❤️Ending❤️(Part 1)
JiJiရဲ့ကျောင်းပိတ်ရက်......။
နောက်ဆုံးတော့ JeonJiJi၏တောင်းဆိုဂျီကျမှု
JeonJimin ၏သမီးအားအလိုလိုက်မှုတွေ
ကြောင့် လေယာဉ်ပေါ်ရောက်ခဲ့ရကာ
နာရီတချို့ ဖြတ်သန်းပီးနောက် လေယာဉ်ဆင်းသက်
ခဲ့သည်။
သမီးကိုလက်တဖက်ဖြင့်ချီရင်းလက်တဖက်က
Minလက်ကိုဆွဲကာကြိုတင်ချိတ်ထားသော
Guideအားဆက်သွယ်ရမည်။
ကလေးတယောက်နှင့်သူတို့နှစ်ယောက်အား
လေယာဉ်ကွင်းတခုလုံးကသဘောတကျ
ကြည့်ကြည့်သွားတာကြောင့်သိပ်တော့အနေ
အထိုင်မခက်ခဲလှ....။
မြန်မာနိုင်ငံသည် သူတို့လိုလက်ထပ်မှုများ
သိပ်မပေါက်ရောက်သေးတာကြောင့်
တမျိုးတမြင်Minနှင့်သမီးအားကြည့်မှာလည်း
စိုးလှပါသည်..။
ကံကောင်းစွာပင် အားလုံးက
ကဲ့ရဲ့ရှုံ့ချချင်သောအရိပ်အယောင်တခုလေး
မျှပင်မရှိဘဲ သူ့လက်ထဲမှJiJiကိုပင်
အသဲယားနေကြသောပုံ...။
အဆင်သင့်စောင့်နေသောကားဖြင့်
ကြိုတင်ချိတ်ထားသောGuideအား
တွေ့လိုက်ရသောအခါ သူတို့အပြင်သို့
ထွက်လိုက်သည်...။
ခွီခနဲတောင်ရီချင်သွားမိသည်...
JeonJimin နှင့်JeonJiJiသည်
ညီညာစွာ မျက်မှောင်တို့ကျုံ့သွားကြရင်း
မြန်မာနိုင်ငံ၏အပူပြင်းဆုံးဒေသအပူချိန်
ကို မျက်စိပျက်မျက်နှာပျက်ပင်ရင်ဆိုင်ကြသည်။
အဆင်ပြေရဲ့လားဟု သက်သက်မဲ့မမေးခဲ့ပါ..။
"မင်္ဂလာပါ...."
မြန်မာနိုင်ငံသားGuideကောင်လေးအား
ဆုံသည်နှင့် JiJiကနူတ်ဆက်သည်။
သမီးသည် ဒီနိုင်ငံအကြောင်းသေသေချာချာ
ကိုလေ့လာထားသည့်ပုံစံပင်...။
မပီမသ နူတ်ဆက်မှုလေးအား
Guideကောင်လေးကသဘောကျသွားပုံ
ရသွားကာ ကိုရီးယားလိုပြန်နူတ်ဆက်ပေးခဲ့ပါသည်။
"ကူညီပေးပါ..."
Minကဖောရွေစွာပြုံးပြရင်းစကားဆိုတော့
ယဉ်ကျေးစွာခေါင်းညိတ်ပြရင်း
Hotelသို့အရင်ဆုံးသွားရန်ပြင်ဆင်လိုက်
သည်။
Shirtအကျီအဖြူရောင်နှင့် အောက်က
အဝတ်စတခုအားစုစည်းချည်ထားသော
ဝတ်စားဆင်ရင်မှုကိုသမီးကစိတ်ဝင်တစား
ကြည့်နေသည်။
ကားပေါ်ရောက်သည်နှင့်မနှေးမမြန်မောင်း
ထွက်သွားသောအရှိန်လေးနှင့်အတူ
နောက်ဆုံးတော့ အဆိုပြုရင်းပယ်ချရင်း
ဖြင့် ပုဂံမြို့သို့သူတို့ရောက်ခဲ့လေပြီ....။
ကလေးပီပီကားမှန်မှတဆင့်ဘေးပတ်ဝန်း
ကျင်သို့အထူးအဆန်းကြည့်နေသော
သမီးသည် တကယ်ကိုပင်စပ်စုစိန်..။
Min ကတော့ ပုခုံးပေါ်သို့ခေါင်းလေးမှီတွယ်
လာကာပင်ပန်းနေသောပုံရသည်။
"ပင်ပန်းနေပီလား..ခုမှရောက်ရုံကို..."
"နေပူလွန်းတယ် ကိုကိုရယ်..."
ကိုကိုပြောခဲ့သားပဲဟုအမှားတွေကို
မထောက်ချင်တော့ပါ...။
ရောက်တဲ့နေရာမှာ ဒီသားအဖ
အဆင်ပြေအောင်လုပ်ပေးဖို့ကသူတာဝန်
ဖြစ်သည်..။
"နေ့ခင်းကြီးဖြစ်နေလို့ပါ...
မနက်စောစောတွေ ညနေစောင်းတွေ
ညတွေတော့ အေးမှာပါ ကလေးရဲ့
ကိုကို့ ကိုယုံ...."
"ကိုကိုက ပုဂံသားမလို့လား....."
မျက်စောင်းလှလှတခုအားလက်ဆောင်ပေး
သည်..။မသိရင် သူကပဲ အာဏာသုံး
ခေါိလာသလိုလို...။JeonJimin တို့က
တော့ မြန်မာနိုင်ငံရောက်တဲ့အထိကို
နိုင်နေတော့တာပဲ....။
"ဦးလေး....ဟိုကကြိုးတွေနဲ့အရုပ်လေး
တွေက ဘာလုပ်ရတာလဲဟင်...
ဝယ်လို့ရလား JiJiလိုချင်လို့..."
ဆယ်ကျော်သက်အရွယ်လောက်သာ
ရှိအုန်းမည့် ကောင်လေးအားဦးလေးဟု
ခေါ်လိုက်တာကြောင့် Jiminအားနားသွား
ကာ
"Babe..အစ်ကိုလို့ခေါ်ရတယ်လေ
ဦးလေးလောက်အသက်မှမကြီးသေးတာ..."
"JungHoseokကျ Oppaလုပ်နေပီး..
နင်ဒါကျ မှားနေလား..."
"ပါးပါးကလည်း...ဒါက..."
"Respectလေ Respect နင်ဒါပဲပြောမှာမလား..."
"ကျတော်နာမည် သူရ ပါ. အဆင်ပြေသလို
ခေါ်လို့ရပါတယ် ....ဘယ်လိုခေါ်ခေါ်
ရပါတယ်..."
"သမီးက JiJi ပါ JeonJiJi..
ပါးပါးက JeonJungkook
Daddyက JeonJiminပါ..."
သွက်လက်လှသောသမီးနှင့်
၁၈ရာစုအတွေးအခေါ်များနှင့်
အဖေဖြစ်သူအားJiminကြည့်ကာ
ခိုးရီရတာ ခဏခဏ...။
"ခုန ရုပ်သေးရုပ်လေးတွေပါ..
ကြိုးကလေးတွေနဲ့ ချိတ်ပြီး
လိုသလိုကကြိုးလေးတွေ
လှုပ်ရှားမှုလေးတွေလုပ်လို့ရတယ်...
ကိုယ့်လက်ကလှုပ်ရှားတဲ့ပေါ်မူတည်ပြီး
သူတို့ကလှုပ်ရှားပေးတယ်...
ညီမလေး လိုချင်ရင်...
ဝယ်လို့ရပါတယ် စုံတွဲလိုက်လေး
ဝယ်ပေါ့....မင်းသား ရယ် မင်းသမီးလေးရယ်.."
"မင်းသား မင်းသား ရောဝယ်လို့မရဘူးလား"
အဖေနှစ်ယောက်ကြားကြီးပြင်း
လာသော ကိုရီးယားမလေးသည်
သိပ်ချစ်စရာကောင်းစွာ
သွက်လက်လွန်းလှသည်...။
"သမီးက နည်းနည်း ...
မဟုတ်ဘူး များများမလို့
ကြိုတောင်းပန်ထားပါရစေ ညီ..."
JungKookသည်ဘာပြန်ဖြေရမှန်း
မသိသော မြန်မာကောင်လေးအား
ခရီးစဉ်အစအဆုံးတောင်းပန်နေရတော့
မည့်ပုံ။ဒါတွေဟာပြောသင့်လား
မပြောသင့်လား ယဉ်ကျေးမှုတွေမတူ
ညီတာကြောင့် သူမသိပါ။
ဘာဖြစ်လာလာ
မနိုင်တော့ရင် ပြေးသာတောင်းပန်လိုက်
တော့မည်...။
"ရပါတယ်...တောင်းပန်စရာမဟုတ်ပါဘူး
အကိုတို့လည်း သိချင်တာရှိရင်
မေးပါ ကျတော်အားလုံးဖြေပေးပါ့မယ်..."
"ကျေးဇူးတင်ပါတယ် သူရ..."
သမီးသည်တောက်လျှောက်မမောနိုင်စွာ
မေးနေတုန်း..။Minကတော့အိပ်ပျော်
သွားပြီဖြစ်သည်။
အိပ်မှ မအိပ်နိုင်လျှင် ကလေးငယ်ဖျား
သွားမှာကိုစိုးရိမ်တာကြောင့်ကျောပြင်လေး
အားပုတ်ကာ ပိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
သွားစေရန် ကူညီပေးလိုက်သည်။
"ပါးပါး JiJiလည်းအိပ်မယ်..."
ပေါင်ပေါ်ခေါင်းအုံးကာအိပ်တော့ရန်ပြင်ဆင်
နေပြီဖြစ်သောသမီးကိုလည်းဆံပင်လေး
တွေအားသပ်တင်ပေးရင်းသိပ်ရသည်။
ဘဝရဲ့ အအေးချမ်းဆုံးအချိန်လေးတွေပါပဲ။
"သူတို့ပင်ပန်းနေကြပုံပဲ
ရောက်တာနဲ့ နားလိုက်ပါ အစ်ကို
မနက်စောစော စထွက်ကြတာပေါ့
ကျတော်တို့မြို့မှတော့လည်စရာက
ကုန်ကိုကုန်မှာမဟုတ်ဘူး..."
"ဟုတ်ကဲ့ သူရ..."
ပြောမှပဲဘေးပတ်ဝန်းကျင်အားသူ
လှမ်းကြည့်မိလိုက်သည်..။
ထူးထူးဆန်းဆန်းစေတီပုထိုးတွေအား
လက်ည်ိုးထိုးမလွဲတည်ထားနိုင်တာ
တော်ရုံခမ်းနားကြီးကျယ်သော
အမွေအနှစ်မျိုးတော့မဟုတ်....။
နိုင်ငံခြားသားအများအပြားဖြင့်ပုဂံသည်
တကမ္ဘာလုံး၏စိတ်ဝင်စားမှုပေါင်း
များစွာကိုခံနေရကြောင်းသက်သေပြနေ
စရာမလိုပါလေ။
ဒီနိုင်ငံသားတွေအစား သိပ်ဂုဏ်ယူမိကာ
မလာချင်သလိုဖြစ်မိသည့်စိတ်ကိုပင်
အားနာရပါသည်။
Hotelသို့ရောက်သည်နှင့်သားအဖနှစ်ယောက်
လုံးအားနှိုးကာအခန်းနေရာချရသည်။
အိပ်ပျော်နေပြီဖြစ်သောJiJiအား
Minကချီပိုးထားရင်းသူကအထုတ်အပိုးတွေ
အားနေရာအားလုံးချသည်။
သူရကလည်းလိုအပ်သမျှဝင်ကူပေးရင်း
မနက်ဖြန်အတွက်အစီအစဉ်တချို့ပြောပြကာ
ပြန်သွားခဲ့သည်။
Hotelတခုလုံးသည်နန်းတော်ဆောင်
တခုလုံးရှေးဟောင်းကနုတ်လက်ရာတွေ
ပုဂံမြို့၏ရင်သက်ရှုမော်ဖွယ်
ပန်းချီကားလက်ရာတွေနဲ့ ရှေးခေါတ်
သို့ပြန်ရောက်သွားသလိုခံစားမှုမျိုး
ကိုရခဲ့သည်.....။
တကယ်ကိုခမ်းခမ်းနားနားလူမျိုးတွေပါလား...။
သူကသာနိုင်ငံတခု၏အနှစ်သာရကို
ခံစားနေသော်လည်းအိပ်ရေးမဝသေး၍
မကြည်မလင်Minသည်အခန်းထဲရောက်
သည်နှင့် ခုတင်ပေါ်JiJiအားနေရာချကာ
သူကိုယ်တိုင်လည်လှဲချသွားသည်။
"ကလေး....အကျီတွေလဲအုန်းလေ
မသက်မသာကြီးအိပ်မနေနဲ့..."
"လဲပေး...."
အိပ်ယာနှင့်မျက်နှာအပ်ထားရာမှခပ်အက်အက်
ထွက်လာသောအသံလေးသည်
သူထလဲတော့မည့်ပုံမပေါ်ပါ။
"JeonJimin တို့ကယောကျ်ားကို
ပြုစုမယ်မရှိဘူး...ယောကျ်ားက
ပဲပြန်လုပ်ပေးနေရတယ်...."
"Aircon နည်းနည်းမြှင့်ပေးပါအုန်း
ခုထိအပူရှိန်ကပါလာသလိုပဲ..."
"အော်...အေးပါ..."
AirConမြှင့်လိုက်ရင်း ပေါ့ပေါ့ပါးပါး
အကျီတစုံအားထုတ်ကာ
ဂဂျီဂဂျောင်ကောင်လေးအားဆွဲထူတော့
ပါလာပါသည်။မျက်လုံးတွေတော့မပွင့်
နူတ်ခမ်းဖူးဖူးလေးသည်ကင်းကင်းလွတ်လွတ်
ကို ဆူပုတ်ပုတ်လေးဖြစ်နေတာကြောင့်
ဖျက်ခနဲနမ်းလိုက်တော့..
"လဲမှာလား နမ်းမှာလား...စိတ်မရှည်ဘူးနော်
အိပ်ချင်နေပီ..."
"လဲပေးရင်း နမ်းလည်းရတာကို..."
ကိုကိုရဲ့နှာခေါင်းချွန်ချွန်သည်တကိုယ်လုံး
အနှံ့ခြေဆန့်နေသော်လည်းသူ မတား
နိုင်တော့အိပ်ချင်နေသောစိတ်တခုထဲသာ
ရှိသည်။..အကျီလဲပေးနေသည်
နောက်ထပ်ဘောင်းဘီလဲပေးပြီးသော်အခါ
အိပ်ယာပေါ်သေချာနေရာချပေးရင်း
နှဖူးကိုနမ်းသွားလိုက်သေးသည်...
ကိုကိုဟာ....မုန်းတယ်ပြောပြီးလည်းနမ်းသည်...
ချစ်လို့ဆိုကာလည်းနမ်းသည်...
ချွဲနွဲ့နေလျှင်ချစ်စရာလေးဟုခေါင်းစဉ်တပ်ကာ
နမ်းသည်....
ရင့်ကျက်နေပြန်ရင်လည်း အသဲယားတယ်ဟု
ခေါင်းစဉ်တပ်ကာနမ်းသည်...
ကလေးတစ်ယောက်အရွယ်ရောက်လာသည်အထိ
ကိုကို့ ယုယမှုများသည်
ရာခိုင်နူန်းလေးတစ်ခုမျှပင်မလျှော့ခဲ့ပါ...
သိပ်ချစ်နိုင်ပါသော ကိုကိုရယ်ပါ....။
"ဘယ်လိုလဲ အဆင်ပြေရဲ့လားJeon.."
"ခုတော့နှစ်ယောက်လုံးအိပ်နေတယ်
မနက်ဖြန်မှပဲ လျှောက်လည်တော့မယ်..."
"အေးပါ...Ji Jiကိုဂရုစိုက်အုန်း
ရာသီဥတုအပြောင်းအလဲမှာဖျားတတ်တယ်....
အစားအသောက်တွေ ကြည့်စား...."
"အင်း...."
Namjoon Hyungသည်VideoCallခေါ်ကာ
အခြေအနေအားတိတိကျကျမေးနေတာ
ကြောင့်စိတ်ရှည်လက်ရှည်ဖြေပေးနေရသည်။
ဘာတွေတွေ့လဲ ဘယ်လိုနေလဲ
ဘယ်နေရာတွေသွား ဘာတွေလုပ်နှင့်
ဒီလောက်စိတ်ဝင်စားနေရင်လည်းကိုယ်တိုင်
လိုက်လာခဲ့ရောပေါ့....။
"Hyung လိုက်လာရမှာ..ဒီလောက်သိနေတာ.."
"JinHyungမလွှတ်လို့ပေါ့.ကွာငါသိပ်စိတ်ဝင်စား
တာအဲ့နယ်မြေကို..."
"ယောကျ်ားကြောက်တတ်လိုက်တာဗျာ"
"ငါကယောကျ်ားပဲကြောက်ရတာ
မင်းက သမီးပါ ကြောက်ရတာမလား..."
"Hyung..!!!"
ကျယ်ကျယ်လည်းထမအော်ရဲအိပ်နေသော
ကျေးဇူးရှင်လေးတွေနိူးကုန်လျှင်
ဂျီကျခံရအုန်းမည်...။
Namjoon Hyungက အနိုင်ပိုင်းဖုန်းချသွား
သည်။
RiverViewပါသောHotelယူထားတာကြောင့်
မြစ်၏အလှအပများအားခံစား၍ရအောင်
ပြတင်းပေါက်အနားသို့သွားကာရပ်ကြည့်
လိုက်သည်...။
ဒီနိုင်ငံရဲ့မိခင်တဲ့လေ....
ကျယ်ပြောလှသောဧရာဝတီမြစ်ကြီးသည်
နေရောင်တလဲ့လဲ့ဖြင့်အလှဆုံးစီးဆင်းနေလျက်...
ဆိုးလ်ကိုပဲလွမ်းသလိုလို....
ဘယ်အရာတွေကိုတမ်းတမိမှန်းမသိ
ဒီနယ်မြေသည် ခံစားချက်အမျိုးမျိုးအား
အမှန်တကယ်ပင်ပေးစွမ်းနိုင်ပါသည်....။
.........................။
"ပါးပါး ထတော့ .....အပြင်ထွက်ကြမယ်..."
Hotelတွင်တညနားပီးသော်အခါ
မနက်မိုးတောင်လင်းသေးရဲ့လားမသိ
JeonJimin တို့သားအဖသည်မှန်ရှေ့တွင်
အလုအယက်ပြင်ဆင်နေကြသည်။
ဂါဝန်ဝဲဝဲလေးနှင့်JiJiသည်ဦးထုပ်က
နေဖိနပ်အထိ ဆင်တူ....
Minသည် အရောင်လွင်လွင်လက်ရှည်
အကျီပါးပါးလေးနှင့်ဘောင်းဘီတိုလေး
ဝတ်ထားကာ ခြေညှပ်ဖိနပ်လေးစီးထားသည်။
ဖြူနုနေသောအသားအရည်ကို
Sun Cream တဗူးလုံးနီးပါး
လိမ်းနေကာ JiJiကိုလည်းခြေစခေါင်းဆုံး
လိမ်းပေးနေသည်။
"အလှမပြင်ဘဲ ပါးပါးကို
လာနမ်းကြပါအုန်း နှစ်ယောက်လုံး...."
အိပ်ယာပေါ်တွင်နှစ်ယောက်လုံး
အားမေးထောက်ကြည့်ရင်း
Jeon သည်ချော့မောခေါ်နေခဲ့သည်။
"ပါးပါး နောက်ကျရင် JiJiထားခဲ့မှာနော်"
ဒီကလေးလေးဟာလေ....။
သူ့ကိုဘယ်အသက်ရောက်မှကြောက်တတ်မှာလဲ။
"အေး ငါမသွားရင်နင်လည်းမသွားရဘူး
နင့်Daddyက ငါမပါရင်အိမ်သာတောင်
တစ်ယောက်ထဲမသွားဘူးမှတ်ထားလိုက်..."
"Daddyဟုတ်လား အဲ့တာ...."
"အရင်တုန်းကတော့ဟုတ်တယ်
ခုBabeရှိနေပီပဲ Babeလိုက်ပို့ပေါ့....
သမီးပါးပါးကို ပလစ်လိုက်မယ်လေ"
"ဒါဆို ကိုကိုက တစ်ယောက်ထဲ
ကျန်ခဲ့ရမှာလား Min..."
ငိုချတော့မလိုမျက်နှာနှင့်ကိုကိုသည်
အကယ်ဒမီဇာတ်ကွက်တွေဖန်တီးလာသည်။
သမီးသည် သူ့ကိုတလှည့် ကိုကို့ကို
တလှည့်ကြည့်ပီးနောက်ကိုကို့ဆီပြေး
သွားကာ ရင်ခွင်ထဲခေါင်းလေးတိုးတော့သည်။
"MyLoveJeon...ကိုမထားခဲ့ပါဘူး
မျက်နှာမြန်မြန်သစ်လိုက်ပါ...."
"ပါးပါး ကို ချစ်လား JiJi.."
"ချစ်တာပေါ့ အများကြီးချစ်တာ..
အများကြီး အများကြီး..."
ဗိုက်သားချပ်ချပ်ပေါ်တက်ထိုင်ရင်း
လက်တပြင်ပြင်ပြနေသောJiJiသည်
မွေးရကျိုးနပ်တာထက်
အသွေးအသားထဲက ဖြစ်တည်လာသော
သက်ရှိလေးလို တနေ့ထက်တနေ့ပိုသေချာ
လာပါသည်။
"ချစ်ရင်..Respectထားပေးနော်...."
"Mr Jeonကို ဘာလို့ Respect
ထားရမှာလဲ..."
"ဟန်ဆောင်ပန်ဆောင်လေးတောင်
နင်မထားနိုင်ဘူးလား..."
"ကိုကိုရေ....မိုးလင်းတော့မယ်
နေထွက်တာလေးကြည့်ပီး
မနက်စာလေးစားချင်လို့ပါ
ရန်ဖြစ်နေတာကပီးအုန်းမှာလား..."
တစ်ခွန်းဆိုတစ်ခွန်းဆိုအလျှောက်
Jeonသည် ရေချိုးခန်းထဲသို့
လေအလျှင်လိုရောက်သွားတော့သည်။
"အကျီထုတ်ထားပေးတယ်...
မြန်မြန်လုပ်နော် ကိုကို...."
နာရီဝက်အတွင်းမြန်မြန်လှုပ်ရှားလိုက်
သောJeonသည် ထုတ်ပေးထားသော
အဝတ်အစားစုံလေးအားကြည့်ကာ
ပြုံးမိသည်။
အရောင်လေးပဲကွဲတာပါ
ပုံစံဆင်တူ Oneset လေး....။
Minနှင့်လိုက်ဖက်သော်လည်း
သူကတော့ ကလေးကလားဆန်နေမလားဟု
မှန်ထဲတွင်အပြန်ပြန်အလှန်လှန်ကြည့်နေမိသည်။
ဆံပင်တွေကို နောက်သို့လှန်မဖြီးတော့ဘဲ
ဖြစ်သလိုလဲဆွဲဖွကာချလိုက်သည်..။
အနည်းငယ်တော့လူငယ်ဆန်သွားမှာပဲလေ...။
မဝတ်ချင်ဘူးလို့တော့ လုံးဝမပြောရဲပါ...။
ကလေးကလားပဲဆန်လိုက်မည်
JeonJimin စိတ်ကောက်တာတော့မခံနိုင်ပါ...
နှင်းတောလည်းမရှိ...
နိုင်ငံတခု၏အပူဆုံးနေရာကိုရောက်ရှိနေခြင်း
ကြောင့် စိတ်ချမ်းသာသလိုလိုက်နေပေးမှဖြစ်
ပါလိမ့်မည်.....။
မြစ်ကမ်းရှုခင်းနှင့်စားပွဲဝိုင်းတခုတွင်
လေကောင်းလေးသန့်ရှုရှိုက်ရင်း
မနက်စာစားရန်ထိုင်နေသူသုံးယောက်
လုံးသည် ပတ်ဝန်းကျင်တခုလုံးအား
ကျေနပ်နေလျက်....။
"Daddyဒီမြစ်ကြီးကလေဒီနိုင်ငံရဲ့
ဟိုးအစကနေ မြစ်ဖျားခံပြီး
စီးလာတာ အရှည်ကြီးပဲ....
သွေးကြောကြီးလိုသိတယ်မလား..."
"ဘယ်သိမလဲ
သမီး Daddyက
ပါးပါးလက်ကသွေးကြောတွေကိုပဲသိတာ..."
JiJiသည်ဆရာကြီးလုပ်ချင်သော်လည်း
မလုပ်လိုက်ရ၍မကျေမနပ်..။
Minကတော့ သူနဲ့သမီး၏
ပြိုင်ပွဲတိုင်းကို သဘောတကျပြုံးကာ
ကြည့်နေမြဲ...။
"ကိုကို ကလေး ကို မစပါနဲ့..."
အဆင်ပြေနိုင်မည့်အစားအသောက်
များအားမှာပီးသည့်နောက်
မြစ်ပြင်ကျယ်ပေါ်သို့နေလုံး
သည်တရွေ့ရွေ့တက်လာသည်....
မြူတွေတော့အနည်းငယ်စိုင်းနေသေးသည်
ဒီဇင်ဘာလမို့ အေးသင့်သလောက်လေး
တော့အပူပိုင်းဒေသဖြစ်သော်လည်း
အေးနေခဲ့ပါသည်...။
"ရေနွေးကြမ်းတဲ့...ကိုကိုသောက်ကြည့်မလား"
ခွက်ကလေးထဲကိုပူပူနွေးနွေးထည့်ပေးရင်း
Minသည်သူ့ရှေ့သို့တိုးပေးလာသည်။
သူတို့ဆီမှာလည်းရတတ်ပေမယ့်
အရသာနှင့်ခံစားမှုကတော့မတူခဲ့ပါ...။
မြန်မာ့အငွေ့အသက်လေးတွေနဲ့
Minကိုယ်တိုင်ထည့်ပေးတာလည်းပါမည်ပေါ့လေ။
"ကျတော်ရောက်ပါပီ..."
သူရသည်အချိန်တိကျစွာမနက်ခုနှနာရီတိတိ
တွင်ရောက်လာခဲ့သည်။
"ရောက်လာပီလား
မနက်စာတခါထဲဝင်စားလိုက်ပါ
ပီးရင်စထွက်ကြမယ်လေ.."
"ကျတော်စားခဲ့ပီးပါပီ..."
"ဟုတ်လား ဘာလို့စားလာတာလဲ
အစ်ကိုတို့နဲ့အတူစားလို့ရတာကို
စားစရာတွေလည်းမေးချင်နေတာ
ဘာတွေကောင်းလဲဆိုတာ..."
"ကျတော်တို့ဆီမှာကတော့အကုန်
ကောင်းပီးသားပဲ..."
"ခုမနက်ရောစားရတာအဆင်ပြေတယ်မလား"
"အိုကေပါတယ်...ကျေးဇူးတင်ပါတယ်...."
ကိုရီးယားလိုသိပ်ကျွမ်းကျင်သော
သူရကြောင့် အရာရာဟာချော့ချော့မွေ့မွေ့ရယ်..။
မြန်မာစကားလေးအနည်းအပါးလည်း
မပြန်ခင် မေးကြည့်အုန်းမှ...။
"သူရ...ကဒီနေ့ပိုကြည့်ကောင်းနေတယ်..."
JiJiသည် စောစောစီးစီးချီးမွှမ်း
ကာ သူရ အား နူတ်ဆက်လိုက်သည်။
Shirtအကျီအဖြူရောင်နှင့်
ကချင်ပုဆိုးအားတွဲဝတ်ကာ
ကတ္တီပါဖိနပ်စီးထားသောမြန်မာ
လူငယ်ကောင်လေးသည် သမီးမျက်လုံး
ထဲအမြဲထူးထူးဆန်းဆန်းဖြစ်နေပုံရသည်။
သူတို့ထက်စာလျှင်ညိုတဲ့ဘက်ရောက်
သောအသားအရည်ဖြင့်လေယူလေသိမ်း
ကွဲပြားနေပုံသည် တမျိုးလေးနားထောင်၍
ကောင်းပါသည်...။
မနက်စာစားပီးသည့်နောက်
ကားပေါ်တက်ကာပုဂံခရီးစဉ်စခဲ့ကြသည်...။
အုပ်မြို့ရိုးတွေ...
ရှေးဟောင်းအငွေ့အသက်တွေနဲ့
ပြည့်နှက်နေသော ဒီနေရာတွင်
မင်းအဆက်ဆက်တို့အုပ်စိုးခဲ့ကြောင်း
ထီးနန်းစိုက်ခဲ့ကြကြောင်းကိုလည်းသူရ
သေချာစွာရှင်းပြသည်...။
ရွှေစည်းခုံစေတီတော်ဟုသိရသော
စေတီကြီးသည် ရွှေရောင်တဖိတ်ဖိတ်တောက်
နေလျက်ရှိကာ ဗုဒ္ဓဘာသာ၏အမှတ်အသား
သမိုင်းတွေလို ကိုးကွယ်ရာဘာသာ
မဟုတ်ပေမယ့်...စိတ်ဝင်တစားလေ့လာခဲသည်။
အံ့ဖွယ်ပေါင်းများစွာဖြင့်...
ခမ်းနားသပါယ်မှုပေါင်းများစွာဖြင့်
နေနည်းနည်းပူလာတော့ Minက
မျက်မှန်လေးကောက်တပ်သည်...။
ဘုရားပေါ်ရှိ မြန်မာမလေးတွေ
အားလိုက်ကြည့်နေတာကြောင့်
နည်းနည်းတော့ သဝန်တိုဝန်တိုကာ
လက်ကလေးအားမလွှတ်တမ်းဆွဲကိုင်ထား
လိုက်သည်။
"မြန်မာမိန်းကလေးတွေရဲ့
အဝတ်အစားတွေက
အရမ်းလေးနက်လို့ပါ...."
"ဟုတ်တယ် ကျတော်နိုင်ငံမှာ
တခြားနေရာတွေမှာတော့ခေါတ်နဲ့အညီ
လိုက်ဝတ်တတ်ကြပေမယ့်
ဘုရားတတ်ရင်တော့ အမျိုးသမီးအားလုံး
က ထဘီနဲ့ အကျီလုံလုံခြုံခြုံပဲဝတ်ကြတယ်
အရမ်းလှကြတယ်မလား..."
"ဟုတ်တယ် အရမ်းဘယ်လိုပြောရမလဲ
အေးချမ်းနေတယ်...."
သူရသည် ကျေနပ်စွာပြုံး
သွားရင်းဘုရားသမိုင်းအားဆက်ရှင်း
ပြနေသည်...။
ထို့နောက် နောက်ထပ်ဘုရားများ
သို့ဆက်သွားရင်း
ဓာတ်ပုံတောင်ရိုက်ခွင့်မရှိသော
နှစ်ပေါင်းများစွာက နံရံဆေးရေးပန်းချီတွေ
ဘုရားတခုချင်းစီ၏ မြင့်မြတ်ခဲ့သော
သမိုင်းကြောင်းတွေ....
နေပူတာကိုပင်ဂရုမပြုမိပါ...
တနေရာရောက်တိုင်း အထူးအဆန်းကြီး
ပဲမို့ ကျတော်ရော ကလေးငယ်ပါ
စိတ်ဝင်တစားရှိနေခဲ့ကြသည်။
JiJiကတော့ သူရလက်အားဆွဲရင်း
စိတ်ကြိုက်မေးမြန်းနေသည်..
Jeonသည် ဟန့်တားချင်နေသော်လည်း
Jeonအသေးလေးက ခေါင်းခါတာကြောင့်
လွှတ်ထားခဲ့ရသည်။
"ပုဂံဘုရားတွေအားလုံးထဲမှာတော့
အနုပညာအမြောက်ဆုံးပဲ...."
ပြောစမတ်တွင်လောက်အောင်
အာနန္ဒာဘုရားအမြင်တွင်သော
စေတီသည် တိကျသေသပ်လွန်းသော
အသေးစိတ်အနုပညာများကို
အံ့ဩဖွယ်ရာအတိ ထုစစ်ထားသည်။
လက်ဖြင့်ထိကြည့်ချင်သော်လည်း
နိုင်ငံအမွေအနှစ်တွေမို့ ဓာတ်ပုံရိုက်ယူ
ခွင့်ပြုသောနေရာများတွင်အမှတ်တရ
ဓာတ်ပုံများစွာရိုက်ယူခဲ့ပါသည်။
သူရကိုတွေ့သောမြန်မာသူငယ်ချင်း
တချို့က နူတ်ဆက်ကြတိုင်း
အချင်းချင်းဖော်ဖော်ရွေေရွေပြောဆို
ပုံလေးတွေကမြန်မာ၏ချစ်စရာအမှတ်အသား
တွေလို...။သူတို့တမိသားစုလုံး
ငေးမိသည်အထိ...။
သူရသည်အသက်ကြီးသောသူများ
အား ခင်ဗျ ဆိုသော အသုံးအနူန်းလေး
အားထည့်ကာပြောတတ်တာကြောင့်
JiJiကစပ်စုချေပီ..။
"ဒီမှာက အသက်ကြီးတဲ့သူဆို
ဟုတ်ကဲ့ခင်ဗျ...မိတ်ဆက်မယ်ဆိုလည်း
သူရပါခင်ဗျ ဒီလိုပြောတတ်ကြတယ်..."
"ဒါဆို...JiJiပါ ခင်ဗျ...အဲ့လိုပေါ့..."
"နိုးနိုး JiJi ဆို ကျမက JiJiပါရှင်...
အဲ့လိုပြောရတယ်..."
"ပါးပါးဆို JeonJungkook ပါခင်ဗျ...အဲ့လိုလေးပေါ့.."
"ဟုတ်တယ်..JiJiက ဥာဏ်ကောင်းတာပဲ..."
"သူရက ပိုချစ်စရာကောင်းတာပါ..."
"JeonJiJi...!!"
ကိုကိုသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
တွင် ရှေးဟောင်းလူသားကြီးဖြစ်နေတာမို့
ဒေါတခွီးခွီး...။
"မြစ်ကမ်းတဖက်ကိုကူးရမှာလား...."
Minသည်ရေလမ်းခရီးမို့
စိုးရိမ်နေသည်။
"Minအဆင်မပြေရင်မသွားတော့ဘူး
လေ..ကိုကိုတို့ဒီဘက်မှာလည်း
သွားစရာတွေရှိတာပဲ...."
"ဟို...ရောက်ပီးမှတော့ ခရီးရဲ့အနှစ်သာရ
ရအောင်တော့ သွားရမှာပေါ့
ကိုကိုကလည်း..."
"ကလေးကြောက်နေမှာစိုးလို့ပါ..."
သူရသည် အချစ်ကို ယောကျ်ားနှင့်မိန်းမ
မျိုးကွဲနှစ်ခုကြားတွင်သာရှိနေမည်ဟု
ထင်ခဲ့သော်လည်း မျက်စိရှေ့က
ကိုရီးယားလူမျိုးကောင်လေးနှစ်ယောက်၏
အပြုအမူ အပြောအဆို တစ်ယောက်အပေါ်
တစ်ယောက် ဦးစားပေးနားလည်ပေးနေခြင်း
များသည် အချစ်၏ Def..စစ်စစ်ဖြစ်နေကြောင်း
စဆုံထဲက ကွက်ကွက်ကွင်းကွင်းမြင်ခဲ့ရသည်။
ရှက်ကြောက်မနေပါ..စိုးရွံ့မနေပါ
တစ်ယောက်ကိုတစ်ယောက်လေးလေးနက်နက်
တန်ဖိုးထားကြောင်းရှင်းလင်းလွန်းလှပါသည်။
"ရေကူးနေတဲ့သူရေတော့မကြောက်ပါဘူး
ကိုကိုရယ်..ဒါပေမယ့် တခါမှမသွားဖူးတော့.."
"ကလေးငယ် သဘော..."
"Babeသွားချင်လား...."
"သွားချင်တာပေါ့ Daddyကြောက်
ရင်တော့ မသွားလည်းရပါတယ်..
JiJi Okတယ်..."
"သွားမယ် သွားမယ်
Daddy Babeလေး စိတ်မချမ်းမသာ
ဖြစ်နေမှာစိုးလို့..."
အမိန့်ကျပီးသည့်နောက်စက်လှေပေါ်တက်ကာ
မြစ်၏တဖက်ကမ်းအားကူးရတော့သည်။
Minဆံပင်တွေသည်လွှင့်နေကာ
အရမ်းတော့စိတ်လှုပ်ရှားသည့်ပုံစံတော့
မပေါ်....။
လက်ကလေးတွေအားဆုပ်ကိုင်ပေးထား
ရင်း မြန်မာနိုင်ငံ၏အဓိကမြစ်ကြီးပေါ်အထိ
Romatic ဆန်ပြပေးခဲ့သည့် Jeonရယ်ပါ...။
JiJiကိုပေါင်ပေါ်တင်ထားရင်း
သမီးကတော့ငြိမ်ငြိမ်ထိုင်လိုက်သည်။
ရေပြင်ကြီးအားနည်းနည်းလေးတော့
သူကြောက်နေသောပုံစံရယ်....။
လှပလိုက်သည့်မြင်ကွင်းတွေ....
သဘာဝတရားစစ်စစ်ကိုထိတွေ့နေရခြင်း
Namjoon Hyung..သာဆို
စာအုပ်တစ်အုပ်ဖြင့်အသေအချာလိုက်မှတ်
နေမည်ကမလွဲ....။
သူ့အတွက်ဓာတ်ပုံများများရိုက်သွားရမည်...။
တဖက်ကမ်းသို့ရောက်သွားသောအခါ
သူရကတောက်လျှောက်ရှင်းပြရင်း
သမိုင်းထဲသို့ထပ်ရောက်ရပြန်သည်...။
ဆုတောင်းတွေ...
ကျောက်စာတွေ..
နောက်ထပ် ကျိန်စာတွေ...
ရှေးနှစ်ပေါင်းများစွာကမြန်မာမင်းဆက်တွေ
၏စိတ်ဓာတ်ပြင်းထန်ခဲ့ပုံတွေ...
ဘာသာတရားကိုင်းရှိုင်းခဲ့ပုံတွေ
စည်ပင်သာယာဝပြောခဲ့ပုံတွေ...
ဇာတ်လမ်းဇာတ်ကွက်တွေလို
အပြည့်အနှက်....။
သူရလမ်းညွှန်မှုနောက်ခေါ်ရာတောက်လျှောက်
လိုက်ခဲ့ရင်း...အချိန်သည်ညနေစောင်း
ဘက်ရောက်လာသော်အခါလည်ပတ်စရာ
များသည်မကုန်နိုင်သေးပါ...။
JiJiသည်လမ်းပင်မလျှောက်တော့
သူချီထားခဲ့ရပြီး....
JeonJimin ကတော့ မျက်နှာလေး
နေလောင်၍နီစပ်စပ်ဖြစ်နေသော်လည်း
ပင်ပန်းပုံမပေါ်သေးပါ...။
"ပြန်နားရအောင်....မနက်ဖြန်ထပ်လည်မယ်...
သမီးက ပင်ပန်းနေပြီ..."
"အင်း..အဲ့လိုလုပ်လေ...
ကိုကိုလည်း ချွေးတွေပြန်နေပီ...."
Minသည်တာဝါတခုဖြင့်မျက်နှာအား
ခပ်ဖွဖွသုတ်ပေးသည်...။
မြန်မာမလေးတချို့၏အံ့ဩတကြီး
ထအော်သံများကြောင့်နှစ်ယောက်လုံး
လန့်သွားကာပြန်ပြူးကြည့်နေရသည်။
အရိပ်တခုအောက် ကလေးလေးချီထား
သော ကောင်လေးအားနောက်ထပ်ကောင်လေး
တစ်ယောက်ကခြေဖဝါးလေးအနည်းငယ်
မြှောက်ကာ ချွေးသုတ်ပေးနေသော
နိုင်ငံခြားသားလေးနှစ်ယောက်သည်
ဘာများထူးဆန်းနေကြလို့လည်းမသိခဲ့ပါ....။
"ဟို...ဒီလိုမျိုးတွေ ဒီမှာမလုပ်ရဘူးလား
သူရ...."
Minသည်အနည်းငယ်လန့်သွားတာကြောင့်
စိုးရိမ်မှုတွေပျော်ဝင်နေသောလေသံတိုးတိုး
ဖြင့်မေးသည်...။
"ရပါတယ်....အစ်ကိုတို့က
ချစ်စရာကောင်းနေလို့နဲ့တူပါတယ်..."
"အော်....မလုပ်ရမှာတွေရှိရင်ပြောနော်
အစ်ကိုတို့က မသိဘူး..."
"ဟုတ်ကဲ့...."
"လုပ်ရတယ်တဲ့...လည်ပင်းတွေပါသုတ်ပေး
ပါအုန်းကွာ မင်း သမီးကိုချီရတာ
ချွေးစုံတယ် Weight လေးဘာလေး
ချအုန်း JeonJiJi...."
"ပါးပါးကလည်း....ဝတုတ်လေးမှ
ပိုချစ်ဖို့ကောင်းတာကို....."
Hotelသို့ပြန်လာခဲ့ကြရင်း..
နောက်ထပ်သွားရန်ကျန်နေသောအစီအစဉ်
များအားသူရကပြောပြကာနူတ်ဆက်သွား
သည်...။
"တစ်ရက်ထဲနဲ့လည်လို့ပီးမယ်ထင်တာ...."
"တကယ်လည်မယ်ဆို ဆယ်ရက်တောင်
လောက်ချင်မှလောက်မှာ...."
"ဘာလဲ ကလေး ပြန်ချင်နေလို့လား..."
"မပြန်ချင်လို့...."
"တကယ်လား...."
"တကယ် ကိုကိုရှိရင်...ဘယ်နိုင်ငံ
ဘယ်နယ်မြေမဆို နေနိုင်တယ်..."
"ခြွေစမ်း ခြွေစမ်း..."
မောမောပန်းပန်းMinသည်ချွေးစို့နေသော
မျက်နှာလေးဖြင့်လည်းတမျိုးချစ်စရာ
ကောင်းလှသည်....။
"မနက်ဖြန်သူရ ကို သူဝတ်တဲ့ဟာ
မျိုးလေးမှာထားတယ်သိလား...
ရောက်တုန်းရောက်ခိုက်မြန်မာ
အဝတ်အစားလေးဝတ်ကြည့်မလားလို့..."
Minသည်မြန်မာလူမျိုးတွေ၏
ဝတ်စားဆင်ယင်မှုကိုသိပ်ကို
သဘောကျပုံရကာချက်ချင်း
မှာလိုက်ရသည်အထိ။
"သဘောပါဗျာ...
ညစာကို မြန်မာထမင်းဟင်းစား
ကြမလား..."
"ကောင်းသားပဲ...
ထူးထူးဆန်းဆန်းတွေမှာစားကြမယ်လေ..."
"ခဏနားပီးရေချိုးမယ်
ပီးရင် ညစာသွားစားရအောင်..."
အစီအစဉ်တွေချရင်း မြန်မာနိုင်ငံ၏
ယဉ်ကျေးမှုနယ်မြေခရီးစဉ်သည်
ပင်ပန်းသော်လည်း မပင်ပန်းခဲ့ပါ...။
မတူညီမှုတွေများစွာဖြင့် အရာရာကို
ဗဟုသုတအနေဖြင့် မှတ်သားခဲ့ရသည်။
နောက်ထပ်ကျောင်းပိတ်ရက်တွေလည်း
လာလည်ဖြစ်လိမ့်အုန်းမည်ဟု
သူတွေးမိခဲ့သေးသည်...။
ပုဂံသည် တန်ဖိုးဖြတ်၍မရသော
ရတနာနယ်မြေကြီးလိုဖြစ်နေတာကြောင့်
JiJiရဲ့ ရွေးချယ်မှုသည်သေချာပေါက်ကို
မှန်ကန်ခဲ့ပါသည်.....။
ညစာကို မြန်မာ့ထမင်းစစ်စစ်အား
မှာစားကြည့်ရင်း ကြိုက်တာမျိုး
လည်းရှိသလို မစားတတ်တာမျိုးလည်း
ရှိခဲ့သည်...။
အသီးအရွက်သုပ်လိုမျိုးထူးထူးဆန်းဆန်း
အရွက်များကိုလည်းစားခဲ့ရသည်...။
JiJiသည်မစားတတ်လောက်ဖူးဟု
ထင်ခဲ့သော်လည်း ကံကောင်းစွာ
ကောင်းကောင်းမွန်မွန်စားနေတာကြောင့်
အဆင်ပြေနေသည်။
မစားတတ်သူက JeonJiminလေး...။
"ကလေးဗိုက်မဝတာသိတယ်
ခေါက်ဆွဲပြုတ်ထပ်မှာထားတယ်
ခေါက်ဆွဲပြုတ်စားမယ်မလား...."
အိပ်တော့ရန် ခြေလက်ဆေးပီးအိပ်ယာပေါ်လှဲတော့မည့်
မကြည်မလင်Minအားပြောလိုက်တော့
လက်ခနဲဖြစ်သွားသောမျက်လုံးလေးတွေ..။
"တကယ်လား...."
"တကယ်ပေါ့...."
"အပြင်ဘက်ထွက်စားကြမယ်လေ
လေလေးတဖြူးဖြူးနဲ့...
JiJiလည်းအိပ်နေပီပဲဟာ..."
"ကိုကိုက တော်လိုက်တာ..."
"ချစ်တာကို...."
တံခါးလေးဖွင့်ကာအပြင်ဘက်ထွက်ရင်း
ခေါက်ဆွဲပြုတ်ဗူးကိုယ်စီဖြင့်
ကိုရီးယားလေးနှစ်ယောက်သည်
အမိမြေကိုတော့ မေ့သွားသည့်ပုံမပေါ်ပါ....။
"ဘယ်လောက်နေနိုင်ပါတယ်ဆိုဆို
အချိန်တန်ခေါက်ဆွဲပြုတ်တော့ကူရတာ
ပဲမလား ကလေး...."
"စားမှမစားတတ်တာကို..."
စပ်နေသောနူတ်ခမ်းရဲရဲလေးတွေအား
တစ်သျှူးဖြင့်သုတ်ပေးရင်း
သဘောကျစွာငေးနေမိသည်..။
"ဆိုးလ်မှာဆို..နမ်းလိုက်ပြီ..သိလား..."
"သိပါတယ်...ဒီမှာတော့ထိန်းပါ..
အရှက်မရှိမလုပ်နဲ့...ချွေးသုတ်ပေးတာတောင်
လန့်အော်ကြတာ ကိုကို ဒီနေရာမှာနမ်းလိုက်
ရင် ဘာတွေဖြစ်ကုန်မလဲမသိဘူး..."
"Hotelပဲဟာဘုရားမှာမှမဟုတ်တာ...တကယ်တော့
မသိမသာလေးနမ်းရင်ဖြစ်ပါတယ်.."
"ကိုကို ..သူများနိုင်ငံလာလည်ပြီး
လေးစားမှုရှိရမယ်လေ..."
"ရတယ် အခန်းပြန်ရောက်မှပဲ
လုပ်စရာရှိတာလုပ်တော့မယ် မြန်မြန်စား
အေးလာပီ...."
"ကိုကို....!!!!"
ပုဂံမြို့၏ညသည် မပူမအေးနှင့်
တော်တော်လေး အေးချမ်းသာယာစွာ...။
မြင်းလှည်းသံလေးတွေတညံညံကြားသည်
မနက်ဖြန်စီးကြည့်ရန်စဉ်းစားမိသည်...။
ကလေးငယ်ကတော့ခေါက်ဆွဲပြုတ်ကိုသာ
အာရုံစိုက်ရင်း အားရပါးစားနေသည်။
ကမ္ဘာနိုင်ငံအရပ်ရပ်သို့
ခရီးထွက်ရင်း...
ထိုနိုင်ငံအစားအသောက်တွေမစားတတ်တဲ့အခါ
ကမ္ဘာလှည့်ပီးခေါက်ဆွဲပြုတ်ကျွေးချင်မိသေးသည်....
ပုဂံမြေရဲ့ ကျောက်စာတွေလို...
စာတွေရေးပီး ထိုးလို့ရရင်
နှစ်ပေါင်းထောင်ချီခံအောင်
ကလေးငယ်ကိုထာဝရချစ်ရကြောင်းတွေ
ဒီခမ်းနားလှသောနယ်မြေမှာ
ရေးထိုးလိုက်ချင်ပါသည်....။
ချစ်တယ် ကလေးငယ်.....။
ခဲ့သည်။
Guideအားဆက်သွယ်ရမည်။
အထိုင်မခက်ခဲလှ....။
စိုးလှပါသည်..။
အသဲယားနေကြသောပုံ...။
ထွက်လိုက်သည်...။
"မင်္ဂလာပါ...."
"ကူညီပေးပါ..."
သည်။
ကြည့်နေသည်။
မထောက်ချင်တော့ပါ...။
ဖြစ်သည်..။
ကိုကို့ ကိုယုံ...."
သည်..။မသိရင် သူကပဲ အာဏာသုံး
ခေိါလာသလိုလို...။JeonJimin တို့က
နိုင်နေတော့တာပဲ....။
တွေက ဘာလုပ်ရတာလဲဟင်...
ကာ
နင်ဒါကျ မှားနေလား..."
"ပါးပါးကလည်း...ဒါက..."
ရပါတယ်..."
"သမီးက JiJi ပါ JeonJiJi..
ပါးပါးက JeonJungkook
Daddyက JeonJiminပါ..."
ခိုးရီရတာ ခဏခဏ...။
လိုသလိုကကြိုးလေးတွေ
ညီမလေး လိုချင်ရင်...
သွက်လက်လွန်းလှသည်...။
"သမီးက နည်းနည်း ...
မည့်ပုံ။ဒါတွေဟာပြောသင့်လား
ညီတာကြောင့် သူမသိပါ။
ဘာဖြစ်လာလာ
တော့မည်...။
"ကျေးဇူးတင်ပါတယ် သူရ..."
မေးနေတုန်း..။Minကတော့အိပ်ပျော်
သွားပြီဖြစ်သည်။
"ဟုတ်ကဲ့ သူရ..."
လက်ညိုးထိုးမလွဲတည်ထားနိုင်တာ
စရာမလိုပါလေ။
အားနာရပါသည်။
အားနေရာအားလုံးချသည်။
ပြန်သွားခဲ့သည်။
ကိုရခဲ့သည်.....။
"လဲပေး...."
ထွက်လာသောအသံလေးသည်
"JeonJimin တို့ကယောက်ျားကို
ပြုစုမယ်မရှိဘူး...ယောက်ျားက
ပဲပြန်လုပ်ပေးနေရတယ်...."
"အော်...အေးပါ..."
အကျီတစုံအားထုတ်ကာ
အိပ်ချင်နေပီ..."
ရှိသည်။..အကျီလဲပေးနေသည်
နမ်းသည်....
"အင်း...."
လိုက်လာခဲ့ရောပေါ့....။
တာအဲ့နယ်မြေကို..."
"ယောက်ျားကြောက်တတ်လိုက်တာဗျာ"
"ငါကယောက်ျားပဲကြောက်ရတာ
"Hyung..!!!"
ကျေးဇူးရှင်လေးတွေနိုးကုန်လျှင်
ဂျီကျခံရအုန်းမည်...။
သည်။
လိုက်သည်...။
.........................။
နေဖိနပ်အထိ ဆင်တူ....
လိမ်းပေးနေသည်။
"အလှမပြင်ဘဲ ပါးပါးကို
ဒီကလေးလေးဟာလေ....။
"Daddyဟုတ်လား အဲ့တာ...."
ကျန်ခဲ့ရမှာလား Min..."
အများကြီး အများကြီး..."
မွေးရကျိုးနပ်တာထက်
လာပါသည်။
ထားရမှာလဲ..."
နင်မထားနိုင်ဘူးလား..."
နေထွက်တာလေးကြည့်ပီး
"အကျီထုတ်ထားပေးတယ်...
ပြုံးမိသည်။
အရောင်လေးပဲကွဲတာပါ
ပုံစံဆင်တူ Oneset လေး....။
နှင်းတောလည်းမရှိ...
ပါလိမ့်မည်.....။
ကျေနပ်နေလျက်....။
စီးလာတာ အရှည်ကြီးပဲ....
"ဘယ်သိမလဲ
သမီး Daddyက
Minကတော့ သူနဲ့သမီး၏
ကြည့်နေမြဲ...။
အေးနေခဲ့ပါသည်...။
"ကျတော်ရောက်ပါပီ..."
တွင်ရောက်လာခဲ့သည်။
"ရောက်လာပီလား
ပီးရင်စထွက်ကြမယ်လေ.."
"ကျတော်စားခဲ့ပီးပါပီ..."
ဘာတွေကောင်းလဲဆိုတာ..."
ကောင်းပီးသားပဲ..."
ကောင်းပါသည်...။
အုပ်မြို့ရိုးတွေ...
သေချာစွာရှင်းပြသည်...။
လိုက်သည်။
အဝတ်အစားတွေက
အရမ်းလေးနက်လို့ပါ...."
လိုက်ဝတ်တတ်ကြပေမယ့်
အရမ်းလှကြတယ်မလား..."
အေးချမ်းနေတယ်...."
ပြနေသည်...။
သို့ဆက်သွားရင်း
သမိုင်းကြောင်းတွေ....
လွှတ်ထားခဲ့ရသည်။
အနုပညာအမြောက်ဆုံးပဲ...."
အချင်းချင်းဖော်ဖော်ရွေရွေပြောဆို
တွေလို...။သူတို့တမိသားစုလုံး
ငေးမိသည်အထိ...။
JiJiကစပ်စုချေပီ..။
အဲ့လိုပြောရတယ်..."
"ဟုတ်တယ်..JiJiက ဉာဏ်ကောင်းတာပဲ..."
"JeonJiJi...!!"
ဒေါတခွီးခွီး...။
စိုးရိမ်နေသည်။
သွားစရာတွေရှိတာပဲ...."
ကိုကိုကလည်း..."
သူရသည် အချစ်ကို ယောက်ျားနှင့်မိန်းမ
"ကလေးငယ် သဘော..."
"Babeသွားချင်လား...."
JiJi Okတယ်..."
"သွားမယ် သွားမယ်
ဖြစ်နေမှာစိုးလို့..."
မပေါ်....။
Namjoon Hyung..သာဆို
နေမည်ကမလွဲ....။
ဆုတောင်းတွေ...
ကျောက်စာတွေ..
နောက်ထပ် ကျိန်စာတွေ...
အပြည့်အနှက်....။
သူချီထားခဲ့ရပြီး....
သမီးက ပင်ပန်းနေပြီ..."
"အင်း..အဲ့လိုလုပ်လေ...
ခပ်ဖွဖွသုတ်ပေးသည်...။
သူရ...."
ဖြင့်မေးသည်...။
"ရပါတယ်....အစ်ကိုတို့က
အစ်ကိုတို့က မသိဘူး..."
"ဟုတ်ကဲ့...."
ချအုန်း JeonJiJi...."
သည်...။
လောက်ချင်မှလောက်မှာ...."
"မပြန်ချင်လို့...."
"တကယ်လား...."
"ခြွေစမ်း ခြွေစမ်း..."
ကောင်းလှသည်....။
မှာလိုက်ရသည်အထိ။
"သဘောပါဗျာ...
ကြမလား..."
"ကောင်းသားပဲ...
"ခဏနားပီးရေချိုးမယ်
သူတွေးမိခဲ့သေးသည်...။
မှန်ကန်ခဲ့ပါသည်.....။
ရှိခဲ့သည်...။
အဆင်ပြေနေသည်။
"ကလေးဗိုက်မဝတာသိတယ်
"တကယ်လား...."
"တကယ်ပေါ့...."
လေလေးတဖြူးဖြူးနဲ့...
"ကိုကိုက တော်လိုက်တာ..."
"ချစ်တာကို...."
ပဲမလား ကလေး...."
"စားမှမစားတတ်တာကို..."
သဘောကျစွာငေးနေမိသည်..။
လေးစားမှုရှိရမယ်လေ..."
အေးလာပီ...."
"ကိုကို....!!!!"
ခရီးထွက်ရင်း...
ချစ်တယ် ကလေးငယ်.....။
Bạn đang đọc truyện trên: AzTruyen.Top