💔3💔
တပတ်လောက်အလူးအလဲညှိနှိုင်းခဲ့ပေမယ့်လည်း
နောက်ဆုံးတော့အဖေသာလျှင်အနိုင်ရခဲ့သည်။
Hyungအိမ်အထိသွားကာ ဘောင်ကျော်သော
စကားတွေပြောပြီး လမ်းခွဲဖို့ ပြောကာ
စော်စော်ကားကားသွားလုပ်လိုက်ပါသေးသည်။
Hyung သည်အခြေအနေတွေအားလုံးကို
သေသေချာချာနားလည်သွားသော်အခါ
ခေတ္တတော့တိတ်ဆိတ်သွားပြီးကျတော်ထင်ပါသည်
Hyungဘယ်လိုဖြေရှင်းပေးရမလဲအကြံထုတ်နေ
လောက်ပြီ။
အားလုံးကိုကိုယ်လွတ်ရုန်းကာHyungနောက်
လိုက်သွားရင်လည်းဆေးရုံပေါ်ကရောဂါသည်
အမေ့မျက်နှာကိုမြင်လာပြန်သည်။
စုပ်လည်းဆူး စားလည်းရူးအခြေအနေတွင်
နောက်ဆုံးတော့ Hyung ကိုစွန့်လွှတ်ခဲ့ရသည်။
အဖေက တဖက်ကငွေတွေကိုအားလုံးလက်ခံကာ
လုပ််ချင်တာတွေလုပ်ပြီးနေပြီကို။
လက်လွန်နေပီးသောအခြေအနေမှာ
သူ့နှလုံးသားကိုအမှိုက်စလေးလိုအဖေက
နည်းနည်းလေးတောင်ဂရုမထားပေးခဲ့။
နားလည်မပေးခဲ့....။
ထားခဲ့ခြင်းအပေါ်မှာHyung သည်လည်း
အသေအလဲခံစားရကာ စကားပြောဆိုပီးထဲက
ပျောက်နေသည်။
အသဲကွဲသောဝေဒနာသည် အရက်မူးမှ
အနည်းငယ်မေ့ပျောက်နိုင်တာမို့တစ်သက်နဲ့
တစ်ကိုယ် ခြေမလှမ်းခဲ့သောClubတခု၏
ထောင့်ဝိုင်းတွင်တစ်ယောက်ထဲထိုင်သောက်နေခဲ့သည်။
Hyung နဲ့သူ သည် သဲသဲလှုပ်လူအမြင်ကပ်ဖို့
ကောင်းအောင် မနေထိုင်ခဲ့ကြပါ..။တည်ငြိမ်
ရင့်ကျက်သောမေတ္တာတရားနဲ့ မျှဝေခံစားပေးနိုင်ခြင်း
ကိုအခြေခံပြီး အေးအေးချမ်းချမ်းချစ်ကြိုက်ခဲ့တာ။
ရန်ဖြစ်တာမျိုးမရှိ ငြင်းခုံတာမျိုးမရှိ။
ဘယ်လောက်ပူပူ Hyung ရဲ့ ကလေး ဆိုတဲ့
ခေါ်သံလေးကြားရုံနဲ့ဘဝအမောတွေအားလုံးပြေပျောက်
ခဲ့ဖူးပါသည်။
မိဘကသဘောမတူလက်မခံ
အိမ်အထိ ပြတ်ပြတ်သားသားလာပြောကာ
သူကိုယ်တိုင်လည်းမလွန့်သာမလူးသာသော
အခြေအနေတခုတွင် Hyungလက်မလျှော့လို့
မရတော့....။
မုန်းလို့ရယ်မဟုတ်ဘဲ ရုပ်ရှင်ဇာတ်လမ်းတွေထဲက
လို မိဘအသိုင်းအဝိုင်းကြောင့်
စီးပွါးရေးအခြေအနေကြောင့်
အမေ့ကျန်းမာရေးအတွက်လိုအပ်မှုတွေကြောင့်
ချစ်လျက်နဲ့ဝေးသွားရသောအခြေအနေသည်
တကယ်တမ်း အဖေသာမမိုက်မဲရင်
ဖြစ်စရာမလို....။
တွေးလေဒေါသထွက်လေ...
မြင်မြင်သမျှသည်အကျည်းတန်နေကာ
သွေးတွေသည်ဆူပွက်နေခဲ့သည်။
အရက်ကိုသာတခွက်ပီးတခွက်သောက်ရင်း
အသဲကွဲသောဝေဒနာ
ခံပြင်းရသောဝေဒနာတို့ကိုတိုက်စားသွားအောင်
ကြိုးစားနေခဲ့သည်။
ထောင့်ကပ်ကာစိတ်ညစ်ညစ်ဖြင့်
အရက်သောက်နေတဲ့သူလည်းရှိသလို
Dancing Floorတွင် စီးချက်တွေနဲ့အညီ
လန်းဆန်းကာလှုပ်ရွကနေသော ဘဝတစ်ခုလည်း
ရှိခဲ့သည်။ဒီနေ့မှ စတွဲခဲ့သော ၁၈နှစ်တိတိ
ကောင်မလေး၏ခါးလေးကိုဖက်ထားရင်း
မြူးကြွသောတီးလုံးတွေကြားJeonသည်
ဆွဲဆောင်မှုရှိစွာကခုန်နေသည်။
အဖြူရောင်စွပ်ကျယ်နှင့်ဘောင်းဘီ
ခပ်ပွပွကိုဝတ်ထားကာ လာတုန်ူးက
အပေါ်ထပ်အနွေးထည်ပါပေမယ့်ခုတော့
ထိုအနွေးထည်သည်ကောင်မလေး၏
ပုခုံးပေါ်မှာ...။အစိမ်းရင့်ရောင်မျက်မှန်
Sizeကြီးကြီးကိုချိတ်ထားပြီး...
ချွေးစက်တချို့ဖြင့် ပြုံးပျော်ကာ
ခန္ဓာကိုယ်ကိုလှုပ်ရှားနေတဲ့သူ...။
အရက်နည်းနည်းလေးဝင်ထားတာ
ကြောင့်မျက်လုံးတွေကရီဝေဝေ...။
ကောင်မလေးတစ်ယောက်က
ပြောခဲ့ဖူးသည်။
"JungKookမူးနေတဲ့မျက်လုံးတွေကို
မကြည့်မိစေနဲ့တဲ့ အဲ့တာလွတ်လမ်းမရှိဘူးတဲ့လေ..."
ရုပ်ချောတယ်....ဒါပေမယ့်ဆွဲဆောင်မှုသိပ်မရှိဘူး
ရုပ်ကပုံမှန်ပဲ..ဒါပေမယ့်ဆွဲဆောင်မှုတအားရှိတယ်
Jungkook ကျ နှစ်ခုစလုံးကိုအလျှံအပယ်ထည့်ကာ
တစ်ချိန်ထဲမှာပဲ ညို့ငင်အားပြင်းလွန်းတယ်။
"တော်ပီ ...ခဏသွားထိုင်ရအောင်...
သဲ မောနေပြီ..."
အရပ်ရှည်ရှည်Jeonနားနားအထိခြေဖျားထောက်
ကာကပ်ပြောလိုက်တော့ တချက်ပြုံးကာ
"ကိုယ်ချီသွားရမလား...."
"ပိုပြီ...ရတယ်..လမ်းပဲလျှောက်မယ်..."
"သဘောဗျာ..."
မာယာတွေပေါ့...။မိန်းမမာယာ ယောကျ်ားမာယာရယ်
မဟုတ် JeonJungkook ရဲ့သီးသန့်မာယာတော
သည်တိုးမိရင် လမ်းပျောက်ပြီ။
ပြုံးယဲ့ယဲ့နူတ်ခမ်းပါးပါးလေးတွေ...
မထီတထီအကြည့်ရဲရဲတွေ
လူတစ်ယောက်ကိုမြင်တာနဲ့ဘယ်လိုချူပ်ကိုင်
လိုက်ရင်ရပီ ဆိုတဲ့အကဲခတ်တော်လွန်းခြင်း
တွင် မိန်းမလှလေးတွေအတုံးအရုန်းလဲပြိုလဲဆဲ။
အသက်ပိုကြီးသော မမတွေ အရူးအမူးစွဲလန်းဆဲ...။
ကောင်မလေးသည်Jeonလက်မောင်းတွေကို
ပိုင်နိုင်စွာတွဲခိုလျှက်Jeonတို့တဖွဲ့လုံး
ထိုင်နေကျ VIPဝိုင်းဆီသို့ဦးတည်လာခဲ့သည်။
အားလုံးသည်လည်းသူ့အတွဲကိုယ်စီနဲ့သူ...။
JEonရဲ့တနေ့တာသည်ဒီလိုပဲမီးရောင်စုံတွေကြား
တီးလုံးမြူးမြူးတွေကြား...
ကောင်မလေးလှလှလေးတွေကြား
မပျင်းခဲ့ရ..။
အရက်သည်သောက်ရင်းအနည်းငယ်များ
လာပြီဖြစ်တာကြောင့်ရီဝေဝေဖြစ်လာကာ
ခန္ဓာကိုယ်သည်လည်းသိပ်အဆင်မပြေလာ၍
Toilet ဘက်သို့Jiminလျှောက်လာခဲ့သည်။
အန်ချင်လည်းအန်ပစ်လိုက်လို့ရအောင်။
သောက်လေ့သောက်ထမရှိတာလည်းပါတာမို့
တစ်ယောက်ထဲ ဒုက္ခရောက်နေသည်။
Hyung သာသိရင် ဘယ်လောက်ဆူလိုက်မလဲ။
အနက်ရောင်Shirt အကျီနှင့်ဂျင်းဘောင်းဘီ
ကိုတွေ့ရာတွဲဝတ်လာကာ နက်မှောင်နေသော
ဆံပင်မတိုမရှည်တွေသည်နှဖူးပေါ်ဝဲကျကျလာ၍
သပ်တင်နေရသည်။
အရင်ကတော့ တိပနေအောင်နောက်သို့
လှန်ဖြီးထားသော သေသပ်မှုတွေ.....။
စိတ်ဖိစီးမှုတွေသည် မခံမရပ်နိုင်လောက်အောင်
အထိများလွန်းလှ၍ ဘာမှပြင်ဆင်ချင်စိတ်လည်း
မရှိနေတော့ပါ....။
"ဟာ!!!!"
Toilet ခဏဝင်ပြီးပြန်အထွက်
လူပြတ်သောအပြာရောင်ခရမ်းရောင်မီးရောင်
များနှင့်လမ်းများတွင်အတွဲများသည်ဖြစ်ချင်တိုင်းဖြစ်
နေတာကြောင့် စိတ်ပျက်စွာခေါင်းငုံ့လျှက်
မကြည်မလင်လျှောက်ချိန်တွင်လူတစ်ယောက်ကို
ဝင်တိုက်လိုက်မိသည်...။
ထိုလူ့လက်ထဲတွင်အရက်ခွက်ရှိနေတာကြောင့်
ဝင်တိုက်လိုက်သောအရှိန်ဖြင့်အရက်တွေသည်
ထိုလူရဲ့အကျီတွေအပေါ်သွန်ပစ်လိုက်သလိုဖြစ်သွား
တော့သည်။
သူဝင်တိုက်တာ...သူမှားသွားတာကြောင့်
"Sorry....!"
စိတ်သည်မကြည်လင်ဆုံးအချိန်
အရာရာကိုအကောင်းမမြင်နိုင်ဆုံး
အချ်န်တွင် ရှည်ရှည်ဝေးဝေးတွေလည်း
စကားမပြောချင် Sorry တစ်ခွန်းသာပြောပြီး
ထွက်သွားဖို့ရန်သူပြင်ဆင်ခဲ့သည်။
ထိုလူသည် လက်မောင်းတွေကိုချက်ချင်း
ပြန်ဆောင့်ဆွဲကာရှေ့တည့်တည့်သို့ပြန်ဆွဲခေါ်သည်။
"ဘာလုပ်တာလဲ.....!"
ဆောင့်ဆွဲခံလိုက်ရခြင်းကြောင့်
ဒေါသသည်ဖျင်းခနဲ။
"မင်းမျက်လုံးမမြင်ရဘူးလားငါ့အကျီတခုလုံး
ပျက်ဆီးသွားပီလေ Sorry တစ်ခွန်းထဲ
ပြောလို့ရမလား...."
"Sorry မပြောလို့ ငါက ဘာပြောရမှာလဲ...
မင်း မကျေနပ်ရင် ငါ့အကျီချွတ်ပေးမယ်..
အာရုံတွေမနောက်နဲ့..."
"မင်းငါဘာကောင်လဲမသိဘူးထင်တယ်..."
ခက်တာပဲ...။ဘာကောင်ကောင်ဖြစ်ဖြစ်
ဘာလုပ်ပေးရမှာလဲ...။ခုချိန်နိုင်ငံသမ္မတ
တောင်နားလာညီးရင်ထရိုက်မိမှာသေချာ
နေတာကြောင့်ဇယားကိုမြန်မြန်ဖြတ်မှဖြစ်တော့မည်။
"ပိုက်ဆံပေးမယ်...ယူပီးသွားပြန်ဝယ်ဝတ်လိုက်"
"ဘာ!!!!!"
တချို့ကတော့ဒီလိုပဲလေ...။
ပိုက်ဆံနံ့ပါးစပ်ပိတ်လိုက်ရင်ရတာမို့
Jimin လွယ်လွယ်ကူကူပဲ ပိုက်ဆံတချို့
ထုတ်ပေးလိုက်သည်။လူစိမ်းတင်မက
ထိုလူစိမ်းနောက်ကအပေါင်းအပါတချို့ပင်
အံ့ဩမှင်သက်နေသောမျက်လုံးများဖြင့်..။
"ငါ့ကိုများ.......!!!!"
ထိုလူစိမ်းသည်မျက်နှာတခုလုံးနီရဲလာကာ
သူ့ကိုတိုက်ခိုက်ရန်လက်ပြင်လာသော
အချိန်တွင်မြန်ဆန်စွာပင်ဦးအောင်
ရင်ဝကိုခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည်။
အရှိန်ပါတာကြောင့်လူစိမ်းသည်ကြမ်းပြင်ပေါ်သို့
ပစ်စလတ်ခတ်ပြုတ်ကျသွားတော့သည်။
"ငါကောင်းကောင်းမွန်မွန်ပြောနေတာ
ဘာကိစ္စလက်ပါချင်ရတာလဲ
မင်းအရက်ခွက်နဲ့မင်းအကျီကဘယ်လောက်တန်လို့လဲ"
"ဒီကောင်ကတော့....."
လဲကျသွားရာမှချက်ချင်းထကာ
ထိူလူစိမ်းသည်လျှင်မြန်စွာသူ့အကျီ
လည်ပင်းစကိုဆွဲလျက်အိမ်သာဘက်သို့
ဆွဲခေါ်တော့သည်။
အားသန်လှသောလက်တွေသည်လက်တဖက်ထဲ
ဆွဲထားတာတောင်သူလက်နှစ်ဖက်နှင့်
ဆွဲဖယ်၍မရခဲ့...။
"ဘာလုပ်တာလဲ!!!!လွှတ်စမ်း....!!!"
ကိုယ်အရင်ဦးအောင်လုပ်လိုက်ရ၍
ဟုတိသလိုလိုရှိနေပေမယ့် လက်ယဉ်နေသော
လူစိမ်းကောင်၏အပြုအမူသည်
လူကောင်းတစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာ
သိသိသာသာ....။
အိမ်သာထဲအထိဆွဲခေါ်လာကာနံရံဆီသို့
အားသုံးအားတွန်းလွှတ်လိုက်ခြင်းခံလိုက်ရသည်။
နံရံနှင့်ပြေးရိုက်မိသောကျောသည်အောင့်တက်
လာကာ ထိုင်ကျသွားတဲ့အထိနာလှသည်။
နာလို့ဒေါသထွက်စွာပြန်ဆဲလိုက်သည်။
"ခွေးသတောင်းစား!!!!"
"မင်းကတော်တော်ထူးဆန်းတဲ့ကောင်ပဲ...
ငါ့ကိုဆဲရဲနေတာ......လာစမ်း!!!!!"
"ဂျေ....ဂျေ.....Rom အကန်ခံရလို့....."
သူတို့အဖွဲ့တဖွဲ့လုံးတွင်နာမည်ကိုယ်စီရှိကာ
နာမည်အရင်းတွေကိုဘယ်တော့မှမခေါ်တတ်။
ဘဝသစ်တခုလိုလည်းခံစားလို့ရတာကြောင့်
ကိုယ့်စိတ်ကြိုက်ပေးထားသောနာမည်များကို
သာသဘောတကျခေါ်တတ်ကြသည်။...
ဂျေသည်..Jungkook ၏နာမည်ဖြစ်ပြီး...
ဒီဘက် လူဆိုးလူမိုက်လောကထဲတော့
နာမည်အရင်းသိသူပင်ခပ်ရှားရှားရယ်။
Rom အကန်ခံလိုက်ရသည်ဆိုတဲ့စကားကြောင့်
မတ်တပ်ထရပ်မိရဲ့သား။
Rom လိုကောင်က သူများအပေါ်လက်လွန်လွန်း
လို့သာ မနည်းဖုံးဖိဖြေရှင်းပေးရသည့်ကောင်။
အဖွဲ့ထဲတွင်သူပီးရင် အမိုက်ရိုင်းဆုံး
အရက်စက်ဆုံး...အချမ်းသာဆုံး
Jeon အချစ်ရဆုံးသူငယ်ချင်းဖြစ်သည်။
အံ့ဩလွန်းစွာပြေးလာသောကောင်ကို
စိုက်ကြည့်ပေးလိုက်တော့
"ဘယ်သူမှန်းတော့မသိဘူး
Club မှာတခါမှမမြင်ဖူးဘူး
Romနဲ့ဝင်တိုက်မိရင်းက နေပြသနာစတာပဲ..."
"ခုဘယ်မှာလဲ...."
"Romအိမ်သာထဲဆွဲခေါ်သွားတာတွေ့တယ်
နှိပ်စက်နေပြီထင်တယ်..."
"ဘယ်လိုကောင်မျိုးမလို့ငါတို့ကိုလာထိရဲတာလဲ..."
JEonသည်စားပွဲဝိုင်းမှထွက်လာကာ
ပြသနာတက်ရာနေရာသို့ခပ်မြန်မြန်ပြေးသွား
သည်။ဒီClubဒီပတ်ဝန်းကျင် ဒီအသိုင်းအဝိုင်းမှာ
သူတိူ့အဖွဲ့ဆို ကန်ဖို့မပြောနဲ့ စေ့စေ့တောင်ပြိုင်
မကြည့်ရဲ...။ဘုရင်တွေလို အာဏာစက်မျိုး
ဖြင့် ငွေအား လူအား တောင့်တင့်မိသားစု
အသိုင်းအဝိုင်းအားတွေပေါင်းကာ
သေသေချာချာအနိုင်ကျင့်ဗိုလ်ကျထားရတာ...။
လူမျိုးမရွေး လူတစ်ယောက်ချင်းမရွေး
ပွဲပီးမီးသေ ပိုင်နိုင်ပါသည်။
နောက်ပီး Rom ကိုထိခြင်းသည် သူ့ကိုထိတာနှင့်
အတူတူပင်....။အနိုင်ပဲကျင့်ချင်သည်။
ခံလိုက်ရသည်ဆိုသောအသံမကြားချင်..
ဘယ်လိုသတ္တိမျိုးနဲ့များလုပ်သလဲမသိ။
လက်ဆစ်တွေချိုးကာ တစစီဆွဲဖြဲပစ်ဖို့
ပြေးလာနေသည်။
Toilet ထဲ ဝင်သွားတော့Romသည်
ဒေါသတွေထွက်နေကာသတ္တိခဲကောင်၏
လည်ပင်းတွေကိုညှစ်နေပုံရသည်။
Romကိုယ်လုံးနဲ့ကွယ်နေ၍ဘာကောင်မှန်း
မသိပေမယ့် ကြမ်းပြင်ပေါ်အသက်ရှုကျပ်၍
ယောက်ယက်ခတ်နေသောလက်ချောင်းသေးသေးလေးတွေအရ
လူကောင်သေးသေးလေးဖြစ်နေနိုင်သည်။
ထင်ခဲ့သည်ကသူတို့နဲ့မျက်ကြောမတည့်သော
တခြားစကွက်တစ်ခုက ခေါင်းဆောင်လို လူမျိုး...။
Rom က လက်လွန်တတ်တဲ့ကောင်
စိတ်မထိန်းနိုင်လွန်းသောကောင်မလို့
မလိုအပ်ဘဲ အာရုံမနောက်ရအောင်
နည်းနည်းတော့လျှော့ခိုင်းရမည်။
အောက်ကကောင်ကိုသနားလို့မဟုတ်
ရဲတွေနဲ့စကားပြောရမှာအချိန်ကုန်လို့...။
"Rom....."
Romသည် သူ့အသံကြားသည်နှင့်ချက်ချင်း
လှည့်ကြည့်လာသည်။
"ငါအလစ်အငိုက်မိသွားလို့ ခံရတာ ဂျေ
စိတ်မပူနဲ့ ငါဒီကောင့်ကို တစစီလုပ်ပစ်မှာ..
မင်းဝင်မပါလည်းရတယ်..."
"မင်းကို ဆောင့်ကန်ခံရတဲ့ကိစ္စငါမပါလို့
ဖြစ်မလား....မင်းကပြန်မကန်ဘဲ
ဘာလုပ်နေတာလဲ လည်ပင်းညှစ်နေလို့
သေရုံရှိမှာပေါ့.....တချက်ကန်ရင်
ဆယ်ချက်ပြန်ကန်လေကွာ အဓိကအကန်ခံလို့
မကျေနပ်နေတာမလား...ဖယ်
မင်းမကန်ရင် ငါတချက်ပဲကန်ပေးမယ်..."
Jeon သည် Romနှင့်ကွယ်နေသော
လူကြားအောင်အေးတိအေးစက်ဆိုသည်။
လှုပ်ပင်လှုပ်နိုင်တော့တဲ့ပုံမပေါ်....
တချက်လောက်ပဲထိလိုက်ရင်တန်းအသက်ထွက်
လောက်ပြီ။
ဘေးနားကအပေါင်းအပါးတချို့သည်လည်း
စိတ်ဝင်တစားကြည့်နေကြကာRomကိုထိရဲ
အတွက်အခြေအနေမည်မျှဆိုးသွားနိုင်မလဲ
သိချင်နေကြသည်။
JEonသည် Romမှမဟုတ် ဘယ်သူငယ်ချင်းကို
မှထိတာမျိုးကို မကြိုက်ပါ...။
သူ့ဘဝမှာ ရှားပါးစွာ သူငယ်ချင်းတချိူ့ပဲ
အစစ်အမှန်ရှိခဲ့တာကြောင့်..Jeon
သူငယ်ချင်းတွေကို သိပ်နေရာပေးချစ်ပါသည်။
"အိုကေ...ဂျေ....ဒီကောင်ကဒီလောက်
လုပ်တာတောင်အချိုးကမပြေချင်သေးဘူး
ငါဖယ်ပေးမယ်...မင်းနဲ့မှပွဲပြတ်မှာ..."
Romနံရံကပ်နေသောလူရဲ့ရှေ့မှ
ခွါပြီးပြီချင်း သူပြေးထိုးလိုက်မည်
ဒါမှမဟုတ် အုပ်စုဖွဲ့ပညာပေးမည်ဟု
ကြိုတွေးကာ လက်တွေခြေထောက်တွေကို
ပြင်ဆင်ထားလိုက်သည်
နောက်တစ်ခါဘယ်တော့မှသူတို့ကို
ပြန်လှန်မကြည့်ရဲအောင်သင်ခန်းစာကောင်း
ကောင်းပေးဖို့လက်ဆစ်တွေပါချိုးထားလိုက်သည်။
Romသည်ပြောပီးပီချင်းဖယ်ခွါသွားသည်။
Romဖယ်ပီးပီးချင်းမှာပဲသူပြေးကာတခုခုလုပ်ဖို့
ခြေလှမ်းပြင်ခဲ့ပေမယ့်အကွယ်မရှိတော့တဲ့အခါ
ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော မျက်နှာ.....။
ရင်ကိုမီးစနဲ့မွှေ့ယမ်းလိုက်သလိုပါပဲ....။
မျက်နှာထက် မျက်လုံးတစုံ....။
လည်ပင်းက လက်ငါးချောင်းရာတွေနဲ့
လုံးဝမထနိုင်တော့အောင်နံရံမှီကာပြိုလဲကျနေပေမယ့်
ပြင်းထန်လွန်းတဲ့မျက်လုံးတွေ.....။
JEonသည်တခုခုပြေးလုပ်တော့မည့်
ခြေလှမ်းတွေချက်ချင်းရပ်ကာ
ခဏတဖြုတ်သတိလစ်သွားသလိုမျိုး
ကြောင်ငေးနေမိသည်။
အနက်ရောင်ဖရိုဖရဲဆံပင်တွေကြားက
ဖြူစုတ်စုတ်မျက်နှာနှင့် နီနီရဲရဲနူတ်ခမ်း
တွေသည်သရဲတစ္ဆေလို ခြောက်ခြောက်ခြားခြား
သူ့ကိုကြိုဆိုနေပါသည်။
ဒါ...........။
JEonကြောင်အနေခြင်းကိုRomက
လှမ်းကြည့်ကာမျက်မှောင်ကျုံ့သွားသည်။
"ဂျေ မင်းငါ့ကိုကန်တဲ့ကောင်ကို
ကြိုက်သွားတယ်လို့မပြောနဲ့နော်..."
JEonလိုလူမျိုးကဘယ်တုန်းကတုံ့ဆိုင်းဖူးလို့လဲ။
ဒီလိုပုံစံမျိုးကိုပထမဆုံးမြင်ဖူးတာမို့
အားလုံးက သို့လော သို့လောတွေထွက်လာသည်။
Romစကားဆုံးတော့ထိုလူ၏မျက်လုံး
တွေသည်ပိုစူးရှသွားသည်။
မထင်မှတ်ထားစွာ နှလုံးသားနေရာကထိုးအောင့်လာ
ပြီးနောက် ဟန်တောင်မဆောင်နိုင်
ခါးတွေပါညွှတ်ကျသွားတဲ့အထိ..။
"ဂျေ!!!! ဘာဖြစ်တာလဲ......!"
အိမ်မက်ထဲကမျက်လုံးတွေသည်အနှေးကွက်
တွေလိုမျက်လုံးထဲပြန်ပေါ်လာကာ
စိတ်အာရုံတခုလုံးသည်ချက်ချင်း
ဂယောက်ဂယက်ဖြစ်သွားသည်။
တပုံစံထဲပဲ ..။ပြန်ပြန်မြင်ယောင်မိလာကာ
လည်ချောင်းထဲစို့စို့တက်လာသည်။
ခုမှမြင်ဖူး ခုမှတွေ့ဖူးပေမယ့်
သေချာပေါက်ပြန်ဆုံကိုဆုံတွေ့ရမယ့်လူတွေလို
မကောင်းသောခံစားတွေသည်အရှိန်အဟုန်ဖြင့်
မွေးဖွားလာပြီး နှလုံးသားနေရာကိုဖိထားရင်း
ကြည့်မိလိုက်တဲ့အခါလည်းသူကစိုက်ကြည့်နေတုန်းပဲ....။
ဆယ်နှစ်လုံးလုံး အရိပ်အယောင်သာသာ
ဒုက္ခကို အကောင်အထည်မြင်လိုက်ရသလို
ဘာကြောင့်မှန်းမသိ ထိုလူ့မျက်နှာသည်
ရင်တခုလုံးပူတက်လာကာ
ဖျက်ဆီးချင်စိတ် ပျက်ဆီးချင်သောစိတ်ကို
ဖြစ်လာစေပါသည်။
ပြသနာတက်တာRomနဲ့ပေမယ့် Romထက်
ပိုကြီးမားတဲ့ပြသနာမျိုးသူနဲ့ကိုယ့်ကြားမှာ
အငြိုးတကြီးရှိနေသလိုမျိုး ပထမဆုံးအကြိမ်
မြင်မြင်ချင်းမှာပဲ အလွန်တရာမုန်းတီးစွာ
စကြည့်လိုက်ရသည့် မျက်နှာလှလှလေး....။
လိုက်ရှာနေရတဲ့သူကိုပြန်တွေ့လိုက်ရသလို
ညတိုင်းဒုက္ခပေးခဲ့သည့်ပူလောင်ခြင်း
မျက်လုံးတွေကိုမမှတ်မိစရာအကြောင်းမရှိ။
ငယ်ငယ်က ထိုမျက်လုံးတွေရဲ့
မကောင်းခြင်းတွေကြောင့် အိမ်မက်ဆိုးတွေကြား
အကြောက်လွန်ကာသတိပါလစ်ခဲ့ဖူးသည်။
သွေးလည်ပတ်မှုတွေမြန်ဆန်လာပြီးနောက်
ပိုမိုသေချာရန် ထိုမျက်လုံးစူးစူးတွေဆီသို့
တလှမ်းချင်းလျှောက်သွားခဲ့သည်။
တချက်နီးလာလေ..ရင်ဘက်ထဲကတခါအောင့်လေပဲ။
လဲပြိုနေသောလူရှေ့ထိုင်လိုက်ကာ
မျက်နှာတခုလုံးကိုစေ့စေ့ကြည့်မိလိုက်ချိန်တွင်
နှလုံးခုန်သံများသည်ရုပ်ပျက်ဆင်းပျက်ဆန်စွာ
အပြင်းအထန်ထခုန်သည်။
သွယ်တန်းတန်းမျက်ခုံးတန်းနှစ်ခု
ဘာအပြစ်အနာအဆာမှမရှိသော
ဖြူဖွေးနူးညံ့နေသောအသားအရည်
လှပသောနှာတံတစ်ခုနဲ့
ဖူးကြွနေသောနူတ်ခမ်းလွှာလှလှလေး..
ယောကျ်ားပေမယ့် တော်တော်ကိုလှတဲ့ယောကျ်ား
တွဲခဲ့ဖူးသမျှအလှထိပ်ခေါင်တွေထက်
အဆကဋေကဋာပို၍လှသောယောကျ်ား...။
ဒါပေမယ့် ဒါပေမယ့်...
ကြည့်ရင်းကြည့်ရင်းအကြောင်းပြချက်မဲ့
မုန်းလာကာ ထိုအလှတွေကိုအရည်ဖျော်ချလိုက်
ချင်သည့်စိတ်သည်ထိန်း၍မရခဲ့။
အကြောင်းပြချက်မရှိပထမဆုံးစတွေ့တဲ့
အချိန်မှာတွင် ဒီလူကိုသူဒုက္ခပေးချင်လာသည်။
ရုန်းကန်ထားတာကြောင့်ရှပ်အကျီအနက်ရောင်
သည်ဖရိုဖရဲလေးဖြစ်နေကာ သူ့ကို
ဝါးစားမတတ်စိုက်ကြည့်ရုံကလွဲ
ဘာမှလုပ်ဖို့အားမရှိတော့သောပုံစံသည်
သနားဖို့လည်းကောင်းမနေ...။
"ငါ့ကိုကြည့်နေတာကိုရပ်.....
ယောကျ်ားချင်းတဏှာအကြည့်နဲ့
ကြည့်နေတာ မရှက်ဘူးလား...."
အသံ.....။Jeonမျက်နှာသည်သိသိသာသာ
ပျက်သွားကာအရိပ်တွေသည်ခေါင်းထဲ
ဝင်လာပြန်သည်။
အကြည့်တွေတင်သာမက အသံသည်လည်း
မှားစရာမရှိ....။
အဓိပ္ပာယ်မဲ့ ထိုအသံကိုလည်းထပ်ဆင့်ထပ်မုန်းခဲ့
ပြန်သည်။
ရင်တွေခုန်လာပြန်ပါသည်.....။
ထိုအသံကိုထပ်ကြားချင်လာသလိုလှုံ့ဆော်မှုမျိုး
မသိစိတ်ကတောင်းနေပြန်သည်။
"မရှက်ဘူး......."
ပြသနာတက်တဲ့တစ်ယောက်နဲ့ကတော့
ဒေါသကြီးစွာတပွဲတလန်းစမ်းပီးခဲ့ပြီ။
အသားနာရတာလွဲလို့ကျန်တာမရှိပေမယ့်
ခုရောက်လာသောကောင်၏မျက်လုံးတွေသည်
တကိုယ်လုံးသေးသိမ်သွားတော့မတတ်
မျက်နှာတခုလုံးကိုရုပ်ရှင်ကားတွေထဲက
လူယုတ်မာတွေလို တမေ့တမောအကြည့်ခံနေရသည်။
ထိုးလိုက်ရိုက်လိုက်တာမှတော်သေးပေမယ့်
ယောကျ်ားချင်းစိတ်ပျက်ဖို့ကောင်းအောင်
အနီးကပ်ကြီးစိုက်ငေးနေတာတော်တော်လေး
သူ့အတွက်ရွံစရာကောင်းသည်။
Hyung တောင်ဒီလိုတခုချင်း
အရသာကြည့်ခဲ့တာမဟုတ်...။
"ဖယ်စမ်း!!!!!!"
အရူးလိုကောင်ကိုတွန်းလွှတ်ကာထဖို့ပြင်
လိုက်သောအချိန်ဆံပင်တွေဆွဲဆုပ်ကာ
မျက်နှာကိုဆွဲမော့ခဲ့တဲ့သူ...။
"ငါကြည့်လို့မဝသေးဘူးလေ..."
ဆံပင်ပျော့ပျော့လေးတွေကိုဆွဲကာ
မော့လိုက်တော့နာသွားသောမျက်နှာလေး
သည် Jeon ကိုထူးဆန်းသော
ခံစားချက်ကိုစပေးသည်။
ပျော်ရွှင်သွားသောခံစားချက်....။
"လွှတ်စမ်း.....အမှိုက်လိုကောင်....!!!
မင်းနဲ့ဘာဆိုင်လို့ ဘာကိစ္စလာဝင်ပါရတာလဲ..."
"မင်းကန်ခဲ့တဲ့ကောင်က ငါ့သူငယ်ချင်း..."
"စောက်စကားများလို့ကန်လိုက်ခါမှ
တမျိုးလုံးတဆွေလုံးပါလာတော့တယ်...
ဖအေတွေရော ပထွေးတွေရော...."
"ဘာ!!!!!ဂျေ မင်းမလုပ်ရင်ဖယ်တော့
ငါတခါထဲသတ်ပစ်မယ်...သွား ဖယ်တော့..."
Rom၏ဒေါသသည်ထိန်းမရနိုင်တာဖြစ်
သင့်ပေမယ့် Romနဲ့ပြသနာတက်တာမို့
Romပဲရှင်းရမှာသိပေမယ့် ဘာကြောင့်မှန်း
မသိ..ဒီလူကိုမြင်မြင်ချင်းမှာပဲ
စိတ်ဒုက္ခတွေပေးချင်နေကာ
ရန်ငြိုးရန်စအပြည့်နဲ့လက်တုံ့ပြန်ရမည့်
လူတစ်ယောက်လိုခံစားနေရသည်။
ဘုရားစူးပထမဆုံးစတွေ့မှုမှာတင်မကောင်းခံစားချက်
တွေပဲတန်းစီဖြစ်ခဲ့ပြီး အဓိကတော့
အိပ်မရအောင်နှိပ်စက်ခဲ့သောအိမ်မက်ထဲက
မကောင်းဆိုးဝါလိုမျက်လုံးတွေဖြစ်သည်။
"မင်းငါတို့ကိုမသိဘူးလား..."
"မင်းတို့ကဘာကောင်တွေမလို့သိရမှာလဲ
အဆင့်အတန်းမဲ့တဲ့အပြုအမူအပြောအဆိုတွေနဲ့
မင်းအပါအဝင်တယောက်ချင်းစီကို
မဖြစ်မနေသိရမယ်ဆိုရင်တောင်
မသိချင်ဘူး......"
"အဆင့်အတန်းဆိုတာ....
ကိုယ်မှားသွားရင်သေချာပြန်တောင်းပန်ပေးရ
မှာမလား...ငါမြင်တာတော့လက်ရှိ
အဆင့်အတန်းမရှိတာ မင်းဖြစ်နေတယ်..."
"အဲ့တော့ မင်းကဘာဖြစ်ချင်လဲ....."
"တောင်းပန်ရမှာပေါ့ ဒူးထောက်ပီး
တောင်းပန်ရမယ်....သေသေချာချာ
လေးလေးစားစား....."
"မတန်မရာကိုတက်မှန်းနေသေးတယ်
တစ်ယောက်ထဲရူးတာမဟုတ်ဘူး
တစ်အုပ်စုလုံးရူးတာ..."
Jeonသည် အကြောက်အလန့်မဲ့ပြောနေသောလူ
ရဲ့ အကျီလည်ပင်းကိုဆောင့်ဆွဲကာ
မတ်တပ်ရပ်ခိုင်းခဲ့ပေမယ့်သိပ်အဆင်မပြေနေခဲ့ပါ။
"ရပ်စမ်း.....ယောကျ်ားမဟုတ်ဘူး
လားမင်းမတ်တပ်တောင်မရပ်နိုင်ဘူးလား"
ဖြောင်းးးး
နာနေပါသည်ဆိုသောနေရာတွေကို
ဆွဲဆောင့်သလိုဖြစ်ကာပိုနာကျင်တာကြောင့်
အကြမ်းပတမ်းလုပ်ကိုင်နေသော
အမှိုက်ကောင်၏မျက်နှာအားဖြတ်ရိုက်လိုက်သည်။
အားလုံးသည်မျက်လုံးတွေပြူးသွားကာ
ဒေါသထွက်နေသောRomပင်
ကြောင်အသွားသည်။
JEonမျက်နှာကိုရိုက်ဖို့မပြောနဲ့ထိချင်တိုင်း
တောင်ထိလို့မရခဲ့။
သွားလေသူ အမေကစ သူ့ကိုကြည့်မရသော
ဒယ်ဒီအထိ...လက်ဖျားနဲ့ပင်မထိဖူးကြပါ။
တခြားသူတွေကတော့ သူကကြီးလိုက်
ရိုက်ပစ်ခဲ့တာကြီးပဲ။
ပထမဆုံးအကြိမ်မျက်နှာတစ်ခုလုံးလည်ထွက်
သွားအောင်ရိုက်ခံလိုက်ရခြင်းတွင်
Jeonနှလုံးသွေးတွေဆူပွက်သွာရသည်။
ဖြောင်းးးး
ကြာကြာခံစားမနေ မတ်မတ်မရပ်နိုင်သော
လက်ထဲက လူအား ချက်ချင်းဆိုသလို
ပြန်ရိုက်လိုက်ချိန်တွင် ခွေခနဲပစ်ကျသွားကာ
လှုပ်တောင်မလှုပ်နိုင်တော့....။
နှာခေါင်းမှစီးကျလာသောသွေးနီနီများသည်
ကြမ်းပြင်ပေါ်သို့အလုအယက်သက်
ဆင်းလာသည်။
Jeonသည်သတိမရတရအခြေအနေ
ကို အကျီစမှကိုင်ကာဆွဲမတော့အချိုးမပြေသော
စကားတွေတောင်မပြောနိုင်တော့ပါ။
တွေ့လား သူလုပ်ရင်တချက်ပါပဲ.....။
တောင့်တင်းပါတယ်ဆိုတဲ့လူတွေတောင်
အလူးအလဲခံရတာ ဒီအရုပ်လိုဟာလေးက
တစ်ချက်နဲ့တင်သတိလစ်တယ်....။
"နောက်တစ်ခါ....ကိုယ့်လာကျင်လည်မဲ့
ပတ်ဝန်းကျင်မှာ ဘယ်သူတွေကဘာ
ဆိုတာကို အရင်သိအောင်လုပ်ပီးမှ
လာပျော်ပါး ကြားလား.....
စကားတတ်ရုံနဲ့ ဒီလိုနေရာတွေမှာဘောင်မဝင်ဘူး
ဒီနေရာတွေ ပါးစပ်နဲ့မပြောတတ်ဘူး
လက်နဲ့ပဲပြောတာ...ကြားလား အလှလေး...."
ထွီ.....
Jeonမျက်နှာပေါ်သွေးစတွေစင်လာသည်။
မျက်နှာတည့်တည့်ကိုတံတွေးနဲ့အထွေးခံလိုက်ရခြင်း။
မျက်လုံးတောင်မဖွင့်နိုင်တော့လို့
တော်တော်လေးအထိနာကာ
အရင်ကောင်တွေလို...ခြေသလုံးဖက်
တောင်းပန်လာတော့မယ်လို့ထင်ခဲ့ပေမယ့်လည်း
သူ့ကိုဘာလုပ်လိုက်တာလဲ....။
Jeonသည် တက်တူးတွေအပြည့်ရှိနေသာ
လက်ချောင်းတွေဖြင့်မျက်နှာကိုပြန်စမ်းသပ်ကာ
တော်တော်လေး..စွံ့အနေသည်။
"မင်းကိုငါသတ်ပစ်မယ်......"
ပေါက်ကွဲတော့မည့်ဗုံးတလုံးလိုRomနဲ့
ငြိခဲ့ပေမယ့် Romသည်Toilet ထဲ
ကျန်ခဲ့ရကာ Jeonသည် လုပ်ရဲကိုင်ရဲကောင်
အားပုခုံးပေါ်ထမ်းတင်လိုက်သည်။
နှာခေါင်းကသွေးတွေသည် Jeonစွပ်ကျယ်
အဖြူရောင်ပေါ်သို့ပေကျံသွားကာ
သတိမရတရအခြေအနေတွင်မရုန်းနိုင်
မကန်နိုင်ပဲပါသွားခဲ့ပြီ။
"Rom ဂျေ တကယ်သတ်ပစ်လောက်တယ်နော်...
ငါတို့ တားကြည့်ကြမလား..."
"မတားနဲ့.....ငါတို့ကို စော်ကားရင်
ဘယ်လိုဇာတ်သိမ်းဖြစ်မလဲဆိုတာ
တခြားသူတွေကိုသိစေချင်တယ်....
အဲ့ဒီကောင် တော်ရုံမဟုတ်ဘူး...
မလွယ်ဘူး.....တယ်ဒီ ဝင်မပါတော့နဲ့
ဂျေ ဘာလုပ်ရမလဲ သူ့ဟာသူသိတယ်..."
"ကို.....ဘယ်သွားမလို့လဲ....ပုခုံးပေါ်က
ဘာကြီးလဲ...."
"ဖယ်စမ်း....!!"
ချီခေါ်ရမလား ပွေ့ခေါ်ရမလား သဲသဘော
ဆိုသောJeonသည်သွားမယ့်လမ်းကို
ပိတ်ကာတဂျီဂျီလာပြောနေသောကောင်မလေးကို
အရှိန်ဖြင့်တွန်းဖယ်လိုက်တာကြောင့်
လဲကျသွားကာကောင်မလေးသည်အော်ငိုတော့သည်။
ဝိုင်းထူပေးကာနှစ်သိမ့်ပေးနေကြသော
မြင်ကွင်းတွေကိုကျော်ဖြတ်ခဲ့ကာကားပါကင်ဆီသို့
တလှမ်းချင်းလှမ်းလာနေသည်။
ကားနားရောက်ခါနီးတွင် ပုခုံးပေါ်ကလူသည်
လှုပ်ရှားလာသည်။
"ငြိမ်ငြိမ်နေ ကောင်းကောင်းသေချင်တယ်မလား"
သတိလုံးဝပြန်ဝင်လာတဲ့ပုံထောက်ကာ
ကျောတခုလုံးကိုတဒုန်းဒုန်းထုရိုက်နေပြီး
အောက်ချပေးစမ်း ဆိုတဲ့စကားကိုတော့
သိပ်ကျယ်ကျယ်လောင်လောင်မပြောနိုင်ပါ။
ကားဆီသို့ရောက်သည်နှင့်နောက်ခန်းတံခါးဖွင့်ကာ
ပစ်ထည့်လိုက်သည်။
အရုပ်ကြိုးပျက်ပြိုကျသွားကာ နာသွား၍
ညီးညူးသောအသံသဲ့သဲ့ကြားလိုက်သည်။
ကားထဲဝင်Lockချပြီး ကာကူရှင်ပေါ်က
နာကျင်နေသောမျက်နှာကိုအရင်ဆွဲမလိုက်
သည်။
"ဘယ်လိုသေချင်လဲ....."
Jeonသည်တကယ်
သတ်ပစ်ဖို့ကားထဲကိုခေါ်လာခဲ့တာ
သူ့ဘဝမှာပထမဆုံးသောမခံမရပ်နိုင်
အပြုအမူတွေကိုလက်ခံခဲ့ရတဲ့အတွက်
ဒေါသသည်ဂိတ်ဆုံးနေပြီ။
မျက်လုံးတွေသည်ဖျက်ခနဲပွင့်လာသည်။
နီရဲတောက်နေကာ မျက်ရည်တွေဝိုင်းလျှက်
စိုက်ကြည့်နေတော့ အကြမ်းပတမ်းကိုင်
ထားသောလက်တွေတုန်ခနဲ....။
ရင်တွေထိန်းမရစွာခုန်ပေါက်လာခြင်းနဲ့အတူ
အဲ့ဒီမျက်လုံးတွေနဲ့တခါအကြည့်ခံရတိုင်း
စူးအောင့်သွားသောရင်ဘက်သည်
ဘာကြောင့်များလဲအဖြေရှာမရ...။
"မကြည့်နဲ့.....!!!!!!"
တွန်းလှဲကာပူလောင်လွန်းသောမျက်လုံး
ပိုင်အပေါ်အုပ်မိုးပြီးနောက်ကျယ်လောင်စွာ
အော်ပြောလိုက်သည်။
"မှိတ်ထားစမ်း....မှိတ်ထား!!!!!
ငါ့ကို ထပ်မကြည့်နဲ့..!!!!"
အပေါ်မှအုပ်မိုးကာဒေါသတကြီး
အော်ဟစ်နေသောလူကိုကြည့်ရင်း
သူ့ဘဝသည်ဆိုးပဲဆိုးနေတော့မှာလား
လို့အတွေးတွေဝင်လာသည်။
စီးပွါးပျက်တယ် ချစ်သူကိုထားခဲ့ရတယ်
စိတ်ညစ်လို့အရက်လာသောက်တယ်
ခုယောကျ်ားတစ်ယောက်ရဲ့ကားထဲမှာ
သေမလားရှင်မလားအခြေအနေ....
ဆိုးပီးရင်းပဲထပ်ထပ်ဆိုးတော့မှာလား....။
ကောင်းသောလာခြင်းတွေတခုမှမဖြစ်နိုင်
တော့ဘူးလား.....။
"လူသတ်မယ့်ကောင်က
အကြည့်လေးတချက်ကိုတောင်
တုန်လှုပ်နေတာပဲ....ကြည့်တော့ဘာဖြစ်လဲ....."
"မင်း.....!!!"
JEonသည်ဘယ်နေရာတွေရိုက်မိလို့ရိုက်မိမှန်း
မသိ....။စိတ်သည်လွတ်တာထက်ထိန်း၍
မရတော့စွာ အတင်းတွန်းလွှတ်ကာ
ရုန်းကန်နေသောလက်တွေ မတတ်နိုင်တော့
စွာငြိမ်သက်သွားမှသတိပြန်ဝင်လာသည်။
ဒါတောင်သူမကျေနပ်သေးပါ.....
ဒီလောက်နဲ့ကျေနပ်လို့မရသေးဘူးဟု
မသိစိတ်တွေက အားပေးအားမြှောက်လုပ်နေသော်လည်း
အသိစိတ်ကတော့ သွေးစသွေးနတွေနဲ့
လုံးဝသတိလုံးလုံးပျောက်သွားပြီဖြစ်သော
မျက်နှာကိုစိုက်ကြည့်ကာသေအောင်သတ်လိုက်ရင်
တွေ့ရုံရှိသေးတာ မြန်မြန်ဇာတ်သိမ်းလိုက်သလို
ဖြစ်နေလိမ့်မည်....။
သေတာထက်ဆိုးတဲ့ဒုက္ခတွေ
ပေးချင်နေသေးသောစိတ်သည်
ခုမှစတွေ့ဖူးတဲ့လူအပေါ် ထူးဆန်းလွန်းစွာ
အငြိုးတကြီးသွန်ချခဲ့ပြီးတဲ့နောက်
Jeon သည် သွေးတွေပေကျံနေသော
သူ့ကို ပထမဆုံး တုံ့ပြန်ရဲသော
လူဘေးနား ဆေးလိပ်မီးညှိကာဖွာနေလိုက်သည်။
မီးခြစ်သည် နှလုံးတွေအရမ်းခုန်နေ၍
အနည်းဆုံးငါးခါလောက်ခြစ်လိုက်ရသည်။
ကျတော်အဖြေတွေရှာကြည့်တယ်.....
ဘာလို့များမြင်မြင်ချင်းမုန်းရသလဲပေါ့.....။
ဒါဟာရန်ပွဲတခုဆိုပေမယ့်......
ရန်ပွဲတခုထပ်ပိုတဲ့ဆက်နွယ်မှုတွေ ရေစက်ဆိုးတွေ
ကျိန်စာကိုယ်စီနဲ့ ဆုတောင်းကိုယ်စီနဲ့လူနှစ်ယောက်
ကိုထိပ်တိုက်တွေ့ဖို့ ကံတရားကဖန်တီးပေးလိုက်တာပဲ။
.......
တစ်ယောက်က ဘဝဆက်တိုင်းမုန်းနိုင်ဖို့
ဒုက္ခတွေပဲပေးနိုင်ဖို့
သံသရာတဆုံးအရုပ်တရုပ်လို အနိုင်ကျင့်လို့ရဖို့
သွေးတွေနဲ့ရင်း ကျိန်စာတိုက်ခဲ့တယ်
သိပ်ဆိုးဝါးလွန်းတဲ့ကျိန်စာပဲ....
သိပ်လည်းကြောက်စရာကောင်းတယ်
ရေစက်တွေပြန်ဆုံနေတော့လည်း
ကျိန်စာထဲကအတိုင်းတကယ်ခါးခါးသီးသီး
မြင်တာနဲ့မုန်းပစ်နိုင်ခဲ့တယ်.....
ဒါဆိုမျက်လုံးလေးနှစ်လုံးမြင်ရရုံ
အေးစက်စက်အသံလေးကြားလိုက်ရရုံ
ဝဲဖြာနေသောမျက်ရည်စတွေကိုမြင်ရုံနဲ့
တုန်ရီကာ...နှလုံးသားတစ်ခုလုံးပွင့်ကွဲထွက်မတတ်
ရင်ခုန်လှိုက်မောခဲ့ရမှုတွေကျ
ဘယ်သူ့ရဲ့ လွန်လွန်ကျူးကျူးကျိန်စာတွေလဲ......။
ဘယ်သူပိုအတ္တကြီးလဲ
ဘယ်သူပိုကြောက်စရာကောင်းလဲ......
"ဘဝဆက်တိုင်း......ဘဝဆက်တိုင်း
မင်းနဲ့ပဲပြန်ဆုံတွေ့ပြီး.....
ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
မင်းတစ်ယောက်နဲ့ပဲသံသရာတလျှောက်လုံး
ပေါင်းဖက်ရပါစေ...
ငါ့မျက်နှာကိုမြင်တာနဲ့အရူးလိုစွဲလန်း
ချစ်မြတ်နိုးပြီး....မင်းနှလုံးသားရဲ့
ချစ်ပေးနိုင်တဲ့စွမ်းအားတွေထက်အဆပေါင်းများစွာ
လွန်ကြူးပြီး ငါ့ကိုမြတ်နိုးရပါစေ.....
ဒီဘဝမှာ ဘုရင်တပါးဖြစ်ခဲ့တာတောင်
မင်းနှလုံးသားကို ငါမပိုင်နိုင်ခဲ့ပေမယ့်
နောင်ဘဝဆက်တိုင်းတော့ ချွင်းချက်မဲ့စွာ
မင်းနှလုံးသားရဲ့တစ်ယောက်ထဲသော
ဘုရင်တပါးဖြစ်ရပါစေ..........
မင်းကသွေးနဲ့ဆုတောင်းတယ်
ငါက ငါ့နှလုံးသားထဲကစီးဆင်းလာတဲ့
ငါ့မျက်ရည်နဲ့တိုင်တည်မယ်...
မေတ္တာအရှိန်အဟုန် ကြီးတဲ့သူနိုင်ကြေးပဲ....."
ဘုရင်သည်မြင်းပေါ်မှဆင်းကာချောက်ကမ်းပါး
အစွန်းနားကိုသွားပြီးနောက်....
ထိုဆုတောင်းကို မျက်ရည်စတွေနဲ့ထုတ်ပိုးကာ
ကောင်းကင်ဘုံသို့ပို့ပီးနဲ့နောက်ခြေတလှမ်းလေထဲ
သို့လှမ်းချလိုက်သည်...။
အဆင်ပြေရဲ့လား ..💔
တပတ္ေလာက္အလူးအလဲညႇိႏွိုင္းခဲ့ေပမယ့္လည္း
ေနာက္ဆုံးေတာ့အေဖသာလၽွင္အနိုင္ရခဲ့သည္။
Hyungအိမ္အထိသြားကာ ေဘာင္ေက်ာ္ေသာ
စကားေတြေျပာၿပီး လမ္းခြဲဖို႔ ေျပာကာ
ေစာ္ေစာ္ကားကားသြားလုပ္လိုက္ပါေသးသည္။
Hyung သည္အေျခအေနေတြအားလုံးကို
ေသေသခ်ာခ်ာနားလည္သြားေသာ္အခါ
ေခတၱေတာ့တိတ္ဆိတ္သြားၿပီးက်ေတာ္ထင္ပါသည္
Hyungဘယ္လိုေျဖရွင္းေပးရမလဲအႀကံထုတ္ေန
ေလာက္ၿပီ။
အားလုံးကိုကိုယ္လြတ္႐ုန္းကာHyungေနာက္
လိုက္သြားရင္လည္းေဆး႐ုံေပၚကေရာဂါသည္
အေမ့မ်က္ႏွာကိုျမင္လာျပန္သည္။
စုပ္လည္းဆူး စားလည္း႐ူးအေျခအေနတြင္
ေနာက္ဆုံးေတာ့ Hyung ကိုစြန့္လႊတ္ခဲ့ရသည္။
အေဖက တဖက္ကေငြေတြကိုအားလုံးလက္ခံကာ
လုပ္္ခ်င္တာေတြလုပ္ၿပီးေနၿပီကို။
လက္လြန္ေနပီးေသာအေျခအေနမွာ
သူ႔ႏွလုံးသားကိုအမွိုက္စေလးလိုအေဖက
နည္းနည္းေလးေတာင္ဂ႐ုမထားေပးခဲ့။
နားလည္မေပးခဲ့....။
ထားခဲ့ျခင္းအေပၚမွာHyung သည္လည္း
အေသအလဲခံစားရကာ စကားေျပာဆိုပီးထဲက
ေပ်ာက္ေနသည္။
အသဲကြဲေသာေဝဒနာသည္ အရက္မူးမွ
အနည္းငယ္ေမ့ေပ်ာက္နိုင္တာမို႔တစ္သက္နဲ႔
တစ္ကိုယ္ ေျခမလွမ္းခဲ့ေသာClubတခု၏
ေထာင့္ဝိုင္းတြင္တစ္ေယာက္ထဲထိုင္ေသာက္ေနခဲ့သည္။
Hyung နဲ႔သူ သည္ သဲသဲလွုပ္လူအျမင္ကပ္ဖို႔
ေကာင္းေအာင္ မေနထိုင္ခဲ့ၾကပါ..။တည္ၿငိမ္
ရင့္က်က္ေသာေမတၱာတရားနဲ႔ မၽွေဝခံစားေပးနိုင္ျခင္း
ကိုအေျခခံၿပီး ေအးေအးခ်မ္းခ်မ္းခ်စ္ႀကိဳက္ခဲ့တာ။
ရန္ျဖစ္တာမ်ိဳးမရွိ ျငင္းခုံတာမ်ိဳးမရွိ။
ဘယ္ေလာက္ပူပူ Hyung ရဲ့ ကေလး ဆိုတဲ့
ေခၚသံေလးၾကား႐ုံနဲ႔ဘဝအေမာေတြအားလုံးေျပေပ်ာက္
ခဲ့ဖူးပါသည္။
မိဘကသေဘာမတူလက္မခံ
အိမ္အထိ ျပတ္ျပတ္သားသားလာေျပာကာ
သူကိုယ္တိုင္လည္းမလြန့္သာမလူးသာေသာ
အေျခအေနတခုတြင္ Hyungလက္မေလၽွာ့လို႔
မရေတာ့....။
မုန္းလို႔ရယ္မဟုတ္ဘဲ ႐ုပ္ရွင္ဇာတ္လမ္းေတြထဲက
လို မိဘအသိုင္းအဝိုင္းေၾကာင့္
စီးပြါးေရးအေျခအေနေၾကာင့္
အေမ့က်န္းမာေရးအတြက္လိုအပ္မွုေတြေၾကာင့္
ခ်စ္လ်က္နဲ႔ေဝးသြားရေသာအေျခအေနသည္
တကယ္တမ္း အေဖသာမမိုက္မဲရင္
ျဖစ္စရာမလို....။
ေတြးေလေဒါသထြက္ေလ...
ျမင္ျမင္သမၽွသည္အက်ည္းတန္ေနကာ
ေသြးေတြသည္ဆူပြက္ေနခဲ့သည္။
အရက္ကိုသာတခြက္ပီးတခြက္ေသာက္ရင္း
အသဲကြဲေသာေဝဒနာ
ခံျပင္းရေသာေဝဒနာတို႔ကိုတိုက္စားသြားေအာင္
ႀကိဳးစားေနခဲ့သည္။
ေထာင့္ကပ္ကာစိတ္ညစ္ညစ္ျဖင့္
အရက္ေသာက္ေနတဲ့သူလည္းရွိသလို
Dancing Floorတြင္ စီးခ်က္ေတြနဲ႔အညီ
လန္းဆန္းကာလွုပ္ရြကေနေသာ ဘဝတစ္ခုလည္း
ရွိခဲ့သည္။ဒီေန႔မွ စတြဲခဲ့ေသာ ၁၈ႏွစ္တိတိ
ေကာင္မေလး၏ခါးေလးကိုဖက္ထားရင္း
ျမဴးႂကြေသာတီးလုံးေတြၾကားJeonသည္
ဆြဲေဆာင္မွုရွိစြာကခုန္ေနသည္။
အျဖဴေရာင္စြပ္က်ယ္ႏွင့္ေဘာင္းဘီ
ခပ္ပြပြကိုဝတ္ထားကာ လာတုန္ူးက
အေပၚထပ္အေႏြးထည္ပါေပမယ့္ခုေတာ့
ထိုအေႏြးထည္သည္ေကာင္မေလး၏
ပုခုံးေပၚမွာ...။အစိမ္းရင့္ေရာင္မ်က္မွန္
Sizeႀကီးႀကီးကိုခ်ိတ္ထားၿပီး...
ေခၽြးစက္တခ်ိဳ႕ျဖင့္ ျပဳံးေပ်ာ္ကာ
ခႏၶာကိုယ္ကိုလွုပ္ရွားေနတဲ့သူ...။
အရက္နည္းနည္းေလးဝင္ထားတာ
ေၾကာင့္မ်က္လုံးေတြကရီေဝေဝ...။
ေကာင္မေလးတစ္ေယာက္က
ေျပာခဲ့ဖူးသည္။
"JungKookမူးေနတဲ့မ်က္လုံးေတြကို
မၾကည့္မိေစနဲ႔တဲ့ အဲ့တာလြတ္လမ္းမရွိဘူးတဲ့ေလ..."
႐ုပ္ေခ်ာတယ္....ဒါေပမယ့္ဆြဲေဆာင္မွုသိပ္မရွိဘူး
႐ုပ္ကပုံမွန္ပဲ..ဒါေပမယ့္ဆြဲေဆာင္မွုတအားရွိတယ္
Jungkook က် ႏွစ္ခုစလုံးကိုအလၽွံအပယ္ထည့္ကာ
တစ္ခ်ိန္ထဲမွာပဲ ညိဳ႕ငင္အားျပင္းလြန္းတယ္။
"ေတာ္ပီ ...ခဏသြားထိုင္ရေအာင္...
သဲ ေမာေနၿပီ..."
အရပ္ရွည္ရွည္Jeonနားနားအထိေျခဖ်ားေထာက္
ကာကပ္ေျပာလိုက္ေတာ့ တခ်က္ျပဳံးကာ
"ကိုယ္ခ်ီသြားရမလား...."
"ပိုၿပီ...ရတယ္..လမ္းပဲေလၽွာက္မယ္..."
"သေဘာဗ်ာ..."
မာယာေတြေပါ့...။မိန္းမမာယာ ေယာက်္ားမာယာရယ္
မဟုတ္ JeonJungkook ရဲ့သီးသန့္မာယာေတာ
သည္တိုးမိရင္ လမ္းေပ်ာက္ၿပီ။
ျပဳံးယဲ့ယဲ့ႏူတ္ခမ္းပါးပါးေလးေတြ...
မထီတထီအၾကည့္ရဲရဲေတြ
လူတစ္ေယာက္ကိုျမင္တာနဲ႔ဘယ္လိုခ်ဴပ္ကိုင္
လိုက္ရင္ရပီ ဆိုတဲ့အကဲခတ္ေတာ္လြန္းျခင္း
တြင္ မိန္းမလွေလးေတြအတုံးအ႐ုန္းလဲၿပိဳလဲဆဲ။
အသက္ပိုႀကီးေသာ မမေတြ အ႐ူးအမူးစြဲလန္းဆဲ...။
ေကာင္မေလးသည္Jeonလက္ေမာင္းေတြကို
ပိုင္နိုင္စြာတြဲခိုလၽွက္Jeonတို႔တဖြဲ႕လုံး
ထိုင္ေနက် VIPဝိုင္းဆီသို႔ဦးတည္လာခဲ့သည္။
အားလုံးသည္လည္းသူ႔အတြဲကိုယ္စီနဲ႔သူ...။
JEonရဲ့တေန႔တာသည္ဒီလိုပဲမီးေရာင္စုံေတြၾကား
တီးလုံးျမဴးျမဴးေတြၾကား...
ေကာင္မေလးလွလွေလးေတြၾကား
မပ်င္းခဲ့ရ..။
အရက္သည္ေသာက္ရင္းအနည္းငယ္မ်ား
လာၿပီျဖစ္တာေၾကာင့္ရီေဝေဝျဖစ္လာကာ
ခႏၶာကိုယ္သည္လည္းသိပ္အဆင္မေျပလာ၍
Toilet ဘက္သို႔Jiminေလၽွာက္လာခဲ့သည္။
အန္ခ်င္လည္းအန္ပစ္လိုက္လို႔ရေအာင္။
ေသာက္ေလ့ေသာက္ထမရွိတာလည္းပါတာမို႔
တစ္ေယာက္ထဲ ဒုကၡေရာက္ေနသည္။
Hyung သာသိရင္ ဘယ္ေလာက္ဆူလိုက္မလဲ။
အနက္ေရာင္Shirt အက်ီႏွင့္ဂ်င္းေဘာင္းဘီ
ကိုေတြ႕ရာတြဲဝတ္လာကာ နက္ေမွာင္ေနေသာ
ဆံပင္မတိုမရွည္ေတြသည္ႏွဖူးေပၚဝဲက်က်လာ၍
သပ္တင္ေနရသည္။
အရင္ကေတာ့ တိပေနေအာင္ေနာက္သို႔
လွန္ၿဖီးထားေသာ ေသသပ္မွုေတြ.....။
စိတ္ဖိစီးမွုေတြသည္ မခံမရပ္နိုင္ေလာက္ေအာင္
အထိမ်ားလြန္းလွ၍ ဘာမွျပင္ဆင္ခ်င္စိတ္လည္း
မရွိေနေတာ့ပါ....။
"ဟာ!!!!"
Toilet ခဏဝင္ၿပီးျပန္အထြက္
လူျပတ္ေသာအျပာေရာင္ခရမ္းေရာင္မီးေရာင္
မ်ားႏွင့္လမ္းမ်ားတြင္အတြဲမ်ားသည္ျဖစ္ခ်င္တိုင္းျဖစ္
ေနတာေၾကာင့္ စိတ္ပ်က္စြာေခါင္းငုံ႔လၽွက္
မၾကည္မလင္ေလၽွာက္ခ်ိန္တြင္လူတစ္ေယာက္ကို
ဝင္တိုက္လိုက္မိသည္...။
ထိုလူ႔လက္ထဲတြင္အရက္ခြက္ရွိေနတာေၾကာင့္
ဝင္တိုက္လိုက္ေသာအရွိန္ျဖင့္အရက္ေတြသည္
ထိုလူရဲ့အက်ီေတြအေပၚသြန္ပစ္လိုက္သလိုျဖစ္သြား
ေတာ့သည္။
သူဝင္တိုက္တာ...သူမွားသြားတာေၾကာင့္
"Sorry....!"
စိတ္သည္မၾကည္လင္ဆုံးအခ်ိန္
အရာရာကိုအေကာင္းမျမင္နိုင္ဆုံး
အခ်္န္တြင္ ရွည္ရွည္ေဝးေဝးေတြလည္း
စကားမေျပာခ်င္ Sorry တစ္ခြန္းသာေျပာၿပီး
ထြက္သြားဖို႔ရန္သူျပင္ဆင္ခဲ့သည္။
ထိုလူသည္ လက္ေမာင္းေတြကိုခ်က္ခ်င္း
ျပန္ေဆာင့္ဆြဲကာေရွ႕တည့္တည့္သို႔ျပန္ဆြဲေခၚသည္။
"ဘာလုပ္တာလဲ.....!"
ေဆာင့္ဆြဲခံလိုက္ရျခင္းေၾကာင့္
ေဒါသသည္ဖ်င္းခနဲ။
"မင္းမ်က္လုံးမျမင္ရဘူးလားငါ့အက်ီတခုလုံး
ပ်က္ဆီးသြားပီေလ Sorry တစ္ခြန္းထဲ
ေျပာလို႔ရမလား...."
"Sorry မေျပာလို႔ ငါက ဘာေျပာရမွာလဲ...
မင္း မေက်နပ္ရင္ ငါ့အက်ီခၽြတ္ေပးမယ္..
အာ႐ုံေတြမေနာက္နဲ႔..."
"မင္းငါဘာေကာင္လဲမသိဘူးထင္တယ္..."
ခက္တာပဲ...။ဘာေကာင္ေကာင္ျဖစ္ျဖစ္
ဘာလုပ္ေပးရမွာလဲ...။ခုခ်ိန္နိုင္ငံသမၼတ
ေတာင္နားလာညီးရင္ထရိုက္မိမွာေသခ်ာ
ေနတာေၾကာင့္ဇယားကိုျမန္ျမန္ျဖတ္မွျဖစ္ေတာ့မည္။
"ပိုက္ဆံေပးမယ္...ယူပီးသြားျပန္ဝယ္ဝတ္လိုက္"
"ဘာ!!!!!"
တခ်ိဳ႕ကေတာ့ဒီလိုပဲေလ...။
ပိုက္ဆံနံ႔ပါးစပ္ပိတ္လိုက္ရင္ရတာမို႔
Jimin လြယ္လြယ္ကူကူပဲ ပိုက္ဆံတခ်ိဳ႕
ထုတ္ေပးလိုက္သည္။လူစိမ္းတင္မက
ထိုလူစိမ္းေနာက္ကအေပါင္းအပါတခ်ိဳ႕ပင္
အံ့ဩမွင္သက္ေနေသာမ်က္လုံးမ်ားျဖင့္..။
"ငါ့ကိုမ်ား.......!!!!"
ထိုလူစိမ္းသည္မ်က္ႏွာတခုလုံးနီရဲလာကာ
သူ႔ကိုတိုက္ခိုက္ရန္လက္ျပင္လာေသာ
အခ်ိန္တြင္ျမန္ဆန္စြာပင္ဦးေအာင္
ရင္ဝကိုေျခေထာက္ျဖင့္ေဆာင့္ကန္လိုက္သည္။
အရွိန္ပါတာေၾကာင့္လူစိမ္းသည္ၾကမ္းျပင္ေပၚသို႔
ပစ္စလတ္ခတ္ျပဳတ္က်သြားေတာ့သည္။
"ငါေကာင္းေကာင္းမြန္မြန္ေျပာေနတာ
ဘာကိစၥလက္ပါခ်င္ရတာလဲ
မင္းအရက္ခြက္နဲ႔မင္းအက်ီကဘယ္ေလာက္တန္လို႔လဲ"
"ဒီေကာင္ကေတာ့....."
လဲက်သြားရာမွခ်က္ခ်င္းထကာ
ထိူလူစိမ္းသည္လၽွင္ျမန္စြာသူ႔အက်ီ
လည္ပင္းစကိုဆြဲလ်က္အိမ္သာဘက္သို႔
ဆြဲေခၚေတာ့သည္။
အားသန္လွေသာလက္ေတြသည္လက္တဖက္ထဲ
ဆြဲထားတာေတာင္သူလက္ႏွစ္ဖက္ႏွင့္
ဆြဲဖယ္၍မရခဲ့...။
"ဘာလုပ္တာလဲ!!!!လႊတ္စမ္း....!!!"
ကိုယ္အရင္ဦးေအာင္လုပ္လိုက္ရ၍
ဟုတိသလိုလိုရွိေနေပမယ့္ လက္ယဥ္ေနေသာ
လူစိမ္းေကာင္၏အျပဳအမူသည္
လူေကာင္းတစ္ေယာက္လုံးဝမဟုတ္ဘူးဆိုတာ
သိသိသာသာ....။
အိမ္သာထဲအထိဆြဲေခၚလာကာနံရံဆီသို႔
အားသုံးအားတြန္းလႊတ္လိုက္ျခင္းခံလိုက္ရသည္။
နံရံႏွင့္ေျပးရိုက္မိေသာေက်ာသည္ေအာင့္တက္
လာကာ ထိုင္က်သြားတဲ့အထိနာလွသည္။
နာလို႔ေဒါသထြက္စြာျပန္ဆဲလိုက္သည္။
"ေခြးသေတာင္းစား!!!!"
"မင္းကေတာ္ေတာ္ထူးဆန္းတဲ့ေကာင္ပဲ...
ငါ့ကိုဆဲရဲေနတာ......လာစမ္း!!!!!"
"ေဂ်....ေဂ်.....Rom အကန္ခံရလို႔....."
သူတို႔အဖြဲ႕တဖြဲ႕လုံးတြင္နာမည္ကိုယ္စီရွိကာ
နာမည္အရင္းေတြကိုဘယ္ေတာ့မွမေခၚတတ္။
ဘဝသစ္တခုလိုလည္းခံစားလို႔ရတာေၾကာင့္
ကိုယ့္စိတ္ႀကိဳက္ေပးထားေသာနာမည္မ်ားကို
သာသေဘာတက်ေခၚတတ္ၾကသည္။...
ေဂ်သည္..Jungkook ၏နာမည္ျဖစ္ၿပီး...
ဒီဘက္ လူဆိုးလူမိုက္ေလာကထဲေတာ့
နာမည္အရင္းသိသူပင္ခပ္ရွားရွားရယ္။
Rom အကန္ခံလိုက္ရသည္ဆိုတဲ့စကားေၾကာင့္
မတ္တပ္ထရပ္မိရဲ့သား။
Rom လိုေကာင္က သူမ်ားအေပၚလက္လြန္လြန္း
လို႔သာ မနည္းဖုံးဖိေျဖရွင္းေပးရသည့္ေကာင္။
အဖြဲ႕ထဲတြင္သူပီးရင္ အမိုက္ရိုင္းဆုံး
အရက္စက္ဆုံး...အခ်မ္းသာဆုံး
Jeon အခ်စ္ရဆုံးသူငယ္ခ်င္းျဖစ္သည္။
အံ့ဩလြန္းစြာေျပးလာေသာေကာင္ကို
စိုက္ၾကည့္ေပးလိုက္ေတာ့
"ဘယ္သူမွန္းေတာ့မသိဘူး
Club မွာတခါမွမျမင္ဖူးဘူး
Romနဲ႔ဝင္တိုက္မိရင္းက ေနျပသနာစတာပဲ..."
"ခုဘယ္မွာလဲ...."
"Romအိမ္သာထဲဆြဲေခၚသြားတာေတြ႕တယ္
ႏွိပ္စက္ေနၿပီထင္တယ္..."
"ဘယ္လိုေကာင္မ်ိဳးမလို႔ငါတို႔ကိုလာထိရဲတာလဲ..."
JEonသည္စားပြဲဝိုင္းမွထြက္လာကာ
ျပသနာတက္ရာေနရာသို႔ခပ္ျမန္ျမန္ေျပးသြား
သည္။ဒီClubဒီပတ္ဝန္းက်င္ ဒီအသိုင္းအဝိုင္းမွာ
သူတိူ႔အဖြဲ႕ဆို ကန္ဖို႔မေျပာနဲ႔ ေစ့ေစ့ေတာင္ၿပိဳင္
မၾကည့္ရဲ...။ဘုရင္ေတြလို အာဏာစက္မ်ိဳး
ျဖင့္ ေငြအား လူအား ေတာင့္တင့္မိသားစု
အသိုင္းအဝိုင္းအားေတြေပါင္းကာ
ေသေသခ်ာခ်ာအနိုင္က်င့္ဗိုလ္က်ထားရတာ...။
လူမ်ိဳးမေရြး လူတစ္ေယာက္ခ်င္းမေရြး
ပြဲပီးမီးေသ ပိုင္နိုင္ပါသည္။
ေနာက္ပီး Rom ကိုထိျခင္းသည္ သူ႔ကိုထိတာႏွင့္
အတူတူပင္....။အနိုင္ပဲက်င့္ခ်င္သည္။
ခံလိုက္ရသည္ဆိုေသာအသံမၾကားခ်င္..
ဘယ္လိုသတၱိမ်ိဳးနဲ႔မ်ားလုပ္သလဲမသိ။
လက္ဆစ္ေတြခ်ိဳးကာ တစစီဆြဲျဖဲပစ္ဖို႔
ေျပးလာေနသည္။
Toilet ထဲ ဝင္သြားေတာ့Romသည္
ေဒါသေတြထြက္ေနကာသတၱိခဲေကာင္၏
လည္ပင္းေတြကိုညႇစ္ေနပုံရသည္။
Romကိုယ္လုံးနဲ႔ကြယ္ေန၍ဘာေကာင္မွန္း
မသိေပမယ့္ ၾကမ္းျပင္ေပၚအသက္ရွုက်ပ္၍
ေယာက္ယက္ခတ္ေနေသာလက္ေခ်ာင္းေသးေသးေလးေတြအရ
လူေကာင္ေသးေသးေလးျဖစ္ေနနိုင္သည္။
ထင္ခဲ့သည္ကသူတို႔နဲ႔မ်က္ေၾကာမတည့္ေသာ
တျခားစကြက္တစ္ခုက ေခါင္းေဆာင္လို လူမ်ိဳး...။
Rom က လက္လြန္တတ္တဲ့ေကာင္
စိတ္မထိန္းနိုင္လြန္းေသာေကာင္မလို႔
မလိုအပ္ဘဲ အာ႐ုံမေနာက္ရေအာင္
နည္းနည္းေတာ့ေလၽွာ့ခိုင္းရမည္။
ေအာက္ကေကာင္ကိုသနားလို႔မဟုတ္
ရဲေတြနဲ႔စကားေျပာရမွာအခ်ိန္ကုန္လို႔...။
"Rom....."
Romသည္ သူ႔အသံၾကားသည္ႏွင့္ခ်က္ခ်င္း
လွည့္ၾကည့္လာသည္။
"ငါအလစ္အငိုက္မိသြားလို႔ ခံရတာ ေဂ်
စိတ္မပူနဲ႔ ငါဒီေကာင့္ကို တစစီလုပ္ပစ္မွာ..
မင္းဝင္မပါလည္းရတယ္..."
"မင္းကို ေဆာင့္ကန္ခံရတဲ့ကိစၥငါမပါလို႔
ျဖစ္မလား....မင္းကျပန္မကန္ဘဲ
ဘာလုပ္ေနတာလဲ လည္ပင္းညႇစ္ေနလို႔
ေသ႐ုံရွိမွာေပါ့.....တခ်က္ကန္ရင္
ဆယ္ခ်က္ျပန္ကန္ေလကြာ အဓိကအကန္ခံလို႔
မေက်နပ္ေနတာမလား...ဖယ္
မင္းမကန္ရင္ ငါတခ်က္ပဲကန္ေပးမယ္..."
Jeon သည္ Romႏွင့္ကြယ္ေနေသာ
လူၾကားေအာင္ေအးတိေအးစက္ဆိုသည္။
လွုပ္ပင္လွုပ္နိုင္ေတာ့တဲ့ပုံမေပၚ....
တခ်က္ေလာက္ပဲထိလိုက္ရင္တန္းအသက္ထြက္
ေလာက္ၿပီ။
ေဘးနားကအေပါင္းအပါးတခ်ိဳ႕သည္လည္း
စိတ္ဝင္တစားၾကည့္ေနၾကကာRomကိုထိရဲ
အတြက္အေျခအေနမည္မၽွဆိုးသြားနိုင္မလဲ
သိခ်င္ေနၾကသည္။
JEonသည္ Romမွမဟုတ္ ဘယ္သူငယ္ခ်င္းကို
မွထိတာမ်ိဳးကို မႀကိဳက္ပါ...။
သူ႔ဘဝမွာ ရွားပါးစြာ သူငယ္ခ်င္းတခ်ိဴ႕ပဲ
အစစ္အမွန္ရွိခဲ့တာေၾကာင့္..Jeon
သူငယ္ခ်င္းေတြကို သိပ္ေနရာေပးခ်စ္ပါသည္။
"အိုေက...ေဂ်....ဒီေကာင္ကဒီေလာက္
လုပ္တာေတာင္အခ်ိဳးကမေျပခ်င္ေသးဘူး
ငါဖယ္ေပးမယ္...မင္းနဲ႔မွပြဲျပတ္မွာ..."
Romနံရံကပ္ေနေသာလူရဲ့ေရွ႕မွ
ခြါၿပီးၿပီခ်င္း သူေျပးထိုးလိုက္မည္
ဒါမွမဟုတ္ အုပ္စုဖြဲ႕ပညာေပးမည္ဟု
ႀကိဳေတြးကာ လက္ေတြေျခေထာက္ေတြကို
ျပင္ဆင္ထားလိုက္သည္
ေနာက္တစ္ခါဘယ္ေတာ့မွသူတို႔ကို
ျပန္လွန္မၾကည့္ရဲေအာင္သင္ခန္းစာေကာင္း
ေကာင္းေပးဖို႔လက္ဆစ္ေတြပါခ်ိဳးထားလိုက္သည္။
Romသည္ေျပာပီးပီခ်င္းဖယ္ခြါသြားသည္။
Romဖယ္ပီးပီးခ်င္းမွာပဲသူေျပးကာတခုခုလုပ္ဖို႔
ေျခလွမ္းျပင္ခဲ့ေပမယ့္အကြယ္မရွိေတာ့တဲ့အခါ
ရွင္းရွင္းလင္းလင္းျမင္လိုက္ရေသာ မ်က္ႏွာ.....။
ရင္ကိုမီးစနဲ႔ေမႊ႕ယမ္းလိုက္သလိုပါပဲ....။
မ်က္ႏွာထက္ မ်က္လုံးတစုံ....။
လည္ပင္းက လက္ငါးေခ်ာင္းရာေတြနဲ႔
လုံးဝမထနိုင္ေတာ့ေအာင္နံရံမွီကာၿပိဳလဲက်ေနေပမယ့္
ျပင္းထန္လြန္းတဲ့မ်က္လုံးေတြ.....။
JEonသည္တခုခုေျပးလုပ္ေတာ့မည့္
ေျခလွမ္းေတြခ်က္ခ်င္းရပ္ကာ
ခဏတျဖဳတ္သတိလစ္သြားသလိုမ်ိဳး
ေၾကာင္ေငးေနမိသည္။
အနက္ေရာင္ဖရိုဖရဲဆံပင္ေတြၾကားက
ျဖဴစုတ္စုတ္မ်က္ႏွာႏွင့္ နီနီရဲရဲႏူတ္ခမ္း
ေတြသည္သရဲတေစၧလို ေျခာက္ေျခာက္ျခားျခား
သူ႔ကိုႀကိဳဆိုေနပါသည္။
ဒါ...........။
JEonေၾကာင္အေနျခင္းကိုRomက
လွမ္းၾကည့္ကာမ်က္ေမွာင္က်ဳံ႕သြားသည္။
"ေဂ် မင္းငါ့ကိုကန္တဲ့ေကာင္ကို
ႀကိဳက္သြားတယ္လို႔မေျပာနဲ႔ေနာ္..."
JEonလိုလူမ်ိဳးကဘယ္တုန္းကတုံ႔ဆိုင္းဖူးလို႔လဲ။
ဒီလိုပုံစံမ်ိဳးကိုပထမဆုံးျမင္ဖူးတာမို႔
အားလုံးက သို႔ေလာ သို႔ေလာေတြထြက္လာသည္။
Romစကားဆုံးေတာ့ထိုလူ၏မ်က္လုံး
ေတြသည္ပိုစူးရွသြားသည္။
မထင္မွတ္ထားစြာ ႏွလုံးသားေနရာကထိုးေအာင့္လာ
ၿပီးေနာက္ ဟန္ေတာင္မေဆာင္နိုင္
ခါးေတြပါညႊတ္က်သြားတဲ့အထိ..။
"ေဂ်!!!! ဘာျဖစ္တာလဲ......!"
အိမ္မက္ထဲကမ်က္လုံးေတြသည္အေႏွးကြက္
ေတြလိုမ်က္လုံးထဲျပန္ေပၚလာကာ
စိတ္အာ႐ုံတခုလုံးသည္ခ်က္ခ်င္း
ဂေယာက္ဂယက္ျဖစ္သြားသည္။
တပုံစံထဲပဲ ..။ျပန္ျပန္ျမင္ေယာင္မိလာကာ
လည္ေခ်ာင္းထဲစို႔စို႔တက္လာသည္။
ခုမွျမင္ဖူး ခုမွေတြ႕ဖူးေပမယ့္
ေသခ်ာေပါက္ျပန္ဆုံကိုဆုံေတြ႕ရမယ့္လူေတြလို
မေကာင္းေသာခံစားေတြသည္အရွိန္အဟုန္ျဖင့္
ေမြးဖြားလာၿပီး ႏွလုံးသားေနရာကိုဖိထားရင္း
ၾကည့္မိလိုက္တဲ့အခါလည္းသူကစိုက္ၾကည့္ေနတုန္းပဲ....။
ဆယ္ႏွစ္လုံးလုံး အရိပ္အေယာင္သာသာ
ဒုကၡကို အေကာင္အထည္ျမင္လိုက္ရသလို
ဘာေၾကာင့္မွန္းမသိ ထိုလူ႔မ်က္ႏွာသည္
ရင္တခုလုံးပူတက္လာကာ
ဖ်က္ဆီးခ်င္စိတ္ ပ်က္ဆီးခ်င္ေသာစိတ္ကို
ျဖစ္လာေစပါသည္။
ျပသနာတက္တာRomနဲ႔ေပမယ့္ Romထက္
ပိုႀကီးမားတဲ့ျပသနာမ်ိဳးသူနဲ႔ကိုယ့္ၾကားမွာ
အၿငိဳးတႀကီးရွိေနသလိုမ်ိဳး ပထမဆုံးအႀကိမ္
ျမင္ျမင္ခ်င္းမွာပဲ အလြန္တရာမုန္းတီးစြာ
စၾကည့္လိုက္ရသည့္ မ်က္ႏွာလွလွေလး....။
လိုက္ရွာေနရတဲ့သူကိုျပန္ေတြ႕လိုက္ရသလို
ညတိုင္းဒုကၡေပးခဲ့သည့္ပူေလာင္ျခင္း
မ်က္လုံးေတြကိုမမွတ္မိစရာအေၾကာင္းမရွိ။
ငယ္ငယ္က ထိုမ်က္လုံးေတြရဲ့
မေကာင္းျခင္းေတြေၾကာင့္ အိမ္မက္ဆိုးေတြၾကား
အေၾကာက္လြန္ကာသတိပါလစ္ခဲ့ဖူးသည္။
ေသြးလည္ပတ္မွုေတြျမန္ဆန္လာၿပီးေနာက္
ပိုမိုေသခ်ာရန္ ထိုမ်က္လုံးစူးစူးေတြဆီသို႔
တလွမ္းခ်င္းေလၽွာက္သြားခဲ့သည္။
တခ်က္နီးလာေလ..ရင္ဘက္ထဲကတခါေအာင့္ေလပဲ။
လဲၿပိဳေနေသာလူေရွ႕ထိုင္လိုက္ကာ
မ်က္ႏွာတခုလုံးကိုေစ့ေစ့ၾကည့္မိလိုက္ခ်ိန္တြင္
ႏွလုံးခုန္သံမ်ားသည္႐ုပ္ပ်က္ဆင္းပ်က္ဆန္စြာ
အျပင္းအထန္ထခုန္သည္။
သြယ္တန္းတန္းမ်က္ခုံးတန္းႏွစ္ခု
ဘာအျပစ္အနာအဆာမွမရွိေသာ
ျဖဴေဖြးႏူးညံ့ေနေသာအသားအရည္
လွပေသာႏွာတံတစ္ခုနဲ႔
ဖူးႂကြေနေသာႏူတ္ခမ္းလႊာလွလွေလး..
ေယာက်္ားေပမယ့္ ေတာ္ေတာ္ကိုလွတဲ့ေယာက်္ား
တြဲခဲ့ဖူးသမၽွအလွထိပ္ေခါင္ေတြထက္
အဆကေဋကဋာပို၍လွေသာေယာက်္ား...။
ဒါေပမယ့္ ဒါေပမယ့္...
ၾကည့္ရင္းၾကည့္ရင္းအေၾကာင္းျပခ်က္မဲ့
မုန္းလာကာ ထိုအလွေတြကိုအရည္ေဖ်ာ္ခ်လိုက္
ခ်င္သည့္စိတ္သည္ထိန္း၍မရခဲ့။
အေၾကာင္းျပခ်က္မရွိပထမဆုံးစေတြ႕တဲ့
အခ်ိန္မွာတြင္ ဒီလူကိုသူဒုကၡေပးခ်င္လာသည္။
႐ုန္းကန္ထားတာေၾကာင့္ရွပ္အက်ီအနက္ေရာင္
သည္ဖရိုဖရဲေလးျဖစ္ေနကာ သူ႔ကို
ဝါးစားမတတ္စိုက္ၾကည့္႐ုံကလြဲ
ဘာမွလုပ္ဖို႔အားမရွိေတာ့ေသာပုံစံသည္
သနားဖို႔လည္းေကာင္းမေန...။
"ငါ့ကိုၾကည့္ေနတာကိုရပ္.....
ေယာက်္ားခ်င္းတဏွာအၾကည့္နဲ႔
ၾကည့္ေနတာ မရွက္ဘူးလား...."
အသံ.....။Jeonမ်က္ႏွာသည္သိသိသာသာ
ပ်က္သြားကာအရိပ္ေတြသည္ေခါင္းထဲ
ဝင္လာျပန္သည္။
အၾကည့္ေတြတင္သာမက အသံသည္လည္း
မွားစရာမရွိ....။
အဓိပၸာယ္မဲ့ ထိုအသံကိုလည္းထပ္ဆင့္ထပ္မုန္းခဲ့
ျပန္သည္။
ရင္ေတြခုန္လာျပန္ပါသည္.....။
ထိုအသံကိုထပ္ၾကားခ်င္လာသလိုလွုံ႔ေဆာ္မွုမ်ိဳး
မသိစိတ္ကေတာင္းေနျပန္သည္။
"မရွက္ဘူး......."
ျပသနာတက္တဲ့တစ္ေယာက္နဲ႔ကေတာ့
ေဒါသႀကီးစြာတပြဲတလန္းစမ္းပီးခဲ့ၿပီ။
အသားနာရတာလြဲလို႔က်န္တာမရွိေပမယ့္
ခုေရာက္လာေသာေကာင္၏မ်က္လုံးေတြသည္
တကိုယ္လုံးေသးသိမ္သြားေတာ့မတတ္
မ်က္ႏွာတခုလုံးကို႐ုပ္ရွင္ကားေတြထဲက
လူယုတ္မာေတြလို တေမ့တေမာအၾကည့္ခံေနရသည္။
ထိုးလိုက္ရိုက္လိုက္တာမွေတာ္ေသးေပမယ့္
ေယာက်္ားခ်င္းစိတ္ပ်က္ဖို႔ေကာင္းေအာင္
အနီးကပ္ႀကီးစိုက္ေငးေနတာေတာ္ေတာ္ေလး
သူ႔အတြက္ရြံစရာေကာင္းသည္။
Hyung ေတာင္ဒီလိုတခုခ်င္း
အရသာၾကည့္ခဲ့တာမဟုတ္...။
"ဖယ္စမ္း!!!!!!"
အ႐ူးလိုေကာင္ကိုတြန္းလႊတ္ကာထဖို႔ျပင္
လိုက္ေသာအခ်ိန္ဆံပင္ေတြဆြဲဆုပ္ကာ
မ်က္ႏွာကိုဆြဲေမာ့ခဲ့တဲ့သူ...။
"ငါၾကည့္လို႔မဝေသးဘူးေလ..."
ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကိုဆြဲကာ
ေမာ့လိုက္ေတာ့နာသြားေသာမ်က္ႏွာေလး
သည္ Jeon ကိုထူးဆန္းေသာ
ခံစားခ်က္ကိုစေပးသည္။
ေပ်ာ္ရႊင္သြားေသာခံစားခ်က္....။
"လႊတ္စမ္း.....အမွိုက္လိုေကာင္....!!!
မင္းနဲ႔ဘာဆိုင္လို႔ ဘာကိစၥလာဝင္ပါရတာလဲ..."
"မင္းကန္ခဲ့တဲ့ေကာင္က ငါ့သူငယ္ခ်င္း..."
"ေစာက္စကားမ်ားလို႔ကန္လိုက္ခါမွ
တမ်ိဳးလုံးတေဆြလုံးပါလာေတာ့တယ္...
ဖေအေတြေရာ ပေထြးေတြေရာ...."
"ဘာ!!!!!ေဂ် မင္းမလုပ္ရင္ဖယ္ေတာ့
ငါတခါထဲသတ္ပစ္မယ္...သြား ဖယ္ေတာ့..."
Rom၏ေဒါသသည္ထိန္းမရနိုင္တာျဖစ္
သင့္ေပမယ့္ Romနဲ႔ျပသနာတက္တာမို႔
Romပဲရွင္းရမွာသိေပမယ့္ ဘာေၾကာင့္မွန္း
မသိ..ဒီလူကိုျမင္ျမင္ခ်င္းမွာပဲ
စိတ္ဒုကၡေတြေပးခ်င္ေနကာ
ရန္ၿငိဳးရန္စအျပည့္နဲ႔လက္တုံ႔ျပန္ရမည့္
လူတစ္ေယာက္လိုခံစားေနရသည္။
ဘုရားစူးပထမဆုံးစေတြ႕မွုမွာတင္မေကာင္းခံစားခ်က္
ေတြပဲတန္းစီျဖစ္ခဲ့ၿပီး အဓိကေတာ့
အိပ္မရေအာင္ႏွိပ္စက္ခဲ့ေသာအိမ္မက္ထဲက
မေကာင္းဆိုးဝါလိုမ်က္လုံးေတြျဖစ္သည္။
"မင္းငါတို႔ကိုမသိဘူးလား..."
"မင္းတို႔ကဘာေကာင္ေတြမလို႔သိရမွာလဲ
အဆင့္အတန္းမဲ့တဲ့အျပဳအမူအေျပာအဆိုေတြနဲ႔
မင္းအပါအဝင္တေယာက္ခ်င္းစီကို
မျဖစ္မေနသိရမယ္ဆိုရင္ေတာင္
မသိခ်င္ဘူး......"
"အဆင့္အတန္းဆိုတာ....
ကိုယ္မွားသြားရင္ေသခ်ာျပန္ေတာင္းပန္ေပးရ
မွာမလား...ငါျမင္တာေတာ့လက္ရွိ
အဆင့္အတန္းမရွိတာ မင္းျဖစ္ေနတယ္..."
"အဲ့ေတာ့ မင္းကဘာျဖစ္ခ်င္လဲ....."
"ေတာင္းပန္ရမွာေပါ့ ဒူးေထာက္ပီး
ေတာင္းပန္ရမယ္....ေသေသခ်ာခ်ာ
ေလးေလးစားစား....."
"မတန္မရာကိုတက္မွန္းေနေသးတယ္
တစ္ေယာက္ထဲ႐ူးတာမဟုတ္ဘူး
တစ္အုပ္စုလုံး႐ူးတာ..."
Jeonသည္ အေၾကာက္အလန့္မဲ့ေျပာေနေသာလူ
ရဲ့ အက်ီလည္ပင္းကိုေဆာင့္ဆြဲကာ
မတ္တပ္ရပ္ခိုင္းခဲ့ေပမယ့္သိပ္အဆင္မေျပေနခဲ့ပါ။
"ရပ္စမ္း.....ေယာက်္ားမဟုတ္ဘူး
လားမင္းမတ္တပ္ေတာင္မရပ္နိုင္ဘူးလား"
ေျဖာင္းးးး
နာေနပါသည္ဆိုေသာေနရာေတြကို
ဆြဲေဆာင့္သလိုျဖစ္ကာပိုနာက်င္တာေၾကာင့္
အၾကမ္းပတမ္းလုပ္ကိုင္ေနေသာ
အမွိုက္ေကာင္၏မ်က္ႏွာအားျဖတ္ရိုက္လိုက္သည္။
အားလုံးသည္မ်က္လုံးေတြျပဴးသြားကာ
ေဒါသထြက္ေနေသာRomပင္
ေၾကာင္အသြားသည္။
JEonမ်က္ႏွာကိုရိုက္ဖို႔မေျပာနဲ႔ထိခ်င္တိုင္း
ေတာင္ထိလို႔မရခဲ့။
သြားေလသူ အေမကစ သူ႔ကိုၾကည့္မရေသာ
ဒယ္ဒီအထိ...လက္ဖ်ားနဲ႔ပင္မထိဖူးၾကပါ။
တျခားသူေတြကေတာ့ သူကႀကီးလိုက္
ရိုက္ပစ္ခဲ့တာႀကီးပဲ။
ပထမဆုံးအႀကိမ္မ်က္ႏွာတစ္ခုလုံးလည္ထြက္
သြားေအာင္ရိုက္ခံလိုက္ရျခင္းတြင္
Jeonႏွလုံးေသြးေတြဆူပြက္သြာရသည္။
ေျဖာင္းးးး
ၾကာၾကာခံစားမေန မတ္မတ္မရပ္နိုင္ေသာ
လက္ထဲက လူအား ခ်က္ခ်င္းဆိုသလို
ျပန္ရိုက္လိုက္ခ်ိန္တြင္ ေခြခနဲပစ္က်သြားကာ
လွုပ္ေတာင္မလွုပ္နိုင္ေတာ့....။
ႏွာေခါင္းမွစီးက်လာေသာေသြးနီနီမ်ားသည္
ၾကမ္းျပင္ေပၚသို႔အလုအယက္သက္
ဆင္းလာသည္။
Jeonသည္သတိမရတရအေျခအေန
ကို အက်ီစမွကိုင္ကာဆြဲမေတာ့အခ်ိဳးမေျပေသာ
စကားေတြေတာင္မေျပာနိုင္ေတာ့ပါ။
ေတြ႕လား သူလုပ္ရင္တခ်က္ပါပဲ.....။
ေတာင့္တင္းပါတယ္ဆိုတဲ့လူေတြေတာင္
အလူးအလဲခံရတာ ဒီအ႐ုပ္လိုဟာေလးက
တစ္ခ်က္နဲ႔တင္သတိလစ္တယ္....။
"ေနာက္တစ္ခါ....ကိုယ့္လာက်င္လည္မဲ့
ပတ္ဝန္းက်င္မွာ ဘယ္သူေတြကဘာ
ဆိုတာကို အရင္သိေအာင္လုပ္ပီးမွ
လာေပ်ာ္ပါး ၾကားလား.....
စကားတတ္႐ုံနဲ႔ ဒီလိုေနရာေတြမွာေဘာင္မဝင္ဘူး
ဒီေနရာေတြ ပါးစပ္နဲ႔မေျပာတတ္ဘူး
လက္နဲ႔ပဲေျပာတာ...ၾကားလား အလွေလး...."
ထြီ.....
Jeonမ်က္ႏွာေပၚေသြးစေတြစင္လာသည္။
မ်က္ႏွာတည့္တည့္ကိုတံေတြးနဲ႔အေထြးခံလိုက္ရျခင္း။
မ်က္လုံးေတာင္မဖြင့္နိုင္ေတာ့လို႔
ေတာ္ေတာ္ေလးအထိနာကာ
အရင္ေကာင္ေတြလို...ေျခသလုံးဖက္
ေတာင္းပန္လာေတာ့မယ္လို႔ထင္ခဲ့ေပမယ့္လည္း
သူ႔ကိုဘာလုပ္လိုက္တာလဲ....။
Jeonသည္ တက္တူးေတြအျပည့္ရွိေနသာ
လက္ေခ်ာင္းေတြျဖင့္မ်က္ႏွာကိုျပန္စမ္းသပ္ကာ
ေတာ္ေတာ္ေလး..စြံ႕အေနသည္။
"မင္းကိုငါသတ္ပစ္မယ္......"
ေပါက္ကြဲေတာ့မည့္ဗုံးတလုံးလိုRomနဲ႔
ၿငိခဲ့ေပမယ့္ Romသည္Toilet ထဲ
က်န္ခဲ့ရကာ Jeonသည္ လုပ္ရဲကိုင္ရဲေကာင္
အားပုခုံးေပၚထမ္းတင္လိုက္သည္။
ႏွာေခါင္းကေသြးေတြသည္ Jeonစြပ္က်ယ္
အျဖဴေရာင္ေပၚသို႔ေပက်ံသြားကာ
သတိမရတရအေျခအေနတြင္မ႐ုန္းနိုင္
မကန္နိုင္ပဲပါသြားခဲ့ၿပီ။
"Rom ေဂ် တကယ္သတ္ပစ္ေလာက္တယ္ေနာ္...
ငါတို႔ တားၾကည့္ၾကမလား..."
"မတားနဲ႔.....ငါတို႔ကို ေစာ္ကားရင္
ဘယ္လိုဇာတ္သိမ္းျဖစ္မလဲဆိုတာ
တျခားသူေတြကိုသိေစခ်င္တယ္....
အဲ့ဒီေကာင္ ေတာ္႐ုံမဟုတ္ဘူး...
မလြယ္ဘူး.....တယ္ဒီ ဝင္မပါေတာ့နဲ႔
ေဂ် ဘာလုပ္ရမလဲ သူ႔ဟာသူသိတယ္..."
"ကို.....ဘယ္သြားမလို႔လဲ....ပုခုံးေပၚက
ဘာႀကီးလဲ...."
"ဖယ္စမ္း....!!"
ခ်ီေခၚရမလား ေပြ႕ေခၚရမလား သဲသေဘာ
ဆိုေသာJeonသည္သြားမယ့္လမ္းကို
ပိတ္ကာတဂ်ီဂ်ီလာေျပာေနေသာေကာင္မေလးကို
အရွိန္ျဖင့္တြန္းဖယ္လိုက္တာေၾကာင့္
လဲက်သြားကာေကာင္မေလးသည္ေအာ္ငိုေတာ့သည္။
ဝိုင္းထူေပးကာႏွစ္သိမ့္ေပးေနၾကေသာ
ျမင္ကြင္းေတြကိုေက်ာ္ျဖတ္ခဲ့ကာကားပါကင္ဆီသို႔
တလွမ္းခ်င္းလွမ္းလာေနသည္။
ကားနားေရာက္ခါနီးတြင္ ပုခုံးေပၚကလူသည္
လွုပ္ရွားလာသည္။
"ၿငိမ္ၿငိမ္ေန ေကာင္းေကာင္းေသခ်င္တယ္မလား"
သတိလုံးဝျပန္ဝင္လာတဲ့ပုံေထာက္ကာ
ေက်ာတခုလုံးကိုတဒုန္းဒုန္းထုရိုက္ေနၿပီး
ေအာက္ခ်ေပးစမ္း ဆိုတဲ့စကားကိုေတာ့
သိပ္က်ယ္က်ယ္ေလာင္ေလာင္မေျပာနိုင္ပါ။
ကားဆီသို႔ေရာက္သည္ႏွင့္ေနာက္ခန္းတံခါးဖြင့္ကာ
ပစ္ထည့္လိုက္သည္။
အ႐ုပ္ႀကိဳးပ်က္ၿပိဳက်သြားကာ နာသြား၍
ညီးညဴးေသာအသံသဲ့သဲ့ၾကားလိုက္သည္။
ကားထဲဝင္Lockခ်ၿပီး ကာကူရွင္ေပၚက
နာက်င္ေနေသာမ်က္ႏွာကိုအရင္ဆြဲမလိုက္
သည္။
"ဘယ္လိုေသခ်င္လဲ....."
Jeonသည္တကယ္
သတ္ပစ္ဖို႔ကားထဲကိုေခၚလာခဲ့တာ
သူ႔ဘဝမွာပထမဆုံးေသာမခံမရပ္နိုင္
အျပဳအမူေတြကိုလက္ခံခဲ့ရတဲ့အတြက္
ေဒါသသည္ဂိတ္ဆုံးေနၿပီ။
မ်က္လုံးေတြသည္ဖ်က္ခနဲပြင့္လာသည္။
နီရဲေတာက္ေနကာ မ်က္ရည္ေတြဝိုင္းလၽွက္
စိုက္ၾကည့္ေနေတာ့ အၾကမ္းပတမ္းကိုင္
ထားေသာလက္ေတြတုန္ခနဲ....။
ရင္ေတြထိန္းမရစြာခုန္ေပါက္လာျခင္းနဲ႔အတူ
အဲ့ဒီမ်က္လုံးေတြနဲ႔တခါအၾကည့္ခံရတိုင္း
စူးေအာင့္သြားေသာရင္ဘက္သည္
ဘာေၾကာင့္မ်ားလဲအေျဖရွာမရ...။
"မၾကည့္နဲ႔.....!!!!!!"
တြန္းလွဲကာပူေလာင္လြန္းေသာမ်က္လုံး
ပိုင္အေပၚအုပ္မိုးၿပီးေနာက္က်ယ္ေလာင္စြာ
ေအာ္ေျပာလိုက္သည္။
"မွိတ္ထားစမ္း....မွိတ္ထား!!!!!
ငါ့ကို ထပ္မၾကည့္နဲ႔..!!!!"
အေပၚမွအုပ္မိုးကာေဒါသတႀကီး
ေအာ္ဟစ္ေနေသာလူကိုၾကည့္ရင္း
သူ႔ဘဝသည္ဆိုးပဲဆိုးေနေတာ့မွာလား
လို႔အေတြးေတြဝင္လာသည္။
စီးပြါးပ်က္တယ္ ခ်စ္သူကိုထားခဲ့ရတယ္
စိတ္ညစ္လို႔အရက္လာေသာက္တယ္
ခုေယာက်္ားတစ္ေယာက္ရဲ့ကားထဲမွာ
ေသမလားရွင္မလားအေျခအေန....
ဆိုးပီးရင္းပဲထပ္ထပ္ဆိုးေတာ့မွာလား....။
ေကာင္းေသာလာျခင္းေတြတခုမွမျဖစ္နိုင္
ေတာ့ဘူးလား.....။
"လူသတ္မယ့္ေကာင္က
အၾကည့္ေလးတခ်က္ကိုေတာင္
တုန္လွုပ္ေနတာပဲ....ၾကည့္ေတာ့ဘာျဖစ္လဲ....."
"မင္း.....!!!"
JEonသည္ဘယ္ေနရာေတြရိုက္မိလို႔ရိုက္မိမွန္း
မသိ....။စိတ္သည္လြတ္တာထက္ထိန္း၍
မရေတာ့စြာ အတင္းတြန္းလႊတ္ကာ
႐ုန္းကန္ေနေသာလက္ေတြ မတတ္နိုင္ေတာ့
စြာၿငိမ္သက္သြားမွသတိျပန္ဝင္လာသည္။
ဒါေတာင္သူမေက်နပ္ေသးပါ.....
ဒီေလာက္နဲ႔ေက်နပ္လို႔မရေသးဘူးဟု
မသိစိတ္ေတြက အားေပးအားေျမႇာက္လုပ္ေနေသာ္လည္း
အသိစိတ္ကေတာ့ ေသြးစေသြးနေတြနဲ႔
လုံးဝသတိလုံးလုံးေပ်ာက္သြားၿပီျဖစ္ေသာ
မ်က္ႏွာကိုစိုက္ၾကည့္ကာေသေအာင္သတ္လိုက္ရင္
ေတြ႕႐ုံရွိေသးတာ ျမန္ျမန္ဇာတ္သိမ္းလိုက္သလို
ျဖစ္ေနလိမ့္မည္....။
ေသတာထက္ဆိုးတဲ့ဒုကၡေတြ
ေပးခ်င္ေနေသးေသာစိတ္သည္
ခုမွစေတြ႕ဖူးတဲ့လူအေပၚ ထူးဆန္းလြန္းစြာ
အၿငိဳးတႀကီးသြန္ခ်ခဲ့ၿပီးတဲ့ေနာက္
Jeon သည္ ေသြးေတြေပက်ံေနေသာ
သူ႔ကို ပထမဆုံး တုံ႔ျပန္ရဲေသာ
လူေဘးနား ေဆးလိပ္မီးညႇိကာဖြာေနလိုက္သည္။
မီးျခစ္သည္ ႏွလုံးေတြအရမ္းခုန္ေန၍
အနည္းဆုံးငါးခါေလာက္ျခစ္လိုက္ရသည္။
က်ေတာ္အေျဖေတြရွာၾကည့္တယ္.....
ဘာလို႔မ်ားျမင္ျမင္ခ်င္းမုန္းရသလဲေပါ့.....။
ဒါဟာရန္ပြဲတခုဆိုေပမယ့္......
ရန္ပြဲတခုထပ္ပိုတဲ့ဆက္ႏြယ္မွုေတြ ေရစက္ဆိုးေတြ
က်ိန္စာကိုယ္စီနဲ႔ ဆုေတာင္းကိုယ္စီနဲ႔လူႏွစ္ေယာက္
ကိုထိပ္တိုက္ေတြ႕ဖို႔ ကံတရားကဖန္တီးေပးလိုက္တာပဲ။
.......
တစ္ေယာက္က ဘဝဆက္တိုင္းမုန္းနိုင္ဖို႔
ဒုကၡေတြပဲေပးနိုင္ဖို႔
သံသရာတဆုံးအ႐ုပ္တ႐ုပ္လို အနိုင္က်င့္လို႔ရဖို႔
ေသြးေတြနဲ႔ရင္း က်ိန္စာတိုက္ခဲ့တယ္
သိပ္ဆိုးဝါးလြန္းတဲ့က်ိန္စာပဲ....
သိပ္လည္းေၾကာက္စရာေကာင္းတယ္
ေရစက္ေတြျပန္ဆုံေနေတာ့လည္း
က်ိန္စာထဲကအတိုင္းတကယ္ခါးခါးသီးသီး
ျမင္တာနဲ႔မုန္းပစ္နိုင္ခဲ့တယ္.....
ဒါဆိုမ်က္လုံးေလးႏွစ္လုံးျမင္ရ႐ုံ
ေအးစက္စက္အသံေလးၾကားလိုက္ရ႐ုံ
ဝဲျဖာေနေသာမ်က္ရည္စေတြကိုျမင္႐ုံနဲ႔
တုန္ရီကာ...ႏွလုံးသားတစ္ခုလုံးပြင့္ကြဲထြက္မတတ္
ရင္ခုန္လွိုက္ေမာခဲ့ရမွုေတြက်
ဘယ္သူ႔ရဲ့ လြန္လြန္က်ဴးက်ဴးက်ိန္စာေတြလဲ......။
ဘယ္သူပိုအတၱႀကီးလဲ
ဘယ္သူပိုေၾကာက္စရာေကာင္းလဲ......
"ဘဝဆက္တိုင္း......ဘဝဆက္တိုင္း
မင္းနဲ႔ပဲျပန္ဆုံေတြ႕ၿပီး.....
ေယာက်္ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္
မင္းတစ္ေယာက္နဲ႔ပဲသံသရာတေလၽွာက္လုံး
ေပါင္းဖက္ရပါေစ...
ငါ့မ်က္ႏွာကိုျမင္တာနဲ႔အ႐ူးလိုစြဲလန္း
ခ်စ္ျမတ္နိုးၿပီး....မင္းႏွလုံးသားရဲ့
ခ်စ္ေပးနိုင္တဲ့စြမ္းအားေတြထက္အဆေပါင္းမ်ားစြာ
လြန္ၾကဴးၿပီး ငါ့ကိုျမတ္နိုးရပါေစ.....
ဒီဘဝမွာ ဘုရင္တပါးျဖစ္ခဲ့တာေတာင္
မင္းႏွလုံးသားကို ငါမပိုင္နိုင္ခဲ့ေပမယ့္
ေနာင္ဘဝဆက္တိုင္းေတာ့ ခၽြင္းခ်က္မဲ့စြာ
မင္းႏွလုံးသားရဲ့တစ္ေယာက္ထဲေသာ
ဘုရင္တပါးျဖစ္ရပါေစ..........
မင္းကေသြးနဲ႔ဆုေတာင္းတယ္
ငါက ငါ့ႏွလုံးသားထဲကစီးဆင္းလာတဲ့
ငါ့မ်က္ရည္နဲ႔တိုင္တည္မယ္...
ေမတၱာအရွိန္အဟုန္ ႀကီးတဲ့သူနိုင္ေၾကးပဲ....."
ဘုရင္သည္ျမင္းေပၚမွဆင္းကာေခ်ာက္ကမ္းပါး
အစြန္းနားကိုသြားၿပီးေနာက္....
ထိုဆုေတာင္းကို မ်က္ရည္စေတြနဲ႔ထုတ္ပိုးကာ
ေကာင္းကင္ဘုံသို႔ပို႔ပီးနဲ႔ေနာက္ေျခတလွမ္းေလထဲ
သို႔လွမ္းခ်လိုက္သည္...။
အဆင္ေျပရဲ့လား ..💔
Bạn đang đọc truyện trên: AzTruyen.Top