💔33💔(Part1)


အေးချမ်းသော လမင်းငယ်ဟာ...
ဘဝသစ် နှလုံးသားအသစ်ရဲ့
အဓိပ္ပာယ်ကိုရေးခြစ်တယ်......

မချစ်တချစ်....မခိုင်မမြဲ
ရေလာမြောင်းပေး...အဖြူရောင်မာယာလေးတွေကြား
ဘဘာဝလေး က ခပ်ယောင်ယောင်ပါသွား
ခဲ့ရတယ်ဆိုပေမယ့်....

ရာသီတိုက်စား နေ့ရက်တွေကြွေဆင်းတိုင်းမှာ
လမင်းလေးရဲ့ရိုးရှင်းတဲ့ကဗျာတွေ
ခပ်လွင်လွင်ရီမောသံတွေကြားအမြတ်တနိုးသိမ်းထုပ်ရာလေးလို သဘာဝလေးဟာ တနေ့တခြားအရူးအမူး....။

Hyungလို့ ခေါ်လိုက်တိုင်း တောက်ပသွားတတ်
တဲ့မျက်အိမ်ကလေးတွေ....
ကွေးညွှတ်သွားတတ်တဲ့နူတ်ခမ်းလှလှလေးတွေဟာ
ရင်ကိုအေးစေသော သဘာဝရဲ့စိမ့်စမ်းရေလေးတွေပါ....

.......................။

"ဆေးခန်းကဖွင့်အုန်းလေ Hyungရယ်
ကျွန်တော့်ဆီပဲလာနေတော့ လူနာတွေ
သနားဖို့ကောင်းတယ်....."

Dr KimSeokJin ၏ဆေးကုပုံသည်ဆန်းလှသည်။
တစ်ပတ်တွင် စနေ တနင်္ဂနွေက ဆေးခန်းပိတ်ပြီး
ကျန်တဲ့ငါးရက်သည် ဆေးခန်းတွင်တနေကုန်
ထိုင်နေသောအချိန်ကရှားပြန်သည်။

ဆေးခန်းနှင့်စာအုပ်ဆိုင်သည် စက်ဘီးနင်းရင်
၁၅မိနစ်လောက်သာ ကြာတတ်တာမို့
ဒေါက်တာက လူနာလာမှ အမြန်ပြေးပြီးဆေးကုသည်။
စောင့်ဖို့ကလေးတစ်ယောက်ငှါးထားပြီး
လူနာလာရင် ဆရာဝန်ကို ဖုန်းလှမ်းလှမ်းဆက်တဲ့အခါ
အူယားဖားယားပြန်ပြန်ပြေးလာတတ်သော
ဆရာဝန်သည် လောကတွင်တစ်ယောက်ထဲသာရှိလိမ့်မည်။

မောင် လည်း ခရီးမထွက်ခင်က စိတ်အခြေအနေ
ကိုပြန်Checkရန် ရောက်လာခဲ့ပေမယ့်
JeonJungkook ဆို ပြန်မလာဘူး စာအုပ်ဆိုင်
လိုက်ခဲ့ဟု ဆိုတာကြောင့် မောင်က စိတ်ဆိုးစွာ
မCheckတော့ဘဲ ပြန်သွားခဲ့ရသေးသည်။

"Joonက Hyungကို မလာစေချင်တော့တာလား
စာအုပ်တွေ ကူးရောင်းပေးတယ်လေ
အဲ့တာ မဖြစ်ဘူးလား...ပြီးတော့ဒီနေ့ကSunday
လေ တနေကုန် စာအုပ်ဆိုင်မှာပဲနေမှာ..."

"စာအုပ်ဆိုင်မှာပဲ မနေဘဲ အိမ်မှာလိုက်နေတော့
ပါလား....."

စာအုပ်ရောင်းသည့်ကောင်တာတွင်အမြဲချိန်းတွေ့
တတ်သူ လမင်းလေးနဲ့သဘာဝလေးသည်
တိုးစိတိုးစိ အသံလေးများဖြင့်။
Namjoon ပါးချ်ိုင့်နက်တွေသည် အထူးချိုင့်ဝင်နေကာ
လမင်းလေးကတော့ ပန်းရောင်နုနုအကျီလေး
နှင့် ရင်ခွင်ထဲ ဝင်တိုးနေလျှက်....။

Hyungက သေးသေးကွေးကွေးလေးမဟုတ်ပါဘူး
ချစ်စဖွယ်ကလေးလေးလိုလည်းမဟုတ်ဘူး
ကျွန်တော်နဲ့သိပ်မကွာလှသောခန္ဓာကိုယ်အချိုးအစား
မှာ ခန့်ခန့်ညားညား ဆရာဝန်တစ်ယောက်ပါ။
ဒါပေမယ့်လည်း....သိပ်အသဲယားကောင်းစွာ
Hyungသည်အထူးတလည် တမူထူးခြားလွန်းတဲ့သူ။

"ဆေးကုပြီး ပိုက်ဆံစုနေတယ်
KimNamJoonကို လိုချင်လို့..."

"KimNamJoonမှာ KimSeokJin
ပျော်ပျော်ရွှင်ရွှင်အသက်ရှင်နိုင်ဖို့
ငွေတော့အလုံအလောက်ရှိပါတယ်....."

"ကိုယ်ကကြီးတဲ့သူလေ....မင်းကိုအားကိုးစရာလား
မင်းကသာ ကိုယ့်ကိုအားကိုးရမှာ
ကိုယ့် ကလေးလေး Joonလေး...."

ခြောက်ပေနီးပါးအရပ်ကြီးနဲ့...ဓာတ်ပုံရိုက်ပေးရင်
တကိုယ်လုံးပါအောင်Camera မနည်းချိန်ရသော
ဒီလိုလူကြီးကို KimSeokJin မျက်လုံးထဲ
ကလေးလေးလိုပဲ ထာဝရမြင်သည်။

"ဒါဆိုလည်း ဆေးခန်းတော့ပုံမှန်ဖွင့်ပြီး
ဆေးတော့မှန်မှန်ကုပါ...."

"တကယ်တော့ဆေးမကုချင်တော့ဘူး
ယောကျ်ားပဲယူပြီး စာအုပ်ဆိုင်မှာ
စာအုပ်တွေသာစီနေလိုက်ချင်တော့တယ်...."

"Hyung က....ဗျာ....."

ဝယ်သူတစ်ယောက်မှမရှိသောဆိုင်ထဲ
ဒီလိုRomance လေးတွေဖန်တီးနေကြ။
ဝယ်သူကလည်းဘယ်လာပါ့မလဲ...
လမင်းလေးက စဝင်လာထဲက Namjoon
မသိအောင် Openကို Closeဟု လှည့်ကာ
အပိုင်အနိုင် ဥာဏ်ဆင်ထားပြီးပြီ။
အရောင်းအဝယ်ပါးတယ်ဟုပဲထင်နေကာ
Namjoon ဆိုင်အပိတ်ခံထားရတာကိုမသိ။

ထူထူအိအိနှုတ်ခမ်းလေးတွေကိုJoon
က မြတ်မြတ်နိုးနိုးထိကပ်ကာမထိတထိလေး
ခစားလိုက်တော့ လမင်းလေးကပြုံးယဲ့ယဲ့။

"ရဲရဲ နမ်းစမ်းပါ တခါမှ ရဲရဲတင်းတင်းမရှိဘူး
ရည်းစားမထားဖူးတာ ကျနေတာပဲ
ပြန်တူးစွတာမျိုးမဟုတ်ပေမယ့်
ဟိုကလေး နဲ့တုန်းက မင်းဘယ်လိုတွေများဖြတ်သန်းခဲ့လဲ"

Joon အဆွေးရိပ်တော့သမ်းသွားသည်။
လမင်းလေးလည်းမေးပြီးမှအားနာသွားတာမို့
တခုခုအာရုံလွှဲရန်စကားတခုခုကိုအမြန်အဆန်ရှာတော့သည်။

"ကျွန်တော်တို့စတွဲတုန်းကသူက အရွယ်ရောက်ရုံလေး
လုံးဝ ကလေးလေး...ပဲရှိသေးတာ
ကျွန်တော် ဘယ်နေရာလေးကိုမှထိဖို့ကိုင်ဖို့
မရဲတင်းရင်းကနေ အချိန်ကြာလာတော့
အကျင့်ပါသွားတာ....ပြတ်သွားတဲ့အထိတောင်
Hyungလောက် ကျွန်တော်မရင်းနှီးခဲ့ဘူး...."

ရည်းစားဟောင်းအကြောင်းပြောပြ စိတ်မဆိုးဘူးဆိုတာ
ထောက်ချောက်.....။

လမင်းလေးသည် မေးပြီးမှ Namjoon ပြန်ဖြေသော
ရိုးသားသောအဖြေကို မျက်မှောင်ကျုံ့သွားသည်။
တော်တော်လေးကို တမြတ်တနိုးရှိလို့
ParkJiminကို ဘယ်လောက်တောင်ဖွဲ့ဖွဲ့နွဲ့နွဲ့ရှိလိုက်မလဲ။
အတိတ်တွေကိုပြန်တွေးကာမနာလိုစိတ်ကတဖွားဖွား...။

မောင်နဲ့လမင်းလေးဟာ တဂိုဏ်းထဲသားတွေမို့
နည်းနည်းလေးမှတော့စိတ်အညစ်မခံပါလေ....။

"မင်းကသာ မရဲမတင်းနေတာ ဟိုကောင်JeonJungkook
လက်ထဲ မင်းဟာလေးက ကျိုးကြေတစစီ
ဖြစ်နေပြီ...JeonJungkook အကြောင်း
ငါအသိဆုံး ကျွန်းကိုသွားတာတောင်
လဝက် လောက်ကြာနေပြီ...တွေးတောင်မတွေးရဲတော့ဘူးသိလား...."

သဘာဝလေးမျက်နှာရဲခနဲ.....။လက်ထပ်ထားတာပဲ
ဘယ်လိုဖြစ်ဖြစ်သူနဲ့မဆိုင်တော့ဘူးဆိုပေမယ့်
ကလေးကြီးက စစ်စစ်ပေါက်ပေါက်တွေထပြော
လာတော့ရှက်ပါသည်။

"ဟိုကောင်က နမ်းတာတောင် ...."

"Hyungရေ......တော်ပီလေဗျာ.....
ကျွန်တော်နဲ့လည်းမဆိုင်တော့ဘူး....လေ..."

"မင်းဘာ လို့ မထိရက်မကိုင်ရက်တဲ့အကြောင်းလွမ်းနေတဲ့
လေသံနဲ့ပြောလဲ..."

"Hyung မေးလို့လေ...."

"မေးပေမယ့် ငါကျေနပ်အောင်ဖြေလေ
အမှန်မဖြေနဲ့..."

"ဘယ်လိုဖြေရမလဲ...."

"သူ့ကိုကျွန်တော် သိပ်အများကြီးမချစ်လို့
မနမ်းခဲ့ပါဘူး KimSeokJinကိုတော့
အများကြီးချစ်မိသွားလို့ ပိုရင်းနှီးပိုရဲတင်းလာတာပါ
ဒါမျိုးလေး...နှစ်ဦးနှစ်ဖက်လည်းအဆင်ပြေတာပေါ့..."

"Hyung ကတော့လေ....."

အသဲကျွမ်းအောင် ချစ်ခဲ့ရတဲ့အချစ်ဦးရှိခဲ့တဲ့
လူတစ်ယောက်ကို ကျွန်တော်ချစ်ခဲ့ရတာ
ခင်ဗျားတို့တော့လွယ်ကူလိမ့်မယ်ထင်တာပဲ....။

Joon ဆိုင်နံရံက No Smokingဆိုတဲ့
စာတန်းတွေ....။
ရေးခဲ့သူကတော့ မောင့်စီးကရက်လေးတောင်
ဖြစ်သွားပြီ....။

အညိုရောင်စားပွဲခင်းလေးတွေ....
အမြဲတမ်းအရောင်ပြောင်းခင်းပေးချင်ခဲ့တယ်
ပြောမထွက်သော နှလုံးသားမှာ..
အော်....အစိမ်းသက်သက်သူများလက်ထဲထည့်ခဲ့ရပြီး
အမှတ်တရအဖြစ်ဒါလေးတွေကျန်တာ
နေပါစေ ဆိုတဲ့ စိတ်အခံလေးနဲ့ လမင်းလေးက
မသိချင်ယောင်ဆောင်သည်။

ဆိုင်ထောင့်က PJM ဆိုတဲ့ရေဗူးလေး
တစ်ခါတစ်ရံ Joonမသိခင် လိုက်မွှေရင်
ထွက်ထွက်လာတတ်သော အမှတ်တရအပိုင်းအစ
လေးတွေ....။Joonက တဖွဖွကြည့်ဖို့သိမ်းထားတာ
မျိုးတော့မဟုတ်ပေမယ့် ဒေါကြီးမောကြီးလွှင့်ပစ်
ရလောက်အောင်လည်း မုန်းတီးသွားခဲ့ရတဲ့လူတွေ
မှမဟုတ်တာ...။သူ့နေမြဲနေရာလေးမှာ ဖုန်တက်တက်
ပျက်ဆီးဆီး Joonက ဖွင့်လည်းမကြည့်တော့သလို
နေရာလည်းမရွေ့ခဲ့ဘူး။

ဘယ်သူပိုချစ်သလဲလို့ မေးတဲ့အခါ....
KimSeokJinက ရီတာပေါ့.....။
ဒီလို ဆွေးဆွေးမြေ့မြေ့နယ်မြေထဲ အရာအားလုံး
ကိုခံနိုင်ရည်ရှိစွာ မသိသလိုနေကာ
အလှဆုံးပြုံးပြီး သဘာဝလေးကို
အတိတ်တွေထဲ ကဆွဲထုတ်ပြီး ရင်ခွင်ထဲထည့်နိုင်ခဲ့တဲ့
လမင်းလေးဟာ အများကြီးတော့မလွယ်လှခဲ့ဘူး။

"ရဲရဲတင်းတင်း ပထမဆုံးနမ်းမယ်...
လက်ခံမလား..."

"နမ်း....."

နှုတ်ခမ်းလေးဆူပေးသည်။ကလေးနဲ့တုန်းကမှ
စိတ်ကထိန်းနိုင်သည်။ကလေးကလည်းဒါမျိုး
တွေယောင်လ်ု့တောင်မလုပ်ခဲ့။
ပိုက်ဆံတွေသာရှာနေပြီး အမြဲမျက်နှာထားက
တင်းတင်း...။တော်တော်လေးကြည်လင်သာယာ
မှ စကားကောင်းကောင်းပြောခဲ့တဲ့သူ။
ချစ်သူရည်းစားဆိုတာထက် သူ့အရိပ်အခြေကြည့်ကာ
အဆင်ပြေအောင် မနည်းကုတ်ကတ်နေခဲ့တာမျိုး။

KimNamJoon ရဲ့ ရဲရဲတင်းတင်း FirstKissသည်
အချစ်ဦးဆီက လွဲပြီး အချစ်ဆုံးဆီပြိုဆင်းတဲ့အခါ
ဒေါက်တာ အသံပင်မထွက်နိုင်တော့။

ခါးလေးကိုဆွဲသိမ်းကာ ဖူးကြွနေသောနှုတ်ခမ်း
တစ်စုံကို စိတ်လွတ်ကိုယ်လွတ်သိမ်းပိုက်လိုက်ရသော
Feeling ဟာ စာအုပ်ကောင်းကောင်းတစ်အုပ်ကို
ကော်ဖီကောင်းကောင်းလေးနဲ့ဖတ်ပစ်လိုက်ရသလိုပဲ။

ဒေါက်တာလက်တွေသည် သဘာဝလေး
လည်တိုင်တွေအပေါ်ယှက်သမ်းထားကာ
သိပ်ချစ်ပြီး သိပ်မြတ်နိုးရသော သဘာဝလေးမို့
နမ်း၍မဝနိုင်ခဲ့....။

မိနစ်တွေများလာတဲ့အခါ Namjoon ရင်ဘက်
တွေကို အသက်ရှူကျပ်လာတာမို့ထုရိုက်တော့မှ
လွှတ်ပေးလာသည်။

"အမယ်လေး......မောလိုက်တာ.....ကွာ...."

"ရေသောက် လိုက်အုန်း Hyung.."

ရေတကျိုက်သောက်ကာ ဒေါက်တာက
အသက်ဝအောင်ရှုပြီး Joonရင်ခွင်ထဲမှီကာ
မျက်လုံးလေးတွေမှိတ်ထားသည်။

"အမောပြေရင် ဆက်ရဲတင်းရအောင်..."

လမင်းလေးရဲ့ကွေးညွှတ်သွားတဲ့နှုတ်ခမ်းလေး...။
မျက်လုံမဖွင့်ပဲပြုံးနေတာလေးကတောင်သိပ်ချစ်စရာ
ကောင်းနေတာ ဖျက်ခနဲ မျက်လုံးလေးဖွင့်လာတဲ့အခါ
အလွန်ကိုတောက်တောက်ပပ...။

"တော်ပီ...လေ.....ကွာ..."

မတော်ခဲ့ကြသော အနမ်းတွေနဲ့အတူ
စာအုပ်ဆိုင်ထဲက တချို့ တနင်္ဂနွေတွေသည်
အလွန်လှပခဲ့ပါသည်.....။

နာရီတချ်ို့ ချိန်းတွေ့ကြည်နူးခဲ့ပြီးတဲ့နောက်
ဆရာဝန်လေးကပြန်ချိန်တန်လာခဲ့သည်။
သဘာဝလေးက ပြန်ပို့ပေးရန် စက်ဘီး
ကိုထုတ်လာတဲ့အခါ နောက်ခုံမှာပိုင်ပိုင်နိုင်နိုင်
ထိုင်ပြီးသား....။

"ဖက်ထားမယ်နော် ပြုတ်ကျမှာစိုးလို့....."

Namjoon သည် လမင်းလေးနဲ့အတူတူရှိချိန်တိုင်းမှာ
မျက်နှာလေး မဲ့သွားရတယ်လို့မှမရှိတာ....။
တစ်ခွန်းဆို တစ်ခွန်း ပါးချ်ုင့်နက်နက်တွေပေါ်တဲ့အထိ
ပြုံးသွားရမြဲ...။

အချစ်ကအေးချမ်းခြင်းကိုဆောင်သည်။

လမ်းသွယ်လေးတွေကိုနင်းလာရင်းရီစရာ
လေးတွေတစ်ယောက်တစ်ခွန်းပြောရင်း
Hyungဆေးခန်းရှေ့ကိုရောက်တဲ့အခါ
ရပ်ထားသော အကောင်းစားကားကြီးကြောင့်
တနင်္ဂနွေ မှာ အရေးတကြီးလူနာများရောက်နေတာလား
ဟုတွေးကာ Namjoon က ရပ်ဖ်ု့အရှိန်လျှော့လိုက်ချိန်
စက်ဘီးတောင် မရပ်သေး Hyungကခုန်ဆင်းသွားသည်။

"Joon ပြန်တော့......"

"KimSeokJin!!!!!"

ကားပေါ်မှ ဆင်းလာသောမိန်းမကြီးတစ်ယောက်
သည်ပြိုးပျက်နေသောအဝတ်အစားတွေနဲ့အတူ
အလွန်ချမ်းသာကြွယ်ဝလွန်းမှန်းသိသာပါသည်။
Hyungနာမည်ကို ဆောင့်အောင့် ခေါ်လိုက်သော
အသံကြောင့် စိတ်ထဲဖျင်းခနဲ....။

"ဘယ်သူလဲ Hyung......"

"ငါ့ အမေ .....သွားပြန်တော့....ငါလာတွေ့မယ်"

"ကျွန်တော် စိတ်မချဘူး....အသံကမာလွန်းတယ်...."

"ကိုကို.....!"

Hyungမျက်နှာ ကွက်ခနဲပျက်သွားသည်။
ထိုအမျိုးသမီးနောက်တွင်နောက်ထပ်ကောင်မလေး
တစ်ယောက်ပါကပ်လိုက်လာကာ Namjoon
ဘာတွေမှန်းမသိတော့...။

"ဒီကောင်လား....SeokJin....နင်ငါတို့မျက်နှာ
တွေကို လုံးဝမကြည့်နိုင်တော့လောက်အောင်
မိုက်လုံးကြီးနေတာ သူကြောင့်ပေါ့..."

လက်ညိုးကြီးကြီးဖြင့်သူ့ဆီပြေးဝင်လာသော
အမျိုးသမီးကြီးကို Hyungက သူ့ဆီရောက်
မသွားအောင် လမ်းတစ်ဝက်တွင်ဆွဲဖမ်းထား
လိုက်ပြီး ကားဆီကိုပြန်ဆွဲသွားသည်။

"ဘာမှမဖြစ်ဘူး သွားပြန်တော့...ဖုန်းဆက်လိုက်မယ်..."

Hyungကလက်ဟန်လေးဖြင့်ဖုန်းခေါ်မယ့်အကြောင်း
ပြောပြီးကားအကောင်းစားကြီးပေါ် တက်သွားသည်။
နားမလည်နိုင်သော ဇာတ်ကွက်တစ်ခုမှာ
Namjoon စက်ဘီးလေးတစ်စီးဖြင့်....။

Hyung ကရက်ကွက်သေးသေးလေးထဲက
ပုံမှန်ဆေးကုခန်းလေးနဲ့ ဆရာဝန်လေးတစ်ယောက်
မဟုတ်ဘူးလား.......။

တနင်္ဂနွေသည် .....သိပ်အများကြီးမလှခဲ့တော့။

.....................................။

ကျွန်းပေါ်မှာ လဝက်လောက်အထိကိုအချိန်ဖြုန်းခဲ့
ကြကာ ဆိုးလ်က Company နှစ်ခုလုံးက
လစ်ဟာမှုတွေရှိလာကြောင်း အထပ်ထပ်Reports
တွေကြောင့် ပြန်ခဲ့ကြရသည်။

မောင်နဲ့ကျွန်တော်ရဲ့ဇာတ်လမ်းက
ဇာတ်ပေါင်းခန်းကိုရောက်သွားခဲ့သလို
အရာရာဟာကြည်နူးစရာတွေကြီးပဲ....။
လုံးဝ ပျော်ရွှင်စရာဇာတ်သိမ်းလေးပေါ့.....။

ရင်းနှီးတာထက်လွန်ကဲသောဆက်ဆံရေးတစ်ခု
မှာကွယ်ဝှက်စရာလည်းဘာမှမရှိတော့....။

MD Park ကိုယ့်လူကိုယ်နိုင်အောင်ထိန်းလေ လို့အပေါ်စီးကခနဲ့ ခံရတိုင်း မကျေနပ်လွန်းလို့.....
မောင့်ကို ချည်ပြီး တုတ်ပြီး ကြိုးတွေဟာ မသိသာပေ
မယ့် အလွန်တင်းကျပ်လွန်းခဲ့သည်။

ခုချိန်များတော့ ကိုယ့်လူကိုယ်အထိန်းနိုင်လွန်း၍
ခက်ကာ ခွါခိုင်း၍မရတော့....။
ဘယ်လောက်အံ့ဩစရာ။

ရှင်းပါတယ်....မောင် ချစ်သထက်ချစ်အောင်နေသည်
မောင် ရူးသထက် ရူးအောင် ဆွဲဆောင်သည်
မောင် ရုန်းချင်လာတောင် မောင် လ်ို့ခေါ်ရုံမျှ
ရင်ခွင်ထဲပြန်ဝင်တိုး လာတဲ့အထိ MD Parkက
တော်ခဲ့သည်။

လျှော့သင့်တဲ့နေရာလျှော့ တင်းသင့်တဲ့နေရာတင်း...
သိပ်ချစ်တဲ့ယောကျ်ားကို ပိုင်ပိုင်နိုင်နိုင်
လက်ဝါးကြီး အုပ်ထားနိုင်တာမျိုးကဘယ်လောက်
ကျေနပ်စရာလဲ...။

မောင်က နည်းနည်းလေးထူးဆန်းတယ်....။
ဒါပေမယ့် ကျွန်တော် အထူးအဆန်းလိုမောင့်ကို
မကြည့်ရက်ခဲ့ပါဘူး။မောင့်အပေါ်ပုံအပ်ပေးပြီး
မောင့်ကိုကျွန်တော်တင်းကျပ်စွာကြိုးတွေအများကြီး
နဲ့ချည်နှောင်ပစ်ပြီးထဲက မောင်ဟာဆေးမိနေတဲ့
လူလိုပဲ.....။

ကျွန်းမှာလည်းမောင်ဟာရူးရူးမူးမူး....
အိမ်ပြန်လာတဲ့အခါလည်းမောင်ဟာအနားမှာ
အမြဲကပ်တွယ်နေတတ်ကာ အလုပ်သွားရင်
မောင်မတားရဲတာပဲရှိတာ မလွှတ်ချင်.....။

စိတ်ခံစားချက်ကိုဟ်ိုးအစထဲကထိန်းချူပ်နိုင်စွမ်း
မရှိတဲ့ရောဂါနဲ့မောင်ဟာ မုန်းတုန်းကလည်း
အဆုံးအထိရက်ရက်စက်စက်တွေပြုမူခဲ့ပြီး
ချစ်လာတဲ့အခါလည်း မောင်ဟာ ကိုယ့်ကိုကိုယ်
ထိန်းချုပ်နိုင်စွမ်းမရှိခဲ့....။

ကျွန်တော် အလောတကြီး ချည်မိတဲ့ကြိုးတွေရဲ့
ဘေးထွက်ဆိုးကျိုးတွေကဒါတွေပဲ....။
ဒါပေမယ့်လည်း ကိုယ်သိပ်ချစ်တဲ့ယောကျ်ားက
ကိုယ့်ကိုရူးရူးမူးမူးအရမ်းပြန်ချစ်နေတဲ့ကိစ္စကပြဿနာ
တစ်ရပ်မှမဟုတ်တာ....။
ဒါ လည်း လိုချင်တာကို ရအောင်ယူနိုင်တဲ့အရည်အချင်း
ပဲလေ....။

မောင့် အချစ်လွန်မှုတွေမှာ အနည်းငယ်လေး
အာရုံစားရရုံကလွဲပြီး MD Parkက အချစ်ခံရတဲ့
ဘဝမက အချစ်လွန်ခံဘဝမှာ ခပ်ပြုံးပြုံးပဲ....။

ဟိုတုန်းကမှ ကိုယ်နဲ့အခြေအတင်ဆိုBarရောက်
သွားတာမျိုး....KimTaeHyung အကြောင်း
ပြောလာရင် တစ်ခွန်းမကျန်ပြန်တုံ့ပြန်တာမျိုး
စကားဆိုဘယ်စကားမှမတိုးဘဲ ခပ်ပေါ့ပေါ့မောင်ကို
နှစ်ပတ်ပဲအချိန်ယူပြီး ချစ်ပေးလိုက်ခြင်းတွင်
MD Park ရဲ့ မောင် ဆိုတာနဲ့ ဗျာ ဘဝကိုတန်းရောက်သည်။

KimTaeHyung ဟုအစချီလာရင်တောင်
မောင် သူ့ကိုမခေါ်တော့ဘူးJimin ဟု
မောင်က အမြန်အဆန်ဖြေရှင်းကာ တကယ်လည်း
မောင် သွားမပတ်သတ်တော့...
KimTaeHyung ပင်မက တခြားအပေါင်းအသင်း
ကိုလည်းမောင်သိပ်အာရုံမလာဘဲ သူ့အနားမှာသာ
အမြဲတမ်း လိပ်ပြာလေးလိုဝဲနေခြင်းဟာ
အောင်မြင်မှုတွေပဲ.....။

ခရီးကပြန်လာပြီးလည်းလုံးဝသာသာယာယာ
အခြေအနေလေးတွေပါ.....။
သဲသဲလှုပ် မောင့် ချစ်ပေးမှုတွေကြား
မျက်နှာကို ခပ်မော့မော့လေးပြုံးရင်း
MD Parkက သိပ်ကိုအသဲယားစရာကောင်းနေသည်။

"မောင်ရေ....ရောက်နေပြီနော်.....
ကိုယ်သွားရတော့မယ်....."

Driver မလိုတော့ပါ။မောင်ကသူ့ပြိုင်ကား
ရောင်စုံတွေကိုတစ်နေ့တစ်ရောင်ထုတ်စီးကာ
အကြိုအပို့လုပ်ပေးသည်။

"နေအုန်းခဏ နမ်းသွားအုန်း...."

"ဘယ်လိုဖြစ်နေတာလဲ....ရုံးတက်ရမယ့်ဟာ...."

ကျဉ်းကျဉ်းကျပ်ကျပ်ပြိုင်ကားအနီရဲရဲထဲ
မောင် ထိန်းမရသိိမ်းမရဖြစ်နေပြန်သည်။
မောင့်မျက်နှာတစ်ခုလုံးလည်တိုင်တွေထဲ
တိုးဝင်နေကာ တွန်းဖယ်၍မရ။

"ချစ်လို့.....အလုပ်သွားလုပ်တော့မှာ
လွမ်းနေရတော့မှာမလို့...."

"အပိုတွေ ပြောနေပြန်ပြီ...ဖယ် ဖယ်......"

"အ....!!!မောင်!!!အရာတွေထင်ကုန်မယ်လေ
ကိုယ်Meeting နဲ့....."

"Meeting က မောင်ပေးတဲ့အနမ်းရာ နဲ့ဆို
လုပ်လို့မရဘူးလား...."

"ဘယ်ကောင်းမလဲကွာ...ခက်လိုက်တာ...."

"EunWooဆိုတဲ့တစ်ယောက် ပါမယ်လို့
ကြားလို့ လုပ်တာ....ဘာဖြစ်လဲ...."

"EunWooမကဘူး မောင်က ဘယ်သူပါပါ
လုပ်မှာပဲ Eun Wooက ကိုယ့်လုပ်ငန်းမိတ်ဆွေ
စစ်စစ်ကြီးပါ...."

မောင် ဆံဖျားလေးတွေကိုဖွဖွလေးသပ်တင်ပေးကာ
မျက်လုံးတွေကိုစိုက်ကြည့်ပြီး

"မင်းကိုမောင်...ဖြစ်နိုင်ရင်လေ Jeonစံအိမ်နဲ့
မြေအောက်ခန်းထဲထည့်ပြီး သော့ခတ်ထားလိုက်
ချင်တာ...တလောကလုံးဘယ်သက်ရှိသက်မဲ့
ကမှမမြင်နိုင်တော့အောင်ပေါ့.....
တော်တော်ကို မောင်မလွန်ဆန်နိုင်လို့ လူတွေကြား
ထဲလွှတ်ထားရတာ...မောင့်ရင်တွေသိပ်မောတာပဲ"

ကြက်သီးထစရာစကား....မောင်လွန်ကြူးစွာ
ပြောနေတာမဟုတ်....တစ်လုံးချင်းသေသေချာချာ
ပြောနေတာ..။မယုံပါဘူးလို့ ပြန် မချွဲရဲ
ကြိုးတုတ်ကာရေချိုးခန်းထဲထည့်ပိတ်ထားတဲ့
သာဓကတွေကရှိသေးသည်။

မောင်က အစထဲက အလွန်အကျွံသမား....
အချစ်နဲ့ထိသွားလို့သာ အနည်းငယ်ပျော့ပြောင်းလာတာ
မထိန်းချူပ်နိုင်တဲ့စိတ်အခြေအနေတွေနဲ့
မောင့် ဗီဇ ဆိုးလေးက တော့ကျန်နေသေးသည်။

အချည်လွန်သွားသော ကြိုးတွေတော့မဖြစ်စေရ။
သူဒီအခြေအနေအထိရောက်လာဖို့အများကြီး
ခံစားပေးဆပ်ခဲ့ပြီးပြီ...။
နိုင်အောင် မတိမ်းစောင်းအောင် မလွဲချော်အောင်
ကြိုးကြိုးစားစားထိန်းမှရမည်။

မုန်းလို့ဖြစ်တဲ့ပြဿနာတွေထက်
အချစ်လွန်၍ဖြစ်တဲ့ပြဿနာတွေကပိုအထိနာကာ
ပိုရှင်းရခက်တာကြောင့် မောင့်ရဲ့ အသေးအမွှား
လေးတောင်သူ့အပေါ်လုံးဝအထိမခံသော
စိတိအခြေအနေကိုအလိမ္မာနည်းလေးတွေနဲ့
ထိန်းနိုင်အောင်ကြံဖန်ရအုန်းမည်။

"ဘယ်လိုစကားကြီးလဲကွာ ကြောက်အောင်
မောင့်ကိုပဲချစ်တာပါ....ကိုယ့်ယောကျ်ားပဲ
ကိုယ့်ခေါင်းထဲမှာရှိတာမလို့ မောင်ကအများကြီး
မတွေးရဘူးလေ...."

"မောင် မင်း ကို သိပ် ချစ် တာ ပဲ Jiminရယ်...."

ဖက်လာပြန်တော့လည်းအလိုက်သင့်လေး
ပြန်ဖက်ထားပေးလိုက်သည်။
အိမ်မှာလည်း တနေကုန် ဒီလိုတဂျီဂျီပဲ....။
Romက သူနဲ့လာတွေ့ရန် ထပ်ခါထပ်ခါခေါ်နေတာ
တောင်ခြေတလှမ်းမရွေ့....။

"ကိုယ်နောက်ကျနေပြီ......"

"အင်း....မောင် သိတယ်....ညနေမောင်လာမှ
အပြင်ကို ထွက်လာနော်....ရပ်စောင့်မနေနဲ့..."

"သိတယ်....ကိုယ်စောင့်ရအောင်မောင်သာ
လမ်းများမနေနဲ့...."

"လမ်းပျောက်နေတာ မင်းမှမသိတာ...
ဘာလုပ်ရမှန်းမသိဘူး..."

"ဖဲသွားရိုက်လေ...."

"ဟင့်အင်း..."

"တက်တူးတွေဖြည့်ချင်လား ဒီနားလေးနည်းနည်း..."

"ပျင်းတယ်...."

"ကားမပြိုင်ဘူးလား...မောင့်Accထဲ
လောင်းဖို့ ဖြည့်ထားပေးမယ်လေ...."

"မမောင်းချင်ဘူး....."

လူဆိုးက ဆိုးတဲ့အလုပ်တွေတောင်မလုပ်နိုင်
တော့....။တကယ်အချည်လွန်သွားခဲ့တာပဲ။
ကိုယ့်ကိုကိုယ်လည်းရီချင်လာသည်။

"ကိုယ့်လူမိုက်လေးက မဆိုးချင်တော့
ဘာများလုပ်ချင်လဲပြော...."

ပြီတီတီမျက်နှာနှင့်တကိုယ်လုံးကိုအစုံအဆန်
ကြည့်လာတဲ့အခါ ဆိုင်သူလေးမျက်နှာရဲခနဲ။

သူ့လောက် အလွန်အကြူးသူပဲရှိသည်။
လူလည်းတစစီဖြစ်တော့မလို အမြဲတမ်း။
ဒါလည်း အဆုံးမသတ်နိုင်တဲ့ ပြီတီတီရုပ်ကို
ထရိုက်လိုက်ချင်ပေမယ့် အဲ့ဒီလိုမျက်နှာက
တောင် မေတ္တာပျက်စရာမဖြစ်နေတော့
နှာခေါင်းကိုသာ ခပ်ဖွဖွ ဆွဲလိမ်လိုက်ပြီး

"ထိန်းပါအုန်း မရှက်ဘူးလား....."

MD Parkသည် နှာခေါင်းကိုဆွဲလိမ်ကာ
ကလေးပေါက်စလေးလို ဆက်ဆံသွားပြန်သည်။
ခပ်ရဲရဲမျက်နှာလေးနှင့်ချိုအီလှသောအသံလေး
ပစ်ကျွေးသွားကာ ကားတံခါးဖွင့်ထွက်သွား
သည့်တိုင်မောင့်မှာ လွင့်နေတုန်း....။

အဲ့တာတွေပေါ့......မောင်ရူးပြီးရင်းရူး
ရူးရင်းထပ်ရူးရတာ အဲ့ဒီအရာတွေ....။
Companyထဲပြေးဝင်သွားသောကျောပြင်လေး
ကိုငေးကာ မောင် ပြုံးပြုံးကြီး....။

သိပ်ချစ်တာပါ.....မဖွဲ့နွဲ့ပြတတ်လို့.....
ဖွဲ့နွဲ့ပြလို့ သူများတွေ လိုချင်သွားမှာလည်း
စိုးရိမ်လို့....ခေါက်ခေါက်သိမ်းခဲ့ရသော
အလွန်အကျွံ့ အကြင်နာတွေက မောင့်နှလုံးသားပင်
မနိုင်မနင်းခဲ့.....။

တစ်စုံတစ်ခုများသာ လွဲခဲ့ရင်......
မောင် တစ်ခါထဲ သေဆုံးသွားနိုင်သည်အထိ
ဆိုင်သူလေးအပေါ် မောင်ပုံအောထားတဲ့
ချစ်ခြင်းမေတ္တာအရှိန်အဟုန်ပါ....။

မောင် သေမတတ် ချစ်ခဲ့ပါတယ်.....။

.......................။

အိပ်ခန်းတံခါးကို ပြင်းပြင်းထန်ထန်ဖွင့်လိုက်
သောအရှိန်ကြောင့် ထယ် ဝိုင်ငှဲ့နေသော
လက်တွေတုန်သွားကာ ဒေါသကဖျင်းခနဲ....။

ထိုင်နေကျ ကြိမ်ခုံတွင် ခွေခွေခေါက်ခေါက်လေး
ထိုင်နေကာ ဝိုင်တွေမက အရက်တချို့ပါ
ရောစပ်သောက်နေသည်။

ကိုယ့်Feelနဲ့ကိုယ် လုပ်ချင်ရာလုပ်နေတုန်း
မပြောမဆို တံခါးဆောင့်ဖွင့်သံကြောင့်
စူးခနဲကြည့်လိုက်တော့ Hoseok.....။

"မင်း ဘာတွေလုပ်နေတာလဲKimTaeHyung!!!"

TaeHyung ဒီတိုက်ခန်းထဲအောင်းနေတာ
ရက်ပေါင်းများစွာကြာပြီ။အတိအကျဆို
JeonJungkook တို့ခရီးထွက်သွားထဲက
အပြင်ကိုထွက်မလာတော့ သူ့ဆီလည်းမလာတော့
ဘဲ၁၅ရက်ကျော်၁၆ရက် တစ်ယောက်ထဲသေသလား
ရှင်သလားလည်းမသိ....။

ဖုန်းဆက်လည်းစက်ပိတ်ထားကာ ဆက်သွယ်၍
မရဖြစ်ခဲ့သည်။
ဒါပေမယ့် MinYoongi ထိန်းမှာပဲဆိုပြီးHoseok
ခပ်ပေါ့ပေါ့သာနေခဲ့ပေမယ့် ဒီနေ့Yoongi ကို
မိန်းကလေးတစ်ယောက်နဲ့တွဲတွေ့ကာ နူတ်ဆက်ကြရင်း
စေ့စပ်ပွဲကိစ္စတွေစီစဉ်နေကြောင်းMinYoongi က
တည်တည်ငြိမ်ငြိမ်ပင်ဖြေသွားသည်။

"မင်းသူများအိမ်လာရင် အရင်ခွင့်တောင်းရတယ်
ဆိုတာ နားမလည်ဘူးလားJungHoseok
Passwordသိလို့ပဲဆိုဆို စည်းကမ်းရှိလေ...."

Hoseokက အခန်းမီးတွေကိုအကုန်ဖွင့်ပစ်လိုက်တဲ့
အခါ ခရမ်းနုရောင်ညမီးရောင်အောက်လောက်
တော့TaeHyungကမလှတော့....။
ချောင်ကျနေသော မျက်နှာချောချောနှင့်
မှိုင်းညို့နေသောမျက်အိမ်တွေ......။

"MinYoongiကို ငါတွေ့ခဲ့တယ်....TaeHyung.."

"အဲ့တာဘာဖြစ်လဲ...."

ဝိုင်ကိုသေချာထည့်ကာ စတော်ဘယ်ရီသီးတွေ
ကိုရွေးနေသောထယ်သည် အေးစက်စက်ဆိုသည်။

"စေ့စပ်မလို့စီစဉ်နေတာတဲ့ ဘာတွေလဲTaeHyung
မင်းတို့ ဘာတွေဖြစ်ကုန်တာလဲ..."

ရင်တစ်ခုလုံးပူခနဲ.....။လူကြီးတစ်ခါတစ်လေလာသည်။
ပြီးတော့ပြန်သွားသည်။စကားပြောမိတဲ့အခါလည်း
ပြောမိသည်။တခါတလေလည်းမပြောဖြစ်။
နောက်ပိုင်းကျတော့လည်း ည၁နာရီ ၂နာရီမှ
အိပ်ရာထဲရောက်ရောက်လာကာ အိပ်သွားပြီး
မနက်ကျတော့လည်းပြန်သွားသည်။
ဘာအခြေအနေမှန်းတောင်မသိ။

Depression က အရင်ထဲကတစ်ခါတစ်ရံ
တိုက်ခိုက်တတ်ပါတယ်...။စိတ်ကျစရာ
အခြေအနေတွေနဲ့ပဲတစ်လျှောက်လုံးကြုံခဲ့သူမို့
မထူးဆန်းဘူးဟုဆို၍ရပေမယ့် ဒီတစ်ခါဟာ
သိပ်ပြင်းထန်ကာ တစ်ခါတစ်ရံများဆို
ကိုယ့်ကိုကိုယ်ပြန်ရှာမရ၍ အော်ငိုပစ်ချင်ခဲ့သည်။

တွဲနေတာလည်းသိနေသည်။
ဒါပေမယ့် မရေမရာနဲ့ အခြေအနေတွင်သူ့ကိုလည်း
လူကြီးကလက်မလွှတ်။
ဝန်ခံရမည်ဆို ထယ့်စိတ်ထဲတွင်ဒီလောက်မြန်မြန်
တော့အကောင်အထည်ပေါ်မလာဘူးဟုမထင်ခဲ့တာ။

Officials လူကြီးပါးစပ်ကပြတ်ပြတ်သားသား
ထွက်လာနိုင်တော့ တနေ့ဖြစ်လာမယ် တနေ့ကြားရမယ်
ဆိုတာသိပေမယ့် တကယ်တေ့တေ့ဆိုင်ဆိုင်
ရင်ဆိုင်ရတဲ့အခါ အသက်ရှုတောင်မှားသွားရသည်။

"ထယ်လေး ငါမေးနေတယ်လေ....
မင်းဘာတွေမိုက်မဲထားပြန်ပြီလဲ...
မင်းMinYoongi ကို လက်ထပ်မှဖြစ်မယ်ဆိုတာ
မင်းသိတယ်မလား...
မင်းဘဝမှာ သူမရှိလို့မဖြစ်ဘူးဆိုတာမင်းသိရက်နဲ့
ဘာတွေလုပ်နေတာလဲ....."

"လုပ်နေတာသူလေ...သူ့ကိုသွားမေးပါလား
ငါက ငါ့အိမ်ထဲ ငါနေနေတာ...."

"KimTaeHyung!!!မင်း လက်တွေ့ဘဝကို
ကြည့်ပါတော့...ငါတောင်းပန်ပါတယ်
မဖြစ်နိုင်တဲ့အရာ ကို သောက်ရူးထရင်း
MinYoongi ကို မင်းတကယ်ဆုံးရှုံးရလိမ့်မယ်..."

အလွန်တောက်လောင်လှသောမျက်လုံးများ
ဖြင့်ကြည့်လာတဲ့သူ...။သောက်တော့မည့်ဆဲဆဲ
ဝိုင်ခွက်ကို ကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်တာ
ကြောင့် ဝိုင်တွေသည်ကြမ်းပြင်ပေါ်ရဲခနဲ....။

"ငါ့ကို လာမဝေဖန် JungHoseok...
မင်းသိအောင် ငါအရှင်းဆုံးပြောမယ်
ငါ ParkJimin ကို ပဲ ချစ်တာ....
ငါ့ခေါင်းထဲမှာ သူကလွဲပြီး ကျန်တာမရှိဘူး..."

"မင်းသွက်သွက်ခါအောင်ရူးနေတဲ့အချိန်
ParkJimin ဘာလုပ်နေလဲမင်းသိလား
TaeHyung....."

ထယ်စိတ်ဝင်စားရှာပါသည်။ဒေါသတွေကြားက
Hoseokကို လှမ်းကြည့်လာသည်။
Hoseokသည် ဖုန်းထုတ်ကာ တစ်ခုခုကိုရှာဖွေ
ခဲ့ပြီးနောက် ထယ့်ဆီကိုပစ်ပေးခဲ့သည်။

"မြင်လား....ParkJimin ကို
JeonJungkook ရင်ခွင်ထဲ ဘယ်လောက်အရူးအမူး
ပျော်ရွှင်နေသလဲဆိုတာ....."

လက်တွေပင်တုန်ရီခဲ့သည်။ကလေးကိုနာအောင်
ရိုက်ပြီးမှ စိတ်မခိုင်သော လူကြီးတစ်ယောက်လို
ဘာများဖြစ်သွားပြီလဲဟုစိုးရိမ်ပူပန်နေခဲ့ရပြီး
အခြေအနေကိုတောင်မစုံစမ်းရဲခဲ့....။
အဲ့ညက ပြိုလဲကြေကွဲသွားသောပုံစံငယ်လေးကို
သနားလွန်းလို့ သူလုပ်ပြီး မအိပ်နိုင်မစားနိုင်။

ဝန်ခံပါတယ်...အသဲတွေတစစီပဲ့ကျသွားပါစေ
တော့ ငါ တော့ လက်လွှတ်လိုက်သင့်ပြီထင်တယ်
လို့တွေးခဲ့ပြီးပြီ။
လွန်ဆွဲနေတဲ့စိတ်တွေနဲ့ ပင်ပန်းလိုက်တာ....။

နေ့မသိ ညမသိ.....ဘာတွေမှန်းမသိဘဲ
ParkJimin သာ တဝဲလည်လည်နဲ့
လေးနှစ်ကျော်အတူတူအိပ်ခဲ့တဲ့ယောကျ်ား
တစ်ယောက်လုံးနောက်တစ်ယောက်နဲ့စေ့စပ်ဖို့
သေချာသွားတာတောင်KimTaeHyung မသိတဲ့အဖြစ်။

သူကတော့....JeonJungkook ပါးတွေကို
မော့နမ်းနေတယ်.....။

"သိပ်ခေါင်းကောင်းတယ်...သိပ်လည်း
ကြောက်စရာကောင်းတယ်....
JeonJungkook ထက် အဆပေါင်းများစွာ
ပိုပြီးဥာဏ်များနိုင်တာ ParkJimin ပဲ....."

"မကွဲကွာသွားကြဘူးပေါ့....."

"မကွဲနိုင်တာက မင်းချစ်တဲ့ParkJimin
ဖြစ်နေတဲ့အတွက် မင်း လက်လျှော့လိုက်ဖို့ပဲ
ကျန်တော့တယ် TaeHyung..."

ဗီလိန်သာလုပ်ချင်နေတာ ဘယ်တုန်းကမှလည်း
ဗီလိန်မဖြစ်လာနိုင်ခဲ့...။ဇာတ်နာရသူမင်းသားလေး
နေရာမှာပဲ TaeHyung စိတ်ကုန်စွာတဝဲလည်လည်။

ဗီလိန်အစစ်က သူလိုချင်တာ သူဖြစ်ချင်တာ
သူပိုင်ချင်တာ ကို ဘယ်နည်းသုံးရသုံးရ
သေသပ်စွာသုံးခဲ့ကာ ဘယ်သူကမှလည်း
ဗီလိန်ရယ် လို့သတိမထားမိအောင်
ခပ်ပြုံးပြုံလေး......။
ပြန်စဉ်းစားကြည့်တော့မှ သိပ်ဥာဏ်များတာပဲဟု
တရိတ်ရိတ်ပြန်တွေးမိကြသည်။

TaeHyung သည် မျက်နှာတစ်ခုလုံးကို
လက်ဖြင့်အုပ်ချကာ အရုပ်ကျိုးပြတ်ပဲ...။
ဘာဆက်လုပ်ရမလဲတောင်မသိ...။

"ငါဘာလုပ်လုပ်မကွဲကွာနိုင်တော့ဘူးဆိုတဲ့
သဘောပေါ့လေ....."

"မင်းချစ်တယ် ဆိုရင် ချစ်သူရဲ့ပျော်ရွှင်ခြင်းကို
နားလည်ပေးရမှာပေါ့..Jimin ကသူချစ်တဲ့သူနဲ့
သူ့ဘဝကိုသူ အေးအေးလူလူဖြတ်သန်းနေတဲ့ဟာ
ချစ်တယ် ဆိုပြီး ဘာလို့များ မိုက်မဲချင်နေရတာလည်း
TaeHyung ရယ်...."

"ပြန်တော့ Hoseok...မင်းအသံငါမကြားချင်တော့ဘူး.."

"MinYoongi နဲ့သေချာပေါက်ပြန်ညှိနှိုင်းပါ...ထယ်...
ငါငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့
အကောင်းဆုံးသောလမ်းကိုချပြတာပါ....
MinYoongi မရှိရင် မင်းသက်ဆိုးမရှည်ဘူး...."

Hoseok သည်အများကြီးသတ္တိတွေရှိနေလျှက်
ဆရာကြီးအထာဖမ်းသွားကာစီမံခန့်ခွဲသွားသေးသည်။
အခြေအနေသည် အဆုံးအထိညစ်ပတ်ခဲ့တာတောင်
ပိုနီးကပ်သွားရုံကလွဲဘာမှမဖြစ်လာ...။

TaeHyung လက်ညိုးဖြင့်ခုံပေါ်တတောက်တောက်
ခေါက်ရင်း...အများကြီးတွေးနေတာမျိုးမဟုတ်တော့။
တွေးစရာလည်းမလိုတော့...။
အကွက်တွေချနေစရာလည်းမလိုတော့......။

မီးတောင်လေးကသာဇာတ်သိမ်းပိုင်းရောက်
ပြီဟု ပိုင်ပိုင်နိုင်နိုင်သတ်မှတ်ကာHappy Ending
မှာပွဲပြတ်ပြီထင်ခဲ့ပေမယ့် ဇာတ်ကောင်တစ်ယောက်
ကျန်နေသေးတာကိုတစ်ချက်မေ့နေတဲ့ပုံရပါသည်။

စိတ်ဓာတ်ကျမှုနဲ့ မတည်ငြိမ်သောစိတ်အခြေအနေ
တွေမှာ TaeHyung ဘာအစီအစဉ်မှစဉ်းစားမနေတော့
စိတ်ထဲရှိတဲ့အတိုင်းသာဆက်သွားခဲ့သည်။

............................။

ညနေ မောင် လာကြိုသော ကားပေါ် ကြွကြွရွရွ
လေးတက်ကာ အိမ်တော်ကြီးဆီသို့ပြန်လာရသော
အချိန်တွေသည် အလုပ်မှာ အဆင်မပြေမှုတွေ
ဘယ်လောက်ရှိခဲ့ရှိခဲ့...အရာအားလုံးမေ့သည်အထိ
MD Parkက သိပ်ကြိုက်သည်။

အိမ်ရောက်တော့ ကားပေါ်ကဆင်းကာ
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲတွင်ထိုင်နေသော
Mr Jeonနှင့် သူ့ဇနီးငယ်ငယ်လေးကြောင့်
Jimin အနည်းငယ်တော့အံ့ဩသွားသည်။

"မောင် ခေါ်ထားတာ ညစာ အတူစားမလားလို့
မဆုံဖြစ်ကြတာလည်း ကြာပီမလို့လေ...."

ယဉ်ကျေးမှုအရ ခါးညွှတ်နှုတ်ဆက်ကာ
မောင့် လက်မောင်းတွေကို နည်းနည်းလေး
ဆွဲခေါ်သွားပြီး အကွယ်နားရောက်တဲ့အခါ

"ဘာတွေပြဿနာရှာမလို့လဲ ဟိုမှာဗိုက်ကြီးနဲ့လေ
မွေးပြီးမှ အေးအေးဆေးဆေး ပြဿနာရှာပါလား
မောင် ဒီအချိန်မှာ ဆိုးရင် ကိုယ်မောင့် ဘက်မှာ
နေလို့မရဘူး..."

"မရှာပါဘူး....မတွေ့ရတာကြာလို့ဒီလောက်ပဲ
စိတ်မပူနဲ့ ရေသွားချိုးပြီးရင်ညစာစားမယ်..."

"ခဏလေးနော် Jiminကိုပြင်ဆင်ပေးပြီး ပြန်ဆင်းလာခဲ့မယ်ဒယ်ဒီ..."

ဘယ်လိုကောင်မှန်းမသိ...။တစ်သက်မှာတစ်ခါ
ထူးထူးခြားခြား အဖေကို အဖက်လုပ်ဖိတ်ခေါ်မှု
ကြောင့် နိုင်ငံခြားခရီးစဉ်တွေတောင်ဖျက်ပြီး
အပြေးအလွှားရောက်လာခဲ့တာ...။

Jimin ကို သူက ဘာတွေပြင်ဆင်ပေးဖို့ရှိလို့လဲ။
ဟိုတစ်ယောက်ကလည်း လူကြီးသူမကို
Respect လုံးဝမရှိ။ ကျန်ခဲ့ပြီးစကားပြောပါ
ဘာညာတောင်မရှိ ခေါ်သွားတာပဲ....။
JeonJungkook ကို ထိန်းသိမ်းဖို့ရွေးချယ်ခဲ့တာ....
JeonJungkook ကို ပိုဖျက်ဆီးနေမှန်းဒီနေ့မှမျက်ဝါး
ထင်ထင်မြင်လိုက်ရသည်။

သမက်ဖြစ်သူအလုပ်တွေကြိုးကြ်ုးစားစားလုပ်ကြောင်း
ပြန်ကြားရရင် MrJeonက ဂုဏ်ယူစွာကြွားဝါးသည်။
အကျိုးအမြတ်တွေရလာတိုင်း လူရွေးမှန်တယ်ဟု
ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးရတာ ခဏခဏ။

ဒါပေမယ့် ParkJiminက တစ်ခါတစ်ရံကျရင်
သန်းချီသော ချက်လက်မှတ်တွေကို
JeonJungkookလက်ထဲ ချစ်လို့ဆိုကာ
ထည့်ထည့်ပေးကြောင်းပြန်ကြားရတဲ့အခါတိုင်း
စိတ်ကုန်သွားရတာလည်း ခဏခဏ....။

"အိမ်တော်ထိန်းကြီး ထမင်းပြင်တော့......"

ခမ်းနားသောစားပွဲရှည်ကြီးတွင်လူလေးယောက်
ထိုင်နေပြီးဟင်းပွဲတွေတစ်ခုပြီးတစ်ခုလာချ
ပေးနေသည်။

"ဒါ Jiminမစားဘူး ဟိုဘက်ပို့လိုက်....."

ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့စိတ်ကိုထိန်းလိုက်ရသည်။
ParkJiminမစားသောဟင်းပွဲက အပယ်ခံလို
သူမရှေ့ကိုရောက်လာသည်။
JeonJungkookကို
ရူးနေအောင်မုန်းတာအဲ့တာတွေကြောင့်။

မောင်သည် အကောင်းဆုံးဟင်းလျာတစ်ခုကို
ယူကာ MD Parkပန်းကန်ထဲသို့ ဦးချသည်။

Mr JEon သည် စိတ်ထဲအများကြီးတော့
အဆင်မပြေတော့ပါ....၊

"မောင် အဖေကို အရင် ထည့်ပေးလေ...."

ပေါင်ကိုမနာအောင်မသိမသာဆိတ်လိုက်ရင်း
ခပ်တိုးတိုးဆိုတော့

"သူ့မိန်းမရှိတာပဲ ကိုယ့်လူကိုယ်ထည့်ပေးတာလေ..."

Jimin သည် ဟင်းတခုခုကိုမြန်မြန်ယူလိုက်ကာ
Mr JEonကို ရိုသေသမှုပြုလိုက်သည်။

မောင့်ကို ပြောမရရင်ဆက်မပြောနေတော့ဘဲ
မောင့် အမှားတွေကို သူကလိုက်ဖြည့်ကာ
မသိမသာ ဖုံးပေးလိုက်မည်။
ဘယ်သော်အခါမှ အပြစ်တင်လိမ့်မည်မဟုတ်ပါ။

"JungKook..သား ဒယ်ဒီ့တို့ကိုထူးထူးဆန်းဆန်း
ထမင်းတွေ ဘာတွေ ဖိတ်ကျွေးတာ
အများကြီး သိတတ်လိမ္မာလာတာပဲ...."

"တစ်နှစ်ပြည့်ပြီလေ....အမွေကိစ္စ လွှဲဖို့ပြောမလို့"

"ဘာ!"

"ကျွန်တော်တို့ လက်ထပ်တာ တစ်နှစ်ကျော်ပြီလေ
ဒယ်ဒီ ကတိပေးထားတယ်လေ...."

"မင်း အမွေတောင်း ဖို့ ငါ့ကို ထမင်းကျွေးတာလား.."

"မစားချင်လည်းမစားနဲ့...."

"မောင်....."

"နင်အကုန်အစင်ယူချင်လို့တော့ဘယ်ဖြစ်မလဲ
ငါ့ဗိုက်ထဲကလည်း Jeon မျိုးနွယ်ပဲ...."

"သေချင်နေတာလား....နင်....
ကလေးကောင်းကောင်းမွန်မွန်မွေးချင်တယ်ဆိုရင်
ပါးစပ်ပိတ်ထားတာ ကောင်းလိမ့်မယ်..."

"Jungkook မင်းနဲ့ငါ ကလေးကိုမနှောက်ယှက်
ပါဘူးဆိုတဲ့ သဘောတူညီချက်တွေလုပ်
ပြီးပြီနော် ငါ့မိန်းမကို ခြိမ်းခြောက်ဖို့မလိုဘူး
ကိုယ်ဝန်ကြီးနဲ့....."

"အဓိပ္ပာယ်မရှိတဲ့ သဘောတူညီချက်ပဲ...."

စားနေသောဇွန်းကိုဆောင့်ချကာMD Parkက
Mr Jeonကို စူးခနဲကြည့်သည်။
ကျွန်းမှာမောင်ပြောပြထဲဒါကိုစိတ်ထဲမတင်မကျ
ဖြစ်နေတာ။မောင့်အတွက်ဘယ်လိုမှမတရားတဲ့
စကားလုံးနဲ့အပေးအယူတွေလေ။

"ကျွန်တော် ဦးလေး တို့ ကြားက ကိစ္စရပ်တွေမှာ
ဝင်မပါချင်ပါဘူး..ဒါပေမယ့်Jungkook က
ဦးလေး ရဲ့သွေးသား သားဦးပါ
ကျွန်တော့် ယောကျ်ားကို အဖျက်သမားပုံစံဖြစ်အောင်
သွပ်သွင်းနေတာကို သည်းခံနေတာကြာပီ
ဘာမှမသိတဲ့ ဗိုက်ထဲက ကလေးကို ဒုက္ခပေးရတဲ့
အထိ သူ့နှလုံးသားက မရက်စက်နိုင်ဘူးဆိုတာ
မွေးထားတဲ့ အဖေက မသိပေမယ့် ကျွန်တော်သိတယ်
ဦးလေး ရဲ့မတရားမှုတွေက တဖက်မှာနာကျင်စရာ
တွေကြီးပဲဖြစ်နေခဲ့တာ
မောင် ကလူဆိုးမဟုတ်ဘူး....
မောင့်ကို လူဆိုးမဖြစ်ဖြစ်အောင် အတင်းလုပ်ယူ
နေကြတာ...."

"Jimin ဒါ ဦးတို့ မိသားစု ကိစ္စပါ....
မင်းအနေနဲ့ သိပ်ဝင်ပါဖို့မလိုဘူးထင်တာပဲ.."

"မောင်နဲ့ကျွန်တော်ကလည်း မိသားစုပဲလေ
ကျွန်တော်တို့မှာလည်း အသိုက်အမြုံနဲ့
ကျွန်တော့် လူထိရင် ကျွန်တော်သည်းခံနေမှာမဟုတ်ဘူး"

"အစ ကတော့ မတူဘူး မတန်ဘူး
မုန်းလှချည်ရဲ့ ဆိုပြီး လူတွေများ....."

ခနဲ့သလိုလို မိထွေးလေး၏ မျက်နှာကိုJimin
ကဖျက်ခနဲကြည့်လိုက်ကာဟိုမရောက်ဒီမရောက်
သေးသောဒေါသကထွက်သွားပြီ။

"အဲ့တာက ပြဿနာရှိလို့လား...."

"နင်တအား အာဏာပြမနေစမ်းပါနဲ့
နင်ကိုယ်တိုင်လည်း ဒီအိမ်ပေါ်ဘယ်လိုရောက်ခဲ့သလဲ
ပြန်စဉ်းစား ဒုက္ခသည်ကို အစ်ကိုကြီးက
ကယ်တင်ပေးခဲ့တာလေ....သာသာယာယာလေး
ရှိလာတော့မှ ဆရာကြီးအထာနဲ့....."

MD Parkမျက်နှာသည် တင်းခနဲ။
ဒါသည် အမှန်တရားဖြစ်နေသည်။အဖေ့မိုက်ပြစ်
တွေကြောင့်သူ့ကိုဝယ်ယူပြီးဒီအိမ်ပေါ်ကို
တကယ်လည်းဒုက္ခသည်လိုအနှိပ်စက်ခံရောက်ခဲ့ရတာ။
ဒါအမှားတစ်ခုမဟုတ်ခဲ့။

မောင် ချစ်လာလို့...မြင်မြင်သမျှရင်ဆိုင်ကာ
မော်မော်ကြွားကြွားလုပ်လာတာလည်းဟုတ်သည်။
ဒါပေမယ့် MD Parkက ဒါကို နောက်တစ်ခါထပ်
မကြားချင်...။ဘဝရဲ့အားနည်းချက်စစ်စစ်ကြီးမို့
လုံးဝ မြေမြုပ်လိုက်ချင်သည်။

ပြသနာတွေဖြစ်တိုင်း ဒါကြီးနဲ့ထိုးနှက်နေမယ်ဆို
သူ့မှာ ဘာမှနှုတ်လှန်ထိုးစရာမရှိ။
ဘာလို့ဆို အမှန်တရားကြီးဖြစ်နေတယ်လေ။

နောက်ဘယ်တော့မှ ထုတ်မပြောရဲအောင်
လုပ်ဖို့သာလျှင်ရှ်သည်။
စိတ်ရှိတိုင်းဆို တစ်ရစ်ချင်း တစ်ထပ်ချင်း
ထိုမိန်းကလေး ပြာကျသွားတဲ့အထိနိုင်အောင်
ပြောပစ်လို့ရပေမယ့် သံသရာသည်ဆုံးမှာမဟုတ်။

ချက်ချင်းမဲ့ကျ ပစ်လိုက်တဲ့မျက်နှာသည်
အားအလွန်ငယ်သွားသလို......။
အင်အားကြီးပြပြီးမှ အရမ်းနာကျင်သွားရသလို
မျက်အိမ်လေးတွေရဲသွားကာ မောင့်က်ို
တစ်ချက်ကလေးကြည့်လိုက်သည်။

မောင် မျက်လုံးတွေပြူးကျယ်သွားကာ
နှလုံးခုန်သံတွေချက်ချင်းမြန်ဆန်လာပြီးတဲ့နောက်
မောင့်ကမ္ဘာပျက်သုန်းသွားသလိုပဲ...။
ဒီမျက်နှာလေး ငယ်သွားရင်ကိုမဖြစ်တာလေ။
မျက်ရည်ဝဲသွားတာက မောင့်ငရဲ...။

ဒီမိန်းမကရာရာစစ...။

"ထွက်သွားစမ်း!!!!!!!!"

မောင် သည် ထမင်းစားဝိုင်းထဲ အစွယ်လေး
ပြကာ အဖေဖြစ်သူကို မီးတောင်လေးကကောင်းကောင်း
ဖဲ့နေတုန်းက ငြိမ်သက်နေပြီး မျက်အိမ်ရဲရဲ
လေးတွေအရည်လဲ့သွားတဲ့အခါ လက်နှစ်ဖက်
သည် မိထွေးငယ်ငယ်လေး၏ လည်တိုင်တွေဆီသို့..။

"JeonJungkook!!!!"

Mr JEonသည် မောင့်ကို တွန်းပစ်လိုက်ကာ
သူ့မိန်းမကို ကာကွယ်သည်။

"နင်ကများ ငါ့Jimin ကို မျက်နှာပျက်အောင်.......
သတ်ပစ်မယ်...."

"မင်း ဘာဖြစ်နေတာလဲ!!!သူပြောတာတွေက
မှားနေလို့လား...."

"JeonJiminက...ကျွန်တော် ချစ်လို့
လက်ထပ်ယူခဲ့တဲ့ တစ်ဦးထဲသောယောကျ်ားပဲ
အဲ့တာ အမှန်တရား....ကျန်တာတစ်ခုမှမမှန်ဘူး
အဲ့ဒီအကြောင်းတွေကိုနောက်တစ်ခါထပ်ထုတ်
ပြောလို့ Jimin ထပ်ပြီး မျက်ရည်ဝဲကြည့်
ဆွေခုနှဆက် မျိုးခုနှဆက် ငါလိုက်သတ်မှာနော်..."

"မင်း......!!!မင်းဆေးမိနေတာလား Jungkook.."

"ဒီအထဲကဟာ မထွက်လာခင် ကျွန်တော်
အကုန်လိုချင်တယ်....တပြားတစ်ချပ်မှကို
ခွဲဝေမပေးနိုင်ဘူး....ဒယ်ဒီမြန်မြန်စီစဉ်ပါ
တခုခု လွဲချော်တာနဲ့....JeonJungkook
ဘာကောင်လဲ သိမယ်..."

"မောင်....တော်ပီ...လေ.....
ကိုယ် ဘာမှမဖြစ်ဘူး....ဒေါသတွေဘာလို့
အဲ့လောက်ထွက်ရတာလဲ.....ဘာမှမဟုတ်တဲ့ဟာကို..."

နီရဲနေသော မောင့်မျက်နှာကို ခြေဖျားလေးထောက်
ကာ ချော့မော့ ထိန်းရင်း ဆံပင်တွေကို
သပ်တင်နေကာ

"မောင် နား မှ ဖြစ် တော့ မှာ မလို့
ခွင့်ပြုပါအုန်းနော်....ညစာအတွက်
အားနာလိုက်တာ...."

မောင့်ကိုဆွဲခေါ်သွားတဲ့အခါ မောင့်လက်ညိုး
တွေသည် မိထွေးလေးဆီကိုထိုးနေဆဲ

"နင်နောက်တစ်ခါ ဘယ်တော့မှအဲ့ဒီကိစ္စကို
ထပ်မပြောနဲ့နော်...ဒယ်ဒီ ကိုယ့်မိန်းမကိုယ်ပြော
ထား မုဆိုးဖိုနှစ်ထပ်ကွမ်းဖြစ်သွားမယ်...."

"တော်ပီ လို့......"

မျက်တောင်တောင်မခတ်ရဲသောဗိုက်ကြီးသည်
သည် မကြောက်ဘဲနေပါ့မလား။
JeonJungkook မလုပ်ရဲတာဒီကမ္ဘာမှာ
ဘာမှမှမရှိတာ...။ကိုယ်ဝန်ဆောင်ချ်ိန်မို့ပိုတောင်
စိတ်ခံစားချက်များကာ နောက်တစ်ခါများတော့
ယောင်မှား၍တောင် ParkJimin ကိုစော်ကား
မပြောနဲ့ မျက်လုံးတောင်လှန်မကြည့်တော့ဖို့
ကိုယ့်ကိုကိုယ်ဆုံးမနေသည်။
စိတ်ထဲလည်း လုံးဝအငြိုးအတေးကိုဖြစ်သွားခဲ့သည်။

JeonJungkook ကသိပ်ကြောက်စရာကောင်းလွန်းသည်။

ဆွဲခေါ်လာကာ မောင်ကတော့တရှူးရှူးဒေါသ
တွေထွက်နေပေမယ့် မီးတောင်လေးကတော့
မသိမသာလေး ပြုံးကာ Jeonစံအိမ်မှာ
သူဟာ အကြွေးနဲ့အသိမ်းခံရပေမယ့်
သူ့ကို ထိရင် မျိုးရိုးစဉ်ဆက် ဒုက္ခရောက်သွား
နိုင်ကြောင်း ဤသို့ဤဖုံ မျက်လုံးလေးနဲ့ပဲ
ပြသသွားခဲ့သည်။

အခန်းထဲပြန်ရောက်တဲ့အခါ မောင့်ကို
တစ်ချက် နှစ်ချက်မျှ နမ်းပြီး ချော့မော့လိုက်တော့လည်း
မောင်က ပျော်ဝင်သွားတာပဲ.....။

အဲ့ထဲကစ....Jeonစံအိမ်တစ်ခုလုံးရဲ့အာဏာဟာ
JeonJiminလက်ထဲကိုအားလုံးရောက်ခဲ့ပြီး
နောက်ပိုင်းများတွင်တော့.....
မီးတောင် လေးနဲ့ မောင့်ရဲ့ အကြွေးရေစက်အတိတ်ကို
ယောင်၍ပင် ဘယ်သူကမှထုတ်ပြောဖို့မပြောနဲ့
တွေးပင်မတွေးခဲ့ကြ.....။

မောင်က ကျွန်တော့်ကို ချစ်လို့ လက်ထပ်ယူခဲ့တာ
အပြင်တခြားမရှိ.....။
သတ္တိရှိရင် JeonJiminကို ဝေဖန်ကြည့်လိုက်ပေါ့...။

.......................။

ေအးခ်မ္းေသာ လမင္းငယ္ဟာ...
ဘဝသစ္ ႏွလုံးသားအသစ္ရဲ့
အဓိပၸာယ္ကိုေရးျခစ္တယ္......

မခ်စ္တခ်စ္....မခိုင္မျမဲ
ေရလာေျမာင္းေပး...အျဖဴေရာင္မာယာေလးေတြၾကား
ဘဘာဝေလး က ခပ္ေယာင္ေယာင္ပါသြား
ခဲ့ရတယ္ဆိုေပမယ့္....

ရာသီတိုက္စား ေန႔ရက္ေတြေႂကြဆင္းတိုင္းမွာ
လမင္းေလးရဲ့ရိုးရွင္းတဲ့ကဗ်ာေတြ
ခပ္လြင္လြင္ရီေမာသံေတြၾကားအျမတ္တနိုးသိမ္းထုပ္ရာေလးလို သဘာဝေလးဟာ တေန႔တျခားအ႐ူးအမူး....။

Hyungလို႔ ေခၚလိုက္တိုင္း ေတာက္ပသြားတတ္
တဲ့မ်က္အိမ္ကေလးေတြ....
ေကြးညႊတ္သြားတတ္တဲ့ႏူတ္ခမ္းလွလွေလးေတြဟာ
ရင္ကိုေအးေစေသာ သဘာဝရဲ့စိမ့္စမ္းေရေလးေတြပါ....

.......................။

"ေဆးခန္းကဖြင့္အုန္းေလ Hyungရယ္
ကၽြန္ေတာ့္ဆီပဲလာေနေတာ့ လူနာေတြ
သနားဖို႔ေကာင္းတယ္....."

Dr KimSeokJin ၏ေဆးကုပုံသည္ဆန္းလွသည္။
တစ္ပတ္တြင္ စေန တနဂၤေႏြက ေဆးခန္းပိတ္ၿပီး
က်န္တဲ့ငါးရက္သည္ ေဆးခန္းတြင္တေနကုန္
ထိုင္ေနေသာအခ်ိန္ကရွားျပန္သည္။

ေဆးခန္းႏွင့္စာအုပ္ဆိုင္သည္ စက္ဘီးနင္းရင္
၁၅မိနစ္ေလာက္သာ ၾကာတတ္တာမို႔
ေဒါက္တာက လူနာလာမွ အျမန္ေျပးၿပီးေဆးကုသည္။
ေစာင့္ဖို႔ကေလးတစ္ေယာက္ငွါးထားၿပီး
လူနာလာရင္ ဆရာဝန္ကို ဖုန္းလွမ္းလွမ္းဆက္တဲ့အခါ
အူယားဖားယားျပန္ျပန္ေျပးလာတတ္ေသာ
ဆရာဝန္သည္ ေလာကတြင္တစ္ေယာက္ထဲသာရွိလိမ့္မည္။

ေမာင္ လည္း ခရီးမထြက္ခင္က စိတ္အေျခအေန
ကိုျပန္Cheakရန္ ေရာက္လာခဲ့ေပမယ့္
JeonJungkook ဆို ျပန္မလာဘူး စာအုပ္ဆိုင္
လိုက္ခဲ့ဟု ဆိုတာေၾကာင့္ ေမာင္က စိတ္ဆိုးစြာ
မCheakေတာ့ဘဲ ျပန္သြားခဲ့ရေသးသည္။

"Joonက Hyungကို မလာေစခ်င္ေတာ့တာလား
စာအုပ္ေတြ ကူးေရာင္းေပးတယ္ေလ
အဲ့တာ မျဖစ္ဘူးလား...ၿပီးေတာ့ဒီေန႔ကSunday
ေလ တေနကုန္ စာအုပ္ဆိုင္မွာပဲေနမွာ..."

"စာအုပ္ဆိုင္မွာပဲ မေနဘဲ အိမ္မွာလိုက္ေနေတာ့
ပါလား....."

စာအုပ္ေရာင္းသည့္ေကာင္တာတြင္အျမဲခ်ိန္းေတြ႕
တတ္သူ လမင္းေလးနဲ႔သဘာဝေလးသည္
တိုးစိတိုးစိ အသံေလးမ်ားျဖင့္။
Namjoon ပါးခ်္ိုင့္နက္ေတြသည္ အထူးခ်ိဳင့္ဝင္ေနကာ
လမင္းေလးကေတာ့ ပန္းေရာင္ႏုႏုအက်ီေလး
ႏွင့္ ရင္ခြင္ထဲ ဝင္တိုးေနလၽွက္....။

Hyungက ေသးေသးေကြးေကြးေလးမဟုတ္ပါဘူး
ခ်စ္စဖြယ္ကေလးေလးလိုလည္းမဟုတ္ဘူး
ကၽြန္ေတာ္နဲ႔သိပ္မကြာလွေသာခႏၶာကိုယ္အခ်ိဳးအစား
မွာ ခန့္ခန့္ညားညား ဆရာဝန္တစ္ေယာက္ပါ။
ဒါေပမယ့္လည္း....သိပ္အသဲယားေကာင္းစြာ
Hyungသည္အထူးတလည္ တမူထူးျခားလြန္းတဲ့သူ။

"ေဆးကုၿပီး ပိုက္ဆံစုေနတယ္
KimNamJoonကို လိုခ်င္လို႔..."

"KimNamJoonမွာ KimSeokJin
ေပ်ာ္ေပ်ာ္ရႊင္ရႊင္အသက္ရွင္နိုင္ဖို႔
ေငြေတာ့အလုံအေလာက္ရွိပါတယ္....."

"ကိုယ္ကႀကီးတဲ့သူေလ....မင္းကိုအားကိုးစရာလား
မင္းကသာ ကိုယ့္ကိုအားကိုးရမွာ
ကိုယ့္ ကေလးေလး Joonေလး...."

ေျခာက္ေပနီးပါးအရပ္ႀကီးနဲ႔...ဓာတ္ပုံရိုက္ေပးရင္
တကိုယ္လုံးပါေအာင္Camera မနည္းခ်ိန္ရေသာ
ဒီလိုလူႀကီးကို KimSeokJin မ်က္လုံးထဲ
ကေလးေလးလိုပဲ ထာဝရျမင္သည္။

"ဒါဆိုလည္း ေဆးခန္းေတာ့ပုံမွန္ဖြင့္ၿပီး
ေဆးေတာ့မွန္မွန္ကုပါ...."

"တကယ္ေတာ့ေဆးမကုခ်င္ေတာ့ဘူး
ေယာက်္ားပဲယူၿပီး စာအုပ္ဆိုင္မွာ
စာအုပ္ေတြသာစီေနလိုက္ခ်င္ေတာ့တယ္...."

"Hyung က....ဗ်ာ....."

ဝယ္သူတစ္ေယာက္မွမရွိေသာဆိုင္ထဲ
ဒီလိုRomance ေလးေတြဖန္တီးေနၾက။
ဝယ္သူကလည္းဘယ္လာပါ့မလဲ...
လမင္းေလးက စဝင္လာထဲက Namjoon
မသိေအာင္ Openကို Closeဟု လွည့္ကာ
အပိုင္အနိုင္ ဥာဏ္ဆင္ထားၿပီးၿပီ။
အေရာင္းအဝယ္ပါးတယ္ဟုပဲထင္ေနကာ
Namjoon ဆိုင္အပိတ္ခံထားရတာကိုမသိ။

ထူထူအိအိႏွုတ္ခမ္းေလးေတြကိုJoon
က ျမတ္ျမတ္နိုးနိုးထိကပ္ကာမထိတထိေလး
ခစားလိုက္ေတာ့ လမင္းေလးကျပဳံးယဲ့ယဲ့။

"ရဲရဲ နမ္းစမ္းပါ တခါမွ ရဲရဲတင္းတင္းမရွိဘူး
ရည္းစားမထားဖူးတာ က်ေနတာပဲ
ျပန္တူးစြတာမ်ိဳးမဟုတ္ေပမယ့္
ဟိုကေလး နဲ႔တုန္းက မင္းဘယ္လိုေတြမ်ားျဖတ္သန္းခဲ့လဲ"

Joon အေဆြးရိပ္ေတာ့သမ္းသြားသည္။
လမင္းေလးလည္းေမးၿပီးမွအားနာသြားတာမို႔
တခုခုအာ႐ုံလႊဲရန္စကားတခုခုကိုအျမန္အဆန္ရွာေတာ့သည္။

"ကၽြန္ေတာ္တို႔စတြဲတုန္းကသူက အရြယ္ေရာက္႐ုံေလး
လုံးဝ ကေလးေလး...ပဲရွိေသးတာ
ကၽြန္ေတာ္ ဘယ္ေနရာေလးကိုမွထိဖို႔ကိုင္ဖို႔
မရဲတင္းရင္းကေန အခ်ိန္ၾကာလာေတာ့
အက်င့္ပါသြားတာ....ျပတ္သြားတဲ့အထိေတာင္
Hyungေလာက္ ကၽြန္ေတာ္မရင္းႏွီးခဲ့ဘူး...."

ရည္းစားေဟာင္းအေၾကာင္းေျပာၿပ စိတ္မဆိုးဘူးဆိုတာ
ေထာက္ေခ်ာက္.....။

လမင္းေလးသည္ ေမးၿပီးမွ Namjoon ျပန္ေျဖေသာ
ရိုးသားေသာအေျဖကို မ်က္ေမွာင္က်ဳံ႕သြားသည္။
ေတာ္ေတာ္ေလးကို တျမတ္တနိုးရွိလို႔
ParkJiminကို ဘယ္ေလာက္ေတာင္ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕ရွိလိုက္မလဲ။
အတိတ္ေတြကိုျပန္ေတြးကာမနာလိုစိတ္ကတဖြားဖြား...။

ေမာင္နဲ႔လမင္းေလးဟာ တဂိုဏ္းထဲသားေတြမို႔
နည္းနည္းေလးမွေတာ့စိတ္အညစ္မခံပါေလ....။

"မင္းကသာ မရဲမတင္းေနတာ ဟိုေကာင္JeonJungkook
လက္ထဲ မင္းဟာေလးက က်ိဳးေၾကတစစီ
ျဖစ္ေနၿပီ...JeonJungkook အေၾကာင္း
ငါအသိဆုံး ကၽြန္းကိုသြားတာေတာင္
လဝက္ ေလာက္ၾကာေနၿပီ...ေတြးေတာင္မေတြးရဲေတာ့ဘူးသိလား...."

သဘာဝေလးမ်က္ႏွာရဲခနဲ.....။လက္ထပ္ထားတာပဲ
ဘယ္လိုျဖစ္ျဖစ္သူနဲ႔မဆိုင္ေတာ့ဘူးဆိုေပမယ့္
ကေလးႀကီးက စစ္စစ္ေပါက္ေပါက္ေတြထေျပာ
လာေတာ့ရွက္ပါသည္။

"ဟိုေကာင္က နမ္းတာေတာင္ ...."

"Hyungေရ......ေတာ္ပီေလဗ်ာ.....
ကၽြန္ေတာ္နဲ႔လည္းမဆိုင္ေတာ့ဘူး....ေလ..."

"မင္းဘာ လို႔ မထိရက္မကိုင္ရက္တဲ့အေၾကာင္းလြမ္းေနတဲ့
ေလသံနဲ႔ေျပာလဲ..."

"Hyung ေမးလို႔ေလ...."

"ေမးေပမယ့္ ငါေက်နပ္ေအာင္ေျဖေလ
အမွန္မေျဖနဲ႔..."

"ဘယ္လိုေျဖရမလဲ...."

"သူ႔ကိုကၽြန္ေတာ္ သိပ္အမ်ားႀကီးမခ်စ္လို႔
မနမ္းခဲ့ပါဘူး KimSeokJinကိုေတာ့
အမ်ားႀကီးခ်စ္မိသြားလို႔ ပိုရင္းႏွီးပိုရဲတင္းလာတာပါ
ဒါမ်ိဳးေလး...ႏွစ္ဦးႏွစ္ဖက္လည္းအဆင္ေျပတာေပါ့..."

"Hyung ကေတာ့ေလ....."

အသဲကၽြမ္းေအာင္ ခ်စ္ခဲ့ရတဲ့အခ်စ္ဦးရွိခဲ့တဲ့
လူတစ္ေယာက္ကို ကၽြန္ေတာ္ခ်စ္ခဲ့ရတာ
ခင္ဗ်ားတို႔ေတာ့လြယ္ကူလိမ့္မယ္ထင္တာပဲ....။

Joon ဆိုင္နံရံက No Smokingဆိုတဲ့
စာတန္းေတြ....။
ေရးခဲ့သူကေတာ့ ေမာင့္စီးကရက္ေလးေတာင္
ျဖစ္သြားၿပီ....။

အညိဳေရာင္စားပြဲခင္းေလးေတြ....
အျမဲတမ္းအေရာင္ေျပာင္းခင္းေပးခ်င္ခဲ့တယ္
ေျပာမထြက္ေသာ ႏွလုံးသားမွာ..
ေအာ္....အစိမ္းသက္သက္သူမ်ားလက္ထဲထည့္ခဲ့ရၿပီး
အမွတ္တရအျဖစ္ဒါေလးေတြက်န္တာ
ေနပါေစ ဆိုတဲ့ စိတ္အခံေလးနဲ႔ လမင္းေလးက
မသိခ်င္ေယာင္ေဆာင္သည္။

ဆိုင္ေထာင့္က PJM ဆိုတဲ့ေရဗူးေလး
တစ္ခါတစ္ရံ Joonမသိခင္ လိုက္ေမႊရင္
ထြက္ထြက္လာတတ္ေသာ အမွတ္တရအပိုင္းအစ
ေလးေတြ....။Joonက တဖြဖြၾကည့္ဖို႔သိမ္းထားတာ
မ်ိဳးေတာ့မဟုတ္ေပမယ့္ ေဒါႀကီးေမာႀကီးလႊင့္ပစ္
ရေလာက္ေအာင္လည္း မုန္းတီးသြားခဲ့ရတဲ့လူေတြ
မွမဟုတ္တာ...။သူ႔ေနျမဲေနရာေလးမွာ ဖုန္တက္တက္
ပ်က္ဆီးဆီး Joonက ဖြင့္လည္းမၾကည့္ေတာ့သလို
ေနရာလည္းမေရြ႕ခဲ့ဘူး။

ဘယ္သူပိုခ်စ္သလဲလို႔ ေမးတဲ့အခါ....
KimSeokJinက ရီတာေပါ့.....။
ဒီလို ေဆြးေဆြးေျမ့ေျမ့နယ္ေျမထဲ အရာအားလုံး
ကိုခံနိုင္ရည္ရွိစြာ မသိသလိုေနကာ
အလွဆုံးျပဳံးၿပီး သဘာဝေလးကို
အတိတ္ေတြထဲ ကဆြဲထုတ္ၿပီး ရင္ခြင္ထဲထည့္နိုင္ခဲ့တဲ့
လမင္းေလးဟာ အမ်ားႀကီးေတာ့မလြယ္လွခဲ့ဘူး။

"ရဲရဲတင္းတင္း ပထမဆုံးနမ္းမယ္...
လက္ခံမလား..."

"နမ္း....."

ႏွုတ္ခမ္းေလးဆူေပးသည္။ကေလးနဲ႔တုန္းကမွ
စိတ္ကထိန္းနိုင္သည္။ကေလးကလည္းဒါမ်ိဳး
ေတြေယာင္လ္ု႔ေတာင္မလုပ္ခဲ့။
ပိုက္ဆံေတြသာရွာေနၿပီး အျမဲမ်က္ႏွာထားက
တင္းတင္း...။ေတာ္ေတာ္ေလးၾကည္လင္သာယာ
မွ စကားေကာင္းေကာင္းေျပာခဲ့တဲ့သူ။
ခ်စ္သူရည္းစားဆိုတာထက္ သူ႔အရိပ္အေျခၾကည့္ကာ
အဆင္ေျပေအာင္ မနည္းကုတ္ကတ္ေနခဲ့တာမ်ိဳး။

KimNamJoon ရဲ့ ရဲရဲတင္းတင္း FirstKissသည္
အခ်စ္ဦးဆီက လြဲၿပီး အခ်စ္ဆုံးဆီၿပိဳဆင္းတဲ့အခါ
ေဒါက္တာ အသံပင္မထြက္နိုင္ေတာ့။

ခါးေလးကိုဆြဲသိမ္းကာ ဖူးႂကြေနေသာႏွုတ္ခမ္း
တစ္စုံကို စိတ္လြတ္ကိုယ္လြတ္သိမ္းပိုက္လိုက္ရေသာ
Feeling ဟာ စာအုပ္ေကာင္းေကာင္းတစ္အုပ္ကို
ေကာ္ဖီေကာင္းေကာင္းေလးနဲ႔ဖတ္ပစ္လိုက္ရသလိုပဲ။

ေဒါက္တာလက္ေတြသည္ သဘာဝေလး
လည္တိုင္ေတြအေပၚယွက္သမ္းထားကာ
သိပ္ခ်စ္ၿပီး သိပ္ျမတ္နိုးရေသာ သဘာဝေလးမို႔
နမ္း၍မဝနိုင္ခဲ့....။

မိနစ္ေတြမ်ားလာတဲ့အခါ Namjoon ရင္ဘက္
ေတြကို အသက္ရွူက်ပ္လာတာမို႔ထုရိုက္ေတာ့မွ
လႊတ္ေပးလာသည္။

"အမယ္ေလး......ေမာလိုက္တာ.....ကြာ...."

"ေရေသာက္ လိုက္အုန္း Hyung.."

ေရတက်ိဳက္ေသာက္ကာ ေဒါက္တာက
အသက္ဝေအာင္ရွုၿပီး Joonရင္ခြင္ထဲမွီကာ
မ်က္လုံးေလးေတြမွိတ္ထားသည္။

"အေမာေျပရင္ ဆက္ရဲတင္းရေအာင္..."

လမင္းေလးရဲ့ေကြးညႊတ္သြားတဲ့ႏွုတ္ခမ္းေလး...။
မ်က္လုံမဖြင့္ပဲျပဳံးေနတာေလးကေတာင္သိပ္ခ်စ္စရာ
ေကာင္းေနတာ ဖ်က္ခနဲ မ်က္လုံးေလးဖြင့္လာတဲ့အခါ
အလြန္ကိုေတာက္ေတာက္ပပ...။

"ေတာ္ပီ...ေလ.....ကြာ..."

မေတာ္ခဲ့ၾကေသာ အနမ္းေတြနဲ႔အတူ
စာအုပ္ဆိုင္ထဲက တခ်ိဳ႕ တနဂၤေႏြေတြသည္
အလြန္လွပခဲ့ပါသည္.....။

နာရီတခ်္ို႔ ခ်ိန္းေတြ႕ၾကည္ႏူးခဲ့ၿပီးတဲ့ေနာက္
ဆရာဝန္ေလးကျပန္ခ်ိန္တန္လာခဲ့သည္။
သဘာဝေလးက ျပန္ပို႔ေပးရန္ စက္ဘီး
ကိုထုတ္လာတဲ့အခါ ေနာက္ခုံမွာပိုင္ပိုင္နိုင္နိုင္
ထိုင္ၿပီးသား....။

"ဖက္ထားမယ္ေနာ္ ျပဳတ္က်မွာစိုးလို႔....."

Namjoon သည္ လမင္းေလးနဲ႔အတူတူရွိခ်ိန္တိုင္းမွာ
မ်က္ႏွာေလး မဲ့သြားရတယ္လို႔မွမရွိတာ....။
တစ္ခြန္းဆို တစ္ခြန္း ပါးခ်္ုင့္နက္နက္ေတြေပၚတဲ့အထိ
ျပဳံးသြားရျမဲ...။

အခ်စ္ကေအးခ်မ္းျခင္းကိုေဆာင္သည္။

လမ္းသြယ္ေလးေတြကိုနင္းလာရင္းရီစရာ
ေလးေတြတစ္ေယာက္တစ္ခြန္းေျပာရင္း
Hyungေဆးခန္းေရွ႕ကိုေရာက္တဲ့အခါ
ရပ္ထားေသာ အေကာင္းစားကားႀကီးေၾကာင့္
တနဂၤေႏြ မွာ အေရးတႀကီးလူနာမ်ားေရာက္ေနတာလား
ဟုေတြးကာ Namjoon က ရပ္ဖ္ု႔အရွိန္ေလၽွာ့လိုက္ခ်ိန္
စက္ဘီးေတာင္ မရပ္ေသး Hyungကခုန္ဆင္းသြားသည္။

"Joon ျပန္ေတာ့......"

"KimSeokJin!!!!!"

ကားေပၚမွ ဆင္းလာေသာမိန္းမႀကီးတစ္ေယာက္
သည္ၿပိဳးပ်က္ေနေသာအဝတ္အစားေတြနဲ႔အတူ
အလြန္ခ်မ္းသာႂကြယ္ဝလြန္းမွန္းသိသာပါသည္။
Hyungနာမည္ကို ေဆာင့္ေအာင့္ ေခၚလိုက္ေသာ
အသံေၾကာင့္ စိတ္ထဲဖ်င္းခနဲ....။

"ဘယ္သူလဲ Hyung......"

"ငါ့ အေမ .....သြားျပန္ေတာ့....ငါလာေတြ႕မယ္"

"ကၽြန္ေတာ္ စိတ္မခ်ဘူး....အသံကမာလြန္းတယ္...."

"ကိုကို.....!"

Hyungမ်က္ႏွာ ကြက္ခနဲပ်က္သြားသည္။
ထိုအမ်ိဳးသမီးေနာက္တြင္ေနာက္ထပ္ေကာင္မေလး
တစ္ေယာက္ပါကပ္လိုက္လာကာ Namjoon
ဘာေတြမွန္းမသိေတာ့...။

"ဒီေကာင္လား....SeokJin....နင္ငါတို႔မ်က္ႏွာ
ေတြကို လုံးဝမၾကည့္နိုင္ေတာ့ေလာက္ေအာင္
မိုက္လုံးႀကီးေနတာ သူေၾကာင့္ေပါ့..."

လက္ညိဳးႀကီးႀကီးျဖင့္သူ႔ဆီေျပးဝင္လာေသာ
အမ်ိဳးသမီးႀကီးကို Hyungက သူ႔ဆီေရာက္
မသြားေအာင္ လမ္းတစ္ဝက္တြင္ဆြဲဖမ္းထား
လိုက္ၿပီး ကားဆီကိုျပန္ဆြဲသြားသည္။

"ဘာမွမျဖစ္ဘူး သြားျပန္ေတာ့...ဖုန္းဆက္လိုက္မယ္..."

Hyungကလက္ဟန္ေလးျဖင့္ဖုန္းေခၚမယ့္အေၾကာင္း
ေျပာၿပီးကားအေကာင္းစားႀကီးေပၚ တက္သြားသည္။
နားမလည္နိုင္ေသာ ဇာတ္ကြက္တစ္ခုမွာ
Namjoon စက္ဘီးေလးတစ္စီးျဖင့္....။

Hyung ကရက္ကြက္ေသးေသးေလးထဲက
ပုံမွန္ေဆးကုခန္းေလးနဲ႔ ဆရာဝန္ေလးတစ္ေယာက္
မဟုတ္ဘူးလား.......။

တနဂၤေႏြသည္ .....သိပ္အမ်ားႀကီးမလွခဲ့ေတာ့။

.....................................။

ကၽြန္းေပၚမွာ လဝက္ေလာက္အထိကိုအခ်ိန္ျဖဳန္းခဲ့
ၾကကာ ဆိုးလ္က Company ႏွစ္ခုလုံးက
လစ္ဟာမွုေတြရွိလာေၾကာင္း အထပ္ထပ္Reports
ေတြေၾကာင့္ ျပန္ခဲ့ၾကရသည္။

ေမာင္နဲ႔ကၽြန္ေတာ္ရဲ့ဇာတ္လမ္းက
ဇာတ္ေပါင္းခန္းကိုေရာက္သြားခဲ့သလို
အရာရာဟာၾကည္ႏူးစရာေတြႀကီးပဲ....။
လုံးဝ ေပ်ာ္ရႊင္စရာဇာတ္သိမ္းေလးေပါ့.....။

ရင္းႏွီးတာထက္လြန္ကဲေသာဆက္ဆံေရးတစ္ခု
မွာကြယ္ဝွက္စရာလည္းဘာမွမရွိေတာ့....။

MD Park ကိုယ့္လူကိုယ္နိုင္ေအာင္ထိန္းေလ လို႔အေပၚစီးကခနဲ႔ ခံရတိုင္း မေက်နပ္လြန္းလို႔.....
ေမာင့္ကို ခ်ည္ၿပီး တုတ္ၿပီး ႀကိဳးေတြဟာ မသိသာေပ
မယ့္ အလြန္တင္းက်ပ္လြန္းခဲ့သည္။

ခုခ်ိန္မ်ားေတာ့ ကိုယ့္လူကိုယ္အထိန္းနိုင္လြန္း၍
ခက္ကာ ခြါခိုင္း၍မရေတာ့....။
ဘယ္ေလာက္အံ့ဩစရာ။

ရွင္းပါတယ္....ေမာင္ ခ်စ္သထက္ခ်စ္ေအာင္ေနသည္
ေမာင္ ႐ူးသထက္ ႐ူးေအာင္ ဆြဲေဆာင္သည္
ေမာင္ ႐ုန္းခ်င္လာေတာင္ ေမာင္ လ္ို႔ေခၚ႐ုံမၽွ
ရင္ခြင္ထဲျပန္ဝင္တိုး လာတဲ့အထိ MD Parkက
ေတာ္ခဲ့သည္။

ေလၽွာ့သင့္တဲ့ေနရာေလၽွာ့ တင္းသင့္တဲ့ေနရာတင္း...
သိပ္ခ်စ္တဲ့ေယာက်္ားကို ပိုင္ပိုင္နိုင္နိုင္
လက္ဝါးႀကီး အုပ္ထားနိုင္တာမ်ိဳးကဘယ္ေလာက္
ေက်နပ္စရာလဲ...။

ေမာင္က နည္းနည္းေလးထူးဆန္းတယ္....။
ဒါေပမယ့္ ကၽြန္ေတာ္ အထူးအဆန္းလိုေမာင့္ကို
မၾကည့္ရက္ခဲ့ပါဘူး။ေမာင့္အေပၚပုံအပ္ေပးၿပီး
ေမာင့္ကိုကၽြန္ေတာ္တင္းက်ပ္စြာႀကိဳးေတြအမ်ားႀကီး
နဲ႔ခ်ည္ေႏွာင္ပစ္ၿပီးထဲက ေမာင္ဟာေဆးမိေနတဲ့
လူလိုပဲ.....။

ကၽြန္းမွာလည္းေမာင္ဟာ႐ူး႐ူးမူးမူး....
အိမ္ျပန္လာတဲ့အခါလည္းေမာင္ဟာအနားမွာ
အျမဲကပ္တြယ္ေနတတ္ကာ အလုပ္သြားရင္
ေမာင္မတားရဲတာပဲရွိတာ မလႊတ္ခ်င္.....။

စိတ္ခံစားခ်က္ကိုဟ္ိုးအစထဲကထိန္းခ်ဴပ္နိုင္စြမ္း
မရွိတဲ့ေရာဂါနဲ႔ေမာင္ဟာ မုန္းတုန္းကလည္း
အဆုံးအထိရက္ရက္စက္စက္ေတြျပဳမူခဲ့ၿပီး
ခ်စ္လာတဲ့အခါလည္း ေမာင္ဟာ ကိုယ့္ကိုကိုယ္
ထိန္းခ်ဳပ္နိုင္စြမ္းမရွိခဲ့....။

ကၽြန္ေတာ္ အေလာတႀကီး ခ်ည္မိတဲ့ႀကိဳးေတြရဲ့
ေဘးထြက္ဆိုးက်ိဳးေတြကဒါေတြပဲ....။
ဒါေပမယ့္လည္း ကိုယ္သိပ္ခ်စ္တဲ့ေယာက်္ားက
ကိုယ့္ကို႐ူး႐ူးမူးမူးအရမ္းျပန္ခ်စ္ေနတဲ့ကိစၥကျပႆနာ
တစ္ရပ္မွမဟုတ္တာ....။
ဒါ လည္း လိုခ်င္တာကို ရေအာင္ယူနိုင္တဲ့အရည္အခ်င္း
ပဲေလ....။

ေမာင့္ အခ်စ္လြန္မွုေတြမွာ အနည္းငယ္ေလး
အာ႐ုံစားရ႐ုံကလြဲၿပီး MD Parkက အခ်စ္ခံရတဲ့
ဘဝမက အခ်စ္လြန္ခံဘဝမွာ ခပ္ျပဳံးျပဳံးပဲ....။

ဟိုတုန္းကမွ ကိုယ္နဲ႔အေျခအတင္ဆိုBarေရာက္
သြားတာမ်ိဳး....KimTaeHyung အေၾကာင္း
ေျပာလာရင္ တစ္ခြန္းမက်န္ျပန္တုံ႔ျပန္တာမ်ိဳး
စကားဆိုဘယ္စကားမွမတိုးဘဲ ခပ္ေပါ့ေပါ့ေမာင္ကို
ႏွစ္ပတ္ပဲအခ်ိန္ယူၿပီး ခ်စ္ေပးလိုက္ျခင္းတြင္
MD Park ရဲ့ ေမာင္ ဆိုတာနဲ႔ ဗ်ာ ဘဝကိုတန္းေရာက္သည္။

KimTaeHyung ဟုအစခ်ီလာရင္ေတာင္
ေမာင္ သူ႔ကိုမေခၚေတာ့ဘူးJimin ဟု
ေမာင္က အျမန္အဆန္ေျဖရွင္းကာ တကယ္လည္း
ေမာင္ သြားမပတ္သတ္ေတာ့...
KimTaeHyung ပင္မက တျခားအေပါင္းအသင္း
ကိုလည္းေမာင္သိပ္အာ႐ုံမလာဘဲ သူ႔အနားမွာသာ
အျမဲတမ္း လိပ္ျပာေလးလိုဝဲေနျခင္းဟာ
ေအာင္ျမင္မွုေတြပဲ.....။

ခရီးကျပန္လာၿပီးလည္းလုံးဝသာသာယာယာ
အေျခအေနေလးေတြပါ.....။
သဲသဲလွုပ္ ေမာင့္ ခ်စ္ေပးမွုေတြၾကား
မ်က္ႏွာကို ခပ္ေမာ့ေမာ့ေလးျပဳံးရင္း
MD Parkက သိပ္ကိုအသဲယားစရာေကာင္းေနသည္။

"ေမာင္ေရ....ေရာက္ေနၿပီေနာ္.....
ကိုယ္သြားရေတာ့မယ္....."

Driver မလိုေတာ့ပါ။ေမာင္ကသူ႔ၿပိဳင္ကား
ေရာင္စုံေတြကိုတစ္ေန႔တစ္ေရာင္ထုတ္စီးကာ
အႀကိဳအပို႔လုပ္ေပးသည္။

"ေနအုန္းခဏ နမ္းသြားအုန္း...."

"ဘယ္လိုျဖစ္ေနတာလဲ....႐ုံးတက္ရမယ့္ဟာ...."

က်ဥ္းက်ဥ္းက်ပ္က်ပ္ၿပိဳင္ကားအနီရဲရဲထဲ
ေမာင္ ထိန္းမရသိိမ္းမရျဖစ္ေနျပန္သည္။
ေမာင့္မ်က္ႏွာတစ္ခုလုံးလည္တိုင္ေတြထဲ
တိုးဝင္ေနကာ တြန္းဖယ္၍မရ။

"ခ်စ္လို႔.....အလုပ္သြားလုပ္ေတာ့မွာ
လြမ္းေနရေတာ့မွာမလို႔...."

"အပိုေတြ ေျပာေနျပန္ၿပီ...ဖယ္ ဖယ္......"

"အ....!!!ေမာင္!!!အရာေတြထင္ကုန္မယ္ေလ
ကိုယ္Meeting နဲ႔....."

"Meeting က ေမာင္ေပးတဲ့အနမ္းရာ နဲ႔ဆို
လုပ္လို႔မရဘူးလား...."

"ဘယ္ေကာင္းမလဲကြာ...ခက္လိုက္တာ...."

"EunWooဆိုတဲ့တစ္ေယာက္ ပါမယ္လို႔
ၾကားလို႔ လုပ္တာ....ဘာျဖစ္လဲ...."

"EunWooမကဘူး ေမာင္က ဘယ္သူပါပါ
လုပ္မွာပဲ Eun Wooက ကိုယ့္လုပ္ငန္းမိတ္ေဆြ
စစ္စစ္ႀကီးပါ...."

ေမာင္ ဆံဖ်ားေလးေတြကိုဖြဖြေလးသပ္တင္ေပးကာ
မ်က္လုံးေတြကိုစိုက္ၾကည့္ၿပီး

"မင္းကိုေမာင္...ျဖစ္နိုင္ရင္ေလ Jeonစံအိမ္နဲ႔
ေျမေအာက္ခန္းထဲထည့္ၿပီး ေသာ့ခတ္ထားလိုက္
ခ်င္တာ...တေလာကလုံးဘယ္သက္ရွိသက္မဲ့
ကမွမျမင္နိုင္ေတာ့ေအာင္ေပါ့.....
ေတာ္ေတာ္ကို ေမာင္မလြန္ဆန္နိုင္လို႔ လူေတြၾကား
ထဲလႊတ္ထားရတာ...ေမာင့္ရင္ေတြသိပ္ေမာတာပဲ"

ၾကက္သီးထစရာစကား....ေမာင္လြန္ၾကဴးစြာ
ေျပာေနတာမဟုတ္....တစ္လုံးခ်င္းေသေသခ်ာခ်ာ
ေျပာေနတာ..။မယုံပါဘူးလို႔ ျပန္ မခၽြဲရဲ
ႀကိဳးတုတ္ကာေရခ်ိဳးခန္းထဲထည့္ပိတ္ထားတဲ့
သာဓကေတြကရွိေသးသည္။

ေမာင္က အစထဲက အလြန္အကၽြံသမား....
အခ်စ္နဲ႔ထိသြားလို႔သာ အနည္းငယ္ေပ်ာ့ေျပာင္းလာတာ
မထိန္းခ်ဴပ္နိုင္တဲ့စိတ္အေျခအေနေတြနဲ႔
ေမာင့္ ဗီဇ ဆိုးေလးက ေတာ့က်န္ေနေသးသည္။

အခ်ည္လြန္သြားေသာ ႀကိဳးေတြေတာ့မျဖစ္ေစရ။
သူဒီအေျခအေနအထိေရာက္လာဖို႔အမ်ားႀကီး
ခံစားေပးဆပ္ခဲ့ၿပီးၿပီ...။
နိုင္ေအာင္ မတိမ္းေစာင္းေအာင္ မလြဲေခ်ာ္ေအာင္
ႀကိဳးႀကိဳးစားစားထိန္းမွရမည္။

မုန္းလို႔ျဖစ္တဲ့ျပႆနာေတြထက္
အခ်စ္လြန္၍ျဖစ္တဲ့ျပႆနာေတြကပိုအထိနာကာ
ပိုရွင္းရခက္တာေၾကာင့္ ေမာင့္ရဲ့ အေသးအမႊား
ေလးေတာင္သူ႔အေပၚလုံးဝအထိမခံေသာ
စိတိအေျခအေနကိုအလိမၼာနည္းေလးေတြနဲ႔
ထိန္းနိုင္ေအာင္ႀကံဖန္ရအုန္းမည္။

"ဘယ္လိုစကားႀကီးလဲကြာ ေၾကာက္ေအာင္
ေမာင့္ကိုပဲခ်စ္တာပါ....ကိုယ့္ေယာက်္ားပဲ
ကိုယ့္ေခါင္းထဲမွာရွိတာမလို႔ ေမာင္ကအမ်ားႀကီး
မေတြးရဘူးေလ...."

"ေမာင္ မင္း ကို သိပ္ ခ်စ္ တာ ပဲ Jiminရယ္...."

ဖက္လာျပန္ေတာ့လည္းအလိုက္သင့္ေလး
ျပန္ဖက္ထားေပးလိုက္သည္။
အိမ္မွာလည္း တေနကုန္ ဒီလိုတဂ်ီဂ်ီပဲ....။
Romက သူနဲ႔လာေတြ႕ရန္ ထပ္ခါထပ္ခါေခၚေနတာ
ေတာင္ေျခတလွမ္းမေရြ႕....။

"ကိုယ္ေနာက္က်ေနၿပီ......"

"အင္း....ေမာင္ သိတယ္....ညေနေမာင္လာမွ
အျပင္ကို ထြက္လာေနာ္....ရပ္ေစာင့္မေနနဲ႔..."

"သိတယ္....ကိုယ္ေစာင့္ရေအာင္ေမာင္သာ
လမ္းမ်ားမေနနဲ႔...."

"လမ္းေပ်ာက္ေနတာ မင္းမွမသိတာ...
ဘာလုပ္ရမွန္းမသိဘူး..."

"ဖဲသြားရိုက္ေလ...."

"ဟင့္အင္း..."

"တက္တူးေတြျဖည့္ခ်င္လား ဒီနားေလးနည္းနည္း..."

"ပ်င္းတယ္...."

"ကားမၿပိဳင္ဘူးလား...ေမာင့္Accထဲ
ေလာင္းဖို႔ ျဖည့္ထားေပးမယ္ေလ...."

"မေမာင္းခ်င္ဘူး....."

လူဆိုးက ဆိုးတဲ့အလုပ္ေတြေတာင္မလုပ္နိုင္
ေတာ့....။တကယ္အခ်ည္လြန္သြားခဲ့တာပဲ။
ကိုယ့္ကိုကိုယ္လည္းရီခ်င္လာသည္။

"ကိုယ့္လူမိုက္ေလးက မဆိုးခ်င္ေတာ့
ဘာမ်ားလုပ္ခ်င္လဲေျပာ...."

ၿပီတီတီမ်က္ႏွာႏွင့္တကိုယ္လုံးကိုအစုံအဆန္
ၾကည့္လာတဲ့အခါ ဆိုင္သူေလးမ်က္ႏွာရဲခနဲ။

သူ႔ေလာက္ အလြန္အၾကဴးသူပဲရွိသည္။
လူလည္းတစစီျဖစ္ေတာ့မလို အျမဲတမ္း။
ဒါလည္း အဆုံးမသတ္နိုင္တဲ့ ၿပီတီတီ႐ုပ္ကို
ထရိုက္လိုက္ခ်င္ေပမယ့္ အဲ့ဒီလိုမ်က္ႏွာက
ေတာင္ ေမတၱာပ်က္စရာမျဖစ္ေနေတာ့
ႏွာေခါင္းကိုသာ ခပ္ဖြဖြ ဆြဲလိမ္လိုက္ၿပီး

"ထိန္းပါအုန္း မရွက္ဘူးလား....."

MD Parkသည္ ႏွာေခါင္းကိုဆြဲလိမ္ကာ
ကေလးေပါက္စေလးလို ဆက္ဆံသြားျပန္သည္။
ခပ္ရဲရဲမ်က္ႏွာေလးႏွင့္ခ်ိဳအီလွေသာအသံေလး
ပစ္ေကၽြးသြားကာ ကားတံခါးဖြင့္ထြက္သြား
သည့္တိုင္ေမာင့္မွာ လြင့္ေနတုန္း....။

အဲ့တာေတြေပါ့......ေမာင္႐ူးၿပီးရင္း႐ူး
႐ူးရင္းထပ္႐ူးရတာ အဲ့ဒီအရာေတြ....။
Companyထဲေျပးဝင္သြားေသာေက်ာျပင္ေလး
ကိုေငးကာ ေမာင္ ျပဳံးျပဳံးႀကီး....။

သိပ္ခ်စ္တာပါ.....မဖြဲ႕ႏြဲ႕ျပတတ္လို႔.....
ဖြဲ႕ႏြဲ႕ျပလို႔ သူမ်ားေတြ လိုခ်င္သြားမွာလည္း
စိုးရိမ္လို႔....ေခါက္ေခါက္သိမ္းခဲ့ရေသာ
အလြန္အကၽြံ႕ အၾကင္နာေတြက ေမာင့္ႏွလုံးသားပင္
မနိုင္မနင္းခဲ့.....။

တစ္စုံတစ္ခုမ်ားသာ လြဲခဲ့ရင္......
ေမာင္ တစ္ခါထဲ ေသဆုံးသြားနိုင္သည္အထိ
ဆိုင္သူေလးအေပၚ ေမာင္ပုံေအာထားတဲ့
ခ်စ္ျခင္းေမတၱာအရွိန္အဟုန္ပါ....။

ေမာင္ ေသမတတ္ ခ်စ္ခဲ့ပါတယ္.....။

.......................။

အိပ္ခန္းတံခါးကို ျပင္းျပင္းထန္ထန္ဖြင့္လိုက္
ေသာအရွိန္ေၾကာင့္ ထယ္ ဝိုင္ငွဲ႕ေနေသာ
လက္ေတြတုန္သြားကာ ေဒါသကဖ်င္းခနဲ....။

ခရမ္းႏုေရာင္အိပ္ခန္းမီးနဲ႔ အနံ႔ေတြထြန္မႊန္ေနေသာ
ဖေယာင္းတိုင္ကိုထြန္းညႇိထားၿပီး အေပၚေအာက္
အျဖဴေရာင္ေတြပဲဝတ္ထားကာ ျပာလြင္လြင္ဆံပင္
ေလးေတြသည္ရွည္လာတာေၾကာင့္ဖရိုဖရဲ....။

ထိုင္ေနက် ႀကိမ္ခုံတြင္ ေခြေခြေခါက္ေခါက္ေလး
ထိုင္ေနကာ ဝိုင္ေတြမက အရက္တခ်ိဳ႕ပါ
ေရာစပ္ေသာက္ေနသည္။

ကိုယ့္Feelနဲ႔ကိုယ္ လုပ္ခ်င္ရာလုပ္ေနတုန္း
မေျပာမဆို တံခါးေဆာင့္ဖြင့္သံေၾကာင့္
စူးခနဲၾကည့္လိုက္ေတာ့ Hoseok.....။

"မင္း ဘာေတြလုပ္ေနတာလဲKimTaeHyung!!!"

TaeHyung ဒီတိုက္ခန္းထဲေအာင္းေနတာ
ရက္ေပါင္းမ်ားစြာၾကာၿပီ။အတိအက်ဆို
JeonJungkook တို႔ခရီးထြက္သြားထဲက
အျပင္ကိုထြက္မလာေတာ့ သူ႔ဆီလည္းမလာေတာ့
ဘဲ၁၅ရက္ေက်ာ္၁၆ရက္ တစ္ေယာက္ထဲေသသလား
ရွင္သလားလည္းမသိ....။

ဖုန္းဆက္လည္းစက္ပိတ္ထားကာ ဆက္သြယ္၍
မရျဖစ္ခဲ့သည္။
ဒါေပမယ့္ MinYoongi ထိန္းမွာပဲဆိုၿပီးHoseok
ခပ္ေပါ့ေပါ့သာေနခဲ့ေပမယ့္ ဒီေန႔Yoongi ကို
မိန္းကေလးတစ္ေယာက္နဲ႔တြဲေတြ႕ကာ ႏူတ္ဆက္ၾကရင္း
ေစ့စပ္ပြဲကိစၥေတြစီစဥ္ေနေၾကာင္းMinYoongi က
တည္တည္ၿငိမ္ၿငိမ္ပင္ေျဖသြားသည္။

TaeHyung ကေရာဟုအားမနာစတမ္းေမးမိတဲ့အခါ
မေတြ႕ျဖစ္တာၾကာပီ တိုက္ခန္းတံခါးလည္း
ဖြင့္မေပးဘူး လို႔MinYoongi က ခပ္ေအးေအးပင္
ေျဖကာ ေကာင္မေလး၏လက္ေတြကိုပိုင္ပိုင္နိုင္နိုင္
ဆုပ္ကိုင္ကာထြက္သြားသည္။

ဒီေလာကထဲ မိသားစုလည္းမရွိ သူငယ္ခ်င္းဆိုလို႔
သူတစ္ေယာက္သာရွားရွားပါးပါးဘာသံေယာဇဥ္
ဘာေဆြမ်ိဳုးတစ္ေယာက္တေလမွေတာင္မရွိေသာ
TaeHyung တစ္ေယာက္ ဘာေတြျဖစ္ေနၿပီလဲဟု
Hoseokစိတ္ပူကာ အေျပးအလႊားေရာက္လာခဲ့ခ်ိန္
ေက်ာ့ေကာ့ေနေအာင္ဝတ္စားထားကာဝိုင္ေသာက္ေန
သည္။

"မင္းသူမ်ားအိမ္လာရင္ အရင္ခြင့္ေတာင္းရတယ္
ဆိုတာ နားမလည္ဘူးလားJungHoseok
Passwordသိလို႔ပဲဆိုဆို စည္းကမ္းရွိေလ...."

Hoseokက အခန္းမီးေတြကိုအကုန္ဖြင့္ပစ္လိုက္တဲ့
အခါ ခရမ္းႏုေရာင္ညမီးေရာင္ေအာက္ေလာက္
ေတာ့TaeHyungကမလွေတာ့....။
ေခ်ာင္က်ေနေသာ မ်က္ႏွာေခ်ာေခ်ာႏွင့္
မွိုင္းညိဳ႕ေနေသာမ်က္အိမ္ေတြ......။

"MinYoongiကို ငါေတြ႕ခဲ့တယ္....TaeHyung.."

"အဲ့တာဘာျဖစ္လဲ...."

ဝိုင္ကိုေသခ်ာထည့္ကာ စေတာ္ဘယ္ရီသီးေတြ
ကိုေရြးေနေသာထယ္သည္ ေအးစက္စက္ဆိုသည္။

"ေစ့စပ္မလို႔စီစဥ္ေနတာတဲ့ ဘာေတြလဲTaeHyung
မင္းတို႔ ဘာေတြျဖစ္ကုန္တာလဲ..."

ရင္တစ္ခုလုံးပူခနဲ.....။လူႀကီးတစ္ခါတစ္ေလလာသည္။
ၿပီးေတာ့ျပန္သြားသည္။စကားေျပာမိတဲ့အခါလည္း
ေျပာမိသည္။တခါတေလလည္းမေျပာျဖစ္။
ေနာက္ပိုင္းက်ေတာ့လည္း ည၁နာရီ ၂နာရီမွ
အိပ္ရာထဲေရာက္ေရာက္လာကာ အိပ္သြားၿပီး
မနက္က်ေတာ့လည္းျပန္သြားသည္။
ဘာအေျခအေနမွန္းေတာင္မသိ။

သခင္ဘာျဖစ္သြားလဲဆိုတာလည္းသိခ်င္သည္။
မစုံလည္းမစုံစမ္းရဲ....။
ငိုသံအက်ယ္ႀကီးေတြနဲ႔ လွုပ္ခတ္သြားေသာ
ေက်ာျပင္ေလးကို ညတိုင္းအိမ္မက္ေတြ
မက္ၿပီး TaeHyungေၾကာက္လန့္ေနခဲ့သည္။
ဒီစိတ္နဲ႔ပဲ အေတြးေတြလြန္ စိတ္အညစ္ေတြလြန္ကာ
အျပင္ေလာကထဲကို လုံးဝထြက္မၾကည့္ခဲ့ေတာ့။
ဒီအခန္းထဲပဲ ေန႔ေန႔ညညအခ်ိန္ကုန္လိုက္သည္။

Depression က အရင္ထဲကတစ္ခါတစ္ရံ
တိုက္ခိုက္တတ္ပါတယ္...။စိတ္က်စရာ
အေျခအေနေတြနဲ႔ပဲတစ္ေလၽွာက္လုံးၾကဳံခဲ့သူမို႔
မထူးဆန္းဘူးဟုဆို၍ရေပမယ့္ ဒီတစ္ခါဟာ
သိပ္ျပင္းထန္ကာ တစ္ခါတစ္ရံမ်ားဆို
ကိုယ့္ကိုကိုယ္ျပန္ရွာမရ၍ ေအာ္ငိုပစ္ခ်င္ခဲ့သည္။

အလြန္ခက္ခက္ခဲခဲ ေန႔ရက္ေတြပါပဲ...။
ဘယ္အရာကို ပိုအေလးသာကာႏွလုံးသားထဲ
ရွိေနသလဲဆိုရင္ေတာ့ သခင္ပါပဲ....။
ေျပးေတြ႕လိုက္ခ်င္ေသာစိတ္နဲ႔ သူ႔ကိုစိတ္ဒုကၡေပးလြန္းလို႔
မုန္းမုန္းတီးတီး စူးရဲစြာၾကည့္မယ့္မ်က္လုံးေတြကို
ရင္မဆိုင္နိုင္ေသာစိတ္သည္အခ်ိန္တိုင္းလြန္ဆြဲေနသည္။

လူႀကီးကေတာ့ အမ်ားႀကီးေတြးစရာမရွိ။
ေနျမဲတိုင္း လာလိုက္ျပန္လိုက္ ေခါင္းထဲသိပ္ထည့္
ဖို႔မလိုဘူးဟု ေတြးထားခ်ိန္ Hoseokယူလာခဲ့ေသာ
သတင္းေၾကာင့္ ေကာင္းကင္ျပာေလးအနည္းနဲ႔အမ်ား
ေတာ့တုန္လွုပ္သြားသည္။

တြဲေနတာလည္းသိေနသည္။
ဒါေပမယ့္ မေရမရာနဲ႔ အေျခအေနတြင္သူ႔ကိုလည္း
လူႀကီးကလက္မလႊတ္။
ဝန္ခံရမည္ဆို ထယ့္စိတ္ထဲတြင္ဒီေလာက္ျမန္ျမန္
ေတာ့အေကာင္အထည္ေပၚမလာဘူးဟုမထင္ခဲ့တာ။

Officials လူႀကီးပါးစပ္ကျပတ္ျပတ္သားသား
ထြက္လာနိုင္ေတာ့ တေန႔ျဖစ္လာမယ္ တေန႔ၾကားရမယ္
ဆိုတာသိေပမယ့္ တကယ္ေတ့ေတ့ဆိုင္ဆိုင္
ရင္ဆိုင္ရတဲ့အခါ အသက္ရွုေတာင္မွားသြားရသည္။

"ထယ္ေလး ငါေမးေနတယ္ေလ....
မင္းဘာေတြမိုက္မဲထားျပန္ၿပီလဲ...
မင္းMinYoongi ကို လက္ထပ္မွျဖစ္မယ္ဆိုတာ
မင္းသိတယ္မလား...
မင္းဘဝမွာ သူမရွိလို႔မျဖစ္ဘူးဆိုတာမင္းသိရက္နဲ႔
ဘာေတြလုပ္ေနတာလဲ....."

"လုပ္ေနတာသူေလ...သူ႔ကိုသြားေမးပါလား
ငါက ငါ့အိမ္ထဲ ငါေနေနတာ...."

"KimTaeHyung!!!မင္း လက္ေတြ႕ဘဝကို
ၾကည့္ပါေတာ့...ငါေတာင္းပန္ပါတယ္
မျဖစ္နိုင္တဲ့အရာ ကို ေသာက္႐ူးထရင္း
MinYoongi ကို မင္းတကယ္ဆုံးရွုံးရလိမ့္မယ္..."

အလြန္ေတာက္ေလာင္လွေသာမ်က္လုံးမ်ား
ျဖင့္ၾကည့္လာတဲ့သူ...။ေသာက္ေတာ့မည့္ဆဲဆဲ
ဝိုင္ခြက္ကို ၾကမ္းျပင္ေပၚရိုက္ခြဲပစ္လိုက္တာ
ေၾကာင့္ ဝိုင္ေတြသည္ၾကမ္းျပင္ေပၚရဲခနဲ....။

မျဖစ္နိုင္တဲ့အရာ ဟုေျပာလို႔အသားေတြတုန္
တဲ့အထိေဒါသျဖစ္တာလား
MinYoongi ကို ဆုံးရွုံးရလိမ့္မယ္ဆိုလို႔
စိတ္လွုပ္ရွားသြားတာလား ဒါကိုမေဝခြဲနိုင္။
ေသခ်ာတာေတာ့ TaeHyung ဆက္ဆက္ခါေအာင္
နာက်င္သြားပါသည္။

"ငါ့ကို လာမေဝဖန္ JungHoseok...
မင္းသိေအာင္ ငါအရွင္းဆုံးေျပာမယ္
ငါ ParkJimin ကို ပဲ ခ်စ္တာ....
ငါ့ေခါင္းထဲမွာ သူကလြဲၿပီး က်န္တာမရွိဘူး..."

"မင္းသြက္သြက္ခါေအာင္႐ူးေနတဲ့အခ်ိန္
ParkJimin ဘာလုပ္ေနလဲမင္းသိလား
TaeHyung....."

ထယ္စိတ္ဝင္စားရွာပါသည္။ေဒါသေတြၾကားက
Hoseokကို လွမ္းၾကည့္လာသည္။
Hoseokသည္ ဖုန္းထုတ္ကာ တစ္ခုခုကိုရွာေဖြ
ခဲ့ၿပီးေနာက္ ထယ့္ဆီကိုပစ္ေပးခဲ့သည္။

"ျမင္လား....ParkJimin ကို
JeonJungkook ရင္ခြင္ထဲ ဘယ္ေလာက္အ႐ူးအမူး
ေပ်ာ္ရႊင္ေနသလဲဆိုတာ....."

လက္ေတြပင္တုန္ရီခဲ့သည္။ကေလးကိုနာေအာင္
ရိုက္ၿပီးမွ စိတ္မခိုင္ေသာ လူႀကီးတစ္ေယာက္လို
ဘာမ်ားျဖစ္သြားၿပီလဲဟုစိုးရိမ္ပူပန္ေနခဲ့ရၿပီး
အေျခအေနကိုေတာင္မစုံစမ္းရဲခဲ့....။
အဲ့ညက ၿပိဳလဲေၾကကြဲသြားေသာပုံစံငယ္ေလးကို
သနားလြန္းလို႔ သူလုပ္ၿပီး မအိပ္နိုင္မစားနိုင္။

ဝန္ခံပါတယ္...အသဲေတြတစစီပဲ့က်သြားပါေစ
ေတာ့ ငါ ေတာ့ လက္လႊတ္လိုက္သင့္ၿပီထင္တယ္
လို႔ေတြးခဲ့ၿပီးၿပီ။
လြန္ဆြဲေနတဲ့စိတ္ေတြနဲ႔ ပင္ပန္းလိုက္တာ....။

ေန႔မသိ ညမသိ.....ဘာေတြမွန္းမသိဘဲ
ParkJimin သာ တဝဲလည္လည္နဲ႔
ေလးႏွစ္ေက်ာ္အတူတူအိပ္ခဲ့တဲ့ေယာက်္ား
တစ္ေယာက္လုံးေနာက္တစ္ေယာက္နဲ႔ေစ့စပ္ဖို႔
ေသခ်ာသြားတာေတာင္KimTaeHyung မသိတဲ့အျဖစ္။

သူကေတာ့....JeonJungkook ပါးေတြကို
ေမာ့နမ္းေနတယ္.....။
ဘယ္ေလာက္မ်ားအသဲနာစရာလဲ....။
ဘယ္ေလာက္မ်ားရိုက္ပစ္ဖို႔ေကာင္းလိုက္လဲ....။
အံႀကိတ္ကာ အစြမ္းကုန္ျပဳံးေပ်ာ္ေနေသာ
သခင့္ကို ၾကည့္ေနရေသာ ခံစားမွုေလာက္ဆိုးဝါးတာမ်ိဴး
မရွိ။

ေနပါအုန္း....ဒီေလာက္မီးကိုေမႊးေပးခဲ့တာ
မေလာင္ခဲ့ဘူးလား.....။
အႀကီးအက်ယ္ ေအာ္ငိုသြားၿပီး ဒါကဘယ္လို
ပုံရိပ္ေတြလဲ....။

"သိပ္ေခါင္းေကာင္းတယ္...သိပ္လည္း
ေၾကာက္စရာေကာင္းတယ္....
JeonJungkook ထက္ အဆေပါင္းမ်ားစြာ
ပိုၿပီးဥာဏ္မ်ားနိုင္တာ ParkJimin ပဲ....."

"မကြဲကြာသြားၾကဘူးေပါ့....."

"မကြဲနိုင္တာက မင္းခ်စ္တဲ့ParkJimin
ျဖစ္ေနတဲ့အတြက္ မင္း လက္ေလၽွာ့လိုက္ဖို႔ပဲ
က်န္ေတာ့တယ္ TaeHyung..."

ကိုယ့္ဒုကၡကိုယ္ရွာ ငါေတာ့လြန္သြားၿပီလား
ဆိုတဲ့စိတ္နဲ႔တစ္ေယာက္ထဲကမၻာပ်က္ေနခ်ိန္
သူကေတာ့HoneyMoonထြက္ေနသည္။

ဗီလိန္သာလုပ္ခ်င္ေနတာ ဘယ္တုန္းကမွလည္း
ဗီလိန္မျဖစ္လာနိုင္ခဲ့...။ဇာတ္နာရသူမင္းသားေလး
ေနရာမွာပဲ TaeHyung စိတ္ကုန္စြာတဝဲလည္လည္။

ဗီလိန္အစစ္က သူလိုခ်င္တာ သူျဖစ္ခ်င္တာ
သူပိုင္ခ်င္တာ ကို ဘယ္နည္းသုံးရသုံးရ
ေသသပ္စြာသုံးခဲ့ကာ ဘယ္သူကမွလည္း
ဗီလိန္ရယ္ လို႔သတိမထားမိေအာင္
ခပ္ျပဳံးျပဳံေလး......။
ျပန္စဥ္းစားၾကည့္ေတာ့မွ သိပ္ဥာဏ္မ်ားတာပဲဟု
တရိတ္ရိတ္ျပန္ေတြးမိၾကသည္။

TaeHyung သည္ မ်က္ႏွာတစ္ခုလုံးကို
လက္ျဖင့္အုပ္ခ်ကာ အ႐ုပ္က်ိဳးျပတ္ပဲ...။
ဘာဆက္လုပ္ရမလဲေတာင္မသိ...။

အသားကုန္ေပ်ာ္ရႊင္ေနတယ္ဆိုတာ
ျမင္ရေတာ့စိတ္ထဲမေက်နပ္လာျပန္။
လမ္းခြဲျခင္းေတြကို ဖန္တီးခဲ့တာ
ဘယ္လိုမ်ားေတာင္ ေပါင္းစည္းျခင္းေတြျဖစ္သြားရသလဲ။

နတ္ဆိုးျဖစ္ခ်င္ပါတယ္ဆို ဒီေကာင္ကသူတို႔ဖူးစာေရးနတ္
အျမဲျဖစ္ေနတာလား.....။
ေသာက္တလြဲဘဝကိုလည္း ဆဲဆိုရတာေမာလွပါၿပီ။
အပိုင္ဆိုၿပီး ေလာင္းခ်လိုက္တဲ့ အခါတက္တက္စင္
ေအာင္လြဲခဲ့ေသာ ဖဲခ်ပ္ေတြလိုပဲ.....။

"ငါဘာလုပ္လုပ္မကြဲကြာနိုင္ေတာ့ဘူးဆိုတဲ့
သေဘာေပါ့ေလ....."

"မင္းခ်စ္တယ္ ဆိုရင္ ခ်စ္သူရဲ့ေပ်ာ္ရႊင္ျခင္းကို
နားလည္ေပးရမွာေပါ့..Jimin ကသူခ်စ္တဲ့သူနဲ႔
သူ႔ဘဝကိုသူ ေအးေအးလူလူျဖတ္သန္းေနတဲ့ဟာ
ခ်စ္တယ္ ဆိုၿပီး ဘာလို႔မ်ား မိုက္မဲခ်င္ေနရတာလည္း
TaeHyung ရယ္...."

"ျပန္ေတာ့ Hoseok...မင္းအသံငါမၾကားခ်င္ေတာ့ဘူး.."

"MinYoongi နဲ႔ေသခ်ာေပါက္ျပန္ညႇိႏွိုင္းပါ...ထယ္...
ငါငယ္သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔
အေကာင္းဆုံးေသာလမ္းကိုခ်ျပတာပါ....
MinYoongi မရွိရင္ မင္းသက္ဆိုးမရွည္ဘူး...."

Hoseok သည္အမ်ားႀကီးသတၱိေတြရွိေနလၽွက္
ဆရာႀကီးအထာဖမ္းသြားကာစီမံခန့္ခြဲသြားေသးသည္။
အေျခအေနသည္ အဆုံးအထိညစ္ပတ္ခဲ့တာေတာင္
ပိုနီးကပ္သြား႐ုံကလြဲဘာမွမျဖစ္လာ...။

TaeHyung လက္ညိဳးျဖင့္ခုံေပၚတေတာက္ေတာက္
ေခါက္ရင္း...အမ်ားႀကီးေတြးေနတာမ်ိဳးမဟုတ္ေတာ့။
ေတြးစရာလည္းမလိုေတာ့...။
အကြက္ေတြခ်ေနစရာလည္းမလိုေတာ့......။

မီးေတာင္ေလးကသာဇာတ္သိမ္းပိုင္းေရာက္
ၿပီဟု ပိုင္ပိုင္နိုင္နိုင္သတ္မွတ္ကာHappy Ending
မွာပြဲျပတ္ၿပီထင္ခဲ့ေပမယ့္ ဇာတ္ေကာင္တစ္ေယာက္
က်န္ေနေသးတာကိုတစ္ခ်က္ေမ့ေနတဲ့ပုံရပါသည္။

စိတ္ဓာတ္က်မွုနဲ႔ မတည္ၿငိမ္ေသာစိတ္အေျခအေန
ေတြမွာ TaeHyung ဘာအစီအစဥ္မွစဥ္းစားမေနေတာ့
စိတ္ထဲရွိတဲ့အတိုင္းသာဆက္သြားခဲ့သည္။

............................။

ညေန ေမာင္ လာႀကိဳေသာ ကားေပၚ ႂကြႂကြရြရြ
ေလးတက္ကာ အိမ္ေတာ္ႀကီးဆီသို႔ျပန္လာရေသာ
အခ်ိန္ေတြသည္ အလုပ္မွာ အဆင္မေျပမွုေတြ
ဘယ္ေလာက္ရွိခဲ့ရွိခဲ့...အရာအားလုံးေမ့သည္အထိ
MD Parkက သိပ္ႀကိဳက္သည္။

အိမ္ေရာက္ေတာ့ ကားေပၚကဆင္းကာ
အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းထဲတြင္ထိုင္ေနေသာ
Mr Jeonႏွင့္ သူ႔ဇနီးငယ္ငယ္ေလးေၾကာင့္
Jimin အနည္းငယ္ေတာ့အံ့ဩသြားသည္။

"ေမာင္ ေခၚထားတာ ညစာ အတူစားမလားလို႔
မဆုံျဖစ္ၾကတာလည္း ၾကာပီမလို႔ေလ...."

ယဥ္ေက်းမွုအရ ခါးညႊတ္ႏွုတ္ဆက္ကာ
ေမာင့္ လက္ေမာင္းေတြကို နည္းနည္းေလး
ဆြဲေခၚသြားၿပီး အကြယ္နားေရာက္တဲ့အခါ

"ဘာေတြျပႆနာရွာမလို႔လဲ ဟိုမွာဗိုက္ႀကီးနဲ႔ေလ
ေမြးၿပီးမွ ေအးေအးေဆးေဆး ျပႆနာရွာပါလား
ေမာင္ ဒီအခ်ိန္မွာ ဆိုးရင္ ကိုယ္ေမာင့္ ဘက္မွာ
ေနလို႔မရဘူး..."

"မရွာပါဘူး....မေတြ႕ရတာၾကာလို႔ဒီေလာက္ပဲ
စိတ္မပူနဲ႔ ေရသြားခ်ိဳးၿပီးရင္ညစာစားမယ္..."

"ခဏေလးေနာ္ Jiminကိုျပင္ဆင္ေပးၿပီး ျပန္ဆင္းလာခဲ့မယ္ဒယ္ဒီ..."

ဘယ္လိုေကာင္မွန္းမသိ...။တစ္သက္မွာတစ္ခါ
ထူးထူးျခားျခား အေဖကို အဖက္လုပ္ဖိတ္ေခၚမွု
ေၾကာင့္ နိုင္ငံျခားခရီးစဥ္ေတြေတာင္ဖ်က္ၿပီး
အေျပးအလႊားေရာက္လာခဲ့တာ...။

Jimin ကို သူက ဘာေတြျပင္ဆင္ေပးဖို႔ရွိလို႔လဲ။
ဟိုတစ္ေယာက္ကလည္း လူႀကီးသူမကို
Respect လုံးဝမရွိ။ က်န္ခဲ့ၿပီးစကားေျပာပါ
ဘာညာေတာင္မရွိ ေခၚသြားတာပဲ....။
JeonJungkook ကို ထိန္းသိမ္းဖို႔ေရြးခ်ယ္ခဲ့တာ....
JeonJungkook ကို ပိုဖ်က္ဆီးေနမွန္းဒီေန႔မွမ်က္ဝါး
ထင္ထင္ျမင္လိုက္ရသည္။

သမက္ျဖစ္သူအလုပ္ေတြႀကိဳးၾက္ုးစားစားလုပ္ေၾကာင္း
ျပန္ၾကားရရင္ MrJeonက ဂုဏ္ယူစြာႂကြားဝါးသည္။
အက်ိဳးအျမတ္ေတြရလာတိုင္း လူေရြးမွန္တယ္ဟု
ကိုယ့္ကိုကိုယ္ ကိုယ္ရည္ေသြးရတာ ခဏခဏ။

ဒါေပမယ့္ ParkJiminက တစ္ခါတစ္ရံက်ရင္
သန္းခ်ီေသာ ခ်က္လက္မွတ္ေတြကို
JeonJungkookလက္ထဲ ခ်စ္လို႔ဆိုကာ
ထည့္ထည့္ေပးေၾကာင္းျပန္ၾကားရတဲ့အခါတိုင္း
စိတ္ကုန္သြားရတာလည္း ခဏခဏ....။

တစ္နာရီ ေက်ာ္ထိုင္ေစာင့္လိုက္ရသည္။
မေပါ့မပါးႀကီးနဲ႔မို႔ မိန္းမျဖစ္သူသည္လည္း
မ်က္ႏွာလုံးဝမေကာင္းေတာ့....။

"အိမ္ေတာ္ထိန္းႀကီး ထမင္းျပင္ေတာ့......"

ခမ္းနားေသာစားပြဲရွည္ႀကီးတြင္လူေလးေယာက္
ထိုင္ေနၿပီးဟင္းပြဲေတြတစ္ခုၿပီးတစ္ခုလာခ်
ေပးေနသည္။

"ဒါ Jiminမစားဘူး ဟိုဘက္ပို႔လိုက္....."

ကိုယ္ဝန္အရင့္အမာႀကီးနဲ႔မို႔စိတ္ကိုထိန္းလိုက္ရသည္။
ParkJiminမစားေသာဟင္းပြဲက အပယ္ခံလို
သူမေရွ႕ကိုေရာက္လာသည္။
JeonJungkookကို
႐ူးေနေအာင္မုန္းတာအဲ့တာေတြေၾကာင့္။

ေမာင္သည္ အေကာင္းဆုံးဟင္းလ်ာတစ္ခုကို
ယူကာ MD Parkပန္းကန္ထဲသို႔ ဦးခ်သည္။

Mr JEon သည္ စိတ္ထဲအမ်ားႀကီးေတာ့
အဆင္မေျပေတာ့ပါ....၊

"ေမာင္ အေဖကို အရင္ ထည့္ေပးေလ...."

ေပါင္ကိုမနာေအာင္မသိမသာဆိတ္လိုက္ရင္း
ခပ္တိုးတိုးဆိုေတာ့

"သူ႔မိန္းမရွိတာပဲ ကိုယ့္လူကိုယ္ထည့္ေပးတာေလ..."

Jimin သည္ ဟင္းတခုခုကိုျမန္ျမန္ယူလိုက္ကာ
Mr JEonကို ရိုေသသမွုျပဳလိုက္သည္။

ေမာင့္ကို ေျပာမရရင္ဆက္မေျပာေနေတာ့ဘဲ
ေမာင့္ အမွားေတြကို သူကလိုက္ျဖည့္ကာ
မသိမသာ ဖုံးေပးလိုက္မည္။
ဘယ္ေသာ္အခါမွ အျပစ္တင္လိမ့္မည္မဟုတ္ပါ။

"JungKook..သား ဒယ္ဒီ့တို႔ကိုထူးထူးဆန္းဆန္း
ထမင္းေတြ ဘာေတြ ဖိတ္ေကၽြးတာ
အမ်ားႀကီး သိတတ္လိမၼာလာတာပဲ...."

"တစ္ႏွစ္ျပည့္ၿပီေလ....အေမြကိစၥ လႊဲဖို႔ေျပာမလို႔"

"ဘာ!"

"ကၽြန္ေတာ္တို႔ လက္ထပ္တာ တစ္ႏွစ္ေက်ာ္ၿပီေလ
ဒယ္ဒီ ကတိေပးထားတယ္ေလ...."

"မင္း အေမြေတာင္း ဖို႔ ငါ့ကို ထမင္းေကၽြးတာလား.."

"မစားခ်င္လည္းမစားနဲ႔...."

"ေမာင္....."

"နင္အကုန္အစင္ယူခ်င္လို႔ေတာ့ဘယ္ျဖစ္မလဲ
ငါ့ဗိုက္ထဲကလည္း Jeon မ်ိဳးႏြယ္ပဲ...."

"ေသခ်င္ေနတာလား....နင္....
ကေလးေကာင္းေကာင္းမြန္မြန္ေမြးခ်င္တယ္ဆိုရင္
ပါးစပ္ပိတ္ထားတာ ေကာင္းလိမ့္မယ္..."

"Jungkook မင္းနဲ႔ငါ ကေလးကိုမေႏွာက္ယွက္
ပါဘူးဆိုတဲ့ သေဘာတူညီခ်က္ေတြလုပ္
ၿပီးၿပီေနာ္ ငါ့မိန္းမကို ၿခိမ္းေျခာက္ဖို႔မလိုဘူး
ကိုယ္ဝန္ႀကီးနဲ႔....."

"အဓိပၸာယ္မရွိတဲ့ သေဘာတူညီခ်က္ပဲ...."

စားေနေသာဇြန္းကိုေဆာင့္ခ်ကာMD Parkက
Mr Jeonကို စူးခနဲၾကည့္သည္။
ကၽြန္းမွာေမာင္ေျပာျပထဲဒါကိုစိတ္ထဲမတင္မက်
ျဖစ္ေနတာ။ေမာင့္အတြက္ဘယ္လိုမွမတရားတဲ့
စကားလုံးနဲ႔အေပးအယူေတြေလ။

"ကၽြန္ေတာ္ ဦးေလး တို႔ ၾကားက ကိစၥရပ္ေတြမွာ
ဝင္မပါခ်င္ပါဘူး..ဒါေပမယ့္Jungkook က
ဦးေလး ရဲ့ေသြးသား သားဦးပါ
ကၽြန္ေတာ့္ ေယာက်္ားကို အဖ်က္သမားပုံစံျဖစ္ေအာင္
သြပ္သြင္းေနတာကို သည္းခံေနတာၾကာပီ
ဘာမွမသိတဲ့ ဗိုက္ထဲက ကေလးကို ဒုကၡေပးရတဲ့
အထိ သူ႔ႏွလုံးသားက မရက္စက္နိုင္ဘူးဆိုတာ
ေမြးထားတဲ့ အေဖက မသိေပမယ့္ ကၽြန္ေတာ္သိတယ္
ဦးေလး ရဲ့မတရားမွုေတြက တဖက္မွာနာက်င္စရာ
ေတြႀကီးပဲျဖစ္ေနခဲ့တာ
ေမာင္ ကလူဆိုးမဟုတ္ဘူး....
ေမာင့္ကို လူဆိုးမျဖစ္ျဖစ္ေအာင္ အတင္းလုပ္ယူ
ေနၾကတာ...."

"Jimin ဒါ ဦးတို႔ မိသားစု ကိစၥပါ....
မင္းအေနနဲ႔ သိပ္ဝင္ပါဖို႔မလိုဘူးထင္တာပဲ.."

"ေမာင္နဲ႔ကၽြန္ေတာ္ကလည္း မိသားစုပဲေလ
ကၽြန္ေတာ္တို႔မွာလည္း အသိုက္အျမဳံနဲ႔
ကၽြန္ေတာ့္ လူထိရင္ ကၽြန္ေတာ္သည္းခံေနမွာမဟုတ္ဘူး"

"အစ ကေတာ့ မတူဘူး မတန္ဘူး
မုန္းလွခ်ည္ရဲ့ ဆိုၿပီး လူေတြမ်ား....."

ခနဲ႔သလိုလို မိေထြးေလး၏ မ်က္ႏွာကိုJimin
ကဖ်က္ခနဲၾကည့္လိုက္ကာဟိုမေရာက္ဒီမေရာက္
ေသးေသာေဒါသကထြက္သြားၿပီ။

"အဲ့တာက ျပႆနာရွိလို႔လား...."

"နင္တအား အာဏာျပမေနစမ္းပါနဲ႔
နင္ကိုယ္တိုင္လည္း ဒီအိမ္ေပၚဘယ္လိုေရာက္ခဲ့သလဲ
ျပန္စဥ္းစား ဒုကၡသည္ကို အစ္ကိုႀကီးက
ကယ္တင္ေပးခဲ့တာေလ....သာသာယာယာေလး
ရွိလာေတာ့မွ ဆရာႀကီးအထာနဲ႔....."

MD Parkမ်က္ႏွာသည္ တင္းခနဲ။
ဒါသည္ အမွန္တရားျဖစ္ေနသည္။အေဖ့မိုက္ျပစ္
ေတြေၾကာင့္သူ႔ကိုဝယ္ယူၿပီးဒီအိမ္ေပၚကို
တကယ္လည္းဒုကၡသည္လိုအႏွိပ္စက္ခံေရာက္ခဲ့ရတာ။
ဒါအမွားတစ္ခုမဟုတ္ခဲ့။

ေမာင္ ခ်စ္လာလို႔...ျမင္ျမင္သမၽွရင္ဆိုင္ကာ
ေမာ္ေမာ္ႂကြားႂကြားလုပ္လာတာလည္းဟုတ္သည္။
ဒါေပမယ့္ MD Parkက ဒါကို ေနာက္တစ္ခါထပ္
မၾကားခ်င္...။ဘဝရဲ့အားနည္းခ်က္စစ္စစ္ႀကီးမို႔
လုံးဝ ေျမျမဳပ္လိုက္ခ်င္သည္။

ျပသနာေတြျဖစ္တိုင္း ဒါႀကီးနဲ႔ထိုးႏွက္ေနမယ္ဆို
သူ႔မွာ ဘာမွႏွုတ္လွန္ထိုးစရာမရွိ။
ဘာလို႔ဆို အမွန္တရားႀကီးျဖစ္ေနတယ္ေလ။

ေနာက္ဘယ္ေတာ့မွ ထုတ္မေျပာရဲေအာင္
လုပ္ဖို႔သာလၽွင္ရွ္သည္။
စိတ္ရွိတိုင္းဆို တစ္ရစ္ခ်င္း တစ္ထပ္ခ်င္း
ထိုမိန္းကေလး ျပာက်သြားတဲ့အထိနိုင္ေအာင္
ေျပာပစ္လို႔ရေပမယ့္ သံသရာသည္ဆုံးမွာမဟုတ္။

ခ်က္ခ်င္းမဲ့က် ပစ္လိုက္တဲ့မ်က္ႏွာသည္
အားအလြန္ငယ္သြားသလို......။
အင္အားႀကီးျပၿပီးမွ အရမ္းနာက်င္သြားရသလို
မ်က္အိမ္ေလးေတြရဲသြားကာ ေမာင့္က္ို
တစ္ခ်က္ကေလးၾကည့္လိုက္သည္။

ေမာင္ မ်က္လုံးေတြျပဴးက်ယ္သြားကာ
ႏွလုံးခုန္သံေတြခ်က္ခ်င္းျမန္ဆန္လာၿပီးတဲ့ေနာက္
ေမာင့္ကမၻာပ်က္သုန္းသြားသလိုပဲ...။
ဒီမ်က္ႏွာေလး ငယ္သြားရင္ကိုမျဖစ္တာေလ။
မ်က္ရည္ဝဲသြားတာက ေမာင့္ငရဲ...။

ဒီမိန္းမကရာရာစစ...။

"ထြက္သြားစမ္း!!!!!!!!"

ေမာင္ သည္ ထမင္းစားဝိုင္းထဲ အစြယ္ေလး
ျပကာ အေဖျဖစ္သူကို မီးေတာင္ေလးကေကာင္းေကာင္း
ဖဲ့ေနတုန္းက ၿငိမ္သက္ေနၿပီး မ်က္အိမ္ရဲရဲ
ေလးေတြအရည္လဲ့သြားတဲ့အခါ လက္ႏွစ္ဖက္
သည္ မိေထြးငယ္ငယ္ေလး၏ လည္တိုင္ေတြဆီသို႔..။

"JeonJungkook!!!!"

Mr JEonသည္ ေမာင့္ကို တြန္းပစ္လိုက္ကာ
သူ႔မိန္းမကို ကာကြယ္သည္။

"နင္ကမ်ား ငါ့Jimin ကို မ်က္ႏွာပ်က္ေအာင္.......
သတ္ပစ္မယ္...."

"မင္း ဘာျဖစ္ေနတာလဲ!!!သူေျပာတာေတြက
မွားေနလို႔လား...."

"JeonJiminက...ကၽြန္ေတာ္ ခ်စ္လို႔
လက္ထပ္ယူခဲ့တဲ့ တစ္ဦးထဲေသာေယာက်္ားပဲ
အဲ့တာ အမွန္တရား....က်န္တာတစ္ခုမွမမွန္ဘူး
အဲ့ဒီအေၾကာင္းေတြကိုေနာက္တစ္ခါထပ္ထုတ္
ေျပာလို႔ Jimin ထပ္ၿပီး မ်က္ရည္ဝဲၾကည့္
ေဆြခုႏွဆက္ မ်ိဳးခုႏွဆက္ ငါလိုက္သတ္မွာေနာ္..."

"မင္း......!!!မင္းေဆးမိေနတာလား Jungkook.."

"ဒီအထဲကဟာ မထြက္လာခင္ ကၽြန္ေတာ္
အကုန္လိုခ်င္တယ္....တျပားတစ္ခ်ပ္မွကို
ခြဲေဝမေပးနိုင္ဘူး....ဒယ္ဒီျမန္ျမန္စီစဥ္ပါ
တခုခု လြဲေခ်ာ္တာနဲ႔....JeonJungkook
ဘာေကာင္လဲ သိမယ္..."

"ေမာင္....ေတာ္ပီ...ေလ.....
ကိုယ္ ဘာမွမျဖစ္ဘူး....ေဒါသေတြဘာလို႔
အဲ့ေလာက္ထြက္ရတာလဲ.....ဘာမွမဟုတ္တဲ့ဟာကို..."

နီရဲေနေသာ ေမာင့္မ်က္ႏွာကို ေျခဖ်ားေလးေထာက္
ကာ ေခ်ာ့ေမာ့ ထိန္းရင္း ဆံပင္ေတြကို
သပ္တင္ေနကာ

"ေမာင္ နား မွ ျဖစ္ ေတာ့ မွာ မလို႔
ခြင့္ျပဳပါအုန္းေနာ္....ညစာအတြက္
အားနာလိုက္တာ...."

ေမာင့္ကိုဆြဲေခၚသြားတဲ့အခါ ေမာင့္လက္ညိဳး
ေတြသည္ မိေထြးေလးဆီကိုထိုးေနဆဲ

"နင္ေနာက္တစ္ခါ ဘယ္ေတာ့မွအဲ့ဒီကိစၥကို
ထပ္မေျပာနဲ႔ေနာ္...ဒယ္ဒီ ကိုယ့္မိန္းမကိုယ္ေျပာ
ထား မုဆိုးဖိုႏွစ္ထပ္ကြမ္းျဖစ္သြားမယ္...."

"ေတာ္ပီ လို႔......"

မ်က္ေတာင္ေတာင္မခတ္ရဲေသာဗိုက္ႀကီးသည္
သည္ မေၾကာက္ဘဲေနပါ့မလား။
JeonJungkook မလုပ္ရဲတာဒီကမၻာမွာ
ဘာမွမွမရွိတာ...။ကိုယ္ဝန္ေဆာင္ခ်္ိန္မို႔ပိုေတာင္
စိတ္ခံစားခ်က္မ်ားကာ ေနာက္တစ္ခါမ်ားေတာ့
ေယာင္မွား၍ေတာင္ ParkJimin ကိုေစာ္ကား
မေျပာနဲ႔ မ်က္လုံးေတာင္လွန္မၾကည့္ေတာ့ဖို႔
ကိုယ့္ကိုကိုယ္ဆုံးမေနသည္။
စိတ္ထဲလည္း လုံးဝအၿငိဳးအေတးကိုျဖစ္သြားခဲ့သည္။

JeonJungkook ကသိပ္ေၾကာက္စရာေကာင္းလြန္းသည္။

ဆြဲေခၚလာကာ ေမာင္ကေတာ့တရွူးရွူးေဒါသ
ေတြထြက္ေနေပမယ့္ မီးေတာင္ေလးကေတာ့
မသိမသာေလး ျပဳံးကာ Jeonစံအိမ္မွာ
သူဟာ အေႂကြးနဲ႔အသိမ္းခံရေပမယ့္
သူ႔ကို ထိရင္ မ်ိဳးရိုးစဥ္ဆက္ ဒုကၡေရာက္သြား
နိုင္ေၾကာင္း ဤသို႔ဤဖုံ မ်က္လုံးေလးနဲ႔ပဲ
ျပသသြားခဲ့သည္။

အခန္းထဲျပန္ေရာက္တဲ့အခါ ေမာင့္ကို
တစ္ခ်က္ ႏွစ္ခ်က္မၽွ နမ္းၿပီး ေခ်ာ့ေမာ့လိုက္ေတာ့လည္း
ေမာင္က ေပ်ာ္ဝင္သြားတာပဲ.....။

အဲ့ထဲကစ....Jeonစံအိမ္တစ္ခုလုံးရဲ့အာဏာဟာ
JeonJiminလက္ထဲကိုအားလုံးေရာက္ခဲ့ၿပီး
ေနာက္ပိုင္းမ်ားတြင္ေတာ့.....
မီးေတာင္ ေလးနဲ႔ ေမာင့္ရဲ့ အေႂကြးေရစက္အတိတ္ကို
ေယာင္၍ပင္ ဘယ္သူကမွထုတ္ေျပာဖို႔မေျပာနဲ႔
ေတြးပင္မေတြးခဲ့ၾက.....။

ေမာင္က ကၽြန္ေတာ့္ကို ခ်စ္လို႔ လက္ထပ္ယူခဲ့တာ
အျပင္တျခားမရွိ.....။
သတၱိရွိရင္ JeonJiminကို ေဝဖန္ၾကည့္လိုက္ေပါ့...။

.......................။

Bạn đang đọc truyện trên: AzTruyen.Top