💔18💔
"ညကပြန်လာကြတာ အဆင်ပြေလာတဲ့ပုံပဲ
ရန်ဖြစ်သံမကြားရဘူး..
အကိုလေးလည်းနေပြန်ကောင်းနေတယ်...."
"အေးအေး...အခြေအနေကိုထိန်းထားရမယ်
မနက်စာကို နှစ်ယောက်စလုံးအကြိုက်တွေ့မယ့်
ဟာကိုပြင်ထား....."
"ဟုတ်ကဲ့....."
"သူတို့ရန်ဖြစ်ရင် သိပ်အနေကျပ်ရတယ်
ကြိုးစားပီး စိတ်အနှောက်အယှက်မဖြစ်အောင်...."
ဒုန်းးးးးးဒုန်းးးး
အိမ်တော်ထိန်းဦးလေးကြီး၏စကားမဆုံး
သေးသောအချိန်တွင်ပြင်းထန်သောခြေသံတွေဖြင့်
လှေကားပေါ်မှပြေးဆင်းလာသောအသံများ
ကြားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ!!!!ငါ့အလုပ်ကိုငါသွားမှာပဲ..."
"မသွားရဘူးလို့ ကျွန်းမှာထဲကပြောပီးပီ
ခင်ဗျား နားမလည်ဘူးလား...."
Jimin သည်မနက်စောစောCompany
သွားဖို့ဝတ်စုံပြည့်ဖြင့်ပြင်ဆင်ကာရုံးပြေးတက်ဖို့
ရည်ရွယ်သည်။JeonJungkook သည်နေ့လည်
လောက်မှအိပ်ယာထသူမို့သူ့ကိုနှောက်ယှက်မှာ
မဟုတ်။သိပ်ခေါင်းထဲမထည့်စွာအခန်းထဲက
ထွက်လာပေမယ့် ထိုလူဆိုးကအိပ်ယာနိုးနေကာ
အပေါ်အောက်တရောင်စီဝတ်ထားသော
ညဝတ်အကျီဖရိုဖရဲဖြင့်ပြသနာစရှာပြီ။
"လူဆိုတာ အလုပ်ရှိမှအဓိပ္ပာယ်ရှိတာ
မင်းလိုအနာဂါတ်ပျောက်နေတဲ့ကောင်က
ဒါတွေပြောလည်းနားလည်မှာမဟုတ်ဘူး
ငါ့ဘဝဒီထက်မြင့်မားဖို့ငါကြိုးစားရမယ်
ငါ့အမေကျန်းမာရေးအတွက်ငါပိုက်ဆံရှိမှဖြစ်မယ်.."
"ကျတော်မသွားရဘူးဆို စည်းကမ်းချထား
ရင်မသွားရဘူးဘဲ...ParkJimin..."
"သေလိုက်ပါလား...
မင်းထားရာနေစေရာသွားရအောင်
အရုပ်မဟုတ်ဘူး....."
ရုပ်ရှင်ဇာတ်ကားတွေထဲကလိုခရီးလေးတခု
အတူတူသွားကာ ဘာပဲပြောပြော
လှလှပပလေးတွေခံစားခဲ့ရတော့အပြန်ခရီးရော
အိမ်ရောက်တဲ့အထိရောဟုတ်သလိုလိုရှိခဲ့ပေမယ့်
မိုးလင်းတဲ့အခါအရင်အတိုင်းပါပဲ။
ကျွန်းမှာ....ဘာတွေလုပ်ခဲ့လုပ်ခဲ့
ဘယ်လောက်အသဲအမဲတွေထိတွေ့ခဲ့.ထိတွေ့ခဲ့
မောင်တို့ရဲ့ အနိုင်လိုချင်မှု ဘက်တွေပြိုင်လာတဲ့အခါ
နမ်းခဲ့တာတွေ အတူတူအိပ်ခဲ့တာတွေကတကန့်ပဲ...။
မောင်ကလည်းမြူမှုန်တမှုန်မျှစကားကို
ပစ်ပယ်တာမျိုးကို လက်မခံနိုင်သလို
မောင့် ဆိုင်သူက လည်း မှန်နေရင်
မျက်နှာချီ၍ မပျက်တဲ့သူ.....။
Jimin သည်အိတ်တအိတ်ဆွဲကာအိမ်အပြင်
သို့ပြောပြောဆိုဆိုပြေးထွက်သည်။
JEonသည် အလုပ်သွားတာမသွားတာထက်
သူပြောရင် တခွန်းပဲဆိုတဲ့ပတ်ဝန်းကျင်မှာ
ကျင်လည်ခဲ့သူမို့ ပက်ခနဲ ငြင်းဆန်ခြင်းကို
လုံးဝလက်မခံ။
ParkJiminကို တခါတလေ သိပ်မုန်းတယ်
တခါတလေကျ သိပ်အသဲယားတယ်
တခါတလေကျ ဖွဖွကလေးထိချင်စိတ်တွေ
ဖြစ်လာတယ်...ဘယ်လိုပဲဖြစ်ဖြစ်
ဘာတွေခံစားရပါစေ.....
စတွေ့ထဲ က ဒါဆိုဒါ ပုံစံခွက်ထဲမောင်ထည့်ခဲ့တာက
ထည့်နေအုန်းမှာပဲ....။
မောင့်ကို ကြောက်စေချင်တဲ့စိတ်ကအပြည့်အဝ
ရှိနေတုန်းပဲ....။
ပြောမရရင် မောင် ခပ်စပ်စပ်လေးရိုက်ဆုံးမအုန်းမှာပဲ..။
မောင်က ဟင့်အင်းဆိုရင်.....
မောင့်ဆိုင်သူကနောက်ဆုတ်ပီးသား
နာခံပြီးသားဖြစ်နေရမှာ.....။
ကျွန်းမှာတချို့အလျှော့ပေး
အပြုအမူတွေကြောင့်လည်းJimin ဟာ
သူ့ကို သိပ်ဂရုမစိုက်တော့...။
အရင်ကမှ နည်းနည်းကြောက်လန့်သော
မသိစိတ်မျိုးတွေမျက်လုံးထဲမြင်ရပေမယ့်
စည်းလွတ်ဝါးလွတ်အတင်းနမ်းကာ
နူတ်ခမ်းဖူးဖူးတွေကိုသိပ်ကြိုက်ပြမိသလိုဖြစ်တော့
မကျတော့တဲ့ ဘဝင်က ပိုမြင့်သွားသည်။
ငါဘာလို့နမ်းခဲ့မိတာလဲ...
ငါဘာလို့ အလျှော့တွေပေးပြီး သည်းခံခဲ့မိသလဲ
မောင်ဒါတွေကို အလုပ်ရှုပ်ခံပြန်မတွေး
လုပ်ချင်လို့ကိုလုပ်ခဲ့တဲ့အလုပ်တွေကြီးပဲမို့
မောင်သည် နောင်တ နတ္တိပါ...။
"ပြောနေတယ်နော် မသွားရဘူးလို့!!!!"
"မင်းရူးနေရင် ပြန်အိပ်နေလိုက်...."
Jimin သည် Jeonမေးရိုးတွေတင်းခနဲ
ဖြစ်သွားစေသောစကားကိုရွေးချယ်ပြောကာ
Driver အဆင်သင့်စောင့်နေသော
ကားဆီသို့အပြေးတပိုင်းသွားသည်။
Jeon သည်အိပ်ယာထခါစခပ်ရှုပ်ရှုပ်ဆံပင်တွေ
ကိုထပ်ဖွလိုက်ကာ Jimin Company
သွားမယ့်ကားဆီသို့ခြေလှမ်းစိတ်စိတ်လှမ်းကာ
လျှောက်လာပြီး Driver တံခါးမပိတ်ခင်
အရင်တခါလိုပဲတားပီး ကားထဲသို့ဝင်လိုက်သည်။
"JeonJungkook!!!!!"
"ငါ့စကားကို ဘယ်တုန်းကပယ်ရှားလို့
ရဖူးလို့လဲ...သွားလေ သွားရဲရင်...."
"သွားရဲတယ်...ဘာကိစ္စမသွားရဲရမှာလဲ....
မင်းကားပေါ်တက်လာတာနဲ့ငါကကြောက်
ပြီးအိမ်ထဲပြန်ဝင်ပြေးရမှာလား..."
"ကားပေါ်ကတချို့ကိစ္စလေးတွေကို
ခင်ဗျားအမှတ်မရှိတော့ဘူးလား
ကျတော်ကတော့ မမေ့ဘူးနော်...."
ခပ်လှောင်လှောင်အပြုံးသည်
Jimin နှလုံးသားတွေကိုဆစ်ခနဲနာစေသည်။
အတင်းအကျပ်တန်ဖိုးမဲ့စွာ နေရာဒေသမရွေး
ရမ်းကားရက်သော လူရဲ့မျက်နှာသည်
လှောင်ပြုံးပြုံးချိန်တိုင်းမှာကြောက်စရာအကောင်းဆုံး။
အဲ့ဒီလိုတွေအဆက်ဆံခံရတိုင်း
အသဲခိုက်အောင်နာကျင်ရကြောင်း
ရှက်ရကြောင်း ဒီလူကိုနားလည်အောင်
သူဘယ်လိုပြောပြရမလဲ......။
ပင်လယ်ပြာပြာထဲ ရီမောနေတဲ့ပုံရိပ်ကလေးတွေ...
နေမကောင်းတဲ့တညတာလုံးပြာယာနေအောင်
ဂရုစိုက်ပေးတာလေးတွေ
မောင် အစချီကာ မာယာတလျှောက်လုံး
များခဲ့သူ ကဝေကောင်လေးကို ခိုးခိုးကြည့်
ခိုးခိုးတွေးပြီး မသိမသာကြိတ်ပြုံးခဲ့မိတဲ့
အချိန်စက္ကန့်ပိုင်းလေးတွေလည်းရှိခဲ့ပါတယ်....။
စက္ကန့်ပိုင်းလေးတွေ.ဟာ..လှစ်ခနဲလှိုက်မောကာ
ချက်ချင်းသတိအနေအထားပြန်ဆွဲနေရသော
အခြေအနေမို့....
အသက်၂၀ကောင်လေးရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့
ယောကျ်ားဆန်မှုတွေ ကြည့််မရပေမယ့်
တခါတရံ လူရှေ့ရောက်မှ ချွဲနွဲ့လွန်းမှုတွေသည်
MD Park အတွက်တော့ အသစ်အဆန်းခံစားမှုတွေကြီး။
ပြန်ခဲ့သောခရီးတွင်အများကြီးသိသာပါသည်။
အသိသာဆုံးကိုပြပါဆို မင်းကိုငါကွာမှာဟု
မိုးလင်းကမိုးချူပ်တိုင်တည်နေပြီး
ကျောက်ဆောင်ကြားမှာ မောပန်းနေခဲ့တာကသူ...။
၂၅နှစ်အရွယ်ယောကျ်ားက ကလေးသာသာ
လေးရဲ့ပညာရပ်တွေကြား မရုန်းနိုင်....။
ပြန်လာထဲကသိပါသည်...။
ParkJimin တခုခုမှားနေပြီဆိုတာ.....။
"ငါမမေ့ပါဘူး...
မင်းငါ့ကိုဘယ်လိုတွေတန်ဖိုးချခဲ့သလဲဆိုတာ
မေ့လိုက်စရာလား...
ခုလုပ်ချင်လည်း လုပ်ပါ....
ငါ့အလုပ်ကတော့ငါရောက်အောင်သွားမှာပဲJungkook"
တုန်ခါသွားသောအသံမှာနာကျင်သော
အဖျားခတ်ခြင်းတွေပါနေသည်။
ParkJimin သည် အံကိုကြိတ်ကာ
မနည်းထိန်းပြောနေရကြောင်းသိပ်သိသာပါသည်။
"တောက်!!"
"အေး....သွား ငါကလည်းလိုက်မှာပဲ...
နောက်ထပ်အဲ့အလုပ်ကိုထပ်မသွားရဲအောင်
ငါလုပ်ပြမယ် မောင်းတော့!!!!"
"မင်း.....ဘာတွေလုပ်အုန်းမလို့လဲ...."
Jeon သည်မောင်းမထွက်သေးသော
Driver ကိုအော်လိုက်တော့ကားသည်
ငြိမ့်ငြိမ့်ညောင်းညောင်းထွက်သွားတော့သည်။
အိပ်ရေးသည်ဝမနေပါ...။
သူမကြိုက်ဘူး....အလုပ်ဆိုပြီးRomatic
တွေထပ်လုပ်နေမှာကို သူလုံးဝကိုမကြိုက်နိုင်ဘူး။
ပြောမရတဲ့အခြေအနေမှာKimNamJoon
ကိုသတင်းတွေဘာတွေသွားမေးနေရင်ရော
ဘယ်လိုလုပ်မလဲ။
မမေးပါဘူးလို့ရော ဘယ်သူတာဝန်ယူပေးနိုင်လဲ။
စိတ်ချလက်ချ ခေါင်းချမအိပ်နိုင်မှေးခနဲအိပ်သွား
ချိန်ParkJimin အလုပ်ကိုထွက်ပြေးသွားမှာ
စိုးလို့ ဆယ့်ငါးမိနစ်ခြားတခါ နှိုးစက်ပေးအိပ်ထားရတာ။
မူးနောက်နေတာပဲ...။
ခရီးပန်းလာတာကတမျိုး အိပ်ရေးကမဝတာတမျိုးနဲ့
ပြောစကားနားမထောင်သူကို
တောက်တချက်ပဲခေါက်ပြနိုင်ခဲ့သည်။
ဆွဲလာရမ်းလာတောင်မလုပ်နိုင်ဘဲ
ရန်ဖြစ်ရင်း မျက်နှာတွေသာအကြိမ်ကြိမ်ပွတ်သပ်နေရ
သည်။
မောင် လုံးဝမကြည်လင်နေခဲ့ပါ.....။
Jimin သည်မတတ်နိုင်ဖြစ်ချင်ရာဖြစ်ဆို
သောစိတ်နဲ့ မျက်နှာကိုတဖက်သို့အပီးလှည့်ထားသည်။
သွားမှာက JeonGroupမို့ သူ့ဟာသူဘာလုပ်လုပ်
သူ့Company မို့ အရှက်ကွဲရင်တောင်
ကိုယ့်ဝန်ထမ်းတွေရှေ့မှာမှမဟုတ်တာ...။
အဆိုးအဝါးငယ်...ကို လက်ဝယ်ပိုင်ထားရသော
MDဟာ...အရှက်ကွဲရခြင်း ခေါင်းစဉ်တွေကိုတောင်
ရိုးလာ၍ ဖြည့်တွေးတတ်သောအခြေအနေကို
ရောက်လာခဲ့ပြီ....။
"အမယ်လေး!!!!"
ကိုယ့်အတွေးတွေနဲ့ကိုယ်သက်သက်သာသာလမ်း
ကိုရွေးတွေးနေတုန်း ပေါင်ပေါ်ကိုအရှိန်နဲ့
လှဲချလာသော ရှုပ်ရှုပ်ပွပွဆံပင်တွေနဲ့
လူဆိုးကောင်၏ခေါင်း....။
ပေါင်နှစ်ဖက်လုံးအောင့်တက်သွားကာ
တော်တော်လေးကိုနာသွားတာမို့
ထအော်မိတဲ့အထိ။
အိပ်ယာထဲကခေါင်းအုံးကိုမြင်လို့အားရပါးရ
ပစ်လှဲချလိုက်သလို ဘာတွေများစားပီး
ကြီးထွားလေးလံနေသောခန္ဓာကိုယ်သည်
ပေါင်ပေါ်ခေါင်းလာအုံးအိပ်တာလေးဆိုပေမယ့်
ရုတ်တရက်လည်းရုတ်တရက်
မို့ Jimin သည် ရှုံမဲ့သွားခဲ့သည်။
"ဘယ်လိုဖြစ်နေပြန်တာလဲ ထစမ်း!!!!!"
ပြသနာရှာချင်ပေမယ့် အ်ပ်ရေးမဝသေးသူ
မောင်သည်ထိုင်မနေနိုင်ပါ..။
မကောင်းသောစိတ်တွေကသာဆောင်နေတာ
ခန္ဓာကိုယ်ကငိုက်ငိုက်ကျသွား၍
ခဏလေးတော့အိပ်မှဖြစ်မည်။
"ငြိမ်ငြိမ်နေစမ်း....အိပ်ချင်လို့...."
"ဘာလို့ထလာသေးလဲ အဲ့တာဆို....
ငါ့ကိုပြသနာလုပ်ချင်တာနဲ့ ဖြောင့်ဖြောင့်မအိပ်နိုင်တဲ့အထိ"
"မကြိုက်ရင်ခုအိမ်ပြန်မယ်လေ...
ကားပြန်ကွေ့လိုက် ပြန်အိပ်ကြမယ်...."
"ရူးနေလား!!!!!"
"အေးအဲ့တာဆို ပါးစပ်ပိတ်ပီးမလှုပ်နဲ့
ကျတော်ခဏလေးအိပ်မယ်...."
"ဖယ်စမ်း!! ဖယ်စမ်း...!!"
ပေါင်ပေါ်ခေါင်းအုံးအိပ်တာကို
ကျေနပ်စွာငြိမ်သကိနေပေးရအောင်
သူကကိုယ့်ကိုပြသနာလုပ်မဲ့သူလေ...။
ကိုယ့်ကိုဒုက္ခပေးဖို့ကိုယ့်ပေါင်ပေါ်ခေါင်းအုံး
အိပ်ကာ  ခပ်တည်တည်အိပ်လိုက်လာအုန်းမယ်တဲ့...။
ကားတံခါးဖွင့်ကာ ကန်ချလိုက်ချင်စရာ...။
အတင်းတွန်းလွှတ်ကာ အထိမခံပုံစံချိုးတော့
မောင်သည် အနိုင်ပဲရတတ်တဲ့အမျိုးအနွယ်ပါ။
တွန်းချနေသည့်ကြားကဗိုက်သားချပ်ချပ်ဘက်လှည့်ကာ
ခေါင်းတခုလုံးတိုးဝှေ့လာတော့သည်။
ရှုပ်ပွထနေသောဆံပင်တွေ အသစ်စက်စက်
သူ့အကျီလေးကိုတိုးနေသောမျက်နှာသည်
မျက်နှာမသစ်သွားလည်းမတိုက်ရသေးဘူး။
"JeonJungkook!!!!!"
သန့်သန့်ပြန့်ပြန့်ကျော့ကျော့ကော့ကော့လေး
ဘဝကနေ ဘာတွေဖြစ်ကုန်ပီလဲ
မသိတော့...။
အရင်ကစိတ်ပဲညစ်ပတ်လို့သည်းခံနိုင်ပေမယ့်
ခုကလူပါညစ်ပတ်လာတာမို့Jimin သည်
ဆွေ့ဆွေ့ခုန်တော့သည်။
အသန့်ကြိုက်တာတရားလွန်သူမို့
ပေါင်ပေါ်က ညစ်တိညစ်ပတ်၏
သူ့အကျီထဲတိုးဝင်ကာ အိပ်နေပြီဖြစ်သော
မျက်နှာကို ထပ်လည်းမဆွဲဖယ်ရဲတော့ဘဲ
ကြည့်ကြည့်ပြီးငိုချင်လာတဲ့အထိပဲ....။
"အကိုလေး အဆင်ပြေရဲ့လား...
အိမ်ပြန်လှည့်ချင်လား...."
"မလှည့်နဲ့...ဒီကောင့်ကြောက်ရလို့
အလုပ်တောင်မလုပ်ရဲဘူးဆိုတာ
ParkJimin ရာဇဝင်မှာမရှိဘူး...
ငါက သေမတတ်ဖျားနေရင်တောင်
ငါ့အလုပ်ငါတာဝန်ကျေအောင်လုပ်တဲ့ကောင်..."
"ဟုတ်ကဲ့....အကိုလေး..."
"ဥပဒေတွေ ပုဒ်မတွေ ထောင်ကျမှာ
တွေသာမရှိရင်လေ ကားတံခါးဖွင့်ပြီး
တွန်းချခဲ့ပြီးပြီ...."
"စိတ်လျှော့ပါ အကိုလေး....."
"ဘယ်လို အရူးမှန်းမသိဘူး....."
ကျွီ!!!!!!!!
Driver သည်စကားတပြောပြောနှင့်
Jimin တို့ဆီကိုအာရုံရောက်
သွား၍သတိတချက်လစ်ချိန်ကလေးလေး
တယောက်က ဘွားခနဲလမ်းပေါ်ပြေးတက်လာ
မို့လန့်ကာဘရိတ်အုပ်ချလိုက်တော့
အိပ်မောကျနေသူသည်ပေါင်ပေါ်မှ
လှိမ့်ချတော့မည့်အခြေအနေ...။
Jimin သည် ပေါင်ပေါ်မှ ဗိုက်ကိုမျက်နှာအပ်ကာ
ညစ်ပတ်နေသူ လှိမ့်သွားတဲ့အခါ
မြန်မြန်ဆန်ဆန်ဆွဲဖမ်းထားလိုက်ပြီး
ကလေးလေးတစ်ယောက်ကိုပွေ့သလို
အလန့်တကြားမျက်နှာမသစ်ရသေးသော
မျက်နှာလေးကို ဆွဲပွေ့ထားမိလိုက်သည်။
"ကားကိုဘယ်လိုမောင်းနေတာလဲ!!!!!"
Driver သည်နောက်ကိုအလန့်တကြား
ကြည့်မိတဲ့အခါ ဘာပြောရမှန်းတောင်မသိ။
ထောင်သာမကျရင် ကန်ချမယ့်သူက
သိမ်းပွေ့ထားလိုက်တာများ....။
"တောင်းပန်ပါတယ်...အကိုလေး....
တောင်းပန်ပါတယ်....!!"
Jimin သည် လုပ်ချင်တာလုပ်ပီးမှ
Driver သည် သူ ပြသနာကောင်ကို
သဲသဲလှုပ်သလိုဖြစ်သွားသလိုဖြစ်ရပ်ကို
တအံ့တဩကြည့်နေတာကြောင့်မျက်နှာတခုလုံးရဲခနဲ။
"ဖမ်းချင်လို့ဖမ်းထားတာမဟုတ်ဘူး
ပြုတ်ကျသွားလို့ သူနာသွားရင်
မင်းအလုပ်ထွက်ရမှာစိုးလို့.....
ပြူးကြည့်မနေနဲ့....ဖြေးဖြေးမောင်း
ဘရိတ်ဆောင့်မအုပ်နဲ့ ဖြေးဖြေးကွေ့...."
"ဟုတ်....ဟုတ်ကဲ့ အကိုလေး...."
MD Park၏မွှေးကြိုင်သင်းပျံ့နေသော
အနံ့အသက်နွေးနွေးလေးတွေကြား
ကဋေကဋာအဆိုးကတော့ ညစ်ညစ်ပတ်ပတ်ဖြင့်
ဆက်အိပ်လိုက်လာခဲ့သည်။
JeonGroupရဲ့တစ်ယောက်ထဲသောဆက်ခံသူ
ကိုလက်ထပ်ရတဲ့အတွက် Congratulations
ParkJiminလုပ်ခဲ့သူများကိုဒီလိုမြင်ကွင်းမျိုး
ကိုကြည့်စမ်းကြည့်စမ်းဟုပြလိုက်ချင်ပါသည်။
Company ရောက်တဲ့အခါနိုးလာသူသည်
အပေါ်တရောင်အောက်တရောင်ညဝတ်အကျီ
အိမ်မှာစီးတဲ့မွှေးပွဖိနပ် ပြီးတော့ရှုပ်ပွပွဆံပင်တွေရယ်
တကယ့်ဖရိုဖရဲပုံစံဖြင့်လက်ကောက်ဝတ်ကို
တောက်လျှောက်ဆွဲကာ Company အလည်
ကောင်တွင်မရပ်မနားစကားတွေအော်ပြောနေသည်။
နှစ်ရက်လောက်မပြောမဆိုပျောက်ပြီး
ပေါ်လာသူMD Parkကြောင့်အတွင်းရေးမှူးတွေ
မန်နေဂျာတွေက အပြေးအလွှားအလုပ်ကိစ္စ
ပြောဖို့ဝိုင်းလာကြတဲ့အခါ မောင့် အသံအကျယ်ကြီး
ထွက်လာပြီ...။
"သွားကြစမ်း!!ဘာမှလာမပြောနဲ့
ParkJiminအလုပ်မလုပ်တော့ဘူး
ဒီနေ့ကနင်တို့ကို
နူတ်ဆက်ဖို့လာတာ သွား!!!!"
"JeonJungkook!!!!"
လက်တွေကိုရုန်းကန်ဆွဲဖြုတ်သော်အခါ
အိတ်ကိုဆွဲလိုက်လာတဲ့သူ။
Jimin သည်ရုံးခန်းကိုသာမြန်မြန်ရောက်အောင်
သွားကာCompany အထိစိတ်ပျက်စရာ
ဒီအရှုပ်ထုတ်ကိုရှင်းမှဖြစ်တော့မညိ။
"ပြန်စမ်း!!!!!ငါ့ကိုတနေ့တမျိုးဒုက္ခပေးရတာ
မဝနိုင်တော့ဘူးလား..."
"ဒုက္ခပေးနေတာမဟုတ်ဘူး ကျတော်ပြောရင်
တစ်ခွန်းပဲဖြစ်စေချင်တာ ခင်ဗျားစိတ်ကြိုက်
ဘာတစ်ခုမှလုပ်ခွင့်မရှိဘူး ခုချက်ချင်းအိမ်ပြန်မယ်"
ရုံးခန်းထဲရောက်သည်နှင့်တံခါးပိတ်ကာ
ရန်ပွဲတစ်ခုသည်စတင်ချေပြီ။
"အလုပ်ကငါ့စိတ်ထွက်ပေါက်ပဲJungKook
မင်းမှာမင်းစိတ်ပျော်ရွှင်မှုအတွက်
ရည်းစားတွေ ပိုက်ဆံတွေ ပါတီတွေ
ကားတွေ ရှိတယ် ငါ...ငါဒီအလုပ်တွေကို
မှစိတ်နှစ်မထားရင် ငါ့မိသားစုအရေး
ငါ့အိမ်ထောင်ရေး ငါ့အနာဂါတ်ကဘာဖြစ်လာမလဲ
တွေးပြီးရူးသွားမှာစိုးလို့ မင်းတို့ပေးတဲ့
အကူအညီနဲ့ ငါထောက်ထားရတဲ့ဘဝကို
တကယ်ကိုမကြိုက်လို့ပါ....
အလုပ်လုပ်တာကိုတော့ မနှောက်ယှက်နဲ့ ကွာ...."
"မလုပ်ရဘူး ParkJimin....
စကားတွေတတ်တိုင်း Drama လာချိုးမပြနဲ့
ခုပြန်မယ်...."
"မပြန်နိုင်ဘူး !"
"Jimin!!!"
အလုပ်စားပွဲပေါ်တွင်Labtop စဖွင့်နေပီဖြစ်
သောJimin နဲ့ စားပွဲရှေ့ သောင်းကျန်းနေသူ
Jeonသည် ဘယိလိုမှငြိ၍မရနေ။
"မသိလို့မေးတာနော်...ငါရည်းစားဟောင်းနဲ့
တခါလောက်တွေ့တာ မင်းဘာလို့များ
ဒီလောက်ဆောက်တည်ရာမရဖြစ်နေတာလဲ
ငါတို့Public မှာ ရိုးရိုးသားသားကော်ဖီသောက်နေခဲ့တာ
မင်းကြည့်ရတာ ငါ့ကိုသဝန်တိုနေပုံပဲ
ဘာလို့လဲ မုန်းတယ်ဆိုပီး ငါ့ကိုစိတ်ဝင်စားနေပီလား
JeonJungkook..."
ပျက်ယွင်းသွားသောမောင့်မျက်နှာချောချော
သည် အမှန်တရားတွေကြီးအပြောခံလိုက်ရတာ
မို့နီရဲတက်သွားလျှက်...။
"စိတ်ကူးယဉ်နေသေးတယ်...ခင်ဗျား..."
"ဒါဆို လစ်တော့...သွားပြန်အိပ်လိုက်တော့..."
"မအိပ်ဘူး ခင်ဗျားကို....."
မောင်သည်...အစွယ်တွေပင်ထွက်လုမတတ်
မိစ္ဆာလေးလို MDကို ဖျစ်ညစ်ချင်နေပြီ။
လက်တွေပြင်နေသောအချိန် ဝင်သော
Ph callကြောင့် Jimin ကလက်ကာပြလိုက်သည်။
Jeon သည်လှုပ်ရှားမှုတွေကိုရပ်လိုက်ကာ
မျက်မှောင်တွေကျူံ့လျှက် စောင့်နေသည်။
"Hello MinYoongi Shi....မတွေ့ရတာ
တောက်ဘယ်နှရက်တွေရှိနေပြီလဲ..."
"ဟုတ်လား....လာခဲ့ရမှာပေါ့ဗျာ...
အချင်းချင်းတွေပဲ...."
"ကျတော်မဆက်သွယ်တာမဟုတ်ဘူး
ခရီးလေးတခုထွက်နေလို့...."
"အပန်းဖြေပါဗျာ....ဘာမှမဟုတ်ဘူး..."
"ပါတီဘယ်နှနာရီလဲ ဆိုင်ခွဲတွေထပ်ထပ်ဖွင့်နိုင်တာ
အားကျနေပြီနော်. ...."
"ဟုတ်ကဲ့...သေချာပေါက်လာခဲ့ပါ့မယ်...."
Jeon သည် ချက်ချင်း အသံကာလာ
မျက်နှာအချိုးအစား..တိခနဲပြောင်းလဲသွား
သောJimin ကိုကြည့်ကာ တအံ့တဩ..။
အသံသည်အလွန်ကိုချိုအီသည်...
အဆုံးသတ်တွင်ရီသံယဲ့ယဲ့လေးတွေထည့်ထည့်
ပြောနေခြင်းကြောင့်ပိုပိုအီသည်။
သူကလွဲပြီးတလောကလုံးကလူတွေကို
ParkJimin က ဒီလိုအသံဟန်တွေနဲ့
လိုက်ပြောနေတာလား...။
"သောက်ရမှာပေါ့...ဂုဏ်ပြုပေးပါ့မယ်ဗျာ
MinYoongi ကို ကျတော်တကယ်
မိတ်ဆွေရင်းလို ခင်မင်...."
မောင်ကအသံလည်းမရခဲ့ဘူး....။
မောင်က လူရိပ်လူယောင်မမြင်ရသော
အသံလှိုင်းအပေါ်မှာလည်း အထိမခံခဲ့။
ဖုန်းကို Jimin လက်ထဲကဆွဲလုကာ
CallEndလိုက်ပြီ...။
"အားးးးးး!!!!
MD Parkသည် သည်းမခံနိုင်တော့စွာ
အကျယ်ဆုံးထအော်ပြီး စားပွဲကို
လက်သီးဖြင့်ပြင်းထန်စွာထိုးတော့သည်။
မောင် ရုတ်တရက်မို့လန့်တော့လန့်သွားခဲ့ကာ
မျက်တောင်တွေတဖျက်ဖျက်ခတ်သွားသည်။
စားပွဲကိုအရှိန်နဲ့ထိုးလိုက်တာကြောင့်
ချက်ချင်းရဲတက်သွားသောလက်ဆစ်ကို
မောင် တချက်ကြည့်လိုက်ကာ
စားပွဲဆီမှ နောက်သို့တလှမ်းဆုတ်သွားသည်။
"ပြန်စမ်း!!!ငါမင်းကိုသတ်မိတော့မယ်...."
"တခြားယောကျ်ားတစ်ယောက်ကို
ခင်ဗျားအဲ့လိုအသံမျိုးနဲ့ ဖုန်းပြောစရာလား...."
Jimin သည် မျက်နှာတခုလုံးကိုစားပွဲပေါ်
သို့မှောက်ချလိုက်ကာဘာမှပြန်မပြောနိုင်တာ။
သည်းခံနိုင်တဲ့အတိုင်းအတာတခုကိုကျော်ပြီး
သူဒီလူဆိုးဒဏ်ကိုတကယ်လုံးဝမခံနိုင်တော့ပါ။
တိတ်ဆိတ်သွားပြီးနောက် ပြန်သွားပြီလာဟု
ထင်ခဲ့ပေမယ့် စားပွဲပေါ်အလှထားသော
လေလံစျေးကြီးပေးဆွဲထားရသော ဖန်ပန်းအိုးကြီး
ကိုခွဲချလိုက်လေပြီ။
ခွမ်းးးးးး
မလန့်တော့...Showroom တောင်ရိုက်ခွဲတာ
ရင်ဆိုင်ခဲ့ပြီးပြီပဲ...။ဘဝသည်ဘယ်လောက်
နူးနူးညံ့ညံ့ကျော့မော့စွာရှိခဲ့လည်း
JeonJungkook သတို့သားနေရာလက်မှတ်ထိုးပီးထဲက
သန်မာလာတာ...အဆင့်တခုကိုတောင်ရောက်နေပြီ။
တခန်းလုံးဖျက်ဆီးသွားလည်းမတုန်လှုပ်တတ်တော့ပါ။
"အိမ်ပြန်လာရဲရင်ပြန်လာကြည့်လိုက်
JeonJungkook ဘာကောင်လဲ
ကောင်းကောင်းသိစေရမယ်...."
Jimin သည်လုံးဝမော့မကြည့်ဘဲ
အသက်သာမှန်မှန်ရှုနေခဲ့သည်။
ထွက်ခွါသွားသောခြေသံတွေတဖြည်းဖြည်းဝေး
တော့မှ MinYoongiကိုဖုန်းပြန်ခေါ်ကာ
တောင်းပန်ရသည်။အလုပ်စလုပ်ဖို့ပြင်ရသည်။
အရင်လို အရမ်းကြီးတွေစိတ်ထဲထည့်မနေဘဲ
ဒီလူနဲ့ပြသနာတွေဟာ နေ့တိုင်းတခုမဟုတ်
တခုကြုံနေရမှာပဲလို့တွေးပြီး သက်တောင့်သက်သာ
နေလိုက်သည်။
ဘဝဆိုတာနေတတ်ဖို့ပဲလိုတာပါ။
.............
"ဂျေ ကြမ်းလှချည်လား..."
"ထိုးစမ်းပါကွာ ငါ့ဖဲကကောင်းနေပြီ
တက်တုန်း များများဖိရမယ်...."
JEonသည် လက်ဆစ်တွေနီရဲသွားတဲ့အတွက်
တစ်ရက်တော့အလုပ်ပေးလုပ်မည်
နောက်နေ့မရတော့ဘူးဟု ကိုယ့်ကိုကိုယ်ဆုံးမပြီး
မေ့မေ့ပျောက်ပျောက်ရှိအောင်
ဖဲဝိုင်းသို့ရောက်လာခဲ့သည်။
ဘေးနားတွင်TaeHyungရှိသည်...။
TaeHyungသည် သူတို့အဖွဲ့ထဲ
ရောက်လာကာ ပေါင်းလို့သင်းလို့
ကောင်းတာရယ်...TaeHyungကိုမြင်မိတာနဲ့
စိတ်ထဲ အမြဲတမ်း ပျော်သလိုလို
စိတ်အေးချမ်းသွားသလိုလို ဘာလိုလိုမပြောတတ်
တဲ့ ငြိမ့်ငြောင်းတဲ့ခံစားမှုလေးကြောင့်
JEonက TaeHyungဆို ကောင်းကောင်းမွန်မွန်
လေးလေးစားစားဆက်ဆံတတ်သည်။
"ဟာကွာ.....!!"
ဖဲဝိုင်း၏Kingသည်TaeHyungဖြစ်နေပြီး
JEon ဖဲကောင်းနေပေမယ့် ထယ့် ဖဲချပ်တွေကို
ပစ်ချပြလိုက်တဲ့အခါ လိုက်မမှီတာကြောင့်
အားမလိုအားမရအသံကြီးထွက်လာတော့သည်။
"Sorry ဂျေ ဒီနေ့မင်းဆီကပါလာတဲ့
အရာအားလုံးအကုန်သိမ်းမှာ
ကုန်ရင် မင်းကိုပါ သိမ်းမှာ..."
TaeHyungသည်မျက်လုံးတစ်ဖက်မှိတ်ပြရင်း
Jeonလောင်းထားသမျှအားလုံးသိမ်းသွားပုံကို Romတို့ကြည့်ကာမျောသွားကြသည်။
JEonကတော့ သဘောတကျခေါင်းတဆက်ဆက်
ငြိမ့်ရင်း နောက်တပွဲအတွက်ဖဲဆက်ချိုးနေသည်။
သိပ်ချောလွန်းကာ...အရောင်စုံလွန်းလှတဲ့
TaeHyung၏ထမင်းစားရေသောက်
စကားလုံးများသည် Jeonလိုလူမျိုးအတွက်
ကျသိပ်လည်းမဆန်းနေ...။
အပေါ်ယံဖြစ်ကြောင်းအပေါ်ယံအချင်းချင်းကပိုသိသည်။
ဒီလိုပဲ ကြုံသလို လွှတ်ခနဲ ပညာလေးပြပြတတ်
သောစရိုက်မျိုးသည် နှစ်ယောက်လုံးအတူတူမို့
ပြုံးရုံပဲ...။
TaeHyung ပေါ့ပါးပါးပါးလေး ပျော်နေတယ်ဆို
လုံလောက်နေသလို စိတ်ချမ်းသာနေသလို
စိတ်နှလုံးသားသည် အလွန်ကိုမှထူးဆန်းသည့်အရာ။
ပုံမှန်ဆို ဂျေ ဟာ ရှုံးလာရင် အနိုင်ပိုင်းနေသူကို
ရှုံးမဲမဲတတ်ပေမယ့် TaeHyungဖြစ်နေတာမို့
ဘာမှမပြောဆက်ကစားခြင်းကိုRomတို့သိပ်အံ့ဩ
နေကြသည်။
ဖဲဝိုင်းတခုလုံးကတော့သတ်မှတ်လိုက်ပြီ..။
ဂျေနဲ့TaeHyung ဆရာကျသူအချင်းချင်း
အီနေပြီဖြစ်ကြောင်း....။
အားလုံးသည်မသိမသာလက်တို့နေကြရင်းစပ်စပ်စုစုပေါ့။
"ပြီးရင် ငါဖိတ်ထားတာလိုက်ခဲ့ကြအုန်းနော်...
မိတ်ဖြစ်ဆွေဖြစ် ပွဲမှာသောက်မယ်စားမယ်မူးကြမယ်..."
"ဘယ်အချိန်လဲ TaeHyung.."
"၈:၀၀လောက်ပေါ့.....ဂျေ လိုက်မယ်မလား....
ကိုယ့်အသိ ပွဲပေမယ့် ကိုယ်နဲ့သူသိပ်Close
ဖြစ်တော့ ကိုယ့်ပွဲလိုပဲ..."
"ပါတီတွေ မတက်ဖြစ်တာကြာပီ
TaeHyungဖိတ်တာပဲ ကျတော်အထာမကိုင်ပါဘူး..."
"ဂျေ လား ငြင်းမှာ...TaeHyungရာ...
ဒီကောင်က ဒါမျိုးပွဲတွေစောင့်နေတာ..."
"ငါ ကြည်လင်မနေဘူးနော် Rom...."
ဖဲဝိုင်းသည်နောက်ထပ်တစ်နာရီလောက်
ရှုံးလိုက်နိုင်လိုက်ဖြစ်ကြရင်း
ည၇နာရီခွဲတဲ့အခါ ထယ်ယောင်းကဦးဆောင်ပြီး
ပါတီသို့Jeonတို့အဖွဲ့ကိုခေါ်ကာထွက်လာခဲ့ကြသည်။
မျဉ်းပြိုင်တွေဟာ ဘဝတွေအဆက်ဆက်
ပြိုင်ဆိုငိလာကြရင်း အချိန်တန်တော့
လည်းပြန်လည်ဆုံတွေ့ဖို့ ကံကြမ္မာငင်လာပြီပေါ့....။
...............
"အိမ်ရှေ့စံ......ကျတော်မျိုးကို
ဘာအကြောင်းနဲ့များအမြင်မကြည်ရသလဲ.....
အိမ်ရှေ့စံအပေါ် ယောင်း အနေနဲ့
ဘာအပြစ်မှမလုပ်မိဘူးထင်ပါတယ်...."
"ငါမင်းကိုအမြင်မကြည်တာမဟုတ်ပါဘူး...
JEonငယ်လေးက မင်းအပေါ်
သိပ်တွယ်တာနေတာ ငါမြင်နေရတယ်လေ
သူကငါ့ကလေးလေးလိုဖြစ်နေတော့
ပညာရေးအမတ်တစ်ယောက်ဖြစ်လာဖို့
စာအရမ်းကြိုးစားနေရမယ့်အချိန်မှာ
မင်းကိုစွဲလမ်းလွန်းပြီး လမ်းမှားသွားမှာကို
ငါသိပ်ပူပန်တာ ညတွေတောင်အိပ်မပျော်ဘူး...."
"ကျတော် ဘယ်လိုမျိုးများ လုပ်ဆောင်ပေးရင်
အိမ်ရှေ့စံ အိပ်ပျော်နိုင်မလဲ...
အိမ်ရှေ့စံ စိတ်မပူပန်နေရအောင်
ကျတော်မျိုး ဘာပဲဖြစ်ဖြစ်လုပ်ပေးပါ့မယ်...."
အိမ်ရှေ့စံသည် အဝါနုရောင် ဝတ်စုံလေးနဲ့
မနက်ခင်းစောစောတွင်သိပ်လှနေသော
ကချေသည်လေးကို ကြည့်ပြီးအရောင်တွေစုံလှသော
အပြုံးတချက်ပြုံးပြီးနောက်
"ငြင်းပါ.....အဲ့ဒီကလေးကို
မျှော်လင့်ချက်သေးသေးလေးတောင်
မထားနိုင်တော့တဲ့အထိ ယောင်းကငြင်းပေးပါ...."
ယောင်း၏လက်သွယ်သွယ်ကလေးတွေ ဒူးထောက်
စကားပြောနေရင်းမှ မသိမသာလေးဆုပ်
သွားကာ အိမ်ရှေ့စံက်ို မရဲတရဲလေးမော်ကြည့်လာသည်။
ချစ်တာ....ချစ်တာတွေများလေ
မာန်မာနနဲ့ လိုချင်တာကိုရအောင်ယူတတ်သော
အနိုင်ပိုင်းတတ်သော အဆိပ်သိပ်ပြင်းလှပါသော
ဒီဧကရာဇ်လောင်းကို ဒီကချေသည်လေးက
ရူးမတတ်ချစ်ရတာတွေကလေ....
ဘယ်လိုသုံးနူန်းပြရမှန်းတောင်မသိ..။
ဘာကြောင့်ငြင်းခိုင်းသလဲ.....
ယောင်းသိတာပေါ့.....။
သခင်လေးJeonအတွက်ချစ်ခြင်းမုန်းခြင်း
အလျှင်းမရှိလို့....ငြင်းငြင်းလက်ခံလက်ခံ
ဘာမှမထူးဆန်းပေမယ့်
အိမ်ရှေ့စံက သူလိုကချေသည်ကိုတကူးတကခေါ်ပြီး
Jeonက်ုတန်ဖိုးသိပ်ထားကာ လက်မလွှတ်နိုင်
ဖြစ်နေပုံသည် ယောင်း အတွက် သိပ်ကိုဝမ်းနည်းစရာပဲ။
"အမိန့်တော်အတိုင်းပါ....အိမ်ရှေ့စံ
ကျတော် ....သခင်လေးJeonကို
တစ်သက်လုံးစာ ပြတ်ပြတ်သားသားငြင်းလိုက်ပါ့မယ်
အဲ့ဒီအစား ညတိုင်းအေးချမ်းစွာအိပ်စက်ပြီး
စိတ်ချမ်းသာစွာနေပေးပါ...."
"လိမ္မာတယ် ယောင်း......"
ပထမဆုံးပဲ...အိမ်ရှေ့စံသူ့ကိုကြည်ကြည်လင်လင်
ကြည့်ပြီး ယောင်းလို့...ပထမဆုံးသာသာကြည်ကြည်
ခေါ်ခဲ့တာ....။သတိလက်လွတ်အိမ်ရှေ့စံကို
ရွှန်းလဲ့နေသောမျက်လုံးတွေနဲ့ယောင်းငေးကြည့်
မိတော့ အိမ်ရှေ့စံက ရေပြင်ညီလိုမျက်လုံးတွေနဲ့
ခပ်အေးအေးပြန်ကြည့်လာသည်။
လိမ္မာတယ် ယောင်းတဲ့လား.......။
သခင်ရယ်...ဒီဘဝမှမဟုတ်ဘူး
ဘဝဆက်တိုင်းကို ကျတော်ငြင်းပစ်လိုက်မှာ...။
ရင်တွေခုန်လိုက်တာ ပြိုလဲကျမတတ်...။
ဝမ်းသာသောမျက်ရည်တွေသည်
ဝဲတက်လာတာကြောင့်ချက်ချင်း
မျက်နှာလွှဲချလိုက်ရသည်။
အိမ်ရှေ့စံကတော့...စားပွဲပေါ်ကအချိုမုန့်လှလှလေး
တွေကိုသာရွေးစားနေခဲ့သည်။
အနံ့လေးတခုရလို့ မော့ကြည့်မိတော့
တူလေးနဲ့ညှပ်ပြီး ကမ်းပေးနေသော
အသဲပုံမုန့်လေးတစ်ခု....။
"ကိုယ်တော်ဒါမကြိုက်လို့....မင်းစားလိုက်...."
အစိမ်းရောင်အသဲပုံမုန့်လေးကို
ယောင်းစိုက်ကြည့်ပြီး အသက်ရှူလို့ပင်မဝခဲ့....။
"ပုံမှန်ဆို ဟိုကလေးအတွက်ချန်ထားနေကျ
ခုတလော သူ ကိုယ်တော့်ဆီမလာဘူး
စိတ်ကောက်နေတယ်ထင်ပါရဲ့....မင်းစားလိုက်ပါ...."
"ကျေးဇူးတင်ပါတယ် အ်ိမ်ရှေ့စံ....."
ရိုသေစွာယူလိုကိရင်း ယောင်းလက်ကလေးတွေ
တုန်ခါနေခဲ့သည့် ထိုအချိန်....။
အ်ိမ်ရှေ့စံရဲ့
"မင်းသူ့အချစ်တွေကိုဒီဘဝမဟုတ်ဘူး
နောက်ဘဝဘယ်နှဆက်ဆက်ဘယ်တော့မှ
မရဘူးဆိုတာ....မေတ္တာအရှိန်အဟုန်ကြီးမားမှု
ကိုတိုင်တည်ပြီးယုံကြည်မှုရှိရှိပြောခဲ့ခြင်းဖြစ်သည်။
အိမ်ရှေ့စံက သူ့နှလုံးသား
သူချစ်ခြင်းတရား သူ့မေတ္တာတရားကပဲ
သိပ်ကိုအင်အားကြီးတယ်ထင်ခဲ့တယ်
အပြိုင်အဆိုင် အင်အားကြီးပေးခဲ့တဲ့
ကချေသည်လေးရဲ့ ချစ်ခြင်းမေတ္တာအကြောင်း
တော့ ဧကရာဇ်မသိခဲ့ဘူး။
လိမ္မာတယ်...ယောင်းဆိုပီး အသဲပုံမုန့်ကလေး
တစ်ခုပေးရုံနဲ့...ယောင်းက ထိုဆုတောင်းကို
အပြည့်အဝ အောင်မြင်စေခဲ့ပေးတယ်....။
ဘဝတစ်ခုထဲမဟုတ်ဘူးနော်....
ဘဝအဆက်ဆက်ပဲ.....။
...............
ပါတီပွဲဟာ MinYoongi ၏လုပ်ငန်းခွဲတခု
ထူထောင်နိုင်လို့အထိန်းအမှတ်ပွဲမို့
လုပ်ငန်းရှင်တော်တော်များများရှိကြသည်။
ပြီးတော့ ဒီလုပ်ငန်းကိုထယ်ဝင်လုပ်ဖို့လည်းရည်ရွယ်
တားသည်။
ထယ့်ကိုလှမ်းကြည့်လိုက်တဲ့အခါခေါ်လာသော
ဘော်ဒါတအုပ်ဖြင့် ပြုံးပြုံးပျော်ပျော်..။
ဖြစ်နိုင်ရင်တော့ခါးလေးဖက်ကာ
လူတိုင်းကို ချစ်သူလေးပါလို့
လိုက်ကြွားချင်ပေမယ့်....
ထယ်က Public မှာ သိပ်အများကြီး
ကပ်တွယ်မနေတတ်..။
ပါတီကို သေသေချာချာဝတ်စားပြီး
တက်တက်ကြွကြွ လာပေးတာတောင်ကျေးဇူးတင်
ပေးရမှာမို့ Yoongi ဝိုင်ခွက်လေးကိုင်ကာ
လူတစ်ယောက်နဲ့စကားပြောနေသော
ထယ့်ကို လူကြီးလူကောင်းတွေလည်းအများကြီး
ရှိနေတာမို့ သွားလည်းဆွဲခေါ်လို့မရ..။
လက်မောင်းရင်းအထိတက်တူးတွေနဲ့
တကိုယ်လုံးရှုပ်ယှက်ခတ်နေသော
မျက်စိကြိမ်းလှသောလူကိုသဝန်တိုနေပီ
ဖြစ်သော်ငြားသူတို့စကားပြောနေပုံက
အေးအေးဆေးဆေးမို့ အီလည်လည်ဖြင့်ကြည့်နေရသည်။
MinYoongi ကိုမြင်ရင် Jimin မျက်လုံးထဲ
ဒေါ်လာတွေကိုသာတန်းတန်းမြင်သည်။
သိပ်ပြီးအလုပ်လုပ်တွဲလုပ်လို့ကောင်းသော
သူဌေးတစ်ယောက်မို့ ခင်မင်မှုပိုပြီးတည်မြဲရေး
ပါတီပွဲမျိုးဘာလို့အလွတ်ခံမှာလဲ...။
လူဆိုးလည်းတနေကုန်ပြသနာလာမရှာတော့။
တနေရာရာမှာအိပ်နေတာလား...ဖဲရိုက်နေတာလား
ကားပြိုင်နေတာလား ရန်ဖြစ်နေပြီလား
မိန်းမတွေနဲ့ ကလီကမာ ဇာတ်လမ်းရိုက်နေပြီလား
ထိုခေါင်းစဉ်တွေထဲကတခုတော့အသေအချာ
လုပ်နေလိမ့်မည်။
ပါတီတက်ရမှာမို့...သပ်သပ်ရပ်ရပ်လေး
ပြင်ဆင်ကာအနက်ရောင်ဆံပင်တွေကို
နောက်သို့လှန်တင်ပြီး ရေမွှေးနည်းနည်း
စွတ်ကာ ငြိမ့်ခနဲရပ်သွားသောကားပေါ်မှ
ကြွကြွရွရွလေးဆင်းလာခဲ့သည်။
Jimin ဟာ စီးပွါးရေးအသိုင်းအဝိုင်းထဲတွင်
အသက်ငယ်ပြီးထက်မြတ်လွန်းတာကြောင့်
နာမည်ကြီးသည်။တချိန်ထဲမှာအဖေကြောင့်
ယိုင်နဲ့သွားပြီး JeonGroupပိုင်ရှင်လောင်းလေးကို
ကောက်ယူလိုက်တဲ့အခါပို၍စိတ်ဝင်စားဖို့
ကောင်းသွားတဲ့ဘဝတခုကိုရခဲ့သည်။
ကောင်းသောမှတ်ချက်တွေ ဆ်ုးဝါးတဲ့မှတ်ချက်တွေနဲ့
Jimin ဟာ သန်သန်မာမာပါပဲ...။
"MD Park ပါတီတွေဘာတွေလာတက်လို့ပါလား"
"အရင်ကလည်းတက်ပါတယ်ဗျာ..."
"ခုတလောမတက်ပါဘူး...ယောကျ်ားငယ်ငယ်လေး
ကစိတ်မချလို့မလား..."
"ဆိုပါတော့.ဗျာ..ငယ်တော့တဇွတ်ထ်ိုးရယ်..."
JeonJungkook နဲ့နေ့တိုင်းလက်နဲ့ရိုက်
ခြေထောက်နဲ့ကန် လွှတ်ပစ်ကိုင်ပေါက်နေ
သည်ဟုသူတို့လည်းသိထားမှာပဲ။
သိသိရက်နဲ့အကဲစမ်းခြင်းကို
အဆင်မပြေပါဘူးလို့ဖြေစရာမလို။
လူတွေက တခါတရံတော်တော်အသဲစရာ
ကောင်းပါသည်...။
မကောင်းတဲ့ကိစ္စတွေဆိုပိုပိုသိချင်
စပ်စုခြင်းတာမျိုး...။
Jimin သည် နူတ်ဆက်လာသူမှန်သမျှ
ကိုအဆင်ပြေပြေပြန်နူတ်ဆက်နေပြီး
MinYoongiဆီသွားဖို့ဦးတည်ကာ
တလှမ်းချင်းလှမ်းလာခဲ့သည်။
ဟိုဟိုဒီဒီ မျက်လုံးတွေကစားရင်း
သိတဲ့သူတွေ့တော့လည်းပြုံးပြရင်း
လျှောက်လာချိန် ခန်းမ၏ထောင့်တနေရာတွင်
တွေ့လိုက်ရသော မြင်ကွင်း.....။
JungKook....။Jungkook ကသူ့အတွက်ကဘာမှမထူး
ဆန်းနေပေမယ့် Jungkook နဲ့မျက်နှာချင်းဆိုင်
ဝိုင်ခွက်တစ်ခွက်ကိုင်ထားပြီးရီရီမောမော
စကားပြောနေတဲ့လူ...။
စိမ်းပြာရောင်ဆံပင်တွေ.....။
စမြင်ခဲ့တာCompany မှာ
ပြီးတော့JungKookဖုန်းထဲကVideo...
အဝေးကြီးက Screen ပေါ်မြင်ထဲက
Jiminသည် မြင်တိုင်းမှာ စိတ်ထဲလုံးဝအဆင်မပြေခဲ့တဲ့သူ။
ခုတော့JungKookနဲ့အတူတူရီမောကာ
စကားပြောနေပုံကိုမြင်တော့ ကိုယ့်ကိုကိုယ်လည်း
နားမလည်နိုင်လောက်အောင်ဒေါသနဲ့ပူလောင်
ခြင်းများသည်အရှိန်အဟုန်နဲ့။
JeonJungkook ကိုမိန်းမပေါင်းများစွာနဲ့
အမုန်းတွဲတွေ့ဖူးသည်။
ယောကျ်ားလှလှလေးတွေနဲ့လည်းအိမ်အထိ
ခေါ်လာတတ်၍ရိုးအီနေပြီ..။
တခါမှတခါလေးမှ မကျေမနပ်မဖြစ်ဖူး..။
သူ့ဘဝနဲ့သူ ငါ့ဘဝနဲ့ငါ ဟု တွေးကာ
ဖြတ်ကျော်သွားတာကြီး...။
JeonJungkook ကိစ္စတွေကိုတကယ်ကို
သူစိတ်မဝင်စားခဲ့ပါ။
ဒါပေမယ့်....ဒီလူ...ဒီဆံပင်အပြာတွေနဲ့လူ
ဘေးတစောင်းမြင်နေရသော
မျက်ခုံး မျက်လုံး မျက်တောင်တွေ
နှာခေါင်း တွေ နူတ်ခမ်းတွေ...
တချက်တချက်ရီမောလိုက်တိုင်း
Jungkook က သဘောတကျကြည့်ကာ
လိုက်ရီမောနေပုံသည် ပထမဆုံးအကြိမ်မြင်ဖူး
သော်ငြား ပထမဆုံးမဟုတ်သလို
လက်ဖျားတွေပင်လှုပ်ခါလာသည်။
အိပ်စက်နေသောအိမ်ရှေ့စံ၏ဝိဥာဉ်သည်
သူသိပ်ချစ်သောJEonငယ်လေးအပြုံးလှလှ
လေးတွေ ဒီဘဝမှာလည်းဒီလူအတွက်ပဲလားဟု
သွေးရူးသွေးတန်းမြင်ရတဲ့အခါ
အလူးအလဲနိုးထလာတော့သည်။
အစွဲလန်းသည် ဘယ်ချွတ်၍လွယ်ပါ့မလဲ...။
Jimin သည်ဘယ်သူလာခေါ်ခေါ်
လာပြောပြော စကားပြန်မပြောနိုင်ခဲ့။
မိုးမမြင်လေမမြင် ကြည်နူးနေကြသော
လူနှစ်ယောက်ကိုသာ စိုက်ကြည့်နေသည်။
ခင်ဗျားကိုမြင်မြင်ချင်းထဲကအကြောင်းပြချက်မရှိ
မုန်းခဲ့တာ..ဆိုတဲ့JungKook၏စကားကို
စောက်ရူးလို့ သူဟားတိုက်ဖူးခဲ့သည်။
ခုသူကရော......။
ဝိုင်ခွက်ကိုင်ထားသောလက်သွယ်သွယ်တွေကအစ
JungKookကို သဘောတကျကြည့်ကာ
သိပ်ချောမောလွန်းသောရုပ်ရည်ကို
ကောင်းကောင်းအသုံးချတတ်လွန်းသော
ဒီလူကို သူပြေးတွန်းလွှတ်ကာဆွဲဖယ်ချင်သည်အထိပဲ။
ဘာတွေဖြစ်နေတာလဲဟု အထိန့်တလန့်
ကိုယ့်ကိုကိုယ်ပြန်မေးတော့လည်း
အဖြေမရှိ။ JungKookကိုသဝန်တွေတိုမိနေတာလား
ဆိုတော့လည်း ယူထားသောယောကျ်ားမို့
အတ္တရှိတယ်ဆိုအုန်းတော့ သူသည်သဝန်တိုနေတာ
မကနေပါ။ ပြီးတော့ ဒီစိတ်သည် ဒီတစ်ယောက်နဲ့မှ
အတင်းရုန်းကန်ထွက်ပေါ်လာခြင်း...။
Jimin သည် Jeon သူ့ကိုစတွေ့တုန်းက
ကြည့်ခဲ့တဲ့နာနာကျင်ကျင်အကြည့်တွေအတိုင်း
TaeHyungကို ခက်ထန်စွာလှမ်းကြည့်နေသည်။
ရုတ်တရက်အားတွေကုန်ခမ်းသွားသလို...။
အရာအားလုံးအမှောင်ကျသွားသလို...။
ဒီတစ်ခါမှာလည်း...သူပဲလိုချင်တာတွေကို
ရနေတော့တာလား.......။ဆိုတဲ့
အိမ်ရှေ့စံ၏စိတ်ဝိဥာည်သည်သောင်းကျန်းချေပီ။
ကိုယ်ခေါင်းအုံးအိပ်ဖူးတဲ့တက်တူး
အပြည့်နဲ့လက်တွေက ဆံပင်အပြာပေါ်က
အမှုန်အမွှားတွေကို ဖယ်ပေးနေတာကို
Jimin မြင်လိုက်ရတဲ့အခါ....
ချစ်ချစ်မုန်းမုန်း....ဘာတွေဖြစ်ဖြစ်
စိတ်ကတော့လွတ်သွားပြီ..။
မောင်....သည်ချစ်တာမုန်းတာနားမလည်ဘဲ
ပြာကျတတ်သလို မောင့်ဆိုင်သူလေးကလည်း
အကြီးမားဆုံးသော ဘဝအဆက်ဆက်က
ပြိုင်ဘက်ကို မြင်လိုက်ရတဲ့အခါ
မောင်ဟာ သူ့အပိုင်ပဲ...
မောင်ဟာ သူ့သက်ရှိ...
မောင်ဟာ သူ့ရဲ့တရားဝင်ယောကျ်ား....
မောင်ဆိုတာ သူ့အပေါ်အချစ်ရှိသည်ဖြစ်စေ
ရူးမတတ်မုန်းနေပါစေအုန်းတော့
ParkJimin ဆံပင်တွေနဲ့သာဆိုင်သည်။
ParkJimin ဆံပင်တွေကိုပဲထိရမှာ....။
နာမည်တောင်မသိဘဲ မြင်မြင်ချင်း
ရူးခါနေအောင်မုန်းရသောအပြာရောင်ဆံပင်
တွေကိုJimin လုံးဝမမြင်ချင်တော့....။
ဒီဘဝတော့ ဒီဘဝမှာတော့....
အဲ့ဒီမျက်တောင်အရှည်ကြီးတွေကို
အနိုင်လိုချင်မိပါသည်။
အတိတ်မှာ စုတ်ပြတ်သတ်အောင်ရှုံးခဲ့ရပြီးပြီမို့
ဒီဘဝတော့ နိုင်ရမှကိုဖြစ်မှာ....။
Jimin သည် မေးရိုးတွေတင်းသွားလျှက်
လက်သီးတွေကျစ်ကျစ်ပါအောင်
ဆုပ်ကာ ပါတီတခုလုံးကြားအောင်ဟိန်းထွက်
သွားသောအသံဖြင့်လှမ်းခေါ်လိုက်သည်။
"မောင်....!!!"
TaeHyung သည်အသံလာရာကို
ဆက်ခနဲလှမ်းကြည့်လိုက်ချိန်....
မြင်လိုက်ရသော မျက်နှာလေးကြောင့်
ဝိုင်ခွက်သည်ကြမ်းပြင်ပေါ်သို့ပစ်စလတ်ခတ်
ပြုတ်ကျသွားခဲ့သည်။
MinYoongi သည် MD Park၏
ဒေါသတကြီးအော်သံကြောင့်
ချက်ချင်းပြေးလာနေချိန်..
မောင်တစ်ယောက်ကတော့..မောင်ဟုခေါ်သံကြောင့်
ဝိဥာဉ်လွှင့်သွားခဲ့သည်...။
.................
ဆွိချင်တာ ခုမှဆွိရ😆
ရန်ဖြစ်သံမကြားရဘူး..
ဟာကိုပြင်ထား....."
"ဟုတ်ကဲ့....."
ဒုန်းးးးးးဒုန်းးးး
ကြားလိုက်ရသည်။
"သေလိုက်ပါလား...
အရုပ်မဟုတ်ဘူး....."
လုံးဝလက်မခံ။
ဘာတွေခံစားရပါစေ.....
ထည့်နေအုန်းမှာပဲ....။
ရှိနေတုန်းပဲ....။
"JeonJungkook!!!!!"
သူဘယ်လိုပြောပြရမလဲ......။
ဂရုစိုက်ပေးတာလေးတွေ
အခြေအနေမို့....
ယောက်ျားဆန်မှုတွေ ကြည့်မရပေမယ့်
၂၅နှစ်အရွယ်ယောက်ျားက ကလေးသာသာ
ပြန်လာထဲကသိပါသည်...။
"ငါမမေ့ပါဘူး...
မေ့လိုက်စရာလား...
"တောက်!!"
အိပ်ရေးသည်ဝမနေပါ...။
ဘယ်လိုလုပ်မလဲ။
မူးနောက်နေတာပဲ...။
သည်။
ရောက်လာခဲ့ပြီ....။
"အမယ်လေး!!!!"
လူဆိုးကောင်၏ခေါင်း....။
ထအော်မိတဲ့အထိ။
"ရူးနေလား!!!!!"
ကျတော်ခဏလေးအိပ်မယ်...."
"ဖယ်စမ်း!! ဖယ်စမ်း...!!"
"JeonJungkook!!!!!"
မသိတော့...။
ဆွေ့ဆွေ့ခုန်တော့သည်။
"ဟုတ်ကဲ့....အကိုလေး..."
တွန်းချခဲ့ပြီးပြီ...."
"စိတ်လျှော့ပါ အကိုလေး....."
ကျွီ!!!!!!!!
တောင်းပန်ပါတယ်....!!"
"ဟုတ်....ဟုတ်ကဲ့ အကိုလေး...."
ထွက်လာပြီ...။
ဒီနေ့ကနင်တို့ကို
နူတ်ဆက်ဖို့လာတာ သွား!!!!"
"JeonJungkook!!!!"
မဝနိုင်တော့ဘူးလား..."
"မလုပ်ရဘူး ParkJimin....
ခုပြန်မယ်...."
"မပြန်နိုင်ဘူး !"
"Jimin!!!"
JeonJungkook..."
"မအိပ်ဘူး ခင်ဗျားကို....."
အချင်းချင်းတွေပဲ...."
အားကျနေပြီနော်. ...."
လိုက်ပြောနေတာလား...။
CallEndလိုက်ပြီ...။
"အားးးးးး!!!!
"တခြားယောက်ျားတစ်ယောက်ကို
လေလံဈေးကြီးပေးဆွဲထားရသော ဖန်ပန်းအိုးကြီး
ကိုခွဲချလိုက်လေပြီ။
ခွမ်းးးးးး
နေလိုက်သည်။
.............
"ဂျေ ကြမ်းလှချည်လား..."
"ဟာကွာ.....!!"
ကျသိပ်လည်းမဆန်းနေ...။
ပြုံးရုံပဲ...။
နေကြသည်။
အီနေပြီဖြစ်ကြောင်း....။
"ဘယ်အချိန်လဲ TaeHyung.."
...............
"ငြင်းပါ.....အဲ့ဒီကလေးကို
သွားကာ အိမ်ရှေ့စံကို မရဲတရဲလေးမော်ကြည့်လာသည်။
ယောင်းသိတာပေါ့.....။
ဘာမှမထူးဆန်းပေမယ့်
"လိမ္မာတယ် ယောင်း......"
အသဲပုံမုန့်လေးတစ်ခု....။
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ....."
အိမ်ရှေ့စံရဲ့
တော့ ဧကရာဇ်မသိခဲ့ဘူး။
ဘဝအဆက်ဆက်ပဲ.....။
...............
တားသည်။
ကပ်တွယ်မနေတတ်..။
လုပ်နေလိမ့်မည်။
"ခုတလောမတက်ပါဘူး...ယောက်ျားငယ်ငယ်လေး
ကစိတ်မချလို့မလား..."
"ဆိုပါတော့.ဗျာ..ငယ်တော့တဇွတ်ထိုးရယ်..."
ကောင်းပါသည်...။
စပ်စုခြင်းတာမျိုး...။
စကားပြောနေတဲ့လူ...။
အမုန်းတွဲတွေ့ဖူးသည်။
ယောက်ျားလှလှလေးတွေနဲ့လည်းအိမ်အထိ
ဖြတ်ကျော်သွားတာကြီး...။
သူစိတ်မဝင်စားခဲ့ပါ။
ခုသူကရော......။
ဆိုတော့လည်း ယူထားသောယောက်ျားမို့
ရနေတော့တာလား.......။ဆိုတဲ့
မောင်ဟာ သူ့အပိုင်ပဲ...
မောင်ဟာ သူ့သက်ရှိ...
မောင်ဟာ သူ့ရဲ့တရားဝင်ယောက်ျား....
ဒီဘဝတော့ ဒီဘဝမှာတော့....
"မောင်....!!!"
ပြုတ်ကျသွားခဲ့သည်။
MinYoongi သည် MD Park၏
.................
ဆွိချင်တာ ခုမှဆွိရ😆
Bạn đang đọc truyện trên: AzTruyen.Top