💔29💔(Part1)
မချစ်ရခင်က စိတ်ဆင်းရဲမှုတွေနဲ့နာကျင်ရပါတယ်
ဆိုရင် ချစ်ပြီးသွားတဲ့နောက် စိတ်ဆင်းရဲမှုတွေနဲ့
ပျော်ရွှင်ရသည်။
MD Park..သည်သေချာစွာပုံချထားသာ
ဆံပင်အနက်ရောင်တွေကိုကျွတ်ထွက်မတတ်
ကုတ်နေသည်က Meeting ခန်းရှေ့မှာ။
MD Parkယောကျ်ားငယ်ငယ်လေးသည်
တစ်စုံတစ်ခုအလိုမကျနေတဲ့ပုံစံ.....။
"Meeting Roomထဲအထိမင်းလိုက်လို့မရဘူး
ငါလူလိုသူလိုရှင်းပြနေတာနော် Jungkook..."
"မောင် Gameဆော့ပြီး တိတ်တိတ်လေး
စောင့်နေမယ်လေ....မနှောက်ယှက်ရင်ပြီးရောမလား"
"ဘာလိုက်လုပ်စရာလိုလို့လဲ....မင်းငါ့ကို
အဲ့လို တဂျီဂျီကပ်နေတာတွေကလူအမြင်ကပ်စရာ
ကောင်းနေပြီ...ဒါအလုပ်..လို့ဘယ်နှခါပြောရမလဲ.."
"မောင် ကပ်ပဲနေချင်နေတာ...လိုက်မှာပဲ..."
"ချစ်တာက အဲ့လို၂၄နာရီအတူတူရှိနေဖို့မလိုဘူး
လေကွာ မင်းလည်းမင်းအလုပ်မင်းလုပ်
ငါလည်းငါ့အလုပ်ငါလုပ်ပြီး အိမ်ပြန်ကြရင်
တွေ့ရမှာပဲ....မင်းဟာက ကလေးပေါက်စလေး
လို့ လက်ဆွဲလိုက်နေတာ ငါရှက်လာပြီ
သွား ပြန်စမ်း....."
"မပြန်ချင်ဘူး...."
နားမလည်တာမဟုတ်ပါ...။မောင်နားလည်ပါသည်။
ဒါပေမယ့် Jimin နဲ့ချစ်ပြီးထဲက Jiminပြောသလို
မျိုး နေထိုင်နေကြည့်ပေမယ့် သူ့မျက်နှာလှလှလေး
ကိုသွားတွေးမိတာနဲ့မရတော့။
မောင်ချက်ချင်းပြေးတွေ့လိုက်ရမှကျေနပ်ခဲ့သည်။
Jimin ကသူ့ကိုချစ်နေတယ်ဆိုတဲ့Feeling သည်
နှစ်ချို့ဝိုင်လေးလိုပဲခံစားလိုက်ရတိုင်းမှာ
ရင်ထဲပြင်းရှရှ....တစ်ခါတရံကျမူးဝေထုံထိုင်းသွားပြီး
အမြဲတမ်းJiminအနားမှာပဲနေနေကာ
မထိတွေ့ရရင်နေပါ....လှမ်းကြည့်လို့မြင်နေရရင်
အသံလေးကြားနေရရင်ကိုမောင့် နိဗ္ဗာန်.....။
ခွဲပြီးအိမ်မှာကျန်ခဲ့ရတာမျိုး အရင်လိုဆိုးသွမ်း
ဖို့ လူဆိုးခေါင်းဆောင်လုပ်နေရလည်း
စိတ်က ဆိုးတဲ့ဆီမှာမရှိ..။
Jimin ရယ်လိုတွေးမိတာနှင့်Jiminရှိတဲ့နေရာကို
အပြေးလာကာ မောင်က အတူတူရှိလိုက်မှ။
နောက်ပိုင်း မောင်ဟာ မထိန်းနိုင်တော့၍
တကောက်ကောက်လိုက်ခဲ့တော့သည်။
Company ဆို ရုံးခန်းထဲတနေကုန်Gameဆော့
ရင်းစောင့်သည်...Jimin သွားသမျှနေရာ
အားလုံးကိုတောက်လျှောက်လိုက်နေကာ
အစပိုင်းတော့ MD Parkက ကျေနပ်သလိုရှိပေမယ့်
Meeting Roomထဲအထိ အကျီစဆွဲပြီး
လိုက်အုန်းမည်ဆိုတဲ့အခါ အာရုံစားရပြီ။
မောင်က အတိုင်းထက်အလွန်......။
"မပြန်ဘူးဆိုလည်း ရုံးခန်းမှာစောင့်
အထဲကိုတော့လုံးဝလိုက်လို့မရဘူး...ငါဒေါသမထွက်
ချင်ဘူးနော်.."
"ချစ်တယ်ဆို....ချစ်တာကအဲ့တာလား...
မောင်မခွဲနိုင်တာ အပြစ်လား..."
"ငါစစ်သွားတိုက်မှာမဟုတ်ဘူး
ဘာဖြစ်နေတာလဲ..."
ဖြန်းခနဲအရိုက်ခံလိုက်ရသောလက်မောင်းသည်
ကြွက်သားတွေနဲ့သန်သန်မာမာရှိပေမယ့်
မီးတောင်လေးရိုက်လို့ ကို ပိုနာသည်။
"မင်းက ချစ်နေတာမဟုတ်ဘူး
သက်သက်မဲ့ လိုက်ဂျစ်နေတာမျိုးဖြစ်နေပြီ
အရင်လိုတွေ တနေကုန်တနေခမ်းသွားစရာ
နေရာတွေ မင်းအပေါင်းအသင်းတအုပ်ကြီး
ရော ဘယ်ရောက်သွားတာလဲ...
သွားနေပါလား...ချစ်တာကချစ်တာပဲလေ
ငါ့လုပ်ငန်းဆောင်တာတွေကိုဒီလိုလာဂျီနေလို့မရဘူး"
"JeonGroup က မောင့်ဟာ......"
"ဟုတ်လား အေး အဲ့တာဆို မင်းသွား
အစည်းအဝေးလုပ်လိုက် ငါအိမ်ပြန်နားပေးမယ်..
ရော့ စာရွက်တွေ...."
"Jimin ကလည်းဗျာ......"
"MD နာရီဝက်နေရင် Meeting အဆင်သင့်ဖြစ်ပါပြီ"
အတွင်းရေးမှူးမလေး၏ချိုသာညက်ညော
စွာ လိုတာထက်ပိုအီနေသောအသံကြောင့်
MD Parkမျက်နှာတင်းခနဲ။သူမမျက်လုံးတွေသည်
ဂျစ်နေသော လူဆီသို့ မသိမသာကစားနေကာ
အထူးပဲများပြနေသည်။
မျက်နှာများတတ်သောယောကျ်ားမှန်းသိ၍
ဒီကောင်လေးကို အထင်သေးစွာ
စမ်းသပ်ချင်ကြတိုင်းမှာ ဘာကြောင့်များ
အဲ့လိုဘဝကိုပျော်မွေ့ရသလဲဟုအော်ဟစ်မေးလိုက်
ချင်ပါသည်။
မကြည့်စမ်းနဲ့......။ငါ့ကိုချစ်တယ်ဆိုထဲက
ငါ့ပဲကြည့်တော့မှာ....။
"အိမ်ပြန်တော့.....!!!!"
"မပြန်ဘူး...ပြန်ရလည်းClub သွားမှာ...."
"သွား....Company လာလာ အလှပြမနေနဲ့
ငါမျက်စိနောက်တယ်...."
"ခဏလေးလိုက်ခဲ့...ပြီးရင်အစည်းအဝေးလုပ်
ဒီတိုင်းတော့ မလွှတ်နိုင်ဘူး...."
ဆွဲလားရမ်းလားအပြုအမူတွေကရိုးအီနေပါပြီ။
လက်ကောက်ဝတ်တွေကနေရုံးခန်းထဲဆွဲခေါ်
လာပြန်တဲ့သူ။
တံခါးLockချကာ နံရံမှာအကပ်ခံလိုက်ရသည်။
"မင်းကတကယ်တားမရဆီးမရဘဲ.....
Company မှာမင်းလုပ်တာနဲ့ငါ့ကိုဘယ်သူမှ
လေးစားမှာမဟုတ်တော့ဘူး..."
"မောင် အချစ်လွန်နေလို့ပါကွာ...
ပြန်မှဖြစ်မယ်ဆိုလည်း....အမုန်းတော့နမ်းသွား
ချင်နေတာ..."
"အဲ့တာပဲအချိန်တိုင်းတွေးနေလိုက်..."
ရှက်ကြောက်နေလို့လည်းဘာမှမထူးလာတော့။
ဒီရုံးခန်းထဲအလုပ်လုပ်တာနည်းနည်း
အားတိုင်းနမ်းနေတာများများမို့....
စုတ်ယူခံလိုက်ရသောနှုတ်ခမ်းထူထူတွေသည်
လုံးဝနေသားကျနေပြီ။
ချစ်စခင်စ ကြင်နာစ မို့ လွန်ကြူးနေတာထက်ကို
ပိုစောင်းနေသော နှစ်ယောက်သည်
ဘယ်အခြေအနေကိုမှလည်းသိပ်ဂရုမစိုက်နေတတ်ပါ။
"ဘယ်လိုဖြစ်ပြီး Necktie တွေကို ဖြည်နေတာလဲ
ငါအလုပ်လုပ်ရအုန်းမှာနော် Jungkook..."
"ပြန်စည်းလို့ရနေတာပဲကွာ.....နှုတ်ခမ်းပဲ
နမ်းနေရတာ မောင်အားမရဘူး..."
MD Park Necktie သည် မောင့်လက်တွေကြား
ကျွမ်းကျင်စွာရော့ရဲသွားကာ မောင်ကShirtရဲ့
ကြယ်သီးတွေကိုဆွဲဖြုတ်ပြီးရင်ဘက်တွေကို
ခေါင်းတိုးကာ သွားစွယ်တွေနဲ့ကိုက်ချသည်။
"Jung...Kook!!!"
ခါးသေးသေးလေးအားခန္ဓာကိုယ်ရဲ့အနီးဆုံး
ကိုဆွဲကပ်ကာ မောင်က နှုတ်ခမ်းတွေကို
လွင့်နေအောင်ပြန်နမ်းလာပြန်သည်။
ဆိုင်သူလေး၏လက်ကလေးတွေကိုယူကာ
မောင်က သူဝတ်လာခဲ့သောTShirtအောက်သို့
ဆွဲသွင်းလိုက်သည်။
"မောင်ကြီးပဲ ကိုင်နေရတာ.....
ပြန်ကိုင်ပေးအုန်း....."
"မကိုင်ချင်ဘူး ရှက်တယ်....."
"မင်းယောကျ်ားက တောင့်ပါတယ်..စမ်းကြည့်..."
"မမိုက်ရိုင်းနဲ့နော်....."
ဘာလို့ပြန်ထုတ်ရမှာလဲ....။ရူးချင်ယောင်ဆောင်
ကာဆိုင်သူလေး၏လက်တွေသည်မောင့်အကျီ
အောက် သွားချင်ရာလျှောက်သွားနေသည်။
ထိမိသမျှက ထိချင်စရာတွေကြီး.....။
ရင်ဘက်အကျယ်ကြီး ပြီးတော့ကြွက်သားတောင့်တောင့်
တွေ...သူ့လက်တွေနေရာပြောင်းသွားတဲ့အမျှ
ခပ်ဟဟ ထွက်ပေါ်လာတဲ့မောင့်အသံတိုးရှရှသည်သိပ်
Hotသည်။
အပြင်းအထန်နမ်းခဲ့ကြပြီးနောက် မောင်က
ခဏကြာတဲ့အခါနှုတ်ခမ်းတွေကိုလွှတ်ပေးခဲ့သည်။
ငါးမရရေချိုးပြန်တတ်သူမို့လိုချင်တာတော့
ရအောင်သဲ့ယူသွားတတ်သည်။
"သွား...သွား ပြန်တော့...ငါတစစီဖြစ်တော့မယ်..."
"ပိုက်ဆံမရှာနိုင်တော့လည်း နှိမ်စမ်းပါ
ပြန်ပါ့မယ်....လုပ်ပါ ဒီအလုပ်တွေကိုပဲ
မောင့်ထက်အရေးကြီးတဲ့အရာတွေလေ...."
"မလုပ်ဘူးလေ မင်းနဲ့ပဲ ကလိနေမယ်
အချိန်တန်ပိုက်ဆံလာမတောင်းနဲ့...."
"JeonJimin က သိပ်အာဏာပြတာပဲ....."
ပါးနှစ်ဖက်ကိုဆွဲကာ ကလေးလိုလာပြုမူတာ
ကြောင့်MD Parkက လက်တွေကိုရိုက်ချသည်။
"ပြန်ပါတော့....!"
မပြန်လ်ို့လည်းမဖြစ်...မောင်လုပ်နေတာတွေက
ပုံစံမကျနေတာကြောင့်နောက်ဆုံးတော့
ပြန်ရတော့မည်။မျက်နှာငယ်ဖြင့်မပြန်ချင်ပြန်ချင်
မျက်မှန်တွေဘာတွေကောက်တပ်ကာ
ခေါင်းငိုက်စိုက်ဖြင့်အခန်းထဲကထွက်ရသည်။
Jimin ကတော့ အကျီတွေဘာတွေပုံစံပြန်ချကာ
Meeting လုပ်ဖို့ စာရွက်တချို့ကိုင်ကာ
သူ့ဝန်ထမ်းတွေနဲ့စကားတွေပြောရင်းလုပ်စရာရှိတာ
ဆက်လုပ်သည်။
စီးကရက်တလိပ်မီးညှိကာ မောင်ဘာလုပ်ရမှန်းမသိ။
Rom အုပ်စုတခုလုံးကလည်းပျောက်နေသည်။
ဆက်သွယ်၍မရ....။
JeonGroupရှေ့ မတ်တပ်စုံရပ်ကာ ဆိုင်သူလေးနား
မကပ်ရတော့၍ ဘာလုပ်ရမှန်းမသိနေသော
မောင့်ပုံစံ မှုံတေတေသည် ရီစရာလည်းကောင်းနေခဲ့ပါ
သည်။
သွားနေကြClub ကို Jimin နဲ့အဆင်ပြေပြီးထဲက
Jimin နားပဲကပ်နေရ၍မရောက်ဖြစ်တာကြာ။
ဟိုကောင်တွေရှိရင်လည်းရှိလောက်မှာမို့
နောက်ဆုံး လေလွင့်နေမယ့်အတူတူRomတို့ကို
ရှာရန် ဦးတည်ခဲ့သည်။
ဘာတွေဖြစ်မှန်းမသိ....ချစ်တယ်ပြောပြီးထဲက
ချစ်ပဲချစ်နေချင်တော့သည်။
မချစ်နေရရင်...စီးကရက်တွေတောင်အရသာမဲ့တယ်။
မောင် Clubကိုသာဦးတည်ပြီး အချိန်ဖြုန်းဖို့
ထွက်လာခဲ့သည်။
Clubသို့ရောက်သည်နှင့် တစ်ချိန်လုံးပိတ်ထား
သည့်Romရဲ့ ဖုန်းသည်ဝင်သွားခဲ့သည်။
"ငါမေးနေတာရှင်းရှင်းလေး.....
မင်းတို့ဘာကိစ္စတစ်ယောက်တနိုင်ငံစီ
ရောက်နေကြတာလဲ..."
"အပျော်ခရီးထွက်ချင်တဲ့စိတ်တွေဖြစ်လာ
လို့ပါကွာ မင်းကမင်းယောကျ်ားနဲ့
တအားRomatic ဆန်ပြတော့ ငါတို့လည်း
အားကျတာနဲ့....ကောင်မလေးတွေနဲ့
လှိမ့်နေကြတာ မေးစရာရှိတာနောက်မှမေးလေနော်
ဒါပဲ...."
"ငါ ထိုင်းကို လိုက်လာပြီး ထိုးမှာနော် Rom...."
"အေးကွာ ဟုတ်တယ် ခွက်မှားထည့်မိတာ
ငါလုပ်တာ ငါ့အပြစ် ငါ့ကိုသတ်ချင်သတ်
ခုကိုရီးယားပြန်လာခဲ့ရမလား....ပြောပြော..."
"စောက်တလွဲကောင်...!!!!"
"အဲ့ညက မညားလည်းနောက်ရက်ညားလို့
ရတာပဲ ချစ်နေပြီပဲဟာ...နေ့ရွေးနေဖို့မလိုပါဘူး..."
"Rom!!!!မင်း ပြန်လာရဲရင်ပြန်လာကြည့်လိုက်
တခြားကောင်တွေရော ငါ့ရှေ့ရောက်လာတဲ့နေ့
အမှုန့်ဖြစ်တဲ့နေ့ပဲ..JeonJungkook အကြောင်း
မင်းတို့သိပါတယ်....."
"သိလို့ ပြေးတာပေါ့ကွ...မလာဘူးကွာ
မင်းအဲ့လိုခြိမ်းခြောက်လေ မလာလေပဲ
မင်းတစ်ယောက်ထဲ အပေါင်းအသင်းမရှိဘဲနေလိုက်..."
"မင်းတို့ကောင်တွေကိုငါတအားမက်နေတယ်
ထင်လား....သောက်တလွဲကောင်တွေ...
စုတ်ပြတ်သတ်အောင်ကန်ပစ်ချင်တာ...."
"မင်းက ယောကျ်ားကျ ဇွတ်ချွဲပြီး....
ငါတို့ကျ လူလိုတစ်ခါမှမဆက်ဆံဘူး..."
"ဒီကောင်ကတော့......!!!!"
ချသွားသောဖုန်းကိုမောင်ကြည့်ကာ
ပြန်ခေါ်သော်လည်းပိတ်သွားခဲ့ပြီ.....။
တောက်!!!!!
ထင်တော့ထင်ခဲ့ပါသည်....။သောက်တလွဲလုပ်မိလို့
တစ်အုပ်စုလုံးကြီးပြေးကြတယ်ဆိုတာ...။
မှားစရာမလိုတဲ့ကိစ္စကိုများမှားဖြစ်အောင်မှားလိုက်ကြ
သေးသည်။
အဲ့လိုမှားမှရမယ့်ParkJimin လေ....။
ပုံမှန်အခြေအနေမှာသွားအကြောင်ရိုက်ရင်
တန်ဖိုးတရားတွေဟောတဲ့ဒဏ်မခံနိုင်....။
ချစ်သွားပြီမို့ အခွင့်အရေးရလာပေမယ့်လည်း
မရဲကို မရဲတဲ့စ်ိတ်က ဘာကြောင့်မှန်းမသိ။
ဒီလူကိုက အရှိန်အဝါကြီးလွန်းတာ....။
မောင့်မှာ...ဘယ်ကစရမှန်းမသိ..လေပါသည်။
"ဂျေ.....လား....."
Rom ကိုမေတ္တာကောင်းကောင်းပို့သနေချိန်တွင်
ကြားလိုက်ရသောခပ်ဩဩအသံကြောင့်
မောင် လှည့်ကြည့်လိုက်တော့ TaeHyung...။
ဆံပင်အရောင်တွေထပ်ဖြည့်ထားပုံပေါ်သော
TaeHyungသည် Shirtခပ်ပါးပါးလေးကို
ဂျင်းပန်ကျပ်ကျပ်ဖြင့်တွဲဝတ်ထားကာ
အလွန်ကြည့်ကောင်းနေခဲ့သည်။
"TaeHyung...."
"မတွေ့ရတာတောင်ကြာပြီပဲ တစ်ယောက်ထဲလား
Romတို့ရော...."
"မရှိဘူးဝရမ်းပြေးတွေ ပြေးလွှားနေကြတယ်..."
"ဘာတွေဖြစ်ကြပြန်ပြီလဲ မင်းတို့စကွက်ထဲ
ငါမရှိတာကြာတော့ဇာတ်ရည်တွေမလည်တော့ဘူး"
"ဒီလိုပါပဲ TaeHyung ရာ..ပြန်တာကောင်းတယ်...
နောက်မှတွေ့မယ်..."
"နေပါအုန်း....ထယ် လည်းတစ်ယောက်ထဲ
နည်းနည်းပါးပါးသောက်ပြီးမှပြန်လေ
စကားခဏပြောရအောင် မကောင်းဘူးလား...."
တောင်းဆိုလာသလိုမျက်လုံးလှလှတွေ....။
Jimin က ပြင်းရှပါတယ်ဆိုရင်
TaeHyung ကရီဝေဝေပဲ......။
ဘယ်လိုပြောရမလဲ ဟင့်အင်းကျွန်တော်အတူမသောက်
ပေးနိုင်ပါဘူးလို့ မငြင်းပစ်နိုင်...။
စိတ်ချမ်းသာစေချင်သော အရင်းခံစိတ်မှာ
တစ်ယောက်ထဲထားခဲ့ရမှာကိုဂျေမစွမ်းသာခဲ့ပါ...။
ပြန်လည်း လေလွင့်နေအုန်းမှာဖြစ်တာကြောင့်
TaeHyung နဲ့ ခဏအချိန်ဖြုန်းဖို့စဉ်းစားလိုက်သည်။
"ခဏလေးတော့ ထိုင်ပေးမယ်
ပြီးရင် TaeHyung လည်းပြန်လေ
တစ်ယောက်ထဲ လှတပတနဲ့ အန္တရာယ်များလွန်းတယ်..."
"ငါကအဲ့လောက် မိုက်လို့လား....."
"မြင်ခဲ့ဖူးသမျှယောကျ်ားတွေထဲ
အလန်းဆုံးပဲ......"
ဒါနဲ့များ...သခင့်ကိုဒီကောင်ကချစ်ပါသတဲ့လေ။
နူတ်မစောင့်စည်းမစောင့်။ပေါ့ပျက်ပျက်နဲ့
ကျွန်တော်နာတာဒါတွေပေါ့ သခင်ရယ်.....။
မြင်အောင်ကြည့်လှည့်ပါ......။
တန်ဖိုးမဲ့ ပေါလောတဲ့ သန္ဓေဆိုတာသေမှပျောက်တာ။
သခင်ဘာတွေကြောင့်များ ဒီအရှုပ်ကို မက်ရသလဲ....။
"ယောကျ်ားနဲ့အဆင်ပြေသွားတယ်ဆို
တခြားယောကျ်ားတစ်ယောက်ကိုလည်း
မင်း လန်းနေတုန်းပါပဲလား ဂျေ....."
"ကျွန်တော့်ယောကျ်ားကလန်းမှမလန်းတာ
ချစ်စရာကောင်းတာ....အတိုင်းအဆမရှိဘူး...."
မျက်အိမ်တွေစူးခနဲ.....။
JeonJungkook ကို ဘာလို့တသတ်မတ်ထဲတွေးလို့
မရတာလဲ...။ဒီကောင်သိပ်အရောင်စုံသည်။
"ကြားပါတယ်Valentines Dayညက
အကြီးအကျယ်Romatic ဆန်ခဲ့ကြတယ်ဆိုတာ....."
"TaeHyungရှိရင် ပိုကောင်းမှာပဲ....."
အင်းပေါ့...။မင်းကိုတစစီ ဆွဲဖြုတ်လို့ရတာပေါ့။
ပြုံးယဲ့ယဲ့ အနိုင်ရကျေနပ်နေသောမျက်နှာသည်
မကြည့်နိုင်တော့လောက်တဲ့အထိ အမြင်ကပ်စရာ
ကောင်းလှပါသည်။အဆင်ပြေသွားသည်ဟု
ကြားထဲက အနှောက်အယှက်တွေလုပ်ဖို့
ကြံဖန်တွေးထားခဲ့ပြီးပေမယ့် Jungkook သည်
လုံးဝပျောက်နေခဲ့သည်။ နီးစပ်ရာနဲ့အနည်းငယ်စုံစမ်း
ကြည့်လိုက်တော့ သခင့်နားကမခွါဖြစ်နေသတဲ့။
ဒေါသသည်အဆုံးပဲ...။
ခုတော့ မထင်မှတ်စွာဆုံလာတဲ့အခါ ရတဲ့အခွင့်အရေး
ကိုကောင်းစွာအသုံးချရမည်။
သောက်စရာတချို့မှာကာ ဟိုဟိုဒီဒီစကားတွေ
ပြောနေခဲ့ကြပြီး TaeHyungက အကြံအဖန်
စကားတချို့စပြောတော့ရန်အရှိန်ယူလိုက်သည်။
"ဂျေ ....."
"အင်း......"
"Jimin ကို တကယ်ချစ်သွားတာလား...."
မထင်မှတ်ထားခဲ့သောTaeHyungဆီကမေးခွန်း
ကြောင့် မောင့်မျက်ခုံးတွေမြင့်တက်သွားသည်။
TaeHyung ဖန်ခွက်ထဲ ဝိုင်တချို့ငဲ့ပေးလိုက်ရင်း....
"ဘာလို့မေးတာလဲ.....ပါးစပ်ကထွက်ချင်ရာ
ထွက်နေလို့တကယ်များမချစ်ဘူးလို့
TaeHyung က ထင်နေလို့လား....."
"ငါထင်တာတော့ မင်းသူ့ကိုတကယ်မချစ်ဘူး
ဟုတ်တယ်မလား ကိုယ့်ယောကျ်ားဖြစ်နေပြီ
မချစ်လို့မဖြစ်တော့လို့ အကွက်ရွေ့ပစ်လိုက်တဲ့
သဘော နေရစားရလည်း အဆင်ပြေအောင်
ငါတို့လို လူရှုပ်လူပွေတွေက တကယ်ချစ်ပါတယ်
လို့ထွက်အံကျလာရင် အရမ်းထူးဆန်းတယ်လေ
ကိုယ်တော့ မင်းကိုမယုံဘူးဂျေ...."
ပေါ့ပေါ့ပါးပါးလေးပဲ.....။ရောင်စုံနှလုံးသား
ပိုင်ရှင်တွေမို့ တကယ်ချစ်သွားတယ်ဆိုတာ
ကိုမယုံကြောင်းTaeHyung က ခပ်ပြုံးပြုံးဆိုလာသည်။
Character အတူတူမို့နားလည်နေတယ်သိနေတယ်ဆို
သောအချိုးမျိုး....။
"ဟုတ်မှာ......ကျွန်တော်က လူမိုက်ကို....
အဖိုးတန်လေးကို မတန်မရာယူထားတာကို
တောင် အတော်လွန်လှနေတာ
တကယ်ချစ်မိသွားတယ်ဆိုတော့ ပိုသွေးတက်စရာပေါ့
ထပ်သွေးဆူစရာက အဖိုးတန်လေးကပြန်ချစ်တယ်လေ
ဘယ်လောက် ကလိကလိဖြစ်စရာကိစ္စလဲ နော့်...."
TaeHyung နေရာမှာတခြားတစ်ယောက်သာဆို
ParkJimin အပေါ်ချစ်ခြင်းမချစ်ခြင်းကို
ရဲရဲတင်းတင်းဝေဖန်လို့ မောင် နှစ်ချက်လောက်တော့
ဆင့်ထိုးပြီးပြီ။
မချစ်စရာလား......ချစ်လို့၂၄နာရီပတ်လုံး
အချစ်နွံထဲနစ်နစ်နေလို့မနည်းပြန်ရုန်းထနေရတဲ့
ဘဝကို တစ်ယောက်ယောက်ကများကြားလို့
မီးတောင်လေးနားထဲ ပြန်ရောက်ပြီး
မျက်နှာလေးမဲ့သွားရင် ဒီကောင်ကြီးက
ပြာရအုန်းမည်။
Propose လုပ်တာတောင် ပိုက်ဆံလိုချင်လို့
ဖားတယ်လို့ထင်ခံရတဲ့ဘဝကို TaeHyung နားမလည်။
TaeHyung ဘာမှမသိ...။
အကျင့်တူ စရိုက်တူ လူပွေလူရှုပ်တွေမို့
တကယ်မချစ်တတ်ပါဘူးပဲ ဇွတ်လုပ်နေသည်။
ချစ်တတ်သွားကြောင်းတွေ ကိုရှင်းပြချင်လိုက်တာ။
TaeHyungဝိုင်ခွက်ကိုင်ထားသော
လက်တွေတင်းခနဲ....။
ဖြေတတ်လိုက်တာJeonJungKookရယ်။
ငါ့ကိုတစ်ခါနှစ်ခါသုံးခါ
အကြိမ်ကြိမ်အခါခါရှုံးစမ်းလို့စိန်ခေါ်ပြီး
ပြန်ဖြေခဲ့တဲ့အဖြေ....။ကလိကလိဖြစ်ရုံဘယ်ကမလဲ
ဝိုင်ပုလင်းနဲ့ထရိုက်ချင်နေပြီ။
အပြင်ပန်းမှာတော့ သွယ်လျလျလက်ကလေးတွေ
နဲ့ ခွက်ကို မထိတထိလေးကိုင်ထားခဲ့တဲ့သူ။
ဒီကောင်သိပ်ထိအောင်ပြောတတ်လွန်းသည်။
ဘောင်တစ်ခုကိုကျော်တယ်ပြောပြော
Ethic မရှိဘူးပဲဆိုဆို နိုင်ရာဥာဏ်များရမှာပဲ....။
ကောင်းကင်ပြာလေး ချက်ချင်းမိုးသားတွေ
မဲမှောင်သွားခဲ့သည်။
"Jimin ကရော ဂျေ့ကို တကယ်ချစ်သွားတာတဲ့လား
အရင်က အဆင်မပြေကြဘူးလို့ကြားတယ်လေ
အရမ်းမုန်းတီးနေတဲ့လူတစ်ယောက်က
ခံစားချက်ကိုပြောင်းပစ်တာမြန်လိုက်တာ.....
ကိုယ်ဆို ကိုယ့်ကို ဒီလောက်ကြီး နိုင်စားထားတာ
မချစ်ရဲပါဘူး....ဝေဖန်တာမဟုတ်ဘူးနော်
ပြောပြတာ...မင်းကအဆိုးလေးဆိုတော့
MD Parkတို့ ရှောင်မရမဲ့အတူတူ ချစ်တယ်မချစ်ဘူး
မဟုတ် ဒီလိုပဲ မျောသွားတယ်ထင်ပါရဲ့...."
ဥာဏ်များသူ ကဝေလေးတွေခနဲ.....။
မောင်က သိပ်ဟန်ဆောင်တတ်တဲ့သူ....။
သိပ်မျက်နှာဖုံးတွေများလွန်းတဲ့သူ...။
ဒါပေမယ့် မောင်ဝမ်းနည်းစွာလက်ခံလိုက်ရတာက
TaeHyung စကားဆုံးတာနဲ့ ဘယ်မျက်နှာဖုံးမှ
မတပ်နိုင်တော့ဘူးဆိုတာကိုပဲ....။
ကောင်းကင်ပြာလေ ခိုးပြုံးကာဝိုင်
တကျိုက်သောက်လိုက်သည်။
"စဉ်းစားသွားရတာလား...Sorry ဂျေ.....
ကိုယ်လည်း ဒီလိုပဲလေ
YoongiHyung က မလှုပ်သာမလူးသာအဲ့လိုSupriseတွေနဲ့
ချူပ်တော့ ကိုယ့်ကိုကိုယ်တောင်မသိဘဲ
ခေါင်းတွေညိတ်မိခဲ့တာ ဟိုရွေးစရာမှမရှိတာ
မင်းတို့ကလက်ထပ်ထားတာဆိုတော့ပိုဆိုးတာပေါ့
မဖြစ်မနေ ချစ်မှကို ဖြစ်မှာလေ..
တကယ်မချစ်လည်း ချစ်ရမှာပဲမဟုတ်ဘူးလား..
မင်းDaddyကူညီထားတဲ့အရှိန်တွေလည်းရှိတယ်လေ...."
မောင် ဒါတွေကိုလုံးဝမတွေးမိခဲ့ပါ...။
မောင်က အချစ်ကိုအရိုးရှင်းဆုံးတွေ့ရှိခဲ့သူမို့
သူချစ်လို့ Jimin ကပြန်ချစ်လာတယ်...။
ဒီလောက်ပဲ....။TaeHyungစကားတွေကြောင့်
စိတ်ထဲအနှောက်အယှက်အကြီးကြီးဖြစ်သွားခဲ့ရတာ
တော့အမှန်......။
ဒါပေမယ့် မောင်က ဟုတ်သားပဲနော်...လို့
ထောက်ခံသံယောင်လိုက်မည့်သူမဟုတ်တော့
ချက်ချင်းပြန်တုံ့ပြန်သည်။
"သူတကယ်မချစ်လည်း ကျွန်တော့်အပိုင်
ချစ်လည်း ကျွန်တော့်ဟာပဲလေ...
ကျွန်တော့်ယောကျ်ား ဆိုတဲ့အမှန်တရားက
တော့တကယ်မလို့ Jimin ကျွန်တော့်ကို
မချစ်မှာကိုစိတ်မပူနဲ့ မချစ်ရင် ရိုက်ပြီးချစ်ခိုင်းမှာ..."
မောင်က...မျက်ခုံးတစ်ဖက်ပင့်ကာ
အဓိပ္ပာယ်ကိုသိတယ်မလားဆိုတဲ့မျက်လုံးတွေနဲ့
အားကျမခံ ခပ်ပေါ့ပေါ့ပြန်ဖြေသည်။
ရင်ထဲအလေးတုံးကြီးပိကျသွားခဲ့တာတော့အမှန်ပဲ။
သူသူကိုယ်ကိုယ်....စကားတွေကတွေးစရာဖြစ်သွားပြီ
လေ။
"ရိုက်ချစ်ခိုင်းမှတော့ အချစ်ဖြစ်မလား ဂျေရာ....."
ခပ်ဩဩရီသံတစ်ချက်ဖြင့် လှလှလေး
ပြုံးပျော်နေသူTaeHyung ကို မောင်
ကြည့်ကာ ဘာပြန်ပြောရမှန်းမသိခဲ့.....။
မောင် အပြင်းအထန်းအမြန်စဉ်းစားနေတုန်း
"စိတ်ထဲမထားနဲ့ ငါကအဲ့လိုပဲဒဿနတွေ
ဟိုလိုဒီလိုစဉ်းစားရတာတွေကိုကြိုက်လို့
မင်းတို့ အိမ်ထောင်ရေးကိုလည်း ဆရာကြီးဝင်လုပ်
ကြည့်တာ.....ချစ်မှာပါ မင်းကို MDParkက
အများကြီး ....."
နာကျင်မှုကိုတစ်ဘဝထဲပေးလို့အားမရ....။
နောက်ထပ်တစ်ဘဝရောက်တဲ့အထိတစ်ဖက်
လှည့်နဲ့ပေးတဲ့သူ...။
သိပ်စွဲလန်းမြတ်နိုးလွန်းခဲ့ရတော့ တနုံ့နုံ့ဖြင့်
ထရိုက်ချင်နေတာတောင် မျက်လုံးတွေမြင်ရင်
စိတ်ကသေသေသွားသည်။
နာကျင်စရာတွေကြီးပဲသံသရာတစ်လျှောက်လုံး
အဆိုးဆုံးခံခဲ့ရသူမို့.....
မျက်တောင်ရှည်ကြီးတွေကို Jeonငယ်က
ခွင့်လွှတ်နေခဲ့ပါသည်။
အချစ်တွေပျက်ပြယ်သွားရင်တောင်...
မနာစေချင်တော့သောမေတ္တာနှင့်ဒီဘဝမှာ
လက်ရဲဆက်ရဲ လူမိုက်လေးပေမယ့်
စိတ်ကိုအတင်းအကျပ်ထိန်းခဲ့သည်။
မလုပ်ရက်ပါ.....။လုပ်ရက်လိုက်ဖို့လည်း
အပြင်ပန်းမှာသာလှချင်ယောင်ဆောင်နေတာ
ပြိုပြိုပျက်ပျက်ကြေကွဲမှုတွေ
ကျိုးကြေပျက်ဆီးနေတဲ့ ခံစားချက်တွေနဲ့
အရုပ်ကလေးဖြစ်နေသည်။
အဆင်ပြေခါစ အိမ်ထောင်ရေးလေးတစ်ခုရဲ့
ခက်ခဲစွာမွေးဖွားခဲ့ရသောရှားပါးချစ်ခြင်းတရား
လေးကို မောင်ထားစရာနေရာမရှိအရူးအမူးဖြစ်နေချိန်အစစ်ရော ဟုတ်လို့လားဟုတွေးစရာ
ထည့်ပေးလိုက်ခြင်းသည် ဝဋ်ကြီးနိုင်ပေမယ့်
KimTaeHyung ကလုပ်စရာရှိတာလုပ်မှာပဲ။
အပျက်စကားတွေကြီးပဲ ပြုံးပြုံးလေး
ပြောနေသောTaeHyungသည်
ဝိုင်သောက်၍ကောင်းနေတုန်း.....။
မောင် တွေတွေဝေဝေနဲ့ပင်အိမ်ပြန်ချင်သွားသည်။
အရင်လိုဝုန်းဝုန်းဒိုင်းဒိုင်းစိတ်မလွတ်သွားပေမယ့်
တမျိုးတော့စိတ်ထဲဖြစ်သွားကာမျက်လုံးတွေ
အရောင်မှိန်သွားခဲ့သည်။
"ကျွန်တော်ပြန်မလို့....တစ်ခါထဲပြန်လိုက်ခဲ့မလား
အိမ်ဝင်ပို့ပေးခဲ့မယ်....."
"အဲ့လိုရလား....."
JeonJungkook မျက်နှာပျက်နေပြီမို့
ထပ်ထပ်ရှို့ဖို့လိုသည်။
မထိရောက်လောက်ဘူးလို့ထင်ခဲ့သော်လည်း
ဒီကောင်ဘယ်တုန်းကအတွေးလွန်တတ်သွားတာလဲ။
TaeHyung ၏ရေမွှေးနံ့သင်းသင်းလေးနဲ့အတူတူ
ကားတစ်စီးလုံးကြိုင်သင်းနေကာ
စကားတွေထပ်ပြောလာပြန်သည်။
မောင့်နားတွေထဲ ဝင်တစ်ချက်မဝင်တစ်ချက်....။
အင်း ဟင့်အင်း သာဆိုပြီး အိမ်ကိုမြန်မြန်ရောက်
ချင်နေပြီ.....။
ကျန်သောနေရာတွေမှာသာအကွက်မြင်တာ
အချစ်ကိစ္စမှာ မောင်ကမူလတန်းကလေးလိုဖြစ်နေတာမို့
TaeHyungပြောသလိုများတကယ်သာ
ဖြစ်နေရင်....ကျင်းထဲကျပ်ထဲမို့မဖြစ်သာလို့
ဆိုတဲ့အကွက်မျိုး။
စဉ်းစားကြည့်ရင်
သူက ParkJimin ကြိုက်လောက်မယ့်နေရာတစ်နေရာ
မှမှမရှိတာ...။
KimNamJoonရဲ့ တည်တည်ကြည်ကြည်
မျက်နှာချောချောက မျက်လုံးထဲဝင်လာကာ
ပီကေဝါးပြီး တွေ့ရာလျှောက်ထွေးတတ်သော
သူ့မျက်နှာကို သူမြင်ယောင်မိပြီး
မောင့် မျက်နှာသွေးပင်မရှိတော့....။
အဖြေရပြီးမှ ချစ်ပါပြီဆိုခါမှ ခေါင်းထဲအတင်း
အကျပ်တိုးဝင်လာသောဆိုက်ဝါးသည်
မောင်ရောက်နေတဲ့အသက်အရွယ်နှင့်
ဟုတ်နိုင်သလား မဟုတ်နိုင်သလားကို
ချက်ချင်းမတွေးနိုင်.....။
တကယ်မချစ်လို့မဖြစ်ဘူးလေ။
သူက တကယ်ချစ်လွန်းနေရတဲ့အတွက်
ParkJimin ကတကယ်မချစ်လို့ကိုမဖြစ်တာပါ....။
"ကျေးဇူးပဲ ဂျေ......."
"မလိုပါဘူး အချင်းချင်းတွေပဲ...."
"ဒါဆိုကိုယ်သွားပြီ Romတို့ပြန်လာရင်
ဆုံမယ်....."
"ကောင်းပါပြီ...နောက်ဆိုကျွန်တော်တို့မရှိဘဲ
Club မှာတစ်ယောက်ထဲသောက်မနေနဲ့
MinYoongi ကိုခေါ်ချင်ခေါ်လေ..."
"သူက အပျော်အပါးမကြိုက်ဘူး...."
"တာ့တာ ဂျေ..."
TaeHyung သည်လက်ပြနူတ်ဆက်ကာ
တိုက်ခန်းရှိရာတစ်ဖက်လမ်းကိုအကူး
အရှိန်ပြင်းစွာဝင်လာသောဆိုင်ကယ်တစ်စီး။
"TaeHyung!!!!"
TaeHyungလက်ကောက်ဝတ်တွေကနေ
ချက်ချင်းပြန်ဆွဲလိုက်ကာအန္တရာယ်ကိုကာကွယ်
လိုက်ရသည်။
ခပ်တင်းတင်းဆွဲယူခံလိုက်ရသော
လက်တွေ...။ခန္ဓာကိုယ်တစ်ခုလုံး
သူ့ပေါ်ပြိုလဲကျမတတ်...။
TaeHyung မျက်လုံးတွေဝိုင်းခနဲ....။
"ဘေးဘီကြည့် လမ်းကိုကူးလေ...
တိုက်ရင်သေမှာ....."
ဖျက်ခနဲ ခါချခြင်းခံလိုက်ရသောလက်တွေကြောင့်
မောင့်မှာ တအံ့တဩ။
အန္တရာယ်ဖြစ်မှာစိုးလို့ကူညီလိုက်တာပါ။
ချက်ချင်း နီးကပ်သွားသောခန္ဓာကိုယ်နှစ်ခု
ကို ပြန်ခွါသည်။
အသားကိုထိလာခြင်းကို ရွံသလိုရှာသလို
အမူအယာမျိုးတွေနဲ့ ကွက်ခနဲပျက်သွားသော
TaeHyung မျက်နှာ.....။
ငြင်းဆန်းခဲ့ခြင်း....။လက်မခံခြင်း
အထိမခံခြင်းတွေက ဘယ်နေရာဘယ်လိုအနေအထား
တွေရောက်ရောက် ယောင်းက ခိုင်မြဲသည်။
အရင်ကလည်း ငြင်းတယ် လာမထိနဲ့
ခုလည်း လက်မခံနိုင်ဘူး......။
အိမ်ရှေ့စံစကားတစ်ခွန်း၏အစွဲကို
တိတိကျကျ ကို လိုက်နာခဲ့တဲ့သူ......။
"ကူညီတာပါ...ဘယ်လိုဖြစ်တာလဲ...."
မသိစိတ်သည်သိပ်ကြောက်စရာကောင်းစွာ
ပြုမူပြီးမှTaeHyung သတိပြန်ဝင်လာသည်။
"Sorry....ငါလည်း လန့်သွားလို့......"
မောင်သည်...ကူညီပေးခြင်းအပေါ်
တမျိုးတမည်အဆက်ဆံခံလိုက်ရ၍
သိပ်တော့မကျေနပ်....။
"ကျွန်တော်သွားပြီ....."
ခပ်ပြတ်ပြတ်သာနှုတ်ဆက်ပြီးကားပေါ်ပြန်တက်ခဲ့သည်။
ကားမောင်းဖို့ပြင်လိုက်ချိန် အကျီလက်မှာ
လာငြိနေသော ဟန်းချိန်းလေး...။
ခုနဆွဲလိုက်တုန်းက ပါလာတာဖြစ်ပါလိမ့်မည်။
ဖြုတ်ယူကာ ဝတ်ထားသော
T-shirt၏အိတ်ကြီးကြီးထဲထည့်လိုက်ပြီး
ဆုံရင်ပြန်ပေးဖို့သိမ်းလိုက်ကာ
အိမ်ကိုကားပြန်မောင်းလာခဲ့သည်။
ဆိုက်ဝါးတွေအပြည့်နဲ့ပေါ့.....။
.................။
"ငါက ညတောင် ပြန်မလာတော့ဘူးမှတ်နေတာ
Clubဆိုလို့ မသွားဖြစ်တာလား...."
ညနေစောင်းမှာတော့Jiminအိမ်ပြန်
လာကာ အခန်းထဲဝင်တော့အိပ်ရာထဲ
အိပ်လည်းမအိပ်ဘဲ လှဲနေသူမောင်သည်
တွေး၍ကောင်းနေတုန်း....။
"TaeHyung နဲ့သောက်ပြီးပြန်လာတာ
ဟိုကောင်တွေကမရှိဘူး...
နှစ်ယောက်ထဲဆိုတော့ပျင်းတာနဲ့သူ့ကိုအိမ်ပြန်
ပို့ပေးခဲ့ပြီး မောင် ပြန်လာအိပ်နေတာ....ခုနမှနိုးတယ်..."
တဒိန်းဒိန်းတက်ဆောင့်သွားသောသွေးခုန်နှုန်း
နဲ့အတူအိပ်ရာပေါ် ခပ်တည်တည်ပဲပြောရဲနေသော
လူကိုစူးခနဲကြည့်တော့ သူ့တက်တူးတွေကို
ကြည့်နေသည်။
အမောဆို့လှစွာသောစကားသည်အသက်ရှုပင်ကျပ်သွားရသည်။
ဒီယောကျ်ားကို ချစ်မိသွားရတာ မလွယ်ပါလား။
"KimTaeHyung နဲ့မင်းကတွဲတုန်းလား...."
"တွဲတယ်လေ...ဘော်ဒါတွေပဲ...
မတွဲစရာဘာအကြောင်းရှိလို့လဲ......"
"ဘာအကြောင်းမှမရှိပါဘူး...ငါကအေးဆေးပါ
MinYoongi နဲ့ထပ်ပြဿနာတွေတက်ရင်
ကြားထဲက ငါကမျက်နှာပျက်ရလို့
သိက္ခာတွေကျတယ်လေ သိတယ်မလား...."
Club မှာ နှစ်ယောက်ထဲအတူတူသောက်ပြီး
အချိန်တွေဖြုန်း အိမ်ပါလိုက်ပို့ခဲ့ပါသေးတယ်
ဆိုတော့ ParkJimin ကို မခန့်လွန်းအားကြီးတာပဲ။
KimTaeHyung ဆိုတဲ့နာမည်ကြားရုံနဲ့တင်
အလိုလိုပူပူလောင်လောင်ဖြစ်ရတဲ့ကြားထဲ
အဆင်တွေပြေသွားရင်တော့ သူတို့ဇယားကအလိုလို
ပြတ်သွားမှာပဲလို့ထင်ခဲ့တာ....။
ထင်သလောင်မလွယ်....။
ဘယ်လွယ်ပါ့မလဲ JeonJungkook လေ....။
ဒီမာယာတစ်သိန်းက အီလို့ရသလောက်အီနေမှာပဲ
KimTaeHyung ကလည်း ဘာထူးသလဲ....။
မပိုင်ခင်မချစ်ခင်တုန်းကတော့ ကြိတ်ဒေါသထွက်
ရုံကလွဲကျန်တာမတတ်နိုင်ပေမယ့် ခုက ပတ်သတ်နေတဲ့
လူတွေဖြစ်နေပြီ။
ချစ်တယ်ဆိုထဲက JeonJungkook ရဲ့
အရာခပ်သိမ်းက တစ်ခုမကျန်သူ့အပိုင်
ပဲဖြစ်ချင်တာ....။
အလုပ်စားပွဲတွင်ထိုင်ကာမကြည်မလင်မျက်နှာဖြင့်
ထိုင်လျက်Computerဖွင့်နေတော့အနားကိုရောက်
လာခဲ့တဲ့သူ......။
"သဝန်တိုနေတာ....အိပ်ရာပေါ်ကမောင် ပြာကျတော့မယ်
လျှော့ပါအုန်းလား....."
သူဘယ်လိုသိ.......။မျက်နှာကခုနထိန်းထားလို့
ရခဲ့ပေမယ့် သူအနားကိုရောက်လာကာခပ်တိုးတိုး
ဆိုလာမှပြင်မရအောင်ပျက်သွားခဲ့သည်။
"ဘယ်သူကသဝန်တိုနေလို့လဲ....
ငါအလုပ်လုပ်မလို့....အေးအေးနေ....."
"မလုပ်ရဘူး မေးစရာရှိလို့ လာအုန်း...."
ခုံပေါ်မှ ကောက်ပွေ့ကာအိပ်ရာပေါ်လှဲချပြီး
မောင်ကမလှုပ်နိုင်အောင်အုပ်မိုးထားသည်။
"Surprise တွေနဲ့ အပေါင်းအသင်းတွေရှေ့
အကျပ်ကိုင်သလိုမျိုးဖြစ်သွားလို့
မောင့်ကို ပြန်ချစ်လိုက်တာမျိုးမဟုတ်ဘူးမလား
မင်း....မောင့်ကို တကယ်တော့ချစ်ပါတယ်နော်...."
"ဘာ....."
"မောင် မင်းကိစ္စနဲ့ပတ်သတ်လာရင်ဘယ်သူဘာပြောပြော
နားဝင်လွယ်နေလို့....မေးရတာပါ...."
"မင်းကိုဘယ်သူကဘာပြောလိုက်လို့လဲ
အော်သိပြီ KimTaeHyungနဲ့စကားပြောခဲ့တာဆို
တော့ သူပဲနေမှာပဲ ဟုတ်တယ်မလား..."
"သူက ဒီတိုင်းသဘောရိုးနဲ့ပါ...
မောင်မတွေးခဲ့မိတဲ့ ရှုထောင့်တွေကနေတွေးပေး
တာ ပြဿနာမဟုတ်ပေမယ့် သိတယ်မလား
မောင့်စိတ်ထဲနည်းနည်းရှုပ်သွားလို့...."
"တကယ်မချစ်ဘူး....သူပြောတာမှန်တယ်....
ဟုတ်တယ်.....ရှုပ်မနေနဲ့ရှင်းရှင်းလေး..."
"Jimin.......!!"
နှစ်ယောက်ထဲသာယာရုံမက
ဟိုက နှပ်လိုက်သောစကားတွေကိုနားယောင်လာကာ
ဟိတ်ကြီးဟန်ကြီးနဲ့ကိုယ်ကပဲအပြစ်ရှိနေသလို
လာမေးရဲသေးသည်။
JeonJungkook ကိုသူမပိုင်ဘူးဆိုတာအဲ့တာတွေ
ဟိုကတစ်ခွန်းဆို တစ်ခွန်း သူ့မှာယုံယုံကြည်ကြည်။
ထိပ်တိုက်တွေကတော့ တွေ့ရတော့မယ်..။
ဒီတစ်ခါတွေ့ရင်တော့ရိုးရိိုးတွေ့ဖြစ်မှာမဟုတ်
လုံးဝပြတ်ပြတ်သားသားအပြတ်ပြောခြင်းနဲ့
တွေ့ရလိမ့်မည်။
"မောင် မေးတာ ကိုစိတ်မဆိုးပါနဲ့ကွာ
မင်း တကယ်မချစ်မှာကိုစိတ်ပူသွားလို့ပါ..."
"မင်းမှာဦးနှောက်မပါလို့လား!!!
မင်းကိုငါချစ်တာကို ငါဘယ်လိုသက်သေ
ပြပေးရမလဲ....မင်းမှာအားနာတတ်တဲ့စိတ်ရှိ
ရင်မေးစရာကိုမလိုတဲ့မေးခွန်း
ငါ့ကို လူတစ်ယောက်လိုတောင်မဆက်ဆံခဲ့တဲ့မင်း
မင်းသောက်နေတဲ့စီးကရက်မီးနဲ့တောင်
ယောကျ်ားတန်မဲ့ အနှိပ်စက်ခံခဲ့ရတဲ့ငါ
တလောကလုံးရှေ့အရှက်တွေကွဲခဲ့ရတဲ့ငါ
စုတ်ပြတ်သတ်အောင်အရိုက်ခံခဲ့ရငါ
မချစ်သင့်တာသိတယ် သိပါရက်နဲ့ ချစ်မိသွားခဲ့တယ်
ငါက ပြန်မေးရမယ့် မေးခွန်းပါ JeonJungkook ရယ်"
"ငါ့ချစ်ခြင်းကို မင်းအကောင်စကား
နားယောင်ပြီး မယုံသင်္ကာလာမလုပ်နဲ့
မယုံဘူးမလား အေးရတယ်
မင်းယုံတဲ့ကောင်ကို မင်းသွားချစ်လိုက် သွား!!!!"
မဟုတ်ပါဘူး။မယုံလို့်မဟုတ်ပါဘူး...။
စိုးရိမ်မှုလေးနဲ့ဒီလိုလေးပဲမေးမိလိုက်တဲ့
မေးခွန်းဟာ ဆိုင်သူလေး၏မျက်အိမ်တွေနီရဲ
လာတဲ့အထိ....။ဒီလိုဖြေလိုက်တော့လည်း
တဖက်မှာ တကယ်ချစ်တာပဲလို့စိတ်ချမ်းသာရပေမယ့်
မျက်စောင်းအကြီးကြီးကြောင့်မောင်ကြက်သီးတောင်
ထသွားခဲ့သည်။
"ဒီလောက်ဒေါသထွက်စရာမဟုတ်ဘဲနဲ့
မောင့် အလှလေးရယ်....မောင်က
မောင်ပြောပြမယ်...မျက်စောင်းမထိုးရဘူး
ငိုလည်းမငိုရဘူး မောင့်ကိုကြည့်....
ဒီလိုလေ....သူကပြောလိုက်တော့ မောင်လည်း
ရုတ်တရက်ဆိုတော့ တွေဝေတာပေါ့
နည်းလမ်းတွေကလည်းကျနေတယ်လေ.....
မောင်က အချစ်မှာ ငယ်သေးတယ်
မောင် ချစ်တတ်တာ မကြာသေးတော့မကျွမ်းသေးလို့
ပါကွာ..."
မနေနိုင်မထိုင်နိုင်သွားမေးမိတဲ့ပါးစပ်ကိုဖြတ်သာ
ရိုက်လိုက်ချင်ပါသည်။အဆင်ပြေနေတဲ့ဟာကို
ဘာလို့လျှာရှည်မိသွားရတာလဲ။
"ငါလိုကောင်က...ကလေးကလားSuprise
အပေါ် သာယာပြီး လက်ခံမယ့်ကောင်လား
မင်းစဉ်းစားလေ....."
"ဟုတ်တာပေါ့....ဟုတ်တယ်ဟုတ်တယ်
တော်ပြီ တော်ပြီ မောင်မမေးခဲ့ဘူးပဲထားလိုက်
ပြဿနာမဖြစ်ချင်ဘူးကွာ....စိတ်လျှော့နော်
လိမ္မာတယ်....."
"ဖယ်.....မင်းမျက်နှာကိုမြင်ရရင်
ငါဒေါသထွက်တယ် သွားချင်ရာသွား
သာယာချင်တဲ့နေရာသာယာခဲ့ပြီး
အိမ်ပြန်လာ မယုံသင်္ကာနဲ့......ဖယ်!!!!!"
"သာယာချင်တာကတော့ ဒီအလှလေးဆီမှာပဲ..."
အရောင်စုံကောင်လေး....။သိပ်လည်ဝယ်လွန်းကာ
သိပ်တတ်သည့်ကဝေကောင်...။
ဒေါသကထွက်နေရင်း ရင်ခုန်ခြင်းကလာရောပြီ။
ဒါသည်အမြဲတမ်း...။
"ငါကန်မှာနော်....."
"ကန်လိုက်......"
ရူးသလိုလိုကြောင်သလိုလိုသူ့ရင်ဘက်အကျယ်
ကြီးကိုကော့ပေးသည်။ဒေါသသည်
KimTaeHyung ရော ဒီအဆိုးကောင်ဆီမှာရော
ပုံအောနေပေမယ့် ပြာပြာလဲလဲပြန်ချော့ကာ
ကဝေကောင်လေးပီပီ ကလီကမာတွေလုပ်ပြလာတော့
အကုန် KimTaeHyung ဆီပဲပုံချလိုက်ပြီ။
MD Park ကဝေလေးကို ဘယ်လောက်ချစ်သလဲ...။
ဘယ်လောက်ချစ်မှန်းတောင်မရေးပြတတ်တော့။
"နောက်တစ်ခါပေါက်ကရစကားတွေ
အိမ်ကိုသယ်မလာနဲ့ အဲ့ကောင်နဲ့လည်း
မပေါင်းရတော့ဘူး..."
"ဘာလို့လဲ...မောင့်ကိုအဲ့လိုမချူပ်ပါနဲ့....
မောင်အမှားမလုပ်ထားတာကို.."
Jeon Jungkookကသူ့စကားကိုနားထောင်မှာ
မဟုတ်...။ဒီလေသံအနေအထားကိုကသိနေပြီ။
ခုထိ ဘာမှကိုနားမထောင်သေးနားမဝင်သေးတာ။
မဟုတ်တာအကုန်လုပ်နေတုန်း....။
ချစ်တာကချစ်တာတပိုင်းသူ့လေလွင့်နေတာကလွင့်နေ
တုန်း။ပါးစပ်ကပြောနေလို့မထူးနိုင်တော့တာမို့
Jimin ခေါင်းသုံးဖို့လိုအပ်လာပြီ။
"ထားတော့.....ထားပါတော့....
ဖယ် ငါ့အပေါ်က ရေချိုးတော့မယ်...."
"အတူတူချိုးမယ်လေ....."
အကြံအဖန်ကတော့အခွင့်အရေးရတိုင်းမှာ
မောင်ကြိုးစားခဲ့သည်။ဒါပေမယ့်
တကယ်ချစ်တဲ့သူကျသိပ်စိတ်လှုပ်ရှားလွန်းစွာ
တစ်ခါလေးမှမအောင်မြင်ခဲ့....။
နာကျင်သွားမလား....ဒါမှမဟုတ်တခုခုအလိုမကျ
ဖြစ်သွားမလား ယုံကြည်မှုသည်Jiminနဲ့မှ
ပျောက်ခဲ့သည်။
"ချိုးလေ....."
"တကယ်လား....."
"ရေချိုးတာ ဘာဆန်းလို့လဲ...."
မောင်သည် အိပ်ရာပေါ်မှချက်ချင်းဆင်းလိုက်ကာ
T-shirtကိုဆွဲချွတ်လိုက်ပြီး...ဆံပင်တွေကိုမှန်ရှေ့တွင်
သွားသပ်နေသည်။
ထို့နောက်ဘောင်းဘီတိုတထည်ရှာကာ
ရေချိုးခန်းထဲသို့ပြေးဝင်သွားခဲ့သည်။
ချွတ်ချခဲ့သော TShirtကို ကောက်သိမ်းဖို့
ယူလိုက်ချိန်တွင် ရှောခနဲ ထွက်ကျလာသော
ဟန်းချိန်းလှလှလေး.....။
KTH ဆိုတဲ့Engစာလုံးသုံးလုံးတန်းသည်
Jimin ကို စိန်ခေါ်နေသလို......။
စတင်လွဲပြီ......။
Part2 ရိုက်နေရင် အရမ်းကြာသွားမှာမို့
အရင်တင်ပေးထားတယ်။
ခုရက်ပိုင်းတွေတကယ်အတွေးတွေမထွက်လို့
ဖျက်လိုက်ရေးလိုက်နဲ့လိုအပ်သွားရင်
အားနာရပါတယ်....။
တကယ်မရေးနိုင်နေလို့ကြာနေရတာပါ...။
ဇာတ်လမ်းခုမှစတွေ့ကြတော့မှာမလို့
ပျင်းတော့မပျင်းကြသေးနဲ့အုန်းနော်...။
ပျော်ရွှင်ရသည်။
MD Parkယောက်ျားငယ်ငယ်လေးသည်
သွား ပြန်စမ်း....."
"မပြန်ချင်ဘူး...."
နားမလည်တာမဟုတ်ပါ...။မောင်နားလည်ပါသည်။
ချင်ဘူးနော်.."
ဘာဖြစ်နေတာလဲ..."
ရော ဘယ်ရောက်သွားတာလဲ...
"JeonGroup က မောင့်ဟာ......"
ရော့ စာရွက်တွေ...."
"Jimin ကလည်းဗျာ......"
အထူးပဲများပြနေသည်။
မျက်နှာများတတ်သောယောက်ျားမှန်းသိ၍
ချင်ပါသည်။
မကြည့်စမ်းနဲ့......။ငါ့ကိုချစ်တယ်ဆိုထဲက
ငါ့ပဲကြည့်တော့မှာ....။
"အိမ်ပြန်တော့.....!!!!"
ငါမျက်စိနောက်တယ်...."
လာပြန်တဲ့သူ။
ချင်နေတာ..."
လုံးဝနေသားကျနေပြီ။
"Jung...Kook!!!"
ဆွဲသွင်းလိုက်သည်။
ပြန်ကိုင်ပေးအုန်း....."
"မင်းယောက်ျားက တောင့်ပါတယ်..စမ်းကြည့်..."
"မမိုက်ရိုင်းနဲ့နော်....."
Hotသည်။
"ပြန်ပါတော့....!"
မပြန်လို့လည်းမဖြစ်...မောင်လုပ်နေတာတွေက
ဆက်လုပ်သည်။
ဆက်သွယ်၍မရ....။
သည်။
ရှာရန် ဦးတည်ခဲ့သည်။
ထွက်လာခဲ့သည်။
ရောက်နေကြတာလဲ..."
လို့ပါကွာ မင်းကမင်းယောက်ျားနဲ့
ဒါပဲ...."
"စောက်တလွဲကောင်...!!!!"
မင်းတို့သိပါတယ်....."
"မင်းက ယောက်ျားကျ ဇွတ်ချွဲပြီး....
"ဒီကောင်ကတော့......!!!!"
တောက်!!!!!
ထင်တော့ထင်ခဲ့ပါသည်....။သောက်တလွဲလုပ်မိလို့
သေးသည်။
မရဲကို မရဲတဲ့စိတ်က ဘာကြောင့်မှန်းမသိ။
"ဂျေ.....လား....."
"TaeHyung...."
Romတို့ရော...."
နောက်မှတွေ့မယ်..."
TaeHyung ကရီဝေဝေပဲ......။
"မြင်ခဲ့ဖူးသမျှယောက်ျားတွေထဲ
အလန်းဆုံးပဲ......"
"ယောက်ျားနဲ့အဆင်ပြေသွားတယ်ဆို
တခြားယောက်ျားတစ်ယောက်ကိုလည်း
"ကျွန်တော့်ယောက်ျားကလန်းမှမလန်းတာ
မျက်အိမ်တွေစူးခနဲ.....။
ကောင်းလှပါသည်။အဆင်ပြေသွားသည်ဟု
ဒေါသသည်အဆုံးပဲ...။
"ဂျေ ....."
"အင်း......"
ဟုတ်တယ်မလား ကိုယ့်ယောက်ျားဖြစ်နေပြီ
ပေါ့ပေါ့ပါးပါးလေးပဲ.....။ရောင်စုံနှလုံးသား
သောအချိုးမျိုး....။
ဆင့်ထိုးပြီးပြီ။
ပြာရအုန်းမည်။
TaeHyung ဘာမှမသိ...။
လက်တွေတင်းခနဲ....။
မဲမှောင်သွားခဲ့သည်။
ကိုယ်လည်း ဒီလိုပဲလေ
တော့အမှန်......။
ကျွန်တော့်ယောက်ျား ဆိုတဲ့အမှန်တရားက
လေ။
အများကြီး ....."
လှည့်နဲ့ပေးတဲ့သူ...။
စိတ်ကသေသေသွားသည်။
အရုပ်ကလေးဖြစ်နေသည်။
"အဲ့လိုရလား....."
ချင်နေပြီ.....။
ဆိုတဲ့အကွက်မျိုး။
စဉ်းစားကြည့်ရင်
မှမှမရှိတာ...။
ချက်ချင်းမတွေးနိုင်.....။
"ကျေးဇူးပဲ ဂျေ......."
ဆုံမယ်....."
"တာ့တာ ဂျေ..."
"TaeHyung!!!!"
လိုက်ရသည်။
လက်တွေ...။ခန္ဓာကိုယ်တစ်ခုလုံး
သူ့ပေါ်ပြိုလဲကျမတတ်...။
တိုက်ရင်သေမှာ....."
မောင့်မှာ တအံ့တဩ။
ကို ပြန်ခွါသည်။
TaeHyung မျက်နှာ.....။
ငြင်းဆန်းခဲ့ခြင်း....။လက်မခံခြင်း
သိပ်တော့မကျေနပ်....။
"ကျွန်တော်သွားပြီ....."
ဖြုတ်ယူကာ ဝတ်ထားသော
.................။
တွေး၍ကောင်းနေတုန်း....။
ဟိုကောင်တွေကမရှိဘူး...
ကြည့်နေသည်။
ဒီယောက်ျားကို ချစ်မိသွားရတာ မလွယ်ပါလား။
"တွဲတယ်လေ...ဘော်ဒါတွေပဲ...
ထင်သလောင်မလွယ်....။
လူတွေဖြစ်နေပြီ။
ပဲဖြစ်ချင်တာ....။
လာခဲ့တဲ့သူ......။
လျှော့ပါအုန်းလား....."
"ဘာ....."
"Jimin.......!!"
လာမေးရဲသေးသည်။
ဒီတစ်ခါတွေ့ရင်တော့ရိုးရိုးတွေ့ဖြစ်မှာမဟုတ်
တွေ့ရလိမ့်မည်။
ယောက်ျားတန်မဲ့ အနှိပ်စက်ခံခဲ့ရတဲ့ငါ
မယုံဘူးမလား အေးရတယ်
မဟုတ်ပါဘူး။မယုံလို့်မဟုတ်ပါဘူး...။
ထသွားခဲ့သည်။
ပါကွာ..."
ရိုက်လိုက်ချင်ပါသည်။အဆင်ပြေနေတဲ့ဟာကို
မင်းစဉ်းစားလေ....."
လိမ္မာတယ်....."
အရောင်စုံကောင်လေး....။သိပ်လည်ဝယ်လွန်းကာ
သိပ်တတ်သည့်ကဝေကောင်...။
ဒါသည်အမြဲတမ်း...။
"ငါကန်မှာနော်....."
"ကန်လိုက်......"
ကြီးကိုကော့ပေးသည်။ဒေါသသည်
မပေါင်းရတော့ဘူး..."
"ထားတော့.....ထားပါတော့....
"အတူတူချိုးမယ်လေ....."
မောင်ကြိုးစားခဲ့သည်။ဒါပေမယ့်
ပျောက်ခဲ့သည်။
"ချိုးလေ....."
"တကယ်လား....."
သွားသပ်နေသည်။
ဟန်းချိန်းလှလှလေး.....။
စတင်လွဲပြီ......။
အရင်တင်ပေးထားတယ်။
အားနာရပါတယ်....။
Bạn đang đọc truyện trên: AzTruyen.Top