💔28💔(Part2)

လက်ထဲက Coffee ခွက်ကိုစားပွဲပေါ်
ချတော့ စိတ်လှုပ်ရှားနေတာကြောင့်
တုန်တုန်ရီရီပင်...။

"မောင့်ကိုကြည့်...မျက်နှာမလွှဲထားနဲ့...."

မကြည့်ရဲနေတာတော့အမှန်ပေမယ့်ParkJimin
ကအဲ့လောက်ကြီးလည်းမနူးညံ့တာကြောင့်
ဝိုင်းစက်နေသောမျက်လုံးတွေကိုယှဉ်ပြိုင်
ကြည့်လိုက်ရသည်။

"တောင်းပန်စရာရှိတဲ့ကိစ္စတွေ
မင်းကိုစတွေ့ထဲက စိတ်ရောကိုယ်ပါ
မောင် ဒုက္ခတွေပေးခဲ့မိတယ်.....
မောင်သိတယ်....တဖက်သတ်မောင်လွန်မာခဲ့တာ
တစ်ချိန်ထဲမှာလည်း မင်းမျက်နှာကိုမြင်တိုင်း
မောင်အရူးလို သိပ်ကြိုက်ခဲ့တာ....
တကယ်အရူးကြီးလိုပဲ......
ဆိုးဝါးတဲ့အိမ်မက်တွေကြောင့် မောင့်အပြုအမူ
တွေသိပ်မှားခဲ့ပါတယ်.....
အရင်ဆုံး မောင်တောင်းပန်ချင်တယ်....."

"မင်း မှားမှန်းမင်းသိရင် ရပါပြီ......
ငါ့ကို အများကြီးပြောပြနေဖို့မလိုပါဘူး.."

"ခွင့်လွှတ်ပေးမယ်မလား....."

"နောက်ထပ်တော့ မလုပ်နဲ့တော့ပေါ့....."

"အင်း....နောက်ဘယ်တော့မှမလုပ်တော့ဘူး...."

ပြုံးချင်လာပြီ...ရဲရဲတင်းတင်းလည်းပြုံး၍မရသော
အခြေအနေ....ဆိုင်သူလေး၏နှလုံးသားထဲ
လိပ်ပြာလေးတွေအများကြီးဝဲပျံနေလျှက်။

ဘာဆက်ပြောရမှန်းမသိ၍ စားပွဲပေါ်တစ်သျှူး
ကိုကောက်ယူလိုက်ချိန်ထပ်ထွက်လာသောစကား။

"ချစ်တယ်........"

ချစ်တယ် ထက်ပိုမလာဘဲ ပြတ်တောင်းပြတ်တောင်း
ရည်းစားစကားပြောခြင်းသည် ဘယ်လို
ကသောင်းကနင်းဆန်မှုမျိုးလဲ....။

"Jimin......."

"အင်း......"

"မောင် ချစ်တယ်.....လို့......"

"အင်း...."

မောင်သည် လူကြီးလူကောင်းခဏသာဆန်လို့ရပါ
သည်။ချစ်တယ် ပြောဖို့ အများကြီးအရှိန်ယူခဲ့ရ
ပြီးတကယ်တမ်းပြောလိုက်တဲ့အခါ မီးတောင်လေး
ဘက်က ပျော်လည်းမပျော် ငိုလည်းမငို
အင်း...အင်း သာ လုပ်နေတာကြောင့်
ခုံကို ဆိုင်သူလေးနားသို့ ချက်ချင်းဆွဲကာထိုင်လိုက်ပြီးပြီ။

"ချစ်တယ် လို့ပြောနေတယ်လေ.....
ဘယ် လို အင်း ပဲ လဲ........"

အနားကိုချက်ချင်းလာကပ်ကာမျက်နှာနားထိမလု
မတပ်မောင်က တိုးတိုးလေးဆိုလာသည်။
ကြားရုံလေး....စားပွဲပေါ်တင်ထားသော
လက်တွေကိုပါ တစ်ခါထဲဆုပ်ကိုင်ကာ
အတတ်ဆန်းလာချေပြီ။

"မင်း...မင်း အချစ်ဆိုတာ ဘာလဲသိရောသိလို့လား..."

"ParkJimin လေ....ဒါကိုမောင်သေချာသိပါတယ်..."

ပို၍တိုးကပ်လာကာနီးလာသောမျက်နှာချောချော
ကို မသိမသာလေးရှောင်ဖယ်နေရသည်။

"အလွယ်လေးဖြေနေတာ....."

"မလွယ်ပါဘူး မင်းမျက်လုံး
မင်းနှုတ်ခမ်း မင်းအသံ မင်းအရိပ်
မင်းရဲ့အရာအားလုံးက မောင့်အချစ်ပဲ...
ဒီထက်ပိုသိစရာရှိနေသေးလို့လား....."

နွေးထွေးသွားသော အငွေ့အသက်တွေနဲ့
သူတကယ်ပဲ ဝန်ခံနေတယ်ဆိုတာထင်ရှားလာတဲ့အခါ
ဆယ်ကျော်သက်လေးလိုမနေတတ်မထိုင်တတ်တော့။
ပြိုင်ဆိုင်ကြည့်ကာစိန်ခေါ်ရဲခဲ့တဲ့မျက်လုံးတွေ
ကိုခုကျ တစ်စက္ကန့်တောင်မကြည့်နိုင်။

"မောင့် ကို ကြည့်အုန်း......
ဘယ်လိုဖြစ်ပြီး မျက်နှာကိုလွှဲလွှဲသွားတာလဲ..."

ပါးတစ်ဖက်ကိုလက်ဖြင့်ခပ်ဖွဖွလေးဆွဲကာ
သူနဲ့မျက်နှာချင်းဆိုင်စေပြန်သည်။

"ရှက်နေတာလား....ပြီးမှရှက်လေ
အရင် ပြန်ချစ် လိုက် ........
ပြီးတော့ ဆက်ရှက်ပေါ့...."

"ရှက်တာက အဲ့လိုခွဲလို့ရမလား...
ရူးကြောင်ကြောင်နဲ့...."

"ရူးနေလို့လေ.....မင်းကိုချစ်လ်ို့ချစ်မှန်းမသိ
နေ့ပေါင်းများစွာ လှိုက်ရူးပြီးလို့
ဒီအရူးက အောက်ကျခံတောင်းဆိုနေရတာပါ...."

"ချစ်ရင်....အောက်ကျပေးရမှာပဲ...."

"ပေးမှာပါ ပေးမှာပါ အဓိက ပြန်ချစ်ဖို့..."

လိမ်လိမ်မာမာကလေးလေးလို...ပလီပလာ
မျက်နှာလေးက သပ်သပ်မဲ့လုပ်နေမှန်းသိတောင်
Jimin မှာမပြုံးသွားဖို့မနည်းထိန်းရသည်။
အဲ့လိုမှန်းသိ တစ်ညနေလုံးတစ်ညလုံးငိုမနေခဲ့ပါဘူး။

"ချစ်တာက လွယ်မလိုလိုနဲ့ခက်တယ်
ချစ်ပြီးသွားရင် ဆင်ခြင်ရမယ့်အရာတွေ
စောင့်ထိန်းရမယ့်စည်းတွေ
ကျေပွန်ရမဲ့ တာဝန်တွေရှိတယ်.....
မင်းငါ့ကိုချစ်တယ်ဆိုရင် အရင်လိုတော့
လုံးဝ နေလို့မရဘူး....
ငါမင်းရဲ့ အနေအထိုင်ကို သဘောမကျဘူး
မင်း အများကြီးကို ဆင်ခြင်ရလိမ့်မယ်
ဖြစ်နိုင်ပါ့မလား......"

"Jimin ကလည်း........"

သူ့အနေအထိုင်အပျော်အပါးတွေကိုဆင်ခြင်
ရမယ့်ဆိုတဲ့အခါ ချက်ချင်း အင်းမချနိုင်။
ချွဲပျစ်ပျစ် အသံကိုထုတ်သုံးလာပြီ။
ဘယ်တော့မှ သူမလုပ်နိုင်တဲ့အရာကိုပြီးပြီရော
ခေါင်းမငြိမ့်တတ်။ မရရအောင်ကလီကမာလုပ်ကာ
ညှိယူတတ်တဲ့သူ။

"မဆင်ခြင်နိုင်ရင်....ပြန်စဉ်းစားပါအုန်း
ငါကလည်း ငါချစ်ရတော့မယ်ဆိုရင်
ငါ့ပုံစံခွက်အတိုင်းပဲ ဖြစ်ချင်တယ်....."

"မောင့်ကို အရင်ပြန်ချစ်ပြီး အဲ့တာလေးတွေ
ကိုနောက်မှ အေးအေးဆေးဆေး ထပ်ညှိမယ်လေ.."

လူကြီးလူကောင်းသည် ကြာကြာအရေခွံမခြုံနိုင်။
ထိုင်နေရင်းကနေ ထုံးစံအတိုင်းမရလာရင်
အင်္ကျီတွေထဲခေါင်းတိုးလာပြီ။
မလိုက်မဖက်တွေလုပ်တတ်လွန်းလို့
ရင်ခုန်ရင်တုန်တာတွေတောင်လျှော့ကာ
မျက်မှောင်ကျုံ့့လျှက်ရင်ခွင်ထဲကခေါင်းကို
ငုံ့ကြည့်နေရသည်။

အစအဆုံး လူကြီးလူကောင်းဆန်ဆန်ပဲ
တည်ငြိမ်သွားလိုက်ပါတော့လား.....
သူအများကြီးမျောနေတာကို.....
ဒီလိုတွေ ချွဲပျစ်လာတော့ Feelကျဲသွားပြီ။

"မင်း ဒီတစ်ခုပဲ တတ်တာလား....."

"ပြန်ချစ်ပါ......အရှက်တွေလည်းကွဲခဲ့ရတာ
ခဏခဏ....မောင် ဒီအိုင်ဒီယာတွေကို
ညတိုင်းစဉ်းစားပြီး အိပ်ရေးတွေလည်းပျက်တယ်
မောင့် ကို ပြန်ကို ချစ်သင့်ပါတယ်..."

အသံသည်ငိုသံတောင်ပေါက်လာပြီ....။
အကျီထဲတွင်မက ကိုယ်ခန္ဓာထဲအထိဖောက်ဝင်
တော့မည့်အတိုင်း...။
တကယ်ရှားပါး ကလီကမာလေး...။

"ပူပေါင်းတွေချိတ်ပြီး Coffee ခွက်နှစ်ခွက်
ကမင်း အိုင်ဒီယာလား....ဒါကိုအိပ်ရေးပျက်
အောင်စဉ်းစားထားရတာပေါ့...."

ခေတ္တတော့အသံလေးပျောက်သွားကာ
ခဏအကြာ ခေါင်းတိုးနေရင်းမှတိုးစိတိုးစိဖြင့်
ထွက်လာပြီ။

"Valentines ဆိုတာ ဘာမှန်းတောင်မသိတဲ့
ကောင်က Supriseဆိုလို့အဖေနောက်မိန်းမယူ
လာတာပဲကြုံဖူးတဲ့ကောင်က
နုနုရွရွဆို မင်းကို ပဲ မြင်ဖူးတဲ့ကောင်က
အဲ့ဒီပူပေါင်းလေးတစ်လုံးဖြစ်မြောက်သွားရင်
ကို ရင်တွေခုန်တာ ထိန်းမရခဲ့ဘူး...Jimin...
သိပ်ရိုးနေလိမ့်မယ် ဒါပေမယ့် မောင့်အတွက်
ဒီအခြေအနေက ပထမဆုံးနဲ့ အဆန်းပြားဆုံး
ပဲ.....မလှောင်စမ်းပါနဲ့....."

"လှောင်နေလို့လား...ပြောပြတာပါ...
ထွက်အုန်း....တစ်ယောက်မြင်ရင်မကောင်းဘူး..."

"ချစ်မှ ထွက်မယ်....မချစ်မချင်း...
မထွက်ဘူး...ပိုတိုးနေမှာ....."

"ထွက်ဆို!!!!"

"ဟင့်အင်း......မထွက်ဘူး......"

"ခခယယ အဖြေမတောင်းဘဲ
မင်းဟာအကျပ်ကိုင်နေတာပဲ...."

"ဘာလိုတောင်းတောင်း ရဖို့ပဲ.....
ပြန်ချစ် ဗျာ....."

"မချစ်ဘူး...."

ခေါင်းတိုးနေရာမှ ချက်ချင်းမော့ကြည့်လာတဲ့သူ..။
အလွန်ကိုတင်းတင်းမာမာ....။
သူကတောင်းဆိုနေတဲ့သူဖြစ်ပြီး
ကိုယ်ကသူ့ကိုပြန်ကြောက်ပေးရတော့မလို့
အကြည့်တွေ.....။

"ချစ် ဆို ချစ် လိုက်ပေါ့....
မချစ်ချင်စရာ အကြောင်းအရင်းတစ်ခုတောင်
ဒီလူမှာမရှိဘူး အားလုံးပြီးပြည့်စုံနေတာ
ဘာတွေ ဂဂျီဂဂျောင်လုပ်နေပြန်တာလဲ
ဒါက ဟင်းလို ချေးများလို့ရမယ့်ကိစ္စမဟုတ်ဘူး
ရွေးစရာက JeonJungkookတစ်ယောက်ပဲရှိတယ်
အဲ့တော့ Jeon JungKookကိုပဲရွေးရမှာ...."

"ငါ့ကို လာအော်နေတာလား....."

"ချစ်ရက်သားနဲ့ အချိန်တွေဆွဲနေလို့.....
စိတ်မရှည်တော့ဘူး...."

"အဲ့တာနဲ့များ အချစ်က ParkJiminတဲ့...."
မင်းစိတ်မရှည်ဘဲ....."

"ပြန်ချစ်ပြီးရင် ရှည်မယ်...ဗျာ..ချစ်လိုက်စမ်းပါ..."

နာကျင်မှုတွေကြားထဲကတောင်
အနမ်းလေးတစ်ခုများရလိုက်ရင်
အစွယ်တွေချိုးပေးခဲ့ရတာကိုယ်......။
အချစ်လို့ ခေါင်းစဉ်မတပ်ခဲ့ပေမယ့်
ရိုးရိုးလေးပဲတွေးရုံနဲ့ကို ဒါဟာအချစ်တွေပါ....။
ဘာတွေလုပ်လုပ်စိတ်မနာနိုင်ခဲ့
ဘယ်လောက်နိုင်နိုင် အရှုံးတွေပေးပေးမိခဲ့တာပဲ....။
အလွန်အကျွံအခြေအနေတွေအထိကျူးကျော်ခဲ့
ပြီးပြီကို မနက်ဖြန်တွေသဘက်ခါတွေလည်း
မရွှေ့ချင်...။
ပိုင်ချင်နေပြီ....ဒီကဝေလေးကို.....
ဘယ်လောက်စောင့်ခဲ့ရလဲ....။
ဘာတွေရင်းနှီးခဲ့ရလဲ....။ကံကြမ္မာကသာအသိဆုံး။
ဒီဘဝတော့ ....ဒီအဆိုးလေးကို သူရခဲ့ပြီ။

"စီးကရက်...တိုတွေမဖွတော့ဘူးဆို
ပြန်ချစ်မယ်....."

တခြားဟာပြောရင် သူမလုပ်နိုင်တာနဲ့တိုးမှာ
စိုး၍အလွယ်ကူဆုံးအရာနဲ့MDPark
အရှက်ပြေအိုင်တင်ခံလိုက်သည်။

ချက်ချင်းပြောင်းလဲသွားသောမျက်နှာအချိုးအစား
သည်လင်းလက်သွားကာ နှုတ်ခမ်းတွေကွေး
ညွှတ်သွားပုံတွင်Jimin မျောသွားရပြန်သည်။

"တကယ်နော်....."

"ငါလူကြီး....မနောက်ဘူး....."

"ပြော ချစ်တယ် လို့....တရားဝင်ဖြစ်သွား
အောင်မြန်မြန်ပြော....."

မျက်နှာတွေလည်းတကယ်ပူနေခဲ့ပါတယ်..။
ဒါပေမယ့်လည်းတောင်ကြည့်မြောက်ကြည့်နဲ့
ပဲ ဆိုင်သူလေး တိုးတိုးလေးဆိုခဲ့သည်။

"ချစ်တယ်...ရပြီလား...တော်ပီငါသွားပြန်အိပ်
တော့မယ်.."

"မအိပ်ရဘူး Supriseကခုမှစတာ...."

ဆွေ့ခနဲကောက်ချီကာ ဝရံတာဆီသွားလျှက်
ဘောင်ပေါ်တင်လိုက်တဲ့သူ။
မောင့်မျက်နှာတစ်ခုလုံးလင်းလက်နေကာ
ဆိုင်သူလေး၏မျက်နှာလှလှလေးကိုစိုက်ကြည့်
ကာပြုံးနေသော အပြုံးများသည်
အလိုချင်ခဲ့ဆုံးသော အမြတ်နိုးရဆုံးဒြပ်မဲ့လေးတွေ။
ဆိုင်သူလေး၏နှုတ်ခမ်းလေးတွေပါကွေးညွှတ်လာကာ
မောင့်ကို ပထမဆုံးအကြိမ် စိတ်ရင်းအမှန်နဲ့
အချစ်တွေနဲ့ လှိုက်လှဲစွာပြုံးပြလာတဲ့အခါ
မောင် နမ်းချင်သွားပြီ..။
ပထမဆုံးလိုလိုလားလားအပြုံးလေးမို့
နှလုံးသားထဲနစ်နေအောင်သိမ်းကာ....

"JeonJimin ကို အရမ်းချစ်တယ်....."

ပြောပြီးပြီချင်း ခါးတွေကသိမ်းဖက်ကာ
နှုတ်ခမ်းတွေကို ဖိကပ်စုတ်ယူသွားသည်
နှင့် ခြံဝန်းကြီးတစ်ခုလုံးမီးတွေထိန်းလင်းလာကာ
ည၁၁နာရီခွဲ ၁၂နာရီကြီး ကောင်းကင်ပေါ်
မီးရှူးမီးပန်းတွေ တောက်လျှောက်ပေါက်ကွဲလာခဲ့သည်။

"Congratulations ဂျေ!!!!!"

ပြိုင်ကားအင်ဂျင်သံတွေဆူညံသွားကာ
ခြံထဲတန်းစီဝင်သော ပြိုင်ကားရောင်စုံတွေ။
အားလုံးသည် မူးနေကြပုံရပြီး ကဝေလေး
ဟန်မဆောင်နိုင်ဝရံတာဘောင်ပေါ်အတင်းနမ်းနေချိန်
ဝိုင်းအော်ပေးကြသောအသံများ.....။

ခြံထဲကရေပန်းတွေလည်းအသက်ဝင်လာသည်။
မီးတွေသည် မျက်စိကျိန်းလောက်အောင်
လှပလွန်းကာ ဂျေကတော့ နမ်း၍မပြီးသေး....။

အောက်နှုတ်ခမ်းတွေ အပေါ်နှုတ်ခမ်းတွေ
အောက်ကဘာတွေအော်အော်
တလှည့်စီခစားနေကာနှစ်ဦးသဘောတူ
ပထမဆုံးအစမ်းမဟုတ်သောတရားဝင်အနမ်းသည်
Jeonစံအိမ်တော်၏အပေါ်ဆုံးရဲ့ဝရံတာပေါ်မှာ။

Jimin ရှက်မနေခဲ့ပါ....။
ရှက်ကြောက်နေရင် ဒီယောကျ်ားကိုချစ်ဖို့က
သိပ်လွယ်မှာမဟုတ်။အပြိုင်အဆိုင်စိန်ခေါ်နိုင်မှ
တော်ရာကျလိမ့်မည်။

အောက်ကမြက်ခင်းတွင်ရှိန်ပိန်တွေဖောက်ကာ
အသံပေါင်းစုံဖြင့်ဆင်းလာရန်အော်ခေါ်နေကြ
သော်လည်းမောင်တို့နမ်း၍မပြီးသေး...။
အရမ်းမောလာမှနှုတ်ခမ်းတွေကို လွှတ်ပေးတဲ့အခါမောင့်မျက်လုံးတွေသည်အလွန်ရီဝေနေကာ ပုံမှန်မဟုတ်....။

"ဘာဖြစ်နေတာလဲ....Coffee သောက်ပြီး
မူးသွားတာလား...."

အောက်မှာ ပါတီအသေးစားလေးတစ်ခု
လို ဖြစ်နေပြီမို့ မောင်သည်ဘာမှပြန်မဖြေဘဲ
ဆိုင်သူလေး၏လက်တွေကိုဆွဲကာအောက်ထပ်သို့ဆင်း
သွားခဲ့သည်။

"Party Party Yeah!!!!!!"

ခုနလေးတင် ဒီလိုအပျော်အပါးဘဝနေထိုင်မှု
တွေကိုမကြိုက်ပါဘူးဟု ပြောခဲ့ပေမယ့်
ချက်ချင်းပဲ အပျော်အပါးထဲ မောင်ဆွဲခေါ်ရာ
နောက်သူပါလာခဲ့ပြီ။တကယ်တမ်းကျ
ငြင်းသလားဆိုတော့မငြင်းမိခဲ့ပါ.....။

"နောက်ဆုံးတော့ ဂျေ အဆင်ပြေသွားခဲ့ပြီ
ကျွန်တော်တို့ ဘော်ဒါကြီးကို လက်ခံပေးတဲ့
အတွက် ကျေးဇူးအများကြီးတင်ပါတယ်
Jimin....."

အိမ်တော်ကြီးရှေ့ကမြက်ခင်းစိမ်းပေါ်ရှိန်ပိန်
တွေဝိုင်တွေ အရက်တွေဖောက်လျှက်
အတွဲကိုယ်စီဖြင့် စိတ်လွတ်ကိုယ်လွတ်မူးကြရူးကြ
တော့သည်။

ရောက်ရောက်ချင်း ရှိန်ပိန်တစ်ခွက်သောက်ကာ
ဘာဖြစ်လို့ဖြစ်နေမှန်းမသိသော ဂျေသည်
ဆိုင်သူလေး၏ပုခုံးတွေကိုမှီထားကာစကားပင်
ဟဟမပြောနိုင်ခဲ့..။

နမ်းပြီးထဲက ပုံမှန်မဟုတ်နေခဲ့တာ.....။
အတင်းအကျပ်ကိုလိုက်ကပ်နေပြီးလည်ပင်းကို
တရှုံ့ရှုံ့နမ်းနေကာ အရက်မူးနေတာမျိုးလည်းမဟုတ်။
အသိစိတ်ပျောက်နေသလို ချစ်သူရည်းစားဖြစ်ဖြစ်
ချင်း ဖြစ်ပျက်သွားသော ဒီကောင်လေးပုံစံသည်
ထုရိုက်ချင်စရာအတိပဲ.....။
လူတွေ့ရှေ့ ထိန်းမရသိမ်းမရ...။

"Rom ဂျေ ဘာဖြစ်နေတာလဲ....."

"ငါလည်းကြည့်နေတာ...တခုခုပဲ...."

"Rom....မင်းသောက်တလွဲတွေလုပ်လိုက်ပြန်ပြီ
ထင်တယ်..."

"ဘာကိုလဲ.....ငါလုပ်ခိုင်းတဲ့အတိုင်း
လုပ်ပေးတာပဲလေ..."

"ဆေးကိုဘယ်Coffee ခွက်ထဲကိုထည့်လိုက်သလဲ
ခု အဲ့လိုဖြစ်နေရမှာ MD Parkမဟုတ်ဘူးလား"

"ငါမှား ထည့်လိုက်မိတယ်ထင်....
ဂျေက ညာဘက်မှာထိုင်မှာလို့ပြောတာမလား.."

"အရူးရဲ့ ဘယ်ဘက် ဘယ်ဘက်....!!!!"

"သွားပြီ...."

မောင့်ကို အားလုံးကဝိုင်းမြှောက်ပေးခဲ့ကြသည်။
အဆိုးအဝါးကြီးမဟုတ်ပေမယ့် သောက်မိရင်
အနည်းနဲ့အများမူးဝေကာ ခံစားချက်တွေ
အနည်းငယ်ဖောက်ပြားတတ်သောဆေးအနည်းငယ်
သုံးကာ Valentines မှာ Suprise အကြီးကြီး
ဆိုင်သူလေးကို တိုက်ချဖို့ အင်တိုက်အားတိုက်
ဖြောင်းဖြခဲ့ကြသည်။

နောက်ဆုံးမောင်ကလည်းခေါင်းညိတ်ခဲ့သည်။
ဘယ်သူက မချစ်ချင်ပဲရှိမလဲလေ။
ပူပူနွေးနွေးဖြစ်လာမဲ့ချစ်သူလေး.....။
လူငယ်သဘာဝ မဟုတ်တာဆိုစမ်းလိုက်မှဆိုတဲ့
စိတ်အခံနဲ့ ကြံဖန်ထားခဲ့ကြတာ။

နောက်ဆုံးမိသွားသူကမောင်ဖြစ်နေကာ
ခေါင်းပင်မထူနိုင်ခဲ့..။တော်သေးတာပေါ့
တငုံနှစ်ငုံသာသောက်ခဲ့မိပေါ်ပုံပြီးရုပ်ပျက်
ဆင်းပျက်တွေထမဖြစ်လို့....။

"ဂျေ....ဂျေ သူငယ်ချင်း အဆင်ပြေရဲ့လား..."

ရှိန်ပိန်တွေပါဝင်ထားတာကြောင့်အလွန်ပင်
မူးဝေနေခဲ့ပြီ။

"ချစ်တယ်....ParkJimin...မောင်အရမ်းချစ်တာ
ကြည့်ရင်းနဲ့ကိုအသဲတွေအရမ်းယားလာပြီ..."

သိမ်းကျုံးဖက်လာကာ ဖရိုဖရဲအပြုအမူတွေ
ကြောင့်Jimin ပထမဆုံးနေ့မှာတင်
နှုတ်ခမ်းဆူရပြီ။အကောင်းကြီးကနေ.....
ဘယ်လိုများ.... ။

"ဘယ်လိုဖြစ်နေတာလဲ...လူတွေနဲ့
ရှိန်ပိန်လေးတစ်ခွက်ဝင်တာ အရူးလိုပဲ...."

"မရှောင်ဖယ်ရဘူး အဲ့လိုတွေမလုပ်ရဘူး...
မောင် မင်းကို အရမ်းကြီး ချစ်တာ....."

ရုတ်တရက်ကြီးမျက်နှာကြီးပြန်တိုးလာ
တဲ့အခါသူ့သူငယ်ချင်းတွေကဝိုင်းဆွဲကြတော့သည်။

"Sorry Jimin..ဒီကောင်ကမူးရင်ကျွတ်ရော...."

သူငယ်ချင်းတွေလက်ထဲမှရုန်းကန်ထွက်ကာ
ထိုင်တောင်မထိုင်နိုင်တော့ ဆေးနဲ့ရှန်ပိန်ရော
သွားမှုသည် မောင့်ကို ပလပ်ကျွတ်သွားစေပါသည်။
ပေါင်ပေါ်ပြိုဆင်းလာသော ခန္ဓာကိုယ်ကြီးကို
ထိန်းလိုက်ရပြီး ခဏကြာတဲ့အခါ မြက်ခင်းပြင်
ပေါ်မှာပဲ ပေါင်တံသွယ်သွယ်လေးပေါ်ခေါင်းအုံးလျှက်
မောင်အိပ်ပျော်သွားခဲ့ရသည်။

ဂျေ့ ကို ကြည့်ကာ ရီချင်စိတ်ကိုထိန်း၍
မရခဲ့တာကြောင့် ကြိတ်ကြိတ်ရီနေကြသော
Romတို့ကို MD Parkကြည့်ကာအလွန်စိတ်ပျက်နေသည်။

"မိုးလင်းရင် ဆဲမှာပဲ...ငါဆိုးလ်မှာမရှိဘူး
လို့ပြောလိုက်သိလား....."

Romသည် Valentines Day
Suprise ကို လွတ်သွားသည့်သူငယ်ချင်းဖြစ်သူ
ကိုကြည့်လိုက် ရီလိုက်နှင့် မထိန်းနိုင်မသိမ်းနိုင်ခဲ့။
ဂျေသည် အေးအေးလူလူပင်အိပ်မောကျနေသည်။

.......
"ကျေးဇူးပဲ ကိုယ်တစ်ယောက်ထဲဆို
တွဲနိုင်မှာမဟုတ်ဘူး....."

ပျော်ပွဲရွှင်ပွဲတွေပြီးတဲ့အခါ သူငယ်ချင်းတစု
သည်ဂျေ့ကို အိပ်ခန်းထဲသို့ဖြောင့်အောင်
ထည့်ပေးခဲ့ပြီး နိုင်ငံတစ်ခုခုသို့ချက်ချင်းကူး
နေတော့မှအဆင်ပြေမှာမို့ တန်းပြေးကြတော့သည်။

အိပ်ရာထဲနေရာချပေးလိုက်တဲ့အခါShirt
အကျီကြယ်သီးတွေကိုမျက်လုံးတွေမှိတ်နေရက်
နဲ့တလုံးချင်းဖြုတ်နေသူသည်ချွေးတွေလည်း
ပျံနေသေးသည်။

အိပ်ရေးတွေလည်းပျက်ကာအနည်းငယ်လည်း
သောက်ထားတာကြောင့်Jimin ခြေလက်
တောင်မဆေးနိုင်အကျီဟပြဲလူဘေး
ဝင်လှဲလိုက်သည်နှင့် အသိစိတ်ရှိသလား
ပျောက်သလားခန့်မှန်းမရသောသူသည်
အကျီကိုအကုန်အစင်ချွတ်ပစ်လိုက်ကာ
ရင်ခွင်ထဲသိမ်းထည့်ကာလုံလုံခြုံခြုံဖက်လာခဲ့သည်။

ပိုတိုးဝင်လိုက်ပါသည်.....။

အရင်ကတော့ လက်ကလေးတွေကို
သိမ်းထားရပေမယ့် ခုက ချစ်တဲ့သူဖြစ်သွားပြီမို့
သေးသွယ်သောလက်ကလေးတွေသည်
မောင့်ကိုယ်လုံးကြီးကိုပြန်ဖက်ထားခဲ့လာသည်။

ကိုယ့်ဟာကိုယ်ဖက်ကာ တစ်ယောက်ထဲကြိတ်ရှက်
နေပြီး လက်မောင်းရင်းကနေလက်ဖျားအထိ
တက်တူးတွေကို တစ်ခုချင်းစီထိကာစပ်စုကြည့်
နေသည်။

"ချစ်စရာလေးတွေ......."

မောင့်တက်တူးတွေမှာချစ်စရာကောင်းသော
အရုပ်တစ်ရုပ်မျှပင်မပါပေမယ့်ဆိုင်သူလေးက
အရည်လဲ့နေသောမျက်ဝန်းလေးတွေနဲ့
သေချာကြည့်ကာတစ်ယောက်ထဲရေရွတ်ခဲ့သည်။
မောင်ဟာ ပိုတိုးပြီးဖက်လာတော့ ပိုပြီးသေးကွေး
သွားရကာပျောက်လုမတတ်ဖြစ်သွားသည်။

အိပ်နေတာလည်းသေချာပြီးသူဘာတွေလုပ်လုပ်
မသိနိုင်တဲ့ပုံပေါ်တာကြောင့် နှစ်ယောက်ထဲအတူ
အိပ်နေသောအခန်းထဲမလုံမလဲတစ်ချက်ကလေး
ဝေ့ကြည့်လိုက်ကာ မောင့်နှဖူးကို နှုတ်ခမ်းဖူးဖူးလေး
နှင့်ဖိကပ်နမ်းလိုက်သည်။

"မောင်က...ကိုယ့်အပိုင်ပဲ..."

ခပ်တိုးတိုးလေးရေရွတ်လိုက်ကာဆိုင်သူလေး၏
မျက်ဝန်းလေးတွေအထူးတောက်ပနေခဲ့သည်။
ညသည် ငြိမ့်ငြိမ့်ညောင်းညောင်းလေး....။

..........

"ဘယ်လို!!!!Rom....!"

"မင်းမပါလို့ TaeHyung အရမ်းမိုက်တာကွာ
ဒီကောင်မကြိုက်တုန်းကလည်းမကြိုက်လို့
ကြိုက်တော့လည်း တားမရဆီးမရ
မင်းကို ငါ တွေ့စေချင်တယ်သိလား....
မင်းဘယ်တွေပျောက်နေတာလဲ...."

"ငါနေမကောင်းလို့......."

"ဂရုစိုက်အုန်း မတွေ့ရတာတောင်ကြာပြီ..."

"ဒါဆို သူတို့က ချစ်သွားကြပြီလား...."

"ပြောမနေနဲ့ အလွင့် အလွင့် အိမ်ကိုတောင်
တတိယထပ်အထိ တက်နမ်းပစ်တာ
လူမသိမှာစိုးလို့လေ....."

"ဟုတ်လား....ငါနေမကောင်းနေတာနဲ့
ပွဲကြီးပွဲကောင်းတွေတောင်လွတ်ကုန်တာပဲ
ဒါပဲ Rom ငါနားတော့မလို့...."

"အေးပါ...နေကောင်းတာနဲ့ငါတို့ဆီလစ်ခဲ့အုန်း...."

"စိတ်ချ လာခဲ့မယ်...."

ဖုန်းချပြီးသည်နှင့် TaeHyung ဧည့်ခန်းကခုံပေါ်
ခြေပစ်လက်ပစ်ထိုင်ကြကာ ဖုန်းကိုခပ်ဝေးဝေး
သို့လွှတ်ပစ်လိုက်သည်။
အကုန်JungHoseokကြောင့်....။
ဖုန်းဆက်ပြီးအော်ရင်လည်းတရားတွေပဲချနေအုန်းမှာ။

ဒေါသတွေသည်ပေါက်ကွဲမထွက်ရ၍လှောင်ပိတ်
နေကာလက်ဖျားတွေပင်တုန်ရီနေခဲ့သည်။

ထပ်ခါထပ်ခါမှာ သူပဲ.....
ဘာတွေများကောင်းလို့လဲ....ဘယ်နေရာကများ
မက်မောစရာများရှိနေလို့လဲ....
ဇာတ်သိမ်းက ဒီလိုဖြစ်လို့ဘယ်လိုလုပ်တရားမှာလဲ။
JeonJungkook ဟု အကျယ်ကြိီးအော်ကာ
ပိုးစိုးပက်စက်တွေပြောပစ်လိုက်ချင်ပါသည်။

အခန်းထဲပြေးဝင်ကာ သိပ်ကြိုက်လှသော
ရေမွှေးပုလင်းတွေကို အကုန်တိုက်ချပစ်သည်။
ကျကွဲသွားသော အပိုင်းအစတွေနဲ့အခန်းထဲတွင်
အနံ့ပေါင်းစုံမွှန်ထူသွားလျှက်.....။
ဖျက်ဆီးလို့ရမယ့်ပစ္စည်းတွေအားလုံးကို
ကိုင်ပေါက်လွှတ်ပစ်ကာ ပေါက်ကွဲထွက်ခဲ့သည်။

ဒီတစ်ခါငါကိုယ်တိုင်ပဲ......။ငါကိုယ်တိုင်ဆိုရင်
တော့ ကွဲကွာသွားမှာပါ....။

သူတို့ကွဲကွာသွားရင်ရော မင်းသခင့်ကိုရမှာလား
KimTaeHyung ဟု ဆိုတဲ့အခါ TaeHyung
မျက်ရည်တွေတစ်စက်ချင်းကျလာကာ
ကြမ်းပြင်ပေါ်ပြိုလဲကျမတတ်အော်ငိုခဲ့သည်။

ရတယ်....အချစ်တွေကိုနားလည်အောင်ပြပြီး
လမ်းကြောင်းပေးနိုင်ရင် သခင်က ငါ့ကိုချစ်မှာပဲ...
ဘယ်လိုဆိုဆို လူဆိုးလူမိုက်လူရမ်းကားထက်ငါက
အစစအရာရာမှာပိုသာတယ်...
JeonJungkook က လူဆိုး ငါကလူကောင်း......။
ဘာလို့မရရမှာလဲ......။

ချစ်သွားတယ်ဆိုတာ ခေါင်းစဉ်သပ်သပ်ပဲ
JeonJungkook လောက်အချစ်ပေါများတဲ့သူ
မရှိဘူး....သခင့်ကို လှည့်စားနေတာ မာယာများနေတာ
သူ့ထက် သူ့ထက် ဒီကမ္ဘာမှာ သခင့်ကိုပိုချစ်နိုင်တဲ့
သူမရှိပါဘူး.....လုံးဝမရှိဘူး...။
ကွဲရမယ်ကွဲကိုကွဲရမယ်......။

ကျိုးပဲ့လာတဲ့ယုံကြည်ချက်တွေကိုမာန်တင်းရင်း
အခန်းကြမ်းပြင်ပေါ်တွင်ရှိုက်နေတဲ့TaeHyung
ဟာနာနာကျင်ကျင်...။
မွန်းကျပ်လွန်းလို့ အသက်ရှုစရာလေထုမရှိတော့
ဘူးလို့တောင်ထင်မိသည်။

တီး...တောင်.....

ဒေါသတရားတွေနဲ့ပူပူလောင်လောင်ငိုကြွေးနေတုန်း
Bellသံကြောင့်ပိုတောင်ဒေါသထွက်သွားရသည်။
ညသန်းခေါင်ဘယ်သူလာဇယားနောက်ပြန်ပြီလဲ
။လူကြီးတော့မဖြစ်နိုင်။
လူကြီး Hoseokဆိုင်မှာလာခေါ်သွားပြီး
သူပြန်ကောင်းလာထဲက ပြန်ပျောက်သွားပြန်သည်။

ဘဝသည်ဘေးမှာ ဒေါသတွေ မောဟတွေ
လိုချင်တက်မက်မှုတွေသာပတ်ပတ်လည်ဝိုင်းနေခဲ့သည်။

ဒေါသမျက်လုံးတွေနဲ့ပဲအခန်းအပြင်သို့
ထွက်ကာတိုက်ခန်းတံခါးဖွင့်လိုက်တော့
Delivery တစ်ယောက်....။

"မင်္ဂလာပါ KimTaeHyungလားမသိဘူး..."

"အင်း...."

"MinYoongi က ဒါလေးတွေValentines အတွက်
လက်ဆောင်ပို့ခိုင်းလိုက်လို့ပါ ကျွန်တော့်ကို
လက်မှတ်လေးထိုးပေးပါအုန်း...."

ခရမ်းရောင်ပန်းစည်းအကြီးကြီး......။
ပြီးတော့ ခရမ်းရောင်ဝက်ဝံရုပ်လေး....။
ထယ်အကြိုက်ဆုံးတံဆိတ်ချောကလက်ဘူးလေးတွေ။
ရူးသွပ်ရသော နောက်ဆုံးထွက်အကြိုက်ဆုံး
Brandမှရေမွှေးပုလင်း......။

15ရက်နေ့ကိုကူးတော့မယ့်ဆဲဆဲနီးနီးကပ်ကပ်လေး
မှာရောက်လာခဲ့သောပစ္စည်းလေးတွေ။
အထူးဆန်းဆုံးကစာတစ်စောင်....။
လူကြီးက ထူးထူးဆန်းဆန်းစာတွေနဲ့.....။

စိတ်မကြည်လင်သောအချိန်ရောက်လာသော
အကြိုက်ဆုံးအရောင်နဲ့ချစ်စရာပစ္စည်း
လေးတွေကြောင့်အာရုံတွေခေတ္တတော့ပြောင်းသွား
ခဲ့ပါသည်။
ခရမ်းရောင်စာရွက်လေးအပေါ်မှင်အနက်ရောင်
ဖြင့်လူကြီးစာတချို့ရေးထားသည်။

....လွမ်းတယ်...လူကြီးအတွက်မဟုတ်တဲ့
လူကြီးရဲ့အရာရာလေး..ထယ်....

မင်း မချစ်တဲ့ မင်းရဲ့လူကြီး ရောက်လာရင်
အနှောက်အယှက်ဖြစ်မှာစိုးလို့...
အတူတူဖြတ်သန်းခဲ့တဲ့ Romatic အဖြစ်ဆုံး
ကိုယ်နဲ့မင်းရဲ့ ပြီးခဲ့တဲ့Valentines တွေကို
လူကြီးမသိချင်ယောင်ဆောင်ထားရတယ်.....

ချစ်သူများနေ့မှာ ချစ်သူကို လာမတွေ့ရဲတဲ့သူပါ ထယ်
နှလုံးသားက ကိုယ့်ဆီမှာမှမဟုတ်ခဲ့တော့
ခံနိုင်ရည်အားတွေလည်းအရမ်းနည်းလာပီထင်ပါရဲ့ကွာ

ထယ်ယောင်းဖတ်နေရင်းမျက်မှောင်တွေကျုံ့သွား
ကာပြီးအောင်ဆက်မဖတ်တော့ဘဲ
စာရွက်ကိုလုံးချေပစ်လိုက်သည်။
ထို့နောက်အခန်းပြတင်းပေါက်ဆီပြေးကာဆွဲဖွင့်
တော့ကားအနက်ကြီးကိုမှီကာမတ်တပ်ရပ်နေသော
MinYoongi....။

ဘဝကိုအတူတူဖြတ်သန်းရခြင်းအမှတ်တရတွေက
သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာအဲ့တာပဲ....။
လူကြီးလား ဒီလိုစာတစောင်ပို့ပြီး
သူ့ကိုယ်သူ သနားစရာကောင်းလိုချောင်ကပ်နေမှာ။
သိနေတော့ သိနေတော့ခက်လှပါသည်။

သက်သက်မဲ့ လာကလိခြင်း.....။
သူ့သူငယ်ချင်းစာရေးဆရာကိုအမြဲအငှါးရေးခိုင်း
နေတာလည်းကိုယ်မသိတာမဟုတ်။
အလွတ်တွေရလွန်းတော့လည်းတခါတလေ
ရင်ခုန်စရာပင်မရှိတော့ပါ....။

ပြတင်းပေါက်ကလှမ်းကြည့်တော့ကားကိုမှီကာ
စူးရှနေသောစိုက်ကြည့်နေတဲ့သူ။
မတွေ့ရလိုက် တွေ့ရလိုက်နှင့် Valentines Day
ကျတော့လည်း ခုလိုမြင်ရတော့
အငွေ့အသက်တွေကလိမ်လို့မရ...။

တစ်နှစ်က Valentines က အီတလီမှာ
မနှစ်က ပဲရစ်မှာ.....စိတ်ကူးထဲရှိရာ
နိုင်ငံတွေကို လူကြီးက ပါးစပ်ကထုတ်ပြောရုံနဲ့
အကုန်အရောက်ပို့ပြီးနေပြီ။

အမှတ်တရတွေသတ်ရင်တကယ်သေပါသည်။

ဘယ်လောက်ခေါင်းခါငြင်းဆန်ကာ
ParkJimin မှ ParkJimin ဖြစ်လည်း...
လူကြီးက လက်တွေ့ဘဝလို
အမြဲတမ်းအချိန်ကိုက်။

မဆင်းဘဲနေနိုင်လားဆိုတော့လည်း....
အမှတ်တရတွေကရှိခဲ့တော့သံယောဇဉ်တွေက
ကပ်ညှိနေသေးတော့ ထယ် ခပ်စူစူလေးလုပ်ကာ
အောက်ထပ်သို့ဆင်းလာရတော့သည်။

"အိပ်ရေးပျက်သွားလို့လားစူပုတ်နေတာ..."

ညဝတ်အကျီလေးနဲ့ထယ်သည် ဆံပင်တွေကို
ထိုးဖွကာ မကြည်မလင်ထွက်လာခဲ့သည်။

"မအိပ်သေးဘူး အင်တာနက်သုံးနေတာ.."

"စာလေး သဘောကျရဲ့လား...."

"သူများရေးပေးတာတွေနဲ့ ထယ့်ကို ငတုံးမှတ်နေလား.."

"မင်း ဒီလောက် လူကြီးအကြောင်းတွေသိနေတာ
နှလုံးသားကိုမမြင်တာတော့အံ့ဩတယ်...ထယ်"

မျက်နှာလွှဲသွားပြီ...။ထယ်ဖြေရှင်းတတ်တာ
ဒီနည်းတစ်ခုပဲ....။

"အစကတော့ပစ္စည်းလေးတွေပို့ပြီး
မလာတော့မလို့ဘဲ......လွမ်းနေတာနဲ့....."

လူကြီး ခပ်သာသာပြောနေသော်ငြား
မသက်သာနေတာ သိပါသည်။
သန်မာတဲ့မျက်နှာဖုံးကြီးစွပ်ထားပေမယ့်
သူလုံးဝမရတော့လို့ပြေးလာတာမှန်းလည်းသိပ်သိသာပါသည်။
အလွတ်ရလွန်းတာတွေသည် တကယ်ဆိုးလှပါ၏။

"ဥပေက္ခာတွေလည်းပြုမယ်သာပြောတာ...
လွမ်းတဲ့အခါကျ ဘာကမှမကယ်နိုင်ပါဘူး..."

"လူကြီး...ထယ့်ကိုအခက်တွေ့တောင်
လုပ်နေ ပြောနေ.ပြန်ပြီ......"

"ထယ်လေး....ဒီနေ့လေးတော့
ပြဿနာတွေခဏတဖြုတ်မေ့ပြီး
မင်းနှလုံးသားကို ခဏလေးမသိချင်ယောင်ပြီး
လူကြီး ကိုဖက်ထားပေးပါလားကွာ....."

ထယ့် မျက်နှာလေး ငြိုးငယ်သွားခဲ့သည်....။
ရင်ထဲ ကလှိုက်တက်လာသောဝမ်းနည်းမှုသည်
ဘာကြောင့်မှန်းမသိ...။
ဒါက...လူကြီး Character မှမဟုတ်တာပဲ.......။

"ထယ်......မဖက်ချင်တော့ဘူးလား
သူ့ကို ခဏလေးပဲဖြစ်ဖြစ်မေ့ပြီးတော့လေ...."

ခက်ခဲလိုက်တာ.....ဘာလို့များခက်ခဲလွန်းတဲ့
အခြေအနေတွေလဲ။
ဒီရင်ခွင်ဆိုတာဝင်ချင်တဲ့အချိန်ဝင်
ထွက်ချင်တဲ့အချိန်ပြေးထွက်
စိတ်ရှိတိုင်း ခုန်ပေါက်ပြေးဆော့ခဲ့ရတဲ့
ဆင်ဆာမဲ့တဲ့ နေရာတစ်ခုလေ.....။
ဖက်ထားဖို့ နမ်းရှိုက်ဖို့ ထိတွေ့ဖို့ ခွင့်တောင်းခြင်းတွေ
မလို ခွင့်ပြုခြင်းတွေမလို သူတို့နှစ်ယောက်
ဘဝက တသားထဲဖြစ်ခဲ့တာပဲ.....။

လူကြီးက သနားဖို့ကောင်းအောင်.......။

မျက်နှာလေးတစ်ချက်မဲ့ခနဲ....။ခေါင်းလေးငုံ့ကာ
ခပ်လေးလေးခြေလှမ်းတွေနဲ့အတူ
ထယ်...ရင်ခွင်ထဲကိုဝင်လာခဲ့သည်။

ထို့နောက် လက်ချောင်းလှလှလေးတွေနဲ့
Yoongi ကိုသိမ်းဖက်ထားလိုက်တဲ့အခါ
လူကြီးက ထယ့် ပုခုံးတွေအပေါ်ခေါင်းငုံ့ချလာသည်။

"မဖက်နိုင်လောက်တော့ဘူးလို့ထင်ခဲ့တာ ထယ်
ကျေးဇူးတင်ပါတယ်....."

"လူကြီး....နောက်တစ်ခါ....နောက်တစ်ခါ
ဒီလိုမျိုးတွေ လာမလုပ်ပါနဲ့.....
ထယ့် ခံစားချက်တွေ အဆင်မပြေဘူး...."

ထယ်သည် ငိုသံ ယဲ့ယဲ့လေးနှင့်...။
MinYoongi သည်ပုခုံးတွေပေါ်ခေါင်းစိုက်
ထားရင်းနှုတ်ခမ်းတွေကွေးညွှတ်သွားအောင်
ပြုံးလိုက်သည်။

အားလုံးထဲမှာ ညစ်ပတ်မယ်ကြော်ငြာမောင်းခတ်ပြီး
အဖြူစင်ဆုံးက ထယ်လေးဖြစ်နေတာဟာ
ဘယ်လောက်များသဘောကျစရာလဲ...။

နုနုနယ်နယ် ကလေးလေးလို နှလုံးသားလေး
သိပ်လှတာ MinYoongi သိပ်သိတာပေါ့....။
ကိုယ်မွေးထားရတဲ့ကိုယ်ကလေးလေးလို
ရတနာပေါက်စလေးပဲဟာ.....။

ဘာကိုထိရင် ဘာဖြစ်မယ်...ဘယ်အရာကထယ့်အားနည်း
ချက် ဘယ်အရာက ထယ့်အားသာချက်.....
အတင်းအကျပ် ဥာဏ်များချင်သောအမှုတွေကို
ပြန်ကြားရတော့ ရင်တွေနာရပေမယ့်
အလွဲလွဲတွေဖြစ်တယ်ကြားရတော့လည်း
ကူညီပေးချင်မိသား.....။

ညစ်တော့ညစ်ပတ်တယ်.....
ချစ်စရာကောင်းအောင် ခပ်လွဲလွဲလေးညစ်ပတ်တတ်
တဲ့ ဗီလိန်လေး....။

အစွယ်တွေသိမ်းပြီး ငိုပြ အသနားခံပြရမယ့်
ဇာတ်ကွက်ကိုရောက်လာပြီဆိုတာMinYoongi
သိတာမို့ ပုံမှန်ဆို ဒီလို ပေးဆပ်သူကြီးလို
လုပ်ဖို့ အိမ်မက်တောင်ထည့်မမက်ခဲ့သော်လည်း
လိုချင်တော့လည်း ငိုသင့်ငို ရီသင့်ရင်ရီရမှာပဲ...။

ထယ်....သိပ်ခံစားလွယ်တာဟာ..တစ်ခါတစ်ရံ
သိပ်ဥာဏ်များလို့ကောင်းသည်။
ပါးပါးလေး သုံးလိုက်ရုံနဲ့ ကောင်းကင်ပြာလေး
ဒီလူကြီးကို သနားသွားပြီ....။

အရမ်းကြီး နာကျင်နေပုံကိုမရရအောင်
ဖန်တီးပြီးညာတာပတ်တေးဖြင့် ခါးသေးသေး
တွေကို တင်းကျပ်စွာဖက်ထားခဲ့တာ
February 15ကိုရောက်ခဲ့သည်။

အရှုံးသမားပုံစံနဲ့ပဲ ပါးလေးနှစ်ဖက်ကိုဖိကပ်နမ်းခဲ့ကာ
မျက်ရည်တွေဘာတွေဝဲပြလိုက်သည်။

သက်ပြင်းတစ်ချက် နှစ်ချက်ချရင်း
ထယ့် တိုက်ခန်းရှေ့ လမ်းမပေါ်ပင် လမ်းမီးဝါဝါအောက်
Valentines အနမ်းလှလှတွေကို နှုတ်ခမ်းလှလှလေး
အပေါ် ရူးချင်ယောင်ဆောင် ခိုနားတော့
ကောင်းကင်ပြာလေး Complain မတက်ရဲ.....။

MinYoongi သိပ်သနားဖို့ကောင်းနေရှာတယ်လေ။

"တော်တော့....လူကြီး..များပြီ.....
ဝမ်းနည်းနေတာ ဆိုပြီး......"

"Happy Valentines Day လူကြီးရဲ့
ကောင်းကင်လေး....အရမ်းချစ်တယ်...."

ထယ်ယောင်းကိုချစ်ပြီးရင် ဒုတိယအချစ်ရဆုံးက
ကောင်းကင်ရောင် ဆံပင်ပျော့ပျော့လေးတွေပဲ။
သပ်ရပ်သွားအောင် လက်တွေနဲ့ရှင်းလင်းပေးရင်း
MinYoongi ဆိုတော့ မျက်တောင်အရှည်ကြီး
တွေက မသိချင်ယောင်ဆောင်နေသည်။

"ကိုယ့်ကို မချစ်နိုင်နေတဲ့ ပုံစံလေးကိုတောင်
ကိုယ့်မှာ သိပ်ချစ်နေတော့ ဘယ်လိုလုပ်ရမလဲ
ထယ်လေးရယ်....."

ထပ်ပွေ့ဖက်လာပေးတဲ့သူ...။
သူဘာမှမပြောတတ်တော့လို့လုပ်တဲ့အပြုအမူမှန်း
သိကာMinYoongi ငြိမ်ငြိမ်လေးနေပေးလိုက်သည်။

အကြမ်းနည်းမရရင် အနုနည်း...
အနုမရရင် မကြမ်းတကြမ်း
မနု တနုနဲ့....နောက်ဆုံး ဘယ်လိုလုပ်ရလုပ်ရ
လက်ဝယ်ပိုင်ဆိုင်ဖို့က အဓိက
ထယ်ချစ်တာ ParkJiminမကလို့ ParkJimin
ထက်ပို တဲ့ဖြစ်တည်မှုဖြစ်ဖြစ်
MinYoongi တစ်စက်ကလေးမှဂရုမစိုက်ပါ....။

ParkJimin က ဘာမလို့လဲ...
JeonJungkook ကိုချစ်နေရက်နဲ့
မျက်နှာဖုံးပေါင်းစုံစွပ်ပြီး ဝေဖန်မှုတွေကို
ကန်ထားရတဲ့သူလေ....
အေးချမ်းနေတဲ့ ရိုးရိုးရှင်းရှင်းလူမှမဟုတ်တာကြီး...။

အားလုံးက သူ့အရောင်တွေနဲ့သူ....။

...........................။

ခေါင်းတွေထိုးကိုက်လာတာကြောင့်မခံစားနိုင်
ဖြစ်ကာလန့်နှိုးလာခဲ့သည်။
အခန်းပြတင်းပေါ်ကိုဖြာကျနေတဲ့နေရောင်ကြောင့်
မိုးလင်းနေပြီဆိုတာသိလိုက်ရကာ မောင်
ကြောင်တောင်တောင်ဖြစ်သွားသည်။

ညက နေ ဘယ်လို မနက်အထိရောက်သွားတာလဲ။
လက်မောင်းတဖက်လေးနေတာမို့
ကြည့်မိတော့ အသက်ရှုမှန်မှန်လေးအိပ်ပျော်နေတဲ့
ဆိုင်သူလေး....။

တော်ပါသေး ဒီမနက်တော့ မဖိမိဘဲ....
ကောင်းကောင်းအိပ်ခွင့်ရနေတာ....။

ညကအခြေအနေသည် လုံးဝကြီးပြောင်းလဲသွား
ပြီမို့ မောင် ပြန်တွေးကာ လှစ်ခနဲပြုံးလျှက်
ကျေနပ်နေသည်။

"တစ်ခါထဲကို ပြန်ကြိုက်တာ....
ငါဘယ်လောက်ပိုင်လိုက်သလဲ........"

ပြုံးနေရင်းမှ တွေခနဲဖြစ်သွားရပြန်သည်။
ပြန်ကြိုက်ပြီးရင် ဟိုကောင်တွေ အကြံပေးတဲ့
Suprise ကိစ္စရှိသေးတယ်လေ....။
အဲ့တာငါဘယ်လိုဖြစ်သွားတာလဲ ..။
ဝရံတာမှာနမ်းခဲ့တယ် အောက်ထပ်ဆင်းပြီး
သောက်တယ်...ပြီးတော့ ဘာဖြစ်သွားတာလဲ...။

Jimin ပေါင်ပေါ် ဘုန်းခနဲလဲကျသွားတဲ့
ပုံရိပ်ကိုပြန်ယောင်ပြီးတဲ့အခါ မောင့် မျက်နှာ
မှောင်မဲသွားသည်။

ငါSuprise မလုပ်လိုက်ရဘူးလား......။

ခေါင်းတွေသည်တဆစ်ဆစ်ထိုးကိုက်ကာ
ဝေဒနာသည်အလွန်ဆိုးဝါးလွန်းသည်။
ဒီလောက်ဘာမှမမှတ်မိနိုင်လောက်အောင်
ဖြစ်သွားခဲ့ရတာ ဘာကြောင့်လဲ....။
ရှန်ပိန်သောက်ရုံနဲ့ ဘာမှမသိရတော့တဲ့
ဘဝမျိုးမဟုတ်...။

မောင် မျက်လုံးကြီးပြူးကာ မျက်နှာကျက်
ကိုစိုက်ကြည့်ပြီး အတင်းအကျပ်ပြန်တွေးနေတုန်း
မှာပဲ...Jimin နှိုးလာခဲ့သည်။

"ဟင်!!!!ဘယ်နှနာရီတွေ ရှိကုန်ပြီလဲ.....
ငါ့အလုပ် ငါ့အလုပ်....."

အတွေးတွေကိုမနည်းပြန်ခေါ်နေရတဲ့ကြားထဲ
ရင်ခွင်ထဲက အလုပ်သရဲလေးသည်
သူနဲ့ကိုယ် ချစ်သွားသည့်ကိစ္စကို နိုးနိုးချင်း
သတိမရ....အလုပ်နောက်ကျနေပြီဖြစ်တာ
ကြောင့် အတင်းတွန်းဖယ်ထကာ ထွက်ပြေးဖို့
လုပ်တော့သည်။

လွှတ်ပေးစရာလား......။စောင်တွေဘာတွေဖယ်ကာ
ထပြေးတော့မည့် ခါးသေးသေးလေးကို
ဆွဲချကာ အသက်ရှုမရအောင်အားအကုန်သုံး
ဖျစ်ညစ်ပစ်တော့ အသံပင်မထွက်နိုင်လွှတ်ပေးမှ
ထအော်တော့သည်။

"နာတယ်...!!!!"

"ဘယ်အလုပ်ကိုသွားမှာလဲမသွားရဘူး
တနေကုန် အိပ်ရာထဲမှာပဲနေမယ်...
နမ်းလိုက် နားလိုက် နားလိုက်နမ်းလိုက်
ဘယ်လိုလဲ....."

"အရေးကြီးကိစ္စတွေရှိလို့....."

အရင်လို ပိုးစိုးပက်စက်ပြန်ပြောလို့မရတော့။
ချစ်သွားပြီဆိုတဲ့နောက် မီးတောင်လေးက
နှင်းတောင်လေးလို ရုပ်ပြောင်းရုပ်လွဲ...။

"မောင့် ထက်ကို အရေးကြီးနေတာလား...
မရဘူး....မသွားရဘူး ညက ချစ်တယ်ဆို
တာဝန်ယူရမယ်....."

"စာချူပ်ကအရေးကြီးတယ် ငါလက်မှတ်ထိုးမှ...."

"ဒီကို ထိုး လာ...."

လက်ကလေးတဖက်ကိုယူကာ အဝတ်မဲ့တဲ့
ရင်ဘက်ကြီးပေါ်ဆွဲတင်တော့ ဆိုင်သူလေး
ပြုံးယဲ့ယဲ့....။

"ငါ့ကို နောက်မနေနဲ့....လွှတ်အုန်း
တကယ်နောက်ကျနေပြီ...."

"မလွှတ်ဘူး......ပြန်အိပ်မယ်ကွာ....
သွားမနေနဲ့ ပထမဆုံးနေ့တောင်
မင်းက မင်းအလုပ်ပဲ....ပြောတော့လည်း
ချစ်တယ်ဆိုပြီး...."

"အလုပ်ကအလုပ် အချစ်က အချစ်လေ
ချစ်တာနဲ့ အိပ်ကြီးပဲနေလို့မှမရတာ..."

"မောင်ကတော့ အိပ်ပဲအိပ်ချင်တယ်..."

"ညစ်တိညစ်ပတ်နဲ့....."

မောင်သည်..လှဲအိပ်နေသောဆိုင်သူလေး
အပေါ်ရုတ်တရက်အုပ်မိုးလာကာ
ကြင်နာခြင်းမျက်လုံးတွေနဲ့စိုက်ကြည့်လာသည်။

"အချစ် ဆိုတာ ဒါပဲကို......
ခေါင်းကိုက်ပြီး အိပ်ရာနိုးလာရတာတောင်
ချက်ချင်း လန်းဆန်းသွားရတယ်..."

"လာပီ ပလီပလာတွေ......"

"ချစ်လား မောင့်ကို......."

မဖြေဘဲ မျက်နှာလွှဲသွားသူသည်ရှက်ကိုးရှက်ကန်း...။

"ချစ်လား......"

ထပ်မဖြေပါ.....မကြားသလိုတဖက်ကိုလှည့်နေရင်း
မှစားပွဲပေါ်တင်ထားသော Driver ဦးလေးကြီး
ပေးတဲ့အသဲပုံချောကလက်သေးသေးလေးကို
လှမ်းယူလိုက်သည်။

"ဒါ....စား......"

ကမ်းပေးလာသောချောကလက်သေးသေးလေး
ကိုမောင်က နားမလည်သလိုကြည့်ရင်း
ကြောင်အအ...။

"ဒါ ...ငါ့နှလုံးသား လို့သဘောထားလိုက်
မင်းကို တစ်ခုလုံးပေးတယ်....
ရော့......"

"နှလုံးသားကသေးသေးလေး......"

"သေးပေမယ့်....စစ်တယ်.....
အတုအယောင် တစ်ခုမှမပါဘူး.....
အစအဆုံး အကုန် အမှန်တရားတွေကြီးပဲ...."

မောင် သည် ချောကလက်ကလေးကိုယူ
လိုက်သည်။ သဘောကျစွာပြုံးနေကာ
အချိန်တော်တော်ကြာစိုက်ကြည့်နေခဲ့သည်။

ဦးလေးကြီးရဲ့မိန်းမက ဒီအသက်အရွယ်အထိ
ချောကလက်ပေးတုန်းပဲတဲ့...။
ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်စစ်မှန်ပြီး
ကြီးမားလိုက်သလဲ.....။
ကြင်နာခြင်းဆိုတာတောင်မသိတဲ့ ကလေးကို
ဒီလို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအလုံအလောက်
စီးဆင်းနေတဲ့ ပစ္စည်းလေးပေးလိုက်ခြင်းဟာ
ဒါလေးကနေ သူ့နှလုံးသားခပ်ဆိုးဆိုးလေးဆီ
ကောင်းခြင်းတွေကူးစက်ပြီး ကိုယ့်ကို
အများကြီး ချစ်ပေးစေချင်တဲ့ အတ္တလှလှလေးပါ။
ချစ်တတ် ကြင်နာတတ် မြတ်နိုးတတ်
တန်ဖိုးထားတတ် လာစေချင်တဲ့စေတနာလည်းပါတာပေါ့လေ။

" ချောကလက်စားပြီး ပြန်အိပ်ရင်အိပ်နေလေ
ငါတော့သွားမှဖြစ်မယ်....ညနေစောစော
ပြန်လာခဲ့မယ်...."

"ချော့တာ တွေ အဆင်မပြေဘူးဗျာ...."

မပျော့ချင်ပေမယ့် မချော့ခင်ထဲမျောသွားတတ်
သည့်မောင်သည်ကိုယ့်ကိုကိုယ်အားမလိုအားမရ
ဖြစ်ကာချောကလက်အနီလေးကိုင်ပြီး
ခေါင်းအုံးထဲခေါင်းကိုအတင်းတိုးနေပြန်သည်။

Jimin သည်အိပ်ရာထကာရေချိုးလုပ်စရာ
ရှိတာ ပြင်စရာရှိတာ အမြန်ပြင်ဆင်ရင်း
Company သွားဖို့စီစဉ်နေသည်။
မွှေးကြိုင်နေသောရေမွှေးလေးဖြန်းချကာ
အရင်ကထက် ပြင်ရဆင်ရတာ ပိုပျော်ရွှင်နေသလို။
မှန်ထဲတွင် ကိုယ့်ပုံရိပ်ကိုယ်ကြည့်ကာ
ကျေကျေနပ်နပ်...။

နောက်ဆုံး အပေါ်ထပ်Coatကိုထပ်ဝတ်ကာ
ကားသော့ယူလိုက်သောအချိန်တွင်
အိပ်ရာထဲမှ ထလာသူ သည်ဆံပင်တွေခပ်ရှုပ်ရှုပ်ဖြင့်
ဆိုင်သူလေးဆီကိုလျှောက်လာတော့သည်။

JeonJungkook သည် အစအဆုံးပြင်ဆင်
ပြီးပြီဆို မချစ်ခင်ထဲက အကျီတွေကို
သူ့မျက်နှာဖြင့်လိုက်ပွတ်သပ်ကာမကြိုက်မှန်းသိ၍
လိုက်နှောက်ယှက်တတ်ပါသည်။
ခုလည်း ညစ်တိညစ်ပတ်လုပ်ဖို့လာမှန်းသိပ်သိတာ
ကြောင့်....

"မျက်နှာမသစ်ဘဲ လာ မညစ်ပတ်နဲ့နော်
မင်းအကြောင်းငါသိတယ်...ငါဒီနေ့
သေချာပြင်ဆင်ထားတာ..."

"မရဘူး....လာခဲ့...."

မလာပါဘူး...။အိတ်ဆွဲကာအခန်းတံခါးဖွင့်ပြီး
ပြေးတော့ နောက်မှပြေးလိုက်သည်။
တဒုန်းဒုန်းခြေသံတွေနဲ့အတူတအိမ်လုံး
ဆူညံသွားတော့သည်။

"ရန်ဖြစ်ပြန်ပြီလား...မသိဘူး
သတိထားကြအုန်း....."

အောက်ထပ်ကအလုပ်သမားတွေသည်
ခြေသံပြင်းပြင်းတွေကြားရတာကြောင့်
သတိအနေအထားလုပ်ကာစောင့်နေကြရသည်။
ပြေးဆင်းလာသူ ဆိုင်သူလေး....
တစ်အိမ်လုံးအံ့ဩလွန်းလို့ စကားပင်မပြောနိုင်။
နှုတ်ခမ်းလေးတွေကွေးညွှတ်နေအောင်
ပြုံးကာ လှေကားထစ်တွေအတိုင်းတခစ်ခစ်
ရီကာ ဆင်းလာနေသည်။

နောက်တွင် အပေါ်ပိုင်းဗလာဖြင့်သခင်လေး
သည် သားကောင်လေး လိုက်ဖမ်းနေသော
မုဆိုးကြီးလို ကပ်လျှက်ပါလာကာ
လှေကားဆုံးတဲ့ အခါ အကိုလေးကိုမိသွားခဲ့သည်။

ခါးကနေ ကလေးတွေကိုဆွဲမသလို
လက်မောင်းတဖက်ထဲနဲ့ဆွဲမကာ
မနက်စာစားပွဲသို့ခေါ်လာတော့...
အားလုံးရှောင်ဖယ်ပေးခဲ့ကြရသည်။

ရီသံလေးတွေတလွင်လွင်ဖြင့်.....
အကိုလေးနဲ့ သခင်လေးသည် သူတို့ကို
မြင်လည်းမမြင် တွေ့လည်းမတွေ့ခဲ့ကြပါ....။
နှစ်ယောက်ထဲသာ ကမ္ဘာတစ်ခုတည်နေခဲ့ကြတော့သည်။

............

လက္ထဲက Coffee ခြက္ကိုစားပြဲေပၚ
ခ်ေတာ့ စိတ္လွုပ္ရွားေနတာေၾကာင့္
တုန္တုန္ရီရီပင္...။

"ေမာင့္ကိုၾကည့္...မ်က္ႏွာမလႊဲထားနဲ႔...."

မၾကည့္ရဲေနတာေတာ့အမွန္ေပမယ့္ParkJimin
ကအဲ့ေလာက္ႀကီးလည္းမႏူးညံ့တာေၾကာင့္
ဝိုင္းစက္ေနေသာမ်က္လုံးေတြကိုယွဥ္ၿပိဳင္
ၾကည့္လိုက္ရသည္။

"ေတာင္းပန္စရာရွိတဲ့ကိစၥေတြ
မင္းကိုစေတြ႕ထဲက စိတ္ေရာကိုယ္ပါ
ေမာင္ ဒုကၡေတြေပးခဲ့မိတယ္.....
ေမာင္သိတယ္....တဖက္သတ္ေမာင္လြန္မာခဲ့တာ
တစ္ခ်ိန္ထဲမွာလည္း မင္းမ်က္ႏွာကိုျမင္တိုင္း
ေမာင္အ႐ူးလို သိပ္ႀကိဳက္ခဲ့တာ....
တကယ္အ႐ူးႀကီးလိုပဲ......
ဆိုးဝါးတဲ့အိမ္မက္ေတြေၾကာင့္ ေမာင့္အျပဳအမူ
ေတြသိပ္မွားခဲ့ပါတယ္.....
အရင္ဆုံး ေမာင္ေတာင္းပန္ခ်င္တယ္....."

"မင္း မွားမွန္းမင္းသိရင္ ရပါၿပီ......
ငါ့ကို အမ်ားႀကီးေျပာျပေနဖို႔မလိုပါဘူး.."

"ခြင့္လႊတ္ေပးမယ္မလား....."

"ေနာက္ထပ္ေတာ့ မလုပ္နဲ႔ေတာ့ေပါ့....."

"အင္း....ေနာက္ဘယ္ေတာ့မွမလုပ္ေတာ့ဘူး...."

ျပဳံးခ်င္လာၿပီ...ရဲရဲတင္းတင္းလည္းျပဳံး၍မရေသာ
အေျခအေန....ဆိုင္သူေလး၏ႏွလုံးသားထဲ
လိပ္ျပာေလးေတြအမ်ားႀကီးဝဲပ်ံေနလၽွက္။

ဘာဆက္ေျပာရမွန္းမသိ၍ စားပြဲေပၚတစ္သၽွဴး
ကိုေကာက္ယူလိုက္ခ်ိန္ထပ္ထြက္လာေသာစကား။

"ခ်စ္တယ္........"

ခ်စ္တယ္ ထက္ပိုမလာဘဲ ျပတ္ေတာင္းျပတ္ေတာင္း
ရည္းစားစကားေျပာျခင္းသည္ ဘယ္လို
ကေသာင္းကနင္းဆန္မွုမ်ိဳးလဲ....။

"Jimin......."

"အင္း......"

"ေမာင္ ခ်စ္တယ္.....လို႔......"

"အင္း...."

ေမာင္သည္ လူႀကီးလူေကာင္းခဏသာဆန္လို႔ရပါ
သည္။ခ်စ္တယ္ ေျပာဖို႔ အမ်ားႀကီးအရွိန္ယူခဲ့ရ
ၿပီးတကယ္တမ္းေျပာလိုက္တဲ့အခါ မီးေတာင္ေလး
ဘက္က ေပ်ာ္လည္းမေပ်ာ္ ငိုလည္းမငို
အင္း...အင္း သာ လုပ္ေနတာေၾကာင့္
ခုံကို ဆိုင္သူေလးနားသို႔ ခ်က္ခ်င္းဆြဲကာထိုင္လိုက္ၿပီးၿပီ။

"ခ်စ္တယ္ လို႔ေျပာေနတယ္ေလ.....
ဘယ္ လို အင္း ပဲ လဲ........"

အနားကိုခ်က္ခ်င္းလာကပ္ကာမ်က္ႏွာနားထိမလု
မတပ္ေမာင္က တိုးတိုးေလးဆိုလာသည္။
ၾကား႐ုံေလး....စားပြဲေပၚတင္ထားေသာ
လက္ေတြကိုပါ တစ္ခါထဲဆုပ္ကိုင္ကာ
အတတ္ဆန္းလာေခ်ၿပီ။

"မင္း...မင္း အခ်စ္ဆိုတာ ဘာလဲသိေရာသိလို႔လား..."

"ParkJimin ေလ....ဒါကိုေမာင္ေသခ်ာသိပါတယ္..."

ပို၍တိုးကပ္လာကာနီးလာေသာမ်က္ႏွာေခ်ာေခ်ာ
ကို မသိမသာေလးေရွာင္ဖယ္ေနရသည္။

"အလြယ္ေလးေျဖေနတာ....."

"မလြယ္ပါဘူး မင္းမ်က္လုံး
မင္းႏွုတ္ခမ္း မင္းအသံ မင္းအရိပ္
မင္းရဲ့အရာအားလုံးက ေမာင့္အခ်စ္ပဲ...
ဒီထက္ပိုသိစရာရွိေနေသးလို႔လား....."

ေႏြးေထြးသြားေသာ အေငြ႕အသက္ေတြနဲ႔
သူတကယ္ပဲ ဝန္ခံေနတယ္ဆိုတာထင္ရွားလာတဲ့အခါ
ဆယ္ေက်ာ္သက္ေလးလိုမေနတတ္မထိုင္တတ္ေတာ့။
ၿပိဳင္ဆိုင္ၾကည့္ကာစိန္ေခၚရဲခဲ့တဲ့မ်က္လုံးေတြ
ကိုခုက် တစ္စကၠန့္ေတာင္မၾကည့္နိုင္။

"ေမာင့္ ကို ၾကည့္အုန္း......
ဘယ္လိုျဖစ္ၿပီး မ်က္ႏွာကိုလႊဲလႊဲသြားတာလဲ..."

ပါးတစ္ဖက္ကိုလက္ျဖင့္ခပ္ဖြဖြေလးဆြဲကာ
သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေစျပန္သည္။

"ရွက္ေနတာလား....ၿပီးမွရွက္ေလ
အရင္ ျပန္ခ်စ္ လိုက္ ........
ၿပီးေတာ့ ဆက္ရွက္ေပါ့...."

"ရွက္တာက အဲ့လိုခြဲလို႔ရမလား...
႐ူးေၾကာင္ေၾကာင္နဲ႔...."

"႐ူးေနလို႔ေလ.....မင္းကိုခ်စ္လ္ို႔ခ်စ္မွန္းမသိ
ေန႔ေပါင္းမ်ားစြာ လွိုက္႐ူးၿပီးလို႔
ဒီအ႐ူးက ေအာက္က်ခံေတာင္းဆိုေနရတာပါ...."

"ခ်စ္ရင္....ေအာက္က်ေပးရမွာပဲ...."

"ေပးမွာပါ ေပးမွာပါ အဓိက ျပန္ခ်စ္ဖို႔..."

လိမ္လိမ္မာမာကေလးေလးလို...ပလီပလာ
မ်က္ႏွာေလးက သပ္သပ္မဲ့လုပ္ေနမွန္းသိေတာင္
Jimin မွာမျပဳံးသြားဖို႔မနည္းထိန္းရသည္။
အဲ့လိုမွန္းသိ တစ္ညေနလုံးတစ္ညလုံးငိုမေနခဲ့ပါဘူး။

"ခ်စ္တာက လြယ္မလိုလိုနဲ႔ခက္တယ္
ခ်စ္ၿပီးသြားရင္ ဆင္ျခင္ရမယ့္အရာေတြ
ေစာင့္ထိန္းရမယ့္စည္းေတြ
ေက်ပြန္ရမဲ့ တာဝန္ေတြရွိတယ္.....
မင္းငါ့ကိုခ်စ္တယ္ဆိုရင္ အရင္လိုေတာ့
လုံးဝ ေနလို႔မရဘူး....
ငါမင္းရဲ့ အေနအထိုင္ကို သေဘာမက်ဘူး
မင္း အမ်ားႀကီးကို ဆင္ျခင္ရလိမ့္မယ္
ျဖစ္နိုင္ပါ့မလား......"

"Jimin ကလည္း........"

သူ႔အေနအထိုင္အေပ်ာ္အပါးေတြကိုဆင္ျခင္
ရမယ့္ဆိုတဲ့အခါ ခ်က္ခ်င္း အင္းမခ်နိုင္။
ခၽြဲပ်စ္ပ်စ္ အသံကိုထုတ္သုံးလာၿပီ။
ဘယ္ေတာ့မွ သူမလုပ္နိုင္တဲ့အရာကိုၿပီးၿပီေရာ
ေခါင္းမၿငိမ့္တတ္။ မရရေအာင္ကလီကမာလုပ္ကာ
ညႇိယူတတ္တဲ့သူ။

"မဆင္ျခင္နိုင္ရင္....ျပန္စဥ္းစားပါအုန္း
ငါကလည္း ငါခ်စ္ရေတာ့မယ္ဆိုရင္
ငါ့ပုံစံခြက္အတိုင္းပဲ ျဖစ္ခ်င္တယ္....."

"ေမာင့္ကို အရင္ျပန္ခ်စ္ၿပီး အဲ့တာေလးေတြ
ကိုေနာက္မွ ေအးေအးေဆးေဆး ထပ္ညႇိမယ္ေလ.."

လူႀကီးလူေကာင္းသည္ ၾကာၾကာအေရခြံမျခဳံနိုင္။
ထိုင္ေနရင္းကေန ထုံးစံအတိုင္းမရလာရင္
အကၤ်ီေတြထဲေခါင္းတိုးလာၿပီ။
မလိုက္မဖက္ေတြလုပ္တတ္လြန္းလို႔
ရင္ခုန္ရင္တုန္တာေတြေတာင္ေလၽွာ့ကာ
မ်က္ေမွာင္က်ဳံ႕့လၽွက္ရင္ခြင္ထဲကေခါင္းကို
ငုံ႔ၾကည့္ေနရသည္။

အစအဆုံး လူႀကီးလူေကာင္းဆန္ဆန္ပဲ
တည္ၿငိမ္သြားလိုက္ပါေတာ့လား.....
သူအမ်ားႀကီးေမ်ာေနတာကို.....
ဒီလိုေတြ ခၽြဲပ်စ္လာေတာ့ Feelက်ဲသြားၿပီ။

"မင္း ဒီတစ္ခုပဲ တတ္တာလား....."

"ျပန္ခ်စ္ပါ......အရွက္ေတြလည္းကြဲခဲ့ရတာ
ခဏခဏ....ေမာင္ ဒီအိုင္ဒီယာေတြကို
ညတိုင္းစဥ္းစားၿပီး အိပ္ေရးေတြလည္းပ်က္တယ္
ေမာင့္ ကို ျပန္ကို ခ်စ္သင့္ပါတယ္..."

အသံသည္ငိုသံေတာင္ေပါက္လာၿပီ....။
အက်ီထဲတြင္မက ကိုယ္ခႏၶာထဲအထိေဖာက္ဝင္
ေတာ့မည့္အတိုင္း...။
တကယ္ရွားပါး ကလီကမာေလး...။

"ပူေပါင္းေတြခ်ိတ္ၿပီး Coffee ခြက္ႏွစ္ခြက္
ကမင္း အိုင္ဒီယာလား....ဒါကိုအိပ္ေရးပ်က္
ေအာင္စဥ္းစားထားရတာေပါ့...."

ေခတၱေတာ့အသံေလးေပ်ာက္သြားကာ
ခဏအၾကာ ေခါင္းတိုးေနရင္းမွတိုးစိတိုးစိျဖင့္
ထြက္လာၿပီ။

"Valentines ဆိုတာ ဘာမွန္းေတာင္မသိတဲ့
ေကာင္က Supriseဆိုလို႔အေဖေနာက္မိန္းမယူ
လာတာပဲၾကဳံဖူးတဲ့ေကာင္က
ႏုႏုရြရြဆို မင္းကို ပဲ ျမင္ဖူးတဲ့ေကာင္က
အဲ့ဒီပူေပါင္းေလးတစ္လုံးျဖစ္ေျမာက္သြားရင္
ကို ရင္ေတြခုန္တာ ထိန္းမရခဲ့ဘူး...Jimin...
သိပ္ရိုးေနလိမ့္မယ္ ဒါေပမယ့္ ေမာင့္အတြက္
ဒီအေျခအေနက ပထမဆုံးနဲ႔ အဆန္းျပားဆုံး
ပဲ.....မေလွာင္စမ္းပါနဲ႔....."

"ေလွာင္ေနလို႔လား...ေျပာျပတာပါ...
ထြက္အုန္း....တစ္ေယာက္ျမင္ရင္မေကာင္းဘူး..."

"ခ်စ္မွ ထြက္မယ္....မခ်စ္မခ်င္း...
မထြက္ဘူး...ပိုတိုးေနမွာ....."

"ထြက္ဆို!!!!"

"ဟင့္အင္း......မထြက္ဘူး......"

"ခခယယ အေျဖမေတာင္းဘဲ
မင္းဟာအက်ပ္ကိုင္ေနတာပဲ...."

"ဘာလိုေတာင္းေတာင္း ရဖို႔ပဲ.....
ျပန္ခ်စ္ ဗ်ာ....."

"မခ်စ္ဘူး...."

ေခါင္းတိုးေနရာမွ ခ်က္ခ်င္းေမာ့ၾကည့္လာတဲ့သူ..။
အလြန္ကိုတင္းတင္းမာမာ....။
သူကေတာင္းဆိုေနတဲ့သူျဖစ္ၿပီး
ကိုယ္ကသူ႔ကိုျပန္ေၾကာက္ေပးရေတာ့မလို႔
အၾကည့္ေတြ.....။

"ခ်စ္ ဆို ခ်စ္ လိုက္ေပါ့....
မခ်စ္ခ်င္စရာ အေၾကာင္းအရင္းတစ္ခုေတာင္
ဒီလူမွာမရွိဘူး အားလုံးၿပီးျပည့္စုံေနတာ
ဘာေတြ ဂဂ်ီဂေဂ်ာင္လုပ္ေနျပန္တာလဲ
ဒါက ဟင္းလို ေခ်းမ်ားလို႔ရမယ့္ကိစၥမဟုတ္ဘူး
ေရြးစရာက JeonJungkookတစ္ေယာက္ပဲရွိတယ္
အဲ့ေတာ့ Jeon JungKookကိုပဲေရြးရမွာ...."

"ငါ့ကို လာေအာ္ေနတာလား....."

"ခ်စ္ရက္သားနဲ႔ အခ်ိန္ေတြဆြဲေနလို႔.....
စိတ္မရွည္ေတာ့ဘူး...."

"အဲ့တာနဲ႔မ်ား အခ်စ္က ParkJiminတဲ့...."
မင္းစိတ္မရွည္ဘဲ....."

"ျပန္ခ်စ္ၿပီးရင္ ရွည္မယ္...ဗ်ာ..ခ်စ္လိုက္စမ္းပါ..."

နာက်င္မွုေတြၾကားထဲကေတာင္
အနမ္းေလးတစ္ခုမ်ားရလိုက္ရင္
အစြယ္ေတြခ်ိဳးေပးခဲ့ရတာကိုယ္......။
အခ်စ္လို႔ ေခါင္းစဥ္မတပ္ခဲ့ေပမယ့္
ရိုးရိုးေလးပဲေတြး႐ုံနဲ႔ကို ဒါဟာအခ်စ္ေတြပါ....။
ဘာေတြလုပ္လုပ္စိတ္မနာနိုင္ခဲ့
ဘယ္ေလာက္နိုင္နိုင္ အရွုံးေတြေပးေပးမိခဲ့တာပဲ....။
အလြန္အကၽြံအေျခအေနေတြအထိက်ဴးေက်ာ္ခဲ့
ၿပီးၿပီကို မနက္ျဖန္ေတြသဘက္ခါေတြလည္း
မေရႊ႕ခ်င္...။
ပိုင္ခ်င္ေနၿပီ....ဒီကေဝေလးကို.....
ဘယ္ေလာက္ေစာင့္ခဲ့ရလဲ....။
ဘာေတြရင္းႏွီးခဲ့ရလဲ....။ကံၾကမၼာကသာအသိဆုံး။
ဒီဘဝေတာ့ ....ဒီအဆိုးေလးကို သူရခဲ့ၿပီ။

"စီးကရက္...တိုေတြမဖြေတာ့ဘူးဆို
ျပန္ခ်စ္မယ္....."

တျခားဟာေျပာရင္ သူမလုပ္နိုင္တာနဲ႔တိုးမွာ
စိုး၍အလြယ္ကူဆုံးအရာနဲ႔MDPark
အရွက္ေျပအိုင္တင္ခံလိုက္သည္။

ခ်က္ခ်င္းေျပာင္းလဲသြားေသာမ်က္ႏွာအခ်ိဳးအစား
သည္လင္းလက္သြားကာ ႏွုတ္ခမ္းေတြေကြး
ညႊတ္သြားပုံတြင္Jimin ေမ်ာသြားရျပန္သည္။

"တကယ္ေနာ္....."

"ငါလူႀကီး....မေနာက္ဘူး....."

"ေျပာ ခ်စ္တယ္ လို႔....တရားဝင္ျဖစ္သြား
ေအာင္ျမန္ျမန္ေျပာ....."

မ်က္ႏွာေတြလည္းတကယ္ပူေနခဲ့ပါတယ္..။
ဒါေပမယ့္လည္းေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔
ပဲ ဆိုင္သူေလး တိုးတိုးေလးဆိုခဲ့သည္။

"ခ်စ္တယ္...ရၿပီလား...ေတာ္ပီငါသြားျပန္အိပ္
ေတာ့မယ္.."

"မအိပ္ရဘူး Supriseကခုမွစတာ...."

ေဆြ႕ခနဲေကာက္ခ်ီကာ ဝရံတာဆီသြားလၽွက္
ေဘာင္ေပၚတင္လိုက္တဲ့သူ။
ေမာင့္မ်က္ႏွာတစ္ခုလုံးလင္းလက္ေနကာ
ဆိုင္သူေလး၏မ်က္ႏွာလွလွေလးကိုစိုက္ၾကည့္
ကာျပဳံးေနေသာ အျပဳံးမ်ားသည္
အလိုခ်င္ခဲ့ဆုံးေသာ အျမတ္နိုးရဆုံးျဒပ္မဲ့ေလးေတြ။
ဆိုင္သူေလး၏ႏွုတ္ခမ္းေလးေတြပါေကြးညႊတ္လာကာ
ေမာင့္ကို ပထမဆုံးအႀကိမ္ စိတ္ရင္းအမွန္နဲ႔
အခ်စ္ေတြနဲ႔ လွိုက္လွဲစြာျပဳံးျပလာတဲ့အခါ
ေမာင္ နမ္းခ်င္သြားၿပီ..။
ပထမဆုံးလိုလိုလားလားအျပဳံးေလးမို႔
ႏွလုံးသားထဲနစ္ေနေအာင္သိမ္းကာ....

"JeonJimin ကို အရမ္းခ်စ္တယ္....."

ေျပာၿပီးၿပီခ်င္း ခါးေတြကသိမ္းဖက္ကာ
ႏွုတ္ခမ္းေတြကို ဖိကပ္စုတ္ယူသြားသည္
ႏွင့္ ၿခံဝန္းႀကီးတစ္ခုလုံးမီးေတြထိန္းလင္းလာကာ
ည၁၁နာရီခြဲ ၁၂နာရီႀကီး ေကာင္းကင္ေပၚ
မီးရွူးမီးပန္းေတြ ေတာက္ေလၽွာက္ေပါက္ကြဲလာခဲ့သည္။

"Congratulations ေဂ်!!!!!"

ၿပိဳင္ကားအင္ဂ်င္သံေတြဆူညံသြားကာ
ၿခံထဲတန္းစီဝင္ေသာ ၿပိဳင္ကားေရာင္စုံေတြ။
အားလုံးသည္ မူးေနၾကပုံရၿပီး ကေဝေလး
ဟန္မေဆာင္နိုင္ဝရံတာေဘာင္ေပၚအတင္းနမ္းေနခ်ိန္
ဝိုင္းေအာ္ေပးၾကေသာအသံမ်ား.....။

ၿခံထဲကေရပန္းေတြလည္းအသက္ဝင္လာသည္။
မီးေတြသည္ မ်က္စိက်ိန္းေလာက္ေအာင္
လွပလြန္းကာ ေဂ်ကေတာ့ နမ္း၍မၿပီးေသး....။

ေအာက္ႏွုတ္ခမ္းေတြ အေပၚႏွုတ္ခမ္းေတြ
ေအာက္ကဘာေတြေအာ္ေအာ္
တလွည့္စီခစားေနကာႏွစ္ဦးသေဘာတူ
ပထမဆုံးအစမ္းမဟုတ္ေသာတရားဝင္အနမ္းသည္
Jeonစံအိမ္ေတာ္၏အေပၚဆုံးရဲ့ဝရံတာေပၚမွာ။

Jimin ရွက္မေနခဲ့ပါ....။
ရွက္ေၾကာက္ေနရင္ ဒီေယာက်္ားကိုခ်စ္ဖို႔က
သိပ္လြယ္မွာမဟုတ္။အၿပိဳင္အဆိုင္စိန္ေခၚနိုင္မွ
ေတာ္ရာက်လိမ့္မည္။

ေအာက္ကျမက္ခင္းတြင္ရွိန္ပိန္ေတြေဖာက္ကာ
အသံေပါင္းစုံျဖင့္ဆင္းလာရန္ေအာ္ေခၚေနၾက
ေသာ္လည္းေမာင္တို႔နမ္း၍မၿပီးေသး...။
အရမ္းေမာလာမွႏွုတ္ခမ္းေတြကို လႊတ္ေပးတဲ့အခါေမာင့္မ်က္လုံးေတြသည္အလြန္ရီေဝေနကာ ပုံမွန္မဟုတ္....။

"ဘာျဖစ္ေနတာလဲ....Coffee ေသာက္ၿပီး
မူးသြားတာလား...."

ေအာက္မွာ ပါတီအေသးစားေလးတစ္ခု
လို ျဖစ္ေနၿပီမို႔ ေမာင္သည္ဘာမွျပန္မေျဖဘဲ
ဆိုင္သူေလး၏လက္ေတြကိုဆြဲကာေအာက္ထပ္သို႔ဆင္း
သြားခဲ့သည္။

"Party Party Yeah!!!!!!"

ခုနေလးတင္ ဒီလိုအေပ်ာ္အပါးဘဝေနထိုင္မွု
ေတြကိုမႀကိဳက္ပါဘူးဟု ေျပာခဲ့ေပမယ့္
ခ်က္ခ်င္းပဲ အေပ်ာ္အပါးထဲ ေမာင္ဆြဲေခၚရာ
ေနာက္သူပါလာခဲ့ၿပီ။တကယ္တမ္းက်
ျငင္းသလားဆိုေတာ့မျငင္းမိခဲ့ပါ.....။

"ေနာက္ဆုံးေတာ့ ေဂ် အဆင္ေျပသြားခဲ့ၿပီ
ကၽြန္ေတာ္တို႔ ေဘာ္ဒါႀကီးကို လက္ခံေပးတဲ့
အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္
Jimin....."

အိမ္ေတာ္ႀကီးေရွ႕ကျမက္ခင္းစိမ္းေပၚရွိန္ပိန္
ေတြဝိုင္ေတြ အရက္ေတြေဖာက္လၽွက္
အတြဲကိုယ္စီျဖင့္ စိတ္လြတ္ကိုယ္လြတ္မူးၾက႐ူးၾက
ေတာ့သည္။

ေရာက္ေရာက္ခ်င္း ရွိန္ပိန္တစ္ခြက္ေသာက္ကာ
ဘာျဖစ္လို႔ျဖစ္ေနမွန္းမသိေသာ ေဂ်သည္
ဆိုင္သူေလး၏ပုခုံးေတြကိုမွီထားကာစကားပင္
ဟဟမေျပာနိုင္ခဲ့..။

နမ္းၿပီးထဲက ပုံမွန္မဟုတ္ေနခဲ့တာ.....။
အတင္းအက်ပ္ကိုလိုက္ကပ္ေနၿပီးလည္ပင္းကို
တရွုံ႔ရွုံ႔နမ္းေနကာ အရက္မူးေနတာမ်ိဳးလည္းမဟုတ္။
အသိစိတ္ေပ်ာက္ေနသလို ခ်စ္သူရည္းစားျဖစ္ျဖစ္
ခ်င္း ျဖစ္ပ်က္သြားေသာ ဒီေကာင္ေလးပုံစံသည္
ထုရိုက္ခ်င္စရာအတိပဲ.....။
လူေတြ႕ေရွ႕ ထိန္းမရသိမ္းမရ...။

"Rom ေဂ် ဘာျဖစ္ေနတာလဲ....."

"ငါလည္းၾကည့္ေနတာ...တခုခုပဲ...."

"Rom....မင္းေသာက္တလြဲေတြလုပ္လိုက္ျပန္ၿပီ
ထင္တယ္..."

"ဘာကိုလဲ.....ငါလုပ္ခိုင္းတဲ့အတိုင္း
လုပ္ေပးတာပဲေလ..."

"ေဆးကိုဘယ္Coffee ခြက္ထဲကိုထည့္လိုက္သလဲ
ခု အဲ့လိုျဖစ္ေနရမွာ MD Parkမဟုတ္ဘူးလား"

"ငါမွား ထည့္လိုက္မိတယ္ထင္....
ေဂ်က ညာဘက္မွာထိုင္မွာလို႔ေျပာတာမလား.."

"အ႐ူးရဲ့ ဘယ္ဘက္ ဘယ္ဘက္....!!!!"

"သြားၿပီ...."

ေမာင့္ကို အားလုံးကဝိုင္းေျမႇာက္ေပးခဲ့ၾကသည္။
အဆိုးအဝါးႀကီးမဟုတ္ေပမယ့္ ေသာက္မိရင္
အနည္းနဲ႔အမ်ားမူးေဝကာ ခံစားခ်က္ေတြ
အနည္းငယ္ေဖာက္ျပားတတ္ေသာေဆးအနည္းငယ္
သုံးကာ Valentines မွာ Suprise အႀကီးႀကီး
ဆိုင္သူေလးကို တိုက္ခ်ဖို႔ အင္တိုက္အားတိုက္
ေျဖာင္းျဖခဲ့ၾကသည္။

ေနာက္ဆုံးေမာင္ကလည္းေခါင္းညိတ္ခဲ့သည္။
ဘယ္သူက မခ်စ္ခ်င္ပဲရွိမလဲေလ။
ပူပူေႏြးေႏြးျဖစ္လာမဲ့ခ်စ္သူေလး.....။
လူငယ္သဘာဝ မဟုတ္တာဆိုစမ္းလိုက္မွဆိုတဲ့
စိတ္အခံနဲ႔ ႀကံဖန္ထားခဲ့ၾကတာ။

ေနာက္ဆုံးမိသြားသူကေမာင္ျဖစ္ေနကာ
ေခါင္းပင္မထူနိုင္ခဲ့..။ေတာ္ေသးတာေပါ့
တငုံႏွစ္ငုံသာေသာက္ခဲ့မိေပၚပုံၿပီး႐ုပ္ပ်က္
ဆင္းပ်က္ေတြထမျဖစ္လို႔....။

"ေဂ်....ေဂ် သူငယ္ခ်င္း အဆင္ေျပရဲ့လား..."

ရွိန္ပိန္ေတြပါဝင္ထားတာေၾကာင့္အလြန္ပင္
မူးေဝေနခဲ့ၿပီ။

"ခ်စ္တယ္....ParkJimin...ေမာင္အရမ္းခ်စ္တာ
ၾကည့္ရင္းနဲ႔ကိုအသဲေတြအရမ္းယားလာၿပီ..."

သိမ္းက်ဳံးဖက္လာကာ ဖရိုဖရဲအျပဳအမူေတြ
ေၾကာင့္Jimin ပထမဆုံးေန႔မွာတင္
ႏွုတ္ခမ္းဆူရၿပီ။အေကာင္းႀကီးကေန.....
ဘယ္လိုမ်ား.... ။

"ဘယ္လိုျဖစ္ေနတာလဲ...လူေတြနဲ႔
ရွိန္ပိန္ေလးတစ္ခြက္ဝင္တာ အ႐ူးလိုပဲ...."

"မေရွာင္ဖယ္ရဘူး အဲ့လိုေတြမလုပ္ရဘူး...
ေမာင္ မင္းကို အရမ္းႀကီး ခ်စ္တာ....."

႐ုတ္တရက္ႀကီးမ်က္ႏွာႀကီးျပန္တိုးလာ
တဲ့အခါသူ႔သူငယ္ခ်င္းေတြကဝိုင္းဆြဲၾကေတာ့သည္။

"Sorry Jimin..ဒီေကာင္ကမူးရင္ကၽြတ္ေရာ...."

သူငယ္ခ်င္းေတြလက္ထဲမွ႐ုန္းကန္ထြက္ကာ
ထိုင္ေတာင္မထိုင္နိုင္ေတာ့ ေဆးနဲ႔ရွန္ပိန္ေရာ
သြားမွုသည္ ေမာင့္ကို ပလပ္ကၽြတ္သြားေစပါသည္။
ေပါင္ေပၚၿပိဳဆင္းလာေသာ ခႏၶာကိုယ္ႀကီးကို
ထိန္းလိုက္ရၿပီး ခဏၾကာတဲ့အခါ ျမက္ခင္းျပင္
ေပၚမွာပဲ ေပါင္တံသြယ္သြယ္ေလးေပၚေခါင္းအုံးလၽွက္
ေမာင္အိပ္ေပ်ာ္သြားခဲ့ရသည္။

ေဂ့် ကို ၾကည့္ကာ ရီခ်င္စိတ္ကိုထိန္း၍
မရခဲ့တာေၾကာင့္ ႀကိတ္ႀကိတ္ရီေနၾကေသာ
Romတို႔ကို MD Parkၾကည့္ကာအလြန္စိတ္ပ်က္ေနသည္။

"မိုးလင္းရင္ ဆဲမွာပဲ...ငါဆိုးလ္မွာမရွိဘူး
လို႔ေျပာလိုက္သိလား....."

Romသည္ Valentines Day
Suprise ကို လြတ္သြားသည့္သူငယ္ခ်င္းျဖစ္သူ
ကိုၾကည့္လိုက္ ရီလိုက္ႏွင့္ မထိန္းနိုင္မသိမ္းနိုင္ခဲ့။
ေဂ်သည္ ေအးေအးလူလူပင္အိပ္ေမာက်ေနသည္။

.......
"ေက်းဇူးပဲ ကိုယ္တစ္ေယာက္ထဲဆို
တြဲနိုင္မွာမဟုတ္ဘူး....."

ေပ်ာ္ပြဲရႊင္ပြဲေတြၿပီးတဲ့အခါ သူငယ္ခ်င္းတစု
သည္ေဂ့်ကို အိပ္ခန္းထဲသို႔ေျဖာင့္ေအာင္
ထည့္ေပးခဲ့ၿပီး နိုင္ငံတစ္ခုခုသို႔ခ်က္ခ်င္းကူး
ေနေတာ့မွအဆင္ေျပမွာမို႔ တန္းေျပးၾကေတာ့သည္။

အိပ္ရာထဲေနရာခ်ေပးလိုက္တဲ့အခါShirt
အက်ီၾကယ္သီးေတြကိုမ်က္လုံးေတြမွိတ္ေနရက္
နဲ႔တလုံးခ်င္းျဖဳတ္ေနသူသည္ေခၽြးေတြလည္း
ပ်ံေနေသးသည္။

အိပ္ေရးေတြလည္းပ်က္ကာအနည္းငယ္လည္း
ေသာက္ထားတာေၾကာင့္Jimin ေျခလက္
ေတာင္မေဆးနိုင္အက်ီဟျပဲလူေဘး
ဝင္လွဲလိုက္သည္ႏွင့္ အသိစိတ္ရွိသလား
ေပ်ာက္သလားခန့္မွန္းမရေသာသူသည္
အက်ီကိုအကုန္အစင္ခၽြတ္ပစ္လိုက္ကာ
ရင္ခြင္ထဲသိမ္းထည့္ကာလုံလုံျခဳံျခဳံဖက္လာခဲ့သည္။

ပိုတိုးဝင္လိုက္ပါသည္.....။

အရင္ကေတာ့ လက္ကေလးေတြကို
သိမ္းထားရေပမယ့္ ခုက ခ်စ္တဲ့သူျဖစ္သြားၿပီမို႔
ေသးသြယ္ေသာလက္ကေလးေတြသည္
ေမာင့္ကိုယ္လုံးႀကီးကိုျပန္ဖက္ထားခဲ့လာသည္။

ကိုယ့္ဟာကိုယ္ဖက္ကာ တစ္ေယာက္ထဲႀကိတ္ရွက္
ေနၿပီး လက္ေမာင္းရင္းကေနလက္ဖ်ားအထိ
တက္တူးေတြကို တစ္ခုခ်င္းစီထိကာစပ္စုၾကည့္
ေနသည္။

"ခ်စ္စရာေလးေတြ......."

ေမာင့္တက္တူးေတြမွာခ်စ္စရာေကာင္းေသာ
အ႐ုပ္တစ္႐ုပ္မၽွပင္မပါေပမယ့္ဆိုင္သူေလးက
အရည္လဲ့ေနေသာမ်က္ဝန္းေလးေတြနဲ႔
ေသခ်ာၾကည့္ကာတစ္ေယာက္ထဲေရရြတ္ခဲ့သည္။
ေမာင္ဟာ ပိုတိုးၿပီးဖက္လာေတာ့ ပိုၿပီးေသးေကြး
သြားရကာေပ်ာက္လုမတတ္ျဖစ္သြားသည္။

အိပ္ေနတာလည္းေသခ်ာၿပီးသူဘာေတြလုပ္လုပ္
မသိနိုင္တဲ့ပုံေပၚတာေၾကာင့္ ႏွစ္ေယာက္ထဲအတူ
အိပ္ေနေသာအခန္းထဲမလုံမလဲတစ္ခ်က္ကေလး
ေဝ့ၾကည့္လိုက္ကာ ေမာင့္ႏွဖူးကို ႏွုတ္ခမ္းဖူးဖူးေလး
ႏွင့္ဖိကပ္နမ္းလိုက္သည္။

"ေမာင္က...ကိုယ့္အပိုင္ပဲ..."

ခပ္တိုးတိုးေလးေရရြတ္လိုက္ကာဆိုင္သူေလး၏
မ်က္ဝန္းေလးေတြအထူးေတာက္ပေနခဲ့သည္။
ညသည္ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းေလး....။

..........

"ဘယ္လို!!!!Rom....!"

"မင္းမပါလို႔ TaeHyung အရမ္းမိုက္တာကြာ
ဒီေကာင္မႀကိဳက္တုန္းကလည္းမႀကိဳက္လို႔
ႀကိဳက္ေတာ့လည္း တားမရဆီးမရ
မင္းကို ငါ ေတြ႕ေစခ်င္တယ္သိလား....
မင္းဘယ္ေတြေပ်ာက္ေနတာလဲ...."

"ငါေနမေကာင္းလို႔......."

"ဂ႐ုစိုက္အုန္း မေတြ႕ရတာေတာင္ၾကာၿပီ..."

"ဒါဆို သူတို႔က ခ်စ္သြားၾကၿပီလား...."

"ေျပာမေနနဲ႔ အလြင့္ အလြင့္ အိမ္ကိုေတာင္
တတိယထပ္အထိ တက္နမ္းပစ္တာ
လူမသိမွာစိုးလို႔ေလ....."

"ဟုတ္လား....ငါေနမေကာင္းေနတာနဲ႔
ပြဲႀကီးပြဲေကာင္းေတြေတာင္လြတ္ကုန္တာပဲ
ဒါပဲ Rom ငါနားေတာ့မလို႔...."

"ေအးပါ...ေနေကာင္းတာနဲ႔ငါတို႔ဆီလစ္ခဲ့အုန္း...."

"စိတ္ခ် လာခဲ့မယ္...."

ဖုန္းခ်ၿပီးသည္ႏွင့္ TaeHyung ဧည့္ခန္းကခုံေပၚ
ေျခပစ္လက္ပစ္ထိုင္ၾကကာ ဖုန္းကိုခပ္ေဝးေဝး
သို႔လႊတ္ပစ္လိုက္သည္။
အကုန္JungHoseokေၾကာင့္....။
ဖုန္းဆက္ၿပီးေအာ္ရင္လည္းတရားေတြပဲခ်ေနအုန္းမွာ။

ေဒါသေတြသည္ေပါက္ကြဲမထြက္ရ၍ေလွာင္ပိတ္
ေနကာလက္ဖ်ားေတြပင္တုန္ရီေနခဲ့သည္။

ထပ္ခါထပ္ခါမွာ သူပဲ.....
ဘာေတြမ်ားေကာင္းလို႔လဲ....ဘယ္ေနရာကမ်ား
မက္ေမာစရာမ်ားရွိေနလို႔လဲ....
ဇာတ္သိမ္းက ဒီလိုျဖစ္လို႔ဘယ္လိုလုပ္တရားမွာလဲ။
JeonJungkook ဟု အက်ယ္ႀကိီးေအာ္ကာ
ပိုးစိုးပက္စက္ေတြေျပာပစ္လိုက္ခ်င္ပါသည္။

အခန္းထဲေျပးဝင္ကာ သိပ္ႀကိဳက္လွေသာ
ေရေမႊးပုလင္းေတြကို အကုန္တိုက္ခ်ပစ္သည္။
က်ကြဲသြားေသာ အပိုင္းအစေတြနဲ႔အခန္းထဲတြင္
အနံ႔ေပါင္းစုံမႊန္ထူသြားလၽွက္.....။
ဖ်က္ဆီးလို႔ရမယ့္ပစၥည္းေတြအားလုံးကို
ကိုင္ေပါက္လႊတ္ပစ္ကာ ေပါက္ကြဲထြက္ခဲ့သည္။

ဒီတစ္ခါငါကိုယ္တိုင္ပဲ......။ငါကိုယ္တိုင္ဆိုရင္
ေတာ့ ကြဲကြာသြားမွာပါ....။

သူတို႔ကြဲကြာသြားရင္ေရာ မင္းသခင့္ကိုရမွာလား
KimTaeHyung ဟု ဆိုတဲ့အခါ TaeHyung
မ်က္ရည္ေတြတစ္စက္ခ်င္းက်လာကာ
ၾကမ္းျပင္ေပၚၿပိဳလဲက်မတတ္ေအာ္ငိုခဲ့သည္။

ရတယ္....အခ်စ္ေတြကိုနားလည္ေအာင္ျပၿပီး
လမ္းေၾကာင္းေပးနိုင္ရင္ သခင္က ငါ့ကိုခ်စ္မွာပဲ...
ဘယ္လိုဆိုဆို လူဆိုးလူမိုက္လူရမ္းကားထက္ငါက
အစစအရာရာမွာပိုသာတယ္...
JeonJungkook က လူဆိုး ငါကလူေကာင္း......။
ဘာလို႔မရရမွာလဲ......။

ခ်စ္သြားတယ္ဆိုတာ ေခါင္းစဥ္သပ္သပ္ပဲ
JeonJungkook ေလာက္အခ်စ္ေပါမ်ားတဲ့သူ
မရွိဘူး....သခင့္ကို လွည့္စားေနတာ မာယာမ်ားေနတာ
သူ႔ထက္ သူ႔ထက္ ဒီကမၻာမွာ သခင့္ကိုပိုခ်စ္နိုင္တဲ့
သူမရွိပါဘူး.....လုံးဝမရွိဘူး...။
ကြဲရမယ္ကြဲကိုကြဲရမယ္......။

က်ိဳးပဲ့လာတဲ့ယုံၾကည္ခ်က္ေတြကိုမာန္တင္းရင္း
အခန္းၾကမ္းျပင္ေပၚတြင္ရွိုက္ေနတဲ့TaeHyung
ဟာနာနာက်င္က်င္...။
မြန္းက်ပ္လြန္းလို႔ အသက္ရွုစရာေလထုမရွိေတာ့
ဘူးလို႔ေတာင္ထင္မိသည္။

တီး...ေတာင္.....

ေဒါသတရားေတြနဲ႔ပူပူေလာင္ေလာင္ငိုေႂကြးေနတုန္း
Bellသံေၾကာင့္ပိုေတာင္ေဒါသထြက္သြားရသည္။
ညသန္းေခါင္ဘယ္သူလာဇယားေနာက္ျပန္ၿပီလဲ
။လူႀကီးေတာ့မျဖစ္နိုင္။
လူႀကီး Hoseokဆိုင္မွာလာေခၚသြားၿပီး
သူျပန္ေကာင္းလာထဲက ျပန္ေပ်ာက္သြားျပန္သည္။

ဘဝသည္ေဘးမွာ ေဒါသေတြ ေမာဟေတြ
လိုခ်င္တက္မက္မွုေတြသာပတ္ပတ္လည္ဝိုင္းေနခဲ့သည္။

ေဒါသမ်က္လုံးေတြနဲ႔ပဲအခန္းအျပင္သို႔
ထြက္ကာတိုက္ခန္းတံခါးဖြင့္လိုက္ေတာ့
Delivery တစ္ေယာက္....။

"မဂၤလာပါ KimTaeHyungလားမသိဘူး..."

"အင္း...."

"MinYoongi က ဒါေလးေတြValentines အတြက္
လက္ေဆာင္ပို႔ခိုင္းလိုက္လို႔ပါ ကၽြန္ေတာ့္ကို
လက္မွတ္ေလးထိုးေပးပါအုန္း...."

ခရမ္းေရာင္ပန္းစည္းအႀကီးႀကီး......။
ၿပီးေတာ့ ခရမ္းေရာင္ဝက္ဝံ႐ုပ္ေလး....။
ထယ္အႀကိဳက္ဆုံးတံဆိတ္ေခ်ာကလက္ဘူးေလးေတြ။
႐ူးသြပ္ရေသာ ေနာက္ဆုံးထြက္အႀကိဳက္ဆုံး
Brandမွေရေမႊးပုလင္း......။

15ရက္ေန႔ကိုကူးေတာ့မယ့္ဆဲဆဲနီးနီးကပ္ကပ္ေလး
မွာေရာက္လာခဲ့ေသာပစၥည္းေလးေတြ။
အထူးဆန္းဆုံးကစာတစ္ေစာင္....။
လူႀကီးက ထူးထူးဆန္းဆန္းစာေတြနဲ႔.....။

စိတ္မၾကည္လင္ေသာအခ်ိန္ေရာက္လာေသာ
အႀကိဳက္ဆုံးအေရာင္နဲ႔ခ်စ္စရာပစၥည္း
ေလးေတြေၾကာင့္အာ႐ုံေတြေခတၱေတာ့ေျပာင္းသြား
ခဲ့ပါသည္။
ခရမ္းေရာင္စာရြက္ေလးအေပၚမွင္အနက္ေရာင္
ျဖင့္လူႀကီးစာတခ်ိဳ႕ေရးထားသည္။

....လြမ္းတယ္...လူႀကီးအတြက္မဟုတ္တဲ့
လူႀကီးရဲ့အရာရာေလး..ထယ္....

မင္း မခ်စ္တဲ့ မင္းရဲ့လူႀကီး ေရာက္လာရင္
အေႏွာက္အယွက္ျဖစ္မွာစိုးလို႔...
အတူတူျဖတ္သန္းခဲ့တဲ့ Romatic အျဖစ္ဆုံး
ကိုယ္နဲ႔မင္းရဲ့ ၿပီးခဲ့တဲ့Valentines ေတြကို
လူႀကီးမသိခ်င္ေယာင္ေဆာင္ထားရတယ္.....

ခ်စ္သူမ်ားေန႔မွာ ခ်စ္သူကို လာမေတြ႕ရဲတဲ့သူပါ ထယ္
ႏွလုံးသားက ကိုယ့္ဆီမွာမွမဟုတ္ခဲ့ေတာ့
ခံနိုင္ရည္အားေတြလည္းအရမ္းနည္းလာပီထင္ပါရဲ့ကြာ

ထယ္ေယာင္းဖတ္ေနရင္းမ်က္ေမွာင္ေတြက်ဳံ႕သြား
ကာၿပီးေအာင္ဆက္မဖတ္ေတာ့ဘဲ
စာရြက္ကိုလုံးေခ်ပစ္လိုက္သည္။
ထို႔ေနာက္အခန္းျပတင္းေပါက္ဆီေျပးကာဆြဲဖြင့္
ေတာ့ကားအနက္ႀကီးကိုမွီကာမတ္တပ္ရပ္ေနေသာ
MinYoongi....။

ဘဝကိုအတူတူျဖတ္သန္းရျခင္းအမွတ္တရေတြက
သိပ္ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာအဲ့တာပဲ....။
လူႀကီးလား ဒီလိုစာတေစာင္ပို႔ၿပီး
သူ႔ကိုယ္သူ သနားစရာေကာင္းလိုေခ်ာင္ကပ္ေနမွာ။
သိေနေတာ့ သိေနေတာ့ခက္လွပါသည္။

သက္သက္မဲ့ လာကလိျခင္း.....။
သူ႔သူငယ္ခ်င္းစာေရးဆရာကိုအျမဲအငွါးေရးခိုင္း
ေနတာလည္းကိုယ္မသိတာမဟုတ္။
အလြတ္ေတြရလြန္းေတာ့လည္းတခါတေလ
ရင္ခုန္စရာပင္မရွိေတာ့ပါ....။

ျပတင္းေပါက္ကလွမ္းၾကည့္ေတာ့ကားကိုမွီကာ
စူးရွေနေသာစိုက္ၾကည့္ေနတဲ့သူ။
မေတြ႕ရလိုက္ ေတြ႕ရလိုက္ႏွင့္ Valentines Day
က်ေတာ့လည္း ခုလိုျမင္ရေတာ့
အေငြ႕အသက္ေတြကလိမ္လို႔မရ...။

တစ္ႏွစ္က Valentines က အီတလီမွာ
မႏွစ္က ပဲရစ္မွာ.....စိတ္ကူးထဲရွိရာ
နိုင္ငံေတြကို လူႀကီးက ပါးစပ္ကထုတ္ေျပာ႐ုံနဲ႔
အကုန္အေရာက္ပို႔ၿပီးေနၿပီ။

အမွတ္တရေတြသတ္ရင္တကယ္ေသပါသည္။

ဘယ္ေလာက္ေခါင္းခါျငင္းဆန္ကာ
ParkJimin မွ ParkJimin ျဖစ္လည္း...
လူႀကီးက လက္ေတြ႕ဘဝလို
အျမဲတမ္းအခ်ိန္ကိုက္။

မဆင္းဘဲေနနိုင္လားဆိုေတာ့လည္း....
အမွတ္တရေတြကရွိခဲ့ေတာ့သံေယာဇဥ္ေတြက
ကပ္ညႇိေနေသးေတာ့ ထယ္ ခပ္စူစူေလးလုပ္ကာ
ေအာက္ထပ္သို႔ဆင္းလာရေတာ့သည္။

"အိပ္ေရးပ်က္သြားလို႔လားစူပုတ္ေနတာ..."

ညဝတ္အက်ီေလးနဲ႔ထယ္သည္ ဆံပင္ေတြကို
ထိုးဖြကာ မၾကည္မလင္ထြက္လာခဲ့သည္။

"မအိပ္ေသးဘူး အင္တာနက္သုံးေနတာ.."

"စာေလး သေဘာက်ရဲ့လား...."

"သူမ်ားေရးေပးတာေတြနဲ႔ ထယ့္ကို ငတုံးမွတ္ေနလား.."

"မင္း ဒီေလာက္ လူႀကီးအေၾကာင္းေတြသိေနတာ
ႏွလုံးသားကိုမျမင္တာေတာ့အံ့ဩတယ္...ထယ္"

မ်က္ႏွာလႊဲသြားၿပီ...။ထယ္ေျဖရွင္းတတ္တာ
ဒီနည္းတစ္ခုပဲ....။

"အစကေတာ့ပစၥည္းေလးေတြပို႔ၿပီး
မလာေတာ့မလို႔ဘဲ......လြမ္းေနတာနဲ႔....."

လူႀကီး ခပ္သာသာေျပာေနေသာ္ျငား
မသက္သာေနတာ သိပါသည္။
သန္မာတဲ့မ်က္ႏွာဖုံးႀကီးစြပ္ထားေပမယ့္
သူလုံးဝမရေတာ့လို႔ေျပးလာတာမွန္းလည္းသိပ္သိသာပါသည္။
အလြတ္ရလြန္းတာေတြသည္ တကယ္ဆိုးလွပါ၏။

"ဥေပကၡာေတြလည္းျပဳမယ္သာေျပာတာ...
လြမ္းတဲ့အခါက် ဘာကမွမကယ္နိုင္ပါဘူး..."

"လူႀကီး...ထယ့္ကိုအခက္ေတြ႕ေတာင္
လုပ္ေန ေျပာေန.ျပန္ၿပီ......"

"ထယ္ေလး....ဒီေန႔ေလးေတာ့
ျပႆနာေတြခဏတျဖဳတ္ေမ့ၿပီး
မင္းႏွလုံးသားကို ခဏေလးမသိခ်င္ေယာင္ၿပီး
လူႀကီး ကိုဖက္ထားေပးပါလားကြာ....."

ထယ့္ မ်က္ႏွာေလး ၿငိဳးငယ္သြားခဲ့သည္....။
ရင္ထဲ ကလွိုက္တက္လာေသာဝမ္းနည္းမွုသည္
ဘာေၾကာင့္မွန္းမသိ...။
ဒါက...လူႀကီး Character မွမဟုတ္တာပဲ.......။

"ထယ္......မဖက္ခ်င္ေတာ့ဘူးလား
သူ႔ကို ခဏေလးပဲျဖစ္ျဖစ္ေမ့ၿပီးေတာ့ေလ...."

ခက္ခဲလိုက္တာ.....ဘာလို႔မ်ားခက္ခဲလြန္းတဲ့
အေျခအေနေတြလဲ။
ဒီရင္ခြင္ဆိုတာဝင္ခ်င္တဲ့အခ်ိန္ဝင္
ထြက္ခ်င္တဲ့အခ်ိန္ေျပးထြက္
စိတ္ရွိတိုင္း ခုန္ေပါက္ေျပးေဆာ့ခဲ့ရတဲ့
ဆင္ဆာမဲ့တဲ့ ေနရာတစ္ခုေလ.....။
ဖက္ထားဖို႔ နမ္းရွိုက္ဖို႔ ထိေတြ႕ဖို႔ ခြင့္ေတာင္းျခင္းေတြ
မလို ခြင့္ျပဳျခင္းေတြမလို သူတို႔ႏွစ္ေယာက္
ဘဝက တသားထဲျဖစ္ခဲ့တာပဲ.....။

လူႀကီးက သနားဖို႔ေကာင္းေအာင္.......။

မ်က္ႏွာေလးတစ္ခ်က္မဲ့ခနဲ....။ေခါင္းေလးငုံ႔ကာ
ခပ္ေလးေလးေျခလွမ္းေတြနဲ႔အတူ
ထယ္...ရင္ခြင္ထဲကိုဝင္လာခဲ့သည္။

ထို႔ေနာက္ လက္ေခ်ာင္းလွလွေလးေတြနဲ႔
Yoongi ကိုသိမ္းဖက္ထားလိုက္တဲ့အခါ
လူႀကီးက ထယ့္ ပုခုံးေတြအေပၚေခါင္းငုံ႔ခ်လာသည္။

"မဖက္နိုင္ေလာက္ေတာ့ဘူးလို႔ထင္ခဲ့တာ ထယ္
ေက်းဇူးတင္ပါတယ္....."

"လူႀကီး....ေနာက္တစ္ခါ....ေနာက္တစ္ခါ
ဒီလိုမ်ိဳးေတြ လာမလုပ္ပါနဲ႔.....
ထယ့္ ခံစားခ်က္ေတြ အဆင္မေျပဘူး...."

ထယ္သည္ ငိုသံ ယဲ့ယဲ့ေလးႏွင့္...။
MinYoongi သည္ပုခုံးေတြေပၚေခါင္းစိုက္
ထားရင္းႏွုတ္ခမ္းေတြေကြးညႊတ္သြားေအာင္
ျပဳံးလိုက္သည္။

အားလုံးထဲမွာ ညစ္ပတ္မယ္ေၾကာ္ျငာေမာင္းခတ္ၿပီး
အျဖဴစင္ဆုံးက ထယ္ေလးျဖစ္ေနတာဟာ
ဘယ္ေလာက္မ်ားသေဘာက်စရာလဲ...။

ႏုႏုနယ္နယ္ ကေလးေလးလို ႏွလုံးသားေလး
သိပ္လွတာ MinYoongi သိပ္သိတာေပါ့....။
ကိုယ္ေမြးထားရတဲ့ကိုယ္ကေလးေလးလို
ရတနာေပါက္စေလးပဲဟာ.....။

ဘာကိုထိရင္ ဘာျဖစ္မယ္...ဘယ္အရာကထယ့္အားနည္း
ခ်က္ ဘယ္အရာက ထယ့္အားသာခ်က္.....
အတင္းအက်ပ္ ဥာဏ္မ်ားခ်င္ေသာအမွုေတြကို
ျပန္ၾကားရေတာ့ ရင္ေတြနာရေပမယ့္
အလြဲလြဲေတြျဖစ္တယ္ၾကားရေတာ့လည္း
ကူညီေပးခ်င္မိသား.....။

ညစ္ေတာ့ညစ္ပတ္တယ္.....
ခ်စ္စရာေကာင္းေအာင္ ခပ္လြဲလြဲေလးညစ္ပတ္တတ္
တဲ့ ဗီလိန္ေလး....။

အစြယ္ေတြသိမ္းၿပီး ငိုၿပ အသနားခံျပရမယ့္
ဇာတ္ကြက္ကိုေရာက္လာၿပီဆိုတာMinYoongi
သိတာမို႔ ပုံမွန္ဆို ဒီလို ေပးဆပ္သူႀကီးလို
လုပ္ဖို႔ အိမ္မက္ေတာင္ထည့္မမက္ခဲ့ေသာ္လည္း
လိုခ်င္ေတာ့လည္း ငိုသင့္ငို ရီသင့္ရင္ရီရမွာပဲ...။

ထယ္....သိပ္ခံစားလြယ္တာဟာ..တစ္ခါတစ္ရံ
သိပ္ဥာဏ္မ်ားလို႔ေကာင္းသည္။
ပါးပါးေလး သုံးလိုက္႐ုံနဲ႔ ေကာင္းကင္ျပာေလး
ဒီလူႀကီးကို သနားသြားၿပီ....။

အရမ္းႀကီး နာက်င္ေနပုံကိုမရရေအာင္
ဖန္တီးၿပီးညာတာပတ္ေတးျဖင့္ ခါးေသးေသး
ေတြကို တင္းက်ပ္စြာဖက္ထားခဲ့တာ
February 15ကိုေရာက္ခဲ့သည္။

အရွုံးသမားပုံစံနဲ႔ပဲ ပါးေလးႏွစ္ဖက္ကိုဖိကပ္နမ္းခဲ့ကာ
မ်က္ရည္ေတြဘာေတြဝဲျပလိုက္သည္။

သက္ျပင္းတစ္ခ်က္ ႏွစ္ခ်က္ခ်ရင္း
ထယ့္ တိုက္ခန္းေရွ႕ လမ္းမေပၚပင္ လမ္းမီးဝါဝါေအာက္
Valentines အနမ္းလွလွေတြကို ႏွုတ္ခမ္းလွလွေလး
အေပၚ ႐ူးခ်င္ေယာင္ေဆာင္ ခိုနားေတာ့
ေကာင္းကင္ျပာေလး Complain မတက္ရဲ.....။

MinYoongi သိပ္သနားဖို႔ေကာင္းေနရွာတယ္ေလ။

"ေတာ္ေတာ့....လူႀကီး..မ်ားၿပီ.....
ဝမ္းနည္းေနတာ ဆိုၿပီး......"

"Happy Valentines Day လူႀကီးရဲ့
ေကာင္းကင္ေလး....အရမ္းခ်စ္တယ္...."

ထယ္ေယာင္းကိုခ်စ္ၿပီးရင္ ဒုတိယအခ်စ္ရဆုံးက
ေကာင္းကင္ေရာင္ ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြပဲ။
သပ္ရပ္သြားေအာင္ လက္ေတြနဲ႔ရွင္းလင္းေပးရင္း
MinYoongi ဆိုေတာ့ မ်က္ေတာင္အရွည္ႀကီး
ေတြက မသိခ်င္ေယာင္ေဆာင္ေနသည္။

"ကိုယ့္ကို မခ်စ္နိုင္ေနတဲ့ ပုံစံေလးကိုေတာင္
ကိုယ့္မွာ သိပ္ခ်စ္ေနေတာ့ ဘယ္လိုလုပ္ရမလဲ
ထယ္ေလးရယ္....."

ထပ္ေပြ႕ဖက္လာေပးတဲ့သူ...။
သူဘာမွမေျပာတတ္ေတာ့လို႔လုပ္တဲ့အျပဳအမူမွန္း
သိကာMinYoongi ၿငိမ္ၿငိမ္ေလးေနေပးလိုက္သည္။

အၾကမ္းနည္းမရရင္ အႏုနည္း...
အႏုမရရင္ မၾကမ္းတၾကမ္း
မႏု တႏုနဲ႔....ေနာက္ဆုံး ဘယ္လိုလုပ္ရလုပ္ရ
လက္ဝယ္ပိုင္ဆိုင္ဖို႔က အဓိက
ထယ္ခ်စ္တာ ParkJiminမကလို႔ ParkJimin
ထက္ပို တဲ့ျဖစ္တည္မွုျဖစ္ျဖစ္
MinYoongi တစ္စက္ကေလးမွဂ႐ုမစိုက္ပါ....။

ParkJimin က ဘာမလို႔လဲ...
JeonJungkook ကိုခ်စ္ေနရက္နဲ႔
မ်က္ႏွာဖုံးေပါင္းစုံစြပ္ၿပီး ေဝဖန္မွုေတြကို
ကန္ထားရတဲ့သူေလ....
ေအးခ်မ္းေနတဲ့ ရိုးရိုးရွင္းရွင္းလူမွမဟုတ္တာႀကီး...။

အားလုံးက သူ႔အေရာင္ေတြနဲ႔သူ....။

...........................။

ေခါင္းေတြထိုးကိုက္လာတာေၾကာင့္မခံစားနိုင္
ျဖစ္ကာလန့္ႏွိုးလာခဲ့သည္။
အခန္းျပတင္းေပၚကိုျဖာက်ေနတဲ့ေနေရာင္ေၾကာင့္
မိုးလင္းေနၿပီဆိုတာသိလိုက္ရကာ ေမာင္
ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

ညက ေန ဘယ္လို မနက္အထိေရာက္သြားတာလဲ။
လက္ေမာင္းတဖက္ေလးေနတာမို႔
ၾကည့္မိေတာ့ အသက္ရွုမွန္မွန္ေလးအိပ္ေပ်ာ္ေနတဲ့
ဆိုင္သူေလး....။

ေတာ္ပါေသး ဒီမနက္ေတာ့ မဖိမိဘဲ....
ေကာင္းေကာင္းအိပ္ခြင့္ရေနတာ....။

ညကအေျခအေနသည္ လုံးဝႀကီးေျပာင္းလဲသြား
ၿပီမို႔ ေမာင္ ျပန္ေတြးကာ လွစ္ခနဲျပဳံးလၽွက္
ေက်နပ္ေနသည္။

"တစ္ခါထဲကို ျပန္ႀကိဳက္တာ....
ငါဘယ္ေလာက္ပိုင္လိုက္သလဲ........"

ျပဳံးေနရင္းမွ ေတြခနဲျဖစ္သြားရျပန္သည္။
ျပန္ႀကိဳက္ၿပီးရင္ ဟိုေကာင္ေတြ အႀကံေပးတဲ့
Suprise ကိစၥရွိေသးတယ္ေလ....။
အဲ့တာငါဘယ္လိုျဖစ္သြားတာလဲ ..။
ဝရံတာမွာနမ္းခဲ့တယ္ ေအာက္ထပ္ဆင္းၿပီး
ေသာက္တယ္...ၿပီးေတာ့ ဘာျဖစ္သြားတာလဲ...။

Jimin ေပါင္ေပၚ ဘုန္းခနဲလဲက်သြားတဲ့
ပုံရိပ္ကိုျပန္ေယာင္ၿပီးတဲ့အခါ ေမာင့္ မ်က္ႏွာ
ေမွာင္မဲသြားသည္။

ငါSuprise မလုပ္လိုက္ရဘူးလား......။

ေခါင္းေတြသည္တဆစ္ဆစ္ထိုးကိုက္ကာ
ေဝဒနာသည္အလြန္ဆိုးဝါးလြန္းသည္။
ဒီေလာက္ဘာမွမမွတ္မိနိုင္ေလာက္ေအာင္
ျဖစ္သြားခဲ့ရတာ ဘာေၾကာင့္လဲ....။
ရွန္ပိန္ေသာက္႐ုံနဲ႔ ဘာမွမသိရေတာ့တဲ့
ဘဝမ်ိဳးမဟုတ္...။

ေမာင္ မ်က္လုံးႀကီးျပဴးကာ မ်က္ႏွာက်က္
ကိုစိုက္ၾကည့္ၿပီး အတင္းအက်ပ္ျပန္ေတြးေနတုန္း
မွာပဲ...Jimin ႏွိုးလာခဲ့သည္။

"ဟင္!!!!ဘယ္ႏွနာရီေတြ ရွိကုန္ၿပီလဲ.....
ငါ့အလုပ္ ငါ့အလုပ္....."

အေတြးေတြကိုမနည္းျပန္ေခၚေနရတဲ့ၾကားထဲ
ရင္ခြင္ထဲက အလုပ္သရဲေလးသည္
သူနဲ႔ကိုယ္ ခ်စ္သြားသည့္ကိစၥကို နိုးနိုးခ်င္း
သတိမရ....အလုပ္ေနာက္က်ေနၿပီျဖစ္တာ
ေၾကာင့္ အတင္းတြန္းဖယ္ထကာ ထြက္ေျပးဖို႔
လုပ္ေတာ့သည္။

လႊတ္ေပးစရာလား......။ေစာင္ေတြဘာေတြဖယ္ကာ
ထေျပးေတာ့မည့္ ခါးေသးေသးေလးကို
ဆြဲခ်ကာ အသက္ရွုမရေအာင္အားအကုန္သုံး
ဖ်စ္ညစ္ပစ္ေတာ့ အသံပင္မထြက္နိုင္လႊတ္ေပးမွ
ထေအာ္ေတာ့သည္။

"နာတယ္...!!!!"

"ဘယ္အလုပ္ကိုသြားမွာလဲမသြားရဘူး
တေနကုန္ အိပ္ရာထဲမွာပဲေနမယ္...
နမ္းလိုက္ နားလိုက္ နားလိုက္နမ္းလိုက္
ဘယ္လိုလဲ....."

"အေရးႀကီးကိစၥေတြရွိလို႔....."

အရင္လို ပိုးစိုးပက္စက္ျပန္ေျပာလို႔မရေတာ့။
ခ်စ္သြားၿပီဆိုတဲ့ေနာက္ မီးေတာင္ေလးက
ႏွင္းေတာင္ေလးလို ႐ုပ္ေျပာင္း႐ုပ္လြဲ...။

"ေမာင့္ ထက္ကို အေရးႀကီးေနတာလား...
မရဘူး....မသြားရဘူး ညက ခ်စ္တယ္ဆို
တာဝန္ယူရမယ္....."

"စာခ်ဴပ္ကအေရးႀကီးတယ္ ငါလက္မွတ္ထိုးမွ...."

"ဒီကို ထိုး လာ...."

လက္ကေလးတဖက္ကိုယူကာ အဝတ္မဲ့တဲ့
ရင္ဘက္ႀကီးေပၚဆြဲတင္ေတာ့ ဆိုင္သူေလး
ျပဳံးယဲ့ယဲ့....။

"ငါ့ကို ေနာက္မေနနဲ႔....လႊတ္အုန္း
တကယ္ေနာက္က်ေနၿပီ...."

"မလႊတ္ဘူး......ျပန္အိပ္မယ္ကြာ....
သြားမေနနဲ႔ ပထမဆုံးေန႔ေတာင္
မင္းက မင္းအလုပ္ပဲ....ေျပာေတာ့လည္း
ခ်စ္တယ္ဆိုၿပီး...."

"အလုပ္ကအလုပ္ အခ်စ္က အခ်စ္ေလ
ခ်စ္တာနဲ႔ အိပ္ႀကီးပဲေနလို႔မွမရတာ..."

"ေမာင္ကေတာ့ အိပ္ပဲအိပ္ခ်င္တယ္..."

"ညစ္တိညစ္ပတ္နဲ႔....."

ေမာင္သည္..လွဲအိပ္ေနေသာဆိုင္သူေလး
အေပၚ႐ုတ္တရက္အုပ္မိုးလာကာ
ၾကင္နာျခင္းမ်က္လုံးေတြနဲ႔စိုက္ၾကည့္လာသည္။

"အခ်စ္ ဆိုတာ ဒါပဲကို......
ေခါင္းကိုက္ၿပီး အိပ္ရာနိုးလာရတာေတာင္
ခ်က္ခ်င္း လန္းဆန္းသြားရတယ္..."

"လာပီ ပလီပလာေတြ......"

"ခ်စ္လား ေမာင့္ကို......."

မေျဖဘဲ မ်က္ႏွာလႊဲသြားသူသည္ရွက္ကိုးရွက္ကန္း...။

"ခ်စ္လား......"

ထပ္မေျဖပါ.....မၾကားသလိုတဖက္ကိုလွည့္ေနရင္း
မွစားပြဲေပၚတင္ထားေသာ Driver ဦးေလးႀကီး
ေပးတဲ့အသဲပုံေခ်ာကလက္ေသးေသးေလးကို
လွမ္းယူလိုက္သည္။

"ဒါ....စား......"

ကမ္းေပးလာေသာေခ်ာကလက္ေသးေသးေလး
ကိုေမာင္က နားမလည္သလိုၾကည့္ရင္း
ေၾကာင္အအ...။

"ဒါ ...ငါ့ႏွလုံးသား လို႔သေဘာထားလိုက္
မင္းကို တစ္ခုလုံးေပးတယ္....
ေရာ့......"

"ႏွလုံးသားကေသးေသးေလး......"

"ေသးေပမယ့္....စစ္တယ္.....
အတုအေယာင္ တစ္ခုမွမပါဘူး.....
အစအဆုံး အကုန္ အမွန္တရားေတြႀကီးပဲ...."

ေမာင္ သည္ ေခ်ာကလက္ကေလးကိုယူ
လိုက္သည္။ သေဘာက်စြာျပဳံးေနကာ
အခ်ိန္ေတာ္ေတာ္ၾကာစိုက္ၾကည့္ေနခဲ့သည္။

ဦးေလးႀကီးရဲ့မိန္းမက ဒီအသက္အရြယ္အထိ
ေခ်ာကလက္ေပးတုန္းပဲတဲ့...။
ခ်စ္ျခင္းေမတၱာဟာ ဘယ္ေလာက္စစ္မွန္ၿပီး
ႀကီးမားလိုက္သလဲ.....။
ၾကင္နာျခင္းဆိုတာေတာင္မသိတဲ့ ကေလးကို
ဒီလို စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာေတြအလုံအေလာက္
စီးဆင္းေနတဲ့ ပစၥည္းေလးေပးလိုက္ျခင္းဟာ
ဒါေလးကေန သူ႔ႏွလုံးသားခပ္ဆိုးဆိုးေလးဆီ
ေကာင္းျခင္းေတြကူးစက္ၿပီး ကိုယ့္ကို
အမ်ားႀကီး ခ်စ္ေပးေစခ်င္တဲ့ အတၱလွလွေလးပါ။
ခ်စ္တတ္ ၾကင္နာတတ္ ျမတ္နိုးတတ္
တန္ဖိုးထားတတ္ လာေစခ်င္တဲ့ေစတနာလည္းပါတာေပါ့ေလ။

" ေခ်ာကလက္စားၿပီး ျပန္အိပ္ရင္အိပ္ေနေလ
ငါေတာ့သြားမွျဖစ္မယ္....ညေနေစာေစာ
ျပန္လာခဲ့မယ္...."

"ေခ်ာ့တာ ေတြ အဆင္မေျပဘူးဗ်ာ...."

မေပ်ာ့ခ်င္ေပမယ့္ မေခ်ာ့ခင္ထဲေမ်ာသြားတတ္
သည့္ေမာင္သည္ကိုယ့္ကိုကိုယ္အားမလိုအားမရ
ျဖစ္ကာေခ်ာကလက္အနီေလးကိုင္ၿပီး
ေခါင္းအုံးထဲေခါင္းကိုအတင္းတိုးေနျပန္သည္။

Jimin သည္အိပ္ရာထကာေရခ်ိဳးလုပ္စရာ
ရွိတာ ျပင္စရာရွိတာ အျမန္ျပင္ဆင္ရင္း
Company သြားဖို႔စီစဥ္ေနသည္။
ေမႊးႀကိဳင္ေနေသာေရေမႊးေလးျဖန္းခ်ကာ
အရင္ကထက္ ျပင္ရဆင္ရတာ ပိုေပ်ာ္ရႊင္ေနသလို။
မွန္ထဲတြင္ ကိုယ့္ပုံရိပ္ကိုယ္ၾကည့္ကာ
ေက်ေက်နပ္နပ္...။

ေနာက္ဆုံး အေပၚထပ္Coatကိုထပ္ဝတ္ကာ
ကားေသာ့ယူလိုက္ေသာအခ်ိန္တြင္
အိပ္ရာထဲမွ ထလာသူ သည္ဆံပင္ေတြခပ္ရွုပ္ရွုပ္ျဖင့္
ဆိုင္သူေလးဆီကိုေလၽွာက္လာေတာ့သည္။

JeonJungkook သည္ အစအဆုံးျပင္ဆင္
ၿပီးၿပီဆို မခ်စ္ခင္ထဲက အက်ီေတြကို
သူ႔မ်က္ႏွာျဖင့္လိုက္ပြတ္သပ္ကာမႀကိဳက္မွန္းသိ၍
လိုက္ေႏွာက္ယွက္တတ္ပါသည္။
ခုလည္း ညစ္တိညစ္ပတ္လုပ္ဖို႔လာမွန္းသိပ္သိတာ
ေၾကာင့္....

"မ်က္ႏွာမသစ္ဘဲ လာ မညစ္ပတ္နဲ႔ေနာ္
မင္းအေၾကာင္းငါသိတယ္...ငါဒီေန႔
ေသခ်ာျပင္ဆင္ထားတာ..."

"မရဘူး....လာခဲ့...."

မလာပါဘူး...။အိတ္ဆြဲကာအခန္းတံခါးဖြင့္ၿပီး
ေျပးေတာ့ ေနာက္မွေျပးလိုက္သည္။
တဒုန္းဒုန္းေျခသံေတြနဲ႔အတူတအိမ္လုံး
ဆူညံသြားေတာ့သည္။

"ရန္ျဖစ္ျပန္ၿပီလား...မသိဘူး
သတိထားၾကအုန္း....."

ေအာက္ထပ္ကအလုပ္သမားေတြသည္
ေျခသံျပင္းျပင္းေတြၾကားရတာေၾကာင့္
သတိအေနအထားလုပ္ကာေစာင့္ေနၾကရသည္။
ေျပးဆင္းလာသူ ဆိုင္သူေလး....
တစ္အိမ္လုံးအံ့ဩလြန္းလို႔ စကားပင္မေျပာနိုင္။
ႏွုတ္ခမ္းေလးေတြေကြးညႊတ္ေနေအာင္
ျပဳံးကာ ေလွကားထစ္ေတြအတိုင္းတခစ္ခစ္
ရီကာ ဆင္းလာေနသည္။

ေနာက္တြင္ အေပၚပိုင္းဗလာျဖင့္သခင္ေလး
သည္ သားေကာင္ေလး လိုက္ဖမ္းေနေသာ
မုဆိုးႀကီးလို ကပ္လၽွက္ပါလာကာ
ေလွကားဆုံးတဲ့ အခါ အကိုေလးကိုမိသြားခဲ့သည္။

ခါးကေန ကေလးေတြကိုဆြဲမသလို
လက္ေမာင္းတဖက္ထဲနဲ႔ဆြဲမကာ
မနက္စာစားပြဲသို႔ေခၚလာေတာ့...
အားလုံးေရွာင္ဖယ္ေပးခဲ့ၾကရသည္။

ရီသံေလးေတြတလြင္လြင္ျဖင့္.....
အကိုေလးနဲ႔ သခင္ေလးသည္ သူတို႔ကို
ျမင္လည္းမျမင္ ေတြ႕လည္းမေတြ႕ခဲ့ၾကပါ....။
ႏွစ္ေယာက္ထဲသာ ကမၻာတစ္ခုတည္ေနခဲ့ၾကသည္။

............

Bạn đang đọc truyện trên: AzTruyen.Top