💔33💔(Part2)
မသာမယာရာသီဥတုနဲ့....ကောင်းကင်တခွင်
တိမ်တွေအုံ့စိုင်းနေတဲ့နေ့တစ်နေ့တွင်တော့
လောကကြီးနဲ့အဆက်အသွယ်ပြတ်နေသူလေး
လောကကြီးထဲပြန်ဝင်လာကာ
သူ့လောက လှလှလေးကို ခစားရန်ရောက်နေသည်။
JeonJungkook ၏ကားရပ်သွားကာ
ဆိုင်သူလေးကဆင်းလာသည်။
အပြင်ရောက်တဲ့အထိနူတ်ဆက်၍မပြီးနိုင်
သံယောဇဉ်အမျှင်တန်းတွေမပြတ်ဘဲအလှဆုံး
တွေပြုံးကာJeonJungkookကို ပြုစားနေသော
စုန်းကဝေ လှလှလေး......။
TaeHyungအကွယ်တစ်နေရာမှကားရပ်ကာ
ကြည့်နေပြီး JungKook ကားပြန်ကွေ့ကာ
ထွက်သွားသောအချိန်တွင် ဖြည်းဖြည်းချင်း
မောင်းလာလိုက်သည်။
ထိပ်တိုက်တွေ့ကာ အမှန်တရားကိုဖွင့်ဟပြဖို့
သင့်ပြီးဟုဦးနှောက်က သတိပေးလာပြီ။
ဖြစ်သင့်လား မဖြစ်သင့်လား
ဒါကို လုပ်သင့်လား မလုပ်သင့်လားထယ်အများကြီး
မတွေးမိတော့။ စိတ်သည်အလွန်ရှုပ်ယှက်ခတ်
နေကာ လူကြီး သတင်းတွေကလည်းမကြားချင်မှ
အဆုံး ထပ်ခါထပ်ခါ...။
လူတွေအားလုံးစိတ်ချမ်းသာနေတဲ့အချိန်
ဒီယောကျ်ားလှလှလေးကို ချစ်ခဲ့မိလို့
ဘဝပျက်နေတဲ့ သူ့ကို ဒီယောက်ျ်ားလှလှလေးကပဲ
ကယ်တင်ရမည်....။
တရားသော မေတ္တာမှာ သိပ်ဇာတ်နာလွန်း
မနေဘူးလား....မဖြစ်သင့်မဖြစ်ထိုက်တာ
ကြီးမို့ သူ့အတွက်တရားမှုတော့လိုချင်သည်။
"သကြား နည်းနည်းထည့်ပေးပါအုန်း...
Coffee ကခါးလိုက်တာ....အလုပ်ကိုသေချာ
လုပ်မှပေါ့.....ပြီးတော့....."
ဒုန်းးးး
ကြည်ကြည်လင်လင်မနက်မှာ Laptopဖွင့်ကာ
အလုပ်လုပ်ဖို့ပြင်ဆင်ပြီး အတွင်းရေးမှုးကို
Coffeeပြင်ပေးရန် ပြောနေချ်ိန် ကြမ်းတမ်းစွာ
ရုံးခန်းတံခါးကို ဖွင့်လာကြောင့်MD ဒေါသထွက်
သွားသည်။
မဲမှောင်သွားသောမျက်နှာဖြင့်လှမ်းကြည့်တော့
မျက်စိကြိမ်းစရာ အပွင့်အခတ်အကျီဒီဇိုင်းဆန်း
တွေဖြင့် KimTaeHyung....။
လူကသာ စိတ်အလေလွန်ပြီး ပျောက်ပျောက်
သွားတာ ဘယ်သူ့မျက်လုံးထဲမှာမှသနားစရာ
မဖြစ်နေစေရ....။အခန်းထဲတစ်ယောက်ထဲ
အားငယ်အထီးကျန်စွာငိုခဲ့သောကောင်းကင်ပြာလေး
မဟုတ်တော့သလို မိုက်တိမိုက်ကန်း......။
"ခဏအပြင်ထွက်ပေးပါလား ဧည့်သည်လာလို့.."
"ဟုတ်ကဲ့ MD...."
"Coffeeမပြင်ပေးနဲ့တော့...ဒါပဲသောက်လိုက်
တော့မယ် ဝင်မလာနဲ့တော့နော်..."
"ဟုတ်ကဲ့..."
စာရွက်စာတန်းယူကာ အတွင်းရေးမှူးက
နှုတ်ဆက်ကာထွက်သွားသည်။
MD Parkသည် Laptop ထဲကအလုပ်တွေကို
ခေတ္တသိမ်းဆည်းလိုက်ကာ အလုပ်စားပွဲမှထလာပြီး
ဆိုဖာပေါ်တွင် ခြေထောက်တွေကိုကြွကြွရွရွချိတ်
လိုက်ကာ TaeHyung ကို ထိုင်ဖို့ မျက်နှာရိပ်ပြသည်။
အနက်ရောင်တောက်နေသောShirtအကျီနှင့်
အနက်ရောင်ဘောင်းဘီကိုပဲတွဲဝတ်ထားကာ
ဆံပင်တွေကိုနှဖူးပြေပြေပေါ်စေဖို့အားလုံးလှန်တင်
ထားသည်။
စိတ်ဓာတ်ကိုတဆုံးဆွဲချပြီး လမ်းပျောက်သွား
စေခဲ့သော ကမ်းခြေကဓာတ်ပုံတွေထဲကလိုဆံပင်လေးတွေဝဲခါမနေ....။
ချစ်ပေးတာချင်းအတူတူကို သိပ်ခွဲခြားခွဲခြားနိုင်
တဲ့သူ.....။
TaeHyung လည်းမလျှော့ပါ...။ဆိုဖာပေါ်ကျကျနန
ထိုင်ပြီး ဆံပင်ပြာပြာတွေကိုတစ်ချက်နှစ်ချက်ဖွလိုက်
သည်။
"ဘာကိစ္စလဲ....ငါ့ရုံးခန်းအထိ....."
"စကားပြောချင်လို့....."
"Jungkook အိပ်နေတဲ့အခန်းထဲက မင်းကုတ်အကျီ
ကိစ္စဆိုရင်တော့ပြောမနေနဲ့တော့
အသုံးမဝင်တော့ဘူး....."
"ဟုတ်လား....."
"ဘာစကားတွေပြောစရာရှိသေးလို့လဲ....
ဘာလဲ JungKookက မင်းကိုလုံးဝအဖက်မလုပ်
တော့လို့ပေါက်ကွဲပြီးရောက်လာခဲ့တာလား...."
လက်ကလေးပိုက်ကာ ပြုံးယဲ့ယဲ့လေးဆိုသည်။
သူခေါင်းအရမ်းကောင်းတယ်တဲ့......။
KimTaeHyungကလွဲပြီး ကျန်တာအကုန်လုံး
ထက်ထက်မြက်မြက် လည်လည်ဝယ်ဝယ်ရှိတဲ့ခေါင်း။
"ဟုတ်တယ်....ပေါက်ကွဲပြီးရောက်လာခဲ့တာ..."
"ယုံကြည်ချက်ရှိသေးရင် သူ့ကိုအရင်လို
ဖုန်းလေးဆက်ပြီးခေါ်ကြည့်ပေါ့
ငါမတားပါဘူး....ဒါပေမယ့် မင်းငါ့ကိုအမြဲတမ်း
ခနဲ့လေ့ရှိတဲ့ MD Park ကိုယ့်ယောကျ်ားကိုယ်ထိန်း
လေဆို စကားကိုတော့ ငါ့ဘက်က
သေချာအောင် ပြုပြင်ပြောင်းလဲပြီးသွားပြီ..."
"JeonJungkook ကို ဖုန်းခေါ်စရာ
ဘာအကြောင်းမှမရှိဘူး .....
တွေ့ချင်တဲ့သူဆီကို ဒဲ့လာခဲ့တာ....
ခင်ဗျားနဲ့ပဲစကားပြောချင်တယ်...."
"ငါနဲ့က ဘာများပြောစရာရှိလို့လဲ
မင်းနဲ့ငါ ဘယ်နေရာမှလည်း မခင်မင်ဘူး
မအပ်စပ်ဘူး မောင်နဲ့ပတ်သတ်လို့
ကြည့်တောင်ကြည့်မရသေးတယ်....."
ပေါ်တင်ပဲ.....။ခြေထောက်ချိတ်လက်ပိုက်ကာ
လူကို ပိုးမွှားလေးလို ကြည့်နေတာ...။
အသဲယားစရာကောင်းသလို အသဲနာစရာလည်း
ကောင်းသည်။
"ပွဲသိမ်းသွားပြီ TaeHyung ...
ငါ့ကို ဘာမှ သူနဲ့ပတ်သတ်ပြီး စိတ်ဒုက္ခမပေးတော့ဘဲ
ပြန်လိုက်တော့ ငါလက်ညိုးထိုးပြီး
မင်းတို့ကို စွပ်စွဲရမှာ သိပ်အားနာတယ်
ခေါင်းစဉ်လည်းမတပ်ချင်ဘူး....မောင်လည်းလိမ္မာ
သွားပြီ မင်းကလည်း မင်းနေရာမင်းရပ်နေတာဆို
တော့ ပြီးပြီလေ...ငါအလုပ်တွေရှိတယ်"
MD Parkသည် မျက်ခုံးတဖက်ပင့်ပြကာ
ဆိုဖာမှထပြီး အလုပ်စားပွဲဆီကိုသွားရန်
ခြေလှမ်းတွေပြင်ဆင်လိုက်သည်။
အနိုင်ပိုင်းသွားခဲ့သူလိုမခန့်လေးစားမျက်လုံးလှလှ
လေးတွေသည် TaeHyung၏နှလုံးသားကို
အမြဲတမ်းလိုလိုလှောင်သည်။
အလုပ်စားပွဲနားရောက်သည်နှင့်ကောင်းကင်ပြာ
လေးသည် ထိုင်နေရာမှ ထလိုက်ကာ
မီးတောင်လေးကို ရုတ်တရက်ပွေ့ချီပြီး
အလုပ်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
KimTaeHyungနဲ့ဒီလိုပြန်တွေ့ရင် ဒီလိုမျိုးတွေ
ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့ အများကြီးပြင်ဆင်ခဲ့ရတာ။
အတိတ်တွေတုန်းကလည်း ကိုယ်တိုင်က
ဘုရင်တပါး သိပ်ပြီးပြည့်စုံခဲ့သောလူတစ်ယောက်
ဖြစ်ခဲ့တာတောင် လက်လှမ်းမမှီဝေးကွာသော
လူနေမှုတစ်ခုက ကချေသည်လေးကို
ဧကရာဇ်က Jeonငယ်လေး သိပ်ချစ်ခဲ့လို့လုံးဝမနာလိုခဲ့။
Jeonငယ့်ကို ငါပိုင်တယ်
JEon ငယ်ရဲ့ စိတ်ခန္ဓာအားလုံးကို ငါအကုန်ပိုင်တယ်
သတ္တိရှိရင် စမ်းကြည့်လိုက်လေဟု..
ကြွေးကြော်ချင်ခဲ့ပေမယ့် ချောက်ကမ်းပါးပေါ်က
ခုန်ချခဲ့ပြီးတဲ့အချိန်အထိ Jeonငယ်ရဲ့ ဘယ်ကိုမှ
ဧကရာဇ် မပိုင်ဆိုင်နိုင်ခဲ့ပါ...။
ထိုအစွဲတွေသည် ပစ္စုပန်ကိုရောက်တဲ့အခါ
တကယ်တမ်းမောင့်ရဲ့စိတ် ခန္ဓာ
မောင့် ဘဝတစ်ခု လုံးကို ပိုင်သွားပြီဖြစ်၍
ဆိုင်သူလေးက အငြိုးတကြီး မှတ်မှတ်သားသား
ပိုင်ဆိုင်ကြောင်းကိုပြခဲ့သည်။
နှစ်ဘယ်နှရာ လောက်စောင့်ပြီးခဲ့ပြီလဲ......။
"ဘာလုပ်တာလဲ!!!!!!!"
ရုတ်တရက်မို့လန့်သွားကာ ဂုဏ်ဆာနေသော
မျက်နှာလေးမဟုတ်တော့ဘဲ ခြောက်ခြောက်
ခြားခြားလေးအဖြစ်ပြောင်းလဲသွားသည်။
ကောင်းကင်ပြာလေးသည် စားပွဲခုံပေါ်ထိုင်နေသော
မီးတောင်လေး၏ခါးလေးကို ခပ်တင်းတင်းဆွဲ
ဖက်လိုက်ကာ တစ်ခါလေးမှ ထုတ်မသုံးဖူးခဲ့သော
အကြင်နာပေါင်းများစွာခညောင်းနေသော
မျက်အိမ်လှလှလေးတွေနဲ့စိုက်ငေးကြည့်လာသည်။
"လွှတ်စမ်း!!!!မင်းဒါဘာလုပ်တာလဲ.....
ငါ ရိုက်မှာနော်....."
"ဘဝမှာ အမှားပေါ် အမှားတွေဆင့်ပြီး
ကျွန်တော် မိုက်ရူးရဲဆန်ဆန် လုပ်ရပ်တွေ
ဘာလို့လုပ်ခဲ့လဲ ဆိုတာသိလား Jimin ..."
Jimin ရုန်းကန်ထွက်သော်လည်း TaeHyung
သည် ပျော့တိပျော့ဖတ်ဟုထင်ရပေမယ့်
တကယ်တမ်းဟုတ်မနေ....။သိမ်းဖက်ထားသော
လက်တွေက မောင့်ထက်တောင်ခိုင်ရင်ခိုင်နေမှာ။
နည်းနည်းလေးမှမလွတ်ပေးချင်သော
ဆန္ဒတွေလည်းပါမှာပေါ့။
"ငါက ဘာကိစ္စသိရမှာလဲ ရူးနေတာလား
ငါ့အသားကို မထိနဲ့...တစ်ယောက်ယောက်ဝင်လာ
ရင် အကုန်ရှုပ်ကုန်လိမ့်မယ်နော်KimTaeHyung"
"JeonJungkook ကို တစ်ခါလေးမှကြည့်မရခဲ့ဘူး
မြင်တိုင်း ရိုက်ချင်တာ...မနာလိုတာများ
ရင်ထဲက လှိုက်တက်တယ် အဲ့တာ ခင်ဗျားသိလား..."
မျက်နှာလေးကိုအနီးဆုံးဆွဲယူကာ ထယ်က
အေးစက်လှသော အသံ ခြောက်ခြားစရာ
အပြုံးတုတစ်ခုနှင့်ပြောသည်။
ထယ့် ပုံစံက တကယ်ကို စိတ်တ္တဇ....။
"TaeHyung.....မင်းဘာဖြစ်နေတာလဲ....!!!"
"စောင့်နေခဲ့တာ အိမ်မက်တွေကိုမှတ်မိနိုင်တဲ့
အချိန်တွေထဲက....ကျွန်တော်စောင့်နေခဲ့တာပါ
ပြန်တွေ့တဲ့အခါ....ခင်ဗျားကသစ်စိမ်းချိူးချိုးတယ်....
အိမ်မက်တွေထဲတော့ အများကြီးအဆင်ပြေခဲ့တယ်လေ"
"ငါဘာမှမသိဘူး....KimTaeHyung
မင်းခု ငါ့ကို ပြုမူနေတဲ့အပြုအမူတွေနဲ့
ဘာတွေပြောမှန်းမသိတဲ့ စကားတွေကို
ပထမဆုံးမို့ ခွင့်လွှတ်ပေးလိုက်မယ်
နောက် ငါ့ဆီကို ဘယ်တော့မှ မလာနဲ့
မောင် နဲ့ လည်း နည်းနည်းလေးတောင် မပတ်သတ်နဲ့"
"ParkJimin!!!!!"
အသံဩဩကြောင့်ရုတ်တရက်ထထအော်တိုင်း
မှာ အမြဲတမ်းလန့်ရသည်။ခုလည်းကိုယ်လုံးလေး
တုန်တက်သွားကာ ဝိုင်းစက်သွားသောမျက်လုံးလေး
တွေ...။
"ငါ့ကို လန့်အောင် မအော်ပါနဲ့ လို့ဘယ်နှခါပြောရမလဲ!!!!"
အရိုက်ခံလိုက်ရသောရင်ဘက်တွေ....။
ဒေါကြီးမောကြီးပဲ...။မနာပါ....။
နှလုံးသားတစ်ခုလုံးကြေမွနေတာ အပေါ်ယံရင်ဘက်
လောက်ကစာဖွဲ့မနေတော့..။
"JeonJungkook ကို စကားထဲထည့်ထည့်
မပြောစမ်းပါနဲ့တော့ ကျွန်တော့်မျက်လုံးတွေကို
သေသေချာချာကြည့်စမ်းပါ..."
"ကြည့်တယ်....ကြည့်တိုင်းမှာ ငါမုန်းတယ်
မင်း ကို မြင်တိုင်း ငါ့ရင်ဘက်တွေအောင့်တယ်
ငါမင်းမျက်လုံးတွေကို ကြောက်တယ်KimTaeHyung
ငါ့ဆုံးရှုံးခြင်းတွေရဲ့ အမှတ်အသားတွေလိုပဲ..."
"အတ္တကြီးလိုက်တာ ParkJimin ရယ်....."
"ပြန်စမ်း!!!!လာမရူးမနေဘဲ ငါ့ရုံးခန်းထဲက
ခုထွက်....."
"မထွက်ဘူး....!!"
ထယ် သည် ဒေါသတွေရယ် ဝမ်းနည်းမှုတွေရယ်
မတည်ငြိမ်နိုင်တဲ့စိတ်အခြေအနေတွေရယ်မှာ
ဆိုင်သူလေးရဲ့ လည်တိုင်ကျော့ကျော့လေးအား
ချူပ်နမ်းလိုက်သည်။
"KimTaeHyung!!!!!!"
ရမ်းကားလိုက်တာ....အရာသာထင်ကျန်ခဲ့ရင်
တော့ အိမ်ပြန်ရင် အရိုးတခြားအသားတခြား
ဖြစ်မှာမလွဲ...။ကိုယ့်ကြိုးတွေနဲ့ကိုယ်အချည်ခံရ
သောဘဝကိုရောက်လိမ့်မည်။
"မင်း........"
"JeonJungkookကိုအပျက်စကားတွေ
ပြောခဲ့တာ Hotelကမိန်းမကိစ္စတွေ
ခင်ဗျားကို Hoseokအိမ်ခေါ်ပြီး
ခင်ဗျား အိပ်ပျော်နေတုန်း အတူတူထွက်သွား
ဖို့အထိတောင် ကျွန်တော်စီစဉ်ခဲ့ပြီးပြီ
သောက်ကံကြမ္မာလွဲလွန်းလို့......
ခုလည်း အပြတ်ပဲ ဆိုပြီး ခင်ဗျားဆီ သူမရောက်
အောင် ဥာဏ်ဆင်ခဲ့တာပဲ....ပြတ်လိုက်လေ
လမ်းခွဲလိုက်ပါလား ဘာလို့သွားပျော်နေတာလဲ
ဦးနှောက်ပျက်သွားတာလား ParkJimin..."
"မင်း....မင်းကဘာလဲ...ဘာလ်ို့ဒီလောက်တောင်.."
ကောင်းကင်ပြာလေးသည် ကြမ်းကြမ်းတမ်းတမ်း
ဆွဲချူပ်နမ်းနေရာမှ ပါးအိအိလေးတွေကို
ဖွဖွလေးကိုင်ရင်း မျက်ရည်တွေတပေါက်ချင်း
ကျလာခဲ့သည်။
ဆိုင်သူလေးရဲ့မျက်လုံးလေးတွေကို
သေသေချာချာလေးစိုက်ငေးပြီးတဲ့နောက်....
"လိုချင်လို့လေ.....ခင်ဗျားကိုသိပ်လိုချင်ခဲ့လို့ပါ.."
"ဘာ....."
အံ့ဩလွန်းလို့ Jimin သည် TaeHyungမျက်နှာ
ကိုမယုံနိုင်စွာ အစုန်အဆန်ကြည့်နေခဲ့သည်။
ယောင်မှား၍ပင် မစဉ်းစားမိခဲ့သောဖြစ်ရပ်။
ကိုယ့်နားပင်ကိုယ်မယုံကြည်နိုင်....။
နောက်သို့ ကြောက်ကြောက်လန့်လန့်ဆုတ်သွားမိ
သည်။
တစ်ချိန်လုံး ကိုယ်နဲ့ပြိုင်ဘက်လိုတွေးကာ
မနိုင်နိုင်အောင် ကစားခဲ့တဲ့ပွဲ...။
"ကျွန်တော့်ကို မမုန်းပါနဲ့.....
ကျွန်တော် ဘယ်တုန်းကမှ သူ့ကိုမလိုချင်ခဲ့ပါဘူး
ကျွန်တော် လိုချင်ခဲ့တာ ဒီတစ်ယောက်ထဲပါ...."
"မင်း လက်တွေကို လွှတ်စမ်း TaeHyung...
မင်း အရမ်း လွန်နေပြီ...
ဖယ်စမ်း!!!"
"တံခါးသွားပိတ်လိုက်မယ်....မဖယ်နိုင်ဘူး...
ငြိမ်ငြိမ်နေကျန်ခဲ့..."
TaeHyungသည် တံခါးဆီကိုသွားကာအထဲက
Lockချလိုက်ပြီး ဆိုင်သူလေးဆီပြန်လာတော့
စားပွဲပေါ်မှခုန်ဆင်းပြီးပြီမို့ နံရံဆီကိုဆွဲကပ်လိုက်သည်။
ဆွေးဆွေးမြေ့မြေ့ ကောင်းကင်ပြာလေး၏
မျက်လုံးတွေသည်တုန်လှုပ်အံ့ဩနေသော
မီးတောင်လေးကို ကြေကြေကွဲကွဲစိုက်ငေးနေသည်။
"ငါ့ကို လွှတ်ပေးနော်....ငါလုပ်မှလုပ်တယ်
မပြောနဲ့...."
"လုပ်လေ.....လုပ်ချင်တာ အကုန်သာလုပ်ပစ်
မင်းလက်နဲ့ ထပ်သေတော့လည်း အေးတာပဲ
လုပ်....."
"ဖယ်!!!!"
ဆိုင်သူလေးသည် အလစ်အငိုက်မှာ
ရုန်းကန်ထွက်ခဲ့ပေမယ့် TaeHyungက
အတင်းပြန်ဆွဲချူပ်တဲ့အခါ နံရံနဲ့ကိုင်ဆောင့်
လိုက်သလိုဖြစ်ပြီး ကျောပြင်တစ်ခုလုံးအရှိန်နဲ့မို့
နာကျင်သွားခဲ့သည်။
အ!!!!
ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး
ဘယ်နေရာလေးထိလိုက်ထိလိုက်
ထိလွယ်ရှလွယ်သော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရတဲ့
ဒုက္ခကလည်းမသေး...။
လိုတာထက် ပိုနာပါသည်။
နာသွားတာကြောင့်မဲ့ကျသွားသောမျက်နှာလေး။
မျက်ရည်တွေပင်ဝဲတက်လာတဲ့အခါ
ကောင်းကင်ပြာလေး လက်တွေချက်ချင်းလျှော့ပစ်
လိုက်သည်။
"နာသွားတာလား...ကျော လား ထိသွားတာ..."
ပြောချင်ရာတွေပြော စိတ်လွတ်ကိုယ်လွတ်
ဖွင့်ဟခဲ့ပြီးမှ လက်လွန်သွားမှန်းသိလိုက်ရတဲ့အခါ
TaeHyung စိတ်နဲ့လူပြန်ကပ်လာပြန်သည်။
"ငါ့ကို လာမထိနဲ့....!!!ထွက်သွား
မင်းကို ငါမမြင်ချင်ဘူး..."
ကျောပြင်ကို လက်သွယ်သွယ်တွေနဲ့ဖွဖွလေး
ပုတ်ပေးလာသည်။ဘာမှတော့ထပ်မပြောတော့။
ဆံပင်တွေကြားထဲ တိုးဝှေ့နမ်းတော့Jimin က
ရှောင်လို့ရသမျှ အထိမခံရှောင်သည်။
"မင်းကိုငါပြန်တော့လို့ပြောနေတယ်နော်
KimTaeHyung...."
"ကျွန်တော် ပြောခဲ့သမျှကို အသိအမှတ်တော့
ပြုပေးမယ်မလား....မင်း မလွဲပါနဲ့တော့နော်..."
"ဘာကိုမှ အသိအမှတ်ပြုမပေးနိုင်ဘူး
ငါ့ဆီနောက်ထပ် ထပ်မလာနဲ့"
ParkJimin ကတော့ ParkJimin ပဲမလို့
အံ့ဩမှင်သက် ခံစားသွားမယ့်သူမဟုတ်ဘူးဆို
တာ TaeHyung ခန့်မှန်းမိပြီးသားပါ။
ဒါပေမယ့်ပြောချင်တာကိုပြောလိုက်ရပီမို့
နှလုံးသားတွင်စိုက်နေသောဆူးတွေအများကြီးထဲကမှဆူးတစ်ချောင်းသည်ကြယ်မှုံကြယ်မွှားလေးတွေလိုပျောက်ကွယ်သွားသည်။
ဆူးအကြီးကြီးတစ်ချောင်းကသာနှုတ်ဖို့ခက်ပါလိမ့်မည်။
"လာချင်လည်း လာမယ် မလာချင်လည်း
မလာဘူး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အမိန့်လာမပေးနဲ့..."
နာလို့ သေးသေးလေးသာ ရှိတော့သောမျက်နှာ
ရဲရဲကို ထယ်က နှာခေါင်းနှစ်ခုထိကပ်သည်အထိ
တိုးကပ်ကာ နှုတ်ခမ်းတဖက်ထဲတွန့်ကွေးကာ
ပြောပြီးနောက် အခန်းထဲက ထွက်ခွါသွားခဲ့သည်။
MD Park ဘာမှမတုံ့ပြန်နိုင်....။
မပေါက်ကွဲနိုင်...နံရံကပ်ကာ ဒေါသတွေနဲ့ကျန်ရစ်ခဲ့ရ
သည်။
ထယ်သည်ဓာတ်လှေကားထဲရောက်တဲ့အခါ
နှစ်ပေါင်းများစွာမရေတွက်နိုင်ခိုအောင်း
သိမ်းဆည်းခဲ့ရသောဝန်ခံမှုတစ်ခုကို
ဒေါသတွေ မောဟတွေ ဝမ်းနည်းမှုတွေကြား
လုပ်ခဲ့ပြီးဖြစ်၍ ခြေပင်မခိုင်ခဲ့....။
ဒါသည် ချစ်ပါတယ် လို့ ပြောထွက်တာမျိုး
မဟုတ်သေး...လူမိုက်ဆန်ဆန်အနိုင်ပိုင်းကာ
တင်တင်စီးစီးပြောရုံရှိသေးသည်။
ဒါဟာ ဝန်ခံခြင်းအစစ်နဲ့ တကယ့်တောင်းဆို
ခြင်းအစစ်တွေမဟုတ်သေး နိဒါန်းလေးပျိုးရုံမှာကို
TaeHyungတုန်ရီနေသည်။
ဒူးတွေကျိုးကျချင်လာ၍ထိန်းကိုင်ထားရသည်။
မီးတောင်လေးဟာ....မောင်နဲ့ထိမိ ထိမိ
ကောင်းကင်ပြာလေးနဲ့ ထိမိ ထိမိ
ထိမိသူတိုင်းကို ချော်ရည်ပူတွေနဲ့
လောင်းချပစ်တာပဲ.....။
အဲ့နေ့က ကောင်းကင်တစ်ခုလုံး
ချော်ရည်ပူတွေအပြည့်ပဲ......။
........................။
"ဂျေ!!!!"
အိမ်ရှေ့မြက်ခင်းထဲ မောင် နှင်းခွေးကြီးနဲ့
ဆော့ကစားနေတုန်း Romရောက်လာခဲ့သည်။
"ဂျေ.....မင်းကွာ ပြန်လာထဲက ငါဒီလောက်
ခေါ်နေတာကို......"
"မအားဘူး....."
"မအားရအောင်ဘာလုပ်နေလို့လဲ ခွေးနဲ့ဆော့နေပြီး"
"ဘာလဲ ဘာတွေအရေးကြီးနေလို့လဲ....
မင်းမှာလည်း အမြဲတမ်းအရေးပေါ်..."
"Jimin အိမ်မှာရှိလား......"
JeonJungkookကိုအပေါင်းအသင်းမလုပ်ချင်
တော့ဘူးဆိုတာလည်းအဲ့တာတွေ...။
နဂါးမျက်စောင်းပင် ဆရာပြန်ခေါ်ရမည့်
မျက်စောင်းကြီးဖြင့်စတင်ကြိုဆိုသည်။
Romတကယ်သဘောရိုးနဲ့မေးတာပါ။
"ငါ....မင်းကို အရေးကြီးတာတစ်ခုပြောချင်
လို့ပါဂျေရာ..."
"အဲ့တာ Jimin ကိုမေးစရာလိုအပ်လို့လား..."
"နှစ်ယောက်ထဲ အေးအေးဆေးဆေးပြောပြချင်လို့"
"ပြန်တော့ ပြန်တော့.....ငါမအားဘူး
ခဏနေ သူ့ကို အလုပ်သွားကြိုရအုန်းမှာ..."
"ဂျေ......ငါ့စကားကိုအလေးအနက်
ထားစမ်း...ငါအတည်ပြောမှာ...."
Romလိုကောင်မျိုးက လေးလေးနက်နက်
မျက်နှာနှင့် အပြာရောင်မျက်လုံးတွေသည်
အထူးတလည်တည်ငြိမ်နေသည်။
ဒါသည် ဖြစ်တောင့်ဖြစ်ခဲ....။
"ဘာလဲ...ဘာပြောမှာလဲ...."
"TaeHyung ကိစ္စ......"
"လာပြန်ပီလား မင်းTaeHyungကိုသိပ်
ဂျေဝင်လွန်းတာပဲ ငါပြောမယ်Rom
ငါ့ယောကျ်ားကလွဲပြီး ငါဘယ်သူ့ကိုမှမချစ်ပေမယ့်
မင်းကိုတော့ ငါနည်းနည်းစိတ်ထဲရှိတယ်
စိတ်မပူနဲ့ ငါမင်းထက်ပိုပြီးသူ့ကိုပိုမခင်မင်ဘူး
သွားစမ်းကွာ.....မိန်းမတွေကျ ရှင်းပြနေရတာ...."
"မဟုတ်ဘူး....ငါတို့အကန့်တွေမဟုတ်ဘူးဂျေ...."
"ဒါဆို ငါနဲ့သူရဲ့ အကန့်လား ပြီးပြီလေ
Jimin သိရင် ဒီတစ်ခါဆို ငါတကယ်အသတ်ခံရမှာ
မလို့ ငါ ခပ်ရှင်းရှင်းပဲနေတော့တယ်...
ဘာတွေက ပြသနာရှိနေလို့လဲ....."
"TaeHyung က ငါတို့အဖွဲ့ထဲကိုစရောက်လာထဲက
မရိုးရှင်းခဲ့ဘူးဂျေ....ငါမင်းအိပ်ပျော်သွားတဲ့
ညထဲက ကိစ္စတချို့ကို ငါပြန်စုံစမ်းခဲ့တယ်
မင်းတို့ခရီးသွားတဲ့တစ်လျှောက်လုံးလည်း
ငါမသင်္ကာစရာတွေများနေလ်ို့ပြန်ဆက်စပ်ကြည့်နေတာ"
"အရမ်းအားနေတာပဲ....အိမ်မှာလာ
သန့်ရှင်းရေးလုပ်ပါလား ငါ့ဘုရင်သေးသေးလေးက
အသန့်တအားကြိုက်တာ...."
"JungKook!!! မင်းငါ့ကိုမေတ္တာပျက်အောင်မလုပ်နဲ့နော်..."
JungKookဟု ခပ်တင်းတင်းအခေါ်ခံလိုက်ရတာ
ကြောင့်မောင် အံ့အံ့ဩဩပင်ဖြစ်သွားသည်။
Rom ဘယ်တော့မှ ဒီလို မခေါ်ခဲ့ဖူးပါ။
"TaeHyungက ဘာပြဿနာမှမရှိဘူးRom
ငါ့အတွက်စတွေ့ထဲက ရိုးရှင်းတယ်...
တခြားလူဆိုရင်တောင် ငါခေါင်းထဲထည့်ရင်
ထည့်နိုင်ပေမယ့် TaeHyungကိုတော့ဘာကိစ္စနဲ့
မသင်္ကာစရာဖြစ်ရမှာလဲ......
ခုငါတို့အခြေအနေတွေအားလုံးတည်တည်ငြိမ်ငြိမ်ပဲ
ပြဿနာ မရှာချင်စမ်းနဲ့ကွာ.."
မောင်ဟာ ရှင်းလင်းစွာကို ယုံကြည်ခဲ့ပါသည်။
တစ်ယောက်သောသူသေဆုံးသွားရလို့
ချက်ချင်းသွေးချင်းချင်းရဲစေကာလိုက်သွားခဲ့သည့်
သစ္စာသည် လည်းကြီးလှသည်။
သနားစရာကောင်းလှစွာ လက်ထဲအသက်မဲ့သွားခဲ့ရ
သောသိပ်ချစ်ခဲ့ရတဲ့သူ...။
တစ်စုံတစ်ယောက်ရဲ့ ဘယ်သူမှလက်လှမ်းမမှီနိုင်တဲ့
ချစ်ခြင်းတရားနဲ့...နစ်နစ်သီးသီးဆုတောင်းတွေကို
မကျော်လွှားနိုင်လို့သာ ပြန်တွေ့တဲ့အခါ
မောင်က မေတ္တာတရားကလွဲ....အေးချမ်းစေချင်သော
စိတ်ကလွဲ ပေးစရာမရှိတော့ပေမယ့်
မဖြူစင်တဲ့ ခပ်ညစ်ညစ်ကောင်လေးလို့တော့
မောင် ဘယ်မြင်နိုင်ပါ့မလဲ.....။
ဆံပင်လေးတစ်ချောင်းတောင် ထိခွင့်မရခဲ့ဘဲ
သံသရာတစ်လျှောက်လုံး လုံးဝငြင်းတယ်ဆိုတဲ့
တိတိကျကျ ပြတ်သားမှုနဲ့ ရက်စက်မှုတွေ
သေဆုံးသွားတဲ့အထိတောင် သူကြည့်နေခဲ့တာ
ကိုယ့်ကိုမဟုတ်ခဲ့.....။
ဘယ်ဘယ်လိုမှကို မထင်ရက်ခဲ့တာပါ....
"မင်းတို့တက်ခဲ့တဲ့ပြဿနာတိုင်းမှာ
သူပါနေတယ်....ဂျေ...အဲ့ညကမင်းမူးပြီးအိပ်ပျော်သွား
တာတွေ Hotelမှာ မူးပြီးဟိုမိန်းကလေးနဲ့
ကိစ္စတွေရော သူနဲ့မလွတ်ဘူး
မင်း နဲ့မရှင်းမရှင်းမလို့ သူမကျေနပ်လို့လုပ်တယ်
ဆိုရင် ပြဿနာလို့မဆိုနိုင်ပေမယ့်
ဒီနေ့ မင်းJeon Groupရှေ့မှာ မင်းကားထွက်သွား
တာနဲ့ အစားထ်ိုးရောက်လာတာ TaeHyungရဲ့
ကားပဲ...."
မောင် Romကို ဖျက်ခနဲကြည့်လာသည်။
Jimin အော်ဟစ်ငိုယိုထွက်သွားပြီး ဂျေလည်း
သွေးရူးသွေးတန်းထွက်သွားထဲက
တစ်ယောက်ယောက်တော့ ဆိုးဆိုးဝါးဝါးတခုခု
တော့ဖြစ်ပြီဟု Romတွေးလိုက်ကာ
အဆင်ပြေခါစ သူငယ်ချင်းဖြစ်သူရဲ့ခက်ခက်ခဲခဲ
အိမ်ထောင်ရေး အတွက် ဒေါသထွက်သွားပြီး
မသင်္ကာနေသော KimTaeHyung ကိုရှာတော့
မတွေ့တော့....။
အဲ့ကစ ဂျေတို့ကသာ ဟန်းနီးမွန်းမှာ ပျော်မဆုံးနေခဲ့
ပေမယ့် Romကတော့ တခုခုစိတ်ထဲထစ်နေရင်
မနေတတ်တာကြောင့်အကုန်လုံးကိုပြန်စုံစမ်းခဲ့သည်။
ဝန်မခံချင်ပေမယ့်
မွေးကထဲက ဂျေနဲ့အတူတူ ကြီးပြင်ခဲ့ရပြီး
တစ်ရက်မှမခွဲဘဲအတူတူ မိုက်ခဲ့ကြကာ
နောက်မှပေါ်လာသောTaeHyung
ဆို မောင်က လုံးဝအထိမခံနိုင်ခြင်းကို Rom
အနည်းငယ်တော့ ဂျေဝင်ခဲ့ပါသည်။
သူငယ်ချင်းတွေအတူတူရှိခဲ့ကြပြီး
နောက်မှရောက်လာတဲ့သူကို အကဲပိုခဲ့ကြတဲ့အခါ
လူမိုက်ဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ်
ဘာကောင်ဖြစ်ဖြစ် အစစ်အမှန် ခင်ပေးခဲ့တဲ့နှလုံးသား
တွေက သိပ်ကြေကွဲဝမ်းနည်းတတ်ကြပါသည်။
Romရဲ့အပြာရောင်မျက်လုံးတွေနဲ့
TaeHyung ရဲ့ မီးခိုးရောင်မျက်လုံးတွေဆုံတိုင်း
အသံတိတ် ရန်သတ်ရတာ ခဏခဏ...။
"မင်း ဘာကို ပြောချင်နေတာလဲ Rom....."
"ငါရှင်းရှင်းပဲပြောတော့မယ်ကွာ.....
TaeHyung က မင်းယောကျ်ားကို ကြံနေတာ...."
မောင့်မျက်နှာနီရဲတက်သွားကာ ခါးပင်ကျိုး
မတတ်Romအပေါ်ကိုအုပ်မိုးပြီးလက်သီး
သည်မျက်နှာတည့်တည့်ကိုချိန်ရွယ်တော့သည်။
"သောက်ပေါက်ကရတွေ!!!!!
ငါသတ်မှာနော် Rom!!!! စကားပြောတာ
ကြည့်ပြောစမ်း....."
"ဟုတ်တယ်....မသေမချာမရေမရာတွေမလို့
ငါမပြောဘဲနေတာ ခုသတိပေးသင့်နေပြီလို့
ငါထင်လို့ သူလုပ်ခဲ့သမျှက မင်းတို့
ကွာရှင်းပစ်နိုင်တဲ့အကွက်တွေကြီးပဲ ထပ်လုပ်လို့
တခုခုများလွဲသွားရင် သေမှာ မင်းမလား...
မင်း Jimin ကို ဘယ်လောက်ချစ်သလဲ ငါကောင်းကောင်း
နားလည်လို့ ငါဒါကိုပြောပြတာ....
ကံကြမ္မာဆိုတာ ေပြာလို့မရဘူးကွ!!!"
"ပါးစပ်ပိတ်ထားစမ်း!!!!TaeHyungကတစ်ချိန်လုံး
ငါ့အနားရှိခဲ့တာပဲ....ဘယ်လိုနည်းနဲ့မှ
ဘယ်ဘက်ကလှည့်တွေးတွေးမဖြစ်နိုင်ဘူး
သူတို့ စကားတောင် ပြောဖူးကြတာမဟုတ်ဘူး...."
"မင်းကွယ်ရာ မှာ ပြောနေကြတယ်ဆိုရင်ရော
မင်းမြင်နိုင်လို့လား ဂျေ....ခုတောင်
မင်းယောကျ်ား ရုံးခန်းထဲရောက်ရင်ရောက်နေမှာလေ"
"မဖြစ်နိုင်လိုက်တာ....မင်းထပ်မပြောစမ်းနဲ့
Rom ...ငါတကယ်ထိုးမိတော့မယ်...."
"ဘာတွေက ဘယ်လောက်တောင် ဖုံးနိုင်ကာနိုင်
နေလို့ မင်း မမြင်နေတာလဲJeonJungkook
မင်း Jimin အကြောင်းပြောတိုင်း
အရောင်ပေါင်းစုံပြောင်းနေတဲ့ သူ့မျက်လုံးတွေကို
မင်းသာ မမြင်တာ ငါတို့အားလုံးရိပ်မိခဲ့တယ်
မင်းအိမ်မှာငါ့တို့ကိုအရက်စပ်ပေးလို့ပြဿနာ
တက်တဲ့နေ့က မင်းထက်တောင်KimTaeHyung
ကရူးရူးမူးမူး Jimin ကိုကြည့်ခဲ့တာ....
သူလုပ်ချင်ရာလုပ်ပြီးမင်းတို့ခရီးထွက်သွားထဲက
လုံးဝအဆက်အသွယ်မရဘူးလူပါပျောက်နေတာ
....ခုပြန်လာတာနဲ့Jimin ဆီရောက်နေပြီ......
MinYoongiက သူအကြာကြီးတွဲခဲ့တဲ့သူ
ခု ပြတ်သွားကြပြီ ငါကြားမိသလောက်ကတော့
KimTaeHyung ကနောက်တစ်ယောက်ကို
အရူးအမူးဖြစ်နေလို့တဲ့....အဲ့လူကမင်းတော့မဖြစ်နိုင်
ဘူးမလားဂျေ...."
"ငါမဟုတ်ဘူး....အေး...ငါမဟုတ်သလိုသူလည်းမဟုတ်ဘူး နောက်ထပ်တစ်ယောက်ဖြစ်နိုင်တာပဲ
Rom ငါကြားရုံနဲ့တောင် လူသတ်ချင်လာလို့
မင်းပါးစပ်ကိုပိတ်တော့နော်.....
JeonJimin နာမည်ကို ထပ်တပ်မလာနဲ့....
ငါသည်းခံမှာမဟုတ်ဘူး...."
"မင်း မယုံဘူးလား..."
"ယုံစရာမှမလိုတာ...TaeHyung မလို့
ပိုလို့တောင်မဖြစ်နိုင်သေးတယ်...
ငါနည်းနည်းလေးမှ သံသယမဝင်ဘူး...."
Romသည် ဂျေ့ကို တွန်းလွှတ်ကာ
မျက်နှာတွေရဲလာသည်။
ညီအစ်ကိုထက် ပိုတောင် နီးစပ်တဲ့ ဒီကောင်သည်
ပြောလို့ဆိုလို့မပေါက်...။
ParkJimin ကို တဖက်က လှလှလေး
လုပြေးသွားမှ Romရေ ဆိုပြီးပြေးလာရင်
ထိုးလွှတ်မည်...။
"အေး..မဝင်နဲ့....မင်းတို့ခုအရမ်းအဆင်ပြေနေတဲ့
အခြေအနေ လေးတွေကို ငါမပျက်ဆီးစေချင်လို့
မင်းနဲ့Jimin ဒီအိမ်ထောင်ရေးကို ဘယ်လိုတည်
ဆောက်ခဲ့ရလဲငါအသိဆုံးမလို့ ငါစေတနာနဲ့
သတိပေးတာ
Jimin က်ိုမယုံကြည်တာမျိုးလည်းမဟုတ်သလို
ငါဘယ်သူ့ကိုမှလည်းမစော်ကားမစွပ်စွဲချင်ဘူး
မင်းတို့သေလောက်အောင်ချစ်တာတောင်
သူလုပ်လိုက်ရင် အမြဲတမ်းလှုပ်လှုပ်ခတ်ခတ်ပဲမလား
ဒီတစ်ခါ လည်းJimin က လျှော့လို့လေ
တကယ်ဆို ပေါ့လျှော့လွန်းတဲ့မင်းမျက်နှာကို
ကြည့်ဖို့တောင် လိုတော့မယ်မထင်ဘူး...."
"Rom!! မင်းငါ့ကို ဘယ်လိုလေသံ
ဘယ်လိုပုံစံနဲ့ ပြောနေတာလဲ
ငါက မဟုတ်ဘူးဆို မင်းလက်ခံလိုက်လေ..."
"မင်းက ငါ့ကိုမယုံဘဲ
KimTaeHyung ကို အပြည့်အဝယုံကြည်နေတာပဲ
မင်းနဲ့ငါ ပြီးပြီ ဂျေ...ငါအဖွဲ့ထဲကထွက်တယ်..."
"ဟေ့ကောင်!!!!!"
Romသည် မြက်ခင်းပေါ်မှထထွက်သွားကာ
သူငယ်ချင်းသက်တမ်းအရှည်ကြီးတွင်
ပထမဆုံး စိတ်ဆိုးစိတ်ကောက်သွားခြင်း။
မောင်သည် တောက် တစ်ချက်အကျယ်ကြီး
ခေါက်ကာ မျက်နှာတစ်ခုလုံးမှိုင်းညို့သွားသည်။
တရိတ်ရိတ်ဖြင့် မစဉ်းစားဘူးတော့မဟုတ်
ပေမယ့်လည်း မောင် အနည်းငယ်စိတ်ထဲ
ပူသွားကာ ပြန်တွေးနေခဲ့သည်။
မျက်တောင်အရှည်ကြီးတွေနှင့်သွားတန်းညီညီလေး
ပေါ်အောင်ပြုံးရီပြတတ်ကာ ဂျေ လို့
ခပ်တိုးတိုးလေး ခေါ်တတ်သော စိမ်းပြာရောင်လေး
က .....
မဖြစ်နိုင်ပါဘူး.....မဖြစ်နိုင်ဘူး....။
ဒါပေမယ့်....ဒါပေမယ့်....လည်ဝယ်သောသူမို့
သေသေချာချာပြန်တွေးကြည့်တဲ့အခါ
မရေမရာတွေ မြင်လာရပြန်သည်။
မြင်လာသော တချို့အရာတွေက TaeHyung
က်ုပြန်မြင်ယောင်လိုက်ရင် မောင်ခေါင်းခါကာ
တစ်ယောက်ထဲ အလုပ်ရှုပ်နေပြန်သည်။
"Company ရှေ့မှာကားရပ်တိုင်း
Jimin ဆီသွားတာလို့ တရားသေသတ်မှတ်လို့မှမရတာ
မဟုတ်ဘူးလား.....မင်းငါပြောတာကိုထောက်ခံတယ်
မလား ပြန်တွေးကြည့်တော့ နည်းနည်း
TaeHyung ကတမျိုးပေမယ့် ငါမစွပ်စွဲရက်ဘူး
ဖြစ်နေတယ်......"
ခွေးကြီးသည်မောင်ပြောတာကိုနားလည်နေသလို
မောင့်ကိုစိုက်ကြည့်နေသည်။
"တကယ်လ်ို့များပေါ့ကွာ....တကယ်သာ
ငါ့Jimin ကို ကြံစည်ခဲ့တာမှန်ရင်တော့...."
မောင့်မျက်နှာအေးစက်စက်...။သို့သော်
ချက်ချင်း ခေါင်းခါလိုက်ကာ....
"မဟုတ်လောက်ပါဘူး TaeHyung
ဘယ်လိုမှမလုပ်လောက်ပါဘူး....
ငါသူ့ကို ဒီလောက်ယုံကြည်ပြီးခင်မင်ခဲ့တာ
မလုပ်လောက်ဘူးမလား....."
နှင်းခွေးကြီးက မောင့်ကိုနမ်းလိုက်တဲ့အခါ
"ဒါပေါ့ မင်းတောင်သိနေတာ......"
မောင် ဟာ သံသယခေါင်းစဉ်ကိုလုံးဝမတပ်ခဲ့....။
မောင်ဟာ ပြောသမျှ အားလုံးကို ဘူးခံငြင်းခဲ့သည်။
ဒါပေမယ့် မောင့် မျက်လုံးနဲ့ မောင့်မျက်နှာက
အရိပ်အငွေ့တွေဟာ နားလည်ရခက်စွာ
စက္ကန့်တွေတိုင်းမှာအမျိုးမျိုးပြောင်းလဲနေသည်။
"Jimin.....မောင်လာကြိုမယ်..ပြန်လာခဲ့တော့နော်..."
ချက်ချင်းဆိုသလို ဖုန်းဆက်ကာမောင်လှမ်းခေါ်
ခဲ့သည်။Romပြောခဲ့သော စကားတွေနဲ့
TaeHyung ကိုမယုံကြည်လို့မဟုတ်ပေမယ့်
မောင့် အသိစိတ်ရော မသိစိတ်ရောက
ဆိုင်သူလေးကို မျက်စိအောက်တွင်ချက်ချင်း
ပြန်ထားချင်သောစိတ်ကို တန်းဖြစ်စေသည်။
မောင် ဘယ်သူ့ကိုမှစော်ကားတာမျိုး
မယုံတာမျိုးမဟုတ်ပါ....
JeonJiminကို လို့......စကားအရာလေး
ကြားရုံနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ မောင်သိပ်ဥစ္စာခြောက်ပါသည်။
စိတ်ထဲတမြေ့မြေ့.....။
ကြီးမားသော အရာပေါင်းများစွာဖြစ်ပျက်ဖို့
အစပျိုးနေသလို....မောင့်ကိုမောင်ကိုယ်တိုင်က
တောင်နားမလည်ခဲ့ပါ.....။
မောင်ချက်ချင်းကားသော့ယူကာ
Company သို့ထွက်သွားခဲ့သည်။
...............................။
အိပ်ဆေးသောက်ကာအိပ်ပျော်အောင်တကိုယ်လုံး
ကိုစောင်ကိုလုံအောင်ခြုံလျှက်TaeHyung ငြိမ်
နေပေမယ့် မျက်လုံးတွေသည် ကြောင်နေတုန်း။
Jimin နဲ့တွေ့ပြီး အိမ်ပြန်ရောက်တာနှင့်
စောင်ပုံထဲဝင်တိုးသွားကာ စိတ်ကိုငြိမ်အောင်
ကြိုးစားနေသည်။
ဗီရိုဖွင့်သံတွေကြားသည် အိတ်ဇစ်ဖွင့်သံတွေ
ဇစ်ပိတ်သံတွေနှင့် အိပ်၍မရ......
စောင်ကို ဆွဲဖယ်ကာ မကြည်မလင်ဖြင့်ကြည့်လိုက်
တော့ လူကြီးသည် ဗီရိုထဲက သူ့အကျီတွေကို
အထပ်လိုက် ဆွဲချကာ အိတ်တစ်အိတ်ထဲထည့်နေသည်။
"အိပ်မရဘူး ဘာတွေလာလုပ်နေပြန်တာလဲ...."
"ကိုယ့် အကျီ ကျန်တာတွေလာယူတာ
နောက်ဆို မင်းဆီ လာဖြစ်မှာမဟုတ်တော့လို့
မင်း ပစ္စည်းတွေထားဖို့လည်းနေရာကျယ်ကျယ်
ရအောင်လေ....."
တစ်ထည်မကျန်အကုန်ဆွဲချကာသေသေချာချာ
ထည့်သိုနေတာ....အမြင်ကပ်စရာကောင်းလိုက်တာ။
"အသဲအသန်တွေကိုဖြစ်နေတော့တာပဲ
စေ့စပ်ပွဲလုပ်မနေဘဲ တန်းယူလိုက်ပါလား...
တစ်ခါပဲ ပွဲတက်ရမှာပေါ့..."
"မင်းကို ဘယ်သူက ဖိတ်မယ်ပြောလို့လဲ...."
"Hak Hak ဒါနဲ့များ KimTaeHyung မရှိရင်
သေပါမယ်တဲ့လေ....ခုကျတော့
မိန်းမယူတော့မယ်တဲ့လား..."
"မင်းဟာမင်း အဆင်ပြေနေပြီမလား ထယ်
ငါ့ကို လာ မခနဲ့နဲ့....မင်းဒီနေ့ ParkJimin ဆီ
ဘာသွားလုပ်တာလဲ....."
"သွားဝန်ခံတာ....."
Yoongi လန့်သွားကာ TaeHyung ကိုအစုန်အဆန်
ပြူးပြဲကြည့်လိုက်သည်။အန္တရာယ်များလိုက်တာ..။
ParkJimin က တခုခုပြန်မလုပ်ရင်တောင်
JeonJungkook သိရင် ထယ့်ခုပုံစံ ခပ်ပျော့ပျော့နဲ့
အစရှာရမှာမဟုတ်....။
ဆိုးပုံဆိုးဟန် ဆန်းဆန်းနဲ့
ခေါင်းမာပြီး အကျိုးအကြောင်း
မခွဲခြားနိုင်လွန်းတဲ့ ဒီကလေးလေးဟာလေ
MinYoongi KimTaeHyung တစ်ယောက်နဲ့တင်
လောကကို အရှုံးပေးချင်လာပြီ။
တစ်ဖက်ကဖိရင် KimTaeHyung က
တဖက်က ရုန်းကန်ထွက်သည်။
Depression ဆိုပြီး အမှောင်ခိုနေလို့ အေးချမ်းတယ်
မှတ်တာ....ဒီအပေအတေလေးDepression က
ပြဿနာရှာDepression မျိုးကွဲဖြစ်သည်။
"မင်း...ဒုက္ခရောက်မယ့်လမ်းတွေငါမြင်နေတယ်
ထယ်.....ငါကယ်တင်နိုင်မှာမဟုတ်လို့
ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ..."
"Hak! မိန်းမကို ပဲကယ်တင်ရတော့မယ့်
လူကြီး ကို ကျွန်တော်က ဂုဏ်ပြုပါတယ်...
ဒုက္ခဖြစ်ဖြစ် သုခ ဖြစ်ဖြစ် ခင်ဗျားနဲ့နည်းနည်းလေး
တောင်မဆိုင်တော့တဲ့အတွက် ပူပန်ပြမနေနဲ့...."
"အေး....မင်းဘဝနဲ့မင်း
ငါ့ဘဝနဲ့ငါပဲ....
ငါမင်းကို ချစ်ပေးနိုင်သလောက်အစွမ်းကုန်
ချစ်ပေးခဲ့ပြီးပြီ.....မင်းဘက်က အမှုန်အမွှား
လေးတောင် ငါ့ကိုပြန်မတုန့်ပြန်ခဲ့ဘူး
ငါမင်းကိုသိပ်စိတ်နာတယ် KimTaeHyung...."
"နာပေါ့......"
"ဘယ်သူ့ဆီကမှလုယူစရာမလိုတဲ့
ဘယ်အိမ်ထောင်ရေးကိုမှ ဖျက်ဆီးပစ်ဖို့မလိုတဲ့
မိသားစု လှလှလေးကို ငါတည်ဆောက်ပြမယ်"
အထိနာဆုံးဖြစ်ပါလိမ့်မည်။တင်းမာသွားရုံမက
မဲ့ကျသွားသောမျက်နှာလှလှလေး။အိပ်ရာပေါ်
မှပြေးဆင်းလာကာ ပြေးရိုက်လာတော့
MinYoongi ကမလှုပ်နိုင်အောင်ဆွဲချူပ်ထားသည်။
"ဘာဖြစ်လဲ!!!!ဖျက်ဆီးတော့.....ချစ်လို့
လုပ်တာ ဘာဖြစ်လဲ....!!!"
အသံတွေပင်တုန်ခိုက်လာကာအကျီစကို
ဆွဲဆောင့်ကာထယ်ကအော်ဟစ်ဆူညံတော့သည်။
ထို့နောက် အိတ်ထဲထည့်နေသော အဝတ်အစား
တွေကို လက်နဲ့ပွေ့ပိုက်ယူကာ ပြတင်းပေါက်
ပေါ်မှအကုန်အောက်ကို လွှတ်ချပစ်သည်။
"KimTaeHyung....ငါ့အဝတ်အစားတွေကို...!!!"
"ခင်ဗျား မိန်းမ ကို ပြန်ကောက်ခိုင်းလိုက်လေ..."
လက်ထဲကထည့်လက်စအဝတ်ကိုတောင်
ဆက်ခနဲယူကာအကုန်လွှတ်ပစ်လိုက်တဲ့သူ။
လာယူလိုက် ပြတင်းပေါက်ဆီပြေးပစ်
လိုက်လုပ်နေတာမို့ MinYoongi စိတ်တိုကာ
ခါးသေးသေးလေးက နောက်ကဆွဲဖက်ကာ
ဖမ်းဆီးလိုက်သည်။
"လွှတ်စမ်း!!!!!"
"မင်းအရမ်းဆိုးဝါးလွန်းနေပြီနော်.....
ဒါနောက်ဆုံးပဲ ငါ့ပစ္စည်းတွေငါယူပြီး
ငါ့ဘဝငါဆက်တော့မှာ....
ငါမနူတ်ဆက်ချင်လို့ သိမ်းစရာရှိတာသိမ်းပြီး
ထွက်သွားမယ့်ဟာ ပြဿနာမရှာစမ်းနဲ့...."
ငြိမ်ကျသွားသည်။ထို့နောက်မျက်နှာလေး
လည်ပြန်ကြည့်လာသည်။
"လိလိမ္မာမ္မာနေတော့.....ဒီလိုတွေစိတ်ကို
မထိန်းချူပ်နိုင်ရင်....ဘဝမှာဘယ်တော့မှ
အစစ်အမှန်ပျော်ရွှင်နိုင်မှာမဟုတ်ဘူး...."
လူကြီးက ဖက်ထားသော လက်တွေကိုလွှတ်
ပေးကာ သိမ်းစရာရှိတာဆက်သိမ်းသည်။
TaeHyung ငေးကြည့်ဖို့ပဲတတ်နိုင်သည်။
"အဝတ်အစားတွေကိုသွားပြန်ကောက်ပေးပါ့မယ်...."
သူသိမ်းဆည်းနေတာကိုတွေတွေငေးကြည့်နေ
ရင်းမှရုတ်တရက် အသံတစ်ချက်ထွက်လာ
ကာအခန်းပြင်သို့ပြေးထွက်သွားခဲ့တဲ့သူ...။
ဖိနပ်စီးမှာမဟုတ်သလို လှေကားပေါ်ကလည်း
ပြုတ်ကျနိုင်သည်..။အောက်ကိုရောက်တာနဲ့
အော်ဟစ်ငိုလိမ့်မည်....။ထို့နောက်ပျော့ခွေပြီး
သူပြန်ချီခေါ်ရလိမ့်မည်...။
KimTaeHyung ဘာသာရပ်ကို MinYoongi က
ဂုဏ်ထူးမှတ်တွေထက်ကျော်ကာ အမြဲ100
ပြည့်အောင်ဖြေနိုင်တဲ့သူ....။
တဒုန်းဒုန်းခြေသံတွေနောက်ပြေးလိုက်ကာ
ဒုတိယအကြိမ်ဆွဲဖမ်းထားလိုက်တော့
အိမ်လည်ကောင် ငုတ်တုတ်ထိုင်ချလိုက်တဲ့သူ။
"ပြောနေတဲ့ကြားထဲကထယ်ရာ....မင်းကိုငါ
ဘယ်လို ထားခဲ့ရမှာလဲ...."
"ထယ်.......ဘာဆက်လုပ်ရမလဲ လူကြီး....
ထယ် တောင်းပန်ပါတယ်....."
"ဘာအတွက်လဲ မချစ်နိုင်ခဲ့တဲ့အတွက်လား
မတောင်းပန်ပါနဲ့ ကလေးရယ်...
မချစ်နိုင်တာ အပြစ်မှမဟုတ်ဘဲ......
လူကြီးနားလည်တယ် ဒါပေမယ့်
မင်းချစ်နေတဲ့သူက မင်းကိုအများကြီးထိခိုက်
နာကျင်စေမယ့် လူမှန်းသိနေလို့ လူကြီးက
ဇွတ်မတိုးစေချင်တော့တာပါ....."
"လူကြီးကို မချစ်လို့ရပါတယ်......
ParkJimin ကိုတော့ ထယ် ချစ်လ်ို့မရဘူး....
နားလည်ပါ...နားလည်ပါတော့ကလေးလေးရယ်..."
"သူက ထယ့်အပေါ် နည်းနည်းလေးပဲမြင်ပေးရင်
ကျွတ်လွတ်နိုင်ကောင်းနိုင်ပေမယ့်
အရာခပ်သိမ်းက JeonJungkook အတွက်ကြီးပဲ
ထယ် မနာလိုဘူး....ကျေလည်းမကျေနပ်ဘူး..."
"လူကြီးတို့ ချစ်ခြင်းမေတ္တာကို လုပ်ယူလို့မရဘူးလေ
ကွာ....မင်း လူဆိုးလေး လိုလိုက်နှောက်ယှက်ထား
တော့ သူဘယ်အမြင်ကြည်လင်ပါ့မလဲ"
"နားလည်အောင်ပြောပြပြီး Jimin
ကို ထယ့်နှလုံးသားလေးထဲ ထာဝရသိမ်းထားလိုက်ပြီး
ထယ် ဆိုးသွမ်းဖို့ကျ လူကြီးကိုအသုံးချလေ...
နှလုံးသားမှာ နေရာသေးသေးတောင် ကိုယ့်ကို
ပေးဖို့ မလိုပါဘူး....သူ့အတွက်အကုန်ပေးရတယ်
အဲ့လိုမဖြစ်ဘူးလား...."
မဲ့ကျသွားသောမျက်နှာလှလှလေး......။
သူကျွန်တော့်ကိုသံယောဇဉ်မရှိတာလည်း
မဟုတ်ဘဲနဲ့ဗျာ...။
"လူကြီး ကျွန်တော့်ကို ရူးအောင်....."
ထယ်သည် တကိုယ်လုံးကိုကုတ်ကတ်တက်ကာ
ခပ်တင်းတင်းဖက်ထားရင်း
ရှိုက်ကြီးတငင်ငင်အော်ငိုတော့သည်။
အပြစ်သေးသေးလေးပင် ဒီကလေးလေးကို
မမြင်ရက်ခဲ့....။
အချစ်ခံရတာ ကြိုက်သော ကောင်းကင်ပြာလေး
ဟာ အိပ်ဆေးတွေအများကြီးသောက်ထားပုံရသည်။
ငိုရင်း ကျွန်တော့်ရင်ခွင်ထဲကျမှစိတ်ချလက်ချ
အိပ်မောကျသွားခဲ့သည်။
ချီပိုးကာ အိပ်ရာထဲနေရာချပေးလိုက်ပြီး
မျက်ရည်စတွေကိုသုတ်ပေးရင်း
ရင်ခွင်ထဲ တိုးလာတဲ့အခါ နာကျင်ပေမယ့်ဖက်ထား
ပေးရသည်။
ပိုချစ်တတ်တဲ့သူတွေရဲ့....ဒုက္ခသည်
ငရဲ ထက်ဆိုးသည်.....။
ParkJimin ကသူလည်းချစ်တတ်ရဲ့သားနဲ့ကလေးကို
ဘာကြောင့်များ မျက်နှာသာလေးတစ်ချက်တောင်
မပေးရသလဲ.....။
ကျွန်တော့် ကောင်းကင်လေးကတော့ဆိုးမှာပဲလေ...
ကြီးတဲ့သူ ဖြစ်ပြီး မျက်မုန်းကျိုးစရာမရင့်ကျက်ချက်က။
အဲ့လို ကျဉ်းမြောင်းတဲ့နှလုံးသားရှိလို့လည်း
JeonJungkook လို လူဆိုးမျိုးနဲ့ ဆုံရတာ....။
ထယ်ရယ်.....လူကြီးကသာ အကောင်းဆုံးပါ....။
ကျန်တဲ့ကောင်တွေ အကုန် မကောင်းကြပါဘူးကွာ။
............။
TaeHyung ပြန်သွားပြီးတဲ့နောက်
မကြည်မလင်သောစိတ်တွေနဲ့ရုံးခန်းထဲ
ဖရိုဖရဲဖြစ်သွားခြင်းကိုမလုံမလဲဖြစ်နေတုန်းမောင့်ဆီက
ဖုန်းတန်းဝင်လာတာကြောင့် Jimin ဒိန်းခနဲ...။
ဘာတစ်ခုမှ အမှားမလုပ်ထားတာတောင်
လူမှန်နေရာမှန် အေးအေးသက်သာနေနေတာ
တောင် မောင် တစ်စုံတစ်ခုများ သိသွားလို့လား
ဆိုတဲ့ ပူပန်မှုနဲ့ လာကြိုမယ်ဆိုတော့အိမ်ပြန်ချိန်
မဟုတ်တောင်ချက်ချင်း အင်း ချ လိုက်သည်။
"အစောကြီးဘယ်လိုဖြစ်တာလဲ.....
တစ်ခုခုဖြစ်လာတာလား...."
Company ရှေ့ မောင့်ကားလှလှလေးရပ်သည်နှင့်
အလန့်တကြားမေးမိသည်။Company မှာ
မောင့် မျက်လုံးတွေ အများကြီးရှိပါသည်။
မျက်လုံးတိုင်းက မောင့်ကိုReportပြန်တင်ရင်
သက်ညှာမှာမဟုတ်....။
"နေမကောင်းလို့....ဖျားချင်နေလို့လာခေါ်တာ..."
ထုံးစံအတိုင်းသူချွဲချင် ဂျီချင်လာရင်...
Company လိုက်လာသလိုမျိုးမျက်နှာမျိုးဖြစ်တာ
ကြောင့် စိတ်အေးသွားရသည်။
ကားထဲဝင်ထိုင်ကာ နဖူးကို စမ်းကြည့်တော့
ကိုယ်နည်းနည်းပူနေသည်။
"မောင် ဒါလေး ထပ်ဖောက်လိုက်လို့
အနာရှိန်နဲ့ဖျားတာ ထင်တယ်...."
နှုတ်ခမ်းနားက အရာလေးကို ပြလာတော့
Jimin မျက်လုံးပြူးမျက်ဆံပြူး။
"ပြပါအုန်း.....ဟုတ်လောက်မယ် ရဲနေတာပဲ...
ဆေးလိမ်းရမယ်....အဲ့တာတွေလည်း
နားနားဖောက်ပါ မျက်နှာတစ်ခုလုံးကုန်တော့မယ်..."
"မင်း နမ်းရင် တမျိုးဆန်းအောင်...."
"မောင်...!"
"ဖယ် ကိုယ် မောင်းမယ်...ဖျားချင်နေတာ
မမောင်းနဲ့...."
"ဟုတ်ကဲ့...."
"စိတ်တွေမချလိုက်တာ.....ခုမှပဲနေသာထိုင်သာ
ရှိသွားတော့တယ်.....မောင်နဲ့ဝေးဝေးမနေစမ်းပါနဲ့
အချစ်ရယ်...."
"စိတ်မချရအောင် ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ
တစ်ခါတစ်လေ မောင်က သိပ်နားလည်းရခက်တာပဲ"
"ချစ်လို့ပါကွာ...."
"မြို့ပြင်ကိုမောင်းပါလား....
နေဝင်ချိန် တိမ်တွေအရမ်းလှနေတယ်....
မောင်တို့ အတူတူ ကြည့်ကြမယ်လေ...."
"ဆေးခန်းသွားမှာဆို...."
"မဖျားတော့ဘူး....အပူကင်းသွားပြီ
မင်းမရှိလို့ ကိုယ်ပူတာ...."
"တကယ် ကလီကမာ....."
မြို့ပြင်မောင်းသွားလိုက်ကာ တိမ်တွေသည်
နီရဲနေပြီး အဝေးပြေးလမ်းမကြီးပေါ်ကားရပ်ကာ
အလွန်လှသောမြင်ကွင်းလေးကိုခံစားနေမိသည်။
မောင်က ကားနောက်ဖုံးပေါ်ချီတင်ပေးကာ
စိုက်ကြည့်နေတာမို့ ဆိုင်သူလေးက
တိမ်တောက်ချိန်မှာ ရှက်နေသည်။
"မောင့် ကိုပဲ အများကြီးချစ်နော်...မောင့်အလှလေး"
"မောင့်ကိုပဲအများကြီးချစ်ခဲ့တာပါ..."
"မောင့် တစ်ယောက်ထဲကိုပဲချစ်ရမယ်နော်..."
"မောင့်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာလေ...."
"မောင့်ကိုပဲ အချိန်တိုင်း ပြုစားနေပေး.....
အရာရာဟာ မောင့်ကိုပဲနော်...."
"ဒီကောင်လေးလောဘတွေကြီးလိုက်တာ...."
"မောင့်ကိုနမ်း......."
မောင့်နှုတ်ခမ်းတွေကိုဖိကပ်ကာနမ်းလိုက်တော့
မောင်ကသိပ်ချစ်စရာကောင်းစွာပြုံးပြသည်။
"နမ်းတာလည်း မောင့်တစ်ယောက်ထဲက်ိုပဲနော်...."
"ကိုယ့်ယောကျ်ား ကိုယ်မနမ်းလို့...."
"မင်းကြိုးလှလှလေးတွေကိုလည်းမောင့်တစ်ယောက်ထဲကို ပဲ ချည်ပါ....."
"မောင် ဘာဖြစ်နေတာလဲ...."
"အရမ်းချစ်လွန်းနေလို့ ဒီကောင်JeonJungkook
ရူးနေတာ....သည်းခံပေး......"
"မောင်ကိုယ့်ကိုချစ်လို့
ရူးသွားတယ်ဆိုရင်တောင်တစ်သက်လုံး ပြုစုပေးလိုက်
မယ်ဒီအချစ်ရူးလေးကို....."
နှာခေါင်းလုံးလုံးလေးကိုဆွဲကာမောင့်ကိုချစ်တော့
မောင်က ရင်ခွင်ထဲခေါင်းတိုးချွဲလာပြီ။
မောင်တစ်ယောက်များချွဲရင်....
ကဗျာ လင်္ကာတွေပျောက်တယ်.....
ရူးအောင်ကြိုက်ရတယ်....
ထပ်ခါထပ်ခါ လောဘတရားတို့ကိုဆောင်လာတယ်
ချွဲနေတဲ့စက္ကန့်တွေကိုရပ်ထားချင်တယ်...
အရာခပ်သိမ်းအပ်နှင်းပေးလိုက်ချင်တယ်...။
ကျွန်တော်လေမောင်ဆိုတဲ့....ဒီယောကျ်ားငယ်ငယ်လေးကိုသိပ်ချစ်တာပဲ.....။
Romလာပြောသောကိစ္စတွေက Jimin ကို
မေးစရာလည်းမလိုသလို...Jimin
သိဖို့လည်းမလိုအပ်ပါ...။
ဝုန်းဝုန်းဒိုင်းဒိုင်းတွေ ထလုပ်ရအောင်လည်း
မောင် ကိုယ်တိုင် မဖြစ်နိုင်ဘူးလို့ တရားသေ
သတ်မှတ်ထားတာမို့ မောင်ဟာ အဲ့ဒီအချိန်လောက်အထိတော့တည်ငြိမ် ငြိမ်သက်နေနိုင်ခဲ့သည်.....။
Jiminက မောင့်ရပ်ဝန်းထဲလုံလုံခြုံခြုံလေးရှင်သန်နေတာ
မို့...မောင်က Jimin စိတ်ထဲကို သူကလွဲပြီး
ကျန်တဲ့သက်ရှိသက်မဲ့ဘယ်အရာကိုမှထပ်ထည့်ပေး
လိမ့်မည်မဟုတ်။
ဒီကိစ္စက Jimin နဲ့လည်းမဆိုင်နေသလို
Jimin က သူ့ကိုချစ်တယ် ဆို ရှင်းစရာတောင်မလိုအပ်
တော့သည့်ကိစ္စ....။
TaeHyung ကလည်းမချစ်နေလောက်ပါဘူး။
Romကိုက သူ့ကို သက်သက်မဲ့အတွေးတွေလွန်အောင်။
ခုလိုလေး စိတ်မချလာ၍ချက်ချင်းအိမ်ပြန်ခေါ်ကာ
ချစ်နေလိုက်တော့လည်း အေးချမ်းသွားတာပဲ....။
ညနေစောင်းလေပြေညှင်းလေးတွေအောက်
မောင်တို့ အနမ်းတွေ ဝေဆာခဲ့ကြပြန်သည်။
ညနေလေပြေနုနုလေးတွေကတော့ တိုက်ခတ်ဆဲ.....။
မသာမယာရာသီဥတုနဲ႔....ေကာင္းကင္တခြင္
တိမ္ေတြအုံ႔စိုင္းေနတဲ့ေန႔တစ္ေန႔တြင္ေတာ့
ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္ေနသူေလး
ေလာကႀကီးထဲျပန္ဝင္လာကာ
သူ႔ေလာက လွလွေလးကို ခစားရန္ေရာက္ေနသည္။
JeonJungkook ၏ကားရပ္သြားကာ
ဆိုင္သူေလးကဆင္းလာသည္။
အျပင္ေရာက္တဲ့အထိႏူတ္ဆက္၍မၿပီးနိုင္
သံေယာဇဥ္အမၽွင္တန္းေတြမျပတ္ဘဲအလွဆုံး
ေတြျပဳံးကာJeonJungkookကို ျပဳစားေနေသာ
စုန္းကေဝ လွလွေလး......။
TaeHyungအကြယ္တစ္ေနရာမွကားရပ္ကာ
ၾကည့္ေနၿပီး JungKook ကားျပန္ေကြ႕ကာ
ထြက္သြားေသာအခ်ိန္တြင္ ျဖည္းျဖည္းခ်င္း
ေမာင္းလာလိုက္သည္။
Depression ကာလေတြေက်ာ္လြန္ၿပီးတဲ့ေနာက္
TaeHyungပုံမွန္ျပန္ျဖစ္မလာရင္ေတာင္
အခန္းထဲေတာ့ ခိုေအာင္းမေနခ်င္။
မျပတ္ျပတ္ေအာင္ လုပ္ခဲ့ေသာ လုပ္ရပ္ေတြလည္း
အဆုံးအထိအကုန္ကုန္ေနၿပီ။
ထပ္လုပ္စရာဘာမွမရွိ။ရွိလည္းမလုပ္ခ်င္ေတာ့ပါ။
ထိပ္တိုက္ေတြ႕ကာ အမွန္တရားကိုဖြင့္ဟျပဖို႔
သင့္ၿပီးဟုဦးေႏွာက္က သတိေပးလာၿပီ။
ျဖစ္သင့္လား မျဖစ္သင့္လား
ဒါကို လုပ္သင့္လား မလုပ္သင့္လားထယ္အမ်ားႀကီး
မေတြးမိေတာ့။ စိတ္သည္အလြန္ရွုပ္ယွက္ခတ္
ေနကာ လူႀကီး သတင္းေတြကလည္းမၾကားခ်င္မွ
အဆုံး ထပ္ခါထပ္ခါ...။
လူေတြအားလုံးစိတ္ခ်မ္းသာေနတဲ့အခ်ိန္
ဒီေယာက်္ားလွလွေလးကို ခ်စ္ခဲ့မိလို႔
ဘဝပ်က္ေနတဲ့ သူ႔ကို ဒီေယာက္်္ားလွလွေလးကပဲ
ကယ္တင္ရမည္....။
တရားေသာ ေမတၱာမွာ သိပ္ဇာတ္နာလြန္း
မေနဘူးလား....မျဖစ္သင့္မျဖစ္ထိုက္တာ
ႀကီးမို႔ သူ႔အတြက္တရားမွုေတာ့လိုခ်င္သည္။
"သၾကား နည္းနည္းထည့္ေပးပါအုန္း...
Coffee ကခါးလိုက္တာ....အလုပ္ကိုေသခ်ာ
လုပ္မွေပါ့.....ၿပီးေတာ့....."
ဒုန္းးးး
ၾကည္ၾကည္လင္လင္မနက္မွာ Laptopဖြင့္ကာ
အလုပ္လုပ္ဖို႔ျပင္ဆင္ၿပီး အတြင္းေရးမွုးကို
Coffeeျပင္ေပးရန္ ေျပာေနခ်္ိန္ ၾကမ္းတမ္းစြာ
႐ုံးခန္းတံခါးကို ဖြင့္လာေၾကာင့္MD ေဒါသထြက္
သြားသည္။
ဒီ႐ုံးခန္းတံခါးကို တံခါးမရွိဓားမရွိ ေျခေထာက္နဲ႔
ေဆာင့္ကန္ဖြင့္ေတာင္ သူအျပစ္မဆိုခဲ့တာ
သူ႔ေယာက်္ားပဲရွိသည္။တျခားသူကေတာ့
အသံပင္မထြက္ရ....။
မဲေမွာင္သြားေသာမ်က္ႏွာျဖင့္လွမ္းၾကည့္ေတာ့
မ်က္စိႀကိမ္းစရာ အပြင့္အခတ္အက်ီဒီဇိုင္းဆန္း
ေတြျဖင့္ KimTaeHyung....။
လူကသာ စိတ္အေလလြန္ၿပီး ေပ်ာက္ေပ်ာက္
သြားတာ ဘယ္သူ႔မ်က္လုံးထဲမွာမွသနားစရာ
မျဖစ္ေနေစရ....။အခန္းထဲတစ္ေယာက္ထဲ
အားငယ္အထီးက်န္စြာငိုခဲ့ေသာေကာင္းကင္ျပာေလး
မဟုတ္ေတာ့သလို မိုက္တိမိုက္ကန္း......။
"ခဏအျပင္ထြက္ေပးပါလား ဧည့္သည္လာလို႔.."
"ဟုတ္ကဲ့ MD...."
"Coffeeမျပင္ေပးနဲ႔ေတာ့...ဒါပဲေသာက္လိုက္
ေတာ့မယ္ ဝင္မလာနဲ႔ေတာ့ေနာ္..."
"ဟုတ္ကဲ့..."
စာရြက္စာတန္းယူကာ အတြင္းေရးမွူးက
ႏွုတ္ဆက္ကာထြက္သြားသည္။
MD Parkသည္ Laptop ထဲကအလုပ္ေတြကို
ေခတၱသိမ္းဆည္းလိုက္ကာ အလုပ္စားပြဲမွထလာၿပီး
ဆိုဖာေပၚတြင္ ေျခေထာက္ေတြကိုႂကြႂကြရြရြခ်ိတ္
လိုက္ကာ TaeHyung ကို ထိုင္ဖို႔ မ်က္ႏွာရိပ္ျပသည္။
အနက္ေရာင္ေတာက္ေနေသာShirtအက်ီႏွင့္
အနက္ေရာင္ေဘာင္းဘီကိုပဲတြဲဝတ္ထားကာ
ဆံပင္ေတြကိုႏွဖူးေျပေျပေပၚေစဖို႔အားလုံးလွန္တင္
ထားသည္။
စိတ္ဓာတ္ကိုတဆုံးဆြဲခ်ၿပီး လမ္းေပ်ာက္သြား
ေစခဲ့ေသာ ကမ္းေျခကဓာတ္ပုံေတြထဲကလိုဆံပင္ေလးေတြဝဲခါမေန....။
ParkJiminက JeonJungkook နဲ႔ေတြ႕ရင္တစ္မ်ိဳး
တစ္ေယာက္ျဖစ္သြားတတ္တဲ့ဝိဥာဥ္မ်ိဳးလား။
မ်က္လုံးေလးေတြမွိတ္သည္အထိျပဳံးေပ်ာ္ေနတာ
မ်က္စိေရွ႕က ထိုင္ေနေသာ အေၾကာတင္းပါလို႔
က်ိန္ဆိုေျပာရမည္။
ခ်စ္ေပးတာခ်င္းအတူတူကို သိပ္ခြဲျခားခြဲျခားနိုင္
တဲ့သူ.....။
TaeHyung လည္းမေလၽွာ့ပါ...။ဆိုဖာေပၚက်က်နန
ထိုင္ၿပီး ဆံပင္ျပာျပာေတြကိုတစ္ခ်က္ႏွစ္ခ်က္ဖြလိုက္
သည္။
"ဘာကိစၥလဲ....ငါ့႐ုံးခန္းအထိ....."
"စကားေျပာခ်င္လို႔....."
"Jungkook အိပ္ေနတဲ့အခန္းထဲက မင္းကုတ္အက်ီ
ကိစၥဆိုရင္ေတာ့ေျပာမေနနဲ႔ေတာ့
အသုံးမဝင္ေတာ့ဘူး....."
"ဟုတ္လား....."
ဟန္ေဆာင္ရတာေပါ့...။အဲ့ညကနာက်င္ရတာ
ေသခ်င္မိတဲ့အထိပဲ...။အားနည္းခ်က္ေတြ
မေပၚလာေအာင္ေတာ့ ဘာမွမျဖစ္သလိုေနရသည္။
"ဘာစကားေတြေျပာစရာရွိေသးလို႔လဲ....
ဘာလဲ JungKookက မင္းကိုလုံးဝအဖက္မလုပ္
ေတာ့လို႔ေပါက္ကြဲၿပီးေရာက္လာခဲ့တာလား...."
လက္ကေလးပိုက္ကာ ျပဳံးယဲ့ယဲ့ေလးဆိုသည္။
သူေခါင္းအရမ္းေကာင္းတယ္တဲ့......။
KimTaeHyungကလြဲၿပီး က်န္တာအကုန္လုံး
ထက္ထက္ျမက္ျမက္ လည္လည္ဝယ္ဝယ္ရွိတဲ့ေခါင္း။
"ဟုတ္တယ္....ေပါက္ကြဲၿပီးေရာက္လာခဲ့တာ..."
"ယုံၾကည္ခ်က္ရွိေသးရင္ သူ႔ကိုအရင္လို
ဖုန္းေလးဆက္ၿပီးေခၚၾကည့္ေပါ့
ငါမတားပါဘူး....ဒါေပမယ့္ မင္းငါ့ကိုအျမဲတမ္း
ခနဲ႔ေလ့ရွိတဲ့ MD Park ကိုယ့္ေယာက်္ားကိုယ္ထိန္း
ေလဆို စကားကိုေတာ့ ငါ့ဘက္က
ေသခ်ာေအာင္ ျပဳျပင္ေျပာင္းလဲၿပီးသြားၿပီ..."
"JeonJungkook ကို ဖုန္းေခၚစရာ
ဘာအေၾကာင္းမွမရွိဘူး .....
ေတြ႕ခ်င္တဲ့သူဆီကို ဒဲ့လာခဲ့တာ....
ခင္ဗ်ားနဲ႔ပဲစကားေျပာခ်င္တယ္...."
"ငါနဲ႔က ဘာမ်ားေျပာစရာရွိလို႔လဲ
မင္းနဲ႔ငါ ဘယ္ေနရာမွလည္း မခင္မင္ဘူး
မအပ္စပ္ဘူး ေမာင္နဲ႔ပတ္သတ္လို႔
ၾကည့္ေတာင္ၾကည့္မရေသးတယ္....."
ေပၚတင္ပဲ.....။ေျခေထာက္ခ်ိတ္လက္ပိုက္ကာ
လူကို ပိုးမႊားေလးလို ၾကည့္ေနတာ...။
အသဲယားစရာေကာင္းသလို အသဲနာစရာလည္း
ေကာင္းသည္။
"ပြဲသိမ္းသြားၿပီ TaeHyung ...
ငါ့ကို ဘာမွ သူနဲ႔ပတ္သတ္ၿပီး စိတ္ဒုကၡမေပးေတာ့ဘဲ
ျပန္လိုက္ေတာ့ ငါလက္ညိဳးထိုးၿပီး
မင္းတို႔ကို စြပ္စြဲရမွာ သိပ္အားနာတယ္
ေခါင္းစဥ္လည္းမတပ္ခ်င္ဘူး....ေမာင္လည္းလိမၼာ
သြားၿပီ မင္းကလည္း မင္းေနရာမင္းရပ္ေနတာဆို
ေတာ့ ၿပီးၿပီေလ...ငါအလုပ္ေတြရွိတယ္"
MD Parkသည္ မ်က္ခုံးတဖက္ပင့္ျပကာ
ဆိုဖာမွထၿပီး အလုပ္စားပြဲဆီကိုသြားရန္
ေျခလွမ္းေတြျပင္ဆင္လိုက္သည္။
တႏုံ႔ႏုံ႔ျဖင့္စိတ္သည္ ဘယ္ေလာက္လမ္းေၾကာင္း
အမွန္ကိုျမင္ရျမင္ရ ဒီလို မထီတထီေတြ
သူ႔ကိုစြရင္ TaeHyungလည္း ေဒါသနဲ႔လူ။
ဖြင့္ဟထုတ္မျပတတ္ဘဲႀကိတ္မွိတ္ေခါက္သိမ္း
တတ္ေသာလူျဖစ္ေနတာေၾကာင့္ တခ်ိဳ႕ကTaeHyung
ကို အပူအပင္ကင္းသည္ဟုထင္ခဲ့ၾကသည္။
အနိုင္ပိုင္းသြားခဲ့သူလိုမခန့္ေလးစားမ်က္လုံးလွလွ
ေလးေတြသည္ TaeHyung၏ႏွလုံးသားကို
အျမဲတမ္းလိုလိုေလွာင္သည္။
အလုပ္စားပြဲနားေရာက္သည္ႏွင့္ေကာင္းကင္ျပာ
ေလးသည္ ထိုင္ေနရာမွ ထလိုက္ကာ
မီးေတာင္ေလးကို ႐ုတ္တရက္ေပြ႕ခ်ီၿပီး
အလုပ္စားပြဲေပၚသို႔ ပစ္တင္လိုက္သည္။
KimTaeHyungနဲ႔ဒီလိုျပန္ေတြ႕ရင္ ဒီလိုမ်ိဳးေတြ
ပိုင္ပိုင္နိုင္နိုင္ေျပာနိုင္ဖို႔ အမ်ားႀကီးျပင္ဆင္ခဲ့ရတာ။
အႏွိုင္းမဲ့ ေခ်ာေမာလြန္းလွတဲ့မ်က္ႏွာ
ေကာင္းျခင္းေတြနဲ႔ စနစ္တက်ထုဆစ္ထားတဲ့
ဒီမ်က္မွာေခ်ာေခ်ာျမင္တိုင္းမွာ ပူခဲ့သည္။
အတိတ္ေတြတုန္းကလည္း ကိုယ္တိုင္က
ဘုရင္တပါး သိပ္ၿပီးျပည့္စုံခဲ့ေသာလူတစ္ေယာက္
ျဖစ္ခဲ့တာေတာင္ လက္လွမ္းမမွီေဝးကြာေသာ
လူေနမွုတစ္ခုက ကေခ်သည္ေလးကို
ဧကရာဇ္က Jeonငယ္ေလး သိပ္ခ်စ္ခဲ့လို႔လုံးဝမနာလိုခဲ့။
Jeonငယ့္ကို ငါပိုင္တယ္
JEon ငယ္ရဲ့ စိတ္ခႏၶာအားလုံးကို ငါအကုန္ပိုင္တယ္
သတၱိရွိရင္ စမ္းၾကည့္လိုက္ေလဟု..
ေႂကြးေၾကာ္ခ်င္ခဲ့ေပမယ့္ ေခ်ာက္ကမ္းပါးေပၚက
ခုန္ခ်ခဲ့ၿပီးတဲ့အခ်ိန္အထိ Jeonငယ္ရဲ့ ဘယ္ကိုမွ
ဧကရာဇ္ မပိုင္ဆိုင္နိုင္ခဲ့ပါ...။
ထိုအစြဲေတြသည္ ပစၥဳပန္ကိုေရာက္တဲ့အခါ
တကယ္တမ္းေမာင့္ရဲ့စိတ္ ခႏၶာ
ေမာင့္ ဘဝတစ္ခု လုံးကို ပိုင္သြားၿပီျဖစ္၍
ဆိုင္သူေလးက အၿငိဳးတႀကီး မွတ္မွတ္သားသား
ပိုင္ဆိုင္ေၾကာင္းကိုျပခဲ့သည္။
ႏွစ္ဘယ္ႏွရာ ေလာက္ေစာင့္ၿပီးခဲ့ၿပီလဲ......။
"ဘာလုပ္တာလဲ!!!!!!!"
႐ုတ္တရက္မို႔လန့္သြားကာ ဂုဏ္ဆာေနေသာ
မ်က္ႏွာေလးမဟုတ္ေတာ့ဘဲ ေျခာက္ေျခာက္
ျခားျခားေလးအျဖစ္ေျပာင္းလဲသြားသည္။
ေကာင္းကင္ျပာေလးသည္ စားပြဲခုံေပၚထိုင္ေနေသာ
မီးေတာင္ေလး၏ခါးေလးကို ခပ္တင္းတင္းဆြဲ
ဖက္လိုက္ကာ တစ္ခါေလးမွ ထုတ္မသုံးဖူးခဲ့ေသာ
အၾကင္နာေပါင္းမ်ားစြာခေညာင္းေနေသာ
မ်က္အိမ္လွလွေလးေတြနဲ႔စိုက္ေငးၾကည့္လာသည္။
"လႊတ္စမ္း!!!!မင္းဒါဘာလုပ္တာလဲ.....
ငါ ရိုက္မွာေနာ္....."
ဘာေတြကိုစဥ္းစားေနရအုန္းမွာလဲ။
ဥာဏ္မ်ားနိုင္သေလာက္လုပ္ခဲ့တာလည္း
တကယ္ေတာ့ကုန္ေနၿပီ...။
ျဖစ္ခ်င္ရာျဖစ္တလမ္းသာရွိေတာ့သည္။
"ဘဝမွာ အမွားေပၚ အမွားေတြဆင့္ၿပီး
ကၽြန္ေတာ္ မိုက္႐ူးရဲဆန္ဆန္ လုပ္ရပ္ေတြ
ဘာလို႔လုပ္ခဲ့လဲ ဆိုတာသိလား Jimin ..."
Jimin ႐ုန္းကန္ထြက္ေသာ္လည္း TaeHyung
သည္ ေပ်ာ့တိေပ်ာ့ဖတ္ဟုထင္ရေပမယ့္
တကယ္တမ္းဟုတ္မေန....။သိမ္းဖက္ထားေသာ
လက္ေတြက ေမာင့္ထက္ေတာင္ခိုင္ရင္ခိုင္ေနမွာ။
နည္းနည္းေလးမွမလြတ္ေပးခ်င္ေသာ
ဆႏၵေတြလည္းပါမွာေပါ့။
"ငါက ဘာကိစၥသိရမွာလဲ ႐ူးေနတာလား
ငါ့အသားကို မထိနဲ႔...တစ္ေယာက္ေယာက္ဝင္လာ
ရင္ အကုန္ရွုပ္ကုန္လိမ့္မယ္ေနာ္KimTaeHyung"
"JeonJungkook ကို တစ္ခါေလးမွၾကည့္မရခဲ့ဘူး
ျမင္တိုင္း ရိုက္ခ်င္တာ...မနာလိုတာမ်ား
ရင္ထဲက လွိုက္တက္တယ္ အဲ့တာ ခင္ဗ်ားသိလား..."
မ်က္ႏွာေလးကိုအနီးဆုံးဆြဲယူကာ ထယ္က
ေအးစက္လွေသာ အသံ ေျခာက္ျခားစရာ
အျပဳံးတုတစ္ခုႏွင့္ေျပာသည္။
ထယ့္ ပုံစံက တကယ္ကို စိတ္တၱဇ....။
"TaeHyung.....မင္းဘာျဖစ္ေနတာလဲ....!!!"
"ေစာင့္ေနခဲ့တာ အိမ္မက္ေတြကိုမွတ္မိနိုင္တဲ့
အခ်ိန္ေတြထဲက....ကၽြန္ေတာ္ေစာင့္ေနခဲ့တာပါ
ျပန္ေတြ႕တဲ့အခါ....ခင္ဗ်ားကသစ္စိမ္းခ်ိဴးခ်ိဳးတယ္....
အိမ္မက္ေတြထဲေတာ့ အမ်ားႀကီးအဆင္ေျပခဲ့တယ္ေလ"
လာျပန္ၿပီလား....ဒီအိမ္မက္...။ေမာင္လည္းမက္ခဲ့သလို
သူလည္းမက္ခဲ့တာပဲ....။KimTaeHyung ကေရာ
ဘယ္လိုေရစက္ေတြေၾကာင့္အိမ္မက္ေတြဟု
ထြက္က်လာတာလဲ...။
တိုက္ဆိုင္မွုေတြသည္ Jimin ကိုေတြးေတာသြားေစသည္။
"ငါဘာမွမသိဘူး....KimTaeHyung
မင္းခု ငါ့ကို ျပဳမူေနတဲ့အျပဳအမူေတြနဲ႔
ဘာေတြေျပာမွန္းမသိတဲ့ စကားေတြကို
ပထမဆုံးမို႔ ခြင့္လႊတ္ေပးလိုက္မယ္
ေနာက္ ငါ့ဆီကို ဘယ္ေတာ့မွ မလာနဲ႔
ေမာင္ နဲ႔ လည္း နည္းနည္းေလးေတာင္ မပတ္သတ္နဲ႔"
"ParkJimin!!!!!"
အသံဩဩေၾကာင့္႐ုတ္တရက္ထထေအာ္တိုင္း
မွာ အျမဲတမ္းလန့္ရသည္။ခုလည္းကိုယ္လုံးေလး
တုန္တက္သြားကာ ဝိုင္းစက္သြားေသာမ်က္လုံးေလး
ေတြ...။
"ငါ့ကို လန့္ေအာင္ မေအာ္ပါနဲ႔ လို႔ဘယ္ႏွခါေျပာရမလဲ!!!!"
အရိုက္ခံလိုက္ရေသာရင္ဘက္ေတြ....။
ေဒါႀကီးေမာႀကီးပဲ...။မနာပါ....။
ႏွလုံးသားတစ္ခုလုံးေၾကမြေနတာ အေပၚယံရင္ဘက္
ေလာက္ကစာဖြဲ႕မေနေတာ့..။
"JeonJungkook ကို စကားထဲထည့္ထည့္
မေျပာစမ္းပါနဲ႔ေတာ့ ကၽြန္ေတာ့္မ်က္လုံးေတြကို
ေသေသခ်ာခ်ာၾကည့္စမ္းပါ..."
"ၾကည့္တယ္....ၾကည့္တိုင္းမွာ ငါမုန္းတယ္
မင္း ကို ျမင္တိုင္း ငါ့ရင္ဘက္ေတြေအာင့္တယ္
ငါမင္းမ်က္လုံးေတြကို ေၾကာက္တယ္KimTaeHyung
ငါ့ဆုံးရွုံးျခင္းေတြရဲ့ အမွတ္အသားေတြလိုပဲ..."
"အတၱႀကီးလိုက္တာ ParkJimin ရယ္....."
"ျပန္စမ္း!!!!လာမ႐ူးမေနဘဲ ငါ့႐ုံးခန္းထဲက
ခုထြက္....."
"မထြက္ဘူး....!!"
ထယ္ သည္ ေဒါသေတြရယ္ ဝမ္းနည္းမွုေတြရယ္
မတည္ၿငိမ္နိုင္တဲ့စိတ္အေျခအေနေတြရယ္မွာ
ဆိုင္သူေလးရဲ့ လည္တိုင္ေက်ာ့ေက်ာ့ေလးအား
ခ်ဴပ္နမ္းလိုက္သည္။
"KimTaeHyung!!!!!!"
ရမ္းကားလိုက္တာ....အရာသာထင္က်န္ခဲ့ရင္
ေတာ့ အိမ္ျပန္ရင္ အရိုးတျခားအသားတျခား
ျဖစ္မွာမလြဲ...။ကိုယ့္ႀကိဳးေတြနဲ႔ကိုယ္အခ်ည္ခံရ
ေသာဘဝကိုေရာက္လိမ့္မည္။
"မင္း........"
"JeonJungkookကိုအပ်က္စကားေတြ
ေျပာခဲ့တာ Hotelကမိန္းမကိစၥေတြ
ခင္ဗ်ားကို Hoseokအိမ္ေခၚၿပီး
ခင္ဗ်ား အိပ္ေပ်ာ္ေနတုန္း အတူတူထြက္သြား
ဖို႔အထိေတာင္ ကၽြန္ေတာ္စီစဥ္ခဲ့ၿပီးၿပီ
ေသာက္ကံၾကမၼာလြဲလြန္းလို႔......
ခုလည္း အျပတ္ပဲ ဆိုၿပီး ခင္ဗ်ားဆီ သူမေရာက္
ေအာင္ ဥာဏ္ဆင္ခဲ့တာပဲ....ျပတ္လိုက္ေလ
လမ္းခြဲလိုက္ပါလား ဘာလို႔သြားေပ်ာ္ေနတာလဲ
ဦးေႏွာက္ပ်က္သြားတာလား ParkJimin..."
"မင္း....မင္းကဘာလဲ...ဘာလ္ို႔ဒီေလာက္ေတာင္.."
ေကာင္းကင္ျပာေလးသည္ ၾကမ္းၾကမ္းတမ္းတမ္း
ဆြဲခ်ဴပ္နမ္းေနရာမွ ပါးအိအိေလးေတြကို
ဖြဖြေလးကိုင္ရင္း မ်က္ရည္ေတြတေပါက္ခ်င္း
က်လာခဲ့သည္။
ဆိုင္သူေလးရဲ့မ်က္လုံးေလးေတြကို
ေသေသခ်ာခ်ာေလးစိုက္ေငးၿပီးတဲ့ေနာက္....
"လိုခ်င္လို႔ေလ.....ခင္ဗ်ားကိုသိပ္လိုခ်င္ခဲ့လို႔ပါ.."
"ဘာ....."
အံ့ဩလြန္းလို႔ Jimin သည္ TaeHyungမ်က္ႏွာ
ကိုမယုံနိုင္စြာ အစုန္အဆန္ၾကည့္ေနခဲ့သည္။
ေယာင္မွား၍ပင္ မစဥ္းစားမိခဲ့ေသာျဖစ္ရပ္။
ကိုယ့္နားပင္ကိုယ္မယုံၾကည္နိုင္....။
ေနာက္သို႔ ေၾကာက္ေၾကာက္လန့္လန့္ဆုတ္သြားမိ
သည္။
တစ္ခ်ိန္လုံး ကိုယ္နဲ႔ၿပိဳင္ဘက္လိုေတြးကာ
မနိုင္နိုင္ေအာင္ ကစားခဲ့တဲ့ပြဲ...။
"ကၽြန္ေတာ့္ကို မမုန္းပါနဲ႔.....
ကၽြန္ေတာ္ ဘယ္တုန္းကမွ သူ႔ကိုမလိုခ်င္ခဲ့ပါဘူး
ကၽြန္ေတာ္ လိုခ်င္ခဲ့တာ ဒီတစ္ေယာက္ထဲပါ...."
"မင္း လက္ေတြကို လႊတ္စမ္း TaeHyung...
မင္း အရမ္း လြန္ေနၿပီ...
ဖယ္စမ္း!!!"
ဘယ္လိုျပန္တုံ႔ျပန္ရမွာလဲ...။မထင္မွတ္ထားရတဲ့
ၾကားထဲ TaeHyungပုံစံက ပုံမွန္လည္းမဟုတ္။
ေလာေလာဆယ္ ဒီမသင့္ေတာ္ေသာျမင္ကြင္းႀကီး
ကိုတစ္ေယာက္ေယာက္ဝင္လာလို႔ျမင္သြားရင္
ပြဲသိမ္းသြားလိမ့္မည္။
"တံခါးသြားပိတ္လိုက္မယ္....မဖယ္နိုင္ဘူး...
ၿငိမ္ၿငိမ္ေနက်န္ခဲ့..."
TaeHyungသည္ တံခါးဆီကိုသြားကာအထဲက
Lockခ်လိုက္ၿပီး ဆိုင္သူေလးဆီျပန္လာေတာ့
စားပြဲေပၚမွခုန္ဆင္းၿပီးၿပီမို႔ နံရံဆီကိုဆြဲကပ္လိုက္သည္။
ေဆြးေဆြးေျမ့ေျမ့ ေကာင္းကင္ျပာေလး၏
မ်က္လုံးေတြသည္တုန္လွုပ္အံ့ဩေနေသာ
မီးေတာင္ေလးကို ေၾကေၾကကြဲကြဲစိုက္ေငးေနသည္။
"ငါ့ကို လႊတ္ေပးေနာ္....ငါလုပ္မွလုပ္တယ္
မေျပာနဲ႔...."
"လုပ္ေလ.....လုပ္ခ်င္တာ အကုန္သာလုပ္ပစ္
မင္းလက္နဲ႔ ထပ္ေသေတာ့လည္း ေအးတာပဲ
လုပ္....."
"ဖယ္!!!!"
ဆိုင္သူေလးသည္ အလစ္အငိုက္မွာ
႐ုန္းကန္ထြက္ခဲ့ေပမယ့္ TaeHyungက
အတင္းျပန္ဆြဲခ်ဴပ္တဲ့အခါ နံရံနဲ႔ကိုင္ေဆာင့္
လိုက္သလိုျဖစ္ၿပီး ေက်ာျပင္တစ္ခုလုံးအရွိန္နဲ႔မို႔
နာက်င္သြားခဲ့သည္။
အ!!!!
စိတ္ေတြလည္းရွုပ္လာကာ မထင္မွတ္ထားေသာ
ျဖစ္ရပ္ေရာ ခႏၶာကိုယ္ကလည္းနာသြားတာေရာ
ေပါင္းကာ ငိုခ်င္သြားသည္။
ေယာက်္ားေလးတစ္ေယာက္ျဖစ္ၿပီး
ဘယ္ေနရာေလးထိလိုက္ထိလိုက္
ထိလြယ္ရွလြယ္ေသာ ခႏၶာကိုယ္ကိုပိုင္ဆိုင္ရတဲ့
ဒုကၡကလည္းမေသး...။
လိုတာထက္ ပိုနာပါသည္။
နာသြားတာေၾကာင့္မဲ့က်သြားေသာမ်က္ႏွာေလး။
မ်က္ရည္ေတြပင္ဝဲတက္လာတဲ့အခါ
ေကာင္းကင္ျပာေလး လက္ေတြခ်က္ခ်င္းေလၽွာ့ပစ္
လိုက္သည္။
"နာသြားတာလား...ေက်ာ လား ထိသြားတာ..."
ေျပာခ်င္ရာေတြေျပာ စိတ္လြတ္ကိုယ္လြတ္
ဖြင့္ဟခဲ့ၿပီးမွ လက္လြန္သြားမွန္းသိလိုက္ရတဲ့အခါ
TaeHyung စိတ္နဲ႔လူျပန္ကပ္လာျပန္သည္။
"ငါ့ကို လာမထိနဲ႔....!!!ထြက္သြား
မင္းကို ငါမျမင္ခ်င္ဘူး..."
ေက်ာျပင္ကို လက္သြယ္သြယ္ေတြနဲ႔ဖြဖြေလး
ပုတ္ေပးလာသည္။ဘာမွေတာ့ထပ္မေျပာေတာ့။
ဆံပင္ေတြၾကားထဲ တိုးေဝွ႕နမ္းေတာ့Jimin က
ေရွာင္လို႔ရသမၽွ အထိမခံေရွာင္သည္။
"မင္းကိုငါျပန္ေတာ့လို႔ေျပာေနတယ္ေနာ္
KimTaeHyung...."
"ကၽြန္ေတာ္ ေျပာခဲ့သမၽွကို အသိအမွတ္ေတာ့
ျပဳေပးမယ္မလား....မင္း မလြဲပါနဲ႔ေတာ့ေနာ္..."
"ဘာကိုမွ အသိအမွတ္ျပဳမေပးနိုင္ဘူး
ငါ့ဆီေနာက္ထပ္ ထပ္မလာနဲ႔"
ParkJimin ကေတာ့ ParkJimin ပဲမလို႔
အံ့ဩမွင္သက္ ခံစားသြားမယ့္သူမဟုတ္ဘူးဆို
တာ TaeHyung ခန့္မွန္းမိၿပီးသားပါ။
ဒါေပမယ့္ေျပာခ်င္တာကိုေျပာလိုက္ရပီမို႔
ႏွလုံးသားတြင္စိုက္ေနေသာဆူးေတြအမ်ားႀကီးထဲကမွဆူးတစ္ေခ်ာင္းသည္ၾကယ္မွုံၾကယ္မႊားေလးေတြလိုေပ်ာက္ကြယ္သြားသည္။
ဆူးအႀကီးႀကီးတစ္ေခ်ာင္းကသာႏွုတ္ဖို႔ခက္ပါလိမ့္မည္။
"လာခ်င္လည္း လာမယ္ မလာခ်င္လည္း
မလာဘူး ကိုယ့္စိတ္နဲ႔ကိုယ့္ကိုယ္ အမိန့္လာမေပးနဲ႔..."
နာလို႔ ေသးေသးေလးသာ ရွိေတာ့ေသာမ်က္ႏွာ
ရဲရဲကို ထယ္က ႏွာေခါင္းႏွစ္ခုထိကပ္သည္အထိ
တိုးကပ္ကာ ႏွုတ္ခမ္းတဖက္ထဲတြန့္ေကြးကာ
ေျပာၿပီးေနာက္ အခန္းထဲက ထြက္ခြါသြားခဲ့သည္။
MD Park ဘာမွမတုံ႔ျပန္နိုင္....။
မေပါက္ကြဲနိုင္...နံရံကပ္ကာ ေဒါသေတြနဲ႔က်န္ရစ္ခဲ့ရ
သည္။
ထယ္သည္ဓာတ္ေလွကားထဲေရာက္တဲ့အခါ
ႏွစ္ေပါင္းမ်ားစြာမေရတြက္နိုင္ခိုေအာင္း
သိမ္းဆည္းခဲ့ရေသာဝန္ခံမွုတစ္ခုကို
ေဒါသေတြ ေမာဟေတြ ဝမ္းနည္းမွုေတြၾကား
လုပ္ခဲ့ၿပီးျဖစ္၍ ေျခပင္မခိုင္ခဲ့....။
ဒါသည္ ခ်စ္ပါတယ္ လို႔ ေျပာထြက္တာမ်ိဳး
မဟုတ္ေသး...လူမိုက္ဆန္ဆန္အနိုင္ပိုင္းကာ
တင္တင္စီးစီးေျပာ႐ုံရွိေသးသည္။
ဒါဟာ ဝန္ခံျခင္းအစစ္နဲ႔ တကယ့္ေတာင္းဆို
ျခင္းအစစ္ေတြမဟုတ္ေသး နိဒါန္းေလးပ်ိဳး႐ုံမွာကို
TaeHyungတုန္ရီေနသည္။
ဒူးေတြက်ိဳးက်ခ်င္လာ၍ထိန္းကိုင္ထားရသည္။
မီးေတာင္ေလးဟာ....ေမာင္နဲ႔ထိမိ ထိမိ
ေကာင္းကင္ျပာေလးနဲ႔ ထိမိ ထိမိ
ထိမိသူတိုင္းကို ေခ်ာ္ရည္ပူေတြနဲ႔
ေလာင္းခ်ပစ္တာပဲ.....။
အဲ့ေန႔က ေကာင္းကင္တစ္ခုလုံး
ေခ်ာ္ရည္ပူေတြအျပည့္ပဲ......။
........................။
"ေဂ်!!!!"
Romသည္ခရီးကျပန္လာထဲက ဘာေတြအ႐ူးထ
ေနမွန္းမသိ...ဖုန္းေခၚလိုက္Msgေတြပို႔လိုက္ႏွင့္
ဟိုေနရာခ်ိန္း ဒီေနရာခ်ိန္းလုပ္ေနသည္။
အရင္လိုလည္း ဆိုးဆိုးမိုက္မိုက္ေတြလုပ္ဖို႔
အာ႐ုံမရေန...။Jimin အနားသာအခ်ိန္ျပည့္ကပ္
ၿပီးခ်စ္ေနခ်င္သည္။
Romဆီကိုေမာင္မသြားခဲ့ပါ...။
အိမ္မွာသာ အိပ္လိုက္ စားလိုက္ ဆိုင္သူေလးကို
နမ္းလိုက္လုပ္ေနၿပီး အားလပ္မေနခဲ့။
အိမ္ေရွ႕ျမက္ခင္းထဲ ေမာင္ ႏွင္းေခြးႀကီးနဲ႔
ေဆာ့ကစားေနတုန္း Romေရာက္လာခဲ့သည္။
"ေဂ်.....မင္းကြာ ျပန္လာထဲက ငါဒီေလာက္
ေခၚေနတာကို......"
"မအားဘူး....."
"မအားရေအာင္ဘာလုပ္ေနလို႔လဲ ေခြးနဲ႔ေဆာ့ေနၿပီး"
"ဘာလဲ ဘာေတြအေရးႀကီးေနလို႔လဲ....
မင္းမွာလည္း အျမဲတမ္းအေရးေပၚ..."
"Jimin အိမ္မွာရွိလား......"
JeonJungkookကိုအေပါင္းအသင္းမလုပ္ခ်င္
ေတာ့ဘူးဆိုတာလည္းအဲ့တာေတြ...။
နဂါးမ်က္ေစာင္းပင္ ဆရာျပန္ေခၚရမည့္
မ်က္ေစာင္းႀကီးျဖင့္စတင္ႀကိဳဆိုသည္။
Romတကယ္သေဘာရိုးနဲ႔ေမးတာပါ။
"ငါ....မင္းကို အေရးႀကီးတာတစ္ခုေျပာခ်င္
လို႔ပါေဂ်ရာ..."
"အဲ့တာ Jimin ကိုေမးစရာလိုအပ္လို႔လား..."
"ႏွစ္ေယာက္ထဲ ေအးေအးေဆးေဆးေျပာျပခ်င္လို႔"
"ျပန္ေတာ့ ျပန္ေတာ့.....ငါမအားဘူး
ခဏေန သူ႔ကို အလုပ္သြားႀကိဳရအုန္းမွာ..."
"ေဂ်......ငါ့စကားကိုအေလးအနက္
ထားစမ္း...ငါအတည္ေျပာမွာ...."
Romလိုေကာင္မ်ိဳးက ေလးေလးနက္နက္
မ်က္ႏွာႏွင့္ အျပာေရာင္မ်က္လုံးေတြသည္
အထူးတလည္တည္ၿငိမ္ေနသည္။
ဒါသည္ ျဖစ္ေတာင့္ျဖစ္ခဲ....။
"ဘာလဲ...ဘာေျပာမွာလဲ...."
"TaeHyung ကိစၥ......"
"လာျပန္ပီလား မင္းTaeHyungကိုသိပ္
ေဂ်ဝင္လြန္းတာပဲ ငါေျပာမယ္Rom
ငါ့ေယာက်္ားကလြဲၿပီး ငါဘယ္သူ႔ကိုမွမခ်စ္ေပမယ့္
မင္းကိုေတာ့ ငါနည္းနည္းစိတ္ထဲရွိတယ္
စိတ္မပူနဲ႔ ငါမင္းထက္ပိုၿပီးသူ႔ကိုပိုမခင္မင္ဘူး
သြားစမ္းကြာ.....မိန္းမေတြက် ရွင္းျပေနရတာ...."
"မဟုတ္ဘူး....ငါတို႔အကန့္ေတြမဟုတ္ဘူးေဂ်...."
"ဒါဆို ငါနဲ႔သူရဲ့ အကန့္လား ၿပီးၿပီေလ
Jimin သိရင္ ဒီတစ္ခါဆို ငါတကယ္အသတ္ခံရမွာ
မလို႔ ငါ ခပ္ရွင္းရွင္းပဲေနေတာ့တယ္...
ဘာေတြက ျပသနာရွိေနလို႔လဲ....."
"TaeHyung က ငါတို႔အဖြဲ႕ထဲကိုစေရာက္လာထဲက
မရိုးရွင္းခဲ့ဘူးေဂ်....ငါမင္းအိပ္ေပ်ာ္သြားတဲ့
ညထဲက ကိစၥတခ်ိဳ႕ကို ငါျပန္စုံစမ္းခဲ့တယ္
မင္းတို႔ခရီးသြားတဲ့တစ္ေလၽွာက္လုံးလည္း
ငါမသကၤာစရာေတြမ်ားေနလ္ို႔ျပန္ဆက္စပ္ၾကည့္ေနတာ"
"အရမ္းအားေနတာပဲ....အိမ္မွာလာ
သန့္ရွင္းေရးလုပ္ပါလား ငါ့ဘုရင္ေသးေသးေလးက
အသန့္တအားႀကိဳက္တာ...."
"JungKook!!! မင္းငါ့ကိုေမတၱာပ်က္ေအာင္မလုပ္နဲ႔ေနာ္..."
JungKookဟု ခပ္တင္းတင္းအေခၚခံလိုက္ရတာ
ေၾကာင့္ေမာင္ အံ့အံ့ဩဩပင္ျဖစ္သြားသည္။
Rom ဘယ္ေတာ့မွ ဒီလို မေခၚခဲ့ဖူးပါ။
"TaeHyungက ဘာျပႆနာမွမရွိဘူးRom
ငါ့အတြက္စေတြ႕ထဲက ရိုးရွင္းတယ္...
တျခားလူဆိုရင္ေတာင္ ငါေခါင္းထဲထည့္ရင္
ထည့္နိုင္ေပမယ့္ TaeHyungကိုေတာ့ဘာကိစၥနဲ႔
မသကၤာစရာျဖစ္ရမွာလဲ......
ခုငါတို႔အေျခအေနေတြအားလုံးတည္တည္ၿငိမ္ၿငိမ္ပဲ
ျပႆနာ မရွာခ်င္စမ္းနဲ႔ကြာ.."
ေမာင္ဟာ ရွင္းလင္းစြာကို ယုံၾကည္ခဲ့ပါသည္။
အတိတ္ေတြတုန္းကလည္း တစ္ထပ္ထဲ
ယုံၾကည္ခဲ့သည္။TaeHyungမ်က္လုံးေလးေတြ
ကိုျမင္လိုက္ရရင္ကို ေမာင္က ေပ်ာ္ရႊင္ေစခ်င္ေသာ
ေမတၱာ ေအးခ်မ္းဆုံးဘဝေလးတစ္ခုကို ပိုင္ဆိုင္
ေစခ်င္ေသာ ေစတနာႏွင့္ TaeHyungဘက္က
မ်က္ႏွာဖုံးအထပ္ထပ္ျဖင့္ ဟန္ေဆာင္ပန္ေဆာင္
တစ္ခ်ိန္လုံး ဆက္ဆံေပးခဲ့တာေတာင္ အလြန္လည္ဝယ္
ပါသည္ဆိုေသာ ကေဝေကာင္ေလးက မျမင္နိုင္ခဲ့။
တစ္ေယာက္ေသာသူေသဆုံးသြားရလို႔
ခ်က္ခ်င္းေသြးခ်င္းခ်င္းရဲေစကာလိုက္သြားခဲ့သည့္
သစၥာသည္ လည္းႀကီးလွသည္။
သနားစရာေကာင္းလွစြာ လက္ထဲအသက္မဲ့သြားခဲ့ရ
ေသာသိပ္ခ်စ္ခဲ့ရတဲ့သူ...။
တစ္စုံတစ္ေယာက္ရဲ့ ဘယ္သူမွလက္လွမ္းမမွီနိုင္တဲ့
ခ်စ္ျခင္းတရားနဲ႔...နစ္နစ္သီးသီးဆုေတာင္းေတြကို
မေက်ာ္လႊားနိုင္လို႔သာ ျပန္ေတြ႕တဲ့အခါ
ေမာင္က ေမတၱာတရားကလြဲ....ေအးခ်မ္းေစခ်င္ေသာ
စိတ္ကလြဲ ေပးစရာမရွိေတာ့ေပမယ့္
မျဖဴစင္တဲ့ ခပ္ညစ္ညစ္ေကာင္ေလးလို႔ေတာ့
ေမာင္ ဘယ္ျမင္နိုင္ပါ့မလဲ.....။
ဆံပင္ေလးတစ္ေခ်ာင္းေတာင္ ထိခြင့္မရခဲ့ဘဲ
သံသရာတစ္ေလၽွာက္လုံး လုံးဝျငင္းတယ္ဆိုတဲ့
တိတိက်က် ျပတ္သားမွုနဲ႔ ရက္စက္မွုေတြ
ေသဆုံးသြားတဲ့အထိေတာင္ သူၾကည့္ေနခဲ့တာ
ကိုယ့္ကိုမဟုတ္ခဲ့.....။
ဘယ္ဘယ္လိုမွကို မထင္ရက္ခဲ့တာပါ....
"မင္းတို႔တက္ခဲ့တဲ့ျပႆနာတိုင္းမွာ
သူပါေနတယ္....ေဂ်...အဲ့ညကမင္းမူးၿပီးအိပ္ေပ်ာ္သြား
တာေတြ Hotelမွာ မူးၿပီးဟိုမိန္းကေလးနဲ႔
ကိစၥေတြေရာ သူနဲ႔မလြတ္ဘူး
မင္း နဲ႔မရွင္းမရွင္းမလို႔ သူမေက်နပ္လို႔လုပ္တယ္
ဆိုရင္ ျပႆနာလို႔မဆိုနိုင္ေပမယ့္
ဒီေန႔ မင္းJeon Groupေရွ႕မွာ မင္းကားထြက္သြား
တာနဲ႔ အစားထ္ိုးေရာက္လာတာ TaeHyungရဲ့
ကားပဲ...."
ေမာင္ Romကို ဖ်က္ခနဲၾကည့္လာသည္။
Jimin ေအာ္ဟစ္ငိုယိုထြက္သြားၿပီး ေဂ်လည္း
ေသြး႐ူးေသြးတန္းထြက္သြားထဲက
တစ္ေယာက္ေယာက္ေတာ့ ဆိုးဆိုးဝါးဝါးတခုခု
ေတာ့ျဖစ္ၿပီဟု Romေတြးလိုက္ကာ
အဆင္ေျပခါစ သူငယ္ခ်င္းျဖစ္သူရဲ့ခက္ခက္ခဲခဲ
အိမ္ေထာင္ေရး အတြက္ ေဒါသထြက္သြားၿပီး
မသကၤာေနေသာ KimTaeHyung ကိုရွာေတာ့
မေတြ႕ေတာ့....။
အဲ့ကစ ေဂ်တို႔ကသာ ဟန္းနီးမြန္းမွာ ေပ်ာ္မဆုံးေနခဲ့
ေပမယ့္ Romကေတာ့ တခုခုစိတ္ထဲထစ္ေနရင္
မေနတတ္တာေၾကာင့္အကုန္လုံးကိုျပန္စုံစမ္းခဲ့သည္။
ဝန္မခံခ်င္ေပမယ့္
ေမြးကထဲက ေဂ်နဲ႔အတူတူ ႀကီးျပင္ခဲ့ရၿပီး
တစ္ရက္မွမခြဲဘဲအတူတူ မိုက္ခဲ့ၾကကာ
ေနာက္မွေပၚလာေသာTaeHyung
ဆို ေမာင္က လုံးဝအထိမခံနိုင္ျခင္းကို Rom
အနည္းငယ္ေတာ့ ေဂ်ဝင္ခဲ့ပါသည္။
သူငယ္ခ်င္းေတြအတူတူရွိခဲ့ၾကၿပီး
ေနာက္မွေရာက္လာတဲ့သူကို အကဲပိုခဲ့ၾကတဲ့အခါ
လူမိုက္ျဖစ္ျဖစ္ လူေကာင္းျဖစ္ျဖစ္
ဘာေကာင္ျဖစ္ျဖစ္ အစစ္အမွန္ ခင္ေပးခဲ့တဲ့ႏွလုံးသား
ေတြက သိပ္ေၾကကြဲဝမ္းနည္းတတ္ၾကပါသည္။
Romရဲ့အျပာေရာင္မ်က္လုံးေတြနဲ႔
TaeHyung ရဲ့ မီးခိုးေရာင္မ်က္လုံးေတြဆုံတိုင္း
အသံတိတ္ ရန္သတ္ရတာ ခဏခဏ...။
"မင္း ဘာကို ေျပာခ်င္ေနတာလဲ Rom....."
"ငါရွင္းရွင္းပဲေျပာေတာ့မယ္ကြာ.....
TaeHyung က မင္းေယာက်္ားကို ႀကံေနတာ...."
ေမာင့္မ်က္ႏွာနီရဲတက္သြားကာ ခါးပင္က်ိဳး
မတတ္Romအေပၚကိုအုပ္မိုးၿပီးလက္သီး
သည္မ်က္ႏွာတည့္တည့္ကိုခ်ိန္ရြယ္ေတာ့သည္။
"ေသာက္ေပါက္ကရေတြ!!!!!
ငါသတ္မွာေနာ္ Rom!!!! စကားေျပာတာ
ၾကည့္ေျပာစမ္း....."
"ဟုတ္တယ္....မေသမခ်ာမေရမရာေတြမလို႔
ငါမေျပာဘဲေနတာ ခုသတိေပးသင့္ေနၿပီလို႔
ငါထင္လို႔ သူလုပ္ခဲ့သမၽွက မင္းတို႔
ကြာရွင္းပစ္နိုင္တဲ့အကြက္ေတြႀကီးပဲ ထပ္လုပ္လို႔
တခုခုမ်ားလြဲသြားရင္ ေသမွာ မင္းမလား...
မင္း Jimin ကို ဘယ္ေလာက္ခ်စ္သလဲ ငါေကာင္းေကာင္း
နားလည္လို႔ ငါဒါကိုေျပာျပတာ....
ကံၾကမၼာဆိုတာ ေျပာလို႔မရဘူးကြ!!!"
"ပါးစပ္ပိတ္ထားစမ္း!!!!TaeHyungကတစ္ခ်ိန္လုံး
ငါ့အနားရွိခဲ့တာပဲ....ဘယ္လိုနည္းနဲ႔မွ
ဘယ္ဘက္ကလွည့္ေတြးေတြးမျဖစ္နိုင္ဘူး
သူတို႔ စကားေတာင္ ေျပာဖူးၾကတာမဟုတ္ဘူး...."
"မင္းကြယ္ရာ မွာ ေျပာေနၾကတယ္ဆိုရင္ေရာ
မင္းျမင္နိုင္လို႔လား ေဂ်....ခုေတာင္
မင္းေယာက်္ား ႐ုံးခန္းထဲေရာက္ရင္ေရာက္ေနမွာေလ"
"မျဖစ္နိုင္လိုက္တာ....မင္းထပ္မေျပာစမ္းနဲ႔
Rom ...ငါတကယ္ထိုးမိေတာ့မယ္...."
"ဘာေတြက ဘယ္ေလာက္ေတာင္ ဖုံးနိုင္ကာနိုင္
ေနလို႔ မင္း မျမင္ေနတာလဲJeonJungkook
မင္း Jimin အေၾကာင္းေျပာတိုင္း
အေရာင္ေပါင္းစုံေျပာင္းေနတဲ့ သူ႔မ်က္လုံးေတြကို
မင္းသာ မျမင္တာ ငါတို႔အားလုံးရိပ္မိခဲ့တယ္
မင္းအိမ္မွာငါ့တို႔ကိုအရက္စပ္ေပးလို႔ျပႆနာ
တက္တဲ့ေန႔က မင္းထက္ေတာင္KimTaeHyung
က႐ူး႐ူးမူးမူး Jimin ကိုၾကည့္ခဲ့တာ....
သူလုပ္ခ်င္ရာလုပ္ၿပီးမင္းတို႔ခရီးထြက္သြားထဲက
လုံးဝအဆက္အသြယ္မရဘူးလူပါေပ်ာက္ေနတာ
....ခုျပန္လာတာနဲ႔Jimin ဆီေရာက္ေနၿပီ......
MinYoongiက သူအၾကာႀကီးတြဲခဲ့တဲ့သူ
ခု ျပတ္သြားၾကၿပီ ငါၾကားမိသေလာက္ကေတာ့
KimTaeHyung ကေနာက္တစ္ေယာက္ကို
အ႐ူးအမူးျဖစ္ေနလို႔တဲ့....အဲ့လူကမင္းေတာ့မျဖစ္နိုင္
ဘူးမလားေဂ်...."
"ငါမဟုတ္ဘူး....ေအး...ငါမဟုတ္သလိုသူလည္းမဟုတ္ဘူး ေနာက္ထပ္တစ္ေယာက္ျဖစ္နိုင္တာပဲ
Rom ငါၾကား႐ုံနဲ႔ေတာင္ လူသတ္ခ်င္လာလို႔
မင္းပါးစပ္ကိုပိတ္ေတာ့ေနာ္.....
JeonJimin နာမည္ကို ထပ္တပ္မလာနဲ႔....
ငါသည္းခံမွာမဟုတ္ဘူး...."
Rom ..ဒီေကာင္လာအ႐ူးထေနသည္။
လက္မခံနိုင္စရာ လုံးလုံးမျဖစ္နိုင္စရာကိစၥကို
အႀကီးအက်ယ္ေတြလုပ္ကာေသြး႐ူးေသြးတန္း။
"မင္း မယုံဘူးလား..."
"ယုံစရာမွမလိုတာ...TaeHyung မလို႔
ပိုလို႔ေတာင္မျဖစ္နိုင္ေသးတယ္...
ငါနည္းနည္းေလးမွ သံသယမဝင္ဘူး...."
Romသည္ ေဂ့်ကို တြန္းလႊတ္ကာ
မ်က္ႏွာေတြရဲလာသည္။
ညီအစ္ကိုထက္ ပိုေတာင္ နီးစပ္တဲ့ ဒီေကာင္သည္
ေျပာလို႔ဆိုလို႔မေပါက္...။
ParkJimin ကို တဖက္က လွလွေလး
လုေျပးသြားမွ Romေရ ဆိုၿပီးေျပးလာရင္
ထိုးလႊတ္မည္...။
"ေအး..မဝင္နဲ႔....မင္းတို႔ခုအရမ္းအဆင္ေျပေနတဲ့
အေျခအေန ေလးေတြကို ငါမပ်က္ဆီးေစခ်င္လို႔
မင္းနဲ႔Jimin ဒီအိမ္ေထာင္ေရးကို ဘယ္လိုတည္
ေဆာက္ခဲ့ရလဲငါအသိဆုံးမလို႔ ငါေစတနာနဲ႔
သတိေပးတာ
Jimin က္ိုမယုံၾကည္တာမ်ိဳးလည္းမဟုတ္သလို
ငါဘယ္သူ႔ကိုမွလည္းမေစာ္ကားမစြပ္စြဲခ်င္ဘူး
မင္းတို႔ေသေလာက္ေအာင္ခ်စ္တာေတာင္
သူလုပ္လိုက္ရင္ အျမဲတမ္းလွုပ္လွုပ္ခတ္ခတ္ပဲမလား
ဒီတစ္ခါ လည္းJimin က ေလၽွာ့လို႔ေလ
တကယ္ဆို ေပါ့ေလၽွာ့လြန္းတဲ့မင္းမ်က္ႏွာကို
ၾကည့္ဖို႔ေတာင္ လိုေတာ့မယ္မထင္ဘူး...."
"Rom!! မင္းငါ့ကို ဘယ္လိုေလသံ
ဘယ္လိုပုံစံနဲ႔ ေျပာေနတာလဲ
ငါက မဟုတ္ဘူးဆို မင္းလက္ခံလိုက္ေလ..."
"မင္းက ငါ့ကိုမယုံဘဲ
KimTaeHyung ကို အျပည့္အဝယုံၾကည္ေနတာပဲ
မင္းနဲ႔ငါ ၿပီးၿပီ ေဂ်...ငါအဖြဲ႕ထဲကထြက္တယ္..."
"ေဟ့ေကာင္!!!!!"
Romသည္ ျမက္ခင္းေပၚမွထထြက္သြားကာ
သူငယ္ခ်င္းသက္တမ္းအရွည္ႀကီးတြင္
ပထမဆုံး စိတ္ဆိုးစိတ္ေကာက္သြားျခင္း။
ေမာင္သည္ ေတာက္ တစ္ခ်က္အက်ယ္ႀကီး
ေခါက္ကာ မ်က္ႏွာတစ္ခုလုံးမွိုင္းညိဳ႕သြားသည္။
တရိတ္ရိတ္ျဖင့္ မစဥ္းစားဘူးေတာ့မဟုတ္
ေပမယ့္လည္း ေမာင္ အနည္းငယ္စိတ္ထဲ
ပူသြားကာ ျပန္ေတြးေနခဲ့သည္။
မ်က္ေတာင္အရွည္ႀကီးေတြႏွင့္သြားတန္းညီညီေလး
ေပၚေအာင္ျပဳံးရီျပတတ္ကာ ေဂ် လို႔
ခပ္တိုးတိုးေလး ေခၚတတ္ေသာ စိမ္းျပာေရာင္ေလး
က .....
မျဖစ္နိုင္ပါဘူး.....မျဖစ္နိုင္ဘူး....။
ႏွင္းေခြးႀကီးသည္ ေမာင့္မ်က္ႏွာကိုလာနမ္းရွုံ႔
လာေတာ့ ေမာင္က ဖက္ထားကာျမက္ခင္း
ေပၚလွဲခ်လိုက္သည္.....။
ဒါေပမယ့္....ဒါေပမယ့္....လည္ဝယ္ေသာသူမို႔
ေသေသခ်ာခ်ာျပန္ေတြးၾကည့္တဲ့အခါ
မေရမရာေတြ ျမင္လာရျပန္သည္။
ျမင္လာေသာ တခ်ိဳ႕အရာေတြက TaeHyung
က္ုျပန္ျမင္ေယာင္လိုက္ရင္ ေမာင္ေခါင္းခါကာ
တစ္ေယာက္ထဲ အလုပ္ရွုပ္ေနျပန္သည္။
"Company ေရွ႕မွာကားရပ္တိုင္း
Jimin ဆီသြားတာလို႔ တရားေသသတ္မွတ္လို႔မွမရတာ
မဟုတ္ဘူးလား.....မင္းငါေျပာတာကိုေထာက္ခံတယ္
မလား ျပန္ေတြးၾကည့္ေတာ့ နည္းနည္း
TaeHyung ကတမ်ိဳးေပမယ့္ ငါမစြပ္စြဲရက္ဘူး
ျဖစ္ေနတယ္......"
ေခြးႀကီးသည္ေမာင္ေျပာတာကိုနားလည္ေနသလို
ေမာင့္ကိုစိုက္ၾကည့္ေနသည္။
"တကယ္လ္ို႔မ်ားေပါ့ကြာ....တကယ္သာ
ငါ့Jimin ကို ႀကံစည္ခဲ့တာမွန္ရင္ေတာ့...."
ေမာင့္မ်က္ႏွာေအးစက္စက္...။သို႔ေသာ္
ခ်က္ခ်င္း ေခါင္းခါလိုက္ကာ....
"မဟုတ္ေလာက္ပါဘူး TaeHyung
ဘယ္လိုမွမလုပ္ေလာက္ပါဘူး....
ငါသူ႔ကို ဒီေလာက္ယုံၾကည္ၿပီးခင္မင္ခဲ့တာ
မလုပ္ေလာက္ဘူးမလား....."
ႏွင္းေခြးႀကီးက ေမာင့္ကိုနမ္းလိုက္တဲ့အခါ
"ဒါေပါ့ မင္းေတာင္သိေနတာ......"
ေမာင္ ဟာ သံသယေခါင္းစဥ္ကိုလုံးဝမတပ္ခဲ့....။
ေမာင္ဟာ ေျပာသမၽွ အားလုံးကို ဘူးခံျငင္းခဲ့သည္။
ဒါေပမယ့္ ေမာင့္ မ်က္လုံးနဲ႔ ေမာင့္မ်က္ႏွာက
အရိပ္အေငြ႕ေတြဟာ နားလည္ရခက္စြာ
စကၠန့္ေတြတိုင္းမွာအမ်ိဳးမ်ိဳးေျပာင္းလဲေနသည္။
"Jimin.....ေမာင္လာႀကိဳမယ္..ျပန္လာခဲ့ေတာ့ေနာ္..."
ခ်က္ခ်င္းဆိုသလို ဖုန္းဆက္ကာေမာင္လွမ္းေခၚ
ခဲ့သည္။Romေျပာခဲ့ေသာ စကားေတြနဲ႔
TaeHyung ကိုမယုံၾကည္လို႔မဟုတ္ေပမယ့္
ေမာင့္ အသိစိတ္ေရာ မသိစိတ္ေရာက
ဆိုင္သူေလးကို မ်က္စိေအာက္တြင္ခ်က္ခ်င္း
ျပန္ထားခ်င္ေသာစိတ္ကို တန္းျဖစ္ေစသည္။
ေမာင္ ဘယ္သူ႔ကိုမွေစာ္ကားတာမ်ိဳး
မယုံတာမ်ိဳးမဟုတ္ပါ....
JeonJiminကို လို႔......စကားအရာေလး
ၾကား႐ုံနဲ႔ ဘယ္လိုပဲျဖစ္ျဖစ္ ဟုတ္သည္ျဖစ္ေစ
မဟုတ္သည္ျဖစ္ေစ ေမာင္သိပ္ဥစၥာေျခာက္ပါသည္။
စိတ္ထဲတေျမ့ေျမ့.....။
ႀကီးမားေသာ အရာေပါင္းမ်ားစြာျဖစ္ပ်က္ဖို႔
အစပ်ိဳးေနသလို....ေမာင့္ကိုေမာင္ကိုယ္တိုင္က
ေတာင္နားမလည္ခဲ့ပါ.....။
ေမာင္ခ်က္ခ်င္းကားေသာ့ယူကာ
Company သို႔ထြက္သြားခဲ့သည္။
...............................။
အိပ္ေဆးေသာက္ကာအိပ္ေပ်ာ္ေအာင္တကိုယ္လုံး
ကိုေစာင္ကိုလုံေအာင္ျခဳံလၽွက္TaeHyung ၿငိမ္
ေနေပမယ့္ မ်က္လုံးေတြသည္ ေၾကာင္ေနတုန္း။
Jimin နဲ႔ေတြ႕ၿပီး အိမ္ျပန္ေရာက္တာႏွင့္
ေစာင္ပုံထဲဝင္တိုးသြားကာ စိတ္ကိုၿငိမ္ေအာင္
ႀကိဳးစားေနသည္။
ဗီရိုဖြင့္သံေတြၾကားသည္ အိတ္ဇစ္ဖြင့္သံေတြ
ဇစ္ပိတ္သံေတြႏွင့္ အိပ္၍မရ......
ေစာင္ကို ဆြဲဖယ္ကာ မၾကည္မလင္ျဖင့္ၾကည့္လိုက္
ေတာ့ လူႀကီးသည္ ဗီရိုထဲက သူ႔အက်ီေတြကို
အထပ္လိုက္ ဆြဲခ်ကာ အိတ္တစ္အိတ္ထဲထည့္ေနသည္။
"အိပ္မရဘူး ဘာေတြလာလုပ္ေနျပန္တာလဲ...."
"ကိုယ့္ အက်ီ က်န္တာေတြလာယူတာ
ေနာက္ဆို မင္းဆီ လာျဖစ္မွာမဟုတ္ေတာ့လို႔
မင္း ပစၥည္းေတြထားဖို႔လည္းေနရာက်ယ္က်ယ္
ရေအာင္ေလ....."
တစ္ထည္မက်န္အကုန္ဆြဲခ်ကာေသေသခ်ာခ်ာ
ထည့္သိုေနတာ....အျမင္ကပ္စရာေကာင္းလိုက္တာ။
"အသဲအသန္ေတြကိုျဖစ္ေနေတာ့တာပဲ
ေစ့စပ္ပြဲလုပ္မေနဘဲ တန္းယူလိုက္ပါလား...
တစ္ခါပဲ ပြဲတက္ရမွာေပါ့..."
"မင္းကို ဘယ္သူက ဖိတ္မယ္ေျပာလို႔လဲ...."
တြန္းခ်ိဳးသြားေသာ မ်က္ခုံးတန္းလွလွေတြ။
ကိုယ္သာကိုယ္လုပ္ခ်င္တာ မိုးနတ္မင္းဆင္းတားတား
ဇြတ္တိုးေနတာ လူႀကီးက သဘာဝက်က်
သူ႔ဘဝသူ တည္ေဆာက္ဖို႔ေျခလွမ္းေတြစိတ္ေနေတာ့
လည္း မနာလိုလာျပန္....။
"Hak Hak ဒါနဲ႔မ်ား KimTaeHyung မရွိရင္
ေသပါမယ္တဲ့ေလ....ခုက်ေတာ့
မိန္းမယူေတာ့မယ္တဲ့လား..."
"မင္းဟာမင္း အဆင္ေျပေနၿပီမလား ထယ္
ငါ့ကို လာ မခနဲ႔နဲ႔....မင္းဒီေန႔ ParkJimin ဆီ
ဘာသြားလုပ္တာလဲ....."
"သြားဝန္ခံတာ....."
Yoongi လန့္သြားကာ TaeHyung ကိုအစုန္အဆန္
ျပဴးျပဲၾကည့္လိုက္သည္။အႏၲရာယ္မ်ားလိုက္တာ..။
ParkJimin က တခုခုျပန္မလုပ္ရင္ေတာင္
JeonJungkook သိရင္ ထယ့္ခုပုံစံ ခပ္ေပ်ာ့ေပ်ာ့နဲ႔
အစရွာရမွာမဟုတ္....။
ဆိုးပုံဆိုးဟန္ ဆန္းဆန္းနဲ႔
ေခါင္းမာၿပီး အက်ိဳးအေၾကာင္း
မခြဲျခားနိုင္လြန္းတဲ့ ဒီကေလးေလးဟာေလ
MinYoongi KimTaeHyung တစ္ေယာက္နဲ႔တင္
ေလာကကို အရွုံးေပးခ်င္လာၿပီ။
တစ္ဖက္ကဖိရင္ KimTaeHyung က
တဖက္က ႐ုန္းကန္ထြက္သည္။
Depression ဆိုၿပီး အေမွာင္ခိုေနလို႔ ေအးခ်မ္းတယ္
မွတ္တာ....ဒီအေပအေတေလးDepression က
ျပႆနာရွာDepression မ်ိဳးကြဲျဖစ္သည္။
"မင္း...ဒုကၡေရာက္မယ့္လမ္းေတြငါျမင္ေနတယ္
ထယ္.....ငါကယ္တင္နိုင္မွာမဟုတ္လို႔
ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ပါ..."
"Hak! မိန္းမကို ပဲကယ္တင္ရေတာ့မယ့္
လူႀကီး ကို ကၽြန္ေတာ္က ဂုဏ္ျပဳပါတယ္...
ဒုကၡျဖစ္ျဖစ္ သုခ ျဖစ္ျဖစ္ ခင္ဗ်ားနဲ႔နည္းနည္းေလး
ေတာင္မဆိုင္ေတာ့တဲ့အတြက္ ပူပန္ျပမေနနဲ႔...."
"ေအး....မင္းဘဝနဲ႔မင္း
ငါ့ဘဝနဲ႔ငါပဲ....
ငါမင္းကို ခ်စ္ေပးနိုင္သေလာက္အစြမ္းကုန္
ခ်စ္ေပးခဲ့ၿပီးၿပီ.....မင္းဘက္က အမွုန္အမႊား
ေလးေတာင္ ငါ့ကိုျပန္မတုန့္ျပန္ခဲ့ဘူး
ငါမင္းကိုသိပ္စိတ္နာတယ္ KimTaeHyung...."
"နာေပါ့......"
"ဘယ္သူ႔ဆီကမွလုယူစရာမလိုတဲ့
ဘယ္အိမ္ေထာင္ေရးကိုမွ ဖ်က္ဆီးပစ္ဖို႔မလိုတဲ့
မိသားစု လွလွေလးကို ငါတည္ေဆာက္ျပမယ္"
အထိနာဆုံးျဖစ္ပါလိမ့္မည္။တင္းမာသြား႐ုံမက
မဲ့က်သြားေသာမ်က္ႏွာလွလွေလး။အိပ္ရာေပၚ
မွေျပးဆင္းလာကာ ေျပးရိုက္လာေတာ့
MinYoongi ကမလွုပ္နိုင္ေအာင္ဆြဲခ်ဴပ္ထားသည္။
"ဘာျဖစ္လဲ!!!!ဖ်က္ဆီးေတာ့.....ခ်စ္လို႔
လုပ္တာ ဘာျဖစ္လဲ....!!!"
အသံေတြပင္တုန္ခိုက္လာကာအက်ီစကို
ဆြဲေဆာင့္ကာထယ္ကေအာ္ဟစ္ဆူညံေတာ့သည္။
ထို႔ေနာက္ အိတ္ထဲထည့္ေနေသာ အဝတ္အစား
ေတြကို လက္နဲ႔ေပြ႕ပိုက္ယူကာ ျပတင္းေပါက္
ေပၚမွအကုန္ေအာက္ကို လႊတ္ခ်ပစ္သည္။
"KimTaeHyung....ငါ့အဝတ္အစားေတြကို...!!!"
"ခင္ဗ်ား မိန္းမ ကို ျပန္ေကာက္ခိုင္းလိုက္ေလ..."
လက္ထဲကထည့္လက္စအဝတ္ကိုေတာင္
ဆက္ခနဲယူကာအကုန္လႊတ္ပစ္လိုက္တဲ့သူ။
လာယူလိုက္ ျပတင္းေပါက္ဆီေျပးပစ္
လိုက္လုပ္ေနတာမို႔ MinYoongi စိတ္တိုကာ
ခါးေသးေသးေလးက ေနာက္ကဆြဲဖက္ကာ
ဖမ္းဆီးလိုက္သည္။
"လႊတ္စမ္း!!!!!"
"မင္းအရမ္းဆိုးဝါးလြန္းေနၿပီေနာ္.....
ဒါေနာက္ဆုံးပဲ ငါ့ပစၥည္းေတြငါယူၿပီး
ငါ့ဘဝငါဆက္ေတာ့မွာ....
ငါမႏူတ္ဆက္ခ်င္လို႔ သိမ္းစရာရွိတာသိမ္းၿပီး
ထြက္သြားမယ့္ဟာ ျပႆနာမရွာစမ္းနဲ႔...."
ၿငိမ္က်သြားသည္။ထို႔ေနာက္မ်က္ႏွာေလး
လည္ျပန္ၾကည့္လာသည္။
"လိလိမၼာမၼာေနေတာ့.....ဒီလိုေတြစိတ္ကို
မထိန္းခ်ဴပ္နိုင္ရင္....ဘဝမွာဘယ္ေတာ့မွ
အစစ္အမွန္ေပ်ာ္ရႊင္နိုင္မွာမဟုတ္ဘူး...."
လူႀကီးက ဖက္ထားေသာ လက္ေတြကိုလႊတ္
ေပးကာ သိမ္းစရာရွိတာဆက္သိမ္းသည္။
TaeHyung ေငးၾကည့္ဖို႔ပဲတတ္နိုင္သည္။
"အဝတ္အစားေတြကိုသြားျပန္ေကာက္ေပးပါ့မယ္...."
သူသိမ္းဆည္းေနတာကိုေတြေတြေငးၾကည့္ေန
ရင္းမွ႐ုတ္တရက္ အသံတစ္ခ်က္ထြက္လာ
ကာအခန္းျပင္သို႔ေျပးထြက္သြားခဲ့တဲ့သူ...။
ဖိနပ္စီးမွာမဟုတ္သလို ေလွကားေပၚကလည္း
ျပဳတ္က်နိုင္သည္..။ေအာက္ကိုေရာက္တာနဲ႔
ေအာ္ဟစ္ငိုလိမ့္မည္....။ထို႔ေနာက္ေပ်ာ့ေခြၿပီး
သူျပန္ခ်ီေခၚရလိမ့္မည္...။
KimTaeHyung ဘာသာရပ္ကို MinYoongi က
ဂုဏ္ထူးမွတ္ေတြထက္ေက်ာ္ကာ အျမဲ100
ျပည့္ေအာင္ေျဖနိုင္တဲ့သူ....။
တဒုန္းဒုန္းေျခသံေတြေနာက္ေျပးလိုက္ကာ
ဒုတိယအႀကိမ္ဆြဲဖမ္းထားလိုက္ေတာ့
အိမ္လည္ေကာင္ ငုတ္တုတ္ထိုင္ခ်လိုက္တဲ့သူ။
"ေျပာေနတဲ့ၾကားထဲကထယ္ရာ....မင္းကိုငါ
ဘယ္လို ထားခဲ့ရမွာလဲ...."
"ထယ္.......ဘာဆက္လုပ္ရမလဲ လူႀကီး....
ထယ္ ေတာင္းပန္ပါတယ္....."
ေကာင္းကင္ျပာေလး ခက္ခဲသြားျပန္သည္ထင္ပါသည္။
က်ားေပါက္ေလးလိုဟိန္းေဟာက္ၿပီးမွ
ေၾကာင္ကေလးလို မ်က္ႏွာငယ္ေလးႏွင့္....။
"ဘာအတြက္လဲ မခ်စ္နိုင္ခဲ့တဲ့အတြက္လား
မေတာင္းပန္ပါနဲ႔ ကေလးရယ္...
မခ်စ္နိုင္တာ အျပစ္မွမဟုတ္ဘဲ......
လူႀကီးနားလည္တယ္ ဒါေပမယ့္
မင္းခ်စ္ေနတဲ့သူက မင္းကိုအမ်ားႀကီးထိခိုက္
နာက်င္ေစမယ့္ လူမွန္းသိေနလို႔ လူႀကီးက
ဇြတ္မတိုးေစခ်င္ေတာ့တာပါ....."
"လူႀကီးကို မခ်စ္လို႔ရပါတယ္......
ParkJimin ကိုေတာ့ ထယ္ ခ်စ္လ္ို႔မရဘူး....
နားလည္ပါ...နားလည္ပါေတာ့ကေလးေလးရယ္..."
"သူက ထယ့္အေပၚ နည္းနည္းေလးပဲျမင္ေပးရင္
ကၽြတ္လြတ္နိုင္ေကာင္းနိုင္ေပမယ့္
အရာခပ္သိမ္းက JeonJungkook အတြက္ႀကီးပဲ
ထယ္ မနာလိုဘူး....ေက်လည္းမေက်နပ္ဘူး..."
"လူႀကီးတို႔ ခ်စ္ျခင္းေမတၱာကို လုပ္ယူလို႔မရဘူးေလ
ကြာ....မင္း လူဆိုးေလး လိုလိုက္ေႏွာက္ယွက္ထား
ေတာ့ သူဘယ္အျမင္ၾကည္လင္ပါ့မလဲ"
"နားလည္ေအာင္ေျပာျပၿပီး Jimin
ကို ထယ့္ႏွလုံးသားေလးထဲ ထာဝရသိမ္းထားလိုက္ၿပီး
ထယ္ ဆိုးသြမ္းဖို႔က် လူႀကီးကိုအသုံးခ်ေလ...
ႏွလုံးသားမွာ ေနရာေသးေသးေတာင္ ကိုယ့္ကို
ေပးဖို႔ မလိုပါဘူး....သူ႔အတြက္အကုန္ေပးရတယ္
အဲ့လိုမျဖစ္ဘူးလား...."
မဲ့က်သြားေသာမ်က္ႏွာလွလွေလး......။
သူကၽြန္ေတာ့္ကိုသံေယာဇဥ္မရွိတာလည္း
မဟုတ္ဘဲနဲ႔ဗ်ာ...။
"လူႀကီး ကၽြန္ေတာ့္ကို ႐ူးေအာင္....."
ထယ္သည္ တကိုယ္လုံးကိုကုတ္ကတ္တက္ကာ
ခပ္တင္းတင္းဖက္ထားရင္း
ရွိုက္ႀကီးတငင္ငင္ေအာ္ငိုေတာ့သည္။
MinYoongiသည္ ဆိုးေနေသာ္လည္း
သိပ္သနားစရာေကာင္းေသာ ျမတ္နိုးရာငယ္ေလး
ကိုသိမ္းဖက္ထားရင္း လူႀကီးမို႔ တိတ္တဆိတ္ငို
ခ်ခဲ့ရသည္။
အျပစ္ေသးေသးေလးပင္ ဒီကေလးေလးကို
မျမင္ရက္ခဲ့....။
အခ်စ္ခံရတာ ႀကိဳက္ေသာ ေကာင္းကင္ျပာေလး
ဟာ အိပ္ေဆးေတြအမ်ားႀကီးေသာက္ထားပုံရသည္။
ငိုရင္း ကၽြန္ေတာ့္ရင္ခြင္ထဲက်မွစိတ္ခ်လက္ခ်
အိပ္ေမာက်သြားခဲ့သည္။
ခ်ီပိုးကာ အိပ္ရာထဲေနရာခ်ေပးလိုက္ၿပီး
မ်က္ရည္စေတြကိုသုတ္ေပးရင္း
ရင္ခြင္ထဲ တိုးလာတဲ့အခါ နာက်င္ေပမယ့္ဖက္ထား
ေပးရသည္။
ပိုခ်စ္တတ္တဲ့သူေတြရဲ့....ဒုကၡသည္
ငရဲ ထက္ဆိုးသည္.....။
ParkJimin ကသူလည္းခ်စ္တတ္ရဲ့သားနဲ႔ကေလးကို
ဘာေၾကာင့္မ်ား မ်က္ႏွာသာေလးတစ္ခ်က္ေတာင္
မေပးရသလဲ.....။
ကၽြန္ေတာ့္ ေကာင္းကင္ေလးကေတာ့ဆိုးမွာပဲေလ...
ႀကီးတဲ့သူ ျဖစ္ၿပီး မ်က္မုန္းက်ိဳးစရာမရင့္က်က္ခ်က္က။
အဲ့လို က်ဥ္းေျမာင္းတဲ့ႏွလုံးသားရွိလို႔လည္း
JeonJungkook လို လူဆိုးမ်ိဳးနဲ႔ ဆုံရတာ....။
ထယ္ရယ္.....လူႀကီးကသာ အေကာင္းဆုံးပါ....။
က်န္တဲ့ေကာင္ေတြ အကုန္ မေကာင္းၾကပါဘူးကြာ။
............။
TaeHyung ျပန္သြားၿပီးတဲ့ေနာက္
မၾကည္မလင္ေသာစိတ္ေတြနဲ႔႐ုံးခန္းထဲ
ဖရိုဖရဲျဖစ္သြားျခင္းကိုမလုံမလဲျဖစ္ေနတုန္းေမာင့္ဆီက
ဖုန္းတန္းဝင္လာတာေၾကာင့္ Jimin ဒိန္းခနဲ...။
ဘာတစ္ခုမွ အမွားမလုပ္ထားတာေတာင္
လူမွန္ေနရာမွန္ ေအးေအးသက္သာေနေနတာ
ေတာင္ ေမာင္ တစ္စုံတစ္ခုမ်ား သိသြားလို႔လား
ဆိုတဲ့ ပူပန္မွုနဲ႔ လာႀကိဳမယ္ဆိုေတာ့အိမ္ျပန္ခ်ိန္
မဟုတ္ေတာင္ခ်က္ခ်င္း အင္း ခ် လိုက္သည္။
ကိုယ္မမွားေတာင္ ေမာင္ ၿငိဳၿငိဳျငင္ျငင္
ျဖစ္မွာစိုးတဲ့စိတ္ အထင္လြဲမွာစိုးတဲ့စိတ္
ေမာင့္ မ်က္ႏွာ ေခ်ာေခ်ာ တင္းမာမသြားဖို႔
အေရးကအဓိကမလို႔ ေမာင္ဒါဆိုရင္
Jimin ကလည္း ဒါပါပဲ.....။
"အေစာႀကီးဘယ္လိုျဖစ္တာလဲ.....
တစ္ခုခုျဖစ္လာတာလား...."
Company ေရွ႕ ေမာင့္ကားလွလွေလးရပ္သည္ႏွင့္
အလန့္တၾကားေမးမိသည္။Company မွာ
ေမာင့္ မ်က္လုံးေတြ အမ်ားႀကီးရွိပါသည္။
မ်က္လုံးတိုင္းက ေမာင့္ကိုReportျပန္တင္ရင္
သက္ညႇာမွာမဟုတ္....။
"ေနမေကာင္းလို႔....ဖ်ားခ်င္ေနလို႔လာေခၚတာ..."
ထုံးစံအတိုင္းသူခၽြဲခ်င္ ဂ်ီခ်င္လာရင္...
Company လိုက္လာသလိုမ်ိဳးမ်က္ႏွာမ်ိဳးျဖစ္တာ
ေၾကာင့္ စိတ္ေအးသြားရသည္။
ကားထဲဝင္ထိုင္ကာ နဖူးကို စမ္းၾကည့္ေတာ့
ကိုယ္နည္းနည္းပူေနသည္။
"ေမာင္ ဒါေလး ထပ္ေဖာက္လိုက္လို႔
အနာရွိန္နဲ႔ဖ်ားတာ ထင္တယ္...."
ႏွုတ္ခမ္းနားက အရာေလးကို ျပလာေတာ့
Jimin မ်က္လုံးျပဴးမ်က္ဆံျပဴး။
"ျပပါအုန္း.....ဟုတ္ေလာက္မယ္ ရဲေနတာပဲ...
ေဆးလိမ္းရမယ္....အဲ့တာေတြလည္း
နားနားေဖာက္ပါ မ်က္ႏွာတစ္ခုလုံးကုန္ေတာ့မယ္..."
"မင္း နမ္းရင္ တမ်ိဳးဆန္းေအာင္...."
"ေမာင္...!"
"ဖယ္ ကိုယ္ ေမာင္းမယ္...ဖ်ားခ်င္ေနတာ
မေမာင္းနဲ႔...."
"ဟုတ္ကဲ့...."
ေမာင္ကေနရာေျပာင္းေပးသည္။ဖ်ားတာထက္
ေမာင့္မ်က္ႏွာက ျဖဴဖတ္ျဖဴေလၽွာ္နဲ႔မို႔
MD Parkက စိတ္ထဲမတင္မက်။
ခပ္ေျဖးေျဖးပဲေမာင္းေနခ်ိန္ေမာင္ကစကားပင္
မေျပာ ၿငိမ္ၿငိမ္ေလးလိုက္လာသည္။
"စိတ္ေတြမခ်လိုက္တာ.....ခုမွပဲေနသာထိုင္သာ
ရွိသြားေတာ့တယ္.....ေမာင္နဲ႔ေဝးေဝးမေနစမ္းပါနဲ႔
အခ်စ္ရယ္...."
"စိတ္မခ်ရေအာင္ ကိုယ့္အလုပ္ကိုယ္လုပ္ေနတာပဲ
တစ္ခါတစ္ေလ ေမာင္က သိပ္နားလည္းရခက္တာပဲ"
"ခ်စ္လို႔ပါကြာ...."
"ၿမိဳ႕ျပင္ကိုေမာင္းပါလား....
ေနဝင္ခ်ိန္ တိမ္ေတြအရမ္းလွေနတယ္....
ေမာင္တို႔ အတူတူ ၾကည့္ၾကမယ္ေလ...."
"ေဆးခန္းသြားမွာဆို...."
"မဖ်ားေတာ့ဘူး....အပူကင္းသြားၿပီ
မင္းမရွိလို႔ ကိုယ္ပူတာ...."
"တကယ္ ကလီကမာ....."
ၿမိဳ႕ျပင္ေမာင္းသြားလိုက္ကာ တိမ္ေတြသည္
နီရဲေနၿပီး အေဝးေျပးလမ္းမႀကီးေပၚကားရပ္ကာ
အလြန္လွေသာျမင္ကြင္းေလးကိုခံစားေနမိသည္။
ေမာင္က ကားေနာက္ဖုံးေပၚခ်ီတင္ေပးကာ
စိုက္ၾကည့္ေနတာမို႔ ဆိုင္သူေလးက
တိမ္ေတာက္ခ်ိန္မွာ ရွက္ေနသည္။
"ေမာင့္ ကိုပဲ အမ်ားႀကီးခ်စ္ေနာ္...ေမာင့္အလွေလး"
"ေမာင့္ကိုပဲအမ်ားႀကီးခ်စ္ခဲ့တာပါ..."
"ေမာင့္ တစ္ေယာက္ထဲကိုပဲခ်စ္ရမယ္ေနာ္..."
"ေမာင့္တစ္ေယာက္ထဲကိုပဲခ်စ္ခဲ့တာေလ...."
"ေမာင့္ကိုပဲ အခ်ိန္တိုင္း ျပဳစားေနေပး.....
အရာရာဟာ ေမာင့္ကိုပဲေနာ္...."
"ဒီေကာင္ေလးေလာဘေတြႀကီးလိုက္တာ...."
"ေမာင့္ကိုနမ္း......."
ေမာင့္ႏွုတ္ခမ္းေတြကိုဖိကပ္ကာနမ္းလိုက္ေတာ့
ေမာင္ကသိပ္ခ်စ္စရာေကာင္းစြာျပဳံးျပသည္။
"နမ္းတာလည္း ေမာင့္တစ္ေယာက္ထဲက္ိုပဲေနာ္...."
"ကိုယ့္ေယာက်္ား ကိုယ္မနမ္းလို႔...."
"မင္းႀကိဳးလွလွေလးေတြကိုလည္းေမာင့္တစ္ေယာက္ထဲကို ပဲ ခ်ည္ပါ....."
"ေမာင္ ဘာျဖစ္ေနတာလဲ...."
"အရမ္းခ်စ္လြန္းေနလို႔ ဒီေကာင္JeonJungkook
႐ူးေနတာ....သည္းခံေပး......"
"ေမာင္ကိုယ့္ကိုခ်စ္လို႔
႐ူးသြားတယ္ဆိုရင္ေတာင္တစ္သက္လုံး ျပဳစုေပးလိုက္
မယ္ဒီအခ်စ္႐ူးေလးကို....."
ႏွာေခါင္းလုံးလုံးေလးကိုဆြဲကာေမာင့္ကိုခ်စ္ေတာ့
ေမာင္က ရင္ခြင္ထဲေခါင္းတိုးခၽြဲလာၿပီ။
ေမာင္တစ္ေယာက္မ်ားခၽြဲရင္....
ကဗ်ာ လကၤာေတြေပ်ာက္တယ္.....
႐ူးေအာင္ႀကိဳက္ရတယ္....
ထပ္ခါထပ္ခါ ေလာဘတရားတို႔ကိုေဆာင္လာတယ္
ခၽြဲေနတဲ့စကၠန့္ေတြကိုရပ္ထားခ်င္တယ္...
အရာခပ္သိမ္းအပ္ႏွင္းေပးလိုက္ခ်င္တယ္...။
ကၽြန္ေတာ္ေလေမာင္ဆိုတဲ့....ဒီေယာက်္ားငယ္ငယ္ေလးကိုသိပ္ခ်စ္တာပဲ.....။
Romလာေျပာေသာကိစၥေတြက Jimin ကို
ေမးစရာလည္းမလိုသလို...Jimin
သိဖို႔လည္းမလိုအပ္ပါ...။
ဝုန္းဝုန္းဒိုင္းဒိုင္းေတြ ထလုပ္ရေအာင္လည္း
ေမာင္ ကိုယ္တိုင္ မျဖစ္နိုင္ဘူးလို႔ တရားေသ
သတ္မွတ္ထားတာမို႔ ေမာင္ဟာ အဲ့ဒီအခ်ိန္ေလာက္အထိေတာ့တည္ၿငိမ္ ၿငိမ္သက္ေနနိုင္ခဲ့သည္.....။
Jiminက ေမာင့္ရပ္ဝန္းထဲလုံလုံျခဳံျခဳံေလးရွင္သန္ေနတာ
မို႔...ေမာင္က Jimin စိတ္ထဲကို သူကလြဲၿပီး
က်န္တဲ့သက္ရွိသက္မဲ့ဘယ္အရာကိုမွထပ္ထည့္ေပး
လိမ့္မည္မဟုတ္။
ဒီကိစၥက Jimin နဲ႔လည္းမဆိုင္ေနသလို
Jimin က သူ႔ကိုခ်စ္တယ္ ဆို ရွင္းစရာေတာင္မလိုအပ္
ေတာ့သည့္ကိစၥ....။
TaeHyung ကလည္းမခ်စ္ေနေလာက္ပါဘူး။
Romကိုက သူ႔ကို သက္သက္မဲ့အေတြးေတြလြန္ေအာင္။
ခုလိုေလး စိတ္မခ်လာ၍ခ်က္ခ်င္းအိမ္ျပန္ေခၚကာ
ခ်စ္ေနလိုက္ေတာ့လည္း ေအးခ်မ္းသြားတာပဲ....။
ညေနေစာင္းေလေျပညႇင္းေလးေတြေအာက္
ေမာင္တို႔ အနမ္းေတြ ေဝဆာခဲ့ၾကျပန္သည္။
ညေနေလေျပႏုႏုေလးေတြကေတာ့ တိုက္ခတ္ဆဲ.....။
Bạn đang đọc truyện trên: AzTruyen.Top