💔15💔
စိတ်တွေသည် Hyung ဆီကစာအုပ်လေးရထဲက
ဖတ်ဖို့မအားလပ်ပေမယ့်အခန်းထဲကစာအုပ်စင်
ပေါ်မှာနေရာတကျရှိနေသောစာအုပ်လေးကို
မြင်တိုင်းမှာတော်ရုံအပူတွေအေးသည်။
JeonJungkook ကလည်းအိမ်ပြန်နေပေမယ့်
အရင်လိုတော့တစောင်းစောင်းဖြစ်မနေဘဲ
ကားModelအသစ်တစီးလဲဖို့ကိစ္စကိုတော်တော်လေး
အာရုံရောက်နေသည်။
နေ့လည်း ဒီကား ညလည်းဒီကားနဲ့
ယောက်ယက်ခတ်နေလျက်...။
သူဌေးသားတွေ၏ အပူအပင်သည်တရားကျဖို့
တော့ကောင်းသည်...ပိုက်ဆံမဖြုန်းရမှာစိုး၍
နေ့မအိပ်နိုင်ညမအိပ်နိုင်ဖြစ်နေခြင်း...။
ပိုက်ဆံမှမရှာဖူးတာ.....ပိုက်ဆံရှာဖူးတဲ့လူတစ်ယောက်
သည်ပိုက်ဆံတန်ဖိုးကိုသေချာနားလည်ပြီး
သူ့လိုဆုံးရှုံးဖူးတဲ့သူကတော့ ပြောဖွယ်ရာမရှိတော့။
သတိတော့ထားမိပါသည်...။
သူဆေးသွားယူတယ် ဆရာဝန်ဆီသွားပြီး
ပြန်ပြန်လာတဲ့ရက်ပိုင်းတွေကတည်တည်ငြိမ်ငြိမ်
ရှိကာ နဂိုအရင်းခံ ပေစောင်းစောင်းပုံစံမျိုးကလွဲ
စတွေ့တုန်းကလို အလကားနေရင်း
ခင်ဗျားကိုမြင်တိုင်းမုန်းတာ ဟု အသံနက်ကြီးနဲ့
အော်မနေတော့...။
သူလုပ်ချင်တာတွေလုပ်နေကာဘေးဘီကိုသိပ်အာရုံ
မရှိအေးအေးဆေးဆေးပါပဲ..။
ကန့်လန့်တွေမပြောဘဲ
မပြုမူဘဲ...သူ့အကန့်နဲ့သူနေပြီး
မိုးလင်းမိုးချူပ်အေးချမ်းနေရင်တော့
သိပ်လည်းမဆိုးလှပါဘူးလေ ဟုမှတ်ချက်ပြုလို့ရသည်။
...မောင်က တခါတရံသူမွေးထားတဲ့နှင်းခွေးအကြီး
ကြီးနဲ့အိမ်တော်ကြီးထဲစကားတွေပြောနေတတ်တယ်
မောင့်အသံဟာ တအိမ်လုံးကြားနိုင်တဲ့အထိ
ကျယ်ကျယ်လောင်လောင်....
ခွေးကြီးက တစုံတခု လိမ္မာပြတိုင်း သဘောတကျ
ထွက်လာတတ်တဲ့မောင့်ရီသံတွေဟာ...
သိပ်ရှားပါးလွန်း ကြားရခဲလွန်းတယ်
မောင်က တိရိစ္ဆာန်တွေကို သိပ်ချစ်တတ်တယ်
ဘီယာမူးပြီး နှင်းခွေးကြီးနဲ့အတူ ဧည့်ခန်းထဲ
အိပ်ပျော်ပျော်သွား
တတ်တဲ့မောင့်ကို Company ကပြန်လာသူ
မောင့်ရဲ့ဆိုင်သူက မြင်တိုင်း ရွံသလိုကဲ့ရဲ့သလို
နှာခေါင်းလေးရှုံ့သွားတဲ့မြင်ကွင်းမျိုးတွေက
အိမ်တော်ကြီးထဲမှာ ခဏခဏ..........။
ဒါပေမယ့်လည်းရန်မစဘူးဆိုအဆင်ပြေနေတာပဲ
လေ...။သူ့ဟာသူခွေးအိမ်ထဲသွားတိုးအိပ်အိပ်
ဒါကိုယ့်အပိုင်းမဟုတ်...။
ဘာပဲဖြစ်ဖြစ် ခုရက်ပိုင်းတွေတော့အရမ်းကိုနေရတာ
သက်တောင့်သက်သာရှိလှပါသည်။
........
ဒုန်းးးးးးးးးး
Jimin သည် ကြည်လင်တောက်ပလျှက်ရှိသော
စိတ်တွေနှင့် JeonGroup၏ရုံးခန်းထဲတွင်
ဥက္ကဌJeonခိုင်းသောကိစ္စတခုရှိတာကြောင့်
ရောက်နေခဲ့သည်။
JeonGroupမှာအောက်ခြေကစ
ရာထူးအကြီးဆုံး အထိ အားလုံးသည်
ဥက္ကဌJeon အမျှော်အမြင်ရှိစွာသွေးခဲ့သော
အဖိုးတန်တွေကြီး..။ပညာတွေအများကြီးရကာ
ဝန်ထမ်းတွေသည်သိပ်စိတ်ချရသည်။
အလုပ်လုပ်တာသိပ်ထိရောက်မှုရှိကာဥက္ကဌJeon
ကိုယ်တိုင်မလာတော့ဘဲ သူ့ကိုပဲနည်းနည်းပါးပါး
ကွတ်ကဲပေးဖို့လွှတ်လည်းလုံလောက်နေတာမျိုး။
ခေါင်းဆောင်မှု စီမံမှု ထိန်းချုပ်မှု သိပ်ကောင်းလွန်းသည်။
စည်းကမ်းကောင်းကာ ဆုပေးဒဏ်ပေးစနစ်သည်လည်း
အားရစရာ....။ဥက္ကဌJeonသည်အားလုံးကို
နိုင်နင်းစွာ အကွက်စေ့သည်။
သူမနိုင်တာ သူ့သားတစ်ယောက်ထဲ....။
Computer ထဲမှစရင်းတစ်ခုကိုစိတ်ဝင်တစား
ကြည့်နေတုန်း...ကျယ်လောင်သောတံခါးဖွင့်သံ
နဲ့အတူပြေးဝင်လာသောJeonJungkookသည်
တောက်ပနေသောအနက်ရောင်Leather
အကျီနဲ့....။
တစုံတခုအလျှင်လိုလာတဲ့ပုံထောက်ပြီး...
ဒေါသတွေလည်းထွက်လာတဲ့ပုံ...
ရန်ပွဲ၏အငွေ့အသက်တွေ ချက်ချင်းရလိုက်သည်။
"တံခါးကို ခေါက်ပါလို့ဘယ်နှခါပြောရမလဲ....!"
"ကိုယ်ပိုင်တဲ့Company ကကိုယ်ပိုင်တဲ့
ယောကျ်ားဆီလာတာ ခေါက်နေစရာမလိုဘူး..."
မနက်ကအထိ အခြေအနေသည် ဟုတ်နေတုန်း...။
သိပ်မဆိုးပါဘူးလေလို့ နောင်တဆယ်ဘဝလောက်
ရမယ့်အတွေးဆိုးကြီးကိုတွေးမိသေးတာ..။
ခုတော့ ထရိုက်ချင်လာပြီ။
အတွင်းရေးမှူးလည်းရှိနေတာကြောင့်Jimin သည်
ဟန်မပျက်ထိန်းကာစိတ်ကိုအနည်းငယ်လျှော့လိုက်သည်။
"ဘာဖြစ်လာတာလဲ...ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့..
ဘာပြသနာရှိလို့လဲ...."
စားပွဲခုံရှေ့ကိုထောက်လာသောလက်တွေမှာ
ဘာတွေမှန်းမသိရှုပ်ယှက်ခတ်နေပြီး
သူသောက်နေကျစီးကရက်နံ့နဲ့ ရေမွှေးနဲ့
ရောနေသောအနံ့သည် ခေါင်းပါမူးချင်လာသလိုလို...
အောက်နူတ်ခမ်းတွင်အရောင်လဲ့နေသော
အရာတစ်ခုတပ်ထားသေးသည်။
ခန္ဓာကိုယ်ကိုအပေါက်တွေလိုက်ဖောက်ရတာ
တော်တော်လေးဝါသနာပါပုံရကာ
ဒီပုံစံသည် သူတခုခုကြီးကြီးကျယ်ကျယ်လုပ်ဖို့
ပြင်ဆင်ထားတာသေချာသလောက်ရှိသည်။
မျက်လုံးတွေသည် အတွင်းရေးမှုးမလေးကို
တချက်စောင်းကြည့်လိုက်ပီးနောက်...
"နင်ထွက်....ငါတို့စကားပြောစရာရှိလို့"
Jimin ခေါင်းညိတ်ပြလိုက်တော့လိုအပ်တာ
တွေသိမ်းကာအတွင်းရေးမှုးသည်အပြင်သို့
ထွက်သွားသည်။
"ဘာလဲ...မြန်မြန်ပြော ငါအလုပ်လုပ်နေတယ်
မင်းလိုဆန်ကုန်မြေလေးမဟုတ်ဘူး.."
"ခင်ဗျားထိုင်နေတာ ကျတော့်နေရာပါ..."
"ဟုတ်လား လာထိုင်လေ...ငါကအရမ်းထိုင်ချင်နေတယ်
ထင်နေလို့လား...လာထိုင်လိုက်စမ်းပါ..."
"မလိုဘူး အလုပ်သမားရှိတာပဲ..."
"မင်း!!!!"
"ကျတော့်ကဒ်တွေရှိသမျှအကုန်Daddyပိတ်သွားတယ်
Accတွေရော ဒီနေ့ ပြမယ့် Edition ကို
ဝယ်မလို့လုပ်ထားတာ ဘာမှလုပ်မရတော့ဘူး
ဖုန်းဆက်တော့လည်း မကိုင်ဘူး
ဒါမျိုးက ခဏခဏပညာပြတာရိုးနေပေမယ့်
ကားက ဒီနေ့ရမှာဖြစ်မှာ..."
"အဲ့တာငါနဲ့ဘာဆိုင်လဲ..မင်းတို့သားအဖကိစ္စလေ..."
"ပိုက်ဆံလာယူတာ....Company Accတွေ
ရှိတယ်လေ.... "........" ခုထုတ်ပေး...."
ငွေAmount သည်ကြောက်စရာ။
သူ့ကားကစိန်စီထားလို့လား။
"ငါကလာကြည့်ပေးရုံပဲ ငွေကြေးတွေအထိမပါဘူး
BankAccတွေကမင်းအဖေပဲကိုင်တာ
မင်းသိရဲ့သားနဲ့....."
"မရဘူး....ခင်ဗျားဒီလောက်အစအဆုံး
လုပ်နေတာပဲ ဒါကိုမထိန်းချူပ်ထားဘူးဆိုတာ
မဖြစ်နိုင်ဘူး....ဒယ်ဒီကျတော့်ကိုမယုံလို့
ပိုက်ဆံနဲ့ပတ်သတ်ရင် ဘာမှလုပ်ပိုင်ခွင့်မပေးထား
လို့ပြောနေရတာ...."
"သားအရင်းတောင်မပေးထားမှာတော့
ငါကသူစိမ်းလေ....ရအောင်ဆက်သွယ်ပြီး
ပြန်ဖွင့်ခိုင်းလိုက်ပေါ့....ဘာခက်လို့လဲ"
"ဒီနေ့ငွေလွှဲရမှာ...ဒီညနေဆို တန်းဝယ်ရမှဖြစ်မှာ
ကျတော်အရင်ဆုံးအဲ့ဒီModelကိုစစီးရမှ
ဖြစ်မှာ သူနဲ့ပြန်ညှိပီး ကဒ်တွေAccတွေ
ပြန်ဖွင့်ပေးမယ့်အချိန်ကိုကျတော်မစောင့်နိုင်ဘူး..
ပေးဆိုပေးလိုက် ကိုယ့်အလုပ်ကပိုက်ဆံကိုယ်
တောင်းတာ ခင်ဗျားပိုက်ဆံတောင်းနေတာလည်း
မဟုတ်ဘူး...."
"ငါ့ပိုက်ဆံမဟုတ်လို့ ငါပြောနေတာပေါ့
ငါတစ်ဦးထဲဆုံးဖြတ်ချက်နဲ့ဒီလောက်ငွေAmount
အများကြီးကိုထုတ်ပေးလို့မရဘူး..."
မောင်....ကဥာဏ်နည်းနည်းများတတ်တဲ့ကောင်လေး..။
အင်း...မောင်ဟာ ကျိန်စာတွေဖယ်ရင်သိပ်ငယ်လွန်း
သေးတယ်လို့သတ်မှတ်လို့ရတဲ့အရွယ်မလို့
အကြမ်းနည်းမရတဲ့အခါ ပိုက်ဆံကအရမ်းကြီး
လိုနေပီမို့ မပျောက်တပျောက်ကလေးစိတ်လေးမှာ
Jimin ကိူချော့ပြောရင်တော့ရောက်လောက်မည်
ဟုတွေးလိုက်ပြီး မုန်းတာတွေချစ်တာတွေခဏထား
ပြိုင်ကားရရေးသာ ဦးစားပေးဖြစ်နေသည်။
မောင့်မျက်လုံးတွေသည်
ရည်းစားတွေအားလုံးကို စချဉ်းကပ်ရင်သုံးတဲ့
အရောင်တွေကိုချက်ချင်းပြောင်းလဲပစ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း သိပ်ဆွဲဆောင်မှုအားပြင်းသော
ယောကျ်ားတယောက်အသွင်ပြောင်းJeonဟာ
Jimin လည်းဘာအသားတွေနဲ့ထုထားလို့လဲလို့
ပေါ့ပါးတွေးရင်း....ခုတလောလည်းJiminနဲ့က
အရင်လောက်အခြေအနေမဆိုးတော့၍
သူရေးဆွဲရာအရုပ်ထင်လာမှာသေချာသလောက်။
အသံကိုတဝက်လောက်အထိလျှော့ချလိုက်ပြီး
"မောင့်ကို ခက်ခဲအောင်မလုပ်ပါနဲ့ကွာ....
အဲ့ကားမှမရရင် မောင့်သူငယ်ချင်းတွေကြား
အရမ်းအောက်မှာ Hyung သိရဲ့လား...
မောင့်ကို စိတ်ချမ်းသာစေချင်တယ်မလား..."
"မချမ်းသာစေချင်ပါဘူး....
မင်းကိစ္စနဲ့မင်း.....ငါနဲ့ဘာဆိုင်လဲ
အပိုင်ကြီးပဲ ပြောပုံက...."
"အော်..ဟုတ်လား....Sorry
မောင် ကိုယ့်ကိုကိုယ်အထင်တွေကြီးမိသွားတာ
Jeon JungKook...မင်းညံ့လိုက်တာ..
ဘာလို့တလွဲတချော်တွေပဲတွေးနေရတာလဲ
မင်းကွာ...."
မျက်နှာကိုလက်ဖြင့်အုပ်ကာသက်သက်လုပ်နေပုံ
သည်တကယ်ဟုထင်ရလောက်အောင်
သရုပ်ဆောင်တော်ပေမယ့် JeonJungKook
အကြောင်းသိနေတာထက်ပိုသိနေသူမို့
စိတ်ပျက်ချက်ကပြောဖွယ်ရာမရှိ။
ကောင်မလေးတွေရူးလည်းရူးပစ်ချင်စရာလေ....။
ဒီကောင်လေးကိုက...ဆယ့်နှစ်ကြိုးကဝေ...။
"တခုခုအသစ်ထွက်တာနဲ့လက်ထဲကို
မခက်ခဲဘဲ ဟက်ချလောင်း ဆိုပီး
ရောက်လာတတ်တဲ့ ဘဝလေးက
ခုတော့ ဆင်းရဲသားလေးလိုပိုက်ဆံတောင်းနေရတာ
ရင်နာဖို့တကယ်ကောင်းတယ် ကိုယ့်က်ုကိုယ်
လည်းမယုံနိုင်ဘူး....."
"တော်စမ်း...!!!!!ကလီကမာနဲ့...
မင်းမျက်နှာနဲ့ အဲ့လိုလုပ်ပြနေလည်း
မင်းဘာဆိုတာ ငါသိတယ် သွားပြန်တော့
ပေးစရာ တပြားမှမရှိဘူး...."
ကဝေကောင်လေးသည်...ခဏပါပဲ...။
ရမလားလုပ်ကြည့်ပေမယ့်မရတဲ့အခါ
တွန့်ချိုးသွားတဲ့မျက်ခုံးတန်းနှစ်ခုသည်
သိသိသာသာ။အလုပ်စားပွဲပေါ်မှခုန်ဆင်းလိုက်ကာ
ဆံပင်တွေဘာတွေပြန်သပ်လိုက်သည်။
"ဒေါသထွက်မလာချင်ဘူးနော်
လက်တွေလည်းပါမလာချင်ဘူး
ကျတော် ခင်ဗျားကို ပုံမပြောတတ်တာခင်ဗျား
အသိဆုံးပါ...ဒီအခန်းထဲပိတ်ပီး မပေးမချင်း
နှိပ်စက်ပေးရမလား.."
"Public နေရာမှာ...မင်းလူစိတ်မရှိတာကို
ပြချင်ရင်တော့ပြလေ...
သေချာတာတော့ ငါမလွန်နေဘူး....."
"ပိုက်ဆံမပေးတာ သေချာပီပေါ့..."
"အေး....."
"အိုကေ ဒါဆိုဒီကိစ္စကိုညကျသက်သက်ရှင်းမယ်
Daddyကိုဖုန်းခေါ်လိုက် ဘယ်မှာလဲမေးပေး
ကျတော်ဖုန်းခေါ်ရင်မကိုင်လို့
ခင်ဗျားတို့ကတော့ အဆင်ပြေတယ်မလား..."
"နေရာသိရင်ပီးရောမလား...ကိုယ့်ကိစ္စကိုယ်
ရှင်းကြစမ်းပါ ငါ့ကိုလာဆွဲမထည့်နဲ့.."
"ဆက်စရာရှိတာဆက်တော့...."
Jimin ဖုန်းခေါ်တော့ ဥက္ကဌJeonသည်ဖုန်းကိုင်သည်။
Jeon Groupက ကားထုတ်လုပ်ခြင်းကိုအဓိကထား
တာကြောင့်ဥက္ကဌJeonမြို့ထဲမှာနန်းတော်တမျှ
ကားShowroomတွေများစွာတည်ဆောက်ကာ
ချမ်းသာမှုကိုပြသည်။
အလန်းစားကားတွေထုတ်လုပ်ပီးတောင်ကိုရီးယား
ရောတခြားနိုင်ငံတွေကပါ နှစ်သက်စွာဝယ်ယူ
စီးနင်းခဲ့ပေမယ့် သူသားလေးတော့မပါခဲ့..။
JeonJungkook က JeonGroupကထုတ်တဲ့ကား
ကလွဲရင်ကျန်တာအားလုံးစီးသည်။
Jeon စီးသမျှသည်Limited Editonတွေကြီး
ဖြစ်ပြီး အဖေဖြစ်သူရဲ့ကားတွေထက်ပိုသာအောင်
ဝယ်ဝယ်ဂုဏ်ယူတတ်သေးသည်။
ထိုမျှလောက် တလွဲစပင်ကောင်းတဲ့သူ....။
ဥက္ကဌJeonသည်မနက်ဖြန်ဖွင့်မယ့် အမိုက်ဆုံးနောက်ဆုံး
ပေါ်နည်းပညာတွေနဲ့Showroomကိုရောက်နေပီး
ကြီးကြပ်နေသည်ဟုသိရသည်။
"Showroom ဖွင့်ပွဲစီစဉ်နေတယ်တဲ့...
မင်းကြားတဲ့အတိုင်းပဲ...ခုသိပီဆိုတော့
သွားပြန်တော့....."
"စိတ်လက်ချမ်းသာစွာ ထိုင်ကျန်ခဲ့လို့
ဘယ်ဖြစ်မလဲ...ခင်ဗျားပါလိုက်ခဲ့
အဲ့ပိုက်ဆံမရရင် ရောင်းစားဖို့...."
ကျတော်ကသိပ်လက်တန်းပါသည်....။
စားပွဲခုံပေါ်က အလှထားသောပြက္ခဒိန်ဖြင့်
မျက်နှာတည့်တည့်က်ုပစ်ပေါက်လိုက်တဲ့အခါ
သူရှောင်ချိန်မရခဲ့....။
"ParkJimin!!!!!"
ချက်ချင်းရဲတက်သွားသောထိသွားသောမျက်ခုံး
နားကအသားအရေသည် သိသိသာသာ။
JEon သည်တစုံတခုတော့ဘာမှပြန်မလုပ်ဘဲ
ခုံမှာထိုင်နေသောJimin ၏လက်ကောက်ဝတ်
တွေအားဆွဲဆောင့်ကာ အခန်းပြင်သို့ဆွဲခေါ်လာတော့သည်။
"လွှတ်စမ်း....မင်းကိစ္စမင်းရှင်းပါလား
ငါနဲ့ဘာဆိုင်လို့လဲ လွှတ်!!!!!."
"မပေးရင် အကျပ်ကိုင်ဖို့...ခေါ်လာတာ
ပါးစပ်ပိတ်ထား!!!!!"
Jeon Groupတစ်ခုလုံးရှေ့တွင်ဘယ်သူတဦး
တယောက်မျက်နှာကိုမှမကြည့်ဘဲ
MD Parkကို အရုပ်တရုပ်လို အော်ဟစ်နေသည့်
ကြားကဆွဲသွားသောJeon သည်မိုက်ကန်းကန်း..။
"ငါ့ကိုဒီလိုအရှက်ခွဲတာတွေအတွက်
မင်းတနေ့ကောင်းကောင်းနောင်တရစေရမယ်
ငါဆုတောင်းပြမယ် Jeon JungKook!!!"
ဆုတောင်းပြမယ်........။Jeonသည်ကျိန်စာဆိုသော
စကားကိုသိပ်မုန်းသည်......
ဆုတောင်းဆိုတဲ့အရာတွေကိုပဲသိပ်မုန်းလှသည်။
အသိစိတ်နဲ့မသိစိတ်ရဲ့ကွာဟမှု အသိစိတ်တွေ
လွတ်ထွက်သွားမှုတွင် အဓိကကနားထဲကို
ရောက်ရောက်လာတတ်သော
ကြမ်းတမ်းသော သွေးကျိန်စာတွေကြောင့်..
အိပ်တဝက်နိုးတဝက်တွင်ကြားရတတ်ပီး
နိုးလာရင် သူဘယ်တော့မှစိတ်မထိန်းနိုင်တော့။
ParkJiminကိုမဆီမဆိုင် တွန်းထုတ်ခဲ့သောအမှု
တွေကသက်သေပင်...။
တခါတရံကျတော့လည်းဆုတောင်းတွေ
မျက်ရည်တွေနဲ့ဆုတောင်းတွေ...
ရင်ဘက်တွေကိုဖိထားရတဲ့အထိ အောင့်မျက်ခဲ့ပါသည်။
လက်ရှိမောင်ဟာ...ကျိန်စာတွေအပေါ်
သိပ်ကျေနပ်ပျော်ရွှင်စွာအသက်ရှင်နေတာမျိုးမဟုတ်။
ကျိန်စာပြင်းသလောက်....
မောင်....တစ်ယောက်သိပ်ပူလောင်စွာ
သိပ်ပင်ပန်းခဲ့ရှာပါတယ်....။
ဆုတောင်းတွေထိရောက်သလောက်လည်း
မောင်တစ်ယောက် အရူးလို ဆေးပါစွဲသောက်ရတဲ့
အဖြစ်တွေ...။
ဆုတောင်းပြမယ်...ဆိုတဲ့စကားတွင် ကမ္ဘာတဖက်က
ဝိဥာဉ်သည်ပြန်ပူးလာသလား..
လက်ရှိကမ္ဘာကဝိဥာဉ်ကပဲထွက်သွားသလား
JEonသည်Jimin အကျီလည်ပင်းအား
ဆောင့်ဆွဲကာယူလိုက်ပြီး...
"ဆုတောင်းစမ်း!!!! ထပ်ဆုတောင်းလိုက်စမ်း...
ဆုတောင်းရဲရင် ထပ်ဆုတောင်းလိုက်စမ်းပါ...."
မျက်ထောင့်တွေပါနီရဲလာသောJeonသည်
အသံတုန်ရီစွာပြောလာသည်။
ဒေါသထွက်နေတာထက်ကျော်လွန်သော
ရင်ထဲမှလှိုက်ခါနေအောင်ထွက်လာသော
အသံကြီးသည်သိပ်ကြောက်စရာကောင်းလှပါသည်။
ဒါလေးပြောမိတာကို အရူးလိုမျက်နှာဘာကိစ္စဖြစ်
သွားသလဲစဉ်းစား၍မရ...။
"ဖယ်စမ်း......လူတွေရှေ့မှာ
ထိန်းမရ သိမ်းမရနဲ့....ဖယ်!!!!!"
JEonသည်ပ်ုပင်အေးစက်သွားလျှက်
ပိုနာကျင်အောင်ဆွဲခေါ်နေမှုကြောင့်
လက်ကောက်ဝတ်တခုလုံးနီရဲတက်နေပြီ။
အမိုးပွင့်ပြိုင်ကားနက်ပြာရောင်ထဲ
အရုပ်လိုပဲပစ်ထည့်ခံလိုက်ရသည်။
"ပါးစပ်ပိတ်ပီးလိုက်လာခဲ့...မပိတ်ရင်
ငါ့အကြောင်းသိမယ်...."
"အယုတ်တမာကောင်!!!
ငါမင်းကိုအရမ်းမုန်းတာပဲ.....
သေလောက်အောင်ကိုမုန်းတာ...."
"စိတ်မဝင်စားဘူး....
ဘဝတလျှောက်လုံး ဘယ်သူဘယ်ဝါတဦးတယောက်
ချစ်လာအောင်နေပြဖို့ ဝါသနာမပါခဲ့တဲ့
အတွက် ခင်ဗျားမုန်းတာ ဘာလုပ်ရမှာလဲဟာသပဲ..."
ကားစက်နှိုးကာထွက်သွားသောအရှိန်သည်
မတော်တဆတခုခုများဖြစ်ခဲ့ရင်နှစ်ယောက်လုံး
အသက်ပျောက်နိုင်သောအရှိန်အဟုန်မျိုး..။
Jimin သည်မျက်လုံးစုံမှိတ်ကာ
လက်သီးနှစ်ဖက်သာဆုပ်ထားလိုက်သည်။
"ငါ့ကိုကျိန်တာမျိုး ဆုတောင်းတာမျိုး
နောက်ဘယ်တော့မှ ထပ်မပြောမိစေနဲ့...ParkJimin
ငါနောက်တစ်ခါဆိုလုံးဝသည်းခံနေမှာ
မဟုတ်ဘူး ကြိုပြောထားပီးပီနော်...."
"ပါးစပ်က လျှောက်ပြောတဲ့စကားတွေ
ဖြစ်ချင်မှလည်းဖြစ်မယ့်ဟာ
တုန်နေအောင်ကြောက်လန့်ခံစားနေတာပဲ
ဘာလဲ မင်းကကျိန်စာမိနေလို့လား
ဆုတောင်းမှားခြင်းဒဏ်တွေခံနေရလို့လား...
၂၁ရာစုကြီးမှာ.....မင်းလိုကောင်မျိုးလဲရှိနေသေးတာပဲနော်"
ပြောနေသောမျက်နှာသည် သူသေအောင်
ကားအရှိန်ကိုကြောက်နေပေမယ့်
အသံကတော့သွေးတွေဆူလာအောင်လှလှပပလေး
ထွက်လာနိုင်ပါသည်။
"ကျိန်စာတွေမိနေတာ ဟုတ်တယ်......
ကျိန်စာပြယ်အောင် လုပ်ရမယ့်နည်းတွေ
လည်းသိတယ်....ပိုက်ဆံရဖို့ကအရေးကြီး
နေတာမို့...ပီးရင် ခင်ဗျားနဲ့ကျတော်
ဘောင်ချာစုတ်စရာတွေကြီးပဲနော်.....
မေ့မပစ်နဲ့....."
"ကြောက်နေရမှာလား...မင်းလိုကောင်ကို...."
JEon သည် နေကာမျက်မှန်အမဲကောက်တပ်
လိုက်ကာဘာမှပြန်မပြောတော့။
ဒေါသကတော့ လှိုက်စားကာ ရင်တခုလုံးဝုန်းဒိုင်းကြဲ
နေပြီ။ ဘောင်ချာစုတ်နေရင် တဖက်ကကိစ္စ
လည်းရှိသေးတာမို့ကားရပီးမှParkJiminနဲ့သူ
ငြိမ့်ငြိမ့်ညောင်းညောင်းတွေ့ကြတာပေါ့။
Showroom အသစ်စက်စက်ကြီးရှေ့အရောက်တွင်
ကားကိုကန့်လန့်ရပ်လိုက်သည်။
ParkJimin သည်ကားပေါ်မှာမနေချင်သူမို့
ကားရပ်တာနဲ့တန်းဆင်းကာမျက်နှာသည်လုံးဝ
မာကြောနေလျှက်...။
"လာခဲ့....."
လက်တွေကိုထုံးစံအတိုင်းမငြင်မသာပင်ဆွဲ
ခေါ်သွားကာမှန်တွေကြီး75%လောက်နဲ့
လုပ်ထားသော အလန်းစားနေရာထဲသို့
သူပါသွားခဲ့သည်။
"ဟယ်......!!!!မိုးတွေရွာချတော့မှာပဲ...
အတွဲလိုက်ရောက်လာတာပါလား....."
ကံဆိုးစွာစနူတ်ဆက်သူက ဗိုက်ဖုံးအကျီ
အကောင်းစားနှင့် ချွဲပျစ်ပျစ်အသံကို
ရာခိုင်းနူန်းပြည့်သုံးကာ ရောင်စုံမိတ်ကပ်
တွေနဲ့ JeonJungkook ရဲ့မိထွေး...။
ကံကောင်းစွာJungkook သည်
မမြင်ရသောမကောင်းဆိုးဝါးလို
ကျော်ခွသွားပြီးသူ့အဖေဆီသာသွားချင်တဲ့ပုံ။
"Jimin က နူတ်တောင်မဆက်ပါလား
Jungkook နဲ့ညားပီး လူမှုရေးတွေ
မကောင်းတော့တဲ့ပုံပဲ....."
JeonJungkook သည် ကျော်သွားပြီးမှ
ချက်ချင်းပြန်လှည့်လာတော့သည်။
ဗိုက်ကြီးသည်ကလည်းဗိုက်ကြီးသည်သွားသွား
စွလွန်းပါသည်။
Jimin ရုတ်တရက်ဆွဲရမလားဟုတွေးရုံလေးမှာပဲ
Jungkook လက်တွေကထိုမိန်းမ၏
ဆံပင်ရှည်တွေအားလုံးကိုဆွဲဆောင့်ပီးနေပြီ...။
"အားးးးးး နာတယ် နင်ဘာလုပ်တာလဲ!!!!
လွှတ်စမ်း ငါ့ဆံပင်တွေ ...!!!!"
"ParkJimin နာမည်နင့်ပါးစပ်ကထပ်ထွက်လာရင်
သွားတွေတချောင်းမှမရှိအောင်ရိုက်ပစ်မယ်
ကိုယ့်အကန့်နဲ့ကိုယ်နေ......
နင်လို မိန်းမပျက်က ငါနဲ့ဆိုင်တဲ့ဘယ်အရာကိုပဲ
ဖြစ်ဖြစ် ထိဖို့ကိုင်ဖို့ ပါးစပ်ကထုတ်ပြောဖို့တောင်
မတန်ဘူးဆိုတာ နင်သိတယ်မလား..."
မောင်က....အဲ့ဒီအမည်နာမကို...
အရက်ဝိုင်းမှာထွက်လာတာမျိုးကိုလည်း
လက်မခံနိုင်သလို...
မကောင်းတဲ့မိန်းမဆီက ထွက်ကျတာလာတာမျိုး
ကိုလည်း စက္ကန့်တောင်မစဉ်းစားဘဲ
ချက်ချင်းသတိပေးခဲ့တာမျိုး.......။
မောင်က....အသက်ရှုနေသောသက်ရှိကိုထားပါအုန်း...
သက်မဲ့အမည်နာမအပေါ်တောင်...
သိပ်ကျဉ်းကျပ်ခဲ့တယ်....
မောင်က....သိပ်ဆန်းကြယ်တယ်
ကဝေလို...ကြိုးတွေအများကြီးနဲ့........။
Jimin သည် တလုံးချင်းပြောနေသော
Jeon မျက်နှာကိုအံ့အံ့ဩဩကြည့်လိုက်မိသည်။
ဆိုင်တဲ့အရာတဲ့.....။
ရူးမတတ်မုန်းပါသည်ဆိုတဲ့ဒီလူရဲ့စိတ်ထဲ
သူက ဆိုင် နေသေးတာလား.....။
ဘယ်လိုပုံစံမျိုးနဲ့ဆိုင်နေရပြန်ရတာလဲ....။
JeonJungkookက တကယ့်စိတ်ရောဂါပါ...။
"Jeon JungKook!!!!လွှတ်လိုက်စမ်း...!!!!!!!"
ဥက္ကဌJeonသည် စိုးရိမ်ပူပန်သောလေသံ
အပြည့်ဖြင့်အဝေးကြီးနေအော်ကာ
ပြေးလာသည်။
Jimin သည် ကြောင်မနေတော့ဘဲ
JungKookလက်ထဲကဆံပင်တွေကို
လွှတ်ပေးအောင်ကြိုးစားရတော့သည်။
ကလေးလေးရှိနေတယ်ဆိုတဲ့အချက်နဲ့
သူကူညီပေးခြင်းပါ။
"လွှတ်ပေးလိုက်စမ်း ကိုယ်ဝန်ကြီးနဲ့
မြင်မကောင်းဘူး....သူများဆံပင်တွေ
ကိုင်တာမင်းမရွံဘူးလား....."
အောက်ကလည်းနာကျင်မကနာအောင်
ဆွဲထားခြင်းခံရတာကြောင့်အော်နေသည်။
ထိုကောင်လေးသည်လုံးဝမလွှတ်...။
"Jeon JungKook လူတွေကြည့်နေပီ...
မင်းအဖေလည်းလာနေပီ ...လွှတ်လိုက်တော့.."
ဆွဲထားသောလက်တွေကိုတဖြတ်ဖြတ်ရိုက်ကာ
ဖယ်ခိုင်းပေမယ့်သူကအမူအယာတောင်
မပျက်...။
"ငါ့နေရာအထိလာ ရိုင်းပြနေတာပဲ...
မင်းက တကယ်စိတ်ပျက်စရာကောင်းလွန်းတယ်.."
သူ့အဖေသေသေချာချာရောက်ပီဆိုတော့မှ
ဆံပင်တွေကိုကိုင်ထားရင်းမှ ဥက္ကဌJeon
ဘက်သို့ကြမ်းတမ်းစွာတွန်းလွှတ်လိုက်တဲ့သူ...။
"ကဒ်တွေအကုန်ပြန်ဖွင့်ပေး.....
ကျတော် ကားဝယ်မလို့...."
"မတန်ဘူး ငါကြည့်ပီးပီ စျေးတွေမတန်မဆမလို့
မဝယ်ဖြစ်အောင်ပိတ်ထားတာ..."
"ဒယ်ဒီနဲ့ဘာဆိုင်လို့လဲ....ကျတော့်ကိုအားလုံး
လွှဲပီးပီပဲ...ကျတော်ဒီလိုတွေဝယ်ချင်
သုံးချင်လို့ ဒီလူ့ကိုယူခဲ့တာလေ
ခုထပ်ထိ ကန့်သတ်နေတုန်းလား..."
"သုံးလို့ရပါတယ်....မင်းတန်ရာတန်ရာ
တွေသန်းထောင်ချီ သုံးနေတာ
ငါဘာပြောလဲ...ခုဟာက အရမ်းကို
မတန်နေလို့..အဖေတစ်ယောက်အနေနဲ့
ထိန်းတဲ့သဘောပါ..."
"ကျတော် ကားတွေအပေါ် ဘယ်တော့မှ
မတန်ဘူးလို့ မသတ်မှတ်ဘူး
အစုတ်လည်း ကြိုက်ရင်စျေးကောင်းပေးဝယ်ခဲ့တာပဲ
ဒယ်ဒီမိန်းမတွေကို သဘောထားသလိုပေါ့
ပြောရမှာ မနှိုင်းချင်ပေမယ့်အဲ့လိုပဲ
ဒီလောက် လမ်းဘေးကအစုတ်အပြတ်လေးကို
ဒယ်ဒီမတန်တရာတွေပေးဝယ်သလိုပေါ့.."
"မင်းထွက်သွားတော့.....!"
"ပိုက်ဆံပေးလေ...အစထဲက ဒယ်ဒီ
ကင်းကင်းနေလိုက်ရင်ပီးနေတဲ့ဟာ..."
"Jimin....မင်းသူ့ကို နေ့တိုင်းဒီလိုပဲ
ကြည့်နေတာလား...အန်ကယ်မင်းကို
အများကြီးမျှော်လင့်တာနော်..."
"ဒယ်ဒီတောင်မနိုင်တာ.....
ဒီ တကိုင်စာ လေးက ဘာလုပ်နိုင်မှာလဲ
စိတ်ကူးတွေသိပ်ယဉ်မနေဘဲ
ကျတော့်ဟာတွေအကုန်ပြန်ပေး...."
"မပေးနိုင်ဘူး....ပြန်တော့....
မင်းရိုင်းလွန်းကို မပေးနိုင်တာ...."
"ဒယ်ဒီ!!!!!"
"ပြန်ဆိုပြန်လိုက်ပေါ့ နင်အရမ်းလွန်နေပီနော်
ဒါငါနဲ့ အကိုကြီးရဲ့ ပိုင်နက်...."
"ဒီမိန်းမကတော့......."
Jeon သည်ဒုတိယအကြိမ်မြန်ဆန်စွာပဲ
ထိုမိန်းမဆီလက်တွေရွယ်လာသောအချိန်တွေ
တော့ သူအိမ်မှာလိုပဲဆွဲရတော့သည်။
"Jimin ပြန်ခေါ်သွား.....သူ့ကို
နောက်ထပ်ဘယ်တော့မှမလာစေနဲ့...."
"နာမည်ကိုတပ်မခေါ်နဲ့!!!!!"
JeonJungkook အသံကြီးသည်
သိပ်ကြောက်စရာကောင်းလှပါသည်။
အားချင်းမယှဉ်နိုင်တဲ့အခါကျတော့်သူ့လက်တွေ
ကိုအားကုန်သုံးဆွဲထားရင်းမှလွှတ်ထွက်သွားသည်။
ဒါပေမယ့် လွှတ်ပေးလိုက်ရင်မတွေးရဲစရာ
ပေမို့ ခါးတခုလုံးကိုသိုင်းကျုံ့းဖက်ကာ
ကျတော်ရပ်ရန် အသံကုန်ကိုထအော်ခဲ့ရသည်။
JeonJungkook ၏လက်တွေသည်အားသုံး
ဆွဲထားသည်ကြားက ထိုမိန်းကလေးဆီသို့
မရောက်ရောက်အောင်သွားနေကာ
ပါးစပ်ကထွက်လာသမျှသည်နားထဲ
ကျဉ်သွားသည်အထိ ပြင်းပြင်းထန်ထန်စကားလုံးတွေ..
လုပ်ချင်တိုင်းမလုပ်ရတဲ့အခါ ဆွဲရင်းပြုရင်းကနေ
လှည့်ကြည့်လာကာအော်တော့သည်။
"ခင်ဗျား ဘာဖြစ်နေတာလဲ!!!!!!!!
ရူးနေလို့ ဆွဲထားတာလား...
သေချင်နေတာလား!!!"
"ငါဝယ်ပေးမယ် ငါဝယ်ပေးမယ်....
အဓိကကရရင်ပီးရောမလား.....
မင်း အဲ့ကား ကို ရသွားရင် ပီးပီမလား...
တော်တော့ ငါအလုပ်မှာထဲကအရှက်ကွဲလာတာ
ဒီအထိ...ငါအဆင်မပြေတော့ဘူး...
တော်ပါတော့ ပုံမှန်မိန်းမတစ်ယောက်ကို
ရိုက်တောင် ရုပ်ဆိုးတာ...မင်းသွားရိုက်ချင်နေတာ
ကိုယ်ဝန်သည်...တော်ပါတော့....."
တစ်ချိန်လုံးအကြောကြီးလာသူက
လေသံတိခနဲပြောင်းသွားရင် သူစိုက်ကြည့်မိပြီ။
သူနဲ့ပဲရန်ဖြစ် သူနဲ့ပဲဒေါသထွက် သူ့ကြောင့်ပဲငို
သူ့ကြောင့်ပဲနာတာမျိုူးကိုကြိုက်သည်။
တခြားသူတယောက်ရောလာလို့ParkJimin
မျက်နှာမဲ့လာလျှင်...မကြည့်နိုင်တော့။
ရင်တခုလုံးကနေ နေရာလတ်မကျန်နာသည်။
"နှစ်ယောက်စလုံးသတိထား....
ကျပ်ကျပ်သတိထား....သူမပါဘဲ
တခေါက်သက်သက်ပြန်လာခဲ့မယ်....
အဲ့ကျမှ စရင်းတကယ်ရှင်းမယ်...."
ဥက္ကဌJeonသည် သားဖြစ်သူ၏
လက်ညိုးတွေကို ပြန်လည်မချေပ..။
ငိုချတော့မယ့် မျက်နှာလှလှလေးတစ်ခုပဲ
လိုတာပါလားဟုတွေးမိပြီးမပြုံးမိအောင်ထိန်း
ထားခဲ့ရသည်။
ဒါတောင်...သူဘာမှမဟုတ်ပါဘူးတဲ့လေ....။
လက်တွေကိုပြန်ဆွဲခေါ်လာကာShowroom
အပြင်သို့ပြန်ရောက်သွားခဲ့သည်။
"နောက်တစ်ခါငါ့ကိုမင်းတို့ရန်ပွဲတွေ
ကြားထဲမခေါ်နဲ့.....စိတ်ရှုပ်လွန်းလို့သေမှာ...!!!"
JEonသည်Jimin ကိုစိတ်မဝင်စားနေပါ
ကားပေါ်လည်းမတက်သေးဘဲ
တစုံတခုကိုတွေးနေတဲ့ပုံရပြီးနောက်
မျက်ခုံးတဖက်ပင့်သွားကာ အဝင်ဝက
အလှဆင်ထားသောကျောက်တုံးခပ်ကြီးကြီး
တခုကိုသွားယူတော့သည်။
"Jung..kook...ဘာလဲ ဘာလဲ
ဘာလုပ်မလို့လဲ......"
Jimin သည်အလန့်လန့်အဖျန့်ဖျန့်မေးနေစဉ်မှာပဲ
အသစ်စက်စက်Showroomကြီး၏ မျက်နှာဝ
မှန်ကြီးတစ်ချက်ဆီ အရှိန်သေချာယူကာ
ပစ်ပေါက်လိုက်သည်။
ခွမ်းးးးးးးးးးး
"JungKook!!!!!!"
ကျောက်တုံးသည်မှန်ကိုအားလုံးထိုးခွဲသွားပြီး
ပြထားသော 2021 Model Brandnew
ကားကြီးဆီတန်းသွားကာ ဘာတွေဖြစ်သွားပီလဲ
Jimin မကြည့်ရဲတော့။
မနက်ဖြန်Softopeningမယ့် အသစ်ကြီးလေ.....။
တဆိုင်လုံးရှိသမျှလူတွေအားလုံး
လုံခြုံရေးတွေ ရဲတွေ ဘေးဘီက
လူတွေပါချက်ချင်းဝိုင်းအုံလာကြတော့သည်...။
ဥက္ကဌJeonနဲ့ဇနီးလေးသည်လည်းအလန့်လန့်အဖျန့်ဖျန့်
ပြေးလာကာ ဥက္ကဌJeon၏မျက်နှာသည်
ချက်ချင်းအိုကျသွားတော့သည်။
" မင်း........"
ဥက္ကဠJeonသည်အသံသေးသေးလေးသာ
ထွက်လာနိုင်သည်။
"Sorry.အလှထားတဲ့ကျောက်တုံးတွေကလှတော့
အတုလားအစစ်လားစမ်းကြည့်တာ..."
Jimin သည်ဘဝတလျှောက်လုံးနေထိုင်လာတာ
ဒီလိုဆိုးဆိုးဝါးဝါးအပြုအမူအဖြစ်အပျက်မျိုး
တခါမှမကြုံဆုံဖူးတာကြောင့်ဝန်ခံရမည်ဆို
လန့်လည်းလန့်ကာ ကြောက်လည်းကြောက်ပါသည်။
ငါဒီလိုယောကျ်ားမျိုးကို ဘာကြောင့်များဟု
မယုံကြည်နိုင်စွာပြူးကြည့်နေမိပြီး
ရုတ်တရက်Shockသည်ကြီးခဲ့သည်။
သူကတော့ အားလုံးဝိုင်းကြည့်နေတာမို့ထုံးစံအတိုင်း
ကကြိုးစုံပြန်သည်။
"ဘာမှမဖြစ်ဘူး...မောင်လူဆိုးဆိုတာ
သိရဲ့သားနဲ့ မလန့်ရဘူးလေ..မောင့်Hyungလေး
တုန်တောင်နေတာပဲဗျာ..."
တကယ်နွေးနွေးထွေးထွေးချော့မြူနေတဲ့ပုံသည်
အသဲငယ်သူဆိုရင်ခွင်ပြိုဆင်းသွားနိုင်သည်။
"JungKook.မင်း...မင်း...တော်လောက်ပီ.....
.....အန်ကယ်....
ကျတော်...စိတ်မကောင်းပါဘူး....သူလုပ်လိမ့်မယ်လည်း
မထင်တော့လေ...ကျတော်ပြန်ခေါ်သွားပါတော့မယ်"
"ဘာကိစ္စလိုက်ရမှာလဲ နောက်မှန်တွေကျန်သေးတယ်"
"လာစမ်း!!!!!!. တလောကလုံးကြည့်နေပီ...."
လုံလောက်ပီလို့စိတ်ထဲထင်တာကြောင့်
Jiminဆွဲခေါ်ရာနောက် နေကာမျက်မှန်
အနက်ရောင်ကိုဟန်ကျကျလေးတပ်လိုက်ကာ
လက်ကလေးပြပြီး နူတ်ခမ်းတဖက်ကွေးတက်သွား
အောင်အားလုံးကိုပြုံးပြသွားတဲ့မောင်သည်
ကဋေကဋာအဆိုး......။
မောင်....ပြိုင်ကားမဝယ်ဖြစ်ခဲ့ပါဘူး.....
အဲ့ဒီနေ့က ဘယ်လောက်လျှောက်ဖျက်ဆီးခဲ့ဖျက်ဆီးခဲ့
တွေတွေလေးရှားရှားပါးပါးဖြစ်ခဲ့ရတဲ့နေ့....။
အိမ်ပြန်ရောက်တော့ အိမ်ရှေ့ကမြက်ခင်း
ပေါ်ပက်လက်လှန်ကာ မလှုပ်မယှက်နေပြီး
ထလည်းမလာခဲ့...။
မောင့်ရဲ့ဆိုင်သူကတော့ ထိုShowroom
ကိုချက်ချင်းပြန်ကာ ဥက္ကဌJeonကို
ကူညီပေးနေခဲ့ရသည်။
မောင်ကတော့ မြက်ခင်းပေါ်မှာပက်လက်လှန်က
ဆွေးနေတုန်း...။
မောင်က...စိတ်ရှိသလို ဘဝနေ့တွေကို
ကြုံရာအရောင်နဲ့ခြယ်တယ်.....
လိုက်၏မလိုက်၏ ဘယ်တော့မှမရုမစိုက်ခဲ့....။
......။
လိုချင်တာမရရင် အထူးသဖြင့်ကားဆိုသော
အရာနဲ့ပတ်သတ်လာရင်Jeonသည်
အသဲအစစ်အမှန်ကွဲတတ်ကာ ပြိုင်ပွဲတစ်ခု
ကိုရောက်နေပီးဝင်လည်းမပြိုင်နိုင်
ကားကိုမှီကာစီးကရက်ပဲသောက်နေသည်။
"မဝယ်ဖြစ်တာလည်းကောင်းတယ်ကွ
သိပ် မလန်းပါဘူး ဂျေရာ...."
"စု ချင်တာ...ဘာပဲထွက်လာထွက်လာ
ငါအရင်ရချင်တာ...ဒယ်ဒီမမိုက်ဘူး"
"Showroomသတင်းတွေ့လိုက်တယ်
Nice Bro!!!အားရမိတယ်..."
Rom သည်ပုခုံးတွေဖက်ကာအားပေးတော့
Jeonကပြုံးသည်။
"ဖြစ်နိုင်ရင် တခုလုံးလုပ်ပစ်ချင်တာ....
ParkJimin က တချက်ပဲထုရသေးတယ်
သွေးစုတ်နေပြီ..."
"Jiminshiကြောင့်လျှော့လိုက်တာပေါ့...."
ပုခုံးကလက်တွေကိုဆွဲဖြုတ်ကာစိုက်ကြည့်ပြီမို့
Romကနားလည်စွာပြန်ပြုံးရင်းခပ်တင်းတင်း
တချက်ပြန်ဖက်လိုက်သည်။
"ParkJimin ParkJimin ကြောင့်...
ငါဒါကိုပြောချင်တာပါ....
တဆိတ်လောက် ဂျေ မင်းမုန်းတယ်ဆိုသေးတယ်
ဘာလို့ဆက်ဆက်အထိမခံရတာလဲ..."
"ဆက်ဆက်အထိမခံဘူးဆိုတာဘာစကားလဲ
မိန်းမဆန်လိုက်တာ...
ငါကအဲ့လောက်ဆိုးနေလို့လား..."
အဲ့ထက်ပိုဆိုးတယ်လို့ပြောလိုက်ချင်ပေမယ့်
မပြောရဲခဲ့....။Rom သည်စီးကရက်သာ
ဖွာနေလိုက်သည်။
"အဲ့လောက်ယောကျ်ားတယောက်အပေါ်
အထိမခံသဲသဲလှုပ်နိုင်တာစောစောကသိခဲ့ရင်
လည်း မင်းကိုငါတွဲခဲ့ပါတယ် ဂျေရယ်..."
"ဆောင့်ကန်လိုက်လို့...အိမ်ပြန်ရောက်သွားမယ်..."
"စတာပါ...စကြည့်တာ...."
ဂျေသည်စစနောက်နောက်လုပ်နေရင်းမျက်လုံး
တွေလည်းကစားနေသည်။ကားပြိုင်ပွဲ
နေရာတွေကသိပ်ကိုစည်ကားကာလူငယ်အများစု
စုပြုံရှိနေကြပီးစိတ်ရှိတိုင်းလွင့်လို့ရသော
လမ်းမတွေဆိုလည်းမမှား..။
မိန်းမလှလေးတွေ သူဌေးသားသမီးတွေ
Celebrity တွေ နဲ့ အထူးမျက်စိကစား၍ကောင်းလွန်းသည်။
"Oh!!!!! ဂျေ...ဟိုဘဲ....ကိုကြည့်အုန်း
အသစ်လား တခါမှမမြင်ဖူးဘူး....."
Romလက်ညိုးထိုးပြရာသို့Jeonသည်
လှမ်းကြည့်လိုက်တဲ့အခါ....စီးကရက်ရှိုက်နေရင်း
မှခေတ္တရပ်သွားကာကြောင်စီသွားခဲ့သည်။
စိမ်းပြာရောင်တွေ........။
သူတို့လိုပဲကားတစီးရှေ့တွင်အသိတယောက်နဲ့
မတ်တပ်ရပ်ကာစကားပြောနေသောသူသည်
အပွင့်အခတ်တွေပါသောShirt အကျီလှလှလေး
ကိုဝတ်ထားကာ ရင်ဘက်ဖွေးဖွေးလေးအား
စတိုင်ထုတ်ဖော်ထားကာ ဆွဲကြိုးလှလှလေးတွေ
အများကြီးနဲ့မလုံမခြုံဖုံးထားသည်။
အညိုရောင်ဘောင်းဘီခပ်ပွပွဖြင့် ဆံပင်ပြာတွေကို
တချက်တချက်ခါရင်းပြုံးရွှင်စွာစကားပြောနေပုံ
သည် လုံးဝပေါ့ပါးစွာ လွတ်လပ်စွာ...။
လိုက်ရှာနေတယ်လို့မဟုတ်ပေမယ့်Clubမှာတခါ
ပဲတွေ့လိုက်ရတယ် သူခံစားချက်တွေ
မကောင်းခဲ့လွန်းလို့ မှတ်တမ်းပြန်ယူကာ
ထပ်ကြည့်မိသေးသည်။
ကြည့်တိုင်းမှာ ဝမ်းနည်းဆဲ...။
ဒုတိယတခါ အခုအပြင်မှာတွေ့ရပြန်ပြီ။
ဘာတခုမှမပြောင်းလဲသွားပါ.....။
ပြုံးရွှင်စွာအပူအပင်မဲ့ တွေ့နေရခြင်းကို
ပျော်လွန်းနေသလိုလို....ပျော်နေရင်းကနေ
ယူကျုံးမရစွာဝမ်းနည်းလာပြန်သည်။
ParkJimin ကို တခုခုပြောထွက်လိုက်ဖို့
ထိန်းမရသလိုပဲ ဒီလူကိုမြင်တိုင်း
ဝမ်းနည်းဝမ်းသာရောပြွန်ခံစားချက်ကြီးက
ပိုရူးတယ်ဟုသတ်မှတ်၍ရပါသည်။
"ဂျေ ဘယ်လဲ......???"
ခြေလှမ်းတွေသည် အနီးကပ်သွားကြည့်လိုက်
ချင်သောစိတ်ကိုတွန်းပို့နေကာတခါမှတကြိမ်မှ
မသိသေးပေမယ့် Jeonသည် ပျက်နေသော
မျက်နှာမျိုးနဲ့အတူ ထိုအပြာရောင်လေးဆီလျှောက်သွား
ခဲ့သည်။
နီးလာလေလေ...ပိုနီးလာလေလေ....
အနီးဆုံးကိုရောက်သွားလေလေမှာ
ထင်ထင်ရှားရှားပေါ်လာသော
နှာခေါင်းမြင့်မြင့်တွေ....
အသဲပုံနူတ်ခမ်းလှလှလေးတွေ...
ဖြူဖြူစင်စင်အပြုံးအရီလေးတွေ....
စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးအပိုင်းကတော့
မျက်တောင်အရှည်ကြီးတွေပဲ........။
ကြားနေရသော အသံဩဩလေး..
လက်သွယ်သွယ်လေးသုံးကာစကားပြောနေပုံသည်
Jeonအတွက် ပြင်းပြင်းထန်ထန်စို့နစ်လာကာ
တချိန်ထဲမှာပဲ
ကောင်းကောင်းနေနေတာပဲ...
အလှဆုံးအပြုံးတွေပြုံးနေသေးတာပဲ....
လှလှပပလေးပြန်တွေ့ရတာပဲဆိုတဲ့
ဝမ်းသာမှုတွေကလည်းအလုံးအရင်းလိုက်.....။
Jeonသည် ပြောချင်ရာပြော စိမ်းပြာရောင်လေး
အားစကားတခွန်းမှပင်မနူတ်ဆက်ပဲ
အနီးဆုံးအထိရောက်အောင်လျှောက်လာကာ
ပေါ်တင်ကြည့်နေခဲ့သည်။
ချောလို့ လှလို့ မိုက်လို့ ကြိုက်လို့....
ပူလောင်တဲ့ခံစားချက်တစိုးတစိမှမပါဘဲ
တော်သေးတာပေါ့....ဒီလိုလေးအသက်ရှင်နေပေးတာ
ဆိုတဲ့..ဝမ်းသာမှုတခုထဲနဲ့သာJeon
မထိန်းနိုင်မျက်ရည်ဝဲတက်လျှက်ကြည့်နေပြန်ခဲ့သည်။
"Hey...!!!!နေမကောင်းဘူးလား..."
စကားပြောနေတုန်းရုတ်တရက်မျက်နှာရှေ့တည့်တည့်ရောက်လာကာ
မိုးပြိုကျတော့မလိုမျက်လုံးတွေနဲ့လာစိုက်ငေးနေသော
ယောင်းဖျက်ခနဲမှတ်မိပြီးပြီဖြစ်သောဒိတ်ဒိတ်ကျဲ
သူဌေးသားလေး၏မျက်နှာကိုလက်တွေဖြင့်
ဝှေ့ယမ်းလိုက်ကာမေးလိုက်သည်။
"Hey...!!Bro!!!"
ဒုတိယအကြိမ်အသံလေးအနည်းငယ်ကျယ်
လာမှJeonသတိပြန်ဝင်ကာလှုပ်လှုပ်ရှားရှား
ဖြစ်သွားခဲ့သည်။
"Sorry!!!ကျတော်....."
"ကိုယ့်မျက်နှာက မင်းအတွက်ဝမ်းနည်းစရာ
ဖြစ်နေလို့လား ချာတိတ်...မင်းမျက်ရည်တွေနဲ့..."
Jeon သည်အလျှင်စလိုသုတ်လိုက်ကာ
မျက်လုံးတွေကိုကစားလိုက်သည်။
"မဖြစ်ပါဘူး...မဖြစ်ဘူး....ဒီလ်ိုပဲကျတော်က
နည်းနည်း...."
"ရပါတယ် ....."
သက်တောင့်သက်သာဖြစ်စွာပြုံးပြနေသော
လူသည် ဘာခံစားမှုမှမရှိ...
ဘာမှမရှိ...ဝမ်းနည်းဝမ်းသာဘာဆိုဘာမှမရှိ။
တချ်ို့သော မချစ်ခြင်းတရားတွေက
ရက်စက်တယ်.....မချစ်ဘူးဆိုရင်လေ
သူသေသွားရလို့ကိုယ်လည်းလိုက်သေ
ပေးခဲ့တာတောင်....သေခြင်းတရားတခုလုံး
ကိုတောင်သက်သေပြချစ်ပြခဲ့တာတောင်
အမှုံအမွှားလေးမျှ...သယ်မလာပေးခဲ့ဘူး...။
ယောင်းနောက်ဆုံးအချိန်အထိငေးကြည့်ခဲ့တာ
အသက်မကုန်ခင်အထိနှလုံးသားထဲထည့်ခဲ့တာ
ဧကရာဇ်တပါးထဲမို့....ပြန်ဆုံတွေ့ခြင်းတွင်
တဖက်မှာလွမ်းဆွတ်စွာ
မျက်ရည်ဝဲနေမယ့်...မချစ်ခြင်းတရားတွေကတော့
ခပ်အေးအေးလေးသာ.......။
စိတ်ရောနှလုံးသားရော ဘာလှုပ်ရှားသတိရမှုမျိုး
မှမရှိခဲ့....။
ရက်စက်ခဲ့ခြင်းတွေသည်...ဓားထက်ထက်လိုပဲ...။
"KimTaeHyung ပါ...ဒီနေ့မှရောက်ဖူးတာမို့
အကူအညီလိုရင်ပေးပါအုန်းနော်..."
သွက်သွက်လက်လက်လက်ကလေးပေးလာသူ
သည်ဆက်ဆံရေးကောင်းကြောင်းသိပ်သိသာပါသည်။
"အင်း....ကျတော် ဂျေ ပါ...."
"လူကလည်းမှတ်ရလွယ်တယ်
နာမည်ကလည်းမှတ်ရလွယ်ပါတယ် ဂျေ...
ခုတော့ ကိုယ် လိုက်ကြည့်လိုက်အုန်းမယ်
နောက်တွေ့ရင်နူတ်ဆက်နော် Seeyou ချာတိတ်....."
ဘာဆန်းလို့လဲ...ဒီလိုချာတိတ်လေးတွေ
ပုံစံမျိုးစုံနဲ့လာချည်တာ..ရိုးအီနေတဲ့အကွက်တွေ။
TaeHyung သည် ယဲ့ယဲ့လေးပြုံးလိုက်ကာ
သူ့ဘက်ကစသတိထားမိပြီး သိကျွမ်းချင်သလိုလို
ဖြစ်နေသောကောင်လေးကအရင်လာ
အကွက်ရွေ့တာကြောင့်ကျေနပ်နေသလိုလို...။
လူကြီးကိုဖုန်းဆက်ကြွားရင်
အခန်းထဲကထွက်ခိုင်းတော့မည်မဟုတ်....။
ဒါပေမယ့်လည်းကြွားမှာပဲ.....၊။
..........
ခြံထဲကားထိုးပီးတာနဲ့မြက်ခင်းကိုတချက်
အရင်လှမ်းကြည့်လိုက်သည်။
ကားမရ၍ ကြေကွဲနေသူ ဒီအချိန်အထိပက်လက်မလှန်
နေတော့တာကြောင့်သက်ပြင်းတချက်ချကာ
အိမ်ထဲသို့ရုံးအိတ်လေးကိုင်လျှက်
ပြေးဝင်သွားတဲ့MD Parkသည်
လူဆိုးလေး ညအထိ လှဲနေမှာကိုစိုးရိမ်နေပုံ
ထောက်ပါသည်....။
ကံကြမ္မာရေးဆွဲနေသူကိုပွင့်ပွင့်လင်းလင်း
မပြောပြခဲ့ပေမယ့်လည်းပေါ့....။
.........။
အာရုံရောက်နေသည်။
ယောက်ယက်ခတ်နေလျက်...။
သတိတော့ထားမိပါသည်...။
အော်မနေတော့...။
ကန့်လန့်တွေမပြောဘဲ
ကျယ်ကျယ်လောင်လောင်....
အိပ်ပျော်ပျော်သွား
........
ဒုန်းးးးးးးးးး
ရောက်နေခဲ့သည်။
အဖိုးတန်တွေကြီး..။ပညာတွေအများကြီးရကာ
အကျီနဲ့....။
ယောက်ျားဆီလာတာ ခေါက်နေစရာမလိုဘူး..."
ဘာပြသနာရှိလို့လဲ...."
ထွက်သွားသည်။
"မင်း!!!!"
ရှိတယ်လေ.... "........" ခုထုတ်ပေး...."
မင်းသိရဲ့သားနဲ့....."
လို့ပြောနေရတာ...."
မဟုတ်ဘူး...."
Jimin ကိုချော့ပြောရင်တော့ရောက်လောက်မည်
ယောက်ျားတယောက်အသွင်ပြောင်းJeonဟာ
"မချမ်းသာစေချင်ပါဘူး....
"အော်..ဟုတ်လား....Sorry
မင်းကွာ...."
ရောက်လာတတ်တဲ့ ဘဝလေးက
လည်းမယုံနိုင်ဘူး....."
"တော်စမ်း...!!!!!ကလီကမာနဲ့...
နှိပ်စက်ပေးရမလား.."
ပြချင်ရင်တော့ပြလေ...
"အေး....."
"ဆက်စရာရှိတာဆက်တော့...."
ချမ်းသာမှုကိုပြသည်။
သွားပြန်တော့....."
သူရှောင်ချိန်မရခဲ့....။
"ParkJimin!!!!!"
ပါးစပ်ပိတ်ထား!!!!!"
စကားကိုသိပ်မုန်းသည်......
ရောက်ရောက်လာတတ်သော
တွေကသက်သေပင်...။
ကျိန်စာပြင်းသလောက်....
အဖြစ်တွေ...။
သွားသလဲစဉ်းစား၍မရ...။
"ဖယ်စမ်း......လူတွေရှေ့မှာ
ငါ့အကြောင်းသိမယ်...."
"အယုတ်တမာကောင်!!!
"စိတ်မဝင်စားဘူး....
ထွက်လာနိုင်ပါသည်။
မေ့မပစ်နဲ့....."
မာကြောနေလျှက်...။
"လာခဲ့....."
သူပါသွားခဲ့သည်။
မကောင်းတော့တဲ့ပုံပဲ....."
စွလွန်းပါသည်။
လက်မခံနိုင်သလို...
သိပ်ကျဉ်းကျပ်ခဲ့တယ်....
ဆိုင်တဲ့အရာတဲ့.....။
သူက ဆိုင် နေသေးတာလား.....။
ပြေးလာသည်။
သူကူညီပေးခြင်းပါ။
မပျက်...။
ကျတော် ကားဝယ်မလို့...."
"မတန်ဘူး ငါကြည့်ပီးပီ ဈေးတွေမတန်မဆမလို့
ထိန်းတဲ့သဘောပါ..."
အစုတ်လည်း ကြိုက်ရင်ဈေးကောင်းပေးဝယ်ခဲ့တာပဲ
"မင်းထွက်သွားတော့.....!"
"ဒယ်ဒီတောင်မနိုင်တာ.....
"ဒယ်ဒီ!!!!!"
"ဒီမိန်းမကတော့......."
"နာမည်ကိုတပ်မခေါ်နဲ့!!!!!"
"ခင်ဗျား ဘာဖြစ်နေတာလဲ!!!!!!!!
သေချင်နေတာလား!!!"
အဓိကကရရင်ပီးရောမလား.....
သူ့ကြောင့်ပဲနာတာမျိုးကိုကြိုက်သည်။
ထားခဲ့ရသည်။
တခုကိုသွားယူတော့သည်။
"Jung..kook...ဘာလဲ ဘာလဲ
ဘာလုပ်မလို့လဲ......"
ပစ်ပေါက်လိုက်သည်။
ခွမ်းးးးးးးးးးး
"JungKook!!!!!!"
Jimin မကြည့်ရဲတော့။
" မင်း........"
ထွက်လာနိုင်သည်။
ငါဒီလိုယောက်ျားမျိုးကို ဘာကြောင့်များဟု
ကကြိုးစုံပြန်သည်။
တုန်တောင်နေတာပဲဗျာ..."
.....အန်ကယ်....
ကဋေကဋာအဆိုး......။
ထလည်းမလာခဲ့...။
ကူညီပေးနေခဲ့ရသည်။
ဆွေးနေတုန်း...။
......။
သိပ် မလန်းပါဘူး ဂျေရာ...."
Nice Bro!!!အားရမိတယ်..."
Jeonကပြုံးသည်။
သွေးစုတ်နေပြီ..."
ငါဒါကိုပြောချင်တာပါ....
မိန်းမဆန်လိုက်တာ...
မပြောရဲခဲ့....။Rom သည်စီးကရက်သာ
ဖွာနေလိုက်သည်။
"အဲ့လောက်ယောက်ျားတယောက်အပေါ်
"စတာပါ...စကြည့်တာ...."
တွေလည်းကစားနေသည်။ကားပြိုင်ပွဲ
စိမ်းပြာရောင်တွေ........။
ထပ်ကြည့်မိသေးသည်။
"ဂျေ ဘယ်လဲ......???"
ခဲ့သည်။
ကြားနေရသော အသံဩဩလေး..
တချိန်ထဲမှာပဲ
"Hey...!!!!နေမကောင်းဘူးလား..."
"Hey...!!Bro!!!"
ဖြစ်သွားခဲ့သည်။
"Sorry!!!ကျတော်....."
"မဖြစ်ပါဘူး...မဖြစ်ဘူး....ဒီလိုပဲကျတော်က
နည်းနည်း...."
"ရပါတယ် ....."
တခ်ျို့သော မချစ်ခြင်းတရားတွေက
တဖက်မှာလွမ်းဆွတ်စွာ
ခပ်အေးအေးလေးသာ.......။
မှမရှိခဲ့....။
"အင်း....ကျတော် ဂျေ ပါ...."
"လူကလည်းမှတ်ရလွယ်တယ်
..........
ထောက်ပါသည်....။
.........။
Bạn đang đọc truyện trên: AzTruyen.Top