💔12💔
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရာမှ
ကျယ်လောင်လွန်းသောအသံကြီးတစ်ခု
ကြောင့်Jiminလန့်နိုးသွားခဲ့သည်။
သီချင်းသံအကျယ်ကြီးသည်နားရက်လေး
အိပ်ရမလားမှတ်တယ်...စောစီးစွာ
အိပ်ယာလှမ်းနှိုးလိုက်သလိုမျိုး။
ဖျားနေရာက သက်သာဖို့နေနေသာသာ
JeonJungkook ထပ်နှိပ်စက်၍
အိပ်ယာထဲဘုန်းဘုန်းလဲပြီးနောက်
မနည်းထူထူထောင်ထောင်ပြန်လုပ်ပီး
အလုပ်လုပ်သော်လည်းခန္ဓာကိုယ်ကပုံမှန်အတိုင်း
ကိုမလန်းဆန်းနိုင်သေးပါ...။
ခုနားရက်တော့ သေချာစွာ အိပ်ပါမယ်ဆိုမှ
လူဆိုးကောင်သည် အသံနဲ့နှိပ်စက်ပြန်ပြီ။
အိပ်ယာထဲမှမထချင်ထချင်ထလိုက်ရကာ
ပြတင်းပေါက်လိုက်ကာစလေးကို
အနည်းငယ်ဟလျှက် ဆူညံနေရာ
အပြင်ဘက်ကိုခိုးကြည့်လိုက်သည်။
နည်းနည်းနောနောသရုပ်ပျက်လူတွေမဟုတ်...
မိန်းမတွေရော ယောကျ်ားတွေရော စုံနေကာ
သီချင်းအကျယ်ကြီး ဖွင့်လျှက်
အိမ်တော်ထဲက ရေကူကန်ပြာပြာဘေးတွင်
ကတဲ့သူက က ရေကူးတဲ့သူက ရေကူး
အရက်သောက်နေတဲ့သူကသောက်နေကြသည်။
JeonJungkook ကအဲ့ဒီလိုဘဝမျိုးတွေမှာ
သိပ်ပျော်မွေ့တဲ့သူ....။
ပြသနာတွေတက်ပြီးနောက်နေ့တွေမှာ
ကျတော်အတတ်နိုင်ဆုံး မဆုံမိအောင်နေတယ်
ကျန်းမာရေးမကောင်းတော့တော်ရုံ
စိတ်အရှုပ်မခံနိုင်တာတွေလည်းပါတာပေါ့...။
သူ့ကိုကတိပေးထားတဲ့အတိုင်း
ကျတော်အရင်လိုတော့ နူတ်လှန်မထိုးဖြစ်တော့ဘူး။
ကျတော်အသားနာမှာကျတော်သိပ်ကြောက်တယ်
မလုပ်လောက်ပါဘူးထင်မြင်လို့မရလောက်
အောင် ဩချလောက်တဲ့ရက်စက်မှုတွေကို
ကြုံခဲ့ပြီးပြီမို့ စိတ်မမှန်တဲ့ဆိုက်ကိုကောင်နဲ့
မငြိတော့အောင် အလိမ္မာလေးနဲ့နေရတော့မယ်
ဆိုတာ ဦးနှောက်ကသေသေချာချာသတိပေးလာပြီ။
နူတ်ခမ်းကအနာတွေခုထိသေသေချာချာ
မကျက်သေးသလို...လက်ကအရာတွေလည်း
နီရဲနေတုန်း.....။
သူကတော့ သူ့စိတ်ကြိုက် စိတ်ကျေနပ်မှု
ရသွားခဲ့တာမို့အရင်လိုသွားလာပျော်ပါးပြီး
တခါတလေ အိမ်ပြန်လာတယ်..
တခါတလေအိမ်ပြန်မလာဘူး
တခါတရံအိမ်မှာ
သရုပ်ပျက်မိန်းမတွေရဲ့ရီသံတွေကိုကြားရတယ်
တခါတရံ အရက်တွေမူးလာတယ်...
ကျတော်နဲလက်ထပ်ခြင်း
ကျတော့်အိမ်ထောင်ရေးနဲ့ ကျတော့်အိမ်ထောက်ဖက်
ဟာ အဆိုးဝါးဆုံးတွေကြီးပဲမို့
ဘယ်ဘဝက ကုသိုလ်ကံတွေလဲလို့သာပြေးမေးချင်တယ်
ဘယ်ဆုတောင်းတွေမှားခဲ့လို့လဲလို့သိချင်လာတယ်...
အကောင်းဆုံးနေထိုင်ခဲ့လို့...
အကောင်းဆုံးဘဝကိုပဲရခဲ့မယ်ထင်ခဲ့တာ....
ဟင့်အင်း မနေနိုင်တော့ပါဘူး...
ကွာရှင်းပါမယ် လုပ်ရအောင်လည်း....
ချူပ်နှောင်ထားမှုတွေက လှုပ်၍မရ...
အကူအညီနဲ့ငွေကြေးတွေက ကျတော့်ကိုဝါးမျိုနေတယ်။
တခုတော့အဆင်ပြေနေတယ်...
ကျတော်အိပ်ရေးမဝသလိုခံစားရပေမယ့်
ကြည်လင်နေတာမို့...သိပ်တော့ဒေါသထွက်မနေ။
ပြတင်းပေါက်မှတဆင့်မူးရူးပျော်ပါးနေတဲ့
သူတွေကိုအကြောင်းအရင်းမရှိငေးကြည့်နေလိုက်သည်။
ခုံပေါ်တွင် လှဲနေကာ နေကာမျက်မှန်အနက်ရောင်
နှင့် ခါးမှာအကျီမရှိသော Jungkook ဟာ
အရက်ခွက်အရောင်လဲ့လဲ့ကိုင်လျှက်
ပြုံးရွှင်နေတယ်....။
ကြည့်နေတုန်းမှာပဲ မလုံမခြုံမိန်းမတစ်ယောက်က
အနားမှာလာထိုင်တော့ သူက အရက်ခွက်ကို
ထိုမိန်းကလေးကိုပေးလိုက်ပြီး သေသေချာချာ
ပြုံးကာစကားတွေပြောနေသည်။
ခုကျတော့လည်း...သရဲတစ္ဆေစီးနေသော
မကောင်းဆိုးဝါးကောင်လေးမဟုတ်တော့။
ရွှင်ရွှင်လန်းလန်းပြုံးနေကာအဆင်ပြေနေပြန်သည်။
မင်္ဂလာဆောင်နေ့က တခါတော့မြင်ဖူးခဲ့သည်။
သူစိတ်လိုလက်ရပြုံးပြတာမျိုးကို..
နောက်ပိုင်းတွေတော့ ခပ်မဲ့မဲ့အပြုံးတွေ
ရွဲ့စောင်းနေသောအပြုံးတွေကိုသာမြင်ခဲ့ရတာမို့
Jimin သည် ပြတင်းပေါက်လိုက်ကာနောက်က
အချိန်တွေခပ်ကြာကြာငေးနေမိခဲ့သည်။
ကျတော့်စိတ်တွေထဲ...
JeonJungkook ကသပ်သပ်
JeonJungkook အပြုံးတွေက သပ်သပ်လို့
ခွဲခြားလိုက်တာပဲ....
ကြောက်ရွံ့မုန်းတီးရသော လူတစ်ယောက်ရဲ့
အပြုံးတွေဖြစ်သော်ငြားမျက်တောင်မခတ်ဘဲ
ကြည့်နေခဲ့မိနေသည်။
မလုံမခြုံမိန်းကလေးက ဘာမှမဝတ်ထား
သောသူ့ရင်ဘက်တွေကိုလက်သည်းရှည်တွေနဲ့
ဟိုထိဒီထိ ထိတွေ့ကာ စကားပြောခြင်းသည်
သိပ်လှပတဲ့မြင်ကွင်းတော့မဟုတ်...။
ဒီအိမ်မှာJeonJungkook ရဲ့တရားဝင်
ယောကျ်ားရှိနေမယ်ဆိုတာသိသိရက်နဲ့
ဂရုလုံးဝမစိုက်ကြောင်း ကွက်ကွက်ကွင်းကွင်း
ကိုပြနေတာ...။
Jungkook ကိုယ်တိုင်ကလည်း
လောကစည်းဘောင်တွေ....
အားနာသမှုစိတ်ဓာတ် လုံးလုံးမရှိလို့ပေါ့....။
အဖေ့ကိုခေါ်ပြလိုက်ချင်ပါသည်။
ParkJimin က တန်ဖိုးမရှိတဲ့သက်မဲ့အရုပ်ကြီး
လိုပေါပေါလောလောသတ်မှတ်ခံနေရသည့်
Jeonစံအိမ်တော်ထဲက ခုလိုမြင်ကွင်းတွေကို...။
JeonJungkook ရဲ့အစွယ်အပွါးတွေကကျတော့်ကို
မြင်တိုင်းအထင်သေးစွာ ကြည့်ကြတာလည်း
မပြောနဲ့ Jeon JungKookဟာ သိက္ခာတရားကို
အရက်နဲ့ဖျော်ဖျော်သောက်နေတတ်သောလူ...။
ဒီဒဏ်တွေကိုနောက်ထပ်ဘယ်လောက်များ
ခံနေရအုန်းမှာလဲ.....။
"ဂျေ မင်းယောကျ်ားရှိတယ်မလား...
မဆင်မခြင်နဲ့...."
"ငါဘာလုပ်နေလို့လဲ....အရက်သောက်နေတာကို..."
"အနားကိုသူတို့ကိုသိပ်မကပ်ခိုင်းနဲ့လေ
အိမ်မှာကို သူမြင်သွားရင်ဘယ်ကောင်းမလဲကွ..."
"မင်းကငါ့ယောကျ်ားကိုစိုးရိမ်နေတာလား
မင်းနဲ့ဘာဆိုင်လို့လဲ ...."
"ဟေ့ကောင်...မင်းတို့ကလက်ထပ်ထားတာကွ
ကွယ်ရာမှာမင်းလုပ်နေတာတွေတောင်
လွန်လှပြီ အိမ်ကြီးထဲမှာတော့ ဆင်ခြင်ဂျေ
ငါတို့လည်းမကောင်းဘူး...."
" သူ့ရှေ့မှာသွားလုပ်ပြရင်တောင်
ငါ့ကိုသောက်ဖက်လုပ်မယ်ထင်နေလား
လူကောင်းယောင်ဆောင်မနေကြနဲ့
သောက်စရာရှိတာသောက်စမ်းပါ
ငါParkJimin ကို ဂရုမစိုက်ဘူး...."
"လုပ်ချင်ရာလုပ်တော့ ဟေ့ကောင်..
မင်းက တဖက်စောင်းနင်း အမြဲတမ်း..."
Jeon ဟာ အနားမှာလာထိုင်သော
ကောင်မလေး၏ဆံပင်တွေအား
ထိတွေ့နေကာ ကြုံရာကျပန်းစကားတွေ
ပြောနေပြန်သည်။
"ဟိုကောင်လာပြောနေတာတွေကို
ဂရုမစိုက်နဲ့ နော် Babe...စိတ်လွတ်လက်လွတ်နေ.."
"Jungkook ကသိပ်ချစ်ဖို့ကောင်းတာပဲ...."
"ချစ်ဖို့လည်းကောင်းတယ် ချစ်လည်းချစ်တတ်တယ်"
"သွားပါ...လူတွေအများကြီးနဲ့ကို...."
"အကုန်ပြန်ခိုင်းလိုက်ရမလား
Babeလေးသဘော...."
"ပျော်နေတာကို..မပြန်ခိုင်းပါနဲ့....
ဒီက သူငယ်ချင်းတွေနည်းရင်စိတ်အားငယ်ရော..."
ဒီလိုမိန်းမတွေကစိတ်အားငယ်တတ်သေးတာလား။
အိမ်ထောင်ရှိတဲ့ယောကျ်ားရဲ့အိမ်မှာ
ခပ်တည်တည် ပွတ်သပ်နေတာမျိုးသည်
သိပ်စိတ်အားတက်နေလို့မဟုတ်ဘူးလား...။
မိထွေးသေးသေးလေးတောင်ပြေးမြင်မိပါသည်။
Jeonသည် ခပ်ဟဟရီလိုက်ကာ...
"ဟုတ်လား ဒီကအားပေးမှာပေါ့ဗျာ...."
ကောင်မလေးနဲ့ချိုချိုအီအီစကားတွေ
ဆက်တိုက်ပြောကာ ရေအတူတူဆင်းကူး
သည်။စည်းချက်တွေနဲ့သီချင်းသံတွေ
အော်ဟစ်ရီမောသံတွေသည်ခြံဝန်းတစ်ခုလုံး
ဆူဆူညံညံ...။
Jeonသည် အညိုရောင်လိုက်ကာနဲ့
အခန်းကိုတချက်တော့မော့ကြည့်လိုက်သည်။
ဆူညံပူညံတွေဖြစ်နေတာကိုတောင်
အိပ်နေနိုင်သေးတယ်.....။
မှတ်လောက်သားလောက်ရှိအောင်ပုံစံ
ချပြီးတဲ့နောက်မှာအရင်လိုမျိုးတော့
ပက်ခနဲပြန်ပြောတာမျိုး
ဂရုမစိုက်သလိုအချိုးမျိုးတွေ...
တင်းလှစွာသောအကြောလေးတွေသည်
လျှော့သွားသည်....။
ပျော့ဖတ်အားပျော့သွားတာမျိုးတော့မဟုတ်ပေမယ့်
စကားတခွန်းပြောလိုက်ရင်ပြန်ကန်တာမျိုးတော့
မရှိတော့...။
အဆင်အနည်းငယ်ပြေတယ်ဆိုရမည်....။
အနည်းငယ်လေးပါပဲ...
မတူမတန်မျက်လုံးတွေ
ခပ်တင်းတင်းလေသံတွေ
အသဲယားစရာအပြုအမူတွေကတော့
ParkJimin ကတော့ParkJimin ပင်မို့ရှိနေသေးသည်။
"အကိုလေး...နိုးပီလား မနက်စားဘာစားမလဲ..."
အခန်းပြင်ထွက်လာသည်နှင့်တာဝန်ကျေစွာ
မေးလာသောအိမ်အကူလေးတွေသည်
အဆင်သင့်...။
"မစားသေးဘူး...ကျတော်ဝရံတာခဏထွက်
အုန်းမယ် ဒီနေ့ နေရတာတော်တော်ကောင်းတာပဲ
နေလုံးဝကောင်းချင်လာပီနဲ့တူတယ်
နေရောင်ခြည်လေးခဏခံပြီး လေကောင်းလေသန့်
လေးလည်းရှုချင်လို့...."
"ဟုတ်ကဲ့ အကိုလေး ဝရံတာလာပို့ပေးဆိုလည်း
ပို့ပေးမယ်နော်...အားမနာဘဲပြောပါ.."
"နေပါစေ...ကျေးဇူးပါ...."
တစ်ချိန်လုံးပြသနာတွေကြီးရှာခဲ့သော
သခင်လေးJeonနဲ့ပဲနေခဲ့ရလို့လားမသိ...
သိပ်သဘောကောင်းပြီးနူးညံ့သောအကိုလေး
Jimin ကိုမြင်ရတဲ့အခါတိုင်းအလုပ်လုပ်ပေးရသော
အခါတိုင်းမှာ လိုတာထက်ပိုပြီးအဆင်ပြေစေချင်သည်။
သခင်လေးကနှိပ်စက်လွန်းလို့သနားလည်းသနား
သည်။စေတနာတွေသည်အမြဲတမ်းအလျှံအပယ်ပါပဲ...။
အဖြူရောင်ညဝတ်ဝတ်စုံလေးနဲ့အနက်ရောင်
ဆံပင်လေးတွေဖရိုဖရဲနှင့်Jimin ဟာ
KNJစာလုံးလေးပါသောရေဗူးလေးကို
ကိုင်လျှက်ဝရံတာသို့တလှမ်းချင်းလှမ်းထွက်သွားသည်။
နေမကောင်းသောအရှိန်တွေနှင့်သွေးရောင်
မလွှမ်းသေးသော အသားအရေတွေဟာ
လိုတာထက်ပိုပြီး ဖြူစွတ်နေခဲ့သည်။
Jeonအိမ်တော်ကိုဘယ်လောက်မုန်းမုန်း
ဝရံတာအကျယ်ကြီးကိုတော့သူစရောက်ထဲက
သိပ်သဘောကျပါသည်...။
တော်တော်ကိုကျယ်ဝန်းလှသောဝရံတာတွင်
ဘာပစ္စည်းတစ်ခုမှမရှိနေဘဲရှင်းရှင်းလင်းလင်း။
ဝရံတာကိုထွက်မတ်တပ်ရပ်လိုက်ရင်
တခြံလုံးကိုမြင်ရကာ မြင်ကွင်းသည်သိပ်လှသည်။
ပန်းပင်လေးတွေ....
လမ်းကလေးတွေ...
JeonJungkook ရဲ့ပြိုင်ကားရောင်စုံတွေ...
ရေကန်သေးသေးလေးတွေ....
Jungkook အမေက သိပ်စိတ်ကူးကောင်းခဲ့သူ
တစ်ယောက်ဖြစ်လိမ့်မယ်ဆိုတာကတော့
ငြင်း၍မရ...။
သားကျမှဘာလို့စိတ်ကူးဆိုးတွေပဲရှိနေသလဲ
မသိပါ.....။
ဝရံတာပေါ်လက်ကလေးတွေတင်ကာ
လေနုအေးလေးကိုခံစားနေလိုက်သည်။
အဆင်မပြေတာတွေတော့ဘဝမှာရှိနေဆဲပေါ့
ဒါပေမယ့် အခန်းထဲပိတ်နေနေလို့လည်း
ပြေလျှော့သွားတာမျိုးမှမဟုတ်တာလေ။
မနက်ခင်းနေရောင်ခြည်နုနုခံယူတာမျိုး
လေပြေနုနုလေးခံစားလိုက်ရတာမျိုးတော့
အခွင့်အရေးရှိပါသေးတယ်။
"အဲ့ကောင်ထွက်တာနဲ့ ငါတန်းဝယ်မှာ
အိမ်ကကောင်တွေကိုထပ်မြှင့်ဖို့လည်း
လုပ်ထားသေးတယ် ငွေကတော့ပြောမနေနဲ့
အရင်လို အာရုံနောက်ဖို့ကိုမလိုတော့ဘူး
အကုန်ငါ့လက်ထဲရောက်နေပြီ
JeonJungkook တို့ဘဝကတော့
ကံကောင်းပြီးရင်ကောင်းပဲ....."
"လုပ်ငန်းတွေကို မင်းဝင်ကိုင်နေပီလား ဂျေ.."
"ParkJimin လုပ်နေတယ် ငါကငွေသုံးရုံပဲ...."
အသက်၂၀အရွယ်ကောင်လေး၏ရင့်ကျက်မှု
သည်ဒီလောက်ပဲ...။မလုပ်ရရင်ပီးရော
Jimin ဆိုတာလည်းသူစိမ်းပဲ
တခုခုများ အကွက်ကျော်ခံမှာကိုသူမတွေးခဲ့..။
မင်္ဂလာဆောင်ပီးထဲကJimin ကJeon Group
က်ုပါ ကိုင်တွယ်နေမှန်းသိသော်လည်း
Company နှစ်ခုကိုလုပ်နေရတာကောင်းတယ်ဟု
အားရစိတ်ပဲရှိခဲ့သည်။
Jiminသာဥာဏ်များချင်လာရင်
ပိုက်ဆံဖြုန်းရုံကလွဲဘာမှမသိသော
သူဌေးသားလေးသည်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ
ဘေးက မြင်နိုင်သောသူတွေကမြင်ပေမယ့်
JEonကတော့ လုံးလုံးမစဉ်းစားခဲ့ပါ...။
"မိုက်လိုက်တာ...ကွာ..."
"ဒါပေါ့...ကုသိုလ်ကံပေါ့ကွာ..မင်းတို့ကို
သိပ်အများကြီးငါမကြွားချင်ပေမယ့်...
နောက်လထဲကျရင်....."
Jeon သည် သူငယ်ချင်းအားကောင်မလေး
၏ပူခုံးတွေဖက်ကာ ဟန်ပါပါကြွားဖို့
လုပ်နေသည်။
သူငယ်ချင်းသည်
အစကစိတ်ပါလက်ပါစကားပြောပေမယ့်
မျက်လုံးတွေသည် အငြိမ်မနေတော့
သူ့ဆီမှာလည်းရှိမနေ..တနေရာရာကိုလှမ်းကြည့်လိုက်
သူ့ဆီပြန်ရောက်လာလိုက်နှင့် ယောက်ယက်ခတ်
နေသည်။
"နောက်လထဲကျရင်...Parisက
Showroomကိုသွားကြည့်မယ်...
ငွေဘယ်လောက်ကုန်ကုန်ကွာ...
အင်ဂျင်ကို အပြတ်...."
ကားအကြောင်းပြောရရင်စိတ်တက်ကြွလှသည်။
ပြောပြနေတာကိုလည်းစိတ်ဝင်တစား
နားထောင်စေချင်သည်။
ဒါပေမယ့် ဒီကောင့်ပုံစံသည်သူ့အပေါ်မှာ
စိတ်ဝင်စားမှုမရှိဘဲ တနေရာရာကိုပဲထပ်လှမ်းကြည့်နေတာကြောင့်Jeonသည်မျက်မှောင်တွေကျုံ့သွားသည်။
"ဟေ့ကောင်!!! ငါပြောနေတယ်လေ...
သေချင်လို့ အာရုံမစိုက်ဘဲ
ဘယ်နေရာကိုပဲ ကြည့် ကြည့်......"
အာရုံမရနေသောသူငယ်ချင်းကြည့်နေသော
နေရာသို့နောက်ပြန်လှည့်ကြည့်လိုက်သောအခါ
သူကိုယ်တိုင်ပင်စကားတွေတိတ်ကျသွားသည်။
အဖြူရောင်ဝတ်စုံနှင့် ဖြူဖျော့ဖျော့လူသားသည်
မျက်နှာကိုအနည်းငယ်မော့ကာ
လက်ကလေးတွေဝရံတာဘောင်ပေါ်တင်ပြီး
အသက်မှန်မှန်ရှူနေသောမြင်ကွင်း.....။
လေတချက်ဖြတ်တိုက်သွားတိုင်း
သဘောကျ၍လားမသိ တချက်ပြုံးသွားပုံသည်
နေရောင်ခြည်နုနုကျရောက်နေသောမျက်နှာ
ဖူးဖူးလေးပေါ် လှရက်လွန်းစွာ....။
ရဲတိုက်လိုစံအိမ်တော်ကြီးပေါ်က
မင်းသားလေးလို....မေမေဆောက်ပေးခဲ့သော
အနုပညာမြောက်သောစံအိမ်ကြီးသည်
ParkJiminနဲ့မှ အံဝင်ခွင်ကျပြီးပြည့်စုံသွားသည်။
ပန်းချီကားတချပ်ဆိုလည်း ဖြစ်ချင်ဖြစ်လို့ရနိုင်သည့်
အခြေအနေ....။
Jeon သည်ဘေးဘီကိုတချက်ကြည့်မိတဲ့အခါ
အားလုံးသည် မသိမသာရော သိသိသာသာပါ
ခိုးငေးနေကာ အကုန်ရေကန်ထဲကန်ချပစ်ချင်စရာ
မျက်နှာမျိုးတွေ...။
ရင်ခွင်ထဲက မိန်းကလေးကတောင်
လှမ်းကြည့်နေသေးသည်။
"နင်ဘာဖြစ်နေတာလဲ......"
"ဘာကိုလဲ JungKook...ဘေဘီဘာမှားလို့လဲ..."
Jimin ကိုကြည့်မရပါဘူးဆိုတဲ့Rom
လိုကောင်မျိုးကတောင် အရက်ခွက်ကိုင်ကာ
အရသာခံလှမ်းကြည့်ပြီး ဘာတွေခံစားနေသလဲ
မမြင်ရတာမို့ မျက်နှာသည်ချက်ချင်းပျက်ရသည်။
ဘာလုပ်နေတာလဲ...။ဝရံတာထွက်ပြီးဘာလုပ်နေပြန်တာလဲ...လုပ်စရာဘာမှမရှိတော့ဘူးလား....။
အမြဲတမ်း ငါ့ကိုဒေါသထွက်အောင်လုပ်တယ်....။
ချက်ချင်းထမတ်တပ်ရပ်ကာShirtအကျီကိုကောက်ဝတ်
လိုက်သောJeonကြောင့်အားလုံးသည်
အသိပြန်ဝင်လာသလိုအကြည့်တွေမသိမသာ
လွှဲလိုက်ကြသည်။
JEonသည် အဝါနုရောင်Shirtအကျီလက်တိုကို
ကြယ်သီးတလုံးသာတပ်ပြီး
ဆံပင်တွေကိုရေခါလိုက်ကာဘယ်သူကိုမှ
ဘာမှမပြောဘဲထထွက်သွားသည်။
"ဘာဖြစ်သွားတာလဲ Rom...
အဲ့ကောင်ခုတလောပုံမှန်မဟုတ်ဘူးနော်...."
"မသိပါဘူး...လွှတ်ထားလိုက်.....
အိမ်ထောင်ကျသွားရင်တော့
ပုံမှန်ဖြစ်မယ်ထင်တာ ပိုဆိုးသွားတယ်..."
"သူရထားတဲ့ကောင်ကိုလည်း
ကြည့်အုန်းလေ...ဂျေမပြောနဲ့
ငါတောင်ခဏကြည့်မိတာရူးနေချင်ပီ..."
"ခံစားလွယ်လိုက်ကြတာကွာ....."
Romသည်ပြောမဲ့ပြောရသည်။
သူလည်းသတိလက်လွတ်ကြည့်မိခဲ့တာ
မိနစ်တွေအများကြီးမို့ လိပ်ပြာလုံမနေခဲ့ပါ...။
အကိုလေးJiminသည်ဝရံတာမှာအေးအေးလူလူ
လေးလေညှင်းခံနေလို့တအိမ်လုံး
စိတ်ချမ်းသာစွာ စိတ်ချရုံရှိသေးသည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ပြုံးပြရုံပဲရှိသေးသည်။
အိမ်ထဲသို့ခြေလှမ်းကျဲတွေဖြင့်ဝင်လာသော
အရိပ်ကြီးသည်မြန်မြန်ဆန်ဆန်ပင်
လှေကားတွေအတိုင်းအပေါ်ထပ်သို့
ပြေးတက်သွားသည်။
"သူ ဘာဖြစ်ပြန်ပီလဲ..."
"ရန်ဖြစ်အုန်းမယ်နဲ့တူတယ်...
အကိုလေးလည်းဘာမှမလုပ်ဘဲနဲ့ဟာ
သခင်Jeonကအရမ်းလွန်တာပဲ...."
အိမ်အကူကောင်မလေးလေးတွေသည်
ခြေသံလုံလုံဖြင့်ဘာတွေများဖြစ်မလဲ
နောက်မှလိုက်ကာစပ်စုရမည်။
လွန်လာရင်တော့ဝင်ဆွဲရမည်။
အကိုလေး နူတ်ခမ်းက အနာတွေပျောက်သေးတာမဟုတ်။
Hyung သင်ပေးထားခဲ့သောသဘာဝတရားကို
ချစ်ရမည်ဆိုသောစကားလေးကြောင့်
မြင်မြင်သမျှသဘာဝတရားတိုင်းကို
ချစ်နေမိစွာ ငြိမ်ငြိမ်ရပ်နေသောအချိန်
ဝုန်းခနဲကျယ်လောင်သောတံခါးဖွင့်သံကြောင့်
လန့်သွားခဲ့သည်။ပုခုံးတွေပင်တုန်သွားကာ
ပြင်းထန်လှသောတံခါးဖွင့်သံ၏တရားခံအား
ချက်ချင်းလှည့်ကြည့်တော့....
ဘဘာဝတွေအားလုံးထဲက...
အဆိုးဆုံးဘဘာဝကပ်ဆိုးကောင်....။
မြန်မြန်ဆန်ဆန်လျှောက်လာပုံသည်
ဒေါသထွက်နေတာသေချာသည်။
ဒေါသထွက်စရာသူဘာမှမလုပ်မိတာ
သေချာတာမို့ ပြူးသာကြည့်နေလိုက်သည်။
"လာစမ်း...!!!"
လက်တွေကိုဆောင့်ဆွဲလာတာမို့
သူလာဆိုတိုင်းတော့ မလိုက်နိုင်ပါ...။
ဘာမှ အမှားလုပ်မိတာမဟုတ်...။
"ဘာလဲ....ငါ လေညင်းခံနေတာ
မင်းကိုငါ ဘာနှောက်ယှက်မိလို့လဲ..."
"လာဆိုလာ..စကားတွေမရှည်နဲ့!!!!"
အရှိန်နဲ့ဆောင့်ဆွဲကာခေါ်သွားတာကြောင့်
Jimin သည်ဘာမှပြင်ဆင်ချိန်လည်းမရှိ
အားသန်သောလက်တွေနောက်ပါသွားခဲ့ပြန်သည်။
ခေါ်သွားတာကာ သူ့အိပ်ခန်းထဲ...။
"ခင်ဗျားအရမ်းအချိန်တွေပေါနေလား....
လူတွေအများကြီးရှိလို့ ဝရံတာထွက်အလှပြနေချင်
တယ်ပေါ့လေ...အကုန်လုံးကိုမြူစွယ်ချင်နေတာ
အမြဲတမ်း"
ညဝတ်အကျီခေါင်းစုတ်ဖွားကျတော်ပုံစံနဲ့
လေညင်းလေးခဏထွက်ခံမိတာ
ကမ္ဘာပျက်ပြန်ပြီပဲ.....။
"ငါမင်းတို့ကိုတချက်မှတောင်မကြည့်ပါဘူး
စိတ်လည်းမဝင်စားဘူး ငါနေကောင်းသလိုလို
ရှိလ်ို့ ခဏလေးထွက်မတ်တပ်ရပ်မိတာပါ
အိပ်နေတဲ့ငါ့ကိုနိုးသွားအောင်
သီချင်းအကျယ်ကြီးဖွင့်တာမင်းလေ
ငါမင်းသူငယ်ချင်းတွေရှေ့မှာလည်း
မင်းမကျေနပ်အောင်ဘာမှမလုပ်ရသေးဘူးနော်
လေညင်းခံလို့မရဘူးလား
မင်းကိုငါပေးထားတဲ့ကတိမှာ မတ်တပ်လွတ်လွတ်
လပ်လပ်ရပ်လို့တောင်မရတော့ဘူးလား..."
"မရပ်ရဘူး...အရက်သောက်ရတာ
အာရုံပျက်တယ်..."
"ဘာဆိုင်လဲ? မင်းအရမ်းတရားမလွန်လာနဲ့နော်..."
"ပြောရင်နားထောင်ဖို့ကတိပေးထားတယ်မလား"
"ဒီလို တဖက်သတ်ကိစ္စတွေအတွက်မပါဘူး
Jungkook...မင်းငါ့ကိုလူလို့သတ်မှတ်သေးလား
ပိုက်ဆံကြောင့်ဝယ်ပြီးလက်ထပ်ခဲ့လို့
အနိုင်ယူလို့ရတယ် အနိုင်ကျင့်လို့ရတယ်ဆိုပေမယ့်
မင်းဒါဘောင်ကျော်လွန်းတယ်...."
"ခင်ဗျားနဲ့ပတ်သတ်လာရင်ကျတော့်မှာ
ဘောင်မရှိဘူး....နေ အထဲမှာ အပြင်ကို
တလှမ်းမရွေ့လာနဲ့ ဝရံတာကနေလွှတ်ပစ်မယ်...."
"လွှတ်ပစ်လိုက်!!ငါ ပျော်နေလို့ဒီဘဝမှာ
နေနေတာမဟုတ်ဘူး...
ဒီလောက်ကြီးက လွန်လွန်းတယ်
လွှတ်ပစ်လိုက်..!"
"မချီနိုင်လို့...မပစ်တော့ဘူး...
အခန်းထဲမှာပဲနေ....ဒါပဲ..."
စောစောစီးစီးကြည်လင်နေသောစိတ်တွေသည်
လုံးဝနောက်ကျိသွားပြီ။
ဘာလုပ်လုပ်လိုက်အနိုင်ကျင့်နေသလ်ို
ကောင်သည် သူဘယ်လိုပဲ သည်းခံဖို့
တရားတွေမှတ်ထားမှတ်ထား
ဘယ်တော့မှအဆင်မပြေခဲ့....။
"မနေနိုင်ဘူး...ငါလုပ်ရမှာကိုဖြစ်မှာ
ငါလုပ်နေတဲ့အလုပ်ကဘာအပြစ်မှ
မရှိဘဲ ငြိမ်ခံပေးလိုက်ရတာကိုလက်မခံနိုင်ဘူး
အလှပြနေတယ်ဆိုလည်း...အလှပြနေတယ်ပေါ့
မလှလို့လား ငါက...."
စကားသည်လှသည်..
ပြောတဲ့သူကလည်းလှသည်...
စိန်ခေါ်သလိုမေးခွန်းသည်လည်းလှလှလေး...
ယုံကြည်မှုတွေအလျှံအပယ်ရယ်...
မျက်နှာလေးကိုမော့ချီကာ နူတ်ခမ်းကမပျောက်
တပျောက်အနာလေးတွေနဲ့ပြောလိုက်လေသော
ပုံစံ.....။
ခင်ဗျားဗျာ....လို့စိတ်ထဲတ်ိုးဖွဖွရေရွတ်လိုက်မိတဲ့အထိ။
တော်တော်လေးကိုမုန်းစရာမျက်နှာလေး...
မုန်းနေတဲ့ကြားက လက်တွေနဲ့ဖျစ်ညှစ်လိုက်ချင်သည်။
"လေညင်းမခံရလို့ကိုမဖြစ်ဘူးပေါ့
တအားအရေးကြီးနေတယ်ပေါ့လေ...အဲ့လိုလား..."
"အင်း...ဟုတ်တယ်....."
"အလှကလည်းအရမ်းပြချင်နေတယ်ပေါ့...."
"ဒါကတော့....."
"လာခဲ့...."
လက်တွေကိုပြန်ဆောင့်ဆွဲကာဝရံတာဆီသို့
တခေါက်ပြန်ခေါ်လာတဲ့သူ...။
ဘာလုပ်မလဲဆိုတာမခန့်မှန်းတတ်ပေမယ့်
စိတ်ထဲကြောက်စိတ်ကစဝင်လာပြီ။
ခုမှ ငါငြိမ်နေလိုက်ရင်ကောင်းသားဟု
နောင်တကဝင်လာသည်။
သူရပ်ခဲ့သောနေရာသို့တွန်းလွှတ်လိုက်သော
JungKook သည်အေးတိအေးစက်ပင်...။
"အဆင်ပြေပီမလား...."
"အင်း ပြေတယ်....မင်းသွားတော့...."
ပြောပီးပီးချင်း ရှေ့အရပ်တည့်တည့်လှည့်ကာ
ရင်ထိတ်နေရသည်။ဘာမှနာကျင်အောင်
ရိုက်လိုက်တာမျိုးပြောပစ်လိုက်တာမျိုးမလုပ်၍
တော်သေးတယ်ဆိုရမည်။
သက်ပြင်းတိုးတိုးခိုးချကာ တော်ပါသေးရဲ့
ဟုစိတ်ထဲပြောလို့မှမဆုံးသေး
ကျောပြင်တခုလုံးနွေးထွေးသွားကာ
သူသည်အရိပ်အမြုံတခုထဲကိုရောက်သွားသည်။
လန့်သွားတာကြောင့်ချက်ချင်းရုန်းထွက်တော့
JeonJungkook သည်သူ့ခန္ဓာကိုယ်ကြီး
တစ်ခုလုံးနှင့် လုံခြုံစွာနောက်မှအုပ်မိုးထားကြောင်း
သိလိုက်ရသည်။
"ငြိမ်ငြိမ်နေ...ဘယ်သူမှမမြင်ရအောင်
ကွယ်ထားတာ ကြိုက်သလိုလေညင်းခံ
လေမုန်တိုင်းလာတောင် ခင်ဗျားပါမသွားတော့ဘူး.."
တကယ်လည်းဘယ်သူမှမြင်ရတော့မယ့်
ပုံမပေါ်ပါ...။သူဟာအစွန်အဖျားလေး
တောင်မပေါ်အောင်ရင်ခွင်ထဲကို
လုံခြုံစွာထည့်သိုထားတာ....။
"လက်တွေ စည်းထဲမှာပဲနေ...
အပြင်မထွက်ရဘူး...."
တက်တူးအပြည့်နဲ့လက်တွေကအုပ်မိုးကာ
ဝရံတာဘောင်ကိုထောက်ပြီး
စည်းတားထားလိုက်သေးသည်။
တက်တူးတွေနဲ့လက်ချောင်းတွေဘေးက
သူ့လက်သေးသေးလေးတွေသည်
မလိုက်မဖက်ရီစရာဖြစ်နေတာမို့
ဝရံတာဘောင်ကိုကိုင်မထားမိတော့ပါ။
"မင်းဘာအရူးထတာလဲ ဖယ်စမ်း
အောက်မှာ လူတွေနဲ့ မြင်မကောင်းဘူး...."
"အလှမပြရတော့လို့...ပေါက်ကွဲရှာပီ...
စိတ်ချ..ခင်ဗျားဆံပင်တချောင်းတောင်
မမြင်စေရဘူး...."
Jimin ၍မျက်လုံးလေးတွေတောင်မြောက်
လှုပ်ရှားသွားလျှက် မနေတတ်မထိုင်တတ်ဖြစ်နေသော
အခြေအနေ..။ပူးကပ်လွန်းသောခန္ဓာကိုယ်
နှစ်ခုတွင်Jungkook ၏ဝင်လေထွက်လေကအစ
ဂုတ်သားတွေအပေါ်လာလာထိနေသည်။
သူကအနိုင်ကျင့်နေတာ....
မကြိုက်မှန်းသိလို့လုပ်နေပေမယ့်....
ကျတော့်မှာ တကိုယ်လုံးအေးစက်လာကာ
နှလုံးခုန်သံတွေမြန်လာသည်။
သွေးစက်စက်ကျအောင်ရက်စက်ခဲ့တဲ့သူ..
သူဟာဘယ်နေရာမှကျတော့်အပေါ်
မကောင်းခဲ့သော်လည်း...
လူက ဆယ်ကျော်သက်လေးလို
မတွေ့ဖူးမကြုံဖူးသလို တုန်တုန်လှုပ်လှုပ်...။
"ဖယ်တော့နော် မင်းမိန်းကလေးမြင်ရင်မကောင်းဘူး"
"ဘယ်မိန်းကလေးကိုပြောတာလဲ
ကျတော့်မှာက မိန်းကလေးတွေအများကြီးရယ်.."
စိတ်ထဲစူးခနဲ...။သူကခနဲ့သောရီသံခပ်ပေါ့ပေါ့
ဖြင့်ပြောနေပေမယ့်Jiminကတော့
လေးပင်လွန်းသွားသည်။
"နောက်တစ်ခါ....ဒီလိုမျိုး..
အရောင်နုနုတွေ...ပါးပါးလေးတွေ
ဝတ်ပြီး အိမ်အပြင်ကိုထွက်ထွက်မလာနဲ့...
ခင်ဗျားက လုံးဝကြည့်မကောင်းနေဘူး
သူများတွေမြင်ရင် ကျတော့်ကိုကဲ့ရဲ့ကြမှာ...ကြားလား..."
"ကြားလားလို့ ParkJimin.!"
"လေညင်းခံတာ ပီးပီ လေလည်းမတိုက်တော့ဘူး
ငါမနက်စာသွားစားတော့မယ်..ဖယ်...ဖယ်တော့..."
ဒါမှအိမ်ထဲကိုအပီးဝင်မှာ.....။
ကျတော့်မှာကဥာဏ်ရောင်စုံတွေအမြဲလင်းနေတယ်။
ထွက်ပြေးသွားသူသည်ယောင်၍ပင်
ဝရံတာကိုလှည့်မကြည့်တော့....။
အောက်ကကောင်တွေကိုတချက်စူးကြည့်လိုက်
တော့ မသိချင်ယောင်ဆောင်နေကြသည်။
Jeonသည်...နူတ်ခမ်းတွေတွန့်ရုံပြုံးသွားရင်း....။
..................
"JungKook ရှိနေတာလား......"
တနေကုန်သောက်တာနည်းနည်းများသွား၍
အားလုံးအိမ်ပြန်သွားချိန်တွင်
ဧည့်ခန်း၌ဆေးလိပ်ဖွာနေတုန်းအိပ်ပျော်သွားပုံ
ရပါသည်။ဒယ်ဒီအသံနားထဲဝင်လာတော့မှ
လန့်နိူးတော့ မိုးတော်တော်ချူပ်နေပြီ...။
"ဒယ်ဒီဘာလာလုပ်တာလဲ....."
"အလည်လာတာလေ...."
ဒယ်ဒီဟာအကြောင်းအရင်းမရှိဘဲ
ဘာမှမလုပ်တတ်တဲ့အကြောင်းJeon
သိထားတာမို့ ဆိုဖာပေါ်လှဲအိပ်နေရာမှ
ထထိုင်လိုက်ကာ စီးကရက်တလိပ်မီးညှိနေလိုက်သည်။
"အလည်လာတယ်ဆိုပေမယ့်
ပြောစရာတွေလည်းရှိလို့
မင်းJimin ကိုကောင်းကောင်းမဆက်ဆံတာ
တွေရယ်..မင်းတို့အခန်းခွဲနေတဲ့ကိစ္စတွေရယ်
ငါပြန်ကြားနေရတဲ့ မင်းကကြီးတဖက်သတ်
လွန်နေတဲ့ကိစ္စတွေပေါ့...အဲ့တာတွေပြောဖို့လာတာ.."
"ParkJimin ကအတိုင်အတောထူလိုက်တာဗျာ.."
"ငါကJimin ကပြောပြမှပြန်သိရမယ့်
အနေအထားလား Jungkook..
အဲ့တော့ ပီးခဲ့တာတွေကထားတော့
ညားခါစကတော့ဒီလိုပဲ...."
"ညားခါးစ ချစ်ပြနေရမှာလေကျတော်တို့က
နေ့တိုင်းရန်ဖြစ်နေတာ ဒယ်ဒီဟာသတွေလာမပြောနဲ့...."
"ရော့...ဟန်နီးမွန်းထွက်! ငါအဲ့ကျွန်းကိုဝယ်လိုက်ပီ
အရမ်းလှတယ်...မင်းတို့မနီးစပ်တော့
နီးစပ်မှုတွေဖြစ်စေချင်လို့...Jimin လည်း
ကျန်းမာရေးချူချာနေတယ်ကြားတယ်
စိတ်ပြေလက်ပျောက်ပေါ့ကွာ...."
လေယာဉ်လက်မှတ်တွေနဲ့တခြားလိုအပ်တာ
တွေကိုJEonတချက်ကြည့်ကာစီးကရက်တချက်
ဖွာလိုက်သည်။
"ဟန်းနီးမွန်းထွက်လည်းမနီးစပ်ဘူး
ဘာလို့ဆို...နီးစပ်ချင်စိတ်မရှိလို့လေ....
အပိုအလုပ်တွေလာမပေးဘဲ ပြန်လိုက်ပါ ဒယ်ဒီ..."
"Jungkook...ငါပြောရင် ရစမ်း...
ငါမင်းအိမ်ထောင်ရေးကိုအကောင်းဆုံး
ဖြစ်စေချင်တယ်..."
"အကောင်းဆုံးအိမ်ထောင်ရေးဆိုတာ
ဘယ်လိုမျိုးလဲ ...တရားဝင်မိန်းမကသတ်သေပီး
ရက်မလည်ခင် နောက်မိန်းမငယ်ငယ်လေး
ကောက်ယူတာမျိုးလား...အဆင်ပြေသားပဲ..."
"တရားဝင်မိန်းမဖြစ်လို့ဆိုတဲ့ခေါင်းစဉ်နဲ့
ဘဝတစ်လျှောက်လုံးငါ့ကိုလောင်မြိုက်မှု
တွေပဲရွေးပေးတဲ့ မင်းအမေအကြောင်းကို
ငါစကားထဲထည့်မပြောချင်ဘူး.....JungKook"
"နောက်ကျသွားတယ် ဆေးရုံမှာလူတွေက
စောင့်လိုက်ရလို့...."
ဒယ်ဒီနဲ့အားပြိုင်မှုတွင်သူ့ဘက်ကတခုခု
ပြောတော့မည့်ဆဲဆဲ ဖြတ်ဝင်လာသော
ခပ်အီအီမိန်းမအသံ...။
မိထွေးလေးပါခေါ်လာတာပဲ...။
ဆေးရုံဟုကြားလိုက်တာကြောင့်တခုခုဖြစ်လျှင်
ပျော်ပြဖို့ မော့ကြည့်လိုက်တဲ့အခါJungKook
မျက်နှာသည်သိသိသာသာကိုပျက်သုန်းသွားတော့သည်။
ခပ်ဖောင်းဖောင်းဗိုက်သည်သေချာပေါက်ကိုယ်ဝန်။
ဗိုက်ဖုံးအကျီဝတ်ထားကာသူ့ကိုခပ်လှောင်လှောင်
ကြည့်နေသောထိုမိန်းမသည် ရူးလောက်အောင်
ရုပ်ဆိုးလွန်းပါသည်။
"ဒယ်ဒီ!!!!!!!!!"
JEonသည်ဟန်ပင်မဆောင်နဲ့ခဲ့။ဗိုက်ကိုလက်ညိုး
ဖြင့်ထိုးရင်းအသံကုန်ထအော်တော့သည်။
"Sorry JungKook ဒယ်ဒီ ကာကွယ်ပေမယ့်
အခန့်မသင့်သွားတဲ့ပုံပဲ...."
"ဘာ!!!!!"
"ငါ ကလေး ရှိတာ နင့်အတွက် အရမ်းအဆင်မပြေ
ဖြစ်သွားလို့လားJeonJungkook....
နင်တို့လည်း ကလေးယူချင်ယူလို့ရပါတယ်
ဒီခေါတ်ကြီးမှာ နည်းကိုစုံလို့...."
နောက်အိမ်ထောင်ပြုခဲ့တာကိုခက်ခဲစွာသူလက်ခံ
ပေးခဲ့ရပြီး ကလေးမယူပါဘူး Jeonမျိုးဆက်ဟာ
Jeon JungKookတစ်ယောက်ထဲသာရှိရပါမည်ဟု
ဒယ်ဒီကကတိတွေအထပ်ထပ်ပေးခဲ့သည်။
မာမီသင်ထားပေးခဲ့တဲ့အတိုင်းသူဟာ Jeonမျိုးနွယ်
တစ်ခုလုံးရဲ့တစ်ယောက်ထဲသောဆက်ခံသူဖြစ်ရမည်။
သူ့နေရာကိုဘက်ပြိုင်လာမဲ့သူလုံးဝမရှိစေရ။
ဒယ်ဒီကလည်းကတိကိုအထပ်ထပ်ယုံအောင်ပေးကာ
နောက်ဆုံးတော့လုပ်ချင်ရာလုပ်လိုက်တာပဲ။
အတ္တသည်...တခြားဘာမှမစဉ်းစားရင်တောင်
ဒယ်ဒီ့ သားဟာ သူတစ်ယောက်ထဲပဲရှိရမည်..
ဒယ်ဒီဟာ သူ့ကိုပဲပုံအောချစ်ရမည်
ဒယ်ဒီကို သူကပဲဆိုးရမည် ဆိုသောတစ်ဦးတည်းသော
အလိုလိုက်ခံ သားတစ်ယောက်၏လောဘသည်
ဆိုးဝါးစွာထွက်ပေါ်လာတော့သည်။
"မင်းကိုငါ မင်းလိုချင်တာလည်းပေးပီးပီဆိုတော့....
အမွေကိစ္စတွေအတွက်တော့မပူနဲ့..."
"အရေးမပါတာတွေလာမပြောနဲ့ဒယ်ဒီ
ဒယ်ဒီကတိမတည်ဘူး....
အခန့်မသင့်လို့ ဟုတ်လား...
ဒါဆို...လိုမှမလိုမချင်ခဲ့တာပဲ
ဖြတ်ချလိုက်လို့ရတယ်လေ...."
"JeonJungkook!!!"
"နင့်ပါးစပ်ပိတ်ထား!!!!
နင့်အလှည့်ပီးရင်လာမယ်....
နင်ရော နင်ဗိုက်ထဲကဟာရော
အသက်ရှင်လျှက်ပြန်သွားရလိမ့်မယ်မထင်နဲ့....."
"JungKook!!!မင်းဘာစကားတွေ
ပြောနေတာလဲ...မင်းမှာနှလုံးသားရှိသေးရဲ့လား..."
"နှလုံးသားတဲ့လား...ဒါဆိုဒယ်ဒီ့မှာရော
ရှိခဲ့လား...ကျတော်ကိုယ်တိုင်က
ဖြတ်ချလိုက်လို့အပြောခံခဲ့ရတဲ့ကလေးမလို့
ကျတော်လုပ်ရဲတယ်..."
"သား...ဒါတွေက..."
"ဖြတ်ချလိုက်....ဖြတ်မချရင်
ကျတော့်အကြောင်းဒယ်ဒီသိမယ်..."
"နင်နဲ့ဘာဆိုင်လို့ ငါတို့လင်မယားကြား
ဝင်ပါနေတာလဲ..လူပါးဝလို့...."
"အကိုလေး! အကိုလေး!!!"
အခန်းပိတ်စရင်းတွေလုပ်နေချိန်
တံခါးနားကပ်ခေါ်နေသံတွေကြောင့်
အာရုံပျက်ကာရေးလက်စဘောပင်ကို
ပစ်ချပြီးတံခါးဖွင့်ပေးလိုက်သည်။
"အကိုလေး အောက်မှာ ရန်တွေဖြစ်နေကြပီ...
လာပါအုန်း..."
ဒီအိမ်မှာသူနဲ့Jungkook အပြင်ရန်ဖြစ်ရမယ့်
သူတွေရှိသေးလို့လား။
ဒူးပါတုန်နေသောအိမ်အကူကောင်မလေးတွေ
ကိုတချက်ကြည့်လိုက်တော့
"သခင်ကြီးတို့ လင်မယားရောက်နေတာ
အဲ့တာ သခင်လေးနဲ့....သခင်လေးက
မမလေး ဗိုက်ကို....."
"ဗိုက်...."
"ဟုတ်တယ်....လာပါအုန်း...အကိုလေးရယ်...
အကိုလေးထိန်းရင်ရမှာပါ..."
ထိန်းရမယ်တဲ့လေ...။စကားလုံးအဆန်းပါလား။
ဒီအိမ်မှာနေနေပီး မဆိုင်သလိုမျက်ကွယ်ပြု
နေလို့မဖြစ်....အထူးသဖြင့်ဥက္ကဌJeon
ဆိုတော့ပိုဆိုးပါသည်။
ခေါင်းညိတ်ပြကာအခန်းထဲကထွက်ပြီး
အောက်ထပ်လှေကားရှိရာသို့ပြေးလာလိုက်ကာ
လှေကားတွေအတိုင်းအောက်သို့ဆင်းလိုက်သည်။
"လူပါးဝတာ ငါမဟုတ်ဘူး နင်
ငါ့အမေကို သတ်တာ နင်..!!!!"
လှေကားတောင်မဆုံးသေးထွက်လာသော
အသံနက်ကြီးသည်သိပ်ကြောက်မက်ဖွယ်ရာ
ကောင်းလှသည်။လှမ်းကြည့်လိုက်တဲ့အခါ
Jungkook သည် ကိုယ်ဝန်ရှိနေပုံရသော
သူ့မိထွေးကိုတခုခုလုပ်ရန်ရွယ်နေပြီ။
ကိုယ်ဝန်ဆောင်ဆိုတာ မှားမှားမှန်မှန်
ဘာပဲဖြစ်ဖြစ်အပြစ်မဲ့သောလူသားလေး
တယောက်ကိုသယ်ဆောင်ထားတဲ့ရတဲ့သူ။
မိခင်ကမကောင်းနေဘူးဆိုရင်တောင်
ဗိုက်ထဲကကလေး၏ဝိဉာဉ်သည်
အဆုံးမဲ့သန့်စင်လှပါသည်။
တခုခုများထိခိုက်သွားလျှင်လုံးဝ
စိတ်မကောင်းစရာတွေကြီးပဲဖြစ်လာမှာမို့
ဘာမှမစဉ်းစားဘဲပြေးသွားလိုက်ကာ
JungKook လက်မောင်းတွေကိုအားကုန်သုံး
ဆွဲထားလိုက်မိသည်။
နာကျည်းချက်တွေကြောင့်စိတ်မထိန်းနိုင်
စွာမျက်စိရှေ့ကမိန်းမကိုတခုခုလုပ်ရန်
ရွယ်စဉ်မှာပဲလက်မောင်းကိုလာဆွဲသော
လက်သေးသေးလေးတွေ....။
"မလုပ်ရဘူးလေ....ကလေးနဲ့...မလုပ်ရဘူး..."
ကြောက်ကြောက်လန့်လန့်လက်တွေဆွဲထားကာ
ပြောနေသောParkJimin ၏
ပုံစံငယ်သည် တုန်ရီနေသေးသည်။
"လာမရှုပ်နဲ့....!!!လွှတ်စမ်း....."
သူ့ကိုအာရုံမရနေပါ...။ဆွဲထားသောလက်တွေကို
အလွယ်တကူရုန်းထွက်လိုက်သော်လည်း
ထပ်မံဆွဲထားလာတဲ့သူ..။
"ငါမင်းကိုမရှုပ်နဲ့လို့ပြောနေတယ်လေ....!!!!
ငါတွန်းလွှတ်ရင် မင်းသေမှာနော်...ဖယ်!!!"
"ကလေးလေးနဲ့လို့ငါပြောနေတယ်လေ...."
"အဲ့ကလေး...အဲ့ကလေး...!!!!!"
Jimin သည် စိတ်လွတ်နေပီဖြစ်သော
Jeonတကိုယ်လုံးကိုတင်းကျပ်စွာနောက်မှ
သိုင်းဖက်ထားလိုက်ပြီးဆွဲခေါ်သည်။
ဥက္ကဌJeonသည်လည်းအခြေအနေလုံးဝ
မဟန်တာကြောင့် မိန်းမဖြစ်သူကိုခေါ်ကာ
အိမ်ထဲမှထွက်ခွါဖို့လုပ်တော့သည်။
"ထွက်မပြေးနဲ့.....မပြေးနဲ့...လွှတ်စမ်းParkJimin!!!!
ငါ့ကိုလွှတ်စမ်း...."
ဥက္ကဌJeonသည်မိန်းမဖြစ်သူကို
ဆွဲခေါ်လျှက်အိမ်အပြင်သို့ထွက်ကာ
ကားပေါ်တန်းတက်ပြီးမြန်မြန်မောင်းထွက်သွားတော့သည်။
အိမ်ထဲတွင်ကမ္ဘာပျက်ကျန်ခဲ့သူသည်
အော်ဟစ်သောင်းကျန်းကာ ပြေးထွက်ဖို့ကြီး
လုပ်နေတာကြောင့်Jimin သည်ခက်ခဲလွန်းစွာ
ထိန်းထားခဲ့ရသည်။ကားသံကြားတော့မှ
လက်တွေကိုလွှတ်ပေးလိုက်တော့
ပုံရက်သားလဲကျသွားသည် မထင်မှတ်သော
ကိစ္စကိုထလုပ်ခဲ့သည်။
ကလေးတွေလိုအော်ငိုလိုက်ခြင်း....။
မျက်ရည်ပေါက်ကြီးငယ်တို့ကျဆင်းနေရာမှ
မတ်တပ်ရပ်နေသောJiminကိုကြမ်းပြင်ပေါ်မှ
စူးစူးရဲရဲကြည့်ကာ
"ဘာသိလို့ ခင်ဗျားဘာသိလို့ ဝင်ပါရတာလဲ..."
"မသိဘူး ငါမင်းတို့မိသားစုကိစ္စတွေကို
နားမလည်ဘူး ဒါပေမယ့် ဗိုက်ထဲကကလေးမှာ
ဘာအပြစ်မှာမရှိဘူး..အဲ့တာကြောင့်....အဲ့တာကြောင့်..."
"ဒီက ကလေးမှာလည်း ဘာအပြစ်မှမရှိခဲ့ပါဘူးဗျာ...
အဲ့မိန်းမက အဲ့မိန်းမက....."
ပြောရင်မောပန်းလာသူသည်.အခြေအနေမဟန်တော့။
Jungkook ဟာစိတ်ကိုထိန်းချူပ်နိုင်မှု
လုံးလုံးမရှိတာပဲ...။
ရင်ဘက်ကိုဖိကာ စကားဆက်ရန်သူကြိုးစား
နေပေမယ့်မရတော့တာကြောင့်Jimin လန့်သွားသည်။
"JungKook!!!Jungkook!!!
ဘာမှမဖြစ်ဘူး...ပြောချင်တာကိုနောက်မှပြောရတယ်
Hyungသိတယ်....တော်ပီလေ.....
တော်ပီ...ပင်ပန်းနေပီ....."
အလောတကြီးကြမ်းပြင်ပေါ်ထိုင်ချကာ
အသက်ရှုကျပ်နေသူကို
ဆွဲဖက်ထားလိုက်သည်။
ဘာလုပ်ပေးရမလဲမသိတာကြောင့်
စိတ်ထဲအဆင်ပြေမယ်ထင်မဲ့နည်းလေးကို
သူလုပ်မိလိုက်တဲ့အခါ ရင်ခွင်ထဲဝင်လာသူ
လူဆိုးကောင်လေး...။
"သတ်မှာ.....သတ်မှာ....တကယ်သတ်မှာ..."
"တော်ပီလို့...ဘာမှမဖြစ်တော့ဘူး...."
လှုပ်ခတ်စွာငိုကြွေးနေသောကျောပြင်တွေကို
အိမ်လည်ကြမ်းပြင်ပေါ်ထိုင်ကာ
တိတ်သွားအောင်ကြိုးစားနေခဲ့ရသည်။
ဆိုးဆိုးဝါးဝါးစိတ်ဒဏ်ရာတွေနဲ့
ဒီကောင်လေးရဲ့ကြီးပြင်းမှုမှာ
ဘာတွေကအကြီးကြီးလွဲချော်ခဲ့ရတာလဲ....။
စားပွဲပေါ်က လေယာဉ်လက်မှတ်နှစ်စောင်သည်
ငြိမ်သက်နေလျှက်.....။
..........။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနရာမွ
က်ယ္ေလာင္လြန္းေသာအသံႀကီးတစ္ခု
ေၾကာင့္Jiminလန့္နိုးသြားခဲ့သည္။
သီခ်င္းသံအက်ယ္ႀကီးသည္နားရက္ေလး
အိပ္ရမလားမွတ္တယ္...ေစာစီးစြာ
အိပ္ယာလွမ္းႏွိုးလိုက္သလိုမ်ိဳး။
ဖ်ားေနရာက သက္သာဖို႔ေနေနသာသာ
JeonJungkook ထပ္ႏွိပ္စက္၍
အိပ္ယာထဲဘုန္းဘုန္းလဲၿပီးေနာက္
မနည္းထူထူေထာင္ေထာင္ျပန္လုပ္ပီး
အလုပ္လုပ္ေသာ္လည္းခႏၶာကိုယ္ကပုံမွန္အတိုင္း
ကိုမလန္းဆန္းနိုင္ေသးပါ...။
ခုနားရက္ေတာ့ ေသခ်ာစြာ အိပ္ပါမယ္ဆိုမွ
လူဆိုးေကာင္သည္ အသံနဲ႔ႏွိပ္စက္ျပန္ၿပီ။
အိပ္ယာထဲမွမထခ်င္ထခ်င္ထလိုက္ရကာ
ျပတင္းေပါက္လိုက္ကာစေလးကို
အနည္းငယ္ဟလၽွက္ ဆူညံေနရာ
အျပင္ဘက္ကိုခိုးၾကည့္လိုက္သည္။
နည္းနည္းေနာေနာသ႐ုပ္ပ်က္လူေတြမဟုတ္...
မိန္းမေတြေရာ ေယာက်္ားေတြေရာ စုံေနကာ
သီခ်င္းအက်ယ္ႀကီး ဖြင့္လၽွက္
အိမ္ေတာ္ထဲက ေရကူကန္ျပာျပာေဘးတြင္
ကတဲ့သူက က ေရကူးတဲ့သူက ေရကူး
အရက္ေသာက္ေနတဲ့သူကေသာက္ေနၾကသည္။
JeonJungkook ကအဲ့ဒီလိုဘဝမ်ိဳးေတြမွာ
သိပ္ေပ်ာ္ေမြ႕တဲ့သူ....။
ျပသနာေတြတက္ၿပီးေနာက္ေန႔ေတြမွာ
က်ေတာ္အတတ္နိုင္ဆုံး မဆုံမိေအာင္ေနတယ္
က်န္းမာေရးမေကာင္းေတာ့ေတာ္႐ုံ
စိတ္အရွုပ္မခံနိုင္တာေတြလည္းပါတာေပါ့...။
သူ႔ကိုကတိေပးထားတဲ့အတိုင္း
က်ေတာ္အရင္လိုေတာ့ ႏူတ္လွန္မထိုးျဖစ္ေတာ့ဘူး။
က်ေတာ္အသားနာမွာက်ေတာ္သိပ္ေၾကာက္တယ္
မလုပ္ေလာက္ပါဘူးထင္ျမင္လို႔မရေလာက္
ေအာင္ ဩခ်ေလာက္တဲ့ရက္စက္မွုေတြကို
ၾကဳံခဲ့ၿပီးၿပီမို႔ စိတ္မမွန္တဲ့ဆိုက္ကိုေကာင္နဲ႔
မၿငိေတာ့ေအာင္ အလိမၼာေလးနဲ႔ေနရေတာ့မယ္
ဆိုတာ ဦးေႏွာက္ကေသေသခ်ာခ်ာသတိေပးလာၿပီ။
ႏူတ္ခမ္းကအနာေတြခုထိေသေသခ်ာခ်ာ
မက်က္ေသးသလို...လက္ကအရာေတြလည္း
နီရဲေနတုန္း.....။
သူကေတာ့ သူ႔စိတ္ႀကိဳက္ စိတ္ေက်နပ္မွု
ရသြားခဲ့တာမို႔အရင္လိုသြားလာေပ်ာ္ပါးၿပီး
တခါတေလ အိမ္ျပန္လာတယ္..
တခါတေလအိမ္ျပန္မလာဘူး
တခါတရံအိမ္မွာ
သ႐ုပ္ပ်က္မိန္းမေတြရဲ့ရီသံေတြကိုၾကားရတယ္
တခါတရံ အရက္ေတြမူးလာတယ္...
က်ေတာ္နဲလက္ထပ္ျခင္း
က်ေတာ့္အိမ္ေထာင္ေရးနဲ႔ က်ေတာ့္အိမ္ေထာက္ဖက္
ဟာ အဆိုးဝါးဆုံးေတြႀကီးပဲမို႔
ဘယ္ဘဝက ကုသိုလ္ကံေတြလဲလို႔သာေျပးေမးခ်င္တယ္
ဘယ္ဆုေတာင္းေတြမွားခဲ့လို႔လဲလို႔သိခ်င္လာတယ္...
အေကာင္းဆုံးေနထိုင္ခဲ့လို႔...
အေကာင္းဆုံးဘဝကိုပဲရခဲ့မယ္ထင္ခဲ့တာ....
ဟင့္အင္း မေနနိုင္ေတာ့ပါဘူး...
ကြာရွင္းပါမယ္ လုပ္ရေအာင္လည္း....
ခ်ဴပ္ေႏွာင္ထားမွုေတြက လွုပ္၍မရ...
အကူအညီနဲ႔ေငြေၾကးေတြက က်ေတာ့္ကိုဝါးမ်ိဳေနတယ္။
တခုေတာ့အဆင္ေျပေနတယ္...
က်ေတာ္အိပ္ေရးမဝသလိုခံစားရေပမယ့္
ၾကည္လင္ေနတာမို႔...သိပ္ေတာ့ေဒါသထြက္မေန။
ျပတင္းေပါက္မွတဆင့္မူး႐ူးေပ်ာ္ပါးေနတဲ့
သူေတြကိုအေၾကာင္းအရင္းမရွိေငးၾကည့္ေနလိုက္သည္။
ခုံေပၚတြင္ လွဲေနကာ ေနကာမ်က္မွန္အနက္ေရာင္
ႏွင့္ ခါးမွာအက်ီမရွိေသာ Jungkook ဟာ
အရက္ခြက္အေရာင္လဲ့လဲ့ကိုင္လၽွက္
ျပဳံးရႊင္ေနတယ္....။
ၾကည့္ေနတုန္းမွာပဲ မလုံမျခဳံမိန္းမတစ္ေယာက္က
အနားမွာလာထိုင္ေတာ့ သူက အရက္ခြက္ကို
ထိုမိန္းကေလးကိုေပးလိုက္ၿပီး ေသေသခ်ာခ်ာ
ျပဳံးကာစကားေတြေျပာေနသည္။
ခုက်ေတာ့လည္း...သရဲတေစၧစီးေနေသာ
မေကာင္းဆိုးဝါးေကာင္ေလးမဟုတ္ေတာ့။
ရႊင္ရႊင္လန္းလန္းျပဳံးေနကာအဆင္ေျပေနျပန္သည္။
မဂၤလာေဆာင္ေန႔က တခါေတာ့ျမင္ဖူးခဲ့သည္။
သူစိတ္လိုလက္ရျပဳံးျပတာမ်ိဳးကို..
ေနာက္ပိုင္းေတြေတာ့ ခပ္မဲ့မဲ့အျပဳံးေတြ
ရြဲ႕ေစာင္းေနေသာအျပဳံးေတြကိုသာျမင္ခဲ့ရတာမို႔
Jimin သည္ ျပတင္းေပါက္လိုက္ကာေနာက္က
အခ်ိန္ေတြခပ္ၾကာၾကာေငးေနမိခဲ့သည္။
က်ေတာ့္စိတ္ေတြထဲ...
JeonJungkook ကသပ္သပ္
JeonJungkook အျပဳံးေတြက သပ္သပ္လို႔
ခြဲျခားလိုက္တာပဲ....
ေၾကာက္ရြံ႕မုန္းတီးရေသာ လူတစ္ေယာက္ရဲ့
အျပဳံးေတြျဖစ္ေသာ္ျငားမ်က္ေတာင္မခတ္ဘဲ
ၾကည့္ေနခဲ့မိေနသည္။
မလုံမျခဳံမိန္းကေလးက ဘာမွမဝတ္ထား
ေသာသူ႔ရင္ဘက္ေတြကိုလက္သည္းရွည္ေတြနဲ႔
ဟိုထိဒီထိ ထိေတြ႕ကာ စကားေျပာျခင္းသည္
သိပ္လွပတဲ့ျမင္ကြင္းေတာ့မဟုတ္...။
ဒီအိမ္မွာJeonJungkook ရဲ့တရားဝင္
ေယာက်္ားရွိေနမယ္ဆိုတာသိသိရက္နဲ႔
ဂ႐ုလုံးဝမစိုက္ေၾကာင္း ကြက္ကြက္ကြင္းကြင္း
ကိုျပေနတာ...။
Jungkook ကိုယ္တိုင္ကလည္း
ေလာကစည္းေဘာင္ေတြ....
အားနာသမွုစိတ္ဓာတ္ လုံးလုံးမရွိလို႔ေပါ့....။
အေဖ့ကိုေခၚျပလိုက္ခ်င္ပါသည္။
ParkJimin က တန္ဖိုးမရွိတဲ့သက္မဲ့အ႐ုပ္ႀကီး
လိုေပါေပါေလာေလာသတ္မွတ္ခံေနရသည့္
Jeonစံအိမ္ေတာ္ထဲက ခုလိုျမင္ကြင္းေတြကို...။
JeonJungkook ရဲ့အစြယ္အပြါးေတြကက်ေတာ့္ကို
ျမင္တိုင္းအထင္ေသးစြာ ၾကည့္ၾကတာလည္း
မေျပာနဲ႔ Jeon JungKookဟာ သိကၡာတရားကို
အရက္နဲ႔ေဖ်ာ္ေဖ်ာ္ေသာက္ေနတတ္ေသာလူ...။
ဒီဒဏ္ေတြကိုေနာက္ထပ္ဘယ္ေလာက္မ်ား
ခံေနရအုန္းမွာလဲ.....။
"ေဂ် မင္းေယာက်္ားရွိတယ္မလား...
မဆင္မျခင္နဲ႔...."
"ငါဘာလုပ္ေနလို႔လဲ....အရက္ေသာက္ေနတာကို..."
"အနားကိုသူတို႔ကိုသိပ္မကပ္ခိုင္းနဲ႔ေလ
အိမ္မွာကို သူျမင္သြားရင္ဘယ္ေကာင္းမလဲကြ..."
"မင္းကငါ့ေယာက်္ားကိုစိုးရိမ္ေနတာလား
မင္းနဲ႔ဘာဆိုင္လို႔လဲ ...."
"ေဟ့ေကာင္...မင္းတို႔ကလက္ထပ္ထားတာကြ
ကြယ္ရာမွာမင္းလုပ္ေနတာေတြေတာင္
လြန္လွၿပီ အိမ္ႀကီးထဲမွာေတာ့ ဆင္ျခင္ေဂ်
ငါတို႔လည္းမေကာင္းဘူး...."
" သူ႔ေရွ႕မွာသြားလုပ္ျပရင္ေတာင္
ငါ့ကိုေသာက္ဖက္လုပ္မယ္ထင္ေနလား
လူေကာင္းေယာင္ေဆာင္မေနၾကနဲ႔
ေသာက္စရာရွိတာေသာက္စမ္းပါ
ငါParkJimin ကို ဂ႐ုမစိုက္ဘူး...."
"လုပ္ခ်င္ရာလုပ္ေတာ့ ေဟ့ေကာင္..
မင္းက တဖက္ေစာင္းနင္း အျမဲတမ္း..."
Jeon ဟာ အနားမွာလာထိုင္ေသာ
ေကာင္မေလး၏ဆံပင္ေတြအား
ထိေတြ႕ေနကာ ၾကဳံရာက်ပန္းစကားေတြ
ေျပာေနျပန္သည္။
"ဟိုေကာင္လာေျပာေနတာေတြကို
ဂ႐ုမစိုက္နဲ႔ ေနာ္ Babe...စိတ္လြတ္လက္လြတ္ေန.."
"Jungkook ကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ...."
"ခ်စ္ဖို႔လည္းေကာင္းတယ္ ခ်စ္လည္းခ်စ္တတ္တယ္"
"သြားပါ...လူေတြအမ်ားႀကီးနဲ႔ကို...."
"အကုန္ျပန္ခိုင္းလိုက္ရမလား
Babeေလးသေဘာ...."
"ေပ်ာ္ေနတာကို..မျပန္ခိုင္းပါနဲ႔....
ဒီက သူငယ္ခ်င္းေတြနည္းရင္စိတ္အားငယ္ေရာ..."
ဒီလိုမိန္းမေတြကစိတ္အားငယ္တတ္ေသးတာလား။
အိမ္ေထာင္ရွိတဲ့ေယာက်္ားရဲ့အိမ္မွာ
ခပ္တည္တည္ ပြတ္သပ္ေနတာမ်ိဳးသည္
သိပ္စိတ္အားတက္ေနလို႔မဟုတ္ဘူးလား...။
မိေထြးေသးေသးေလးေတာင္ေျပးျမင္မိပါသည္။
Jeonသည္ ခပ္ဟဟရီလိုက္ကာ...
"ဟုတ္လား ဒီကအားေပးမွာေပါ့ဗ်ာ...."
ေကာင္မေလးနဲ႔ခ်ိဳခ်ိဳအီအီစကားေတြ
ဆက္တိုက္ေျပာကာ ေရအတူတူဆင္းကူး
သည္။စည္းခ်က္ေတြနဲ႔သီခ်င္းသံေတြ
ေအာ္ဟစ္ရီေမာသံေတြသည္ၿခံဝန္းတစ္ခုလုံး
ဆူဆူညံညံ...။
Jeonသည္ အညိဳေရာင္လိုက္ကာနဲ႔
အခန္းကိုတခ်က္ေတာ့ေမာ့ၾကည့္လိုက္သည္။
ဆူညံပူညံေတြျဖစ္ေနတာကိုေတာင္
အိပ္ေနနိုင္ေသးတယ္.....။
မွတ္ေလာက္သားေလာက္ရွိေအာင္ပုံစံ
ခ်ၿပီးတဲ့ေနာက္မွာအရင္လိုမ်ိဳးေတာ့
ပက္ခနဲျပန္ေျပာတာမ်ိဳး
ဂ႐ုမစိုက္သလိုအခ်ိဳးမ်ိဳးေတြ...
တင္းလွစြာေသာအေၾကာေလးေတြသည္
ေလၽွာ့သြားသည္....။
ေပ်ာ့ဖတ္အားေပ်ာ့သြားတာမ်ိဳးေတာ့မဟုတ္ေပမယ့္
စကားတခြန္းေျပာလိုက္ရင္ျပန္ကန္တာမ်ိဳးေတာ့
မရွိေတာ့...။
အဆင္အနည္းငယ္ေျပတယ္ဆိုရမည္....။
အနည္းငယ္ေလးပါပဲ...
မတူမတန္မ်က္လုံးေတြ
ခပ္တင္းတင္းေလသံေတြ
အသဲယားစရာအျပဳအမူေတြကေတာ့
ParkJimin ကေတာ့ParkJimin ပင္မို႔ရွိေနေသးသည္။
"အကိုေလး...နိုးပီလား မနက္စားဘာစားမလဲ..."
အခန္းျပင္ထြက္လာသည္ႏွင့္တာဝန္ေက်စြာ
ေမးလာေသာအိမ္အကူေလးေတြသည္
အဆင္သင့္...။
"မစားေသးဘူး...က်ေတာ္ဝရံတာခဏထြက္
အုန္းမယ္ ဒီေန႔ ေနရတာေတာ္ေတာ္ေကာင္းတာပဲ
ေနလုံးဝေကာင္းခ်င္လာပီနဲ႔တူတယ္
ေနေရာင္ျခည္ေလးခဏခံၿပီး ေလေကာင္းေလသန့္
ေလးလည္းရွုခ်င္လို႔...."
"ဟုတ္ကဲ့ အကိုေလး ဝရံတာလာပို႔ေပးဆိုလည္း
ပို႔ေပးမယ္ေနာ္...အားမနာဘဲေျပာပါ.."
"ေနပါေစ...ေက်းဇူးပါ...."
တစ္ခ်ိန္လုံးျပသနာေတြႀကီးရွာခဲ့ေသာ
သခင္ေလးJeonနဲ႔ပဲေနခဲ့ရလို႔လားမသိ...
သိပ္သေဘာေကာင္းၿပီးႏူးညံ့ေသာအကိုေလး
Jimin ကိုျမင္ရတဲ့အခါတိုင္းအလုပ္လုပ္ေပးရေသာ
အခါတိုင္းမွာ လိုတာထက္ပိုၿပီးအဆင္ေျပေစခ်င္သည္။
သခင္ေလးကႏွိပ္စက္လြန္းလို႔သနားလည္းသနား
သည္။ေစတနာေတြသည္အျမဲတမ္းအလၽွံအပယ္ပါပဲ...။
အျဖဴေရာင္ညဝတ္ဝတ္စုံေလးနဲ႔အနက္ေရာင္
ဆံပင္ေလးေတြဖရိုဖရဲႏွင့္Jimin ဟာ
KNJစာလုံးေလးပါေသာေရဗူးေလးကို
ကိုင္လၽွက္ဝရံတာသို႔တလွမ္းခ်င္းလွမ္းထြက္သြားသည္။
ေနမေကာင္းေသာအရွိန္ေတြႏွင့္ေသြးေရာင္
မလႊမ္းေသးေသာ အသားအေရေတြဟာ
လိုတာထက္ပိုၿပီး ျဖဴစြတ္ေနခဲ့သည္။
Jeonအိမ္ေတာ္ကိုဘယ္ေလာက္မုန္းမုန္း
ဝရံတာအက်ယ္ႀကီးကိုေတာ့သူစေရာက္ထဲက
သိပ္သေဘာက်ပါသည္...။
ေတာ္ေတာ္ကိုက်ယ္ဝန္းလွေသာဝရံတာတြင္
ဘာပစၥည္းတစ္ခုမွမရွိေနဘဲရွင္းရွင္းလင္းလင္း။
ဝရံတာကိုထြက္မတ္တပ္ရပ္လိုက္ရင္
တၿခံလုံးကိုျမင္ရကာ ျမင္ကြင္းသည္သိပ္လွသည္။
ပန္းပင္ေလးေတြ....
လမ္းကေလးေတြ...
JeonJungkook ရဲ့ၿပိဳင္ကားေရာင္စုံေတြ...
ေရကန္ေသးေသးေလးေတြ....
Jungkook အေမက သိပ္စိတ္ကူးေကာင္းခဲ့သူ
တစ္ေယာက္ျဖစ္လိမ့္မယ္ဆိုတာကေတာ့
ျငင္း၍မရ...။
သားက်မွဘာလို႔စိတ္ကူးဆိုးေတြပဲရွိေနသလဲ
မသိပါ.....။
ဝရံတာေပၚလက္ကေလးေတြတင္ကာ
ေလႏုေအးေလးကိုခံစားေနလိုက္သည္။
အဆင္မေျပတာေတြေတာ့ဘဝမွာရွိေနဆဲေပါ့
ဒါေပမယ့္ အခန္းထဲပိတ္ေနေနလို႔လည္း
ေျပေလၽွာ့သြားတာမ်ိဳးမွမဟုတ္တာေလ။
မနက္ခင္းေနေရာင္ျခည္ႏုႏုခံယူတာမ်ိဳး
ေလေျပႏုႏုေလးခံစားလိုက္ရတာမ်ိဳးေတာ့
အခြင့္အေရးရွိပါေသးတယ္။
"အဲ့ေကာင္ထြက္တာနဲ႔ ငါတန္းဝယ္မွာ
အိမ္ကေကာင္ေတြကိုထပ္ျမႇင့္ဖို႔လည္း
လုပ္ထားေသးတယ္ ေငြကေတာ့ေျပာမေနနဲ႔
အရင္လို အာ႐ုံေနာက္ဖို႔ကိုမလိုေတာ့ဘူး
အကုန္ငါ့လက္ထဲေရာက္ေနၿပီ
JeonJungkook တို႔ဘဝကေတာ့
ကံေကာင္းၿပီးရင္ေကာင္းပဲ....."
"လုပ္ငန္းေတြကို မင္းဝင္ကိုင္ေနပီလား ေဂ်.."
"ParkJimin လုပ္ေနတယ္ ငါကေငြသုံး႐ုံပဲ...."
အသက္၂၀အရြယ္ေကာင္ေလး၏ရင့္က်က္မွု
သည္ဒီေလာက္ပဲ...။မလုပ္ရရင္ပီးေရာ
Jimin ဆိုတာလည္းသူစိမ္းပဲ
တခုခုမ်ား အကြက္ေက်ာ္ခံမွာကိုသူမေတြးခဲ့..။
မဂၤလာေဆာင္ပီးထဲကJimin ကJeon Group
က္ုပါ ကိုင္တြယ္ေနမွန္းသိေသာ္လည္း
Company ႏွစ္ခုကိုလုပ္ေနရတာေကာင္းတယ္ဟု
အားရစိတ္ပဲရွိခဲ့သည္။
Jiminသာဥာဏ္မ်ားခ်င္လာရင္
ပိုက္ဆံျဖဳန္း႐ုံကလြဲဘာမွမသိေသာ
သူေဌးသားေလးသည္ဒုကၡေရာက္သြားနိုင္တယ္ဆိုတာ
ေဘးက ျမင္နိုင္ေသာသူေတြကျမင္ေပမယ့္
JEonကေတာ့ လုံးလုံးမစဥ္းစားခဲ့ပါ...။
"မိုက္လိုက္တာ...ကြာ..."
"ဒါေပါ့...ကုသိုလ္ကံေပါ့ကြာ..မင္းတို႔ကို
သိပ္အမ်ားႀကီးငါမႂကြားခ်င္ေပမယ့္...
ေနာက္လထဲက်ရင္....."
Jeon သည္ သူငယ္ခ်င္းအားေကာင္မေလး
၏ပူခုံးေတြဖက္ကာ ဟန္ပါပါႂကြားဖို႔
လုပ္ေနသည္။
သူငယ္ခ်င္းသည္
အစကစိတ္ပါလက္ပါစကားေျပာေပမယ့္
မ်က္လုံးေတြသည္ အၿငိမ္မေနေတာ့
သူ႔ဆီမွာလည္းရွိမေန..တေနရာရာကိုလွမ္းၾကည့္လိုက္
သူ႔ဆီျပန္ေရာက္လာလိုက္ႏွင့္ ေယာက္ယက္ခတ္
ေနသည္။
"ေနာက္လထဲက်ရင္...Parisက
Showroomကိုသြားၾကည့္မယ္...
ေငြဘယ္ေလာက္ကုန္ကုန္ကြာ...
အင္ဂ်င္ကို အျပတ္...."
ကားအေၾကာင္းေျပာရရင္စိတ္တက္ႂကြလွသည္။
ေျပာျပေနတာကိုလည္းစိတ္ဝင္တစား
နားေထာင္ေစခ်င္သည္။
ဒါေပမယ့္ ဒီေကာင့္ပုံစံသည္သူ႔အေပၚမွာ
စိတ္ဝင္စားမွုမရွိဘဲ တေနရာရာကိုပဲထပ္လွမ္းၾကည့္ေနတာေၾကာင့္Jeonသည္မ်က္ေမွာင္ေတြက်ဳံ႕သြားသည္။
"ေဟ့ေကာင္!!! ငါေျပာေနတယ္ေလ...
ေသခ်င္လို႔ အာ႐ုံမစိုက္ဘဲ
ဘယ္ေနရာကိုပဲ ၾကည့္ ၾကည့္......"
အာ႐ုံမရေနေသာသူငယ္ခ်င္းၾကည့္ေနေသာ
ေနရာသို႔ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာအခါ
သူကိုယ္တိုင္ပင္စကားေတြတိတ္က်သြားသည္။
အျဖဴေရာင္ဝတ္စုံႏွင့္ ျဖဴေဖ်ာ့ေဖ်ာ့လူသားသည္
မ်က္ႏွာကိုအနည္းငယ္ေမာ့ကာ
လက္ကေလးေတြဝရံတာေဘာင္ေပၚတင္ၿပီး
အသက္မွန္မွန္ရွူေနေသာျမင္ကြင္း.....။
ေလတခ်က္ျဖတ္တိုက္သြားတိုင္း
သေဘာက်၍လားမသိ တခ်က္ျပဳံးသြားပုံသည္
ေနေရာင္ျခည္ႏုႏုက်ေရာက္ေနေသာမ်က္ႏွာ
ဖူးဖူးေလးေပၚ လွရက္လြန္းစြာ....။
ရဲတိုက္လိုစံအိမ္ေတာ္ႀကီးေပၚက
မင္းသားေလးလို....ေမေမေဆာက္ေပးခဲ့ေသာ
အႏုပညာေျမာက္ေသာစံအိမ္ႀကီးသည္
ParkJiminနဲ႔မွ အံဝင္ခြင္က်ၿပီးျပည့္စုံသြားသည္။
ပန္းခ်ီကားတခ်ပ္ဆိုလည္း ျဖစ္ခ်င္ျဖစ္လို႔ရနိုင္သည့္
အေျခအေန....။
Jeon သည္ေဘးဘီကိုတခ်က္ၾကည့္မိတဲ့အခါ
အားလုံးသည္ မသိမသာေရာ သိသိသာသာပါ
ခိုးေငးေနကာ အကုန္ေရကန္ထဲကန္ခ်ပစ္ခ်င္စရာ
မ်က္ႏွာမ်ိဳးေတြ...။
ရင္ခြင္ထဲက မိန္းကေလးကေတာင္
လွမ္းၾကည့္ေနေသးသည္။
"နင္ဘာျဖစ္ေနတာလဲ......"
"ဘာကိုလဲ JungKook...ေဘဘီဘာမွားလို႔လဲ..."
Jimin ကိုၾကည့္မရပါဘူးဆိုတဲ့Rom
လိုေကာင္မ်ိဳးကေတာင္ အရက္ခြက္ကိုင္ကာ
အရသာခံလွမ္းၾကည့္ၿပီး ဘာေတြခံစားေနသလဲ
မျမင္ရတာမို႔ မ်က္ႏွာသည္ခ်က္ခ်င္းပ်က္ရသည္။
ဘာလုပ္ေနတာလဲ...။ဝရံတာထြက္ၿပီးဘာလုပ္ေနျပန္တာလဲ...လုပ္စရာဘာမွမရွိေတာ့ဘူးလား....။
အျမဲတမ္း ငါ့ကိုေဒါသထြက္ေအာင္လုပ္တယ္....။
ခ်က္ခ်င္းထမတ္တပ္ရပ္ကာShirtအက်ီကိုေကာက္ဝတ္
လိုက္ေသာJeonေၾကာင့္အားလုံးသည္
အသိျပန္ဝင္လာသလိုအၾကည့္ေတြမသိမသာ
လႊဲလိုက္ၾကသည္။
JEonသည္ အဝါႏုေရာင္Shirtအက်ီလက္တိုကို
ၾကယ္သီးတလုံးသာတပ္ၿပီး
ဆံပင္ေတြကိုေရခါလိုက္ကာဘယ္သူကိုမွ
ဘာမွမေျပာဘဲထထြက္သြားသည္။
"ဘာျဖစ္သြားတာလဲ Rom...
အဲ့ေကာင္ခုတေလာပုံမွန္မဟုတ္ဘူးေနာ္...."
"မသိပါဘူး...လႊတ္ထားလိုက္.....
အိမ္ေထာင္က်သြားရင္ေတာ့
ပုံမွန္ျဖစ္မယ္ထင္တာ ပိုဆိုးသြားတယ္..."
"သူရထားတဲ့ေကာင္ကိုလည္း
ၾကည့္အုန္းေလ...ေဂ်မေျပာနဲ႔
ငါေတာင္ခဏၾကည့္မိတာ႐ူးေနခ်င္ပီ..."
"ခံစားလြယ္လိုက္ၾကတာကြာ....."
Romသည္ေျပာမဲ့ေျပာရသည္။
သူလည္းသတိလက္လြတ္ၾကည့္မိခဲ့တာ
မိနစ္ေတြအမ်ားႀကီးမို႔ လိပ္ျပာလုံမေနခဲ့ပါ...။
အကိုေလးJiminသည္ဝရံတာမွာေအးေအးလူလူ
ေလးေလညႇင္းခံေနလို႔တအိမ္လုံး
စိတ္ခ်မ္းသာစြာ စိတ္ခ်႐ုံရွိေသးသည္။
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ
ျပဳံးျပ႐ုံပဲရွိေသးသည္။
အိမ္ထဲသို႔ေျခလွမ္းက်ဲေတြျဖင့္ဝင္လာေသာ
အရိပ္ႀကီးသည္ျမန္ျမန္ဆန္ဆန္ပင္
ေလွကားေတြအတိုင္းအေပၚထပ္သို႔
ေျပးတက္သြားသည္။
"သူ ဘာျဖစ္ျပန္ပီလဲ..."
"ရန္ျဖစ္အုန္းမယ္နဲ႔တူတယ္...
အကိုေလးလည္းဘာမွမလုပ္ဘဲနဲ႔ဟာ
သခင္Jeonကအရမ္းလြန္တာပဲ...."
အိမ္အကူေကာင္မေလးေလးေတြသည္
ေျခသံလုံလုံျဖင့္ဘာေတြမ်ားျဖစ္မလဲ
ေနာက္မွလိုက္ကာစပ္စုရမည္။
လြန္လာရင္ေတာ့ဝင္ဆြဲရမည္။
အကိုေလး ႏူတ္ခမ္းက အနာေတြေပ်ာက္ေသးတာမဟုတ္။
Hyung သင္ေပးထားခဲ့ေသာသဘာဝတရားကို
ခ်စ္ရမည္ဆိုေသာစကားေလးေၾကာင့္
ျမင္ျမင္သမၽွသဘာဝတရားတိုင္းကို
ခ်စ္ေနမိစြာ ၿငိမ္ၿငိမ္ရပ္ေနေသာအခ်ိန္
ဝုန္းခနဲက်ယ္ေလာင္ေသာတံခါးဖြင့္သံေၾကာင့္
လန့္သြားခဲ့သည္။ပုခုံးေတြပင္တုန္သြားကာ
ျပင္းထန္လွေသာတံခါးဖြင့္သံ၏တရားခံအား
ခ်က္ခ်င္းလွည့္ၾကည့္ေတာ့....
ဘဘာဝေတြအားလုံးထဲက...
အဆိုးဆုံးဘဘာဝကပ္ဆိုးေကာင္....။
ျမန္ျမန္ဆန္ဆန္ေလၽွာက္လာပုံသည္
ေဒါသထြက္ေနတာေသခ်ာသည္။
ေဒါသထြက္စရာသူဘာမွမလုပ္မိတာ
ေသခ်ာတာမို႔ ျပဴးသာၾကည့္ေနလိုက္သည္။
"လာစမ္း...!!!"
လက္ေတြကိုေဆာင့္ဆြဲလာတာမို႔
သူလာဆိုတိုင္းေတာ့ မလိုက္နိုင္ပါ...။
ဘာမွ အမွားလုပ္မိတာမဟုတ္...။
"ဘာလဲ....ငါ ေလညင္းခံေနတာ
မင္းကိုငါ ဘာေႏွာက္ယွက္မိလို႔လဲ..."
"လာဆိုလာ..စကားေတြမရွည္နဲ႔!!!!"
အရွိန္နဲ႔ေဆာင့္ဆြဲကာေခၚသြားတာေၾကာင့္
Jimin သည္ဘာမွျပင္ဆင္ခ်ိန္လည္းမရွိ
အားသန္ေသာလက္ေတြေနာက္ပါသြားခဲ့ျပန္သည္။
ေခၚသြားတာကာ သူ႔အိပ္ခန္းထဲ...။
"ခင္ဗ်ားအရမ္းအခ်ိန္ေတြေပါေနလား....
လူေတြအမ်ားႀကီးရွိလို႔ ဝရံတာထြက္အလွျပေနခ်င္
တယ္ေပါ့ေလ...အကုန္လုံးကိုျမဴစြယ္ခ်င္ေနတာ
အျမဲတမ္း"
ညဝတ္အက်ီေခါင္းစုတ္ဖြားက်ေတာ္ပုံစံနဲ႔
ေလညင္းေလးခဏထြက္ခံမိတာ
ကမၻာပ်က္ျပန္ၿပီပဲ.....။
"ငါမင္းတို႔ကိုတခ်က္မွေတာင္မၾကည့္ပါဘူး
စိတ္လည္းမဝင္စားဘူး ငါေနေကာင္းသလိုလို
ရွိလ္ို႔ ခဏေလးထြက္မတ္တပ္ရပ္မိတာပါ
အိပ္ေနတဲ့ငါ့ကိုနိုးသြားေအာင္
သီခ်င္းအက်ယ္ႀကီးဖြင့္တာမင္းေလ
ငါမင္းသူငယ္ခ်င္းေတြေရွ႕မွာလည္း
မင္းမေက်နပ္ေအာင္ဘာမွမလုပ္ရေသးဘူးေနာ္
ေလညင္းခံလို႔မရဘူးလား
မင္းကိုငါေပးထားတဲ့ကတိမွာ မတ္တပ္လြတ္လြတ္
လပ္လပ္ရပ္လို႔ေတာင္မရေတာ့ဘူးလား..."
"မရပ္ရဘူး...အရက္ေသာက္ရတာ
အာ႐ုံပ်က္တယ္..."
"ဘာဆိုင္လဲ? မင္းအရမ္းတရားမလြန္လာနဲ႔ေနာ္..."
"ေျပာရင္နားေထာင္ဖို႔ကတိေပးထားတယ္မလား"
"ဒီလို တဖက္သတ္ကိစၥေတြအတြက္မပါဘူး
Jungkook...မင္းငါ့ကိုလူလို႔သတ္မွတ္ေသးလား
ပိုက္ဆံေၾကာင့္ဝယ္ၿပီးလက္ထပ္ခဲ့လို႔
အနိုင္ယူလို႔ရတယ္ အနိုင္က်င့္လို႔ရတယ္ဆိုေပမယ့္
မင္းဒါေဘာင္ေက်ာ္လြန္းတယ္...."
"ခင္ဗ်ားနဲ႔ပတ္သတ္လာရင္က်ေတာ့္မွာ
ေဘာင္မရွိဘူး....ေန အထဲမွာ အျပင္ကို
တလွမ္းမေရြ႕လာနဲ႔ ဝရံတာကေနလႊတ္ပစ္မယ္...."
"လႊတ္ပစ္လိုက္!!ငါ ေပ်ာ္ေနလို႔ဒီဘဝမွာ
ေနေနတာမဟုတ္ဘူး...
ဒီေလာက္ႀကီးက လြန္လြန္းတယ္
လႊတ္ပစ္လိုက္..!"
"မခ်ီနိုင္လို႔...မပစ္ေတာ့ဘူး...
အခန္းထဲမွာပဲေန....ဒါပဲ..."
ေစာေစာစီးစီးၾကည္လင္ေနေသာစိတ္ေတြသည္
လုံးဝေနာက္က်ိသြားၿပီ။
ဘာလုပ္လုပ္လိုက္အနိုင္က်င့္ေနသလ္ို
ေကာင္သည္ သူဘယ္လိုပဲ သည္းခံဖို႔
တရားေတြမွတ္ထားမွတ္ထား
ဘယ္ေတာ့မွအဆင္မေျပခဲ့....။
"မေနနိုင္ဘူး...ငါလုပ္ရမွာကိုျဖစ္မွာ
ငါလုပ္ေနတဲ့အလုပ္ကဘာအျပစ္မွ
မရွိဘဲ ၿငိမ္ခံေပးလိုက္ရတာကိုလက္မခံနိုင္ဘူး
အလွျပေနတယ္ဆိုလည္း...အလွျပေနတယ္ေပါ့
မလွလို႔လား ငါက...."
စကားသည္လွသည္..
ေျပာတဲ့သူကလည္းလွသည္...
စိန္ေခၚသလိုေမးခြန္းသည္လည္းလွလွေလး...
ယုံၾကည္မွုေတြအလၽွံအပယ္ရယ္...
မ်က္ႏွာေလးကိုေမာ့ခ်ီကာ ႏူတ္ခမ္းကမေပ်ာက္
တေပ်ာက္အနာေလးေတြနဲ႔ေျပာလိုက္ေလေသာ
ပုံစံ.....။
ခင္ဗ်ားဗ်ာ....လို႔စိတ္ထဲတ္ိုးဖြဖြေရရြတ္လိုက္မိတဲ့အထိ။
ေတာ္ေတာ္ေလးကိုမုန္းစရာမ်က္ႏွာေလး...
မုန္းေနတဲ့ၾကားက လက္ေတြနဲ႔ဖ်စ္ညႇစ္လိုက္ခ်င္သည္။
"ေလညင္းမခံရလို႔ကိုမျဖစ္ဘူးေပါ့
တအားအေရးႀကီးေနတယ္ေပါ့ေလ...အဲ့လိုလား..."
"အင္း...ဟုတ္တယ္....."
"အလွကလည္းအရမ္းျပခ်င္ေနတယ္ေပါ့...."
"ဒါကေတာ့....."
"လာခဲ့...."
လက္ေတြကိုျပန္ေဆာင့္ဆြဲကာဝရံတာဆီသို႔
တေခါက္ျပန္ေခၚလာတဲ့သူ...။
ဘာလုပ္မလဲဆိုတာမခန့္မွန္းတတ္ေပမယ့္
စိတ္ထဲေၾကာက္စိတ္ကစဝင္လာၿပီ။
ခုမွ ငါၿငိမ္ေနလိုက္ရင္ေကာင္းသားဟု
ေနာင္တကဝင္လာသည္။
သူရပ္ခဲ့ေသာေနရာသို႔တြန္းလႊတ္လိုက္ေသာ
JungKook သည္ေအးတိေအးစက္ပင္...။
"အဆင္ေျပပီမလား...."
"အင္း ေျပတယ္....မင္းသြားေတာ့...."
ေျပာပီးပီးခ်င္း ေရွ႕အရပ္တည့္တည့္လွည့္ကာ
ရင္ထိတ္ေနရသည္။ဘာမွနာက်င္ေအာင္
ရိုက္လိုက္တာမ်ိဳးေျပာပစ္လိုက္တာမ်ိဳးမလုပ္၍
ေတာ္ေသးတယ္ဆိုရမည္။
သက္ျပင္းတိုးတိုးခိုးခ်ကာ ေတာ္ပါေသးရဲ့
ဟုစိတ္ထဲေျပာလို႔မွမဆုံးေသး
ေက်ာျပင္တခုလုံးေႏြးေထြးသြားကာ
သူသည္အရိပ္အျမဳံတခုထဲကိုေရာက္သြားသည္။
လန့္သြားတာေၾကာင့္ခ်က္ခ်င္း႐ုန္းထြက္ေတာ့
JeonJungkook သည္သူ႔ခႏၶာကိုယ္ႀကီး
တစ္ခုလုံးႏွင့္ လုံျခဳံစြာေနာက္မွအုပ္မိုးထားေၾကာင္း
သိလိုက္ရသည္။
"ၿငိမ္ၿငိမ္ေန...ဘယ္သူမွမျမင္ရေအာင္
ကြယ္ထားတာ ႀကိဳက္သလိုေလညင္းခံ
ေလမုန္တိုင္းလာေတာင္ ခင္ဗ်ားပါမသြားေတာ့ဘူး.."
တကယ္လည္းဘယ္သူမွျမင္ရေတာ့မယ့္
ပုံမေပၚပါ...။သူဟာအစြန္အဖ်ားေလး
ေတာင္မေပၚေအာင္ရင္ခြင္ထဲကို
လုံျခဳံစြာထည့္သိုထားတာ....။
"လက္ေတြ စည္းထဲမွာပဲေန...
အျပင္မထြက္ရဘူး...."
တက္တူးအျပည့္နဲ႔လက္ေတြကအုပ္မိုးကာ
ဝရံတာေဘာင္ကိုေထာက္ၿပီး
စည္းတားထားလိုက္ေသးသည္။
တက္တူးေတြနဲ႔လက္ေခ်ာင္းေတြေဘးက
သူ႔လက္ေသးေသးေလးေတြသည္
မလိုက္မဖက္ရီစရာျဖစ္ေနတာမို႔
ဝရံတာေဘာင္ကိုကိုင္မထားမိေတာ့ပါ။
"မင္းဘာအ႐ူးထတာလဲ ဖယ္စမ္း
ေအာက္မွာ လူေတြနဲ႔ ျမင္မေကာင္းဘူး...."
"အလွမျပရေတာ့လို႔...ေပါက္ကြဲရွာပီ...
စိတ္ခ်..ခင္ဗ်ားဆံပင္တေခ်ာင္းေတာင္
မျမင္ေစရဘူး...."
Jimin ၍မ်က္လုံးေလးေတြေတာင္ေျမာက္
လွုပ္ရွားသြားလၽွက္ မေနတတ္မထိုင္တတ္ျဖစ္ေနေသာ
အေျခအေန..။ပူးကပ္လြန္းေသာခႏၶာကိုယ္
ႏွစ္ခုတြင္Jungkook ၏ဝင္ေလထြက္ေလကအစ
ဂုတ္သားေတြအေပၚလာလာထိေနသည္။
သူကအနိုင္က်င့္ေနတာ....
မႀကိဳက္မွန္းသိလို႔လုပ္ေနေပမယ့္....
က်ေတာ့္မွာ တကိုယ္လုံးေအးစက္လာကာ
ႏွလုံးခုန္သံေတြျမန္လာသည္။
ေသြးစက္စက္က်ေအာင္ရက္စက္ခဲ့တဲ့သူ..
သူဟာဘယ္ေနရာမွက်ေတာ့္အေပၚ
မေကာင္းခဲ့ေသာ္လည္း...
လူက ဆယ္ေက်ာ္သက္ေလးလို
မေတြ႕ဖူးမၾကဳံဖူးသလို တုန္တုန္လွုပ္လွုပ္...။
"ဖယ္ေတာ့ေနာ္ မင္းမိန္းကေလးျမင္ရင္မေကာင္းဘူး"
"ဘယ္မိန္းကေလးကိုေျပာတာလဲ
က်ေတာ့္မွာက မိန္းကေလးေတြအမ်ားႀကီးရယ္.."
စိတ္ထဲစူးခနဲ...။သူကခနဲ႔ေသာရီသံခပ္ေပါ့ေပါ့
ျဖင့္ေျပာေနေပမယ့္Jiminကေတာ့
ေလးပင္လြန္းသြားသည္။
"ေနာက္တစ္ခါ....ဒီလိုမ်ိဳး..
အေရာင္ႏုႏုေတြ...ပါးပါးေလးေတြ
ဝတ္ၿပီး အိမ္အျပင္ကိုထြက္ထြက္မလာနဲ႔...
ခင္ဗ်ားက လုံးဝၾကည့္မေကာင္းေနဘူး
သူမ်ားေတြျမင္ရင္ က်ေတာ့္ကိုကဲ့ရဲ့ၾကမွာ...ၾကားလား..."
"ၾကားလားလို႔ ParkJimin.!"
"ေလညင္းခံတာ ပီးပီ ေလလည္းမတိုက္ေတာ့ဘူး
ငါမနက္စာသြားစားေတာ့မယ္..ဖယ္...ဖယ္ေတာ့..."
ဒါမွအိမ္ထဲကိုအပီးဝင္မွာ.....။
က်ေတာ့္မွာကဥာဏ္ေရာင္စုံေတြအျမဲလင္းေနတယ္။
ထြက္ေျပးသြားသူသည္ေယာင္၍ပင္
ဝရံတာကိုလွည့္မၾကည့္ေတာ့....။
ေအာက္ကေကာင္ေတြကိုတခ်က္စူးၾကည့္လိုက္
ေတာ့ မသိခ်င္ေယာင္ေဆာင္ေနၾကသည္။
Jeonသည္...ႏူတ္ခမ္းေတြတြန့္႐ုံျပဳံးသြားရင္း....။
..................
"JungKook ရွိေနတာလား......"
တေနကုန္ေသာက္တာနည္းနည္းမ်ားသြား၍
အားလုံးအိမ္ျပန္သြားခ်ိန္တြင္
ဧည့္ခန္း၌ေဆးလိပ္ဖြာေနတုန္းအိပ္ေပ်ာ္သြားပုံ
ရပါသည္။ဒယ္ဒီအသံနားထဲဝင္လာေတာ့မွ
လန့္နိူးေတာ့ မိုးေတာ္ေတာ္ခ်ဴပ္ေနၿပီ...။
"ဒယ္ဒီဘာလာလုပ္တာလဲ....."
"အလည္လာတာေလ...."
ဒယ္ဒီဟာအေၾကာင္းအရင္းမရွိဘဲ
ဘာမွမလုပ္တတ္တဲ့အေၾကာင္းJeon
သိထားတာမို႔ ဆိုဖာေပၚလွဲအိပ္ေနရာမွ
ထထိုင္လိုက္ကာ စီးကရက္တလိပ္မီးညႇိေနလိုက္သည္။
"အလည္လာတယ္ဆိုေပမယ့္
ေျပာစရာေတြလည္းရွိလို႔
မင္းJimin ကိုေကာင္းေကာင္းမဆက္ဆံတာ
ေတြရယ္..မင္းတို႔အခန္းခြဲေနတဲ့ကိစၥေတြရယ္
ငါျပန္ၾကားေနရတဲ့ မင္းကႀကီးတဖက္သတ္
လြန္ေနတဲ့ကိစၥေတြေပါ့...အဲ့တာေတြေျပာဖို႔လာတာ.."
"ParkJimin ကအတိုင္အေတာထူလိုက္တာဗ်ာ.."
"ငါကJimin ကေျပာျပမွျပန္သိရမယ့္
အေနအထားလား Jungkook..
အဲ့ေတာ့ ပီးခဲ့တာေတြကထားေတာ့
ညားခါစကေတာ့ဒီလိုပဲ...."
"ညားခါးစ ခ်စ္ျပေနရမွာေလက်ေတာ္တို႔က
ေန႔တိုင္းရန္ျဖစ္ေနတာ ဒယ္ဒီဟာသေတြလာမေျပာနဲ႔...."
"ေရာ့...ဟန္နီးမြန္းထြက္! ငါအဲ့ကၽြန္းကိုဝယ္လိုက္ပီ
အရမ္းလွတယ္...မင္းတို႔မနီးစပ္ေတာ့
နီးစပ္မွုေတြျဖစ္ေစခ်င္လို႔...Jimin လည္း
က်န္းမာေရးခ်ဴခ်ာေနတယ္ၾကားတယ္
စိတ္ေျပလက္ေပ်ာက္ေပါ့ကြာ...."
ေလယာဥ္လက္မွတ္ေတြနဲ႔တျခားလိုအပ္တာ
ေတြကိုJEonတခ်က္ၾကည့္ကာစီးကရက္တခ်က္
ဖြာလိုက္သည္။
"ဟန္းနီးမြန္းထြက္လည္းမနီးစပ္ဘူး
ဘာလို႔ဆို...နီးစပ္ခ်င္စိတ္မရွိလို႔ေလ....
အပိုအလုပ္ေတြလာမေပးဘဲ ျပန္လိုက္ပါ ဒယ္ဒီ..."
"Jungkook...ငါေျပာရင္ ရစမ္း...
ငါမင္းအိမ္ေထာင္ေရးကိုအေကာင္းဆုံး
ျဖစ္ေစခ်င္တယ္..."
"အေကာင္းဆုံးအိမ္ေထာင္ေရးဆိုတာ
ဘယ္လိုမ်ိဳးလဲ ...တရားဝင္မိန္းမကသတ္ေသပီး
ရက္မလည္ခင္ ေနာက္မိန္းမငယ္ငယ္ေလး
ေကာက္ယူတာမ်ိဳးလား...အဆင္ေျပသားပဲ..."
"တရားဝင္မိန္းမျဖစ္လို႔ဆိုတဲ့ေခါင္းစဥ္နဲ႔
ဘဝတစ္ေလၽွာက္လုံးငါ့ကိုေလာင္ၿမိဳက္မွု
ေတြပဲေရြးေပးတဲ့ မင္းအေမအေၾကာင္းကို
ငါစကားထဲထည့္မေျပာခ်င္ဘူး.....JungKook"
"ေနာက္က်သြားတယ္ ေဆး႐ုံမွာလူေတြက
ေစာင့္လိုက္ရလို႔...."
ဒယ္ဒီနဲ႔အားၿပိဳင္မွုတြင္သူ႔ဘက္ကတခုခု
ေျပာေတာ့မည့္ဆဲဆဲ ျဖတ္ဝင္လာေသာ
ခပ္အီအီမိန္းမအသံ...။
မိေထြးေလးပါေခၚလာတာပဲ...။
ေဆး႐ုံဟုၾကားလိုက္တာေၾကာင့္တခုခုျဖစ္လၽွင္
ေပ်ာ္ျပဖို႔ ေမာ့ၾကည့္လိုက္တဲ့အခါJungKook
မ်က္ႏွာသည္သိသိသာသာကိုပ်က္သုန္းသြားေတာ့သည္။
ခပ္ေဖာင္းေဖာင္းဗိုက္သည္ေသခ်ာေပါက္ကိုယ္ဝန္။
ဗိုက္ဖုံးအက်ီဝတ္ထားကာသူ႔ကိုခပ္ေလွာင္ေလွာင္
ၾကည့္ေနေသာထိုမိန္းမသည္ ႐ူးေလာက္ေအာင္
႐ုပ္ဆိုးလြန္းပါသည္။
"ဒယ္ဒီ!!!!!!!!!"
JEonသည္ဟန္ပင္မေဆာင္နဲ႔ခဲ့။ဗိုက္ကိုလက္ညိဳး
ျဖင့္ထိုးရင္းအသံကုန္ထေအာ္ေတာ့သည္။
"Sorry JungKook ဒယ္ဒီ ကာကြယ္ေပမယ့္
အခန့္မသင့္သြားတဲ့ပုံပဲ...."
"ဘာ!!!!!"
"ငါ ကေလး ရွိတာ နင့္အတြက္ အရမ္းအဆင္မေျပ
ျဖစ္သြားလို႔လားJeonJungkook....
နင္တို႔လည္း ကေလးယူခ်င္ယူလို႔ရပါတယ္
ဒီေခါတ္ႀကီးမွာ နည္းကိုစုံလို႔...."
ေနာက္အိမ္ေထာင္ျပဳခဲ့တာကိုခက္ခဲစြာသူလက္ခံ
ေပးခဲ့ရၿပီး ကေလးမယူပါဘူး Jeonမ်ိဳးဆက္ဟာ
Jeon JungKookတစ္ေယာက္ထဲသာရွိရပါမည္ဟု
ဒယ္ဒီကကတိေတြအထပ္ထပ္ေပးခဲ့သည္။
မာမီသင္ထားေပးခဲ့တဲ့အတိုင္းသူဟာ Jeonမ်ိဳးႏြယ္
တစ္ခုလုံးရဲ့တစ္ေယာက္ထဲေသာဆက္ခံသူျဖစ္ရမည္။
သူ႔ေနရာကိုဘက္ၿပိဳင္လာမဲ့သူလုံးဝမရွိေစရ။
ဒယ္ဒီကလည္းကတိကိုအထပ္ထပ္ယုံေအာင္ေပးကာ
ေနာက္ဆုံးေတာ့လုပ္ခ်င္ရာလုပ္လိုက္တာပဲ။
အတၱသည္...တျခားဘာမွမစဥ္းစားရင္ေတာင္
ဒယ္ဒီ့ သားဟာ သူတစ္ေယာက္ထဲပဲရွိရမည္..
ဒယ္ဒီဟာ သူ႔ကိုပဲပုံေအာခ်စ္ရမည္
ဒယ္ဒီကို သူကပဲဆိုးရမည္ ဆိုေသာတစ္ဦးတည္းေသာ
အလိုလိုက္ခံ သားတစ္ေယာက္၏ေလာဘသည္
ဆိုးဝါးစြာထြက္ေပၚလာေတာ့သည္။
"မင္းကိုငါ မင္းလိုခ်င္တာလည္းေပးပီးပီဆိုေတာ့....
အေမြကိစၥေတြအတြက္ေတာ့မပူနဲ႔..."
"အေရးမပါတာေတြလာမေျပာနဲ႔ဒယ္ဒီ
ဒယ္ဒီကတိမတည္ဘူး....
အခန့္မသင့္လို႔ ဟုတ္လား...
ဒါဆို...လိုမွမလိုမခ်င္ခဲ့တာပဲ
ျဖတ္ခ်လိုက္လို႔ရတယ္ေလ...."
"JeonJungkook!!!"
"နင့္ပါးစပ္ပိတ္ထား!!!!
နင့္အလွည့္ပီးရင္လာမယ္....
နင္ေရာ နင္ဗိုက္ထဲကဟာေရာ
အသက္ရွင္လၽွက္ျပန္သြားရလိမ့္မယ္မထင္နဲ႔....."
"JungKook!!!မင္းဘာစကားေတြ
ေျပာေနတာလဲ...မင္းမွာႏွလုံးသားရွိေသးရဲ့လား..."
"ႏွလုံးသားတဲ့လား...ဒါဆိုဒယ္ဒီ့မွာေရာ
ရွိခဲ့လား...က်ေတာ္ကိုယ္တိုင္က
ျဖတ္ခ်လိုက္လို႔အေျပာခံခဲ့ရတဲ့ကေလးမလို႔
က်ေတာ္လုပ္ရဲတယ္..."
"သား...ဒါေတြက..."
"ျဖတ္ခ်လိုက္....ျဖတ္မခ်ရင္
က်ေတာ့္အေၾကာင္းဒယ္ဒီသိမယ္..."
"နင္နဲ႔ဘာဆိုင္လို႔ ငါတို႔လင္မယားၾကား
ဝင္ပါေနတာလဲ..လူပါးဝလို႔...."
"အကိုေလး! အကိုေလး!!!"
အခန္းပိတ္စရင္းေတြလုပ္ေနခ်ိန္
တံခါးနားကပ္ေခၚေနသံေတြေၾကာင့္
အာ႐ုံပ်က္ကာေရးလက္စေဘာပင္ကို
ပစ္ခ်ၿပီးတံခါးဖြင့္ေပးလိုက္သည္။
"အကိုေလး ေအာက္မွာ ရန္ေတြျဖစ္ေနၾကပီ...
လာပါအုန္း..."
ဒီအိမ္မွာသူနဲ႔Jungkook အျပင္ရန္ျဖစ္ရမယ့္
သူေတြရွိေသးလို႔လား။
ဒူးပါတုန္ေနေသာအိမ္အကူေကာင္မေလးေတြ
ကိုတခ်က္ၾကည့္လိုက္ေတာ့
"သခင္ႀကီးတို႔ လင္မယားေရာက္ေနတာ
အဲ့တာ သခင္ေလးနဲ႔....သခင္ေလးက
မမေလး ဗိုက္ကို....."
"ဗိုက္...."
"ဟုတ္တယ္....လာပါအုန္း...အကိုေလးရယ္...
အကိုေလးထိန္းရင္ရမွာပါ..."
ထိန္းရမယ္တဲ့ေလ...။စကားလုံးအဆန္းပါလား။
ဒီအိမ္မွာေနေနပီး မဆိုင္သလိုမ်က္ကြယ္ျပဳ
ေနလို႔မျဖစ္....အထူးသျဖင့္ဥကၠဌJeon
ဆိုေတာ့ပိုဆိုးပါသည္။
ေခါင္းညိတ္ျပကာအခန္းထဲကထြက္ၿပီး
ေအာက္ထပ္ေလွကားရွိရာသို႔ေျပးလာလိုက္ကာ
ေလွကားေတြအတိုင္းေအာက္သို႔ဆင္းလိုက္သည္။
"လူပါးဝတာ ငါမဟုတ္ဘူး နင္
ငါ့အေမကို သတ္တာ နင္..!!!!"
ေလွကားေတာင္မဆုံးေသးထြက္လာေသာ
အသံနက္ႀကီးသည္သိပ္ေၾကာက္မက္ဖြယ္ရာ
ေကာင္းလွသည္။လွမ္းၾကည့္လိုက္တဲ့အခါ
Jungkook သည္ ကိုယ္ဝန္ရွိေနပုံရေသာ
သူ႔မိေထြးကိုတခုခုလုပ္ရန္ရြယ္ေနၿပီ။
ကိုယ္ဝန္ေဆာင္ဆိုတာ မွားမွားမွန္မွန္
ဘာပဲျဖစ္ျဖစ္အျပစ္မဲ့ေသာလူသားေလး
တေယာက္ကိုသယ္ေဆာင္ထားတဲ့ရတဲ့သူ။
မိခင္ကမေကာင္းေနဘူးဆိုရင္ေတာင္
ဗိုက္ထဲကကေလး၏ဝိဉာဥ္သည္
အဆုံးမဲ့သန့္စင္လွပါသည္။
တခုခုမ်ားထိခိုက္သြားလၽွင္လုံးဝ
စိတ္မေကာင္းစရာေတြႀကီးပဲျဖစ္လာမွာမို႔
ဘာမွမစဥ္းစားဘဲေျပးသြားလိုက္ကာ
JungKook လက္ေမာင္းေတြကိုအားကုန္သုံး
ဆြဲထားလိုက္မိသည္။
နာက်ည္းခ်က္ေတြေၾကာင့္စိတ္မထိန္းနိုင္
စြာမ်က္စိေရွ႕ကမိန္းမကိုတခုခုလုပ္ရန္
ရြယ္စဥ္မွာပဲလက္ေမာင္းကိုလာဆြဲေသာ
လက္ေသးေသးေလးေတြ....။
"မလုပ္ရဘူးေလ....ကေလးနဲ႔...မလုပ္ရဘူး..."
ေၾကာက္ေၾကာက္လန့္လန့္လက္ေတြဆြဲထားကာ
ေျပာေနေသာParkJimin ၏
ပုံစံငယ္သည္ တုန္ရီေနေသးသည္။
"လာမရွုပ္နဲ႔....!!!လႊတ္စမ္း....."
သူ႔ကိုအာ႐ုံမရေနပါ...။ဆြဲထားေသာလက္ေတြကို
အလြယ္တကူ႐ုန္းထြက္လိုက္ေသာ္လည္း
ထပ္မံဆြဲထားလာတဲ့သူ..။
"ငါမင္းကိုမရွုပ္နဲ႔လို႔ေျပာေနတယ္ေလ....!!!!
ငါတြန္းလႊတ္ရင္ မင္းေသမွာေနာ္...ဖယ္!!!"
"ကေလးေလးနဲ႔လို႔ငါေျပာေနတယ္ေလ...."
"အဲ့ကေလး...အဲ့ကေလး...!!!!!"
Jimin သည္ စိတ္လြတ္ေနပီျဖစ္ေသာ
Jeonတကိုယ္လုံးကိုတင္းက်ပ္စြာေနာက္မွ
သိုင္းဖက္ထားလိုက္ၿပီးဆြဲေခၚသည္။
ဥကၠဌJeonသည္လည္းအေျခအေနလုံးဝ
မဟန္တာေၾကာင့္ မိန္းမျဖစ္သူကိုေခၚကာ
အိမ္ထဲမွထြက္ခြါဖို႔လုပ္ေတာ့သည္။
"ထြက္မေျပးနဲ႔.....မေျပးနဲ႔...လႊတ္စမ္းParkJimin!!!!
ငါ့ကိုလႊတ္စမ္း...."
ဥကၠဌJeonသည္မိန္းမျဖစ္သူကို
ဆြဲေခၚလၽွက္အိမ္အျပင္သို႔ထြက္ကာ
ကားေပၚတန္းတက္ၿပီးျမန္ျမန္ေမာင္းထြက္သြားေတာ့သည္။
အိမ္ထဲတြင္ကမၻာပ်က္က်န္ခဲ့သူသည္
ေအာ္ဟစ္ေသာင္းက်န္းကာ ေျပးထြက္ဖို႔ႀကီး
လုပ္ေနတာေၾကာင့္Jimin သည္ခက္ခဲလြန္းစြာ
ထိန္းထားခဲ့ရသည္။ကားသံၾကားေတာ့မွ
လက္ေတြကိုလႊတ္ေပးလိုက္ေတာ့
ပုံရက္သားလဲက်သြားသည္ မထင္မွတ္ေသာ
ကိစၥကိုထလုပ္ခဲ့သည္။
ကေလးေတြလိုေအာ္ငိုလိုက္ျခင္း....။
မ်က္ရည္ေပါက္ႀကီးငယ္တို႔က်ဆင္းေနရာမွ
မတ္တပ္ရပ္ေနေသာJiminကိုၾကမ္းျပင္ေပၚမွ
စူးစူးရဲရဲၾကည့္ကာ
"ဘာသိလို႔ ခင္ဗ်ားဘာသိလို႔ ဝင္ပါရတာလဲ..."
"မသိဘူး ငါမင္းတို႔မိသားစုကိစၥေတြကို
နားမလည္ဘူး ဒါေပမယ့္ ဗိုက္ထဲကကေလးမွာ
ဘာအျပစ္မွာမရွိဘူး..အဲ့တာေၾကာင့္....အဲ့တာေၾကာင့္..."
"ဒီက ကေလးမွာလည္း ဘာအျပစ္မွမရွိခဲ့ပါဘူးဗ်ာ...
အဲ့မိန္းမက အဲ့မိန္းမက....."
ေျပာရင္ေမာပန္းလာသူသည္.အေျခအေနမဟန္ေတာ့။
Jungkook ဟာစိတ္ကိုထိန္းခ်ဴပ္နိုင္မွု
လုံးလုံးမရွိတာပဲ...။
ရင္ဘက္ကိုဖိကာ စကားဆက္ရန္သူႀကိဳးစား
ေနေပမယ့္မရေတာ့တာေၾကာင့္Jimin လန့္သြားသည္။
"JungKook!!!Jungkook!!!
ဘာမွမျဖစ္ဘူး...ေျပာခ်င္တာကိုေနာက္မွေျပာရတယ္
Hyungသိတယ္....ေတာ္ပီေလ.....
ေတာ္ပီ...ပင္ပန္းေနပီ....."
အေလာတႀကီးၾကမ္းျပင္ေပၚထိုင္ခ်ကာ
အသက္ရွုက်ပ္ေနသူကို
ဆြဲဖက္ထားလိုက္သည္။
ဘာလုပ္ေပးရမလဲမသိတာေၾကာင့္
စိတ္ထဲအဆင္ေျပမယ္ထင္မဲ့နည္းေလးကို
သူလုပ္မိလိုက္တဲ့အခါ ရင္ခြင္ထဲဝင္လာသူ
လူဆိုးေကာင္ေလး...။
"သတ္မွာ.....သတ္မွာ....တကယ္သတ္မွာ..."
"ေတာ္ပီလို႔...ဘာမွမျဖစ္ေတာ့ဘူး...."
လွုပ္ခတ္စြာငိုေႂကြးေနေသာေက်ာျပင္ေတြကို
အိမ္လည္ၾကမ္းျပင္ေပၚထိုင္ကာ
တိတ္သြားေအာင္ႀကိဳးစားေနခဲ့ရသည္။
ဆိုးဆိုးဝါးဝါးစိတ္ဒဏ္ရာေတြနဲ႔
ဒီေကာင္ေလးရဲ့ႀကီးျပင္းမွုမွာ
ဘာေတြကအႀကီးႀကီးလြဲေခ်ာ္ခဲ့ရတာလဲ....။
စားပြဲေပၚက ေလယာဥ္လက္မွတ္ႏွစ္ေစာင္သည္
ၿငိမ္သက္ေနလၽွက္.....။
..........။
Bạn đang đọc truyện trên: AzTruyen.Top