💔4💔(Part2)
တခုခုပြောဖို့အရှိန်ယူနေစဉ်မှာပဲဥက္ကဌJeon၏
အားတက်သရောအသံကြီးထွက်လာတော့သည်။
သားရောက်လာပီတဲ့...။
သူ့စကားတွေတိခနဲရပ်လိုက်ရကာ ရောက်လာသော
သားဖြစ်သူကို အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြ
သည်။
Jimin....မျက်ခုံးတန်းတွေသည်ချက်ချင်းတွန့်ချိုးသွား
ကာခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်
သလိုပဲ....။
Jeon သည်အဝါနုရောင်လက်တိုShirtကို
အဖြူစွတ်စွတ်ဘောင်းဘီနှင့်တွဲဝတ်ထားသည်။
လက်တိုရွေးလာရခြင်းသည် လက်မောင်းရင်းက
လက်ဖျားတွေအထိ နေရာလပ်မရှိသော
တက်တူးတွေကိုမြင်သာထင်သာရှိနေစေရန်
ရည်ရွယ်သည်။
အိမ်ထောင်ဖက်တွေ့တာ အသင့်အတင့်
တည်ငြိမ်သောဝတ်စားဆင်ယင်မှုမျ်ုးကို
ရွေးရမှာသိပေမယ့် သူကပွဲဖျက်မဲ့သူဆို
တော့Character ဝင်အောင် တောက်ပနေမှဖြစ်မယ်မလား။
အဝါနုရောင်နေကာမျက်မှန်ကိုတပ်ထားကာ
နားပေါက်အားလုံးတွင်တွဲလီတွဲလောင်း
နားကွင်းနားဆွဲပေါင်းစုံ။
လက်ချောင်းတွေ လက်ကောက်ဝတ်တွေမှာ
ရှုပ်ယှက်ခတ်နေသာအဆင်တန်ဆာပေါင်း
များစွာဖြင့် ဘောင်းဘီအိတ်ထဲလက်တဖက်
ထည့်ကာ ပီကေဝါးလျှက်တလှမ်းချင်း
လျှောက်လာခဲ့သည်။
ပင်လယ်တခုခုသွားမယ့်ပုံစံလို
NightClubတက်မည့်ပုံစံလိုလို
ရှုပ်ယှက်ခတ်နေကာ
မျက်မုန်းအကျိုးရဆုံးက
မထီတထီခပ်ပြုံးပြုံးမျက်နှာထားပဲ....၊
Jeonသည်ပီကေဝါးရင်းလျှောက်လာကာ
တဖြည်းဖြည်းစားပွဲဝိုင်းသို့နီးကပ်လာသည်
နှင့်..စူပုတ်ပုတ်ဖြင့်ထိုင်နေသော
မျက်နှာကိုသဲသဲကွဲကွဲမြင်လိုက်ရသည်။
" ဟင်......"
ပွဲဖျက်ဖို့ ပေါက်ကရတွေပြောဖို့
ဒယ်ဒီ့မျက်နှာကြီးပျက်စေဖို့
အထူးပြင်ဆင်ကာလာခဲ့တာပါ။
နီးလာလေလေ....ပြတ်သားလာသော
မြင်ကွင်းသည်အဝါရောင်မျက်မှန်ကြောင့်
အဝါရောင်သန်းနေပေမယ့် သူ့ကိုအံ့အားသင့်လာ
စေပါသည်။
မျက်မှန်ချွတ်ကာသေချာအောင်ကြည့်လိုက်
ချင်ပေမယ့် ရုပ်ပျက်သလိုလည်းဖြစ်မှာ
စိုးတာကြောင့်အဝါရောင်တွေသန်းနေတဲ့
ကြားထဲကပဲကြည့်ရသည်။
စားပွဲရှေ့သို့မရောက်ခင်ခြေလှမ်းသုံးလေးလှမ်း
အလိုတွင် သူ့ခြေလှမ်းတွေရပ်သွားခဲ့သည်။
ပြတ်သားသွားသောမြင်ကွင်းတွင်
မီးတောက်နေသောမျက်လုံးတွေနဲ့
ထိုင်နေသူက သေချာပါသည်
သူ့မျက်နှာတည့်တည့် တံတွေးနဲ့ထွေးခဲ့သောclub က
ရှားပါးအမိုက်ရိုင်း......။
ရင်ထဲလျှပ်ခနဲဖြစ်ကာ ဒီလိုတိုက်ဆိုင်မှုမျိုးတွေလည်း
ဖြစ်ပျက်တတ်တာပဲလားလို့တွေးမိလိုက်သည်။
လောကကြီးရေ......ဘာတွေလုပ်ပစ်ပြန်တာလဲ?????
ကံကြမ္မာရေးသူသည်...မူးနေတာလားမသိ
ရေးချလိုက်ရင်ဘဝကိုဇောက်ထိုးမိုးမျှော်တွေကြီးပဲ။
စားမလိုဝါးမလိုကြည့်နေသောမျက်လုံးတွေနဲ့
ပေါက်ကွဲထွက်တော့မလိုနီရဲနေသောမျက်နှာက်ို
ပိုပြတ်သားရန်မျက်မှန်ကိုလက်ညိုးဖြင့်
အောက်နည်းနည်းဆွဲချကာကျော်ကြည့်လိုက်သည်။
အပြာနုရောင်Shirtအကျီအရောင်နုနုလေးနဲ့မှ
မလိုက်ဖက်....မှောင်မဲလာသောမျက်နှာသည်
သူရိုက်ထားသောအရာတချို့တောင်ကျန်နေသေးသည်။
စီးပွါးပျက်လို့ သူဌေးသားကောက်ယူမယ့်
အထည်ကြီးပျက်ကလေးကတခြားသူမဟုတ်ဘူးဘဲ။
JEonသည် ခဏလေးတော့မှင်သက်သွားပေမယ့်
အခြေအနေကိုသဘောပေါက်သွားတာမို့
ဟန်မပျက်စွာခုံတွင်ဝင်ထိုင်လိုက်သည်။
ဒုက္ခပေးဖို့လိုက်ရှာစရာမလိုပဲ
ဒီလိုလေးရှေ့တော်မှောက်အရောက်
ဘဝဝန်ဆောင်မှုကောင်းကောင်းလေးရှိနေတာကလည်း
ကံတရားပဲမလား.....။
သူ့ကိုမြင်တာနဲ့မိုးပြိုကျသွား
သောမျက်နှာသည်....ဒုတိယအကြိမ်ပြန်ဆုံတွေ့တော့
လည်း ကြည့်၍ကောင်းမနေ....။
ရေစက်သည်ဒီလောက်နဲ့မပီးလောက်သေးဘူး
ဟုရိုက်တဲ့နေ့ထဲကမသိစိတ်ထဲတွေးမိတာတကယ်ပင်
မှန်နေခဲ့ပြီ။
"၄၅မိနစ်ပဲနောက်ကျတာ...မဆူကြပါနဲ့နော်..."
"အချိန်မှီအောင် လာပါဆိုကွာ..
ဒီမှာ Jimin တို့ကိုအားနာစရာ...."
ဒယ်ဒီသည်ညီးညူးသလိုပြောနေပေမယ့်
သူလာ၍ကျေနပ်နေမှန်းသူသိပါသည်။
"မာမီလေးက တော့ မဆူတော့ဘူးမလား....
ဒီလိုပွဲမျိုးတွေအထိ ဘောင်ဝင်လာတော့
သိပ်ပျော်နေမှာပဲ...."
"JungKook....."
ဒယ်ဒီသည်ခပ်ကြိတ်ကြိတ်လှမ်းအော်သည်။
"Sorry...နှိမ်နေကျဆိုတော့အကျင့်ပါသွားတာ
Sorry နော်..."
အားလုံးကိုခပ်ပြုံးပြုံးဖြင့်Sorryလုပ်နေပုံသည်
တကယ်စိတ်ကုန်စိတ်ပျက်စရာအတိ။
Jimin မျက်နှာသည်Jeon စဝင်လာထဲက
ပျက်ယွင်းလာကာခုံမှာထိုင်လိုက်ချိန်တွင်
ဒေါသကြောင့်နီရဲနေပြီ။
ကံတရားကဒီလောက်တောင်ပဲ
အထပ်ထပ်ဆိုးဝါးရသလား....။
အဖေရှာထားပေးတဲ့ကယ်တင်ရှင်
အိမ်ထောင်ဖက်ကဒီအရိုင်းအစိုင်းလား။
Clubမှာဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တွေ
သည်ခေါင်းထဲချက်ချင်းတိုးဝင်လာကာ
ခုချက်ချင်းတောင်ထရိုက်လိုက်ချင်လာသည်။
မဖြစ်နိုင်ပါ..ဒီကောင်နဲ့ကတော့ခုဘဝမကဘူး
နောက်ဘယ်နှဘဝဖြစ်ဖြစ်မဖြစ်နိုင်ပါ။
ဒီကောင်သည် အရိုင်းအစိုင်းတကာ့အရိုင်းအစိုင်းတွေ
ရဲ့ထိပ်ခေါင်မို့ အဖေသတ်လို့သေသေမလုပ်နိုင်တော့ပါ။
"Jimin...ဒါဦးရဲ့ တစ်ဦးထဲသောသားလေး
JeonJungkook ပါ...သိထားတဲ့အတိုင်း
ဦး တို့က မင်းတို့ကို ထိမ်းမြားပေးဖို့စီစဉ်ထား
တယ်...ပြီးတော့....."
"Jimin...တဲ့လား...Parkမိသားစုကဆိုတော့
ParkJimin ပေါ့....ဒယ်ဒီသူ့အတွက်
ငွေဘယ်လောက်သုံးခဲ့ရလဲ..."
Jimin သည်လက်သီးတွေချက်ချင်းဆုပ်
သွားလျက်အဖေဖြစ်သူကိုလှမ်းကြည့်လိုက်
ချိန်တွင်အဖေလည်းမျက်နှာပျက်သွားသည်။
"JungKook ဒယ်ဒီစကားပြောရင်
ဖြတ်မပြောနဲ့လေ...."
"ဘယ်လောက်တန်လဲသိချင်လို့ပေါ့....
သိလို့မရဘူးလား...."
ပျက်ယွင်းသွားသောမျက်နှာသည်နောက်တစ်ခါလောက်
ပြန်တွေ့ကာထပ်ဒုက္ခပေးချင်သောဆုတောင်း
သည်ပြည့်သွားသည်။
Jimin သည်ချက်ချင်းမတ်တပ်ရပ်လိုက်ကာ
"ကျတော်...ဒီကောင့်ကို လက်မထပ်နိုင်ပါဘူး...
ဦး ဘက်က ကူညီပေးထားတာတွေကို
ကျတော် မရရတဲ့နည်းမဖြစ်ဖြစ်တဲ့နည်းနဲ့
ပြန်ဆပ်ပါ့မယ်...ဒီကောင်နဲ့ကျတော်ကတော့
လုံးဝမဖြစ်နိုင်ပါဘူး..."
"Jimin.!!!!"
အဖေထအော်ပေမယ့်သူ့နေရာမှာတခြားသူ
ဆိုရင်လည်းဒီလ်ုပဲလုပ်မှာ...။
အပြုအမူနဲ့စော်ကားရတာအားမရလို့
စကားလုံးတွေနဲ့တွေ့တွေ့ချင်းပေါ်တင်စော်ကားလာတာ...
ဘာကိစ္စငြိမ်ခံနေရမှာလဲ။
ဒီကောင်သူ့ကိုဘာတွေလုပ်ထားလဲဘယ်သူကမှ
မသိ...မျက်နှာပြောင်စွာသူကခပ်တည်တည်
ထိုင်ရဲနေသေးသည်။
"Jimin...ဦးကြားထဲကတောင်းပန်ပါတယ်
သားက နည်းနည်း အလိုလိုက်ထားတော့လေ...."
"ရပါတယ်...တောင်းပန်ဖို့မလိုပါဘူး ဦး
ကျတော်ကပဲအနူးညွတ်ပြန်တောင်းပန်ပါ့မယ်
ကူညီပေးတဲ့စေတနာတွေကိုနားမလည်လို့
လည်းမဟုတ်ပါဘူး...ကျတော်
သိပ်ကျေးဇူးတင်ပါတယ်...ဒါပေမယ့်
ဒီလိုအပြုအမူမျိုး ဒီလိုစရိုက်မျိုးကိုတော့
ကျတော့်တရားဝင်အိမ်ထောင်ဘက်အဖြစ်
ဘယ်တော့မှရွေးချယ်မှာမဟုတ်ပါဘူး...."
"ParkJimin ..ငါတော်တော့ပြောနေတယ်လေ..."
Jeon သည်မတ်တပ်ထရပ်ကာရင်ထဲကနေ
လှိုက်လှိုက်လှဲလှဲကိုသူ့အားငြင်းဆန်နေသော
အပြာနုရောင်အား ပီကေတချက်တချက်ဖောက်ရင်း
ကြည့်နေလိုက်သည်။
တကယ်ကို ငြင်းနေတာ...
ခါးခါးသီးသီးကိုပဲအပြတ်အသတ်ငြင်းနေတာ...။
ကြည့်နေရင်း သူ မဖြစ်ချင်သောအရာမျိုးဆို
သူစိတ်ညစ်သွားအောင်ဖြစ်အောင်လုပ်ချင်လာသည်။
စတွေ့ထဲကတစက်ကလေးမှအကောင်းမြင်ပေး
လို့မရခဲ့သူမို့ မုန်းတီးခဲ့သူမို့ စိတ်ဆင်းရဲနေတာ
ကိုပဲမြင်ချင်နေသည်။
"အဖေ...ဒီလိုကောင်မျိုးလက်ထဲ
ကျတော့်ကိုတကယ်ထည့်မှာလား...
ကျတော်ရူးသွားလိမ့်မယ် အဖေသိလား..."
ငါကဘာဖြစ်နေလို့လဲ.....။
ခက်တာပဲ မသိရင်ရောဂါတလှေကြီးနဲ့ကောင်လို
ဘဝပျက်နေတဲ့လမ်းဘေးကလေကချေလို
Jeonလုပ်ငန်းစုရဲ့တစ်ဦးထဲသောသားကို
သူက ရွံစရာကောင်လို မလိုချင်လွန်းလို့
တုန်လှုပ်ပြနေလိုက်တာ...။
အမြင်ကတ်စရာလေး.....။
စတွေ့တုန်းကတော့မျက်လုံးတွေကိုမုန်းတာ
ခုတော့ တကိုယ်လုံးနေရာလပ်မကျန်မုန်းလာသည်။
"ကလေးမဆန်စမ်းနဲ့ Jimin....!!!"
"မဖြစ်နိုင်ဘူး...သတ်ချင်သတ်..အဖေ...
သေပဲသေလိုက်တော့မယ်.."
"Jimin သားစိတ်လျှော့ပါ....
ဦး တို့ အတင်းအကျပ်မပြောပါဘူး
သားအဆင်မပြေရင်လည်းရပါတယ်...
ဦး သား ကိုယ်တိုင်ကလည်းသိပ်ဆိုးတော့
ဟုတ်ပါတယ် ...ဖြစ်သင့်ပါတယ်...
ပြန်စဉ်းစားကြတာပေါ့...."
"ပြန်စဉ်းစားဖို့လည်းမလိုပါဘူး
သူနဲ့ကျတော်ဆုံခဲ့ပြီးပါပီ
ကောင်းသောတွေ့ဆုံခြင်းတွေမဟုတ်ခဲ့ဘူးဆိုတာ
သူရောကျတော်ရောသိပါတယ်..."
"Jimin ဦးပြောချင်တာကလေ....
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့...."
"ကျတော့်အဖေ လွန်မာလို့ ကျတော်တို့စီးပွါး
ပျက်ခဲ့ရတာကလွဲရင် ကျတော်က
သိက္ခာရှိတဲ့လူ..ကျတော့်ရပ်တည်မှုနဲ့ကျတော်
ကျတော်က ယုံကြည်မှုနဲ့ကျတော်ပါ
ရှင်းရှင်းပြောရရင် ဦး သားရဲ့
အကျင့်စရိုက်နဲ့ ကျတော့်လိုလူမျိုးနဲ့က
နည်းနည်းလေးတောင်မတန်ပါဘူး.....
ခုပုံစံကိုကြည့်ရင် သိသာပါတယ်...
သူ့တကိုယ်လုံးမှာ မက်မောလောက်စရာ
တနေရာတောင်မရှိဘူး..."
မေမေသာ ဒီစကားတွေကြားရင်
ပါးကိုဘယ်နှချက်လောက်တောင်
ဆင့်ရိုက်မလဲမသိ...။ဒယ်ဒီလိုလူမျိုးပင်
ပါးစပ်ပိတ်ကျသွားအောင်ပြောခဲ့တဲ့သူသည်
အားရပါးရ...။
"ကျတော်ငြင်းပါတယ်...ဒီကိစ္စဒီမှာတင်
ပြီးပါပီ ပြန်လိုက်ပါအုန်းမယ်..."
တစ်ယောက်ထဲပြောတစ်ယောက်ထဲငြင်း
တစ်ယောက်ထဲပြန်နေသောသူသည်
မျက်နှာကိုချီထားလျှက်...။
...တစစီလုပ်ပစ်လိုက်ချင်စရာ
ပျစ်ပျစ်နှစ်နှစ်စကားတွေကို
အားရပါးရပြောပြီး ခပ်တည်တည်ပဲသူက
ပြန်ဖို့လုပ်နေသည်။
ဘယ်လိုလုပ်ရမလဲJeonJungkook ကလည်း
JeonJungkook ဖြစ်နေပြန်သည်။
သူက ဟုတ်ကဲ့ ကျတော်လက်ထပ်ပါ့မယ်လို့
ခေါင်းညိတ်ခဲ့ရင် ရစရာမရှိအောင်ပြောပီး
ငြင်းဆိုထားခဲ့ဖို့စကားလုံးစီထားခဲ့ပေမယ့်
သူက ပြတ်ပြတ်သားသားကိုငြင်းနေတော့
ပြောင်းပြန်အချိုးကျရတော့မည်။
အဓိကစိတ်ဆင်းရဲရဖို့...ဘာကြောင့်မှန်းမသိ
စိတ်လှုပ်ရှားစွာ အလောတကြီးငြင်းဆန်နေသော
ပုံစံကလည်း ကြည့်ရတာပျော်စရာကောင်းနေသည်။
သူသာ ကန့်လန့် ထပြောရင်...
ဘယ်လိုလေးဖြစ်သွားမလဲ...။
"ကျတော်ကတော့ လက်ထပ်ယူမှာပါနော်...
ဒယ်ဒီ စီစဉ်ထားတာ မငြင်းရဲဘူး
ရိုက်ခံရမှာကြောက်တယ်...."
စာသင်ခန်းထဲကကျောင်းသားစာထဖြေသလို
လက်ဝါးတဖက်ထောင်ကာ
နုံသလိုလိုအသလိုလို သက်သက်လုပ်ယူ
နေသောပုံစံနှင့်စကားတွေကြောင့်Jimin
၏စူးရှနေသောမျက်ဝန်းတွေဒိုင်းခနဲရောက်လာ
တော့သည်။
"Jimin...ပြန်ထိုင်စမ်း...!!!!
မင်းအရမ်းလွန်နေပီနော်...
လူကြီးတွေနဲ့...ဘယ်လိုစကားတွေကိုပြောနေတာလဲ
ထိုင်စမ်း...."
"အဖေ!!!!"
လက်ကိုဆွဲချကာအဖေကအတင်းပြန်ထိုင်ခိုင်းသည်။
မျက်နှာချင်းဆိုင်ကကောင်က
ပြုံးစိစိ..။
"မင်းပြောလေ...မင်းနဲ့ငါဘာတွေဖြစ်ခဲ့တယ်
မင်းငါ့ကိုဘာတွေလုပ်ထားလဲ
ပြောလေ...ဘာကိုလက်ထပ်မှာလဲ
ရူးနေလား...."
"စိတ်လျှော့မှပေါ့ Hyungရာ...."
Hyung...Hyung...စားပွဲပေါ်ကဟင်းခွက်တွေနဲ့
သာကောက်ပက်ပစ်ချင်မိသည်။
မတန်မရာအခေါ်အဝေါ်ကိုလူရှေ့မှာ
အပိုလုပ်ပြီးခေါ်လာတဲ့သူ...။
"သား...Jimin...JungKookက
သားမှန်းမသိလို့လည်း တခုခုလွန်ကြူးခဲ့တာ
လည်းဖြစ်မှာပါ...ခုသိသွားပီဆိုတော့
သားမကြိုက်တာကိုထပ်မလုပ်စေရတော့ဘူးလို့
ဦး တာဝန်ယူ ကတိပေးပါတယ်..."
"လက်မထပ်နိုင်ဘူး....ဘာကတိတွေပေးပေး
ဒီလိုကောင်နဲ့က ကျတော်တမိနစ်တောင်
ဖြစ်မှာမဟုတ်ဘူး...ဘာတန်ဖိုးမှမရှိတဲ့ကောင်..."
JEonသည်ပီကေဝါးနေရင်းမှရပ်သွားသည်။
ဘာမှပြန်မပြောလို့ဘာမှပြန်မတုံ့ပြန်သေးလို့
အထပ်ထပ်သူကကြီးစရောက်ထဲကစော်ကားနေတာ။
စိတ်ထဲကြည်နေတာရော..
စိတ်ဝင်စားစရာတွေ့ဆုံမှုတခုဖြစ်နေတာကြောင့်ရော
သူလို တကမ္ဘာလုံးက ကျားမ မရွေး မငြင်းနိူင်တဲ့
အဖက်ဖက်ကပြည့်စုံကြွယ်ဝသူကို
Company သေးသေးလေးပိုင်ရှင်က
တချက်ထိုးတာနဲ့သတိလစ်သွားတဲ့
အင်အားနည်းလွန်းတဲ့သူက
မတူဘူး မတန်ဘူး အော်နေတာကို
ရီရလို့ထိုင်နားထောင်နေတာ ဒါပေမယ့်
အကန့်အသတ်တခုကိုကျော်ချသွားပြီ။
"ဒီလက်ထပ်ပွဲဖြစ်ပြီလို့ပဲသတ်မှတ်လိုက်ပါ
စားကြမယ်လေ စားစရာတွေရောက်နေပြီ..."
"ငါမင်းကိုမယူဘူး !!!!"
Jeon သည် ပန်းကန်ထဲသို့ဟင်းတချို့
ခပ်ထည့်ပြီး မျက်နှာချင်းဆိုင်ကလူကို
ခပ်အေးအေးပင်ကြည့်လိုက်ကာ
"မယူချင်ရင် ခုချက်ချင်းအကြွေးဆပ်လေ...
ပေး......ဘာပေးစရာရှိလဲ
ရှိတာအကုန်ထုတ်ပေး...
သူများပစ္စည်းအလကားတော့ဘယ်ရပါ့မလဲ
တန်ဖိုးရှိတဲ့ ParkJiminလေး ရဲ့...."
မျက်ရည်တွေချက်ချင်းဝဲတက်လာသော
မျက်လုံးတွေ....။ဒါသည်အထိနာဆုံး
အချက်ဖြစ်ပါလိမ့်မည်....။
မျက်ရည်ကိုကျမလာစေအံကြိတ်ကာတင်းခံ
ထားသောပုံစံသည် သူတူကိုင်ထားသော
လက်တွေကိုစတုန်ရီလာစေပါသည်။
ကောင်းကျိုးမပေးသည် ဆူးတစ်ချောင်းနဲ့ထိုးနေသလို
အောင့်တက်လာကာ မျက်နှာကိုချက်ချင်း
လွှဲလိုက်ရသည်။
ထပ်ကြည့်ရင်အသက်ရှုလို့ရမှာမဟုတ်တော့။
အဓိကစိတ်ဒုက္ခရောက်သွားရင်ပြီးပြီ...။
စိတ်ဒုက္ခရောက်နေတာလည်းသေချာနေတာကြောင့်
မျက်နှာကို သိပ်ကြည့်ဖို့မလိုအပ်ပါ။
မကြည့်နိုင်ကြောင်းကိုတော့Jeonဘယ်တော့မှ
ဝန်ခံမည်မဟုတ်.....။
Jimin သည်ခုံမှထထွက်သွားခဲ့သည်။
မျက်ရည်တွေကိုမထိန်းထားနိုင်တော့၍
လူတွေရှေ့ငိုချဖို့ကိုမာနကလည်းလက်မခံတာ
ကြောင့်ဖြစ်ချင်ရာထွက်လာခဲ့လိုက်တော့သည်။
"Jimin.....Jimin...."
"နေနေ အန်ကယ်လ် ကျတော်သွားချော့ခေါ်
လိုက်ပါ့မယ်..."
ရမလား....။စကားတစ်ခွန်းပဲပြောရသေးတယ်
ငိုပီးထွက်ပြေးလို့ရမလား...။
သူ့အလှည့်တုန်းအားမနာစွာပက်ပက်စက်စက်
ပြောထားပြီးတော့ ခုလို Dramaမင်းသား
လုပ်သွားလို့ဖြစ်မလား...။
"စကားပြောလို့မပီးသေးတာထွက်ပြေးလို့
ဘယ်ဖြစ်မလဲ အဖိုးတန်လေးရဲ့..."
နောက်ကမှီအောင်လိုက်ကာနံရံတခုကို
ဆွဲကပ်လိုက်ပြီးလက်တွေကိုချူပ်ထားလိုက်သည်။
မျက်ရည်ကျပီထင်ပေမယ့် မကျသေး
မျက်လုံးတွေသည်နီရဲနေတုန်းပဲ...။
"ငါနဲ့မင်းရဲ့ရန်ပွဲကအဲ့ညထဲကပီးခဲ့ပြီ
Jeon JungKook...အငြိုးတွေထားပြီး
ငါ့ကိုထပ်ဒုက္ခမပေးပါနဲ့
မင်းကိုရိုက်မိလို့ ငါလည်းမသေရုံတမယ်ပြန်အရိုက်ခံ
ခဲ့ပီးပီမလား ဒါကအိမ်ထောင်ရေးပါ
ကလေးကလားတွေမလုပ်ပါနဲ့...."
"ခင်ဗျားက မယူချင်လို့ကို ယူချင်နေတာ
ခင်ဗျားကယူမယ်ပြောရင် ကျတော်ယူမှာ
မဟုတ်ဘူး အဓိက ကခင်ဗျားစိတ်ညစ်နေရရင်
ပီးရော...ကျတော့်အတွက် လက်ထပ်ခြင်းက
အရေးမပါဆုံးပဲ....ဘာမှမထူးဘူး"
"မင်းနဲ့ငါ...ဒီရန်ပွဲလောက်နဲ့ ဒီလောက်အထိ
ငြိုးနေစရာလိုလို့လား...."
Jeon သည် မျက်စိရှေ့က မျက်နှာလှလှလေးကို
ကြည့်ကာ နာကျင်လာသည်။
ရန်ပွဲကအငြိုးတရားတွေမှမဟုတ်တာ....။
ဒါကို စိတ်ထဲကသေချာသိနေတာစဆုံထဲက...။
"ကျူပ်က အငြိုးကြီးတယ်......
ဘာကြောင့်မှန်းမသိစတွေ့ထဲက
ခင်ဗျားဟာ ကျူပ်ဒုက္ခပေးရမယ့်သူလို့
ကံကြမ္မာက လက်ညိုးထိုးပြလိုက်သလိုပဲ....
လက်ထပ်လိုက်ရင် နေ့တိုင်းနေ့တိုင်း
ကျူပ် ခင်ဗျားကို လွှင့်မပစ်မချင်း
စိတ်ကြိုက် ကစားလို့ရပြီ.လေ.....
ဘာကြောင့်မှန်းမသိ ကျူပ်လုံးဝမငြင်းနိုင်ဘူး
ကျူပ်ကငြင်းချင်ပေမယ့် မသိစိတ်တွေက
လက်မခံဘူး.....လက်မထပ်ချင်ရင်....
အကြွေးဆပ်လေ..."
စိတ်ဒုက္ခပေးချင်လို့တဲ့....။
မဖြစ်သာတော့လို့လက်ထပ်ရမယ်ဆိုရင်တောင်
သူလက်ထပ်ရမယ့်သူ့အိမ်ထောင်ဘက်ရဲ့
လက်ထပ်ခြင်းရည်ရွယ်ချက်သည်
စိတ်ဒုက္ခပေးချင်လို့တဲ့လေ။
"ငါတောင်းပန်ပါတယ်...ငါမင်းနဲ့လုံးဝ
မဖြစ်နိုင်ဘူး...ငါတို့အသက်အရွယ်တွေလည်း
ကွာတယ်...မင်းကအရမ်းငယ်လွန်းနေပါသေးတယ်"
"ချော့ပြောနေပြန်ပီ..."
"လွှတ်တော့ ....ငါပြန်တော့မယ်....
ငါ့ဘက်ကစကားဆုံးပြီ..."
တော်တော်လေးလည်းစိတ်ပင်ပန်း
နေပြီဖြစ်တာမို့ထွက်သွားဖို့အားသန်လွန်း
သောလက်တွေကိုရုန်းလိုက်သည်။
"လွှတ်လို့ပြောနေတယ်လေ...!!"
"မလွှတ်ဘူး...ဒယ်ဒီတို့ဆီပြန်သွားပြီး
ခင်ဗျားလက်ခံကြောင်းပြန်ပြောပီးမှ ပြန်.."
"ရူးနေလား...!!!!ဖယ်စမ်း..
မင်းလိုကောင်မျိုး....."
"လာပြန်ပီလား....မင်းလိုကောင်မျိုးဆိုတဲ့စကား
ဘာကောင်လဲသိချင်လား
ခင်ဗျားစရောက်ထဲကပြောနေတဲ့စကားတွေကို
မနာတတ်ဘူးထင်လို့လား..."
"လွှတ်ပေးလို့ငါပြောနေတယ်နော်...!!!
အမှိုက်ကောင်!!!! အယုတ်တမာကောင်
အရိုင်းအစိုင်း.....!!!!"
Jeon သည် တလုံးချင်း စိတ်ပါလက်ပါ
ရင်ထဲကထွက်လာသောအသံများဖြင့်
ပြောနေသော နူတ်ခမ်းထူထူကို
ကြည့်နေရင်း စိတ်ရိုင်းသည်ဖိတ်ခေါ်စရာမလိုခဲ့။
ဘာမှစဉ်းစားမနေ...တရဆက်စော်ကားနေသော
နူတ်ခမ်းတွေကိုပါးနှစ်ဖက်မှဆွဲကိုင်ကာ
အကြမ်းပတမ်းဖိကပ်စုတ်ယူလိုက်သည်။
မကျေနပ်ရင်ထိုးပစ်ရိုက်ပစ်တာသူ့စတိုင်
ဆိုပေမယ့် တတွတ်တွတ်မရပ်မနား
စော်ကားမော်ကားပြောနေသော
နူတ်ခမ်းတွေကိုသာအပြစ်ပေးချင်သည်။
ရုတ်တရက်မို့ ဘာမှမတတ်နိုင်သူသည်
အတင်းရုန်းကန်ထွက်တော့သည်။
ရင်ဘက်တွေကိုကြမ်းတမ်းစွာထုရိုက်နေသော
လက်တွေသည်ဘယ်လောက်ဒေါသထွက်မနေလဲ
ခန့်မှန်းဖို့ရန်ကိုမလို...။
JEonသည်အပေါ်နူတ်ခမ်းတွေရော
အောက်နူတ်ခမ်းတွေပါ စိတ်ပါလက်ပါနမ်းနေခဲ့သည်။
သူ့ဟာသူဘယ်နေရာတွေရိုက်ရိုက်
ဘာတွေဖြစ်ဖြစ်...ဆေးတွေ့သွားသလို
လူကသာမုန်းစရာပေမယ့်နူတ်ခမ်းတွေက
ကောင်းလွန်းနေတာကြောင့်လွှတ်မပေးခဲ့။
ဒေါသထွက်ပီးစိတ်မလွတ်ရင်
ဒီအရသာကိုသိမှာမဟုတ်.....
နမ်းဖူးခဲ့သမျှထဲနည်းနည်းလေးတောင်
မကြိုက်ဘဲ အပိုအစောင်းမုန်းတီးနေရတာ
တောင်ကောင်းလွန်းသောနူတ်ခမ်းတွေ...။
အလွန်အကျွံ ရုန်းလွန်းလာတာကြောင့်
ကိုက်ချလိုက်သောနူတ်ခမ်းထူထူတွေသည်
ဘယ်လောက်တောင်နာလိုက်မလဲ
ကိုယ်လုံးလေးပင်တုန်သွားခဲ့သည်။
ထွက်လာသောသွေးစတွေကိုပါ
ရောနှောနမ်းရှုံလိုက်ရင်း တဖြည်းဖြည်း
မတ်မတ်မရပ်နိုင်တော့သော ခန္ဓာကိုယ်သည်
ဒူးတွေခွေကျလာတော့သည်။
လွှတ်ပေးလိုက်သောအခါတကယ်ပင်
လဲကျသွားခဲ့တဲ့သူ....။
သွေးစတွေနဲ့နူတ်ခမ်းတွေသည်
ယောင်ကိုင်းဖူးကြွနေကာ
အသက်ကိုသာပြင်းပြင်းရှုနေပြီး
သူ့ကိုရန်တောင်မဆောင်နိုင်ခဲ့တော့ပါ...။
Hotel တနေရာမှာမို့ တစ်ယောက်ယောက်
မြင်သွားလျှင်အဆင်မပြေနိုင်တာမို့
ဆွဲထူဖို့လက်လှမ်းခဲ့ပေမယ့် နံရံကိုပိုမိုကပ်သွား
သောလူသည် တကိုယ်လုံးတုန်နေသည်။
Jeon သည်မျက်မှောင်တွေတွန့်ချိုးသွားကာ
လက်တွေကိုလှမ်းဆွဲလိုက်တော့အသံတချို့ထွက်
လာသည်။
"လက်ထပ်မယ်...လက်ထပ်ပါ့မယ်
ငါ့ကိုထပ်မလုပ်ပါနဲ့.......
နာလွန်းတယ်......"
Jeon သည် ပြိုလဲကျနေသောပုံစံငယ်ကို
ငုံ့ကြည့်ကာစိတ်ထဲဖျင်းခနဲ......။
"ဒါဆိုလည်း လူကြီးတွေကိုကိုယ်တိုင်လာပြော
ဒီမှာထိုင်နေလို့ဘာမှမထူးဘူး
လာခဲ့..."
လက်ကောက်ဝတ်ကနေဆောင့်ဆွဲကာ
စားပွဲဝိုင်းသို့ပြန်ဆွဲခေါ်လာခဲ့သည်။
Jimin သည် အားအင်တစ်စက်မှမရှိတော့ပါ...။
ဆွဲခေါ်ရာနောက်လိုက်လာခဲ့ရပြီး
ဘာတွေဆက်ဖြစ်လဲ အာရုံစိုက်၍မရတော့။
အထိအတွေ့......။
ဒီအထိအတွေ့.တွေ
ဒီနူတ်ခမ်းပါးတွေရဲ့ အရသာတွေ....
ဘယ်လောက်စိတ်ပိုင်းဖြတ်ထားဖြတ်ထား
ဘယ်လောက်ပဲပြတ်ပြတ်သားသားငြင်းဆိုငြင်းဆို
ယူငင်သွားတဲ့ ကြင်နာမှုမဲ့ အနမ်းဆိုးတွေက
လွန်ကြူးလာတဲ့အခါ သူ ချက်ချင်းလက်ခံလိုက်ရသည်။
ဘာကြောင့်လဲ...??
ဒီနူတ်ခမ်းပါးတွေက ဘာတွေမလို့လဲ...
ချစ်မြတ်နိုးလို့ထိတွေ့တာလည်းမဟုတ်
မကျေနပ်လို့ကြမ်းရမ်းခြင်းအပေါ်
သူ့မှာ ယုန်သူငယ်လေးလို....
အင်အားနည်းပြီး တုန်ရီသွားရတာလဲ....။
ကိုယ့်ကိုကိုယ်နားမလည်နိုင်စွာ
တရွတ်တိုက်ဆွဲခေါ်ရာနောက်ပါသွားခဲ့ပြီး
Jeon JungKookရဲ့ ပထမဆုံးအနိုင်ကျင့်မှု
မှာသူစရှုံးခဲ့ပြီဆိုပါတော့....။
အဲ့ကစ....ဘယ်တော့မှမနိုင်တော့ပါ.....။
စိတ်နဲ့ကိုယ်လုံးဝမကပ်တော့သော...
လူတစ်ယောက်နဲ့...
အနိုင်ကျင့်လိုက်ရလို့ကျေနပ်ကာ
မကြိုက်ပါဘူး မယူချင်ပါဘူးဆိုတဲ့
လက်ထပ်ပွဲအကြောင်း မင်္ဂလာဆောင်ဖို့အကြောင်း
သက်သက်မဲ့နာကျင်အောင်ထပ်ခါထပ်ခါပြောနေသော
လူတစ်ယောက်ရဲ့ဘဝခရီးသည်စတင်ခဲ့ပြီ....။
JeonJungkook Sideကိုရေးရတာ
နှစ်ပိုင်းလောက်ရှိသေးလို့..
တော်တော်စားတာပဲ....။
အဆင်ပြေရဲ့လား..
တခုခုအဆင်မပြေရင်ပြောပြအကြံပေးလို့ရတယ်နော်။
ဒီအပိုင်းတွေတကယ်အားမရဘူး။
သားရောက်လာပီတဲ့...။
သည်။
သလိုပဲ....။
ရည်ရွယ်သည်။
တည်ငြိမ်သောဝတ်စားဆင်ယင်မှုမ်ျုးကို
လျှောက်လာခဲ့သည်။
ရှုပ်ယှက်ခတ်နေကာ
" ဟင်......"
စေပါသည်။
ကြားထဲကပဲကြည့်ရသည်။
ရှားပါးအမိုက်ရိုင်း......။
ပေါက်ကွဲထွက်တော့မလိုနီရဲနေသောမျက်နှာကို
ကံတရားပဲမလား.....။
လည်း ကြည့်၍ကောင်းမနေ....။
မှန်နေခဲ့ပြီ။
သိပ်ပျော်နေမှာပဲ...."
"JungKook....."
Sorry နော်..."
အထပ်ထပ်ဆိုးဝါးရသလား....။
တယ်...ပြီးတော့....."
ဖြတ်မပြောနဲ့လေ...."
သိလို့မရဘူးလား...."
သည်ပြည့်သွားသည်။
"Jimin.!!!!"
ထိုင်ရဲနေသေးသည်။
ကြည့်နေလိုက်သည်။
တကယ်ကို ငြင်းနေတာ...
ကိုပဲမြင်ချင်နေသည်။
ငါကဘာဖြစ်နေလို့လဲ.....။
အမြင်ကတ်စရာလေး.....။
သေပဲသေလိုက်တော့မယ်.."
ပြန်စဉ်းစားကြတာပေါ့...."
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့...."
တနေရာတောင်မရှိဘူး..."
ဆင့်ရိုက်မလဲမသိ...။ဒယ်ဒီလိုလူမျိုးပင်
အားရပါးရ...။
ပြန်ဖို့လုပ်နေသည်။
လက်ဝါးတဖက်ထောင်ကာ
တော့သည်။
"Jimin...ပြန်ထိုင်စမ်း...!!!!
ထိုင်စမ်း...."
"အဖေ!!!!"
ပြုံးစိစိ..။
ရူးနေလား...."
"သား...Jimin...JungKookက
စိတ်ထဲကြည်နေတာရော..
သူလို တကမ္ဘာလုံးက ကျားမ မရွေး မငြင်းနိုင်တဲ့
"ငါမင်းကိုမယူဘူး !!!!"
ပေး......ဘာပေးစရာရှိလဲ
ရှိတာအကုန်ထုတ်ပေး...
မျက်လုံးတွေ....။ဒါသည်အထိနာဆုံး
အချက်ဖြစ်ပါလိမ့်မည်....။
လွှဲလိုက်ရသည်။
ဝန်ခံမည်မဟုတ်.....။
"Jimin.....Jimin...."
လိုက်ပါ့မယ်..."
ကြည့်ကာ နာကျင်လာသည်။
"ကျူပ်က အငြိုးကြီးတယ်......
အကြွေးဆပ်လေ..."
"ချော့ပြောနေပြန်ပီ..."
ငါ့ဘက်ကစကားဆုံးပြီ..."
"ရူးနေလား...!!!!ဖယ်စမ်း..
မင်းလိုကောင်မျိုး....."
ဘာကောင်လဲသိချင်လား
မနာတတ်ဘူးထင်လို့လား..."
အရိုင်းအစိုင်း.....!!!!"
ဒီအရသာကိုသိမှာမဟုတ်.....
လဲကျသွားခဲ့တဲ့သူ....။
လာသည်။
ငါ့ကိုထပ်မလုပ်ပါနဲ့.......
နာလွန်းတယ်......"
လာခဲ့..."
အထိအတွေ့......။
ဒီအထိအတွေ့.တွေ
ဘာကြောင့်လဲ...??
လူတစ်ယောက်နဲ့...
တော်တော်စားတာပဲ....။
အဆင်ပြေရဲ့လား..
Bạn đang đọc truyện trên: AzTruyen.Top