💔28💔(Part1)

"Hyung........ကိစ္စကလေ.....
ကျွန်တော်ကလည်းမတရားတာဆိုရင်
ကြည့်မနေနိုင်တော့.....
သူတို့နှစ်ယောက်ပေါင်းပြီး အလုပ်သမားတွေကို
နှိပ်စက်နေမှာလည်းစိုးတယ်.....
Jimin က ပြောရရင် ကျွန်တော့်အတွက်
ကလေးတစ်ယောက်ဆိုလည်း မမှားဘူး
ဟိုလိုမျိုး သံယောဇဉ်တွေကတော့ဖြတ်တောက်လိုက်
ပါပြီ....ကျွန်တော့်ကို Hyung စကားမပြောဘဲနေနေတာကအဆင်မပြေဘူး.....အဲ့တာ...."

"ငါ့ကိုလည်းအဲ့လိုမျိုးဂရုစိုက်ပါ
ဆရာဝန် မို့ အသက်ကြီးတဲ့သူမို့
အသေးစိတ်ကြည့်နေဖို့မလိုတော့ပါဘူးလို့
မတွေးပါနဲ့ ငါမရင့်ကျက်ဘူးJoon
အထူးသဖြင့်မင်းနဲ့ပတ်သတ်လာရင်
ငါရင့်ကျက်မပေးနိုင်ဘူး......"

သုံးနှစ်တာလောက်တွဲခဲ့ကြတော့လည်း
Jimin နဲ့ကျွန်တော်က တချို့အငွေ့အသက်လေး
တွေက ချိတ်ဆက်မိတုန်းမို့ ကလေးကလည်း
ယောင်သည်။ကျွန်တော်ကလည်းတရားမပြရရင်
မနေနိုင်...။လမင်းလေးသည်လုံးဝစိတ်ကောက်
သွားသည်။

လမင်းလေးက စိတ်တောင်ညစ်တတ်ရဲ့လား
ဟုသံသယတွေဝင်ခဲ့ဖူးတယ်။
ဘာလို့ဆိုအမြဲတမ်းပြုံးပျော်နေကာပေါ့ပေါ့ပါးပါးလေး
မို့ကျွန်တော်အများကြီးလျှော့ပေါ့တွေးခဲ့တာ။

စိတ်ကောက်တယ်ဆိုသောခေါင်းစဉ်တွင်
Coffee ဆိုင်ကပြန်ပြီး နောက်ရက်တွေအထိ
ကျွန်တော့်ကိုလုံးဝစကားမပြောတော့။

"ဂရုစိုက်ပေးနေတာမဟုတ်ဘူးလေHyung ရာ
မတရားတာကိုပြောပြ ထိန်းကျောင်းပေးတာပါ..."

"Joon...မင်းငါ့ကိုချစ်ရောချစ်ရဲ့လား
ငါ့ဘက်က အတင်းအကျပ်လိုက်ကပ်နေလို့
အားနာပါးနား တွဲပေးလိုက်ရတာမျိုးလား
ငါJimin ကို မြင်တိုင်းမှာ အလိုမကျဘူး......"

ကလေးကပေးတဲ့ဒဏ်ရာတွေနေသားမကျခင်
မှာတော့ဝန်ခံပါတယ် ဒေါက်တာကသူ့အတွက်
ရိုးရိုးလေးပဲ....။အချိန်တွေကုန်လာတဲ့အမျှ

အမြဲသစ်သီးနံ့လေးသင်းနေတဲ့ကိုယ့်သင်းနံ့လေးတွေ....
ရီလိုက်ပြုံးလိုက်တဲ့ရင်ထဲအေးမြသွားရတဲ့
Hyungရဲ့ တန်းခိုးအရှိန်အဝါတွေ....
Joonလို့ခေါ်တိုင်း လင်းခနဲလက်ခနဲလမင်းလေး
ရဲ့မျက်လုံးလေးတွေ......
နေ့တိုင်း Coffee လာပို့ခြင်းကိုမပျက်ကွက်ခဲ့....
မဖတ်ဘဲစာအုပ်တပုံကြီး ဝယ်ခြင်းတွေကို
မရပ်တန့်ခဲ့....
အနှောင်အသွားမလွတ်တဲ့ စကားလုံးလေးတွေ
စီပြီး ရှက်ကိုးရှက်ကန်း တဖက်လှည့်ဝန်ခံနေတဲ့ပုံလေး
တွေက အချစ်ဦးကပေးတဲ့ဒဏ်ရာရာဘယ်လောက်
နက်နက်....မနာတော့အောင်စွမ်းဆောင်နိုင်သည်။

တဖြည်းဖြည်းကလေးကို ဝေဝါးလာပြီး
Coffee လာမပို့ရင်မျှော်နေတတ်ကာ
စိုးရိမ်မှုတွေတောင် ဝင်ရောက်လာခဲ့ဖူးသည်။

KimNamJoonရဲ့နှလုံးသားကHyungပြုံးပြလိုက်ရင်ကို
ဆဲလ်အသစ်တွေ ထပ်ထပ်မွေးဖွားနိုင်ခဲ့တယ်။

အချစ်ဦးကိုအချစ်ဦးနေရာလေးမှာတိတ်တဆိတ်
သိမ်းဆည်းလိုက်ရပြီးအချစ်ဆုံးဖြစ်လာမယ့်
လမင်းလေးနဲ့ကျ ကျွန်တော့်ပါးချိုင့်တွေ
ချိုင့်မဝင်သွားရတဲ့ရက်တစ်ရက်မှမရှိ...။

Hyung ဖန်တီးပေးခဲ့တာ ပျော်စရာတွေ
ကြည်နူးစရာတွေ အေးချမ်းစရာတွေကြီးပဲ
ပွင့်လင်းပြီး ဟန်ဆောင်မှုမဲ့တဲ့ အရိုးရှင်းဆုံး
KimSeokJin ဆိုတဲ့ ဖြစ်တည်မှုဟာ
KimNamJoonအတွက် ချစ်တာထက်
ချစ်တာထက် အများကြီးကိုပိုပါတယ်....။

ပြိုပြိုလဲလဲနေ့ရက်တွေထဲကဆွဲထုတ်ကာ
အလှဆုံးသော မေတ္တာကြိုးတွေနဲ့
လေးလေးနက်နက်လေးချည်နှောင်ပေးခဲ့သူမို့
ကျေးဇူးလည်းတင်ရသလို.....KimNamJoonအတွက်
မရှိမဖြစ် လူသားပါလို့ပြောရရင်လည်းမမှားပါ။

KimSeokJin က လန်းဆန်းလွန်းတဲ့Savezone
လေး....။

"ကျွန်တော့်ကိုကြည့်ပါ......Hyung..."

မကြည်မလင်မျက်လုံးလေးတွေနဲ့ခပ်စူးစူး
ကြည့်လာခဲ့တဲ့သူ.....။

"ချစ်တယ်....ကျွန်တော်KimSeokJinကို
ချစ်ပါတယ်....."

"မယုံဘူး မင်းက မင်းရည်းစားဟောင်းမြင်တာနဲ့...."

အရှက်တွေအိတ်သွန်ဖာမှောက်ပဲ....။
ညှိနေရင်ဆုံးမှာမဟုတ်တော့။Hyung ပါးလေးတဖက်
ကိုဖိကပ်နမ်းလိုက်တော့ ဆရာဝန်မျက်လုံးတွေ
ဝိုင်းခနဲ......။

"မင်း....လမ်းပေါ်ကြီးမှာ...."

စက်ဘီးတစ်စီးနဲ့ဆေးခန်းရှေ့အထိလာချော့တော့
Hyung ကဆေးခန်းထဲပင်မခေါ်ခဲ့
အပြင်ထွက်ကာစကားလာပြောသည်။
ရက်ကွက်တစ်ခုရဲ့ လမ်းကလေးမို့
လူသူသိပ်စည်စည်ကားကားမဟုတ်ပေမယ့်
လမ်းပဲလေ.....။
KimNamJoonသည်စွန့်စွန့်စားစားလူ။

"ဘာလုပ်ရမှန်းမသိလို့ပါ.....စိတ်မဆိုးပါနဲ့
Hyung ရာ ကျွန်တော်နောက် ဆင်ခြင်ပါ့မယ်...."

"မဆင်ခြင်ရင် ငါက JeonJungkook ကို
မြှောက်ပေးမှာ JeonJungkook က
ParkJimin ဆို တာနဲ့ဘာမှမမြင်တော့ဘူး....."

"ကျွန်တော်သိပါတယ်......"

"သိရင် နောက်တစ်ခါအဲ့ဒီကောင်လေးကို
ဂရုမစိုက်နဲ့ ငါ့ကိုပဲစိုက်.....ငါလည်း
လူတွေကို လိုက်အနိုင်ကျင့်တတ်တယ်
ငါ့ကိုပဲတရားပြ....."

"လူတွေရဲ့စိတ်အခြေအနေတွေကို
ကယ်တင်ပေးနေတဲ့ Hyung က
အနိုင်ကျင့်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား....."

"KimNamJoon စကားကိုကပ်ကပ်မပြောနဲ့"

"ဒါဆို စိတ်ဆိုးပြေပြီလား...
ဒီမှာ Hyung ကြိုက်တဲ့Coffee ဝယ်လာတယ်
Magic Shopက ....."

"ပေး....."

စိတ်ဆိုးရင်းနဲ့တောင် စိတ်ဆိုးနေတာကို
မေ့မေ့သွားရအောင် ဒီသဘာဝလေးက
ရိုးရှင်းတဲ့အပြုအမူလေးတွေနဲ့ချွေသည်။
Coffee ကိုယူလိုက်ကာ ငါးမိနစ်ပဲချော့ရသည်။
သူစိတ်ကောက်ပြေပြီ။

အကြာကြီးကောက်လည်းပြီးရင်ပြေရမှာပဲ...
အလှကောက်လိုက်တာမျိုးပေါ့။

ချစ်တဲ့နောက်တော့ ဘာဖြစ်ဖြစ်ခွင့်လွှတ်ပေးရမှာ
ပိုချစ်ရသောသူတွေရဲ့ဝတ္တရားလေ။

"ညကျ လာကြိုမယ်နော်....ကြိုရမယ်မှတ်လား"

"ကြိုရမှာပေါ့...."

"Hyung ကသိပ်ချောတယ်.....
စိတ်ဆိုးနေတာတောင် သိပ်ကြည့်ကောင်းနေတုန်း..."

ရဲခနဲမျက်နှာလေး...။Coffee သောက်နေကာ
မကြားသလို မသိသလိုဟန်ဆောင်နေပြန်သည်။

"ပါးက နောက်တဖက်ထပ်နမ်းလို့ရမလား...."

"လမ်းပေါ်ကြီးမှာ....ပါဆို...နမ်း......"

ပါးတဖက်ထိုးပေးလာသူသည် ပိုပိုပြီး
ချစ်လာရမယ့်အကြောင်းပြချက်တွေနဲ့။
Namjoon နစ်နေအောင်နမ်းချလိုက်သည်။

"ကျေးဇူးတင်ပါတယ်Hyung......"

"မလိုဘူး....နမ်းချင်တဲ့အချိန်တိုင်း
နမ်းလို့ရတယ်.....ခွင့်တောင်းမနေနဲ့
ငါက ခွင့်ပြုပြီးသား...."

"ဟာဗျာ......."

လမ်းကြားလေးပေါ်အီစီကလီလေးတွေမိနစ်တော်တော်ကြာကြာလုပ်နေကြပြီး
ဆေးခန်းဖွင့်ထားတာမို့လူနာတွေလာတဲ့အခါ
ဒေါက်တာ ကြာကြာချစ်ဖို့ကောင်းနေလို့မရတော့။
ချစ်သူကောင်လေးအား နှုတ်ဆက်ကာ
ဆေးပြန်ကုရပြန်သည်။
သဘာဝလေးသည် ဆေးခန်းထဲပြေးဝင်သွားသူ
ဆရာဝန်လေးကိုကြည့်ကာ ပြုံးယဲ့ယဲ့။

နောက်တစ်ခါဆိုရင်တော့ နှုတ်ခမ်းလေးတွေအလှည့်။

.................။

အလုပ်ပြန်လုပ်ရသည်။အလုပ်လက်မဲ့လူဆိုးနဲ့
ဘက်ပြိုင်ကာအားပြိုင်နေလို့မရတော့။
Company မှာလစ်ဟင်းမှုတွေရှိလာပြီဖြစ်တာ
ကြောင့် JeonGroupပြေးလိုက် ကိုယ့်Hotel
ပြန်ကြည့်လိုက်နှင့် ဘဝသည်နောက်ဆုံးတော့လည်း
ပုံစံခွက်ထဲပဲပြန်ရောက်လာခဲ့သည်။

"တစ်မြို့လုံး အသဲပုံတွေနဲ့ ဘာတွေဖြစ်နေကြတာလဲ"

ညနေစောင်းCompany ပြန်ချိန်ကားမှန်မှလှမ်းတွေ့
ရသော မြင်ကွင်းတွေသည်Jimin ကိုအနည်းငယ်
ထူးဆန်းနေစေသည်။

"အကိုလေးကလည်းဒီနေ့Valentines Dayလေ
ချစ်သူများနေ့....အဲ့တာကြောင့်အတွဲလေးတွေ
လျှောက်လည်နေကြတာ...."

"အာ....ဟုတ်ပါရဲ့ ကျွန်တော်လည်းသတိလက်လွတ်
တွေကိုဖြစ်နေတော့တာ....14ရက်နေ့မှန်းတော့
သိတယ် Valentines ကိုသတိကိုမရ....."

"အကိုလေး နဲ့ သခင်လေး ဘာအစီအစဉ်မှမရှိ
ဘူးလား....."

Jimin ကားမှန်ကို ဖြည်းဖြည်းချင်းမှီလိုက်ကာ
Driver ဦးလေးကို ဘာပြန်ဖြေရမှန်းမသိ။
ဘာအစီအစဉ်ရှိရမှာလဲ......။
ခုရက်ပိုင်းတွေ မထိန်းနိုင်မသိမ်းနိုင်
နေရာအနှံ့ပွေ့ဖက်နမ်းရှိုက်ကြရင်း
နမ်းပြီးတော့လည်း မဟုတ်ကြသလိုလို....။
ဒီအခြေအနေက အဆန်းရယ်လို့မဟုတ်ပေမယ့်လည်း
ကိုယ်သည် ခုထိ JeonJungkook ရဲ့ဘယ်နေရာမှာမှန်း
မသိ.....။

Valentines Dayမှာအစီအစဉ်လုပ်ဖို့အထိ
သူကဘောင်မဝင်ဘူးလေ။
၂၅နှစ်ဆိုတဲ့အရွယ်ဟာ ချစ်သူများနေ့ကို
မျှော်လင့်ဖို့အနည်းငယ်ကလေးဆန်တယ်ဟု
သတ်မှတ်လို့ရပေမယ့် သူပဲမောင့်စီးကရက်လေးပါဆို။

လက်ထပ်ထားတဲ့ယောကျ်ားထက်
Clubက မိန်းကလေးလှလှတွေနဲ့သွားပျော်နေအုန်းမှာ
ပဲလား။JeonJungkook ကJeonJungkook ပဲလေ။
မလုပ်လောက်ပါဘူးလို့ တွေးခဲ့သမျှ
လုပ်ခဲ့တာကြီးပဲကို......။

ဘာကြောင့်မှန်းမသိ ကိုယ့်ဘဝကိုဝမ်းနည်းနေခဲ့သည်။
ကလေးတွေလို လျှောက်သွားနေချင်တာမျိုး
လည်းမဟုတ်.....ပျော်ချင်ရွှင်ချင်တာမျိုးလည်း
မဟုတ်ဘဲ....ကိုယ့်မှာလည်းကိုယ့်အပိုင်လို
ယောကျ်ားရှိရက်နဲ့ ငေးကြည့်နေရတာကိုက
သဘာဝမကျတာ။ဦးလေးကြီးမေးခွန်းကို
ဘာပြန်ဖြေရမှန်းမသိတာက လည်းစိတ်ပျက်စရာ
ကောင်းလှပါသည်။

Company ရဲ့ MDဖြစ်နေပြီ.....ဒါတွေခေါင်းထဲ
ထည့်တုန်းလားလို့မေးရင်....ထည့်မိနေတယ်။
ပွေပွေရှုပ်ရှုပ်ကို လက်ထပ်ထားမိလို့
Valentines ကို ဘယ်မိန်းမနဲ့သွားဖြတ်သန်းနေမလဲ
ဆိုတာတွေးမိပြီး ခေါင်းထဲကိုထည့်ကိုထည့်မိနေသည်။
အရင်ကဘာလုပ်လုပ်စိတ်မဝင်စားခဲ့ပေမယ့်
ခု မာယာတစ်သိန်း ဖုန်းပြောနေတာကအစခိုးခိုးနားထောင်
မိတတ်သည်။
အလွန်ကို ငေးငေးငိုင်ငိုင်အခြေအနေပါ။

ဘာကိစ္စများအသက်၂၅နှစ်ကြီးကောင်ကြီးမား
ကျမှ Valentines Dayကို အရမ်းတွေဆင်နွဲချင်နေရတာလဲ။အရမ်းတွေစိတ်ထဲထည့်မိနေတာလဲ။
အလုပ်တွေအရမ်းလုပ်ပြီးရူးသွားပြီထင်ပါသည်။

"အကိုလေး....ဒါကျွန်တော့်ဇနီးပေးတဲ့
ချောကလက်လေးတွေထဲက တစ်ခုပါ
ဟို....Valentines ဆိုတာ ချစ်သူရည်းစားရယ်မှ
မဟုတ်ဘူး ချစ်တဲ့သူတွေအားလုံးကို
ကျွေးလို့ရတော့လေ လက်ဆောင်ပါ....
သခင်လေး ကို ပေးလိုက်လည်းရပါတယ်....."

အိမ်ရှေ့ကားရပ်ပြီး အသဲပုံဘူးလေးထဲက
အသဲပုံချောကလက်သေးသေးလေးတွေထဲက
အနီရဲရဲ လေးတစ်ခုကို Driver ဦးလေးကြီးသည်
လက်ထဲထည့်ပေးလာသည်။

"ဦးလေး မိန်းမက ခုထိပေးတုန်းလား...."

"နှစ်တိုင်းပဲ....."

"အော်......"

"ကျေးဇူးတင်ပါတယ်....ကျွန်တော်ဒီနှစ်အတွက်
ချောကလက် မရမရှိတော့ဘူးပေါ့..."

"သခင်လေးက အများကြီးဝယ်ထားမှာပါ
ကျွန်တော့်ကိုယုံပါ....."

ဟုတ်သော်ရှိ မဟုတ်သောရှိ MD Parkသည်
ဝယ်ထားမှာပါဆိုတဲ့စကားနဲ့တင်ရင်ထဲသိမ့်ခနဲ....။
အနီရဲရဲအသဲပုံလေးကို လက်ထဲဆုပ်ကာ
အိမ်ထဲသို့ ဝင်သွားလိုက်သည်။

"TaeHyung ကို ဖုန်းခေါ်အုန်း.....Rom....
ဒီမှာ လူစုံနေပြီကို...."

အိမ်ထဲဝင်ဝင်ချင်း ဆိုးဆိုးဝါးဝါးနားထဲဖြတ်ဝင်
လာသောအသံ။တမိုးအောက်JeonJungkook
သည်ဧည့်ခန်းထဲတွင်အပေါင်းအသင်းတသိုက်
ဖြင့်ဘီယာဝိုင်းတည်နေသည်။ရှုပ်ပွနေသော
ဧည့်ခန်းတစ်ခုလုံးမှာဖြစ်ချင်တိုင်းဖြစ်နေလျှက်။

KimTaeHyung ကိုဖုန်းခေါ်ခိုင်းနေပုံသည်
တော်တော်ကိုတွေ့ချင်နေသောပုံစံ။
လွန်ခဲ့သောမိနစ်ပိုင်းတွေကကားပေါ်မှာ
တွေးခဲ့သောသုံးစားမရသည့်အတွေးတွေကို
ကြိတ်ရှက်ကာ Jimin မျက်နှာတင်းခနဲ...။
ဘာလို့များ ဒီလိုယောကျ်ားမျိုးဆီက
အဲ့ဒီယောကျ်ားနဲ့မထိုက်တန်တဲ့ကောင်းခြင်းတွေကို
မျှော်လင့်မိတာပါလိမ့်......။

သူကလွဲ တခြားသူတွေသည်အတွဲကိုယ်စီ
ဖြင့် ဧည့်ခန်းထဲပင်ပေါ်တင်ချိန်းတွေ့နေကြသည် ။
သူကတစ်ယောက်ထဲဖြစ်နေလို့KimTaeHyung
ကိုခေါ်ခိုင်းနေတာပေါ့။

ဒါဆို သူသုံးဖို့ဖြုန်းဖို့ Million တွေBillion
တွေအတွက် အလျှင်မှီအောင် မရူးရုံတမယ်
ရှာနေရတဲ့ငါက ဘာလဲ.....။
လက်ထပ်ထားတဲ့ငါက ဘာလဲ။

စကားတက်တိုင်းပါးစပ်ဖျားလေးနဲ့ပြောခဲ့သော
ပေါက်ပန်းလေးဆယ်တွေကို ရင်ထဲအမျှခံစား
ကြိတ်ရင်ခုန်ခဲ့ရတဲ့ငါက အရူးကြီးလား...။

တခါမှမဝတ်ဖူးသောရောင်စုံShirtအကျီအကွက်
ဖြင့် ဘီယာတစ်ဘူးကိုင်ကာ
မထီတထီစကားပြောနေပုံသည်အလွန်ပင်အသဲယား
စရာကောင်းလှပါသည်။

အိမ်ထဲကိုဝင်လာတာကိုတော့ မြင်ရှာပါသည်။
ဘီယာဘူးကို ချကာ

"Jimin ပြန်လာပြီလား....ဒီမှာ မောင်တို့......"

စကားကိုဆုံးအောင်နားထောင်နေဖို့မလိုအပ်။
အမုန်းဆုံးက အိမ်မှာ ဖဲဝိုင်းထောင်တာ
အရက်ဝိုင်းထောင်တာပါတီပေးတာ
သရုပ်ပျက်လူဆိုးလူမိုက်တွေနဲ့ လူဆိုးခေါင်းဆောင်
လုပ်တတ်တာတွေ......။
လုံးဝအဖက်မလုပ်စွာအိမ်ပေါ်သို့တန်းတက်
သွားလိုက်သည်။

မောင့်မျက်နှာကွက်ခနဲပျက်သွားသည်။
လူအများရှေ့ လုပ်သွားတဲ့အချိုးအစားသည်
ရင့်ရင့်သီးသီး။သူနဲ့ကိုယ် အဆင်ပြေနေပြီပဲ....။
ဘာပြဿနာမှမရှိတော့တဲ့ဟာ ဒီမာနနဲ့ဒီမာန်တွေက
မလျှော့တော့ဘူးလား.....။
အပေါင်းအသင်းတွေရှေ့ဆို အမြဲParkJimin က
ပညာပြသည်။

"ဟေ့ကောင် အခြေအနေမကောင်းဘူးလား
ငါတို့သောက်နေတာ မကြိုက်ဘူးနဲ့တူတယ်..."

"သူ့အတွက်ပဲလုပ်နေတာလေ...
မင်းတို့လည်းပင်ပန်းနေတာ ဘာမှမသိဘဲ
ငါအဲ့တာကြောင့် တအားမRoချင်တာ...."

"အေး ဟုတ်တယ်...အဲ့တာတော့
တစ်ခါတလေကျ မင်းယောကျ်ားက
ကြီးကို ကြီးကျယ်လွန်းတယ်...."

"မဝေဖန်နဲ့....Jimin ကို....."

မျက်လုံးတွေကိုစိုက်ကြည့်ကာဆိုလိုက်သော
စကား....။အားလုံးဘာမှဆက်မပြောကြတော့။
ဒီလို လူမျိုးကိုသူငယ်ချင်းတော်ရခြင်းသည်လည်း
ဘယ်ဘဝအဆက်ဆက်ကဝဋ်ကြွေးတွေမှန်းမသိ။

ဂျေ သည် ပေါင်းရသင်းရခက်လွန်းသည်။
ယောကျ်ားကို ရည်းစားစကားအစကပြန်ပြော
ဖို့ Valentines Dayမှာ Suprise လုပ်ချင်
တယ်ဟုဆိုတာကြောင့် ParkJimin အလုပ်သွား
နေချိန်တွင် သိလည်းမသိသာအောင်
အမြန်ဆုံးစီစဉ်ရသည်။သူတို့အားလုံးသံတုတ်ကိုင်
ရန်ဖြစ်ကြတဲ့အဆိုးအဆာလေးတွေပေမယ့်
ဘော်ဒါအရေးကိစ္စဖြစ်တဲ့အခါ အနုအရွလေးတွေ
ကိုလည်းကြိုးစားလုပ်ကိုင်ပေးခဲ့ကြပါသည်။

နေ့ပေါင်းများစွာVideo တွေလိုက်ရှာကြည့်ပြီး
ဘာအိုင်ဒီယာမှလည်းသူရတာမဟုတ်။

"ဘာပန်းခြံမှာမှမလုပ်ဘူး....သူကငါ့ဝန်ခံလိုက်
တာနဲ့ တအားပျော်လွန်းပြီး မျက်ရည်တွေကျလာမှာ
ဒီလူက ငိုငိုရီရီ အရမ်းဆန်းကြယ်တာ
ဝမ်းသာမျက်ရည်တွေကျမဲ့ပုံဆို ပိုပြီးအထူးအဆန်း
လှနေမှာမလို့  Public မှာမလုပ်ဘူး..."

"Hotel ခန်းမ.....နိုးနိုး....
Hotel ဆိုတဲ့အသံငါကြားကိုမကြားနိုင်ဘူး....
မလုပ်ဘူး...."

"ကစားကွင်း......ကလေးလား...
ကစားစရာတွေ လျှောက်စီးပြီး မျက်လုံးတွေ
မှိတ်ကျသွားအောင် ပျော်ပြီးရီရင်
ငါမဖြစ်ဘူး မလုပ်ဘူးကွာ...."

"ကျွန်း.....မဖြစ်ဘူး....ကျွန်းမှာJimin က
ပိုလှတယ်....ပင်လယ်လေတွေတိုက်လို့
ဆံပင်လေးတွေလွင့်သွားရင် ပိုပြီးလှတာ
မလုပ်ဘူး...."

"Club မှာ....ငါထထိုး လိုက်လို့.....
မလုပ်ဘူးကွာ....Propose ကွ
ပါတီပေးမှာမဟုတ်ဘူး......အရူးကောင်တွေရဲ့..."

သူတို့ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုချပြပေမယ့်
ဂျေက သူတိူ့လိုက်၍မမှီသောအကြောင်းပြ
ချက်တွေဖြင့် နောက်ဆုံးတော့Jeonအိမ်တော်ကြီး
ဆီကိုပြန်ရောက်သည်။
အဲ့တာဆိုလည်း အကြီးအကျယ်တွေ
ရှာဖွေကြည့်ရှုမနေနဲ့လေ....။

ParkJimin အိမ်ပြန်မရောက်ခင်အကုန်လုံး
လက်စသတ်ကာ အမောဖြေ ဘီယာလေး
သောက်မိခြင်းသည် ဆက်ပဲသောက်ရတော့
မလိုလို ပြန်ပဲပြေးရတော့မလိုလို.....။

"သောက်သောက် ဘာမှမဖြစ်ဘူး
ဘာတွေအလိုမကျလာလည်းမသိဘူး
ငါသွားမေးအုန်းမယ်...."

"ဂျေ ပြန်ဆင်းလာခဲ့နော်......"

ပြီတီတီရုပ်တွေနဲ့ ဝိုင်းစလာတာကြောင့်
ပါးစပ်လှုပ်ရုံလေးဆဲကာ မောင်လူတွေရှေ့
သူ့ကိုအရှက်ခွဲသွားသူအခန်းဆီဦးတည်လာခဲ့သည်။

အခန်းတံခါးဖွင့်ဝင်သွားလိုက်တော့အလုပ်စားပွဲ
တွင်ထိုင်နေသောJimin သည်ငြိမ်ငြိမ်သက်သက်။

"ဘာဖြစ်လာတာလဲ စကားအကောင်းပြော
နေတဲ့ဟာတောင် မင်းကဘာကိစ္စ
မတူမတန်အချိုး ချိူးသွားရတာလဲ Jimin..."

"ထွက်သွား ငါပင်ပန်းလာလို့.....နားချင်တယ်.."

လှည့်မကြည့်ဘဲ ခပ်အေးအေးထွက်လာခဲ့သော
လေသံ....။

"မောင့်ကို မနှင်နဲ့....."

"နှင်နေတာမဟုတ်ဘူး တစ်ယောက်ထဲနေချင်လို့...
တောင်းဆိုနေတာ ....."

"မင်း စိတ်ကြည်လင်မဲ့နေ့ကဘယ်နေ့လဲJimin
မင်း မောင့်ကို သူငယ်ချင်းအပေါင်းအသင်းတွေ
ရှေ့မှာ အမြဲတမ်း ဆက်ဆံတဲ့ပုံစံက
အဆင်မပြေဘူးနော်....ဒီနေ့စိတ်ကြည်နေလို့
ထားပေးလိုက်ပေမယ့်........"

"ဘာဖြစ်ချင်လဲ!!!ဆက်ဆံတော့ဘာဖြစ်ချင်လဲ
စိတ်ကြည်နေတာလားကြည်နေရင်ငါ့ဆီမလာနဲ့လေ
ပျော်နေလေ မင်းပျော်ရွှင်ချင်တဲ့သူကိုခေါ်ပြီး
ပျော်လိုက်....ငါ့ဆီကို ဒေါသထွက်မှာလာ
စိတ်မကြည်မှလာ ပြဿနာရှာချင်မှလာ
မင်းစိတ်ဆန္ဒတွေအတွက်ကျမှလာ...."

တစ်ခါတရံလည်းဒီလိုလေးနားလည်ရခက်ပါသည်။
စကားတောင်မဆုံးသေး....ခုံပေါ်မှထကာ
Necktie ကိုဖြည်လျှော့ရင်း စူးစူးရဲရဲကြည့်ကာ
အော်လာပြန်တာကြောင့် မောင် ဖျင်းခနဲ...။
ပြဿနာရှာတာရယ်မဟုတ်ပါဘူး...။
ဘာဖြစ်လာသလဲလို့သိချင်ရုံ...။

"ParkJimin!!မဆိုင်တာတွေနော်....
အလုပ်မှာ အဆင်မပြေရင် အလုပ်မှာထားခဲ့
အိမ်အထိယူလာပြီး မင်းမောင့်ကိုပတ်ရမ်းနေဖို့မလိုဘူး"

"အဆင်မပြေစရာဘာမှမရှိဘူး
အိမ်ပြန်လာပြီး မင်းမျက်နှာကိုမြင်မှ
အဆင်မပြေတော့တာ....."

"မျက်နှာက ဘာဖြစ်နေလို့လဲ......ပြော...!!"

ပြေလုဆဲဆဲNecktie ကိုဆွဲဆောင့်ကာဒဲ့ကြည့်
ပြီးမေးတော့ ထိုးချလိုက်တဲ့မျက်စောင်း...။
နှလုံးသားတွေချက်ချင်းဖရိုဖရဲဖြစ်သွားသည်။

ယောကျ်ားတစ်ယောက်၏ဟန်ပန်အရ
မျက်စောင်းထိုးသောအပြုအမူသည်
သိပ်တော့မအပ်စပ်ပေမယ့် ParkJimin က
စူးရှရှကြည့်ကာ တစ်ကွက်ပြလိုက်ပြန်သည်။

မောင် Necktie ကိုဆွဲထားရက်နှင့်
ဝိဥာဉ်လွင့်သွားရပြန်သည်။

"ဖယ်စမ်း!! ငါ့ကိုလာမနှိုးနဲ့....ငါအိပ်မှာ
လုံးဝလာမနှောက်ယှက်နဲ့....မင်းမျက်နှာကို
မကြိုက်လို့ကို အဆင်မပြေတာကွာ...
သွား အခန်းထဲက ထွက်သွား....!!!!"

ဘာဖြစ်လို့ဖြစ်နေမှန်းမသိ...။တစ်ဖက်သတ်ကြီး
တွေအပြောခံနေရတာကြောင့် မောင်
ဘာမှလွန်လွန်ကြူးကြူးတွေထပ်မဖြစ်တော့
စေရန် စိတ်ကိုအားလုံးလျှော့လိုက်သည်။
ဒီနေ့မှာ ရန်မဖြစ်ချင် ပြဿနာတွေလည်းမတက်ချင်။

"တစ်ချိန်လုံး မင်းစိတ်ကြီးပဲ....
မင်းပဲ အမြဲ အလိုမကျနေလိုက်...
ထွက်သွားပေးမယ်....."

Necktie ကို လျှော့ပေးလိုက်ကာအိပ်ရာပေါ်
သို့တွန်းချခဲ့တဲ့သူ...။အခန်းတံခါးဆောင့်ပိတ်ကာ
မောင်ထွက်သွားခဲ့သည်။

မျက်အိမ်တွေနီရဲလာကာ ဖြစ်နေတဲ့စိတ်အခြေအနေ
ကိုလည်းကိုယ့်ကိုကိုယ်ဒေါသထွက်သည်။
KimTaeHyung ကိုဖုန်းခေါ်တယ်ဆိုထဲက
သူ့ဒေါသသည်အရှိန်နဲ့အဟုန်နဲ့....။
ပြောမရဘူး အောက်မှာရောက်ရင်လည်းရောက်
နေမှာ။သွားမကြည့်ရဲဘူး....။
ရှိနေရင် အရှက်မရှိ ငိုမိအုန်းမှာ...။

ဘယ်တော့မှအမှတ်မရှိတဲ့ParkJimin...။
ခုထိကို ဒီယောကျ်ားသည် သူ့အတွက်ဖြစ်မလာ..။
ဘယ်လောက် အရှုံးပေးပေး
ဘယ်လောက်သည်းခံပေးပေး
ဘယ်လောက်စိတ်ရောကိုယ်ပါနာကျင်ပေးခဲ့လည်း
အချိန်တန်ရင်...သူကစိတ်ပျက်စရာလို
ပစ်ချထားခံရတာပဲ....။

အိပ်ရာပေါ်ဆံပင်တွေကိုဆွဲဖွကာ မျက်ရည်တွေ
ကျမလာအောင်ထိန်းထားခဲ့ရတာကြောင့်
မျက်အိမ်တစ်ခုလုံးနီရဲတောက်နေခဲ့သည်။

ဘာကြောင့်လဲ?ဘာကြောင့်ဒီလောက်တောင်
ထိလွယ်ရှလွယ်ဖြစ်ကာ ခံစားလွယ်နေရတာလဲ။

အလှဆုံးပြုံးပြခဲ့သော နှုတ်ခမ်းပါးလေးတွေကို
မြင်ယောင်မိတဲ့အခါ မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာခဲ့တော့သည်။

သိပ်မက်မောရတဲ့အပြုံးတွေ...
ဘဝတွေပြောင်းတဲ့အထိ မငြိုမငြင်စွဲလန်းရူးသွပ်
ရတဲ့အပြုံးတွေ....
ထီးနန်းနဲ့တောင်လဲပစ်လိုက်နိုင်တဲ့အဖိုးတန်ဆုံး
ရတနာလေးတွေ.....
ဘယ်လောက်နာရ နာရ ဘယ်သောအခါမှ
မြတ်နိုးရသောစိတ်သည် မပျက်ယွင်းခဲ့.....။

ပိုင်ချင်တယ်.....ပစ္စုန်ပန်မှာတော့....ပိုင်မှဖြစ်မှာ...။

ဆိုင်သူလေးသည် အသံတိတ်ငိုကြွေးမှုတွေကို
အချိန်တော်တော်ကြာ ဖြတ်သန်းပြီးတဲ့အခါ
အိပ်ရာပေါ်တွင်ကွေးကွေးလေးမောကာအိပ်ပျော်
သွားခဲ့သည်။

ကလေးတွေ စိတ်အကောက်လွန်ကာငိုရင်း
အိပ်မောကျသွားသလိုမျိုး ရေလည်းမချိုးဖြစ်
အဝတ်အစားပင်မလဲဖြစ်ပဲ နှစ်ယောက်အိပ်
မွေ့ယာထက် မခြောက်တခြောက်မျက်ရည်စတွေ
နဲ့အတူ ငြိမ်ငြိမ်လေး.....။

"အဆင်ပြေခဲ့ရဲ့လားဂျေ......"

"မြန်မြန်ချစ်မှဖြစ်တော့မယ့်အခြေအနေပဲ....
ParkJimin ကိုငါနားမလည်နိုင်တော့ဘူး
ည၁၁နာရီ မြန်မြန်ထိုးစမ်းပါကွာ....."

...................။

"JEon ငယ်....ဒီမှာ လိပ်ပြာလေး.......
ဖမ်းပေးပါအုန်း....."

အိမ်ရှေ့စံပိုင်သောဥယျာဉ်ထဲ အားလပ်ရက်
တချို့တွင် Jeonငယ်လေးနဲ့အတူတူ
ပန်းတွေ အသီးတွေကိုလိုက်ကြည့်ကာ
ပြေးလွှားနေတတ်သည်။

အိမ်ရှေ့စံသည် နန်းဆောင်ကထွက်လာထဲက
အိမ်ရှေ့စံဆိုသော ဖြစ်တည်မှုကို
ခေတ္တထားခဲ့ကာ ဥယျာဉ်ထဲပျော်ရွှင်ရသော
နေ့မျိုးတွင် ပုံမှန် လူငယ်လေးလို ပြုံးရွှင်နေတတ်သည်။

တတိယလူဆိုတာပေါ်မလာခဲ့သေးသော
ဆွံ့ပျံဖွယ်ရာ အချိန်အခါလေးတစ်ခုပါ့။

"လှလိုက်တာ....မဖမ်းရက်ဘူး အိမ်ရှေ့စံ
တစ်ခုခုဖြစ်သွားမှာစိုးတယ်....."

"ငါ ဖမ်းပြမယ်....."

"မလုပ်ပါနဲ့....."

လက်နုနုလေးတွေကို Jeonငယ်က
ဖမ်းထိန်းလိုက်ကာ တားသည်။
ထို့နောက် ချက်ချင်းပြန်လွှတ်ပေးကာ
ခါးညွှတ်တောင်းပန်လာသည်။

"ငါ....မင်းခါးညွှတ်ပြီး စိုးရွံ့ပါတယ်လို့
ပြောတိုင်းမှာ ငါ့ဖြစ်တည်မှုကို ငါသိပ်နောင်တရတယ်"

"လာ မြက်ခင်းပေါ်မှာ လှဲအိပ်ရအောင်
ကောင်းကင်ကြီး ကိုကြည့်ပြီး
စိတ်ထဲရှိရာတွေပြောကြမယ်......"

"မသင့်တော်......"

"သင့်တော်တယ်....ဒါအမိန့်ပဲ...."

စိမ်းတောက်နေသော မြက်ခင်းစိမ်းပေါ်
ကိုနှစ်ယောက်အတူတူလှဲချလိုက်သည်။
မြက်ခင်းပေါ်တွင်နှင်းစက်လေးတွေစိုနေတာ
ကြောင့် Jeonရဲ့ ဆံပင်ရှည်တွေရေစိုမှာစိုး၍
အိမ်ရှေ့စံရဲ့ လက်မောင်းတစ်ဖက်က အဆင်သင့်
ခုခံထားမိသား....။

"မဟုတ်တာ....ရပါတယ် အိမ်ရှေ့စံ...
ကျွန်တော်မျိုးက တောင်လုပ်ပေးရမှာပါ...."

"အိမ်ရှေ့မင်းသားရဲ့ လက်မောင်းပေါ်
ဘာလို့များခေါင်းမအုံးချင်ရတာလဲJeon"

"အိမ်ရှေ့မင်းသားဖြစ်နေလို့လေ....."

Jeon ဟာ ကြောက်ရတာကြောင့်ရှောင်ဖယ်
တော့မသွားခဲ့ပါ။လက်မောင်းတဖက်ပေါ်
ခပ်ဖွဖွလေးအုံးအိပ်ရင်း ဝိုင်းစက်သော
မျက်လုံးလေးတွေနဲ့ပြန်ဖြေသည်။

"ဒီပန်းဥယျာဉ်ထဲဘယ်သူမှဝင်မလာဘူး
မင်းရယ်ငါရယ် နှစ်ယောက်ထဲ.....
မဆင်ခြင်လို့ရတယ်....."

ကောင်းကင်ပြာပြာကြီးအောက်က
ပန်းနုရောင်လေးဝတ်ထားတဲ့ အိမ်ရှေ့စံဟာ
ပြိုင်ဘက်မရှိ...သိပ်လှခဲ့တာပါ။

"ဟင်...လိပ်ပြာလေး...."

ထူးဆန်းစွာJeonငယ်လေး၏နှာခေါင်းထိပ်လေး
ပေါ် အဝါတောက်တောက်လိပ်ပြာလေးက
လာနားတော့သည်။
အိမ်ရှေ့စံသည်လှဲအိပ်နေရာမှ Jeon ဆီတိုးကပ်ကာ
နှာခေါင်းထိပ်လေးပေါ်နားနေသောလိပ်ပြာလေး
ကိုပြုံးပြုံးလေးနဲ့ အုပ်မိုးကြည့်လာသည်။

"မလှုပ်နဲ့နော်Jeonငယ်.....ကိုယ်တော်ချစ်လွန်းလို့....
လိပ်ပြာအကြီးကြီးပေါ် လိပ်ပြာသေးသေးလေးက
နားနေတာ....."

အိမ်ရှေ့စံပြုံးပျော်နေသောအချိန်များသည်သိပ်ရှားလွန်း
တာကြောင့်မလှုပ်နဲ့ဆို မလှုပ်ပဲ ငြိမ်ငြိမ်လေး
နေပေးရသည်။

"မင်းက ပန်းကလေးနဲ့တူလို့ထင်ပါရဲ့
သူမှား ယွင်းပြီး နားနေရှာတာ....."

"ပန်းကလေးနဲ့တူတာ မင်းသားပါ....."

ရဲခနဲမျက်နှာလေး...။ဓားတရမ်းရမ်းစစ်ပွဲပေါင်းစုံ
ဆင်နွဲနေခဲ့သော မင်းသားဟု မထင်မှတ်တော့
လောက်အောင်ရှက်ပြခဲ့တဲ့သူ။

အိမ်ရှေ့စံ ပျော့ညံ့တာလား ဟု အမေးခံရရင်တောင်
စမ်းကြည့်မလားဆို၍ ရေဆုံးမြေဆုံးတိုက်ခိုက်တတ်သူ
က ပန်းတစ်ပွင့်နဲ့ ခိုင်းနှိုင်းခံရတာကို
စိတ်မဆိုးခဲ့....။

"ဒီ ဥယျာဉ်ထဲက အလှဆုံးအမွှေးဆုံးပန်းက
ငါပဲလေ....."

"သေချာတာပေါ့......."

နှစ်ယောက်စလုံးသဘောတကျရီမောကာ
Jeon လှုပ်ရှားသွားခဲ့တာကြောင့်လိပ်ပြာလေးက
ထပျံသွားတော့သည်။

"ဟာ......ပျံသွားပြီ....မလှုပ်ပါနဲ့ဆိုတာကို......"

လှဲနေရာမှထကာပြေးလိုက်ဖမ်းသူသည်
ဆယ်ကျော်သက်လေးလား.....။
ပန်းနုရောင်ဝတ်ရုံလေး တလွင့်လွင့်နဲ့
လိပ်ပြာလေးနောက် လိုက်နေသူနောက်
ချောလဲ ထိခိုက်မှာစိုး၍ Jeonလိုက်ထိန်းသိမ်းရတော့သည်။

အ!!!!!

ထင်မြင်နေတာမဆုံးသေး....မြေပြင်ပေါ်သို့
အရှိန်လွန်စွာလဲကျသွားတဲ့သူ.....။

"ထင်တယ် လဲကျတော့မှာကို......"

မနာပါ...ထင်သလောက်လည်း...ရှေ့တန်းထွက်
တိုက်ခိုက်နေရသူအတွက် ချော်လဲတဲ့ဒဏ်ရာက
စာဖွဲ့စရာမလိုပါ။

"ရရဲ့လား.....ထပါအုန်း...."

"မရဘူး....ကျိုးသွားပြီလားမသိဘူး
ချီလိုက်ပါ ငါ့ကို...."

"ဟင်...ပြပါအုန်း ဒဏ်ရာကို....."

"ကြည့်မနေနဲ့ ချီသာချီလိုက်ပါ အရမ်းနာတယ်...."

"ဟုတ်ကဲ့ အိမ်ရှေ့စံ......"

ပြာပြာယာယာ ပွေ့ချီလိုက်သောJeonငယ်
ရင်ခွင်ထဲ အံ့ဝင်ခွင်ကျ။ မနာခဲ့လည်းနာရမှာပဲ...။
မာယာများမှလည်း ခိုနားခွင့်ရမယ့်
ရင်ခွင်ကြီးမလို့ပါ....။

"အဆင်ပြေရဲ့လား အိမ်ရှေ့စံ.....
သမားတော်ဆီ သွားရအောင်....."

Jeonငယ် ဘယ်တွေဦးတည်နေလဲသူမသိ။
ဘာတွေပြောနေလဲသူမကြား....
ခိုနားခွင့်ရတဲ့အချိန်လေးမှာတော့ ခေါင်းတိုးကာ
ဒီလောကမှာအချစ်ရဆုံး အမက်မောရဆုံးသော
ရင်ငွေ့ကို ပြုံးပြုံးလေး ခံစားနေခဲ့သည်။

အကျယ်ကြီးပဲ......ကောင်းကင်ကြီးလောက်
ကျယ်တဲ့ရင်ခွင်ကြီး....ဘယ်နေရာလေးကိုပဲ
တိုးကပ်ဝင်သွား သူ့ဟာသေးသေးကွေးကွေးလေး
ပျောက်ရှသွားနိုင်သောရင်ခွင်ကြီး...။

ဝင်တိုးလို့အကောင်းဆုံးထွက်လမ်းမဲ့
အဆန်းပြားဆုံးနယ်မြေကြီး.....။
နွေးနိုင်သမျှနွေးအောင်
လုံခြုံနိုင်သမျှ လုံခြုံနိုင်အောင်
အတင်းကိုဝင်တိုးမိနေသည်။

"မသွားနဲ့ Jeonငယ် ဥယျာဉ်ထဲမှာပဲ နေမယ်.....
Jeon ငယ်....မသွားနဲ့လို့....."

ဖျက်ခနဲပွင့်သွားသောမျက်လုံးတွေနဲ့အတူ
ဥယျာဉ်ထဲမှာလည်းမဟုတ်....
ပြူးပြဲကြည့်မိလိုက်တဲ့အခါ သူJeonJungkook
လက်တွေထဲမှာ...ပွေ့ချီရက်သား...။
မွှေးကြိုင်နေသောရင်ဘက်တွေထဲကိုအိမ်မက်နဲ့
ယောင်ပြီး အတင်းတိုးဝင်မိနေခဲ့တာလား။

"ခိုးသယ်လာတာ နိုးသွားတယ်.....ပြန်အိပ်
ပြန်အိပ်...."

အလွန်ကိုမွှေးပျံ့နေကာ အိပ်တစ်ဝက်နိုးတစ်ဝက်
အ​ခြေအနေတွင် သူအိမ်မက်လိုလို
လက်တွေ့လိုလိုရောနေတုန်း....။

မော့ကြည့်လိုက်တော့ သေသပ်နေအောင်
နောက်ကိုလှန်တင်ထားသောဆံပင်တွေနဲ့
Jungkook မျက်နှာဟာရှင်းရှင်းလင်းလင်း။
ရှုပ်ယှက်ခတ်နေတဲ့မျက်ခုံးနားကအရာတွေ
နားကပ်တွေ ဘာဆိုဘာမှမရှိ....။
အံ့အံ့ဩဩ သိပ်ကြည့်ကောင်းနေသည်။
အသိစိတ်သည် မကပ်သေး....။
ယောင်တိယောင်တောင်ဖြစ်နေတုန်း...။

"ဥယျာဉ်က ဘယ်ရောက်......"

မောင် မပြုံးပဲမနေနိုင်....။တစ်ဖက်သတ်အော်ဟစ်
ကွိုင်ရှာကာ စိတ်အဆုံးအထိကောက်လျှက်
မောမောပန်းပန်းအိပ်ပျော်သွားသူလေး
ကိုနှစ်ခြိုက်စွာအိပ်ပျော်နေချိန်တွင် ခိုးချီလိုက်သည်။

တတိယထပ်ရဲ့ ဝရံတာမှာ စီစဉ်ထားတာ
ကြောင့် မနိုးသွားအောင် ချီခေါ်မည်ဆိုသော
ရည်ရွယ်ချက်ဖြင့်ကြိုးစားခဲ့သော်လည်း
အခန်းအပြင်ရောက် လှေကားနားရှိသေးနိုးသွားခဲ့သည်။
ဒါပေမယ့် အပြီးနိုးမလာသေး သူယောင်နေသည်။
အိမ်မက်တွေမက်နေတဲ့ပုံရကာပြုူးတူးကြောင်
တောင်လေးကြည့်နေပုံက တကယ့်အနှစ်ခဲလေးပါ။

"ဥယျာဉ်မဟုတ်ဘူး မောင့် အိမ် ပြန်ရောက်နေပြီ..
ပြန်အိပ် ပြန်အိပ် လိမ်မာတယ်...."

ခေါင်းတိုးကာကျကျနနပြန်အိပ်ဖို့လုပ်နေ
ပြန်တဲ့သူ။ခုထိ အသိစိတ်ကပ်မလာသေး။

ပြန်အိပ်ဆိုတော့ ပြန်အိပ်ဖို့လုပ်ခဲ့ပေမယ့်
ပုံမှန်မဟုတ်သောအခြေအနေကြောင့်
Jimin ဦးနှောက်သည်နိုးထလာပြီး
ဒုတိယအကြိမ်မျက်လုံးတွေပြန်ပွင့်လာတဲ့အခါမှ
အသိစိတ်ကပ်လာခဲ့တော့သည်။
ပြန်အိပ်ရအောင် အိပ်ရာထဲမှာမှမဟုတ်ဘဲ.....။

ထိုအခါမှ လုံးဝ ပြူးပြဲလာသောမျက်လုံး
လေးတွေနဲ့ ထုံးစံအတိုင်းထအော်တော့သည်။

"မင်း....ဘာလုပ်တာလဲ
ငါ့ကို ဘယ်ကိုခေါ်သွားနေတာလဲ!!!"

လုံးဝနိုးသွားကာ ထအော်လာတော့မောင်သည်
ခပ်တင်းတင်းလေးပိုချီလိုက်သည်။

"ငြိမ်ငြိမ်နေ....."

"မနေပါဘူး ငါအိပ်နေတာကိုခိုးကြောင်
ခိုးဝှက်နဲ့......ဘာလုပ်မလ်ို့လဲ....."

"ရောင်းစားမလို့...."

"JeonJungkook....!!!အရူးလိုလို
မလုပ်နဲ့နော် ချပေးစမ်း မင်းနဲ့ငါ
အဆင်ပြေတာမဟုတ်ဘူးလေ.....
ရန်ဖြစ်ထားတယ်လေ......"

"အဲ့တာတွေကို စကားတစ်ခွန်းပြောပြီး
မောင် ညှိနှိုင်းချင်လ်ို့ပါ..."

"မညှိဘူး.....ငါမင်းကိုမယုံဘူး
အောက်ချပေးစမ်းပါဆို!!!!!"

လှေကားတွေအတိုင်းတထစ်ချင်းတက်သွားသည်
ကိုခံစားနေရသည်။ခုန်ဆင်းလို့လည်းမရ
လှေကားပေါ်ကပြုတ်ကျသွားနိုင်ပါသည်။
အော်ရင်းဟစ်ရင်း ထုရင်ရိုက်ရင်း JeonJungkook
ခြေလှမ်းတွေ တတိယထပ်ကိုရောက်တဲ့အခါ
ရပ်သွားသည်။

"ရောက်ပြီ......"

ရောက်ပြီဆိုတော့....ရင်ခွင်ထဲကပဲ
ရောက်တဲ့နေရာကိုကြည့်မိလိုက်တဲ့အခါ.......

ဟင်....။

ဘဝမှာ တစ်ခါမှ အံ့အံ့ဩဩမဖြစ်ခဲ့ဖူး။
ပထမဆုံးအကြိမ်အသံတွေတိတ်ကျသွားကာ
ဆွံ့အမိသွားသည်။

တတိယထပ်ရဲ့ ဝရံတာ အကျယ်ကြီးတွင်
အနီရဲရဲ အသဲပုံပူပေါင်းလေးတွေအပြည့်ရှိနေကာ
အဖြူရောင်ကြယ်ပွင့်ပုံစံမီးလေးတွေက
မှိတ်တုတ်တုတ်....။
မွှေးလွန်းသောအနံ့ဖယောင်းတိုင်လေးတွေကို
အများကြီးထွန်းထားကြောင့်ပတ်ဝန်းကျင်တစ်ခု
လုံးပန်းနံ့လေးတွေသင်းပျံ့နေသည်။

အလည်မှာစားပွဲလေးတစ်ခု......။
အနီရဲရဲစားပွဲခင်းကို ခင်းထားကာ
နီရဲနေသောနှင်းဆီပန်းတစ်ပွင့်ကိုပန်းအိုးလှလှ
လေးတွင်ထိုးစိုက်ထားသည်။
Coffee ခွက်လေးနှစ်ခွက်.........။
တိတိကျကျဆိုသောက်နေကျ Black Coffee ခွက်လေး
တွေ.....။
အနီရောင်တွေအများဆုံးသုံးထားပြီး
လှလွန်းတဲ့ ချောကလက်ဘူးပေါင်းများစွာကို
သေချာစွာစီထပ်ထားသည် ။

ငြိမ့်ငြောင်းတဲ့သံစဉ်လေးတစ်ခုလည်းကြားနေရ
သည်ဘယ်ကလဲတော့ရှာဖွေ၍မရ...။
စားပွဲဆီကိုသွားဖို့ အနီရဲရဲအသဲပုံပူပေါင်း
အပြည့်ကြီးကိုကျော်ဖြတ်ရမည်...။
လသည်ထိန်ထိန်သာနေကာ...မီးရောင်က
မှိတ်တုတ်မှိတ်တုတ်ရယ်...ကျန်တာကလရောင်သီးသန့်။

Happy Valentines Day JeonJimin....ဆိုတဲ့
စာတန်းကြီးကနည်းတာမဟုတ်......။
မျက်လုံးအပြုူးရဆုံး ဖန်တီးထားမှုပါပဲ......။

Jimin သည်စိတ်တွေလှုပ်ရှားလွန်းလာကာ
ချီထားသောလူကိုမော့ကြည့်လျှက်မတိုးမကျယ်
လေးမေးလိုက်သည်။

"ဘာတွေလဲ.......ဒါ....."

"Suprise လေ .....မင်းမအံ့ဩဘူးလား...
ဒီနေ့ ချစ်သူများနေ့လေ ....."

Suprise တဲ့......။တကယ်ကိုပဲSuprise ပါ။
ဗရမ်းဗဒါခုန်ပေါက်လာသောနှလုံးသားနဲ့
JeonJungkook လိုလူမျိုးကဒီလိုမျိုးတွေ
သူ့အတွက်လုပ်ပေးခဲ့တာလားဆိုတဲ့မယုံနိုင်မှု။

"ငါ့အတွက် ငါ့အတွက် လုပ်ပေးထားတာလား..."

"JeonJungkook ရဲ့JeonJiminက
ဘယ်နှယောက်ရှိလို့လဲ....."

"ငါအိမ်မက်တွေဆက်ကုန်တယ်ထင်တယ်....."

"လက်တွေ့ပါ မောင် သက်သေပြမယ်..."

လှပလွန်းသောလရောင်အောက်ကိုမောင်သည်
ချီခေါ်လာခဲ့သည်။စုတ်တိစုတ်ဖွားဆံပင်လေး
တွေနဲ့ ငိုထားတာကြောင့်ညစ်တိညစ်ပတ်
မျက်နှာလေးနဲ့အတူ မသောင်းကျန်းတော့ဘဲ
ပါလာခဲ့သောဆိုင်သူလေး၏ရင်ခုန်သံတွေသည်
မောင့်ထက်ကျယ်လောင်နေသည်။

ထိုင်ခုံလေးပေါ်ချပေးတော့ အိပ်ချင်မူးတူး
ဖြင့်ထိုင်လိုက်သောသူ။
မောင်သည် အဖြူရောင် Shirtအကျီနှင့်
ဘောင်းဘီအနက်ရောင်ကိုရိုးရှင်းစွာဝတ်ထားကာ
ပုံမှန်လူဆိုးလေး Character မှာ
လူကြီးလူကောင်းပုံမရရအောင် ပုံသွင်းယူထားသည်။
တန်ဖိုးကြီးနာရီတစ်လုံးပတ်ထားကာ
ခန့်ညားနေသော အနှောက်အယှက်မရှိမျက်နှာချောချော
သည် မီးရောင်မှိန်မှိန်အောက် ဆွဲဆောင်မှုအပြည့်ရှိစွာ။

"အံ့ဩနေရှာတာပဲ....မောင့်Jiminက..."

ဘေးဘီတွေထက် မျက်စိရှေ့မှာထိုင်နေသော
ယောကျ်ားသည်ဒီညမှာဘာတွေများဆေးစားမှား
လာသလဲမပြောတတ်။သူသဘောကျတတ်သော
ဝတ်စားဆင်ယင်မှုမျိုးနဲ့ လူကြီးလူကောင်းဆန်ဆန်
အတည်တကျစကားပြောနေပုံသည်ရူးချင်စရာ
ကောင်းလှပါသည်။

Valentines Day Suprise ထက်
JeonJungkook  ဆီမှ ပျံ့လွင့်လာသောပြင်းရှရှ
အကြည့်တွေနဲ့ ကဝေလို မျက်နှာချောချောက
Suprise အဖြစ်ဆုံးဖြစ်နေပါသည်။

"ကားဝယ်ဖို့ပိုက်ဆံလိုနေပြန်ပြီလား.....Jungkook"

မယုံရဲပါ....သူတစ်ခုခုလိုချင်လာတိုင်းကပ်ဖား
ကာ ချက်ချင်းသဲသဲလှုပ်တတ်သောမာယာမျိုး
တွေလည်းရှိနေတာမို့ Jimin အလုံးစုံမခံစားရဲ
သေးဘဲ မတင်မကျလေးမေးလိုက်မိသည်။

တကယ်လို့များ ကိုယ်က အကြီးအကျယ်ရင်ခုန်
ပျော်ရွှင်ပြီးမှအကျိုးလိုလို့ညောင်ရေသွန်းတာပါ
ဆို နာရအုန်းမည်။
ဒီယောကျ်ားသည် ဘယ်တော့မှတဖြောင့်ထဲတွေးပေး
၍မရ သိပ်အရောင်စုံသောသက်ရှိ။

"လိုတော့ လိုနေတယ် ပိုက်ဆံမဟုတ်ဘူး...."

ရင်ထဲနွေးခနဲ.....။ပိုက်ဆံလိုချင်လို့အကြံအဖန်
လုပ်တာမဟုတ်နိုင်တော့....။တော်ပါသေးရဲ့ဟု
စိတ်ထဲတွေးကာ မျက်နှာချောချောကို
စူးစမ်းသလိုကြည့်လိုက်တဲ့အခါ မောင့်မျက်လုံးလေး
တွေဂနာမငြိမ်...။

"ဘာလိုနေတာလဲ......ဒါဆို...."

ခက်ပြီ.....။ဘယ်လောက်ပဲလေ့ကျင့်ထားထား
ဘယ်လောက်ပြင်ဆင်ထားထား
တကယ်ပြောတော့လေ ဆိုတဲ့အခါမောင်
ပြောမထွက်လာ....။စိတ်တွေလှုပ်ရှားပြီး
စကားကိုဘယ်ကအစပြုရမှန်းမသိ...။
တက်လှပါသည်ဆိုသောစကားအနုအရွတွေလည်း
ဘယ်တွေပြေးကုန်သလဲမသိ...။
ဟိုကုတ်ဒီကုတ်နှင့် မောင်လမ်းပျောက်နေပြီ ။
စိတ်ငြိမ်အောင်စီးကရက်သောက်ဖို့ဆိုတာကလည်း
လူကြီးလူကောင်းလုပ်နေရ၍ မဖြစ်ပါ။

ParkJimin ကနိုးတဝက်အိပ်တဝက်တုန်းကသာ
ကလေးလိုလိုနဲ့ ခုသေချာနိုးသွားတော့
သူ့ပုံစံအတိုင်းစူးရဲနေသောမျက်လုံးလှလှတွေက
အသက်ဝင်လာကာ ဘာပြောမလဲကိုသေချာစောင့်
နေသည်။

နေရစားရကျပ်လိုက်လေချင်း.။၁၅နှစ်ထဲကရည်းစား
ထားလာတာ ဒါမျိုးများယောင်လို့ပင်မဖြစ်ဖူး။

အသက်အရွယ်အရ နည်းနည်းတော့ရိပ်မိပါသည်။
ဒီကောင်လေး ဘာကိုဦးတည်နေပြီလဲဆိုတာ..။
သူကျန်တာဘယ်လောက်ဆိုးဆိုး ဘယ်လောက်ရဲတင်း
တင်း...ပြောမထွက်နိုင် ခက်ခဲနေပုံရရင်
ဒါဟာ သူထင်နေတဲ့အရာပဲ.......။

ရင်တွေခုန်တာများ ည၁၁နာရီကြီး ယောင်ယမ်းကာ
Black Coffee တွေမော့သောက်မိတဲ့အထိ။
အပြင်ပန်းမှာတော့ Coffee လေးသောက်ကာ
အေးရာအေးကြောင်းပြောလာမဲ့စကားကိုစောင့်နေတဲ့
သူပေါ့...။

"ဘာဖြစ်နေတာလဲ....ဂနာမငြိမ်နဲ့....
အဆင်ပြေရဲ့လား.....မလုပ်စဖူးတွေလုပ်ပြီး
မနေတတ်ဖြစ်နေတာလား...."

မောင် လည်းCoffee ယူသောက်လိုက်သည်...။
ခါး လိုက်တာများ......။ပေါလောပေါိနေတဲ့
သံပုရာသီးလေးခြမ်းလေးသည်ပြောင်ပြနေသလို။

Jimin သည် Coffee ခွက်ကိုသာအာရုံစိုက်
နေသလိုဟန်ဆောင်မှုကိုပြုပြီး အရသာခံကာ
နည်းနည်းလေးဆီသောက်ရင်း ဘာစကားများ
ထွက်လာမလဲဆိုတာ ရင်တမမစောင့်နေရသည်။

"ဒီလိုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ထိုင်နေရရင်တော့ ငါပျင်းတယ်
ပြန်အိပ်ချင်ပြီ....အဲ့တော့ ငါသွား.."

"ချစ်တယ်......."

တိတ်ကျသွားသောအသံတွင်Jimin Coffee
ခွက်ကိုင်ထားသောလက်ကလေးတွေတင်းခနဲ။
မျက်လွှာချက်ချင်းချသွားကာ Black Coffee
ထဲက သံပုရာခြမ်းလေးကိုသာစိုက်ကြည့်နေသည်။

ဖြာကျနေသောလရောင်သည်ပို၍လင်းသွားရသလို
ဒီဘဝမှာတော့ ဆုတောင်းကောင်းခြင်း
တွေနဲ့အတူလရောင်အောက်သံသရာတလျှောက်
လုံးကြားချင်ခဲ့ရသောစကားလေးကိုကြားခဲ့ရပြီ။

အိမ်ရှေ့စံ၏ ဝိဉာဉ်သည်.....လိပ်ပြာလေးတွေ
အဖြစ်ပြောင်းလဲသွားကာလက်ရှိJimin
သည်လည်း မျက်နှာလေးရဲခနဲ.....။

.........

"Hyung........ကိစၥကေလ.....
ကၽြန္ေတာ္ကလည္းမတရားတာဆိုရင္
ၾကည့္မေနနိုင္ေတာ့.....
သူတို႔ႏွစ္ေယာက္ေပါင္းၿပီး အလုပ္သမားေတြကို
ႏွိပ္စက္ေနမွာလည္းစိုးတယ္.....
Jimin က ေျပာရရင္ ကၽြန္ေတာ့္အတြက္
ကေလးတစ္ေယာက္ဆိုလည္း မမွားဘူး
ဟိုလိုမ်ိဳး သံေယာဇဥ္ေတြကေတာ့ျဖတ္ေတာက္လိုက္
ပါၿပီ....ကၽြန္ေတာ့္ကို Hyung စကားမေျပာဘဲေနေနတာကအဆင္မေျပဘူး.....အဲ့တာ...."

"ငါ့ကိုလည္းအဲ့လိုမ်ိဳးဂ႐ုစိုက္ပါ
ဆရာဝန္ မို႔ အသက္ႀကီးတဲ့သူမို႔
အေသးစိတ္ၾကည့္ေနဖို႔မလိုေတာ့ပါဘူးလို႔
မေတြးပါနဲ႔ ငါမရင့္က်က္ဘူးJoon
အထူးသျဖင့္မင္းနဲ႔ပတ္သတ္လာရင္
ငါရင့္က်က္မေပးနိုင္ဘူး......"

သုံးႏွစ္တာေလာက္တြဲခဲ့ၾကေတာ့လည္း
Jimin နဲ႔ကၽြန္ေတာ္က တခ်ိဳ႕အေငြ႕အသက္ေလး
ေတြက ခ်ိတ္ဆက္မိတုန္းမို႔ ကေလးကလည္း
ေယာင္သည္။ကၽြန္ေတာ္ကလည္းတရားမျပရရင္
မေနနိုင္...။လမင္းေလးသည္လုံးဝစိတ္ေကာက္
သြားသည္။

လမင္းေလးက စိတ္ေတာင္ညစ္တတ္ရဲ့လား
ဟုသံသယေတြဝင္ခဲ့ဖူးတယ္။
ဘာလို႔ဆိုအျမဲတမ္းျပဳံးေပ်ာ္ေနကာေပါ့ေပါ့ပါးပါးေလး
မို႔ကၽြန္ေတာ္အမ်ားႀကီးေလၽွာ့ေပါ့ေတြးခဲ့တာ။

စိတ္ေကာက္တယ္ဆိုေသာေခါင္းစဥ္တြင္
Coffee ဆိုင္ကျပန္ၿပီး ေနာက္ရက္ေတြအထိ
ကၽြန္ေတာ့္ကိုလုံးဝစကားမေျပာေတာ့။

"ဂ႐ုစိုက္ေပးေနတာမဟုတ္ဘူးေလHyung ရာ
မတရားတာကိုေျပာၿပ ထိန္းေက်ာင္းေပးတာပါ..."

"Joon...မင္းငါ့ကိုခ်စ္ေရာခ်စ္ရဲ့လား
ငါ့ဘက္က အတင္းအက်ပ္လိုက္ကပ္ေနလို႔
အားနာပါးနား တြဲေပးလိုက္ရတာမ်ိဳးလား
ငါJimin ကို ျမင္တိုင္းမွာ အလိုမက်ဘူး......"

ကေလးကေပးတဲ့ဒဏ္ရာေတြေနသားမက်ခင္
မွာေတာ့ဝန္ခံပါတယ္ ေဒါက္တာကသူ႔အတြက္
ရိုးရိုးေလးပဲ....။အခ်ိန္ေတြကုန္လာတဲ့အမၽွ

အျမဲသစ္သီးနံ႔ေလးသင္းေနတဲ့ကိုယ့္သင္းနံ႔ေလးေတြ....
ရီလိုက္ျပဳံးလိုက္တဲ့ရင္ထဲေအးျမသြားရတဲ့
Hyungရဲ့ တန္းခိုးအရွိန္အဝါေတြ....
Joonလို႔ေခၚတိုင္း လင္းခနဲလက္ခနဲလမင္းေလး
ရဲ့မ်က္လုံးေလးေတြ......
ေန႔တိုင္း Coffee လာပို႔ျခင္းကိုမပ်က္ကြက္ခဲ့....
မဖတ္ဘဲစာအုပ္တပုံႀကီး ဝယ္ျခင္းေတြကို
မရပ္တန့္ခဲ့....
အေႏွာင္အသြားမလြတ္တဲ့ စကားလုံးေလးေတြ
စီၿပီး ရွက္ကိုးရွက္ကန္း တဖက္လွည့္ဝန္ခံေနတဲ့ပုံေလး
ေတြက အခ်စ္ဦးကေပးတဲ့ဒဏ္ရာရာဘယ္ေလာက္
နက္နက္....မနာေတာ့ေအာင္စြမ္းေဆာင္နိုင္သည္။

တျဖည္းျဖည္းကေလးကို ေဝဝါးလာၿပီး
Coffee လာမပို႔ရင္ေမၽွာ္ေနတတ္ကာ
စိုးရိမ္မွုေတြေတာင္ ဝင္ေရာက္လာခဲ့ဖူးသည္။

KimNamJoonရဲ့ႏွလုံးသားကHyungျပဳံးျပလိုက္ရင္ကို
ဆဲလ္အသစ္ေတြ ထပ္ထပ္ေမြးဖြားနိုင္ခဲ့တယ္။

အခ်စ္ဦးကိုအခ်စ္ဦးေနရာေလးမွာတိတ္တဆိတ္
သိမ္းဆည္းလိုက္ရၿပီးအခ်စ္ဆုံးျဖစ္လာမယ့္
လမင္းေလးနဲ႔က် ကၽြန္ေတာ့္ပါးခ်ိဳင့္ေတြ
ခ်ိဳင့္မဝင္သြားရတဲ့ရက္တစ္ရက္မွမရွိ...။

Hyung ဖန္တီးေပးခဲ့တာ ေပ်ာ္စရာေတြ
ၾကည္ႏူးစရာေတြ ေအးခ်မ္းစရာေတြႀကီးပဲ
ပြင့္လင္းၿပီး ဟန္ေဆာင္မွုမဲ့တဲ့ အရိုးရွင္းဆုံး
KimSeokJin ဆိုတဲ့ ျဖစ္တည္မွုဟာ
KimNamJoonအတြက္ ခ်စ္တာထက္
ခ်စ္တာထက္ အမ်ားႀကီးကိုပိုပါတယ္....။

ၿပိဳၿပိဳလဲလဲေန႔ရက္ေတြထဲကဆြဲထုတ္ကာ
အလွဆုံးေသာ ေမတၱာႀကိဳးေတြနဲ႔
ေလးေလးနက္နက္ေလးခ်ည္ေႏွာင္ေပးခဲ့သူမို႔
ေက်းဇူးလည္းတင္ရသလို.....KimNamJoonအတြက္
မရွိမျဖစ္ လူသားပါလို႔ေျပာရရင္လည္းမမွားပါ။

KimSeokJin က လန္းဆန္းလြန္းတဲ့Savezone
ေလး....။

"ကၽြန္ေတာ့္ကိုၾကည့္ပါ......Hyung..."

မၾကည္မလင္မ်က္လုံးေလးေတြနဲ႔ခပ္စူးစူး
ၾကည့္လာခဲ့တဲ့သူ.....။

"ခ်စ္တယ္....ကၽြန္ေတာ္KimSeokJinကို
ခ်စ္ပါတယ္....."

"မယုံဘူး မင္းက မင္းရည္းစားေဟာင္းျမင္တာနဲ႔...."

အရွက္ေတြအိတ္သြန္ဖာေမွာက္ပဲ....။
ညႇိေနရင္ဆုံးမွာမဟုတ္ေတာ့။Hyung ပါးေလးတဖက္
ကိုဖိကပ္နမ္းလိုက္ေတာ့ ဆရာဝန္မ်က္လုံးေတြ
ဝိုင္းခနဲ......။

"မင္း....လမ္းေပၚႀကီးမွာ...."

စက္ဘီးတစ္စီးနဲ႔ေဆးခန္းေရွ႕အထိလာေခ်ာ့ေတာ့
Hyung ကေဆးခန္းထဲပင္မေခၚခဲ့
အျပင္ထြက္ကာစကားလာေျပာသည္။
ရက္ကြက္တစ္ခုရဲ့ လမ္းကေလးမို႔
လူသူသိပ္စည္စည္ကားကားမဟုတ္ေပမယ့္
လမ္းပဲေလ.....။
KimNamJoonသည္စြန့္စြန့္စားစားလူ။

"ဘာလုပ္ရမွန္းမသိလို႔ပါ.....စိတ္မဆိုးပါနဲ႔
Hyung ရာ ကၽြန္ေတာ္ေနာက္ ဆင္ျခင္ပါ့မယ္...."

"မဆင္ျခင္ရင္ ငါက JeonJungkook ကို
ေျမႇာက္ေပးမွာ JeonJungkook က
ParkJimin ဆို တာနဲ႔ဘာမွမျမင္ေတာ့ဘူး....."

"ကၽြန္ေတာ္သိပါတယ္......"

"သိရင္ ေနာက္တစ္ခါအဲ့ဒီေကာင္ေလးကို
ဂ႐ုမစိုက္နဲ႔ ငါ့ကိုပဲစိုက္.....ငါလည္း
လူေတြကို လိုက္အနိုင္က်င့္တတ္တယ္
ငါ့ကိုပဲတရားျပ....."

"လူေတြရဲ့စိတ္အေျခအေနေတြကို
ကယ္တင္ေပးေနတဲ့ Hyung က
အနိုင္က်င့္တယ္ဆိုတာ ျဖစ္နိုင္ပါ့မလား....."

"KimNamJoon စကားကိုကပ္ကပ္မေျပာနဲ႔"

"ဒါဆို စိတ္ဆိုးေျပၿပီလား...
ဒီမွာ Hyung ႀကိဳက္တဲ့Coffee ဝယ္လာတယ္
Magic Shopက ....."

"ေပး....."

စိတ္ဆိုးရင္းနဲ႔ေတာင္ စိတ္ဆိုးေနတာကို
ေမ့ေမ့သြားရေအာင္ ဒီသဘာဝေလးက
ရိုးရွင္းတဲ့အျပဳအမူေလးေတြနဲ႔ေခၽြသည္။
Coffee ကိုယူလိုက္ကာ ငါးမိနစ္ပဲေခ်ာ့ရသည္။
သူစိတ္ေကာက္ေျပၿပီ။

အၾကာႀကီးေကာက္လည္းၿပီးရင္ေျပရမွာပဲ...
အလွေကာက္လိုက္တာမ်ိဳးေပါ့။

ခ်စ္တဲ့ေနာက္ေတာ့ ဘာျဖစ္ျဖစ္ခြင့္လႊတ္ေပးရမွာ
ပိုခ်စ္ရေသာသူေတြရဲ့ဝတၱရားေလ။

"ညက် လာႀကိဳမယ္ေနာ္....ႀကိဳရမယ္မွတ္လား"

"ႀကိဳရမွာေပါ့...."

"Hyung ကသိပ္ေခ်ာတယ္.....
စိတ္ဆိုးေနတာေတာင္ သိပ္ၾကည့္ေကာင္းေနတုန္း..."

ရဲခနဲမ်က္ႏွာေလး...။Coffee ေသာက္ေနကာ
မၾကားသလို မသိသလိုဟန္ေဆာင္ေနျပန္သည္။

"ပါးက ေနာက္တဖက္ထပ္နမ္းလို႔ရမလား...."

"လမ္းေပၚႀကီးမွာ....ပါဆို...နမ္း......"

ပါးတဖက္ထိုးေပးလာသူသည္ ပိုပိုၿပီး
ခ်စ္လာရမယ့္အေၾကာင္းျပခ်က္ေတြနဲ႔။
Namjoon နစ္ေနေအာင္နမ္းခ်လိုက္သည္။

"ေက်းဇူးတင္ပါတယ္Hyung......"

"မလိုဘူး....နမ္းခ်င္တဲ့အခ်ိန္တိုင္း
နမ္းလို႔ရတယ္.....ခြင့္ေတာင္းမေနနဲ႔
ငါက ခြင့္ျပဳၿပီးသား...."

"ဟာဗ်ာ......."

လမ္းၾကားေလးေပၚအီစီကလီေလးေတြမိနစ္ေတာ္ေတာ္ၾကာၾကာလုပ္ေနၾကၿပီး
ေဆးခန္းဖြင့္ထားတာမို႔လူနာေတြလာတဲ့အခါ
ေဒါက္တာ ၾကာၾကာခ်စ္ဖို႔ေကာင္းေနလို႔မရေတာ့။
ခ်စ္သူေကာင္ေလးအား ႏွုတ္ဆက္ကာ
ေဆးျပန္ကုရျပန္သည္။
သဘာဝေလးသည္ ေဆးခန္းထဲေျပးဝင္သြားသူ
ဆရာဝန္ေလးကိုၾကည့္ကာ ျပဳံးယဲ့ယဲ့။

ေနာက္တစ္ခါဆိုရင္ေတာ့ ႏွုတ္ခမ္းေလးေတြအလွည့္။

.................။

အလုပ္ျပန္လုပ္ရသည္။အလုပ္လက္မဲ့လူဆိုးနဲ႔
ဘက္ၿပိဳင္ကာအားၿပိဳင္ေနလို႔မရေတာ့။
Company မွာလစ္ဟင္းမွုေတြရွိလာၿပီျဖစ္တာ
ေၾကာင့္ JeonGroupေျပးလိုက္ ကိုယ့္Hotel
ျပန္ၾကည့္လိုက္ႏွင့္ ဘဝသည္ေနာက္ဆုံးေတာ့လည္း
ပုံစံခြက္ထဲပဲျပန္ေရာက္လာခဲ့သည္။

"တစ္ၿမိဳ႕လုံး အသဲပုံေတြနဲ႔ ဘာေတြျဖစ္ေနၾကတာလဲ"

ညေနေစာင္းCompany ျပန္ခ်ိန္ကားမွန္မွလွမ္းေတြ႕
ရေသာ ျမင္ကြင္းေတြသည္Jimin ကိုအနည္းငယ္
ထူးဆန္းေနေစသည္။

"အကိုေလးကလည္းဒီေန႔Valentines Dayေလ
ခ်စ္သူမ်ားေန႔....အဲ့တာေၾကာင့္အတြဲေလးေတြ
ေလၽွာက္လည္ေနၾကတာ...."

"အာ....ဟုတ္ပါရဲ့ ကၽြန္ေတာ္လည္းသတိလက္လြတ္
ေတြကိုျဖစ္ေနေတာ့တာ....14ရက္ေန႔မွန္းေတာ့
သိတယ္ Valentines ကိုသတိကိုမရ....."

"အကိုေလး နဲ႔ သခင္ေလး ဘာအစီအစဥ္မွမရွိ
ဘူးလား....."

Jimin ကားမွန္ကို ျဖည္းျဖည္းခ်င္းမွီလိုက္ကာ
Driver ဦးေလးကို ဘာျပန္ေျဖရမွန္းမသိ။
ဘာအစီအစဥ္ရွိရမွာလဲ......။
ခုရက္ပိုင္းေတြ မထိန္းနိုင္မသိမ္းနိုင္
ေနရာအႏွံ့ေပြ႕ဖက္နမ္းရွိုက္ၾကရင္း
နမ္းၿပီးေတာ့လည္း မဟုတ္ၾကသလိုလို....။
ဒီအေျခအေနက အဆန္းရယ္လို႔မဟုတ္ေပမယ့္လည္း
ကိုယ္သည္ ခုထိ JeonJungkook ရဲ့ဘယ္ေနရာမွာမွန္း
မသိ.....။

Valentines Dayမွာအစီအစဥ္လုပ္ဖို႔အထိ
သူကေဘာင္မဝင္ဘူးေလ။
၂၅ႏွစ္ဆိုတဲ့အရြယ္ဟာ ခ်စ္သူမ်ားေန႔ကို
ေမၽွာ္လင့္ဖို႔အနည္းငယ္ကေလးဆန္တယ္ဟု
သတ္မွတ္လို႔ရေပမယ့္ သူပဲေမာင့္စီးကရက္ေလးပါဆို။

လက္ထပ္ထားတဲ့ေယာက်္ားထက္
Clubက မိန္းကေလးလွလွေတြနဲ႔သြားေပ်ာ္ေနအုန္းမွာ
ပဲလား။JeonJungkook ကJeonJungkook ပဲေလ။
မလုပ္ေလာက္ပါဘူးလို႔ ေတြးခဲ့သမၽွ
လုပ္ခဲ့တာႀကီးပဲကို......။

ဘာေၾကာင့္မွန္းမသိ ကိုယ့္ဘဝကိုဝမ္းနည္းေနခဲ့သည္။
ကေလးေတြလို ေလၽွာက္သြားေနခ်င္တာမ်ိဳး
လည္းမဟုတ္.....ေပ်ာ္ခ်င္ရႊင္ခ်င္တာမ်ိဳးလည္း
မဟုတ္ဘဲ....ကိုယ့္မွာလည္းကိုယ့္အပိုင္လို
ေယာက်္ားရွိရက္နဲ႔ ေငးၾကည့္ေနရတာကိုက
သဘာဝမက်တာ။ဦးေလးႀကီးေမးခြန္းကို
ဘာျပန္ေျဖရမွန္းမသိတာက လည္းစိတ္ပ်က္စရာ
ေကာင္းလွပါသည္။

Company ရဲ့ MDျဖစ္ေနၿပီ.....ဒါေတြေခါင္းထဲ
ထည့္တုန္းလားလို႔ေမးရင္....ထည့္မိေနတယ္။
ေပြေပြရွုပ္ရွုပ္ကို လက္ထပ္ထားမိလို႔
Valentines ကို ဘယ္မိန္းမနဲ႔သြားျဖတ္သန္းေနမလဲ
ဆိုတာေတြးမိၿပီး ေခါင္းထဲကိုထည့္ကိုထည့္မိေနသည္။
အရင္ကဘာလုပ္လုပ္စိတ္မဝင္စားခဲ့ေပမယ့္
ခု မာယာတစ္သိန္း ဖုန္းေျပာေနတာကအစခိုးခိုးနားေထာင္
မိတတ္သည္။
အလြန္ကို ေငးေငးငိုင္ငိုင္အေျခအေနပါ။

ဘာကိစၥမ်ားအသက္၂၅ႏွစ္ႀကီးေကာင္ႀကီးမား
က်မွ Valentines Dayကို အရမ္းေတြဆင္ႏြဲခ်င္ေနရတာလဲ။အရမ္းေတြစိတ္ထဲထည့္မိေနတာလဲ။
အလုပ္ေတြအရမ္းလုပ္ၿပီး႐ူးသြားၿပီထင္ပါသည္။

"အကိုေလး....ဒါကၽြန္ေတာ့္ဇနီးေပးတဲ့
ေခ်ာကလက္ေလးေတြထဲက တစ္ခုပါ
ဟို....Valentines ဆိုတာ ခ်စ္သူရည္းစားရယ္မွ
မဟုတ္ဘူး ခ်စ္တဲ့သူေတြအားလုံးကို
ေကၽြးလို႔ရေတာ့ေလ လက္ေဆာင္ပါ....
သခင္ေလး ကို ေပးလိုက္လည္းရပါတယ္....."

အိမ္ေရွ႕ကားရပ္ၿပီး အသဲပုံဘူးေလးထဲက
အသဲပုံေခ်ာကလက္ေသးေသးေလးေတြထဲက
အနီရဲရဲ ေလးတစ္ခုကို Driver ဦးေလးႀကီးသည္
လက္ထဲထည့္ေပးလာသည္။

"ဦးေလး မိန္းမက ခုထိေပးတုန္းလား...."

"ႏွစ္တိုင္းပဲ....."

"ေအာ္......"

"ေက်းဇူးတင္ပါတယ္....ကၽြန္ေတာ္ဒီႏွစ္အတြက္
ေခ်ာကလက္ မရမရွိေတာ့ဘူးေပါ့..."

"သခင္ေလးက အမ်ားႀကီးဝယ္ထားမွာပါ
ကၽြန္ေတာ့္ကိုယုံပါ....."

ဟုတ္ေသာ္ရွိ မဟုတ္ေသာရွိ MD Parkသည္
ဝယ္ထားမွာပါဆိုတဲ့စကားနဲ႔တင္ရင္ထဲသိမ့္ခနဲ....။
အနီရဲရဲအသဲပုံေလးကို လက္ထဲဆုပ္ကာ
အိမ္ထဲသို႔ ဝင္သြားလိုက္သည္။

"TaeHyung ကို ဖုန္းေခၚအုန္း.....Rom....
ဒီမွာ လူစုံေနၿပီကို...."

အိမ္ထဲဝင္ဝင္ခ်င္း ဆိုးဆိုးဝါးဝါးနားထဲျဖတ္ဝင္
လာေသာအသံ။တမိုးေအာက္JeonJungkook
သည္ဧည့္ခန္းထဲတြင္အေပါင္းအသင္းတသိုက္
ျဖင့္ဘီယာဝိုင္းတည္ေနသည္။ရွုပ္ပြေနေသာ
ဧည့္ခန္းတစ္ခုလုံးမွာျဖစ္ခ်င္တိုင္းျဖစ္ေနလၽွက္။

KimTaeHyung ကိုဖုန္းေခၚခိုင္းေနပုံသည္
ေတာ္ေတာ္ကိုေတြ႕ခ်င္ေနေသာပုံစံ။
လြန္ခဲ့ေသာမိနစ္ပိုင္းေတြကကားေပၚမွာ
ေတြးခဲ့ေသာသုံးစားမရသည့္အေတြးေတြကို
ႀကိတ္ရွက္ကာ Jimin မ်က္ႏွာတင္းခနဲ...။
ဘာလို႔မ်ား ဒီလိုေယာက်္ားမ်ိဳးဆီက
အဲ့ဒီေယာက်္ားနဲ႔မထိုက္တန္တဲ့ေကာင္းျခင္းေတြကို
ေမၽွာ္လင့္မိတာပါလိမ့္......။

သူကလြဲ တျခားသူေတြသည္အတြဲကိုယ္စီ
ျဖင့္ ဧည့္ခန္းထဲပင္ေပၚတင္ခ်ိန္းေတြ႕ေနၾကသည္ ။
သူကတစ္ေယာက္ထဲျဖစ္ေနလို႔KimTaeHyung
ကိုေခၚခိုင္းေနတာေပါ့။

ဒါဆို သူသုံးဖို႔ျဖဳန္းဖို႔ Million ေတြBillion
ေတြအတြက္ အလၽွင္မွီေအာင္ မ႐ူး႐ုံတမယ္
ရွာေနရတဲ့ငါက ဘာလဲ.....။
လက္ထပ္ထားတဲ့ငါက ဘာလဲ။

စကားတက္တိုင္းပါးစပ္ဖ်ားေလးနဲ႔ေျပာခဲ့ေသာ
ေပါက္ပန္းေလးဆယ္ေတြကို ရင္ထဲအမၽွခံစား
ႀကိတ္ရင္ခုန္ခဲ့ရတဲ့ငါက အ႐ူးႀကီးလား...။

တခါမွမဝတ္ဖူးေသာေရာင္စုံShirtအက်ီအကြက္
ျဖင့္ ဘီယာတစ္ဘူးကိုင္ကာ
မထီတထီစကားေျပာေနပုံသည္အလြန္ပင္အသဲယား
စရာေကာင္းလွပါသည္။

အိမ္ထဲကိုဝင္လာတာကိုေတာ့ ျမင္ရွာပါသည္။
ဘီယာဘူးကို ခ်ကာ

"Jimin ျပန္လာၿပီလား....ဒီမွာ ေမာင္တို႔......"

စကားကိုဆုံးေအာင္နားေထာင္ေနဖို႔မလိုအပ္။
အမုန္းဆုံးက အိမ္မွာ ဖဲဝိုင္းေထာင္တာ
အရက္ဝိုင္းေထာင္တာပါတီေပးတာ
သ႐ုပ္ပ်က္လူဆိုးလူမိုက္ေတြနဲ႔ လူဆိုးေခါင္းေဆာင္
လုပ္တတ္တာေတြ......။
လုံးဝအဖက္မလုပ္စြာအိမ္ေပၚသို႔တန္းတက္
သြားလိုက္သည္။

ေမာင့္မ်က္ႏွာကြက္ခနဲပ်က္သြားသည္။
လူအမ်ားေရွ႕ လုပ္သြားတဲ့အခ်ိဳးအစားသည္
ရင့္ရင့္သီးသီး။သူနဲ႔ကိုယ္ အဆင္ေျပေနၿပီပဲ....။
ဘာျပႆနာမွမရွိေတာ့တဲ့ဟာ ဒီမာနနဲ႔ဒီမာန္ေတြက
မေလၽွာ့ေတာ့ဘူးလား.....။
အေပါင္းအသင္းေတြေရွ႕ဆို အျမဲParkJimin က
ပညာျပသည္။

"ေဟ့ေကာင္ အေျခအေနမေကာင္းဘူးလား
ငါတို႔ေသာက္ေနတာ မႀကိဳက္ဘူးနဲ႔တူတယ္..."

"သူ႔အတြက္ပဲလုပ္ေနတာေလ...
မင္းတို႔လည္းပင္ပန္းေနတာ ဘာမွမသိဘဲ
ငါအဲ့တာေၾကာင့္ တအားမRoခ်င္တာ...."

"ေအး ဟုတ္တယ္...အဲ့တာေတာ့
တစ္ခါတေလက် မင္းေယာက်္ားက
ႀကီးကို ႀကီးက်ယ္လြန္းတယ္...."

"မေဝဖန္နဲ႔....Jimin ကို....."

မ်က္လုံးေတြကိုစိုက္ၾကည့္ကာဆိုလိုက္ေသာ
စကား....။အားလုံးဘာမွဆက္မေျပာၾကေတာ့။
ဒီလို လူမ်ိဳးကိုသူငယ္ခ်င္းေတာ္ရျခင္းသည္လည္း
ဘယ္ဘဝအဆက္ဆက္ကဝဋ္ေႂကြးေတြမွန္းမသိ။

ေဂ် သည္ ေပါင္းရသင္းရခက္လြန္းသည္။
ေယာက်္ားကို ရည္းစားစကားအစကျပန္ေျပာ
ဖို႔ Valentines Dayမွာ Suprise လုပ္ခ်င္
တယ္ဟုဆိုတာေၾကာင့္ ParkJimin အလုပ္သြား
ေနခ်ိန္တြင္ သိလည္းမသိသာေအာင္
အျမန္ဆုံးစီစဥ္ရသည္။သူတို႔အားလုံးသံတုတ္ကိုင္
ရန္ျဖစ္ၾကတဲ့အဆိုးအဆာေလးေတြေပမယ့္
ေဘာ္ဒါအေရးကိစၥျဖစ္တဲ့အခါ အႏုအရြေလးေတြ
ကိုလည္းႀကိဳးစားလုပ္ကိုင္ေပးခဲ့ၾကပါသည္။

ေန႔ေပါင္းမ်ားစြာVideo ေတြလိုက္ရွာၾကည့္ၿပီး
ဘာအိုင္ဒီယာမွလည္းသူရတာမဟုတ္။

"ဘာပန္းၿခံမွာမွမလုပ္ဘူး....သူကငါ့ဝန္ခံလိုက္
တာနဲ႔ တအားေပ်ာ္လြန္းၿပီး မ်က္ရည္ေတြက်လာမွာ
ဒီလူက ငိုငိုရီရီ အရမ္းဆန္းၾကယ္တာ
ဝမ္းသာမ်က္ရည္ေတြက်မဲ့ပုံဆို ပိုၿပီးအထူးအဆန္း
လွေနမွာမလို႔  Public မွာမလုပ္ဘူး..."

"Hotel ခန္းမ.....နိုးနိုး....
Hotel ဆိုတဲ့အသံငါၾကားကိုမၾကားနိုင္ဘူး....
မလုပ္ဘူး...."

"ကစားကြင္း......ကေလးလား...
ကစားစရာေတြ ေလၽွာက္စီးၿပီး မ်က္လုံးေတြ
မွိတ္က်သြားေအာင္ ေပ်ာ္ၿပီးရီရင္
ငါမျဖစ္ဘူး မလုပ္ဘူးကြာ...."

"ကၽြန္း.....မျဖစ္ဘူး....ကၽြန္းမွာJimin က
ပိုလွတယ္....ပင္လယ္ေလေတြတိုက္လို႔
ဆံပင္ေလးေတြလြင့္သြားရင္ ပိုၿပီးလွတာ
မလုပ္ဘူး...."

"Club မွာ....ငါထထိုး လိုက္လို႔.....
မလုပ္ဘူးကြာ....Propose ကြ
ပါတီေပးမွာမဟုတ္ဘူး......အ႐ူးေကာင္ေတြရဲ့..."

သူတို႔ျဖစ္သင့္ျဖစ္ထိုက္တာေတြကိုခ်ျပေပမယ့္
ေဂ်က သူတိူ႔လိုက္၍မမွီေသာအေၾကာင္းျပ
ခ်က္ေတြျဖင့္ ေနာက္ဆုံးေတာ့Jeonအိမ္ေတာ္ႀကီး
ဆီကိုျပန္ေရာက္သည္။
အဲ့တာဆိုလည္း အႀကီးအက်ယ္ေတြ
ရွာေဖြၾကည့္ရွုမေနနဲ႔ေလ....။

ParkJimin အိမ္ျပန္မေရာက္ခင္အကုန္လုံး
လက္စသတ္ကာ အေမာေၿဖ ဘီယာေလး
ေသာက္မိျခင္းသည္ ဆက္ပဲေသာက္ရေတာ့
မလိုလို ျပန္ပဲေျပးရေတာ့မလိုလို.....။

"ေသာက္ေသာက္ ဘာမွမျဖစ္ဘူး
ဘာေတြအလိုမက်လာလည္းမသိဘူး
ငါသြားေမးအုန္းမယ္...."

"ေဂ် ျပန္ဆင္းလာခဲ့ေနာ္......"

ၿပီတီတီ႐ုပ္ေတြနဲ႔ ဝိုင္းစလာတာေၾကာင့္
ပါးစပ္လွုပ္႐ုံေလးဆဲကာ ေမာင္လူေတြေရွ႕
သူ႔ကိုအရွက္ခြဲသြားသူအခန္းဆီဦးတည္လာခဲ့သည္။

အခန္းတံခါးဖြင့္ဝင္သြားလိုက္ေတာ့အလုပ္စားပြဲ
တြင္ထိုင္ေနေသာJimin သည္ၿငိမ္ၿငိမ္သက္သက္။

"ဘာျဖစ္လာတာလဲ စကားအေကာင္းေျပာ
ေနတဲ့ဟာေတာင္ မင္းကဘာကိစၥ
မတူမတန္အခ်ိဳး ခ်ိဴးသြားရတာလဲ Jimin..."

"ထြက္သြား ငါပင္ပန္းလာလို႔.....နားခ်င္တယ္.."

လွည့္မၾကည့္ဘဲ ခပ္ေအးေအးထြက္လာခဲ့ေသာ
ေလသံ....။

"ေမာင့္ကို မႏွင္နဲ႔....."

"ႏွင္ေနတာမဟုတ္ဘူး တစ္ေယာက္ထဲေနခ်င္လို႔...
ေတာင္းဆိုေနတာ ....."

"မင္း စိတ္ၾကည္လင္မဲ့ေန႔ကဘယ္ေန႔လဲJimin
မင္း ေမာင့္ကို သူငယ္ခ်င္းအေပါင္းအသင္းေတြ
ေရွ႕မွာ အျမဲတမ္း ဆက္ဆံတဲ့ပုံစံက
အဆင္မေျပဘူးေနာ္....ဒီေန႔စိတ္ၾကည္ေနလို႔
ထားေပးလိုက္ေပမယ့္........"

"ဘာျဖစ္ခ်င္လဲ!!!ဆက္ဆံေတာ့ဘာျဖစ္ခ်င္လဲ
စိတ္ၾကည္ေနတာလားၾကည္ေနရင္ငါ့ဆီမလာနဲ႔ေလ
ေပ်ာ္ေနေလ မင္းေပ်ာ္ရႊင္ခ်င္တဲ့သူကိုေခၚၿပီး
ေပ်ာ္လိုက္....ငါ့ဆီကို ေဒါသထြက္မွာလာ
စိတ္မၾကည္မွလာ ျပႆနာရွာခ်င္မွလာ
မင္းစိတ္ဆႏၵေတြအတြက္က်မွလာ...."

တစ္ခါတရံလည္းဒီလိုေလးနားလည္ရခက္ပါသည္။
စကားေတာင္မဆုံးေသး....ခုံေပၚမွထကာ
Necktie ကိုျဖည္ေလၽွာ့ရင္း စူးစူးရဲရဲၾကည့္ကာ
ေအာ္လာျပန္တာေၾကာင့္ ေမာင္ ဖ်င္းခနဲ...။
ျပႆနာရွာတာရယ္မဟုတ္ပါဘူး...။
ဘာျဖစ္လာသလဲလို႔သိခ်င္႐ုံ...။

"ParkJimin!!မဆိုင္တာေတြေနာ္....
အလုပ္မွာ အဆင္မေျပရင္ အလုပ္မွာထားခဲ့
အိမ္အထိယူလာၿပီး မင္းေမာင့္ကိုပတ္ရမ္းေနဖို႔မလိုဘူး"

"အဆင္မေျပစရာဘာမွမရွိဘူး
အိမ္ျပန္လာၿပီး မင္းမ်က္ႏွာကိုျမင္မွ
အဆင္မေျပေတာ့တာ....."

"မ်က္ႏွာက ဘာျဖစ္ေနလို႔လဲ......ေျပာ...!!"

ေျပလုဆဲဆဲNecktie ကိုဆြဲေဆာင့္ကာဒဲ့ၾကည့္
ၿပီးေမးေတာ့ ထိုးခ်လိုက္တဲ့မ်က္ေစာင္း...။
ႏွလုံးသားေတြခ်က္ခ်င္းဖရိုဖရဲျဖစ္သြားသည္။

ေယာက်္ားတစ္ေယာက္၏ဟန္ပန္အရ
မ်က္ေစာင္းထိုးေသာအျပဳအမူသည္
သိပ္ေတာ့မအပ္စပ္ေပမယ့္ ParkJimin က
စူးရွရွၾကည့္ကာ တစ္ကြက္ျပလိုက္ျပန္သည္။

ေမာင္ Necktie ကိုဆြဲထားရက္ႏွင့္
ဝိဥာဥ္လြင့္သြားရျပန္သည္။

"ဖယ္စမ္း!! ငါ့ကိုလာမႏွိုးနဲ႔....ငါအိပ္မွာ
လုံးဝလာမေႏွာက္ယွက္နဲ႔....မင္းမ်က္ႏွာကို
မႀကိဳက္လို႔ကို အဆင္မေျပတာကြာ...
သြား အခန္းထဲက ထြက္သြား....!!!!"

ဘာျဖစ္လို႔ျဖစ္ေနမွန္းမသိ...။တစ္ဖက္သတ္ႀကီး
ေတြအေျပာခံေနရတာေၾကာင့္ ေမာင္
ဘာမွလြန္လြန္ၾကဴးၾကဴးေတြထပ္မျဖစ္ေတာ့
ေစရန္ စိတ္ကိုအားလုံးေလၽွာ့လိုက္သည္။
ဒီေန႔မွာ ရန္မျဖစ္ခ်င္ ျပႆနာေတြလည္းမတက္ခ်င္။

"တစ္ခ်ိန္လုံး မင္းစိတ္ႀကီးပဲ....
မင္းပဲ အျမဲ အလိုမက်ေနလိုက္...
ထြက္သြားေပးမယ္....."

Necktie ကို ေလၽွာ့ေပးလိုက္ကာအိပ္ရာေပၚ
သို႔တြန္းခ်ခဲ့တဲ့သူ...။အခန္းတံခါးေဆာင့္ပိတ္ကာ
ေမာင္ထြက္သြားခဲ့သည္။

မ်က္အိမ္ေတြနီရဲလာကာ ျဖစ္ေနတဲ့စိတ္အေျခအေန
ကိုလည္းကိုယ့္ကိုကိုယ္ေဒါသထြက္သည္။
KimTaeHyung ကိုဖုန္းေခၚတယ္ဆိုထဲက
သူ႔ေဒါသသည္အရွိန္နဲ႔အဟုန္နဲ႔....။
ေျပာမရဘူး ေအာက္မွာေရာက္ရင္လည္းေရာက္
ေနမွာ။သြားမၾကည့္ရဲဘူး....။
ရွိေနရင္ အရွက္မရွိ ငိုမိအုန္းမွာ...။

ဘယ္ေတာ့မွအမွတ္မရွိတဲ့ParkJimin...။
ခုထိကို ဒီေယာက်္ားသည္ သူ႔အတြက္ျဖစ္မလာ..။
ဘယ္ေလာက္ အရွုံးေပးေပး
ဘယ္ေလာက္သည္းခံေပးေပး
ဘယ္ေလာက္စိတ္ေရာကိုယ္ပါနာက်င္ေပးခဲ့လည္း
အခ်ိန္တန္ရင္...သူကစိတ္ပ်က္စရာလို
ပစ္ခ်ထားခံရတာပဲ....။

အိပ္ရာေပၚဆံပင္ေတြကိုဆြဲဖြကာ မ်က္ရည္ေတြ
က်မလာေအာင္ထိန္းထားခဲ့ရတာေၾကာင့္
မ်က္အိမ္တစ္ခုလုံးနီရဲေတာက္ေနခဲ့သည္။

ဘာေၾကာင့္လဲ?ဘာေၾကာင့္ဒီေလာက္ေတာင္
ထိလြယ္ရွလြယ္ျဖစ္ကာ ခံစားလြယ္ေနရတာလဲ။

အလွဆုံးျပဳံးျပခဲ့ေသာ ႏွုတ္ခမ္းပါးေလးေတြကို
ျမင္ေယာင္မိတဲ့အခါ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္
က်လာခဲ့ေတာ့သည္။

သိပ္မက္ေမာရတဲ့အျပဳံးေတြ...
ဘဝေတြေျပာင္းတဲ့အထိ မၿငိဳမျငင္စြဲလန္း႐ူးသြပ္
ရတဲ့အျပဳံးေတြ....
ထီးနန္းနဲ႔ေတာင္လဲပစ္လိုက္နိုင္တဲ့အဖိုးတန္ဆုံး
ရတနာေလးေတြ.....
ဘယ္ေလာက္နာရ နာရ ဘယ္ေသာအခါမွ
ျမတ္နိုးရေသာစိတ္သည္ မပ်က္ယြင္းခဲ့.....။

ပိုင္ခ်င္တယ္.....ပစၥဳန္ပန္မွာေတာ့....ပိုင္မွျဖစ္မွာ...။

ဆိုင္သူေလးသည္ အသံတိတ္ငိုေႂကြးမွုေတြကို
အခ်ိန္ေတာ္ေတာ္ၾကာ ျဖတ္သန္းၿပီးတဲ့အခါ
အိပ္ရာေပၚတြင္ေကြးေကြးေလးေမာကာအိပ္ေပ်ာ္
သြားခဲ့သည္။

ကေလးေတြ စိတ္အေကာက္လြန္ကာငိုရင္း
အိပ္ေမာက်သြားသလိုမ်ိဳး ေရလည္းမခ်ိဳးျဖစ္
အဝတ္အစားပင္မလဲျဖစ္ပဲ ႏွစ္ေယာက္အိပ္
ေမြ႕ယာထက္ မေျခာက္တေျခာက္မ်က္ရည္စေတြ
နဲ႔အတူ ၿငိမ္ၿငိမ္ေလး.....။

"အဆင္ေျပခဲ့ရဲ့လားေဂ်......"

"ျမန္ျမန္ခ်စ္မွျဖစ္ေတာ့မယ့္အေျခအေနပဲ....
ParkJimin ကိုငါနားမလည္နိုင္ေတာ့ဘူး
ည၁၁နာရီ ျမန္ျမန္ထိုးစမ္းပါကြာ....."

...................။

"JEon ငယ္....ဒီမွာ လိပ္ျပာေလး.......
ဖမ္းေပးပါအုန္း....."

အိမ္ေရွ႕စံပိုင္ေသာဥယ်ာဥ္ထဲ အားလပ္ရက္
တခ်ိဳ႕တြင္ Jeonငယ္ေလးနဲ႔အတူတူ
ပန္းေတြ အသီးေတြကိုလိုက္ၾကည့္ကာ
ေျပးလႊားေနတတ္သည္။

အိမ္ေရွ႕စံသည္ နန္းေဆာင္ကထြက္လာထဲက
အိမ္ေရွ႕စံဆိုေသာ ျဖစ္တည္မွုကို
ေခတၱထားခဲ့ကာ ဥယ်ာဥ္ထဲေပ်ာ္ရႊင္ရေသာ
ေန႔မ်ိဳးတြင္ ပုံမွန္ လူငယ္ေလးလို ျပဳံးရႊင္ေနတတ္သည္။

တတိယလူဆိုတာေပၚမလာခဲ့ေသးေသာ
ဆြံ႕ပ်ံဖြယ္ရာ အခ်ိန္အခါေလးတစ္ခုပါ့။

"လွလိုက္တာ....မဖမ္းရက္ဘူး အိမ္ေရွ႕စံ
တစ္ခုခုျဖစ္သြားမွာစိုးတယ္....."

"ငါ ဖမ္းျပမယ္....."

"မလုပ္ပါနဲ႔....."

လက္ႏုႏုေလးေတြကို Jeonငယ္က
ဖမ္းထိန္းလိုက္ကာ တားသည္။
ထို႔ေနာက္ ခ်က္ခ်င္းျပန္လႊတ္ေပးကာ
ခါးညႊတ္ေတာင္းပန္လာသည္။

"ငါ....မင္းခါးညႊတ္ၿပီး စိုးရြံ႕ပါတယ္လို႔
ေျပာတိုင္းမွာ ငါ့ျဖစ္တည္မွုကို ငါသိပ္ေနာင္တရတယ္"

"လာ ျမက္ခင္းေပၚမွာ လွဲအိပ္ရေအာင္
ေကာင္းကင္ႀကီး ကိုၾကည့္ၿပီး
စိတ္ထဲရွိရာေတြေျပာၾကမယ္......"

"မသင့္ေတာ္......"

"သင့္ေတာ္တယ္....ဒါအမိန့္ပဲ...."

စိမ္းေတာက္ေနေသာ ျမက္ခင္းစိမ္းေပၚ
ကိုႏွစ္ေယာက္အတူတူလွဲခ်လိုက္သည္။
ျမက္ခင္းေပၚတြင္ႏွင္းစက္ေလးေတြစိုေနတာ
ေၾကာင့္ Jeonရဲ့ ဆံပင္ရွည္ေတြေရစိုမွာစိုး၍
အိမ္ေရွ႕စံရဲ့ လက္ေမာင္းတစ္ဖက္က အဆင္သင့္
ခုခံထားမိသား....။

"မဟုတ္တာ....ရပါတယ္ အိမ္ေရွ႕စံ...
ကၽြန္ေတာ္မ်ိဳးက ေတာင္လုပ္ေပးရမွာပါ...."

"အိမ္ေရွ႕မင္းသားရဲ့ လက္ေမာင္းေပၚ
ဘာလို႔မ်ားေခါင္းမအုံးခ်င္ရတာလဲJeon"

"အိမ္ေရွ႕မင္းသားျဖစ္ေနလို႔ေလ....."

Jeon ဟာ ေၾကာက္ရတာေၾကာင့္ေရွာင္ဖယ္
ေတာ့မသြားခဲ့ပါ။လက္ေမာင္းတဖက္ေပၚ
ခပ္ဖြဖြေလးအုံးအိပ္ရင္း ဝိုင္းစက္ေသာ
မ်က္လုံးေလးေတြနဲ႔ျပန္ေျဖသည္။

"ဒီပန္းဥယ်ာဥ္ထဲဘယ္သူမွဝင္မလာဘူး
မင္းရယ္ငါရယ္ ႏွစ္ေယာက္ထဲ.....
မဆင္ျခင္လို႔ရတယ္....."

ေကာင္းကင္ျပာျပာႀကီးေအာက္က
ပန္းႏုေရာင္ေလးဝတ္ထားတဲ့ အိမ္ေရွ႕စံဟာ
ၿပိဳင္ဘက္မရွိ...သိပ္လွခဲ့တာပါ။

"ဟင္...လိပ္ျပာေလး...."

ထူးဆန္းစြာJeonငယ္ေလး၏ႏွာေခါင္းထိပ္ေလး
ေပၚ အဝါေတာက္ေတာက္လိပ္ျပာေလးက
လာနားေတာ့သည္။
အိမ္ေရွ႕စံသည္လွဲအိပ္ေနရာမွ Jeon ဆီတိုးကပ္ကာ
ႏွာေခါင္းထိပ္ေလးေပၚနားေနေသာလိပ္ျပာေလး
ကိုျပဳံးျပဳံးေလးနဲ႔ အုပ္မိုးၾကည့္လာသည္။

"မလွုပ္နဲ႔ေနာ္Jeonငယ္.....ကိုယ္ေတာ္ခ်စ္လြန္းလို႔....
လိပ္ျပာအႀကီးႀကီးေပၚ လိပ္ျပာေသးေသးေလးက
နားေနတာ....."

အိမ္ေရွ႕စံျပဳံးေပ်ာ္ေနေသာအခ်ိန္မ်ားသည္သိပ္ရွားလြန္း
တာေၾကာင့္မလွုပ္နဲ႔ဆို မလွုပ္ပဲ ၿငိမ္ၿငိမ္ေလး
ေနေပးရသည္။

"မင္းက ပန္းကေလးနဲ႔တူလို႔ထင္ပါရဲ့
သူမွား ယြင္းၿပီး နားေနရွာတာ....."

"ပန္းကေလးနဲ႔တူတာ မင္းသားပါ....."

ရဲခနဲမ်က္ႏွာေလး...။ဓားတရမ္းရမ္းစစ္ပြဲေပါင္းစုံ
ဆင္ႏြဲေနခဲ့ေသာ မင္းသားဟု မထင္မွတ္ေတာ့
ေလာက္ေအာင္ရွက္ျပခဲ့တဲ့သူ။

အိမ္ေရွ႕စံ ေပ်ာ့ညံ့တာလား ဟု အေမးခံရရင္ေတာင္
စမ္းၾကည့္မလားဆို၍ ေရဆုံးေျမဆုံးတိုက္ခိုက္တတ္သူ
က ပန္းတစ္ပြင့္နဲ႔ ခိုင္းႏွိုင္းခံရတာကို
စိတ္မဆိုးခဲ့....။

"ဒီ ဥယ်ာဥ္ထဲက အလွဆုံးအေမႊးဆုံးပန္းက
ငါပဲေလ....."

"ေသခ်ာတာေပါ့......."

ႏွစ္ေယာက္စလုံးသေဘာတက်ရီေမာကာ
Jeon လွုပ္ရွားသြားခဲ့တာေၾကာင့္လိပ္ျပာေလးက
ထပ်ံသြားေတာ့သည္။

"ဟာ......ပ်ံသြားၿပီ....မလွုပ္ပါနဲ႔ဆိုတာကို......"

လွဲေနရာမွထကာေျပးလိုက္ဖမ္းသူသည္
ဆယ္ေက်ာ္သက္ေလးလား.....။
ပန္းႏုေရာင္ဝတ္႐ုံေလး တလြင့္လြင့္နဲ႔
လိပ္ျပာေလးေနာက္ လိုက္ေနသူေနာက္
ေခ်ာလဲ ထိခိုက္မွာစိုး၍ Jeonလိုက္ထိန္းသိမ္းရေတာ့သည္။

အ!!!!!

ထင္ျမင္ေနတာမဆုံးေသး....ေျမျပင္ေပၚသို႔
အရွိန္လြန္စြာလဲက်သြားတဲ့သူ.....။

"ထင္တယ္ လဲက်ေတာ့မွာကို......"

မနာပါ...ထင္သေလာက္လည္း...ေရွ႕တန္းထြက္
တိုက္ခိုက္ေနရသူအတြက္ ေခ်ာ္လဲတဲ့ဒဏ္ရာက
စာဖြဲ႕စရာမလိုပါ။

"ရရဲ့လား.....ထပါအုန္း...."

"မရဘူး....က်ိဳးသြားၿပီလားမသိဘူး
ခ်ီလိုက္ပါ ငါ့ကို...."

"ဟင္...ျပပါအုန္း ဒဏ္ရာကို....."

"ၾကည့္မေနနဲ႔ ခ်ီသာခ်ီလိုက္ပါ အရမ္းနာတယ္...."

"ဟုတ္ကဲ့ အိမ္ေရွ႕စံ......"

ျပာျပာယာယာ ေပြ႕ခ်ီလိုက္ေသာJeonငယ္
ရင္ခြင္ထဲ အံ့ဝင္ခြင္က်။ မနာခဲ့လည္းနာရမွာပဲ...။
မာယာမ်ားမွလည္း ခိုနားခြင့္ရမယ့္
ရင္ခြင္ႀကီးမလို႔ပါ....။

"အဆင္ေျပရဲ့လား အိမ္ေရွ႕စံ.....
သမားေတာ္ဆီ သြားရေအာင္....."

Jeonငယ္ ဘယ္ေတြဦးတည္ေနလဲသူမသိ။
ဘာေတြေျပာေနလဲသူမၾကား....
ခိုနားခြင့္ရတဲ့အခ်ိန္ေလးမွာေတာ့ ေခါင္းတိုးကာ
ဒီေလာကမွာအခ်စ္ရဆုံး အမက္ေမာရဆုံးေသာ
ရင္ေငြ႕ကို ျပဳံးျပဳံးေလး ခံစားေနခဲ့သည္။

အက်ယ္ႀကီးပဲ......ေကာင္းကင္ႀကီးေလာက္
က်ယ္တဲ့ရင္ခြင္ႀကီး....ဘယ္ေနရာေလးကိုပဲ
တိုးကပ္ဝင္သြား သူ႔ဟာေသးေသးေကြးေကြးေလး
ေပ်ာက္ရွသြားနိုင္ေသာရင္ခြင္ႀကီး...။

ဝင္တိုးလို႔အေကာင္းဆုံးထြက္လမ္းမဲ့
အဆန္းျပားဆုံးနယ္ေျမႀကီး.....။
ေႏြးနိုင္သမၽွေႏြးေအာင္
လုံျခဳံနိုင္သမၽွ လုံျခဳံနိုင္ေအာင္
အတင္းကိုဝင္တိုးမိေနသည္။

"မသြားနဲ႔ Jeonငယ္ ဥယ်ာဥ္ထဲမွာပဲ ေနမယ္.....
Jeon ငယ္....မသြားနဲ႔လို႔....."

ဖ်က္ခနဲပြင့္သြားေသာမ်က္လုံးေတြနဲ႔အတူ
ဥယ်ာဥ္ထဲမွာလည္းမဟုတ္....
ျပဴးျပဲၾကည့္မိလိုက္တဲ့အခါ သူJeonJungkook
လက္ေတြထဲမွာ...ေပြ႕ခ်ီရက္သား...။
ေမႊးႀကိဳင္ေနေသာရင္ဘက္ေတြထဲကိုအိမ္မက္နဲ႔
ေယာင္ၿပီး အတင္းတိုးဝင္မိေနခဲ့တာလား။

"ခိုးသယ္လာတာ နိုးသြားတယ္.....ျပန္အိပ္
ျပန္အိပ္...."

အလြန္ကိုေမႊးပ်ံ႕ေနကာ အိပ္တစ္ဝက္နိုးတစ္ဝက္
အ​ေျခအေနတြင္ သူအိမ္မက္လိုလို
လက္ေတြ႕လိုလိုေရာေနတုန္း....။

ေမာ့ၾကည့္လိုက္ေတာ့ ေသသပ္ေနေအာင္
ေနာက္ကိုလွန္တင္ထားေသာဆံပင္ေတြနဲ႔
Jungkook မ်က္ႏွာဟာရွင္းရွင္းလင္းလင္း။
ရွုပ္ယွက္ခတ္ေနတဲ့မ်က္ခုံးနားကအရာေတြ
နားကပ္ေတြ ဘာဆိုဘာမွမရွိ....။
အံ့အံ့ဩဩ သိပ္ၾကည့္ေကာင္းေနသည္။
အသိစိတ္သည္ မကပ္ေသး....။
ေယာင္တိေယာင္ေတာင္ျဖစ္ေနတုန္း...။

"ဥယ်ာဥ္က ဘယ္ေရာက္......"

ေမာင္ မျပဳံးပဲမေနနိုင္....။တစ္ဖက္သတ္ေအာ္ဟစ္
ကြိဳင္ရွာကာ စိတ္အဆုံးအထိေကာက္လၽွက္
ေမာေမာပန္းပန္းအိပ္ေပ်ာ္သြားသူေလး
ကိုႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနခ်ိန္တြင္ ခိုးခ်ီလိုက္သည္။

တတိယထပ္ရဲ့ ဝရံတာမွာ စီစဥ္ထားတာ
ေၾကာင့္ မနိုးသြားေအာင္ ခ်ီေခၚမည္ဆိုေသာ
ရည္ရြယ္ခ်က္ျဖင့္ႀကိဳးစားခဲ့ေသာ္လည္း
အခန္းအျပင္ေရာက္ ေလွကားနားရွိေသးနိုးသြားခဲ့သည္။
ဒါေပမယ့္ အၿပီးနိုးမလာေသး သူေယာင္ေနသည္။
အိမ္မက္ေတြမက္ေနတဲ့ပုံရကာျပဳူးတူးေၾကာင္
ေတာင္ေလးၾကည့္ေနပုံက တကယ့္အႏွစ္ခဲေလးပါ။

"ဥယ်ာဥ္မဟုတ္ဘူး ေမာင့္ အိမ္ ျပန္ေရာက္ေနၿပီ..
ျပန္အိပ္ ျပန္အိပ္ လိမ္မာတယ္...."

ေခါင္းတိုးကာက်က်နနျပန္အိပ္ဖို႔လုပ္ေန
ျပန္တဲ့သူ။ခုထိ အသိစိတ္ကပ္မလာေသး။

ျပန္အိပ္ဆိုေတာ့ ျပန္အိပ္ဖို႔လုပ္ခဲ့ေပမယ့္
ပုံမွန္မဟုတ္ေသာအေျခအေနေၾကာင့္
Jimin ဦးေႏွာက္သည္နိုးထလာၿပီး
ဒုတိယအႀကိမ္မ်က္လုံးေတြျပန္ပြင့္လာတဲ့အခါမွ
အသိစိတ္ကပ္လာခဲ့ေတာ့သည္။
ျပန္အိပ္ရေအာင္ အိပ္ရာထဲမွာမွမဟုတ္ဘဲ.....။

ထိုအခါမွ လုံးဝ ျပဴးျပဲလာေသာမ်က္လုံး
ေလးေတြနဲ႔ ထုံးစံအတိုင္းထေအာ္ေတာ့သည္။

"မင္း....ဘာလုပ္တာလဲ
ငါ့ကို ဘယ္ကိုေခၚသြားေနတာလဲ!!!"

လုံးဝနိုးသြားကာ ထေအာ္လာေတာ့ေမာင္သည္
ခပ္တင္းတင္းေလးပိုခ်ီလိုက္သည္။

"ၿငိမ္ၿငိမ္ေန....."

"မေနပါဘူး ငါအိပ္ေနတာကိုခိုးေၾကာင္
ခိုးဝွက္နဲ႔......ဘာလုပ္မလ္ို႔လဲ....."

"ေရာင္းစားမလို႔...."

"JeonJungkook....!!!အ႐ူးလိုလို
မလုပ္နဲ႔ေနာ္ ခ်ေပးစမ္း မင္းနဲ႔ငါ
အဆင္ေျပတာမဟုတ္ဘူးေလ.....
ရန္ျဖစ္ထားတယ္ေလ......"

"အဲ့တာေတြကို စကားတစ္ခြန္းေျပာၿပီး
ေမာင္ ညႇိႏွိုင္းခ်င္လ္ို႔ပါ..."

"မညႇိဘူး.....ငါမင္းကိုမယုံဘူး
ေအာက္ခ်ေပးစမ္းပါဆို!!!!!"

ေလွကားေတြအတိုင္းတထစ္ခ်င္းတက္သြားသည္
ကိုခံစားေနရသည္။ခုန္ဆင္းလို႔လည္းမရ
ေလွကားေပၚကျပဳတ္က်သြားနိုင္ပါသည္။
ေအာ္ရင္းဟစ္ရင္း ထုရင္ရိုက္ရင္း JeonJungkook
ေျခလွမ္းေတြ တတိယထပ္ကိုေရာက္တဲ့အခါ
ရပ္သြားသည္။

"ေရာက္ၿပီ......"

ေရာက္ၿပီဆိုေတာ့....ရင္ခြင္ထဲကပဲ
ေရာက္တဲ့ေနရာကိုၾကည့္မိလိုက္တဲ့အခါ.......

ဟင္....။

ဘဝမွာ တစ္ခါမွ အံ့အံ့ဩဩမျဖစ္ခဲ့ဖူး။
ပထမဆုံးအႀကိမ္အသံေတြတိတ္က်သြားကာ
ဆြံ႕အမိသြားသည္။

တတိယထပ္ရဲ့ ဝရံတာ အက်ယ္ႀကီးတြင္
အနီရဲရဲ အသဲပုံပူေပါင္းေလးေတြအျပည့္ရွိေနကာ
အျဖဴေရာင္ၾကယ္ပြင့္ပုံစံမီးေလးေတြက
မွိတ္တုတ္တုတ္....။
ေမႊးလြန္းေသာအနံ႔ဖေယာင္းတိုင္ေလးေတြကို
အမ်ားႀကီးထြန္းထားေၾကာင့္ပတ္ဝန္းက်င္တစ္ခု
လုံးပန္းနံ႔ေလးေတြသင္းပ်ံ႕ေနသည္။

အလည္မွာစားပြဲေလးတစ္ခု......။
အနီရဲရဲစားပြဲခင္းကို ခင္းထားကာ
နီရဲေနေသာႏွင္းဆီပန္းတစ္ပြင့္ကိုပန္းအိုးလွလွ
ေလးတြင္ထိုးစိုက္ထားသည္။
Coffee ခြက္ေလးႏွစ္ခြက္.........။
တိတိက်က်ဆိုေသာက္ေနက် Black Coffee ခြက္ေလး
ေတြ.....။
အနီေရာင္ေတြအမ်ားဆုံးသုံးထားၿပီး
လွလြန္းတဲ့ ေခ်ာကလက္ဘူးေပါင္းမ်ားစြာကို
ေသခ်ာစြာစီထပ္ထားသည္ ။

ၿငိမ့္ေျငာင္းတဲ့သံစဥ္ေလးတစ္ခုလည္းၾကားေနရ
သည္ဘယ္ကလဲေတာ့ရွာေဖြ၍မရ...။
စားပြဲဆီကိုသြားဖို႔ အနီရဲရဲအသဲပုံပူေပါင္း
အျပည့္ႀကီးကိုေက်ာ္ျဖတ္ရမည္...။
လသည္ထိန္ထိန္သာေနကာ...မီးေရာင္က
မွိတ္တုတ္မွိတ္တုတ္ရယ္...က်န္တာကလေရာင္သီးသန့္။

Happy Valentines Day JeonJimin....ဆိုတဲ့
စာတန္းႀကီးကနည္းတာမဟုတ္......။
မ်က္လုံးအျပဳူးရဆုံး ဖန္တီးထားမွုပါပဲ......။

Jimin သည္စိတ္ေတြလွုပ္ရွားလြန္းလာကာ
ခ်ီထားေသာလူကိုေမာ့ၾကည့္လၽွက္မတိုးမက်ယ္
ေလးေမးလိုက္သည္။

"ဘာေတြလဲ.......ဒါ....."

"Suprise ေလ .....မင္းမအံ့ဩဘူးလား...
ဒီေန႔ ခ်စ္သူမ်ားေန႔ေလ ....."

Suprise တဲ့......။တကယ္ကိုပဲSuprise ပါ။
ဗရမ္းဗဒါခုန္ေပါက္လာေသာႏွလုံးသားနဲ႔
JeonJungkook လိုလူမ်ိဳးကဒီလိုမ်ိဳးေတြ
သူ႔အတြက္လုပ္ေပးခဲ့တာလားဆိုတဲ့မယုံနိုင္မွု။

"ငါ့အတြက္ ငါ့အတြက္ လုပ္ေပးထားတာလား..."

"JeonJungkook ရဲ့JeonJiminက
ဘယ္ႏွေယာက္ရွိလို႔လဲ....."

"ငါအိမ္မက္ေတြဆက္ကုန္တယ္ထင္တယ္....."

"လက္ေတြ႕ပါ ေမာင္ သက္ေသျပမယ္..."

လွပလြန္းေသာလေရာင္ေအာက္ကိုေမာင္သည္
ခ်ီေခၚလာခဲ့သည္။စုတ္တိစုတ္ဖြားဆံပင္ေလး
ေတြနဲ႔ ငိုထားတာေၾကာင့္ညစ္တိညစ္ပတ္
မ်က္ႏွာေလးနဲ႔အတူ မေသာင္းက်န္းေတာ့ဘဲ
ပါလာခဲ့ေသာဆိုင္သူေလး၏ရင္ခုန္သံေတြသည္
ေမာင့္ထက္က်ယ္ေလာင္ေနသည္။

ထိုင္ခုံေလးေပၚခ်ေပးေတာ့ အိပ္ခ်င္မူးတူး
ျဖင့္ထိုင္လိုက္ေသာသူ။
ေမာင္သည္ အျဖဴေရာင္ Shirtအက်ီႏွင့္
ေဘာင္းဘီအနက္ေရာင္ကိုရိုးရွင္းစြာဝတ္ထားကာ
ပုံမွန္လူဆိုးေလး Character မွာ
လူႀကီးလူေကာင္းပုံမရရေအာင္ ပုံသြင္းယူထားသည္။
တန္ဖိုးႀကီးနာရီတစ္လုံးပတ္ထားကာ
ခန့္ညားေနေသာ အေႏွာက္အယွက္မရွိမ်က္ႏွာေခ်ာေခ်ာ
သည္ မီးေရာင္မွိန္မွိန္ေအာက္ ဆြဲေဆာင္မွုအျပည့္ရွိစြာ။

"အံ့ဩေနရွာတာပဲ....ေမာင့္Jiminက..."

ေဘးဘီေတြထက္ မ်က္စိေရွ႕မွာထိုင္ေနေသာ
ေယာက်္ားသည္ဒီညမွာဘာေတြမ်ားေဆးစားမွား
လာသလဲမေျပာတတ္။သူသေဘာက်တတ္ေသာ
ဝတ္စားဆင္ယင္မွုမ်ိဳးနဲ႔ လူႀကီးလူေကာင္းဆန္ဆန္
အတည္တက်စကားေျပာေနပုံသည္႐ူးခ်င္စရာ
ေကာင္းလွပါသည္။

Valentines Day Suprise ထက္
JeonJungkook  ဆီမွ ပ်ံ႕လြင့္လာေသာျပင္းရွရွ
အၾကည့္ေတြနဲ႔ ကေဝလို မ်က္ႏွာေခ်ာေခ်ာက
Suprise အျဖစ္ဆုံးျဖစ္ေနပါသည္။

"ကားဝယ္ဖို႔ပိုက္ဆံလိုေနျပန္ၿပီလား.....Jungkook"

မယုံရဲပါ....သူတစ္ခုခုလိုခ်င္လာတိုင္းကပ္ဖား
ကာ ခ်က္ခ်င္းသဲသဲလွုပ္တတ္ေသာမာယာမ်ိဳး
ေတြလည္းရွိေနတာမို႔ Jimin အလုံးစုံမခံစားရဲ
ေသးဘဲ မတင္မက်ေလးေမးလိုက္မိသည္။

တကယ္လို႔မ်ား ကိုယ္က အႀကီးအက်ယ္ရင္ခုန္
ေပ်ာ္ရႊင္ၿပီးမွအက်ိဳးလိုလို႔ေညာင္ေရသြန္းတာပါ
ဆို နာရအုန္းမည္။
ဒီေယာက်္ားသည္ ဘယ္ေတာ့မွတေျဖာင့္ထဲေတြးေပး
၍မရ သိပ္အေရာင္စုံေသာသက္ရွိ။

"လိုေတာ့ လိုေနတယ္ ပိုက္ဆံမဟုတ္ဘူး...."

ရင္ထဲေႏြးခနဲ.....။ပိုက္ဆံလိုခ်င္လို႔အႀကံအဖန္
လုပ္တာမဟုတ္နိုင္ေတာ့....။ေတာ္ပါေသးရဲ့ဟု
စိတ္ထဲေတြးကာ မ်က္ႏွာေခ်ာေခ်ာကို
စူးစမ္းသလိုၾကည့္လိုက္တဲ့အခါ ေမာင့္မ်က္လုံးေလး
ေတြဂနာမၿငိမ္...။

"ဘာလိုေနတာလဲ......ဒါဆို...."

ခက္ၿပီ.....။ဘယ္ေလာက္ပဲေလ့က်င့္ထားထား
ဘယ္ေလာက္ျပင္ဆင္ထားထား
တကယ္ေျပာေတာ့ေလ ဆိုတဲ့အခါေမာင္
ေျပာမထြက္လာ....။စိတ္ေတြလွုပ္ရွားၿပီး
စကားကိုဘယ္ကအစျပဳရမွန္းမသိ...။
တက္လွပါသည္ဆိုေသာစကားအႏုအရြေတြလည္း
ဘယ္ေတြေျပးကုန္သလဲမသိ...။
ဟိုကုတ္ဒီကုတ္ႏွင့္ ေမာင္လမ္းေပ်ာက္ေနၿပီ ။
စိတ္ၿငိမ္ေအာင္စီးကရက္ေသာက္ဖို႔ဆိုတာကလည္း
လူႀကီးလူေကာင္းလုပ္ေနရ၍ မျဖစ္ပါ။

ParkJimin ကနိုးတဝက္အိပ္တဝက္တုန္းကသာ
ကေလးလိုလိုနဲ႔ ခုေသခ်ာနိုးသြားေတာ့
သူ႔ပုံစံအတိုင္းစူးရဲေနေသာမ်က္လုံးလွလွေတြက
အသက္ဝင္လာကာ ဘာေျပာမလဲကိုေသခ်ာေစာင့္
ေနသည္။

ေနရစားရက်ပ္လိုက္ေလခ်င္း.။၁၅ႏွစ္ထဲကရည္းစား
ထားလာတာ ဒါမ်ိဳးမ်ားေယာင္လို႔ပင္မျဖစ္ဖူး။

အသက္အရြယ္အရ နည္းနည္းေတာ့ရိပ္မိပါသည္။
ဒီေကာင္ေလး ဘာကိုဦးတည္ေနၿပီလဲဆိုတာ..။
သူက်န္တာဘယ္ေလာက္ဆိုးဆိုး ဘယ္ေလာက္ရဲတင္း
တင္း...ေျပာမထြက္နိုင္ ခက္ခဲေနပုံရရင္
ဒါဟာ သူထင္ေနတဲ့အရာပဲ.......။

ရင္ေတြခုန္တာမ်ား ည၁၁နာရီႀကီး ေယာင္ယမ္းကာ
Black Coffee ေတြေမာ့ေသာက္မိတဲ့အထိ။
အျပင္ပန္းမွာေတာ့ Coffee ေလးေသာက္ကာ
ေအးရာေအးေၾကာင္းေျပာလာမဲ့စကားကိုေစာင့္ေနတဲ့
သူေပါ့...။

"ဘာျဖစ္ေနတာလဲ....ဂနာမၿငိမ္နဲ႔....
အဆင္ေျပရဲ့လား.....မလုပ္စဖူးေတြလုပ္ၿပီး
မေနတတ္ျဖစ္ေနတာလား...."

ေမာင္ လည္းCoffee ယူေသာက္လိုက္သည္...။
ခါး လိုက္တာမ်ား......။ေပါေလာေပါိေနတဲ့
သံပုရာသီးေလးျခမ္းေလးသည္ေျပာင္ျပေနသလို။

Jimin သည္ Coffee ခြက္ကိုသာအာ႐ုံစိုက္
ေနသလိုဟန္ေဆာင္မွုကိုျပဳၿပီး အရသာခံကာ
နည္းနည္းေလးဆီေသာက္ရင္း ဘာစကားမ်ား
ထြက္လာမလဲဆိုတာ ရင္တမမေစာင့္ေနရသည္။

"ဒီလိုတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္
ထိုင္ေနရရင္ေတာ့ ငါပ်င္းတယ္
ျပန္အိပ္ခ်င္ၿပီ....အဲ့ေတာ့ ငါသြား.."

"ခ်စ္တယ္......."

တိတ္က်သြားေသာအသံတြင္Jimin Coffee
ခြက္ကိုင္ထားေသာလက္ကေလးေတြတင္းခနဲ။
မ်က္လႊာခ်က္ခ်င္းခ်သြားကာ Black Coffee
ထဲက သံပုရာျခမ္းေလးကိုသာစိုက္ၾကည့္ေနသည္။

ျဖာက်ေနေသာလေရာင္သည္ပို၍လင္းသြားရသလို
ဒီဘဝမွာေတာ့ ဆုေတာင္းေကာင္းျခင္း
ေတြနဲ႔အတူလေရာင္ေအာက္သံသရာတေလၽွာက္
လုံးၾကားခ်င္ခဲ့ရေသာစကားေလးကိုၾကားခဲ့ရၿပီ။

အိမ္ေရွ႕စံ၏ ဝိဉာဥ္သည္.....လိပ္ျပာေလးေတြ
အျဖစ္ေျပာင္းလဲသြားကာလက္ရွိJimin
သည္လည္း မ်က္ႏွာေလးရဲခနဲ.....။

.........

Bạn đang đọc truyện trên: AzTruyen.Top