💔25💔(Part2)
ကော်ဖီခွက်လေးနှစ်ခွက်ကိုင်ကာသဘာဝလေး
ဆိုင်ပိတ်တာနှင့် အတူတူလမ်းလျှောက်ရင်း
အိမ်ပြန်မည်...။ထပ်ထပ်ရင်ခုန်ချင်စရာစကားများ
ကိုပြောပြီး ရေလာမြောင်းပေးလုပ်ရမည်။
ဘယ်ဘက်ကလှည့်တွေးတွေး KimNamJoon
ကိုသိပ်ချစ်တာပဲ.....။
အတွေးလှလှလေးတွေနဲ့ဆိုင်ထဲဝင်လိုက်တဲ့အချိန်
သဘာဝလေးကို ထိပါးနေသောလူ...။
ပြေးထိုးမလို့ ဘယ်သူလဲသေချာကြည့်မိတဲ့အခါ
တမိုးအောက် JeonJungKookပင်.....။
"JeonJungkook!!!!!!"
လှည့်ကြည့်လာသည်လည်ပင်းကအကျီစကို
ဆွဲထားသောလက်တွေကိုတော့လွှတ်မပေးသေး။
"မင်းဘာလုပ်တာလဲ.!!!!ငါ့NamJoonကို...."
Coffee တွေအားပစ်ချကာJungKookအား
အားသုံးကာဆွဲဖယ်လိုက်ပြီးသဘာဝလေးရှေ့
တွင်ပိတ်ရပ်လိုက်သည်။
"Hyung နဲ့ ဘာမှမဆိုင်ဘူး ဖယ်.....!!!!"
"ဘာကိစ္စဖယ်ရမှာလဲ...မင်းကိုယ့်ထက်အသက်
အများကြီးကြီးတဲ့လူကို ဘယ်လိုဆက်ဆံနေတာ
လဲJungKook ထွက်သွားစမ်း ...."
"ParkJimin ဘယ်မှာလဲလို့မေးနေတယ်နော်....!!"
"မင်းယောကျ်ားဘယ်မှာလဲ ငါတို့ကဘယ်လို
လုပ်သိမှာလဲ..."
"Hyung မသိသေးဘူးထင်တယ်..
KimNamJoonရဲ့အချစ်ဦးကParkJiminလေ..
တခုခုဆို ပြေးပြေးရင်ဖွင့်အားပေးတတ်ကြလို့
လာမေးရတာ...ဟိုတစ်ခါ ParkJiminကို
ရိုက်တာလည်း သူနဲ့တွေ့လို့......"
SeokJin..ခဏလေးတွေခနဲဖြစ်သွားခဲ့သည်။
အချစ်ဦးက ParkJiminလို သိပ်ချစ်စရာကောင်း
တဲ့ကလေးလေးဖြစ်ခဲ့တော့ စိတ်ဓာတ်တောင်
အနည်းငယ်ကျသွားကာ အားလျှော့သွားရသည်။
"အဲ့တာဆို အဲ့နေ့က NamJoon
ကိုထိုးတာ မင်းပေါ့...."
"ထိုးတော့ ဘာဖြစ်လဲ...ကျွန်တော့်ယောကျ်ားနဲ့
ခိုးတွေ့လို့ထိုးတာ...."
"ဒီကောင်......!!!!"
SeokJinသည် အသဲယားကာဒေါသထွက်လွန်း
တာကြောင့်ရိုက်ပစ်လိုက်ဖို့လက်တွေ
ရုန်းကန်ထွက်လာပေမယ့်NamJoonက
နောက်မှမရုန်းနိူင်အောင်ဆွဲဖက်ထားသည်။
"Hyung ကကိုယ့်လူနာကို တောင်
ထိခိုက်ဖို့စဉ်းစားနေပြီလား.....
ဒီလူအတွက်နဲ့....."
"KimNamJoonက ဘာဖြစ်နေလို့လဲ....
ငါ့လူထိရင် ငါချမှာပဲ...."
ယောကျ်ားတင်မက ကလေးထဲကဆေးကုပေးခဲ့
သောအစ်ကိုရင်းလိုဆရာဝန်တောင်သူ့ဘက်က..။
မောင် အရမ်းကို မနာလိုလွန်းကာ
SeokJinအား ပြူးကြည့်လာသည်။
"ParkJiminရောKimNamJoonရောက
မင်းထင်နေသလို စွပ်စွဲနေသလို
စိတ်ဓာတ်တစ်ယောက်မှာမှမရှိတာငါယုံတယ်"
"ParkJiminကလည်းယောက်ျားနဲ့ရန်ဖြစ်တာနဲ့
ရည်းစားဟောင်းဆီပြေးလာမယ့်လူမျိုးမဟုတ်ဘူး
KimNamJoonကလည်းအမျှင်မပြတ်နိုင်
ပတ်သတ်နေအုန်းမယ့်လူမဟုတ်ဘူး
ကိုယ့်လူမှကိုယ်မယုံ ကိုယ့်အိမ်ထောင်ဘက်ရဲ့
ကိုယ်ကျင့်တရားနဲ့သိက္ခာကိုမှမင်းမယုံဘူး
မြင်မြင်ရာ ရမ်းနေလို့ကတော့ မင်းပဲရူးလိမ့်မယ်
JungKook...နောက်တစ်ခါ ကိုယ်ထိလက်ရောက်
ငါ့လူကို ထိရင် မင်းအသေပဲမှတ်...."
"ဆရာဝန်မပီသလိုက်တာ....."
"မင်းလို လူဆိုးအတွက် ငါ့မှာEthicမရှိဘူး...."
"SeokJin Hyung ..!!!"
"မကုဘူး မင်းကို...ရူးရူးသေသေ..."
ဝိုင်းအနိုင်ကျင့်ခံရသလိုမောင်သည်
KimNamJoonကိုလည်းဆက်ပြသနာရှာ၍
မရတာတော့ကြောင့် ဟိုကန်ဒီကန် ကန်ကာ
ပြန်ထွက်သွားသည်။
"Joon ParkJimin ဖုန်းနံပါတ်ပေး....
ဒီလိုသာ သူတို့မတည့်တိုင်းမင်းကို
ပြသနာရှာနေတာ ပုံမကျဘူး...."
လမင်းလေးသည်..သူသိပ်သံယောဇဉ်ကြီးတဲ့လူနာလေးကိုဆူလိုက်ရ၍စိတ်မကောင်းနေသလို
သူသိပ်ချစ်သော သဘာဝလေးကိုလည်း
ကာကွယ်ပေးရင်း..အသံတုန်တုန်ဖြင့်
ဖုန်းနံပါတ်ကိုတောင်းသည်။
ဘာလုပ်ရမှန်းမသိတဲ့ပုံနှင့်ဖုန်းပဲဆက်တော့မလိုလို
မဆက်တော့ဘူးလိုလို..Screenအား
ကြည့်နေရင်းမှ မထိန်းချူပ်နိုင်ဘဲစကားတချို့
ထွက်ကျလာသည်။မျက်နှာကိုဖုန်းဆီပဲ
စိုက်ကြည့်နေကာ တိုးသွားလိုက်ကျယ်သွား
လိုက်နဲ့ ခပ်အက်အက်စကားလေးတွေ...။
"Jimin က မင်း အချစ်ဦးတဲ့လား....
ငါမသိခဲ့ဘူး....ရိပ်တောင်မရိပ်ခဲ့ဘူး...
ငါမသိဘဲ....မင်းဒဏ်ရာတွေရှိနေမှာကို...
ကိုယ်ချင်းမစာဘဲ.....ငါ..က.."
Hyung က မျက်နှာလေးနီရဲလာတာတောင်
လင်းလင်းထင်းထင်းလှရက်နေတုန်း...။
လက်တွေမသိမသာတုန်နေကာ အသံတွေကတော့
သိသိသာသာတုန်နေသည်။
"အာရုံတွေနေ့တိုင်းနှောက်မိခဲ့တာ....
ငါ..တောင်းပန်တယ်Joon....ငါတကယ်
တောင်းပန်...."
NamJoonသည်ရင်ခွင်ထဲသို့ဆွဲထည့်လိုက်သည်။
စိတ်လှုပ်ရှားနေသောHyung၏နှလုံးခုန်သံသည်
ကျယ်ကျယ်လောင်လောင်....။
"ပီးခဲ့တာတွေပီးပါပြီ....Hyung ကျတော့်ကို
ဘယ်တုန်းကမှအာရုံမနှောက်ခဲ့ပါဘူး
Hyung နဲ့ဆုံတိုင်းကျွန်တော်ပျော်ပါတယ်
ကျွန်တော်ပြောတာကိုယုံပါ...ငိုချင်နေရင်
ငိုပါ မသိချင်ယောင်ဆောင်ပေးပါ့မယ်......"
"ငါက...ငါက Jimin လို အများကြီး
ချစ်ဖို့ကောင်းအောင်မနေတတ်ပေမယ့်Joon
Jimin ထက်မင်းကို ငါ ပိုချစ်မှာ...."
"KimNamJoonရဲ့အချစ်ဦး
မဖြစ်လည်း အချစ်ဆုံးကတော့
KimSeokJinပဲဖြစ်မှာ.....ဟုတ်တယ်မလား...."
Jimin ကလေးဆန်သည်...JungKookလည်း
ကလေးစိတ်ပဲ...ထိုကလေးတွေထက်
ကလေးပိုဆန်သော ကလေးကြီးသည်
ရည်းစားစကားပင်မပြော တန်းအချစ်ဆုံး
ဘွဲ့ကိုခံယူသည်။
စာအုပ်ဆိုင်မီးရောင်ဝါဝါလေးအောက်
Dr SeokJinသည် ရင်ခွင်ထဲကမထွက်တော့....။
ပြောချင်ရာပြောပြီးပြီ ဖြစ်ချင်ရာဖြစ်ပဲ...။
NamJoonသည်..ခပ်ဖွဖွလေးဖက်ထားဆဲ....။
..................
ညဆယ်နာရီ......။
"Rom...မင်းမသိရအောင် မင်းရယ်ငါရယ်
TaeHyungရယ် အဲ့ဒီမိန်းမရယ်...ပဲရှိတာ.."
မောင်သည် ဆိုင်သူလေးကိုရှာရန်
လူဆိုးလူမိုက်အပေါင်းအသင်းတသိုက်ဖြင့်
ကားပြိုင်ပွဲတွေလုပ်တတ်သောကွင်းတွင်
လူစုသည်။မောင်သည်ကားနောက်ဖုံးပေါ်တွင်
ထိုင်ကာစီးကရက်သာသောက်နေပေမယ့်
ဘာအရသာမှမရှိ။
ညဆယ်နာရီဆိုသောအချိန်သည်မောင့်ကို
လှိုက်လှိုက်ရူးရူးစေသည်။
ရှာတာလည်းတမြို့လုံးနှံ့နေကာမောင်ခေါင်းမီးတောက်
နေပြီ။
"မနက်ကထွက်သွားထဲက ချူပ်ပြီး
အကျိုးအကြောင်းပြောပြရမှာ
သောက် ခေါင်းကကိုက် စိတ်တွေကလည်း
ရှုပ်နေတော့..."
"အဲ့မိန်းမပဲ အကြံအဖန်လုပ်တာဂျေ
Hotel ကြီးမှဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်နေစရာလား...Jimin တော့
အရမ်းနာကျင်သွားမှာ...."
"နာကျင်ရင်....ဒီမှာ မနာကျင်အောင်
ပြောပြမှာပေါ့ ဒီလိုဖုန်းပိတ်ပြီး
ဘာဖြစ်နေမှန်းမသိတာက ငါ့ကိုပိုမကျေနပ်
စေတယ် ပြန်တွေ့ရင်တော့ ငါ့အကြောင်းသိမယ်.."
"မင်း ကလည်းလွန်သေးတယ်...
လျှော့ပေးမယ်မစဉ်းစားဘူး....
ငါမင်းကို နားမလည်ဘူး...."
"မင်းနားလည်ဖို့မလိုပါဘူး...သွားစမ်း
နားညီးတယ် ဝေးဝေးနေ...."
"ရှာရမယ်လေ...နိုင်ငံခြားတွေဘာတွေများ
စိတ်ပေါက်ပေါက်နဲ့ထွက်သွားသလား...
ဖုန်းကခုထိမပွင့်တာလား..."
မောင် သည် ကားနောက်ဖုံးပေါ်ထိုင်ကာ
စိတ်အလွန်ညစ်နေပြီး တခုခုများဖြစ်နေတာလား
ထိခိုက်နေသလား ဘာသတင်းမှအစလိုက်လို့
မရ၍ ဆောက်တည်ရာမရ..။
နောက်ဆို နောက်ဆိုရင် Clubမှာ
ဘယ်မိန်းမနဲ့အရက်အတူတူမသောက်တော့ဘူး...။
လိမ္မာမယ်....လိမ္မာရမယ်...။
တစ်ချ်န်ထဲမှာလည်းစိုးရိမ်မှုဒေါသတွေထွက်နေသည်။
မောင့်စိတ်ထဲမှာ မကျေနပ်ရင် ဒဲ့ရှင်းကာ
အော်ဟစ်ဖြစ်လိမ့်မည်ထင်ပေမယ့် ParkJimin
သည် ဒီလိုလုပ်တာသူ့ကိုပိုငရဲရောက်စေပါသည်။
Hotelခန်းထဲက မိန်းကလေးကိုJimin
ပြုမူပြောဆိုသောစကားများကိုပြန်ပြန်ကြားယောင်
ပြီးရင်တွေကလည်းခုန်ရသေးသည်။
ရင်ဘက်မှာခြစ်ရာလေးတစ်ခုထင်တာနဲ့
လွှင့်ပျံ့ထွက်ခဲ့သော ဖြစ်ရပ်ကို
မောင် သိပ်ကြိုက်သည်။
ပြောခဲ့ပါတယ်....မောင်ကအချစ်ခံ......။
ခုလောလောဆယ်တော့ အချစ်ခံ လေး၏
ဘဝသည် အပစ်ခံဘဝရောက်ပြန်၍
ခေါင်းတွေပူအောင်ဘယ်နေရာရောက်နေမလဲ
စဉ်းစားနေရသည်။
"ပြန်လာမှာပါဂျေ...မင်းတောင်တစ်ခါထွက်သွား
ရင်တပတိလောက်ကြာတာ...ကို..."
"ငါကငါ..သူကသူ....
မင်းငါ့ကို သောက်ပိုတွေလာမပြောနဲ့နော်
ငါထိုးတော့မှာ...."
Romသည်... Jimin အန္တရာယ်ကင်းကင်းရှိနေပါစေ
ပဲဆုတောင်းပေးနေသည်။ပြန်လာပါစေ
မဆုတောင်းခဲ့....။ဂျေ့ကို တော်တော်လေး
မျက်မုန်းကျိုး၍ဖြစ်သည်။
ပြန်လာလည်းတန်းကွာရှင်းပါစေ....။
ကြိတ်ဆုတောင်းကာ မလုံ၍ဂျေ့ကို
ကြည့်မိတော့ ဂျေ သက်ပြင်းတွေချကာ
မျက်တောင်တွေမြန်မြန်ခတ်နေပြီး ဖုန်းကို
ကြည့်လိုက်ပိတ်လိုက်နှင့်...။
ဆုတောင်းကိုရုတ်သိမ်းပါတယ်...။
မြန်မြန်ဂျေ့ဆီပြန်လာပါစေ...။
ပုခုံးကိုခပ်ဖွဖွလှမ်းဖက်တော့ဂျေလိုအပ်နေသလို
ငြိမ်ငြိမ်နေပေးနေသည်။
..........
"ည၁၁နာရီအထိ....ဒီKimTaeHyung....!!!"
လုံးဝပိတ်ထားသောဖုန်းကြောင့်MinYoongi
၏ဒေါသသည် ယမ်းပုံမီးကျ...။
"သူခုရက်ပိုင်းတွေတွဲနေတတ်တဲ့သူတွေဆီ
သွားရှာရင် ပိုကောင်းမလား ဆရာ..."
ခုရက်ပိုင်းတွေ ဘယ်တရားချချမရတာတော့
Jeon JungKookပဲ....။
နောက်ဆုံးတနေရာသည်အဲ့ကောင်ပဲကျန်တော့သည်။
မရှာရဲဘူးဆိုတာလည်း ရှိနေမှာစိုး၍
တကယ်တနေကုန် ဖုန်းပိတ်ပြီး JeonJungkook
နဲ့ရှိနေရင် သူအကုန်သတ်မိလိမ့်မည်။
ည၁၁နာရီတွင်တော့မရတော့....။
ဒေါသသည်လည်းတဆုံးထွက်နေကာ
အရင်က လည်းရှုပ်နေတာပဲ ဒါပေမယ့်ဒါမျိူး
အချိုးဘယ်တော့မှသူမချိုးခဲ့ဖူး...။
အနည်းဆုံးတော့လျှောက်လိမ်နေသေးသည်။
တခုခုဖြစ်နေမှာလည်းစိုးသည်။
လှလှပပကောင်ငယ်လေးမို့ အန္တရာယ်တွေက
အများကြီး...။
MinYoongiရင်ကျိုးရပါလိမ့်မည်....။
"အဲ့ကောင်ကို သွားမေးမယ်....
သူပါပျောက်နေလောက်တယ်....
စုံစမ်းစမ်း....JeonJungkookဘယ်မှာလဲဆိုတာ...."
Yoongiသည်အနက်ရောင်Shirtအကျီကို
ဝတ်ထားကာ ဆံပင်တွေသည်
နှဖူးပေါ်ဝဲကျနေပြီး...လုပ်ငန်းရှင်နဲ့မတူဘဲ
လူမိုက်တစ်ယောက်နဲ့သေချာစွာတူနေခဲ့သည်။
"ရှိမနေရင်ရော ဆရာ....JeonJungkook
ကသွားစလို့ကောင်းတဲ့သူတော့မဟုတ်ဘူး...."
"ငါကြည့်မရနေတာကြာပီ ထယ်ကဘယ်လောက်
ထိန်းထိန်းရခဲ့တယ် ဒီကောင်နဲ့ကျမှ
ဒီလိုစည်းမဲ့ကမ်းမဲ့တွေစဖြစ်တာ
သေချာပေါက် သူ့ဆီကလွဲဘယ်သူ့ဆီမှာမှမရှိဘူး"
"ဟုတ်ကဲ့ ..နေရာတစ်ချက်စုံစမ်းလိုက်ပါ့မယ်.."
"သိရရင် အင်အားနဲ့သွားမယ်..
အဲ့ကောင်ကို တစစီလုပ်ပစ်မယ်....."
"ဟုတ်ကဲ့...ဆရာ..."
မိနစ်အနည်းငယ်ကြာတဲ့အခါသူ့အဆက်အစပ်
များနှင့်သူ JeonJungkook ဘယ်မှာ
စခန်းချနေလဲ သိသွား၍MinYoongi သည်
လူအင်အားတချို့ခေါ်ကာ သံတုတ်တစ်ချောင်း
ကိုင်လျှက်ကားပေါ်တက်သွားခဲ့သည်။
.....
"ဂျေမင်းအိမ်ပြန်စောင့်တာပိုအိုကေမယ်နော်
ညဉ့်လည်းနက်နေပြီ....သူတနေရာရာမှာ
အိပ်မယ်နဲ့တူတယ်.."
မောင် သည် လူခွဲရှာရှာ လူစုရှာရှာ
ဘာအစအနမှမရတာကြောင့်
ညသန်းခေါင်ကျော်တဲ့အထိ လမ်းပေါ်မှာပဲ
ရှိနေဆဲ....။
လမ်းသရဲတွေလိုတစ်ဖွဲ့လုံးကြံရာမရဖြစ်နေစဉ်
ကားတစ်စီး၏မီးရောင်သည်မျက်နှာတည့်တည့်
တွေကိုဖြာကျလာတော့သည်။
မောင်သည် ကားနောက်ဖုံးထိုင်နေရင်းမှ
မီးရောင်ကိုလက်ဖြင့်ကွယ်လိုက်သည်။
ဘာကောင်လဲ.......။
ကားပေါ်မှဆင်းလာသူသည် ဆံပင်တွေကို
ဆွဲဖွရင်း ဖြူစွတ်နေသောလူတစ်ယောက်။
MinYoongi......။
စူးရဲနေသောမျက်လုံးတွေဖြင့်မိုက်တိမိုက်ကန်း
ကားပေါ်မှာသူဆင်းလာတော့နောက်လိုက်တွေက
ပါဆင်းလာသည်။လက်ထဲမှာသံတုတ်ကိုယ်စီဖြင့်။
ဂျေ နည်းနည်းတော့အံ့အားသင့်သွားကာ
ပီကေ တစ်ခုကိုပါးစပ်ထဲပစ်ထည့်လိုက်သည်။
လက်နက်တွေကိုင်ကာလာတာမို့ဂျေတို့အဖွဲ့က
လည်းချက်ချင်းလူညီကာ စုစုရုံးရုံးဖြစ်သွား
ကြသည်။
ကားနောက်ဖုံးပေါ်ပီကေဝါးနေသောဂျေရှိရာသို့
စိုက်ကြည့်ကာလျှောက်လာသူMinYoongi
သည်လမ်းမီးရောင်အောက် ပြင်းပြင်ရှရှ..။
"ဘာတွေဖြစ်လာတာလဲ ဗျ...
အင်နဲ့အားနဲ့ လက်နက်တွေနဲ့ပါလား....."
"KimTaeHyung ဘယ်မှာလဲ....."
မေးခွန်းသည် ခပ်ကြောင်ကြောင်....။
TaeHyung ဘယ်မှာလဲ သူဘယ်လိုလုပ်သိမလဲ။
ကိုယ့်ယောကျ်ားတောင်ပျောက်နေတဲ့ဟာ...။
"ဘယ်သိမှာလဲ....."
"မင်းနဲ့ဒီလောက်မခွဲနိုင်မခွါရက်တွဲနေကြတာ
မသိဘူးဆိုတာ ရီစရာကောင်းတယ်....."
ကိုယ့်စိတ်ညစ်နဲ့ကိုယ်လမ်းပျောက်နေရတဲ့ကြားထဲ
MinYoongi က ဘာတွေဘာကြောင်နေလဲမသိ။
ပြသနာသည် တခုတက်ပြီဆို မပြီးနောက်မှာ
အပေါင်းအပါနဲ့လိုက်လာတတ်တာပဲ...။
"မခွဲနိုင်မခွါရက်တွဲနေတာမှန်ပေမယ့်
ပျောက်လို့လာရှာရလောက်တဲ့အထိတော့
ကျတော်တို့ မပတ်သတ်ဘူး
ဒီတိုင်း ဒီတိုင်းလေး အီစီကလီ......"
"အီစီကလီရအောင် မင်းမှာယောက်ျားနဲ့
အိမ်ထောင်နဲ့မလား..လူ့အသိမရှိတာလား.."
ဘလိုင်းကြီးပါလား...။ဘာမှမဆိုင်ရုတ်တရက်
ရောက်လာပြီးရန်လာစနေတာ..။
ဒီကလည်းသိပ်ကြည်လင်နေတာမဟုတ်မြင်မြင်ရာ
ထိုးချင်နေတာ ကွက်တိတွေတော့ဖြစ်ကုန်တော့မှာပဲ။
"ခင်ဗျား...ဘလိုင်းကြီးပါလား MinYoongi..
ဘာဖြစ်ချင်တာလဲ...."
"KimTaeHyung ဘယ်မှာလဲလို့ငါမေးနေတာ
မသိချင်ယောင်ဆောင်မနေနဲ့..
ငါအကုန်ရှာပြီးပြီ...မင်းဆီကလွဲရင်မရှိနိုင်တော့ဘူး.."
"အတူတူ ရှိနေမှတော့ ဒီလိုနေနေမလား
ပျော်စရာလေးတွေဖန်တီးနေမှာပေါ့
TaeHyung ကချစ်စရာလေးပဲဟာ..."
ဒေါသကိုယ်စီထွက်နေတဲ့အခါဘာက်ိုမှသိပ်
မစဉ်းစားနိုင်ခဲ့...MinYoongi သည်မခန့်လေးစား
ပီကေဝါးနေကာပေစောင်းစောင်း ဂျေ့ကို
ကားပေါ်မှဆွဲချတော့သည်။
"ဘာလုပ်တာလဲ!!!!"
ဂျေ သည် ချက်ချင်းတွန်းလွှတ်ကာMinYoongi
၏အကျီစကိုပြန်ဆွဲယူတော့သည်။
"ကိုယ့်လူကိုနိုင်အောင်ထိန်းမှပေါ့ MinYoongi
အီစီကလီဆိုရင်တောင် ခင်ဗျားရည်းစား
ဘက်က ကျွန်တော့်ကို ပိုအီနေတာ
လူတကာသိတယ်...အိမ်ထောင်ရှိလည်း
ယောကျ်ားရှိလည်း JeonJungkook တို့က
ကိုယ့်လူကိုယ်ပိုင်တယ်...ကျတော်လည်း
အရမ်းကြည်လင်မနေလို့ ခင်ဗျားလစ်လိုက်တော့..."
"မင်းကိုငါရိုက်ချင်နေတာကြာပီ
တော်တော်ငြိုးထားတာလည်းကြာပြီ
ဒီနေ့တော့အပြတ်ရှင်းရမယ် ထယ်ကမင်းနဲ့ပတ်သတ်ပြီး
မှ ပျက်ဆီးတာ အမူအကျင့်တခုနှစ်ခုမကဘူး
အေး...ငါမနိုင်ဘူး အနိုင်လည်းမယူရက်ဘူး
မင်းကိုတော့ ငါလုပ်ရဲတယ်...."
"ရိုက်ချင်လို့ ဟုတ်လား....ဟားးးးးး
ဟာသပဲ....ရဲရဲတင်းတင်းရှိလိုက်တာဗျာ....
ခင်ဗျား ခုလိုချိန်ပွဲလာရှာတာ...
အတော်ကို အချိန်အခါသင့်တယ်MinYoongi
KimTaeHyung ကပလစ်တာလည်းမပြောနဲ့
လုပ်တာတွေက ရုပ်ရှင်Dramaတွေဆန်နေတာကြီး
ဟုတ်နိုင်တယ် ကျွန်တော် TaeHyung နေရာဆို
လည်း ခင်ဗျား ကိုမကြိုက်ဘူး...."
လည်ထွက်သွားသောမျက်နှာသည်
ကားနောက်ဖုံးပေါ်မှောက်ကျသွားတဲ့အထိ။
ဂျေ့ ကိုထိသွားတဲ့အခါ Romက အရင်ဝင်
လာလျှက်MinYoongi ကိုပြေးထိုးတော့သည်။
ဂျေလည်း ပြန်ထလာကာ ဘာမှမဟုတ်ဘဲ
စိတ်အခံတွေက အထိမခံဖြစ်နေကြသော
သွေးဆူမှုတွေနဲ့ ကြီးမားလှသောရန်ပွဲကို
လမ်းမကြီးတွင် ညသန်းခေါင်ကျော်ဆင်နွဲကြတော့သည်။
လူကြီးကလည်း အရင်ထဲက Jungkook
အပေါ်မကျေနပ်ချက်တွေတနုံ့နုံ့ရှိခဲ့တာမို့
ထိုးချငိကြိတ်ချင်တာကြာခဲ့ပြီ။
ဘလိုင်းကြီး လူအသိမရှိဘူးလားလို့
အမေးခံရသောမောင်ကလည်း ဒေါပွနေသော
စိတ်အခံဖြင့် နပန်းဖက်လုံးရတဲ့အထိမဖြစ်သင့်
သော်လည်း စိတ်တွေကို ဖွင့်ထုတ်ပစ်ခဲ့ကြတော့သည်။
ရန်ဖြစ်ခြင်းမှာကျွမ်းကျင်သူတွေပီပီ....
ဝုန်းဒိုင်းချကြရင်းဆိုးလ်မြို့ပြင်၏
လမ်းမတစ်နေရာတွင်ပွဲကြီးပွဲကောင်းတစ်ခု
ဖြစ်နေကြသည်။
ညသည်လသာသာ...ကြယ်တွေလည်းစုံလျှက်
တော်တော်လေးလှတယ်ဟုသတ်မှတ်၍
ရသည်။ တုတ်တပြတ်ဓားတပြတ်လူတစ်စု
ကိုဖယ်ကြည့်လိုက်ရင်ပေါ့.....။
တစ်ဖက်မှာ ရေကုန်ရေခမ်း တိုက်ပွဲဖြစ်နေတဲ့
အချိန်....တဖက်ကောင်းကင်မှာကျ
ငြိမ့်ငြိမ့်လေး....။
..........
"ငါသူ့ကို ထပ်မစွန့်လွှတ်နိုင်ဘူးHoseok....
သူ့ကိုစောင့်ပြီးရှာဖွေခဲ့ရတာနှစ်တွေမနည်းဘူး..."
အိပ်ယာပေါ်မှာနှစ်ခြိုက်စွာအိပ်နေသော
သခင့်ရဲ့လက်ဖဝါးလေးကိုဖွဖွလေးကိုင်ရင်း
ထယ်က တိုးတိုးလေးဆိုသည်။
"မင်း...ဘယ်သူ့မျက်နှာကိုမှမကြည့်ဘူး
ဆိုရင်တောင်ကွာ....MinYoongi ရဲ့
မျက်နှာကို မင်းကြည့်သင့်တယ် ထယ်လေး.."
"ငါမကြည့်ချင်ဘူး....."
"မင်းသူ့ကိုချစ်တာကိုငါအပြစ်လုံးဝမပြောဘူး
ဒါပေမယ့်ထယ်...ငါတို့ဘဝ ဖြောင့်ဖြူး
အဆင်ပြေဖို့ နောက်ဆုံးထွက်သက်အထိ
ငါတို့ပျော်ပျော်ရွှင်ရွှင်ရပ်တည်သွားနိုင်ဖို့ကလေ
ငါတို့ကိုအစအဆုံးသိတဲ့သူ ငါတို့ကောင်းခြင်းတွေ
ငါတို့ဆိုးခြင်းတွေ အားသာချက်တွေ
အားနည်းချက်တွေ အမှောင်အခြမ်းတွေရော
အလင်းအခြမ်းတွေကိုပါ သေချာနားလည်ပြီး
ငါတို့လိုအပ်ချက်တွေကို ခြွင်းချက်မရှိနားလည်
ပေးတဲ့သူကိုရွေးချယ်ရမယ်...."
"ဘဝမှာ ချစ်နေရုံနဲ့စွဲလန်းနေရုံနဲ့
မပြီးသွားဘူး....မင်းသူ့ကိုဘယ်လောက်အထိ
မြတ်နိုးသလဲ ငါနားလည်ပေမယ့် မင်းသူ့ကို
သေချာကြည့်ပြီးစဉ်းစားပါ
မင်းအိမ်ထောင်ဘက် မင်းနဲ့ဘဝအဆုံးအထိ
လိုက်လျှောက်ပေးနိုင်မယ့်သူလား....
သူ့မှာ လူသိရှင်ကြား အိမ်ထောင်ရေးတစ်ခုရှိတယ်
သူ့မှာ သူ့မိသားစုရှိတယ် ထယ်..."
"ပြီးတော့ MinYoongi ကမင်းတနာရီလေး
ပျောက်ရင်တောင်ရူးမလိုဖြစ်နေတာ
မင်းတနေကုန် ခြေရာဖျောက်နေတော့
ငိုများတောင်နေမလားမသိဘူး....
တွေးစမ်းပါ ထယ်..ရာ..."
ထယ် ရင်ထဲနစ်ခနဲ...။လူကြီးသေချာပေါက်
အရူးကြီးလိုဖြစ်နေလောက်ပြီ...။
မသိတာမဟုတ် သိနေပေမယ့် သခင့်ကို
ကြည့်မိပြန်တော့လည်း လက်တွေကိုဆွဲကိုင်ထား
ချင်သေးသည်။
"မင်းအစွဲတွေများနေတာ..ချစ်တာထက်
မေတ္တာထားနေတာထက် မင်းကကျော်လွန်ပြီး
အစွဲဘက်ကိုရောက်နေပြီ.."
"စွဲမှာပဲ.....ငါ့နှလုံးသွေးတွေပေးခဲ့ရတာ
ငါအများကြီးပေးဆပ်ခဲ့တာ
ငါ ရကို ရမှ ဖြစ်မှာ.....Hoseok...."
"TaeHyung...!!ငါတို့ကိုယ်ငါတို့ချစ်ရမယ်
မင်းသူ့ကို ပိုင်ရလို့ မင်းပျော်ရမယ်ထင်လား
ငါမင်းကို ဒုက္ခတွေထပ်မရောက်စေချင်ဘူး
မင်းအရမ်းပင်ပန်းခဲ့ပြီးပြီလေကွာ...."
"နားညီးတယ်....ငါအိပ်တော့မယ်မင်းသွားလိုက်
တော့Hoseok....."
အိပ်ယာပေါ်တက်ကာတကယ်အိပ်တော့မလို
ပြင်ဆင်နေသောTaeHyung သည်
ထမထွက်သွားလို့မဖြစ်တော့....။
"ထယ်လေး....ကိုယ်ကလိုအပ်ပြီး
ကိုယ့်ကိုအမှန်တကယ် လိုအပ်နေတဲ့လူမျိူး
ကိုယ်ကချစ်ပြီး ကိုယ့်ကိုကိုယ်နဲ့ထပ်တူ
ပြန်ချစ်နိုင်မယ့်လူမျိုးကိုပဲ ရွေးချယ်ပါ....
ငါဘာတွေလုပ်ခဲ့လို့ ငါဘယ်လောက်အထိ
ပေးဆပ်ခဲ့လို့ ငါဘာတွေပြန်ရရမယ်ဆိုတဲ့
အတ္တက အချစ်မဟုတ်ဘူး....
မေတ္တာတရားမဟုတ်ဘူး...မင်းသိပ်ပူလိမ့်မယ်"
"ငါတို့ဘဝတွေမှာ မချစ်တဲ့သူကလေ
မချစ်ကိုမချစ်ဘူး...ငါတို့လုပ်ယူလို့မရဘူး
MinYoongi ကို သနားပါ အားနာပေးပါ
မင်း MinYoongi ကိုသိပ်ချစ်တာငါသိပါတယ်..."
"မင်း ရမ်းသမ်းပြောမနေနဲ့.....Hoseok.."
"ငါရမ်းသမ်းပြောနေတာမဟုတ်ဘူး....ငါသွားပြီ.."
Hoseok ထွက်သွားသည်နှင့်တိတ်ဆိတ်သွား
သောအခန်းထဲ သူနဲ့သခင်နှစ်ယောက်ထဲ။
TaeHyung သည် အိပ်နေသောခန္ဓာကိုယ်လေးအား
ရင်ခွင်ထဲဆွဲထည့်ကာ မျက်နှာလှလှလေးကို
စိုက်ကြည့်ပြီး ပထမဆုံးနမ်းခဲ့တာနှဖူးလေး...။
ပြီးတော့ မျက်လုံးလေးတွေ....။ပြီးတဲ့အခါနှာခေါင်း
ထိပ်ကလေး....။ပါးနှစ်ဖက်ကိုတဖက်စီနစ်ဝင်နေအောင်
နမ်းတော့လှုပ်လှုပ်ရွရွဖြစ်သွားတာမို့ပြန်ချော့သိပ်ရသေး
သည်။ နှုတ်ခမ်းတွေကိုစိုက်ကြည့်နေရင်း
Hoseok ပြောခဲ့သောစကားတွေကနားထဲမှာ...။
အို မေ့ တယ်...။မေ့ပစ်မယ်...။
နူတ်ခမ်းဖူးဖူးလေးကို ဖိကပ်နမ်းလိုက်တယ်...။
အပြာရောင်ဆံပင်လေးတွေပန်းရောင်ပြောင်းတဲ့အထိ
စိတ်လှုပ်ရှားမှူသည်ပြော၍မပြတတ်...။
ရင်ဘက်တွေကိုစမ်းလာတဲ့လက်ကလေးတွေ...
အတင်းတိုးဝင်လာကာ လက်မောင်းတဖက်
ကိုလိုက်စမ်းနေသည်။
ထယ်ယောင်းမျက်နှာလေးပျက်သွားသည်။
လူကြီးလက်မောင်းတွေကိုခေါင်းအုံးရမှ
ရင်ဘက်တွေနားကပ်အိပ်ရမှ တခုခုကိုဖက်ထားရမှ
သခင်ကရော ဘယ်သူ့ရင်ခွင်
ဘယ်သူ့လက်မောင်းတွေကိုရှာနေတာလဲ....။
ပုံသေနည်းအိပ်စက်ပုံတွေအကြောင်း
သူမသိတာမှမဟုတ်တာ....။
လက်မောင်းပေါ်ခေါင်းအုံး၍ရသွားတော့
ရင်ဘက်ကအကျီတွေကိုဆွဲဆုပ်လာသည်။
ကြည့်မိတဲ့အခါ ပါးတစ်ဖက်ပေါ်စီးလာသော
မျက်ရည်စီးကြောင်းလေးတစ်ခု....။
အိမ်မက်တွေမက်နေမှန်းသိသာသော
အမဲ့လှိုင်းကလေးတွေ...ကြေမွနေအောင်
အကျီတွေကိုဆုပ်ကိုင်ကာလက်သီးတွေတင်းတင်း
ဆုပ်ထားပုံအရ မနက်ကကိစ္စတွေစိတ်စွဲနေပြီထင်ပါသည်။
ဒီမျက်ရည်တွေဟာ JeonJungkook
လုပ်တာမဟုတ် သူရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့တဲ့
မျက်ရည်တွေ....။သူ့ကြောင့်ကျတဲ့မျက်ရည်တွေ
အိပ်စက်အနားယူချိန်တောင် စိတ်အနားမရအောင်
သူဖန်တီးမိခဲ့တဲ့ ဉာဏ်များမှုတွေ....။
အသိစိတ်ရှိတဲ့အချိန်မျက်နှာတစ်ချက်
တောင်အပျက်မခံခဲ့တဲ့သခင်ဟာ
အသိစိတ်လေးမဲ့တဲ့အခါ ဘယ်လောက်နာကျင်လဲ
မသိ...ရှိုက်သံတိုးတိုးလေးသည်
မပိုင်ဆိုင်ခဲ့ရခြင်းတွေထက်ပင်ရင်ကိုပိုနာစေသည်။
ပိုဆိုးတာက သူလုပ်ခဲ့တာ....။
စားပွဲပေါ်ချထားသောစက်အပီးပိတ်ထားသည့်
ဖုန်းကိုလည်းလှမ်းကြည့်ပြီး ခုချိန်
ဘာဖြစ်နေပြီလဲမသိသော လူကြီးမျက်နှာကလည်း
အတွေးတွေထဲဝင်လာပြန်သည်။
TaeHyung သည်ခေါင်းတွေခါလျှက်
ရင်ခွင်ထဲက သခင့်ကိုသာချော့မြူရင်း
မရရအောင်အိပ်ဖို့စဉ်းစားလိုက်သည်။
ကပ်ပချီနို လေးအတွက်သိပ်ခက်ခဲလှသောအချိန်ပင်။
...................
ထိုနေ့ညတညလုံးနောက်တစ်ရက်မိုးလင်းပြီး
သည်အထိ Jimin မနိုးလာခဲ့..။
စိတ်ပင်ပန်းသောအရှိန်အရက်အရှိန်တွေကြောင့်
အိပ်ချလိုက်တာ ညနေစောင်းမှလှုပ်လှုပ်ရွရွ
ဖြစ်လာတော့သည်။
မရင်းနှီးသောအနံ့အသက်နဲ့အခန်းကြောင့်
မျက်လုံးတွေမနည်းဖွင့်ကြည့်လိုက်တော့
တစ်ခန်းလုံးရုပ်ဆိုးဆိုးအရုပ်တွေ...။
ဘယ်နေရာတွေရောက်လို့ရောက်မှန်းမသိ...။
မနေ့က Hotelမှာ ပြသနာတက်ပြီးသွားသောက်
တာပဲမှတ်မိသည်။ဘာတွေဖြစ်လို့ဖြစ်မှန်း
မသိ...။စိတ်နဲ့ကိုယ်ကပ်လာချိန်တွင်အိပ်ယာ
ပေါ်ချက်ချင်းထထိုင်လိုက်ရသည်။
ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်တော့
နေဝင်ရီတရော....။ငါဘယ်လောက်တွေတောင်
အိပ်ပျော်ပြီး ငါဘာတွေဖြစ်ကုန်ပြီလဲ....။
နေရာကြီးသည်ကြောက်စရာလည်းကောင်း
တာကြောင့် Jimin စိတ်ကိုငြိမ်ငြိမ်ထားလိုက်သည်။
Barမှာလွတ်ပြီးမဟုတ်တဲ့နေရာတွေများ
ရောက်နေပြီလား....။
ဖုန်း....ဖုန်း......ဘယ်မှာလဲ.....၊။
ကံကောင်းတယ်ဆိုရမည်စားပွဲပေါ်မှာ
တွေ့လိုက်ရသောဖုန်းနှစ်လုံး...။
တလုံးကသူ့ဟာနောက်တစ်လုံးကတော့
ဘယ်သူ့ဟာမှန်းမသိ..။မြန်မြန်ဆန်ဆန်ကောက်ယူ
ကာ ဖွင့်တော့ စက်ပိတ်ထားသည်။
စဉ်းစားမနေတော့ ဖွင့်လိုက်တဲ့အခါ
MissCallပေါင်းရာချီ....။အိမ်တော်ထိန်းကြီး
နောက်တလုံးကတော့ဘယ်သူမှန်းမသိ
အခါနှစ်ရာလောက်ခေါ်ထားသည်။
ဖေဖေလည်းခေါ်ထားကာ Dateကိုကြည့်လိုက်တဲ့အခါ
တော်ပါသေးသည် တစ်ညနဲ့တနေ့လောက်ပဲ
ကျိုးသွားခဲ့တာ....။
Msg ထဲဝင်လိုက်တဲ့အခါ.....
Jimin မျက်မှောင်တွေကျုံ့သွားခဲ့သည်။
...မင်းဘယ်မှာလဲ....ငါ့ကိုပြော.....
...အေး ဖုန်းပိတ်ထား ပြန်ဖွင့်လို့ကတော့ငါနဲ့
မင်းတွေ့ပြီမှတ်....
...အဲ့မိန်းမ နဲ့ မောင် ဘာမှမဖြစ်ဘူး.....
မောင့်ကိုယုံ....
...ငါဒီလောက်ပြောနေတာတောင်ဖုန်းကိုမဖွင့်ဘူး...
...မင်း တခုခုဖြစ်နေတာလား ....
....မင်း နိုင်ငံခြားထွက်သွားတာလား....
....မောင် ခုထိ လမ်းဘေးမှာ.အဆက်အသွယ်
လုပ်စမ်း ဘာဖြစ်နေတာလဲကွာ....
....မင်း အိမ်ပြန်လာကြည့် နုံ့နုံ့စင်းပစ်မယ်....
တစ်ညလုံးမအိပ်ဘဲပို့ထားခဲ့သောMsgတွေ
မှန်းနာရီတွေကိုကြည့်ရင်သိပါသည်။
နောက်ဆုံးအချိန်သည် ခုနေ့ခင်းအထိ...။
ဒါJeonJungkook ရဲ့ဖုန်းလား.....။
ပထမဆုံးmsgတွေသည်တွေ့မယ်သတ်မယ်
နုံ့နုံ့စင်းမယ် ဆိုပေမယ့် ဖုန်းထဲမှာဖတ်မနိုင်
အောင်အများကြီး...။ဆိုင်သူလေးသည်
ဒေါသတွေထွက်နေသော်ငြားတခုချင်း
လိုက်ဖတ်ခဲ့ပါသည်။
သူကလည်း ငါ့Hotelလာပြီး ဖောက်ပြန်သေးတယ်
ငါကပဲအမှားလုပ်နေတဲ့လူလိုအကြောကြီးနဲ့
ပို့နေတာများ..။
ဖတ်နေရင်း msgတစောင်ကိုထပ်တွေ့လိုက်သည်။
...ငါJungkookဆရာဝန် Dr KimSeokJin
ဖုန်းပိတ်ထားလို့စာပို့လိုက်တာ
Jimin မင်းယောကျ်ားကိုမင်းနဲ့ပြသနာတက်တိုင်း
KimNamJoonဆီလာလာပြီးကိုယ်ထိလက်ရောက်
လာလာလုပ်တာတွေကို တားပေးပါ...
KimNamJoonကမေတ္တာထားပေမယ့်
ငါမထားနိုင်ဘူး....ညကဆိုင်ထဲအထိ
လာသောင်းကျန်းသွားတယ်...Namjoon
တခုခုဖြစ်လို့ကတော့ ငါသည်းခံမှာမဟုတ်ဘူးနော်.....
တောက်!!!!!ဒီကောင်JeonJungkook...။
ဦးနှောက်လုံးဝပျက်သွားပြီထင်ပါသည်။
Hyung နဲ့ဘာဆိုင်လို့ Hyung ကိုထပ်ထိပြန်ပြီလဲ...။
အသားတွေပင်တုန်ကာ ဖုန်းပါလွှင့်ပစ်ချင်နေတဲ့အချိန်
နောက် ထပ်Msg!
....အကိုလေး...အိမ်ပြန်လာပါ
ညက သခင်လေးရယ်MinYoongi ဆိုတဲ့
လူနဲ့ရန်ဖြစ်လာတာ တော်တော်ထိလာတယ်...
MinYoongi.....။သူ့စီးပွါးဖက်...
အကျိုးအမြတ်လူ...။ဘာသွားလုပ်ပြန်တာလဲ...။
KimTaeHyung ကိစ္စအပြင်တခြားရှိမှာ
မဟုတ်..။သူဒီလိုပျောက်နေတာတောင်
ရန်ဖြစ်ဖို့အရမ်းအားအားလပ်လပ်ရှိနေသေးသည်။
စီးပွါးရေးမျက်နှာတွေရှိလို့အရမ်းမကြမ်းဘဲ
ချော့ပေါင်းနေရတဲ့ဟာ JeonJungkook
ကဖျက်ဆီးလိုက်ပြန်ပြီ...။
မနေ့ကHotelကဒေါသတွေသည်အသစ်က
ပြန်ဖြစ် ခုဒေါသတွေနဲ့ပေါင်းပေါင်စပ်လျှက်
တခါထဲ မြေမြုပ်ပစ်ရန် ဒီနေရာဘယ်နေရာ
လဲတွေမစပ်စုတော့ ဖုန်းယူကာအခန်းထဲ
ကပြေးထွက်လိုက်သည်။
"နိုးပြီလား....Jimin....."
JeonJungkook ရဲ့တက်တူးဆရာပါလား။
မင်္ဂလာဆောင်တုန်းကသူသေချာမှတိမိနေပါသည်။
"ငါဘယ်လိုလုပ်ဒီကို....."
"Barမှာ မှောက်နေလို့ ကျတော်ခေါ်ခဲ့တာပါ
အေးဆေးပါ..စိတ်ထဲမထားနဲ့
အိမ်ပြန်ပို့ပေးဖို့ကလည်းအိမ်မသိလို့လေ..."
"မင်းကJeonJungkook အိမ်ကိုမသိဘူးပေါ့.."
"ဟုတ် မသိဘူး...."
"ထား...ငါခုပြန်တော့မယ်...
ခေါ်လာပေးတာ ကျေးဇူးတင်တယ်
ငါခုအရမ်းအရေးကြီးနေလို့...."
"ဟုတ်ကဲ့ သွားပါဗျာ...."
Jimin သည်ပြုံးယဲ့ယဲ့နဲ့တက်တူးဆရာကို
ခပ်တည်တည်ပဲနူတ်ဆက်ကာအမြန်ပြေးထွက်
သွားခဲ့သည်။
..........
အိမ်တော်ကြီး၏ဝရံတာတွင်မောင်သည်
ဝတ်ရုံအနက်ကြီးကိုဝတ်ထားကာ
ပွန်းပဲ့ဒဏ်ရာများနှင့် တညလုံးမအိပ်ရသေး
သောမျက်လုံးတွေသည်နီမြန်းနေသည်။
တစ်ညလုံးအိမ်ပြန်မလာ....ဘယ်မှာအိပ်သလဲ
သူသိပ်ရဲတင်းသည်။မိုးလင်းပြီး ပြန်မိုးချုပ်ဆဲဆဲ
အထိလည်းပေါ်မလာ....။
မောင် အံတွေကြိတ်ထားသည်။ဘယ်သူ့မှလည်း
အနားမကပ်ရဲ...။
Romတို့က တော့ ဆက်ရှာပေးနေသည်။
မောင်က တော့ စိတ်လွတ်သွားပြီမို့
လက်သီးကိုသာဆုပ်ထားပြီး ဝရံတာတွင်ရပ်နေပုံက
ကြောက်စရာအလွန်ကောင်းနေခဲ့ပါသည်။
ပြန်လာရင်အသေပဲ....။
ကားကလည်းမရောက်နိုင်ပါ..။ပြသနာမတက်ချင်
လို့နာကျင်ရလွန်းလို့ စကားတောင်မပြောနိုင်
မျိူသိပ်ရှောင်ဖယ်ထွက်ခဲ့တာကို
ဒီကောင်က ဟုတ်လှပြီမှတ်နေတာ....။
ခုတော့ မနေ့က မျိုသိပ်ပြီးမလုပ်ရသမျှ
Hyungကိုသွားထိပါးသမျှ
စီးပွါးရေးကိုတုတ်နဲ့ကလော်ချသမျှ
အကုန်ရှင်းမည်...။
သူသေကိုယ်သေပဲ...။
မောင်သည် ဝရံတာပေါ်ကနေခြံဝန်းတစ်ခုလုံး
ကိုခြုံကြည့်ကာတနုံ့နုံ့ဖြစ်နေစဉ်မှာပဲ
ချိုးဝင်လာသောTaxiတစ်စီး.....။
မောင်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
စူးစူးရဲရဲအပေါ်စီးမှကြည့်နေတုန်းမှာပဲ
ကားကရပ်သွားခဲ့သည်။
ParkJiminဖြစ်စမ်း....ParkJiminဖြစ်စမ်း.....။
ကားတံခါးပွင့်လာကာဆင်းလာသူသည်
ဆုတောင်းတွေတကယ်ပြည့်သွားခဲ့ပြီ။
မောင် ဝရံတာဘောင်ကိုလက်သီးဖြင့်
ထိုးနေရင်း ထပ်မံစိုက်ကြည့်နေသည်။
ကားတံခါးကိုဆောင့်ပိတ်ကာသူဝရံတာမှာ
ရှိမှန်းသိ၍ ပြတ်ရှနေအောင်မော့ကြည့်ပုံသည်
တော်တော့်လှလှလေး....။
နှစ်ရက်လောက် အရူးကြီးဖြစ်အောင်
ဒုက္ခပေါင်းစုံပေးခဲ့သော ကြည့်မရစရာလေး...။
တကိုယ်လုံးအကောင်းအတိုင်းပြန်ရောက်လာ၍
စိတ်အနည်းငယ်အေးနေသော်လည်း
မျက်နှာကြောသည်မောင့်နှလုံးသားကိုလာကလိခဲ့သည်။
ဖုန်းပိတ် ခြေရာဖျောက် ကြုံရာအိပ်ခဲ့တဲ့
အပြစ်ရှိParkJiminမဟုတ်တဲ့အတိုင်း...။
ကားပြန်ထွက်သွားတဲ့အခါစိန်ခေါ်သလို
စကြည့်တဲ့သူက ဆိုင်သူလေး...။
အိမ်ထဲသို့ဝင်သွားသည် မောင်ကလည်းဝရံတာက
နေဆင်းလာကာ အိမ်ကြီး၏ဧည့်ခန်းအလည်
တွင်သူတို့ဆုံကြလိမ့်မည်...။
"အကိုလေး...ဘယ်တွေသွားနေတာလဲ...
တအိမ်လုံးစိတ်တွေပူနေတာ...."
"ဖယ်စမ်း!!!!!!"
အတွန်းခံလိုက်ရသောအိမ်တော်ထိန်းကြီးသည်
လိပ်ပြာပါလွင့်ကာ ခပ်ဝေးဝေးပြေးခဲ့သည်။
ရောက်လာသူက မောင်...။
"ပြန်လာပြီပေါ့....ဘယ်အရပ်တွေကိုများ
သွားပြီး ဘယ်လိုတွေပျော်မွေ့နေလို့လဲ...
ငါ့ကိုရှင်းပြစမ်းပါအုန်း...."
ဖြောင်း..!!!!!!
"ငါ့အရှက်အတွက်....."
ဖြောင်း...!!!!
"ငါ့သိက္ခာတရားအတွက်...."
ဖြောင်း....!!!!
"ငါ့ကို သောက်ပိုတွေပြောပြီး
ငါ့ခံစားချက်နဲ့ ငါ့စိတ်ကို ကစားခဲ့တဲ့အတွက်..."
သုံးချက်လောက်ဆင့်ရိုက်ခံရသောပါးသည်
ပူခြစ်သွားသည်။ဘယ်လောက်တောင်ချူပ်တည်း
ခဲ့သလဲမသိ...
"တော်ပီလား....ရိုက်အုန်း...မင်းရိုက်ချင်
သလောက်ဝအောင်ရိုက်..."
"ငါ့ကို ကလေကချေစကားတွေထပ်မပြောနဲ့
Jeon JungKook...ငါလူတွေအများကြီးရှေ့မှာ
ငါ့လက်အောက်ကဝန်ထမ်းတွေရှေ့မှာ
ငါ စိတ်ကူးတောင်မယဉ်ဖူးတဲ့အောက်တန်းကျမှု
မျိုးနဲ့ အရှက်ကွဲခဲ့ရတယ်...မင်းလိုကောင်ကို
ကိုယ်ချင်းစာပါလို့ငါမပြောဘူး...
ငါ့Hotelကို နောက်တစ်ယောက်ခေါ်အိပ်ထဲက
မင်းကဘယ်လောက်...."
"မောင် မအိပ်ဘူး Jimin .မထိဘူးမထိခဲ့ဘူး
မင်းကို မောင်ကျိန်ပြောလို့ရတယ်
အရက်ပဲဝိုင်းသောက်နေရင်း
ဆေးမိသွားတာပါ...."
"မာယာတွေ...မင်းသိပ်ဉာဏ်များတယ်
ငါက လည်မလိုလိုနဲ့ အမြဲခံရတယ်..
ငါမခံတော့ဘူး...မင်းကလူယုတ်မာ..."
"ရှင်းပြပြီးပြီလေ...မင်းယုံရမယ်လေ...
မောင် မင်းအပေါ် တစ်ခါလေးမှမာယာမများခဲ့ဖူးပါဘူး"
"အပိုတွေ!!!!."
"NamJoon Hyung ကိုဘာသွားလုပ်ခဲ့လဲ
ငါနဲ့စီးပွါးရေးပါတနာပါဆိုမှ မင်းအကောင်ကိစ္စ
နဲ့ငြိပြီး ရန်ဖြစ်လိုက်သေးတယ်
တော်ရုံပဲကောင်းတယ် ငါမင်းနဲ့မပေါင်းဘူး
ကွာမှာ...ခုကွာရှင်းမှာ...."
"နောက်ထပ်ဘဝတစ်ရာအထိတောင်
မင်းကိုမကွာပေးဘူး...လုပ်ရဲရင်လုပ်ကြည့်
ပြောစမ်း ညက ဘယ်မှာအိပ်ခဲ့တာလဲ
ဘယ်တွေသွားခဲ့တာလဲ..."
"မသိဘူး မင်းလိုပဲဆေးမိတာ
ဘယ်သူကဘယ်ခေါ်သွားမှန်းလည်းမသိဘူး
ငါဘာမှမသိဘူး မသိတော့ဘာဖြစ်ချင်လဲ!!!!"
"ParkJimin!!!!!"
မောင့်လက်မောင်းတွေမြှောက်တက်လာတဲ့အခါ
ဆိုင်သူလေး၏မျက်လုံးတွေမှိတ်သွားကာ
ကိုယ်လုံးလေးကျုံ့့သွားခဲ့သည်။
မောင် သက်ပြင်းတချက်ချကာ လက်ကိုပြန်ရုတ်ပြီး
"မောင့်ကိုဖြေ..မင်းဘယ်မှာအိပ်လဲ
ဘာတွေလုပ်ခဲ့လဲ.....Jimin..."
"အဖေ့အိမ်ပြန်နေမယ်...မင်းနဲ့ငါပြီးပြီ
အိမ်ပြန်ရောက်တာနဲ့ကွာရှင်းစာချုပ်ပို့လိုက်မယ်..."
"အေး ငါကလည်း ParkJiminကနေ
JEon Jimin လို့ မျိုးရိုးအပြီးပြောင်းတဲ့
စာချုပ်ပြန်ပို့ပေးလိုက်မယ် ကွာရှင်းမယ့်စကား
ထပ်မပြောနဲ့နော်...မင်းဘယ်မှာအိပ်သလဲ!!!!"
"ဘယ်မှာ အိပ်အိပ်ပေါ့ မင်းတောင်နေရာအစုံ
လိုကိအိပ်သေးတာပဲ..ဖယ် စမ်း အိမ်ပြန်မလို့..."
"Jimin!!!!!!"
လှေကားပေါ်ပြေးတက်သွားသူနောက်
လိုက်ကာခါးကနေပွေ့ချီပြီး ဧည့်ခန်းကဆိုဖာ
ခုံပေါ်ပစ်ချတော့ပြန်ထလာကာကန်ကျောက်
ရိုက်နှက်တော့သည်။
"မောင်....နာနေပြီနော်...တရားမလွန်လာနဲ့....."
တကယ်ရိုက်တာ...မူယာမာယာများတာမဟုတ်ဘူး
အတည်ကန်တာ နာအောင်ကိုတကယ်ဖြတ်ရိုက်
တတ်တဲ့သူ။ဘယ်သူမှလာမဆွဲရဲ...။
မောင်က ပြန်မရိုက်ပေမယ့် တက်ဖိကာချုပ်ထားသည်။
ချူပ်ထားရင်းက နေ ရရာနေရာနာအောင်
ထပ်လုပ်နိုင်တဲ့သူ....။
"Jeon JungKook!!!!"
ဒယ်ဒီ့အသံ....။နပန်းလုံးနေရင်းမှလှမ်းကြည့်
တော့Jiminအဖေပါပါနေသည်။မောင်
လှုပ်ရှားမှုတွေရပ်လိုက်သည်။သူ့အဖေရှေ့တော့
ရုပ်မပျက်ချင်ပါ...။
"မင်း ကိစ္စတွေငါကြားပီပီ....
Jimin ကိုသူ့အဖေကလာခေါ်တာ...
အနှောက်အယှက်မပေးဘဲ မင်းငြိမ်ငြိမ်နေလိုက်တော့..."
"မလွှတ်နိုင်ဘူး....ကျွန်တော့်ယောကျ်ား
ကျွန်တော့် စီမံမယ်.."
"ဦးတောင်းပန်ပါတယ်...သားအရမ်းအဆင်မပြေ
နေတာကြီးကိုဦးရှေ့ဆက်တိုးပါလို့
မပြောချင်တော့ဘူး အဲ့တာကြောင့်ပြန်ခေါ်သွားပါရစေ"
"ပေးစားတုန်းကဦးပဲပေးစားတာလေ..."
"ဟုတ်ပါတယ် Jimin ပျော်ရမယ်ထင်လ်ို့ပါ...
ခု မပျော်ရွှင်နေရတာ မင်းမျက်မြင်ပဲလေ
မင်းလုပ်တာတွေလည်း မင်းသိမှာပါ..."
"အဖေ ခဏ ကျွန်တော် လိုအပ်တာတွေ
သွားယူပြီးဆင်းလာခဲ့မယ်...
ခဏလေးပဲ..."
Jimin သည်အလစ်တွင်အတင်းရုန်းကန်ထွက်
ကာအပေါ်သို့ပြေးတက်သွားသည်။
" နေပါအုန်း မယူပါဘူးဆိုတာ
အတင်းအကျပ် လိုက်စိ ခဲ့တုန်းကလည်း
ဒီလူတွေပဲ...ပျော်ပျော် မပျော်ပျော်လေ
ထားရတော့မှာပဲ မဟုတ်ဘူးလား"
"ဦး မထား နိုင်တော့တာ....JungKook..
ဦး မင်း စရိုက်တွေကိုသေချာမစုံစမ်းဘဲ
ဆုံးဖြတ်ခဲ့မိတာ..."
မောင့်မျက်လုံးတွေစူးခနဲ..။တင်တင်စီးစီး
အပြောခံလိုက်ရတဲ့စကား..။
လူတွေများ ခုတမျိုးတော်ကြာတမျိုး..။
မောင့် မာန က စရိုက် ဆိုတဲ့စကားမှာ
မခေါ်သွားပါနဲ့လို့ လုံးဝတားနေမှာမဟုတ်။
ဒါဟာပေါ်တင်နှိပ်ကွပ်ခံရခြင်း...။
JEon Groupရဲ့တစ်ဦးထဲသောဆက်ခံသူ
အိမ်တော်ကြီးရဲ့သခင်လေးကို စော်စော်ကားကား။
"စရိုက်ကတော့ ဦး ဘေးက ကျွန်တော်ဒယ်ဒီ
နဲ့ချွတ်စွပ်တူလို့ တကယ်ကောင်းကိုမကောင်းဘူး
ဝန်ခံပါတယ်....ပြန်ခေါ်သွားပါ..ခေါ်သွားပါ...
ဒါပေမယ့်...ဦး သား ဘက်က ပြန်ပေါင်းချင်တယ်
ဆိုရင်တော့ လွှတ်ပေးရမယ်နော်..."
"မင်းကိုJimin ကပေါင်းမှာမဟုတ်တော့ဘူး
စိတ်ကူးယဉ်မနေနဲ့...JeonJungkook..."
အထုတ်တစ်ထုတ်ဖြင့်ဆင်းလာသောဆိုင်သူ
လေးသည် မောင့်မျက်နှာကိုမကြည့်တော့။
အဖေဖြစ်သူဆီပြေးသွားသည်။
မောင်သည် ဆိုဖာပေါ်တွင်ခြေထောက်တွေကို
ချိတ်ထိုင်ရင်း...စိုက်ကြည့်နေသည်။
ထို့နောက်အိမ်ကထွက်တော့မည့်ဆိုင်သူလေး
နောက်ထလိုက်လာကာ လက်မောင်းတွေကို
လှမ်းဆွဲပြီး နားနားကပ်ကာစကားတိုးတိုးဆိုခဲ့သည်။
"ပြန်ပေါင်းချင်ပါတယ်ဆိုပြီးငိုယို
အိမ်ပြန်လာလို့မရဘူးနော်....မောင်လက်မခံဘူး...."
"ငါ့Hotelကပစ္စည်းဖိုးတွေသာအကြွေးဆပ်စမ်းပါ
နောင်သံသရာအထိရေစက်ဆုံနေမှာစိုးလို့
မနက်ဖြန်စရင်းပို့လိုက်မယ်.."
ကားတံခါးဆောင့်ပိတ်ကာထွက်သွားသည်။
ရမလား...လွယ်လွယ်ကူကူထွက်သွားလို့...။
ဒီတစ်ခါပြန်ဆွိတဲ့အခါ....
JeonJiminကမောင့် ကို အချစ်ဆုံး ဆိုတာပဲ ဖြစ်နေရမယ်။
မာယာက ခုမှများရတော့မယ်....။
ေကာ္ဖီခြက္ေလးႏွစ္ခြက္ကိုင္ကာသဘာဝေလး
ဆိုင္ပိတ္တာႏွင့္ အတူတူလမ္းေလၽွာက္ရင္း
အိမ္ျပန္မည္...။ထပ္ထပ္ရင္ခုန္ခ်င္စရာစကားမ်ား
ကိုေျပာၿပီး ေရလာေျမာင္းေပးလုပ္ရမည္။
ဘယ္ဘက္ကလွည့္ေတြးေတြး KimNamJoon
ကိုသိပ္ခ်စ္တာပဲ.....။
အေတြးလွလွေလးေတြနဲ႔ဆိုင္ထဲဝင္လိုက္တဲ့အခ်ိန္
သဘာဝေလးကို ထိပါးေနေသာလူ...။
ေျပးထိုးမလို႔ ဘယ္သူလဲေသခ်ာၾကည့္မိတဲ့အခါ
တမိုးေအာက္ JeonJungKookပင္.....။
"JeonJungkook!!!!!!"
လွည့္ၾကည့္လာသည္လည္ပင္းကအက်ီစကို
ဆြဲထားေသာလက္ေတြကိုေတာ့လႊတ္မေပးေသး။
"မင္းဘာလုပ္တာလဲ.!!!!ငါ့NamJoonကို...."
Coffee ေတြအားပစ္ခ်ကာJungKookအား
အားသုံးကာဆြဲဖယ္လိုက္ၿပီးသဘာဝေလးေရွ႕
တြင္ပိတ္ရပ္လိုက္သည္။
"Hyung နဲ႔ ဘာမွမဆိုင္ဘူး ဖယ္.....!!!!"
"ဘာကိစၥဖယ္ရမွာလဲ...မင္းကိုယ့္ထက္အသက္
အမ်ားႀကီးႀကီးတဲ့လူကို ဘယ္လိုဆက္ဆံေနတာ
လဲJungKook ထြက္သြားစမ္း ...."
"ParkJimin ဘယ္မွာလဲလို႔ေမးေနတယ္ေနာ္....!!"
"မင္းေယာက်္ားဘယ္မွာလဲ ငါတို႔ကဘယ္လို
လုပ္သိမွာလဲ..."
"Hyung မသိေသးဘူးထင္တယ္..
KimNamJoonရဲ့အခ်စ္ဦးကParkJiminေလ..
တခုခုဆို ေျပးေျပးရင္ဖြင့္အားေပးတတ္ၾကလို႔
လာေမးရတာ...ဟိုတစ္ခါ ParkJiminကို
ရိုက္တာလည္း သူနဲ႔ေတြ႕လို႔......"
SeokJin..ခဏေလးေတြခနဲျဖစ္သြားခဲ့သည္။
အခ်စ္ဦးက ParkJiminလို သိပ္ခ်စ္စရာေကာင္း
တဲ့ကေလးေလးျဖစ္ခဲ့ေတာ့ စိတ္ဓာတ္ေတာင္
အနည္းငယ္က်သြားကာ အားေလၽွာ့သြားရသည္။
"အဲ့တာဆို အဲ့ေန႔က NamJoon
ကိုထိုးတာ မင္းေပါ့...."
"ထိုးေတာ့ ဘာျဖစ္လဲ...ကၽြန္ေတာ့္ေယာက်္ားနဲ႔
ခိုးေတြ႕လို႔ထိုးတာ...."
"ဒီေကာင္......!!!!"
SeokJinသည္ အသဲယားကာေဒါသထြက္လြန္း
တာေၾကာင့္ရိုက္ပစ္လိုက္ဖို႔လက္ေတြ
႐ုန္းကန္ထြက္လာေပမယ့္NamJoonက
ေနာက္မွမ႐ုန္းနိူင္ေအာင္ဆြဲဖက္ထားသည္။
"Hyung ကကိုယ့္လူနာကို ေတာင္
ထိခိုက္ဖို႔စဥ္းစားေနၿပီလား.....
ဒီလူအတြက္နဲ႔....."
"KimNamJoonက ဘာျဖစ္ေနလို႔လဲ....
ငါ့လူထိရင္ ငါခ်မွာပဲ...."
ေယာက်္ားတင္မက ကေလးထဲကေဆးကုေပးခဲ့
ေသာအစ္ကိုရင္းလိုဆရာဝန္ေတာင္သူ႔ဘက္က..။
ေမာင္ အရမ္းကို မနာလိုလြန္းကာ
SeokJinအား ျပဴးၾကည့္လာသည္။
"ParkJiminေရာKimNamJoonေရာက
မင္းထင္ေနသလို စြပ္စြဲေနသလို
စိတ္ဓာတ္တစ္ေယာက္မွာမွမရွိတာငါယုံတယ္"
"ParkJiminကလည္းေယာက္်ားနဲ႔ရန္ျဖစ္တာနဲ႔
ရည္းစားေဟာင္းဆီေျပးလာမယ့္လူမ်ိဳးမဟုတ္ဘူး
KimNamJoonကလည္းအမၽွင္မျပတ္နိုင္
ပတ္သတ္ေနအုန္းမယ့္လူမဟုတ္ဘူး
ကိုယ့္လူမွကိုယ္မယုံ ကိုယ့္အိမ္ေထာင္ဘက္ရဲ့
ကိုယ္က်င့္တရားနဲ႔သိကၡာကိုမွမင္းမယုံဘူး
ျမင္ျမင္ရာ ရမ္းေနလို႔ကေတာ့ မင္းပဲ႐ူးလိမ့္မယ္
JungKook...ေနာက္တစ္ခါ ကိုယ္ထိလက္ေရာက္
ငါ့လူကို ထိရင္ မင္းအေသပဲမွတ္...."
"ဆရာဝန္မပီသလိုက္တာ....."
"မင္းလို လူဆိုးအတြက္ ငါ့မွာEthicမရွိဘူး...."
"SeokJin Hyung ..!!!"
"မကုဘူး မင္းကို...႐ူး႐ူးေသေသ..."
ဝိုင္းအနိုင္က်င့္ခံရသလိုေမာင္သည္
KimNamJoonကိုလည္းဆက္ျပသနာရွာ၍
မရတာေတာ့ေၾကာင့္ ဟိုကန္ဒီကန္ ကန္ကာ
ျပန္ထြက္သြားသည္။
"Joon ParkJimin ဖုန္းနံပါတ္ေပး....
ဒီလိုသာ သူတို႔မတည့္တိုင္းမင္းကို
ျပသနာရွာေနတာ ပုံမက်ဘူး...."
လမင္းေလးသည္..သူသိပ္သံေယာဇဥ္ႀကီးတဲ့လူနာေလးကိုဆူလိုက္ရ၍စိတ္မေကာင္းေနသလို
သူသိပ္ခ်စ္ေသာ သဘာဝေလးကိုလည္း
ကာကြယ္ေပးရင္း..အသံတုန္တုန္ျဖင့္
ဖုန္းနံပါတ္ကိုေတာင္းသည္။
ဘာလုပ္ရမွန္းမသိတဲ့ပုံႏွင့္ဖုန္းပဲဆက္ေတာ့မလိုလို
မဆက္ေတာ့ဘူးလိုလို..Screenအား
ၾကည့္ေနရင္းမွ မထိန္းခ်ဴပ္နိုင္ဘဲစကားတခ်ိဳ႕
ထြက္က်လာသည္။မ်က္ႏွာကိုဖုန္းဆီပဲ
စိုက္ၾကည့္ေနကာ တိုးသြားလိုက္က်ယ္သြား
လိုက္နဲ႔ ခပ္အက္အက္စကားေလးေတြ...။
"Jimin က မင္း အခ်စ္ဦးတဲ့လား....
ငါမသိခဲ့ဘူး....ရိပ္ေတာင္မရိပ္ခဲ့ဘူး...
ငါမသိဘဲ....မင္းဒဏ္ရာေတြရွိေနမွာကို...
ကိုယ္ခ်င္းမစာဘဲ.....ငါ..က.."
Hyung က မ်က္ႏွာေလးနီရဲလာတာေတာင္
လင္းလင္းထင္းထင္းလွရက္ေနတုန္း...။
လက္ေတြမသိမသာတုန္ေနကာ အသံေတြကေတာ့
သိသိသာသာတုန္ေနသည္။
"အာ႐ုံေတြေန႔တိုင္းေႏွာက္မိခဲ့တာ....
ငါ..ေတာင္းပန္တယ္Joon....ငါတကယ္
ေတာင္းပန္...."
NamJoonသည္ရင္ခြင္ထဲသို႔ဆြဲထည့္လိုက္သည္။
စိတ္လွုပ္ရွားေနေသာHyung၏ႏွလုံးခုန္သံသည္
က်ယ္က်ယ္ေလာင္ေလာင္....။
"ပီးခဲ့တာေတြပီးပါၿပီ....Hyung က်ေတာ့္ကို
ဘယ္တုန္းကမွအာ႐ုံမေႏွာက္ခဲ့ပါဘူး
Hyung နဲ႔ဆုံတိုင္းကၽြန္ေတာ္ေပ်ာ္ပါတယ္
ကၽြန္ေတာ္ေျပာတာကိုယုံပါ...ငိုခ်င္ေနရင္
ငိုပါ မသိခ်င္ေယာင္ေဆာင္ေပးပါ့မယ္......"
"ငါက...ငါက Jimin လို အမ်ားႀကီး
ခ်စ္ဖို႔ေကာင္းေအာင္မေနတတ္ေပမယ့္Joon
Jimin ထက္မင္းကို ငါ ပိုခ်စ္မွာ...."
"KimNamJoonရဲ့အခ်စ္ဦး
မျဖစ္လည္း အခ်စ္ဆုံးကေတာ့
KimSeokJinပဲျဖစ္မွာ.....ဟုတ္တယ္မလား...."
Jimin ကေလးဆန္သည္...JungKookလည္း
ကေလးစိတ္ပဲ...ထိုကေလးေတြထက္
ကေလးပိုဆန္ေသာ ကေလးႀကီးသည္
ရည္းစားစကားပင္မေျပာ တန္းအခ်စ္ဆုံး
ဘြဲ႕ကိုခံယူသည္။
စာအုပ္ဆိုင္မီးေရာင္ဝါဝါေလးေအာက္
Dr SeokJinသည္ ရင္ခြင္ထဲကမထြက္ေတာ့....။
ေျပာခ်င္ရာေျပာၿပီးၿပီ ျဖစ္ခ်င္ရာျဖစ္ပဲ...။
NamJoonသည္..ခပ္ဖြဖြေလးဖက္ထားဆဲ....။
..................
ညဆယ္နာရီ......။
"Rom...မင္းမသိရေအာင္ မင္းရယ္ငါရယ္
TaeHyungရယ္ အဲ့ဒီမိန္းမရယ္...ပဲရွိတာ.."
ေမာင္သည္ ဆိုင္သူေလးကိုရွာရန္
လူဆိုးလူမိုက္အေပါင္းအသင္းတသိုက္ျဖင့္
ကားၿပိဳင္ပြဲေတြလုပ္တတ္ေသာကြင္းတြင္
လူစုသည္။ေမာင္သည္ကားေနာက္ဖုံးေပၚတြင္
ထိုင္ကာစီးကရက္သာေသာက္ေနေပမယ့္
ဘာအရသာမွမရွိ။
ညဆယ္နာရီဆိုေသာအခ်ိန္သည္ေမာင့္ကို
လွိုက္လွိုက္႐ူး႐ူးေစသည္။
ရွာတာလည္းတၿမိဳ႕လုံးႏွံ့ေနကာေမာင္ေခါင္းမီးေတာက္
ေနၿပီ။
"မနက္ကထြက္သြားထဲက ခ်ဴပ္ၿပီး
အက်ိဳးအေၾကာင္းေျပာျပရမွာ
ေသာက္ ေခါင္းကကိုက္ စိတ္ေတြကလည္း
ရွုပ္ေနေတာ့..."
"အဲ့မိန္းမပဲ အႀကံအဖန္လုပ္တာေဂ်
Hotel ႀကီးမွဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး
ေရာက္ေနစရာလား...Jimin ေတာ့
အရမ္းနာက်င္သြားမွာ...."
"နာက်င္ရင္....ဒီမွာ မနာက်င္ေအာင္
ေျပာျပမွာေပါ့ ဒီလိုဖုန္းပိတ္ၿပီး
ဘာျဖစ္ေနမွန္းမသိတာက ငါ့ကိုပိုမေက်နပ္
ေစတယ္ ျပန္ေတြ႕ရင္ေတာ့ ငါ့အေၾကာင္းသိမယ္.."
"မင္း ကလည္းလြန္ေသးတယ္...
ေလၽွာ့ေပးမယ္မစဥ္းစားဘူး....
ငါမင္းကို နားမလည္ဘူး...."
"မင္းနားလည္ဖို႔မလိုပါဘူး...သြားစမ္း
နားညီးတယ္ ေဝးေဝးေန...."
"ရွာရမယ္ေလ...နိုင္ငံျခားေတြဘာေတြမ်ား
စိတ္ေပါက္ေပါက္နဲ႔ထြက္သြားသလား...
ဖုန္းကခုထိမပြင့္တာလား..."
ေမာင္ သည္ ကားေနာက္ဖုံးေပၚထိုင္ကာ
စိတ္အလြန္ညစ္ေနၿပီး တခုခုမ်ားျဖစ္ေနတာလား
ထိခိုက္ေနသလား ဘာသတင္းမွအစလိုက္လို႔
မရ၍ ေဆာက္တည္ရာမရ..။
ေနာက္ဆို ေနာက္ဆိုရင္ Clubမွာ
ဘယ္မိန္းမနဲ႔အရက္အတူတူမေသာက္ေတာ့ဘူး...။
လိမၼာမယ္....လိမၼာရမယ္...။
တစ္ခ်္န္ထဲမွာလည္းစိုးရိမ္မွုေဒါသေတြထြက္ေနသည္။
ေမာင့္စိတ္ထဲမွာ မေက်နပ္ရင္ ဒဲ့ရွင္းကာ
ေအာ္ဟစ္ျဖစ္လိမ့္မည္ထင္ေပမယ့္ ParkJimin
သည္ ဒီလိုလုပ္တာသူ႔ကိုပိုငရဲေရာက္ေစပါသည္။
Hotelခန္းထဲက မိန္းကေလးကိုJimin
ျပဳမူေျပာဆိုေသာစကားမ်ားကိုျပန္ျပန္ၾကားေယာင္
ၿပီးရင္ေတြကလည္းခုန္ရေသးသည္။
ရင္ဘက္မွာျခစ္ရာေလးတစ္ခုထင္တာနဲ႔
လႊင့္ပ်ံ႕ထြက္ခဲ့ေသာ ျဖစ္ရပ္ကို
ေမာင္ သိပ္ႀကိဳက္သည္။
ေျပာခဲ့ပါတယ္....ေမာင္ကအခ်စ္ခံ......။
ခုေလာေလာဆယ္ေတာ့ အခ်စ္ခံ ေလး၏
ဘဝသည္ အပစ္ခံဘဝေရာက္ျပန္၍
ေခါင္းေတြပူေအာင္ဘယ္ေနရာေရာက္ေနမလဲ
စဥ္းစားေနရသည္။
"ျပန္လာမွာပါေဂ်...မင္းေတာင္တစ္ခါထြက္သြား
ရင္တပတိေလာက္ၾကာတာ...ကို..."
"ငါကငါ..သူကသူ....
မင္းငါ့ကို ေသာက္ပိုေတြလာမေျပာနဲ႔ေနာ္
ငါထိုးေတာ့မွာ...."
Romသည္... Jimin အႏၲရာယ္ကင္းကင္းရွိေနပါေစ
ပဲဆုေတာင္းေပးေနသည္။ျပန္လာပါေစ
မဆုေတာင္းခဲ့....။ေဂ့်ကို ေတာ္ေတာ္ေလး
မ်က္မုန္းက်ိဳး၍ျဖစ္သည္။
ျပန္လာလည္းတန္းကြာရွင္းပါေစ....။
ႀကိတ္ဆုေတာင္းကာ မလုံ၍ေဂ့်ကို
ၾကည့္မိေတာ့ ေဂ် သက္ျပင္းေတြခ်ကာ
မ်က္ေတာင္ေတြျမန္ျမန္ခတ္ေနၿပီး ဖုန္းကို
ၾကည့္လိုက္ပိတ္လိုက္ႏွင့္...။
ဆုေတာင္းကို႐ုတ္သိမ္းပါတယ္...။
ျမန္ျမန္ေဂ့်ဆီျပန္လာပါေစ...။
ပုခုံးကိုခပ္ဖြဖြလွမ္းဖက္ေတာ့ေဂ်လိုအပ္ေနသလို
ၿငိမ္ၿငိမ္ေနေပးေနသည္။
..........
"ည၁၁နာရီအထိ....ဒီKimTaeHyung....!!!"
လုံးဝပိတ္ထားေသာဖုန္းေၾကာင့္MinYoongi
၏ေဒါသသည္ ယမ္းပုံမီးက်...။
"သူခုရက္ပိုင္းေတြတြဲေနတတ္တဲ့သူေတြဆီ
သြားရွာရင္ ပိုေကာင္းမလား ဆရာ..."
ခုရက္ပိုင္းေတြ ဘယ္တရားခ်ခ်မရတာေတာ့
Jeon JungKookပဲ....။
ေနာက္ဆုံးတေနရာသည္အဲ့ေကာင္ပဲက်န္ေတာ့သည္။
မရွာရဲဘူးဆိုတာလည္း ရွိေနမွာစိုး၍
တကယ္တေနကုန္ ဖုန္းပိတ္ၿပီး JeonJungkook
နဲ႔ရွိေနရင္ သူအကုန္သတ္မိလိမ့္မည္။
ည၁၁နာရီတြင္ေတာ့မရေတာ့....။
ေဒါသသည္လည္းတဆုံးထြက္ေနကာ
အရင္က လည္းရွုပ္ေနတာပဲ ဒါေပမယ့္ဒါမ်ိဴး
အခ်ိဳးဘယ္ေတာ့မွသူမခ်ိဳးခဲ့ဖူး...။
အနည္းဆုံးေတာ့ေလၽွာက္လိမ္ေနေသးသည္။
တခုခုျဖစ္ေနမွာလည္းစိုးသည္။
လွလွပပေကာင္ငယ္ေလးမို႔ အႏၲရာယ္ေတြက
အမ်ားႀကီး...။
MinYoongiရင္က်ိဳးရပါလိမ့္မည္....။
"အဲ့ေကာင္ကို သြားေမးမယ္....
သူပါေပ်ာက္ေနေလာက္တယ္....
စုံစမ္းစမ္း....JeonJungkookဘယ္မွာလဲဆိုတာ...."
Yoongiသည္အနက္ေရာင္Shirtအက်ီကို
ဝတ္ထားကာ ဆံပင္ေတြသည္
ႏွဖူးေပၚဝဲက်ေနၿပီး...လုပ္ငန္းရွင္နဲ႔မတူဘဲ
လူမိုက္တစ္ေယာက္နဲ႔ေသခ်ာစြာတူေနခဲ့သည္။
"ရွိမေနရင္ေရာ ဆရာ....JeonJungkook
ကသြားစလို႔ေကာင္းတဲ့သူေတာ့မဟုတ္ဘူး...."
"ငါၾကည့္မရေနတာၾကာပီ ထယ္ကဘယ္ေလာက္
ထိန္းထိန္းရခဲ့တယ္ ဒီေကာင္နဲ႔က်မွ
ဒီလိုစည္းမဲ့ကမ္းမဲ့ေတြစျဖစ္တာ
ေသခ်ာေပါက္ သူ႔ဆီကလြဲဘယ္သူ႔ဆီမွာမွမရွိဘူး"
"ဟုတ္ကဲ့ ..ေနရာတစ္ခ်က္စုံစမ္းလိုက္ပါ့မယ္.."
"သိရရင္ အင္အားနဲ႔သြားမယ္..
အဲ့ေကာင္ကို တစစီလုပ္ပစ္မယ္....."
"ဟုတ္ကဲ့...ဆရာ..."
မိနစ္အနည္းငယ္ၾကာတဲ့အခါသူ႔အဆက္အစပ္
မ်ားႏွင့္သူ JeonJungkook ဘယ္မွာ
စခန္းခ်ေနလဲ သိသြား၍MinYoongi သည္
လူအင္အားတခ်ိဳ႕ေခၚကာ သံတုတ္တစ္ေခ်ာင္း
ကိုင္လၽွက္ကားေပၚတက္သြားခဲ့သည္။
.....
"ေဂ်မင္းအိမ္ျပန္ေစာင့္တာပိုအိုေကမယ္ေနာ္
ညဥ့္လည္းနက္ေနၿပီ....သူတေနရာရာမွာ
အိပ္မယ္နဲ႔တူတယ္.."
ေမာင္ သည္ လူခြဲရွာရွာ လူစုရွာရွာ
ဘာအစအနမွမရတာေၾကာင့္
ညသန္းေခါင္ေက်ာ္တဲ့အထိ လမ္းေပၚမွာပဲ
ရွိေနဆဲ....။
လမ္းသရဲေတြလိုတစ္ဖြဲ႕လုံးႀကံရာမရျဖစ္ေနစဥ္
ကားတစ္စီး၏မီးေရာင္သည္မ်က္ႏွာတည့္တည့္
ေတြကိုျဖာက်လာေတာ့သည္။
ေမာင္သည္ ကားေနာက္ဖုံးထိုင္ေနရင္းမွ
မီးေရာင္ကိုလက္ျဖင့္ကြယ္လိုက္သည္။
ဘာေကာင္လဲ.......။
ကားေပၚမွဆင္းလာသူသည္ ဆံပင္ေတြကို
ဆြဲဖြရင္း ျဖဴစြတ္ေနေသာလူတစ္ေယာက္။
MinYoongi......။
စူးရဲေနေသာမ်က္လုံးေတြျဖင့္မိုက္တိမိုက္ကန္း
ကားေပၚမွာသူဆင္းလာေတာ့ေနာက္လိုက္ေတြက
ပါဆင္းလာသည္။လက္ထဲမွာသံတုတ္ကိုယ္စီျဖင့္။
ေဂ် နည္းနည္းေတာ့အံ့အားသင့္သြားကာ
ပီေက တစ္ခုကိုပါးစပ္ထဲပစ္ထည့္လိုက္သည္။
လက္နက္ေတြကိုင္ကာလာတာမို႔ေဂ်တို႔အဖြဲ႕က
လည္းခ်က္ခ်င္းလူညီကာ စုစု႐ုံး႐ုံးျဖစ္သြား
ၾကသည္။
ကားေနာက္ဖုံးေပၚပီေကဝါးေနေသာေဂ်ရွိရာသို႔
စိုက္ၾကည့္ကာေလၽွာက္လာသူMinYoongi
သည္လမ္းမီးေရာင္ေအာက္ ျပင္းျပင္ရွရွ..။
"ဘာေတြျဖစ္လာတာလဲ ဗ်...
အင္နဲ႔အားနဲ႔ လက္နက္ေတြနဲ႔ပါလား....."
"KimTaeHyung ဘယ္မွာလဲ....."
ေမးခြန္းသည္ ခပ္ေၾကာင္ေၾကာင္....။
TaeHyung ဘယ္မွာလဲ သူဘယ္လိုလုပ္သိမလဲ။
ကိုယ့္ေယာက်္ားေတာင္ေပ်ာက္ေနတဲ့ဟာ...။
"ဘယ္သိမွာလဲ....."
"မင္းနဲ႔ဒီေလာက္မခြဲနိုင္မခြါရက္တြဲေနၾကတာ
မသိဘူးဆိုတာ ရီစရာေကာင္းတယ္....."
ကိုယ့္စိတ္ညစ္နဲ႔ကိုယ္လမ္းေပ်ာက္ေနရတဲ့ၾကားထဲ
MinYoongi က ဘာေတြဘာေၾကာင္ေနလဲမသိ။
ျပသနာသည္ တခုတက္ၿပီဆို မၿပီးေနာက္မွာ
အေပါင္းအပါနဲ႔လိုက္လာတတ္တာပဲ...။
"မခြဲနိုင္မခြါရက္တြဲေနတာမွန္ေပမယ့္
ေပ်ာက္လို႔လာရွာရေလာက္တဲ့အထိေတာ့
က်ေတာ္တို႔ မပတ္သတ္ဘူး
ဒီတိုင္း ဒီတိုင္းေလး အီစီကလီ......"
"အီစီကလီရေအာင္ မင္းမွာေယာက္်ားနဲ႔
အိမ္ေထာင္နဲ႔မလား..လူ႔အသိမရွိတာလား.."
ဘလိုင္းႀကီးပါလား...။ဘာမွမဆိုင္႐ုတ္တရက္
ေရာက္လာၿပီးရန္လာစေနတာ..။
ဒီကလည္းသိပ္ၾကည္လင္ေနတာမဟုတ္ျမင္ျမင္ရာ
ထိုးခ်င္ေနတာ ကြက္တိေတြေတာ့ျဖစ္ကုန္ေတာ့မွာပဲ။
"ခင္ဗ်ား...ဘလိုင္းႀကီးပါလား MinYoongi..
ဘာျဖစ္ခ်င္တာလဲ...."
"KimTaeHyung ဘယ္မွာလဲလို႔ငါေမးေနတာ
မသိခ်င္ေယာင္ေဆာင္မေနနဲ႔..
ငါအကုန္ရွာၿပီးၿပီ...မင္းဆီကလြဲရင္မရွိနိုင္ေတာ့ဘူး.."
"အတူတူ ရွိေနမွေတာ့ ဒီလိုေနေနမလား
ေပ်ာ္စရာေလးေတြဖန္တီးေနမွာေပါ့
TaeHyung ကခ်စ္စရာေလးပဲဟာ..."
ေဒါသကိုယ္စီထြက္ေနတဲ့အခါဘာက္ိုမွသိပ္
မစဥ္းစားနိုင္ခဲ့...MinYoongi သည္မခန့္ေလးစား
ပီေကဝါးေနကာေပေစာင္းေစာင္း ေဂ့်ကို
ကားေပၚမွဆြဲခ်ေတာ့သည္။
"ဘာလုပ္တာလဲ!!!!"
ေဂ် သည္ ခ်က္ခ်င္းတြန္းလႊတ္ကာMinYoongi
၏အက်ီစကိုျပန္ဆြဲယူေတာ့သည္။
"ကိုယ့္လူကိုနိုင္ေအာင္ထိန္းမွေပါ့ MinYoongi
အီစီကလီဆိုရင္ေတာင္ ခင္ဗ်ားရည္းစား
ဘက္က ကၽြန္ေတာ့္ကို ပိုအီေနတာ
လူတကာသိတယ္...အိမ္ေထာင္ရွိလည္း
ေယာက်္ားရွိလည္း JeonJungkook တို႔က
ကိုယ့္လူကိုယ္ပိုင္တယ္...က်ေတာ္လည္း
အရမ္းၾကည္လင္မေနလို႔ ခင္ဗ်ားလစ္လိုက္ေတာ့..."
"မင္းကိုငါရိုက္ခ်င္ေနတာၾကာပီ
ေတာ္ေတာ္ၿငိဳးထားတာလည္းၾကာၿပီ
ဒီေန႔ေတာ့အျပတ္ရွင္းရမယ္ ထယ္ကမင္းနဲ႔ပတ္သတ္ၿပီး
မွ ပ်က္ဆီးတာ အမူအက်င့္တခုႏွစ္ခုမကဘူး
ေအး...ငါမနိုင္ဘူး အနိုင္လည္းမယူရက္ဘူး
မင္းကိုေတာ့ ငါလုပ္ရဲတယ္...."
"ရိုက္ခ်င္လို႔ ဟုတ္လား....ဟားးးးးး
ဟာသပဲ....ရဲရဲတင္းတင္းရွိလိုက္တာဗ်ာ....
ခင္ဗ်ား ခုလိုခ်ိန္ပြဲလာရွာတာ...
အေတာ္ကို အခ်ိန္အခါသင့္တယ္MinYoongi
KimTaeHyung ကပလစ္တာလည္းမေျပာနဲ႔
လုပ္တာေတြက ႐ုပ္ရွင္Dramaေတြဆန္ေနတာႀကီး
ဟုတ္နိုင္တယ္ ကၽြန္ေတာ္ TaeHyung ေနရာဆို
လည္း ခင္ဗ်ား ကိုမႀကိဳက္ဘူး...."
လည္ထြက္သြားေသာမ်က္ႏွာသည္
ကားေနာက္ဖုံးေပၚေမွာက္က်သြားတဲ့အထိ။
ေဂ့် ကိုထိသြားတဲ့အခါ Romက အရင္ဝင္
လာလၽွက္MinYoongi ကိုေျပးထိုးေတာ့သည္။
ေဂ်လည္း ျပန္ထလာကာ ဘာမွမဟုတ္ဘဲ
စိတ္အခံေတြက အထိမခံျဖစ္ေနၾကေသာ
ေသြးဆူမွုေတြနဲ႔ ႀကီးမားလွေသာရန္ပြဲကို
လမ္းမႀကီးတြင္ ညသန္းေခါင္ေက်ာ္ဆင္ႏြဲၾကေတာ့သည္။
လူႀကီးကလည္း အရင္ထဲက Jungkook
အေပၚမေက်နပ္ခ်က္ေတြတႏုံ႔ႏုံ႔ရွိခဲ့တာမို႔
ထိုးခ်ငိႀကိတ္ခ်င္တာၾကာခဲ့ၿပီ။
ဘလိုင္းႀကီး လူအသိမရွိဘူးလားလို႔
အေမးခံရေသာေမာင္ကလည္း ေဒါပြေနေသာ
စိတ္အခံျဖင့္ နပန္းဖက္လုံးရတဲ့အထိမျဖစ္သင့္
ေသာ္လည္း စိတ္ေတြကို ဖြင့္ထုတ္ပစ္ခဲ့ၾကေတာ့သည္။
ရန္ျဖစ္ျခင္းမွာကၽြမ္းက်င္သူေတြပီပီ....
ဝုန္းဒိုင္းခ်ၾကရင္းဆိုးလ္ၿမိဳ႕ျပင္၏
လမ္းမတစ္ေနရာတြင္ပြဲႀကီးပြဲေကာင္းတစ္ခု
ျဖစ္ေနၾကသည္။
ညသည္လသာသာ...ၾကယ္ေတြလည္းစုံလၽွက္
ေတာ္ေတာ္ေလးလွတယ္ဟုသတ္မွတ္၍
ရသည္။ တုတ္တျပတ္ဓားတျပတ္လူတစ္စု
ကိုဖယ္ၾကည့္လိုက္ရင္ေပါ့.....။
တစ္ဖက္မွာ ေရကုန္ေရခမ္း တိုက္ပြဲျဖစ္ေနတဲ့
အခ်ိန္....တဖက္ေကာင္းကင္မွာက်
ၿငိမ့္ၿငိမ့္ေလး....။
..........
"ငါသူ႔ကို ထပ္မစြန့္လႊတ္နိုင္ဘူးHoseok....
သူ႔ကိုေစာင့္ၿပီးရွာေဖြခဲ့ရတာႏွစ္ေတြမနည္းဘူး..."
အိပ္ယာေပၚမွာႏွစ္ၿခိဳက္စြာအိပ္ေနေသာ
သခင့္ရဲ့လက္ဖဝါးေလးကိုဖြဖြေလးကိုင္ရင္း
ထယ္က တိုးတိုးေလးဆိုသည္။
"မင္း...ဘယ္သူ႔မ်က္ႏွာကိုမွမၾကည့္ဘူး
ဆိုရင္ေတာင္ကြာ....MinYoongi ရဲ့
မ်က္ႏွာကို မင္းၾကည့္သင့္တယ္ ထယ္ေလး.."
"ငါမၾကည့္ခ်င္ဘူး....."
"မင္းသူ႔ကိုခ်စ္တာကိုငါအျပစ္လုံးဝမေျပာဘူး
ဒါေပမယ့္ထယ္...ငါတို႔ဘဝ ေျဖာင့္ျဖဴး
အဆင္ေျပဖို႔ ေနာက္ဆုံးထြက္သက္အထိ
ငါတို႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရပ္တည္သြားနိုင္ဖို႔ကေလ
ငါတို႔ကိုအစအဆုံးသိတဲ့သူ ငါတို႔ေကာင္းျခင္းေတြ
ငါတို႔ဆိုးျခင္းေတြ အားသာခ်က္ေတြ
အားနည္းခ်က္ေတြ အေမွာင္အျခမ္းေတြေရာ
အလင္းအျခမ္းေတြကိုပါ ေသခ်ာနားလည္ၿပီး
ငါတို႔လိုအပ္ခ်က္ေတြကို ႁခြင္းခ်က္မရွိနားလည္
ေပးတဲ့သူကိုေရြးခ်ယ္ရမယ္...."
"ဘဝမွာ ခ်စ္ေန႐ုံနဲ႔စြဲလန္းေန႐ုံနဲ႔
မၿပီးသြားဘူး....မင္းသူ႔ကိုဘယ္ေလာက္အထိ
ျမတ္နိုးသလဲ ငါနားလည္ေပမယ့္ မင္းသူ႔ကို
ေသခ်ာၾကည့္ၿပီးစဥ္းစားပါ
မင္းအိမ္ေထာင္ဘက္ မင္းနဲ႔ဘဝအဆုံးအထိ
လိုက္ေလၽွာက္ေပးနိုင္မယ့္သူလား....
သူ႔မွာ လူသိရွင္ၾကား အိမ္ေထာင္ေရးတစ္ခုရွိတယ္
သူ႔မွာ သူ႔မိသားစုရွိတယ္ ထယ္..."
"ၿပီးေတာ့ MinYoongi ကမင္းတနာရီေလး
ေပ်ာက္ရင္ေတာင္႐ူးမလိုျဖစ္ေနတာ
မင္းတေနကုန္ ေျခရာေဖ်ာက္ေနေတာ့
ငိုမ်ားေတာင္ေနမလားမသိဘူး....
ေတြးစမ္းပါ ထယ္..ရာ..."
ထယ္ ရင္ထဲနစ္ခနဲ...။လူႀကီးေသခ်ာေပါက္
အ႐ူးႀကီးလိုျဖစ္ေနေလာက္ၿပီ...။
မသိတာမဟုတ္ သိေနေပမယ့္ သခင့္ကို
ၾကည့္မိျပန္ေတာ့လည္း လက္ေတြကိုဆြဲကိုင္ထား
ခ်င္ေသးသည္။
"မင္းအစြဲေတြမ်ားေနတာ..ခ်စ္တာထက္
ေမတၱာထားေနတာထက္ မင္းကေက်ာ္လြန္ၿပီး
အစြဲဘက္ကိုေရာက္ေနၿပီ.."
"စြဲမွာပဲ.....ငါ့ႏွလုံးေသြးေတြေပးခဲ့ရတာ
ငါအမ်ားႀကီးေပးဆပ္ခဲ့တာ
ငါ ရကို ရမွ ျဖစ္မွာ.....Hoseok...."
"TaeHyung...!!ငါတို႔ကိုယ္ငါတို႔ခ်စ္ရမယ္
မင္းသူ႔ကို ပိုင္ရလို႔ မင္းေပ်ာ္ရမယ္ထင္လား
ငါမင္းကို ဒုကၡေတြထပ္မေရာက္ေစခ်င္ဘူး
မင္းအရမ္းပင္ပန္းခဲ့ၿပီးၿပီေလကြာ...."
"နားညီးတယ္....ငါအိပ္ေတာ့မယ္မင္းသြားလိုက္
ေတာ့Hoseok....."
အိပ္ယာေပၚတက္ကာတကယ္အိပ္ေတာ့မလို
ျပင္ဆင္ေနေသာTaeHyung သည္
ထမထြက္သြားလို႔မျဖစ္ေတာ့....။
"ထယ္ေလး....ကိုယ္ကလိုအပ္ၿပီး
ကိုယ့္ကိုအမွန္တကယ္ လိုအပ္ေနတဲ့လူမ်ိဴး
ကိုယ္ကခ်စ္ၿပီး ကိုယ့္ကိုကိုယ္နဲ႔ထပ္တူ
ျပန္ခ်စ္နိုင္မယ့္လူမ်ိဳးကိုပဲ ေရြးခ်ယ္ပါ....
ငါဘာေတြလုပ္ခဲ့လို႔ ငါဘယ္ေလာက္အထိ
ေပးဆပ္ခဲ့လို႔ ငါဘာေတြျပန္ရရမယ္ဆိုတဲ့
အတၱက အခ်စ္မဟုတ္ဘူး....
ေမတၱာတရားမဟုတ္ဘူး...မင္းသိပ္ပူလိမ့္မယ္"
"ငါတို႔ဘဝေတြမွာ မခ်စ္တဲ့သူကေလ
မခ်စ္ကိုမခ်စ္ဘူး...ငါတို႔လုပ္ယူလို႔မရဘူး
MinYoongi ကို သနားပါ အားနာေပးပါ
မင္း MinYoongi ကိုသိပ္ခ်စ္တာငါသိပါတယ္..."
"မင္း ရမ္းသမ္းေျပာမေနနဲ႔.....Hoseok.."
"ငါရမ္းသမ္းေျပာေနတာမဟုတ္ဘူး....ငါသြားၿပီ.."
Hoseok ထြက္သြားသည္ႏွင့္တိတ္ဆိတ္သြား
ေသာအခန္းထဲ သူနဲ႔သခင္ႏွစ္ေယာက္ထဲ။
TaeHyung သည္ အိပ္ေနေသာခႏၶာကိုယ္ေလးအား
ရင္ခြင္ထဲဆြဲထည့္ကာ မ်က္ႏွာလွလွေလးကို
စိုက္ၾကည့္ၿပီး ပထမဆုံးနမ္းခဲ့တာႏွဖူးေလး...။
ၿပီးေတာ့ မ်က္လုံးေလးေတြ....။ၿပီးတဲ့အခါႏွာေခါင္း
ထိပ္ကေလး....။ပါးႏွစ္ဖက္ကိုတဖက္စီနစ္ဝင္ေနေအာင္
နမ္းေတာ့လွုပ္လွုပ္ရြရြျဖစ္သြားတာမို႔ျပန္ေခ်ာ့သိပ္ရေသး
သည္။ ႏွုတ္ခမ္းေတြကိုစိုက္ၾကည့္ေနရင္း
Hoseok ေျပာခဲ့ေသာစကားေတြကနားထဲမွာ...။
အို ေမ့ တယ္...။ေမ့ပစ္မယ္...။
ႏူတ္ခမ္းဖူးဖူးေလးကို ဖိကပ္နမ္းလိုက္တယ္...။
အျပာေရာင္ဆံပင္ေလးေတြပန္းေရာင္ေျပာင္းတဲ့အထိ
စိတ္လွုပ္ရွားမွူသည္ေျပာ၍မျပတတ္...။
ရင္ဘက္ေတြကိုစမ္းလာတဲ့လက္ကေလးေတြ...
အတင္းတိုးဝင္လာကာ လက္ေမာင္းတဖက္
ကိုလိုက္စမ္းေနသည္။
ထယ္ေယာင္းမ်က္ႏွာေလးပ်က္သြားသည္။
လူႀကီးလက္ေမာင္းေတြကိုေခါင္းအုံးရမွ
ရင္ဘက္ေတြနားကပ္အိပ္ရမွ တခုခုကိုဖက္ထားရမွ
သခင္ကေရာ ဘယ္သူ႔ရင္ခြင္
ဘယ္သူ႔လက္ေမာင္းေတြကိုရွာေနတာလဲ....။
ပုံေသနည္းအိပ္စက္ပုံေတြအေၾကာင္း
သူမသိတာမွမဟုတ္တာ....။
လက္ေမာင္းေပၚေခါင္းအုံး၍ရသြားေတာ့
ရင္ဘက္ကအက်ီေတြကိုဆြဲဆုပ္လာသည္။
ၾကည့္မိတဲ့အခါ ပါးတစ္ဖက္ေပၚစီးလာေသာ
မ်က္ရည္စီးေၾကာင္းေလးတစ္ခု....။
အိမ္မက္ေတြမက္ေနမွန္းသိသာေသာ
အမဲ့လွိုင္းကေလးေတြ...ေၾကမြေနေအာင္
အက်ီေတြကိုဆုပ္ကိုင္ကာလက္သီးေတြတင္းတင္း
ဆုပ္ထားပုံအရ မနက္ကကိစၥေတြစိတ္စြဲေနၿပီထင္ပါသည္။
ဒီမ်က္ရည္ေတြဟာ JeonJungkook
လုပ္တာမဟုတ္ သူရည္ရြယ္ခ်က္ရွိရွိဖန္တီးခဲ့တဲ့
မ်က္ရည္ေတြ....။သူ႔ေၾကာင့္က်တဲ့မ်က္ရည္ေတြ
အိပ္စက္အနားယူခ်ိန္ေတာင္ စိတ္အနားမရေအာင္
သူဖန္တီးမိခဲ့တဲ့ ဉာဏ္မ်ားမွုေတြ....။
အသိစိတ္ရွိတဲ့အခ်ိန္မ်က္ႏွာတစ္ခ်က္
ေတာင္အပ်က္မခံခဲ့တဲ့သခင္ဟာ
အသိစိတ္ေလးမဲ့တဲ့အခါ ဘယ္ေလာက္နာက်င္လဲ
မသိ...ရွိုက္သံတိုးတိုးေလးသည္
မပိုင္ဆိုင္ခဲ့ရျခင္းေတြထက္ပင္ရင္ကိုပိုနာေစသည္။
ပိုဆိုးတာက သူလုပ္ခဲ့တာ....။
စားပြဲေပၚခ်ထားေသာစက္အပီးပိတ္ထားသည့္
ဖုန္းကိုလည္းလွမ္းၾကည့္ၿပီး ခုခ်ိန္
ဘာျဖစ္ေနၿပီလဲမသိေသာ လူႀကီးမ်က္ႏွာကလည္း
အေတြးေတြထဲဝင္လာျပန္သည္။
TaeHyung သည္ေခါင္းေတြခါလၽွက္
ရင္ခြင္ထဲက သခင့္ကိုသာေခ်ာ့ျမဴရင္း
မရရေအာင္အိပ္ဖို႔စဥ္းစားလိုက္သည္။
ကပ္ပခ်ီနို ေလးအတြက္သိပ္ခက္ခဲလွေသာအခ်ိန္ပင္။
...................
ထိုေန႔ညတညလုံးေနာက္တစ္ရက္မိုးလင္းၿပီး
သည္အထိ Jimin မနိုးလာခဲ့..။
စိတ္ပင္ပန္းေသာအရွိန္အရက္အရွိန္ေတြေၾကာင့္
အိပ္ခ်လိုက္တာ ညေနေစာင္းမွလွုပ္လွုပ္ရြရြ
ျဖစ္လာေတာ့သည္။
မရင္းႏွီးေသာအနံ႔အသက္နဲ႔အခန္းေၾကာင့္
မ်က္လုံးေတြမနည္းဖြင့္ၾကည့္လိုက္ေတာ့
တစ္ခန္းလုံး႐ုပ္ဆိုးဆိုးအ႐ုပ္ေတြ...။
ဘယ္ေနရာေတြေရာက္လို႔ေရာက္မွန္းမသိ...။
မေန႔က Hotelမွာ ျပသနာတက္ၿပီးသြားေသာက္
တာပဲမွတ္မိသည္။ဘာေတြျဖစ္လို႔ျဖစ္မွန္း
မသိ...။စိတ္နဲ႔ကိုယ္ကပ္လာခ်ိန္တြင္အိပ္ယာ
ေပၚခ်က္ခ်င္းထထိုင္လိုက္ရသည္။
ျပတင္းေပါက္အျပင္ကိုလွမ္းၾကည့္ေတာ့
ေနဝင္ရီတေရာ....။ငါဘယ္ေလာက္ေတြေတာင္
အိပ္ေပ်ာ္ၿပီး ငါဘာေတြျဖစ္ကုန္ၿပီလဲ....။
ေနရာႀကီးသည္ေၾကာက္စရာလည္းေကာင္း
တာေၾကာင့္ Jimin စိတ္ကိုၿငိမ္ၿငိမ္ထားလိုက္သည္။
Barမွာလြတ္ၿပီးမဟုတ္တဲ့ေနရာေတြမ်ား
ေရာက္ေနၿပီလား....။
ဖုန္း....ဖုန္း......ဘယ္မွာလဲ.....၊။
ကံေကာင္းတယ္ဆိုရမည္စားပြဲေပၚမွာ
ေတြ႕လိုက္ရေသာဖုန္းႏွစ္လုံး...။
တလုံးကသူ႔ဟာေနာက္တစ္လုံးကေတာ့
ဘယ္သူ႔ဟာမွန္းမသိ..။ျမန္ျမန္ဆန္ဆန္ေကာက္ယူ
ကာ ဖြင့္ေတာ့ စက္ပိတ္ထားသည္။
စဥ္းစားမေနေတာ့ ဖြင့္လိုက္တဲ့အခါ
MissCallေပါင္းရာခ်ီ....။အိမ္ေတာ္ထိန္းႀကီး
ေနာက္တလုံးကေတာ့ဘယ္သူမွန္းမသိ
အခါႏွစ္ရာေလာက္ေခၚထားသည္။
ေဖေဖလည္းေခၚထားကာ Dateကိုၾကည့္လိုက္တဲ့အခါ
ေတာ္ပါေသးသည္ တစ္ညနဲ႔တေန႔ေလာက္ပဲ
က်ိဳးသြားခဲ့တာ....။
Msg ထဲဝင္လိုက္တဲ့အခါ.....
Jimin မ်က္ေမွာင္ေတြက်ဳံ႕သြားခဲ့သည္။
...မင္းဘယ္မွာလဲ....ငါ့ကိုေျပာ.....
...ေအး ဖုန္းပိတ္ထား ျပန္ဖြင့္လို႔ကေတာ့ငါနဲ႔
မင္းေတြ႕ၿပီမွတ္....
...အဲ့မိန္းမ နဲ႔ ေမာင္ ဘာမွမျဖစ္ဘူး.....
ေမာင့္ကိုယုံ....
...ငါဒီေလာက္ေျပာေနတာေတာင္ဖုန္းကိုမဖြင့္ဘူး...
...မင္း တခုခုျဖစ္ေနတာလား ....
....မင္း နိုင္ငံျခားထြက္သြားတာလား....
....ေမာင္ ခုထိ လမ္းေဘးမွာ.အဆက္အသြယ္
လုပ္စမ္း ဘာျဖစ္ေနတာလဲကြာ....
....မင္း အိမ္ျပန္လာၾကည့္ ႏုံ႔ႏုံ႔စင္းပစ္မယ္....
တစ္ညလုံးမအိပ္ဘဲပို႔ထားခဲ့ေသာMsgေတြ
မွန္းနာရီေတြကိုၾကည့္ရင္သိပါသည္။
ေနာက္ဆုံးအခ်ိန္သည္ ခုေန႔ခင္းအထိ...။
ဒါJeonJungkook ရဲ့ဖုန္းလား.....။
ပထမဆုံးmsgေတြသည္ေတြ႕မယ္သတ္မယ္
ႏုံ႔ႏုံ႔စင္းမယ္ ဆိုေပမယ့္ ဖုန္းထဲမွာဖတ္မနိုင္
ေအာင္အမ်ားႀကီး...။ဆိုင္သူေလးသည္
ေဒါသေတြထြက္ေနေသာ္ျငားတခုခ်င္း
လိုက္ဖတ္ခဲ့ပါသည္။
သူကလည္း ငါ့Hotelလာၿပီး ေဖာက္ျပန္ေသးတယ္
ငါကပဲအမွားလုပ္ေနတဲ့လူလိုအေၾကာႀကီးနဲ႔
ပို႔ေနတာမ်ား..။
ဖတ္ေနရင္း msgတေစာင္ကိုထပ္ေတြ႕လိုက္သည္။
...ငါJungkookဆရာဝန္ Dr KimSeokJin
ဖုန္းပိတ္ထားလို႔စာပို႔လိုက္တာ
Jimin မင္းေယာက်္ားကိုမင္းနဲ႔ျပသနာတက္တိုင္း
KimNamJoonဆီလာလာၿပီးကိုယ္ထိလက္ေရာက္
လာလာလုပ္တာေတြကို တားေပးပါ...
KimNamJoonကေမတၱာထားေပမယ့္
ငါမထားနိုင္ဘူး....ညကဆိုင္ထဲအထိ
လာေသာင္းက်န္းသြားတယ္...Namjoon
တခုခုျဖစ္လို႔ကေတာ့ ငါသည္းခံမွာမဟုတ္ဘူးေနာ္.....
ေတာက္!!!!!ဒီေကာင္JeonJungkook...။
ဦးေႏွာက္လုံးဝပ်က္သြားၿပီထင္ပါသည္။
Hyung နဲ႔ဘာဆိုင္လို႔ Hyung ကိုထပ္ထိျပန္ၿပီလဲ...။
အသားေတြပင္တုန္ကာ ဖုန္းပါလႊင့္ပစ္ခ်င္ေနတဲ့အခ်ိန္
ေနာက္ ထပ္Msg!
....အကိုေလး...အိမ္ျပန္လာပါ
ညက သခင္ေလးရယ္MinYoongi ဆိုတဲ့
လူနဲ႔ရန္ျဖစ္လာတာ ေတာ္ေတာ္ထိလာတယ္...
MinYoongi.....။သူ႔စီးပြါးဖက္...
အက်ိဳးအျမတ္လူ...။ဘာသြားလုပ္ျပန္တာလဲ...။
KimTaeHyung ကိစၥအျပင္တျခားရွိမွာ
မဟုတ္..။သူဒီလိုေပ်ာက္ေနတာေတာင္
ရန္ျဖစ္ဖို႔အရမ္းအားအားလပ္လပ္ရွိေနေသးသည္။
စီးပြါးေရးမ်က္ႏွာေတြရွိလို႔အရမ္းမၾကမ္းဘဲ
ေခ်ာ့ေပါင္းေနရတဲ့ဟာ JeonJungkook
ကဖ်က္ဆီးလိုက္ျပန္ၿပီ...။
မေန႔ကHotelကေဒါသေတြသည္အသစ္က
ျပန္ျဖစ္ ခုေဒါသေတြနဲ႔ေပါင္းေပါင္စပ္လၽွက္
တခါထဲ ေျမျမဳပ္ပစ္ရန္ ဒီေနရာဘယ္ေနရာ
လဲေတြမစပ္စုေတာ့ ဖုန္းယူကာအခန္းထဲ
ကေျပးထြက္လိုက္သည္။
"နိုးၿပီလား....Jimin....."
JeonJungkook ရဲ့တက္တူးဆရာပါလား။
မဂၤလာေဆာင္တုန္းကသူေသခ်ာမွတိမိေနပါသည္။
"ငါဘယ္လိုလုပ္ဒီကို....."
"Barမွာ ေမွာက္ေနလို႔ က်ေတာ္ေခၚခဲ့တာပါ
ေအးေဆးပါ..စိတ္ထဲမထားနဲ႔
အိမ္ျပန္ပို႔ေပးဖို႔ကလည္းအိမ္မသိလို႔ေလ..."
"မင္းကJeonJungkook အိမ္ကိုမသိဘူးေပါ့.."
"ဟုတ္ မသိဘူး...."
"ထား...ငါခုျပန္ေတာ့မယ္...
ေခၚလာေပးတာ ေက်းဇူးတင္တယ္
ငါခုအရမ္းအေရးႀကီးေနလို႔...."
"ဟုတ္ကဲ့ သြားပါဗ်ာ...."
Jimin သည္ျပဳံးယဲ့ယဲ့နဲ႔တက္တူးဆရာကို
ခပ္တည္တည္ပဲႏူတ္ဆက္ကာအျမန္ေျပးထြက္
သြားခဲ့သည္။
..........
အိမ္ေတာ္ႀကီး၏ဝရံတာတြင္ေမာင္သည္
ဝတ္႐ုံအနက္ႀကီးကိုဝတ္ထားကာ
ပြန္းပဲ့ဒဏ္ရာမ်ားႏွင့္ တညလုံးမအိပ္ရေသး
ေသာမ်က္လုံးေတြသည္နီျမန္းေနသည္။
တစ္ညလုံးအိမ္ျပန္မလာ....ဘယ္မွာအိပ္သလဲ
သူသိပ္ရဲတင္းသည္။မိုးလင္းၿပီး ျပန္မိုးခ်ဳပ္ဆဲဆဲ
အထိလည္းေပၚမလာ....။
ေမာင္ အံေတြႀကိတ္ထားသည္။ဘယ္သူ႔မွလည္း
အနားမကပ္ရဲ...။
Romတို႔က ေတာ့ ဆက္ရွာေပးေနသည္။
ေမာင္က ေတာ့ စိတ္လြတ္သြားၿပီမို႔
လက္သီးကိုသာဆုပ္ထားၿပီး ဝရံတာတြင္ရပ္ေနပုံက
ေၾကာက္စရာအလြန္ေကာင္းေနခဲ့ပါသည္။
ျပန္လာရင္အေသပဲ....။
ကားကလည္းမေရာက္နိုင္ပါ..။ျပသနာမတက္ခ်င္
လို႔နာက်င္ရလြန္းလို႔ စကားေတာင္မေျပာနိုင္
မ်ိဴသိပ္ေရွာင္ဖယ္ထြက္ခဲ့တာကို
ဒီေကာင္က ဟုတ္လွၿပီမွတ္ေနတာ....။
ခုေတာ့ မေန႔က မ်ိဳသိပ္ၿပီးမလုပ္ရသမၽွ
Hyungကိုသြားထိပါးသမၽွ
စီးပြါးေရးကိုတုတ္နဲ႔ကေလာ္ခ်သမၽွ
အကုန္ရွင္းမည္...။
သူေသကိုယ္ေသပဲ...။
ေမာင္သည္ ဝရံတာေပၚကေနၿခံဝန္းတစ္ခုလုံး
ကိုျခဳံၾကည့္ကာတႏုံ႔ႏုံ႔ျဖစ္ေနစဥ္မွာပဲ
ခ်ိဳးဝင္လာေသာTaxiတစ္စီး.....။
ေမာင္လွုပ္လွုပ္ရွားရွားျဖစ္သြားသည္။
စူးစူးရဲရဲအေပၚစီးမွၾကည့္ေနတုန္းမွာပဲ
ကားကရပ္သြားခဲ့သည္။
ParkJiminျဖစ္စမ္း....ParkJiminျဖစ္စမ္း.....။
ကားတံခါးပြင့္လာကာဆင္းလာသူသည္
ဆုေတာင္းေတြတကယ္ျပည့္သြားခဲ့ၿပီ။
ေမာင္ ဝရံတာေဘာင္ကိုလက္သီးျဖင့္
ထိုးေနရင္း ထပ္မံစိုက္ၾကည့္ေနသည္။
ကားတံခါးကိုေဆာင့္ပိတ္ကာသူဝရံတာမွာ
ရွိမွန္းသိ၍ ျပတ္ရွေနေအာင္ေမာ့ၾကည့္ပုံသည္
ေတာ္ေတာ့္လွလွေလး....။
ႏွစ္ရက္ေလာက္ အ႐ူးႀကီးျဖစ္ေအာင္
ဒုကၡေပါင္းစုံေပးခဲ့ေသာ ၾကည့္မရစရာေလး...။
တကိုယ္လုံးအေကာင္းအတိုင္းျပန္ေရာက္လာ၍
စိတ္အနည္းငယ္ေအးေနေသာ္လည္း
မ်က္ႏွာေၾကာသည္ေမာင့္ႏွလုံးသားကိုလာကလိခဲ့သည္။
ဖုန္းပိတ္ ေျခရာေဖ်ာက္ ၾကဳံရာအိပ္ခဲ့တဲ့
အျပစ္ရွိParkJiminမဟုတ္တဲ့အတိုင္း...။
ကားျပန္ထြက္သြားတဲ့အခါစိန္ေခၚသလို
စၾကည့္တဲ့သူက ဆိုင္သူေလး...။
အိမ္ထဲသို႔ဝင္သြားသည္ ေမာင္ကလည္းဝရံတာက
ေနဆင္းလာကာ အိမ္ႀကီး၏ဧည့္ခန္းအလည္
တြင္သူတို႔ဆုံၾကလိမ့္မည္...။
"အကိုေလး...ဘယ္ေတြသြားေနတာလဲ...
တအိမ္လုံးစိတ္ေတြပူေနတာ...."
"ဖယ္စမ္း!!!!!!"
အတြန္းခံလိုက္ရေသာအိမ္ေတာ္ထိန္းႀကီးသည္
လိပ္ျပာပါလြင့္ကာ ခပ္ေဝးေဝးေျပးခဲ့သည္။
ေရာက္လာသူက ေမာင္...။
"ျပန္လာၿပီေပါ့....ဘယ္အရပ္ေတြကိုမ်ား
သြားၿပီး ဘယ္လိုေတြေပ်ာ္ေမြ႕ေနလို႔လဲ...
ငါ့ကိုရွင္းျပစမ္းပါအုန္း...."
ေျဖာင္း..!!!!!!
"ငါ့အရွက္အတြက္....."
ေျဖာင္း...!!!!
"ငါ့သိကၡာတရားအတြက္...."
ေျဖာင္း....!!!!
"ငါ့ကို ေသာက္ပိုေတြေျပာၿပီး
ငါ့ခံစားခ်က္နဲ႔ ငါ့စိတ္ကို ကစားခဲ့တဲ့အတြက္..."
သုံးခ်က္ေလာက္ဆင့္ရိုက္ခံရေသာပါးသည္
ပူျခစ္သြားသည္။ဘယ္ေလာက္ေတာင္ခ်ဴပ္တည္း
ခဲ့သလဲမသိ...
"ေတာ္ပီလား....ရိုက္အုန္း...မင္းရိုက္ခ်င္
သေလာက္ဝေအာင္ရိုက္..."
"ငါ့ကို ကေလကေခ်စကားေတြထပ္မေျပာနဲ႔
Jeon JungKook...ငါလူေတြအမ်ားႀကီးေရွ႕မွာ
ငါ့လက္ေအာက္ကဝန္ထမ္းေတြေရွ႕မွာ
ငါ စိတ္ကူးေတာင္မယဥ္ဖူးတဲ့ေအာက္တန္းက်မွု
မ်ိဳးနဲ႔ အရွက္ကြဲခဲ့ရတယ္...မင္းလိုေကာင္ကို
ကိုယ္ခ်င္းစာပါလို႔ငါမေျပာဘူး...
ငါ့Hotelကို ေနာက္တစ္ေယာက္ေခၚအိပ္ထဲက
မင္းကဘယ္ေလာက္...."
"ေမာင္ မအိပ္ဘူး Jimin .မထိဘူးမထိခဲ့ဘူး
မင္းကို ေမာင္က်ိန္ေျပာလို႔ရတယ္
အရက္ပဲဝိုင္းေသာက္ေနရင္း
ေဆးမိသြားတာပါ...."
"မာယာေတြ...မင္းသိပ္ဉာဏ္မ်ားတယ္
ငါက လည္မလိုလိုနဲ႔ အျမဲခံရတယ္..
ငါမခံေတာ့ဘူး...မင္းကလူယုတ္မာ..."
"ရွင္းျပၿပီးၿပီေလ...မင္းယုံရမယ္ေလ...
ေမာင္ မင္းအေပၚ တစ္ခါေလးမွမာယာမမ်ားခဲ့ဖူးပါဘူး"
"အပိုေတြ!!!!."
"NamJoon Hyung ကိုဘာသြားလုပ္ခဲ့လဲ
ငါနဲ႔စီးပြါးေရးပါတနာပါဆိုမွ မင္းအေကာင္ကိစၥ
နဲ႔ၿငိၿပီး ရန္ျဖစ္လိုက္ေသးတယ္
ေတာ္႐ုံပဲေကာင္းတယ္ ငါမင္းနဲ႔မေပါင္းဘူး
ကြာမွာ...ခုကြာရွင္းမွာ...."
"ေနာက္ထပ္ဘဝတစ္ရာအထိေတာင္
မင္းကိုမကြာေပးဘူး...လုပ္ရဲရင္လုပ္ၾကည့္
ေျပာစမ္း ညက ဘယ္မွာအိပ္ခဲ့တာလဲ
ဘယ္ေတြသြားခဲ့တာလဲ..."
"မသိဘူး မင္းလိုပဲေဆးမိတာ
ဘယ္သူကဘယ္ေခၚသြားမွန္းလည္းမသိဘူး
ငါဘာမွမသိဘူး မသိေတာ့ဘာျဖစ္ခ်င္လဲ!!!!"
"ParkJimin!!!!!"
ေမာင့္လက္ေမာင္းေတြေျမႇာက္တက္လာတဲ့အခါ
ဆိုင္သူေလး၏မ်က္လုံးေတြမွိတ္သြားကာ
ကိုယ္လုံးေလးက်ဳံ႕့သြားခဲ့သည္။
ေမာင္ သက္ျပင္းတခ်က္ခ်ကာ လက္ကိုျပန္႐ုတ္ၿပီး
"ေမာင့္ကိုေျဖ..မင္းဘယ္မွာအိပ္လဲ
ဘာေတြလုပ္ခဲ့လဲ.....Jimin..."
"အေဖ့အိမ္ျပန္ေနမယ္...မင္းနဲ႔ငါၿပီးၿပီ
အိမ္ျပန္ေရာက္တာနဲ႔ကြာရွင္းစာခ်ဳပ္ပို႔လိုက္မယ္..."
"ေအး ငါကလည္း ParkJiminကေန
JEon Jimin လို႔ မ်ိဳးရိုးအၿပီးေျပာင္းတဲ့
စာခ်ဳပ္ျပန္ပို႔ေပးလိုက္မယ္ ကြာရွင္းမယ့္စကား
ထပ္မေျပာနဲ႔ေနာ္...မင္းဘယ္မွာအိပ္သလဲ!!!!"
"ဘယ္မွာ အိပ္အိပ္ေပါ့ မင္းေတာင္ေနရာအစုံ
လိုကိအိပ္ေသးတာပဲ..ဖယ္ စမ္း အိမ္ျပန္မလို႔..."
"Jimin!!!!!!"
ေလွကားေပၚေျပးတက္သြားသူေနာက္
လိုက္ကာခါးကေနေပြ႕ခ်ီၿပီး ဧည့္ခန္းကဆိုဖာ
ခုံေပၚပစ္ခ်ေတာ့ျပန္ထလာကာကန္ေက်ာက္
ရိုက္ႏွက္ေတာ့သည္။
"ေမာင္....နာေနၿပီေနာ္...တရားမလြန္လာနဲ႔....."
တကယ္ရိုက္တာ...မူယာမာယာမ်ားတာမဟုတ္ဘူး
အတည္ကန္တာ နာေအာင္ကိုတကယ္ျဖတ္ရိုက္
တတ္တဲ့သူ။ဘယ္သူမွလာမဆြဲရဲ...။
ေမာင္က ျပန္မရိုက္ေပမယ့္ တက္ဖိကာခ်ဳပ္ထားသည္။
ခ်ဴပ္ထားရင္းက ေန ရရာေနရာနာေအာင္
ထပ္လုပ္နိုင္တဲ့သူ....။
"Jeon JungKook!!!!"
ဒယ္ဒီ့အသံ....။နပန္းလုံးေနရင္းမွလွမ္းၾကည့္
ေတာ့Jiminအေဖပါပါေနသည္။ေမာင္
လွုပ္ရွားမွုေတြရပ္လိုက္သည္။သူ႔အေဖေရွ႕ေတာ့
႐ုပ္မပ်က္ခ်င္ပါ...။
"မင္း ကိစၥေတြငါၾကားပီပီ....
Jimin ကိုသူ႔အေဖကလာေခၚတာ...
အေႏွာက္အယွက္မေပးဘဲ မင္းၿငိမ္ၿငိမ္ေနလိုက္ေတာ့..."
"မလႊတ္နိုင္ဘူး....ကၽြန္ေတာ့္ေယာက်္ား
ကၽြန္ေတာ့္ စီမံမယ္.."
"ဦးေတာင္းပန္ပါတယ္...သားအရမ္းအဆင္မေျပ
ေနတာႀကီးကိုဦးေရွ႕ဆက္တိုးပါလို႔
မေျပာခ်င္ေတာ့ဘူး အဲ့တာေၾကာင့္ျပန္ေခၚသြားပါရေစ"
"ေပးစားတုန္းကဦးပဲေပးစားတာေလ..."
"ဟုတ္ပါတယ္ Jimin ေပ်ာ္ရမယ္ထင္လ္ို႔ပါ...
ခု မေပ်ာ္ရႊင္ေနရတာ မင္းမ်က္ျမင္ပဲေလ
မင္းလုပ္တာေတြလည္း မင္းသိမွာပါ..."
"အေဖ ခဏ ကၽြန္ေတာ္ လိုအပ္တာေတြ
သြားယူၿပီးဆင္းလာခဲ့မယ္...
ခဏေလးပဲ..."
Jimin သည္အလစ္တြင္အတင္း႐ုန္းကန္ထြက္
ကာအေပၚသို႔ေျပးတက္သြားသည္။
" ေနပါအုန္း မယူပါဘူးဆိုတာ
အတင္းအက်ပ္ လိုက္စိ ခဲ့တုန္းကလည္း
ဒီလူေတြပဲ...ေပ်ာ္ေပ်ာ္ မေပ်ာ္ေပ်ာ္ေလ
ထားရေတာ့မွာပဲ မဟုတ္ဘူးလား"
"ဦး မထား နိုင္ေတာ့တာ....JungKook..
ဦး မင္း စရိုက္ေတြကိုေသခ်ာမစုံစမ္းဘဲ
ဆုံးျဖတ္ခဲ့မိတာ..."
ေမာင့္မ်က္လုံးေတြစူးခနဲ..။တင္တင္စီးစီး
အေျပာခံလိုက္ရတဲ့စကား..။
လူေတြမ်ား ခုတမ်ိဳးေတာ္ၾကာတမ်ိဳး..။
ေမာင့္ မာန က စရိုက္ ဆိုတဲ့စကားမွာ
မေခၚသြားပါနဲ႔လို႔ လုံးဝတားေနမွာမဟုတ္။
ဒါဟာေပၚတင္ႏွိပ္ကြပ္ခံရျခင္း...။
JEon Groupရဲ့တစ္ဦးထဲေသာဆက္ခံသူ
အိမ္ေတာ္ႀကီးရဲ့သခင္ေလးကို ေစာ္ေစာ္ကားကား။
"စရိုက္ကေတာ့ ဦး ေဘးက ကၽြန္ေတာ္ဒယ္ဒီ
နဲ႔ခၽြတ္စြပ္တူလို႔ တကယ္ေကာင္းကိုမေကာင္းဘူး
ဝန္ခံပါတယ္....ျပန္ေခၚသြားပါ..ေခၚသြားပါ...
ဒါေပမယ့္...ဦး သား ဘက္က ျပန္ေပါင္းခ်င္တယ္
ဆိုရင္ေတာ့ လႊတ္ေပးရမယ္ေနာ္..."
"မင္းကိုJimin ကေပါင္းမွာမဟုတ္ေတာ့ဘူး
စိတ္ကူးယဥ္မေနနဲ႔...JeonJungkook..."
အထုတ္တစ္ထုတ္ျဖင့္ဆင္းလာေသာဆိုင္သူ
ေလးသည္ ေမာင့္မ်က္ႏွာကိုမၾကည့္ေတာ့။
အေဖျဖစ္သူဆီေျပးသြားသည္။
ေမာင္သည္ ဆိုဖာေပၚတြင္ေျခေထာက္ေတြကို
ခ်ိတ္ထိုင္ရင္း...စိုက္ၾကည့္ေနသည္။
ထို႔ေနာက္အိမ္ကထြက္ေတာ့မည့္ဆိုင္သူေလး
ေနာက္ထလိုက္လာကာ လက္ေမာင္းေတြကို
လွမ္းဆြဲၿပီး နားနားကပ္ကာစကားတိုးတိုးဆိုခဲ့သည္။
"ျပန္ေပါင္းခ်င္ပါတယ္ဆိုၿပီးငိုယို
အိမ္ျပန္လာလို႔မရဘူးေနာ္....ေမာင္လက္မခံဘူး...."
"ငါ့Hotelကပစၥည္းဖိုးေတြသာအေႂကြးဆပ္စမ္းပါ
ေနာင္သံသရာအထိေရစက္ဆုံေနမွာစိုးလို႔
မနက္ျဖန္စရင္းပို႔လိုက္မယ္.."
ကားတံခါးေဆာင့္ပိတ္ကာထြက္သြားသည္။
ရမလား...လြယ္လြယ္ကူကူထြက္သြားလို႔...။
ဒီတစ္ခါျပန္ဆြိတဲ့အခါ....
JeonJiminကေမာင့္ ကို အခ်စ္ဆုံး ဆိုတာပဲ ျဖစ္ေနရမယ္။
မာယာက ခုမွမ်ားရေတာ့မယ္....။
Bạn đang đọc truyện trên: AzTruyen.Top