❤️31❤️(Part1)

နွေဦးမှာ အရက်ကလေးမူးပြီးဖက်အိပ်ချင်ပါရဲ့...
မောင့်အချစ်ငယ်.....

ပွေပွေလီလီ မောင့်နှလုံးသား......
ခြေဖဝါးရဲရဲလေးတွေ လာထိခတ်ထဲက...
အကြင်နာရယ် အစအဆုံးမရှိ....

မောင် ချစ်တာတွေများလေ...မင်းအပေါ်အလျှံအပယ်...
အဆုံးအစမဲ့ပါပဲ မောင့်အချစ်ငယ်လေးရယ်.....

မင်းက...မီးတောင်ကလေး....
မောင့်ရဲ့ မီးတောင်လေး.....
သိပ်ပူ သိပ်ဆင်ခြင်သင့်လည်း
မောင်ကချော်ရည်ပူတွေထဲ ထာဝရလက်ပစ်ကူးမယ့်
ကောင်...

သိပ်အကျည်းတန်တဲ့ကျိန်စာတွေကို
သိပ်လှတဲ့ဆုတောင်းလေးတွေနဲ့
သေသေသပ်သပ် ဖြေရှင်းခဲ့နိုင်သူ
မင်းက....ထက်ထက်မြက်မြက်.....။

လောကကမ္ဘာဝယ်.....မောင်အချစ်ရဆုံးသော
မောင့်အချစ်ငယ်.........ရေ
နောင်နှစ်ပေါင်းရာချီ ထောင်ချီ ဖွဖွရွရွ
နေ့တိုင်း နမ်းပွေ့ခွင့်ရပါစေဗျာ.....

2021ရဲ့မောင့်ကျိန်စာပါ အချစ်ရေ.......။
ကြားများကြားရင်....မျက်စောင်းလှလှနဲ့
တစ်ဘဝလုံးအရှုံးပေးချင်လာအောင်
မင်းကပြုစားပြအုန်းမယ်.......။

မာယာတစ်သိန်းက မောင်မဟုတ်ဘူး.....
ကဝေဆန်တာ မှော်ဆန်တာ မောင်လုံးဝမဟုတ်
ကြောင်း လက်ခံရတဲ့အချိန်မှာ
Jeon Jiminရေ.....မောင်တော့ထမင်းလွတ်ဟင်းလွတ်ပဲ...

ရူးပစ်ဖို့ကောင်းလိုက်တဲ့ကဗျာ
လှလွန်းတဲ့ကဗျာ
ခေါင်းစခြေဆုံး တန်ဖိုးအနဂ္ဂထိုက်တဲ့ကဗျာ
ဆံပင်လေးတစ်ချောင်းကအစလွင့်ထွက်ခဲ့ရတဲ့ကဗျာ
ကြွေရုပ်လေးလို ကဗျာလေး....
JeonJimin က အဆုံးအစမဲ့ လွန်ကြူးအောင်လှတယ်..
အထိန်းအကွပ်မရှိအောင် ဆွဲဆောင်တယ်.....
မင်း သိပ် အန္တရာယ်များတာပဲ...မောင့်အချစ်ငယ်ရယ်...

ရူးသွားရခြင်းအထိန်းအမှတ်ကဗျာကို
ကံကြမ္မာဖန်တီးသူကိုအငှါးရေးခိုင်းရပေမယ့်
သူမဘယ်လိုကြိုးစားရေးလည်း
မောင် စိတ်တိုင်းမကျလို့....ပြဿနာရှာခဲ့ပြီးပါပြီ

ဘယ်လို လက်မျိုး ဘယ်လိုဦးနှောက်မျိုး
ဘယ်လိုအတွေးအခေါ်မျိုးတွေနဲ့မှ
Jeon JungKook ParkJiminအပေါ်ထားတဲ့
အကွေ့အဝိုက် အနိမ့်အမြင့် မေတ္တာထုထည်ကို
လိုက်မှီအောင် မဖွဲ့ပြတတ်ကြဘူး.....
မလုံလောက်ဘူးလို့ပဲ ထင်လို့...မောင်တော့သူ့ကို
ပလစ်ခဲ့ပြီ......။

အရမ်းချစ်တယ်.....မောင့်အချစ်ငယ်.....။
အရမ်းချစ်တယ်......ဒါမောင်နှစ်ညအိပ်စဉ်းစားထားရေးတဲ့နှစ်ကြောင်းပါ🤍 ဒါကိုပဲဖတ်ပါနော်🤍

.....................................................................................။

                                     အပိုင်း(၃၁)

ဆေးနံ့လေးတွေရနေတဲ့လက်ဖဝါးတွေ ခြေထောက်
တွေကို ကြည့်ကာ Jimin ပြုံးယဲ့ယဲ့....။
အအိပ်ကြမ်းလွန်းသူသည်ခြေရင်းတွင်ကန့်လန့်ကြီး။
Romatic ဆန်သော မနက်များသည်
သိပ်ရှားပါးလွန်းပါသည်။တကယ်တမ်းဘဝတွေမှာ
ရင်ခွင်ထဲငြိမ်ငြိမ်လေးအိပ်ပျော်ပြီးပြုံးပြုံးလေး
နိုးလာနိုင်တယ်ဆိုတာတော်ရုံတန်ရုံကံကြမ္မာကောင်း
မျိုးမဟုတ်...။

JeonJungkookလိုယောကျ်ားမျိုးနဲ့ဆုံမိသော
သူ့ဘဝကတော့ရင်ခွင်အမြဲပျောက်ကာ
ကလေးလိုဆွဲလွဲနေရာပြန်ချရတာများပါသည်။
ဖက်အိပ်ကြတယ်ဆိုလည်းဘယ်သောအခါမှမသက်သာ
ပြားချပ်သွားပြီထင်ရအောင်အတိုင်းအဆမဲ့။
လူအစား ဖက်လုံးထိုးပေးကာ ခပ်ခွါခွါအိပ်လိုက်ရ
တာများသည်။

မချစ်လို့တော့မဟုတ်ပေမယ့် ဒုက္ခအိုးလေးကိုက
လွန်လွန်းတာမို့  ခုလည်းခြေသလုံးတစ်ဖက်ကို
ဆွဲဖက်ကာအိပ်နေပြန်သည်။

အဲ့ဒီခြေထောက်တွေကို သူသဲသဲလှုပ်
လူထက် လက်ကလေးတွေ ခြေထောက်ကလေး
တွေဆိုမောင့်မှာ Sensitive.......။
အားနာဖို့ကောင်းလာရအောင် မောင်ကသိပ်မြတ်မြတ်နိုး
နိုးရယ်....။

အသာလေးဖက်ထားရာမှရုန်းထွက်လိုက်ကာ
အလုပ်သွားဖို့ပြင်ရမည်။
ညကပြောခဲ့သော ပထမဆုံးDinner Dateလေး
အကြောင်းစဉ်းစားမိတော့ ရင်ထဲသိမ့်ခနဲ....။

ပြဿနာက  ပုံဆိုးပန်းဆိုး ပါးစပ်ဟကာ
တစ်အိပ်ရာထဲအတူတူအိပ်နေသော
ဒီရိုးရိုးအီအီ လူဆိုးနဲ့ Dateရမှာကို
ဆယ်ကျော်သက်လေးလိုရင်ခုန်နေခြင်း.....။

သဝဏ်လွှာလေးတွေပို့ပို့ပြီး မီးပုံးပွဲတွေ
ပန်းပွဲတော်တွေကိုသွားချင်လွန်းလို့
ချိန်းတွေ့တယ်ဆ်ိုတဲ့ အငွေ့အသက်လေးရအောင်
နန်းဆောင်ပြတင်းပေါက်ကခုန်ချ
တစ်ဖက်သတ် အတူတူသွားချင်ခဲ့တဲ့အတိတ်က
အေးစက်စက်Dateကလေးတွေ.....။
ဘယ်သောအခါကမှ Jeon ငယ်ကစတင်
မတောင်းဆိုခဲ့ဖူး........။
ဒါတွေသည်လည်းအစွဲအလမ်းတွေ...။

တစ်ကြိမ်တစ်ခါလေးတော့...အိမ်ရှေ့စံလည်း
မျှော်လင့်ခဲ့မှာပဲ....လောကကိုသာချမပြခဲ့တာ
နှလုံးအိမ်ထဲသေချာပေါက်စတင်တွေ့ဆုံရအောင်
ဆိုတဲ့ ချိန်းဆိုမှုလေးကိုရူးနေအောင်လိုချင်ခဲ့ရှာမှာ။

ပထမဆုံးသော ချိန်းဆိုမှုလေးမှာဆိုင်သူလေး
သည် စိတ်တွေလည်းလှုပ်ရှားနေကာ
ဝန်ခံရမည်ဆိုရိုးသားစွာပျော်ရွှင်နေပါသည်။

တစ်ခါလေးမှ အခွင့်အရေးမှမရှိခဲ့ဖူးတာ။
စတွေ့ထဲက မုန်းလွန်းလို့ဟု အကြောင်းပြချက်မဲ့
လက်ညိုးငေါက်ငေါက်အထိုးခံကာအပြောခံ
ခဲ့ရသည်။ပြောင်းလဲချစ်လာပြန်တော့လည်း
တစ်ရက်မှစိတ်ချလက်ချ အေးအေးချမ်းချမ်း
မဖြစ်ခဲ့ရ.....။

ပြောစကားနားမထောင်တာရယ်ဆုံးမမရတာရယ်
ပွေပွေရှုပ်ရှုပ်ဗီဇလေးကလုံးဝကိုမပျောက်နေတာ
ကြောင့်ရင်တမမနဲ့ချစ်ရသည်။

မောင့်စ်ိတ် ကိုခုထိတိုင်သူမပိုင်နေပါ.....
မောင်က အပြစ်လုပ်ပြီးရင် မှားသွားရင်
ခေါင်းတိုးချွဲလိုက်ကိစ္စပြတ်တာပဲဆိုတဲ့
သီအိုရီနဲ့......ထင်တိုင်းကြဲ....။

လူကိုသာလက်မှတ်ထိုးမင်္ဂလာဆောင်ထားလို့
ပိုင်နေရတယ်....နှလုံးသားကိုလည်း
ချစ်တယ်ဝန်ခံထား၍ပိုင်ရသလိုလိုနဲ့
တကယ်တမ်း ကိစ္စတွေကျ မောင်လုပ်ချင်တာပဲလုပ်တာ။
မနေ့ကကိစ္စကသက်သေ....။

KimTaeHyungသည် လည်းဘာတွေကို
ဘယ်လိုနားလည်ပေးရမှန်းမသိ။
အာရုံတွေထဲမှာတော့ရီဝေဝေမျက်လုံးတွေကို
ပြန်မြင်မိတိုင်း ခြောက်ခြားသည်။
ပြသနာ အကြည့်တွေလို့အလိုလိုကို ခံစားမိနေတာ။

တကယ်တမ်းပြဿနာတွေရှိလာရင်တောင်
မောင့် သူ့နားကတစ်လှမ်းလေးတောင်မရွေ့သွား
စေဖို့....လက်ကလေးနဲ့တောင်မရွယ်လိုက်ဖို့
လိုပါသည်။
မနက်မိုးလင်းထဲကရင်ခုန်ပျော်ရွှင်ရခြင်းတွေနဲ့
အတူKimTaeHyung ထည့်ပေးထားသော
ဆိုက်ကိုက လည်းကပ်လျှက်.ရှိသည်။

စောင်ကိုခြေရင်းကလူအပေါ်ခြုံပေးခဲ့ကာ
အလုပ်သွားရန်ရေချိုးပြင်ဆင်ခဲ့သည်။
ညက ပြိုလဲကြေကွဲနေလည်း ဘယ်ကစွမ်းအင်
တွေရသလဲမသိ...သွားတိုက်နေစဉ်မှာလည်း
ပြုံးစိစိ....။

အမှိုက်ပုံးထဲမှာလို့ ရွဲ့ပြောခဲ့သောအဖိုးတန်
လက်ထပ်လက်စွပ်ဘူးကို
ဗီရိုထဲကထုတ်လာကာ မြင်အောင်စားပွဲပေပါ်
တင်ပေးထားလိုက်သည်။

သန်းချီတန်သောလက်စွပ်တွေ...
JEon Groupရဲ့ဆက်ခံသူဝတ်ဆင်မယ့်အရာ
မလို့ပေါ့သေးသေးတော့မဟုတ်...။
ဒါပေမယ့် ဘယ်လောက်တန်ဖိုးကြီးကြီး
ဒီပစ္စည်းတွေသည် အတိတ်မှာ နှစ်ယောက်စလုံး
ဝတ်ထားဖို့ မအပ်စပ်တဲ့အခါချောင်ထိုးခံခဲ့ရသည်။

ဘယ်လောက်တန်ဖိုးကြီးကြီးအဓိပ္ပာယ်မရှိရင်
ဘာမှမသုံးမဝင်......။

.....

"အကိုလေး.....ကိတ်ကလေကုန်နေတယ်
သတိထားမိပေမယ့် စျေးသွားဝယ်တာ
မေ့လာလို့လေ....အဲ့တာ...."

မနက်စာCoffeeနဲ့မုန့်စားဖို့ပြင်လိုက်ချိန်
သူစားတတ်သောကိတ်မရှိတာကြောင့်အိမ်အကူ
လေးကတုန်တုန်ရီရီလာပြောသည်။

"ရပါတယ်.....ကိုယ်အဆင်ပြေအောင်
စားလို့ရတယ် ကြောက်နေတာလား
မကြောက်ပါနဲ့ ရင်းရင်းနှီးနှီးပေါ့....ဘာမှမဖြစ်ဘူး."

ကောက်ချီပြေးကာသခင်လေးဘာတွေလုပ်လိုက်လဲမသိ။
ညကတော့ သဲအိတ်လိုရင်ဘက်ကိုခြေစုန်ကန်နေရင်း
ဒေါသကုမ္မရအကိုလေးသည်
မိုးလင်းတော့ရင်းရင်းနှီးနှီးပေါ့တဲ့။

အပြောင်းအလဲမြန်လွန်းမှုတွေသည်နှစ်ယောက်စလုံး
သိပ်ကြောက်စရာကောင်းသည်။

"ကျေးဇူးတင်ပါတယ် ကျွန်မအဆူခံရပီမှတ်နေတာ..."

"ဆူစရာလား....ကိုယ်ဒီလောက်သဘောကောင်းတာ..."

အရင်တုန်းက အိမ်စရောက်စကပါ....။
ခုများတော့ သခင်လေးထက်ပင်ပိုသတိထားရမယ့်
သူလိုတုန်တုန်လှုပ်လှုပ်။ညကပုံစံကိုကြည့်ရင်
ဘယ်သူက အဓိက လဲဆိုတာ ရှင်းရှင်းလင်းလင်း။

သခင်လေးလိုလူမျိုးငိုချမတတ်ပြေးလွှားချော့မော့
ရတဲ့ဖြစ်တည်မှုသည် ခုလက်ရှိသူ့မျက်နှာလေးပြုံးနေပေမယ့်အဆိပ်ဘယ်လောက်ပြင်းကြောင်း ထုတ်မပြောလဲ
ခပ်ရှင်းရှင်းပါပဲ...။

JEonအိမ်တော်မှာ ParkJiminကVIP.......။

"အနာတွေအဆင်ပြေရဲ့လားအကိုလေး...
ကျွန်တော် ဆရာဝန်အိမ်ခေါ်ပေးရမလား..."

"သူ ဆေးထည့်ပေးတယ်....ပျောက်သွားပြီ..."

Coffeeလေးတစ်ကျိုက်သောက်ကာခွက်ကိုခပ်ဖွဖွ
ချပြီး ပြုံးပြုံးလေးပြောပုံကကြွေရုပ်လေးလို။
သိပ်ကြည်လင်နေတဲ့အခါ MD Parkအလှပိုစုံသည်။
မာကျောလာတော့ အန္တရာယ်များသည်။
သနားစဖွယ်ပြိုလဲကျပြတဲ့အခါ မြင်ရသူတိုင်းကို
ရင်ကွဲနာကျစေသည်။

ကဝေစစ်စစ်ကသူ.....။

အိမ်တော်ထိန်းကြီးသည်အဆင်ပြေသွားကြ
တာသေချာပုံပေါက်၍ဘာမှထပ်မပြောတော့။
လိုအပ်တာစီစဉ်ပေးနေခဲ့သည်။

မနက်စာအချိန်ယူစားနေစဉ် ထူးထူးဆန်းဆန်း
အပေါ်ထပ်မှဆင်းလာသောလှေကားက
ခြေသံတွေကိုကြားလိုက်ရတာကြောင့်
Jimin လှမ်းကြည့်တဲ့အခါ မျက်လုံးတွေကို
လက်ဖြင့်ပွတ်သပ်ကာ မပွင့်တပွင့်ဖြင့်
အိပ်ရာထဲကထလာတဲ့သူ....။

ဆံပင်စုတ်ဖွား မနေ့ကအကျီတွေနှင့်
ညစ်တိညစ်ပတ်သည် မျက်နှာလည်းမသစ်
ဘဲ ဘာလာလုပ်ပြန်ပြီလဲမသိ။
အိပ်ရင်းယောင်ကာထလမ်းလျှောက်တာမျိုးလား။

မဖြစ်နိုင်....မနက်စာစားနေသောနေရာကို
တန်းမတ်စွာလျှောက်လာပြီး လွတ်တဲ့ခုံတစ်ခုံ
ဝင်ထိုင်သည်။

"အစောကြီးရှိသေးတယ် ယောင်ပီးထလာတာလား.."

စားပွဲပေါ်ခေါင်းကိုမှောက်ချကာမပွင့်တပွင့်
မျက်လုံးတွေနဲ့ အိပ်ချင်မူးတူးကြည့်နေပြီး

" မောင်ညက ချော့တာ ဘယ်နားရောက်သွားပြီလဲ
အိပ်ပျော်သွားတော့....ဘယ်ကပြန်စရမှန်းမသိတော့လို့..."

ခပ်အက်အက်အသံဖြင့်နှာခေါင်းလေးတွေကို
ပွတ်သတ်ကာကလေးလိုလို...။
ငယ်ပါသေးတယ်...။ဒီလိုပုံစံလေးကျတော့လည်း
အမျိုးသားတစ်ယောက်ယောကျ်ားတစ်ယောက်
လိုခံစားမရ...။အသိစိတ်နဲ့မသိစိတ်မပူးမကပ်
အခြေအနေလေးမှာ မောင့် စာမျက်နှာလှလှလေး
တွေပေါ်လာတော့သည်။

"ချော့ပြီးပါပြီ....သွားသွားပြန်အိပ်..."

"Company ဒီနေ့လိုက်မလို့....."

ဒိန်းခနဲ.....။ကျန်တာအားလုံးအဆင်ပြေပေမယ့်
အလုပ်ကို အကျီစဆွဲကာလိုက်ရှုပ်တာမျိုး
သည်နည်းနည်းလေးမှကိုအဆင်မပြေပါ.....။
သူစိတ်မထင်လို့ တစ်ခါတစ်လေလိုက်လိုက်လာကာ
ဂျီရင် တနေကုန် ဘာအလုပ်မှမဖြစ်...။
ခုနောက်ပိုင်းတွေ မလိုက်တော့သလိုလိုနဲ့
တစ်စခန်းထလာပြန်ပြီ။

"ဘာလိုက်လုပ်မှာလဲ....မင်းဘာမှလည်း
မပြင်ဆင်ရသေးဘဲ...."

"Dateမယ်လေ...."

"ညမှလေ Dinnerက Romatic တွေလုပ်ပေး
မလို့ဆိုမစီစဉ်ဘူးလား ငါ့နောက်ဘာလိုက်လုပ်မှာလဲ"

"တစ်ယောက်ထဲအိပ်ကျန်ခဲ့ရတာ
အထီးကျန်လို့..."

အလုပ်သွားတဲ့မနက်တိုင်းသူအိပ်အိပ်ကျန်ခဲ့တဲ့
ဟာ ဒီမနက်မှ ချက်ချင်းအထီးကျန်သွားပြီ။

"အရင်မနက်တွေက ဘာတွေရှိလို့
အထီးမကျန်တာလဲ မနက်တိုင်းငါအလုပ်သွားနေတာပဲ"

"Company ကိုခေါ်ပါ...."

လက်ထဲကကိုင်ထားသောမုန့်ကိုဆက်ခနဲယူကာ
ပါးစပ််ထဲထည့်လိုက်တဲ့သူ။

"သွားမတိုက်ဘဲ ငါညစ်ပတ်တာတွေ
အရမ်းမုန်းတာနော် JungKook.....
လိုက်မယ်ဆိုလည်းမျက်နှာတော့သစ်..."

"မသစ်ချင်ဘူး..."

"ခဏလေးပဲနေပြီး Dinner ကိစ္စမောင်
သွားစီစဉ်ပါ့မယ်..."

"Company ကိုဘာအထူးအဆန်းရှ်လို့
အဲ့လောက်လိုက်ရှုပ်ချင်ရတာလဲမသိဘူး...."

"မင်းအလုပ်လုပ်နေရင်မောင်ဖက်ထားပြီး
ဆက်ချော့ချင်လို့ပါ..."

"ငါပြောမယ် ချော့တာကရပီ ငါစိတ်ပြေပြီ
အဲ့လောက် ဇာတ်ကြောရှည်ဖို့မလိုဘူး
ငါမိန်းကလေးလည်းမဟုတ်ဘူး မလိုက်နဲ့.
မင်းလိုက်ရင် အလုပ်မတွင်လို့ပါကွာ.."

"ချော့ရတာ မဝလို့....တစ်ခါမှဘယ်သူ့ကိုမှ
မချော့ဖူးတော့ ချော့တဲ့အရသာတအား
မိုက်တာ ခုမှသိတာ စိတ်ဆက်ကောက်ကွာ...နော်.."

"JeonJungkook..တော်ပီလို့ လူတွေနဲ့....."

"မောင်က ကားပေါ်မှာအိပ်စောင့်နေမှာပဲ
စားပီး ထွက်ခဲ့တော့...."

ပါးတစ်ဖက်ကိုတားနေတဲ့ကြားရွှတ်ခနဲနမ်းကာ
ဆိုဆုံးမ၍မရသူသည်အိမ်အပြင်သို့ထွက်သွား
ပြီ။ရှက်တာပေါ့.....။အိမ်တော်ထိန်းကြီးကိုမော့
ကြည့်တော့ အိမ်တော်ထိန်းကြီးလည်းပြုံးစိစိ
တစိအိမ်လုံးပြုံးစိစိ...။
ရှက်ကိုးရှက်ကန်းဖြင့်ယူစရာရှိတာယူကာ
မနက်စာစားခြင်းကိုရပ်ပြီး မျက်နှာတွေလည်းပူတာ
မို့ထွက်သာလာခဲ့တော့သည်။

..........

"ငါနင့်က်ိုပြောနေတာစာရင်းတွေလွဲနေတယ်လို့
ပြန်ပို့..Totalကိုသေချာစစ်စမ်း.."

"MD ကျမမကြားရဘူးကျယ်ကျယ်ပြောပေးပါ.."

"မကိုက်ဘူး ပြန်စစ်လို့ပြောနေတာ.....
နားလေးနေလား..."

"ရှင်...ဘာကို..."

MD Parkအလုပ်သည်မတွင်ပါ.....။ကားပေါ်ရောက်
သည်နှင့်အတွင်းရေးမှူးမလေးပို့သော
စာရင်းတွေကလွဲချော်နေတာမို့ဖုန်းဆက်အော်
ချင်ခဲ့ပေမယ့်ထုံးစံအတိုင်းပေါင်ပေါ်ခေါင်းအုံးကာ
အကျီထဲခေါင်းတိုးအိပ်နေသောဒုက္ခကောင်ကြောင့်
ကျယ်ကျယ်လည်းမအော်ရဲ..။

အော်လို့နိုးသွားမှာကိုလည်း MDParkမဖြစ်ချင်။
အိပ်ချင်နေတာသိတာမို့ လက်တစ်ဖက်ကခေါင်းကို
ထိန်းကိုင်ထားရကာတဖက်ကဖုန်းပြောနေရသည်။
အရေးထဲအတွေးရေးမှူးက တိုးလွန်းသောအသံကို
နားမလည်နေ....။

"ဒါပဲဟာ....ရောက်မှစစ်မယ် ဒါပဲဒါပဲ...."

"MD ...MD..."

ပြန်တောင်ဟောက်နေပြီ...၊ဒါကိုသက်သက်လိုက်
ရှုပ်ချင်သေးတာ...။ကလေးစိတ်ထက်ပိုလွန်ကဲတာပေါ့။

"ဘရိတ်ဆောင့်မအုပ်နဲ့နော်....."

"ဟုတ်ကဲ့ အကိုလေး....."

"ဖြေးဖြေးမောင်း နောက်ကျလည်းရတယ်..."

"ဟုတ်ကဲ့....."

"သခင်လေးက ဒီလိုကျတော့လည်းကလေးလေး
လိုပဲ နော်....အပြစ်ကင်းတယ်...."

"ဒီလိုမနေလည်း သူကအပြစ်ကင်းပီးသားပါ
ဆိုးတာက မိုက်တာ အပြစ်မှမဟုတ်တာ..."

ဒီလ်ိုမနေရင် အပြစ်ရှိတဲ့ လူမိုက်ဆိုတဲ့သဘော။
ဒါမျိုးမရ....မောင့်ကို သူပဲဝေဖန်မယ်။

"ဟုတ်ပါတယ်....ဦးလေးနားလည်ပါတယ်..."

Company ရှေ့ရောက်တော့ငြိမ့်ခနဲကားလေး
ရပ်သွားခြင်းနဲ့အတူ MD Parkမနှိုးလို့မရတော့။

"Jungkook....JungKook ...ထတော့...
ရောက်ပြီ....."

အိပ်မောကျနေရာမှ အိပ်မှုံစုံမွှားထလာကာ
ပေါင်ပေါ်လှဲနေရာမှ ထိုင်လိုက်ပေမယ့်ဆက်အိပ်နေတုန်း။

"အရမ်းအိပ်ချင်နေရင် မလိုက်တော့နဲ့လေ
အိမ်ပြန်လိုက်သွားပြီး ပြန်အိပ် မင်းပုံစံက
အဆင်မပြေဘူး...."

"အင်း....."

မျက်လုံးတွေမပွင့်ခုံကိုမှီကာ ပီးပီရော အင်းကို
ချသည်။

"ပြီးရော.....အိမ်ကိုတန်းတန်းမတ်မတ်ပြန်အိပ်နော်"

"အင်း....."

"ကိုယ်မကြိုက်တဲ့သူတွေနဲ့သွားမတွေ့ရတော့ဘူးနော်"

အိပ်ချင်မူးတူးမလို့ ဒါမျိုးပြောရဲတာ...။
ပုံမှန်ဆို MDက ရှုံးတယ်ထင်၍ပြောမှာမဟုတ်..။

"အင်း....."

"ဦးလေး...သူအိပ်ချင်နေတာလိုက်မှာမဟုတ်တော့
ဘူး အိမ်ပြန်မောင်းပို့လိုက်....ဂရုစိုက်အုန်းနော်.."

"ဟုတ်ကဲ့...."

MD Parkသည် ခုံကိုမှီကာ နောက်တရေးပြန်အိပ်
ဖို့အရှိန်ယူနေသောသူကိုတစ်ချက်ကြည့်ပြီး
ခိုးပြုံးကာ ထွက်သွားတော့မည့်ဆဲဆဲ
ကားတံခါးLockဖွင့်ပြီးမှ မဆင်းဘဲမောင့်ကို
ပြန်ကြည့်သည်။

ရှပ်အကျီဝတ်တိုင်း ကြယ်သီးသုံးလုံးပဲတပ်တတ်
သောဒီယောကျ်ား၏အထာကိုသူစိတ်တိုင်းမကျတာ
ကြာပီ...။အကျီဟပြဲကိုစိတ်ထဲသိပ်ဘဝင်မကျ
Car Airconကလည်းသိပ်အေးတာကြောင့်
ဆိုင်သူလေးသည် မောင့်အနားကပ်ကာ
အနက်ရောင် Shirtအကျီကြယ်သီးတွေကိုပြန်တပ်
ပေးနေသည်။

ထူးထူးဆန်းဆန်းရင်ဘက်နားရွစိရွစိလက်ကလေး
တွေကြောင့်မောင် မျက်လုံးတွေဖွင့်ကြည့်တော့
ခပ်စူစူနှုတ်ခမ်းလေးကိုအရင်မြင်ရကာ
သိပ်မစိချင်သော Shirtနဲ့ မောင့် ရင်ဘက်အကျယ်
ကြီးတွေကို အတင်းရအောင်စိ ပြီးကြယ်သီးတွေတပ်
ပေးနေတာ.....။

"ဘာတွေလာလုပ်နေတာလဲ....."

"ကြယ်သီးတပ်နေတာလေ...."

"မတပ်နဲ့....မောင်အသက်ရှုကျပ်တတ်လို့....."

"ကျပ်ရင် မရှူနဲ့.....မဖြုတ်နဲ့နော်
နောက်....နောက်ထပ် Shirt တွေဝတ်ရင်
ဒါကြီးကို ပြပြမဝတ်နဲ့....ငါ...မကြိုက်...ဘူး...."

ရင်ဘက်ကိုလက်သေးသေးလေးနဲ့ဖျက်ခနဲ
ရိုက်ကာပြောပြီး ကားပေါ်ကဆင်းပြေးသွားတဲ့သူ။
ကိုယ့်ယောကျ်ားကိုယ်တွန့်တိုတာလေးတောင်
JeonJimin တို့က စက္ကန့်ပိုင်းလောက်ပဲမြန်မြန်
တွန့်တိုပြပြီးထွက်ပြေးသည်။
မောင် ခံစားကျေနပ်၍တောင် မဝသေး....
ရှက်ကာ ပြေးသွားတော့သည်။

မောင်ခုံကိုမှီကာ ပြုံးပြုံးကြီး.....။
အိပ်ချင်စိတ်တောင် ပျောက်သည်....။
Romနဲ့ အပြိုင်ကြီးချင်လို့ Workoutတွေလုပ်ခဲ့တဲ့
အကျိုးဆက်သည် တော်တော်ကိုအသီးအပွင့်
ကောင်းလှသည်။
Gymသွားကာ ထပ်ဆော့အုန်းမည်...။
ကြီးလာလေ....ဒါမျိုးလေးဖျက်ခနဲရိုက်ကာ
ဥစ္စာခြောက်ပြလေ ဖြစ်မှာပဲ......။
ကျေနပ်လိုက်တာဆိုတာ....သွားပြန်မစိနိုင်ခဲ့။

နောက်ကပြေးလိုက်ကာ ဖျစ်ညှစ်ဖက်နမ်းလိုက်
ရင်Company မှာအရှက်ခွဲပါတယ်ဖြစ်အုန်းမှာ
မလို့မောင်လွှတ်ပေးလိုက်သည်။

"Driverကြီး ကျွန်တော့်လိုသဝန်တိုခံရဖူးလား..."

"မခံရဖူးပါဘူး...."

"သနားစရာကောင်းလိုက်တာဗျာ.....
ကျွန်တော်ဒါမျိုး အခါပေါင်းများစွာပဲ....သိလား.."

ပထမဆုံးသော Officials သဝန်တိုပြမှုကို
မောင်က အခါပေါင်းများစွာချက်ချင်းလုပ်ပစ်လိုက်
သည်။

"ဂုဏ်ယူပါတယ် သခင်လေး...."

"နောက်ဆို ကျွန်တော်အကျီမဝတ်တော့ဘူး........"

တစ်ယောက်တမျိုးစီ နားလည်ရခက်သော
အတွေးအခေါ်တွေကို သူတို့နှစ်ယောက်ပဲနားလည်
နိုင်မှာမို့ Driver ကြီးက အောင့်သက်သက်ဖြင့်
ခေါင်းညိတ်ပြရုံကလွဲ....။
..................................။

လိမ္မော်သီးစိတ်ချဉ်ချဉ်တွေကို ချဉ်နေရက်နဲ့
ပါးစပ်ထဲထည့်နေကာ စားပွဲပေါ် ပျင်းတိပျင်းရွဲ
ထိုင်ကာ ထုံပေပေဖြင့်စားနေသောကောင်းကင်ပြာ
လေးသည် ရှုပ်ပွပွဆံပင်လေးတွေနဲ့......။

MinYoongi သည်အလုပ်သွားရန်အကျီလက်
ကြယ်သီးကိုတပ်လျှက်လှေကားတွေအတိုင်း
ဆင်းလာသည်။
ထမင်းစားခန်းထဲဝင်ကာ Coffee ဖျော်သည်။
မုန့်တချို့ယူကာ စားပွဲပေါ်တင်လိုက်ပြီး
မနက်စာစားရန်စီစဉ်နေသည်။

ညထဲက တစ်အိပ်ရာထဲသာအတူဝင်အိပ်ခဲ့ကြတာ
စကားလည်းမပြောခဲ့ကြ။ကျောခိုင်းကာ
ကိုယ်အဆင်ပြေသလိုသာ အိပ်ပျော်အောင်အိပ်
လိုက်ကြသည်။

"ညက ထယ်တွေ့လိုက်တာ အိမ်ကစီစဉ်ပေးတဲ့
လူကြီးအိမ်ထောင်ဘက်......ပြင်သစ်ကနေ
တောင်လာတွေ့ရတော့ သူသွားချင်တဲ့နေရာလေး
တွေ လူကြီး လိုက်မပေးလို့မကောင်းဘူးလေ....."

ချဉ်စုတ်နေတဲ့လိမ္မော်သီးတစ်စိတ်ကိုပါးစပ်ထဲ
ပစ်ထည့်လိုက်ပြီး ထယ်ယောင်းမကြားသလိုသာ
နေနေသည်။

"အာ....Sorry.... ParkJimin ကိစ္စမှမဟုတ်တာ
ထယ်လေး ဘယ်စိတ်ဝင်စားပါ့မလဲ
Sorry Sorry ..."

ဖျက်ခနဲလှန်ကြည့်လာသောမျက်လုံးလေးတွေ.....။

"ရေခဲသေတ္တာထဲမှာ စတော်ဘယ်ရီတွေရှိတယ်လေ
ဒီချဉ်တာကြီးတွေဘာလို့စားနေတာလဲ....
လူကြီးယူပေးမယ်..."

"မစားဘူး မယူနဲ့ ချဉ်တာပဲစားမယ်...."

ထမည့်ဆဲဆဲ MinYoongi ကပြန်ထိုင်လိုက်သည်။
KimTaeHyung ကKimTaeHyung ပါပဲ။

"ကိုယ်နေ့တိုင်းစားပြီးအဆင်ပြေလာတဲ့
စတော်ဘယ်ရီတွေရှိရက်နဲ့ ချဉ်စုတ်နေတဲ့အရသာ
ကြီးကို မကောင်းလာမှန်းသိသိရက်နဲ့
ဇွတ်တိုးနေတာ ထယ် စားလို့မကောင်းတာတော့
လက်ခံတယ်မလား ဘယ်လိုနေလဲ....."

"အလုပ်သွားမှာမလား သွားတော့....
စိတ်မကြည်ဘူး....."

Yoongi သည်ခေတ္တတိတ်ဆိတ်သွားပြီးမှ
Coffee ကိုကုန်စင်အောင်သောက်လိုက်ကာ
ထယ့်ဆီလျှောက်လာသည်။

"တကယ်လို့များပေါ့ ထယ်......လူကြီးခံနိုင်ရည်
တွေလုံးဝမရှိတော့လို့ တစုံတခုကိုသေချာ
ဆုံးဖြတ်မိလိုက်ရင် မင်းတစ်ယောက်ထဲကျန်ခဲ့မယ့်
ဘဝမှာ အဆင်ပြေအောင်နေပါ..."

"အရမ်းချစ်ခဲ့တာပါ...မင်းကိုစွန့်လွှတ်မဲ့အစား
ကိုယ့်ကိုကိုယ်ပဲစွန့်လွှတ်မယ်လ်ို့ ပြောခဲ့ပေမယ့်
အစွန့်ပစ်ခံရတာ က ကိုယ်ကိုယ်တိုင်ဖြစ်နေတော့
မင်း မချစ်တာကြီးကို အတင်းအကျပ်ချည်ထားခဲ့
သလိုဖြစ်နေတော့ ကိုယ်ပင်ပန်းလာတယ်...."

"ချစ်တဲ့သူကို မပိုင်ဆိုင်ရတဲ့ကြား
မချစ်တဲ့သူနဲ့ အတူတူနေရတာ မင်းလည်းပင်ပန်းနေမှာ
ParkJimin နဲ့မင်းနီးဖို့ သူတို့ကွဲကွာသွားဖို့
အကြိတ်အနယ်ကြိုးစားနေတဲ့အချိန်မှာ
လူကြီးလည်း မင်းအနားကထွက်သွားနိုင်ဖို့
ကြိုးစားနေပါတယ်.....နေ့တိုင်းပဲ မင်းမချစ်လို့
သတိမထားမိပေမယ့် ထယ်လေး စိတ်ချပါ
လူကြီး မင်းဘဝကနေ မင်းအဆင်ပြေအောင်
ပျောက်ကွယ်ပေးတော့မှာပါ......"

လိမ္မောသီးတွေနဲ့ကောင်လေးနားကပ်ကာ
ဆံပင်ပြာပြာလေးတွေကိုရှင်းလင်းပေးရင်း
ဖြေးဖြေးချင်းပြောတော့ငြိမ်သက်နေသည်။
လည်တိုင်ကျော့ကျော့လေးကို ဖွဖွလေးနမ်းတော့
လည်းအရုပ်ကလေးလိုပဲ....မလှုပ်မယှက်....။

"စိတ်ထဲကမပါလည်း မချစ်နိုင်လည်း
တစ်ချက်လောက် ပြန်နမ်းပါလား....
အရင်လို ဟန်ဆောင်ပန်ဆောင်လေးလေ..."

နာနာကျင်ကျင်ကြည့်လာသည်။မျက်ရည်တွေ
လည်းဝဲနေသည်။နီမြန်းနေသောမျက်နှာ
ချောချောလေးနဲ့မကျေမနပ်စူးစိုက်ကိုကြည့်ကာ

"ဘဝကို သိပ်ခက်အောင်လုပ်တာပဲMinYoongi
ခင်ဗျား သိပ်ဥာဏ်ကောင်းလွန်းတယ်....
ခင်ဗျားဒီလိုတွေပြောလို့ KimTaeHyung က
ထိသွားမယ်ထင်လား...အဝေးကြီးနော်...
ခင်ဗျားမရှိတော့ရော ဘာဖြစ်လဲ....
ဘာဖြစ်သွားမှာမလို့လဲ....!!!
မိန်းမယူဖို့ လမ်းလာကြောင်းနေတာမလားယူလေ
ယူပေါ့!!!!ParkJiminကိုပဲချစ်တာ
ParkJimin ကိုပဲ လိုချင်တာ.....အဲ့အတွက်ခင်ဗျား
ဘာလုပ်လုပ် ဘယ်လိုဆုံးဖြတ်ဆုံးဖြတ်
သောက်ဂရုမစိုက်ဘူး သွား!!!ထွက်သွား!!!"

လိမ္မော်သီးတွေထည့်ထားသောကြွေပန်းကန်ကို
ကြမ်းပြင်ပေါ်ကိုင်ပေါက်ကာ ကောင်းကင်ပြာလေး
မိုးတွေညို့မှိုင်းသွားသည်။

"ParkJimin ကိုအရမ်းချစ်လို့ထင်တယ်
မျက်ရည်တွေကျလာတာလား...
ကိစ္စမရှိဘူး လူကြီးသုတ်ပေးမယ်.....
အချစ်ကြီးလိုက်တာ..."

ParkJimin ကိုချစ်လို့ကျတဲ့မျက်ရည်တွေလား
ထယ်ယောင်း ဘာအတွက်ငိုမိမှန်းတောင်
ကိုယ်တိုင်မသိ...။
တစ်သျှူးယူကာ MinYoongi ကဂရုတစိုက်သုတ်
ပေးသည်။
ထို့နောက် တစ်သျှူးတစ်ခုလက်ထဲထည့်ပေးခဲ့ကာ
Coffeeခွက်နဲ့မုန့်ပန်းကန်တွေ လိမ္မော်သီးတွေ
ကောက်သိမ်းလျှက် ဘာမှမပြောတော့...။
အလုပ်သွားရန် အိတ်တစ်အိတ်ဆွဲကာထွက်သွား
တော့သည်။

TaeHyung သည် စားပွဲပေါ်မျက်နှာတစ်ခုလုံး
မှောက်ချကာ ခေါင်းစဉ်လည်းမရှိဘဲ
ဘာကဝမ်းနည်းသွားစေခဲ့တာလည်းမသိဘဲ
ဘာကြောင့် ဒေါသတွေထွက်နေရသလဲမသိဘဲ
နှလုံးသားတစ်ခုလုံးရှုပ်ယှက်ခတ်နေကာ
အော်ငိုချင်စိတ်တစ်ခုထဲသာရှိတော့တာမို့
အကျယ်ကြီးအော်ငိုမိလိုက်သည်။

အခန်းတံခါးပေါက်ဝရောက်တော့ကြားလိုက်ရ
သောအော်ငိုသံကြီးကြောင့် MinYoongi
ခြေလှမ်းတွေရပ်တန့်သွားပြီး ခေတ္တရပ်နေကာ
ခဏအကြာတော့ဆက်ထွက်သွားခဲ့သည်။

ခင်ဗျားတို့တော့လွယ်မယ်ထင်တာပဲ.....။
ဖြစ်ချင်တော့ ဒီဇာတ်လမ်းမှာ အခက်ခဲဆုံး
သောဇာတ်လိုက်ကျော်က ကျွန်တော်ဖြစ်နေတယ်...။
မညှာတော့ဘူး....ထယ့်ကို ကျွန်တော်တကယ်
မညှာတာနိုင်တော့ဘူး.....။
.............

စားပွဲပေါ်မှောက်ကာ ဒေါသထွက်ထွက်နဲ့
ငိုနေတုန်း အဆက်မပြတ်ကြားနေရသော
ဖုန်းထဲက Notifications အသံတွေ....။
စိတ်ရှုပ်ကာ ဖုန်းပိတ်ဖို့ဆွဲယူကြည့်လိုက်တော့
Group Chatထဲ အပြန်အလှန်ပြောဆိုကြသော
Msgများ.....။

Rom..... ။ဒီညတစ်ညလုံးဝိုင်းရှိတယ်ပိုက်ဆံများများ
ယူပြီးငါ့အိမ်လာခဲ့ကြ...

....အေးလာမယ်

Rom...။အိမ်မှာရှိသမျှအကုန်သာသယ်လာခဲ့ကြကွာ
ပွဲကြီးပွဲကောင်းပေါ့...

ဒေါသတွေထွက်ကာမြင်မြင်သမျှထိုးချင်ရိုက်ချင်
နေရတဲ့ကြားထဲ ဖဲရိုက်ဖို့ကိုအကြိတ်အနယ်
လူစုနေကြသည်။Jeon JungKookကိုမပြောနဲ့
အဲ့ဒီကောင်ရဲ့သူငယ်ချင်းတွေကိုပင်TaeHyung
ကြည့်မရ....။

@TaeHyung မင်းလာအုန်းမှာလား....
လာခဲ့နော် ငါတို့ဒီညအကုန်စုံတယ်

TaeHyung...။မလာတော့ဘူး...ငါမအားဘူး.....။

ချက်ချင်းငြင်းလိုက်ကာ စိတ်တွေလုံးဝမကြည်လင်
တာကြောင့်သခင့် ဆီ ဘယ်လိုအကွက်ရွှေ့ကာ
ရွေ့ရမလဲအကြံထုတ်နေသည်။
မျက်နှာလေးမြင်ရရင်တောင်တဝက်တော့ကြည်လင်
သွားမှာပဲ....။

Rom...။ဂျေက အိမ်တောင်ရောက်နေပြီ
ဒါပေမယ့် Broတို့ရေ ဒီကောင်ဝင်မရိုက်ဘူး
ဒီည JeonJungkook နဲသူ့ယောကျ်ား
Dinner Dateတဲ့ကွ......။

........ဟုတ်လှချည်လား....အောင်မြင်ပါစေ Broရေ

ဂျေ..။ F

ဖုန်းပိတ်တော့မည့်ဆဲဆဲ တွေ့လိုက်ရသောMsgကြောင့်
TaeHyung မပိတ်တော့ Group Chatထဲပြန်ဝင်
လာခဲ့သည်။

Rom..။ဒီကောင်ကြီးအတွက်ပထမဆုံးDateပဲ
ဒီကောင် ရင်တွေခုန်ပြီး ဖဲတောင်မရိုက်နိုင်
တော့ဘူး Broတို့ရေ....သူတို့ယူပြီးမှ
ပထမဆုံးလေးဆိုတော့ အလှလေးလည်း
တအား ပြင်ဆင်နေမှာ Hee......။

ဂျေ Left the Group.....။

Rom Added ဂျေ.....။

Rom...။ဒီကောင်ကြီး ဒီညတော့ အနှစ်ပဲ
Bro တို့ရေ.......ခုတောင်ငါ့အိမ်လာပြီး
တည်တည်ငြိမ်ငြိမ်တွေဝတ်ချင်လို့
လာမေးနေတာ တအားဖြစ်နေပြီ တားမရတော့ဘူး
အဝတ်အစားအပြင် ငါတို့ကောင်ကြီးကို
ဘာတွေအကြံပေးချင်လဲပေးလို့ရတယ်နော်.....။

TaeHyung....။ ငါလာခဲ့မယ်....ပိုက်ဆံရှာလို့
ရသွားပြီ Rom....မင်းအိမ်မှာမလား...။

Rom...။ အဲ့တာနဲ့များ မူနေသေးတယ်
ညနေလောက်ကျ ဆုံမယ် TaeHyung...။

Rom... TaeHyung ဂျေ့ ကိုCongratulations လုပ်
လိုက်ပါအုန်း....TaeHyung ကဒီဇိုင်နာဆိုတော့
လာသင့်တယ် ဒီကောင်ကြီးကို Jiminshi
ပျော်ဆင်းသွားအောင် ဆင်ယင်ပေးရမှာ....။

ဂျေ Left the Group....။

"အားးးးးး"

တနေရာထဲအတူတူထိုင်နေပြီးRomရဲ့မျက်နှာ
ပြောင်မှုကိုသည်းမခံနိုင်တော့တာကြောင့်
ဆိုဖာပေါ်မှကန်ချလိုက်တော့ လူရောဖုန်းပါ
ပြုတ်ကျသွားတော့မှ Group Chatသည်
ငြိမ်သွားတော့သည်။
တခြားလူတွေဆက်ပြောနေပြီး Romနဲ့ဂျေက
တော့ တစ်ယောက်တပြန်ထထုရိုက်ရင်းဆဲဆိုသံ
တွေညံနေတော့သည်။

Romအိမ်တွင် ဂျေက တနေကုန်နေပြီးနှစ်ယောက်
အတူတူသွားစရာရှိတာသွားစီစဉ်စရာရှိတာစီစဉ်
နေခဲ့သည်။ဆိုင်သူလေးအတွက်အံ့အံ့ဩဩ
ဖြစ်စေချင်လို့ အစားအသောက်လေးတွေက
အစအသေးစိတ်လုပ်ကာ မြို့ရဲ့ အကောင်းဆုံး
သောHotelခေါင်းမိုးထပ်တွင် လုံးဝလွင့်ပြတော့မယ့်
မောင်ပေါ့.....။

"7:00နော် မောင့်Jimin အလုပ်တွေလက်စဖြတ်
ပြီး မြန်မြန်လာခဲ့...အတူတူမသွားဘူးဆိုတာ
မောင်....အထူးအဆန်းတွေလုပ်ထားလို့..."

"ဘာလဲ ငါထိုင်နေတဲ့အချိန်Cakeကြီးတစ်လုံး
နဲ့ ထွက်လာပြီး ကြောင်တောင်တောင်တွေ
လုပ်ဖို့လား..."

"အချစ်က...မောင့်ကိုအဲ့လောက်ပဲတွေးတတ်တဲ့
ကောင်လို့ထင်နေတာလား....."

"ငါ့ကို အချစ်လို့မခေါ်နဲ့...."

"ခေါ်ချင်တာ....."

Romသည် ပန်းစည်းမှာရေးမဲ့Postcardအတွက်
စာကိုစဉ်းစားနေရင်း ဘာမှမလုပ်ဘဲ
သူ့ကိုသာလိမ်ခိုင်းနေသော ဂျေ့ကိုမကျေမနပ်
ကြည့်လိုက်သည်။
ဆေးမှားခတ်မိတဲ့အပြစ်ကြောင့်အကုန်အစအဆုံး
ခိုင်းသမျှလုပ်ပေးနေရတယ်ဆိုသော်ငြား
လက်ညိုးထိုးခိုင်းပြီး သူကတော့ဖုန်းပဲပြောနေသည်။

တစ်ညလုံးဖဲဖြောင့်ဖြောင့်ရိုက်လို့ရဖို့
ဒီကောင့်ကိုအဆင်ပြေအောင်သေချာလုပ်ပေးပြီး
မြန်မြန်သွားRoခိုင်းလိုက်ရင်ရပီ....။

"ဂျေ.....မင်း Dateမှာလား ငါDateရမှာလား
အကုန်ငါပဲလုပ်နေရတယ် ငါလုပ်ပေးရရင်တော့
မထူးဘူး ငါပဲ Jiminshi ကိုသွားတွေ့လိုက်တော့မယ်..."

"သွားကျွတ်မှ စကားမပြောနိုင်တော့မှအေးမဲ့
ကောင်!!!!!"

နှင်းဆီပန်းအနီနီရဲရဲပန်းစည်းကြီးနှင့်ဆဲကြဆိုကြပြန်
သည်။

............

Groupထဲမှာ စစနောက်နောက်စာတွေနဲ့
ဝိုင်း ဗရုတ်ကျနေပေမယ့် စာတစ်ကြောင်းချင်း
စီကTaeHyungအတွက် အဆိပ်တွေကြီးပဲ...။

FirstDateတဲ့လား.....။
JeonJungkook သည်ဆဲသာဆဲနေတာ
သိပ်ပျော်နေတဲ့ပုံရသည်။
မကျေနပ်ပါ.....ဒီလောက်ကြီးသူ့ဘက်က
ခြိမ်းခြောက်သတိပေး ကြားထဲဘယ်လိုဝင်ခဲ့ဝင်ခဲ့
ဘာမှမသက်ရောက်သလို ပျော်ပျော်ကြီးတောင်
Dinner Dateကြအုန်းမည်။

အိပ်ခဲ့တာကျွန်တော်နဲ့...ဆိုသောစကားမှာ
Jimin သိပ်လန့်ပြီးဘယ်လိုမျိုးပြဿနာတွေ
ဖြစ်လာမလဲစောင့်နေခဲ့တာ သူ့ကိုဘောင်ကို
မသွင်း....။
ယောကျ်ားဖြစ်သူနဲ့ အဆင်ပြေချောမွေ့လွန်းကြောင်း
တဖက်လှည့်နဲ့တောင်ပြလိုက်သေးသည်။
ကားထဲမှာ ခဏလေးနီးရလို့ပြန်စဉ်းစားရင်ခုန်
လို့မဝသေး ရင်ဝဆောင့်ကန်ပြန်ပြီ။

ရည်ရွယ်ချက်လည်းမရှိဘဲ စိတ်သည်
သခင့်ဆီကိုပြေးကာတားပစ်လိုက်ချင်သည်။
လူကြီး၏ စကားတွေသည်လည်းစိတ်ထဲအလွန်အမင်း
တနုံ့နုံ့ဖြစ်နေကာ TaeHyungဘာကိုမှမစဉ်းစားနိုင်
ဒီ ပထမဆုံး ဆိုတဲ့ Dateကိုလည်းလုံးဝဖျက်ဆီး
ပစ်လိုက်ချင်သည်။
အများကြီးမျှော်လင့်စီစဉ်ထားကြပြီး ပျက်စီးသုံးစား
မရတော့တဲ့အခါ ပြဿနာအကြီးကြီးကတော့
တက်မှာပဲ...။

ကားသော့ဆွဲကာ ဒီအချိန်Jimin Company မှာ
ရှိနေတာသိတာကြောင့်အရှိန်ပြင်းပြင်းဖြင့်
မောင်းနှင်လာခဲ့သည်။

မိနစ်ပိုင်းလောက် မောင်းပြီး Company
ရှေ့သို့ရောက်တဲ့အခါ ကားပေါ်ကဆင်းတော့
TaeHyungမျက်မှောင်တွေတွန့်ချ်ုးသွားသည်။

သခင်ဟာ ကြွကြွရွရွလေး....နောက်ကCompany
ဝန်ထမ်းက သူShopping ထွက်လာပုံပေါ်သော
အထုတ်ပေါင်းစုံကိုကိုင်ထားပြီး လုံးဝပျော်ရွှင်
နေသည်။အလုပ်တောင်မလုပ်နိုင်ဘဲဟိုကောင်နဲ့
Dateဖို့ ခြေဆုံးခေါင်းဆုံး Brandတွေကြီးဆင်မြန်း
ဖို့ အိတ်ပေါင်းများစွာနဲ့...။

အရမ်းတွေ....ParkJiminကအလွန်အကျွံ...။
အထုတ်တွေပြေးဆွဲလွှင့်ပစ်ကာ လူပါဆွဲပြီး
ဖမ်းခေါ်သွားလိုက်ချင်သည်။

သာယာပျော်ရွှင်ကြည်နူးနေတုန်း
နောက်ဆုံးတော့ သူ့ကိုမြင်သွားခဲ့ပြီ.....။

အတိတ်တွေတုန်းကအတိုင်း..လုံးဝမပြောင်းလဲ
သွားသော အကြည့်စိမ်းစိမ်းတွေ..။
ဘယ်လောက်ပြုံးရယ်နေပါစေ ယောင်းကိုမြင်တာနဲ့
ချက်ချင်းမာကျောအေးစက်သွားသော
ဧကရာဇ်ရဲ့မျက်လုံးတွေက ခုထိတိုင်အသက်ဝင်တုန်း။

ကားလမ်းမပေါ် ကားကို မှီကာလက်ပိုက်ကြည့်
နေသော KimTaeHyung....။
ဘာတွေဖြစ်ချင်ပြန်တာလဲ...။
မြင်ရင် မလုံမခြုံဖြစ်ကာ လန့်လန့်သွားပါတယ်ဆိုမှ
လူမိုက်ပုံစံနဲ့ လာရပ်ကြည့်နေပြန်သည်။

သူဘယ်လိုပဲမရပ်ဘူးပြောပြော
ဆက်ပတ်သတ်နေမှာပဲလို့ ညစ်ပတ်ညစ်ပတ်
လက်ရှိ လူဆိုးကောင်က သူ့ကိုပိုသာနေတာ...။
တစ်သက်လုံးပြောလိမ့်မယ်မထင်သော
တောင်းပန်ခြင်းတွေ...အချော့အမြူတွေ
ခု သူသိပ်သိပ်ရင်ခုန်စိတ်လှုပ်ရှားနေသော
ညကလေးကိုလည်းစိတ်ပါလက်ပါဖန်တီးပေးနေသည်။
သူပဲအနိုင်....။မကျေနပ်လို့လာဒဲ့ကြည့်တာမျိုးလည်း
ဖြစ်နိုင်တာပဲ...။

ဆိုင်သူလေးသည် မျက်နှာကိုချီလိုက်ကာ
မဲ့ပြုံးလေးတစ်ချက်မျှ ပြုံးလိုက်သည်။
ငါ တို့ဘာမှမဖြစ်ဘူး သာသာယာယာပဲဆိုတဲ့
မျက်နှာထားဖြင့် TaeHyungကို ကလေးဆန်စွာ
Company ရှေ့တည့်တည်ကနေ မျက်ခုံးတစ်ချက်
ပင့်ပြကာ အထုတ်တွေနဲ့အတူ ဘောင်းဘီအိတ်ထဲ
လက်ထည့်လျှက်မျက်နှာကိုမော့အထဲသို့ဝင်သွားသည်။

လုပ်သွားတဲ့ပုံက....။TaeHyungအသဲလည်းယား
သလို ဒေါသတွေလည်းထွက်လာသည်။
ရှူးရှူးရှဲရှဲဖြင့် ကားကိုပဲပြေးကန်ချင်သလို
ဖြတ်သွားဖြတ်လာတွေပဲ ပြေးထိုးချင်သလိုလို...။

သိပ်အသဲယားစရာ အသဲနာစရာကောင်းတဲ့အကြည့်
ဘာလုပ်ရမှန်းမသိ မနာလိုလွန်းလို့ ကြံရာမရအဆုံး
ရောက်လာမိတဲ့လူကို သခင်ဆိုးလေးကဝေဒနာ
တွေထပ်ပေးသွားသည်။
မကျေနပ်သောမကြည်လင်သောစိတ်အခြေအနေတွေ
နဲ့အတူTaeHyungသည်အားလုံးကို ဖျက်ဆီးပစ်ချင်ခဲ့သောစိတ်တစ်ခုထဲသာရှိခဲ့ပါသည်။

.......

"TaeHyung နင့်ကိုငါစေတနာနဲ့ပြောနေတာ
ထပ်မလုပ်နဲ့.ငါလို မာယာစုံတဲ့မိန်းမတောင်
မနိုင်တာ.....နင်မဖြစ်နိုင်ဘူး
JeonJungkook ထက် ဟို သူ့ယောကျ်ားကပို
ကြောက်စရာကောင်းတယ်...."

"နင့်လို လုပ်မယ်လို့ငါပြောမိလို့လား...
ငါလိုချင်တာ အဲ့ကောင် လစ်သွားဖို့ပဲ....
ပေးစရာရှိတာပေးစမ်း...ချက်ချင်းလဲသွား
မယ့်ဟာကိုပေး...."

"စုပြုံအများကြီးထည့်ရင်တော့လဲမှာပဲ..."

တခါကမအောင်မြင်ခဲ့သူကောင်မလေးဆီက
အမှုန့်တချို့ကိုယူကာ TaeHyungRomအိမ်
သို့ဦးတည်လာခဲ့သည်။

"ဟာ....TaeHyung...စောင့်နေတာ...
ဒါဆိုလူစုံပြီ.....သွားရအောင်..."

Romအိမ်သည်အရွယ်အစားကြီးသလောက်
ဖဲရိုက်ဖို့ ဆေးချဖို့ လူငယ်တွေပီပီမဟုတ်တာမှန်သမျှခိုး
လုပ်ရင်တော်ရုံရဲလာဝိုင်းတောင်မမိနိုင်သော
အခန်းတွေအများကြီးရှိသည်။
ထိုအခန်းတွေထဲကမှ အခန်းကျယ်ကျယ်တစ်ခုတွင်
ဖဲဝိုင်းကြီးသည် လူတွေစည်စည်ကားကား..။
TaeHyung JungKook ကိုတစ်ချက်ဝေ့ရှာလိုက်
ပေမယ့်မရှိ...။

"ဂျေ ရော Rom...."

"မပါဘူးလေ...အပေါ်ထပ်မှာ ခြောက်နာရီ
တောင်ထိုးပီဆိုတော့ ရေချိုးပြင်ဆင်နေမှာပဲ
ဒီကောင်ဒီနေ့သူအလှလေးနဲ့သွားလွင့်မှာလေ
TaeHyungသိပါတယ်....မနက်ထဲကကျွန်တော်နဲ့
စီစဉ်နေပြီး ဒီကတန်းသွားမှာ..."

"အော်....."

"TaeHyungတို့ ဘာဘာညာညာဆိုတာသိပေမယ့်
ဒီကောင်က TaeHyungကိုရယ်မဟုတ်ဘူး
လှတာလေးတွေ့ အီလိုက်ရမှ....
စိတ်ထဲမထားနဲ့နော်....ထားနေမှာစိုးလို့..."

"ငါလည်းသူ့လိုပါပဲ....ဘာကိစ္စထားရ...."

"အေးဆေးဆိုပီးပါတယ်ဗျာ...."

"သွားတော့နူတ်ဆက်လိုက်အုန်းမယ်..
Congratulations လုပ်ရင်း..."

"သွားလေ အပေါ်ထပ်ကအိပ်ခန်းထဲမှာရှိတယ်....."

သောက်စားနေလိုက်ကြတာ အလျှံအပယ်
လောင်းကစားရုံအသေးစားလေးလိုပဲ...။
ဖန်ခွက်နှစ်ခွက်ယူကာ အအေးတချို့ထည့်လိုက်ပြီး
အကွယ်တစ်ခုရောက်တဲ့အခါ အဖြူရောင်အမှုန့်လေး
တွေကိုတစ်ခွက်တွင်ပျော်ဝင်စေလိုက်သည်။
Rom ကိုတစ်ချက်ပြန်ကြည့်တဲ့အခါအရက်ခွက်
တစ်ခွက်ကိုင်လျှက်ဖဲဝိုင်းမှာ လုံးဝမျောနေပြီ..။

ထယ်ယောင်းအပေါ်ထပ်သို့တက်လာလိုက်သည်။
အိပ်ခန်းကိုရှာလိုက်ပြီးတံခါးခေါက်လိုက်တော့
လာဖွင့်ပေးသူသည် အပေါ်ပိုင်းတွင်
အကျီမရှိ...။

"TaeHyung...."

"မင်း မပါဘူးဆိုလို့...ဘာတွေဖြစ်နေလဲလာကြည့်တာ"

"သိရက်သားနဲ့ ဒီနေ့မအားဘူးလေ...
ခုတောင်ရေချိုးတော့မလ်ို့..."

မှန်ရှေ့တွင်ဂျေက မတ်တပ်ရပ်ကာ သူ့မျက်နှာ
ကိုသေသေချာချာကြည့်ကာစကားပြောနေတော့
TaeHyungကမှန်တင်ခုံပေါ်တက်ထိုင်လိုက်သည်။

"ယောကျ်ားနဲ့လုံးဝအဆင်ပြေသွားပီဖြစ်တဲ့အတွက်
လာဂုဏ်ပြုတာCheer...."

အရက်တို့ ဝိုင်တို့မဟုတ်...အအေးခွက်လေး
ကမ်းပေးလာတာမို့ ဂျေက ဘာအာရုံမှမရှိနေ
ယူကာ ခွက်ချင်းတိုက်လျှက် လာဂုဏ်ပြုသူ
စိတ်ကျေနပ်အောင်သောက်လိုက်သည်။

"ကျွန်တော်တို့ Relationship ကသိပ်ကြောက်စရာ
ကောင်းတဲ့စတင်မှုတွေနဲ့ဆိုတော့ ခုလို
ချစ်ချစ်ခင်ခင်ဖြစ်တဲ့အခါ အားလုံးကထပ်တူ
ပျော်နေကြတာ ကျေနပ်စရာပဲ..."

"ဒါပေါ့..."

"ပထမဆုံးပဲ လက်ထပ်ပြီးထဲက ဒါမပထမဆုံး
အဆင်ပြေပြေ တွေ့ရမှာ....
ကျွန်တော် ရှက်ဖို့ကောင်းအောင်ကိုရင်တွေခုန်
တာ TaeHyungရယ်....သူလည်းအရမ်းပျော်နေမယ်
ဆိုတာ တွေးကြည့်ရုံနဲ့သိနေတော့ ခံစားချက်ကို
ဘယ်လိုပြောပြရမှန်းတောင်မသိဘူး..."

"နားလည်ပါတယ်...ရေချိုးလေ ကိုယ်
အဝတ်အစားတစ်ချက်ကြည့်ပေးမယ်....
Romက မင်းကို ကြည့်ကျက်ပေးဖို့
Groupထဲမှာ ပြောထားတယ်..."

"TaeHyungသွားမဆော့ဘူးလား...."

"Moodမဝင်သေးလို့...မင်းကိုစတွေ့ထဲက
ပြင်ပေးဆင်ပေးချင်ခဲ့တာ Modelလုပ်ပေးဖို့
တောင်ငှါးမလို့ အထိုးခံရမယ်ဆိုလို့..."

"အရင်ကလိုစိတ်နဲ့ဆို TaeHyungလိုအချောလေး
ကိုသိပ်ကူညီပေးတာပေါ့ ခုတော့ယောကျ်ားက
ရင်ဘက်ပေါ်တာတောင် လက်မခံတော့
အားနာလိုက်တာဗျာ..."

Jeon JungKook မျက်နှာကိုတစ်ခါတစ်ရံ
သဲအိတ်လိုသဘောထားလိုက်ရင်စိတ်လက်ပေါ့ပါး
သွားသည်။ရိုးရိုးဖြေလို့ရရက်နဲ့ မေတ္တာမတုံးတုံး
အောင် ဖြေတတ်သည်။

နောက်တစ်ယောက်ကလည်းသေလောက်အောင်
ချစ်နေရလို့.....နှစ်ယောက်စလုံးCharacter
အတူတူတွေ...။
ပြောလိုက် ကြည့်လိုက်ရင် နစ်ခနဲ နာခနဲ....။
TaeHyungပိုညစ်ပတ်ချင်လာပြီ။

"ခဏလေးစောင့် ခဏလေးပဲချိုးပြီးထွက်ခဲ့မယ်
သေချာပြင်ပေး Jimin လုံးဝမျောသွားအောင်..."

မျောသွားတာမင်းပဲဖြစ်မှာ အရူးလိုကောင်ရဲ့။

"အင်းပါ...စောင့်နေမယ် သွားသွား..."

မှန်တင်ခုံပေါ်ထိုင်ကာ စူပုတ်နေသောကောင်းကင်ပြာ
လေးသည် မျက်မှောင်လေးတွေကျုံ့ထားလျှက်။
နာရီကိုကြည့်တော့ခြောက်နာရီကျော်လာပြီ။
ပါးတစ်ဖက်ကိုလက်ညိုးလေးနဲ့တတောက်တောက်
ထိနေကာ အတွေးတွေများနေပြန်သည်။

မိနစ်၂၀လောက်ကြာတဲ့အခါ ဂျေကထွက်လာသည်။
ဒါပေမယ့် မျက်နှာမကောင်းတော့...။
မျက်လုံးတွေကို ပြင်းထန်စွာပွတ်နေကာ
ခေါင်းတွေကိုအကြိမ်ပေါင်းများစွာခါနေခဲ့သည်။

ပြင်ဆင်ပေးတော့မည့်ဒီဇိုင်နာဇာတ်ရုပ်လေး
ပေါ်အောင် အပေါ်မှာထပ်ဝတ်ထားသော
Long Coatကိုချွတ်ပြီးခုံတခုံပေါ်တင်လိုက်ကာ
အကျီလက်တွေကိုခေါက်တင်လိုက်သည်။

"ဘာဖြစ်လို့လဲ....ဂျေ...."

"မသိဘူး....တအားမူးလာလို့..."

မှန်တင်ခုံပေါ်လက်ထောက်ကာ ခေါင်းတွေကိုနှိပ်
ပြီး မှန်ကိုပြူးပြဲကြည့်နေတဲ့သူ။

"အဆင်ပြေရဲ့လား ဆေးခန်းသွားမလား
ကိုယ်လိုက်ပို့ပေးမယ်..."

"မလိုပါဘူး ကျွန်တော်သွားစရာရှိတယ်
အဝတ်အစားလဲရမယ် အချိန်မရှိတော့ဘူး...."

အိပ်ရာပေါ်ချထားသော Shirtအကျီအဖြူကို
ကောက်ဝတ်ကာ ကြယ်သီးတပ်နေတာတောင်
အဆင်မပြေ...။TaeHyungကကူညီကာ
တပ်ပေးရင်း ပြုံးယဲ့ယဲ့....။

"ဘောင်းဘီဝတ်မလို့ ရေချိုးခန်းထဲသွားဝတ်
ရမလား.."

"အချင်းချင်းတွေပဲ လဲပါ..."

တစ်ဖက်ကိုလှည့်ပေးလိုက်သည်။ဝတ်နေလည်း
သွားရမှာမဟုတ်...။

"Necktie သေချာစည်းပေးမယ်.....
ဆံပင်တွေလည်းသပ်သပ်ရပ်ရပ်လေးလုပ်ဖို့လိုတယ်.."

ဂျေ မတ်တပ်ရပ်နေရင်းမှမျက်လုံးတွေစင်းစင်း
ကျသွားသည်။အိပ်ရာပေါ်ထိုင်ချလိုက်ကာ
နားထင်နှစ်ခုကို နှိပ်ရင်း ယောက်ယက်ခတ်နေသည်။

"ဘာဖြစ်တာလဲ...မသိဘူး TaeHyungရာ"

"ရေချိုးမှားသွားတာလားမသိဘူး....
ဖြစ်တတ်တယ်လေ..."

"မဖြစ်နိုင်တာ...ကျွန်တော်ဒါမျိုးခံစားဖူးတယ်..."

"တအားမူးနေရင် ခဏလှဲလိုက်ပါလား...
ကိုယ်တခုခုသွားယူပေးမယ် ခေါင်းပြန်ကြည်လာအောင်"

မလှဲသော ခန္ဓာကိုယ်ကြီးကို TaeHyungက
စေတနာအပြည့်ဖြင့်လှဲချလိုက်သည်။
ခန္ဓာကိုယ်ကလှဲချလိုက်တာနှင့် အသိစိတ်သည်
ကပ်သလိုလို ခွါသလိုလို...နှင့် TaeHyungဘာတွေ
ပြောနေလဲလဲမသိတော့ ကြားတာတွေလည်း
ကြားသည်...မကြားတာတွေလည်းမကြားတော့။
အလွန်ကို ထုံဝေလာကာ မြင်ကွင်းတစ်ခုလုံး
မှောင်မဲကျသွားသည်။

အိမ်မက်ထဲမှာ Dateနေလိုက်တော့......။

လဲပြိုသွားသောလူကို ပြုံးယဲ့ယဲ့လေးတစ်ချက်
မျှကြည့်လျှက် အခန်းအပြင်သို့ထွက်လာလိုက်
သည်။ဖဲဝိုင်းထဲသို့ ဟန်မပျက် ဟိုလိုလိုဒီလိုလို
ပြန်ဝင်ကာ ဆော့နေတော့ ဘယ်သူကမှလည်း
သတိမထားမိခဲ့။ အကြီးအကျယ်ရှုံးနေသော
Romသည်လည်း သူ့အချစ်တော် သွားသလား
မသွားနိုင်တော့ဘူးလား အာရုံမရနေ..။
သူ့အာရုံနဲ့သူ ဖဲချပ်တွေကြားအလုပ်ရှုပ်နေသည်။

..................................။

အဖြူရောင်Shirtအကျီကို ရင်ဘက်ကလေးနည်းနည်း
ဟကာ လက်ကလေးတွေခေါက်ထားပြီး
အရမ်းကြီးပြင်ဆင်လာပုံမပေါ်အောင်လည်း
ဝတ်ရသေးသည်။မဝတ်စဖူး Accessories လှလှလေး
တွေကို တွဲလီတွဲလောင်းဝတ်ထားကာ ဘောင်းဘီ
ခပ်ကျပ်ကျပ်ဖြင့်ဆိုင်သူလေးသည် ည၇:၁၅မိနစ်
တွင်Hotelရှေ့သို့ရောက်ခဲ့သည်။

ဘယ်လောက်ယုံကြည်မှုတွေရှိသလဲဆိုရင်...
မောင့်ကို ဖုန်းတစ်ချက်တောင်မဆက်တဲ့အထိ...
သေချာပေါက်မောင်ဟာအရင်ရောက်နေပြီး
သူရောက်တဲ့အခါ ရင်ခုန်ဖွယ်ရာတွေနဲ့စောင့်နေမှာပဲ
လို့ တထစ်ချတွေးခဲ့သည်။

သိပ်ပျော်ပါသည်......။မျက်နှာလေးကိုအလှဆုံး
ပြုံးလျှက်Hotelထဲဝင်သွားလိုက်တဲ့အခါအားလုံးက
လည်းကြိုဆိုကြသည်။

JeonJungkook ဟုပြောလိုက်သည်နှင့်နေရာ
ဆီသို့လိုက်လံပို့ဆောင်ကြသည်။
တကယ်လည်း စျေးအကြီးဆုံးHotelကြီး၏
ဆိုလ်းတစ်မြို့လုံးကိုအပေါ်စီးကမြင်ရသော
နေရာမှာ....ညရှုခင်းသည်ခမ်းခမ်းနားနား....။

စားပွဲပေါ်တွင်ပြင်ဆင်ထားသောအလှအပ
စားစရာလေးတွေ...Valentines Dayကထက်
အများကြီးပိုသာသောRomatic ဆန်မှုများနှင့်။
ရင်ခုန်ခြင်းတွေထိန်းမရစွာ...။
ဝိုင်ခွက်လေးကို ဖွဖွလေးထိပြီးခုံမှာကျကျနနလေး
ထိုင်လိုက်သည်။

"စီစဉ်ထားသူကတော့မရောက်သေးပါဘူးရှင့်
အပြင်မှာတစ်ယောက်ထဲမစောင့်ချင်ရင်
အထဲမှာနေရာလေးတစ်ခုလုပ်ပေးပါ့မယ် ဧည့်သည်..."

ကိုယ့်အတွေးတွေနဲ့ကိုယ်အဆင်ပြေနေတုန်း...
မယုံနိုင်စရာကြားလိုက်ရသောစကား။
Jimin မျက်နှာချက်ချင်းဆိုသလိုပျက်ယွင်းသွားကာ
Service ပေးသူကို ချက်ချင်းမော့ကြည့်ပီး

"ဘယ်လိုမရောက်သေးတာလဲ....
ခု ဒီHotelမှာ သူမရှိနေဘူးလား....."

"ဟုတ်ကဲ့.....လာပါလိမ့်မယ် သေချာလေး
ကြိုတင်ပြင်ဆင်ပေးထားတာဆိုတော့လေ
မလာခင်လေး အထဲမှာ....."

"မလိုဘူး.....သွားတော့စောင့်လိုက်မယ်..."

ေႏြဦးမွာ အရက္ကေလးမူးၿပီးဖက္အိပ္ခ်င္ပါရဲ့...
ေမာင့္အခ်စ္ငယ္.....

ေပြေပြလီလီ ေမာင့္ႏွလုံးသား......
ေျခဖဝါးရဲရဲေလးေတြ လာထိခတ္ထဲက...
အၾကင္နာရယ္ အစအဆုံးမရွိ....

ေမာင္ ခ်စ္တာေတြမ်ားေလ...မင္းအေပၚအလၽွံအပယ္...
အဆုံးအစမဲ့ပါပဲ ေမာင့္အခ်စ္ငယ္ေလးရယ္.....

မင္းက...မီးေတာင္ကေလး....
ေမာင့္ရဲ့ မီးေတာင္ေလး.....
သိပ္ပူ သိပ္ဆင္ျခင္သင့္လည္း
ေမာင္ကေခ်ာ္ရည္ပူေတြထဲ ထာဝရလက္ပစ္ကူးမယ့္
ေကာင္...

သိပ္အက်ည္းတန္တဲ့က်ိန္စာေတြကို
သိပ္လွတဲ့ဆုေတာင္းေလးေတြနဲ႔
ေသေသသပ္သပ္ ေျဖရွင္းခဲ့နိုင္သူ
မင္းက....ထက္ထက္ျမက္ျမက္.....။

ေလာကကမၻာဝယ္.....ေမာင္အခ်စ္ရဆုံးေသာ
ေမာင့္အခ်စ္ငယ္.........ေရ
ေနာင္ႏွစ္ေပါင္းရာခ်ီ ေထာင္ခ်ီ ဖြဖြရြရြ
ေန႔တိုင္း နမ္းေပြ႕ခြင့္ရပါေစဗ်ာ.....

2021ရဲ့ေမာင့္က်ိန္စာပါ အခ်စ္ေရ.......။
ၾကားမ်ားၾကားရင္....မ်က္ေစာင္းလွလွနဲ႔
တစ္ဘဝလုံးအရွုံးေပးခ်င္လာေအာင္
မင္းကျပဳစားျပအုန္းမယ္.......။

မာယာတစ္သိန္းက ေမာင္မဟုတ္ဘူး.....
ကေဝဆန္တာ ေမွာ္ဆန္တာ ေမာင္လုံးဝမဟုတ္
ေၾကာင္း လက္ခံရတဲ့အခ်ိန္မွာ
Jeon Jiminေရ.....ေမာင္ေတာ့ထမင္းလြတ္ဟင္းလြတ္ပဲ...

႐ူးပစ္ဖို႔ေကာင္းလိုက္တဲ့ကဗ်ာ
လွလြန္းတဲ့ကဗ်ာ
ေခါင္းစေျခဆုံး တန္ဖိုးအနဂၢထိုက္တဲ့ကဗ်ာ
ဆံပင္ေလးတစ္ေခ်ာင္းကအစလြင့္ထြက္ခဲ့ရတဲ့ကဗ်ာ
ေႂကြ႐ုပ္ေလးလို ကဗ်ာေလး....
JeonJimin က အဆုံးအစမဲ့ လြန္ၾကဴးေအာင္လွတယ္..
အထိန္းအကြပ္မရွိေအာင္ ဆြဲေဆာင္တယ္.....
မင္း သိပ္ အႏၲရာယ္မ်ားတာပဲ...ေမာင့္အခ်စ္ငယ္ရယ္...

႐ူးသြားရျခင္းအထိန္းအမွတ္ကဗ်ာကို
ကံၾကမၼာဖန္တီးသူကိုအငွါးေရးခိုင္းရေပမယ့္
သူမဘယ္လိုႀကိဳးစားေရးလည္း
ေမာင္ စိတ္တိုင္းမက်လို႔....ျပႆနာရွာခဲ့ၿပီးပါၿပီ

ဘယ္လို လက္မ်ိဳး ဘယ္လိုဦးေႏွာက္မ်ိဳး
ဘယ္လိုအေတြးအေခၚမ်ိဳးေတြနဲ႔မွ
Jeon JungKook ParkJiminအေပၚထားတဲ့
အေကြ႕အဝိုက္ အနိမ့္အျမင့္ ေမတၱာထုထည္ကို
လိုက္မွီေအာင္ မဖြဲ႕ျပတတ္ၾကဘူး.....
မလုံေလာက္ဘူးလို႔ပဲ ထင္လို႔...ေမာင္ေတာ့သူ႔ကို
ပလစ္ခဲ့ၿပီ......။

အရမ္းခ်စ္တယ္.....ေမာင့္အခ်စ္ငယ္.....။
အရမ္းခ်စ္တယ္......ဒါေမာင္ႏွစ္ညအိပ္စဥ္းစားထားေရးတဲ့ႏွစ္ေၾကာင္းပါ🤍 ဒါကိုပဲဖတ္ပါေနာ္🤍

.....................................................................................။

                                     အပိုင္း(၃၁)

ေဆးနံ႔ေလးေတြရေနတဲ့လက္ဖဝါးေတြ ေျခေထာက္
ေတြကို ၾကည့္ကာ Jimin ျပဳံးယဲ့ယဲ့....။
အအိပ္ၾကမ္းလြန္းသူသည္ေျခရင္းတြင္ကန့္လန့္ႀကီး။
Romatic ဆန္ေသာ မနက္မ်ားသည္
သိပ္ရွားပါးလြန္းပါသည္။တကယ္တမ္းဘဝေတြမွာ
ရင္ခြင္ထဲၿငိမ္ၿငိမ္ေလးအိပ္ေပ်ာ္ၿပီးျပဳံးျပဳံးေလး
နိုးလာနိုင္တယ္ဆိုတာေတာ္႐ုံတန္႐ုံကံၾကမၼာေကာင္း
မ်ိဳးမဟုတ္...။

JeonJungkookလိုေယာက်္ားမ်ိဳးနဲ႔ဆုံမိေသာ
သူ႔ဘဝကေတာ့ရင္ခြင္အျမဲေပ်ာက္ကာ
ကေလးလိုဆြဲလြဲေနရာျပန္ခ်ရတာမ်ားပါသည္။
ဖက္အိပ္ၾကတယ္ဆိုလည္းဘယ္ေသာအခါမွမသက္သာ
ျပားခ်ပ္သြားၿပီထင္ရေအာင္အတိုင္းအဆမဲ့။
လူအစား ဖက္လုံးထိုးေပးကာ ခပ္ခြါခြါအိပ္လိုက္ရ
တာမ်ားသည္။

မခ်စ္လို႔ေတာ့မဟုတ္ေပမယ့္ ဒုကၡအိုးေလးကိုက
လြန္လြန္းတာမို႔  ခုလည္းေျခသလုံးတစ္ဖက္ကို
ဆြဲဖက္ကာအိပ္ေနျပန္သည္။

အဲ့ဒီေျခေထာက္ေတြကို သူသဲသဲလွုပ္
လူထက္ လက္ကေလးေတြ ေျခေထာက္ကေလး
ေတြဆိုေမာင့္မွာ Sensitive.......။
အားနာဖို႔ေကာင္းလာရေအာင္ ေမာင္ကသိပ္ျမတ္ျမတ္နိုး
နိုးရယ္....။

အသာေလးဖက္ထားရာမွ႐ုန္းထြက္လိုက္ကာ
အလုပ္သြားဖို႔ျပင္ရမည္။
ညကေျပာခဲ့ေသာ ပထမဆုံးDinner Dateေလး
အေၾကာင္းစဥ္းစားမိေတာ့ ရင္ထဲသိမ့္ခနဲ....။

ျပႆနာက  ပုံဆိုးပန္းဆိုး ပါးစပ္ဟကာ
တစ္အိပ္ရာထဲအတူတူအိပ္ေနေသာ
ဒီရိုးရိုးအီအီ လူဆိုးနဲ႔ Dateရမွာကို
ဆယ္ေက်ာ္သက္ေလးလိုရင္ခုန္ေနျခင္း.....။

သဝဏ္လႊာေလးေတြပို႔ပို႔ၿပီး မီးပုံးပြဲေတြ
ပန္းပြဲေတာ္ေတြကိုသြားခ်င္လြန္းလို႔
ခ်ိန္းေတြ႕တယ္ဆ္ိုတဲ့ အေငြ႕အသက္ေလးရေအာင္
နန္းေဆာင္ျပတင္းေပါက္ကခုန္ခ်
တစ္ဖက္သတ္ အတူတူသြားခ်င္ခဲ့တဲ့အတိတ္က
ေအးစက္စက္Dateကေလးေတြ.....။
ဘယ္ေသာအခါကမွ Jeon ငယ္ကစတင္
မေတာင္းဆိုခဲ့ဖူး........။
ဒါေတြသည္လည္းအစြဲအလမ္းေတြ...။

တစ္ႀကိမ္တစ္ခါေလးေတာ့...အိမ္ေရွ႕စံလည္း
ေမၽွာ္လင့္ခဲ့မွာပဲ....ေလာကကိုသာခ်မျပခဲ့တာ
ႏွလုံးအိမ္ထဲေသခ်ာေပါက္စတင္ေတြ႕ဆုံရေအာင္
ဆိုတဲ့ ခ်ိန္းဆိုမွုေလးကို႐ူးေနေအာင္လိုခ်င္ခဲ့ရွာမွာ။

ပထမဆုံးေသာ ခ်ိန္းဆိုမွုေလးမွာဆိုင္သူေလး
သည္ စိတ္ေတြလည္းလွုပ္ရွားေနကာ
ဝန္ခံရမည္ဆိုရိုးသားစြာေပ်ာ္ရႊင္ေနပါသည္။

တစ္ခါေလးမွ အခြင့္အေရးမွမရွိခဲ့ဖူးတာ။
စေတြ႕ထဲက မုန္းလြန္းလို႔ဟု အေၾကာင္းျပခ်က္မဲ့
လက္ညိဳးေငါက္ေငါက္အထိုးခံကာအေျပာခံ
ခဲ့ရသည္။ေျပာင္းလဲခ်စ္လာျပန္ေတာ့လည္း
တစ္ရက္မွစိတ္ခ်လက္ခ် ေအးေအးခ်မ္းခ်မ္း
မျဖစ္ခဲ့ရ.....။

ေျပာစကားနားမေထာင္တာရယ္ဆုံးမမရတာရယ္
ေပြေပြရွုပ္ရွုပ္ဗီဇေလးကလုံးဝကိုမေပ်ာက္ေနတာ
ေၾကာင့္ရင္တမမနဲ႔ခ်စ္ရသည္။

ေမာင့္စ္ိတ္ ကိုခုထိတိုင္သူမပိုင္ေနပါ.....
ေမာင္က အျပစ္လုပ္ၿပီးရင္ မွားသြားရင္
ေခါင္းတိုးခၽြဲလိုက္ကိစၥျပတ္တာပဲဆိုတဲ့
သီအိုရီနဲ႔......ထင္တိုင္းၾကဲ....။

လူကိုသာလက္မွတ္ထိုးမဂၤလာေဆာင္ထားလို႔
ပိုင္ေနရတယ္....ႏွလုံးသားကိုလည္း
ခ်စ္တယ္ဝန္ခံထား၍ပိုင္ရသလိုလိုနဲ႔
တကယ္တမ္း ကိစၥေတြက် ေမာင္လုပ္ခ်င္တာပဲလုပ္တာ။
မေန႔ကကိစၥကသက္ေသ....။

KimTaeHyungသည္ လည္းဘာေတြကို
ဘယ္လိုနားလည္ေပးရမွန္းမသိ။
အာ႐ုံေတြထဲမွာေတာ့ရီေဝေဝမ်က္လုံးေတြကို
ျပန္ျမင္မိတိုင္း ေျခာက္ျခားသည္။
ျပသနာ အၾကည့္ေတြလို႔အလိုလိုကို ခံစားမိေနတာ။

တကယ္တမ္းျပႆနာေတြရွိလာရင္ေတာင္
ေမာင့္ သူ႔နားကတစ္လွမ္းေလးေတာင္မေရြ႕သြား
ေစဖို႔....လက္ကေလးနဲ႔ေတာင္မရြယ္လိုက္ဖို႔
လိုပါသည္။
မနက္မိုးလင္းထဲကရင္ခုန္ေပ်ာ္ရႊင္ရျခင္းေတြနဲ႔
အတူKimTaeHyung ထည့္ေပးထားေသာ
ဆိုက္ကိုက လည္းကပ္လၽွက္.ရွိသည္။

ေစာင္ကိုေျခရင္းကလူအေပၚျခဳံေပးခဲ့ကာ
အလုပ္သြားရန္ေရခ်ိဳးျပင္ဆင္ခဲ့သည္။
ညက ၿပိဳလဲေၾကကြဲေနလည္း ဘယ္ကစြမ္းအင္
ေတြရသလဲမသိ...သြားတိုက္ေနစဥ္မွာလည္း
ျပဳံးစိစိ....။

အမွိုက္ပုံးထဲမွာလို႔ ရြဲ႕ေျပာခဲ့ေသာအဖိုးတန္
လက္ထပ္လက္စြပ္ဘူးကို
ဗီရိုထဲကထုတ္လာကာ ျမင္ေအာင္စားပြဲေပပၚ
တင္ေပးထားလိုက္သည္။

သန္းခ်ီတန္ေသာလက္စြပ္ေတြ...
JEon Groupရဲ့ဆက္ခံသူဝတ္ဆင္မယ့္အရာ
မလို႔ေပါ့ေသးေသးေတာ့မဟုတ္...။
ဒါေပမယ့္ ဘယ္ေလာက္တန္ဖိုးႀကီးႀကီး
ဒီပစၥည္းေတြသည္ အတိတ္မွာ ႏွစ္ေယာက္စလုံး
ဝတ္ထားဖို႔ မအပ္စပ္တဲ့အခါေခ်ာင္ထိုးခံခဲ့ရသည္။

ဘယ္ေလာက္တန္ဖိုးႀကီးႀကီးအဓိပၸာယ္မရွိရင္
ဘာမွမသုံးမဝင္......။

.....

"အကိုေလး.....ကိတ္ကေလကုန္ေနတယ္
သတိထားမိေပမယ့္ ေစ်းသြားဝယ္တာ
ေမ့လာလို႔ေလ....အဲ့တာ...."

မနက္စာCoffeeနဲ႔မုန့္စားဖို႔ျပင္လိုက္ခ်ိန္
သူစားတတ္ေသာကိတ္မရွိတာေၾကာင့္အိမ္အကူ
ေလးကတုန္တုန္ရီရီလာေျပာသည္။

"ရပါတယ္.....ကိုယ္အဆင္ေျပေအာင္
စားလို႔ရတယ္ ေၾကာက္ေနတာလား
မေၾကာက္ပါနဲ႔ ရင္းရင္းႏွီးႏွီးေပါ့....ဘာမွမျဖစ္ဘူး."

ေကာက္ခ်ီေျပးကာသခင္ေလးဘာေတြလုပ္လိုက္လဲမသိ။
ညကေတာ့ သဲအိတ္လိုရင္ဘက္ကိုေျခစုန္ကန္ေနရင္း
ေဒါသကုမၼရအကိုေလးသည္
မိုးလင္းေတာ့ရင္းရင္းႏွီးႏွီးေပါ့တဲ့။

အေျပာင္းအလဲျမန္လြန္းမွုေတြသည္ႏွစ္ေယာက္စလုံး
သိပ္ေၾကာက္စရာေကာင္းသည္။

"ေက်းဇူးတင္ပါတယ္ ကၽြန္မအဆူခံရပီမွတ္ေနတာ..."

"ဆူစရာလား....ကိုယ္ဒီေလာက္သေဘာေကာင္းတာ..."

အရင္တုန္းက အိမ္စေရာက္စကပါ....။
ခုမ်ားေတာ့ သခင္ေလးထက္ပင္ပိုသတိထားရမယ့္
သူလိုတုန္တုန္လွုပ္လွုပ္။ညကပုံစံကိုၾကည့္ရင္
ဘယ္သူက အဓိက လဲဆိုတာ ရွင္းရွင္းလင္းလင္း။

သခင္ေလးလိုလူမ်ိဳးငိုခ်မတတ္ေျပးလႊားေခ်ာ့ေမာ့
ရတဲ့ျဖစ္တည္မွုသည္ ခုလက္ရွိသူ႔မ်က္ႏွာေလးျပဳံးေနေပမယ့္အဆိပ္ဘယ္ေလာက္ျပင္းေၾကာင္း ထုတ္မေျပာလဲ
ခပ္ရွင္းရွင္းပါပဲ...။

JEonအိမ္ေတာ္မွာ ParkJiminကVIP.......။

"အနာေတြအဆင္ေျပရဲ့လားအကိုေလး...
ကၽြန္ေတာ္ ဆရာဝန္အိမ္ေခၚေပးရမလား..."

"သူ ေဆးထည့္ေပးတယ္....ေပ်ာက္သြားၿပီ..."

Coffeeေလးတစ္က်ိဳက္ေသာက္ကာခြက္ကိုခပ္ဖြဖြ
ခ်ၿပီး ျပဳံးျပဳံးေလးေျပာပုံကေႂကြ႐ုပ္ေလးလို။
သိပ္ၾကည္လင္ေနတဲ့အခါ MD Parkအလွပိုစုံသည္။
မာေက်ာလာေတာ့ အႏၲရာယ္မ်ားသည္။
သနားစဖြယ္ၿပိဳလဲက်ျပတဲ့အခါ ျမင္ရသူတိုင္းကို
ရင္ကြဲနာက်ေစသည္။

ကေဝစစ္စစ္ကသူ.....။

အိမ္ေတာ္ထိန္းႀကီးသည္အဆင္ေျပသြားၾက
တာေသခ်ာပုံေပါက္၍ဘာမွထပ္မေျပာေတာ့။
လိုအပ္တာစီစဥ္ေပးေနခဲ့သည္။

မနက္စာအခ်ိန္ယူစားေနစဥ္ ထူးထူးဆန္းဆန္း
အေပၚထပ္မွဆင္းလာေသာေလွကားက
ေျခသံေတြကိုၾကားလိုက္ရတာေၾကာင့္
Jimin လွမ္းၾကည့္တဲ့အခါ မ်က္လုံးေတြကို
လက္ျဖင့္ပြတ္သပ္ကာ မပြင့္တပြင့္ျဖင့္
အိပ္ရာထဲကထလာတဲ့သူ....။

ဆံပင္စုတ္ဖြား မေန႔ကအက်ီေတြႏွင့္
ညစ္တိညစ္ပတ္သည္ မ်က္ႏွာလည္းမသစ္
ဘဲ ဘာလာလုပ္ျပန္ၿပီလဲမသိ။
အိပ္ရင္းေယာင္ကာထလမ္းေလၽွာက္တာမ်ိဳးလား။

မျဖစ္နိုင္....မနက္စာစားေနေသာေနရာကို
တန္းမတ္စြာေလၽွာက္လာၿပီး လြတ္တဲ့ခုံတစ္ခုံ
ဝင္ထိုင္သည္။

"အေစာႀကီးရွိေသးတယ္ ေယာင္ပီးထလာတာလား.."

စားပြဲေပၚေခါင္းကိုေမွာက္ခ်ကာမပြင့္တပြင့္
မ်က္လုံးေတြနဲ႔ အိပ္ခ်င္မူးတူးၾကည့္ေနၿပီး

" ေမာင္ညက ေခ်ာ့တာ ဘယ္နားေရာက္သြားၿပီလဲ
အိပ္ေပ်ာ္သြားေတာ့....ဘယ္ကျပန္စရမွန္းမသိေတာ့လို႔..."

ခပ္အက္အက္အသံျဖင့္ႏွာေခါင္းေလးေတြကို
ပြတ္သတ္ကာကေလးလိုလို...။
ငယ္ပါေသးတယ္...။ဒီလိုပုံစံေလးက်ေတာ့လည္း
အမ်ိဳးသားတစ္ေယာက္ေယာက်္ားတစ္ေယာက္
လိုခံစားမရ...။အသိစိတ္နဲ႔မသိစိတ္မပူးမကပ္
အေျခအေနေလးမွာ ေမာင့္ စာမ်က္ႏွာလွလွေလး
ေတြေပၚလာေတာ့သည္။

"ေခ်ာ့ၿပီးပါၿပီ....သြားသြားျပန္အိပ္..."

"Company ဒီေန႔လိုက္မလို႔....."

ဒိန္းခနဲ.....။က်န္တာအားလုံးအဆင္ေျပေပမယ့္
အလုပ္ကို အက်ီစဆြဲကာလိုက္ရွုပ္တာမ်ိဳး
သည္နည္းနည္းေလးမွကိုအဆင္မေျပပါ.....။
သူစိတ္မထင္လို႔ တစ္ခါတစ္ေလလိုက္လိုက္လာကာ
ဂ်ီရင္ တေနကုန္ ဘာအလုပ္မွမျဖစ္...။
ခုေနာက္ပိုင္းေတြ မလိုက္ေတာ့သလိုလိုနဲ႔
တစ္စခန္းထလာျပန္ၿပီ။

"ဘာလိုက္လုပ္မွာလဲ....မင္းဘာမွလည္း
မျပင္ဆင္ရေသးဘဲ...."

"Dateမယ္ေလ...."

"ညမွေလ Dinnerက Romatic ေတြလုပ္ေပး
မလို႔ဆိုမစီစဥ္ဘူးလား ငါ့ေနာက္ဘာလိုက္လုပ္မွာလဲ"

"တစ္ေယာက္ထဲအိပ္က်န္ခဲ့ရတာ
အထီးက်န္လို႔..."

အလုပ္သြားတဲ့မနက္တိုင္းသူအိပ္အိပ္က်န္ခဲ့တဲ့
ဟာ ဒီမနက္မွ ခ်က္ခ်င္းအထီးက်န္သြားၿပီ။

"အရင္မနက္ေတြက ဘာေတြရွိလို႔
အထီးမက်န္တာလဲ မနက္တိုင္းငါအလုပ္သြားေနတာပဲ"

"Company ကိုေခၚပါ...."

လက္ထဲကကိုင္ထားေသာမုန့္ကိုဆက္ခနဲယူကာ
ပါးစပ္္ထဲထည့္လိုက္တဲ့သူ။

"သြားမတိုက္ဘဲ ငါညစ္ပတ္တာေတြ
အရမ္းမုန္းတာေနာ္ JungKook.....
လိုက္မယ္ဆိုလည္းမ်က္ႏွာေတာ့သစ္..."

"မသစ္ခ်င္ဘူး..."

"ခဏေလးပဲေနၿပီး Dinner ကိစၥေမာင္
သြားစီစဥ္ပါ့မယ္..."

"Company ကိုဘာအထူးအဆန္းရွ္လို႔
အဲ့ေလာက္လိုက္ရွုပ္ခ်င္ရတာလဲမသိဘူး...."

"မင္းအလုပ္လုပ္ေနရင္ေမာင္ဖက္ထားၿပီး
ဆက္ေခ်ာ့ခ်င္လို႔ပါ..."

"ငါေျပာမယ္ ေခ်ာ့တာကရပီ ငါစိတ္ေျပၿပီ
အဲ့ေလာက္ ဇာတ္ေၾကာရွည္ဖို႔မလိုဘူး
ငါမိန္းကေလးလည္းမဟုတ္ဘူး မလိုက္နဲ႔.
မင္းလိုက္ရင္ အလုပ္မတြင္လို႔ပါကြာ.."

"ေခ်ာ့ရတာ မဝလို႔....တစ္ခါမွဘယ္သူ႔ကိုမွ
မေခ်ာ့ဖူးေတာ့ ေခ်ာ့တဲ့အရသာတအား
မိုက္တာ ခုမွသိတာ စိတ္ဆက္ေကာက္ကြာ...ေနာ္.."

"JeonJungkook..ေတာ္ပီလို႔ လူေတြနဲ႔....."

"ေမာင္က ကားေပၚမွာအိပ္ေစာင့္ေနမွာပဲ
စားပီး ထြက္ခဲ့ေတာ့...."

ပါးတစ္ဖက္ကိုတားေနတဲ့ၾကားရႊတ္ခနဲနမ္းကာ
ဆိုဆုံးမ၍မရသူသည္အိမ္အျပင္သို႔ထြက္သြား
ၿပီ။ရွက္တာေပါ့.....။အိမ္ေတာ္ထိန္းႀကီးကိုေမာ့
ၾကည့္ေတာ့ အိမ္ေတာ္ထိန္းႀကီးလည္းျပဳံးစိစိ
တစိအိမ္လုံးျပဳံးစိစိ...။
ရွက္ကိုးရွက္ကန္းျဖင့္ယူစရာရွိတာယူကာ
မနက္စာစားျခင္းကိုရပ္ၿပီး မ်က္ႏွာေတြလည္းပူတာ
မို႔ထြက္သာလာခဲ့ေတာ့သည္။

..........

"ငါနင့္က္ိုေျပာေနတာစာရင္းေတြလြဲေနတယ္လို႔
ျပန္ပို႔..Totalကိုေသခ်ာစစ္စမ္း.."

"MD က်မမၾကားရဘူးက်ယ္က်ယ္ေျပာေပးပါ.."

"မကိုက္ဘူး ျပန္စစ္လို႔ေျပာေနတာ.....
နားေလးေနလား..."

"ရွင္...ဘာကို..."

MD Parkအလုပ္သည္မတြင္ပါ.....။ကားေပၚေရာက္
သည္ႏွင့္အတြင္းေရးမွူးမေလးပို႔ေသာ
စာရင္းေတြကလြဲေခ်ာ္ေနတာမို႔ဖုန္းဆက္ေအာ္
ခ်င္ခဲ့ေပမယ့္ထုံးစံအတိုင္းေပါင္ေပၚေခါင္းအုံးကာ
အက်ီထဲေခါင္းတိုးအိပ္ေနေသာဒုကၡေကာင္ေၾကာင့္
က်ယ္က်ယ္လည္းမေအာ္ရဲ..။

ေအာ္လို႔နိုးသြားမွာကိုလည္း MDParkမျဖစ္ခ်င္။
အိပ္ခ်င္ေနတာသိတာမို႔ လက္တစ္ဖက္ကေခါင္းကို
ထိန္းကိုင္ထားရကာတဖက္ကဖုန္းေျပာေနရသည္။
အေရးထဲအေတြးေရးမွူးက တိုးလြန္းေသာအသံကို
နားမလည္ေန....။

"ဒါပဲဟာ....ေရာက္မွစစ္မယ္ ဒါပဲဒါပဲ...."

"MD ...MD..."

ျပန္ေတာင္ေဟာက္ေနၿပီ...၊ဒါကိုသက္သက္လိုက္
ရွုပ္ခ်င္ေသးတာ...။ကေလးစိတ္ထက္ပိုလြန္ကဲတာေပါ့။

"ဘရိတ္ေဆာင့္မအုပ္နဲ႔ေနာ္....."

"ဟုတ္ကဲ့ အကိုေလး....."

"ေျဖးေျဖးေမာင္း ေနာက္က်လည္းရတယ္..."

"ဟုတ္ကဲ့....."

"သခင္ေလးက ဒီလိုက်ေတာ့လည္းကေလးေလး
လိုပဲ ေနာ္....အျပစ္ကင္းတယ္...."

"ဒီလိုမေနလည္း သူကအျပစ္ကင္းပီးသားပါ
ဆိုးတာက မိုက္တာ အျပစ္မွမဟုတ္တာ..."

ဒီလ္ိုမေနရင္ အျပစ္ရွိတဲ့ လူမိုက္ဆိုတဲ့သေဘာ။
ဒါမ်ိဳးမရ....ေမာင့္ကို သူပဲေဝဖန္မယ္။

"ဟုတ္ပါတယ္....ဦးေလးနားလည္ပါတယ္..."

Company ေရွ႕ေရာက္ေတာ့ၿငိမ့္ခနဲကားေလး
ရပ္သြားျခင္းနဲ႔အတူ MD Parkမႏွိုးလို႔မရေတာ့။

"Jungkook....JungKook ...ထေတာ့...
ေရာက္ၿပီ....."

အိပ္ေမာက်ေနရာမွ အိပ္မွုံစုံမႊားထလာကာ
ေပါင္ေပၚလွဲေနရာမွ ထိုင္လိုက္ေပမယ့္ဆက္အိပ္ေနတုန္း။

"အရမ္းအိပ္ခ်င္ေနရင္ မလိုက္ေတာ့နဲ႔ေလ
အိမ္ျပန္လိုက္သြားၿပီး ျပန္အိပ္ မင္းပုံစံက
အဆင္မေျပဘူး...."

"အင္း....."

မ်က္လုံးေတြမပြင့္ခုံကိုမွီကာ ပီးပီေရာ အင္းကို
ခ်သည္။

"ၿပီးေရာ.....အိမ္ကိုတန္းတန္းမတ္မတ္ျပန္အိပ္ေနာ္"

"အင္း....."

"ကိုယ္မႀကိဳက္တဲ့သူေတြနဲ႔သြားမေတြ႕ရေတာ့ဘူးေနာ္"

အိပ္ခ်င္မူးတူးမလို႔ ဒါမ်ိဳးေျပာရဲတာ...။
ပုံမွန္ဆို MDက ရွုံးတယ္ထင္၍ေျပာမွာမဟုတ္..။

"အင္း....."

"ဦးေလး...သူအိပ္ခ်င္ေနတာလိုက္မွာမဟုတ္ေတာ့
ဘူး အိမ္ျပန္ေမာင္းပို႔လိုက္....ဂ႐ုစိုက္အုန္းေနာ္.."

"ဟုတ္ကဲ့...."

MD Parkသည္ ခုံကိုမွီကာ ေနာက္တေရးျပန္အိပ္
ဖို႔အရွိန္ယူေနေသာသူကိုတစ္ခ်က္ၾကည့္ၿပီး
ခိုးျပဳံးကာ ထြက္သြားေတာ့မည့္ဆဲဆဲ
ကားတံခါးLockဖြင့္ၿပီးမွ မဆင္းဘဲေမာင့္ကို
ျပန္ၾကည့္သည္။

ရွပ္အက်ီဝတ္တိုင္း ၾကယ္သီးသုံးလုံးပဲတပ္တတ္
ေသာဒီေယာက်္ား၏အထာကိုသူစိတ္တိုင္းမက်တာ
ၾကာပီ...။အက်ီဟျပဲကိုစိတ္ထဲသိပ္ဘဝင္မက်
Car Airconကလည္းသိပ္ေအးတာေၾကာင့္
ဆိုင္သူေလးသည္ ေမာင့္အနားကပ္ကာ
အနက္ေရာင္ Shirtအက်ီၾကယ္သီးေတြကိုျပန္တပ္
ေပးေနသည္။

ထူးထူးဆန္းဆန္းရင္ဘက္နားရြစိရြစိလက္ကေလး
ေတြေၾကာင့္ေမာင္ မ်က္လုံးေတြဖြင့္ၾကည့္ေတာ့
ခပ္စူစူႏွုတ္ခမ္းေလးကိုအရင္ျမင္ရကာ
သိပ္မစိခ်င္ေသာ Shirtနဲ႔ ေမာင့္ ရင္ဘက္အက်ယ္
ႀကီးေတြကို အတင္းရေအာင္စိ ၿပီးၾကယ္သီးေတြတပ္
ေပးေနတာ.....။

"ဘာေတြလာလုပ္ေနတာလဲ....."

"ၾကယ္သီးတပ္ေနတာေလ...."

"မတပ္နဲ႔....ေမာင္အသက္ရွုက်ပ္တတ္လို႔....."

"က်ပ္ရင္ မရွူနဲ႔.....မျဖဳတ္နဲ႔ေနာ္
ေနာက္....ေနာက္ထပ္ Shirt ေတြဝတ္ရင္
ဒါႀကီးကို ျပျပမဝတ္နဲ႔....ငါ...မႀကိဳက္...ဘူး...."

ရင္ဘက္ကိုလက္ေသးေသးေလးနဲ႔ဖ်က္ခနဲ
ရိုက္ကာေျပာၿပီး ကားေပၚကဆင္းေျပးသြားတဲ့သူ။
ကိုယ့္ေယာက်္ားကိုယ္တြန့္တိုတာေလးေတာင္
JeonJimin တို႔က စကၠန့္ပိုင္းေလာက္ပဲျမန္ျမန္
တြန့္တိုျပၿပီးထြက္ေျပးသည္။
ေမာင္ ခံစားေက်နပ္၍ေတာင္ မဝေသး....
ရွက္ကာ ေျပးသြားေတာ့သည္။

ေမာင္ခုံကိုမွီကာ ျပဳံးျပဳံးႀကီး.....။
အိပ္ခ်င္စိတ္ေတာင္ ေပ်ာက္သည္....။
Romနဲ႔ အၿပိဳင္ႀကီးခ်င္လို႔ Workoutေတြလုပ္ခဲ့တဲ့
အက်ိဳးဆက္သည္ ေတာ္ေတာ္ကိုအသီးအပြင့္
ေကာင္းလွသည္။
Gymသြားကာ ထပ္ေဆာ့အုန္းမည္...။
ႀကီးလာေလ....ဒါမ်ိဳးေလးဖ်က္ခနဲရိုက္ကာ
ဥစၥာေျခာက္ျပေလ ျဖစ္မွာပဲ......။
ေက်နပ္လိုက္တာဆိုတာ....သြားျပန္မစိနိုင္ခဲ့။

ေနာက္ကေျပးလိုက္ကာ ဖ်စ္ညႇစ္ဖက္နမ္းလိုက္
ရင္Company မွာအရွက္ခြဲပါတယ္ျဖစ္အုန္းမွာ
မလို႔ေမာင္လႊတ္ေပးလိုက္သည္။

"Driverႀကီး ကၽြန္ေတာ့္လိုသဝန္တိုခံရဖူးလား..."

"မခံရဖူးပါဘူး...."

"သနားစရာေကာင္းလိုက္တာဗ်ာ.....
ကၽြန္ေတာ္ဒါမ်ိဳး အခါေပါင္းမ်ားစြာပဲ....သိလား.."

ပထမဆုံးေသာ Officials သဝန္တိုျပမွုကို
ေမာင္က အခါေပါင္းမ်ားစြာခ်က္ခ်င္းလုပ္ပစ္လိုက္
သည္။

"ဂုဏ္ယူပါတယ္ သခင္ေလး...."

"ေနာက္ဆို ကၽြန္ေတာ္အက်ီမဝတ္ေတာ့ဘူး........"

တစ္ေယာက္တမ်ိဳးစီ နားလည္ရခက္ေသာ
အေတြးအေခၚေတြကို သူတို႔ႏွစ္ေယာက္ပဲနားလည္
နိုင္မွာမို႔ Driver ႀကီးက ေအာင့္သက္သက္ျဖင့္
ေခါင္းညိတ္ျပ႐ုံကလြဲ....။
..................................။

လိေမၼာ္သီးစိတ္ခ်ဥ္ခ်ဥ္ေတြကို ခ်ဥ္ေနရက္နဲ႔
ပါးစပ္ထဲထည့္ေနကာ စားပြဲေပၚ ပ်င္းတိပ်င္းရြဲ
ထိုင္ကာ ထုံေပေပျဖင့္စားေနေသာေကာင္းကင္ျပာ
ေလးသည္ ရွုပ္ပြပြဆံပင္ေလးေတြနဲ႔......။

MinYoongi သည္အလုပ္သြားရန္အက်ီလက္
ၾကယ္သီးကိုတပ္လၽွက္ေလွကားေတြအတိုင္း
ဆင္းလာသည္။
ထမင္းစားခန္းထဲဝင္ကာ Coffee ေဖ်ာ္သည္။
မုန့္တခ်ိဳ႕ယူကာ စားပြဲေပၚတင္လိုက္ၿပီး
မနက္စာစားရန္စီစဥ္ေနသည္။

ညထဲက တစ္အိပ္ရာထဲသာအတူဝင္အိပ္ခဲ့ၾကတာ
စကားလည္းမေျပာခဲ့ၾက။ေက်ာခိုင္းကာ
ကိုယ္အဆင္ေျပသလိုသာ အိပ္ေပ်ာ္ေအာင္အိပ္
လိုက္ၾကသည္။

"ညက ထယ္ေတြ႕လိုက္တာ အိမ္ကစီစဥ္ေပးတဲ့
လူႀကီးအိမ္ေထာင္ဘက္......ျပင္သစ္ကေန
ေတာင္လာေတြ႕ရေတာ့ သူသြားခ်င္တဲ့ေနရာေလး
ေတြ လူႀကီး လိုက္မေပးလို႔မေကာင္းဘူးေလ....."

ခ်ဥ္စုတ္ေနတဲ့လိေမၼာ္သီးတစ္စိတ္ကိုပါးစပ္ထဲ
ပစ္ထည့္လိုက္ၿပီး ထယ္ေယာင္းမၾကားသလိုသာ
ေနေနသည္။

"အာ....Sorry.... ParkJimin ကိစၥမွမဟုတ္တာ
ထယ္ေလး ဘယ္စိတ္ဝင္စားပါ့မလဲ
Sorry Sorry ..."

ဖ်က္ခနဲလွန္ၾကည့္လာေသာမ်က္လုံးေလးေတြ.....။

"ေရခဲေသတၱာထဲမွာ စေတာ္ဘယ္ရီေတြရွိတယ္ေလ
ဒီခ်ဥ္တာႀကီးေတြဘာလို႔စားေနတာလဲ....
လူႀကီးယူေပးမယ္..."

"မစားဘူး မယူနဲ႔ ခ်ဥ္တာပဲစားမယ္...."

ထမည့္ဆဲဆဲ MinYoongi ကျပန္ထိုင္လိုက္သည္။
KimTaeHyung ကKimTaeHyung ပါပဲ။

"ကိုယ္ေန႔တိုင္းစားၿပီးအဆင္ေျပလာတဲ့
စေတာ္ဘယ္ရီေတြရွိရက္နဲ႔ ခ်ဥ္စုတ္ေနတဲ့အရသာ
ႀကီးကို မေကာင္းလာမွန္းသိသိရက္နဲ႔
ဇြတ္တိုးေနတာ ထယ္ စားလို႔မေကာင္းတာေတာ့
လက္ခံတယ္မလား ဘယ္လိုေနလဲ....."

"အလုပ္သြားမွာမလား သြားေတာ့....
စိတ္မၾကည္ဘူး....."

Yoongi သည္ေခတၱတိတ္ဆိတ္သြားၿပီးမွ
Coffee ကိုကုန္စင္ေအာင္ေသာက္လိုက္ကာ
ထယ့္ဆီေလၽွာက္လာသည္။

"တကယ္လို႔မ်ားေပါ့ ထယ္......လူႀကီးခံနိုင္ရည္
ေတြလုံးဝမရွိေတာ့လို႔ တစုံတခုကိုေသခ်ာ
ဆုံးျဖတ္မိလိုက္ရင္ မင္းတစ္ေယာက္ထဲက်န္ခဲ့မယ့္
ဘဝမွာ အဆင္ေျပေအာင္ေနပါ..."

"အရမ္းခ်စ္ခဲ့တာပါ...မင္းကိုစြန့္လႊတ္မဲ့အစား
ကိုယ့္ကိုကိုယ္ပဲစြန့္လႊတ္မယ္လ္ို႔ ေျပာခဲ့ေပမယ့္
အစြန့္ပစ္ခံရတာ က ကိုယ္ကိုယ္တိုင္ျဖစ္ေနေတာ့
မင္း မခ်စ္တာႀကီးကို အတင္းအက်ပ္ခ်ည္ထားခဲ့
သလိုျဖစ္ေနေတာ့ ကိုယ္ပင္ပန္းလာတယ္...."

"ခ်စ္တဲ့သူကို မပိုင္ဆိုင္ရတဲ့ၾကား
မခ်စ္တဲ့သူနဲ႔ အတူတူေနရတာ မင္းလည္းပင္ပန္းေနမွာ
ParkJimin နဲ႔မင္းနီးဖို႔ သူတို႔ကြဲကြာသြားဖို႔
အႀကိတ္အနယ္ႀကိဳးစားေနတဲ့အခ်ိန္မွာ
လူႀကီးလည္း မင္းအနားကထြက္သြားနိုင္ဖို႔
ႀကိဳးစားေနပါတယ္.....ေန႔တိုင္းပဲ မင္းမခ်စ္လို႔
သတိမထားမိေပမယ့္ ထယ္ေလး စိတ္ခ်ပါ
လူႀကီး မင္းဘဝကေန မင္းအဆင္ေျပေအာင္
ေပ်ာက္ကြယ္ေပးေတာ့မွာပါ......"

လိေမၼာသီးေတြနဲ႔ေကာင္ေလးနားကပ္ကာ
ဆံပင္ျပာျပာေလးေတြကိုရွင္းလင္းေပးရင္း
ေျဖးေျဖးခ်င္းေျပာေတာ့ၿငိမ္သက္ေနသည္။
လည္တိုင္ေက်ာ့ေက်ာ့ေလးကို ဖြဖြေလးနမ္းေတာ့
လည္းအ႐ုပ္ကေလးလိုပဲ....မလွုပ္မယွက္....။

"စိတ္ထဲကမပါလည္း မခ်စ္နိုင္လည္း
တစ္ခ်က္ေလာက္ ျပန္နမ္းပါလား....
အရင္လို ဟန္ေဆာင္ပန္ေဆာင္ေလးေလ..."

နာနာက်င္က်င္ၾကည့္လာသည္။မ်က္ရည္ေတြ
လည္းဝဲေနသည္။နီျမန္းေနေသာမ်က္ႏွာ
ေခ်ာေခ်ာေလးနဲ႔မေက်မနပ္စူးစိုက္ကိုၾကည့္ကာ

"ဘဝကို သိပ္ခက္ေအာင္လုပ္တာပဲMinYoongi
ခင္ဗ်ား သိပ္ဥာဏ္ေကာင္းလြန္းတယ္....
ခင္ဗ်ားဒီလိုေတြေျပာလို႔ KimTaeHyung က
ထိသြားမယ္ထင္လား...အေဝးႀကီးေနာ္...
ခင္ဗ်ားမရွိေတာ့ေရာ ဘာျဖစ္လဲ....
ဘာျဖစ္သြားမွာမလို႔လဲ....!!!
မိန္းမယူဖို႔ လမ္းလာေၾကာင္းေနတာမလားယူေလ
ယူေပါ့!!!!ParkJiminကိုပဲခ်စ္တာ
ParkJimin ကိုပဲ လိုခ်င္တာ.....အဲ့အတြက္ခင္ဗ်ား
ဘာလုပ္လုပ္ ဘယ္လိုဆုံးျဖတ္ဆုံးျဖတ္
ေသာက္ဂ႐ုမစိုက္ဘူး သြား!!!ထြက္သြား!!!"

လိေမၼာ္သီးေတြထည့္ထားေသာေႂကြပန္းကန္ကို
ၾကမ္းျပင္ေပၚကိုင္ေပါက္ကာ ေကာင္းကင္ျပာေလး
မိုးေတြညိဳ႕မွိုင္းသြားသည္။

"ParkJimin ကိုအရမ္းခ်စ္လို႔ထင္တယ္
မ်က္ရည္ေတြက်လာတာလား...
ကိစၥမရွိဘူး လူႀကီးသုတ္ေပးမယ္.....
အခ်စ္ႀကီးလိုက္တာ..."

ParkJimin ကိုခ်စ္လို႔က်တဲ့မ်က္ရည္ေတြလား
ထယ္ေယာင္း ဘာအတြက္ငိုမိမွန္းေတာင္
ကိုယ္တိုင္မသိ...။
တစ္သၽွဴးယူကာ MinYoongi ကဂ႐ုတစိုက္သုတ္
ေပးသည္။
ထို႔ေနာက္ တစ္သၽွဴးတစ္ခုလက္ထဲထည့္ေပးခဲ့ကာ
Coffeeခြက္နဲ႔မုန့္ပန္းကန္ေတြ လိေမၼာ္သီးေတြ
ေကာက္သိမ္းလၽွက္ ဘာမွမေျပာေတာ့...။
အလုပ္သြားရန္ အိတ္တစ္အိတ္ဆြဲကာထြက္သြား
ေတာ့သည္။

TaeHyung သည္ စားပြဲေပၚမ်က္ႏွာတစ္ခုလုံး
ေမွာက္ခ်ကာ ေခါင္းစဥ္လည္းမရွိဘဲ
ဘာကဝမ္းနည္းသြားေစခဲ့တာလည္းမသိဘဲ
ဘာေၾကာင့္ ေဒါသေတြထြက္ေနရသလဲမသိဘဲ
ႏွလုံးသားတစ္ခုလုံးရွုပ္ယွက္ခတ္ေနကာ
ေအာ္ငိုခ်င္စိတ္တစ္ခုထဲသာရွိေတာ့တာမို႔
အက်ယ္ႀကီးေအာ္ငိုမိလိုက္သည္။

အခန္းတံခါးေပါက္ဝေရာက္ေတာ့ၾကားလိုက္ရ
ေသာေအာ္ငိုသံႀကီးေၾကာင့္ MinYoongi
ေျခလွမ္းေတြရပ္တန့္သြားၿပီး ေခတၱရပ္ေနကာ
ခဏအၾကာေတာ့ဆက္ထြက္သြားခဲ့သည္။

ခင္ဗ်ားတို႔ေတာ့လြယ္မယ္ထင္တာပဲ.....။
ျဖစ္ခ်င္ေတာ့ ဒီဇာတ္လမ္းမွာ အခက္ခဲဆုံး
ေသာဇာတ္လိုက္ေက်ာ္က ကၽြန္ေတာ္ျဖစ္ေနတယ္...။
မညႇာေတာ့ဘူး....ထယ့္ကို ကၽြန္ေတာ္တကယ္
မညႇာတာနိုင္ေတာ့ဘူး.....။
.............

စားပြဲေပၚေမွာက္ကာ ေဒါသထြက္ထြက္နဲ႔
ငိုေနတုန္း အဆက္မျပတ္ၾကားေနရေသာ
ဖုန္းထဲက Notifications အသံေတြ....။
စိတ္ရွုပ္ကာ ဖုန္းပိတ္ဖို႔ဆြဲယူၾကည့္လိုက္ေတာ့
Group Chatထဲ အျပန္အလွန္ေျပာဆိုၾကေသာ
Msgမ်ား.....။

Rom..... ။ဒီညတစ္ညလုံးဝိုင္းရွိတယ္ပိုက္ဆံမ်ားမ်ား
ယူၿပီးငါ့အိမ္လာခဲ့ၾက...

....ေအးလာမယ္

Rom...။အိမ္မွာရွိသမၽွအကုန္သာသယ္လာခဲ့ၾကကြာ
ပြဲႀကီးပြဲေကာင္းေပါ့...

ေဒါသေတြထြက္ကာျမင္ျမင္သမၽွထိုးခ်င္ရိုက္ခ်င္
ေနရတဲ့ၾကားထဲ ဖဲရိုက္ဖို႔ကိုအႀကိတ္အနယ္
လူစုေနၾကသည္။Jeon JungKookကိုမေျပာနဲ႔
အဲ့ဒီေကာင္ရဲ့သူငယ္ခ်င္းေတြကိုပင္TaeHyung
ၾကည့္မရ....။

@TaeHyung မင္းလာအုန္းမွာလား....
လာခဲ့ေနာ္ ငါတို႔ဒီညအကုန္စုံတယ္

TaeHyung...။မလာေတာ့ဘူး...ငါမအားဘူး.....။

ခ်က္ခ်င္းျငင္းလိုက္ကာ စိတ္ေတြလုံးဝမၾကည္လင္
တာေၾကာင့္သခင့္ ဆီ ဘယ္လိုအကြက္ေရႊ႕ကာ
ေရြ႕ရမလဲအႀကံထုတ္ေနသည္။
မ်က္ႏွာေလးျမင္ရရင္ေတာင္တဝက္ေတာ့ၾကည္လင္
သြားမွာပဲ....။

Rom...။ေဂ်က အိမ္ေတာင္ေရာက္ေနၿပီ
ဒါေပမယ့္ Broတို႔ေရ ဒီေကာင္ဝင္မရိုက္ဘူး
ဒီည JeonJungkook နဲသူ႔ေယာက်္ား
Dinner Dateတဲ့ကြ......။

........ဟုတ္လွခ်ည္လား....ေအာင္ျမင္ပါေစ Broေရ

ေဂ်..။ F

ဖုန္းပိတ္ေတာ့မည့္ဆဲဆဲ ေတြ႕လိုက္ရေသာMsgေၾကာင့္
TaeHyung မပိတ္ေတာ့ Group Chatထဲျပန္ဝင္
လာခဲ့သည္။

Rom..။ဒီေကာင္ႀကီးအတြက္ပထမဆုံးDateပဲ
ဒီေကာင္ ရင္ေတြခုန္ၿပီး ဖဲေတာင္မရိုက္နိုင္
ေတာ့ဘူး Broတို႔ေရ....သူတို႔ယူၿပီးမွ
ပထမဆုံးေလးဆိုေတာ့ အလွေလးလည္း
တအား ျပင္ဆင္ေနမွာ Hee......။

ေဂ် Left the Group.....။

Rom Added ေဂ်.....။

Rom...။ဒီေကာင္ႀကီး ဒီညေတာ့ အႏွစ္ပဲ
Bro တို႔ေရ.......ခုေတာင္ငါ့အိမ္လာၿပီး
တည္တည္ၿငိမ္ၿငိမ္ေတြဝတ္ခ်င္လို႔
လာေမးေနတာ တအားျဖစ္ေနၿပီ တားမရေတာ့ဘူး
အဝတ္အစားအျပင္ ငါတို႔ေကာင္ႀကီးကို
ဘာေတြအႀကံေပးခ်င္လဲေပးလို႔ရတယ္ေနာ္.....။

TaeHyung....။ ငါလာခဲ့မယ္....ပိုက္ဆံရွာလို႔
ရသြားၿပီ Rom....မင္းအိမ္မွာမလား...။

Rom...။ အဲ့တာနဲ႔မ်ား မူေနေသးတယ္
ညေနေလာက္က် ဆုံမယ္ TaeHyung...။

Rom... TaeHyung ေဂ့် ကိုCongratulations လုပ္
လိုက္ပါအုန္း....TaeHyung ကဒီဇိုင္နာဆိုေတာ့
လာသင့္တယ္ ဒီေကာင္ႀကီးကို Jiminshi
ေပ်ာ္ဆင္းသြားေအာင္ ဆင္ယင္ေပးရမွာ....။

ေဂ် Left the Group....။

"အားးးးးး"

တေနရာထဲအတူတူထိုင္ေနၿပီးRomရဲ့မ်က္ႏွာ
ေျပာင္မွုကိုသည္းမခံနိုင္ေတာ့တာေၾကာင့္
ဆိုဖာေပၚမွကန္ခ်လိုက္ေတာ့ လူေရာဖုန္းပါ
ျပဳတ္က်သြားေတာ့မွ Group Chatသည္
ၿငိမ္သြားေတာ့သည္။
တျခားလူေတြဆက္ေျပာေနၿပီး Romနဲ႔ေဂ်က
ေတာ့ တစ္ေယာက္တျပန္ထထုရိုက္ရင္းဆဲဆိုသံ
ေတြညံေနေတာ့သည္။

Romအိမ္တြင္ ေဂ်က တေနကုန္ေနၿပီးႏွစ္ေယာက္
အတူတူသြားစရာရွိတာသြားစီစဥ္စရာရွိတာစီစဥ္
ေနခဲ့သည္။ဆိုင္သူေလးအတြက္အံ့အံ့ဩဩ
ျဖစ္ေစခ်င္လို႔ အစားအေသာက္ေလးေတြက
အစအေသးစိတ္လုပ္ကာ ၿမိဳ႕ရဲ့ အေကာင္းဆုံး
ေသာHotelေခါင္းမိုးထပ္တြင္ လုံးဝလြင့္ျပေတာ့မယ့္
ေမာင္ေပါ့.....။

"7:00ေနာ္ ေမာင့္Jimin အလုပ္ေတြလက္စျဖတ္
ၿပီး ျမန္ျမန္လာခဲ့...အတူတူမသြားဘူးဆိုတာ
ေမာင္....အထူးအဆန္းေတြလုပ္ထားလို႔..."

"ဘာလဲ ငါထိုင္ေနတဲ့အခ်ိန္Cakeႀကီးတစ္လုံး
နဲ႔ ထြက္လာၿပီး ေၾကာင္ေတာင္ေတာင္ေတြ
လုပ္ဖို႔လား..."

"အခ်စ္က...ေမာင့္ကိုအဲ့ေလာက္ပဲေတြးတတ္တဲ့
ေကာင္လို႔ထင္ေနတာလား....."

"ငါ့ကို အခ်စ္လို႔မေခၚနဲ႔...."

"ေခၚခ်င္တာ....."

Romသည္ ပန္းစည္းမွာေရးမဲ့Postcardအတြက္
စာကိုစဥ္းစားေနရင္း ဘာမွမလုပ္ဘဲ
သူ႔ကိုသာလိမ္ခိုင္းေနေသာ ေဂ့်ကိုမေက်မနပ္
ၾကည့္လိုက္သည္။
ေဆးမွားခတ္မိတဲ့အျပစ္ေၾကာင့္အကုန္အစအဆုံး
ခိုင္းသမၽွလုပ္ေပးေနရတယ္ဆိုေသာ္ျငား
လက္ညိဳးထိုးခိုင္းၿပီး သူကေတာ့ဖုန္းပဲေျပာေနသည္။

တစ္ညလုံးဖဲေျဖာင့္ေျဖာင့္ရိုက္လို႔ရဖို႔
ဒီေကာင့္ကိုအဆင္ေျပေအာင္ေသခ်ာလုပ္ေပးၿပီး
ျမန္ျမန္သြားRoခိုင္းလိုက္ရင္ရပီ....။

"ေဂ်.....မင္း Dateမွာလား ငါDateရမွာလား
အကုန္ငါပဲလုပ္ေနရတယ္ ငါလုပ္ေပးရရင္ေတာ့
မထူးဘူး ငါပဲ Jiminshi ကိုသြားေတြ႕လိုက္ေတာ့မယ္..."

"သြားကၽြတ္မွ စကားမေျပာနိုင္ေတာ့မွေအးမဲ့
ေကာင္!!!!!"

ႏွင္းဆီပန္းအနီနီရဲရဲပန္းစည္းႀကီးႏွင့္ဆဲၾကဆိုၾကျပန္
သည္။

............

Groupထဲမွာ စစေနာက္ေနာက္စာေတြနဲ႔
ဝိုင္း ဗ႐ုတ္က်ေနေပမယ့္ စာတစ္ေၾကာင္းခ်င္း
စီကTaeHyungအတြက္ အဆိပ္ေတြႀကီးပဲ...။

FirstDateတဲ့လား.....။
JeonJungkook သည္ဆဲသာဆဲေနတာ
သိပ္ေပ်ာ္ေနတဲ့ပုံရသည္။
မေက်နပ္ပါ.....ဒီေလာက္ႀကီးသူ႔ဘက္က
ၿခိမ္းေျခာက္သတိေပး ၾကားထဲဘယ္လိုဝင္ခဲ့ဝင္ခဲ့
ဘာမွမသက္ေရာက္သလို ေပ်ာ္ေပ်ာ္ႀကီးေတာင္
Dinner Dateၾကအုန္းမည္။

အိပ္ခဲ့တာကၽြန္ေတာ္နဲ႔...ဆိုေသာစကားမွာ
Jimin သိပ္လန့္ၿပီးဘယ္လိုမ်ိဳးျပႆနာေတြ
ျဖစ္လာမလဲေစာင့္ေနခဲ့တာ သူ႔ကိုေဘာင္ကို
မသြင္း....။
ေယာက်္ားျဖစ္သူနဲ႔ အဆင္ေျပေခ်ာေမြ႕လြန္းေၾကာင္း
တဖက္လွည့္နဲ႔ေတာင္ျပလိုက္ေသးသည္။
ကားထဲမွာ ခဏေလးနီးရလို႔ျပန္စဥ္းစားရင္ခုန္
လို႔မဝေသး ရင္ဝေဆာင့္ကန္ျပန္ၿပီ။

ရည္ရြယ္ခ်က္လည္းမရွိဘဲ စိတ္သည္
သခင့္ဆီကိုေျပးကာတားပစ္လိုက္ခ်င္သည္။
လူႀကီး၏ စကားေတြသည္လည္းစိတ္ထဲအလြန္အမင္း
တႏုံ႔ႏုံ႔ျဖစ္ေနကာ TaeHyungဘာကိုမွမစဥ္းစားနိုင္
ဒီ ပထမဆုံး ဆိုတဲ့ Dateကိုလည္းလုံးဝဖ်က္ဆီး
ပစ္လိုက္ခ်င္သည္။
အမ်ားႀကီးေမၽွာ္လင့္စီစဥ္ထားၾကၿပီး ပ်က္စီးသုံးစား
မရေတာ့တဲ့အခါ ျပႆနာအႀကီးႀကီးကေတာ့
တက္မွာပဲ...။

ကားေသာ့ဆြဲကာ ဒီအခ်ိန္Jimin Company မွာ
ရွိေနတာသိတာေၾကာင့္အရွိန္ျပင္းျပင္းျဖင့္
ေမာင္းႏွင္လာခဲ့သည္။

မိနစ္ပိုင္းေလာက္ ေမာင္းၿပီး Company
ေရွ႕သို႔ေရာက္တဲ့အခါ ကားေပၚကဆင္းေတာ့
TaeHyungမ်က္ေမွာင္ေတြတြန့္ခ်္ုးသြားသည္။

သခင္ဟာ ႂကြႂကြရြရြေလး....ေနာက္ကCompany
ဝန္ထမ္းက သူShopping ထြက္လာပုံေပၚေသာ
အထုတ္ေပါင္းစုံကိုကိုင္ထားၿပီး လုံးဝေပ်ာ္ရႊင္
ေနသည္။အလုပ္ေတာင္မလုပ္နိုင္ဘဲဟိုေကာင္နဲ႔
Dateဖို႔ ေျခဆုံးေခါင္းဆုံး Brandေတြႀကီးဆင္ျမန္း
ဖို႔ အိတ္ေပါင္းမ်ားစြာနဲ႔...။

အရမ္းေတြ....ParkJiminကအလြန္အကၽြံ...။
အထုတ္ေတြေျပးဆြဲလႊင့္ပစ္ကာ လူပါဆြဲၿပီး
ဖမ္းေခၚသြားလိုက္ခ်င္သည္။

သာယာေပ်ာ္ရႊင္ၾကည္ႏူးေနတုန္း
ေနာက္ဆုံးေတာ့ သူ႔ကိုျမင္သြားခဲ့ၿပီ.....။

အတိတ္ေတြတုန္းကအတိုင္း..လုံးဝမေျပာင္းလဲ
သြားေသာ အၾကည့္စိမ္းစိမ္းေတြ..။
ဘယ္ေလာက္ျပဳံးရယ္ေနပါေစ ေယာင္းကိုျမင္တာနဲ႔
ခ်က္ခ်င္းမာေက်ာေအးစက္သြားေသာ
ဧကရာဇ္ရဲ့မ်က္လုံးေတြက ခုထိတိုင္အသက္ဝင္တုန္း။

ကားလမ္းမေပၚ ကားကို မွီကာလက္ပိုက္ၾကည့္
ေနေသာ KimTaeHyung....။
ဘာေတြျဖစ္ခ်င္ျပန္တာလဲ...။
ျမင္ရင္ မလုံမျခဳံျဖစ္ကာ လန့္လန့္သြားပါတယ္ဆိုမွ
လူမိုက္ပုံစံနဲ႔ လာရပ္ၾကည့္ေနျပန္သည္။

သူဘယ္လိုပဲမရပ္ဘူးေျပာေျပာ
ဆက္ပတ္သတ္ေနမွာပဲလို႔ ညစ္ပတ္ညစ္ပတ္
လက္ရွိ လူဆိုးေကာင္က သူ႔ကိုပိုသာေနတာ...။
တစ္သက္လုံးေျပာလိမ့္မယ္မထင္ေသာ
ေတာင္းပန္ျခင္းေတြ...အေခ်ာ့အျမဴေတြ
ခု သူသိပ္သိပ္ရင္ခုန္စိတ္လွုပ္ရွားေနေသာ
ညကေလးကိုလည္းစိတ္ပါလက္ပါဖန္တီးေပးေနသည္။
သူပဲအနိုင္....။မေက်နပ္လို႔လာဒဲ့ၾကည့္တာမ်ိဳးလည္း
ျဖစ္နိုင္တာပဲ...။

ဆိုင္သူေလးသည္ မ်က္ႏွာကိုခ်ီလိုက္ကာ
မဲ့ျပဳံးေလးတစ္ခ်က္မၽွ ျပဳံးလိုက္သည္။
ငါ တို႔ဘာမွမျဖစ္ဘူး သာသာယာယာပဲဆိုတဲ့
မ်က္ႏွာထားျဖင့္ TaeHyungကို ကေလးဆန္စြာ
Company ေရွ႕တည့္တည္ကေန မ်က္ခုံးတစ္ခ်က္
ပင့္ျပကာ အထုတ္ေတြနဲ႔အတူ ေဘာင္းဘီအိတ္ထဲ
လက္ထည့္လၽွက္မ်က္ႏွာကိုေမာ့အထဲသို႔ဝင္သြားသည္။

လုပ္သြားတဲ့ပုံက....။TaeHyungအသဲလည္းယား
သလို ေဒါသေတြလည္းထြက္လာသည္။
ရွူးရွူးရွဲရွဲျဖင့္ ကားကိုပဲေျပးကန္ခ်င္သလို
ျဖတ္သြားျဖတ္လာေတြပဲ ေျပးထိုးခ်င္သလိုလို...။

သိပ္အသဲယားစရာ အသဲနာစရာေကာင္းတဲ့အၾကည့္
ဘာလုပ္ရမွန္းမသိ မနာလိုလြန္းလို႔ ႀကံရာမရအဆုံး
ေရာက္လာမိတဲ့လူကို သခင္ဆိုးေလးကေဝဒနာ
ေတြထပ္ေပးသြားသည္။
မေက်နပ္ေသာမၾကည္လင္ေသာစိတ္အေျခအေနေတြ
နဲ႔အတူTaeHyungသည္အားလုံးကို ဖ်က္ဆီးပစ္ခ်င္ခဲ့ေသာစိတ္တစ္ခုထဲသာရွိခဲ့ပါသည္။

.......

"TaeHyung နင့္ကိုငါေစတနာနဲ႔ေျပာေနတာ
ထပ္မလုပ္နဲ႔.ငါလို မာယာစုံတဲ့မိန္းမေတာင္
မနိုင္တာ.....နင္မျဖစ္နိုင္ဘူး
JeonJungkook ထက္ ဟို သူ႔ေယာက်္ားကပို
ေၾကာက္စရာေကာင္းတယ္...."

"နင့္လို လုပ္မယ္လို႔ငါေျပာမိလို႔လား...
ငါလိုခ်င္တာ အဲ့ေကာင္ လစ္သြားဖို႔ပဲ....
ေပးစရာရွိတာေပးစမ္း...ခ်က္ခ်င္းလဲသြား
မယ့္ဟာကိုေပး...."

"စုျပဳံအမ်ားႀကီးထည့္ရင္ေတာ့လဲမွာပဲ..."

တခါကမေအာင္ျမင္ခဲ့သူေကာင္မေလးဆီက
အမွုန့္တခ်ိဳ႕ကိုယူကာ TaeHyungRomအိမ္
သို႔ဦးတည္လာခဲ့သည္။

"ဟာ....TaeHyung...ေစာင့္ေနတာ...
ဒါဆိုလူစုံၿပီ.....သြားရေအာင္..."

Romအိမ္သည္အရြယ္အစားႀကီးသေလာက္
ဖဲရိုက္ဖို႔ ေဆးခ်ဖို႔ လူငယ္ေတြပီပီမဟုတ္တာမွန္သမၽွခိုး
လုပ္ရင္ေတာ္႐ုံရဲလာဝိုင္းေတာင္မမိနိုင္ေသာ
အခန္းေတြအမ်ားႀကီးရွိသည္။
ထိုအခန္းေတြထဲကမွ အခန္းက်ယ္က်ယ္တစ္ခုတြင္
ဖဲဝိုင္းႀကီးသည္ လူေတြစည္စည္ကားကား..။
TaeHyung JungKook ကိုတစ္ခ်က္ေဝ့ရွာလိုက္
ေပမယ့္မရွိ...။

"ေဂ် ေရာ Rom...."

"မပါဘူးေလ...အေပၚထပ္မွာ ေျခာက္နာရီ
ေတာင္ထိုးပီဆိုေတာ့ ေရခ်ိဳးျပင္ဆင္ေနမွာပဲ
ဒီေကာင္ဒီေန႔သူအလွေလးနဲ႔သြားလြင့္မွာေလ
TaeHyungသိပါတယ္....မနက္ထဲကကၽြန္ေတာ္နဲ႔
စီစဥ္ေနၿပီး ဒီကတန္းသြားမွာ..."

"ေအာ္....."

"TaeHyungတို႔ ဘာဘာညာညာဆိုတာသိေပမယ့္
ဒီေကာင္က TaeHyungကိုရယ္မဟုတ္ဘူး
လွတာေလးေတြ႕ အီလိုက္ရမွ....
စိတ္ထဲမထားနဲ႔ေနာ္....ထားေနမွာစိုးလို႔..."

"ငါလည္းသူ႔လိုပါပဲ....ဘာကိစၥထားရ...."

"ေအးေဆးဆိုပီးပါတယ္ဗ်ာ...."

"သြားေတာ့ႏူတ္ဆက္လိုက္အုန္းမယ္..
Congratulations လုပ္ရင္း..."

"သြားေလ အေပၚထပ္ကအိပ္ခန္းထဲမွာရွိတယ္....."

ေသာက္စားေနလိုက္ၾကတာ အလၽွံအပယ္
ေလာင္းကစား႐ုံအေသးစားေလးလိုပဲ...။
ဖန္ခြက္ႏွစ္ခြက္ယူကာ အေအးတခ်ိဳ႕ထည့္လိုက္ၿပီး
အကြယ္တစ္ခုေရာက္တဲ့အခါ အျဖဴေရာင္အမွုန့္ေလး
ေတြကိုတစ္ခြက္တြင္ေပ်ာ္ဝင္ေစလိုက္သည္။
Rom ကိုတစ္ခ်က္ျပန္ၾကည့္တဲ့အခါအရက္ခြက္
တစ္ခြက္ကိုင္လၽွက္ဖဲဝိုင္းမွာ လုံးဝေမ်ာေနၿပီ..။

ထယ္ေယာင္းအေပၚထပ္သို႔တက္လာလိုက္သည္။
အိပ္ခန္းကိုရွာလိုက္ၿပီးတံခါးေခါက္လိုက္ေတာ့
လာဖြင့္ေပးသူသည္ အေပၚပိုင္းတြင္
အက်ီမရွိ...။

"TaeHyung...."

"မင္း မပါဘူးဆိုလို႔...ဘာေတြျဖစ္ေနလဲလာၾကည့္တာ"

"သိရက္သားနဲ႔ ဒီေန႔မအားဘူးေလ...
ခုေတာင္ေရခ်ိဳးေတာ့မလ္ို႔..."

မွန္ေရွ႕တြင္ေဂ်က မတ္တပ္ရပ္ကာ သူ႔မ်က္ႏွာ
ကိုေသေသခ်ာခ်ာၾကည့္ကာစကားေျပာေနေတာ့
TaeHyungကမွန္တင္ခုံေပၚတက္ထိုင္လိုက္သည္။

"ေယာက်္ားနဲ႔လုံးဝအဆင္ေျပသြားပီျဖစ္တဲ့အတြက္
လာဂုဏ္ျပဳတာCheer...."

အရက္တို႔ ဝိုင္တို႔မဟုတ္...အေအးခြက္ေလး
ကမ္းေပးလာတာမို႔ ေဂ်က ဘာအာ႐ုံမွမရွိေန
ယူကာ ခြက္ခ်င္းတိုက္လၽွက္ လာဂုဏ္ျပဳသူ
စိတ္ေက်နပ္ေအာင္ေသာက္လိုက္သည္။

"ကၽြန္ေတာ္တို႔ Relationship ကသိပ္ေၾကာက္စရာ
ေကာင္းတဲ့စတင္မွုေတြနဲ႔ဆိုေတာ့ ခုလို
ခ်စ္ခ်စ္ခင္ခင္ျဖစ္တဲ့အခါ အားလုံးကထပ္တူ
ေပ်ာ္ေနၾကတာ ေက်နပ္စရာပဲ..."

"ဒါေပါ့..."

"ပထမဆုံးပဲ လက္ထပ္ၿပီးထဲက ဒါမပထမဆုံး
အဆင္ေျပေၿပ ေတြ႕ရမွာ....
ကၽြန္ေတာ္ ရွက္ဖို႔ေကာင္းေအာင္ကိုရင္ေတြခုန္
တာ TaeHyungရယ္....သူလည္းအရမ္းေပ်ာ္ေနမယ္
ဆိုတာ ေတြးၾကည့္႐ုံနဲ႔သိေနေတာ့ ခံစားခ်က္ကို
ဘယ္လိုေျပာျပရမွန္းေတာင္မသိဘူး..."

"နားလည္ပါတယ္...ေရခ်ိဳးေလ ကိုယ္
အဝတ္အစားတစ္ခ်က္ၾကည့္ေပးမယ္....
Romက မင္းကို ၾကည့္က်က္ေပးဖို႔
Groupထဲမွာ ေျပာထားတယ္..."

"TaeHyungသြားမေဆာ့ဘူးလား...."

"Moodမဝင္ေသးလို႔...မင္းကိုစေတြ႕ထဲက
ျပင္ေပးဆင္ေပးခ်င္ခဲ့တာ Modelလုပ္ေပးဖို႔
ေတာင္ငွါးမလို႔ အထိုးခံရမယ္ဆိုလို႔..."

"အရင္ကလိုစိတ္နဲ႔ဆို TaeHyungလိုအေခ်ာေလး
ကိုသိပ္ကူညီေပးတာေပါ့ ခုေတာ့ေယာက်္ားက
ရင္ဘက္ေပၚတာေတာင္ လက္မခံေတာ့
အားနာလိုက္တာဗ်ာ..."

Jeon JungKook မ်က္ႏွာကိုတစ္ခါတစ္ရံ
သဲအိတ္လိုသေဘာထားလိုက္ရင္စိတ္လက္ေပါ့ပါး
သြားသည္။ရိုးရိုးေျဖလို႔ရရက္နဲ႔ ေမတၱာမတုံးတုံး
ေအာင္ ေျဖတတ္သည္။

ေနာက္တစ္ေယာက္ကလည္းေသေလာက္ေအာင္
ခ်စ္ေနရလို႔.....ႏွစ္ေယာက္စလုံးCharacter
အတူတူေတြ...။
ေျပာလိုက္ ၾကည့္လိုက္ရင္ နစ္ခနဲ နာခနဲ....။
TaeHyungပိုညစ္ပတ္ခ်င္လာၿပီ။

"ခဏေလးေစာင့္ ခဏေလးပဲခ်ိဳးၿပီးထြက္ခဲ့မယ္
ေသခ်ာျပင္ေပး Jimin လုံးဝေမ်ာသြားေအာင္..."

ေမ်ာသြားတာမင္းပဲျဖစ္မွာ အ႐ူးလိုေကာင္ရဲ့။

"အင္းပါ...ေစာင့္ေနမယ္ သြားသြား..."

မွန္တင္ခုံေပၚထိုင္ကာ စူပုတ္ေနေသာေကာင္းကင္ျပာ
ေလးသည္ မ်က္ေမွာင္ေလးေတြက်ဳံ႕ထားလၽွက္။
နာရီကိုၾကည့္ေတာ့ေျခာက္နာရီေက်ာ္လာၿပီ။
ပါးတစ္ဖက္ကိုလက္ညိဳးေလးနဲ႔တေတာက္ေတာက္
ထိေနကာ အေတြးေတြမ်ားေနျပန္သည္။

မိနစ္၂၀ေလာက္ၾကာတဲ့အခါ ေဂ်ကထြက္လာသည္။
ဒါေပမယ့္ မ်က္ႏွာမေကာင္းေတာ့...။
မ်က္လုံးေတြကို ျပင္းထန္စြာပြတ္ေနကာ
ေခါင္းေတြကိုအႀကိမ္ေပါင္းမ်ားစြာခါေနခဲ့သည္။

ျပင္ဆင္ေပးေတာ့မည့္ဒီဇိုင္နာဇာတ္႐ုပ္ေလး
ေပၚေအာင္ အေပၚမွာထပ္ဝတ္ထားေသာ
Long Coatကိုခၽြတ္ၿပီးခုံတခုံေပၚတင္လိုက္ကာ
အက်ီလက္ေတြကိုေခါက္တင္လိုက္သည္။

"ဘာျဖစ္လို႔လဲ....ေဂ်...."

"မသိဘူး....တအားမူးလာလို႔..."

မွန္တင္ခုံေပၚလက္ေထာက္ကာ ေခါင္းေတြကိုႏွိပ္
ၿပီး မွန္ကိုျပဴးျပဲၾကည့္ေနတဲ့သူ။

"အဆင္ေျပရဲ့လား ေဆးခန္းသြားမလား
ကိုယ္လိုက္ပို႔ေပးမယ္..."

"မလိုပါဘူး ကၽြန္ေတာ္သြားစရာရွိတယ္
အဝတ္အစားလဲရမယ္ အခ်ိန္မရွိေတာ့ဘူး...."

အိပ္ရာေပၚခ်ထားေသာ Shirtအက်ီအျဖဴကို
ေကာက္ဝတ္ကာ ၾကယ္သီးတပ္ေနတာေတာင္
အဆင္မေျပ...။TaeHyungကကူညီကာ
တပ္ေပးရင္း ျပဳံးယဲ့ယဲ့....။

"ေဘာင္းဘီဝတ္မလို႔ ေရခ်ိဳးခန္းထဲသြားဝတ္
ရမလား.."

"အခ်င္းခ်င္းေတြပဲ လဲပါ..."

တစ္ဖက္ကိုလွည့္ေပးလိုက္သည္။ဝတ္ေနလည္း
သြားရမွာမဟုတ္...။

"Necktie ေသခ်ာစည္းေပးမယ္.....
ဆံပင္ေတြလည္းသပ္သပ္ရပ္ရပ္ေလးလုပ္ဖို႔လိုတယ္.."

ေဂ် မတ္တပ္ရပ္ေနရင္းမွမ်က္လုံးေတြစင္းစင္း
က်သြားသည္။အိပ္ရာေပၚထိုင္ခ်လိုက္ကာ
နားထင္ႏွစ္ခုကို ႏွိပ္ရင္း ေယာက္ယက္ခတ္ေနသည္။

"ဘာျဖစ္တာလဲ...မသိဘူး TaeHyungရာ"

"ေရခ်ိဳးမွားသြားတာလားမသိဘူး....
ျဖစ္တတ္တယ္ေလ..."

"မျဖစ္နိုင္တာ...ကၽြန္ေတာ္ဒါမ်ိဳးခံစားဖူးတယ္..."

"တအားမူးေနရင္ ခဏလွဲလိုက္ပါလား...
ကိုယ္တခုခုသြားယူေပးမယ္ ေခါင္းျပန္ၾကည္လာေအာင္"

မလွဲေသာ ခႏၶာကိုယ္ႀကီးကို TaeHyungက
ေစတနာအျပည့္ျဖင့္လွဲခ်လိုက္သည္။
ခႏၶာကိုယ္ကလွဲခ်လိုက္တာႏွင့္ အသိစိတ္သည္
ကပ္သလိုလို ခြါသလိုလို...ႏွင့္ TaeHyungဘာေတြ
ေျပာေနလဲလဲမသိေတာ့ ၾကားတာေတြလည္း
ၾကားသည္...မၾကားတာေတြလည္းမၾကားေတာ့။
အလြန္ကို ထုံေဝလာကာ ျမင္ကြင္းတစ္ခုလုံး
ေမွာင္မဲက်သြားသည္။

အိမ္မက္ထဲမွာ Dateေနလိုက္ေတာ့......။

လဲၿပိဳသြားေသာလူကို ျပဳံးယဲ့ယဲ့ေလးတစ္ခ်က္
မၽွၾကည့္လၽွက္ အခန္းအျပင္သို႔ထြက္လာလိုက္
သည္။ဖဲဝိုင္းထဲသို႔ ဟန္မပ်က္ ဟိုလိုလိုဒီလိုလို
ျပန္ဝင္ကာ ေဆာ့ေနေတာ့ ဘယ္သူကမွလည္း
သတိမထားမိခဲ့။ အႀကီးအက်ယ္ရွုံးေနေသာ
Romသည္လည္း သူ႔အခ်စ္ေတာ္ သြားသလား
မသြားနိုင္ေတာ့ဘူးလား အာ႐ုံမရေန..။
သူ႔အာ႐ုံနဲ႔သူ ဖဲခ်ပ္ေတြၾကားအလုပ္ရွုပ္ေနသည္။

..................................။

အျဖဴေရာင္Shirtအက်ီကို ရင္ဘက္ကေလးနည္းနည္း
ဟကာ လက္ကေလးေတြေခါက္ထားၿပီး
အရမ္းႀကီးျပင္ဆင္လာပုံမေပၚေအာင္လည္း
ဝတ္ရေသးသည္။မဝတ္စဖူး Accessories လွလွေလး
ေတြကို တြဲလီတြဲေလာင္းဝတ္ထားကာ ေဘာင္းဘီ
ခပ္က်ပ္က်ပ္ျဖင့္ဆိုင္သူေလးသည္ ည၇:၁၅မိနစ္
တြင္Hotelေရွ႕သို႔ေရာက္ခဲ့သည္။

ဘယ္ေလာက္ယုံၾကည္မွုေတြရွိသလဲဆိုရင္...
ေမာင့္ကို ဖုန္းတစ္ခ်က္ေတာင္မဆက္တဲ့အထိ...
ေသခ်ာေပါက္ေမာင္ဟာအရင္ေရာက္ေနၿပီး
သူေရာက္တဲ့အခါ ရင္ခုန္ဖြယ္ရာေတြနဲ႔ေစာင့္ေနမွာပဲ
လို႔ တထစ္ခ်ေတြးခဲ့သည္။

သိပ္ေပ်ာ္ပါသည္......။မ်က္ႏွာေလးကိုအလွဆုံး
ျပဳံးလၽွက္Hotelထဲဝင္သြားလိုက္တဲ့အခါအားလုံးက
လည္းႀကိဳဆိုၾကသည္။

JeonJungkook ဟုေျပာလိုက္သည္ႏွင့္ေနရာ
ဆီသို႔လိုက္လံပို႔ေဆာင္ၾကသည္။
တကယ္လည္း ေစ်းအႀကီးဆုံးHotelႀကီး၏
ဆိုလ္းတစ္ၿမိဳ႕လုံးကိုအေပၚစီးကျမင္ရေသာ
ေနရာမွာ....ညရွုခင္းသည္ခမ္းခမ္းနားနား....။

စားပြဲေပၚတြင္ျပင္ဆင္ထားေသာအလွအပ
စားစရာေလးေတြ...Valentines Dayကထက္
အမ်ားႀကီးပိုသာေသာRomatic ဆန္မွုမ်ားႏွင့္။
ရင္ခုန္ျခင္းေတြထိန္းမရစြာ...။
ဝိုင္ခြက္ေလးကို ဖြဖြေလးထိၿပီးခုံမွာက်က်နနေလး
ထိုင္လိုက္သည္။

"စီစဥ္ထားသူကေတာ့မေရာက္ေသးပါဘူးရွင့္
အျပင္မွာတစ္ေယာက္ထဲမေစာင့္ခ်င္ရင္
အထဲမွာေနရာေလးတစ္ခုလုပ္ေပးပါ့မယ္ ဧည့္သည္..."

ကိုယ့္အေတြးေတြနဲ႔ကိုယ္အဆင္ေျပေနတုန္း...
မယုံနိုင္စရာၾကားလိုက္ရေသာစကား။
Jimin မ်က္ႏွာခ်က္ခ်င္းဆိုသလိုပ်က္ယြင္းသြားကာ
Service ေပးသူကို ခ်က္ခ်င္းေမာ့ၾကည့္ပီး

"ဘယ္လိုမေရာက္ေသးတာလဲ....
ခု ဒီHotelမွာ သူမရွိေနဘူးလား....."

"ဟုတ္ကဲ့.....လာပါလိမ့္မယ္ ေသခ်ာေလး
ႀကိဳတင္ျပင္ဆင္ေပးထားတာဆိုေတာ့ေလ
မလာခင္ေလး အထဲမွာ....."

"မလိုဘူး.....သြားေတာ့ေစာင့္လိုက္မယ္..."

Bạn đang đọc truyện trên: AzTruyen.Top