီး
အေၾကာတင္းေနတဲ့ေကာင္...။
မသြားခ်င္တဲ့ေနရာေတြ မလုပ္ခ်င္တဲ့အလုပ္
ေတြကို လုပ္ကိုလုပ္ရမယ္...။
JeonGroupရဲ့ဆက္ခံသူနဲ႔လက္ထပ္ရမယ့္
ကိစၥကိုမ်ား ႐ုံးခန္းတံခါးပိတ္အလုပ္လုပ္ေနရဲ
ေသးတယ္.။

သူက ကိုယ္ႀကိဳးဆြဲရာကရမယ့္အ႐ုပ္ကေလး။
ပိုက္ဆံေတြပုံေပးၿပီးရင္းထားရတာ
ဒီလိုမ်ိဳးေတာ့ အၿပိဳင္အဆိုင္
အားၿပိဳင္လို႔ဘယ္ျဖစ္ပါ့...။
ဦး ကိုရေအာင္ခ်ိဳးထားမွေတာ္ရာက်မည္။
ဟိုေန႔က ႏွိပ္စက္တာ နည္းေသးလို႔ထင္ပါသည္။

ParkJimin အဲ့လိုေတြလုပ္ေလျမန္ျမန္
မဂၤလာေဆာင္ၿပီးျမန္ျမန္အနီးကပ္ႏွိပ္စက္
ခ်င္လာေလပဲ...။
ဘယ္လိုမုန္းမွန္းမသိ....။

အလိုအေလၽွာက္ျဖစ္ေပၚလာတဲ့
ျမန္ျမန္ဆန္ဆန္လက္ထပ္ယူၿပီး
ပိုင္ပိုင္နိုင္နိုင္ လႊမ္းမိုးခ်ဴပ္ကိုင္ခ်င္စိတ္ေတြ။

မ်က္ႏွာကိုသိပ္မၾကည့္ခ်င္ေပမယ့္
ParkJimin ဆိုတဲ့နာမည္ၾကားတာနဲ႔
မၾကည့္ခ်င္ေနေသာမ်က္ႏွာကိုပဲ
ခ်က္ခ်င္းသြားၾကည့္ကာဒုကၡေပးလိုက္
ခ်င္တာေတြ....။

ေတြ႕ဆုံပြဲပီးထဲက ထိုမ်က္ႏွာကိုခဏခဏျပန္
ျမင္ေနရသည္...။
ဖဲရိုက္ရင္ ဖဲရွုံးသည္...
ကားၿပိဳင္လည္းရွုံးသည္....
ေမာက္ေမာက္မာမာမ်က္ႏွာကို
မုန္းမုန္းတီးတီးေတြးၾကည့္မိတိုင္း
ဘာတစ္ခုမွအဆင္မေျပေတာ့....

ႏူတ္ခမ္းထူထူေတြကိုကိုက္ခ်အနိုင္က်င့္ၿပီး
ေခါင္းညိတ္ခိုင္းၿပီးတဲ့ေနာက္မွာ
ႏူတ္ခမ္းထူထူေကာင္မေလးေတြကို
ေရြးတြဲကာ နမ္းၾကည့္မိသည္...။

".ဘာလဲ...မုန္းတဲ့ႏူတ္ခမ္းေတြက
ပိုနမ္းလို႔ေကာင္းေနတာလား...."

ေဆးလိပ္တခ်က္ဖြာကာ သဘာဝမက်တာႀကီး
ကိုေတြးခဲ့ရေသးသည္။
ႏူတ္ခမ္းထူထူေတြအတူတူဆိုေပမယ့္
ေကာင္းက်ိဳးမေပးက အိပ္ေပ်ာ္ေနသည္။
ေယာင္ယမ္းပီးေတာင္လွုပ္ရွားမလာ။

"ေဂ်...မင္းအမ်ိဳးမ်ိဳးေတြမလုပ္နဲ႔ေလကြာ
ဒီမွာအားလုံးျပင္ဆင္ပီးေနပီကို...
ထိုးလိုက္ကြာ..."

"စိတ္မပါေတာ့ဘူး....Hoseok
လုပ္စရာရွိလို႔..."

"အေရးႀကီးလို႔လား...မႀကီးရင္မသြားနဲ႔ကြာ..."

"လုံးဝမႀကီးပါဘူး..အလကားကိစၥပါ
ဒါေပမယ့္ သြားကိုသြားလိုက္ရမွ
စိတ္ထဲေနလို႔ရမွာ...လစ္ပီ..."

"ေဂ်!!!!"

Jeonသည္ မွန္မွာတစ္ခ်က္ေျခဆုံးေခါင္းဆုံး
တခ်က္စစ္ေဆးလိုက္သည္။
ဝတ္ထားေသာေပါင္ရင္းအထိျပဲေနေသာ
ဂ်င္းေဘာင္းဘီရယ္ Leatherအက်ီေကာင္းေကာင္း
တထည္ရယ္...Leather အက်ီေအာက္က
Shirtကေတာ့ ၾကယ္သီးႏွစ္လုံးေလာက္သာ
တပ္ထားသည္။အစအဆုံးတပ္ေနရမွာစိတ္မရွည္လို႔။
ေနကာမ်က္မွန္အနက္ေရာင္ကိုတပ္လိုက္ကာ
ဆံပင္ေတြတခ်ိဳ႕ကိုသပ္တင္လိုက္သည္။

"သြားၿပီ...ေနာက္ရက္ျပန္လာခဲ့မယ္..."

ကားေသာ့ကိုလွည့္ကာ Jeonသည္
ေလတစ္ခ်က္ခၽြန္ၿပီးထြက္သြားသည္။

တံခါးဝအေရာက္တြင္Jeonကအထြက္
လူတစ္ေယာက္ကဝင္လာသည္။

အ..!

အဝင္အထြက္တြင္...ထိုလူရဲ့အိတ္တြင္အလွ
တပ္ထားေသာတြဲလီတြဲေလာင္းေသာ့ခ်ိတ္တခု
ႏွင့္Jeonလက္ကAccessories တခုသြားၿငိကာ
နာသြားသူကJeonျဖစ္သည္။

"Oh...Sorry.!!!"

ခ်က္ခ်င္းဆိုသလိုထိုလူကAccessories
ႏွစ္ခုခ်ိတ္ဆက္ေနျခင္းကိုခပ္ျမန္ျမန္
ျဖဳတ္ေနသည္။
သြယ္လြန္းေသာလက္ေတြသည္
အထူးလွေန၍မ်က္ႏွာကိုၾကည့္လိုက္ေတာ့
Maskတခုတပ္ထားကာဆံပင္ေတြအုပ္စိုင္းေန၍
ဘာမွမျမင္ရ...။

ျပဳတ္သြားေသာအခါခါးတခ်က္
ညြတ္ကာေတာင္းပန္သလို
အမူအယာတခ်က္လုပ္သြားၿပီး
တက္တူးခန္းထဲသို႔ဝင္သြားသည္။
JEonလည္းတံခါးဖြင့္ကာကားဆီသို႔
ဆက္ေလၽွာက္သြားလိုက္သည္။

.............

"Hoseok..."

Jungkook ေၾကာင့္စိတ္တိုကာတက္တူးစက္
ကိုသိမ္းမည့္ဆဲဆဲဆိုင္ထဲဝင္လာေသာ
အရိပ္နဲ႔အသံေၾကာင့္Customer ထင္၍
ႀကိဳဆိုဖို႔ၾကည့္လိုက္ခ်ိန္တြင္မထင္မွတ္ေသာသူ...။

"TaeHyung.!!!!!!"

"မင္း တကယ္ TaeHyung လား....???

တက္တူးစက္ကိုပစ္ခ်ကာျမန္ျမန္ေလး
ေလၽွာက္သြားၿပီးအနီးကပ္ၾကည့္လိုက္ခ်ိန္တြင္
တကယ္ပင္KimTaeHyung ျဖစ္ေနသည္။
Hoseokသည္႐ုတ္တရက္မို႔အံ့ဩမွင္သက္
ေနေပမယ့္ TaeHyungကေတာ့ပုံမွန္ပဲ ျပဳံးျပကာ
မိနစ္ေတြအေတာ္ၾကာေပြ႕ဖက္ႏူတ္ဆက္ခဲ့သည္။

"ငါက မင္းကိုဘယ္ေတာ့မွျပန္မေတြ႕ရေတာ့ဘူး
လို႔ထင္ေနတာ..TaeHyung"

အစိမ္းရင္ေရာင္ပြင့္ခတ္ေလးေတြပါေသာ
Shirt အေပၚမွာအညိဳေရာင္Coatကို
ျခဳံ႐ုံျခဳံထားၿပီးအညိဳရင့္ေရာင္
ေဘာင္းဘီတထည္ႏွင့္တြဲဝတ္ထားတဲ့သူ...။
အျဖဴစြတ္စြတ္ဖိနပ္တရံႏွင့္လြယ္ထားေသာ
အိတ္သည္ မေန႔တေန႔ကမွ ကမၻာေက်ာ္
Brandတခုကထုတ္လိုက္ေသာLimited Editonတခု။

အစိမ္းလိုလိုအျပာျပာလိုလိုဆံပင္ေတြ
ဝဲခါေနကာ Maskကိုခၽြတ္လိုက္ၿပီး
ေပြ႕ဖက္ႏူတ္ဆက္ျခင္းကိုရပ္ကာ
ခုံေပၚတြင္ ေျခတံရွည္ေတြကို
စမတ္တက်ေနရာခ်လၽွက္ထိုင္လိုက္သည္။

Maskခၽြတ္လိုက္ေသာအခါေပၚလာေသာ
မ်က္ႏွာသည္...Hoseok ေငးခနဲ..။

အခ်ိဳးက်လွေသာ အေခ်ာေမာဆုံးအစိတ္အပိုင္း
ေတြကိုအခ်ိန္ယူစစ္ထုတ္ကာ KimTaeHyung
မ်က္ႏွာေပၚတြင္တခုခ်င္းေနရာခ်ထားသလား
ထင္မွတ္ရေအာင္ ေခ်ာေမာလြန္းသည္။
ထြက္သြားတုန္းက၁၈ႏွစ္အရြယ္အရြယ္ေရာက္ခါစ
ေလးမို႔ဒီေလာက္ၾကည့္မေကာင္းေသး။

"မင္းအရမ္းၾကည့္ေကာင္းလာတာပဲ....
ခြဲစိတ္ထားတာလား..."

"ငါ့မ်က္ႏွာမ်ိဳးက ခြဲစိတ္ယူရင္ေတာင္
မရမယ့္မ်က္ႏွာမ်ိဳးပါ....စြပ္စြပ္စြဲစြဲ..."

"မသိဘူးေလ..မင္းဂ်ာမနီသြားတုန္းက
ကေလးလိုလို ဘာလိုလို..."

"ခုအရြယ္ေရာက္လာၿပီေလ..."

Hoseok သည္အံ့ဩတႀကီးျပဴးျပဲ
ၾကည့္ကာ ေခါင္းတညိတိညိတ္ႏွင့္
ေရဗူးတဗူးပစ္ေပးလိုက္သည္။

"အပီးျပန္လာတာလား"

"မေျပာတတ္ဘူး ဂ်ာမနီမွာေနရတာ
ပ်င္းလာလို႔ တစုံတခုကငါ့ကို
ဆိုးလ္ကိုျပန္ေခၚေနသလိုပဲ
အဲ့တာေၾကာင့္ျပန္လာတာ ပ်င္းလာရင္
ေနာက္တစ္နိုင္ငံေပါ့ကြာ....ဘဝက
ေပ်ာ္ရႊင္သာယာတဲ့ေနရာရွာႀကံေနရမွာပဲ...."

Hoseok သည္..ေခါင္းတခ်က္ကုတ္ကာ
ကြဲသြားတာႏွစ္ေတာ္ေတာ္ၾကာပီျဖစ္ေသာ
အိမ္နီးနားခ်င္းသူငယ္ခ်င္းကိုအရင္လိုပဲ
နားမလည္သလိုၾကည့္ေနလိုက္ရသည္။

TaeHyung နာမည္အျပည့္ကKimTaeHyung ။
'ငယ္ငယ္ေလးထဲက
ထူးထူးဆန္းဆန္းေတြေျပာ
ထူးထူးဆန္းဆန္းေတြပဲလုပ္ကာ
TaeHyung နဲ႔ မ်က္လုံးခ်င္းဆုံမိသူတိုင္း
ေၾကာက္စရာေကာင္းတယ္ဟုသတ္မွတ္ျခင္း
ခံရတဲ့သူ...။

ငယ္ငယ္ကဆို သူလာေဆာ့ရင္ေတာင္
ႏွင္ထုတ္ခဲ့ၾကဖူးသည္။
အနိုင္ယူအျငင္းသန္တာမ်ိဳးမဟုတ္ေပမယ့္
သူလိုခ်င္တာကို ဥာဏ္သုံးကာ
ျပဳံးျပဳံးေလးတဖက္လွည့္နဲ႔ယူျပတတ္တဲ့သူ။
အဲ့ဒဏ္ေတြကို ကေလးဘဝကဘယ္သူမွ
မခံနိုင္ခဲ့ၾက။

ခုလည္းပိုေခ်ာေမာကာ ေငးယူရေသာ
႐ုပ္ရည္မ်ိဳးကိုပိုင္ဆိုင္ေနေပမယ့္
မ်က္လုံးေတြနဲ႔ စကားေတြကေတာ့
မေျပာင္းလဲ....။
ဟိုတုန္းကလိုပဲ....။

"တိုက္ခန္းေကာင္းေကာင္းတခုေတာ့
ဝယ္ထားပီးပီ...မင္းဆိုင္ပိတ္ရက္
ေတြလာလည္အုန္း..မင္းဆိုင္ကို
စုံစမ္းရတာ အခ်ိန္ေတြေပးလိုက္ရတယ္...."

"မင္းအလုပ္ကဘာလုပ္ေနလဲ TaeHyung.."

"ဒီဇိုင္နာ...လုပ္ေနတယ္...
စိတ္ပါမွပါ မပါရင္အိပ္ေနတာ...
ငါကအရမ္းအလုပ္မလုပ္ဘူး....
သက္သက္သာသာပဲေနတယ္..."

"ယုံပါတယ္..."

"ျပန္လာလာခ်င္း သူငယ္ခ်င္းက
မင္းပဲရွိလို႔မင္းဆီေျပးလာတာ...
ငါေနာက္ဆို မၾကာခဏမင္းဆိုင္ကိုလာမယ္
တက္တူးပညာလည္းေလ့လာခ်င္လို႔..."

"လာပါ...စိတ္ဝင္စားရင္ငါ
သင္ေပးပါ့မယ္..."

"ေက်းဇူး...."

မေတြ႕ရတာၾကာလွၿပီျဖစ္ကာသူ႔မွာတအံ့တဩ
ျဖစ္ေနေသာ္လည္းTaeHyung ကေတာ့
ေအးစက္စက္ႏွင့္တဆိုင္လုံးကိုလွည့္ပတ္
ၾကည့္ေနသည္။
ျပန္ေတြ႕ရလို႔စိတ္လွုပ္ရွားဝမ္းနည္းဝမ္းသာမွု
လည္းမရွိ..။
အရင္ကလိုပါပဲ..
စက္႐ုပ္လိုေကာင္....။

စကားအနည္းငယ္ဟိုအေၾကာင္းဒီအေၾကာင္း
ေျပာပီးေတာ့ ဆိုင္တစ္ဆိုင္မွာ
ေန႔လည္စာသြားစားဖို႔စီစဥ္လိုက္ၾကသည္။
ျပန္ေတြ႕ျခင္းအမွတ္တရနည္းနည္းပါးပါးလည္း
ေသာက္ရင္းနဲ႔ေပါ့..။

"Hoseok...ခုနငါဝင္လာတုန္းက
ထြက္သြားတာ မင္းCustomer လား...."

"အင္းဟုတ္တယ္ေလ...ဘာျဖစ္လို႔လဲ"

"မိုက္လို႔......."

TaeHyung သည္ျပဳံး႐ုံဆိုတယ္ေလး
ျပဳံးကာေျပာသည္။
Hoseok လည္းအေရးမႀကီးေသာစကားမ်ိဳး
ျဖစ္တာမို႔ TaeHyung အေၾကာင္းလည္းသိတာမို႔
ေခါင္းညိတ္ျပကာေန႔လည္စားစာဖို႔
စားေသာက္ဆိုင္ကိုထြက္လာလိုက္သည္။

နီးနီးနားနားဆိုင္တစ္ဆိုင္ကိုလမ္းေလၽွာက္သြား
ခဲ့ၾကရင္းစကားေတြထပ္ေျပာေနၾကဆဲ..။

အိမ္မက္ေတြကေတာင္းဆိုလာေသာ
ေနရာသို႔ေျချပန္ခ်ၿပီးၿပီ....

ငိုသံေတြကိုဘယ္မွာရွာရမွာလဲ.........။

.............

"MD နဲ႔ေတြ႕ခ်င္ရင္...ႀကိဳခ်ိန္းဆိုထားမွ
ေတြ႕လို႔ရပါမယ္ရွင္....."

Jeonသည္ေဘးနားတြင္ေတာက္ေလၽွာက္
လိုက္ကာနားပူနားဆာလုပ္ေနေသာ
ဝန္ထမ္းမိန္းကေလးကိုစိတ္ရွုပ္လာသည္။
ဒါေပမယ့္စကားအဖက္လုပ္ျပန္ေျပာေနဖို႔
မလိုတာေၾကာင့္မၾကားသလိုပဲ
ဟိုလူရွိမဲ့ေနရာသို႔ေလၽွာက္လာလိုက္သည္။

Company တခုလုံးကParkJimin
ရဲ့ဝန္ထမ္းေတြသည္ ေခ်ာေမာခန့္ညားေသာ
ေယာက်္ားမ်ိဳးကိုမျမင္ဖူးဘူးထင္ပါသည္
ျပဴးတူးေၾကာင္ေတာင္မ်ားျဖင့္
သူ႔ကိုဝိုင္းၾကည့္ေနၾကသည္။

"ဘယ္သူလဲ...အဲ့တာ..ရွုပ္ယွက္ခတ္ေနတာပဲ..."

"မသိဘူး MDနဲ႔ေတြ႕ခ်င္လို႔တဲ့.."

"ဟဲ့ ငါတို႔MDက ဒီလိုပုံစံမ်ိဳးနဲ႔ သိမွာတဲ့လား
MD ဒါမ်ိဳးအရမ္းမ်က္မုန္းက်ိဳးတာကို..."

"ေတာ္ေတာ္ ေတာ့ ေခ်ာတယ္ေနာ္
ေပေစာင္ေစာင္ဆိုေပမယ့္ မိုက္တယ္.."

"နင္က တမ်ိဳး...."

တီးတိုးေျပာဆိုသံမ်ားနဲ႔အတူ
ေနကာမ်က္မွန္အနက္ေရာင္ႏွင့္
လူဆိုးေလးသည္ ေဘာင္းဘီအိတ္ထဲ
လက္ထည့္ရင္းခပ္တည္တည္ပဲ
လွမ္းေလၽွာက္လာေနသည္။

"တံခါးဖြင့္....."

"ဟို အစ္ကို...MDကို အရင္အေၾကာင္းၾကား
ပီးေတာ့မွ..."

"နင္လူစကားနားမလည္ဘူးလား...."

Jeonသည္မ်က္မွန္ခၽြတ္ကာစူးခနဲၾကည့္
လိုက္ေတာ့ေကာင္မေလးသည္တုန္ခနဲ..။
ဘာမွဆက္မေျပာရဲေတာ့ဘဲတံခါးကို
ခပ္ဟဟဖြင့္သည္။
ဒါေတာင္လူဝင္လို႔ရေအာင္မဖြင့္ေသး။

"MD ဟို...."

စိတ္ရွည္မွုကိုစမ္းသပ္ေနသည္။တံခါးကို
အဆုံးအထိေဆာင့္ဖြင့္လိုက္ကာထိုမိန္းကေလး
ကိုတြန္းတိုက္ၿပီးအထဲသို႔ဝင္သြားလိုက္သည္။

စားပြဲတြင္ထိုင္ကာအတြင္းေရးမွူး
ျဖစ္ဟန္တူေသာလူတစ္ေယာက္နဲ႔
အလုပ္လုပ္ေနေသာParkJimin သည္
တံခါးဖြင့္သံေၾကာင့္Labtop ၾကည့္ေနရာမွ
သူ႔ကိုေမာ့ၾကည့္လာသည္။

"ဝင္လာခ်င္ရင္ တံခါးအရင္ေခါက္မွေပါ့....."

ParkJimin သည္ခုံမွာထိုင္ကာLabtop
ကိုၾကည့္ေနၿပီး အတြင္းေရးမွူးလို
လူသည္မတ္တပ္ရပ္ကာအေပၚမွ
အုပ္မိုးၿပီးLabtopကိုၿပိဳင္တူၾကည့္ေနသည္။
အလုပ္လုပ္ၾကပုံကအဆန္းပါေလ။

"ဖြင့္ခိုင္းတယ္ ခင္ဗ်ားခန့္ထားတဲ့
က်ပ္မျပည့္ဝန္ထမ္းေတြက
အရစ္ရွည္ေနလို႔...."

မ်က္ႏွာသည္ကြက္ခနဲပ်က္သြားသည္...။

"ဘာကိစၥရွိလို႔ ငါ့႐ုံးခန္းအထိလာတာလဲ..
ငါအလုပ္လုပ္ေနတယ္ မအားဘူး
စကားေျပာစရာရွိရင္ သက္သက္ခ်ိန္းလိုက္..."

"မဂၤလာေဆာင္အတြက္ လက္စြပ္ၾကည့္ဖို႔
ခင္ဗ်ားကို လာေခၚတာ..."

႐ူးေနလား...။မ်က္ႏွာကိုတစက္မွမျမင္ခ်င္
လို႔အဲ့လိုဇယားေတြကပ္လာမွာစိုးလို႔
ေရွာင္လို႔ရသမၽွအလုပ္အေၾကာင္းျပ
ေရွာင္တိမ္းေနတာ..။
သူလည္းစိတ္မဝင္စားလို႔ေပ်ာက္ဆုံးေနၿပီးမွ
ဘာစိတ္႐ူးထၿပီးေရာက္လာတာလဲ။
ဘာကိစၥ ဒီသ႐ုပ္ပ်က္နဲ႔ အတူတူတြဲၿပီး
အျပင္ထြက္ရမွာလဲ...။
မျဖစ္နိုင္လိုက္တာ......။

"ငါမသြားခ်င္ဘူး...
ငါတစ္ေယာက္ေယာက္ကို
သြားယူဖို႔ခိုင္းလိုက္မယ္
အဓိက က လက္စြပ္ရဖို႔ပဲမလား
မင္းအေဖကို လည္းေျပာေပးလိုက္မယ္
ျပန္လို႔ရပီ...."

Shirtအက်ီအျဖဴစြတ္စြတ္ကိုတံေတာင္တစ္
နားအထိေခါက္တင္ထားၿပီးဝတ္ထားတဲ့သူ။
ဟိတ္ႀကီးဟန္ႀကီးပုံစံမ်ိဳးေတာ့ဒီေန႔သိပ္မျမင္ရေပမယ့္
ဟိတ္ဟန္မႀကီးပဲ ဘာေတြကထည္ဝါေတာက္ပ
ေနမွန္းမသိ...။
အနက္ေရာင္ဆံပင္တေခ်ာင္းသည္နဖူးေပၚ
က်ေနကာက်န္ဆံပင္ေတြကိုေတာ့
သပ္ရပ္စြာလွန္တင္ထားသည္။
Mouseကိုင္ကာေရႊ႕ေနေသာလက္ျဖဴျဖဴ
ေပၚတြင္ေသြးေၾကာေတြကစိမ္းျမေနလၽွက္။
သူ႐ုတ္တရက္ေရာက္လာျခင္းကို
အံ့ဩေနေပမယ့္ အံ့ဩဟန္လုံးဝမျပဘဲ
ေျပာစရာရွိတာေျပာၿပီးLabtopကို
ျပန္ၾကည့္ကာ အေပၚကအုပ္မိုးေနေသာ
လူကိုစကားေျပာေနပုံသည္ရင္ေတြထဲတႏုံ႔ႏုံ။

ျမင္တာနဲ႔တန္းၿပီးမုန္းစရာေကာင္းတဲ့လူပါ။

Jeon သည္ ဝုန္းဝုန္းဒိုင္းဒိုင္းထလုပ္ဖို႔
အာ႐ုံေတြကိုေခတၱမစုနိုင္ခဲ့။
Shirt အက်ီအျဖဴေရာင္ႏွင့္
သူ႔ကိုအဖက္လုပ္မေနေသာ
လူကို စိုက္ၾကည့္ေနသည္။

ပူေႏြးလာေသာေသြးေတြ...
ေအးစက္သြားေသာေသြးေတြ
ေခါင္းကေနေျခေထာက္ဝ႐ုန္းသုန္းကား
လည္ပတ္ေနၾကၿပီး မ်က္လုံးေတြသည္
ခြါပစ္လို႔မရခဲ့။

ခြါသင့္ေနၿပီဆိုေပမယ့္....
မခြါေတာ့ေရာဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲ။

ႏွလုံးသားသည္ အတိုင္းအဆမဲ့လွုပ္ရွားလာျပန္သည္။
လွုပ္ရွားသေလာက္လည္းတဖက္က
နာက်င္လြန္းတာေၾကာင့္ေဆးလိပ္ဗူးကို
အက်ီအိတ္ထဲမွႏွိုက္ယူေနရသည္။

ၾကည့္႐ုံနဲ႔ေတာင္အရမ္းပူျပင္းလြန္းလိုက္သည့္
ParkJimin....။

"အတူတူသြားယူခ်င္တာ...မလိုက္လို႔မရဘူး
က်ေတာ္သြားခ်င္ေနတယ္..."

ေဆးလိပ္ကိုမီးညႇိကာတခ်က္ေလာက္ဖြာ
လိုက္မွတည္ၿငိမ္သလိုလိုရွိလာၿပီး
လူနဲ႔စိတ္ကျပန္ကပ္သည္။
ဆက္ကန့္လန့္တိုက္ရေတာ့မယ္ေပါ့။

ဆိုဖာေပၚတြင္ထိုင္ကာေျခေထာက္ကိုစားပြဲ
ေပၚပစ္တင္ေတာ့ အလုပ္ႀကိဳးစားေနသူ
ႏွစ္ေယာက္လုံး မေက်မခ်မ္းမ်က္လုံးမ်ားျဖင့္
ၿပိဳင္တူၾကည့္လာသည္။Jeonသည္
စီးကရက္ျပာကို မွန္စားပြဲေပၚတခ်က္ေတာက္ခ်
လိုက္ကာ

"စကားကိုလာမလြန္ဆန္နဲ႔ေနာ္
အေႂကြးမဆပ္နိုင္ဘဲ
ခင္ဗ်ားအဲ့ဒီေနရာမွာ မထိုင္နိုင္ေတာ့ေအာင္
ခုခ်က္ခ်င္းလုပ္လို႔ရတယ္..."

"JeonJungkook!!!မင္းငါ့ဝန္ထမ္းေရွ႕မွာ..!!"

"ေနာက္ဆိုက်ေတာ့္ကိုသိထားၾကရေတာ့မွာပဲ
ဟာ..လာခဲ့ အျပင္သြားမယ္..."

"မသြားဘူး မင္းနဲ႔ကိုမသြားခ်င္လို႔
ငါဘာမွနားမေထာင္ဘဲေအးေအးေနေနတာ
အေဖတို႔အားလုံးပီးေအာင္စီစဥ္ေပးလိမ့္မယ္
ငါတို႔အဆင္ေျပေနတာမဟုတ္ဘူးေလကြာ
ဘာေတြလာအ႐ူးထေနတာလဲ..."

"အတူတူမသြားခ်င္ဘူး
ဘာမွနားမေထာင္ခ်င္ဘူးလို႔ေျပာေနလို႔ကို
ပိုသြားခ်င္ ပိုလုပ္ခ်င္ေနတာ
ခုခ်က္ခ်င္းထ...သြားမယ္.."

"ငါအလုပ္လုပ္ေနတယ္..ျပန္ေတာ့
မသြားနိုင္ဘူး..ေနာက္တစ္ခါ
ငါ့႐ုံးခန္းကို စည္းမဲ့ကမ္းမဲ့
ကေလကေခ်ပုံနဲ႔ဝင္မလာနဲ႔...."

Jeonသည္ေဆးလိပ္ကိုမွန္စားပြဲေပၚသို႔
ထိုးေခ်သတ္လိုက္သည္။

Jimin သည္စိတ္ရွုပ္ေထြးလာတာမို႔
လည္ပင္းနားအထိတပ္ထားေသာ
Shirt အက်ီၾကယ္သီးႏွစ္လုံးေလာက္ကို
ျဖဳတ္လိုက္ကာ သက္ျပင္းတခ်က္ခ်လိုက္သည္။

Jeonသည္ေဆးလိပ္မီးသပ္ၿပီး
သူ႔ကိုေစာ္ကားေနေသာလူကို
ခုံေပၚမွဆြဲခ်ကာအခန္းထဲမွဆြဲထုတ္ဖို႔
စိတ္ကူးျဖင့္ထမည့္ဆဲဆဲ ရွုပ္ရွုပ္ေထြးေထြး
မ်က္ႏွာေလးႏွင့္ Shirtအက်ီၾကယ္သီးေတြအား
ျဖဳတ္ေနေသာပုံစံသည္ ဆိုဖာေပၚျပန္ထိုင္သြားရသည္။

လက္ေခ်ာင္းျဖဴျဖဴေလးေတြႏွင့္ၾကယ္သီး
တလုံးစီျပဳတ္သြားတိုင္းေပၚလာေသာ
အတြင္းသားျဖဴျဖဴေလးမ်ားသည္
ဝင္းလဲ့ေနသည္။ဆြဲႀကိဳးမၽွင္မၽွင္ေလးဆြဲထားကာ
အေရာင္ေလးကတလဲ့လဲ့။

ေယာက်္ားတစ္ေယာက္စိတ္ရွုပ္ေထြးကာShirtအက်ီ
ၾကယ္သီးခၽြတ္ေနပုံသည္ဘာမ်ားထူးဆန္းလို႔
လွုပ္ရွားမယ့္လွုံ႔ေဆာ္မွုေတြရပ္ကုန္ျပန္တာလဲ။

ထပ္ပီးမျဖဳတ္ေစခ်င္ေသာစိတ္သည္
အလုအယက္တိုးဝင္လာသည္။
အေပၚကအတြင္းေရးမွူး
ေကာင္ကိုတစ္ခ်က္ၾကည့္လိုက္သည္။
သူကခပ္ေဝးေဝးေပမယ့္ထိုေကာင္ကအနီးဆုံး
မွာၾကည့္ေနရမွာမလား။
ဖ်က္ခနဲၾကည့္မိေတာ့မ်က္လုံးေတြသည္
ParkJimin ရဲ့လြတ္ေနေသာရင္ဘက္ေတြမွာ
မရွိLabtopမွာပဲရွိေနလို႔ အဆင္ေျပသလို..။

ဒါေပမယ့္ၾကာၾကာအဆင္မေျပခဲ့
ParkJimin ရဲ့တခ်က္လွုပ္ရွားမွုတြင္
ထိုေကာင္၏မ်က္လုံးသည္တန္းတန္းမတ္မတ္
အက်ီလြတ္ရာရင္ဘက္ေတြဆီသို႔
ေရာက္သြားခဲ့သည္။
ေယာက်္ားကေယာက်္ားပဲမို႔ မသိမသာ
ေရာသိသိသာသာပါ အေပၚစီးမွ
ၾကည့္ေနေတာ့သည္။

ParkJimin ကေတာ့ Labtopေပၚတြင္
အာ႐ုံတဝက္ မျပန္နိုင္ေသးဘူးလားဆိုတဲ့
အၾကည့္ေတြနဲ႔သူ႔ကိုလွမ္းလွမ္းၾကည့္ေနၿပီး
မေက်မနပ္ပုံစံ...။

တမိနစ္ဝက္ထက္ေက်ာ္သြားေသာ
ထိုေကာင္၏ ခိုးေၾကာင္ခိုးဝွက္
Labtop မွာမရွိေနေသာမ်က္လုံးေတြကို
ဆက္သည္းမခံနိုင္ေတာ့....။

႐ုတ္တရက္ထိုင္ေနရာမွထကာ
အလုပ္လုပ္ေနရာစားပြဲသို႔ေလၽွာက္လာၿပီး
အတြင္းေရးမွူးေကာင္ကို အခန္းေထာင့္ေရာက္
သည္အထိတြန္းလႊတ္ပစ္လိုက္သည္။

ဘာလို႔လုပ္တာလဲဟုေမးရင္
လုပ္ခ်င္လို႔လုပ္တာဟုပဲေျဖမည္။
တျခားမရွိ...။
မရွိဘူးဘဲထားရမည္။

"မင္းဘာလုပ္တာလဲ....!!!!!႐ူးသြားတာလား..."

သူ႔လူထိတာႏွင့္အလန့္လြန္ကာမတ္တပ္ေတြ
ပါထရပ္ၿပီး အံ့အားသင့္ေနေသာ
ParkJimin သည္မ်က္ႏွာတစ္ခုလုံးနီရဲတက္လာသည္။

အခန္းေထာင့္တြင္နံရံနဲ႔ေဆာင့္မိကာ
လုံးဝျပန္မထနိုင္ေတာ့ေသာအတြင္းေရးမွူး
ေကာင္ဆီေျပးထူရန္ျပင္ဆင္ခ်ိန္တြင္
ေသြးေၾကာစိမ္းျမျမေတြရွိေသာလက္ေကာက္ဝတ္
ေတြကိုအားအကုန္သုံးကာဆြဲေဆာင့္ေခၚလိုက္သည္။

"အ.!!!နာတယ္.....လႊတ္စမ္း..."

"ငါသြားမယ္ဆို သြားမယ္ေပါ့...
ဘာလို႔ငါ့ကိုဆန့္က်င္ခ်င္တာလဲ...!!!"

"မလိုက္နိုင္ဘူး မင္းလိုေကာင္နဲ႔ကို
အတူတူမသြားခ်င္တာလို႔ငါေျပာပီးပီပဲ
ငါ့ဝန္ထမ္းကို မင္းက ကိုယ္ထိလက္ေရာက္
လုပ္ေသးတယ္...အရိုင္းအစိုင္းေကာင္...ထြက္သြား!!!"

"ဝန္ထမ္းမကဘူး ခန့္ထားတဲ့ေကာင္ကိုပါ
ကိုယ္ထိလက္ေရာက္လုပ္ခ်င္ေနတယ္ဆိုရင္ေရာ.."

ေျဖာင္း.....။

လည္ထြက္သြားေသာမ်က္ႏွာသည္
ပူခနဲ...။ဒုတိယအႀကိမ္ကေတာ့
သိပ္ေတာင္မနာေတာ့သလို....။

"မမိုက္ရိုင္းနဲ႔ JeonJungkook!!!"

"မိုက္ရိုင္းေတာ့ဘာျဖစ္လဲ....လာခဲ့...
ခုခ်က္ခ်င္း အျပင္သြားမယ္...."

"မသြားဘူး....!!!"

"ငါလာလို႔ေျပာေနတယ္ေနာ္ ParkJimin!!!!"

ေဆာင့္ဆြဲလာေသာလက္ေတြကိုအတင္း
႐ုန္းကန္ကာတြန္းကန္မိသည္။
မသြားခ်င္ဘူးဆို မသြားခ်င္ဘူးပဲ...။
ေသေအာင္ရိုက္ေခၚလည္းသူလိုက္မွာမဟုတ္။

JeonJungkook ရဲ့၏အားသန္မွုသည္
အတိုင္းအဆမဲ့ပါသည္ လက္တစ္ေခ်ာင္း
ပင္ကၽြတ္မသြား..။ႀကံရာမရတဲ့အဆုံး
လက္ေကာက္ဝတ္ကိုနာေအာင္အတင္းဖ်စ္ညစ္
ကိုင္ထားေသာသူ႔လက္ေတြကိုကိုက္ခ်လိုက္သည္။

ေသြးထြက္သြားေအာင္ကိုကိုက္ခ်လိုက္တာ
ေၾကာင့္နာသြားကာ႐ုတ္တရက္သူ႔ကိုတြန္းပစ္လိုက္
ျခင္းတြင္အရွိန္ပါတာေၾကာင့္ၾကမ္းျပင္ေပၚ
ပစ္စလက္ခတ္ျပဳတ္က်သြားခဲ့သည္။

တြန္းလႊတ္ဖို႔မရည္ရြယ္ထားေပမယ့္လည္း
လက္ခုံေပၚကသြားရာအကြင္းလိုက္သည္
အသဲခိုက္မတတ္နာတာေၾကာင့္သတိလက္လြတ္
ျဖစ္သြားကာတြန္းလိုက္မွုတြင္
ၾကမ္းျပင္ေပၚေခြခနဲလဲသြားတဲ့သူ။

ညာဘက္လက္ႏွင့္ေထာက္က်တာမို႔
ထိုလက္တဖက္ကိုကိုင္ကာ
ရွုံ႔မဲ့ေနသည္။
သူလည္းနာသြားေၾကာင့္ေဒါသထြက္ကာ
လဲသြားေသာသူကိုအၾကမ္ပတမ္းျပန္ဆြဲထူ
ေတာ့ ေပ်ာ့ေခြေနၿပီ။

"ေနာက္တစ္ခါ ထပ္ကိုက္အုန္းမလား....
ငါ့လက္ကိုၾကည့္စမ္း...."

နီရဲေနေသာမ်က္လုံးမ်ားျဖင့္လွန္ၾကည့္လာသည္။
မ်က္ရည္မက်ေနပါ။အဲ့ဒီမ်က္ရည္မက်ဘဲ
နီရဲေတာက္ေနေသာမ်က္အိမ္ေတြသည္
သူေသြးေတြကိုအျမဲပြက္ပြက္ဆူေစပါသည္။

"ၾကည့္ျပန္ၿပီလား...ငါ့ကို...."

လႊဲမသြားေသာမ်က္လုံးေတြ....
နာက်င္သြားေသာညာဘက္လက္၏
တုန္ရီေနမွု....
အံႀကိတ္သံသည္သူၾကားလာရတဲ့အထိ
မ်က္ႏွာကိုခ်က္ခ်င္းလႊဲလိုက္ကာ
ေကာက္ခ်ီလိုက္သည္။

"လက္စြပ္သြားၾကည့္မယ္..."

သြားမယ္ မသြားဘူးဘာမွမေျပာေတာ့ဘဲ
အသက္ရွုသံေတြသာျပင္းထန္ေနတဲ့သူ...။
ခ်ီၿပီးမွ လွစ္ဟာေနေသာရင္ဘက္ေတြ
ကိုထပ္ျမင္လိုက္ရတာေၾကာင့္
စားပြဲေပၚသို႔တင္လိုက္ကာ ၾကယ္သီးေတြ
အားလုံးကိုတလုံးမက်န္ျပန္တပ္ေပးလိုက္သည္။

" ေနာက္တစ္ခါျဖဳတ္ရင္သတ္ပစ္မယ္...."

Jeonသည္လက္ညိဳးတေခ်ာင္းျဖင့္
မ်က္ႏွာတည့္တည့္ကိုထိုးကာ
ေသေသခ်ာခ်ာသတိေပးၿပီးေနာက္
ေပြ႕ခ်ီကာတံခါးကိုကန္ဖြင့္ၿပီး
႐ုံးခန္းအျပင္သို႔ထြက္သြားခဲ့သည္။
လမ္းမေလၽွာက္နိုင္ေတာ့တာသိတာမို႔
ခ်ီလာတာအျမန္ဆုံးေရာက္မဲ့နည္းလမ္း
ျဖစ္လိမ့္မည္။

တစ္႐ုံးလုံးသည္ ေမးရိုးျပဳတ္မတတ္
လိုက္ၾကည့္ေနကာေမးလည္းမေမးရဲ။
သူတို႔တုန္ေအာင္ေၾကာက္ရေသာ
MDသည္လူဆိုးလိုလူ၏လက္ထဲတြင္
ေပ်ာ့ေခြက်ေနလ်က္....။

Jeon သည္ ေအးစက္စက္မ်က္ႏွာမ်ိဳးႏွင့္
Company ပိုင္ရွင္ကို ခ်ီကာထြက္လာလိုက္သည္။

လက္ထပ္ျခင္းဆီသို႔မေရာက္ေသး....။
လက္ထပ္ပြဲအတြက္စီစဥ္ျခင္းမ်ားတြင္
ေတာင္ အေျခအေနေတြသည္
မလွပခဲ့ပါ....။

တြဲသြားတြဲလာမလုပ္ခ်င္ခဲ့၍
အလိမၼာေလးနဲ႔ေရွာင္ဖယ္ေနခါမွ
လူဆိုးေကာင္သည္ လက္စြပ္ေရြးရာရတနာဆိုင္အထိ
ခ်ီသြားဖို႔ျပင္ဆင္ခဲ့တာေၾကာင့္
ကားထဲတြင္ တပြဲတလမ္းစမ္းခဲ့ရေသးသည္။

ေနာက္ဆုံးစိတ္ရွုပ္လြန္း အနာကနာလြန္း၍
ငိုခ်ေတာ့မွ ျပဳံးယဲ့ယဲ့ျဖင့္သူ႔ကိုကားထဲ
ထားခဲ့ကာ လက္စြပ္ကိုသြားယူခဲ့တဲ့သူ....။

JeonJungkook ကသူငိုေႂကြးရင္
သိပ္ေပ်ာ္ကာ....
မုန္းစရာေကာင္းစြာ ျပဳံးေနတတ္သည္...။

ဘဝမွာ သူ႔ကိုဒီေလာက္ႀကီးတဖက္သတ္
မုန္းနိုင္လြန္းမယ့္လူသားတစ္ေယာက္
ေပၚလာလိမ့္မည္ဟု အိမ္မက္ေတာင္မက္ဖူး။
သူကေပါင္းသင္းရက်ပ္ေပမယ့္
ဒီေလာက္ခါးခါးသီးသီးရည္ရြယ္ခ်က္ရွိရွိ
ၿငိဳးေနဖို႔အထိေတာ့လည္းမလိုဘူးထင္ပါသည္။

အေဖ့ကို သာ စိတ္ထဲအျပစ္ေတြေျပာကာ
နာေနေသာလက္တဖက္ကိုကိုင္ထားခဲ့သည္။

အရိုင္းအစိုင္းေကာင္မ်က္ႏွာကိုေတာ့
တခ်က္မွမၾကည့္ျဖစ္ေတာ့......။

စီးကရက္နံ႔ေတြကားထဲမႊန္ထြန္လာျပန္သည္။

မုန္းလိုက္တာ.....။

Bạn đang đọc truyện trên: AzTruyen.Top