💔20💔
အဝေးကြီးနေလှမ်းကြည့်မိရုံနဲ့ရင်ထဲနွေးခနဲ...
ပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာ စာအုပ်တအုပ်နဲ့
လောကကြီးကိုမေ့နေတဲ့ Joon..။
ရပ်ထားသောစက်ဘီးလေးရယ်...
Joonရဲ့အရောင်မှိုင်းမှိုင်းအနွေးထည်က
အရိုးရှင်းဆုံးသောဖြစ်တည်မှုတွေဆိုပေမယ့်
အဆန်းပြားဆုံးသောရင်ခုန်သံတွေကိုတွေ့ဆုံတိုင်းမှာ
ဖန်တီးတယ်.....။
ဆေးခန်းကနေပြန်လာတော့စာအုပ်ဆိုင်ကို
ပြေးကြည့်ခဲ့ပေမယ့် ရှိမနေ....။
စာအုပ်ဆိုင်မှာမရှိရင်ဘယ်မှာရှိနေမယ်ဆိုတာ
တန်းသိနိုင်တဲ့အထိ Joonကို Kimအလွတ်ရပါသည်။
တလောကရန်ဖြစ်လာပုံပေါက်တဲ့Joonဟာ
မျက်နှာမှာပြင်းထန်တဲ့အနာတရတစ်ခုနဲ့။
ဘယ်သူလုပ်တာလဲ ဘာကြောင့်ဖြစ်လာသလဲ
ဘာမှမေး၍မရခဲ့။
Joonဟာ ဂရုစိုက်ဖို့မလိုကြောင်းခပ်အေးအေးသာ
ပြောခဲ့တယ်...။
အေးအေးချမ်းချမ်းသဘာဝတရားလေးကို
ဘယ်ကောင်လက်သရမ်းသလဲသိပ်ကိုသိချင်ပါသည်။
သိတဲ့နေ့ကတော့ တွေ့ရာသချိုင်္င်းဓားမဆိုင်းပဲ။
ဘယ်လိုဖြစ်တည်မှုမှာမဆို လူတိုင်းဟာ
ကိုယ်သိပ်တွယ်တာရသောနှောင်ကြိုးလေးအပေါ်
မှာတော့အထိမခံကာကွယ်ပေးချင်ကြတာကြီးမလား။
ထိုအနာကို ဆရာဝန်ပီပီဆေးတွေပို့ရင်း
သိပ်ကုသပေးချင်ခဲ့တာမို့Joonဆိုင်ကို
ချောင်းပေါက်မတတ်ဝင်ထွက်ရင်းဂရုစိုက်
ပေးခဲ့တယ်...။
KimSeokJin ကစိတ်ကျန်းမာရေးအထူးကုပါ....။
ဒါပေမယ့် သဘာဝလေးအတွက်
အထွေထွေရောဂါကုအဖြစ်ဘွဲ့ပြောင်းလဲယူရင်း
ခုလည်းအနာကိုခေါင်းစဉ်တပ်ကာပန်းခြံထဲသို့
လိုက်လာခဲ့သည်။
"Joon....."
"Joon...."
စာကြည့်မျက်မှန်နဲ့Joonဟာအာရုံသိပ်မျောနေ၍
သူခေါ်နေတာကိုမကြားသုံးခွန်းမြောက်တော့
ကြားသွားကာမော့ကြည့်လာသည်။
"ဒေါက်တာ...ပါလား..."
"ငါထိုင်လို့ရမလား..."
"ရပါတယ် လာထိုင်ပါ..ခွင့်တောင်းဖို့မလိုပါဘူးဗျာ..."
Kimသည်နူတ်ခမ်းလေးတွေလှပစွာကွေးညွှတ်
ပြုံးသွားပြီးဘေးနားတွင်ဝင်ထိုင်လိုက်သည်။
"မင်းအနာအခြေအနေ...နာနေသေးလား
သိပ်တော့မပျောက်ချင်သေးဘူးနော်
ငါ..ဆေးလာပို့ပေးတာ..."
"မပို့ပါနဲ့ဆို ကျတော်အရမ်းအားနာလို့ပါ
ပြီးတော့ အနာကလည်းပျောက်နေပါပြီ...."
"နောက်ထပ်မထိခိုက်စေပါနဲ့ကွာ.....
ငါစိုးရိမ်တယ်...."
Namjoon သည် စာကြည့်မျက်မှန်ဖြင့်
ဘောင်ခတ်ထားသည့်မျက်ဝန်းတွေနဲ့
Kimကို နားမလည်သလိုငေးခနဲကြည့်လာသည်။
"မစိုးရိမ်ပါနဲ့ ကျတော့်ကိုကျတော်ဂရုစိုက်နိုင်ပါတယ်..."
ဒေါက်တာ ကမဖတ်ဖြစ်မှန်းသိပ်သာတဲ့
သူ့ဘဝနဲ့မလိုက်ဖက်တဲ့စာအုပ်တွေကို
ကျတော်ကောင်းတယ်ပြောရုံနဲ့အကုန်ဝယ်တယ်...။
ဇာတ်လမ်းအကြောင်းပြန်ဆွေးနွေးရင်ဒေါက်တာ
ဘာတစ်ခုမှမသိ...။ဆိုင်ကိုနေ့တိုင်းလာတယ်....။
ခုလိုရှိမယ့်နေရာတွေကိုလည်းအမြဲလိုက်လာတတ်တယ်။
အရိပ်အယောင်တချို့ပါနေသောစကားအချိုး
အကွေ့တွေကိုလည်း ဒေါက်တာခုနောက်ပိုင်းတွေ
မှာပြောပြောလာတယ်။
အရွယ်ရောက်ပီးယောကျ်ားတစ်ယောက်အနေနဲ့
မရိပ်မိတာမျိုးမဟုတ်ပေမယ့် Namjoon ရင်ထဲ
ကလေးမျက်နှာငယ်ငယ်လေးကရှင်သန်နေတုန်း။
အဆင်ပြေရဲ့လားလို့နေ့တိုင်းစိတ်ပူနေတုန်းမို့
ဒေါက်တာ့မျက်လုံးတောက်တောက်လေးတွေကို
ရဲရဲမကြည့်ခဲ့ဘူး။
ဒေါက်တာက သိပ်ချောတယ်.....။
တချိန်ထဲမှာ ခန့်ညားတယ်
ခန့်ညားနေရင်း...ပြုံးရီလိုက်ရင်
ပတ်ဝန်းကျင်တခုလုံးလရောင်လွှမ်းခြုံသွားသလို
သိပ်လှတယ်.....။
အနားကိုရောက်လာတိုင်း အေးချမ်းတဲ့
ရေမွှေးနံ့သင်းသင်းလေးရတတ်တယ်။
တခါတရံ အလွဲလွဲအချော်ချော်တွေပြောတတ်ပေမယ့်
လွဲသွားတိုင်းဒေါက်တာရှက်သွားပုံက
အပြစ်အကင်းစင်ဆုံးပဲ။
ခံစားနေ သိနေပေမယ့်.....
ဒေါက်တာKimဟာ သိပ်ကိုပြီးပြည့်စုံနေပေမယ့်
Namjoon မျက်နှာသာလွှဲထားခဲ့သည်....။
အချစ်ဦးဆိုတာလေ....ဘယ်အရာနဲ့မှလိုက်နှိုင်းယှဉ်
လို့မရတဲ့ ဘဝရဲ့အလှဆုံး အချစ်Memory လေးတစ်ခု။
ဖြစ်ခဲ့ရတဲ့ အချစ်ဦးလေးကလည်း
နမ်းဖို့လေးတောင်ပဲ့ကြွေသွားမှာစိုးလို့
Namjoon ရဲရဲမထိရဲခဲ့တဲ့ နုနုဖက်ဖက်လေး....။
ချက်ချင်းကြီး မေ့ပြီး နောက်တစ်ယောက်လက်ကို
ဆွဲကိုင်ဖို့ဆိုတာ သိပ်ခက်တာပေါ့....။
တစ်သက်လုံးတစ်ယောက်ထဲနေပီးကလေးကို
ထိုင်ဆွေးနေမယ်လို့တော့ မဆုံးဖြတ်ထားပေမယ့်
ဘယ်နှနှစ်တွေအထိ လွမ်းမိအုန်းမလဲမသိဘူး...။
ခင်ဗျားတို့မသိပါဘူး...။
ကလေးက နှစ်တွေအများကြီးစူးနစ်စွာ
လွမ်းပစ်ရအောင် သိပ်ချစ်ဖို့ကောင်းခဲ့တာ...။
"မင်းဂရုစိုက်နိုင်တာငါသိပါတယ်....
ဒါပေမယ့် ငါဂရုစိုက်ပေးချင်လို့လေ....
အဲ့တာက မရဘူးလား..."
"တမျိုးပဲ မလ်ို့ပါ ဒေါက်တာ..."
"Joon...ငါကစိတ်ကျန်းမာရေးဆရာဝန်ပေမယ့်
ငါ့စိတ်တွေ ငါ့နှလုံးသားတွေ...
ငါ့ရဲ့ အရာရာ တိုင်းက ပုံမှန်ပဲ...
မင်း တမျိုးပဲ လို့ ပြောတိုင်း
ငါလည်းတမျိုးပဲကွာ......"
"ဟို.....အဲ့လိုမဟုတ်ပါဘူး...
ကျတော်လိုကောင်က ဒေါက်တာကို
ဘာလို့ အဲ့လိုထင်ရမှာလဲ...."
Kimဟာ နူတ်ခမ်းလေးတွေတွန့်ရုံပြုံးပြီး
သူ့ရဲ့သဘာဝလေးကို စိုက်ကြည့်လာတယ်။
Joon ဟာ သေချာပြိုင်မကြည့်ခဲ့ဘဲ
စာအုပ်ဆီကိုသာအကြည့်တွေကို
ပြန်ပို့လိုက်တယ်.....။
"ဒီမှာ ဆေး....ဒီနေ့တော့ငါဒီလောက်ပဲ....
ပြန်တော့မယ်...."
"ဒေါက်တာ စိတ်ဆိုးသွားတာလား...
ကျတော် တောင်းပန်...."
ဆက်ခနဲအချွတ်ခံလိုက်ရတဲ့စာကြည့်မျက်မှန်
လေးသည်ဒေါက်တာလက်ထဲပါသွားခဲ့ကာ
ဒေါက်တာ က သူဝတ်ထားတဲ့ အကျီစနဲ့
သေချာသုတ်ပေးပြီးပြန်တပ်ပေးလာသည်။
"တောင်းပန်မနေဘဲ ငါ့ကိုမြင်အောင်သာ
ကြည့်စမ်းပါ....ဘယ်လိုလဲ
ငါ့ကိုသေချာမြင်လာရပြီမလား...."
မျက်မှန်ကဖုန်မှုန့်လေးတွေကိုအကျီစနဲ့
သုတ်ပေးရုံနဲ့ Joonဟာ သူ့ကိုမမြင်နိုင်သေး
ဘူးဆိုတာသိပေမယ့်....Kimသည်
ကြိုးစားကြည့်စေခဲ့ပါသည်။
Namjoon ဘာပြန်ဖြေမလဲမစောင့်မိတော့။
ဆေးဗူးထုတ်လေးလက်ထဲထည့်ပေးခဲ့ကာ
ပြန်ထွက်လာလိုက်သည်။
ဘာတွေများဝေဝါးနေသလဲတော့မသိပါဘူး...။
KimSeokJin ချစ်တာခံရမယ့်ဘဝဟာ
သိပ်ခမ်းနားကြောင်း တနေ့တော့ထိုလူရိုး
ရင်ခွင်ထဲဝင်ပြီး...
ဒါမှမဟုတ်ထိုလူရိုးကိုရင်ခွင်ထဲထည့်ပြီး
အေးအေးဆေးဆေးရှင်းပြရမည်....။
KimSeokJin ကသိပ်အထာကိုင်ဖို့မကောင်းသော
သိပ်ချစ်တတ်တဲ့သူပါ Joon.....။
မင်းဘာတွေများတွေဝေနေသလဲ...သဘာဝလေးရယ်။
.................
"စတွေ့ထဲက သူတို့ရန်အကြီးအကျယ်ဖြစ်ခဲ့တာ
ဂျေက သိပ်ဆိုးတယ်...ပိုက်ဆံကိစ္စကြောင့်
ကယ်တင်ပေးခဲ့ရတာဆိုပီး Jimin ကို
သိပ်နိုင်စားတာ...ယူထားတယ်ဆိုတဲ့
အမည်ခံပဲရှိတာ ဂျေကအိမ်တောင်ပြန်အိပ်တာ
မဟုတ်ဘူး ငါတို့နဲ့ပဲအမြဲပျော်ပါးနေတာ
မင်းအမြင်ပဲလေTaeHyung....
ရှုပ်နေတုန်း လွင့်နေတုန်း
ငါတို့က မင်းနဲ့တောင် ဘာလိုလိုမှတ်နေတာ
ဂျေက ဒါမျိုးတွေမဆန်းဘူးလေ....."
"ဟုတ်လား....."
"အဆင်မပြေဘူးသူတို့ ဒါတောင်ခုရက်ပိုင်း
ဟုတ်နေတာ အရင်ကဆို
Public တွေမှာလည်း ချကြတာပဲ
Jimin က လုံးဝကိုအကြောတင်းတာ
ငါဘယ်လိုစကားမျိုးနဲ့ပြောပြရမှန်းတောင်မသိဘူး
ဂျေနဲ့မင်း ဘာညာ ဘာညာဆိုလည်း
ဆက်မအီနဲ့ ....သူတို့နှစ်ယောက်လုံးက
စိတ်မမှန်ဘူး ..ငါအသိဆုံး...."
"တစ်ယောက်နဲ့တစ်ယောက်မချစ်ကြဘူးလားRom"
"ဂျေ တခါတလေ ငါတို့ဆီလာရင်
မျက်နှာမှာ လက်ဝါးရာတွေ
ရင်ဘက်မှာကုတ်ရာခြစ်ရာတွေ
ဗရပွနဲ့
Jimin ဆိုလည်း အရိုက်ခံရင်တန်းသတိလစ်တာ
မင်းမလို့ ဒီမေးခွန်းမေးထွက်တယ် TaeHyungရယ်..."
"မချစ်ကြဘူးပေါ့...."
"မုန်းတာမှ မတရား....အိမ်ကအတင်းပေးစား
လို့အကျပ်ကိုင်လို့ယူရတာကွာ
ဘယ်မှာလာ အဆင်ပြေမလဲ....."
Taeဟာ မသိမသာခိုးပြုံးလိုက်ပြီး
စားပွဲပေါ်က စတော်ဘယ်ရီတစ်လုံးအား
ပါးစပ်ထဲကိုထည့်လိုက်သည်။
ကံကြမ္မာကိုအပြစ်တင်စောတာ
အားနာစရာတွေတောင်ကောင်းနေပြီ။
ထင်သလောက်လည်းဆိုးနေတာမှမဟုတ်တာပဲ။
သခင့်ကို လုယူဖို့က သခင့်မှာချည်ထားတဲ့
ကြိုးတွေမှမရှိနေတာ....။
ရှုပ်နေတဲ့ ဂျေ့ ကို ပထုတ်လိုက်ရင်
ဇာတ်ကသိမ်းပြီ....။
ဂျေ က ကလေးလေး...။
တလောကလုံးကို ဘယ်လောက်ရိုင်းရိုင်း
သူ့တစ်ယောက်အပေါ်တော့စတွေ့ထဲက
ရိုကျိုးလိမ္မာခဲ့ပြီး TaeHyungဆိုတဲ့ခေါ်သံမှာတောင်
နူးညံ့မှုတွေအပြည့်ရှိခဲ့တာ။
သိပ်ဂရုစိုက်နေဖို့မလိုအပ်...။
ဘယ်နေရာနေရ နေရ ကိုယ်တိုင်ပဲကြားဝင်
တတိယလူလုပ်ပစ်လုပ်ပစ်ရ...။
နောက်ထပ်လူတွေထပ်သုံးပြီး
နှောက်ယှက်ရ နှောက်ယှက်ရ
ကွဲပြဲပြီး တစ်ယောက်ထဲဖြစ်သွားမယ့်
သခင်ကို သူသိမ်းလိုက်ရုံပဲ....။
ပြသနာတွေတက်ဖို့ဆိုဘာနည်းလမ်းတွေပဲ
သုံးရသုံးရ ပျော်ပျော်ကြီးသုံးပစ်အုန်းမှာ....။
မချစ်ကြတဲ့အပြင် သိပ်ကိုမုန်းနေတယ်ဆိုတဲ့
စကားဟာ အလွန်ကိုချိုပါသည်။
တော်သေးတာပေါ့ သိပ်အခက်ကြီးလည်း
မဟုတ်လို့......။
သာသာယာယာ အိမ်ထောင်ရေးတစ်ခုလို
ထင်ပြီး ဉာဏ်များဖို့တောင်စဉ်းစား
ပြီးတဲ့ဟာ သူတို့က အလိုလိုကွဲအက်နေပြီ....။
"ဘာဖြစ်လို့ဒီနေ့မှစိတ်ဝင်တစားတွေ
မေးနေတာလဲ TaeHyung ငါတို့က
မင်းသိထားတယ်ပဲထင်တာ..."
"ငါမသိခဲ့ပါဘူး ဂျေကလည်း
ငါ့ကိုတခါမှမပြောဘူးလေ..."
"သူ့အတွက်အရေးမှမကြီးတာ...
အိမ်ထောင်ရှိတာနဲ့ မရှိတာ ဘာမှမထူးဘူး
ဒီကောင်က တကယ့်ကောင်....
ငါတို့ဒီနေ့ အဲ့ကောင်အိမ်သွားဝိုင်းသောက်
မလို့မင်းလိုက်မလား ....
မင်း ဂျေ့ ရဲ့ စံအိမ်တော်ကြီးကိုတခါမှမရောက်ဖူး
သေးဘူးမလား..."
"မရောက်ဖူးဘူး.."
"လိုက်ခဲ့လေ...အလွင့်နော် TaeHyung
Barတွေ Clubတွေထက် ပိုလန်းတယ်...
စိတ်ကြိုက်ပဲ..."
"ဟုတ်လား......"
"ငါ့တို့ကိုယုံစမ်းပါ....."
ရေငတ်တုန်းရေတွင်းထဲကျပဲ...။
တစ်ခေါက်တွေ့ပြီးထပ်တွေ့ဖို့ကို
ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာ....။
ကံကြမ္မာသည် ထပ်မံသဘောကောင်းလိုက်ပြန်ပါသည်။
Jeonအိမ်တော်အထိတက်သွားပြီး
Jeonသခင်လေးရဲ့ ယောကျ်ားအမည်ခံ
KimTaeHyung ...ရဲ့ပိုင်ဆိုင်ခြင်းလေးကို
ပေါ်တင်သွားခစားရအုန်းမည်...။
မျက်နှာခပ်ပြောင်ပြောင်ပါပဲ...
KimTaeHyung လို ဖြစ်တည်ခြင်းကျတော့
လည်း လက်သွယ်သွယ်လေးတွေနဲ့
ဆိုဖာကိုတတောက်တောက်ခေါက်ပြီးမကောင်းသော
ဉာဏ်နီဉာဏ်နက်လေးတွေစစ်ထုတ်နေတဲ့ပုံကတောင်
Romတို့ကိုငေးငေးမောမောဖြစ်စေပါသည်။
ခဏလေးပါ...ရက်ပိုင်း လပိုင်းပေါ့
ပြီးရင် သူနဲ့အတူတူပဲရှိတော့မှာ....။
တွေးမိရင်တောင် ရင်တွေတုန်တယ်..။
အို သခင်ရယ်.....။
"ငါဖုန်းဆက်လိုက်အုန်းမယ်
ငါတို့လာတော့မယ့်အကြောင်း....
မင်းပါလိုက်မှာ ပါ ပြောလိုက်မယ်
ဂျေ သဘောကျမှာပဲ...."
"ငါ့ဖုန်းနဲ့ဆက်လိုက်မယ်လေ.....
ငါကိုယ်တိုင်ပြောတော့ ပိုကောင်းတာပေါ့...."
"သဘော...သဘော...."
TaeHyung သည် PhoneContactထဲက
J ဆိုသောနာမည်အားရှာကာ
ဖုန်းခေါ်လိုက်သည်။
....
ကျယ်လောင်သောဖုန်းသံကြောင့်Jimin
ဆက်ခနဲဖြစ်သွားကာလန့်နိုးသွားခဲ့သည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခြင်းကို
ဝင်ရောက်လာသောအနှောက်အယှက်ဆိုး
ကြောင့်ဒေါသသည်ထောင်းခနဲ...။
မျက်လုံးတွေမဖွင့်ချင်ဖွင့်လိုက်တော့
ဖုန်းသံနဲ့အတူ ရင်းနှီးနေပြီဖြစ်သော
ဟောက်သံမတိုးမကျယ်....။
သူခေါင်းအုံးမှာသေသေချာချာအိပ်
နေတာမျိုးမဟုတ်ဘဲ ခေါင်းအုံးအိပ်နေသော
နေရာသည် နိုးလာလာချင်း
သေလိုက်စမ်း ParkJimin လို့ကိုယ့်ကိုကိုယ်
ကြိမ်ဆဲမိသည်အထိ...။
လူဆိုးကောင်၏ အိမ်ကရေကန်
အိမ်ကဝရံတာ ဟိုးကျွန်းအထိ
ထုတ်ထုတ်ကြွားလှသော ကြွက်သား
အမြောင်းပေါင်းများစွာရှိတဲ့ဗိုက်ပေါ်မှာ...။
ခေါင်းအုံး ဖက်လုံး စောင် အစုံအစိနဲ့
ကျကျနနအိပ်တတ်သူဟာ
ကြုံရာခေါင်းအုံးပြီး အိပ်ယာကိုကန့်လန့်ဖြတ်ကာ
ခြေပစ်လက်ပစ်အိပ်နေခဲ့တာလား။
ညက တရားလွန်နမ်းပြီး ရေစိုနေတဲ့
အဝတ်တွေလဲဖို့တောင် JeonJungkook က
ခွင့်မပြု ကြီးမားလှတဲ့သူ့Shirtတထည်ချပေးကာ
ဘောင်းဘီခပ်တိုတိုတထည်ကိုမြန်မြန်လဲ
လိုက်ရပြီး လူဆိုးကောင်၏
ဆွဲငင်ရာပါတာ ဘယ်အချိန်မောပီး
ခြေကုန်လက်ပန်းကျသွားသလဲတောင်မသိ။
ကိုယ့်ကိုကိုယ်မေးမေးရိုက်ချင်တာလည်း
အဲ့တာတွေ...ဘယ်လောက်အကြောကြီးကြီး
နူတ်ခမ်းပါးတွေဆွဲချသွားရင်
ParkJimin တို့ လက်ရှိ လက်တွေ့ လာမယ့်အနာဂါတ်
ဘာမှမရှိ...။
တမေ့တမော ပါပါသွားတာဘယ်နှခါလဲ...။
စတွေ့ထဲကပဲ....။
တော်ရုံညံ့ဖျင်းတာမျိုးမှမဟုတ်တာ....။
ဒါပေမယ့်လည်း...နိုးလာတိုင်း
မျက်နှာပြောင်တိုက်စွာပဲ ဘာမှမဖြစ်ခဲ့သလို
ParkJimin က ခပ်တည်တည်...။
နမ်းမိကြတာလား အိပ်မိကြပီလားတွေ
မြေလှန်ပြန်ရှက်သွေးဖြာမနေ...
နမ်းလာပီဆို ပါပါသွားတာ သူမဟုတ်
သူ့သွေးသားနဲ့ သူ့စိတ်ဝိဉာဉ်မတူဘူးကွဲတယ်...။
အဲ့အတွက် ခပ်တင်းတင်းပဲ...။
မသိစိတ်ကသေမတတ်ရှက်မိနေရင်တောင်
အမှန်တရားဟာ JeonJungkook ကလက်ရှိ
သူ့ယောကျ်ား..။
အတူတူအိပ်တာ အတူတူနမ်းမိတာတွေဟာ
မဆန်း..။
ဆန်းနေလည်း မဆန်းဘူးပဲထားကာ
အသက်ရှုမှန်နေသောခေါင်းအုံးအိပ်ရာ
ဗိုက်ပေါ်မှထလိုက်သည်။
ကြယ်သီးနှစ်လုံးသားတပ်ထားသော
Shirtအကြီးကြီးသည်Jiminလှုပ်ရှား
လိုက်သည်နှင့်ပုခုံးပေါ်လျှောဆင်းလာသည်။
ရင်ဘက်တခုလုံးကအနီရောင်အကွက်တွေသည်
ပုခုံးနားတွေအထိ...။
အိပ်မောကျနေသောလူကိုကျော်ကာ
မနက်စောစော အလိုက်ကန်းဆိုးနားမလည်
ခေါ်နေသောJeon JungKook၏
ဖုန်းကို ရိုက်ခွဲဖို့ ယူလိုက်သည်။
ဘဝမှာအိပ်ရေးမဝတာလောက်မုန်းတာမျိုးမရှိ။
Romဟု ထင်ခဲ့ပေမယ့် Jimin ယူကြည့်လိုက်တဲ့အခါ
မနက်မိုးလင်းလင်းချင်းတွန့်ချ်ုးသွားသော
မျက်ခုံးတန်းတွေသည် Ph Screen
ပေါ်မှာပေါ်နေသော TaeHyung ဆိုသော
နာမည်ကြောင့်....။
အလိုလို မကျေနပ်နေသောမကြည်လင်နေသော
စိတ်သည်ထပ်အရှို့ခံလိုက်ရသလိုပဲ...။
ပါတီကJeonJungkook ၏နူးနူးညံ့ညံ့အကြည့်တွေ
အပြုံးတွေ ကိုချက်ချင်းပြန်မြင်ယောင်လာသည်။
JeonJungkook ကို လည်းလှလှကလေးပြန်ကြည့်ကာ
စကားပြောဟန်တွေကိုလည်းပြန်မြင်လာတော့
Jimin မျက်နှာတင်းခနဲ.....။
အိမ်ရှေ့စံရဲ့ဝိဥာဉ်ဟာ အတိတ်ကတစ်လျှောက်
လုံး Jeonငယ်လေးရဲ့ နူးနူးညံ့ညံ့အကြည့်လေးတွေ
လှလှပပအပြုံးလေးတွေကိုရူးမတတ်လိုချင်
ခဲ့ပေမယ့် Jeonငယ် အလွန်အကြူးပေးပစ်ခဲ့တာ
ယောင်းကိုပဲ......။
မနာလိုလွန်းလို့...အိမ်ရှေ့စံမင်းသားဖြစ်ရက်နဲ့
နန်းဆောင်အလည်အော်ငိုခဲ့ရတဲ့အထိ...။
ထို့ကြောင့်...ထိူလူနှစ်ယောက်
ထိုရေစက်နှစ်ခု ဆုံရင်ကို
မရိုးမသားချစ်နေကြမှာပဲ ဆိုတဲ့ တယူသန်
ပုံသေစိတ်သည် Jimin နှလုံးသားထဲသို့
စတွေ့ထဲကတိုးဝင်ခဲ့သည်။
ဘာဘာညာညာမတွေး....
အတိတ်က ပူလောင်ခြင်းတရား
စွဲလန်းခြင်းတရားတွေကြောင့်
မရိုးသားဘူးပဲဟုJimin စိတ်ဝိဥာဉ်က
တဖက်သတ်မြင်ခဲ့သည်။
တခြားလူဆိုမကိုင်ဘဲဖုန်းကိုလွှတ်ပစ်ဖို့
စဉ်းစားခဲ့ပေမယ့် TaeHyung ဆိုတဲ့နာမည်နောက်မှာ
ပန်းပွင့်လေးကထည့်ထားသည်။
နာကျင်စရာကိုပြောရမယ်ဆိုရင်လေ
JeonJungkook ဖုန်းထဲမှာParkJimin
ဖုန်းနံပါတ်မရှိဘူး......။
သံသရာသည်လည်ပြန်ပြီဆိုပေမယ့်
SeokJin ပြောသလို Jimin က Jimin....။
အိမ်မက်ထဲက အစွဲမကုန်သေးတဲ့
အိမ်ရှေ့စံနဲ့သိပ်ရောထွေးလို့မှမဖြစ်တာ..။
Jimin သည် ဖုန်းကိုကိုင်လိုက်သည်။
"Hello ဂျေ.....ကိုယ် TaeHyung....
မင်းအိပ်ယာနိုးပီလား...."
"မနိုးသေးဘူး...."
ထယ်ယောင်းခါးတွေမတ်ခနဲ...။
မျက်လုံးတွေဝိုင်းခနဲ.....။
ဖုန်းကိုင်ထားသောလက်တွေပင်တုန်တက်
သွားအောင်အေးစက်တောင့်တင်းစွာ
ထွက်ကျလာသောလေသံသည်
လုံးဝမမျှော်လင့်ထားတဲ့သူမလား...။
"ခု...ခုပြောနေတာ....က...."
"ငါ သူ့ ယောကျ်ား ParkJimin...."
အဖြေမှာ ကြေကွဲနေလို့မဖြစ်...။
ဖုန်းလေးပြောရခြင်းကို ရုပ်ပျက်နေလို့မဖြစ်
အတူတူမအိပ်ဘူးလို့ပြောတဲ့Romကို
ထယ်ယောင်းမကျေမနပ်လှမ်းကြည့်တော့
Romက ဘာလဲဟုမေးနေသည်။
TaeHyung သည်ပျက်တော့မည့်မျက်နှာနဲ့
လေသံကို ချက်ချင်းထိန်းလိုက်ကာ
"ကျတော် ဂျေ နဲ့ပြောချင်တာ...
အိပ်တုန်းဆိုလည်း ထားလိုက်ပါ Jimin..."
"နိုးပေးမှာပေါ့ ဒီလောက်စောစောစီးစီး
အရေးတကြီးပြောစရာတွေရှိနေတာခဏနော်..."
ဘုန်းးးးး!!!!!
အ!!!!!
ရင်ဘက်တည့်တည့်ကိုအားပြင်းစွာ
အရိုက်ချခံလိုက်ရတာကြောင့်Jeonသည်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှလန့်ဖျန့်ပြီး
ချက်ချင်းနာသွားစေသောတရားခံကို
လက်သီးနဲ့ထရွယ်လာတော့သည်။
လုံးဝအိပ်မောကျနေတဲ့အချိန်လှုပ်နိူးရင်တောင်
လန့်တာ သေအောင်ရိုက်တာမျိုးက
ခွင့်လွှတ်စရာမရှိ။
ထိုးမယ်ဟုရွယ်ချလိုက်ပြီးမှ
လက်ဦးတည်သွားရာ
တရားခံသည် ဆံပင်စုတ်ဖွားဖြင့်
ဖရိုဖရဲလေး...။
သူ့ထက်ပိုစူးရှနေသောမျက်လုံးတွေနဲ့
စောင့်ကြိုနေကာ Jeonကအရင်မျက်စောင်းဖြင့်
ကြိုတင်အထိုးခံထားရသည်။
"ဘာလုပ်တာလဲ ခင်ဗျား!!....နာချင်နေတာလား..."
ဘုတ်ခနဲပစ်ပေါက်လာသောဖုန်းသည်
ရင်ဘက်တည့်တည့်သို့...။
"မင်းဖုန်းလာနေလို့ နိုးလိုက်တာ"
"ဒါအိပ်ယာနိုးတာလား......"
"အေး....."
Jeon သည်ဖုန်း Screen ကိုကြည့်လိုက်
တော့ TaeHyungဖြစ်နေတာမို့
ParkJimin ၏တရားလွန်ခြင်းကိုဆုံးမဖို့
ခဏရပ်ကာစကားပြောရန်ဖုန်းကိုင်လိုက်သည်။
ဖုန်းစပြောသည်နှင့်စောင်တွေအကုန်ကန်ထုတ်
ကာထသွားတော့မည့် တနေ့တခြား
အလွန်တရာရိုင်းစိုင်းလာသူကိုအလွှတ်မပေးနိုင်
ဆောင့်ဆွဲကာပြန်ခေါ်လိုက်တော့
အလုံးလိုက်အထွေးလိုက်ပြန်ပါလာသည်။
"လာလေTaeHyung..ဖုန်းဆက်ပြောနေဖို့
မလိုပါဘူး ကျတော်ကTaeHyungကိုဆို
ကြိုဆိုပီးသားပါ..."
လက်တဖက်ကဖုန်းပြောနေပေမယ့်
လက်တဖက်ကလည်းအတင်းရုန်းကန်
ထွက်ပြေးချင်နေသူကိုထိန်းထားရသေးသည်။
လက်တဖက်ထဲနဲ့အင်အားမလုံလောက်တာ
ကြောင့်Jeonသည်ခြေထောက်တွေဖြင့်
ခွဖက်ထားကာချူပ်ထားလိုက်သည်။
"မဝယ်လာနဲ့ ကျတော့်အိမ်မှာအစုံရှိတယ်
လူစုံရင် ဖဲ ပါ ပါမယ်လေ..."
ခွေခွေခေါက်ခေါက်ရင်ခွင်ထဲထည့်
လက်တွေရော ခြေထောက်နှစ်ဖက်နဲ့ပါ
ချူပ်ထားခြင်းခံရသူသည် တွန်းလွှတ်လို့
မနိုင်လာတော့ မြင်ရာကိုကိုက်ချသည်။
လက်မောင်းတဖက်သည်သွားရာအကွင်းလိုက်။
ပိုဖျစ်ညှစ်လိုက်သည်...။
ကျိုးကြေသွားလည်းအေးရော....။
"စောင့်နေမယ်...ညကျပြိုင်ပွဲတွေလည်း
ရှိတယ် TaeHyung ပိုက်ဆံများများယူခဲ့အုန်း
ဖြုန်းကျတာပေါ့..."
နောက်ကတရားလွန်ဖက်ထားချူပ်ထား
ခြင်းခံရသူသည် မျက်နှာချင်းဆိုင်သို့
ခက်ခက်ခဲခဲလှည့်ကာလက်ကလေးတွေက
ထင်တာမမှားဘူးဆို မျက်နှာကိုတခုခု
နာအောင်လုပ်ဖို့တွန်းထိုးထွက်လာသည်။
"ဒါပဲနော်...TaeHyung ကျတော်စောင့်နေမယ်..."
တိုးထွက်လာသောလက်ချောင်းတွေကို
ဖုန်းကိုတနေရာဆီပစ်တင်လိုက်ကာ
ပါးစပ်ထဲထည့်ကိုက်လိုက်တော့
သူ့အလှည့်ကျသိပ်နာတတ်သည့်ParkJimin ။
"နာတယ်!!!!!!"
အရိုးပါကျိုးအောင်အသက်ရှုပါမရအောင်
ဖက်ထားတာထက် ဖျစ်ညှစ်ထားတယ်ဆို
ပိုမှန်သော ကိုယ်လုံးသေးသေးလေးသည်
နာတယ် ဟု အော်လ်ု့ သူအရှိန်ပျက်သွား
ချိန်တွင် လည်ဝယ်စွာရုန်းကန်ထွက်ပြေးတော့သည်။
ရမလား...နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို
ဘလိုင်းကြီးအရိုက်ခံထားရတာ...။
ထွက်ပြေးသောခြေထောက်တွေကို
လှမ်းဆွဲထားကာ မတော်တရော်
Shirt ပွပွကြီးနဲ့ လူကို မျက်နှာချင်းဆိုင်သို့
ပြန်ခေါ်ယူလိုက်သည်။
"ပြောစမ်း!!!!ဘာကိစ္စရိုက်နိုးတာလဲ
တအားတွေသတ္တိတွေရှိနေတယ်ပေါ့ဟုတ်လား
တညလေး လွန်လွန်ကျူးကျူးနမ်းမိကြတာနဲ့
JeonJungkook က အေးဆေးပါဆိုတဲ့
အချိုးလား ParkJimin!!မေးနေတယ်လေ ဖြေ!!!!"
"ရိုက်ချင်လို့ရိုက်တာ မကျေနပ်ရင်ပြန်ရိုက်
ရိုက်!!!!!"
ပါးတဖက်ကိုထိုးပေးလာသူသည်
သူကလည်းလွန်မာသေး...သူကလည်း
ထပ်ရွဲ့ပြလိုက်သေး...။
"ကျပ်ကျပ်သတိထားနော်....
ထပ်ပီး ဒီလိုအပြုအမူမျိုးလုပ်ရင်
ပါးကိုမရိုက်ဘူး......."
ရဲတောက်သွားသောမျက်နှာ...။
ဘယ်နေရာလည်းသူအသိဆုံးမို့
ပက်ခနဲပြန်မပြောနိုင်..မျက်ထောင့်နီကြီးဖြင့်စောင့်
ကြည့်နေသည်။
"အရှက်မရှိတဲ့ကောင်..."
"အေးအေးဆေးဆေးအိပ်နေတာကို
ဘယ်သူစနှောက်ယှက်တာလဲ..
ခင်ဗျားလေ...ခင်ဗျား!!!!"
"အဲ့ဒီ ဖုန်း!!!!.....အဲ့ဖုန်းကြောင့်.......!!!"
တုန်ရီလာသောအသံဖြင့်အိပ်ယာခြေရင်း
ရောက်နေသောဖုန်းကိုလက်ညိုးငေါက်ငေါက်
ထိုးကာအသံကုန်အော်လိုက်သူသည်
စိတ်မထိန်းချူပ်နိုင်နေတဲ့ပုံစံ။
"ဖုန်းလာတာ ဘာဖြစ်လဲ...
ဘာဆန်းကြယ်လို့လဲ!!!"
"ငါ လန့်နိူးသွားတယ်
ငါအိပ်ရေးပျက်တယ်
ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်...
မုန်းလို့!!!! မုန်းလို့...!!!!"
"ဒီဟာလေးကတော့......."
Jeon သည်လက်ဝါးကြီးကြီးဖြင့်
စိတ်လိုက်မာန်ပါရိုက်ဖို့ရွယ်လာတဲ့အခါ
ထုံးစံအတိုင်းနာမှာမကြောက်တာလည်း
မဟုတ်....။မျက်လုံးစုံမှိတ်ကာမသိစိတ်တွေက
သူ့ကိုယ်သူလက်သေးသေးလေးတွေဖြင့်
ကွယ်လာလေတော့ မောင် တစ်ယောက်
ခက်ပြီ။
စိတ်ကိုလျှော့ကာလက်ကိုပြန်ရုတ်ပြီး
အိပ်ယာပေါ်ကဆင်းကာစီးကရက်တလိပ်ထုတ်ယူ
ပြီးအိပ်ယာပေါ်က လူကိုပြန်ကြည့်တော့
ရင်ထဲသိမ့်ခနဲ....။
ရန်ဖြစ်နေလို့သာသတိမထားမိနေတာ....
MD Park က မလုံမခြုံလေးပါလား....။
မတော်နေသောShirtက လျှောကျနေကာ
တိုကပ်နေသောဘောင်းဘီလေးက
ပေါင်တံလှလှလေးတွေခြေသလုံးဖွေးဖွေးလေးနဲ့
ပနံသင့်လှနေသည်။
ရှုပ်ပွနေသောဆံပင်တွေနဲ့ နှစ်ယောက်အိပ်
အိပ်ယာကြီးအလည် မှုန်ကုတ်နေပုံသည်
မောင့် စီးကရက်အရသာကိုပိုရှိစေပါသည်။
စိတ်ကဖောက်ပြန်လာချင်ချင်
ဖောက်ပြန်လာရင် တထောင့်တည
အနမ်းခရီးသည်တွေ ဖြစ်ပီး
ဒီအခန်းထဲကဘယ်နှနာရီမှထွက်မိမလဲ
မသိတာကြောင့် မောင် ဆေးလိပ်ကိုသာဖွာရင်း
မခန့်လေးစား အပြုအမူတွေအတွက်တော့
ပညာနည်းနည်းပေးရအုန်းမည်။
"ထိုင်မနေနဲ့...ခဏနေရင်သူငယ်ချင်းတွေ
အိမ်လာသောက်လိမ့်မယ်
အရက်ဝိုင်းပြင်ပေး..."
"ဘာ....."
"ဘာလဲ...ParkJimin က တအားတော်လ်ု့
အရက်ဝိုင်းပြင်ပေးရမယ့်အဆင့်မဟုတ်ဘူး
ပြောချင်တာလား ဟုတ်တော့ဟုတ်နိုင်လိမ့်
ပေမယ့် JeonJungkook ဆိုရင်တော့
ဘာအဆင့်ဖြစ်ဖြစ် ပြင်ပေးရမှာပဲ....
ဆင်းလာခဲ့နော်...ပေကပ်မနေနဲ့..."
ချစ်ခင်နှစ်သက်လို့လည်းမဟုတ်...
ဘာဆိုဘာမှမဟုတ်ဘဲ ဒီယောကျ်ားက
ထိလိုက်တွေ့လိုက်ရင်ကို မျောပါသွားတတ်တဲ့
ရုပ်ပျက်ဆင်းပျက်ကိုယ့်ကို ဒါမျိုး
အထင်သေးရဲတာ စဉ်းစားကြည့်တော့လည်း
လူဆိုးကောင်လွန်မနေ..။
သူကစျေးတအားပေါလွန်းနေတာပဲ....
နမ်းလိုက်ရင်ကို ထိလိုက်ရင်ကို
ParkJimin တို့ ဝိဥာဉ်လဲသွားပြီ....။
ထို့ကြောင့်ဒါမျိုးစော်ကားရဲတာ
ကိုယ့်အပြစ် ကိုယ့်ကြောင့်...။
ဒါပေမယ့်လည်းရင်ထဲကနာလာသည်။
ပြောထွက်မယ် ပြောရက်မယ် ဆိုတာ
သိပေမယ့် ...ဘာလို့မှန်းမသိ
ခုရက်ပိုင်းတွေခံနိုင်ရည်သိပ်မရှိ။
မပြောစေချင်နေဘူး....။
ခံနိုင်ရည်အားနည်းလာသလို စီးကရက်သောက်
နေသောလူဆိုးကို စူးစူးနစ်နစ်လှမ်းကြည့်
မိတော့ ပြင်းရှစွာပြန်ကြည့်လာသည်။
"MD အကြောတင်းလေးက ဘာလို့မျက်နှာ
ပျက်သွားတာလဲ တင်းထားစမ်းပါ
မျက်နှာငယ်မနေနဲ့ မလိုက်ဖက်ဘူး ခင်ဗျားနဲ့..."
သူက တဆ ဆိုးရင် ကိုယ်ကအဆတရာထပ်ဆိုး
လိုက်ချင်တာမျိုး...
သူက တဆရွဲ့ရင် ကိုယ်ကအဆတရာထပ်ရွဲ့ပြ
လိုက်ချင်တာမျိုး...
ဝမ်းနည်းသွားပေမယ့် Jeon JungKook
စီးကရက်ဖွာပြီး အသဲနာစရာစကားပြောရင်
ဘယ်လိုမုန်းစရာကောင်းမှန်းကိုမသိ....။
နောက်တခါအရက်ဝိုင်းပြင်ပေးဆိုတဲ့
ချိုးနှိမ်မှုမျိုးထပ်မရှိအောင်လုပ်ပြရမည်။
သူတောင် ပြင်ခိုင်းနိုင်သေးတာ
ကိုယ်ကဘာလို့မလုပ်နိုင်ရမှာလဲ...။
နောက်ထပ်ဘယ်တော့မှဒါမျိုးမခိုင်းအောင်
အပြီးဇာတ်သိမ်းရမည်။
"ပြင်ပေးရမှာပေါ့....မင်းအိမ်မှာနေပြီး
မင်းအလုပ်လုပ် မင်းကျွေးတဲ့ထမင်းစားနေတာ
အရက်ဝိုင်းပြင်ပေးရုံမကဘူး
တခြားလည်းကြိုက်ရာနှိမ်ချလို့ရပါသေးတယ်
မင်းအိပ်ယာပေါ် ကဒီလိုပုံစံနဲ့ ငါနိုးလာတော့
ငါက တန်ဖိုးရှိပါတယ်လို့လည်းအော်မနေချင်တော့ပါ
ဘူး ကိုယ်နဲ့တန်ရာ တန်ရာပေါ့...."
"သိပ်ပြီး တန်ဖိုးတွေကို ခေါင်းထဲမထည့်နဲ့
ParkJimin....JeonJungkook က
ခင်ဗျားပေတံတွေကိုဘယ်တော့မှဂရုစိုက်မယ့်
ကောင်မဟုတ်ဘူး
တန်ဖိုးရှိရှိ တန်ဖိုးမဲ့မဲ့...ParkJiminက ParkJiminပဲ
ခင်ဗျားပညာတတ်အသိုင်းအဝိုင်းက
ဒဿနတွေက ကျူပ်လိုပုံသဏ္ဍာန်မမှန်တဲ့
ကောင်အတွက် ဘာမှအသုံးမဝင်ဘူးရှင်းလား..."
"မင်းကမှ တပြားမှမတန်တာ
တန်ဖိုးတွေကိုဘယ်ဂရုစိုက်ချင်ပါ့မလဲ....
အလကားကောင်..."
"အလကားကောင်ကိုညကတော့ကြိုက်တယ်မလား.."
"မင်း........!!!!!!"
"မောင်က တော့ မင်းကို..သိပ်ကြိုက်တာပဲ...."
လွှင့်ပျံလာသောခေါင်းအုံးကိုရှောင်ကာ
မောင်သည် စီးကရက်ကိုနူတ်ခမ်းနား
တေ့ပြီးအခန်းထဲကထွက်ခွါသွားခဲ့သည်။
အားးးးးးး!!!!!
အခန်းထဲကအော်သံသည်ဟိန်းခနဲ...။
သူကဒီအိမ်မှာ ဘယ်နေရာမှာမလို့
ဖုန်းသံကျယ်လို့လန့်နိုးသွားရခြင်းကို
ကြီးကြီးကျယ်ကျယ်တွေထဖြစ်ရသလဲ။
ဘဝင်က ပုံမှန်မြင့်တာမျိုးမှမဟုတ်တာ....။
သခင်လေးက ငါပါ....။
ParkJimin က တကယ့်အဆန်းတကြယ်.....။
.........
"လူစုံပါလား....မင်းတို့ကိုငါမျှော်နေတာကွာ...."
Romသည်စီးကရက်တလိပ်ဖွာကာအပေါ်ပိုင်း
ဗလာဖြင့်ထွက်လာသော ဂျေကို မြင်သည်နှင့်
TaeHyuungနားကပ်ကာစကားတိုးတိုးကပ်ပြောသည်။
"ရင်ဘက်ကိုကြည့် ပြောလို့တောင်မဆုံးသေးဘူး..."
TarHyungသည်မသိမသာခေါင်းညိတ်ပြကာ
ပြုံးယဲ့ယဲ့...။
အိမ်အကူကောင်မလေးတစ်ယောက်က
အကျီတထည်လာပေးတော့Jeonဝတ်လိုက်ကာ
ထုံးစံအတိုင်းပါတီပေးမယ်ဆို
အိမ်အပြင်ကရေကန်ပြာပြာကအကောင်းဆုံးပဲ
မို့ အားလုံးကိုခေါ်ကာထွက်သွားလိုက်သည်။
"မင်းအိမ်က ငါထင်ထားတာထက်
အများကြီးခမ်းနာတာပဲ ဂျေ
မင်းသိပ်ကံကောင်းတာပဲ...."
"ဟုတ်လား.....TaeHyung
ကအိမ်ကြီးကြီးကိုသဘောကျတာလား..."
"ဒီလောက်ကြီးတော့မဟုတ်ပေမယ့်
မြင်တော့လည်းနေချင်သား...."
"လာနေမလား....."
"မနောက်ပါနဲ့....."
ကြည့်လို့မရလိုက်တာ.....ဒီလိုအိမ်တော်
ဒီလိုသာယာတဲ့နေ့မျိုးမှာ
အဖိုးတန်အလှလေးနဲ့အတူတူနိုးထခွင့်ရတဲ့
JeonJungKookဟာ ဘယ်လိုတောင်ကံကောင်းသလဲ။
မျက်နှာလေးက ရှက်ပြုံးလိုလို
ချစ်စရာကောင်းအောင် သက်သက်မဲ့လုပ်ကြံ
ပြုံးနေပေမယ့် ရင်ဘက်ကလက်ဝါးရာ
ကိုတောင် ထယ်ယောင်းလုလို့ရရင်
ဆွဲလုယူလိုက်ချင်နေသည်။
"ParkJimin ကို ငါတို့လူစုံနေပီလို့
သွားပြော...."
"ဟုတ်ကဲ့ သခင်လေး...."
JEonသည်TaeHyungဘေးနားတွင်
ထိုင်နေပြီး အိမ်တော်အကြောင်း
ကားတွေအကြောင်း လောင်းကစားဝိုင်း
တွေအကြောင်းစိတ်ပါလက်ပါသေချာ
ပြောပြနေသည်။
နားမထောင်ချင်..အာရုံသည်တခြားတခုမှာ
အလုံးစုံရောက်နေပေမယ့်
မေးလေးထောက်ကာJeonပြောသမျှကို
အလေးအနက်ထားနားထောင်နေသလို
လုပ်နေရသေးရသေးသည်။
"ဂျေ ရေကူးတတ်လား...."
"အကျွမ်းကျင်ဆုံးပဲ...."
"ကိုယ်နဲ့တူတယ်....."
"ဟုတ်လား....."
KimTaeHyungနဲ့Jeon JungKookသည်
ဘယ်လောက်ပြောပြောဘယ်တော့မှ
မပြောင်းလဲလာ။Romသည်စိတ်ပျက်စွာ
မျက်နှာသာလွှဲထားလိုက်သည်။
"နောက်ထွက်မယ့် ကိုယ့်ဆောင်းရာသီဒီဇိုင်းတွေ
အတွက် ဂျေ Modelလုပ်ပေးရင်ကောင်းမှာ
စတွေ့တုန်းကကိုယ်ပြောတော့ သူငယ်ချင်းက
အထိုးခံရမယ်ပြောလို့ မင်းကိုမပြောရဲခဲ့တာ....
မင်းပုံစံက လုံးဝ Perfectပဲ....."
"Modelတော့မလုပ်ပါရစေနဲ့...
ကျတော်အဲ့အပိုင်းကတော့ စိတ်မဝင်စားဆုံးပဲ
တကယ်လုပ်ရမှာ TaeHyungပါ
ဒီလောက်ကြီး ဆွဲဆောင်မှုရှိ....."
အရှိန်အဟုန်နဲ့ ဟိုလိုဒီလိုစကားတွေပြောနေတုန်း
မျက်လုံးထဲကိုဝင်လာသောပုံရိပ်ကြောင့်
မောင့်စကားတွေချက်ချင်းရပ်သွားသည်။
အိမ်ထဲကနေ အရက်ပုလင်းကိုင်ကာ
လျှောက်လာတဲ့ParkJimin...။
အိပ်ယာထဲကအဝတ်အစားကိုကြယ်သီး
နှစ်လုံးလောက်ပဲပိုတပ်ထားပြီး
ကျန်တာဒီအတိုင်း။ခြေထောက်မှာဖိနပ်မပါ
ခြေဖဝါးနဲ့ခြေချောင်းရဲရဲလေးတွေကအကာအကွယ်
လုံးဝမရှိ...။ဝဲခါနေသောဆံပင်တွေနဲ့
တလှမ်းချင်းလှမ်းလျှောက်လာပုံသည်
မောင့် ကို ဒုတိယအကြိမ်လိပ်ပြာလွင့်စေခဲ့ပြန်သည်။
စူပုတ်ခက်ထန်နေတဲ့မျက်နှာမျိုးမဟုတ်။
ပြုံးယဲ့ယဲ့လေးနဲ့ ကြောင်လေးတစ်ကောင်လို
ပေါ့ပါးစွာရေကန်ပြာပြာဘေးဖြတ်သန်းလာပုံသည်
ကြောက်စရာသိပ်ကောင်းလွန်းပါသည်။
ရွဲ့မလို့...အဆုံးအထိရွဲ့ဖို့ကို သေချာပြင်ဆင်
လာခဲ့ပေမယ့် JeonJungkook ဘေးမှာ
နေရာတကျကြိုရောက်နေသောKimTaeHyung
ကြောင့်ခြေလှမ်းတွေတောင်မှားချင်သွားသည်။
မျက်နှာကိုပြိုကျမသွားအောင်မနည်းပင်
ထိန်းထားလိုက်ရသည်။
လှလိုက်တာလေး......။ပါတီမှာတွေ့တုန်းက
CEOတစ်ယောက်လိုထည်ဝါမှုမျိုးနဲ့
ခုကျတော့ချက်ချင်း ချိုချဉ်လေးလို
ချိုချိုအီအီပြည့်စုံနေတာများ
ထယ်ယောင်းသည် ဆွံ့အလျှက်.....။
ယောကျ်ားတစ်ယောက်လုံးလျှောက်လာတာ
မြင်တာတောင်ဘေးကမခွါဘဲ
ကိုယ့်ကိုစိန်ခေါ်သလိုစိုက်ကြည့်နေသော
KimTaeHyung သည် ဆန်းသစ်သော
အဝတ်အစားဒီဇိုင်းတွေနဲ့ တောက်ပလွန်းနေသည်။
ဘေးက လူဆိုးနဲ့လည်း
အင်မတန်မှကိုလိုက်ဖက်နေလှပါသည်။
ထယ်ယောင်းကမျောသွားလို့ငေးခဲ့သော်လည်း
သခင်ကတော့ သူ့ကိုစိန်ခေါ်နေတယ်ဟုသာ
တထစ်ချတွေးနေခဲ့တာ...။
ကြုံဖူးတယ်မလား...ကိုယ်ကြည့်မရတဲ့သူဆို
သူပြုံးနေနေ ရီနေနေ မဲ့နေနေ ဘာမှမလုပ်နေရင်
တောင် အပြစ်တွေမြင်ချင်နေတာမျိုး...။
Jimin မျက်လုံးတွေထဲ ရေကန်ပြာပြာဘေးမှာ
သာယာနေတာကိုသာမြင်နေသည်။
တစ်အုပ်စုလုံး TaeHyung အပါအဝင်
ဝိုင်းငေးကြည့်နေကြသည်....။
အားမနာကြ....တစ်စက်ကလေးမှအားနာမနေကြ
သူ့အပိုင်တကိုယ်လုံးကို ပေါက်ထွက်သွားတော့
မလိုအကုန်ဝိုင်းကြည့်နေခြင်းကြောင့်
မောင်ရဲ့ တုန်လှုပ်ခြောက်ခြားမှုသည်ပြောမပြတတ်
လောက်အောင်....။
ချက်ချင်းဘာလုပ်ရမလဲဆိုတာကို
မောင်အနည်းငယ်မှတောင်မစဉ်းစားနိုင်....။
ခြေဖဝါးနဲ့ကျောက်ပြားပြာပြာလေးတွေ
လှစ်ဟာသွားတိုင်း ခြေသလုံးလေးတွေ
ပေါင်တံသွယ်သွယ်လေးတွေလူတွေနဲ့
တဖြည်းဖြည်းနဲ့နီးလာတိုင်းမောင်အသက်ရှု
ကျပ်လာသည်။
"Jungkook ကကြိုပြောထားလို့...
ကိုယ်သိသလောက်တော့ ပြင်ဆင်လာတာပဲ
တခုခု လိုအပ်ရင် အားနာပါတယ်...
အရက်ဝိုင်းက တခါမှမပြင်ပေးဖူးတော့လေ
အဆင်တော့ပြေတယ်မလား...."
အပြောခံရသူကRom..။Romသည်ပြုံးနေသော
Jiminကိုပြူးကြည့်ရုံအပြင်စကားပြန်မပြောရဲ။
ကြောင်အနေသည်။
အသံ....အသံ ..။အဲ့ဒီအသံ
ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ
ဘယ်လိုထွက်လာတဲ့ အသားတွေပင်
တဆက်ဆက်တုန်လာတဲ့ParkJimin ရဲ့အသံ
ParkJimin ဟန်ဟာ သိပ်ခြောက်ခြားစရာပဲ...။
မောင်သည်...တင်းကျပ်နေပြီ...။
"TaeHyung ပါရောက်နေတာပဲ....
ညက သေချာစကားမပြောလိုက်ရဘူး
MinYoongi က ကိုယ့်ယောကျ်ားနဲ့
စိတ်မချလို့နဲ့တူတယ် အတင်းပြန်ခေါ်သွားတာ
ကိုယ်ကတော့စိတ်ချတယ်နော်
စိတ်အေးလက်အေးနေ..."
လုံးဝဖော်ရွှေစွာပြုံးပြလာပြီးဖန်ခွက်ထဲ
ကိုဝီစကီတချို့ထည့်ကာTaeHyung လက်ထဲ
ကိုထည့်ပေးတော့ TaeHyung ဖန်ခွက်ပင်
မနိုင်ခဲ့...။လွတ်ကျသွားသော
ဝီစကီတွေသည်ဘေးကJeon
ရဲ့ပေါင်ပေါ်သို့ဖိတ်စင်သွားခဲ့သည်။
"ဟာ...Sorry ဂျေ ...Sorry!!!!"
TaeHyungသည်JEon ပေါင်တွေအပေါ်
တစ်သျှူးတခုအမြန်ယူလိုက်ကာ
သုတ်ပေးလာတော့ Jeonသည်ရတယ်ဟု
ဆိုကာခါချနေစဉ်လက်နှစ်ခုသည်
JeonJungKookပေါင်ပေါ်တွင်ရှုပ်ယှက်ခတ်နေသည်။
သူတို့ရုပ်ရှင်ရိုက်နေကြတာလား...။
ရဲရဲတင်းတင်းပဲ Jeon JungKookရဲ့
ပေါင်တွေကိုမကြောက်မလန့်စည်းကျော်နေတာ
ပိုင်သလို နိုင်သလို အချိုးမျိုး...။
MinYoongi က ဒီလိုပဲလွှတ်ထားတော့မှာလား။
ဒီနေရာ ဒီလိုအချိန်ပဲ Jeon JungKook
ဟာမိန်းမသုံးယောက်လောက်နဲ့
သာယာပျော်ရွှင်နေတာကိုပြတင်းပေါက်က
လှမ်းကြည့်ခဲ့ဖူးသည်။
ပေါင်မကဘူး ဘယ်နေရာထိထိ
စိတ်ပျက်တာကလွဲ ParkJiminမှာဘာမှမရှိခဲ့။
KimTaeHyung နဲ့ကျ
မြင်ကွင်းတွေသည်ပထမဆုံးမဟုတ်တော့
သလို...ထပ်ခါထပ်ခါခံစားနာကျင်ပြီးသလို
စူးစူးနစ်နစ်နာလာသည်။
"သောက်ဖို့ပြင်ပေးမယ်နော်...
ဒီနေ့Company လည်းမသွားရတော့
တနေကုန် ကိုယ်အချိန်ပေးမယ်
တခါမှ မင်းတို့အဖွဲ့နဲ့မသောက်ဖူးသေးဘူးလေ
ဟုတ်တယ်မလား....."
အားလုံးကိုခြုံကြည့်ကာ ပြောတဲ့သူ၏
အရှိန်အဝါသည် အားလုံးကဟုတ်ပါတယ်လို့
မဖြေရဲခဲ့ဘူး....။
သူဟာအရက်သောက်ဖို့အရက်စပ်ပေးဖို့
လုံးဝမတန်သောဖြစ်တည်မှုမှန်း
ပါးစပ်ကထုတ်ပြောဖို့မလို အားလုံး၏
မျက်လုံးတွေကသက်သေပင်...။
"ရတယ် Jimin...ကျတော်တို့ကိုယ့်ဟာ
ကိုယ်ပြင်ပါ့မယ်..."
"မဟုတ်တာ JungKookက
ကိုယ့်ကိုသေချာခိုင်းထားတာ
သေသေချာချာပြင်ပေးရမှာပေါ့....."
Jimin သည်Romရဲ့ အရက်ခွက်ကို
ယူကာအရက်တချို့ထည့်လိုက်ပြီး
ရေခဲတွေရေတွေစပ်ထည့်ကာ
ပြုံးပြုံးရွှင်ရွှင်ပင်ချပေးသည်။
"သောက်လေ Rom...Clubမှာ
ရန်ဖြစ်ခဲ့တာ ဒါလေးနဲ့လျှော်လိုက်တော့နော်...."
"TaeHyungလည်းသောက်လေ....
ကိုယ်စပ်ပေးတာအဆင်မပြေရင်
ဘေးက လူကိုစပ်ခိုင်းလိုက်နော်..
မင်းအကြိုက်သူသိမှာပေါ့..."
လွဲလိုက်တာများသခင်ရယ်.....။
လွဲနေလိုက်တာများ.....။
သခင်မနာလိုနေတာများ..သဝန်တွေတိုနေတာများ
Romပြောတော့ မုန်းကြပါတယ်ဆို
စိုက်ကြည့်ခံရတာ ကံကောင်းလို့ပြာမကျတယ်။
သောက်တလွဲဘဝ .....။
"Jungkook ကရော ဘာတွေဖြစ်နေတာလဲ
မကြည်မလင်နဲ့ Hyung ကိုပြောပါအုန်း..
ဘာလဲ အရက်နောက်ဆုံးမှ စပ်ပေးလို့
စိတ်ကောက်နေတာလား...."
JeonJungkookမျက်နှာတခုလုံးသည်
ပေါက်ထွက်တော့မလိုအင်အားမျိုးတွေဖြင့်
အခိုးအငွေ့တွေတောက်လောင်နေသည်။
မောင်မီးတောင်ထဲပြုတ်ကျသွားပြီ။
"အိမ်ထဲပြန်ဝင်......."
"ဘာလို့လဲ....."
"ဝင် ...."
"မင်းပဲ ခိုင်းပြီး...."
ထိုင်နေရာမှထကာJungkook
ဆွဲဆောင့်ခေါ်ယူသွားတဲ့နေရာသည်
ရင်ဘက်ကအကျီစကိုပင်ဖြစ်သည်။
အ!!!
"ဂျေ!!!!!"
TaeHyungသည်မြင်ကွင်းကရုပ်ဆိုးလွန်း
တာမို့ထိန်းထားပေမယ့်ပွင့်ဟထွက်ကျလာသည်။
သခင်နာသွားပြီလေ..။
လူကိုသနားစရာလိုကြည့်နေသော
KimTaeHyung ကြောင့်
Jimin သည်ကိုယ့်ပုံစံလည်းကိုယ်ဒေါသ
ထွက်ရင်း နောက်ဆုံးအနေနဲ့
JeonJungkook တရွတ်တိုက်ဆွဲသွားသည့်
ကြားကနေ KimTaeHyung ကိုစူးစူးရဲရဲ
ကြည့်လျှက်အိမ်ထဲသို့ပါသွားခဲ့တော့သည်။
ဒီလူရှေ့မှဒီလိုဖြစ်ရခြင်း....။
မောင်သဝန်တိုရင် ကြောက်စရာကောင်းတယ်...
ဒါမှန်ပါတယ်....ဒါပေမယ့်သိလာရတော့မယ်
နောက်တစ်ချက်ကမောင့်ဆိုင်သူ သဝန်တိုရင်
အဆတစ်ရာတစ်ထောင်မကပိုဆိုးဝါးတယ်
ဆိုတာပဲ......... ။
.......................။
အေဝးႀကီးေနလွမ္းၾကည့္မိ႐ုံနဲ႔ရင္ထဲေႏြးခနဲ...
ပန္းၿခံရဲ့ခုံတန္းေလးတစ္ခုမွာ စာအုပ္တအုပ္နဲ႔
ေလာကႀကီးကိုေမ့ေနတဲ့ Joon..။
ရပ္ထားေသာစက္ဘီးေလးရယ္...
Joonရဲ့အေရာင္မွိုင္းမွိုင္းအေႏြးထည္က
အရိုးရွင္းဆုံးေသာျဖစ္တည္မွုေတြဆိုေပမယ့္
အဆန္းျပားဆုံးေသာရင္ခုန္သံေတြကိုေတြ႕ဆုံတိုင္းမွာ
ဖန္တီးတယ္.....။
ေဆးခန္းကေနျပန္လာေတာ့စာအုပ္ဆိုင္ကို
ေျပးၾကည့္ခဲ့ေပမယ့္ ရွိမေန....။
စာအုပ္ဆိုင္မွာမရွိရင္ဘယ္မွာရွိေနမယ္ဆိုတာ
တန္းသိနိုင္တဲ့အထိ Joonကို Kimအလြတ္ရပါသည္။
တေလာကရန္ျဖစ္လာပုံေပါက္တဲ့Joonဟာ
မ်က္ႏွာမွာျပင္းထန္တဲ့အနာတရတစ္ခုနဲ႔။
ဘယ္သူလုပ္တာလဲ ဘာေၾကာင့္ျဖစ္လာသလဲ
ဘာမွေမး၍မရခဲ့။
Joonဟာ ဂ႐ုစိုက္ဖို႔မလိုေၾကာင္းခပ္ေအးေအးသာ
ေျပာခဲ့တယ္...။
ေအးေအးခ်မ္းခ်မ္းသဘာဝတရားေလးကို
ဘယ္ေကာင္လက္သရမ္းသလဲသိပ္ကိုသိခ်င္ပါသည္။
သိတဲ့ေန႔ကေတာ့ ေတြ႕ရာသခ်ိဳငၤ္းဓားမဆိုင္းပဲ။
ဘယ္လိုျဖစ္တည္မွုမွာမဆို လူတိုင္းဟာ
ကိုယ္သိပ္တြယ္တာရေသာေႏွာင္ႀကိဳးေလးအေပၚ
မွာေတာ့အထိမခံကာကြယ္ေပးခ်င္ၾကတာႀကီးမလား။
ထိုအနာကို ဆရာဝန္ပီပီေဆးေတြပို႔ရင္း
သိပ္ကုသေပးခ်င္ခဲ့တာမို႔Joonဆိုင္ကို
ေခ်ာင္းေပါက္မတတ္ဝင္ထြက္ရင္းဂ႐ုစိုက္
ေပးခဲ့တယ္...။
KimSeokJin ကစိတ္က်န္းမာေရးအထူးကုပါ....။
ဒါေပမယ့္ သဘာဝေလးအတြက္
အေထြေထြေရာဂါကုအျဖစ္ဘြဲ႕ေျပာင္းလဲယူရင္း
ခုလည္းအနာကိုေခါင္းစဥ္တပ္ကာပန္းၿခံထဲသို႔
လိုက္လာခဲ့သည္။
"Joon....."
"Joon...."
စာၾကည့္မ်က္မွန္နဲ႔Joonဟာအာ႐ုံသိပ္ေမ်ာေန၍
သူေခၚေနတာကိုမၾကားသုံးခြန္းေျမာက္ေတာ့
ၾကားသြားကာေမာ့ၾကည့္လာသည္။
"ေဒါက္တာ...ပါလား..."
"ငါထိုင္လို႔ရမလား..."
"ရပါတယ္ လာထိုင္ပါ..ခြင့္ေတာင္းဖို႔မလိုပါဘူးဗ်ာ..."
Kimသည္ႏူတ္ခမ္းေလးေတြလွပစြာေကြးညႊတ္
ျပဳံးသြားၿပီးေဘးနားတြင္ဝင္ထိုင္လိုက္သည္။
"မင္းအနာအေျခအေန...နာေနေသးလား
သိပ္ေတာ့မေပ်ာက္ခ်င္ေသးဘူးေနာ္
ငါ..ေဆးလာပို႔ေပးတာ..."
"မပို႔ပါနဲ႔ဆို က်ေတာ္အရမ္းအားနာလို႔ပါ
ၿပီးေတာ့ အနာကလည္းေပ်ာက္ေနပါၿပီ...."
"ေနာက္ထပ္မထိခိုက္ေစပါနဲ႔ကြာ.....
ငါစိုးရိမ္တယ္...."
Namjoon သည္ စာၾကည့္မ်က္မွန္ျဖင့္
ေဘာင္ခတ္ထားသည့္မ်က္ဝန္းေတြနဲ႔
Kimကို နားမလည္သလိုေငးခနဲၾကည့္လာသည္။
"မစိုးရိမ္ပါနဲ႔ က်ေတာ့္ကိုက်ေတာ္ဂ႐ုစိုက္နိုင္ပါတယ္..."
ေဒါက္တာ ကမဖတ္ျဖစ္မွန္းသိပ္သာတဲ့
သူ႔ဘဝနဲ႔မလိုက္ဖက္တဲ့စာအုပ္ေတြကို
က်ေတာ္ေကာင္းတယ္ေျပာ႐ုံနဲ႔အကုန္ဝယ္တယ္...။
ဇာတ္လမ္းအေၾကာင္းျပန္ေဆြးေႏြးရင္ေဒါက္တာ
ဘာတစ္ခုမွမသိ...။ဆိုင္ကိုေန႔တိုင္းလာတယ္....။
ခုလိုရွိမယ့္ေနရာေတြကိုလည္းအျမဲလိုက္လာတတ္တယ္။
အရိပ္အေယာင္တခ်ိဳ႕ပါေနေသာစကားအခ်ိဳး
အေကြ႕ေတြကိုလည္း ေဒါက္တာခုေနာက္ပိုင္းေတြ
မွာေျပာေျပာလာတယ္။
အရြယ္ေရာက္ပီးေယာက်္ားတစ္ေယာက္အေနနဲ႔
မရိပ္မိတာမ်ိဳးမဟုတ္ေပမယ့္ Namjoon ရင္ထဲ
ကေလးမ်က္ႏွာငယ္ငယ္ေလးကရွင္သန္ေနတုန္း။
အဆင္ေျပရဲ့လားလို႔ေန႔တိုင္းစိတ္ပူေနတုန္းမို႔
ေဒါက္တာ့မ်က္လုံးေတာက္ေတာက္ေလးေတြကို
ရဲရဲမၾကည့္ခဲ့ဘူး။
ေဒါက္တာက သိပ္ေခ်ာတယ္.....။
တခ်ိန္ထဲမွာ ခန့္ညားတယ္
ခန့္ညားေနရင္း...ျပဳံးရီလိုက္ရင္
ပတ္ဝန္းက်င္တခုလုံးလေရာင္လႊမ္းျခဳံသြားသလို
သိပ္လွတယ္.....။
အနားကိုေရာက္လာတိုင္း ေအးခ်မ္းတဲ့
ေရေမႊးနံ႔သင္းသင္းေလးရတတ္တယ္။
တခါတရံ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြေျပာတတ္ေပမယ့္
လြဲသြားတိုင္းေဒါက္တာရွက္သြားပုံက
အျပစ္အကင္းစင္ဆုံးပဲ။
ခံစားေန သိေနေပမယ့္.....
ေဒါက္တာKimဟာ သိပ္ကိုၿပီးျပည့္စုံေနေပမယ့္
Namjoon မ်က္ႏွာသာလႊဲထားခဲ့သည္....။
အခ်စ္ဦးဆိုတာေလ....ဘယ္အရာနဲ႔မွလိုက္ႏွိုင္းယွဥ္
လို႔မရတဲ့ ဘဝရဲ့အလွဆုံး အခ်စ္Memory ေလးတစ္ခု။
ျဖစ္ခဲ့ရတဲ့ အခ်စ္ဦးေလးကလည္း
နမ္းဖို႔ေလးေတာင္ပဲ့ေႂကြသြားမွာစိုးလို႔
Namjoon ရဲရဲမထိရဲခဲ့တဲ့ ႏုႏုဖက္ဖက္ေလး....။
ခ်က္ခ်င္းႀကီး ေမ့ၿပီး ေနာက္တစ္ေယာက္လက္ကို
ဆြဲကိုင္ဖို႔ဆိုတာ သိပ္ခက္တာေပါ့....။
တစ္သက္လုံးတစ္ေယာက္ထဲေနပီးကေလးကို
ထိုင္ေဆြးေနမယ္လို႔ေတာ့ မဆုံးျဖတ္ထားေပမယ့္
ဘယ္ႏွႏွစ္ေတြအထိ လြမ္းမိအုန္းမလဲမသိဘူး...။
ခင္ဗ်ားတို႔မသိပါဘူး...။
ကေလးက ႏွစ္ေတြအမ်ားႀကီးစူးနစ္စြာ
လြမ္းပစ္ရေအာင္ သိပ္ခ်စ္ဖို႔ေကာင္းခဲ့တာ...။
"မင္းဂ႐ုစိုက္နိုင္တာငါသိပါတယ္....
ဒါေပမယ့္ ငါဂ႐ုစိုက္ေပးခ်င္လို႔ေလ....
အဲ့တာက မရဘူးလား..."
"တမ်ိဳးပဲ မလ္ို႔ပါ ေဒါက္တာ..."
"Joon...ငါကစိတ္က်န္းမာေရးဆရာဝန္ေပမယ့္
ငါ့စိတ္ေတြ ငါ့ႏွလုံးသားေတြ...
ငါ့ရဲ့ အရာရာ တိုင္းက ပုံမွန္ပဲ...
မင္း တမ်ိဳးပဲ လို႔ ေျပာတိုင္း
ငါလည္းတမ်ိဳးပဲကြာ......"
"ဟို.....အဲ့လိုမဟုတ္ပါဘူး...
က်ေတာ္လိုေကာင္က ေဒါက္တာကို
ဘာလို႔ အဲ့လိုထင္ရမွာလဲ...."
Kimဟာ ႏူတ္ခမ္းေလးေတြတြန့္႐ုံျပဳံးၿပီး
သူ႔ရဲ့သဘာဝေလးကို စိုက္ၾကည့္လာတယ္။
Joon ဟာ ေသခ်ာၿပိဳင္မၾကည့္ခဲ့ဘဲ
စာအုပ္ဆီကိုသာအၾကည့္ေတြကို
ျပန္ပို႔လိုက္တယ္.....။
"ဒီမွာ ေဆး....ဒီေန႔ေတာ့ငါဒီေလာက္ပဲ....
ျပန္ေတာ့မယ္...."
"ေဒါက္တာ စိတ္ဆိုးသြားတာလား...
က်ေတာ္ ေတာင္းပန္...."
ဆက္ခနဲအခၽြတ္ခံလိုက္ရတဲ့စာၾကည့္မ်က္မွန္
ေလးသည္ေဒါက္တာလက္ထဲပါသြားခဲ့ကာ
ေဒါက္တာ က သူဝတ္ထားတဲ့ အက်ီစနဲ႔
ေသခ်ာသုတ္ေပးၿပီးျပန္တပ္ေပးလာသည္။
"ေတာင္းပန္မေနဘဲ ငါ့ကိုျမင္ေအာင္သာ
ၾကည့္စမ္းပါ....ဘယ္လိုလဲ
ငါ့ကိုေသခ်ာျမင္လာရၿပီမလား...."
မ်က္မွန္ကဖုန္မွုန့္ေလးေတြကိုအက်ီစနဲ႔
သုတ္ေပး႐ုံနဲ႔ Joonဟာ သူ႔ကိုမျမင္နိုင္ေသး
ဘူးဆိုတာသိေပမယ့္....Kimသည္
ႀကိဳးစားၾကည့္ေစခဲ့ပါသည္။
Namjoon ဘာျပန္ေျဖမလဲမေစာင့္မိေတာ့။
ေဆးဗူးထုတ္ေလးလက္ထဲထည့္ေပးခဲ့ကာ
ျပန္ထြက္လာလိုက္သည္။
ဘာေတြမ်ားေဝဝါးေနသလဲေတာ့မသိပါဘူး...။
KimSeokJin ခ်စ္တာခံရမယ့္ဘဝဟာ
သိပ္ခမ္းနားေၾကာင္း တေန႔ေတာ့ထိုလူရိုး
ရင္ခြင္ထဲဝင္ၿပီး...
ဒါမွမဟုတ္ထိုလူရိုးကိုရင္ခြင္ထဲထည့္ၿပီး
ေအးေအးေဆးေဆးရွင္းျပရမည္....။
KimSeokJin ကသိပ္အထာကိုင္ဖို႔မေကာင္းေသာ
သိပ္ခ်စ္တတ္တဲ့သူပါ Joon.....။
မင္းဘာေတြမ်ားေတြေဝေနသလဲ...သဘာဝေလးရယ္။
.................
"စေတြ႕ထဲက သူတို႔ရန္အႀကီးအက်ယ္ျဖစ္ခဲ့တာ
ေဂ်က သိပ္ဆိုးတယ္...ပိုက္ဆံကိစၥေၾကာင့္
ကယ္တင္ေပးခဲ့ရတာဆိုပီး Jimin ကို
သိပ္နိုင္စားတာ...ယူထားတယ္ဆိုတဲ့
အမည္ခံပဲရွိတာ ေဂ်ကအိမ္ေတာင္ျပန္အိပ္တာ
မဟုတ္ဘူး ငါတို႔နဲ႔ပဲအျမဲေပ်ာ္ပါးေနတာ
မင္းအျမင္ပဲေလTaeHyung....
ရွုပ္ေနတုန္း လြင့္ေနတုန္း
ငါတို႔က မင္းနဲ႔ေတာင္ ဘာလိုလိုမွတ္ေနတာ
ေဂ်က ဒါမ်ိဳးေတြမဆန္းဘူးေလ....."
"ဟုတ္လား....."
"အဆင္မေျပဘူးသူတို႔ ဒါေတာင္ခုရက္ပိုင္း
ဟုတ္ေနတာ အရင္ကဆို
Public ေတြမွာလည္း ခ်ၾကတာပဲ
Jimin က လုံးဝကိုအေၾကာတင္းတာ
ငါဘယ္လိုစကားမ်ိဳးနဲ႔ေျပာျပရမွန္းေတာင္မသိဘူး
ေဂ်နဲ႔မင္း ဘာညာ ဘာညာဆိုလည္း
ဆက္မအီနဲ႔ ....သူတို႔ႏွစ္ေယာက္လုံးက
စိတ္မမွန္ဘူး ..ငါအသိဆုံး...."
"တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္ၾကဘူးလားRom"
"ေဂ် တခါတေလ ငါတို႔ဆီလာရင္
မ်က္ႏွာမွာ လက္ဝါးရာေတြ
ရင္ဘက္မွာကုတ္ရာျခစ္ရာေတြ
ဗရပြနဲ႔
Jimin ဆိုလည္း အရိုက္ခံရင္တန္းသတိလစ္တာ
မင္းမလို႔ ဒီေမးခြန္းေမးထြက္တယ္ TaeHyungရယ္..."
"မခ်စ္ၾကဘူးေပါ့...."
"မုန္းတာမွ မတရား....အိမ္ကအတင္းေပးစား
လို႔အက်ပ္ကိုင္လို႔ယူရတာကြာ
ဘယ္မွာလာ အဆင္ေျပမလဲ....."
Taeဟာ မသိမသာခိုးျပဳံးလိုက္ၿပီး
စားပြဲေပၚက စေတာ္ဘယ္ရီတစ္လုံးအား
ပါးစပ္ထဲကိုထည့္လိုက္သည္။
ကံၾကမၼာကိုအျပစ္တင္ေစာတာ
အားနာစရာေတြေတာင္ေကာင္းေနၿပီ။
ထင္သေလာက္လည္းဆိုးေနတာမွမဟုတ္တာပဲ။
သခင့္ကို လုယူဖို႔က သခင့္မွာခ်ည္ထားတဲ့
ႀကိဳးေတြမွမရွိေနတာ....။
ရွုပ္ေနတဲ့ ေဂ့် ကို ပထုတ္လိုက္ရင္
ဇာတ္ကသိမ္းၿပီ....။
ေဂ် က ကေလးေလး...။
တေလာကလုံးကို ဘယ္ေလာက္ရိုင္းရိုင္း
သူ႔တစ္ေယာက္အေပၚေတာ့စေတြ႕ထဲက
ရိုက်ိဳးလိမၼာခဲ့ၿပီး TaeHyungဆိုတဲ့ေခၚသံမွာေတာင္
ႏူးညံ့မွုေတြအျပည့္ရွိခဲ့တာ။
သိပ္ဂ႐ုစိုက္ေနဖို႔မလိုအပ္...။
ဘယ္ေနရာေနရ ေနရ ကိုယ္တိုင္ပဲၾကားဝင္
တတိယလူလုပ္ပစ္လုပ္ပစ္ရ...။
ေနာက္ထပ္လူေတြထပ္သုံးၿပီး
ေႏွာက္ယွက္ရ ေႏွာက္ယွက္ရ
ကြဲျပဲၿပီး တစ္ေယာက္ထဲျဖစ္သြားမယ့္
သခင္ကို သူသိမ္းလိုက္႐ုံပဲ....။
ျပသနာေတြတက္ဖို႔ဆိုဘာနည္းလမ္းေတြပဲ
သုံးရသုံးရ ေပ်ာ္ေပ်ာ္ႀကီးသုံးပစ္အုန္းမွာ....။
မခ်စ္ၾကတဲ့အျပင္ သိပ္ကိုမုန္းေနတယ္ဆိုတဲ့
စကားဟာ အလြန္ကိုခ်ိဳပါသည္။
ေတာ္ေသးတာေပါ့ သိပ္အခက္ႀကီးလည္း
မဟုတ္လို႔......။
သာသာယာယာ အိမ္ေထာင္ေရးတစ္ခုလို
ထင္ၿပီး ဉာဏ္မ်ားဖို႔ေတာင္စဥ္းစား
ၿပီးတဲ့ဟာ သူတို႔က အလိုလိုကြဲအက္ေနၿပီ....။
"ဘာျဖစ္လို႔ဒီေန႔မွစိတ္ဝင္တစားေတြ
ေမးေနတာလဲ TaeHyung ငါတို႔က
မင္းသိထားတယ္ပဲထင္တာ..."
"ငါမသိခဲ့ပါဘူး ေဂ်ကလည္း
ငါ့ကိုတခါမွမေျပာဘူးေလ..."
"သူ႔အတြက္အေရးမွမႀကီးတာ...
အိမ္ေထာင္ရွိတာနဲ႔ မရွိတာ ဘာမွမထူးဘူး
ဒီေကာင္က တကယ့္ေကာင္....
ငါတို႔ဒီေန႔ အဲ့ေကာင္အိမ္သြားဝိုင္းေသာက္
မလို႔မင္းလိုက္မလား ....
မင္း ေဂ့် ရဲ့ စံအိမ္ေတာ္ႀကီးကိုတခါမွမေရာက္ဖူး
ေသးဘူးမလား..."
"မေရာက္ဖူးဘူး.."
"လိုက္ခဲ့ေလ...အလြင့္ေနာ္ TaeHyung
Barေတြ Clubေတြထက္ ပိုလန္းတယ္...
စိတ္ႀကိဳက္ပဲ..."
"ဟုတ္လား......"
"ငါ့တို႔ကိုယုံစမ္းပါ....."
ေရငတ္တုန္းေရတြင္းထဲက်ပဲ...။
တစ္ေခါက္ေတြ႕ၿပီးထပ္ေတြ႕ဖို႔ကို
ဘယ္လိုလုပ္ရမလဲစဥ္းစားေနတာ....။
ကံၾကမၼာသည္ ထပ္မံသေဘာေကာင္းလိုက္ျပန္ပါသည္။
Jeonအိမ္ေတာ္အထိတက္သြားၿပီး
Jeonသခင္ေလးရဲ့ ေယာက်္ားအမည္ခံ
KimTaeHyung ...ရဲ့ပိုင္ဆိုင္ျခင္းေလးကို
ေပၚတင္သြားခစားရအုန္းမည္...။
မ်က္ႏွာခပ္ေျပာင္ေျပာင္ပါပဲ...
KimTaeHyung လို ျဖစ္တည္ျခင္းက်ေတာ့
လည္း လက္သြယ္သြယ္ေလးေတြနဲ႔
ဆိုဖာကိုတေတာက္ေတာက္ေခါက္ၿပီးမေကာင္းေသာ
ဉာဏ္နီဉာဏ္နက္ေလးေတြစစ္ထုတ္ေနတဲ့ပုံကေတာင္
Romတို႔ကိုေငးေငးေမာေမာျဖစ္ေစပါသည္။
ခဏေလးပါ...ရက္ပိုင္း လပိုင္းေပါ့
ၿပီးရင္ သူနဲ႔အတူတူပဲရွိေတာ့မွာ....။
ေတြးမိရင္ေတာင္ ရင္ေတြတုန္တယ္..။
အို သခင္ရယ္.....။
"ငါဖုန္းဆက္လိုက္အုန္းမယ္
ငါတို႔လာေတာ့မယ့္အေၾကာင္း....
မင္းပါလိုက္မွာ ပါ ေျပာလိုက္မယ္
ေဂ် သေဘာက်မွာပဲ...."
"ငါ့ဖုန္းနဲ႔ဆက္လိုက္မယ္ေလ.....
ငါကိုယ္တိုင္ေျပာေတာ့ ပိုေကာင္းတာေပါ့...."
"သေဘာ...သေဘာ...."
TaeHyung သည္ PhoneContactထဲက
J ဆိုေသာနာမည္အားရွာကာ
ဖုန္းေခၚလိုက္သည္။
....
က်ယ္ေလာင္ေသာဖုန္းသံေၾကာင့္Jimin
ဆက္ခနဲျဖစ္သြားကာလန့္နိုးသြားခဲ့သည္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနျခင္းကို
ဝင္ေရာက္လာေသာအေႏွာက္အယွက္ဆိုး
ေၾကာင့္ေဒါသသည္ေထာင္းခနဲ...။
မ်က္လုံးေတြမဖြင့္ခ်င္ဖြင့္လိုက္ေတာ့
ဖုန္းသံနဲ႔အတူ ရင္းႏွီးေနၿပီျဖစ္ေသာ
ေဟာက္သံမတိုးမက်ယ္....။
သူေခါင္းအုံးမွာေသေသခ်ာခ်ာအိပ္
ေနတာမ်ိဳးမဟုတ္ဘဲ ေခါင္းအုံးအိပ္ေနေသာ
ေနရာသည္ နိုးလာလာခ်င္း
ေသလိုက္စမ္း ParkJimin လို႔ကိုယ့္ကိုကိုယ္
ႀကိမ္ဆဲမိသည္အထိ...။
လူဆိုးေကာင္၏ အိမ္ကေရကန္
အိမ္ကဝရံတာ ဟိုးကၽြန္းအထိ
ထုတ္ထုတ္ႂကြားလွေသာ ႂကြက္သား
အေျမာင္းေပါင္းမ်ားစြာရွိတဲ့ဗိုက္ေပၚမွာ...။
ေခါင္းအုံး ဖက္လုံး ေစာင္ အစုံအစိနဲ႔
က်က်နနအိပ္တတ္သူဟာ
ၾကဳံရာေခါင္းအုံးၿပီး အိပ္ယာကိုကန့္လန့္ျဖတ္ကာ
ေျခပစ္လက္ပစ္အိပ္ေနခဲ့တာလား။
ညက တရားလြန္နမ္းၿပီး ေရစိုေနတဲ့
အဝတ္ေတြလဲဖို႔ေတာင္ JeonJungkook က
ခြင့္မျပဳ ႀကီးမားလွတဲ့သူ႔Shirtတထည္ခ်ေပးကာ
ေဘာင္းဘီခပ္တိုတိုတထည္ကိုျမန္ျမန္လဲ
လိုက္ရၿပီး လူဆိုးေကာင္၏
ဆြဲငင္ရာပါတာ ဘယ္အခ်ိန္ေမာပီး
ေျခကုန္လက္ပန္းက်သြားသလဲေတာင္မသိ။
ကိုယ့္ကိုကိုယ္ေမးေမးရိုက္ခ်င္တာလည္း
အဲ့တာေတြ...ဘယ္ေလာက္အေၾကာႀကီးႀကီး
ႏူတ္ခမ္းပါးေတြဆြဲခ်သြားရင္
ParkJimin တို႔ လက္ရွိ လက္ေတြ႕ လာမယ့္အနာဂါတ္
ဘာမွမရွိ...။
တေမ့တေမာ ပါပါသြားတာဘယ္ႏွခါလဲ...။
စေတြ႕ထဲကပဲ....။
ေတာ္႐ုံညံ့ဖ်င္းတာမ်ိဳးမွမဟုတ္တာ....။
ဒါေပမယ့္လည္း...နိုးလာတိုင္း
မ်က္ႏွာေျပာင္တိုက္စြာပဲ ဘာမွမျဖစ္ခဲ့သလို
ParkJimin က ခပ္တည္တည္...။
နမ္းမိၾကတာလား အိပ္မိၾကပီလားေတြ
ေျမလွန္ျပန္ရွက္ေသြးျဖာမေန...
နမ္းလာပီဆို ပါပါသြားတာ သူမဟုတ္
သူ႔ေသြးသားနဲ႔ သူ႔စိတ္ဝိဉာဥ္မတူဘူးကြဲတယ္...။
အဲ့အတြက္ ခပ္တင္းတင္းပဲ...။
မသိစိတ္ကေသမတတ္ရွက္မိေနရင္ေတာင္
အမွန္တရားဟာ JeonJungkook ကလက္ရွိ
သူ႔ေယာက်္ား..။
အတူတူအိပ္တာ အတူတူနမ္းမိတာေတြဟာ
မဆန္း..။
ဆန္းေနလည္း မဆန္းဘူးပဲထားကာ
အသက္ရွုမွန္ေနေသာေခါင္းအုံးအိပ္ရာ
ဗိုက္ေပၚမွထလိုက္သည္။
ၾကယ္သီးႏွစ္လုံးသားတပ္ထားေသာ
Shirtအႀကီးႀကီးသည္Jiminလွုပ္ရွား
လိုက္သည္ႏွင့္ပုခုံးေပၚေလၽွာဆင္းလာသည္။
ရင္ဘက္တခုလုံးကအနီေရာင္အကြက္ေတြသည္
ပုခုံးနားေတြအထိ...။
အိပ္ေမာက်ေနေသာလူကိုေက်ာ္ကာ
မနက္ေစာေစာ အလိုက္ကန္းဆိုးနားမလည္
ေခၚေနေသာJeon JungKook၏
ဖုန္းကို ရိုက္ခြဲဖို႔ ယူလိုက္သည္။
ဘဝမွာအိပ္ေရးမဝတာေလာက္မုန္းတာမ်ိဳးမရွိ။
Romဟု ထင္ခဲ့ေပမယ့္ Jimin ယူၾကည့္လိုက္တဲ့အခါ
မနက္မိုးလင္းလင္းခ်င္းတြန့္ခ်္ုးသြားေသာ
မ်က္ခုံးတန္းေတြသည္ Ph Screen
ေပၚမွာေပၚေနေသာ TaeHyung ဆိုေသာ
နာမည္ေၾကာင့္....။
အလိုလို မေက်နပ္ေနေသာမၾကည္လင္ေနေသာ
စိတ္သည္ထပ္အရွို႔ခံလိုက္ရသလိုပဲ...။
ပါတီကJeonJungkook ၏ႏူးႏူးညံ့ညံ့အၾကည့္ေတြ
အျပဳံးေတြ ကိုခ်က္ခ်င္းျပန္ျမင္ေယာင္လာသည္။
JeonJungkook ကို လည္းလွလွကေလးျပန္ၾကည့္ကာ
စကားေျပာဟန္ေတြကိုလည္းျပန္ျမင္လာေတာ့
Jimin မ်က္ႏွာတင္းခနဲ.....။
အိမ္ေရွ႕စံရဲ့ဝိဥာဥ္ဟာ အတိတ္ကတစ္ေလၽွာက္
လုံး Jeonငယ္ေလးရဲ့ ႏူးႏူးညံ့ညံ့အၾကည့္ေလးေတြ
လွလွပပအျပဳံးေလးေတြကို႐ူးမတတ္လိုခ်င္
ခဲ့ေပမယ့္ Jeonငယ္ အလြန္အၾကဴးေပးပစ္ခဲ့တာ
ေယာင္းကိုပဲ......။
မနာလိုလြန္းလို႔...အိမ္ေရွ႕စံမင္းသားျဖစ္ရက္နဲ႔
နန္းေဆာင္အလည္ေအာ္ငိုခဲ့ရတဲ့အထိ...။
ထို႔ေၾကာင့္...ထိူလူႏွစ္ေယာက္
ထိုေရစက္ႏွစ္ခု ဆုံရင္ကို
မရိုးမသားခ်စ္ေနၾကမွာပဲ ဆိုတဲ့ တယူသန္
ပုံေသစိတ္သည္ Jimin ႏွလုံးသားထဲသို႔
စေတြ႕ထဲကတိုးဝင္ခဲ့သည္။
ဘာဘာညာညာမေတြး....
အတိတ္က ပူေလာင္ျခင္းတရား
စြဲလန္းျခင္းတရားေတြေၾကာင့္
မရိုးသားဘူးပဲဟုJimin စိတ္ဝိဥာဥ္က
တဖက္သတ္ျမင္ခဲ့သည္။
တျခားလူဆိုမကိုင္ဘဲဖုန္းကိုလႊတ္ပစ္ဖို႔
စဥ္းစားခဲ့ေပမယ့္ TaeHyung ဆိုတဲ့နာမည္ေနာက္မွာ
ပန္းပြင့္ေလးကထည့္ထားသည္။
နာက်င္စရာကိုေျပာရမယ္ဆိုရင္ေလ
JeonJungkook ဖုန္းထဲမွာParkJimin
ဖုန္းနံပါတ္မရွိဘူး......။
သံသရာသည္လည္ျပန္ၿပီဆိုေပမယ့္
SeokJin ေျပာသလို Jimin က Jimin....။
အိမ္မက္ထဲက အစြဲမကုန္ေသးတဲ့
အိမ္ေရွ႕စံနဲ႔သိပ္ေရာေထြးလို႔မွမျဖစ္တာ..။
Jimin သည္ ဖုန္းကိုကိုင္လိုက္သည္။
"Hello ေဂ်.....ကိုယ္ TaeHyung....
မင္းအိပ္ယာနိုးပီလား...."
"မနိုးေသးဘူး...."
ထယ္ေယာင္းခါးေတြမတ္ခနဲ...။
မ်က္လုံးေတြဝိုင္းခနဲ.....။
ဖုန္းကိုင္ထားေသာလက္ေတြပင္တုန္တက္
သြားေအာင္ေအးစက္ေတာင့္တင္းစြာ
ထြက္က်လာေသာေလသံသည္
လုံးဝမေမၽွာ္လင့္ထားတဲ့သူမလား...။
"ခု...ခုေျပာေနတာ....က...."
"ငါ သူ႔ ေယာက်္ား ParkJimin...."
အေျဖမွာ ေၾကကြဲေနလို႔မျဖစ္...။
ဖုန္းေလးေျပာရျခင္းကို ႐ုပ္ပ်က္ေနလို႔မျဖစ္
အတူတူမအိပ္ဘူးလို႔ေျပာတဲ့Romကို
ထယ္ေယာင္းမေက်မနပ္လွမ္းၾကည့္ေတာ့
Romက ဘာလဲဟုေမးေနသည္။
TaeHyung သည္ပ်က္ေတာ့မည့္မ်က္ႏွာနဲ႔
ေလသံကို ခ်က္ခ်င္းထိန္းလိုက္ကာ
"က်ေတာ္ ေဂ် နဲ႔ေျပာခ်င္တာ...
အိပ္တုန္းဆိုလည္း ထားလိုက္ပါ Jimin..."
"နိုးေပးမွာေပါ့ ဒီေလာက္ေစာေစာစီးစီး
အေရးတႀကီးေျပာစရာေတြရွိေနတာခဏေနာ္..."
ဘုန္းးးးး!!!!!
အ!!!!!
ရင္ဘက္တည့္တည့္ကိုအားျပင္းစြာ
အရိုက္ခ်ခံလိုက္ရတာေၾကာင့္Jeonသည္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာမွလန့္ဖ်န့္ၿပီး
ခ်က္ခ်င္းနာသြားေစေသာတရားခံကို
လက္သီးနဲ႔ထရြယ္လာေတာ့သည္။
လုံးဝအိပ္ေမာက်ေနတဲ့အခ်ိန္လွုပ္နိူးရင္ေတာင္
လန့္တာ ေသေအာင္ရိုက္တာမ်ိဳးက
ခြင့္လႊတ္စရာမရွိ။
ထိုးမယ္ဟုရြယ္ခ်လိုက္ၿပီးမွ
လက္ဦးတည္သြားရာ
တရားခံသည္ ဆံပင္စုတ္ဖြားျဖင့္
ဖရိုဖရဲေလး...။
သူ႔ထက္ပိုစူးရွေနေသာမ်က္လုံးေတြနဲ႔
ေစာင့္ႀကိဳေနကာ Jeonကအရင္မ်က္ေစာင္းျဖင့္
ႀကိဳတင္အထိုးခံထားရသည္။
"ဘာလုပ္တာလဲ ခင္ဗ်ား!!....နာခ်င္ေနတာလား..."
ဘုတ္ခနဲပစ္ေပါက္လာေသာဖုန္းသည္
ရင္ဘက္တည့္တည့္သို႔...။
"မင္းဖုန္းလာေနလို႔ နိုးလိုက္တာ"
"ဒါအိပ္ယာနိုးတာလား......"
"ေအး....."
Jeon သည္ဖုန္း Screen ကိုၾကည့္လိုက္
ေတာ့ TaeHyungျဖစ္ေနတာမို႔
ParkJimin ၏တရားလြန္ျခင္းကိုဆုံးမဖို႔
ခဏရပ္ကာစကားေျပာရန္ဖုန္းကိုင္လိုက္သည္။
ဖုန္းစေျပာသည္ႏွင့္ေစာင္ေတြအကုန္ကန္ထုတ္
ကာထသြားေတာ့မည့္ တေန႔တျခား
အလြန္တရာရိုင္းစိုင္းလာသူကိုအလႊတ္မေပးနိုင္
ေဆာင့္ဆြဲကာျပန္ေခၚလိုက္ေတာ့
အလုံးလိုက္အေထြးလိုက္ျပန္ပါလာသည္။
"လာေလTaeHyung..ဖုန္းဆက္ေျပာေနဖို႔
မလိုပါဘူး က်ေတာ္ကTaeHyungကိုဆို
ႀကိဳဆိုပီးသားပါ..."
လက္တဖက္ကဖုန္းေျပာေနေပမယ့္
လက္တဖက္ကလည္းအတင္း႐ုန္းကန္
ထြက္ေျပးခ်င္ေနသူကိုထိန္းထားရေသးသည္။
လက္တဖက္ထဲနဲ႔အင္အားမလုံေလာက္တာ
ေၾကာင့္Jeonသည္ေျခေထာက္ေတြျဖင့္
ခြဖက္ထားကာခ်ဴပ္ထားလိုက္သည္။
"မဝယ္လာနဲ႔ က်ေတာ့္အိမ္မွာအစုံရွိတယ္
လူစုံရင္ ဖဲ ပါ ပါမယ္ေလ..."
ေခြေခြေခါက္ေခါက္ရင္ခြင္ထဲထည့္
လက္ေတြေရာ ေျခေထာက္ႏွစ္ဖက္နဲ႔ပါ
ခ်ဴပ္ထားျခင္းခံရသူသည္ တြန္းလႊတ္လို႔
မနိုင္လာေတာ့ ျမင္ရာကိုကိုက္ခ်သည္။
လက္ေမာင္းတဖက္သည္သြားရာအကြင္းလိုက္။
ပိုဖ်စ္ညႇစ္လိုက္သည္...။
က်ိဳးေၾကသြားလည္းေအးေရာ....။
"ေစာင့္ေနမယ္...ညက်ၿပိဳင္ပြဲေတြလည္း
ရွိတယ္ TaeHyung ပိုက္ဆံမ်ားမ်ားယူခဲ့အုန္း
ျဖဳန္းက်တာေပါ့..."
ေနာက္ကတရားလြန္ဖက္ထားခ်ဴပ္ထား
ျခင္းခံရသူသည္ မ်က္ႏွာခ်င္းဆိုင္သို႔
ခက္ခက္ခဲခဲလွည့္ကာလက္ကေလးေတြက
ထင္တာမမွားဘူးဆို မ်က္ႏွာကိုတခုခု
နာေအာင္လုပ္ဖို႔တြန္းထိုးထြက္လာသည္။
"ဒါပဲေနာ္...TaeHyung က်ေတာ္ေစာင့္ေနမယ္..."
တိုးထြက္လာေသာလက္ေခ်ာင္းေတြကို
ဖုန္းကိုတေနရာဆီပစ္တင္လိုက္ကာ
ပါးစပ္ထဲထည့္ကိုက္လိုက္ေတာ့
သူ႔အလွည့္က်သိပ္နာတတ္သည့္ParkJimin ။
"နာတယ္!!!!!!"
အရိုးပါက်ိဳးေအာင္အသက္ရွုပါမရေအာင္
ဖက္ထားတာထက္ ဖ်စ္ညႇစ္ထားတယ္ဆို
ပိုမွန္ေသာ ကိုယ္လုံးေသးေသးေလးသည္
နာတယ္ ဟု ေအာ္လ္ု႔ သူအရွိန္ပ်က္သြား
ခ်ိန္တြင္ လည္ဝယ္စြာ႐ုန္းကန္ထြက္ေျပးေတာ့သည္။
ရမလား...ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာကို
ဘလိုင္းႀကီးအရိုက္ခံထားရတာ...။
ထြက္ေျပးေသာေျခေထာက္ေတြကို
လွမ္းဆြဲထားကာ မေတာ္တေရာ္
Shirt ပြပြႀကီးနဲ႔ လူကို မ်က္ႏွာခ်င္းဆိုင္သို႔
ျပန္ေခၚယူလိုက္သည္။
"ေျပာစမ္း!!!!ဘာကိစၥရိုက္နိုးတာလဲ
တအားေတြသတၱိေတြရွိေနတယ္ေပါ့ဟုတ္လား
တညေလး လြန္လြန္က်ဴးက်ဴးနမ္းမိၾကတာနဲ႔
JeonJungkook က ေအးေဆးပါဆိုတဲ့
အခ်ိဳးလား ParkJimin!!ေမးေနတယ္ေလ ေျဖ!!!!"
"ရိုက္ခ်င္လို႔ရိုက္တာ မေက်နပ္ရင္ျပန္ရိုက္
ရိုက္!!!!!"
ပါးတဖက္ကိုထိုးေပးလာသူသည္
သူကလည္းလြန္မာေသး...သူကလည္း
ထပ္ရြဲ႕ျပလိုက္ေသး...။
"က်ပ္က်ပ္သတိထားေနာ္....
ထပ္ပီး ဒီလိုအျပဳအမူမ်ိဳးလုပ္ရင္
ပါးကိုမရိုက္ဘူး......."
ရဲေတာက္သြားေသာမ်က္ႏွာ...။
ဘယ္ေနရာလည္းသူအသိဆုံးမို႔
ပက္ခနဲျပန္မေျပာနိုင္..မ်က္ေထာင့္နီႀကီးျဖင့္ေစာင့္
ၾကည့္ေနသည္။
"အရွက္မရွိတဲ့ေကာင္..."
"ေအးေအးေဆးေဆးအိပ္ေနတာကို
ဘယ္သူစေႏွာက္ယွက္တာလဲ..
ခင္ဗ်ားေလ...ခင္ဗ်ား!!!!"
"အဲ့ဒီ ဖုန္း!!!!.....အဲ့ဖုန္းေၾကာင့္.......!!!"
တုန္ရီလာေသာအသံျဖင့္အိပ္ယာေျခရင္း
ေရာက္ေနေသာဖုန္းကိုလက္ညိဳးေငါက္ေငါက္
ထိုးကာအသံကုန္ေအာ္လိုက္သူသည္
စိတ္မထိန္းခ်ဴပ္နိုင္ေနတဲ့ပုံစံ။
"ဖုန္းလာတာ ဘာျဖစ္လဲ...
ဘာဆန္းၾကယ္လို႔လဲ!!!"
"ငါ လန့္နိူးသြားတယ္
ငါအိပ္ေရးပ်က္တယ္
ငါ့ကိုစိတ္အေႏွာက္အယွက္ျဖစ္ေစတယ္...
မုန္းလို႔!!!! မုန္းလို႔...!!!!"
"ဒီဟာေလးကေတာ့......."
Jeon သည္လက္ဝါးႀကီးႀကီးျဖင့္
စိတ္လိုက္မာန္ပါရိုက္ဖို႔ရြယ္လာတဲ့အခါ
ထုံးစံအတိုင္းနာမွာမေၾကာက္တာလည္း
မဟုတ္....။မ်က္လုံးစုံမွိတ္ကာမသိစိတ္ေတြက
သူ႔ကိုယ္သူလက္ေသးေသးေလးေတြျဖင့္
ကြယ္လာေလေတာ့ ေမာင္ တစ္ေယာက္
ခက္ၿပီ။
စိတ္ကိုေလၽွာ့ကာလက္ကိုျပန္႐ုတ္ၿပီး
အိပ္ယာေပၚကဆင္းကာစီးကရက္တလိပ္ထုတ္ယူ
ၿပီးအိပ္ယာေပၚက လူကိုျပန္ၾကည့္ေတာ့
ရင္ထဲသိမ့္ခနဲ....။
ရန္ျဖစ္ေနလို႔သာသတိမထားမိေနတာ....
MD Park က မလုံမျခဳံေလးပါလား....။
မေတာ္ေနေသာShirtက ေလၽွာက်ေနကာ
တိုကပ္ေနေသာေဘာင္းဘီေလးက
ေပါင္တံလွလွေလးေတြေျခသလုံးေဖြးေဖြးေလးနဲ႔
ပနံသင့္လွေနသည္။
ရွုပ္ပြေနေသာဆံပင္ေတြနဲ႔ ႏွစ္ေယာက္အိပ္
အိပ္ယာႀကီးအလည္ မွုန္ကုတ္ေနပုံသည္
ေမာင့္ စီးကရက္အရသာကိုပိုရွိေစပါသည္။
စိတ္ကေဖာက္ျပန္လာခ်င္ခ်င္
ေဖာက္ျပန္လာရင္ တေထာင့္တည
အနမ္းခရီးသည္ေတြ ျဖစ္ပီး
ဒီအခန္းထဲကဘယ္ႏွနာရီမွထြက္မိမလဲ
မသိတာေၾကာင့္ ေမာင္ ေဆးလိပ္ကိုသာဖြာရင္း
မခန့္ေလးစား အျပဳအမူေတြအတြက္ေတာ့
ပညာနည္းနည္းေပးရအုန္းမည္။
"ထိုင္မေနနဲ႔...ခဏေနရင္သူငယ္ခ်င္းေတြ
အိမ္လာေသာက္လိမ့္မယ္
အရက္ဝိုင္းျပင္ေပး..."
"ဘာ....."
"ဘာလဲ...ParkJimin က တအားေတာ္လ္ု႔
အရက္ဝိုင္းျပင္ေပးရမယ့္အဆင့္မဟုတ္ဘူး
ေျပာခ်င္တာလား ဟုတ္ေတာ့ဟုတ္နိုင္လိမ့္
ေပမယ့္ JeonJungkook ဆိုရင္ေတာ့
ဘာအဆင့္ျဖစ္ျဖစ္ ျပင္ေပးရမွာပဲ....
ဆင္းလာခဲ့ေနာ္...ေပကပ္မေနနဲ႔..."
ခ်စ္ခင္ႏွစ္သက္လို႔လည္းမဟုတ္...
ဘာဆိုဘာမွမဟုတ္ဘဲ ဒီေယာက်္ားက
ထိလိုက္ေတြ႕လိုက္ရင္ကို ေမ်ာပါသြားတတ္တဲ့
႐ုပ္ပ်က္ဆင္းပ်က္ကိုယ့္ကို ဒါမ်ိဳး
အထင္ေသးရဲတာ စဥ္းစားၾကည့္ေတာ့လည္း
လူဆိုးေကာင္လြန္မေန..။
သူကေစ်းတအားေပါလြန္းေနတာပဲ....
နမ္းလိုက္ရင္ကို ထိလိုက္ရင္ကို
ParkJimin တို႔ ဝိဥာဥ္လဲသြားၿပီ....။
ထို႔ေၾကာင့္ဒါမ်ိဳးေစာ္ကားရဲတာ
ကိုယ့္အျပစ္ ကိုယ့္ေၾကာင့္...။
ဒါေပမယ့္လည္းရင္ထဲကနာလာသည္။
ေျပာထြက္မယ္ ေျပာရက္မယ္ ဆိုတာ
သိေပမယ့္ ...ဘာလို႔မွန္းမသိ
ခုရက္ပိုင္းေတြခံနိုင္ရည္သိပ္မရွိ။
မေျပာေစခ်င္ေနဘူး....။
ခံနိုင္ရည္အားနည္းလာသလို စီးကရက္ေသာက္
ေနေသာလူဆိုးကို စူးစူးနစ္နစ္လွမ္းၾကည့္
မိေတာ့ ျပင္းရွစြာျပန္ၾကည့္လာသည္။
"MD အေၾကာတင္းေလးက ဘာလို႔မ်က္ႏွာ
ပ်က္သြားတာလဲ တင္းထားစမ္းပါ
မ်က္ႏွာငယ္မေနနဲ႔ မလိုက္ဖက္ဘူး ခင္ဗ်ားနဲ႔..."
သူက တဆ ဆိုးရင္ ကိုယ္ကအဆတရာထပ္ဆိုး
လိုက္ခ်င္တာမ်ိဳး...
သူက တဆရြဲ႕ရင္ ကိုယ္ကအဆတရာထပ္ရြဲ႕ျပ
လိုက္ခ်င္တာမ်ိဳး...
ဝမ္းနည္းသြားေပမယ့္ Jeon JungKook
စီးကရက္ဖြာၿပီး အသဲနာစရာစကားေျပာရင္
ဘယ္လိုမုန္းစရာေကာင္းမွန္းကိုမသိ....။
ေနာက္တခါအရက္ဝိုင္းျပင္ေပးဆိုတဲ့
ခ်ိဳးႏွိမ္မွုမ်ိဳးထပ္မရွိေအာင္လုပ္ျပရမည္။
သူေတာင္ ျပင္ခိုင္းနိုင္ေသးတာ
ကိုယ္ကဘာလို႔မလုပ္နိုင္ရမွာလဲ...။
ေနာက္ထပ္ဘယ္ေတာ့မွဒါမ်ိဳးမခိုင္းေအာင္
အၿပီးဇာတ္သိမ္းရမည္။
"ျပင္ေပးရမွာေပါ့....မင္းအိမ္မွာေနၿပီး
မင္းအလုပ္လုပ္ မင္းေကၽြးတဲ့ထမင္းစားေနတာ
အရက္ဝိုင္းျပင္ေပး႐ုံမကဘူး
တျခားလည္းႀကိဳက္ရာႏွိမ္ခ်လို႔ရပါေသးတယ္
မင္းအိပ္ယာေပၚ ကဒီလိုပုံစံနဲ႔ ငါနိုးလာေတာ့
ငါက တန္ဖိုးရွိပါတယ္လို႔လည္းေအာ္မေနခ်င္ေတာ့ပါ
ဘူး ကိုယ္နဲ႔တန္ရာ တန္ရာေပါ့...."
"သိပ္ၿပီး တန္ဖိုးေတြကို ေခါင္းထဲမထည့္နဲ႔
ParkJimin....JeonJungkook က
ခင္ဗ်ားေပတံေတြကိုဘယ္ေတာ့မွဂ႐ုစိုက္မယ့္
ေကာင္မဟုတ္ဘူး
တန္ဖိုးရွိရွိ တန္ဖိုးမဲ့မဲ့...ParkJiminက ParkJiminပဲ
ခင္ဗ်ားပညာတတ္အသိုင္းအဝိုင္းက
ဒႆနေတြက က်ဴပ္လိုပုံသ႑ာန္မမွန္တဲ့
ေကာင္အတြက္ ဘာမွအသုံးမဝင္ဘူးရွင္းလား..."
"မင္းကမွ တျပားမွမတန္တာ
တန္ဖိုးေတြကိုဘယ္ဂ႐ုစိုက္ခ်င္ပါ့မလဲ....
အလကားေကာင္..."
"အလကားေကာင္ကိုညကေတာ့ႀကိဳက္တယ္မလား.."
"မင္း........!!!!!!"
"ေမာင္က ေတာ့ မင္းကို..သိပ္ႀကိဳက္တာပဲ...."
လႊင့္ပ်ံလာေသာေခါင္းအုံးကိုေရွာင္ကာ
ေမာင္သည္ စီးကရက္ကိုႏူတ္ခမ္းနား
ေတ့ၿပီးအခန္းထဲကထြက္ခြါသြားခဲ့သည္။
အားးးးးးး!!!!!
အခန္းထဲကေအာ္သံသည္ဟိန္းခနဲ...။
သူကဒီအိမ္မွာ ဘယ္ေနရာမွာမလို႔
ဖုန္းသံက်ယ္လို႔လန့္နိုးသြားရျခင္းကို
ႀကီးႀကီးက်ယ္က်ယ္ေတြထျဖစ္ရသလဲ။
ဘဝင္က ပုံမွန္ျမင့္တာမ်ိဳးမွမဟုတ္တာ....။
သခင္ေလးက ငါပါ....။
ParkJimin က တကယ့္အဆန္းတၾကယ္.....။
.........
"လူစုံပါလား....မင္းတို႔ကိုငါေမၽွာ္ေနတာကြာ...."
Romသည္စီးကရက္တလိပ္ဖြာကာအေပၚပိုင္း
ဗလာျဖင့္ထြက္လာေသာ ေဂ်ကို ျမင္သည္ႏွင့္
TaeHyuungနားကပ္ကာစကားတိုးတိုးကပ္ေျပာသည္။
"ရင္ဘက္ကိုၾကည့္ ေျပာလို႔ေတာင္မဆုံးေသးဘူး..."
TarHyungသည္မသိမသာေခါင္းညိတ္ျပကာ
ျပဳံးယဲ့ယဲ့...။
အိမ္အကူေကာင္မေလးတစ္ေယာက္က
အက်ီတထည္လာေပးေတာ့Jeonဝတ္လိုက္ကာ
ထုံးစံအတိုင္းပါတီေပးမယ္ဆို
အိမ္အျပင္ကေရကန္ျပာျပာကအေကာင္းဆုံးပဲ
မို႔ အားလုံးကိုေခၚကာထြက္သြားလိုက္သည္။
"မင္းအိမ္က ငါထင္ထားတာထက္
အမ်ားႀကီးခမ္းနာတာပဲ ေဂ်
မင္းသိပ္ကံေကာင္းတာပဲ...."
"ဟုတ္လား.....TaeHyung
ကအိမ္ႀကီးႀကီးကိုသေဘာက်တာလား..."
"ဒီေလာက္ႀကီးေတာ့မဟုတ္ေပမယ့္
ျမင္ေတာ့လည္းေနခ်င္သား...."
"လာေနမလား....."
"မေနာက္ပါနဲ႔....."
ၾကည့္လို႔မရလိုက္တာ.....ဒီလိုအိမ္ေတာ္
ဒီလိုသာယာတဲ့ေန႔မ်ိဳးမွာ
အဖိုးတန္အလွေလးနဲ႔အတူတူနိုးထခြင့္ရတဲ့
JeonJungKookဟာ ဘယ္လိုေတာင္ကံေကာင္းသလဲ။
မ်က္ႏွာေလးက ရွက္ျပဳံးလိုလို
ခ်စ္စရာေကာင္းေအာင္ သက္သက္မဲ့လုပ္ႀကံ
ျပဳံးေနေပမယ့္ ရင္ဘက္ကလက္ဝါးရာ
ကိုေတာင္ ထယ္ေယာင္းလုလို႔ရရင္
ဆြဲလုယူလိုက္ခ်င္ေနသည္။
"ParkJimin ကို ငါတို႔လူစုံေနပီလို႔
သြားေျပာ...."
"ဟုတ္ကဲ့ သခင္ေလး...."
JEonသည္TaeHyungေဘးနားတြင္
ထိုင္ေနၿပီး အိမ္ေတာ္အေၾကာင္း
ကားေတြအေၾကာင္း ေလာင္းကစားဝိုင္း
ေတြအေၾကာင္းစိတ္ပါလက္ပါေသခ်ာ
ေျပာျပေနသည္။
နားမေထာင္ခ်င္..အာ႐ုံသည္တျခားတခုမွာ
အလုံးစုံေရာက္ေနေပမယ့္
ေမးေလးေထာက္ကာJeonေျပာသမၽွကို
အေလးအနက္ထားနားေထာင္ေနသလို
လုပ္ေနရေသးရေသးသည္။
"ေဂ် ေရကူးတတ္လား...."
"အကၽြမ္းက်င္ဆုံးပဲ...."
"ကိုယ္နဲ႔တူတယ္....."
"ဟုတ္လား....."
KimTaeHyungနဲ႔Jeon JungKookသည္
ဘယ္ေလာက္ေျပာေျပာဘယ္ေတာ့မွ
မေျပာင္းလဲလာ။Romသည္စိတ္ပ်က္စြာ
မ်က္ႏွာသာလႊဲထားလိုက္သည္။
"ေနာက္ထြက္မယ့္ ကိုယ့္ေဆာင္းရာသီဒီဇိုင္းေတြ
အတြက္ ေဂ် Modelလုပ္ေပးရင္ေကာင္းမွာ
စေတြ႕တုန္းကကိုယ္ေျပာေတာ့ သူငယ္ခ်င္းက
အထိုးခံရမယ္ေျပာလို႔ မင္းကိုမေျပာရဲခဲ့တာ....
မင္းပုံစံက လုံးဝ Perfectပဲ....."
"Modelေတာ့မလုပ္ပါရေစနဲ႔...
က်ေတာ္အဲ့အပိုင္းကေတာ့ စိတ္မဝင္စားဆုံးပဲ
တကယ္လုပ္ရမွာ TaeHyungပါ
ဒီေလာက္ႀကီး ဆြဲေဆာင္မွုရွိ....."
အရွိန္အဟုန္နဲ႔ ဟိုလိုဒီလိုစကားေတြေျပာေနတုန္း
မ်က္လုံးထဲကိုဝင္လာေသာပုံရိပ္ေၾကာင့္
ေမာင့္စကားေတြခ်က္ခ်င္းရပ္သြားသည္။
အိမ္ထဲကေန အရက္ပုလင္းကိုင္ကာ
ေလၽွာက္လာတဲ့ParkJimin...။
အိပ္ယာထဲကအဝတ္အစားကိုၾကယ္သီး
ႏွစ္လုံးေလာက္ပဲပိုတပ္ထားၿပီး
က်န္တာဒီအတိုင္း။ေျခေထာက္မွာဖိနပ္မပါ
ေျခဖဝါးနဲ႔ေျခေခ်ာင္းရဲရဲေလးေတြကအကာအကြယ္
လုံးဝမရွိ...။ဝဲခါေနေသာဆံပင္ေတြနဲ႔
တလွမ္းခ်င္းလွမ္းေလၽွာက္လာပုံသည္
ေမာင့္ ကို ဒုတိယအႀကိမ္လိပ္ျပာလြင့္ေစခဲ့ျပန္သည္။
စူပုတ္ခက္ထန္ေနတဲ့မ်က္ႏွာမ်ိဳးမဟုတ္။
ျပဳံးယဲ့ယဲ့ေလးနဲ႔ ေၾကာင္ေလးတစ္ေကာင္လို
ေပါ့ပါးစြာေရကန္ျပာျပာေဘးျဖတ္သန္းလာပုံသည္
ေၾကာက္စရာသိပ္ေကာင္းလြန္းပါသည္။
ရြဲ႕မလို႔...အဆုံးအထိရြဲ႕ဖို႔ကို ေသခ်ာျပင္ဆင္
လာခဲ့ေပမယ့္ JeonJungkook ေဘးမွာ
ေနရာတက်ႀကိဳေရာက္ေနေသာKimTaeHyung
ေၾကာင့္ေျခလွမ္းေတြေတာင္မွားခ်င္သြားသည္။
မ်က္ႏွာကိုၿပိဳက်မသြားေအာင္မနည္းပင္
ထိန္းထားလိုက္ရသည္။
လွလိုက္တာေလး......။ပါတီမွာေတြ႕တုန္းက
CEOတစ္ေယာက္လိုထည္ဝါမွုမ်ိဳးနဲ႔
ခုက်ေတာ့ခ်က္ခ်င္း ခ်ိဳခ်ဥ္ေလးလို
ခ်ိဳခ်ိဳအီအီျပည့္စုံေနတာမ်ား
ထယ္ေယာင္းသည္ ဆြံ႕အလၽွက္.....။
ေယာက်္ားတစ္ေယာက္လုံးေလၽွာက္လာတာ
ျမင္တာေတာင္ေဘးကမခြါဘဲ
ကိုယ့္ကိုစိန္ေခၚသလိုစိုက္ၾကည့္ေနေသာ
KimTaeHyung သည္ ဆန္းသစ္ေသာ
အဝတ္အစားဒီဇိုင္းေတြနဲ႔ ေတာက္ပလြန္းေနသည္။
ေဘးက လူဆိုးနဲ႔လည္း
အင္မတန္မွကိုလိုက္ဖက္ေနလွပါသည္။
ထယ္ေယာင္းကေမ်ာသြားလို႔ေငးခဲ့ေသာ္လည္း
သခင္ကေတာ့ သူ႔ကိုစိန္ေခၚေနတယ္ဟုသာ
တထစ္ခ်ေတြးေနခဲ့တာ...။
ၾကဳံဖူးတယ္မလား...ကိုယ္ၾကည့္မရတဲ့သူဆို
သူျပဳံးေနေန ရီေနေန မဲ့ေနေန ဘာမွမလုပ္ေနရင္
ေတာင္ အျပစ္ေတြျမင္ခ်င္ေနတာမ်ိဳး...။
Jimin မ်က္လုံးေတြထဲ ေရကန္ျပာျပာေဘးမွာ
သာယာေနတာကိုသာျမင္ေနသည္။
တစ္အုပ္စုလုံး TaeHyung အပါအဝင္
ဝိုင္းေငးၾကည့္ေနၾကသည္....။
အားမနာၾက....တစ္စက္ကေလးမွအားနာမေနၾက
သူ႔အပိုင္တကိုယ္လုံးကို ေပါက္ထြက္သြားေတာ့
မလိုအကုန္ဝိုင္းၾကည့္ေနျခင္းေၾကာင့္
ေမာင္ရဲ့ တုန္လွုပ္ေျခာက္ျခားမွုသည္ေျပာမျပတတ္
ေလာက္ေအာင္....။
ခ်က္ခ်င္းဘာလုပ္ရမလဲဆိုတာကို
ေမာင္အနည္းငယ္မွေတာင္မစဥ္းစားနိုင္....။
ေျခဖဝါးနဲ႔ေက်ာက္ျပားျပာျပာေလးေတြ
လွစ္ဟာသြားတိုင္း ေျခသလုံးေလးေတြ
ေပါင္တံသြယ္သြယ္ေလးေတြလူေတြနဲ႔
တျဖည္းျဖည္းနဲ႔နီးလာတိုင္းေမာင္အသက္ရွု
က်ပ္လာသည္။
"Jungkook ကႀကိဳေျပာထားလို႔...
ကိုယ္သိသေလာက္ေတာ့ ျပင္ဆင္လာတာပဲ
တခုခု လိုအပ္ရင္ အားနာပါတယ္...
အရက္ဝိုင္းက တခါမွမျပင္ေပးဖူးေတာ့ေလ
အဆင္ေတာ့ေျပတယ္မလား...."
အေျပာခံရသူကRom..။Romသည္ျပဳံးေနေသာ
Jiminကိုျပဴးၾကည့္႐ုံအျပင္စကားျပန္မေျပာရဲ။
ေၾကာင္အေနသည္။
အသံ....အသံ ..။အဲ့ဒီအသံ
ဘယ္ခႏၶာကိုယ္အစိတ္အပိုင္းေတြကေန
ဘယ္လိုထြက္လာတဲ့ အသားေတြပင္
တဆက္ဆက္တုန္လာတဲ့ParkJimin ရဲ့အသံ
ParkJimin ဟန္ဟာ သိပ္ေျခာက္ျခားစရာပဲ...။
ေမာင္သည္...တင္းက်ပ္ေနၿပီ...။
"TaeHyung ပါေရာက္ေနတာပဲ....
ညက ေသခ်ာစကားမေျပာလိုက္ရဘူး
MinYoongi က ကိုယ့္ေယာက်္ားနဲ႔
စိတ္မခ်လို႔နဲ႔တူတယ္ အတင္းျပန္ေခၚသြားတာ
ကိုယ္ကေတာ့စိတ္ခ်တယ္ေနာ္
စိတ္ေအးလက္ေအးေန..."
လုံးဝေဖာ္ေရႊစြာျပဳံးျပလာၿပီးဖန္ခြက္ထဲ
ကိုဝီစကီတခ်ိဳ႕ထည့္ကာTaeHyung လက္ထဲ
ကိုထည့္ေပးေတာ့ TaeHyung ဖန္ခြက္ပင္
မနိုင္ခဲ့...။လြတ္က်သြားေသာ
ဝီစကီေတြသည္ေဘးကJeon
ရဲ့ေပါင္ေပၚသို႔ဖိတ္စင္သြားခဲ့သည္။
"ဟာ...Sorry ေဂ် ...Sorry!!!!"
TaeHyungသည္JEon ေပါင္ေတြအေပၚ
တစ္သၽွဴးတခုအျမန္ယူလိုက္ကာ
သုတ္ေပးလာေတာ့ Jeonသည္ရတယ္ဟု
ဆိုကာခါခ်ေနစဥ္လက္ႏွစ္ခုသည္
JeonJungKookေပါင္ေပၚတြင္ရွုပ္ယွက္ခတ္ေနသည္။
သူတို႔႐ုပ္ရွင္ရိုက္ေနၾကတာလား...။
ရဲရဲတင္းတင္းပဲ Jeon JungKookရဲ့
ေပါင္ေတြကိုမေၾကာက္မလန့္စည္းေက်ာ္ေနတာ
ပိုင္သလို နိုင္သလို အခ်ိဳးမ်ိဳး...။
MinYoongi က ဒီလိုပဲလႊတ္ထားေတာ့မွာလား။
ဒီေနရာ ဒီလိုအခ်ိန္ပဲ Jeon JungKook
ဟာမိန္းမသုံးေယာက္ေလာက္နဲ႔
သာယာေပ်ာ္ရႊင္ေနတာကိုျပတင္းေပါက္က
လွမ္းၾကည့္ခဲ့ဖူးသည္။
ေပါင္မကဘူး ဘယ္ေနရာထိထိ
စိတ္ပ်က္တာကလြဲ ParkJiminမွာဘာမွမရွိခဲ့။
KimTaeHyung နဲ႔က်
ျမင္ကြင္းေတြသည္ပထမဆုံးမဟုတ္ေတာ့
သလို...ထပ္ခါထပ္ခါခံစားနာက်င္ၿပီးသလို
စူးစူးနစ္နစ္နာလာသည္။
"ေသာက္ဖို႔ျပင္ေပးမယ္ေနာ္...
ဒီေန႔Company လည္းမသြားရေတာ့
တေနကုန္ ကိုယ္အခ်ိန္ေပးမယ္
တခါမွ မင္းတို႔အဖြဲ႕နဲ႔မေသာက္ဖူးေသးဘူးေလ
ဟုတ္တယ္မလား....."
အားလုံးကိုျခဳံၾကည့္ကာ ေျပာတဲ့သူ၏
အရွိန္အဝါသည္ အားလုံးကဟုတ္ပါတယ္လို႔
မေျဖရဲခဲ့ဘူး....။
သူဟာအရက္ေသာက္ဖို႔အရက္စပ္ေပးဖို႔
လုံးဝမတန္ေသာျဖစ္တည္မွုမွန္း
ပါးစပ္ကထုတ္ေျပာဖို႔မလို အားလုံး၏
မ်က္လုံးေတြကသက္ေသပင္...။
"ရတယ္ Jimin...က်ေတာ္တို႔ကိုယ့္ဟာ
ကိုယ္ျပင္ပါ့မယ္..."
"မဟုတ္တာ JungKookက
ကိုယ့္ကိုေသခ်ာခိုင္းထားတာ
ေသေသခ်ာခ်ာျပင္ေပးရမွာေပါ့....."
Jimin သည္Romရဲ့ အရက္ခြက္ကို
ယူကာအရက္တခ်ိဳ႕ထည့္လိုက္ၿပီး
ေရခဲေတြေရေတြစပ္ထည့္ကာ
ျပဳံးျပဳံးရႊင္ရႊင္ပင္ခ်ေပးသည္။
"ေသာက္ေလ Rom...Clubမွာ
ရန္ျဖစ္ခဲ့တာ ဒါေလးနဲ႔ေလၽွာ္လိုက္ေတာ့ေနာ္...."
"TaeHyungလည္းေသာက္ေလ....
ကိုယ္စပ္ေပးတာအဆင္မေျပရင္
ေဘးက လူကိုစပ္ခိုင္းလိုက္ေနာ္..
မင္းအႀကိဳက္သူသိမွာေပါ့..."
လြဲလိုက္တာမ်ားသခင္ရယ္.....။
လြဲေနလိုက္တာမ်ား.....။
သခင္မနာလိုေနတာမ်ား..သဝန္ေတြတိုေနတာမ်ား
Romေျပာေတာ့ မုန္းၾကပါတယ္ဆို
စိုက္ၾကည့္ခံရတာ ကံေကာင္းလို႔ျပာမက်တယ္။
ေသာက္တလြဲဘဝ .....။
"Jungkook ကေရာ ဘာေတြျဖစ္ေနတာလဲ
မၾကည္မလင္နဲ႔ Hyung ကိုေျပာပါအုန္း..
ဘာလဲ အရက္ေနာက္ဆုံးမွ စပ္ေပးလို႔
စိတ္ေကာက္ေနတာလား...."
JeonJungkookမ်က္ႏွာတခုလုံးသည္
ေပါက္ထြက္ေတာ့မလိုအင္အားမ်ိဳးေတြျဖင့္
အခိုးအေငြ႕ေတြေတာက္ေလာင္ေနသည္။
ေမာင္မီးေတာင္ထဲျပဳတ္က်သြားၿပီ။
"အိမ္ထဲျပန္ဝင္......."
"ဘာလို႔လဲ....."
"ဝင္ ...."
"မင္းပဲ ခိုင္းၿပီး...."
ထိုင္ေနရာမွထကာJungkook
ဆြဲေဆာင့္ေခၚယူသြားတဲ့ေနရာသည္
ရင္ဘက္ကအက်ီစကိုပင္ျဖစ္သည္။
အ!!!
"ေဂ်!!!!!"
TaeHyungသည္ျမင္ကြင္းက႐ုပ္ဆိုးလြန္း
တာမို႔ထိန္းထားေပမယ့္ပြင့္ဟထြက္က်လာသည္။
သခင္နာသြားၿပီေလ..။
လူကိုသနားစရာလိုၾကည့္ေနေသာ
KimTaeHyung ေၾကာင့္
Jimin သည္ကိုယ့္ပုံစံလည္းကိုယ္ေဒါသ
ထြက္ရင္း ေနာက္ဆုံးအေနနဲ႔
JeonJungkook တရြတ္တိုက္ဆြဲသြားသည့္
ၾကားကေန KimTaeHyung ကိုစူးစူးရဲရဲ
ၾကည့္လၽွက္အိမ္ထဲသို႔ပါသြားခဲ့ေတာ့သည္။
ဒီလူေရွ႕မွဒီလိုျဖစ္ရျခင္း....။
ေမာင္သဝန္တိုရင္ ေၾကာက္စရာေကာင္းတယ္...
ဒါမွန္ပါတယ္....ဒါေပမယ့္သိလာရေတာ့မယ္
ေနာက္တစ္ခ်က္ကေမာင့္ဆိုင္သူ သဝန္တိုရင္
အဆတစ္ရာတစ္ေထာင္မကပိုဆိုးဝါးတယ္
ဆိုတာပဲ......... ။
.......................။
Bạn đang đọc truyện trên: AzTruyen.Top