🤟8
အခန်းပြတင်းပေါက်သည်ဘယ်လောက်
မြင့်မြင့်အတတ်နိုင်ဆုံးကြိုးစားပြီး
ခုန်ချမှအဆင်ပြေလိမ့်မည်..။
ကျောပိုးအိတ်တလုံးလွယ်ကာ
ထယ့်ကိုmsgတွေတောက်လျှောက်ပို့
နေခဲ့ပါသည်။
ဟိုလူသည်အခန်းထဲသာဝင်မလာခဲ့တာ
အခန်းပြင်တွင်အမြဲရှိနေသလို
ခံစားနေရတာကြောင့်ဖုန်းပင်မပြောခဲ့။
ပြတင်းပေါက်မှလှမ်းကြည့်လိုက်သေည်အခါ
ထယ့်ကားဖြူဖြူလေးသည်မနီးမဝေးတွင်
ရောက်နေပြီ...။
ထယ်သည်တကယ့်သူငယ်ချင်းကောင်း..။
ပြတင်းပေါက်ဖွင့်ကာခက်ခက်ခဲခဲ
ကုတ်တွယ်ဆင်းရသည်။
လက်တွေနာလေ ခြေထောက်တွေနာလေ
JeonJungkookအားမုန်းလေဖြစ်သည်။
မြေပြင်နဲ့နီးလာသောအခါသူအားတက်သွား
သည်။ သူဒီအမြင့်နှင့်ခုန်ချလိုက်ရင်
နာတော့နာနိုင်ပေမယ့် ကျိုးတဲ့အဆင့်လောက်
တော့မရောက်နိုင်ပါ...။
ဆုံးဖြတ်ချက်ကိုမြန်မြန်ဆန်ဆန်ချကာ
ခုန်ချလိုက်တော့သည်...။
အ....!!!!
သူမြေပြင်ပေါ်သို့ကျမသွားခဲ့ဘဲလူတစ်ယောက်
ပေါ်သို့ပြုတ်ကျသွားကြောင်း
နာကျင်မှုတခုတလေမျှမရှိသည်ကသက်သေ
ဖြစ်နေသည်။
လန့်ဖျန့်ကာ ကြည့်မိတော့ ခေါင်းတည့်တည့်
မိုးကြိုးပစ်ချလိုက်သလို။
"JeonJungkook...!!!"
အမှောင်ထဲတွင်သူ့အားပြုံးပြသည်။
လှပသောအပြုံးတွေတော့မဟုတ်ခဲ့..
မကောင်းဆိုးဝါးဆန်ဆန်ခြောက်ခြားလွန်းသည်။
"အဲ့လောက်ဦးနှောက်မရှိလိမ့်မယ်လို့
မထင်ထားဘူး...ဒါသေသွားန်ုင်တယ့်အမြင့်
မင်းသိလား...."
"ခင်ဗျား....."
"ထွက်ပြေးမလို့လား..."
အနွေးထည်မဲမဲလေးဝတ်ကာ
Maskလေးပါတပ်ထားလိုက်သေးသည်....။
သူ့ကိုကိုယ်ကမမှတ်မိနိုင်ဘူးပေါ့လေ...။
ဘယ်လိုလုပ်မလဲ Minကိုပြန်တွေ့တွေလာရပြီ။
"ဟုတ်တယ်...ကျတော်ခင်ဗျားနဲ့
မနေနိုင်ဘူး....."
"ငါမင်းကိုဘာလုပ်နေလို့လဲ....."
Jiminပြန်ကြည့်လာသောမျက်လုံး
တွေရဲ့အဓိပ္ပာယ်တွေ.....။
လွမ်းလွမ်းဆွေးဆွေး...
နောက်တခုက နာနာကျည်းကျည်းပါလေ...။
"တယောက်ထဲဘယ်လိုနေခဲ့ရလဲသိလား
ဘာတွေဖြတ်သန်းခဲ့ရလဲသိလား
ခင်ဗျားမိန်းမနဲ့ပျော်နေတဲ့အချိန်တွေမှာ
ကျတော်ကပျော်မနေခဲ့ဘူး JeonJungkook...
ကျတော်ခုနေသားကျနေပြီ
နေသားကျမှ ခင်ဗျားပြန်ပေါ်မလာနဲ့လေ..."
"ငါ့အိမ်လေ ငါပြန်လာချင်တဲ့အချိန်
ပြန်လာမှာပေါ့...မင်းစီမံနေစရာမလိုဘူး"
"မစီမံပါဘူး အဲ့တာကြောင့်ခုထွက်သွား
မယ် အစကခိုးထွက်တာ ခုမိသွားပြီ
ဆိုတော့လည်းပေါ်တင်ပြောပြီး
သွားရတာပေါ့....ကောင်းကောင်းနေရစ်ခဲ့ပါ
JeonJungkook shiiii....."
ခေါင်းလေးပင်ညွှတ်ပြကာရွဲ့ပြသွား
သေးသည်။ဘယ်လိုအချိုးမပြေမှု
ပေါင်းစုံကိုခြေဆုံးခေါင်းဆုံး
ပေါင်းစည်းထားသလဲမသိ...။
Jiminသည်အိမ်နားမှခြံတံခါးရှိရာ
သို့ပြေးတော့သည်။Jungkook
ဆက်မလိုက်လာတာကြောင့်
အဆင်ပြေသွားပြီဟုထင်မြင်လိုက်ကာ
ခြံတံခါးအားဆွဲဖွင့်လိုက်သည်...။
"ထယ်...!!!!!"
လူသုံးယောက်လောက်ကဝိုင်းချူပ်
ထားသောထယ်သည်ရန်အများကြီး
ဖြစ်ထားခဲ့သောပုံစံ။မျက်နာလှလှလေး
တွင်သွေးစသွေးနများနှင့် ခြံဝတွင်
သူ့အားမြင်ကွင်းကရုပ်ဆိုးစွာစောင့်နေခဲ့သည်။
"အော်....ကလေးသိတာလား
ကိုကိုက ခြံနားမှရစ်သီရစ်သီလုပ်နေလို့
ဘာမှန်းမသိလို့ ဖမ်းထားခိုင်းလိုက်တာ
ဟေ့ကောင်တွေ လွှတ်ပေးလိုက်..."
ထယ်သည်လက်တွေအားလုံးလွှတ်
သွားသည့်အချိန်တွင်သူ့ဆီသို့ပြေးလာသည်။
"အဆင်ပြေရဲ့လားJimin...."
"မင်းကိုပြန်မေးရမှာ ထိခိုက်ထားတာ
မင်းလေ....ထယ်ရာ..."
ထယ်မျက်နှာချောချောအားနှမြော
ခြင်းများစွာဖြင့်ထိတွေ့ကာJimin
စငိုတော့သည်။
"လူယုတ်မာကောင်ကြီး....!!!
ရုတ်တရက်ပြေးဝင်လာသောMinသည်
သူ့အားအားကုန်တွန်းလွှတ်သည်။
ဒေါသသည်တကယ်ပင်ထွက်နေသောပုံ
တကိုယ်လုံးတုန်ရီနေကာမျက်လုံးတွေက
ရဲတောက်နေသည်။
"ထယ်က ငါ့အတွက်ဘယ်လောက်တန်ဖိုး
ရှိလဲသိလား....."
JungKook တန်ဖိုးရှိတယ်ဆိုသော
ကောင်လေးကိုလှမ်းကြည့်လိုက်သည်။
ဒါပေါ့...တန်ဖိုးရှိပါတယ်ဆိုတာ
ငြင်း၍မရ။သူလက်ခံပါတယ်....။
အရုပ်ကလေးတရုပ်ချထားသလို
ဒဏ်ရာတွေနဲ့တောင်မှော်ဆန်စွာ
လှနေတဲ့ KimTaeHyungရဲ့
ဝဲဂယက်ထဲ သူ့ကလေးလေးမျောနေရှာတာပေါ့။
မနာလိုလိုက်လေခြင်း.....။
"ကလေး တန်ဖိုးထားရင် ကိုကိုလည်း
တန်ဖိုးထားပေးရမှာပေါ့..မတ်တပ်ရပ်
နေတဲ့အရုပ်လေးကို မပျက်ဆီးစေချင်ဘူးမလား
Min....."
"Jimin...ငါဘာမှမဖြစ်ဘူး...
အရူးထတဲ့စကားတွေကိုမခံစားနဲ့..
ငါ့ဆီကိုလာလိုက်ရင်အရာအားလုံး
အဆင်ပြေပြီ..."
JungKookသည်ဆံပင်ပြာပြာတွေနဲ့
အရုပ်လေးဆီသို့တလှမ်းချင်းလှမ်း
သွားသည်။Jimin တောင်ဒီလိုအနေအထား
မျိုးတွင်ခြေလှမ်းတွေနောက်ဆုပ်တတ်ပေမယ့်
ထိုအပြာရောင်လေးကသူ့အားစိုက်
ကြည့်နေသည်..။
ကလေးတွေ...ရိုသေရကောင်းမှန်း
ကြောက်ရကောင်းမှန်းလည်းမသိကြဘူး။
"နာမည်က KimTaeHyungလား...."
"ဘာလုပ်မလို့လဲ...."
"Minနဲ့အသက်အတူတူဆိုရင်တော့
ကိုယ့်ထက်ငယ်မှာပေါ့
ပြန်တော့နော် အိမ်ကို..
မင်းကိုငါဒီလိုလုပ်ရတာကို
အားနာတယ်....ငါမလုပ်ရက်ပါဘူး
အိမ်ပြန်ပီး Minနဲ့ ဘယ်တော့မှ
မပတ်သတ်ဘဲနေပေးပါ...."
"Jimin က ကျတော်ချစ်တဲ့သူ...
ကျတော့်ချစ်သူမပျော်ရွှင်တဲ့အရပ်
မှာတစက္ကန့်တောင်မထားနိုင်ဘူး"
"ဒီအကိုကြီးကမင်းချစ်တဲ့ငါ့ကလေးလေး
ကိုပျော်အောင်ထားပေးမှာမို့
မင်းကိုမလိုအပ်ဘူး ကောင်လေးရယ်
ပြန်တော့နော်...."
"ပျော်အောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကို
သိရောသိရဲ့လား ကျတော်
Jimin ကိုခေါ်သွားပါရစေ...
ကျတော်ကလည်းပြန်တောင်းဆိုတာပါ..."
"ကိုယ်Jimin ကိုလက်ထပ်မှာ...."
"JeonJungkook...!!!"
Jiminသည်နှစ်ယောက်ကြားထဲသို့
ဝင်လာခဲ့သည်။အံ့ဩမှု
တုန်လှုပ်မှု ဝမ်းနည်းခြင်းတွေ
များစွာပြည့်အိုင်နေသောမျက်နှာလှလှ
လေးသည်သူ့အားမယုံနိုင်စွာ
ကြည့်နေသည်။
"ခင်ဗျားပေါက်ကရတွေ ထယ့်ကိုမပြောပါနဲ့...
တောင်းပန်ပါတယ်...."
"ဒါဆိုလည်းဘာလို့ထားခဲ့သလဲ
ယောကျ်ားလေးတွေကိုမကြိုက်ပါဘူး
ဆို ခုကျလက်တောင်လက်ထပ်ချင်
သွားပြီလား..မိန်းမတွေပဲခင်ဗျားက
ကြိုက်တာဆို...."
ထိုအရာသည်Jungkook၏အနာကျင်
ရဆုံးအချင်းအရာပင်ဖြစ်သည်။
သူဒါကိုဘယ်လိုနားလည်အောင်ရှင်းပြ
ရမလဲဆိုတာထက် သေသေချာချာ
မသိဘဲ ခနဲ့ကြခြင်းကိုသေလောက်အောင်
ဒေါသထွက်တတ်ပါသည်။
KimTaeHyungသည်သူရန်ဖက်ဖြစ်စရာ
ပြိုင်ဘက်တယောက်မဟုတ်ခဲ့ပါ..။
ကလေးတယောက်လိုပင်သူသဘောထား
ခဲ့ပြီးပြေလည်ရာကြောင်းကိုချော့ပြောခဲ့
သော်လည်းအကြောသည်ဘေးမှာရှိနေသော
လမ်းသရဲလေးထက် ပိုတင်းသည်။
"နှစ်ခုလုံးကြိုက်တယ်...ဘာဖြစ်သလဲ.
မင်းကိုတောင်ငါကြိုက်ချင်ကြိုက်လို့ရတယ်..."
"ခင်ဗျား....!!!!"
မျက်နှာတည့်တည့်သို့ဝင်လာသော
လက်သီးချက်သည်ပြင်းသည်။
နှာခေါင်းကသွေးတွေသည်ဖြာခနဲ..။
လဲကျသွားသောထိုလူ့အပေါ်တက်ခွကာ
ထိုးတော့သူ့လူတွေကပြန်ဆွဲချူပ်ထား
သည်။ထိုလူကဘာမှပြန်မလုပ်ခဲ့ပါ..။
ထို့နောက်သွေးတွေဖြင့်ပြန်ထလာပြီးနောက်
သူ့ကိုချုပ်ထားသောဆီသို့လျှောက်လာ
သည်။
ထိုအချိန်Jimin မျက်လုံးတွေ...။
JungKookအားမျက်စိပျက်မျက်နှာပျက်
ဖြင့်ကြည့်နေသည်။တတောက်တောက်ကျ
နေသောသွေးစက်တွေ..သေသေချာချာ
ကြည့်မယ်ဆိုလျှင်လက်ကလေးတွေ
ခြေထောက်ကလေးတွေကJungKookအား
ပြေးထိန်းပေးချင်နေသလိုလို...။
စိုးရိမ်သွားတာလား အပေအတေကောင်ရယ်...
ငါ့ကိုအသေထိုးလို့တောင်မင်းက
မြှောက်ပေးရမှာမဟုတ်ဘူးလား
အရူးကောင်ရဲ့...။
မငိးပြောတော့မုန်းလှပါချည်ရဲ့ဆို...
ငါဘယ်လိုပဲကြိုးစားကြိုးစား
ငါးနှစ်သားထဲ အဲ့လူရင်ဘက်ထဲ
မြုပ်နှံထားတဲ့မင်းနှလုံးသားကို
ငါဆွဲမထုတ်နိုင်တော့ဘူးလား...။
JungKookသည်လူမိုက်တယောက်ဆီမှ
ဓားမြောင်သေးသေးလေးအား
ခလုတ်ဆွဲဖွင့်ကာ ထယ်ယောင်းမျက်နှာ
နားသို့သွားသည်။
Jimin သည် သွေးတွေရပ်တန့်သွား
သလို...။ထိုမျက်နှာလှလှလေးကို
ပွန်းပဲ့တာမျိုးကိုတောင်မခံစားန်ုင်ပါဘူး
ဆိုမှ...JeonJungkookကသွေးအေးအေး
လှီးတော့မဲ့ပုံစံမျိုး...။မလုပ်နိုင်စရာ
ဘာအကြောင်းမှမရှိပါ..။
တမိုးအောက် JeonJungkookမလုပ်ရဲ
တာသည်ဘာမှမရှိ...။
သူအသိဆုံး...။
"တောင်းပန်ပါတယ်...မထိလိုက်ပါနဲ့..
မလုပ်ပါနဲ့...!!!"
ကြောက်ကြောက်လန့်လန့်သူ့လက်တွေအား
လာဆွဲကာအော်နေသောကောင်လေးကို
တွန်းလွှတ်ရင်းဆံပင်ပြာတွေနားကို
အနီးကပ်ဆုံးရပ်လိုက်သည်။
ဓားသည်မျက်နှာသို့မထိခဲ့ပေမယ့်
JeonJungkookမျက်လုံးတွေသည်
ဓားပြပီးတောင်းပန်နေသလို....။
Jimin အားပြန်ပေးပါရန်တောင်းပန်တိုးလျှိုး
နေသလို...။ဒီလူဘယ်လိုလူပါလိမ့်..။
သူရဲ့စူးစူးရဲရဲအကြည့်တွေအား
အသနားခံနေသလိုမျက်လုံးတွေသည်
နောင်တတွေရှိနေသည်...ကြေကွဲမှုတွေ
ရှိနေသည်...။
တောင်းပန်ပါတယ်ဟု အထပ်ထပ်ပင်
အသံတိတ်ပြောနေသည်...။
JungKookသိပါသည်..။
Jimin နဲ့TaeHyungကြားထဲက
သံယောဇဉ်သည်လွယ်လွယ်ဖြတ်ချလိုက်
လို့မရမှန်း..။သူ့ကိုကလေးဘယ်လောက်
ချစ်ပါစေ ထယ်ယောင်းနဲ့နေရမည်ဆို
လျှင်လည်း နေနိုင်မှာကသေချာပါသည်။
ကလေးသည် ပူလောင်ပြင်းပြသော
သူ့အချစ်ထက် အေးချမ်းသော
ထယ်ယောင်းဆီသို့သာပြေးသွားလိမ့်မည်..။
လူတွေဟာဘယ်လောက်လောက်ချစ်ချစ်
ကိုယ့်ကိုထပ်ခါထပ်ခါနာကျင်စေတဲ့သူကိုတော့
တော့ စွန့်ခွါချင်ကြတာပဲမလား...။
နှလုံးသားထဲမှာအပီးသိမ်းဆည်းရင်း...
ကိုယ့်ကိုချစ်တဲ့သူနဲ့အချစ်ခံဘဝမှာ
ပျော်ရွင်တတ်ချင်ကြတာအမှားတော့မဟုတ်။
ထို့ကြောင့် ဒီအပြာရောင်လေးအား
တောင်းပန်ခဲ့ပါသည်....။
တောင်းပန်မှုအား သူတို့နှစ်ယောက်ကလွဲ
ပြီးဘယ်သူကမှသိလိုက်မည်မဟုတ်..။
"ငါဖျက်ဆီးပစ်လိုက်မယ်..ဒီမျက်နှာကို
မင်းဒီမျက်နှာကိုသိပ်တန်ဖိုးထားတယ်မလား
ပျက်ဆီးသွားရင်တန်ဖိုးလည်းမဲ့သွားပြီလေ
မဟုတ်ဘူးလား ParkJimin..."
"ကျတော်တောင်းပန်ပါတယ်...
သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့.."
"အိုကေ ဒါဆိုရင်
ငါ့ကိုလက်ထပ်မယ်မလား..."
"မဖြစ်နိုင်တာ...."
"ငါ့ကိုလက်ထပ်မလား
ငါဒီမျက်နှာကိုဖျက်ဆီးပစ်ရမလား
ParkJimin..."
ထယ်ယောင်းသည်တခွန်းမျှဝင်မပြော
ခဲ့ပါ..။ထူးဆန်းတယ်ဟုထင်ရင်လည်း
ထင်နိုငိပါသည်။တောင်းပန်နေသော
မျက်စိရှေ့က Jeonသခင်လေးနှင့်
သွေးလေးတစက်ထွက်တာကို
စိုးရိမ်နေသောအပေအတေကောင်ကြား
သူဘယ်လိုဆက်ဝင်ရမလဲ...။
စကားတွေတခွန်းမျှမပြောဘဲ
နောက်ဆုတ်ပေးလိုက်ရမည်ဟု
အချက်ပေးခေါင်းလောင်းသံတွေ
ခေါင်းတွင်မြည်နေသည်...။
သူJimin ကိုခေါ်သွားပြီး
Jimin ကတစ်သက်လုံးပျော်နေနိုင်မှာလား
သူ့ကို သူငယ်ချင်းတယောက်ထက်
ပိုလာနိုင်မှာလား...
အို...သူဘာလို့ဒီဟာတွေကိုမတွေးမိခဲ့
ရတာပါလိမ့်...။
"ခင်ဗျားသဘောအတိုင်းပဲ...
ခင်ဗျားလုပ်ချင်တာလုပ်
သူ့မျက်နှာပေါ်ကဓားကိုဖယ်ပေးပါ..."
JeonJungkookတို့ဘယ်လောက်မိုက်
ခဲ့သလဲဆိုရင်လက်ထပ်ဖို့ကို
ဓားထောက်တောင်းဆိုရသတဲ့...။
Romatic ထက် အများကြီးအများကြီး
အဆင်ပိုမြင့်ခဲ့ရပါသည်..။
သည်းထိပ်ရင်ဖိုလက်ထပ်ခွင့်တောင်းနည်း
လေးပေါ့လေ...။
နာကျင်လိုက်တာပြောဖွယ်ရာပင်မရှိ။
ဆံပင်ပြာပြာလေးကလည်းသူ့အား
ပြိုပျက်စွာကြည့်နေသည်
သူသည်လည်းရှုံးပါသည်ဟုအလံဖြူ
တွေများစွာထောင်ပြနေသည်...။
ဓားမြောင်သေးသေးလေးသည်
မြေပြင်ပေါ်သို့ကျသွားအား
အားပါးတရပြုံးနေသောJungKook
သည်ထိုညကသိပ်အကျဉ်းတန်လွန်းခဲ့ပါသည်။
ထယ်သည်သူ့အားဘာမှမပြောတော့
ရီဝေဝေပင်ငေးကာထွက်သွားသည်။
သူပြေးလိုက်ခဲ့ပေမယ့် JungKookလူတွေကြား
ရုန်းထွက်၍မရခဲ့ပါ...။
ထို့နောက်အားအကုန်သုံးကာအိမ်ထဲ
ပြန်ဆွဲခေါ်သွားသူနောက်ရုန်းရင်းကန်ရင်း
ပြန်ပါသွားခဲ့ပါသည်...။
ကားစက်နိုးကာမောင်းမထွက်နိုင်သေး။
သူထိုင်နေလိုကိသည်...။
ပထမဆုံးအချစ်သည်လမ်းဘေးတွင်
ငိုနေသောကောင်လေးဖြစ်သလို
နောက်ဆုံးအချစ်သည်လည်း
အိမ်ထဲငိုယိုဝင်သွားသော
ကောင်လေးပဲဖြစ်လိမ့်မည်....။
Jimin ကိုသိပ်ချစ်ပါသည်...
Jimin ကလည်းသိပ်ချစ်ပါသည်
လားရာမတူတဲ့မေတ္တာမျိုးတွေဖြစ်နေတာက
လွဲ၍....။
သူ့မျက်နှာကိုသွေးတစက်မထွက်ဖို့
ရင်းနှီးလိုက်တာ....နာကျင်တဲ့ကြားက
ပျော်မိလိုက်သေး...။
အဆင်မပြေနိုင်ဘူးထင်ရပေမယ့်နောက်ပိုင်းကျ
ရင်မင်းရင်းနှီးမှုတွေအထမြောက်လာမှာပါ...။
ငိုချင်လိုက်တာ....စွန့်လွှတ်ရနိုင်တယ်ဆို
တာသိပေမယ့် တကယ်တမ်းကျခက်ခဲလိုက်တာ...။
ကားကိုမောင်းလာခဲ့ပေမယ့်ခေါင်းတခုလုံးသည်
ချာချာလည်နေခဲ့ပါသည်...။
နာကျင်မှုတွေသည်အတိုင်းအတာတခုအထိ
ကျော်လွန်သွားပြီဟုသူသိတော့သိလိုက်သည်။
တစက်ချင်းကျသောမျက်ရည်တွေသည်
ပိတ်လှောင်လွန်းကာ ရှေ့မြင်ကွင်းအား
သူဘာမှမမြင်ရတော့...။
လမ်းအချိုးတခုတွင်သူ့မှားယွင်းမှု
ကြောင့်မျက်နှာချင်းဆိုင်ဝင်လာခဲ့သော
ကားခေါင်းတခု....။
တဖက်ကဘရိတ်ချက်ချင်းအုပ်လိုက်သော်
လည်းမအုပ်နိုင်ခဲ့တာကသူ...။
ဒုန်းးးးးးးးး
"ဟာတိုက်ပီဟေ့ ...မျက်နှာချင်းဆိုင်ပဲ...."
သူမှတ်မိသလောက်သူ့ဆီသို့ဒေါသတကြီး
လာနေသောလူတယောက်ကိုမြင်လိုက်ရသည်။
ခေါင်းတခုခုလုံးချာချာလည်နေကာ
သူဘာမှမသိတော့....။
အမှောင်ထုထဲသို့ချက်ချင်းတိုးဝင်သွားသည်။
"ကျတော့်ကားကိုဘလိုင်းကြီးလာ
တိုက်တာဗျ...သတိရတော့မေးတော့
သူစိတ်ညစ်လို့တဲ့လေ...
ကျတော် အဲ့ဒီကာတွန်းရုပ်လေးကို
ကြည့်လို့မရလိုက်တာဗျာ....."
သာသာရေးသာရေးနေတာ
Vminkookဆိုတော့
အန္တရာယ်ကလည်းများတယ်
ဒါပေမယ့်လညိး Fanficလေးလိုလေး
နားလည်ပေးပီးဖတ်ပေးပါနော်
သာသာက Friendshipတခုရဲ့
ချစ်ပုံချစ်နည်းတွေကိုရေးပြချင်တာ
လေးပါသွားတော့ အဆင်မပြေဖြစ်သွား
ရင်အရမ်းကိုတောင်းပန်ပါတယ်
ထယ်ကဒီFicမှာအချစ်ခံရဆုံးဖြစ်မဲ့
ဇာတ်ကောင်လေးပါ...
သာသာနည်းနည်းလေးသနားဖို့ကောင်း
အောင်ရေးထားတာ နောက်ပိုင်း
အချေကြီးပေါ်လာရင် အတိုးချ
ချွဲလို့ရအောင်ပါ.....
အများကြီးကိုတောင်းပန်ပါတယ်
လာပြောကြတာတွေလည်းမြင်တော့လေ
တကယ်အားနာရပါတယ်...
ရပ်လိုက်သင့်တယ်ဆိုရင်လည်း
အကြံပေးလို့ရပါတယ်🤍
နေခဲ့ပါသည်။
ရောက်နေပြီ...။
ကုတ်တွယ်ဆင်းရသည်။
တော့မရောက်နိုင်ပါ...။
ခုန်ချလိုက်တော့သည်...။
အ....!!!!
ဖြစ်နေသည်။
"JeonJungkook...!!!"
မင်းသိလား...."
"ခင်ဗျား....."
"ထွက်ပြေးမလို့လား..."
မနေနိုင်ဘူး....."
တွေရဲ့အဓိပ္ပာယ်တွေ.....။
လွမ်းလွမ်းဆွေးဆွေး...
JeonJungkook shiiii....."
သေးသည်။ဘယ်လိုအချိုးမပြေမှု
ပေါင်းစည်းထားသလဲမသိ...။
သို့ပြေးတော့သည်။Jungkook
"ထယ်...!!!!!"
ဖြစ်ထားခဲ့သောပုံစံ။မျက်နာလှလှလေး
"အော်....ကလေးသိတာလား
"အဆင်ပြေရဲ့လားJimin...."
မင်းလေ....ထယ်ရာ..."
စငိုတော့သည်။
"လူယုတ်မာကောင်ကြီး....!!!
ရဲတောက်နေသည်။
ရှိလဲသိလား....."
ငြင်း၍မရ။သူလက်ခံပါတယ်....။
မနာလိုလိုက်လေခြင်း.....။
Min....."
"Jimin...ငါဘာမှမဖြစ်ဘူး...
အဆင်ပြေပြီ..."
ကြည့်နေသည်..။
"ဘာလုပ်မလို့လဲ...."
ကိုယ့်ထက်ငယ်မှာပေါ့
ပြန်တော့နော် အိမ်ကို..
မပတ်သတ်ဘဲနေပေးပါ...."
ပြန်တော့နော်...."
သိရောသိရဲ့လား ကျတော်
"JeonJungkook...!!!"
ဝင်လာခဲ့သည်။အံ့ဩမှု
ကြည့်နေသည်။
တောင်းပန်ပါတယ်...."
ယောက်ျားလေးတွေကိုမကြိုက်ပါဘူး
ကြိုက်တာဆို...."
ဒေါသထွက်တတ်ပါသည်။
"ခင်ဗျား....!!!!"
သည်။
ဖြင့်ကြည့်နေသည်။တတောက်တောက်ကျ
အရူးကောင်ရဲ့...။
နားသို့သွားသည်။
ဘာအကြောင်းမှမရှိပါ..။
တာသည်ဘာမှမရှိ...။
သူအသိဆုံး...။
မလုပ်ပါနဲ့...!!!"
နေသလို...။ဒီလူဘယ်လိုလူပါလိမ့်..။
ရှိနေသည်...။
အသံတိတ်ပြောနေသည်...။
JungKookသိပါသည်..။
လို့မရမှန်း..။သူ့ကိုကလေးဘယ်လောက်
တောင်းပန်ခဲ့ပါသည်....။
"အိုကေ ဒါဆိုရင်
ငါ့ကိုလက်ထပ်မယ်မလား..."
"မဖြစ်နိုင်တာ...."
"ငါ့ကိုလက်ထပ်မလား
ParkJimin..."
ထင်နိုငိပါသည်။တောင်းပန်နေသော
သူဘယ်လိုဆက်ဝင်ရမလဲ...။
ခေါင်းတွင်မြည်နေသည်...။
ပိုလာနိုင်မှာလား...
ရတာပါလိမ့်...။
လေးပေါ့လေ...။
ရုန်းထွက်၍မရခဲ့ပါ...။
ပြန်ပါသွားခဲ့ပါသည်...။
သူထိုင်နေလိုကိသည်...။
လွဲ၍....။
ပျော်မိလိုက်သေး...။
ချာချာလည်နေခဲ့ပါသည်...။
သူဘာမှမမြင်ရတော့...။
ကားခေါင်းတခု....။
ဒုန်းးးးးးးးး
သူဘာမှမသိတော့....။
သူစိတ်ညစ်လို့တဲ့လေ...
သာသာရေးသာရေးနေတာ
Vminkookဆိုတော့
ဇာတ်ကောင်လေးပါ...
ချွဲလို့ရအောင်ပါ.....
တကယ်အားနာရပါတယ်...
အကြံပေးလို့ရပါတယ်🤍
Bạn đang đọc truyện trên: AzTruyen.Top