🍂35🍂
ဘယ်သူမှန်တယ် ဘယ်သူကမှားတယ်ဆိုတာထက်....
ဒီဇာတ်အိမ်မှာ...
ချစ်ခြင်းတရား တစ်ခုအပေါ် တာဝန်ကြေစွာ
သစ္စာရှိရှိ ခိုင်မြဲပေးနိုင်တဲ့ နှလုံးသားတွေဟာ....
ကိုယ်စီ ကိုယ်စီ အပြစ်မရှိခဲ့ကြပါဘူး.....။
....................................။
"ငါမင်းကို အပိုင်သိမ်းလာတာ...လက်ထပ်ဖို့
ငါခေါ်လာခဲ့တာ ယောင်း...မင်းဘာမှငြင်းဆိုပိုင်
ခွင့်မရှိဘူး..."
"ကျွန်တော်ဒီလောက်ကြီးအထပ်ထပ်အခါခါ
ငြင်းခဲ့တာတောင် ......"
အဲ့ဒီနေ့ညက လကထိန်ထိန်သာနေခဲ့တယ်...။
ချစ်မြတ်နိုးလို့ Jeonငယ်ခိုးယူခဲ့သော
ကချေသည်လေးဟာ မေ့ဆေးအရှိန်ပြင်းလွန်းတာ
ကြောင့်ရက်ပိုင်းလောက်အထိမေ့မျောနေကာ
သတိရရချင်းတွင် သခင်လေးJeonကို
မျက်ထောင့်နီနီတွေဖြင့်စကြိုဆိုတော့သည်။
"ငြင်းစမ်း....ကြိုက်သလောက်ငြင်း
ငါခု ခေါ်လာပေါင်းသင်းမယ်ဆိုတော့ရော
မင်းဘာတတ်နိုင်မှာလဲ.....!!!!"
"ကျွန်တော် သခင်လေးကို လူကောင်းတစ်ယောက်
လို့ထင်ခဲ့တာ....တကယ်တမ်းကျ
လူယုတ်မာ..."
JEonကအော်ရီသည်....။နက်မှောင်ရှည်လျှား
သောဆံပင်တွေကိုယောင်းက ဆံထိုးလေးတစ်ခု
နဲ့ထိန်းထားကာဖရိုဖရဲ....။အပြာနုရောင်ဝတ်စုံ
လေးနဲ့ မျက်အိမ်တွေနီရဲကာ ဒေါသတွေငြောင်းနေတာ
တောင်အဲ့ဒီညက လရောင်အောက်သိပ်လှခဲ့ပါသည်။
ရီနေရင်းကျလာလေသောမျက်ရည်တွေကို
သုတ်ကာ ယောင်းကို Jeonက စိုက်ကြည့်တော့
ချက်ချင်းမျက်နှာလွှဲသွားတဲ့သူ...။
"ချစ်မိတာကို ယုတ်မာမှုလို့ မင်းခေါင်းစဉ်တပ်
ချင်လည်းရပါတယ် ...."
"ချစ်တိုင်း လုပ်ချင်တာ လုပ်လို့မှမဖြစ်တာ....
ကျွန်တော် Jeonကို လုံးဝမချစ်ဘူးလေ..."
"ယောင်း......"
ပိုးပိုးပေါက်ပေါက်ကျလာခဲ့သော မျက်ရည်တွေကို
မထိန်းနိုင်။ မြင်တာနဲ့ခုတ်မဲ့ ဘူရင့်ဓားအောက်က
ခက်ခဲစွာ ခေါ်ထုတ်လာနိုင်ခဲ့သည့်တိုင်
JEonငယ်ဟာ လုံးဝအချစ်မှာမအောင်မြင်ခဲ့....။
"ဘာလို့လဲ....ငါဘာလိုအပ်ခဲ့လို့လဲ
မင်းငါ့ကိုမချစ်နိုင်တဲ့ အချက်တွေကိုပြောပါ
အချက်တစ်ရာဆိုလည်းငါပြင်ပါ့မယ်...."
"သခင်လေးက ပြီးပြည့်စုံပြီးသားပါ
ဘာမှပြင်ဆင်ဖို့မလိုအပ်ပါဘူး...
ကျွန်တော် ဒီလောကမှာ လူတစ်ယောက်ထဲကိုပဲ
ချစ်နိုင်တော့မှာမလို့....."
"ဘာ......"
"ဟုတ်တယ်.....ကျွန်တော့်စိတ်နှလုံးသားထဲရော
ခေါင်းထဲမှာရော သူ့ကိုစတွေ့ထဲက
အသေချာဆုံးရင်ခုန်ပြီးသိပ်ချစ်ခဲ့တာ
ကျွန်တော် အဲ့ဒီယောကျ်ားလွဲ ကျန်တာဘယ်သူကိုမှ
မချစ်ဘူး သခင်လေး...."
"ဘယ်သူလဲ....ငါ့ကိုပြော.....
မင်းငါလို ဖြစ်တည်မှုကိုတောင် နည်းနည်းမကြည့်
နိုင်တဲ့အထိ အရူးလိုဖြစ်နေတာ ဘယ်သူလဲ...!!"
သွေးရူးသွေးတန်းJeonသည်ယောင်းအကျီစတွေကို
ဆွဲဆောင့်ကာမျက်ရည်စတွေနှင့်အော်ဟစ်မေးခဲ့သည်။
"ဧကရာဇ်......"
Jeon မျက်အိမ်တွေမယုံနိုင်စွာပြူးကျယ်သွားကာ
အကျီစကို ယောင်ယမ်းလွှတ်ပေးလိုက်မိတဲ့အထိ။
"ဘယ်လို ယောင်း......"
"ကျွန်တော် ....ဧကရာဇ် ကို ချစ်ခဲ့တာ...."
"ရူးနေတာလား....ဟမ်...ရူးသွားတာလား..."
ယောင်းသည် ကြေကြေကွဲကွဲပြန်ကြည့်လာကာ
"ရူးတယ် ရူးတော့ ဘာဖြစ်လဲ ချစ်လ်ို့ရူးတာ
Jeon လိုပဲရှိတော့မှာပေါ့...ဘုရင်ကိုချစ်မိလို့
သတ်ကြမှာလား သတ်လေ...သွေးကြောင်နေမယ့်
ကောင်ထဲမပါဘူး..."
"မင်းချစ်လို့ရတဲ့ ဖြစ်တည်မှုမျိုးမဟုတ်ဘူး
စိတ်ကူးယဉ်မနေစမ်းနဲ့......
တစ်ယောက်ယောက်ကို ပြောမိသေးလား
နန်းတွင်းမှာ ဘယ်သူ့ကိုအသိပေးခဲ့ဖူးလဲ
မင်းအတွက်အရမ်းအန္တရာယ်ရှိတယ် ...."
"မော်ကြည့်ဖို့တောင်မရဲတဲ့ ဧကရာဇ်ဖြစ်တည်မှု
ကို ကျွန်တော် ချစ်လို့မရဘူးဆိုတာ
နားလည်ပြီးသားပါ လာတရားပြနေဖို့မလိုဘူး
ဒါပေမယ့် ဧကရာဇ်အပေါ် ထားတဲ့ကျွန်တော်
ချစ်ခြင်းတွေက ဒီဘဝမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး
ဆိုရင်တောင် နောက်ဘဝတွေ ထပ်တွေ့ဆုံနိုင်အထိ
ကြီးမားမှန်း ကျွန်တော့်ကိုယ်ကျွန်တော်သိပြီးသား
ဘယ် ချစ်ခြင်းတရားကမှ ကျွန်တော့်အချစ်ကို
မကျော်နိုင်ဘူးဆိုတာ ယုံလို့ အဆင်ပြေတယ်..."
"စိတ်လွတ်နေတာပဲ....ငါ့ကိုကြည့်စမ်းယောင်း....
မဖြစ်နိုင်ဘူး....ချစ်နေတာကိုက မဖြစ်နိုင်ဘူး
မချစ်ရဘူး...သူသိပ်ကြောက်စရာကောင်းတယ်...
အဲ့တာကို မင်း သိ လား....."
"သခင်လေးအတွက် သိပ်ကြောက်စရာ
ကောင်းတာလေ....ကျွန်တော့်အတွက်တော့
အနှိုင်းမဲ့ ဘုရင်တပါး...သိပ်ချစ်ဖို့ကောင်းတယ်..."
ဘဝတစ်လျှောက်လုံး မှာဒီကချေသည်လေးကိုပဲ
ရူးရူးမူးမူးစွဲစွဲလန်းလန်းရှိခဲ့တာ...။
အငြင်းခံရရင် လက်ခံလာအောင်ကြိုးစားလို့
ရပေမယ့် ခိုင်မြဲလွန်းသော ကျောက်စာလို
ယောင်းနှလုံးသားမှာ ခပ်တင်းတင်းရှိနေသူက
ဇာတ်လိုက်ကျော်ဖြစ်နေပြန်သည်။
ဧကရာဇ်နဲ့သူ့ရေစက်သည် ဆုံးခန်းတိုင်မှာ
မဟုတ်...။
အနိုင်ယူလာလိုက်တာ ဘဝနေ့ရက်တိုင်း
အဖြစ်အပျက်တိုင်းတွင်အားမရခဲ့....
တစ်ယောက်ထဲသော ချစ်ရသူရဲ့ နှလုံးသားထဲအထိ
အနိုင်ပိုင်းကာ ဝင်နေနေပြန်သည်။
"ချစ်လို့မရဘူးလို့ငါပြောနေတယ်....
ဘုရင်က်ို မင်းချစ်လို့ရမလား...
တော်ရုံပဲရူးစမ်းပါကွာ......"
Jeon သည် လက်ည်ုးငေါက်ငေါက်ထိုးကာ
ဒေါသတကြီးအော်ပြောသည်။
သိပ်စိတ်ဆိုးပါသည်။
ခွင့်မပြုရင်ခေါင်းမော့ခစားခွင့်မရှိသော
အထွတ်အမြတ်သခင်ကို ချစ်မိလို့
ဘယ်လိုမှမပိုင်ဆိုင်နိုင်ဘူးဆိုတဲ့အမှန်တရား
သေဆုံးသွားတဲ့အထိတိုင် ငေးကြည့်ပြီးပဲ
ကုန်ဆုံးရတော့မယ့်ခံစားချက်သည်သိပ်ဆိုးပါသည်။
သိသိရက်နဲ့ ဘယ်သက်ရှိသက်မဲ့ကိုမှ
အာရုံတစမပွါးဘဲ သခင်ဟုသာ နှလုံးသားမှာ
ကျောက်စာထိုးပြီး အရိုးဆွေးသည်အထိချစ်သွား
လိုက်အုန်းမှာပဲ....။
ရူးတယ်လို့ခေါင်းစဉ်တပ်လာရင်လှိုက်လှိုက်လှဲလှဲ
သိပ်မုန်းသည်......။
ချစ်တာသည် ရူးတာမဟုတ်.....။
မြင့်လွန်းလေသော အဖိုးတန်ပန်း.နမ်းဖို့ကံမပါ၍
ကိုယ့်စိတ်လေးကိုယ်ဖြေ ဘဝမယ် အဆင်ပြေအောင်
လေးရှင်သန်ရပါတယ်ဆိုမှ ဒီလိုမျိုးစွတ်စွဲစော်ကား
လာရင် မီးဟုန်းဟုန်းတောက်ပစ်ချင်ပါသည်။
ယောင်းသည် Jeonမျက်လုံးတွေကိုစူးနစ်စွာ
စိုက်ငေးကြည့်ပြီးနော်
"JEonသိထားဖို့က ဘယ်ချစ်ခြင်းတရားတွေ
ဘယ်လောက်အင်အားကြီးပြီး
ဘယ်လောက်များ ချစ်နိုင်ပါတယ်ပြောပြော
မပိုင်ဆိုင်ရမှန်းသိလည်း ကိုယ့်အတွက်ဘယ်တော့
မှမဖြစ်နိုင်တဲ့လူသားမှန်းသိနေလည်း
အဆုံးအစမဲ့ ဧကရာဇ်ကို ချစ်ခဲ့တဲ့ကျွန်တော့်
အချစ်တွေဟာ ကမ္ဘာတည်လိမ့်မယ်...."
"Jeon ပြောသလို ဘုရင်ကိုချစ်လို့မရဘူးဆိုလည်း
ဘုရင် မဟုတ်တဲ့ သံသရာကွေ့ကွေ့မှာ
ပြန်ဆုံကြရင်.......ဒီနှလုံးသားကပေးအပ်ထားတဲ့
အချစ်ကို ချစ်ပါတယ် လို့ ဖွင့်ဟလိုက်တာနဲ့
သခင်ဟာ...ကျွန်တော့်ကိုလုံးဝလွန်ဆန်နိုင်မှာ
မဟုတ်ဘူးဆိုတာ ယုံ........
ပြိုင်ဘက်မရှိအောင် ချစ်ခဲ့တဲ့ကျွန်တော့်အတွက်
ဘယ်လိုအချစ်မျိုးကမှ ပုခုံးချင်းလာယှဉ်နိုင်မှာ
မဟုတ်ဘူး....ရူးတာမဟုတ်ဘူးဆိုတာ
ခင်ဗျားတို့ကို ဆက်ဆက် သက်သေပြမယ်...."
နာနာကျည်းကျည်းပြောသွားခဲ့ကာယောင်းသည်
ခြံဝန်းထဲကပြေးထွက်သွားသည်။
လိုက်ဖမ်းဖို့မေ့တဲ့အထိ သေးသွယ်သော
ကျောပြင်လေးကို ငေးကာ Jeonငယ်က
လဲပြိုကျသည်။
ရင်ဘက်ကိုဖိကာအသံမထွက်အောင်ငိုသည်။
ခုဘဝတင်မက သူက ဘယ်လောက်များချစ်သလဲ
တော့မသိ သံသရာ တစ်လျှောက်လုံးအထိတောင်
ရည်ရွယ်ချက်တွေများစွာနဲ့....။
မျက်လုံးလေးတွေကိုကြည့်ရုံနဲ့
အချစ် ၏ဘယ်လောက်ဒီဂရီကို ကျော်လွန်နေပြီလဲ
ဆိုတာ ခန့်မှန်း၍ရပါသည်။
ခြံဝန်းထဲ ငုတ်တုတ်ထိုင်ကာငိုနေတုန်း
စာပို့ခိုလေးရောက်လာကာ စာတိုသေးသေးလေး
ကိုပစ်ချပေးသွားသည်။
...JEonငယ်လေး...ဧကရာဇ်မင်းတို့ရှိတဲ့နေရာကို
သိသွားပြီ...လုံခြုံတဲ့ဒေသကို ယောင်းကိုခေါ်ပြီး
ပြေးတော့....။
အကိုတော်....။
လူမသိသူမသိ တောထဲကိုပြေးလာလည်း
ဧကရာဇ်က ဘာလို့များဒီလောက်တော်လွန်းရသလဲ။
စာဖတ်ပြီးပြီးချင်း ယောင်းနောက်ကိုပြေးလိုက်
ခဲ့သည်။သိပြီဆိုတဲ့နောက်တော့ ထပ်ပြေးရတော့မည်ပေါ့။
ဧကရာဇ် နှစ်ယောက်လုံးကိုအရှင်မထားဘူးဆိုတာ
သေချာပေါက်သိနေသည်။
ယောင်းသည်ဒေါသထွက်ထွက်ဖြင့်ဘယ်နေရာတွေမှန်း
လည်းမသိခြေဦးတည့်ရာပြေးလာရင်းတောထဲ
ရောက်နေမှန်းသတိထားမိကာ သတိတစ်ချက်
ပြန်ဝင်လာပြီး နောက်ပြန်လှည့်လိုက်သော
အချိန်တွင် ကြောက်မက်ဖွယ်ရာ မြင်းကောင်ရေ
များစွာဖြင့် စစ်တိုက်ထွက်မလိုလူအုပ်ကြီး။
အလည်တည့်တည့်တွင် နှလုံးသားက
ပြင်းထန်စူးရှလွန်းသောမျက်လုံးတွေနဲ့
မြင်းပေါ်က စူးစူးနစ်နစ်ကြည့်နေသည်။
"ဧ..က..ရာဇ်....."
ယောင်းက အံ့အားသင့်စွာ တုန်တုန်ရီရီခေါ်လိုက်တော့
ဧကရာဇ်က ပြတ်ရှနေသောအကြည့်တွေဖြင့်
"အင်း ကိုယ်တော်ပါ....."
ဧကရာဇ် က ကချေသည်လေးဆီက
JEonငယ်လေးကို ပြန်တောင်းဖို့
စစ်ကိုတကယ်ပင်ချီလာခဲ့တာ...။
ဒီကချေသည်လေးတစ်ယောက်ထဲကို ရင်ဆိုင်ဖို့
ဧကရာဇ်ကိုယ်တိုင်လည်းသွေးရူးသွေးတန်းနဲ့။
"JEonငယ်ရော......"
"မသိဘူး......"
"ဘုရင်ကို ဗြောင်လိမ်နေတာပဲ...."
"..............."
"မင်းပြောတော့ ငြင်းပါမယ်ဆို....."
"ကျွန်တော် ငြင်းခဲ့ပါတယ်......."
"လိမ်တယ်......"
"မလိမ်ခဲ့ပါဘူး....."
"သေရမှာမကြောက်ဘူးလား....ယောင်း...."
သေရမှာထက် လူအုပ်ကြီးက မြှားတွေနဲ့
ချိန်ထားကာ ဧကရာဇ်ကိုယ်တိုင်ကလည်း
အေးတိအေးစက်ကြောက်စရာစကားကို
ဆိုနေတာကြောင့် ဒီအခြေအနေကိုပိုကြောက်ပါသည်။
မတည်မငြိမ်အကြောက်လွန်သောအခြေအနေမှာ
ယောင်းသည် ခြေလှမ်းလေးတွေကိုနောက်ကို
တစ်လှမ်းနှစ်လှမ်းဆုတ်သွားခဲ့ပြီးနောက်
ဖြစ်ရာဖြစ်ကျောခိုင်းပြေးထွက်မိတဲ့အချိန်....
"မပစ်နဲ့......!!!!"
ဧကရာဇ် ၏အသံသည် မြှားအရှိန်ကိုမတားဆီးနိုင်ခဲ့ပါ။
ဘုရင့်ကိုယ်ရံတော်ကသိပ်တော်ပါသည်....။
တွေ့ရင်တစ်ခါထဲသတ်ဟု အမိန့်ကိုအတိအကျလိုက်နာ
လျှက် တန်းမတ်သောလက်သည် အပြာရောင်
ပုံရိပ်လေးထွက်ပြေးသွားသည်နှင့်လက်စွမ်းပြလိုက်
တော့သည်။
ဧကရာဇ်က ဒေါသထွက်ထွက်ဖြင့် တွေ့ရင်သတ်
ဘာဖြစ်ဖြစ်အစဖျောက်ဟု ဓားတစ်ရမ်းရမ်းနှင့်
အမိန့်များသည် အားလုံး၏နားထဲစွဲထင်နေပြီ။
တကယ်တမ်းမျက်နှာချင်းဆိုင်ဆုံတဲ့အခါ
ဧကရာဇ် လုပ်ရဲ ခဲ့တာက
JEonငယ် ဘယ်မှာလဲ ဆိုတဲ့မေးခွန်းလေးတစ်ခုထဲပါ။
ယောင်းကိုသူ့လက်နဲ့များသတ်မိရင် သူ့ကိုတောင်
ပြန်သတ်ပစ်သွားနိုင်တဲ့ Jeon ငယ်ရဲ့
ချစ်ပေးနိုင်မှုကြီးအကြောင်း အသဲတွေတစစီကွဲကြေ
ရင်း အမှန်တရားကို လက်ခံခဲ့ရတာကြောင့်
ဧကရာဇ်က ဟန်ပဲ ရှိခဲ့သော ရက်စက်သူကြီးပေါ့။
"ယောင်း!!!!!!!"
ယောင်း ခွေခနဲ လဲကျသွားတဲ့အချ်ိန်
အချိန်ကိုက်ရောက်လာသူ.....။
ဘယ်သူဘယ်ဝါလုပ်တာရယ်Jeonမတွေးခဲ့
မြင်လည်းမမြင်ခဲ့တာမို့....
ဒီအခြေအနေမှာ တရားခံသည် လေးနဲ့မြှား
ကိုင်ထားပြီး ယောင်းနဲ့သူ့ကိုသတ်ဖို့ကြီးနေ့တိုင်း
အော်ဟစ်ပြောခဲ့သူအပြင်တခြားသူမရှိ။
ကံကြမ္မာသည် ဧကရာဇ်ကိုသိပ်အရောက်ပို့လွန်းခဲ့ပါသည်။
JEonငယ်ရဲ့ သူ့ကိုပေးသောမုန်းတီးပြင်းထန်သော
အကြည့်နဲ့သူ့လက်ထဲပွေ့ထားသောကောင်လေးကို
ပေးသော အကြင်နာများသည် လရောင်အောက်
အသဲတွေနာစရာ....။
ထိုအကြင်နာတွေသည် ရင်တစ်ခုလုံးကြေမွနေပြီ။
ကိုယ်တိုင်ကလည်း နိုင်ငံရဲ့ဘုရင်
စိတ်ဓာတ်ပြင်းထန်ခိုင်မာခြင်းနဲ့မာနသည်
မိုးအထိထိုးတက်ကာ အနည်းငယ်မျှ
မလျှော့နိုင်သူမို့Jeon သည်မပြောစဖူးလေသံ
တစ်သက်လုံးကမပြုမူရဲခဲ့သောအပြုအမူမျိုးနဲ့
လာစမ်းသပ်တဲ့အခါဧကရာဇ်က
"ငါမသတ်ပါဘူးသူသတ်တာပါလို့"
လို့ တုန်တုန်ရီရီပြောမယ့်လူမျိုးမဟုတ်....။
ဘုရင့်အလုပ်ဘုရင်လုပ်ခဲ့တယ်ပဲ....။
ယောင်းသည် အရည်လဲ့နေသောမျက်လုံးလှလှ
လေးတွေနဲ့ မှိတ်ကျမသွားခင်အထိဧကရာဇ်
တစ်ယောက်ကိုပဲစူးနစ်စွာကြည့်သွားခဲ့သည်။
ဒါကို Jeon က ကြည့်ကာပို၍ရူးကာငိုခဲ့သည်။
JEonငယ်လေးအတွက်ထားခဲ့တာတောင်းပန်ပါတယ်
ဆိုတဲ့စကားလေးတစ်ခွန်းပဲ....။
ဧကရာဇ်ကလည်းယောင်းကြည့်နေသော
မျက်လုံးတွေကို အေးတိအေးစက်ပင်
ပြန်စိုက်ကြည့်နေခဲ့သည်။
....အတ္တမဲ့ခဲ့ပါတယ် သခင်....
နောက်ဆုံးအချိန်မှာ သခင့်မျက်လုံးတွေနဲ့
လောကကိုနူတ်ဆက်ရခြင်းဟာ
သိပ်ဝမ်းနည်းစရာကောင်းပေမယ့်
ပထမဆုံးအကြိမ်ရဲရဲတင်းတင်းကြည့်ခဲ့ရတာမို့
ကျွန်တော် သိပ်ပျော်ပါတယ်......။
ဒီမျက်လုံး ဒီဖြစ်တည်မှုနဲ့ ဒီခမ်းနားခြင်းတွေ
ရက်စက်မှုပေါင်သရဖူဆောင်းနိုင်သူ
သခင်ကို နောက်ဘဝများတော့ ပိုင်ဆိုင်ရပါလို၏
လို့ ဆုတောင်းချင်တာတောင် သခင့်အရှိန်အဝါက
လောကကိုနှုတ်ဆက်ခါနီးလူ သွေးရူးသွေးတန်း
ဖြစ်ပြီး ယောင်ယမ်း ဆုတောင်းဖို့မထွက်တဲ့အထိ
သိပ်ကြောက်ဖို့ကောင်းခဲ့ပါတယ်.....။
ယောင်းသည် ဧကရာဇ်ကို စိုက်ငေးရင်းနဲ့ပဲ
မျက်ရည်တစ်စက်ပါးပြင်ပေါ်လှိမ့်ဆင်းသွား
ပြီးတဲ့နောက် ဆုတောင်းလေးတစ်ခုဖန်တီးပြီးတဲ့အခါ
မျက်လုံးလေးတွေကိုမှိတ်ချသွားသည်။
ဘာတွေဆက်ဖြစ်ကုန်ကြလဲယောင်းမသိတော့။
လထိန်ထိန်သာနေသောညတွင်ကြီးမားသော
ချစ်ခြင်းတွေသည် ကိုယ်စီကိုယ်ငှမလျှော့စွာအားပြိုင်ခဲ့ကြသည်။
ယောင်း ပြောခဲ့သော သူ့အချစ်ထုထည်ဘယ်လောက်
အထိကြီးမားကာ ပြိုင်ဘက်ကင်းခဲ့မှန်း
JEonငယ်လေးတစ်ယောက်သာသိခဲ့တာကြောင့်
JEon ငယ်က ထိုအချစ်ကို သိပ်မုန်းကာ
စိတ်ထဲလည်းစွဲစွဲထင်ထင်ရှိခဲ့သည်။
"ဘယ်ချစ်ခြင်းတရားကမှကျွန်တော့်အချစ်ကို
မကျော်နိုင်ဘူး.....ပြန်များတွေ့လို့ ချစ်တယ်သာ
ဖွင့်ဟလိုက် သခင်ဟာ ကျွန်တော့်ကိုမလွန်ဆန်
နိုင်ဘူးဆိုတဲ့ ယုံကြည်မှု....တကယ်လည်း
ဖြစ်နိုင်ကြောင်း သက်သေပြနေရန်မလို
မထွက်သွားခင် ကြည့်သွားခဲ့သော အကြည့်လှလှလေးတွေကသက်သေပါလေ......။
အစွဲသည်ကြီးမားခဲ့သလို လက်စမသတ်ခဲ့ရသော
ဝန်ခံခွင့်မရလိုက်သော မကျွတ်မလွတ်သော
စိတ်တွေနဲ့....ပြင်းပြင်းထန်ထန်ကိုဘဝဆက်တိုင်း
ဆက်သယ်ဆောင်လာခဲ့ကာ.....မရမကနည်းမျိုးစုံ
နဲ့ကြိုးပမ်းခဲ့တဲ့သူ...။
သူ့ကိုအပြစ်ရယ်လို့လည်းဖွဲ့ဆို၍မရ....။
အသက်ရှုလို့မရတော့....ရင်တစ်ခုလုံးပူခြစ်လာကာ
အိမ်မက်ထဲကနေ မောင်ထွက်လာနိုင်ဖို့
ကြိုးစားနေသော်လည်း ထွက်မလာနိုင်.....။
အိပ်ရာထဲတွင်လူးလိမ့်နေကာရင်ဘက်တွေ
အဆမတန်အောင့်မျက်လွန်းတာကြောင့်
လူပါကွေးထားရတဲ့အထိ.....။
ကြောက်စရာကောင်းလိုက်တဲ့ချစ်ခြင်းတွေ.....။
ဘဝအဆက်ဆက်အစွဲအလန်းတွေ.....
သူပြိုင်၍နိုင်ပါ့မလား....။
သူဆိုင်သူလေးကိုအဘယ်မျှရူးအောင်ချစ်ပါသည်
ဆိုအုန်း....ဒီလို ချစ်ခြင်းတရားကိုများ
JeonJimin လေးခံစားတွေ့ရှိသွားရင်
သေချာပေါက်ကို မက်မောသွားချင်မှာပဲ.....။
ဘာကြောင့်မှန်းမသိ....အလွန်အကျွံတုန်လှုပ်လာကာ
မောင်မျက်လုံးတွေမပွင့်နိုင်ပေမယ့်
လက်ကလေးတွေက ဘေးနားတွင် အေးချမ်းစွာ
အိပ်မောကျနေသော ဆိုင်သူလေးကိုလိုက်စမ်းရင်း
အကျီစလေးကိုမိတဲ့အခါ တင်းကျပ်စွာဆုပ်ကိုင်
ထားသည်။
မောင့်ကို ယောင်းက အိမ်မက်တွေထဲကထွက်ခွင့်မပြုခဲ့
ဘူး...။ငါဘယ်လောက်ချစ်ခဲ့လဲမင်းသိလား
မင်းထက် အဆတစ်ရာ တစ်ထောင် တစ်သိန်း
ပိုချစ်နိုင်တယ်။
သေတာတောင်သူသတ်လို့
ပျော်ပျော်ကြီးသေခဲ့တဲ့အကြောင်း မမြင်မြင်
အောင် အထပ်ထပ်ပြနေသည်...။
ဒီခမ်းနားခြင်းတွေနဲ့အချစ်ကိုသာသေသေချာချာ
ငါဖွင့်ဟလိုက် သခင်ဟာ မင်းလိုသူ့ကိုဒုက္ခတွေကြီး
ပေးခဲ့တဲ့ကောင်ဆီက ပြေးထွက်လာမှာပဲ......။
စိတ်၏ဆောင်ရာတွင် ယောင်းသည် လှပစွာ
ဟားတိုက်ရီနေပြီး...မောင်တကိုယ်လုံး
အေးစက်လာကာ နိုးထလိုက်ချင်ပေမယ့်
ဘယ်လိုမှ လက်ရှိကိုလာ၍မရခဲ့ပါ......။
အကျီစကို အတင်းအကျပ်ဆွဲလာသော
ခံစားမှုတွေကြောင့်ဖျက်ခနဲလန့်နိုးပြီး
ကြည့်မိလိုက်တဲ့အခါ ဆိုင်သူလေးသည်ချက်ချင်းထ
ထိုင်မိတဲ့အထိ လန့်သွားခဲ့သည်။
"မောင်!!!!! မောင်!!!!!"
ပြာနှမ်းနေပြီဖြစ်သောမောင်ဟာ အသက်ရှုမရဖြစ်
နေပြီး ချွေးတွေထဲနစ်နေသည်။
"မောင်.....!!!"
ဆွဲထူကာ လှုပ်ခတ်နှိုးလိုက်ပြီး ယောင်ယမ်းကာ
ဖက်ထားလိုက်တော့မှ အသက်ရှူသံတစ်ချက်ကြား
လိုက်ရကာ ပုခုံးတွေပေါ်မောင်ပျော့ခွေကျလာသည်။
"အသက်ရှုပါ....ကိုယ်ရှိနေပြီ....
ဘာမှမဖြစ်ဘူး....ဘာမှမဖြစ်တော့ပါဘူး
ကလေးရယ်...."
ကျ်ိုးကြေမတတ်ဖက်ထားလာကာဆိုင်သူလေးဟာ
ထွက်ပြေးတော့မယ့်လူတစ်ယောက်လို
မောင်ဟာ တုန်တုန်ရီရီပြုမူသည်။
မောင့်ပြုမူပုံသည် မောင်ဟု ထုတ်ခေါ်ဖို့
မလိုက်ဖက်တော့တဲ့အထိ သိပ်ချစ်စရာကောင်းသော
အကောင်ပေါက်လေးတစ်ကောင် သူ့ကို
စွန့်ပစ်မှာစိုး၍ကုတ်ကတ်တွယ်တက်နေသလိုမျိုး...။
"အိမ်မက်တွေပြန်မက်နေတယ်ထင်တယ်...
ဘာမှမဖြစ်ဘူး...အိမ်မက်ကအိမ်မက်
သက်သက်ပဲလေ...ကိုယ်ရှိတယ်....ကိုယ်ရှိတယ်.."
စကားပင်မပြောနိုင်ဘဲအလွန်မောပန်းလွန်းသော
မောင့်ကိုသူသိပ်စိုးရိမ်ကာ အိပ်ရာပေါ်
ခဏလေးထားခဲ့ပြီး Dr SeokJin ကို
အကူအညီတောင်းဖို့ဖုန်းကိုအလုပ်စားပွဲဆီ
သွားယူတဲ့အထိတောင်အကျီစလေးကို
ကျစ်ကျစ်ပါအောင်ဆွဲထားခဲ့သောသူ.... ။
"လိမ္မာတယ်လေ...JinHyungကို
ခေါ်ပေးမယ်....ကိုယ်ဘယ်မှမသွားဘူး
စိတ်ချပါ...အလုပ်စားပွဲလေးတင်...
မောင့်ကို ချစ်တယ်....မောင့်ကိုအချစ်ဆုံးနော်...."
မောင်သည် လုံးဝအိပ်ရာထဲကဘယ်ကိုမှ
ပေးမသွားခဲ့ပါ....။ရွှေ့လို့ပင်မရ..။
ရင်ခွင်ထဲထည့်သိမ်းဖက်ထားခဲ့ရသည်။
လုံးဝနိုးမလာနိုင်သေးသောမောင်သည်
အိမ်မက်တဝက်လက်ရှိတဝက်နှင့်
အရူးတစ်ယောက်လို...။
အိမ်ကလူတွေကိုလှမ်းခေါ်မှဖြစ်တော့မည်....။
"ဒီလောက်ငါအော်ခေါ်နေရင်လည်း
အမြန်ဝင်လာမှပေါ့!!!!!!"
MD Park၏အဆိုးဆုံးမျက်နှာဖုံးသည်
တုန်ရီနေသော မောင့်ကိုရင်ခွင်ထဲထည့်ထားရင်း
တစ်အိမ်လုံးကို အသက်ပင်ရဲရဲမရှုနိုင်အောင်
ဒေါသကြီးစွာဆက်ဆံတတ်ခြင်းဖြစ်သည်။
ဒီအိမ်ရဲ့ သခင်မကြီးထက် ဆိုးပါပေ့ မောင့်ထက်
အဆပေါင်းများစွာပိုသာလွန်ခဲ့ကြောင်းထိုညက
သက်သေပင်။
"Dr Seokjin ကို ဖုန်းဆက်ပေး
မောင် နေမကောင်းဘူး....
အိမ်တော်ထိန်းကြီး ဘာလုပ်နေတာလဲ!!!!!
ကျွန်တော် ပြောတာကို ဂရုမစိုက်တာလား..."
"ဒေါက်တာက မနက်သုံးနာရီတော့လာလိမ့်မယ်
မထင်ဘူး အကိုလေး သခင်လေး
ဒီလိုဖြစ်တိုင်း သောက်နေကျဆေးတွေကျွန်တော်
သိပါတယ်...သောက်လိုက်ရင်သက်သာသွားမှာပါ
ဒီလိုမျိုးတွေ က ခဏခဏ ဖြစ်တတ်ပါတယ်..."
"ဒီလိုမျိုး ခဏခဏ ဖြစ်တိုင်း ဒီကလေးကို
စိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေ အတင်းတိုက်
အိပ်ခိုင်းတာ အဖြေမှမဟုတ်တာ
လူယုတ်မာတွေ!!!!!"
"အကိုလေး.....!"
"မိုးလင်းတာနဲ့ ငါတစ်ယောက်မှအိမ်မှာမထားဘူး
အကုန်လုံးကို နှင်ထုတ်မယ်
ခုညထဲက အထုတ်ပြင်ထားကြ!!!!"
အနားမှာရှိသောခေါင်းအုံးဖြင့်လိုက်ပေါက်
တာကြောင့် ရှောင်ရသေးသည်။
ဒါတောင် သခင်လေးကို သူဖက်ထားရလို့
လွတ်လွတ်လပ်လပ်သာဆိုဓားနဲ့ပြေးခုတ်လောက်သည်။
ဒေါသကုမ္မရ အကိုလေးသည် တစ်အိမ်လုံးကို
မျက်ထောင့်နီနီဖြင့် ပတ်ရမ်းနေတုန်းမှာပဲ
မောင် သည် အသက်ရှုသံတွေပြန်မှန်လာကာ
အသားတွေပြန်နွေးလာသည်။
MD Parkကနှဖူးလေးတွေ လည်ပင်းလေးတွေကို
တခုချင်းစမ်းရင်း ကလေးပေါက်စလေးလို
ပြန်ချော့သိပ်နေပြန်သည်။
"ဘာကြည့်နေတာလဲ အခန်းထဲကခုထွက်
ခြေသံတစ်သံမှ ငါမကြားချင်ဘူး....
ကြားလို့ ပြန်နိုးသွားရင် နင်တို့အကုန်ဒီညအသေပဲ..."
တခြားသူတွေခြေသံဖွဖွနင်းကာပြေးသွားကြ
ပေမယ့် အိမ်တော်ထိန်းကြီးကတော့မသွားသေး။
"အိမ်တော်ထိန်းကြီးက ဘာကိစ္စကျန်နေတာလဲ
ကျွန်တော့် အော်သံ ကို ကြားချင်ပြန်ပြီနဲ့တူတယ်"
အိမ်တော်ထိန်းကြီးသည် အိပ်ရာနားအထိလျှောက်
လှမ်းလာပြီးနောက် ဆိုင်သူလေးရဲ့
လက်ကလေးနှစ်ဖက်ကိုဆွဲကိုင်လျှက်
ဆွေးမြေ့နေသောအကြည့်တွေဖြင့်ကြည့်လာသည်။
ဆိုင်သူလေးကတော့ ဆူပုတ်ပုတ်
"သူ့ဘဝမှာ....ဒီလိုရင်ခွင်လေးကို
လူမှန်းသိတတ်စထဲက ပေးရမယ့်သူတွေက
မပေးခဲ့တော့ သိပ်မျှော်လင့်ခဲ့ရှာတဲ့ကလေးလေးပါ
နောက်တစ်ခါ ဆရာဝန်ခေါ်စရာမလိုပါဘူး
အကိုလေး...အကိုလေးက ဒီကလေးဆိုးလေးရဲ့
ဆေးလုံးလေးပါပဲ....
ကျေးဇူးတင်ပါတယ်...ကျွန်တော့်သားလေးလို
ပြုစုပေးခဲ့ရတဲ့သူမို့ ဒီလောက်အထိအချစ်ခံရတာ
ကိုမြင်ရတော့ ကျွန်တော် ငိုချင်လာမိတယ်...
ကျွန်တော် စိတ်ချလက်ချ အပ်ပါတယ်နော်..."
"အင်း......"
သခင်လေး၏ကျောပြင်လေးကို ဖွဖွလေးပုတ်ပေး
နေရင်းက ဒေါသမငြိမ်းသေးသော
ပူပန်မှုတွေမကင်းသေးသော အင်းကိုချသည်။
ထို့နောက်သခင်လေးကိုနေရာပြန်ချကာ
စောင်ပြန်ခြုံပေးနေသည်။
သိပ်အနုအရွလူလည်းမဟုတ်တော့ အင်း ကပင်
ကျေးဇူးတင်စရာမို့ အိမ်တော်ထိန်းကြီး
တစ်ချက်ပြုံးကာ အခန်းပြင်ပြန်ထွက်လာခဲ့သည်။
မောင့်ကို အိမ်မက်ဆိုးတွေကိုကာကွယ်ပေးတဲ့
အဆောင်လေးဝယ်ပေးရမည်....။
ခုရက်ပိုင်းတွေ....စိတ်တွေသိပ်ပင်ပန်းနေရှာတာပဲ...။
မောင့်ပါးလေးတွေကို အကြိမ်ပေါင်းများစွာ
ဖိကပ်နမ်းရင်း...သူအိပ်ပျော်သွားလို့
ထပ်မံအသက်ရှူကျပ်နေအုန်းမှာစိုး၍
ဆိုင်သူလေးက မိုးလင်းသွားတဲ့အထိမအိပ်ခဲ့တော့...။
သိပ်ချစ်ရသော မောင့်ပါးပြင်ပေါ်ကသွေးကြောစိမ်းစိမ်း
လေးတွေသည်မည်သို့နည်းဟန် နှင့်လည်ပတ်စီးဆင်း
နေသလဲဆိုတာ အဖြေထိုင်ထုတ်နေခဲ့သည်....။
...................................။
1 week Later....။
Hoseok ရဲ့မွေးနေ့ပါတီနေ့...။
Hotel တစ်ခုရဲ့ မြက်ခင်းပြင်ခပ်ကျယ်ကျယ်တစ်ခု
ကိုငှါးကာ Hoseokက ဒီနှစ်ရဲ့မွေးနေ့ကိုတော့
Special Planတွေနဲ့ ရှယ်စီစဉ်ခဲ့သည်။
ရှိရှိသမျှသော အပေါင်းအသင်းအားလုံးကိုဖိတ်ကာ
အကောင်းစားအရက်တွေနဲ့ အလျှံအပယ်
မူးကြဖို့ရည်ရွယ်ခဲ့သည်။
"မသွားချင်လည်းမသွားနဲ့လေ....
မောင် ခုတလော နေလည်းကောင်းတာမဟုတ်ဘဲ..."
အဆိုးတကာ့အဆိုးဆုံးအိမ်မက်မက်ပြီးထဲက
မောင်ဟာ ခန္ဓာကိုယ်ရဲ့အခြေအနေလည်း
မကောင်းသလို စိတ်အခြေအနေလည်းမကောင်းနေပါ။
မောင့်စိတ်တွေသည် တစ်ခုခုကိုကြောက်လန့်နေသလို
တစ်ခါတလေကျတော့လည်းအားလုံးကိုအစဖျောက်
ပစ်လိုက်ချင်သလိုလို....။
ဒါပေမယ့် JinHyungအမြဲတမ်းတရားချသလိုပဲ
ဒါကလက်တွေ့ဘဝ အိမ်မက်ကအိမ်မက်သက်သက်မို့
မောင် သည် စိတ်ထဲတော့ အလွန်အကြူးမထည့်ထား
ခဲ့ပါ....။အတိအကျလည်းနိုးလာတဲ့အခါမှတ်မိမနေတော့
ဝိုးတိုးဝါးတားတွေပါပဲ...။
Jimin တုန်းကလည်းစောစောစီးစီးချစ်ရမယ့်ဟာ
ဒီလေထဲက ပုံရိပ်ယောင်တွေကြောင့်ရက်ရက်စက်စက်
တွေလုပ်မိခဲ့သေးသည်။
.Romပြောတာတွေကိုစိတ်စွဲပြီး.သူစိတ်ရူးပေါက်ပြီး
လျှောက်မြင်မက်နေတာလည်းဖြစ်နိုင်သည်။
အဲ့ဒီအချိန်အထိတောင် မောင်သည် ရူးလောက်
အောင် အသက်ရှုကျပ်ခဲ့အုန်း ယုံကြည်နေပါသေးသည်။
အိမ်မက်ကအိမ်မက်ပါပဲလေ။
ဘယ်မှမသွားဘဲအိပ်ရာထဲပဲခွေခေါက်နေသော
မောင့်အခြေအနေမကောင်းတာကြောင့်
ဆိုင်သူလေးကလည်းဘယ်မှမသွားအနားမှာနေပေးသည်။
မောင်အနည်းငယ်တော့စိတ်ချမ်းသာရပါသည်။
ဒါပေမယ့်လည်းလေRomဆီကစကားတွေကြားပီးထဲက
ဆိုင်သူလေးရဲ့ အပြုအမူတချို့က တမျိုးဖြစ်နေထဲက
အိမ်မက်ဆိုးမက်ပြီးထဲက ဘာကြောင့်လို့အကြောင်းမပြ
နိုင်ပေမယ့်မောင်သည် ဖြစ်နိုင်ရင် မီးတောင်လေးကို
သိမ်းထားချင်နေပြီ....။
တစ်ယောက်ယောက်ကများ
ထိသွား တွေ့သွားရင် သူသေမှာသူကိုယ်တိုင်
သိနေလို့...မသိမသာ လှိုက်ရူးနေရသောအဖြစ်တွေ။
"Hoseokက မိတ်ဆွေအရင်းကြီးလေ....
အချစ်ဆုံးလေးရယ်..."
JungHoseokမွေးနေ့ကိုမောင်ကခေါ်နေသည်။
လက်ထပ်ပြီးထဲကလက်ချိတ်ကာပွဲအတူတူမတက်ဖူးသေး။ဒါသည် ပထမဆုံးမို့မောင်ကလေးလေးနက်နက်
ခေါ်သည်။ဒါပေမယ့် JungHoseokမျက်နှာကို
ကြည့်ရင်သူလိပ်ပြာလုံမှာမဟုတ်။
JungHoseokဆိုတာနဲ့ ဒုတိယသောဒုက္ခကောင်လေးက
မဲ့ပြုံးတွေနဲ့ ရှိနေမှာပဲ...။
လူစုံတက်စုံနှင့် မောင့်စိတ်အခြေအနေနဲ့
တခုခုများလွဲကြည့် ဆက်မတွေးချင်တော့အောင်
စိတ်ပျက်စရာတွေကြီးဖြစ်နေသည်။
"မောင့်ကို စိုးရိမ်တာပါ....မောင်ပိန်သွားတော့
စိတ်တွေထဲအဆင်မပြေလို့လေ...
မဖြစ်မနေမှမဟုတ်တာပဲ မွေးနေ့လက်ဆောင်
ကောင်းကောင်းလေးဝယ်ပေးလိုက်ရင်ပြီးတာပဲကို..."
စသွားမယ်ဆိုထဲက တအီအီနှင့်မတားရဲတားရဲ
တားနေသော MD လေးသည် အကုန်ပြင်ဆင်ပြီး
Driver ကားထုတ်တာကိုစောင့်တဲ့အထိ
တားနေတုန်းပဲ....။
သူဘာဖြစ်နေတာလဲ...။သိလည်းကျွန်တော့်ကို
ရှင်းပြကြပါအုန်း.....။
"JeonJimin....စကားတွေများလိုက်တာ
ဖက်နမ်းလိုက်ရင် အလှတွေပျက်ကုန်တော့မယ်
မောင်က သွားမယ်ဆိုသွားမယ်ပေါ့...."
"မောင်က သိပ် အနိုင်ကျင့်တာပဲ....
သူနေမကောင်းတော့ ဒီက ညတွေတောင်
မအိပ်ဘဲစောင့်ရတာ ပင်ပန်းလို့ဟာ...."
"ပါတီတက်တာ အားမကုန်ဘူး
အား လို ရင် မောင် မျှဝေပေးမယ်....
လာ ရင်ခွင်ထဲကို....."
"ပြောစကားနားမထောင်ရင်....
ဘယ်ထဲမှမဝင်ချင်ဘူး...."
"ဖျစ်ညှစ်ပစ်လိုက်ရရင်လည်း JeonJungkook
တို့ကြမ်းလွန်းတယ်အဝေဖန်ခံရအုန်းမယ်
မင်းကိုက မောင်မရူးရူးအောင်နေတတ်လွန်းတာ...
မချစ်ချစ်လာအောင် လုပ်ယူနိုင်လွန်းတာ..."
ဆိုင်သူလေး၏မဆိုသလောက်ဆူလာသောနှုတ်ခမ်းတို့ကြောင့်မောင်က ပြောနေရင်းတစ်အိမ်လုံးကို မျက်စောင်း
တချိူ့ဖြင့် သိမ်းကျုံးကြည့်သည်။
စာမျက်နှာပေါင်းစုံ မျက်နှာ၁၆မျက်နှာမကသော
ParkJimin ရဲ့ အနိမ့်အမြင့် ရုပ်ပြောင်းရုပ်လွှဲ
အရည်အချင်းကို တစ်အိမ်လုံးကကံဆိုးစွာ
မျောနေကြသည်။ အလုပ်လုပ်လက်စလူတွေလည်း
သတိလက်လွတ်ငေးနေမိကြသည်။
မောင်သည် အားလုံးကို ခေါင်းတညိတ်ညိတ်
ဖြင့် ကြည့်ကာ ကြောက်စရာကောင်းသော
ဟန်ဆောင်ပြုံးကြီးဖြင့်
"သေချင်နေကြတာလား....."
ထိုအခါမှ သတိပြန်ဝင်လာကာ ကိုယ်စီကိုယ်ငှ
ဟိုပြေးဒီပြေးနှင့်။
"နှုတ်ခမ်းက ဆူထွက်မလာနဲ့...
အရက်နဲ့ မြည်းပစ်လိုက်မယ်...လာသွားမယ်
ကားရောက်ပီ...."
နူးနူးညံ့ညံ့ကိုင်တွယ်ရင် ပိုလိုက်ဖက်သွားမှာ
စိုးလို့မောင်က ခါးကနေဆွဲဖက်ကာသက်မဲ့
အရုပ်ကလေးကိုဆွဲမသွားသလိုမျိုး
လက်တစ်ဖက်ထဲနှင့်ကားဆီ မသွားခဲ့သည်။
MD လေး စိတ်သိပ်ရှုပ်ပါ၏......
ညသည်လထိန်ထိန်သာလျှက်ရှိသည်....။
အောင်မြင်သောတက်တူးArtistမို့အပေါင်းအသင်း
အသိမိတ်ဆွေလည်းပေါများကာအလွန်စည်ကား
သောမွေးနေ့ပါတီတစ်ခု.....။
ရာသီဥတုအခြေအနေလေးကလည်းသာယာနေကာ
စားသောက်ဖွယ်ရာများ အစုံအလင်နှင့်.....။
"ဂျေ...ရောက်ပြီလား...."
Hoseok သည်မောင့်ကိုပွေ့ဖက်နှုတ်ဆက်ကာ
ဘေးနားက MD ကိုမြင်တော့မျက်ခုံးတန်းတွေ
မြင့်သွားသည်။ဂျေခေါ်လာလိမ့်မယ်လို့လည်း
မထင်ခဲ့တာမို့ ပြုံးပြရုံသာနှုတ်ဆက်လိုက်သည်။
MDParkကလည်း ဝတ်ကျေတန်းကျေပြန်ပြုံးပြကာ
မျက်လုံးတွေလွှဲထားသည်။
တပွဲလုံးမျက်လုံးတွေလည်ပတ်ရှာဖွေလိုက်တော့
KimTaeHyung ကိုမတွေ့....။
ကံကောင်းခြင်းပဲဟုတွေးလိုက်ကာခုမှစိတ်အေးရသည်။
ဒီကောင်လေးက အကြောက်အလန့်မရှိတာမို့
မောင်နဲ့ သုံးယောက်ဆုံလို့ကိုမဖြစ်ပါ။
"Romတို့လည်းရောက်နေတယ်ဂျေ....
အဲ့ဝိုင်းမှာပဲအတူတူထိုင်လိုက်လေ..."
"အင်း...."
စည်ကားလွန်းသောပါတီပွဲကြားHoseokခေါ်ဆောင်
ရာလိုက်ခဲ့ကာမောင် သူငယ်ချင်းတွေစုံစုံလင်လင်
ထိုင်နေကြသောဝိုင်းဆီသို့ရောက်သွားခဲ့သည်။
Romသည်မောင့်ကိုစကားမပြောပါ..။
တစ်ချက်သာကြည့်ပြီး တခြားသူတွေနဲ့ရီမော
ပျော်ရွှင်နေသည်။
မောင့်မျက်နှာကွက်ခနဲပျက်သွားသည်။
Jimin စိတ်ထဲထောင်းခနဲ....။
သူကများ ကလေးကလားစိတ်ကောက်နေရတယ်လို့။
Romကိုမောင်က ပုခုံးတွေကိုဖက်ထားကာ
အရက်စပ်ပေးပြီး ပြေလည်ရာပြေလည်ကြောင်း
ပြန်ညှိယူသည်။ Romသည် ခုထိကို ဂျေ ကလက်မခံ
ခေါင်းမညိတ် KimTaeHyung ကိုဇွတ်ရိုးသားနေပါတယ်
ဆိုတဲ့အသွားအလာတွေမြင်နေရတာကြောင့်
မခေါ်ချင် သူပြောတာကိုမယုံတာလောက်အသဲနာတာ
မရှိ...။
"Rom ကလည်း....မင်းငါ့ကိုမခေါ်တော့
ငါ့မှာ အဓိပ္ပာယ်မရှိတော့သလိုပဲ
ငါပြန်ချော့ပါတယ်ကွာ...."
"နေပါကွာ....မင်းတကယ်ယုံပြီး
တကယ်ခင်တဲ့ကောင်နဲ့ပဲနေ...ငါအပေါ်ယံတွေ
မကြိုက်ဘူး Jungkook..."
"ဖဲကြွေးတွေ မဆပ်နဲ့တော့ကွာ...
အကုန် လျှော်လိုက်ပြီ...."
"ဆပ်မယ် ဟေ့ကောင် သံသရာကြွေးမပါချင်ဘူး..."
"Rom....ကလေးတွေလည်းမဟုတ်ဘဲနဲ့
မင်းနဲ့ရန်ဖြစ်ပြီး မောင် ဘယ်လောက်စိတ်ညစ်နေ
ခဲ့ရလဲသိလား....ပြန်ညှိယူနေတာပဲ
ဘာလို့ ကန့်လန့်ပြောနေတာလဲ......"
MD Parkသည် သူပဲအချော့ခံချင်ပုံရပါသည်။
အရက်ခွက်ဆောင့်ချကာ ထပြောတော့
Romစိတ်တိုသွားသည်။
"ဟ...ဒါကျွန်တော်တို့သူငယ်ချင်းတွေကြားက
Caseပါ MD Parkနဲ့ ဘာဆိုင်လဲ...."
"မောင် အလျှော့ပေးနေတဲ့ဟာ မင်းကဘာလို့
မူနေတာလဲ...လူတွေကြားထဲဒီလောက်
ကြီးပြောနေတာတောင်...."
"ကျွန်တော် နဲ့ဂျေကMDParkနဲ့မညားခင်ထဲက
အရင်အတူတူနေခဲ့ရတဲ့သူတွေပါ...
ဘယ်လိုပြောပြောပေါ့.."
"ဘာစကားလဲ!!!!မောင် !!!"
"Rom စကားကိုဘယ်လိုတွေပြောနေတာလဲ...."
"အေးလေ မင်းနဲ့ငါက မင်းParkJimin ကို
မတွေ့ခင် KimTaeHyung ဆိုတာမရှိခင်ထဲက
ဆိုးတူးကောင်းဘက်လေ ..မဟုတ်ဘူးလား..."
Romသည် ဘာဘာညာညာမတွေးတော့
ရှိသမျှအကုန်ဆွဲထည့်ကာပေါက်ကွဲတော့သည်။
"အဲ့လောက်ရင်းနှီးနေကြလည်း
မောင် သူ နဲ့ပဲ နေချင်နေလိုက်တော့....
ကိုယ် ပြန်ပြီ...."
"မဟုတ်တာ မဟုတ်တာ...အချစ်ကအချစ်ပါ
မပြန်လိုက်ပါနဲ့ ဒီကောင့်ကိုမောင်မချော့တော့ဘူး
သွား ဟေ့ ကောင်...မင်းဒိုးလိုက်တော့Rom.."
မောင်သည် Romကို မျက်လုံးလေးတစ်ဖက်
မှိတ်ပြတော့ Romက ပေါ်ပေါ်တင်တင်ကိုလက်ခလည်
ထောင်ပြလိုက်သည်။မောင်သည် တဟားဟားရီမော
လျှက်.....။
သူငယ်ချင်းတွေဆဲပြီဆို အစစ်အမှန်သော
ငြိမ်းချမ်းရေးဖြစ်ပါသည်။
အရက် ဘီယာ ဝိုင်အစုံဖြင့် စားစရာများအစုံအလင်
စားသောက်ကြရင်း ကတဲ့လူတွေကနေကြကာ
မွေးနေ့ရှင်က မိုက်ကိုင်လျှက် သီချင်းအော်ဆိုနေသည်။
မမူးတဲ့သူမရှိတော့....။
မောင်တို့ လူဆိုးအဖွဲ့သည်လည်း အပြိုင်အဆိုင်
သောက်ကြရင်းမူးလာကြကာ ဆိုင်သူလေး
ကတော့မူးသော်လည်းသိပ်တော့ရုပ်ပျက်ဆင်းပျက်
မဖြစ် ပါးလေးနှစ်ဖက်ကတော့နီဆွေးနေပြီ။
"မောင့်အသဲလေး....မူးနေပြီလား..."
"ဘယ်မှာမူးလို့လဲ...မောင်ပဲမူးနေတာ..."
"ဒါမူးတယ်မခေါ်ပါဘူးကွာ....."
"မောင့်ယောကျ်ားJeonJimin နော်
အသဲလေးတွေ အသက်လေးတွေနဲ့မူးရင်
လူတွေမှားပြီ...."
"မရှုပ်တော့တာကြလှ...သိပ်ချစ်လို့ခေါ်တာဗျာ...
မောင့်အသဲနှလုံးသေးသေးလှလှလေး..."
"တော်ပါတော့..."
"စိတ်တွေမချဘူးသိလား...မူးနေတာတောင်
လက်ကလေးတွေကိုတော့လွှတ်ပေးလိုက်ဖို့
မောင်မမေ့ဘူး မောင့်နားမှာပဲနေနော်
မောင့်ကိုပဲချစ် မောင့်ကို နမ်း...."
"JeonJungkook!!!!!သွား အိမ်ပြန်စမ်း!!!!"
မောင်သည် တကယ်ကိုပဲ လက်တစ်ဖက်ကို
မလွှတ်စတမ်းကိုင်ဆွဲထားသည်။
သူပျော်စရာရှိတာ သူသောက်စရာရှိတာ
သောက်နေလည်း လူတွေများလွန်းတော့
စိတ်မချနိုင်ခဲ့....။
အစားတွေစုံပြီး သောက်တာလည်းများသွားတော့
မအီမလည်ဖြစ်လာကာ အန်ချင်လာတာမို့
Jimin နေလို့ရသမျှတော့နေကြည့်သေးသည်။
"မောင်...ကိုယ် Toilet ခဏလေးသွား
အုန်းမယ်....ငါးမိနစ်ပဲပြန်လာခဲ့မယ်...."
"မောင် လိုက်မယ်....."
"လူတွေရီနေပြီ ဘယ်လိုဖြစ်နေတာလဲ
ကိုယ်မိန်းကလေးလည်းမဟုတ်ဘူး
အိမ်သာသွားတာတောင်....."
"ငါးမိနစ်ပဲနော်......"
"အင်းပါ.....မောင့်သူငယ်ချင်းတွေဟားနေပြီ
ကလေးလိုလိုလုပ်မနေစမ်းနဲ့...."
"ထားသွားမှာစိုးလို့ပါ အချစ်ရယ်....."
"Jeon JungKook!!!!!!ရေ..အိမ်သာသွားတာပါကွာ"
မဟုတ်ဘူး...။ဘယ်သူမှမသိပါဘူး...။
သူစိတ်မချနေတဲ့ခံစားချက်တွေကို...
စိတ်တွေလေးလံလွန်းလို့ ကြောက်လန့်နေလွန်းလို့ပါ။
နားမလည်ကြဘဲ ဒီလူတွေ....။
ဆိုင်သူလေးသည် ဆံပင်တွေကိုထိုးဖွရင်း
Toilet ထဲဝင်ကာ အဆင်ပြေအောင်အန်စရာ
ရှိတာအန်လိုက်သည်။
မျက်နှာတွေဘာတွေပါသစ်ပြီးနောက်
အကျီတွေကိုသေချာပုံချကာ မောင့်ဆီပြန်ရန်
Toiletထဲက ပြန်ထွက်လာလိုက်သည်။
ပျော်ရွှင်စရာပါတီပွဲထဲကိုပြန်ဝင်ဆင်နွှဲရန်မြက်ခင်းပေါ်
ခြေတစ်လှမ်းပြန်အချ တစ်ကိုယ်လုံးလေပေါ်
မြောက်တက်သွားတော့သည်။
"ဘာလုပ်တာလဲ!!!!!!"
ပွေ့ချီခံလိုက်ရတာမို့လန့်ဖျန့်ကာအကျယ်ကြီး
ထအော်လိုက်မိသည်။
လုံးဝအမှောင်ရိပ်ထဲသို့ခေါ်လာခံလိုက်ရတာ
ကြောင့်Jimin သည် ဖြစ်ချင်ရာဖြစ်ပွေ့ချီခံထား
သောကြားထဲက မရရအောင်ရုန်းကန်ထွက်သည်။
"ဘာကောင်လဲ!!!!မင်းဘာကောင်လဲ
ငါ့ကိုလွှတ်ပေးစမ်း!!!!!"
"ယောင်း....ကျွန်တော် ခင်ဗျားရဲ့ ယောင်း...."
ခန္ဓာကိုယ်အရွယ်အစားချင်းသိပ်မကွာလှတာ
မို့Jiminသည်လက်တွေကြားထဲက
လွတ်မြောက်သွားခဲ့ကာ Maskတပ်ထားသော
မျက်နှာကို စိတ်မြန်လက်မြန် ဖျက်ခနဲရိုက်ချလိုက်သည်။
ဆံပင်အပြာတွေလွင့်ခနဲ...။ပူထူသွားသော
ပါးသည်နာသည်တော့မဟုတ်...။
လူစိမ်းနှစ်ယောက်ထပ်ရောက်လာကာ
Jimin ကို ဆွဲခေါ်သွားတာကြောင့် ဒါသည်
KimTaeHyung လက်ထဲကလို အလွယ်တကူ
ရုန်းကန်၍မလွယ်တော့...။
ပါးစပ်တွေကိုပါပိတ်ကာ အင်အားသုံးလျှက်
မှောင်ရိပ်တွေကိုအခွင့်ကောင်းယူကာ
ပြိုင်ကားအဖြူစွတ်စွတ်လေးဆီဆွဲခေါ်သွားကြသည်။
ကားတံခါးဖွင့်ကာJimin ကိုတွန်းထည့်လိုက်ပြီး
TaeHyungစက်နှိုးလိုက်ကာ အရှိန်ကုန်
မောင်းထွက်သွားသည်။
"အရူးကောင်!!!!သေချင်နေတာလား...ရပ်စမ်း!!"
"မသေချင်ရင်....ပါးစပ်ပိတ်ပြီး
ငြိမ်ငြိမ်နေ....ကျွန်တော်မလုပ်ရဲတာ
ဘာတစ်ခုမှမရှိဘူး ParkJimin..."
"သေလိုက်ပါလား....ကားကိုရပ်စမ်း!!!!"
Jimin သည်အော်သာငိုလိုက်ချင်ပါသည်။
"ဘာလို့လဲ ဘာလို့ငါ့ကိုခေါ်လာတာလဲ..
ဘယ်ကိုသွားနေတာလဲ...!!!."
"ပါးစပ်ပိတ်ထား!!!!"
"KimTaeHyung!!!!!"
လမ်းကွေ့တစ်ခုကိုကွေ့ချလိုက်ပုံသည်
ရုပ်ရှင်ဇာတ်ကားတွေထဲကလိုမျိုး
အသဲထဲအေးခနဲ...Jimin သည်အသက်ပင်
မရှုနိုင်ခဲ့...။
TaeHyung သည် လီဗာကိုထပ်နင်းလျှက်
Maskတပ်ထားသောမျက်လုံးတွေသည်
စူးရှနေသည်။
မြို့ပြင်တနေရာ
ရောက်တဲ့အခါ ကားရပ်သွားသည်။
ကားတံခါးဆွဲဖွင့်ကာ Jimin ကိုဆွဲခေါ်တော့
လက်တွေ ခြေထောက်တွေသည် ရင်ဘက်တွေ
မျက်နှာတွေဆီ တဘုန်းဘုန်း...။
အားကုန်သုံးဆွဲထုတ်ပြီး ခြံဝန်းမကျဉ်းမကျယ်
နှင့် အိမ်ထဲသို့ ခေါ်လာခဲ့သည်။
အိပ်ခန်းဆီဆွဲခေါ်လာခဲ့ကာအိပ်ရာပေါ်ပစ်တင်
ပြီးတဲ့နောက် အခန်းတံခါးကိုပိတ်ချလိုက်သည်။
Jimin သည်အိပ်ရာပေါ်ပြေးဆင်းလာကာ
လက်သီးတဖက်သည် မျက်နှာဆီသို့
တန်းတန်းမတ်မတ်။TaeHyung သည်
ဖမ်းယူလိုက်ကာ ခါးကနေသိမ်းဖက်ထားလိုက်သည်။
"ဘာလုပ်ခဲ့တာလဲ ငါ့ကို....ပါတီမှာ
မောင်ရှိတယ်....အရူးရဲ့....!!!"
"သိတယ်.....ကျွန်တော်သိပါတယ်....."
"မိုက်ရူးရဲဆန်လိုက်တာ...မင်း....."
"တစ်ပတ်လုံးလုံး ဘယ်တွေပျောက်နေတာလဲ
ဘာတွေလုပ်နေခဲ့တာလဲ ကျွန်တော်ခင်ဗျား
Company တွေရော ခင်ဗျား သွားတတ်တဲ့နေရာ
တွေရောကို လိုက်ရှာခဲ့တယ်....
သတိရနေတာ....လွမ်းနေခဲ့လို့ပါ....."
"သတိရတာနဲ့....မင်းဒီလို လုပ်စရာလား.."
"ဒီလိုမလုပ်လို့ Jeon JungKookက
ခင်ဗျားနားကခွါတဲ့အချိန် ခင်ဗျားလက်တွေကို
လွှတ်တဲ့အချိန်ရှိလို့လား....ဒီလိုမှမလုပ်ရင်
ဘယ်လိုလုပ်ရမလဲ ဖြေပေးပါအုန်း...."
မောင့် လိုပဲ.....။မျိုးရိုးတူသောစိတ်မထိန်းချူပ်
နိုင်ခြင်းရောဂါရဲ့ မျက်လုံးတွေသည်
TaeHyungဆီမှာလည်းတွေ့နေရသည်။
ဒါကြောင့်အကောင်းအဆိုး အကြောင်းအကျိူး
မသိ သူစိတ်စေရာသူလုပ်ခဲ့တာ...။
"သူကငါလက်ထပ်ထားတဲ့ယောကျ်ားပဲ
ငါ့အနားနေတာမှားနေလို့လား!!"
"မပြောနဲ့!!!"
နံရံဆီတွန်းကပ်ကာ ထယ်က Jimin
နှုတ်ခမ်းနားတွေအထိကပ်လာခဲ့သည်။
"မရိုင်းစိုင်းနဲ့နော် KimTaeHyung..."
TaeHyungသည် ဆိုင်သူလေး၏
ဒေါသတွေနဲ့နီရဲနေသောမျက်နှာလှလှလေးအား
ကြေကြေကွဲကွဲစိုက်ကြည့်နေရင်းမျက်ရည်ပေါက်
ကြီးငယ်ကျလာခဲ့သည်။
"ကျွန်တော်ချစ်လို့ပါ...သခင်ရယ်...."
ဒီမျက်ရည်တွေနဲ့ မျက်လုံးတွေကို
တနေရာရာမှာတထပ်ထဲမြင်ဖူးနေသလိုမျိုး....။
ခေါင်းတွေပါထိုးကိုက်လာရသည်။
"မင်း....ငါ့ကို ...ချစ်လို့မရဘူး TaeHyung...."
"ဘာလို့လဲ.....ဘာလို့ချစ်လို့မရဘူးဆိုတာကြီး
ပဲဖြစ်နေရတာလဲ...ParkJimin"
"..........."
"ခင်ဗျား ကို ဒီကမ္ဘာမှာအချစ်ပေးနိုင်ဆုံးက
ဒီကောင်ပါ...ဆယ်နှစ်သားထဲက ညတိုင်း
အိမ်မက်တွေထဲ ထည့်မက်ပြီး
ခင်ဗျားကို ရူးလွန်းလို့ ကမ္ဘာပတ်ရှာနေခဲ့တာ"
အိမ်မက်တွေ.......။အဲ့ဒီအိမ်မက်တွေကို
Jimin ကြားရုံနဲ့တော်တော်လေးကိုစိတ်ပျက်နေပါပြီ။
ကိုယ်တိုင်လည်းမြင်မက်ခဲ့ပေမယ့်
မြင်မက်သမျှက ပျော်ရွှင်ဆွတ်ပျံ့ဖွယ်ရာတွေကြီး။
"ခင်ဗျားကြောင့် ဘဝကိုစွန့်ပစ်ခဲ့တယ်
ခင်ဗျားကြောင့်ပျော်ရွှင်မှုတွေကိုစွန့်ပစ်ခဲ့တယ်
ခင်ဗျားကြောင့် ကျွန်တော်သံယောဇဉ်တွေကို
လည်း ချနင်းခဲ့တယ်
ခင်ဗျားက ကျွန်တော့်က်ို ခပ်ပေါ့ပေါ့ရူးကြောင်ကြောင်
ကောင်လို့ပဲမြင်နေတယ်.....
ခင်ဗျားတရားသလားဖြေ..."
"မတရားဘူးဆိုလည်း...ဒါကဘဝပဲTaeHyung..
ငါမတတ်နိုင်ဘူး...."
"ဟုတ်လား...ဒါဆိုခင်ဗျားကို ပြန်မပို့တော့ဘူး....နိုင်ငံခြားကိုထွက်သွားကြမယ်....Jeon JungKook က
ခင်ဗျားထက်ပိုလှပိုမိုက်တဲ့သူမတွေ့သေးလို့
တန်းတန်းစွဲနေတာပါ တွေ့သွားရင်ပစ်သွားမှာ
စရိုက်နဲ့သန္ဓေဆိုတာပြောင်းလဲပစ်လ်ို့မရဘူး
အဲ့ဒါကို ခင်ဗျား သေချာသိတယ်မလား..."
"ငါ့ထက် ပိုလှ ပိုမိုက်တဲ့သူ ဒီလောကမှာ
ရှိနိုင်သေးလို့လား...မင်းတောင် ခုရူးနေတာလေ
မောင့်ကို မစော်ကားနဲ့....TaeHyung...
မောင့်စရိုက်တွေအားလုံးက ငါ့လက်အောက်မှာ
ရိုရိုကျိုးကျိုးအကုန်ရှိနေတယ်...."
Jimin ဘဝမှာလည်းကျန်တာအားလုံးသည်းခံ
နိုင်သည်။မောင့်ကို စရိုက်တွေ သန္ဓေတွေနဲ့
ခိုင်းနှိုင်းထိုးနှပ်လာရင်ဘယ်လိုမုန်းတီးမှန်းမသိ။
ပါးစပ်ကထိန်းမရအောင် တန်းတုံ့ပြန်ပီးသား။
"ParkJimin!!!"
မုန်းကိုမုန်းရမယ့်ဖြစ်တည်မှု....။ဘယ်လောက်
ရက်စက်သလဲဆိုတာကိုကြည့်....။
ဆွဲခေါ်ကာ အိပ်ရာပေါ်ပစ်တင် သွေးရူးသွေးတန်း
နှုတ်ခမ်းတွေကိုဒေါသတကြီးအတင်းအကျပ်
နမ်းမယ်ကြံတော့ အားကုန်တွန်းလွှတ်သည်။
ဒေါသနဲ့ မှတ်လောက်သားလောက်ဆိုသော
စိတ်သာရှိတော့သည်။ဒီလောက်ကြီးမစာနာ
တတ်တဲ့နှလုံးသားမျိုးကြ သိပ်ဆိုးဝါးလွန်းတယ်မလား။
ရုန်းကန်ရင် ပြုတ်ထွက်သွားသော
Shirtအကျီကြယ်သီးတွေနဲ့ ဖြူလွှနေသောရင်ဘက်လေး
ပေါ်သွားတဲ့အခါ ထယ်က လန့်သွားသည်။
ဘာမှမလှုပ်ရှားနိုင်တော့ဘဲ...ကြောင်အနေစဉ်
မှာပဲ Jimin သည် TaeHyungကို တွန်းလွှတ်ကာ
အိပ်ရာပေါ်ကဆင်းပြေးပြီး တံခါးဆီသို့
ပြေးသွားသည်။
ခေါင်းထဲမှာ ပါတီမှာကျန်ခဲ့သောလူဘာဖြစ်နေပြီလဲ
ဆိုတာပဲရှိသည်။တံခါးဆီမရောက်လိုက်
TaeHyungသည် ချူပ်စရာတစ်နည်းပဲရှိတာ
ကြောင့် ပြန်ဖမ်းဆွဲကာ နံရံမှာပြန်ကပ်လိုက်ပြီး
နှုတ်ခမ်းတွေအားရူးရူးမူးမူး နမ်းလိုက်တော့သည်။
လှုပ်၍ပင်မရ...အသက်ရှု၍ပင်မရ
ဖရိုဖရဲ မီးတောင်လေးသည်
ကောင်းကင်ပြာလေး၏ ဆိုးဆိုးဝါးဝါး
မချစ်တတ်ပြမှုတွေအောက် အလူးအလဲ....။
ပုခုံးအောက်လျှောကျသွားသောShirt အကျီလေး
နဲ့ မျက်နှာသေးသေးလေးသည် ထယ့်လက်သွယ်သွယ်
တွေက အတင်းအကျပ်ချုပ်ထိန်းထားတာမို့ပျောက်
တောင်နေသည်။
မသိရင်အရူးအမူးအနမ်းတစ်ခုပေါ့....။
ထိုအချိန်..ဝုန်းခနဲ တံခါးကန်ဖွင့်လိုက်သောအသံသည်
တစ်အိမ်လုံးပြိုကျမတတ်...။
ဘယ္သူမွန္တယ္ ဘယ္သူကမွားတယ္ဆိုတာထက္....
ဒီဇာတ္အိမ္မွာ...
ခ်စ္ျခင္းတရား တစ္ခုအေပၚ တာဝန္ေၾကစြာ
သစၥာရွိရွိ ခိုင္ျမဲေပးနိုင္တဲ့ ႏွလုံးသားေတြဟာ....
ကိုယ္စီ ကိုယ္စီ အျပစ္မရွိခဲ့ၾကပါဘူး.....။
....................................။
"ငါမင္းကို အပိုင္သိမ္းလာတာ...လက္ထပ္ဖို႔
ငါေခၚလာခဲ့တာ ေယာင္း...မင္းဘာမွျငင္းဆိုပိုင္
ခြင့္မရွိဘူး..."
"ကၽြန္ေတာ္ဒီေလာက္ႀကီးအထပ္ထပ္အခါခါ
ျငင္းခဲ့တာေတာင္ ......"
အဲ့ဒီေန႔ညက လကထိန္ထိန္သာေနခဲ့တယ္...။
ခ်စ္ျမတ္နိုးလို႔ Jeonငယ္ခိုးယူခဲ့ေသာ
ကေခ်သည္ေလးဟာ ေမ့ေဆးအရွိန္ျပင္းလြန္းတာ
ေၾကာင့္ရက္ပိုင္းေလာက္အထိေမ့ေမ်ာေနကာ
သတိရရခ်င္းတြင္ သခင္ေလးJeonကို
မ်က္ေထာင့္နီနီေတြျဖင့္စႀကိဳဆိုေတာ့သည္။
အေခ်အတင္သည္ အိမ္ထဲတြင္ျဖစ္ေနတာ
မဟုတ္ဘဲ ၿခံဝန္းထဲတြင္ အၿပိဳင္အဆိုင္ေအာ္ဟစ္
တဲ့အထိျပင္းထန္ခဲ့သည္။
"ျငင္းစမ္း....ႀကိဳက္သေလာက္ျငင္း
ငါခု ေခၚလာေပါင္းသင္းမယ္ဆိုေတာ့ေရာ
မင္းဘာတတ္နိုင္မွာလဲ.....!!!!"
"ကၽြန္ေတာ္ သခင္ေလးကို လူေကာင္းတစ္ေယာက္
လို႔ထင္ခဲ့တာ....တကယ္တမ္းက်
လူယုတ္မာ..."
JEonကေအာ္ရီသည္....။နက္ေမွာင္ရွည္လၽွား
ေသာဆံပင္ေတြကိုေယာင္းက ဆံထိုးေလးတစ္ခု
နဲ႔ထိန္းထားကာဖရိုဖရဲ....။အျပာႏုေရာင္ဝတ္စုံ
ေလးနဲ႔ မ်က္အိမ္ေတြနီရဲကာ ေဒါသေတြေျငာင္းေနတာ
ေတာင္အဲ့ဒီညက လေရာင္ေအာက္သိပ္လွခဲ့ပါသည္။
ရီေနရင္းက်လာေလေသာမ်က္ရည္ေတြကို
သုတ္ကာ ေယာင္းကို Jeonက စိုက္ၾကည့္ေတာ့
ခ်က္ခ်င္းမ်က္ႏွာလႊဲသြားတဲ့သူ...။
"ခ်စ္မိတာကို ယုတ္မာမွုလို႔ မင္းေခါင္းစဥ္တပ္
ခ်င္လည္းရပါတယ္ ...."
"ခ်စ္တိုင္း လုပ္ခ်င္တာ လုပ္လို႔မွမျဖစ္တာ....
ကၽြန္ေတာ္ Jeonကို လုံးဝမခ်စ္ဘူးေလ..."
"ေယာင္း......"
ပိုးပိုးေပါက္ေပါက္က်လာခဲ့ေသာ မ်က္ရည္ေတြကို
မထိန္းနိုင္။ ျမင္တာနဲ႔ခုတ္မဲ့ ဘူရင့္ဓားေအာက္က
ခက္ခဲစြာ ေခၚထုတ္လာနိုင္ခဲ့သည့္တိုင္
JEonငယ္ဟာ လုံးဝအခ်စ္မွာမေအာင္ျမင္ခဲ့....။
"ဘာလို႔လဲ....ငါဘာလိုအပ္ခဲ့လို႔လဲ
မင္းငါ့ကိုမခ်စ္နိုင္တဲ့ အခ်က္ေတြကိုေျပာပါ
အခ်က္တစ္ရာဆိုလည္းငါျပင္ပါ့မယ္...."
"သခင္ေလးက ၿပီးျပည့္စုံၿပီးသားပါ
ဘာမွျပင္ဆင္ဖို႔မလိုအပ္ပါဘူး...
ကၽြန္ေတာ္ ဒီေလာကမွာ လူတစ္ေယာက္ထဲကိုပဲ
ခ်စ္နိုင္ေတာ့မွာမလို႔....."
"ဘာ......"
"ဟုတ္တယ္.....ကၽြန္ေတာ့္စိတ္ႏွလုံးသားထဲေရာ
ေခါင္းထဲမွာေရာ သူ႔ကိုစေတြ႕ထဲက
အေသခ်ာဆုံးရင္ခုန္ၿပီးသိပ္ခ်စ္ခဲ့တာ
ကၽြန္ေတာ္ အဲ့ဒီေယာက်္ားလြဲ က်န္တာဘယ္သူကိုမွ
မခ်စ္ဘူး သခင္ေလး...."
"ဘယ္သူလဲ....ငါ့ကိုေျပာ.....
မင္းငါလို ျဖစ္တည္မွုကိုေတာင္ နည္းနည္းမၾကည့္
နိုင္တဲ့အထိ အ႐ူးလိုျဖစ္ေနတာ ဘယ္သူလဲ...!!"
ေသြး႐ူးေသြးတန္းJeonသည္ေယာင္းအက်ီစေတြကို
ဆြဲေဆာင့္ကာမ်က္ရည္စေတြႏွင့္ေအာ္ဟစ္ေမးခဲ့သည္။
"ဧကရာဇ္......"
Jeon မ်က္အိမ္ေတြမယုံနိုင္စြာျပဴးက်ယ္သြားကာ
အက်ီစကို ေယာင္ယမ္းလႊတ္ေပးလိုက္မိတဲ့အထိ။
"ဘယ္လို ေယာင္း......"
"ကၽြန္ေတာ္ ....ဧကရာဇ္ ကို ခ်စ္ခဲ့တာ...."
"႐ူးေနတာလား....ဟမ္...႐ူးသြားတာလား..."
ေယာင္းသည္ ေၾကေၾကကြဲကြဲျပန္ၾကည့္လာကာ
"႐ူးတယ္ ႐ူးေတာ့ ဘာျဖစ္လဲ ခ်စ္လ္ို႔႐ူးတာ
Jeon လိုပဲရွိေတာ့မွာေပါ့...ဘုရင္ကိုခ်စ္မိလို႔
သတ္ၾကမွာလား သတ္ေလ...ေသြးေၾကာင္ေနမယ့္
ေကာင္ထဲမပါဘူး..."
"မင္းခ်စ္လို႔ရတဲ့ ျဖစ္တည္မွုမ်ိဳးမဟုတ္ဘူး
စိတ္ကူးယဥ္မေနစမ္းနဲ႔......
တစ္ေယာက္ေယာက္ကို ေျပာမိေသးလား
နန္းတြင္းမွာ ဘယ္သူ႔ကိုအသိေပးခဲ့ဖူးလဲ
မင္းအတြက္အရမ္းအႏၲရာယ္ရွိတယ္ ...."
"ေမာ္ၾကည့္ဖို႔ေတာင္မရဲတဲ့ ဧကရာဇ္ျဖစ္တည္မွု
ကို ကၽြန္ေတာ္ ခ်စ္လို႔မရဘူးဆိုတာ
နားလည္ၿပီးသားပါ လာတရားျပေနဖို႔မလိုဘူး
ဒါေပမယ့္ ဧကရာဇ္အေပၚ ထားတဲ့ကၽြန္ေတာ္
ခ်စ္ျခင္းေတြက ဒီဘဝမွာ ဘယ္လိုမွမျဖစ္နိုင္ဘူး
ဆိုရင္ေတာင္ ေနာက္ဘဝေတြ ထပ္ေတြ႕ဆုံနိုင္အထိ
ႀကီးမားမွန္း ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္သိၿပီးသား
ဘယ္ ခ်စ္ျခင္းတရားကမွ ကၽြန္ေတာ့္အခ်စ္ကို
မေက်ာ္နိုင္ဘူးဆိုတာ ယုံလို႔ အဆင္ေျပတယ္..."
"စိတ္လြတ္ေနတာပဲ....ငါ့ကိုၾကည့္စမ္းေယာင္း....
မျဖစ္နိုင္ဘူး....ခ်စ္ေနတာကိုက မျဖစ္နိုင္ဘူး
မခ်စ္ရဘူး...သူသိပ္ေၾကာက္စရာေကာင္းတယ္...
အဲ့တာကို မင္း သိ လား....."
"သခင္ေလးအတြက္ သိပ္ေၾကာက္စရာ
ေကာင္းတာေလ....ကၽြန္ေတာ့္အတြက္ေတာ့
အႏွိုင္းမဲ့ ဘုရင္တပါး...သိပ္ခ်စ္ဖို႔ေကာင္းတယ္..."
ဘဝတစ္ေလၽွာက္လုံး မွာဒီကေခ်သည္ေလးကိုပဲ
႐ူး႐ူးမူးမူးစြဲစြဲလန္းလန္းရွိခဲ့တာ...။
အျငင္းခံရရင္ လက္ခံလာေအာင္ႀကိဳးစားလို႔
ရေပမယ့္ ခိုင္ျမဲလြန္းေသာ ေက်ာက္စာလို
ေယာင္းႏွလုံးသားမွာ ခပ္တင္းတင္းရွိေနသူက
ဇာတ္လိုက္ေက်ာ္ျဖစ္ေနျပန္သည္။
ဧကရာဇ္နဲ႔သူ႔ေရစက္သည္ ဆုံးခန္းတိုင္မွာ
မဟုတ္...။
အနိုင္ယူလာလိုက္တာ ဘဝေန႔ရက္တိုင္း
အျဖစ္အပ်က္တိုင္းတြင္အားမရခဲ့....
တစ္ေယာက္ထဲေသာ ခ်စ္ရသူရဲ့ ႏွလုံးသားထဲအထိ
အနိုင္ပိုင္းကာ ဝင္ေနေနျပန္သည္။
"ခ်စ္လို႔မရဘူးလို႔ငါေျပာေနတယ္....
ဘုရင္က္ို မင္းခ်စ္လို႔ရမလား...
ေတာ္႐ုံပဲ႐ူးစမ္းပါကြာ......"
Jeon သည္ လက္ည္ုးေငါက္ေငါက္ထိုးကာ
ေဒါသတႀကီးေအာ္ေျပာသည္။
ကေခ်သည္အေသးအမႊားေလးမို႔ မတန္ဘူးဆိုတဲ့
သေဘာေပါ့......။
ေယာင္းဘက္ကအေတြး...။
မခ်စ္ေတာ့ ခ်စ္ျပလည္း မျမင္နိုင္
JEonဘာေျပာေျပာဘာလုပ္လုပ္မ်က္လုံးထဲ
မုန္းပစ္ခ်င္စရာေတြႀကီးပဲ.....။
သိပ္စိတ္ဆိုးပါသည္။
ခြင့္မျပဳရင္ေခါင္းေမာ့ခစားခြင့္မရွိေသာ
အထြတ္အျမတ္သခင္ကို ခ်စ္မိလို႔
ဘယ္လိုမွမပိုင္ဆိုင္နိုင္ဘူးဆိုတဲ့အမွန္တရား
ေသဆုံးသြားတဲ့အထိတိုင္ ေငးၾကည့္ၿပီးပဲ
ကုန္ဆုံးရေတာ့မယ့္ခံစားခ်က္သည္သိပ္ဆိုးပါသည္။
သိသိရက္နဲ႔ ဘယ္သက္ရွိသက္မဲ့ကိုမွ
အာ႐ုံတစမပြါးဘဲ သခင္ဟုသာ ႏွလုံးသားမွာ
ေက်ာက္စာထိုးၿပီး အရိုးေဆြးသည္အထိခ်စ္သြား
လိုက္အုန္းမွာပဲ....။
႐ူးတယ္လို႔ေခါင္းစဥ္တပ္လာရင္လွိုက္လွိုက္လွဲလွဲ
သိပ္မုန္းသည္......။
ခ်စ္တာသည္ ႐ူးတာမဟုတ္.....။
ျမင့္လြန္းေလေသာ အဖိုးတန္ပန္း.နမ္းဖို႔ကံမပါ၍
ကိုယ့္စိတ္ေလးကိုယ္ေၿဖ ဘဝမယ္ အဆင္ေျပေအာင္
ေလးရွင္သန္ရပါတယ္ဆိုမွ ဒီလိုမ်ိဳးစြတ္စြဲေစာ္ကား
လာရင္ မီးဟုန္းဟုန္းေတာက္ပစ္ခ်င္ပါသည္။
ေယာင္းသည္ Jeonမ်က္လုံးေတြကိုစူးနစ္စြာ
စိုက္ေငးၾကည့္ၿပီးေနာ္
"JEonသိထားဖို႔က ဘယ္ခ်စ္ျခင္းတရားေတြ
ဘယ္ေလာက္အင္အားႀကီးၿပီး
ဘယ္ေလာက္မ်ား ခ်စ္နိုင္ပါတယ္ေျပာေျပာ
မပိုင္ဆိုင္ရမွန္းသိလည္း ကိုယ့္အတြက္ဘယ္ေတာ့
မွမျဖစ္နိုင္တဲ့လူသားမွန္းသိေနလည္း
အဆုံးအစမဲ့ ဧကရာဇ္ကို ခ်စ္ခဲ့တဲ့ကၽြန္ေတာ့္
အခ်စ္ေတြဟာ ကမၻာတည္လိမ့္မယ္...."
"Jeon ေျပာသလို ဘုရင္ကိုခ်စ္လို႔မရဘူးဆိုလည္း
ဘုရင္ မဟုတ္တဲ့ သံသရာေကြ႕ေကြ႕မွာ
ျပန္ဆုံၾကရင္.......ဒီႏွလုံးသားကေပးအပ္ထားတဲ့
အခ်စ္ကို ခ်စ္ပါတယ္ လို႔ ဖြင့္ဟလိုက္တာနဲ႔
သခင္ဟာ...ကၽြန္ေတာ့္ကိုလုံးဝလြန္ဆန္နိုင္မွာ
မဟုတ္ဘူးဆိုတာ ယုံ........
ၿပိဳင္ဘက္မရွိေအာင္ ခ်စ္ခဲ့တဲ့ကၽြန္ေတာ့္အတြက္
ဘယ္လိုအခ်စ္မ်ိဳးကမွ ပုခုံးခ်င္းလာယွဥ္နိုင္မွာ
မဟုတ္ဘူး....႐ူးတာမဟုတ္ဘူးဆိုတာ
ခင္ဗ်ားတို႔ကို ဆက္ဆက္ သက္ေသျပမယ္...."
နာနာက်ည္းက်ည္းေျပာသြားခဲ့ကာေယာင္းသည္
ၿခံဝန္းထဲကေျပးထြက္သြားသည္။
လိုက္ဖမ္းဖို႔ေမ့တဲ့အထိ ေသးသြယ္ေသာ
ေက်ာျပင္ေလးကို ေငးကာ Jeonငယ္က
လဲၿပိဳက်သည္။
ရင္ဘက္ကိုဖိကာအသံမထြက္ေအာင္ငိုသည္။
ခုဘဝတင္မက သူက ဘယ္ေလာက္မ်ားခ်စ္သလဲ
ေတာ့မသိ သံသရာ တစ္ေလၽွာက္လုံးအထိေတာင္
ရည္ရြယ္ခ်က္ေတြမ်ားစြာနဲ႔....။
မ်က္လုံးေလးေတြကိုၾကည့္႐ုံနဲ႔
အခ်စ္ ၏ဘယ္ေလာက္ဒီဂရီကို ေက်ာ္လြန္ေနၿပီလဲ
ဆိုတာ ခန့္မွန္း၍ရပါသည္။
ၿခံဝန္းထဲ ငုတ္တုတ္ထိုင္ကာငိုေနတုန္း
စာပို႔ခိုေလးေရာက္လာကာ စာတိုေသးေသးေလး
ကိုပစ္ခ်ေပးသြားသည္။
...JEonငယ္ေလး...ဧကရာဇ္မင္းတို႔ရွိတဲ့ေနရာကို
သိသြားၿပီ...လုံျခဳံတဲ့ေဒသကို ေယာင္းကိုေခၚၿပီး
ေျပးေတာ့....။
အကိုေတာ္....။
လူမသိသူမသိ ေတာထဲကိုေျပးလာလည္း
ဧကရာဇ္က ဘာလို႔မ်ားဒီေလာက္ေတာ္လြန္းရသလဲ။
စာဖတ္ၿပီးၿပီးခ်င္း ေယာင္းေနာက္ကိုေျပးလိုက္
ခဲ့သည္။သိၿပီဆိုတဲ့ေနာက္ေတာ့ ထပ္ေျပးရေတာ့မည္ေပါ့။
ဧကရာဇ္ ႏွစ္ေယာက္လုံးကိုအရွင္မထားဘူးဆိုတာ
ေသခ်ာေပါက္သိေနသည္။
ေယာင္းသည္ေဒါသထြက္ထြက္ျဖင့္ဘယ္ေနရာေတြမွန္း
လည္းမသိေျခဦးတည့္ရာေျပးလာရင္းေတာထဲ
ေရာက္ေနမွန္းသတိထားမိကာ သတိတစ္ခ်က္
ျပန္ဝင္လာၿပီး ေနာက္ျပန္လွည့္လိုက္ေသာ
အခ်ိန္တြင္ ေၾကာက္မက္ဖြယ္ရာ ျမင္းေကာင္ေရ
မ်ားစြာျဖင့္ စစ္တိုက္ထြက္မလိုလူအုပ္ႀကီး။
အလည္တည့္တည့္တြင္ ႏွလုံးသားက
ျပင္းထန္စူးရွလြန္းေသာမ်က္လုံးေတြနဲ႔
ျမင္းေပၚက စူးစူးနစ္နစ္ၾကည့္ေနသည္။
"ဧ..က..ရာဇ္....."
ေယာင္းက အံ့အားသင့္စြာ တုန္တုန္ရီရီေခၚလိုက္ေတာ့
ဧကရာဇ္က ျပတ္ရွေနေသာအၾကည့္ေတြျဖင့္
"အင္း ကိုယ္ေတာ္ပါ....."
ေယာင္းသည္ စစ္တိုက္ထြက္ၾကေတာ့မလို
လက္နက္အျပည့္အစုံျဖင့္စစ္သူႀကီးေတြ
ရဲမက္ေတြကိုၾကည့္ကာ ကေခ်သည္အႏုအရြေလး
မို႔ေၾကာက္လာခဲ့သည္။
ဧကရာဇ္ က ကေခ်သည္ေလးဆီက
JEonငယ္ေလးကို ျပန္ေတာင္းဖို႔
စစ္ကိုတကယ္ပင္ခ်ီလာခဲ့တာ...။
ဒီကေခ်သည္ေလးတစ္ေယာက္ထဲကို ရင္ဆိုင္ဖို႔
ဧကရာဇ္ကိုယ္တိုင္လည္းေသြး႐ူးေသြးတန္းနဲ႔။
"JEonငယ္ေရာ......"
"မသိဘူး......"
"ဘုရင္ကို ေျဗာင္လိမ္ေနတာပဲ...."
"..............."
"မင္းေျပာေတာ့ ျငင္းပါမယ္ဆို....."
"ကၽြန္ေတာ္ ျငင္းခဲ့ပါတယ္......."
"လိမ္တယ္......"
"မလိမ္ခဲ့ပါဘူး....."
"ေသရမွာမေၾကာက္ဘူးလား....ေယာင္း...."
ေသရမွာထက္ လူအုပ္ႀကီးက ျမႇားေတြနဲ႔
ခ်ိန္ထားကာ ဧကရာဇ္ကိုယ္တိုင္ကလည္း
ေအးတိေအးစက္ေၾကာက္စရာစကားကို
ဆိုေနတာေၾကာင့္ ဒီအေျခအေနကိုပိုေၾကာက္ပါသည္။
မတည္မၿငိမ္အေၾကာက္လြန္ေသာအေျခအေနမွာ
ေယာင္းသည္ ေျခလွမ္းေလးေတြကိုေနာက္ကို
တစ္လွမ္းႏွစ္လွမ္းဆုတ္သြားခဲ့ၿပီးေနာက္
ျဖစ္ရာျဖစ္ေက်ာခိုင္းေျပးထြက္မိတဲ့အခ်ိန္....
"မပစ္နဲ႔......!!!!"
ဧကရာဇ္ ၏အသံသည္ ျမႇားအရွိန္ကိုမတားဆီးနိုင္ခဲ့ပါ။
ဘုရင့္ကိုယ္ရံေတာ္ကသိပ္ေတာ္ပါသည္....။
ေတြ႕ရင္တစ္ခါထဲသတ္ဟု အမိန့္ကိုအတိအက်လိုက္နာ
လၽွက္ တန္းမတ္ေသာလက္သည္ အျပာေရာင္
ပုံရိပ္ေလးထြက္ေျပးသြားသည္ႏွင့္လက္စြမ္းျပလိုက္
ေတာ့သည္။
ဧကရာဇ္က ေဒါသထြက္ထြက္ျဖင့္ ေတြ႕ရင္သတ္
ဘာျဖစ္ျဖစ္အစေဖ်ာက္ဟု ဓားတစ္ရမ္းရမ္းႏွင့္
အမိန့္မ်ားသည္ အားလုံး၏နားထဲစြဲထင္ေနၿပီ။
တကယ္တမ္းမ်က္ႏွာခ်င္းဆိုင္ဆုံတဲ့အခါ
ဧကရာဇ္ လုပ္ရဲ ခဲ့တာက
JEonငယ္ ဘယ္မွာလဲ ဆိုတဲ့ေမးခြန္းေလးတစ္ခုထဲပါ။
ေယာင္းကိုသူ႔လက္နဲ႔မ်ားသတ္မိရင္ သူ႔ကိုေတာင္
ျပန္သတ္ပစ္သြားနိုင္တဲ့ Jeon ငယ္ရဲ့
ခ်စ္ေပးနိုင္မွုႀကီးအေၾကာင္း အသဲေတြတစစီကြဲေၾက
ရင္း အမွန္တရားကို လက္ခံခဲ့ရတာေၾကာင့္
ဧကရာဇ္က ဟန္ပဲ ရွိခဲ့ေသာ ရက္စက္သူႀကီးေပါ့။
"ေယာင္း!!!!!!!"
ေယာင္း ေခြခနဲ လဲက်သြားတဲ့အခ်္ိန္
အခ်ိန္ကိုက္ေရာက္လာသူ.....။
ဘယ္သူဘယ္ဝါလုပ္တာရယ္Jeonမေတြးခဲ့
ျမင္လည္းမျမင္ခဲ့တာမို႔....
ဒီအေျခအေနမွာ တရားခံသည္ ေလးနဲ႔ျမႇား
ကိုင္ထားၿပီး ေယာင္းနဲ႔သူ႔ကိုသတ္ဖို႔ႀကီးေန႔တိုင္း
ေအာ္ဟစ္ေျပာခဲ့သူအျပင္တျခားသူမရွိ။
ကံၾကမၼာသည္ ဧကရာဇ္ကိုသိပ္အေရာက္ပို႔လြန္းခဲ့ပါသည္။
JEonငယ္ရဲ့ သူ႔ကိုေပးေသာမုန္းတီးျပင္းထန္ေသာ
အၾကည့္နဲ႔သူ႔လက္ထဲေပြ႕ထားေသာေကာင္ေလးကို
ေပးေသာ အၾကင္နာမ်ားသည္ လေရာင္ေအာက္
အသဲေတြနာစရာ....။
ထိုအၾကင္နာေတြသည္ ရင္တစ္ခုလုံးေၾကမြေနၿပီ။
ကိုယ္တိုင္ကလည္း နိုင္ငံရဲ့ဘုရင္
စိတ္ဓာတ္ျပင္းထန္ခိုင္မာျခင္းနဲ႔မာနသည္
မိုးအထိထိုးတက္ကာ အနည္းငယ္မၽွ
မေလၽွာ့နိုင္သူမို႔Jeon သည္မေျပာစဖူးေလသံ
တစ္သက္လုံးကမျပဳမူရဲခဲ့ေသာအျပဳအမူမ်ိဳးနဲ႔
လာစမ္းသပ္တဲ့အခါဧကရာဇ္က
"ငါမသတ္ပါဘူးသူသတ္တာပါလို႔"
လို႔ တုန္တုန္ရီရီေျပာမယ့္လူမ်ိဳးမဟုတ္....။
ဘုရင့္အလုပ္ဘုရင္လုပ္ခဲ့တယ္ပဲ....။
ေယာင္းသည္ အရည္လဲ့ေနေသာမ်က္လုံးလွလွ
ေလးေတြနဲ႔ မွိတ္က်မသြားခင္အထိဧကရာဇ္
တစ္ေယာက္ကိုပဲစူးနစ္စြာၾကည့္သြားခဲ့သည္။
ဒါကို Jeon က ၾကည့္ကာပို၍႐ူးကာငိုခဲ့သည္။
JEonငယ္ေလးအတြက္ထားခဲ့တာေတာင္းပန္ပါတယ္
ဆိုတဲ့စကားေလးတစ္ခြန္းပဲ....။
ဧကရာဇ္ကလည္းေယာင္းၾကည့္ေနေသာ
မ်က္လုံးေတြကို ေအးတိေအးစက္ပင္
ျပန္စိုက္ၾကည့္ေနခဲ့သည္။
....အတၱမဲ့ခဲ့ပါတယ္ သခင္....
ေနာက္ဆုံးအခ်ိန္မွာ သခင့္မ်က္လုံးေတြနဲ႔
ေလာကကိုႏူတ္ဆက္ရျခင္းဟာ
သိပ္ဝမ္းနည္းစရာေကာင္းေပမယ့္
ပထမဆုံးအႀကိမ္ရဲရဲတင္းတင္းၾကည့္ခဲ့ရတာမို႔
ကၽြန္ေတာ္ သိပ္ေပ်ာ္ပါတယ္......။
ဒီမ်က္လုံး ဒီျဖစ္တည္မွုနဲ႔ ဒီခမ္းနားျခင္းေတြ
ရက္စက္မွုေပါင္သရဖူေဆာင္းနိုင္သူ
သခင္ကို ေနာက္ဘဝမ်ားေတာ့ ပိုင္ဆိုင္ရပါလို၏
လို႔ ဆုေတာင္းခ်င္တာေတာင္ သခင့္အရွိန္အဝါက
ေလာကကိုႏွုတ္ဆက္ခါနီးလူ ေသြး႐ူးေသြးတန္း
ျဖစ္ၿပီး ေယာင္ယမ္း ဆုေတာင္းဖို႔မထြက္တဲ့အထိ
သိပ္ေၾကာက္ဖို႔ေကာင္းခဲ့ပါတယ္.....။
ေယာင္းသည္ ဧကရာဇ္ကို စိုက္ေငးရင္းနဲ႔ပဲ
မ်က္ရည္တစ္စက္ပါးျပင္ေပၚလွိမ့္ဆင္းသြား
ၿပီးတဲ့ေနာက္ ဆုေတာင္းေလးတစ္ခုဖန္တီးၿပီးတဲ့အခါ
မ်က္လုံးေလးေတြကိုမွိတ္ခ်သြားသည္။
ဘာေတြဆက္ျဖစ္ကုန္ၾကလဲေယာင္းမသိေတာ့။
လထိန္ထိန္သာေနေသာညတြင္ႀကီးမားေသာ
ခ်စ္ျခင္းေတြသည္ ကိုယ္စီကိုယ္ငွမေလၽွာ့စြာအားၿပိဳင္ခဲ့ၾကသည္။
ေယာင္း ေျပာခဲ့ေသာ သူ႔အခ်စ္ထုထည္ဘယ္ေလာက္
အထိႀကီးမားကာ ၿပိဳင္ဘက္ကင္းခဲ့မွန္း
JEonငယ္ေလးတစ္ေယာက္သာသိခဲ့တာေၾကာင့္
JEon ငယ္က ထိုအခ်စ္ကို သိပ္မုန္းကာ
စိတ္ထဲလည္းစြဲစြဲထင္ထင္ရွိခဲ့သည္။
"ဘယ္ခ်စ္ျခင္းတရားကမွကၽြန္ေတာ့္အခ်စ္ကို
မေက်ာ္နိုင္ဘူး.....ျပန္မ်ားေတြ႕လို႔ ခ်စ္တယ္သာ
ဖြင့္ဟလိုက္ သခင္ဟာ ကၽြန္ေတာ့္ကိုမလြန္ဆန္
နိုင္ဘူးဆိုတဲ့ ယုံၾကည္မွု....တကယ္လည္း
ျဖစ္နိုင္ေၾကာင္း သက္ေသျပေနရန္မလို
မထြက္သြားခင္ ၾကည့္သြားခဲ့ေသာ အၾကည့္လွလွေလးေတြကသက္ေသပါေလ......။
အစြဲသည္ႀကီးမားခဲ့သလို လက္စမသတ္ခဲ့ရေသာ
ဝန္ခံခြင့္မရလိုက္ေသာ မကၽြတ္မလြတ္ေသာ
စိတ္ေတြနဲ႔....ျပင္းျပင္းထန္ထန္ကိုဘဝဆက္တိုင္း
ဆက္သယ္ေဆာင္လာခဲ့ကာ.....မရမကနည္းမ်ိဳးစုံ
နဲ႔ႀကိဳးပမ္းခဲ့တဲ့သူ...။
သူ႔ကိုအျပစ္ရယ္လို႔လည္းဖြဲ႕ဆို၍မရ....။
အသက္ရွုလို႔မရေတာ့....ရင္တစ္ခုလုံးပူျခစ္လာကာ
အိမ္မက္ထဲကေန ေမာင္ထြက္လာနိုင္ဖို႔
ႀကိဳးစားေနေသာ္လည္း ထြက္မလာနိုင္.....။
အိပ္ရာထဲတြင္လူးလိမ့္ေနကာရင္ဘက္ေတြ
အဆမတန္ေအာင့္မ်က္လြန္းတာေၾကာင့္
လူပါေကြးထားရတဲ့အထိ.....။
ေၾကာက္စရာေကာင္းလိုက္တဲ့ခ်စ္ျခင္းေတြ.....။
ဘဝအဆက္ဆက္အစြဲအလန္းေတြ.....
သူၿပိဳင္၍နိုင္ပါ့မလား....။
သူဆိုင္သူေလးကိုအဘယ္မၽွ႐ူးေအာင္ခ်စ္ပါသည္
ဆိုအုန္း....ဒီလို ခ်စ္ျခင္းတရားကိုမ်ား
JeonJimin ေလးခံစားေတြ႕ရွိသြားရင္
ေသခ်ာေပါက္ကို မက္ေမာသြားခ်င္မွာပဲ.....။
မက္ေမာ အထင္ႀကီးစရာလည္းအဆုံးအထိ
ေကာင္းခဲ့ေသာ ေယာင္း အခ်စ္ေတြဟာ
ေမာင့္ကို တကိုယ္လုံးတုန္ရီလာတဲ့အထိ
အင္အားႀကီးမားလွပါသည္။
ဘာေၾကာင့္မွန္းမသိ....အလြန္အကၽြံတုန္လွုပ္လာကာ
ေမာင္မ်က္လုံးေတြမပြင့္နိုင္ေပမယ့္
လက္ကေလးေတြက ေဘးနားတြင္ ေအးခ်မ္းစြာ
အိပ္ေမာက်ေနေသာ ဆိုင္သူေလးကိုလိုက္စမ္းရင္း
အက်ီစေလးကိုမိတဲ့အခါ တင္းက်ပ္စြာဆုပ္ကိုင္
ထားသည္။
ေမာင့္ကို ေယာင္းက အိမ္မက္ေတြထဲကထြက္ခြင့္မျပဳခဲ့
ဘူး...။ငါဘယ္ေလာက္ခ်စ္ခဲ့လဲမင္းသိလား
မင္းထက္ အဆတစ္ရာ တစ္ေထာင္ တစ္သိန္း
ပိုခ်စ္နိုင္တယ္။
ေသတာေတာင္သူသတ္လို႔
ေပ်ာ္ေပ်ာ္ႀကီးေသခဲ့တဲ့အေၾကာင္း မျမင္ျမင္
ေအာင္ အထပ္ထပ္ျပေနသည္...။
ဒီခမ္းနားျခင္းေတြနဲ႔အခ်စ္ကိုသာေသေသခ်ာခ်ာ
ငါဖြင့္ဟလိုက္ သခင္ဟာ မင္းလိုသူ႔ကိုဒုကၡေတြႀကီး
ေပးခဲ့တဲ့ေကာင္ဆီက ေျပးထြက္လာမွာပဲ......။
စိတ္၏ေဆာင္ရာတြင္ ေယာင္းသည္ လွပစြာ
ဟားတိုက္ရီေနၿပီး...ေမာင္တကိုယ္လုံး
ေအးစက္လာကာ နိုးထလိုက္ခ်င္ေပမယ့္
ဘယ္လိုမွ လက္ရွိကိုလာ၍မရခဲ့ပါ......။
အက်ီစကို အတင္းအက်ပ္ဆြဲလာေသာ
ခံစားမွုေတြေၾကာင့္ဖ်က္ခနဲလန့္နိုးၿပီး
ၾကည့္မိလိုက္တဲ့အခါ ဆိုင္သူေလးသည္ခ်က္ခ်င္းထ
ထိုင္မိတဲ့အထိ လန့္သြားခဲ့သည္။
"ေမာင္!!!!! ေမာင္!!!!!"
ျပာႏွမ္းေနၿပီျဖစ္ေသာေမာင္ဟာ အသက္ရွုမရျဖစ္
ေနၿပီး ေခၽြးေတြထဲနစ္ေနသည္။
"ေမာင္.....!!!"
ဆြဲထူကာ လွုပ္ခတ္ႏွိုးလိုက္ၿပီး ေယာင္ယမ္းကာ
ဖက္ထားလိုက္ေတာ့မွ အသက္ရွူသံတစ္ခ်က္ၾကား
လိုက္ရကာ ပုခုံးေတြေပၚေမာင္ေပ်ာ့ေခြက်လာသည္။
"အသက္ရွုပါ....ကိုယ္ရွိေနၿပီ....
ဘာမွမျဖစ္ဘူး....ဘာမွမျဖစ္ေတာ့ပါဘူး
ကေလးရယ္...."
က်္ိုးေၾကမတတ္ဖက္ထားလာကာဆိုင္သူေလးဟာ
ထြက္ေျပးေတာ့မယ့္လူတစ္ေယာက္လို
ေမာင္ဟာ တုန္တုန္ရီရီျပဳမူသည္။
ေမာင့္ျပဳမူပုံသည္ ေမာင္ဟု ထုတ္ေခၚဖို႔
မလိုက္ဖက္ေတာ့တဲ့အထိ သိပ္ခ်စ္စရာေကာင္းေသာ
အေကာင္ေပါက္ေလးတစ္ေကာင္ သူ႔ကို
စြန့္ပစ္မွာစိုး၍ကုတ္ကတ္တြယ္တက္ေနသလိုမ်ိဳး...။
"အိမ္မက္ေတြျပန္မက္ေနတယ္ထင္တယ္...
ဘာမွမျဖစ္ဘူး...အိမ္မက္ကအိမ္မက္
သက္သက္ပဲေလ...ကိုယ္ရွိတယ္....ကိုယ္ရွိတယ္.."
စကားပင္မေျပာနိုင္ဘဲအလြန္ေမာပန္းလြန္းေသာ
ေမာင့္ကိုသူသိပ္စိုးရိမ္ကာ အိပ္ရာေပၚ
ခဏေလးထားခဲ့ၿပီး Dr SeokJin ကို
အကူအညီေတာင္းဖို႔ဖုန္းကိုအလုပ္စားပြဲဆီ
သြားယူတဲ့အထိေတာင္အက်ီစေလးကို
က်စ္က်စ္ပါေအာင္ဆြဲထားခဲ့ေသာသူ.... ။
"လိမၼာတယ္ေလ...JinHyungကို
ေခၚေပးမယ္....ကိုယ္ဘယ္မွမသြားဘူး
စိတ္ခ်ပါ...အလုပ္စားပြဲေလးတင္...
ေမာင့္ကို ခ်စ္တယ္....ေမာင့္ကိုအခ်စ္ဆုံးေနာ္...."
ေမာင္သည္ လုံးဝအိပ္ရာထဲကဘယ္ကိုမွ
ေပးမသြားခဲ့ပါ....။ေရႊ႕လို႔ပင္မရ..။
ရင္ခြင္ထဲထည့္သိမ္းဖက္ထားခဲ့ရသည္။
လုံးဝနိုးမလာနိုင္ေသးေသာေမာင္သည္
အိမ္မက္တဝက္လက္ရွိတဝက္ႏွင့္
အ႐ူးတစ္ေယာက္လို...။
အိမ္ကလူေတြကိုလွမ္းေခၚမွျဖစ္ေတာ့မည္....။
"ဒီေလာက္ငါေအာ္ေခၚေနရင္လည္း
အျမန္ဝင္လာမွေပါ့!!!!!!"
MD Park၏အဆိုးဆုံးမ်က္ႏွာဖုံးသည္
တုန္ရီေနေသာ ေမာင့္ကိုရင္ခြင္ထဲထည့္ထားရင္း
တစ္အိမ္လုံးကို အသက္ပင္ရဲရဲမရွုနိုင္ေအာင္
ေဒါသႀကီးစြာဆက္ဆံတတ္ျခင္းျဖစ္သည္။
ဒီအိမ္ရဲ့ သခင္မႀကီးထက္ ဆိုးပါေပ့ ေမာင့္ထက္
အဆေပါင္းမ်ားစြာပိုသာလြန္ခဲ့ေၾကာင္းထိုညက
သက္ေသပင္။
"Dr Seokjin ကို ဖုန္းဆက္ေပး
ေမာင္ ေနမေကာင္းဘူး....
အိမ္ေတာ္ထိန္းႀကီး ဘာလုပ္ေနတာလဲ!!!!!
ကၽြန္ေတာ္ ေျပာတာကို ဂ႐ုမစိုက္တာလား..."
"ေဒါက္တာက မနက္သုံးနာရီေတာ့လာလိမ့္မယ္
မထင္ဘူး အကိုေလး သခင္ေလး
ဒီလိုျဖစ္တိုင္း ေသာက္ေနက်ေဆးေတြကၽြန္ေတာ္
သိပါတယ္...ေသာက္လိုက္ရင္သက္သာသြားမွာပါ
ဒီလိုမ်ိဳးေတြ က ခဏခဏ ျဖစ္တတ္ပါတယ္..."
"ဒီလိုမ်ိဳး ခဏခဏ ျဖစ္တိုင္း ဒီကေလးကို
စိတ္ၿငိမ္ေဆးေတြ အိပ္ေဆးေတြ အတင္းတိုက္
အိပ္ခိုင္းတာ အေျဖမွမဟုတ္တာ
လူယုတ္မာေတြ!!!!!"
"အကိုေလး.....!"
"မိုးလင္းတာနဲ႔ ငါတစ္ေယာက္မွအိမ္မွာမထားဘူး
အကုန္လုံးကို ႏွင္ထုတ္မယ္
ခုညထဲက အထုတ္ျပင္ထားၾက!!!!"
အနားမွာရွိေသာေခါင္းအုံးျဖင့္လိုက္ေပါက္
တာေၾကာင့္ ေရွာင္ရေသးသည္။
ဒါေတာင္ သခင္ေလးကို သူဖက္ထားရလို႔
လြတ္လြတ္လပ္လပ္သာဆိုဓားနဲ႔ေျပးခုတ္ေလာက္သည္။
ေဒါသကုမၼရ အကိုေလးသည္ တစ္အိမ္လုံးကို
မ်က္ေထာင့္နီနီျဖင့္ ပတ္ရမ္းေနတုန္းမွာပဲ
ေမာင္ သည္ အသက္ရွုသံေတြျပန္မွန္လာကာ
အသားေတြျပန္ေႏြးလာသည္။
MD Parkကႏွဖူးေလးေတြ လည္ပင္းေလးေတြကို
တခုခ်င္းစမ္းရင္း ကေလးေပါက္စေလးလို
ျပန္ေခ်ာ့သိပ္ေနျပန္သည္။
"ဘာၾကည့္ေနတာလဲ အခန္းထဲကခုထြက္
ေျခသံတစ္သံမွ ငါမၾကားခ်င္ဘူး....
ၾကားလို႔ ျပန္နိုးသြားရင္ နင္တို႔အကုန္ဒီညအေသပဲ..."
တျခားသူေတြေျခသံဖြဖြနင္းကာေျပးသြားၾက
ေပမယ့္ အိမ္ေတာ္ထိန္းႀကီးကေတာ့မသြားေသး။
"အိမ္ေတာ္ထိန္းႀကီးက ဘာကိစၥက်န္ေနတာလဲ
ကၽြန္ေတာ့္ ေအာ္သံ ကို ၾကားခ်င္ျပန္ၿပီနဲ႔တူတယ္"
အိမ္ေတာ္ထိန္းႀကီးသည္ အိပ္ရာနားအထိေလၽွာက္
လွမ္းလာၿပီးေနာက္ ဆိုင္သူေလးရဲ့
လက္ကေလးႏွစ္ဖက္ကိုဆြဲကိုင္လၽွက္
ေဆြးေျမ့ေနေသာအၾကည့္ေတြျဖင့္ၾကည့္လာသည္။
ဆိုင္သူေလးကေတာ့ ဆူပုတ္ပုတ္
"သူ႔ဘဝမွာ....ဒီလိုရင္ခြင္ေလးကို
လူမွန္းသိတတ္စထဲက ေပးရမယ့္သူေတြက
မေပးခဲ့ေတာ့ သိပ္ေမၽွာ္လင့္ခဲ့ရွာတဲ့ကေလးေလးပါ
ေနာက္တစ္ခါ ဆရာဝန္ေခၚစရာမလိုပါဘူး
အကိုေလး...အကိုေလးက ဒီကေလးဆိုးေလးရဲ့
ေဆးလုံးေလးပါပဲ....
ေက်းဇူးတင္ပါတယ္...ကၽြန္ေတာ့္သားေလးလို
ျပဳစုေပးခဲ့ရတဲ့သူမို႔ ဒီေလာက္အထိအခ်စ္ခံရတာ
ကိုျမင္ရေတာ့ ကၽြန္ေတာ္ ငိုခ်င္လာမိတယ္...
ကၽြန္ေတာ္ စိတ္ခ်လက္ခ် အပ္ပါတယ္ေနာ္..."
"အင္း......"
သခင္ေလး၏ေက်ာျပင္ေလးကို ဖြဖြေလးပုတ္ေပး
ေနရင္းက ေဒါသမၿငိမ္းေသးေသာ
ပူပန္မွုေတြမကင္းေသးေသာ အင္းကိုခ်သည္။
ထို႔ေနာက္သခင္ေလးကိုေနရာျပန္ခ်ကာ
ေစာင္ျပန္ျခဳံေပးေနသည္။
သိပ္အႏုအရြလူလည္းမဟုတ္ေတာ့ အင္း ကပင္
ေက်းဇူးတင္စရာမို႔ အိမ္ေတာ္ထိန္းႀကီး
တစ္ခ်က္ျပဳံးကာ အခန္းျပင္ျပန္ထြက္လာခဲ့သည္။
ေမာင့္ကို အိမ္မက္ဆိုးေတြကိုကာကြယ္ေပးတဲ့
အေဆာင္ေလးဝယ္ေပးရမည္....။
ခုရက္ပိုင္းေတြ....စိတ္ေတြသိပ္ပင္ပန္းေနရွာတာပဲ...။
ေမာင့္ပါးေလးေတြကို အႀကိမ္ေပါင္းမ်ားစြာ
ဖိကပ္နမ္းရင္း...သူအိပ္ေပ်ာ္သြားလို႔
ထပ္မံအသက္ရွူက်ပ္ေနအုန္းမွာစိုး၍
ဆိုင္သူေလးက မိုးလင္းသြားတဲ့အထိမအိပ္ခဲ့ေတာ့...။
သိပ္ခ်စ္ရေသာ ေမာင့္ပါးျပင္ေပၚကေသြးေၾကာစိမ္းစိမ္း
ေလးေတြသည္မည္သို႔နည္းဟန္ ႏွင့္လည္ပတ္စီးဆင္း
ေနသလဲဆိုတာ အေျဖထိုင္ထုတ္ေနခဲ့သည္....။
...................................။
1 week Later....။
Hoseok ရဲ့ေမြးေန႔ပါတီေန႔...။
Hotel တစ္ခုရဲ့ ျမက္ခင္းျပင္ခပ္က်ယ္က်ယ္တစ္ခု
ကိုငွါးကာ Hoseokက ဒီႏွစ္ရဲ့ေမြးေန႔ကိုေတာ့
Special Planေတြနဲ႔ ရွယ္စီစဥ္ခဲ့သည္။
ရွိရွိသမၽွေသာ အေပါင္းအသင္းအားလုံးကိုဖိတ္ကာ
အေကာင္းစားအရက္ေတြနဲ႔ အလၽွံအပယ္
မူးၾကဖို႔ရည္ရြယ္ခဲ့သည္။
"မသြားခ်င္လည္းမသြားနဲ႔ေလ....
ေမာင္ ခုတေလာ ေနလည္းေကာင္းတာမဟုတ္ဘဲ..."
အဆိုးတကာ့အဆိုးဆုံးအိမ္မက္မက္ၿပီးထဲက
ေမာင္ဟာ ခႏၶာကိုယ္ရဲ့အေျခအေနလည္း
မေကာင္းသလို စိတ္အေျခအေနလည္းမေကာင္းေနပါ။
ေမာင့္စိတ္ေတြသည္ တစ္ခုခုကိုေၾကာက္လန့္ေနသလို
တစ္ခါတေလက်ေတာ့လည္းအားလုံးကိုအစေဖ်ာက္
ပစ္လိုက္ခ်င္သလိုလို....။
ဒါေပမယ့္ JinHyungအျမဲတမ္းတရားခ်သလိုပဲ
ဒါကလက္ေတြ႕ဘဝ အိမ္မက္ကအိမ္မက္သက္သက္မို႔
ေမာင္ သည္ စိတ္ထဲေတာ့ အလြန္အၾကဴးမထည့္ထား
ခဲ့ပါ....။အတိအက်လည္းနိုးလာတဲ့အခါမွတ္မိမေနေတာ့
ဝိုးတိုးဝါးတားေတြပါပဲ...။
Jimin တုန္းကလည္းေစာေစာစီးစီးခ်စ္ရမယ့္ဟာ
ဒီေလထဲက ပုံရိပ္ေယာင္ေတြေၾကာင့္ရက္ရက္စက္စက္
ေတြလုပ္မိခဲ့ေသးသည္။
.Romေျပာတာေတြကိုစိတ္စြဲၿပီး.သူစိတ္႐ူးေပါက္ၿပီး
ေလၽွာက္ျမင္မက္ေနတာလည္းျဖစ္နိုင္သည္။
အဲ့ဒီအခ်ိန္အထိေတာင္ ေမာင္သည္ ႐ူးေလာက္
ေအာင္ အသက္ရွုက်ပ္ခဲ့အုန္း ယုံၾကည္ေနပါေသးသည္။
အိမ္မက္ကအိမ္မက္ပါပဲေလ။
ဘယ္မွမသြားဘဲအိပ္ရာထဲပဲေခြေခါက္ေနေသာ
ေမာင့္အေျခအေနမေကာင္းတာေၾကာင့္
ဆိုင္သူေလးကလည္းဘယ္မွမသြားအနားမွာေနေပးသည္။
ေမာင္အနည္းငယ္ေတာ့စိတ္ခ်မ္းသာရပါသည္။
ဒါေပမယ့္လည္းေလRomဆီကစကားေတြၾကားပီးထဲက
ဆိုင္သူေလးရဲ့ အျပဳအမူတခ်ိဳ႕က တမ်ိဳးျဖစ္ေနထဲက
အိမ္မက္ဆိုးမက္ၿပီးထဲက ဘာေၾကာင့္လို႔အေၾကာင္းမျပ
နိုင္ေပမယ့္ေမာင္သည္ ျဖစ္နိုင္ရင္ မီးေတာင္ေလးကို
သိမ္းထားခ်င္ေနၿပီ....။
တစ္ေယာက္ေယာက္ကမ်ား
ထိသြား ေတြ႕သြားရင္ သူေသမွာသူကိုယ္တိုင္
သိေနလို႔...မသိမသာ လွိုက္႐ူးေနရေသာအျဖစ္ေတြ။
"Hoseokက မိတ္ေဆြအရင္းႀကီးေလ....
အခ်စ္ဆုံးေလးရယ္..."
JungHoseokေမြးေန႔ကိုေမာင္ကေခၚေနသည္။
လက္ထပ္ၿပီးထဲကလက္ခ်ိတ္ကာပြဲအတူတူမတက္ဖူးေသး။ဒါသည္ ပထမဆုံးမို႔ေမာင္ကေလးေလးနက္နက္
ေခၚသည္။ဒါေပမယ့္ JungHoseokမ်က္ႏွာကို
ၾကည့္ရင္သူလိပ္ျပာလုံမွာမဟုတ္။
JungHoseokဆိုတာနဲ႔ ဒုတိယေသာဒုကၡေကာင္ေလးက
မဲ့ျပဳံးေတြနဲ႔ ရွိေနမွာပဲ...။
လူစုံတက္စုံႏွင့္ ေမာင့္စိတ္အေျခအေနနဲ႔
တခုခုမ်ားလြဲၾကည့္ ဆက္မေတြးခ်င္ေတာ့ေအာင္
စိတ္ပ်က္စရာေတြႀကီးျဖစ္ေနသည္။
"ေမာင့္ကို စိုးရိမ္တာပါ....ေမာင္ပိန္သြားေတာ့
စိတ္ေတြထဲအဆင္မေျပလို႔ေလ...
မျဖစ္မေနမွမဟုတ္တာပဲ ေမြးေန႔လက္ေဆာင္
ေကာင္းေကာင္းေလးဝယ္ေပးလိုက္ရင္ၿပီးတာပဲကို..."
စသြားမယ္ဆိုထဲက တအီအီႏွင့္မတားရဲတားရဲ
တားေနေသာ MD ေလးသည္ အကုန္ျပင္ဆင္ၿပီး
Driver ကားထုတ္တာကိုေစာင့္တဲ့အထိ
တားေနတုန္းပဲ....။
သူဘာျဖစ္ေနတာလဲ...။သိလည္းကၽြန္ေတာ့္ကို
ရွင္းျပၾကပါအုန္း.....။
"JeonJimin....စကားေတြမ်ားလိုက္တာ
ဖက္နမ္းလိုက္ရင္ အလွေတြပ်က္ကုန္ေတာ့မယ္
ေမာင္က သြားမယ္ဆိုသြားမယ္ေပါ့...."
"ေမာင္က သိပ္ အနိုင္က်င့္တာပဲ....
သူေနမေကာင္းေတာ့ ဒီက ညေတြေတာင္
မအိပ္ဘဲေစာင့္ရတာ ပင္ပန္းလို႔ဟာ...."
"ပါတီတက္တာ အားမကုန္ဘူး
အား လို ရင္ ေမာင္ မၽွေဝေပးမယ္....
လာ ရင္ခြင္ထဲကို....."
"ေျပာစကားနားမေထာင္ရင္....
ဘယ္ထဲမွမဝင္ခ်င္ဘူး...."
"ဖ်စ္ညႇစ္ပစ္လိုက္ရရင္လည္း JeonJungkook
တို႔ၾကမ္းလြန္းတယ္အေဝဖန္ခံရအုန္းမယ္
မင္းကိုက ေမာင္မ႐ူး႐ူးေအာင္ေနတတ္လြန္းတာ...
မခ်စ္ခ်စ္လာေအာင္ လုပ္ယူနိုင္လြန္းတာ..."
ဆိုင္သူေလး၏မဆိုသေလာက္ဆူလာေသာႏွုတ္ခမ္းတို႔ေၾကာင့္ေမာင္က ေျပာေနရင္းတစ္အိမ္လုံးကို မ်က္ေစာင္း
တခ်ိဴ႕ျဖင့္ သိမ္းက်ဳံးၾကည့္သည္။
စာမ်က္ႏွာေပါင္းစုံ မ်က္ႏွာ၁၆မ်က္ႏွာမကေသာ
ParkJimin ရဲ့ အနိမ့္အျမင့္ ႐ုပ္ေျပာင္း႐ုပ္လႊဲ
အရည္အခ်င္းကို တစ္အိမ္လုံးကကံဆိုးစြာ
ေမ်ာေနၾကသည္။ အလုပ္လုပ္လက္စလူေတြလည္း
သတိလက္လြတ္ေငးေနမိၾကသည္။
ေမာင္သည္ အားလုံးကို ေခါင္းတညိတ္ညိတ္
ျဖင့္ ၾကည့္ကာ ေၾကာက္စရာေကာင္းေသာ
ဟန္ေဆာင္ျပဳံးႀကီးျဖင့္
"ေသခ်င္ေနၾကတာလား....."
ထိုအခါမွ သတိျပန္ဝင္လာကာ ကိုယ္စီကိုယ္ငွ
ဟိုေျပးဒီေျပးႏွင့္။
"ႏွုတ္ခမ္းက ဆူထြက္မလာနဲ႔...
အရက္နဲ႔ ျမည္းပစ္လိုက္မယ္...လာသြားမယ္
ကားေရာက္ပီ...."
ႏူးႏူးညံ့ညံ့ကိုင္တြယ္ရင္ ပိုလိုက္ဖက္သြားမွာ
စိုးလို႔ေမာင္က ခါးကေနဆြဲဖက္ကာသက္မဲ့
အ႐ုပ္ကေလးကိုဆြဲမသြားသလိုမ်ိဳး
လက္တစ္ဖက္ထဲႏွင့္ကားဆီ မသြားခဲ့သည္။
MD ေလး စိတ္သိပ္ရွုပ္ပါ၏......
ညသည္လထိန္ထိန္သာလၽွက္ရွိသည္....။
ေအာင္ျမင္ေသာတက္တူးArtistမို႔အေပါင္းအသင္း
အသိမိတ္ေဆြလည္းေပါမ်ားကာအလြန္စည္ကား
ေသာေမြးေန႔ပါတီတစ္ခု.....။
ရာသီဥတုအေျခအေနေလးကလည္းသာယာေနကာ
စားေသာက္ဖြယ္ရာမ်ား အစုံအလင္ႏွင့္.....။
ေမာင္သည္ သူ႔ပုံစံအတိုင္း နက္ေမွာင္ေနေသာ
Leather ဂ်ာကင္ႏွင့္ ေခါင္းစေျခဆုံးမွိုင္းျပေနသည္။
ဆိုင္သူေလးကေတာ့ အေရာင္ႏုႏုShirt အက်ီေလး
ျဖင့္ ေခါင္းစေျခဆုံး ႏုဖက္ႂကြရြေနသည္။
ပါတီထဲကိုအတူတူတြဲဝင္လာေတာ့အားလုံးက
စပ္စပ္စုစုေငးၾကည့္ရင္း ေဝဖန္မွုေပါင္းစုံျဖင့္။
"ေဂ်...ေရာက္ၿပီလား...."
Hoseok သည္ေမာင့္ကိုေပြ႕ဖက္ႏွုတ္ဆက္ကာ
ေဘးနားက MD ကိုျမင္ေတာ့မ်က္ခုံးတန္းေတြ
ျမင့္သြားသည္။ေဂ်ေခၚလာလိမ့္မယ္လို႔လည္း
မထင္ခဲ့တာမို႔ ျပဳံးျပ႐ုံသာႏွုတ္ဆက္လိုက္သည္။
MDParkကလည္း ဝတ္ေက်တန္းေက်ျပန္ျပဳံးျပကာ
မ်က္လုံးေတြလႊဲထားသည္။
တပြဲလုံးမ်က္လုံးေတြလည္ပတ္ရွာေဖြလိုက္ေတာ့
KimTaeHyung ကိုမေတြ႕....။
ကံေကာင္းျခင္းပဲဟုေတြးလိုက္ကာခုမွစိတ္ေအးရသည္။
ဒီေကာင္ေလးက အေၾကာက္အလန့္မရွိတာမို႔
ေမာင္နဲ႔ သုံးေယာက္ဆုံလို႔ကိုမျဖစ္ပါ။
"Romတို႔လည္းေရာက္ေနတယ္ေဂ်....
အဲ့ဝိုင္းမွာပဲအတူတူထိုင္လိုက္ေလ..."
"အင္း...."
စည္ကားလြန္းေသာပါတီပြဲၾကားHoseokေခၚေဆာင္
ရာလိုက္ခဲ့ကာေမာင္ သူငယ္ခ်င္းေတြစုံစုံလင္လင္
ထိုင္ေနၾကေသာဝိုင္းဆီသို႔ေရာက္သြားခဲ့သည္။
Romသည္ေမာင့္ကိုစကားမေျပာပါ..။
တစ္ခ်က္သာၾကည့္ၿပီး တျခားသူေတြနဲ႔ရီေမာ
ေပ်ာ္ရႊင္ေနသည္။
ေမာင့္မ်က္ႏွာကြက္ခနဲပ်က္သြားသည္။
Jimin စိတ္ထဲေထာင္းခနဲ....။
သူကမ်ား ကေလးကလားစိတ္ေကာက္ေနရတယ္လို႔။
Romကိုေမာင္က ပုခုံးေတြကိုဖက္ထားကာ
အရက္စပ္ေပးၿပီး ေျပလည္ရာေျပလည္ေၾကာင္း
ျပန္ညႇိယူသည္။ Romသည္ ခုထိကို ေဂ် ကလက္မခံ
ေခါင္းမညိတ္ KimTaeHyung ကိုဇြတ္ရိုးသားေနပါတယ္
ဆိုတဲ့အသြားအလာေတြျမင္ေနရတာေၾကာင့္
မေခၚခ်င္ သူေျပာတာကိုမယုံတာေလာက္အသဲနာတာ
မရွိ...။
"Rom ကလည္း....မင္းငါ့ကိုမေခၚေတာ့
ငါ့မွာ အဓိပၸာယ္မရွိေတာ့သလိုပဲ
ငါျပန္ေခ်ာ့ပါတယ္ကြာ...."
"ေနပါကြာ....မင္းတကယ္ယုံၿပီး
တကယ္ခင္တဲ့ေကာင္နဲ႔ပဲေန...ငါအေပၚယံေတြ
မႀကိဳက္ဘူး Jungkook..."
"ဖဲေႂကြးေတြ မဆပ္နဲ႔ေတာ့ကြာ...
အကုန္ ေလၽွာ္လိုက္ၿပီ...."
"ဆပ္မယ္ ေဟ့ေကာင္ သံသရာေႂကြးမပါခ်င္ဘူး..."
"Rom....ကေလးေတြလည္းမဟုတ္ဘဲနဲ႔
မင္းနဲ႔ရန္ျဖစ္ၿပီး ေမာင္ ဘယ္ေလာက္စိတ္ညစ္ေန
ခဲ့ရလဲသိလား....ျပန္ညႇိယူေနတာပဲ
ဘာလို႔ ကန့္လန့္ေျပာေနတာလဲ......"
MD Parkသည္ သူပဲအေခ်ာ့ခံခ်င္ပုံရပါသည္။
အရက္ခြက္ေဆာင့္ခ်ကာ ထေျပာေတာ့
Romစိတ္တိုသြားသည္။
"ဟ...ဒါကၽြန္ေတာ္တို႔သူငယ္ခ်င္းေတြၾကားက
Caseပါ MD Parkနဲ႔ ဘာဆိုင္လဲ...."
"ေမာင္ အေလၽွာ့ေပးေနတဲ့ဟာ မင္းကဘာလို႔
မူေနတာလဲ...လူေတြၾကားထဲဒီေလာက္
ႀကီးေျပာေနတာေတာင္...."
"ကၽြန္ေတာ္ နဲ႔ေဂ်ကMDParkနဲ႔မညားခင္ထဲက
အရင္အတူတူေနခဲ့ရတဲ့သူေတြပါ...
ဘယ္လိုေျပာေျပာေပါ့.."
"ဘာစကားလဲ!!!!ေမာင္ !!!"
"Rom စကားကိုဘယ္လိုေတြေျပာေနတာလဲ...."
"ေအးေလ မင္းနဲ႔ငါက မင္းParkJimin ကို
မေတြ႕ခင္ KimTaeHyung ဆိုတာမရွိခင္ထဲက
ဆိုးတူးေကာင္းဘက္ေလ ..မဟုတ္ဘူးလား..."
Romသည္ ဘာဘာညာညာမေတြးေတာ့
ရွိသမၽွအကုန္ဆြဲထည့္ကာေပါက္ကြဲေတာ့သည္။
"အဲ့ေလာက္ရင္းႏွီးေနၾကလည္း
ေမာင္ သူ နဲ႔ပဲ ေနခ်င္ေနလိုက္ေတာ့....
ကိုယ္ ျပန္ၿပီ...."
"မဟုတ္တာ မဟုတ္တာ...အခ်စ္ကအခ်စ္ပါ
မျပန္လိုက္ပါနဲ႔ ဒီေကာင့္ကိုေမာင္မေခ်ာ့ေတာ့ဘူး
သြား ေဟ့ ေကာင္...မင္းဒိုးလိုက္ေတာ့Rom.."
ေမာင္သည္ Romကို မ်က္လုံးေလးတစ္ဖက္
မွိတ္ျပေတာ့ Romက ေပၚေပၚတင္တင္ကိုလက္ခလည္
ေထာင္ျပလိုက္သည္။ေမာင္သည္ တဟားဟားရီေမာ
လၽွက္.....။
သူငယ္ခ်င္းေတြဆဲၿပီဆို အစစ္အမွန္ေသာ
ၿငိမ္းခ်မ္းေရးျဖစ္ပါသည္။
အရက္ ဘီယာ ဝိုင္အစုံျဖင့္ စားစရာမ်ားအစုံအလင္
စားေသာက္ၾကရင္း ကတဲ့လူေတြကေနၾကကာ
ေမြးေန႔ရွင္က မိုက္ကိုင္လၽွက္ သီခ်င္းေအာ္ဆိုေနသည္။
မမူးတဲ့သူမရွိေတာ့....။
ေမာင္တို႔ လူဆိုးအဖြဲ႕သည္လည္း အၿပိဳင္အဆိုင္
ေသာက္ၾကရင္းမူးလာၾကကာ ဆိုင္သူေလး
ကေတာ့မူးေသာ္လည္းသိပ္ေတာ့႐ုပ္ပ်က္ဆင္းပ်က္
မျဖစ္ ပါးေလးႏွစ္ဖက္ကေတာ့နီေဆြးေနၿပီ။
"ေမာင့္အသဲေလး....မူးေနၿပီလား..."
"ဘယ္မွာမူးလို႔လဲ...ေမာင္ပဲမူးေနတာ..."
"ဒါမူးတယ္မေခၚပါဘူးကြာ....."
"ေမာင့္ေယာက်္ားJeonJimin ေနာ္
အသဲေလးေတြ အသက္ေလးေတြနဲ႔မူးရင္
လူေတြမွားၿပီ...."
"မရွုပ္ေတာ့တာၾကလွ...သိပ္ခ်စ္လို႔ေခၚတာဗ်ာ...
ေမာင့္အသဲႏွလုံးေသးေသးလွလွေလး..."
"ေတာ္ပါေတာ့..."
"စိတ္ေတြမခ်ဘူးသိလား...မူးေနတာေတာင္
လက္ကေလးေတြကိုေတာ့လႊတ္ေပးလိုက္ဖို႔
ေမာင္မေမ့ဘူး ေမာင့္နားမွာပဲေနေနာ္
ေမာင့္ကိုပဲခ်စ္ ေမာင့္ကို နမ္း...."
"JeonJungkook!!!!!သြား အိမ္ျပန္စမ္း!!!!"
ေမာင္သည္ တကယ္ကိုပဲ လက္တစ္ဖက္ကို
မလႊတ္စတမ္းကိုင္ဆြဲထားသည္။
သူေပ်ာ္စရာရွိတာ သူေသာက္စရာရွိတာ
ေသာက္ေနလည္း လူေတြမ်ားလြန္းေတာ့
စိတ္မခ်နိုင္ခဲ့....။
အစားေတြစုံၿပီး ေသာက္တာလည္းမ်ားသြားေတာ့
မအီမလည္ျဖစ္လာကာ အန္ခ်င္လာတာမို႔
Jimin ေနလို႔ရသမၽွေတာ့ေနၾကည့္ေသးသည္။
"ေမာင္...ကိုယ္ Toilet ခဏေလးသြား
အုန္းမယ္....ငါးမိနစ္ပဲျပန္လာခဲ့မယ္...."
"ေမာင္ လိုက္မယ္....."
"လူေတြရီေနၿပီ ဘယ္လိုျဖစ္ေနတာလဲ
ကိုယ္မိန္းကေလးလည္းမဟုတ္ဘူး
အိမ္သာသြားတာေတာင္....."
"ငါးမိနစ္ပဲေနာ္......"
"အင္းပါ.....ေမာင့္သူငယ္ခ်င္းေတြဟားေနၿပီ
ကေလးလိုလိုလုပ္မေနစမ္းနဲ႔...."
"ထားသြားမွာစိုးလို႔ပါ အခ်စ္ရယ္....."
"Jeon JungKook!!!!!!ေရ..အိမ္သာသြားတာပါကြာ"
မဟုတ္ဘူး...။ဘယ္သူမွမသိပါဘူး...။
သူစိတ္မခ်ေနတဲ့ခံစားခ်က္ေတြကို...
စိတ္ေတြေလးလံလြန္းလို႔ ေၾကာက္လန့္ေနလြန္းလို႔ပါ။
နားမလည္ၾကဘဲ ဒီလူေတြ....။
ဆိုင္သူေလးသည္ ဆံပင္ေတြကိုထိုးဖြရင္း
Toilet ထဲဝင္ကာ အဆင္ေျပေအာင္အန္စရာ
ရွိတာအန္လိုက္သည္။
မ်က္ႏွာေတြဘာေတြပါသစ္ၿပီးေနာက္
အက်ီေတြကိုေသခ်ာပုံခ်ကာ ေမာင့္ဆီျပန္ရန္
Toiletထဲက ျပန္ထြက္လာလိုက္သည္။
ေပ်ာ္ရႊင္စရာပါတီပြဲထဲကိုျပန္ဝင္ဆင္ႏႊဲရန္ျမက္ခင္းေပၚ
ေျခတစ္လွမ္းျပန္အခ် တစ္ကိုယ္လုံးေလေပၚ
ေျမာက္တက္သြားေတာ့သည္။
"ဘာလုပ္တာလဲ!!!!!!"
ေပြ႕ခ်ီခံလိုက္ရတာမို႔လန့္ဖ်န့္ကာအက်ယ္ႀကီး
ထေအာ္လိုက္မိသည္။
လုံးဝအေမွာင္ရိပ္ထဲသို႔ေခၚလာခံလိုက္ရတာ
ေၾကာင့္Jimin သည္ ျဖစ္ခ်င္ရာျဖစ္ေပြ႕ခ်ီခံထား
ေသာၾကားထဲက မရရေအာင္႐ုန္းကန္ထြက္သည္။
"ဘာေကာင္လဲ!!!!မင္းဘာေကာင္လဲ
ငါ့ကိုလႊတ္ေပးစမ္း!!!!!"
"ေယာင္း....ကၽြန္ေတာ္ ခင္ဗ်ားရဲ့ ေယာင္း...."
ခႏၶာကိုယ္အရြယ္အစားခ်င္းသိပ္မကြာလွတာ
မို႔Jiminသည္လက္ေတြၾကားထဲက
လြတ္ေျမာက္သြားခဲ့ကာ Maskတပ္ထားေသာ
မ်က္ႏွာကို စိတ္ျမန္လက္ျမန္ ဖ်က္ခနဲရိုက္ခ်လိုက္သည္။
ဆံပင္အျပာေတြလြင့္ခနဲ...။ပူထူသြားေသာ
ပါးသည္နာသည္ေတာ့မဟုတ္...။
လူစိမ္းႏွစ္ေယာက္ထပ္ေရာက္လာကာ
Jimin ကို ဆြဲေခၚသြားတာေၾကာင့္ ဒါသည္
KimTaeHyung လက္ထဲကလို အလြယ္တကူ
႐ုန္းကန္၍မလြယ္ေတာ့...။
ပါးစပ္ေတြကိုပါပိတ္ကာ အင္အားသုံးလၽွက္
ေမွာင္ရိပ္ေတြကိုအခြင့္ေကာင္းယူကာ
ၿပိဳင္ကားအျဖဴစြတ္စြတ္ေလးဆီဆြဲေခၚသြားၾကသည္။
ကားတံခါးဖြင့္ကာJimin ကိုတြန္းထည့္လိုက္ၿပီး
TaeHyungစက္ႏွိုးလိုက္ကာ အရွိန္ကုန္
ေမာင္းထြက္သြားသည္။
"အ႐ူးေကာင္!!!!ေသခ်င္ေနတာလား...ရပ္စမ္း!!"
"မေသခ်င္ရင္....ပါးစပ္ပိတ္ၿပီး
ၿငိမ္ၿငိမ္ေန....ကၽြန္ေတာ္မလုပ္ရဲတာ
ဘာတစ္ခုမွမရွိဘူး ParkJimin..."
"ေသလိုက္ပါလား....ကားကိုရပ္စမ္း!!!!"
Jimin သည္ေအာ္သာငိုလိုက္ခ်င္ပါသည္။
ေမာင္းေနေသာအရွိန္သည္ ေမာင္..ေမာင္းတာထက္
ႏွစ္ဆေလာက္အထိ ပိုျမန္ေနကာ ေၾကာက္လည္း
ေၾကာက္ေဒါသလည္းထြက္သည္။
ဒီေကာင္ေလးကို ဘာလို႔မ်ားေလၽွာ့တြက္မိခဲ့တာလဲ။
"ဘာလို႔လဲ ဘာလို႔ငါ့ကိုေခၚလာတာလဲ..
ဘယ္ကိုသြားေနတာလဲ...!!!."
"ပါးစပ္ပိတ္ထား!!!!"
"KimTaeHyung!!!!!"
လမ္းေကြ႕တစ္ခုကိုေကြ႕ခ်လိုက္ပုံသည္
႐ုပ္ရွင္ဇာတ္ကားေတြထဲကလိုမ်ိဳး
အသဲထဲေအးခနဲ...Jimin သည္အသက္ပင္
မရွုနိုင္ခဲ့...။
TaeHyung သည္ လီဗာကိုထပ္နင္းလၽွက္
Maskတပ္ထားေသာမ်က္လုံးေတြသည္
စူးရွေနသည္။
ၿမိဳ႕ျပင္တေနရာ
ေရာက္တဲ့အခါ ကားရပ္သြားသည္။
ကားတံခါးဆြဲဖြင့္ကာ Jimin ကိုဆြဲေခၚေတာ့
လက္ေတြ ေျခေထာက္ေတြသည္ ရင္ဘက္ေတြ
မ်က္ႏွာေတြဆီ တဘုန္းဘုန္း...။
အားကုန္သုံးဆြဲထုတ္ၿပီး ၿခံဝန္းမက်ဥ္းမက်ယ္
ႏွင့္ အိမ္ထဲသို႔ ေခၚလာခဲ့သည္။
အိပ္ခန္းဆီဆြဲေခၚလာခဲ့ကာအိပ္ရာေပၚပစ္တင္
ၿပီးတဲ့ေနာက္ အခန္းတံခါးကိုပိတ္ခ်လိုက္သည္။
Jimin သည္အိပ္ရာေပၚေျပးဆင္းလာကာ
လက္သီးတဖက္သည္ မ်က္ႏွာဆီသို႔
တန္းတန္းမတ္မတ္။TaeHyung သည္
ဖမ္းယူလိုက္ကာ ခါးကေနသိမ္းဖက္ထားလိုက္သည္။
"ဘာလုပ္ခဲ့တာလဲ ငါ့ကို....ပါတီမွာ
ေမာင္ရွိတယ္....အ႐ူးရဲ့....!!!"
"သိတယ္.....ကၽြန္ေတာ္သိပါတယ္....."
"မိုက္႐ူးရဲဆန္လိုက္တာ...မင္း....."
"တစ္ပတ္လုံးလုံး ဘယ္ေတြေပ်ာက္ေနတာလဲ
ဘာေတြလုပ္ေနခဲ့တာလဲ ကၽြန္ေတာ္ခင္ဗ်ား
Company ေတြေရာ ခင္ဗ်ား သြားတတ္တဲ့ေနရာ
ေတြေရာကို လိုက္ရွာခဲ့တယ္....
သတိရေနတာ....လြမ္းေနခဲ့လို႔ပါ....."
"သတိရတာနဲ႔....မင္းဒီလို လုပ္စရာလား.."
"ဒီလိုမလုပ္လို႔ Jeon JungKookက
ခင္ဗ်ားနားကခြါတဲ့အခ်ိန္ ခင္ဗ်ားလက္ေတြကို
လႊတ္တဲ့အခ်ိန္ရွိလို႔လား....ဒီလိုမွမလုပ္ရင္
ဘယ္လိုလုပ္ရမလဲ ေျဖေပးပါအုန္း...."
ေမာင့္ လိုပဲ.....။မ်ိဳးရိုးတူေသာစိတ္မထိန္းခ်ဴပ္
နိုင္ျခင္းေရာဂါရဲ့ မ်က္လုံးေတြသည္
TaeHyungဆီမွာလည္းေတြ႕ေနရသည္။
ဒါေၾကာင့္အေကာင္းအဆိုး အေၾကာင္းအက်ိဴး
မသိ သူစိတ္ေစရာသူလုပ္ခဲ့တာ...။
"သူကငါလက္ထပ္ထားတဲ့ေယာက်္ားပဲ
ငါ့အနားေနတာမွားေနလို႔လား!!"
"မေျပာနဲ႔!!!"
နံရံဆီတြန္းကပ္ကာ ထယ္က Jimin
ႏွုတ္ခမ္းနားေတြအထိကပ္လာခဲ့သည္။
"မရိုင္းစိုင္းနဲ႔ေနာ္ KimTaeHyung..."
TaeHyungသည္ ဆိုင္သူေလး၏
ေဒါသေတြနဲ႔နီရဲေနေသာမ်က္ႏွာလွလွေလးအား
ေၾကေၾကကြဲကြဲစိုက္ၾကည့္ေနရင္းမ်က္ရည္ေပါက္
ႀကီးငယ္က်လာခဲ့သည္။
"ကၽြန္ေတာ္ခ်စ္လို႔ပါ...သခင္ရယ္...."
Jimin၏မ်က္လုံးေလးေတြဝိုင္းသြားခဲ့သည္။
အံ့ဩမွင္သက္မွုနဲ႔အတူ ၿပီးခဲ့ေသာေန႔ေတြအထိ
TaeHyungသည္ေပ်ာ့ပ်က္ပ်က္ႏွင့္
သပ္သပ္ေႏွာက္ယွက္ခ်င္တာဟုထင္ခဲ့ေပမယ့္
လက္ရွိTaeHyungမ်က္လုံးေတြသည္ေလးနက္တာ
ထက္ပိုသာလြန္ကာ နက္နဲလြန္းလွပါသည္။
ဒီမ်က္ရည္ေတြနဲ႔ မ်က္လုံးေတြကို
တေနရာရာမွာတထပ္ထဲျမင္ဖူးေနသလိုမ်ိဳး....။
ေခါင္းေတြပါထိုးကိုက္လာရသည္။
"မင္း....ငါ့ကို ...ခ်စ္လို႔မရဘူး TaeHyung...."
"ဘာလို႔လဲ.....ဘာလို႔ခ်စ္လို႔မရဘူးဆိုတာႀကီး
ပဲျဖစ္ေနရတာလဲ...ParkJimin"
"..........."
"ခင္ဗ်ား ကို ဒီကမၻာမွာအခ်စ္ေပးနိုင္ဆုံးက
ဒီေကာင္ပါ...ဆယ္ႏွစ္သားထဲက ညတိုင္း
အိမ္မက္ေတြထဲ ထည့္မက္ၿပီး
ခင္ဗ်ားကို ႐ူးလြန္းလို႔ ကမၻာပတ္ရွာေနခဲ့တာ"
အိမ္မက္ေတြ.......။အဲ့ဒီအိမ္မက္ေတြကို
Jimin ၾကား႐ုံနဲ႔ေတာ္ေတာ္ေလးကိုစိတ္ပ်က္ေနပါၿပီ။
ကိုယ္တိုင္လည္းျမင္မက္ခဲ့ေပမယ့္
ျမင္မက္သမၽွက ေပ်ာ္ရႊင္ဆြတ္ပ်ံ႕ဖြယ္ရာေတြႀကီး။
"ခင္ဗ်ားေၾကာင့္ ဘဝကိုစြန့္ပစ္ခဲ့တယ္
ခင္ဗ်ားေၾကာင့္ေပ်ာ္ရႊင္မွုေတြကိုစြန့္ပစ္ခဲ့တယ္
ခင္ဗ်ားေၾကာင့္ ကၽြန္ေတာ္သံေယာဇဥ္ေတြကို
လည္း ခ်နင္းခဲ့တယ္
ခင္ဗ်ားက ကၽြန္ေတာ့္က္ို ခပ္ေပါ့ေပါ့႐ူးေၾကာင္ေၾကာင္
ေကာင္လို႔ပဲျမင္ေနတယ္.....
ခင္ဗ်ားတရားသလားေျဖ..."
"မတရားဘူးဆိုလည္း...ဒါကဘဝပဲTaeHyung..
ငါမတတ္နိုင္ဘူး...."
"ဟုတ္လား...ဒါဆိုခင္ဗ်ားကို ျပန္မပို႔ေတာ့ဘူး....နိုင္ငံျခားကိုထြက္သြားၾကမယ္....Jeon JungKook က
ခင္ဗ်ားထက္ပိုလွပိုမိုက္တဲ့သူမေတြ႕ေသးလို႔
တန္းတန္းစြဲေနတာပါ ေတြ႕သြားရင္ပစ္သြားမွာ
စရိုက္နဲ႔သေႏၶဆိုတာေျပာင္းလဲပစ္လ္ို႔မရဘူး
အဲ့ဒါကို ခင္ဗ်ား ေသခ်ာသိတယ္မလား..."
"ငါ့ထက္ ပိုလွ ပိုမိုက္တဲ့သူ ဒီေလာကမွာ
ရွိနိုင္ေသးလို႔လား...မင္းေတာင္ ခု႐ူးေနတာေလ
ေမာင့္ကို မေစာ္ကားနဲ႔....TaeHyung...
ေမာင့္စရိုက္ေတြအားလုံးက ငါ့လက္ေအာက္မွာ
ရိုရိုက်ိဳးက်ိဳးအကုန္ရွိေနတယ္...."
Jimin ဘဝမွာလည္းက်န္တာအားလုံးသည္းခံ
နိုင္သည္။ေမာင့္ကို စရိုက္ေတြ သေႏၶေတြနဲ႔
ခိုင္းႏွိုင္းထိုးႏွပ္လာရင္ဘယ္လိုမုန္းတီးမွန္းမသိ။
ပါးစပ္ကထိန္းမရေအာင္ တန္းတုံ႔ျပန္ပီးသား။
"ParkJimin!!!"
မုန္းကိုမုန္းရမယ့္ျဖစ္တည္မွု....။ဘယ္ေလာက္
ရက္စက္သလဲဆိုတာကိုၾကည့္....။
ဆြဲေခၚကာ အိပ္ရာေပၚပစ္တင္ ေသြး႐ူးေသြးတန္း
ႏွုတ္ခမ္းေတြကိုေဒါသတႀကီးအတင္းအက်ပ္
နမ္းမယ္ႀကံေတာ့ အားကုန္တြန္းလႊတ္သည္။
ေဒါသနဲ႔ မွတ္ေလာက္သားေလာက္ဆိုေသာ
စိတ္သာရွိေတာ့သည္။ဒီေလာက္ႀကီးမစာနာ
တတ္တဲ့ႏွလုံးသားမ်ိဳးၾက သိပ္ဆိုးဝါးလြန္းတယ္မလား။
႐ုန္းကန္ရင္ ျပဳတ္ထြက္သြားေသာ
Shirtအက်ီၾကယ္သီးေတြနဲ႔ ျဖဴလႊေနေသာရင္ဘက္ေလး
ေပၚသြားတဲ့အခါ ထယ္က လန့္သြားသည္။
ဘာမွမလွုပ္ရွားနိုင္ေတာ့ဘဲ...ေၾကာင္အေနစဥ္
မွာပဲ Jimin သည္ TaeHyungကို တြန္းလႊတ္ကာ
အိပ္ရာေပၚကဆင္းေျပးၿပီး တံခါးဆီသို႔
ေျပးသြားသည္။
ေခါင္းထဲမွာ ပါတီမွာက်န္ခဲ့ေသာလူဘာျဖစ္ေနၿပီလဲ
ဆိုတာပဲရွိသည္။တံခါးဆီမေရာက္လိုက္
TaeHyungသည္ ခ်ဴပ္စရာတစ္နည္းပဲရွိတာ
ေၾကာင့္ ျပန္ဖမ္းဆြဲကာ နံရံမွာျပန္ကပ္လိုက္ၿပီး
ႏွုတ္ခမ္းေတြအား႐ူး႐ူးမူးမူး နမ္းလိုက္ေတာ့သည္။
လွုပ္၍ပင္မရ...အသက္ရွု၍ပင္မရ
ဖရိုဖရဲ မီးေတာင္ေလးသည္
ေကာင္းကင္ျပာေလး၏ ဆိုးဆိုးဝါးဝါး
မခ်စ္တတ္ျပမွုေတြေအာက္ အလူးအလဲ....။
ပုခုံးေအာက္ေလၽွာက်သြားေသာShirt အက်ီေလး
နဲ႔ မ်က္ႏွာေသးေသးေလးသည္ ထယ့္လက္သြယ္သြယ္
ေတြက အတင္းအက်ပ္ခ်ဳပ္ထိန္းထားတာမို႔ေပ်ာက္
ေတာင္ေနသည္။
မသိရင္အ႐ူးအမူးအနမ္းတစ္ခုေပါ့....။
ထိုအခ်ိန္..ဝုန္းခနဲ တံခါးကန္ဖြင့္လိုက္ေသာအသံသည္
တစ္အိမ္လုံးၿပိဳက်မတတ္...။
Bạn đang đọc truyện trên: AzTruyen.Top